အခန်း (၃၄၃-၃၄၄)
Vol. 35 Ch. 343-344
အခန်း(၃၄၃) ပိုင်ရှောင်ရှန်း
ဝူရွှမ်မြို့
လမ်းမကြီးတွင် ပျာပန်းခပ်မျှ လူများ၊ မြင်းလှည်းများဖြင့် ပြည့်နှက်နေပြီး ဆူညံသံများဖြင့် အသက်ဝင်နေသည်။
ဈေးသည်များဖြင့် ပြည့်နှက်နေသော လမ်းမပေါ်တွင် လူလေးယောက်အုပ်စုသည် အကြည့်များစွာကို ဆွဲဆောင်ထားသည်။
ထိုအထဲတွင် လူငယ်စုံတွဲတစ်တွဲ အတူတကွ လျှောက်လာ၏။
အမျိုးသားက ချောမော ခန့်ညားကာ အမျိုးသမီးကတော့ မျက်နှာကို ပဝါဖြင့် ဖုံးကွယ်ထားသော်လည်း သူမထံမှ သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့် ကောင်းကင်နတ်မိမယ်တစ်ပါးကဲ့သို့ အရှိန်အဝါများ ဖြာထွက်နေတော့သည်။ ထိုသည်က ကြည့်နေသူများကို ပုဝါအောက်မှ သူမ မျက်နှာကို ကြည့်ရှူလိုစိတ်များ ဖြစ်ပေါ်လာစေ၏။
သူမဘေးတွင် အလှလေးနှစ်ဦး လျှောက်လာသည်။ တစ်ယောက်က ဆယ့်ခုနှစ် ဆယ့်ရှစ်နှစ်လောက်သာ ရှိသည့် ကောင်မလေးဖြစ်ပြီး ကျန်တစ်ယောက်မှာ ဆယ့်နှစ် ဆယ့်သုံးလောက်သာ ရှိသည့် ကောင်မလေးဖြစ်ပေသည်။ ထိုကောင်မလေးများသည် အနာဂတ်တွင် အလှလေးများ ဖြစ်လာနိုင်သည့် ကြန်အင်လက္ခဏာများဖြင့် ပြည့်နှက်နေ၏။
ထိုအုပ်စုက ချူဖုန်း၊ ပင်းယန်၊ ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ပင်။
ချန်ကျင်းကျင်း ရှားရှားပါးပါး အပြင်ထွက်ရ၍ အစားပုပ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူမ မျက်လုံးများမှာ အရောင်တလက်လက် တောက်ပနေ၏။ “ဆရာ ကျွန်မ ထန်ဟူလူ စားချင်တယ်”
ချူဖုန်း “ဝယ်စားလေ”
“ဆရာ ကျွန်မ သကြားရုပ်လိုချင်တယ်”
“ဝယ်လေ”
အချိန်ခဏလေးအတွင်းမှာပင် ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့လက်ထဲတွင် မုန့်မျိုးစုံ ရောက်လာတော့သည်။
ချန်ကျင်းကျင်းပါးစပ်လေးမှာ မုန့်များဖြင့် ပြည့်နှက် ဖောင်းကားနေပြီး ဟန်းစတားလေးအလားပင်။ ၎င်းက လူအများကို ဖျစ်ညှစ်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
သူတို့အုပ်စု လမ်းမရှည်ကြီးကို ဖြတ်သန်းသွားလာပြီးနောက် စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်။ နေ့လည်ခင်းရောက်ပြီဖြစ်၍ နေ့လည်စာ စားရတော့မည့် အချိန်ပင်။
ချူဖုန်း ဒုတိယထပ် ပြတင်းပေါက် ဘေးခုံတွင် ထိုင်လိုက်သည်။ ဝိုင်နှင့် အစားအသောက်အချို့မှာယူပြီးနောက် သူ ဆိုင်ထဲမှ စကားဝိုင်းများကို နားထောင်နေလိုက်၏။
“မင်းတို့ ကြားပြီးပြီလား။ လေလံပွဲမှာ သူတော်စင်အဆင့်လက်နက်တစ်ခုပါမယ်တဲ့။ ပုံမှန်အားဖြင့် အဲ့လိုရတနာတွေက ဆယ်နှစ်တစ်ကြိမ်ကျင်းပတဲ့ လေလံပွဲကြီးတွေမှာပဲ ပါတာလေ”
“ငါလည်း ကြားထားတယ်။ ငါ့ ခုနစ်ယောက်မြောက် အဒေါ့် မောင်အငယ်ဆုံးရဲ့ တူမလေးဆီက ကြားထားတာ။ သူတို့ ပြောတာ မိုးကြိုးတူကို မဟာပဏ္ဍိတလေ့ရွှမ်မျိုးဆက်တွေက အလောတကြီး ရောင်းချင်နေကြတာလို့ ပြောတယ်”
“အာ သူ့ခေတ်သူ့အခါကဆို မဟာပဏ္ဍိတလေ့ရွှမ်က ကျော်ကြားခဲ့တာ။ သူ့မျိုးဆက်တွေက ဘယ်လိုဖြစ်ပြီး နိမ့်ကျကုန်တာလဲ”
ထိုစဉ် ရွှတ်နောက်နောက် အသံတစ်သံ ထွက်ပေါ်လာသည်။ “မင်းတို့ နားမလည်ကြပါဘူး။ လေ့ရွှမ်မျိုးဆက်တွေက အရည်အချင်းမရှိတာမဟုတ်ဘူး။ သူတို့က သတ္တိရှိတယ်လို့တောင် ပြောလို့ရတယ်”
ချူဖုန်းအပါအဝင် လူတိုင်းသည် စကားပြောလိုက်သူကို ကြည့်လာကြသည်။
ကျောင်းတော်သားဝတ်စုံကို ဝတ်ထားသော လူငယ်လေးတစ်ဦးသည် ဒုတိယထပ်သို့ ဖြည်းညှင်းစွာ တက်လာသည်။ သူသည် လူအုပ်ကြီး၏ အကြည့်ကို လျစ်လျူရှူထားပြီး ကျင့်ကြံသူအချို့ ထိုင်သောက်နေကြသော စားပွဲသို့ တည့်မတ်စွာ သွားသည်။
ကျင့်ကြံသူများက သံသယဖြင့် သူ့ကို ကြည့်နေကြပြီး တစ်ယောက်က မေးလာ၏။ “ ခင်ဗျား ဘာကိုဆိုလိုတာလဲ”
ကျောင်းတော်သားက သူတို့ ဝိုင်အိုးကို ကြည့်လိုက်၏။ သူ့အဓိပ္ပာယ်ကတော့ သိသာလှသည်။
ကံကောင်းသည်မှာ ထိုသူတို့က ငတုံးမဟုတ်ပေ။ သူ့အကြည့်သို မြင်သော် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်၏။
“ဝိုင်ကောင်းပဲ”
ကျောင်းတော်သားသည် ဝိုင်ခွက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် အေးဆေးစွာ ပြောသည်။ “ကျုပ် သိထားသလောက်ဆို လေ့ရွှမ်မိုးကြိုးအိမ်တော်က လက်ရှိမှာ ဘုရင့်အဆင့်ကျွမ်းကျင်သူ သုံးယောက် ဦးဆောင်နေတာ။ သူတို့ထဲက တစ်ယောက်ဆို သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ”
လူတိုင်း မှင်တက်သွားကြတော့၏။
“ဘယ်လောက်တောင် ပြတ်သားတဲ့ ဆုံးဖြတ်ချက်လဲ”
လူအုပ်ထဲမှ တစ်ယောက် အော်ဟစ်လိုက်ရာ အခြားသူများကလည်း သဘောတူလိုက်ကြသည်။
“မိုးကြိုးအိမ်တော်က သူတို့ နောက်ဆုံးဆုတ်လမ်းကို ဖြတ်တောက်ပစ်လိုက်တာပဲ။ အရမ်းကို စွန့်စားမှုတော့ များတယ်နော်”
ကျောင်းတော်သား ပြုံးလိုက်သည်။ “သူတော်စင်တစ်ပိုင်းအဆင့်မရှိတော့ဘဲ ဘုရင့်အဆင့် ပညာရှင်သုံးယောက်ပဲ ရှိတဲ့ မျိုးနွယ်က သူတို့အရင်က ဂုဏ်သရေကို မထိန်းသိမ်းနိုင်တော့ဘူး။ ဒီလိုသာ ထုတ်မရောင်းလိုက်ရင်တော့ သူတော်စင်အဆင့်လက်နက်ကိုဆုံးရှုံးနိုင်တဲ့အပြင် သူတို့အသက်တွေပါ ပါသွားနိုင်တယ်”
စားပွဲဝိုင်းမှ ကျင့်ကြံသူတစ်ဦး မေးလိုက်သည်။ “အဲ့တော့ ဒီတစ်ခါ မိုးကြိုးအိမ်တော်က ဝိညာည်ကျောက်တုံးတွေ ရှာနေတာ မဟုတ်ဘူးပေါ့။ သူတို့တွေ သူတော်စင်တစ်ပိုင်းအဆင့်ကို တက်ဖို့ နည်းစနစ်တွေ ဆေးလုံးတွေကို ရှာနေတာ ဖြစ်ရမယ်”
“ဟုတ်တာပေါ့”
ကျောင်းတော်သားသည် ထိုစကားကို ကျေနပ်သွားပြီး သူ့အတွက် နောက်တစ်ခွက် ငှဲ့ကာ ရဲရဲတင်းတင်း သောက်လိုက်သည်။
သူ့အပြုအမူက သတင်းအချက်အလက်များကို လုပ်ကြံဖန်တီးပြီး ဝိုင်အလကားလာသောက်သည့်အလားပင်။
တစ်စုံတစ်ယောက်က မေးလိုက်သည်။ “တာအိုရောင်းရင်း ခင်ဗျား အချက်အလက်တွေက မှန်ရော မှန်ရဲ့လား”
ကျောင်းတော်သာက ပြန်မဖြေပေ။ ထိုအစား လှည့်ဖျားတော့မည့်အလား ယပ်တောင်ကို ရုတ်တရက်ထုတ်ပြီး ဖြန့်လိုက်သည်။
လူတိုင်း အာရုံစိုက်ကြည့်နေစဉ် စာလုံးကြီးသုံးလုံး ပေါ်လာသည်။
‘ပိုင်ရှောင်ရှန်း’
“သူ ပိုင်ရှောင်ရှန်းလား။ ကောင်းကင်လျှို့ဝှက်ချက်ဂိုဏ်းရဲ့ စွန်ပစ်ခံတပည့် ပိုင်ရှောင်ရှန်းပဲ”
“သူ့ကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး”
“….”
ပိုင်ရှောင်ရှန်း ယပ်ခပ်လိုက်ပြီး ပြုံးသည်။
“လူကြီးမင်း..ခင်ဗျားဒီနေ့ ဝိုင်ဖိုးကို ရှင်းရမယ်”
“သေချာတာပေါ့”
ဒုတိယထပ်တွင် ခွက်ချင်းတိုက်သံများ ထွက်ပေါ်လာသည်။
ချူဖုန်း ထိုစားပွဲကို ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ဝိုင်တစ်ငုံ သောက်လိုက်သည်။
စားသောက်ပြီးနောက် ချူဖုန်းတို့သည် သူတို့ ယခင်က ဝယ်ယူထားခဲ့သည့် အိမ်တော်သို့ သွားလိုက်သည်။
မဟာပဏ္ဍိတရွှေတောင်ပံ သူတို့ပြန်လာသည်ကို မြင်သော် ပြုံးကာ မေးသည်။ “အစ်ကိုကြီး ပြန်လာကြပြီပေါ့”
သူ ယနေ့တွင် တတိယဘီးမလုပ်ချင်သည့်အတွက် ခြံဝင်းထဲတွင် ကျင့်ကြံရန်သာ နေရစ်ခဲ့သည်။
“အင်း”
ချူဖုန်း အကြမ်းဖျင်း ဖြေလိုက်ပြီး ပြန်ပြောလာသည်။ “ငါ နောက်ရက်တွေမှာ ဆေးသန့်စင်ဖို့ ရည်ရွယ်ထားတယ်။ အဲ့အချိန်ကျရင် အိမ်တော်က အရှိန်အဝါကို ကာကွယ်ပေးထားဦး”
“ကောင်းပြီ”
မဟာပဏ္ဍိတရွှေတောင်ပံ မဆိုင်းမတွ သဘောတူလိုက်သည်။ ထို့နောက် သိလိုစွာ မေးသည်။ “အစ်ကိုကြီး ဘာလို့ ရုတ်တရက်ကြီး ဆေးသန့်စင်ချင်တာလဲ”
ချူဖုန်း ပြန်ဖြေသည်။ “ဘာလို့ ဖြစ်ရမှာလဲ။ မိုးကြိုးတူ ဝယ်ဖို့ပေါ့”
မဟာပဏ္ဍိတရွှေတောင်ပံ ထပ်မေးချင်သော်လည်း ချူဖုန်း အထဲသို့ ဝင်သွားသောကြောင့် သူ ပင်းယန်ကိုသာ လှည့်ပြီး မေးလိုက်၏။
“မရီး ကျုပ်ကို ရှင်းပြပါဦး”
“အင်း”
ပင်းယန် သူတို့ ယနေ့ သိလာရသော အကြောင်းအရာများကို ပြောပြလိုက်သည်။
ချူဖုန်း ခြံဝင်းအနောက်သို့ ဝင်လာလိုက်ပြီး ဆေးသန့်စင်ဖို့ မီးဖို မထုတ်ခင် လိပ်နက်ကို ဆင့်ခေါ်လိုက်သည်။
လိပ်နက်မှ သူ့ကို မြင်သော် မေးလိုက်၏။ “ဆရာ့ကို ဆေးသန့်စင်ဖို့ စွမ်းအားကြီးသူတွေကများ ဖိတ်ခေါ်ထားလို့လား”
“မဟုတ်ဘူး”
ချူဖုန်း ရယ်လိုက်၏။ “မင်းအတွက် တူဝယ်ပေးဖို့ ဆေးသန့်စင်ရမယ်လေ”
လိပ်နက် ကြောင်အသွားသည်။ ထိုစကားလုံးများက သူ့ကို ပျော်ရွှင်စေသည်လား၊ မလွယ်ကူသလို ခံစားရစေသည်လား မသိတော့ပေ။
ချူဖုန်း ပြောလိုက်သည်။ “ရပြီ။ ဒီလောက်တောင် အကျိုးအမြတ်တွေ ရနေတာကို အပျင်းကြီးချင် မနေနဲ့။ ငါ့ကို လာကူဦး”
“ဟုတ်ကဲ့ပါ”
လိပ်နက် ထပ်တွေးမနေတော့ဘဲ မီးဖိုထဲသို့ ဝင်သွားပြီး မီးတောက်များကို ထုတ်လွှတ်လိုက်သည်။
ချူဖုန်း ဝိညာဉ်မီးတောက်ဆေးဖော်စပ်သည့်နေရာ၌ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ထားလေသည်။ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ရောက်ရန် ဉာဏ်အလင်းပွင့်ဆေးတစ်သုတ်ကို ဖော်စပ်ရန်ကား သူ့အတွက် ပြဿနာတစ်ခုမဟုတ်ပေ။
သူ့လှုပ်ရှားမှုများက လေ့ကျင့်သား ဝပြီး ပညာရည် ပြည့်ဝကာ ကိုယ်စိတ်နှလုံးသည် ဆေးဖော်စပ်ခြင်း၌ နစ်မြှုပ်သွားတော့သည်။
ပင်းယန်၊ မဟာပဏ္ဍိတရွှေတောင်ပံတို့သည် ခြံဝင်းထဲ၌ လာရောက်ကြည့်ရှူတော့သည်။ သူတို့ အနှောင့်အယှက်ဖြစ်မည်စိုး၍ တိတ်ဆိတ်စွာ ကြည့်နေကြသည်။
သူတို့ ကြည့်ရှူလေ ပို၍ တုန်လှုပ်လာရလေပေ။ ချူဖုန်း ဆေးသန့်စင်ခြင်းပညာရပ်သည် ဝမ်တောက်ကျောင်းတော် ဆေးပညာဌာနမှ အကြီးအကဲများထက် ပို၍ ကျော်လွန်သွား၏။
အထိတ်လန့်ဆုံးသူမှာ လိပ်နက်ပင်။ ထိုကောင်းကင်မီးလျှံသည် သခင်ဖြစ်သူ ဆေးဖော်စပ်ခြင်းပညာ၌ အတော်လေး တတ်ကျွမ်းနေလိမ့်မည်ဟု မထင်ထားပေ။ သူသာ မီးလျှံကို ဂရုတစိုက် ထိန်းချုပ်မနေရပါက ချူဖုန်း၏ ဆေးပညာများကို အသေးစိတ်မေးနေမိလောက်တော့ပေမည်။
မျက်စိတစ်မှိတ်အတွင်း လေးဆယ့်ကိုးရက် ကုန်ဆုံးသွားသည်။ ချူဖုန်းသည် နောက်ဆုံး၌ သူလုပ်နေသည်ကို ရပ်လိုက်ပြီး လိပ်နက်ကို မီးတောက်များ ပြန်သိမ်းရန် ညွှန်ကြားလိုက်၏။
အခန်း (၃၄၄)လေလံပွဲ စတင်ခြင်း
“ထွက်လာစေ”
ချူဖုန်း၏ ကျယ်လောင်သော ဟစ်ကြွေးသံနှင့်အတူ ဆေးမီးဖိုအဖုံးသည် ပွင့်ထွက်သွားလေသည်။ ထိုခဏ၌ မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်သည် အမွေးအတောင်တစ်ခုကို နုတ်ယူ၍ လေထဲသို့ ပစ်တင်လိုက်ရာ ရွှေရောင်အလင်းတန်းများက စံအိမ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
နောက်တစ်စက္ကန့်တွင် ခရမ်းရောင်အလင်းတန်းတစ်ခု ဆေးမီးဖိုအတွင်းမှ တိုးထွက်လာပြီး ခရမ်းရောင်အလင်းများ ရစ်သိုင်းနေသည့် ဆေးလုံးသုံးလုံး လေထဲသို့ ပျံတက်သွားလေ၏။
ချူဖုန်းသည် ၎င်းတို့ကို ချက်ချင်းဖမ်းယူခြင်းမပြုဘဲ ကောင်းကင်ကပ်ဘေးဒုက္ခလျှပ်စီးများ ကျရောက်လာမည်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။
ဝုန်း
လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန်အတွင်းမှာပင် ကောင်းကင်ယံမှ မိုးခြိမ်းသံများ မြည်ဟည်းကာ ကျဆင်းလာ၏။
သာယာနေသည့်နေ့တွင် ရုတ်တရက် မိုးကြိုးပစ်ချလိုက်သဖြင့် လူပေါင်းများစွာ၏ အကြည့်များကို ဆွဲဆောင်သွားတော့သည်။
ဝူရွှမ်မြို့သည် ယခုအခါ ကျွမ်းကျင်ပညာရှင်များနှင့် ပြည့်နှက်နေပြီး ကပ်ဘေးဒုက္ခလျှပ်စီးကို အာရုံခံမိသည်နှင့် လူအများက ချူဖုန်း၏ စံအိမ်ဆီသို့ နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကြည့်ရှုကြသည်။
မိုးကြိုးသည် ရွှေရောင်အလင်း အကာအကွယ်ကို ဖောက်ထွက်ကာ ဆေးလုံးများပေါ်သို့ တစ်စိတ်တစ်ပိုင်း ကျရောက်သွားလေ၏။
ရွှေရောင်အလင်း၏ အကာအကွယ်ကြောင့် ဆေးလုံးသုံးလုံးမှာ အဖတ်မတင်သည့် အမှိုက်များအဖြစ်သို့ ပျက်စီးမသွားခဲ့ပေ။
ချူဖုန်းသည် တွန့်ဆုတ်မနေဘဲ ထိုဆေးလုံးများကို သိုလှောင်လက်စွပ်အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်သည်။
မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်မှာ စံအိမ်ဆီသို့ စူးစမ်းလာကြသည့် မရေမတွက်နိုင်သော အရှိန်အဝါများကို အာရုံခံသွားကာ ဟိန်းဟောက်လိုက်၏။
“ထွက်သွားစမ်း”
မဟာပဏ္ဍိတတစ်ဦး၏ အရှိန်အဝါမှာ သာမန်ကျင့်ကြံသူများ ခံနိုင်ရည်ရှိသည့် အရာမဟုတ်ပေ။
ချောင်းမြောင်းကြည့်ရှုနေသူ အများအပြားမှာ ထိုနေရာတင် သွေးအန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားကြ၏။ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သူတို့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
“မဟာပဏ္ဍိတတစ်ဦး မဟာပဏ္ဍိတစ်ဦးက ဆေးဖော်စပ်နေတာပဲ”
ဝူရွှမ်မြို့အတွင်းရှိ အခြားသော မဟာပဏ္ဍိတများသည်လည်း ဤဟိန်းဟောက်သံကို ကြားလိုက်ရ၏။ သူတို့သည် နတ်ဘုရားအာရုံများကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကြသည်။ မိမိတို့နှင့် အဆင့်တူ ပုဂ္ဂိုလ်တစ်ဦး ရှိနေသောကြောင့် ဆက်လက်စူးစမ်းနေခြင်းသည် ရန်စခြင်းသာ ဖြစ်ပေလိမ့်မည်။
သူတို့သည် ဝူရွှမ်မြို့သို့ တိုက်ခိုက်ရန် လာကြခြင်းမဟုတ်သဖြင့် မလိုအပ်ဘဲ ပဋိပက္ခဖြစ်ရန် မလိုပေ။
“အစ်ကိုကြီး အောင်မြင်သွားပြီပဲ”
မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် ဆေးလုံးသုံးလုံးကို ကြည့်ချင်စိတ်ဖြင့် စပ်စုကာ ရှေ့သို့ တိုးလာခဲ့၏။
ချူဖုန်း ပြုံးလိုက်၏။
“ဒါပေါ့။ အခုတော့ နားချင်ပြီ။ လေလံပွဲက နောက်ရက်နည်းနည်းနေရင် စတော့မှာ။ လေလံပွဲစရင်တော့ ခင်ဗျားကိုပဲ အပ်ထားပါရစေ”
ဤစကားကို ကြားသောအခါ မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် မတတ်သာဘဲ နောက်သို့ ဆုတ်ပေးလိုက်ရ၏။
ဆေးဖော်စပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခသည် မည်သည့်အနှောင့်အယှက်မှ မဖြစ်စေပေ။ ထိုနေ့ မွန်းလွဲပိုင်းမှာပင် ရတနာတစ်သောင်းစံအိမ်မှ ရွှေအက္ခရာကွပ်ထားသော ဖိတ်ကြားစာတစ်စောင် ပေးပို့လာသည်။
မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် ထိုဖိတ်စာကို တွန့်ဆုတ်ခြင်းမရှိ လက်ခံလိုက်၏။
ဝူရွှမ်မြို့တွင် ရတနာတစ်သောင်းစံအိမ်၏ လေလံပွဲကို သတ်မှတ်ထားသည့်အတိုင်း ဖွင့်လှစ်လိုက်သည်။
ဤပွဲသည် (၁၀) နှစ်တစ်ကြိမ် ကျင်းပသည့် ခမ်းနားသော လေလံပွဲ မဟုတ်သော်လည်း အဆင့်မြင့် သူတော်စင်လက်နက်တစ်ခု ပါဝင်နေခြင်းကြောင့် အင်အားကြီး ပုဂ္ဂိုလ်အများအပြား တက်ရောက်လာကြသည်။
ချူဖုန်းတို့အဖွဲ့ ရောက်ရှိလာသည့်အခါ ခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေ၏။
ခဏအကြာတွင် မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်သည် ဖိတ်စာကို အစောင့်များအား ပြသလိုက်သည်။ သူတို့သည် အခက်အခဲမရှိ ဝင်ခွင့်ရခဲ့ပြီး ကျယ်ဝန်းသည့် သီးသန့်ခန်းတစ်ခုကိုပင် ရရှိခဲ့လေ၏။
နေရာယူပြီးနောက် အစေခံမိန်းကလေး အချို့ဝင်လာပြီး ကျောက်စိမ်းပြား တစ်ခုနှင့် မုန့်ပဲသရေစာများကို လာရောက် တည်ခင်းပေးသည်။
ချူဖုန်း ကျောက်စိမ်းပြားကို ဂရုမစိုက်ဘဲ မိန်းကလေးနှစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“လေလံတင်မဲ့ ပစ္စည်းတွေကို ကြည့်လိုက်ဦး။ ကြိုက်တာရှိရင် လေလံဆွဲလိုက်”
သူ့တွင် ပိုင်ဆိုင်မှု ချို့တဲ့ခြင်း မရှိပေ။ မိုးကြိုးစံအိမ်မှ ကျင့်ကြံသူများမှာ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းရန် အရင်းအမြစ်များ ရှာဖွေနေခြင်းကြောင့်သာ မဟုတ်လျှင် သူ ဆေးလုံးဖော်စပ်ရန် အလုပ်ရှုပ်ခံနေမည် မဟုတ်ပေ။
“ဆရာ... တကယ်ကြီး လေလံဆွဲလို့ ရတာလား”
ချန်ကျင်းကျင်း သတိထားကာ မေးလိုက်၏။
“ရတာပေါ့”
“ကျေးဇူးတင်ပါတယ် ဆရာ”
ချန်ကျင်းကျင်း ကျောက်စိမ်းပြားကို စိတ်လှုပ်ရှားစွာ ကောက်ယူကြည့်ရှုပြီးနောက် ပိုင်ကျင်း ထံသို့ ကမ်းပေးလိုက်၏။
ပိုင်ကျင်း တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ဒီရတနာတစ်သောင်းလေလံပွဲက ပစ္စည်းတွေက တော်တော်လေး သာမန်ဆန်လွန်းတယ်။ ငါ့စိတ်ကြိုက် တစ်ခုမှ မပါဘူး”
ချူဖုန်းက ပြုံးရုံသာ ပြုံးနေခဲ့၏။ ဤမိန်းကလေးသည် သူတော်စင် တစ်ဦး၏ လက်အောက်တွင် ကြီးပြင်းလာသူဖြစ်သဖြင့် ဤကဲ့သို့သော အရာများကို အထင်မကြီးခြင်းမှာ သဘာဝပင်။
မကြာမီ လေလံပွဲ စတင်လေ၏။
ချူဖုန်းမှာ သူ့သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းတစ်လုံးကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်သည်။
“ညီလေးလင်းယုန် စျေးပြိုင်တာကိုတော့ ခင်ဗျားပဲ ကိုင်တွယ်လိုက်ပါ။”
မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်မှာ ပုလင်းကို လက်ခံကာ အသာဖွင့်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
“ပြဿနာမရှိဘူး။ အရင်ကလည်း မွေးစားအဖေ နဲ့အတူ လေလံပွဲတွေ လိုက်ဖူးပါတယ်။ ဒါတွေ ဘယ်လိုလုပ်ရမလဲဆိုတာ ငါသိပါတယ်”
ချူဖုန်းသည် ဘာမှထပ်မပြောတော့ဘဲ မျက်လုံးမှိတ်ကာ အနားယူနေလိုက်သည်။
သို့သော် ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့မှာမူ စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။
လေလံခန်းမအတွင်း၌ အပြိုင်အဆိုင် စျေးပေးသံများဖြင့် ဆူညံတက်ကြွနေခဲ့သည်။
အချို့မှာ မျက်နှာများ နီရဲလာသည်အထိ အော်ဟစ်နေကြပြီး ကျင့်ကြံသူတစ်ဦး၏ ဂုဏ်သိက္ခာများ ပျောက်ဆုံးနေသကဲ့သို့ပင်။
၎င်းကို ကြည့်ရင်း မိန်းကလေးနှစ်ဦးမှာလည်း လိုက်အော်ချင်စိတ်များ ပေါက်လာကြ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
မကြာမီ လေလံပွဲသည် နောက်ဆုံးပစ္စည်းသို့ ရောက်ရှိလာခဲ့သည်။
လေလံပွဲကို ဦးစီးနေသည့် အကြီးအကဲလျှိုက ပြုံးလျက် ပြောလိုက်သည်။
“အားလုံးပဲ ဝူရွှမ်မြို့ထဲမှာ ပျံ့နှံ့နေတဲ့ မိုးကြိုးတူနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြားဖူးကြမယ် ထင်ပါတယ်”
ထိုစကားကြောင့် ခန်းမအတွင်းရှိ ကျင့်ကြံသူများမှာ ချက်ချင်းပင် တစ်ယောက်တစ်ပေါက် ပြောဆိုလာကြ၏။
“ဟုတ်ပါတယ် အကြီးအကဲလျှို၊ အဲဒီသတင်းတွေက တကယ်ပဲလား”
“အကြီးအကဲလျှို၊ ကျွန်တော်တို့ကို ရင်ခုန်အောင် သိပ်မလုပ်ပါနဲ့တော့။”
“…”
အကြီးအကဲလျှိုက မုတ်ဆိတ်ကိုသပ်ကာ ရယ်မောလိုက်သည်။
“အားလုံးပဲ စိတ်ရှည်ကြပါဦး။ မိုးကြိုးသူတော်စင်တူကို မကြာခင် ထုတ်ပြတော့မှာပါ။ အဲဒါမတိုင်ခင် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားပါမယ်၊ ရောင်းချသူက ဝိညာဉ်ကျောက်တုံးတွေကို မလိုချင်ဘူး။ သူတို့ တောင်းဆိုတာက...”
သီးသန့်ခန်းအတွင်း၌ ချူဖုန်းသည် အကြီးအကဲလျှို၏ စကားကို နားထောင်ရင်း စားသောက်ဆိုင်တွင် ပိုင်ရှောင်ရှန်း ပြောခဲ့သည့် စကားများမှာ မှန်ကန်ကြောင်း အတည်ပြုလိုက်၏။
အကြီးအကဲလျှိုက ရောင်းချသူ၏ စည်းကမ်းချက်များကို ပြောဆိုပြီးနောက် သန်မာထွားကြိုင်းသည့် ခန္ဓာကျင့်ကြံသူ ရှစ်ဦးမှာ သေတ္တာကြီးတစ်လုံးကို လေလံစင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ ထမ်းတင်လာခဲ့ကြသည်။
ဝုန်း
သေတ္တာကို ချလိုက်သည့်အခါ လေးလံသည့် အသံကြီးတစ်ခု ထွက်ပေါ်လာ၏။
အကြီးအကဲလျှို လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် သေတ္တာပွင့်သွားသည်။ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် လျှပ်စီးများ ရစ်ပတ်နေပြီး သန့်စင်သည့် အလင်းတန်းများ ဖြာထွက်နေသော တူကြီးတစ်လက် ထွက်ပေါ်လာလေ၏။
တစ်ခဏ ငြိမ်သက်သွားပြီးနောက် တစ်ခန်းမလုံး အံ့ဩမှင်သက်သံများဖြင့် ပြည့်နှက်သွားသည်။
“ဒါ တကယ်ပဲ မိုးကြိုးတူပဲ”
“အဆင့်မြင့် သူတော်စင်လက်နက်... တကယ်ကို နာမည်နဲ့လိုက်အောင် ခမ်းနားတာပဲ”
“…”
ဆူညံသံများ ငြိမ်သက်သွားသည်နှင့် အကြီးအကဲလျှို ကြေညာလိုက်သည်။
“လေလံပွဲ အခုစတင်ပါပြီ”
ရှေ့တန်းတွင် ထိုင်နေသည့် ကျင့်ကြံသူများ ကားမပြောဘဲ နောက်ဘက်ရှိ သီးသန့်ခန်းများဆီသို့သာ မျက်တောင်မခတ် ကြည့်နေကြ၏။
မကြာမီ သီးသန့်ခန်းတစ်ခုထဲမှ အိုမင်းရင့်ရော်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါက မိုးကြိုးဓာတ်ရှိတဲ့ သူတော်စင်ဆေးပင်တစ်ပင်နဲ့ ကမ်းလှမ်းတယ်”
ဟူး
ခန်းမအတွင်းရှိ ကျင့်ကြံသူများ အသက်ရှူမှားသွားကြလေ၏။
‘အစကတည်းက ဒီလောက်စျေးကြီးနေမှတော့ နောက်ဆုံးမှာ ဘယ်လောက်အထိ ဖြစ်သွားမှာလဲ’
နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
“မိတ်ဆွေ... ခင်ဗျားက တော်တော်လေး တွန့်တိုတာပဲ။ ဒါက အဆင့်မြင့် သူတော်စင်လက်နက်ပဲ၊ မြင့်မြတ်နယ်မြေတွေမှာတောင် ရှားပါးတဲ့ ရတနာပဲလေ။ ကျုပ်က ညာဏ်အလင်းပွင့်ဆေးလုံးတစ်လုံးနဲ့ သူတော်စင်ဆေးပင် တစ်ပင်နဲ့ ကမ်းလှမ်းတယ်”
လူအများ အံ့အားသင့်စွာ တိုးတိုးလေး ပြောနေကြ၏။
“ဒါ မဟာပဏ္ဍိတတစ်ဦးရဲ့ ရက်ရောမှုပေါ့လေ”
သူတို့ အံ့ဩလို့ မဆုံးသေးခင်မှာပင် နောက်ထပ် အသံတစ်ခုက စျေးကို ချက်ချင်း မြှင့်လိုက်ပြန်သည်။
“ဉာဏ်အလင်းပွင့်ဆေးလုံး တစ်လုံး၊ မဟာပဏ္ဍိတအဆင့်ကို တက်လှမ်းနိုင်ဖို့ လမ်းညွှန်ချက်နဲ့ ငါ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကူအညီ တစ်ကြိမ်”
ဤကြေညာချက်နှင့်အတူ သီးသန့်ခန်းများရှိ အခြားသော မဟာပဏ္ဍိတများကလည်း စျေးပြိုင်ကြတော့သည်။
“ဉာဏ်အလင်းပွင့်ဆေးလုံး နှစ်လုံးနဲ့ သူတော်စင်ဆေးပင် တစ်ပင်၊ ပြီးတော့ မဟာပဏ္ဍိတအဆင့် တက်လှမ်းဖို့ လမ်းညွှန်ချက်”
“ဉာဏ်အလင်းပွင့်ဆေးလုံး နှစ်လုံး၊ ပြီးတော့ မဟာပဏ္ဍိတဖြစ်တဲ့ ငါကိုယ်တိုင် တစ်ကြိမ် ကူညီပေးမဲ့ အခွင့်အရေး”
“…”
စျေးနှုန်းများ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာသည်နှင့်အမျှ အကြီးအကဲလျှို၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
မိုးကြိုးဂေဟာ၏ စည်းကမ်းချက်များကို ပိုင်ရှောင်ရှန်းအား ပေးပြီး သတင်းလွှင့်ခိုင်းခဲ့သည့် သူ့ဆုံးဖြတ်ချက်မှာ တကယ်ပင် မှန်ကန်ခဲ့လေ၏။
သို့သော် ဤအဆင့်မြင့်လက်နက်၏ စျေးနှုန်းသည် ဉာဏ်အလင်းပွင့်ဆေးလုံး သုံးလုံး သို့မဟုတ် သူတော်စင်ဆေးပင် သုံးပင်၊ ၎င်းနှင့်အတူ မဟာပဏ္ဍိတ၏ လမ်းညွှန်ချက်နှင့် အကူအညီတို့တွင်သာ အဆုံးသတ်လိမ့်မည်ကို သူသိသည်။ ထိုထက်ပိုရန်မှာ ခဲယဉ်းလှ၏။
မဟာပဏ္ဍိတအချို့၏ နောက်ဆုံးကမ်းလှမ်းမှုများ ပြီးဆုံးသွားသည့်အချိန်တွင် အထင်အမြင်သေးဟန် ပါရှိသည့် အသံတစ်ခုမှာ ခန်းမအတွင်း ဟိန်းထွက်လာခဲ့သည်။
“ဉာဏ်အလင်းပွင့်ဆေးလုံး သုံးလုံး၊ ပြီးတော့ မိုးကြိုးအိမ် တော်က ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို မဟာပဏ္ဍိတအဆင့် ရောက်အောင် ငါကိုယ်တိုင် ကူညီပေးမယ်”
ထိုစကားကြောင့် တစ်ခန်းမလုံး တိတ်ဆိတ်သွားလေ၏။ အကြည့်အားလုံးသည် ထိုအသံထွက်ပေါ်လာရာ သီးသန့်ခန်းဆီသို့ ရောက်ရှိသွားကြသည်။
တစ်ခဏကြာပြီးနောက် မဟာပဏ္ဍိတတစ်ဦး စကားဆိုလာသည်။
“မိတ်ဆွေ... မဟုတ်တာတွေ လျှောက်မပြောပါနဲ့၊ မဟာပဏ္ဍိတဆိုတဲ့ ဘွဲ့ကို အိုးမည်းမသုတ်စမ်းပါနဲ့”