← Chapters

ငါ့ကို အနိုင်ကျင့်တာလား

Vol. 12 Ch. 1101

ငါ့ကို အနိုင်ကျင့်တာလား

Vol. 12 Ch. 1101

ပိုင်ရှောင်ချန်းမှာ မတ်တတ်ရပ်လျက်သားဖြင့် ထိုနတ်အဆင့်ကျင့်ကြံသူအား ပဟေဋိဆန်ဆန် ပြုံး၍ကြည့်နေစဥ် တစ်ယောက်တစ်လေကမှ သူ မည်သူဖြစ်ကြောင်း မတွေးမိကြပေ။ သူသည် သူတော်စင်ဧကရာဇ်မင်းဆက်၏ ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူငါးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်းကို တစ်ယောက်တစ်လေပင် သတိမထားမိကြပေ။

ပိုင်ရှောင်ချန်းမှာ ရုတ်တရက် သိုသိုသိပ်သိပ်နေရသည်မှာ အင်မတန် ကောင်းမွန်ပြီး အချို့သောကိစ္စရပ်များတွင် သာမန်အတိုင်း ဖြေရှင်းသည့်နည်းထက် များစွာပို၍ ကောင်းမွန်ကြောင်း သိသွားတော့သည်။

" စွမ်းအားကြီးတဲ့လူတွေက ရိုးရိုးပြည်သူတွေနဲ့ ရောပြီးနေရတာကို သဘောကျကြတာ ဘာဆန်းလို့လဲ။ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ကြီးပါလားကွ "

သူ မည်သည့်အန္တရာယ်နှင့်မှ ရင်မဆိုင်ရသည့် ယခုကဲ့သို့သော အခြေအနေတစ်ခုကို ရင်ဆိုင်ရသည်မှာ အမှန်တကယ် ကောင်းမွန်လှပေသည်။

ထိုနတ်အဆင့်ကျင့်ကြံသူမှာ သူ၏ ကျေနပ်သည့် အမူအရာများလွှမ်းနေသောအပြုံးကိုမြင်လိုက်ရပြီး သူ၏စကားများကို ကြားလိုက်ရသောအခါ ရုတ်တရက် အလွန်ထူးဆန်းစွာ ခံစားလိုက်ရတော့သည်။ သို့သော် သူသည် ထိုခံစားချက်ကို သိပ်၍ ဂရုမစိုက်လိုက်ပေ။

" ဒီ သင်္ကါမကင်းတဲ့ကောင်က မြို့တော်ထဲကို ခိုးဝင်ဖို့ ကြံစည်နေတာပဲ "

နတ်အဆင့်ကျင့်ကြံသူက ကြေငြာလိုက်သည်။

" သေသေချာချာ ထပ်ပြီး စစ်ဆေးမေးမြန်းဖို့ သူ့ကိုဖမ်းဆီးလိုက်ကြစမ်း။ တကယ်လို့ သူအပြစ်ကင်းတယ်ဆိုရင် သူ့လမ်းသူသွားခိုင်းလိုက်။ သူပြန်တုံ့ပြန်တယ်ဆိုရင်တော့ တန်းပြီးတော့သာ ကွပ်မျက်ပစ် "

လူအုပ်ကြီးမှာ နောက်သို့ ထပ်၍ပင် ဆုတ်သွားတော့သည်။ အချို့မှာ ပိုင်ရှောင်ချန်းအား စာနာသနားစိတ်များဖြင့် ကြည့်နေကြပါသော်လည်း အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြသူက ပို၍များပေသည်။

" ဒီကောင်က အရူးလား ဘာတုန်း။ ဒီလိုနေရာမျိုးမှာ ဘယ်သူက ရှုပ်ရှုပ်ယှက်ယှက် လုပ်ရဲတာတုန်း "

" သူ ဘာလို့များ ဒီလိုလုပ်ရတာတုန်း။ အဲဒါ မြို့စားကျစ်လင်လေကွာ။ ဘေးလေးဖယ်ပေးလိုက်ရင် ရပြီကို။ သူ့လက်ကိုခုတ်ထစ်ပြီး ဆက်သပေးဖို့ တောင်းဆိုနေတာမှ မဟုတ်ပဲ "

" သူတော့ ကိစ္စတုံးပြီ။ အခုရက်ပိုင်းတွေမှာ ဒီလို အဖမ်းခံရတဲ့လူတွေတိုင်း ထောင်ချခံလိုက်ရပြီး ပြန်ထွက်မလာတာချည်းပဲ "

အစောင့်များ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပလာပြီး ပိုင်ရှောင်ချန်းကြောင့် မလှုပ်မရှားနိုင်ဖြစ်သွားရသော အစောင့်မှလွဲ၍ ကျန်သည့်အစောင့်အားလုံး ရှေ့သို့ ပြေးလာကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ဤနတ်အဆင့်ကျင့်ကြံသူသည် သူ့အားတန်း၍ ဖမ်းဆီးစေလိမ့်မည်ဟု လုံးဝ မထင်ထားပေ။ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်ထွက်လာပြီး သူက သက်ပြင်းချလိုက်တော့သည်။

" ဒါဘာအဓိပ္ပါယ်တုန်းကွ။ ငါက မြို့ထဲကို ဝင်ချင်ရုံလေးတင်ကို … ပြီးတော့ငါက သိုသိုသိပ်သိပ်နေဖို့ ကြိုးစားနေပါတယ်ဆိုနေမှ "

သူသည် ခေါင်းယမ်းလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်တော့သည်။ သူ၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံကို ထုတ်မပြပဲ အမြုတေအဆင့် အစောင့်များ၏ အထက်တစ်ဆင့်ရှိ ယင်ယန်ဝိညာဥ်အဆင့်စွမ်းအားအချို့ကိုသာ ထုတ်သုံးလိုက်သည်။ ထိုအခါ လေမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး အစောင့်များကို နောက်ဘက်သို့ အားပါပါ တွန်းထုတ်လိုက်တော့သည်။

" အတင့်ရဲလှပါလား "

နတ်အဆင့်ကျင့်ကြံသူက အော်ဟစ်လိုက်သည်။

" အခုချက်ချင်း ဒူးထောက်လိုက်စမ်း "

သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး သူ၏လက်ထဲသို့ နတ်အဆင့် စွမ်းအားအနည်းငယ်ထည့်သွင်း၍ ပိုင်ရှောင်ချန်းအား ရိုက်နှက်ရန် ပြင်လိုက်သည်။

ထိုနတ်အဆင့်ကျင့်ကြံသူ၏ စိတ်ထဲတွင် ဤလက်ဝါးချက်မှာ သူ့အားသေစေနိုင်မည်မဟုတ်သော်လည်း အနည်းဆုံးတော့ ဒူးထောက်သွားစေလိမ့်မည်ဟု ယုံကြည်ထားသည်။

သူ၏စိတ်နှလုံးထဲတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ ဤလူသာ ရိုးရိုးတန်းတန်း နောက်ဆုတ်သွားခဲ့မည်ဆိုပါက သူသည် အပြစ်ဒဏ်အနည်းငယ်သာ ချမှတ်မည်ဖြစ်သည်။ သို့သော် ထိုလူသည် တုံ့ပြန်ရန် ဆုံးဖြတ်ခဲ့သဖြင့် အသတ်ခံရစေရန် ရူးသွပ်မိုက်မဲစွာ တောင်းဆိုနေသည်နှင့် တူနေတော့သည်။ ထို့ကြောင့် နတ်အဆင့်ကျင့်ကြံသူ၏ လုပ်ရပ်များမှာ မြို့တော်၏ တင်းကြပ်သော ဥပဒေရပ်များနှင့် ကိုက်ညီမှု ရှိနေတော့သည်။

သို့သော် ထိုနတ်အဆင့်ကျင့်ကြံသူမှာ သူ၏လက်ကိုမလှုပ်နိုင်ခင် ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်ပြီး သူ၏ညာလက်ကို ထိုလူရှိရာဘက်သို့ လှမ်းရိုက်လိုက်သည်။

" ဒူးထောက်ရမှာ မင်းဆိုရင်ရော "

သူ၏ နှုတ်မှ ထိုစကားများထွက်လာချိန်တွင် လေထဲတွင် ဖြန်းခနဲအသံတစ်သံ ပေါ်ထွက်လာသည်။ နတ်အဆင့်ကျင့်ကြံသူ၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး ရှောင်တိမ်းရန်မဖြစ်နိုင်သည့် ဧရာမအားကြီးတစ်ခု သူ့အား ရိုက်ခတ်သွားတော့သည်။ သူ၏ အသိစိတ် ခေတ္တပျောက်သွားပြီး နားများအူသွားရသည်။ ထို့နောက် သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး လေပေါ်မှဖြန်းခနဲအရိုက်ချခံလိုက်ရကာ ပိုင်ရှောင်ချန်း၏ ရှေ့ဘက်ရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာဆောင့်ကျလာတော့သည်။ သူ၏ဒူးရိုးများ ကြေမွနေပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း သွေးများ စီးကျနေပြီဖြစ်သည်။

သူခံစားနေရသည့် ကြီးမားသောနာကျင်မှုကြီးကြောင့် အသံကွဲကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ သူသည် မတ်တတ်ထရပ်ချင်ပါသော်လည်း သူ၏ကျိုးနေသော ဒူးရိုးများကြောင့် မဖြစ်နိုင်ပေ။ ပို၍ဆိုးသည်မှာ သူ၏ကျင့်ကြံခြင်းအခြေခံ ပြိုလဲပျက်စီးလုမတတ် ဖြစ်နေခြင်းပင် ဖြစ်သည်။

လူအုပ်ထဲရှိ လူတိုင်း ဆွံ့အနေကြပြီး ပင့်သက်ရှိုက်သံများစွာကို ကြားလိုက်ရသည်။

" ကောင်းပြီလေ မင်းက ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူမှမဟုတ်ပဲ "

နတ်အဆင့်ကျင့်ကြံသူက အော်ပြောလိုက်သည်။

" ဒါပေမဲ့ မင်းက နတ်အဆင့်ကျင့်ကြံသူဆိုရင်တောင် အသက်ပျောက်မှာပဲ "

သူသည် ပြင်းထန်လှသော နာကျင်မှုကို ကြိုးစား လျစ်လျူရှု၍ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး ချေမွလိုက်တော့သည်။

ထိုကျောက်စိမ်းပေလွှာမှာ သတိပေးချက်တစ်ခုအဖြစ် တာဝန်ထမ်းဆောင်လိုက်သဖြင့် ချက်ချင်းပင် မြို့တော်ထဲမှ အလင်းတန်းပေါင်းများစွာ ပျံတက်လာပြီး ပင်မတံခါးပေါက်ဆီသို့ ဦးတည်လာကြတော့သည်။

ပိုင်ရှောင်ချန်းမှာ မည်သို့ဆက်လုပ်ရမှန်း မသိလောက်အောင်ပင် ဖြစ်နေတော့သည်။ သူသည် မြို့တော်ထဲသို့ ဝင်ချင်ရုံသာဖြစ်သော်လည်း ရုတ်ရုတ်သဲသဲ လုပ်မိသွားပြီဖြစ်သည်။ သူသည် ခေါင်းယမ်းကာ နောက်သို့လှည့်လိုက်ပြီး ဒိုင်းကာကိုဖြတ်၍ တံခါးပေါက်ထဲသို့ ဝင်ရန်ပြင်လိုက်သည်။

သို့သော် သူမလှုပ်ရှားရသေးခင် ယခုအချိန်အထိ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေသော မြို့စားကျစ်လင်ဆိုသူမှာ စကားပြောလိုက်တော့သည်။

" သူ့ကိုတားလိုက်စမ်း "

ချက်ချင်းပင် သူ၏လက်အောက်ငယ်သားများမှာ အေးစက်စွာတောက်ပနေသော မျက်ဝန်းများဖြင့် ရှေ့သို့ပြေးထွက်လာကြသည်။ နတ်အဆင့်ကျင့်ကြံသူငါးယောက်နှင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်က တုန်လှုပ်ခြောက်ခြားဖွယ် စွမ်းအင်များကိုထုတ်လွှတ်၍ ရှေ့သို့ထွက်လာကြသည်။ ဘေးနားရှိ ပွဲကြည့်ပရိတ်သတ်များအတွက်မူ ဤမြင်ကွင်းမှာ မြင်ရခဲသည့် အံ့သြဖွယ် ဖြစ်ရပ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

" မင်းရဲ့ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံကို စောစောထုတ်မပြခဲ့တာ နှမြောစရာပဲ " မြို့စားကျစ်လင်က ဆက်ပြောလိုက်သည်။

" မင်းက ကြွားဝါဖို့ ကြိုးစားနေတာ အသိသာကြီးပဲ။ ငါ့ လက်အောင်ငယ်သားတွေက စစ်မြေပြင်ပေါ်မှာ ကြီးပြင်းလာတဲ့ လူတွေချည်းပဲ။ သူတို့တစ်ယောက်ချင်းစီတိုင်းက ရန်သူပေါင်း တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ "

လူအုပ်ထဲမှ အချို့မှာ ထွက်လာမည့်ရလဒ်ကို သေချာနေသည့်အလား သက်ပြင်းချနေကြစဥ် ပိုင်ရှောင်ချန်းမှာ ဒေါသများ ထောင်းကနဲ ထသွားသည်။ သူသည် ဤ မြို့စားကျစ်လင်ဆိုသူကို ပြဿနာ လုံးဝမရှာခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း ထိုလူမှာ သူ့ကို ခွဲခြားခွဲခြား ဆက်ဆံနေဆဲပင်။

" မင်းက ငါြကို အနိုင်ကျင့်နိုင်မယ်လို့ ထင်နေတာလား "

ပိုင်ရှောင်ချန်းက စိုက်ကြည့်ကာ မေးလိုက်သည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်အဆင့် မဟာစက်ဝန်း၏ စွမ်းအားများကို သူ့ဆီသို့ပြေးလာနေသည့် မြို့စားကျစ်လင်၏ လက်အောက်ငယ်သားများဆီသို့ ဖြန့်ကြက်၍ ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် သူတို့၏ စိတ်နှလုံးများမှာ ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားသွားရတော့သည်။

တောင်များကိုပြိုလဲစေနိုင်ကာ ပင်လယ်ကြီးကို ခန်းခြောက်သွားစေနိုင်သည့် အားတစ်မျိုးက သူတို့ကို ပြင်းထန်စွာ ရိုက်ခတ်သွားသဖြင့် သူတို့၏နားများ အူသွားကာ အမြင်အာရုံများ ဝေဝါးသွားရတော့သည်။ သူတို့မှာ သူတို့ကိုယ်သူတို့ပင် လုံးဝမကာကွယ်နိုင်လိုက်ပေ။ ဦးဆောင်လာသည့် နတ်အဆင့်ကျင့်ကြံသူ ငါးယောက်မှာ သွေးများအန်ထွက်လာပြီး ဒူးများထောက်လျက် မြေပြင်ပေါ်သို့ကျသွားတော့သည်။

ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာမူ ခုခံရန် ပို၍ပင် မစွမ်းကြချေ။ သူတို့မှာ မြေပြင်ပေါ်သို့ ဘိုင်းခနဲပြုတ်ကျသွားကြပြီး သွေးပျက်ခြောက်ခြားဖွယ်အော်ဟစ်သံများ အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားတော့သည်။

ဤအချင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သဖြင့် ဘေးနားမှကြည့်နေသူများမှာ အံ့အားသင့်နေရတော့သည်။ စွမ်းအားကြီးကျင့်ကြံသူများစွာက မြို့တော်၏ ပင်မတံခါးပေါက်၏ရှေ့တည့်တည့်တွင် ဒူးထောက်နေရသည်ကို မြင်နေရသည်မှာ မတွေးနိုင်လောက်အောင်ပင်။

" တယ်ဟုတ်ပါလားကွ "

မြို့စားကျစ်လင်က အရောင်လက်နေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်ပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူသည်ရှေ့သို့ လျင်မြန်စွာလျှောက်လှမ်းလိုက်သဖြင့် လေပြင်းကြီးတစ်ချက်ပင် တိုက်ခတ်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ အရှေ့သို့ ရောက်သွားချိန်တွင် သူသည် မကြာသေးမီက ပိုင်ရှောင်ချန်း ထုတ်လွှတ်ခဲ့သည့်စွမ်းအင်ထက် အဆများစွာပို၍ သာလွန်သည့် စွမ်းအင်မျိုးကို ထုတ်ဖော်လိုက်တော့သည်။ ၎င်းမှာ အစောပိုင်း နတ်ဘုရားတစ်ပိုင်းအဆင့် မဟုတ်ပေ။ မဟာစက်ဝန်းအဆင့်၏ စွမ်းအားပင်ဖြစ်သည်။

သို့သော် ပိုင်ရှောင်ချန်းမှာ အမူအရာမပြောင်းလဲပဲ သူ၏ညာလက်ကို ဆန့်ထုတ်၍ မြို့စားကျစ်လင်ရှိရာသို့ အသာအယာ ဝှေ့ယမ်းလိုက်သည်။

" မင်းလည်း ဒူးထောက်လိုက်ဦး "

သူက အသက်မပါသည့်လေသံဖြင့် ဆိုလိုက်သည်။ သူ၏လက်မှာ အရာရာတိုင်းကို အမှုန့်ချေပစ်နိုင်သည့် ဖျက်ဆီးနိုင်စွမ်း အပြည့်ပါသော တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်သွားသည်။ မြို့စားကျစ်လင်မှာ သူ့ကိုယ်သူ လျင်မြန်စွာ ရွေ့လျားနေသည်ဟု ထင်နေပါသော်လည်း ပိုင်ရှောင်ချန်းနှင့် ယှဥ်လိုက်ပါက သူသည် ခရုတစ်ကောင်၏ အမြန်နှုန်းထက်ပင် မပိုပေ။ သူ့ကြောင့်ပေါ်ထွက်လာသည့် လေပြင်းကြီးမှာလည်း ကလေးငယ်တစ်ယောက်၏အသက်ရှူသံကဲ့သို့ဖြစ်သွားပြီး လေထုကြီးကိုတုန်ရီသွားစေသည့် အားကြီးမှာလည်း အားနည်းလွန်းလှသဖြင့် သူ အလွယ်တကူပင် ချေဖျက်ခံလိုက်ရတော့သည်။

၎င်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများအကြားရှိ ကွာခြားချက်ပင်ဖြစ်ပြီး တာအိုသစ့်စေ့တစ်စေ့မှာ မည်မျှအထိ သာလွန်ကာ စွမ်းအားကြီးမားလှကြောင်း သိနိုင်သည်။

ပိုင်ရှောင်ချန်း၏ လက်ဝါးချက်မှာ သူ၏ရှေ့ရှိ မြို့စားကျစ်လင်ကိုမဟုတ်ပဲ သူ၏နောက်တွင် ခပ်ရေးရေးရှိနေခဲ့သည့်အရာတစ်ခုကို ထိသွားပြီး ထစ်ချုန်းသံများ ပေါ်ထွက်လာသည်။

လေထုကြီး တုန်ရီသွားပြီး ဒုတိယမြောက် မြို့စားကျစ်လင်တစ်ယောက်မှာ ဒယိမ်းဒယိုင်နှင့် ပေါ်ထွက်လာသည်။ မြို့စားကျစ်လင် တိုက်ခိုက်ပုံမှာ ထိုသို့ပင်ဖြစ်သည်။ သူသည် လူအများရှေ့တွင် ရှိနေစဥ်တွင် သူ၏ခန္ဓာကိုယ်အစစ်ကို ဖုံးကွယ်ထားပြီး ကိုယ်ပွားတစ်ခုကိုသာ ပေါ်ပေါ်ထင်ထင် ထားရှိသည်။ ကောင်းကင်တံတားနယ်မြေထဲရှိ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများက ကိုယ်ပွားများကို သာမန်အချင်းအရာတစ်ခုကဲ့သို့ ထုတ်လွှတ်၍မရသလို ထာဝရအင်မော်တယ်နယ်မြေများရှိ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ ထို့ကြောင့် ဤဗျူဟာမှာ အလွန်အသုံးဝင်ပြီး ရှားလည်းရှားပါးပေသည်။

ယခုတွင်မူ သူသည် သူ၏ကိုယ်ပွားကိုစေလွှတ်၍ ပိုင်ရှောင်ချန်းကို အနည်းငယ် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

သူ၏စမ်းသပ်မှုမှာ တောင်ကြီးတစ်လုံး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ မတွေးထားပေ။

မြို့စားကျစ်လင်နှင့် သူ့ကိုယ်ပွားတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ ပျက်စီးလုနီးပါး ဖြစ်သွားကြသဖြင့် စကားသံများ ထွက်လာတော့သည်။ သူ ခံစားနေရသည့် ပြင်းထန်သောအားကြီးကြောင့် သူ တုန်ရီလာပြီး သူ၏မျက်ဝန်းများထဲတွင် မယုံကြည်မှု အရိပ်အယောင်များ တောက်ပလာတော့သည်။ ဤပုဂ္ဂိုလ်အား မည်သူမည်ဝါဖြစ်ကြောင်း သူ မေးချင်ပါသော်လည်း မမေးနိုင်ခင် ထိုစွမ်းအင်ကြီးက သူ့အားရိုက်ခတ်သွားသဖြင့် သူ နှေးကွေးသွားရသည်။ ထို့နောက် သူနှင့် သူ့ကိုယ်ပွားတို့၏ ပါးစပ်များထဲမှ သွေးများပန်းထွက်လာပြီး နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဝုန်း …

ဖုန်မှုန့်များ ထလာပြီး လူအုပ်ကြီးမှာဆွံ့အနေတော့သည်။ မြို့စားကျစ်လင်၏ လက်အောက်ငယ်သားများမှာ မူးဝေသလိုဖြစ်နေကြသော်လည်း ဤတံခါးပေါက်တွင် တာဝန်ကျနေသည့် နတ်အဆင့်ခေါင်းဆောင်ကြီးမှာ အတုန်လှုပ်ဆုံးဖြစ်သွားရသည်။ ယခုဖြစ်ရပ်အတွက် ဖြေရှင်းချက်မှာ ယုံကြည်ဖွယ်ရာမရှိသော်လည်း ထိုတစ်ခုတည်းသာရှိတော့သဖြင့် သူ၏စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားမှုလှိုင်းများ ရိုက်ခတ်နေတော့သည်။ ထိုအတွေးစမှာ သူ၏အသိစိတ်ထဲသို့ ဝင်လာသည်နှင့် သူ ရူးသွပ်လုမတတ် ဖြစ်သွားတော့သည်။

" ကောင်း ... ကောင်းကင်ဧကရာဇ်အဆင့်ပါလား ... "

All Chapters