← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း ၁၅၉ ။ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းလား

ပိုင်ဝမ်လင်း ရပ်တန့်သွားသည်ကို မြင်ချိန်၌ နန်ကုန်းရိုရွှယ်က သူမ၏ အကြည့်ကို သူမဆီသို့ ပြန်လှည့်လိုက်သည်။

"ဝမ်လင်း... တခြားကိစ္စ ရှိသေးလို့လား..."

ပိုင်ဝမ်လင်းက လှည့်ကာ ပြုံးလိုက်သည်။ "စီနီယာတို့... အကယ်၍ အပြင်ထွက် လမ်းလျှောက်ချင်ရင် တခြား မျိုးနွယ်ဝင်တွေနဲ့ တွေ့ပြီး နားလည်မှုလွဲတာတွေ မဖြစ်ရအောင် ဝမ်လင်း ကို အဖော်ခေါ်သွားလို့ ရပါတယ်..."

"ကောင်းပြီ... ကျေးဇူးပါပဲ ဝမ်လင်း..." နန်ကုန်းရိုရွှယ်က အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ..." ပိုင်ဝမ်လင်းက အနည်းငယ် ပြုံးလိုက်သည်။

"ဒါဆို ဝမ်လင်း က စီနီယာ နှစ်ယောက်ရဲ့ အနားယူချိန်ကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး..."

ထိုသို့ပြောပြီးနောက် သူမက လှည့်ကာ ပေါ့ပါးကျော့ရှင်းသော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။

သူမ ထွက်သွားသည်ကို ကြည့်ရင်း နန်ကုန်းရိုရွှယ်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ "စစ်ချန်... သူမက စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးကို ခံစားနေရတယ်ဆိုတာ မင်း တကယ်ပဲ မြင်ခဲ့တာလား... ဒီလို နူးညံ့ပြီး ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက် အချစ်ကြောင့် နာကျင်ရမယ်ဆိုရင် နှမြောစရာပဲ..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး ပြောဆိုလာသည်။ "ငါတို့ တတ်နိုင်တာ ဘာမှမရှိပါဘူး... ကပ်ဘေးရဲ့ အလင်းရောင်က သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်နေပြီဆိုတော့ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက အပြည့်အဝ ဖြစ်တည်နေပြီ... သူမက အနှစ်တစ်သောင်းလောက် တံခါးပိတ်ပြီး ဘယ်သူနဲ့မှ မတွေ့ဘူးဆိုရင်တော့ တစ်မျိုးပေါ့..."

"ဒါမှမဟုတ် ကပ်ဘေးကို ချိုးဖျက်ဖို့ အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အကူအညီတောင်းလို့ ရတယ်... ဒါပေမဲ့ ငါ ရည်ညွှန်းတဲ့ အားကောင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ဝိညာဉ်အရှင်မြတ်အဆင့်လို သေမျိုးနယ်ပယ်က မဟုတ်ဘူးနော်..."

"အဆိုးဆုံး အခြေအနေကတော့ ငါ အရင်က ပြောခဲ့သလိုပဲ... တာအို လက်တွဲဖော်ကို အရင် ပြီးစီးအောင် လုပ်ပြီး အဲဒီကနေ လွတ်မြောက်နိုင်မလား ဆိုတာကို ကြည့်ဖို့ပဲ..."

"ဒါ..."

နန်ကုန်းရိုရွှယ်က အနည်းငယ် အံ့အားသင့်သွားသည်။ သူမ၏ ငှက်မွေးလေးက တခြားလူတွေရဲ့ ကံဆိုးမှုတွေကို တကယ်ပဲ မြင်နိုင်တာလား။

နန်ကုန်းရိုရွှယ်က စိတ်ဝင်စားသွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။ "စစ်ချန်... ငါကော လောလောဆယ် ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရလား..."

သို့သော် နန်ကုန်းယွီက ခေါင်းယမ်းကာ ပြုံးလိုက်ပြီး ပြောဆိုလာ၏。 "အစ်မရွှယ်... အစ်မက ကျွန်တော်နဲ့ အရမ်း နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတာ... ကျွန်တော့်ရဲ့ မျက်လုံးပညာရပ်က အစ်မရဲ့ ကိစ္စတွေကို မြင်‌‌ အောင်ကြည့်လို့ မရဘူး..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က နားမလည်စွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း နန်ကုန်းယွီက ပြုံးကာ ပြောဆိုလိုက်သည်ကို တွေ့လိုက်ရသည်။ "ဒါပေမဲ့ စိတ်မပူပါနဲ့ အစ်မရွှယ်... အစ်မ ဒုက္ခရောက်နေရင်တောင် အဲဒါကို ကျွန်တော် ချိုးဖျက်ပစ်မှာပါ... အစ်မကို နာကျင်အောင် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ..."

"ဟီးဟီး... မင်းက စကားပြော အရမ်း တတ်တာပဲ..."

နန်ကုန်းရိုရွှယ်က တိုးတိတ်စွာ ရယ်မောလိုက်၏。 "ကောင်းပြီ... ငါ ဒီနေ့ နည်းနည်း ပင်ပန်းနေပြီ... အရင် အနားယူကြစို့..."

"ကောင်းပြီ..."

ထို့နောက် သူတို့နှစ်ဦးက အခန်းထဲသို့ ဝင်သွားကြသည်။

...

စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ ပွင့်လာခြင်းနှင့်အတူ အနီးအနား နိုင်ငံများမှ ကျင့်ကြံသူများသည် ဤအရာကို မျှော်လင့်ထားပုံရပြီး သူတို့က ယခုအခါ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။

တောင်တစ်သောင်းတောင်တန်းကြီး အနီးရှိ အင်ပါယာနှစ်ခုဖြစ်သော ချင်းယိုအင်ပါယာနှင့် ပေ့ချွမ်းအင်ပါယာတို့အပြင် နယ်မြေအများစုမှာ တောင်တစ်သောင်းတောင်တန်းကြီးတွင် တည်ရှိသော မိစ္ဆာကျင့်ကြံသူ နိုင်ငံဖြစ်သည့် မုန်ဟူ အင်ပါယာတို့တွင် ကျင့်ကြံသူ အများအပြားသည် ကောင်းကင်သို့ ထိုးတက်နေသော အလင်းတိုင်ကို မြင်တွေ့ခဲ့ကြရသည်။

အမြော်အမြင်ရှိသူများက စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ ပွင့်တော့မည်ကို နားလည်ကြပြီး သူတို့က သွားရန် စတင်ပြင်ဆင်ကြသည် သို့မဟုတ် သူတို့၏ တပည့်များကို သွားရန် ပြင်ဆင်ခိုင်းကြသည်။

ရုတ်တရက် တောင်တစ်သောင်းတောင်တန်းကြီး၏ အိမ်နီးချင်း နိုင်ငံသုံးခုတွင် ညတွင်းချင်း ကျင့်ကြံသူ အများအပြား ရောက်ရှိလာကြသည်။

...

ချင်းယိုအင်ပါယာ။

ဖုန်းရှန်း ခန်းမဆောင်အတွင်း၌ နန်ကုန်းအောက်ထျန်းက မြောက်ဘက်ရှိ ကောင်းကင်သို့ ထိုးတက်နေသော အနီရောင် အလင်းတိုင်ကို ကြည့်ရင်း မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

"မိန်းမစိုး ယန်... အမိန့်ပေးလိုက်... ချင်းယို နယ်မြေအတွင်းမှာ ပြဿနာရှာတဲ့ ဘယ်သူ့ကိုမဆို သက်ညှာမှုမရှိဘဲ ကွပ်မျက်ပစ်လို့..."

"အမိန့်တော်အတိုင်းပါ..."

မိန်းမစိုး ယန်က သဘောတူလိုက်ပြီး အလျင်အမြန် လှည့်ကာ ထွက်သွားခဲ့သည်။

နန်ကုန်းအောက်ထျန်းက တောင်တစ်သောင်းတောင်တန်းကြီး ရှိရာဘက်သို့ တစ်ချက်ကြည့်ကာ ရေရွတ်လိုက်သည်။ "စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေက တစ်ယောက်ရဲ့ နှလုံးသားကို မွေးမြူဖို့ တကယ်ကို နေရာကောင်း တစ်ခုပဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါ ဝင်လို့ မရဘူး..."

...

ဝိညာဉ်မြေခွေးမျိုးနွယ်စု၏ နယ်မြေ။

ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာချိန်တွင် ပိုင်ချီချီက သူမ၏ အိပ်ဆောင်သို့ ပြန်ရောက်လာခဲ့ပြီး ပိုင်ဝမ်လင်းက သူမကို စောင့်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဝမ်လင်း... မင်း ဘာလို့ ကျင့်ကြံဖို့ မသွားတာလဲ..."

ပိုင်ဝမ်လင်းက မော့ကြည့်လိုက်ပြီး တစ်ခဏမျှ တွန့်ဆုတ်သွားကာ သွားကြိတ်ရင်း မေးမြန်းလိုက်သည်။

"အမေ... ခုနက ဘယ်သွားတာလဲ..."

ပိုင်ချီချီက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး သူမ၏ဘေးတွင် ထိုင်လိုက်သည်။ "မျိုးနွယ်စုထဲက အသင့်တော်ဆုံး လူငယ်တွေရဲ့ ပုံတွေကို ရှာခိုင်းထားတယ်... တစ်ချက်ကြည့်ပြီး မင်းနဲ့ ကိုက်ညီမယ့်သူကို ရွေးလိုက်ပါ..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမ၏ အမူအရာက ရှုပ်ထွေးနေသည်။ "အမေ... စီနီယာ ရှန်ကွမ် ပြောတာကို တကယ် ယုံတာလား..."

ပိုင်ချီချီက တိုးတိတ်စွာ သက်ပြင်းချလိုက်ပြီး သူမ၏ စကားများက ရှုပ်ထွေးနေသည်။ "ဝမ်လင်း... အမေ့ရဲ့ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေး အကြောင်းကို သိတဲ့သူ အရမ်း နည်းတယ်... အပြင်လူတွေ ဆိုရင်တော့ ပြောစရာတောင် မလိုဘူးလေ..."

"သူ့စကားတွေက အရမ်း သေချာနေတယ်လို့ အမေ ထင်တယ်... ဒါကြောင့် အဲဒါက အမှန် ဖြစ်နိုင်တယ်... အဲဒါကို မယုံတာထက် ယုံဖို့ ပိုပြီး လိုလားသင့်တယ်..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်းက နားမလည်စွာဖြင့် မေးမြန်းလိုက်သည်။"အမေ... စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းတာလား..."

“မင်း နားမလည်ပါဘူး'’

ပိုင်ချီချီက အနေခက်စွာ ပြုံးရင်း ခေါင်းယမ်းလိုက်ပြီး ပြောဆိုလာသည်။ "အသက်အန္တရာယ်ရှိတဲ့ ကပ်ဘေးကြီးက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ပတ်သက်နေတယ်... အနည်းငယ် သတိလက်လွတ်ဖြစ်တာနဲ့ သေဆုံးပြီး လုံးလုံး ပျက်သုဉ်းသွားနိုင်တယ်... ပြီးတော့ ဒီ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက အားလုံးထဲမှာ ညှဉ်းပန်းနှိပ်စက်မှု အများဆုံးပဲ..."

"စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက အပျော့စား ဖြစ်ရပ်တွေမှာတောင် စိတ်နဲ့ ဝိညာဉ် နှစ်ခုစလုံးကို ထိခိုက်စေတယ်... တကယ်လို့ တစ်ယောက်က အဲဒီကနေ မလွတ်မြောက်နိုင်ဘူးဆိုရင် သူတို့ရဲ့ ကျင့်ကြံမှုက ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး... အမေကိုယ်တိုင်လည်း အဲဒီတုန်းက စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးနဲ့ ကြုံတွေ့ခဲ့ရတယ်... မင်းရဲ့ သေသွားတဲ့ အောက်တန်းစား အဖေရဲ့ သစ္စာဖောက်မှုကြောင့်ပေါ့... ပြီးတော့ အမေက အဲဒီကနေ မလွတ်မြောက်နိုင်ခဲ့တာ ဆယ်နှစ်ကျော်ပြီ..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူမ၏ မိခင်က ဤအကြောင်းကို အရင်က ပြောပြသည်ကို သူမ တစ်ခါမှ မကြားဖူးချေ။

အရင်တုန်းက ဖခင်အကြောင်း မေးတိုင်း မိခင်က အမြဲတမ်း ရှောင်လွှဲတတ်သည်။ သို့သော် ယနေ့တွင် မိခင်က သူမကို ကိုယ်တိုင်ကိုယ်ကျ ပြောပြလာသည်။

စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော ပိုင်ဝမ်လင်းက မေးမြန်းလိုက်သည်။ "အမေ... အဲဒီအကြောင်း သမီးကို ပြောပြလို့ ရမလား..."

"ကောင်းပြီ" ပိုင်ချီချီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။

"အဲဒီတုန်းက အမေက ဖြူစင်ပြီး ရိုးအခဲ့တယ်..."

"နောက်ဆုံးတော့ မင်းရဲ့ အောက်တန်းစား အဖေက သေသွားပြီး ပျောက်ကွယ်သွားတယ်... အမေ့ကို မျိုးနွယ်စုရဲ့ အကြီးအကဲက ပြန်ခေါ်လာပြီး မင်းကို မွေးဖွားခဲ့တယ်... ဒါပေမဲ့ အဲဒီ ဆက်ဆံရေးကနေ အမေ မရုန်းထွက်နိုင်ခဲ့တာ ဆယ်နှစ်ကျော်ပြီ..."

မကြာမီ ပိုင်ချီချီက အဲဒီတုန်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြပြီး နှလုံးသားထဲမှ မှတ်ချက်တစ်ခုဖြင့် အဆုံးသတ်လိုက်သည်။ "ဝမ်လင်း... မင်း နားလည်ရမယ်... ဒါက စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးရဲ့ အပျော့စား ပုံစံပဲ ရှိသေးတယ်... ပိုဆိုးရွားတဲ့ အခြေအနေတွေမှာ အသက်အန္တရာယ်ရှိတဲ့ ကပ်ဘေးတစ်ခုကိုတောင် ဖြစ်ပေါ်စေနိုင်ပြီး သေဆုံးတာက မင်းရဲ့ အနည်းဆုံး စိုးရိမ်စရာ ဖြစ်သွားလိမ့်မယ်..."

ပိုင်ချီချီ၏ စကားကို ကြားပြီးနောက် ပိုင်ဝမ်လင်းက နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုက်သည်။ "အဖေ... သူက တကယ်ကို အောက်တန်းစားပဲ..."

"ဟူး..."

ပိုင်ချီချီက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ "ဒီကပ်ဘေးနဲ့ ရင်ဆိုင်ရဖို့က အမေ့ရဲ့ ကံကြမ္မာပါပဲ... အဲဒီကနေ လွတ်မြောက်စရာ မရှိခဲ့ဘူး..."

ပိုင်ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါကြောင့် စီနီယာ ရှန်ကွမ် က သမီးမှာ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေး ရှိတယ်လို့ ပြောတော့ အမေက အရမ်း အလေးအနက်ထားခဲ့တာပေါ့..."

"ဟုတ်ကဲ့"

ပိုင်ချီချီက ခေါင်းညိတ်လိုက်ပြီးနောက် တွန့်ဆုတ်စွာ ပြောဆိုလာသည်။ "ဒါ့အပြင် ရှန်ကွမ်စစ်ချန် က အပေါ်ယံမြင်ရသလို ရိုးရှင်းတဲ့သူ မဟုတ်ဘူးလို့ အမေ အမြဲ ခံစားရတယ်... ဘယ်သူ သိမှာလဲ... သူက အစ်မဝမ်းကွဲထက်တောင် ပိုအန္တရာယ်များနိုင်တယ်..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်းက အနည်းငယ် အံ့အားသင့်သွားသည်။ မိခင်က စီနီယာ ရှန်ကွမ် အပေါ် ဤမျှ မြင့်မားသော အမြင်ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ပိုင်ဝမ်လင်းက တွန့်ဆုတ်စွာ မေးမြန်းလိုက်သည်။ "အမေ... စီနီယာ ရှန်ကွမ် ရဲ့ စွမ်းအားက ဘယ်လောက်လဲ..."

ဤမေးခွန်းကို ကြားချိန်၌ ပိုင်ချီချီက ခေါင်းယမ်းလိုက်သည်။ "သူ့ရဲ့ စွမ်းအားကို ကြည့်ရရင် သူက နတ်ဘုရားပေါင်းစည်းခြင်းအဆင့် အစောပိုင်းအဆင့်မှာပဲ ရှိပေမဲ့ သူက သေချာပေါက် မရိုးရှင်းဘူး... နောက်ဆုံးတော့ သားရဲနတ်ဆိုး ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို သူ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါတို့ကို ကြောက်ရွံ့သွားစေဖို့ လုံလောက်တယ်လေ..."

ပိုင်ချီချီ စကားပြောနေစဉ် ထိုဆိုးယုတ်သော အကြည့်ကို တွေးမိလိုက်ရုံဖြင့် သူမ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေဆဲပင်။

သူမ၏ အလိုအလျောက် သိစိတ်က ဤလူနှင့် မိတ်ဆွေဖွဲ့ခြင်းက ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးမည်ဖြစ်ပြီး သူ့ကို စော်ကားခြင်းက သေချာပေါက် သေဆုံးခြင်းကို ဆိုလိုကြောင်း ပြောနေပေသည်။

မိခင်၏ အမူအရာက မမှန်သည်ကို မြင်ချိန်၌ ပိုင်ဝမ်လင်းက ထပ်မမေးတော့ချေ။ သူမက ပန်းချီကားများကို ကောက်ယူကာ ကြည့်ရှုလိုက်သော်လည်း ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။

ဤလူတွေအပေါ် သူမက ဘယ်တော့မှ ဆွဲဆောင်မှု မခံစားရဘူး။ သူမရဲ့ စကားနဲ့ဆိုရင် သူမက သူတို့ကို ရိုးရိုးလေးပဲ မကြိုက်ဘူးလေ။

မြေခွေးတွေ အားလုံးက ချောမောပြီး ထူးချွန်နေရင်တောင်မှ သူတို့ ပြောတာတွေကို မကြိုက်ဘူး။

သူမ၏ အမူအရာကို မြင်ချိန်၌ ပိုင်ချီချီက ဘာဖြစ်နေလဲဆိုတာကို နားလည်သွားပြီး တိုးတိတ်စွာ သက်ပြင်းချလိုက်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။ အချစ်ရေး ကိစ္စတွေမှာ ပြောရခက်သည်။

သူမတွင် အတိတ်က ဆက်ဆံရေးတစ်ခု ရှိခဲ့ပြီး သူမ၏ သမီးကို သူမ မကြိုက်သူတစ်ဦးနှင့် အတူမရှိစေချင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူမကို ပို၍ ဒုက္ခရောက်စေရုံသာ ရှိမည်ဖြစ်သည်။

ထို့ပြင် ရှန်ကွမ်စစ်ချန်၏ စကားအချို့ကို သူမ ဝေဝါးစွာ နားလည်လိုက်၏။ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးကို သယ်ဆောင်ထားသူများသည် သူတို့ မနှစ်သက်သော လူများနှင့် အတူရှိနေပါက ကောင်းကင်လျှို့ဝှက်ချက်များကို မရှုပ်ထွေးစေနိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေးက အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။

အကယ်၍ ထိုသို့သာဆိုလျှင် ၎င်းက ပိုမိုများပြားသော ကပ်ဘေးများကို ဖြစ်ပေါ်စေနိုင်သည် သို့မဟုတ် အသက်အန္တရာယ်ရှိသော အကျပ်အတည်းတစ်ခုကိုပင် ဖြစ်ပေါ်စေနိုင်ပေသည်။

ဤသို့တွေးလိုက်ပြီး ပိုင်ချီချီက နှစ်သိမ့်ပေးလိုက်သည်။ "ကောင်းပြီ... မင်း မကြိုက်ရင်လည်း ကိစ္စမရှိပါဘူး... မနက်ဖြန် အမေ ထပ်မေးကြည့်မယ်..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်းက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

အခန်း ၁၆၀ သူ့ကို သဘောကျလို့လား...

ပိုင်ဝမ်လင်းက အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ နှစ်ပေါင်း နှစ်ရာကျော် အသက်ရှင်ပြီးနောက် သူမလည်း အိမ်ထောင်ပြုဖို့ ဖိအားပေးခံရတော့မှာလား။

"အမေ... သမီး ပြန်တော့မယ်နော်..."

"ကောင်းပြီ..." ပိုင်ချီချီက ခေါင်းညိတ်လိုက်သော်လည်း ပြောဆိုလာသည်။

"အခု မင်း နည်းနည်း စိတ်ရှုပ်နေပုံရတယ်... ဒါကြောင့် လောလောဆယ် ကျင့်ကြံဖို့ မသွားနဲ့ဦး... သွားပြီး အနားယူလိုက်ပါ..."

"အမေ... ဝမ်လင်း နားလည်ပါပြီ..."

ပိုင်ဝမ်လင်းက သဘောတူလိုက်ပြီး အခန်းထဲမှ ထွက်လာကာ သူမ၏ ကိုယ်ပိုင်အခန်းဆီသို့ ဦးတည်သွားခဲ့သည်။

သို့သော် အကြောင်းပြချက် တစ်ခုခုကြောင့် သူမက ဟိုဟိုဒီဒီ လမ်းလျှောက်နေမိပြီး နန်ကုန်းယွီနှင့် သူမ၏အဖော်တို့ ရှိနေသော ဧည့်ခန်းအပြင်ဘက်သို့ ရောက်သွားခဲ့သည်။

ပတ်ဝန်းကျင် မြင်ကွင်းကို မြင်ချိန်၌ ပိုင်ဝမ်လင်းက သူမ လမ်းလွဲလာကြောင်းကို သတိပြုမိသွားပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ခြင်းကို မတားဆီးနိုင်ခဲ့သော်လည်း တံခါးအကွဲကြောင်းမှတစ်ဆင့် အလိုအလျောက် ချောင်းကြည့်လိုက်မိသည်။

ကုတင်ပေါ်တွင် လူငယ်လေးတစ်ယောက်က မှန်မှန်နှင့် အားကောင်းစွာ အသက်ရှူရင်း လှဲလျောင်းနေပြီး သူ၏ မျက်နှာသွင်ပြင်က မျိုးနွယ်စုရှိ အခြား လူငယ်များထက် လုံးဝ မနိမ့်ကျလောက်အောင် ပြည့်စုံလှပေသည်။

ထိုအချိန်မှာပင် ကောင်လေးက တစ်ခုခုကို ခံစားမိသည့်အလား ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။

ပိုင်ဝမ်လင်းသည် ရုတ်တရက် အလန့်တကြားဖြစ်သွားကာ ထွက်သွားရန် အမြန်လှည့်လိုက်မိသည်။ သို့သော်လည်း ဝိညာဉ်ပူးကပ်ခံလိုက်ရသူတစ်ဦးပမာ ပြန်လှည့်ကြည့်မိသွားပြီး ထိုကောင်လေး၏ မျက်နှာကို တစ်ချက်မျှ အကဲခတ်ကြည့်လိုက်မိချေသည်။

သူမက တစ်ခဏမျှ ကြက်သေ သေသွားပြီး သူမ၏ နှလုံးသားက တစ်ချက် ခုန်သွားကာ သူမ၏ အခန်းဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

သူမက ကုတင်ပေါ်တွင် ထိုင်ကာ ကောင်လေး၏ မျက်နှာကို ပြန်လည်အမှတ်ရနေပြီး ရေရွတ်လိုက်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။ "ဒါဆို အဲဒီမျက်နှာဖုံးအောက်မှာ ဒီလောက် ချောမောတဲ့ မျက်နှာတစ်ခု ပုန်းကွယ်နေတာပေါ့..."

ပိုင်ဝမ်လင်း၏ နှလုံးသားက တစ်ချက် ခုန်သွားပြီး သူမက မအီမသာ ဖြစ်သွားသည်။ သူမက ကုတင်ပေါ်တွင် လှဲလျောင်းရင်း အတွေးများထဲတွင် နစ်မျောနေကာ မသိမသာ အိပ်ပျော်သွားခဲ့သည်။

...

နောက်တစ်နေ့။

နံနက်စောစောတွင် ပိုင်ဝမ်လင်းက ရုတ်တရက် နိုးလာပြီး သူမ၏ စိတ်ထဲတွင် ကောင်လေး၏ မျက်နှာဖြင့် ပြည့်နှက်နေသည်။

သူမက ထလာပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အပြင်ဘက်ရှိ နေထွက်လာသည်ကို ငေးကြည့်နေစဉ် သူမ အရင်က တစ်ခါမှ မကြုံဖူးသော ခံစားချက်တစ်ခုက သူမ၏ အတွင်းထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

သူမက ပြင်းပြင်းရှူလိုက်ပြီး အတွေးများထဲတွင် နစ်မျောသွားသည်။ သူမက သူ့ကို သဘောကျနေတာ ဖြစ်နိုင်မလား။

ပိုင်ဝမ်လင်းက အလျင်အမြန် ခေါင်းယမ်းလိုက်ပြီး ထူးဆန်းသော အတွေးများကို သူမ၏ စိတ်ထဲမှ မောင်းထုတ်လိုက်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

သူမက မိခင်ကို သွားရှာသော်လည်း မိခင်က အပြင်ထွက်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရပြီး ဧည့်သည်များကို သေချာ ဂရုစိုက်ရန် ညွှန်ကြားထားသော စာတိုလေးတစ်စောင်ကို ချန်ထားခဲ့သည်။

ပိုင်ဝမ်လင်းက တစ်ခဏမျှ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ဘေးဘက် ခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။

ခြံဝင်းအတွင်းသို့ ဝင်လိုက်ချိန်၌ နန်ကုန်းယွီယတို့က ထနေကြပြီဖြစ်ပြီး ခြံဝင်းထဲတွင် တစ်ခုခု ကင်နေကြသည်ကို တွေ့လိုက်ရသည်။

မွှေးပျံ့သော ရနံ့တစ်ခုက လွင့်ပျံလာပြီး ပိုင်ဝမ်လင်းကို သွားရည်ကျလာစေခဲ့သည်။

နန်ကုန်းယွီက ပိုင်ဝမ်လင်းကို မြင်ချိန်၌ သူ၏ နှုတ်ခမ်းများပေါ်တွင် မှေးမှိန်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ပြုံးကာ ပြောဆိုလိုက်သည်။

"ဝမ်လင်း... မင်္ဂလာနံနက်ခင်းပါ..."

မျက်နှာဖုံးမပါသော ထိုမျက်နှာကို ထပ်မံမြင်တွေ့ရချိန်၌ ပိုင်ဝမ်လင်း၏ နှလုံးသားက ရုတ်တရက် ခုန်မြန်လာပြီး သူမ၏ အတွင်းထဲတွင် သမင်ပေါက်လေးတစ်ကောင် ရိုင်းစိုင်းစွာ ခုန်ပေါက်နေသည့်အလား။ တကယ်ကို ထူးဆန်းသော ခံစားချက်တစ်ခုပင်။

သူမက တည်ငြိမ်ဟန်ဆောင်ကာ မေးမြန်းလိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ စီနီယာတို့... မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား..."

"အဆင်ပြေပါတယ်..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။ "မင်း ရောက်လာတာ ကွက်တိပဲ... အတူတူ စားလို့ရအောင် မင်းအမေကို သွားခေါ်လိုက်ပါ..."

ပိုင်ဝမ်လင်း၏ နှလုံးသားက ရှင်းပြ၍မရနိုင်အောင် ခုန်မြန်လာပြီး သူမက စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"စီနီယာ... အမေက ကိစ္စတချို့နဲ့ အပြင်ထွက်သွားပြီး ရှင်တို့ကို ဧည့်ခံဖို့ ဝမ်လင်း ကို ညွှန်ကြားထားပါတယ်... မျိုးနွယ်စုရဲ့ ဈေးကို ရှင်တို့ကို ခေါ်သွားပေးမယ်... အဲဒီမှာ စားသောက်ဆိုင် တစ်ဆိုင် ရှိတယ်... ဝမ်လင်း က ရှင်တို့ကို ဒကာခံပါ့မယ်..."

"အဲဒီလိုလား... ဒါဆို မြန်မြန် လာခဲ့လေ..."

နန်ကုန်းရိုရွှယ်က လက်ဝှေ့ယမ်းကာ ပြုံးလိုက်သည်။ "စစ်ချန် ရဲ့ အသားကင်က မယုံနိုင်လောက်အောင် မွှေးတယ်... အပြင်က ဘယ်စားသောက်ဆိုင်ကမှ အဲဒီရဲ့ အရသာကို မယှဉ်နိုင်ဘူး..."

ပိုင်ဝမ်လင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမကလည်း ဒီနေ့ မျက်နှာဖုံး တပ်မထားသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော် ကနဦး အံ့အားသင့်မှုအပြီးတွင် လေထဲတွင် ပြည့်နှက်နေသော ရနံ့ကို ရှူရှိုက်မိချိန်၌ သူမက အလိုအလျောက် တံတွေးမျိုချလိုက်မိသည်။

သူမက သူတို့နှစ်ဦး၏ ဘေးတွင် ထိုင်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ "စီနီယာ... ဒါက ဘယ်လို အသားမျိုးလဲ... အရမ်း မွှေးတာပဲ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်သည်။ "ဒါက အရောင်ငါးမျိုး ဝိညာဉ်သမင် အသားလေ... မင်းတို့ မြေခွေးမျိုးနွယ်စုက ဒါနဲ့ ပတ်သက်ပြီး ဘာတားမြစ်ချက်မှ မရှိလောက်ပါဘူး နော်..."

ပိုင်ဝမ်လင်းက ခေါင်းယမ်းကာ ပြောဆိုလာသည်။ "သားရဲနတ်ဆိုးမျိုးနွယ်တွေ ကြားမှာက ပေါ်ပေါ်ထင်ထင် မလုပ်သရွေ့ အချင်းချင်း စားသောက်တဲ့ ဖြစ်ရပ်တွေရှိပါတယ်"

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ငါ အဲဒီအကြောင်း ကြားဖူးပါတယ်... မဟုတ်ရင် ငါတို့ ဒီမှာ အသားကင်နေမှာ မဟုတ်ဘူး..."

ပိုင်ဝမ်လင်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ရာ သူမ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်နေဆဲပင်။

သူမက နန်ကုန်းယွီ၏ လက်ထဲရှိ ဆေးမီးတောက်ကို အလျင်အမြန် ကြည့်လိုက်ပြီး အံ့အားသင့်စွာ အအာမေဍိတ်သံပြုလိုက်သည်။ "စီနီယာက ဆေးဆရာ တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."

နန်ကုန်းရိုရွယ် အနည်းငယ် ပြုံးလိုက်သည်။ "ပြောစရာတောင် မလိုပါဘူး... သူက ပါရမီတချို့ ရှိပေမဲ့ ဒုတိယအဆင့် ဆေးဆရာ တစ်ယောက်လောက်ပဲ ရှိပါသေးတယ်..."

ပိုင်ဝမ်လင်းက ဆေးမီးတောက်ကို ကြည့်ကာ ရယ်မောလိုက်သည်။"စီနီယာ... နောက်မနေပါနဲ့…ဒုတိယအဆင့် ဆေးဆရာဆိုတာ အရည်အချင်း မပြည့်မီတဲ့သူ မဟုတ်ပါဘူး..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုခဲ့ချေ။

ချက်ချင်းပင် အသားကင် အဆင်သင့်ဖြစ်ပြီကို မြင်သဖြင့် သူက ပန်းကန်ပြားတစ်ခုကို ထုတ်ကာ အတုံးသေးလေးများ လှီးဖြတ်လိုက်သည်။

နန်ကုန်းယွီက တူ သုံးစုံကို ထုတ်ယူကာ သူတို့နှစ်ဦးကို ကမ်းပေးလိုက်သည်။"မနက်ခင်းမှာ အသားကင်စားဖို့ အချိန်မကောင်းပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဝမ်လင်း... မင်း မြည်းကြည့်သင့်တယ်..."

ပိုင်ဝမ်လင်းက လက်လှမ်းကာ တူကို ယူလိုက်ပြီး တိုးတိတ်စွာ ပြောဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် စီနီယာ..."

နန်ကုန်းရိုရွှယ်က တူကို ယူကာ ရယ်မောလိုက်သည်။ "ဝမ်လင်း... မင်း မြည်းကြည့်သင့်တယ်... စစ်ချန် ရဲ့ အသားကင်က ငါ စားဖူးသမျှ အကောင်းဆုံးပဲ... ဘယ်သူနဲ့မှ မယှဉ်နိုင်ဘူး..."

"ဟုတ်တယ်..."

ပိုင်ဝမ်လင်းက အနည်းငယ် ခေါင်းညိတ်ထောက်ခံလိုက်သည်။ နန်ကုန်းရိုရွှယ်နှင့် နန်ကုန်းယွီ က စတင်စားသောက်နေသည်ကို မြင်ချိန်၌ သူမလည်း အသားကင် တစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

သူမက အကိုက်သေးသေးလေး တစ်ကိုက် ကိုက်လိုက်ရာ သူမ၏ မျက်လုံးများက အနည်းငယ် မှိတ်သွားပြီး သူမ၏ အမူအရာက ဝမ်းသာသွားသည်။

ဒီအသားကင်က အပြင်ဘက်မှာ ကြွပ်ရွနေပြီး အတွင်းမှာတော့ နူးညံ့နေကာ အရည်ရွှမ်းပြီး အရသာရှိတဲ့ အသားက လုံးဝကို ဆွဲဆောင်မှု ရှိလွန်းပါတယ်။ မင်း ဝါးလိုက်တဲ့အခါမှာ အသားရဲ့ အရသာရှိတဲ့ ရနံ့က မင်းရဲ့ ပါးစပ်ထဲမှာ ပျံ့နှံ့သွားပြီး တခြား ထူးခြားတဲ့ အရသာတွေနဲ့ ရောနှောသွားကာ အလွှာတွေက ကွဲပြားနေတာကြောင့် လုံးဝကို ဆွဲဆောင်မှု ရှိလှပါတယ်။

သူမက မျက်လုံးများကို ဖွင့်လိုက်ပြီး အာမေဍိတ်သံ ပြုလိုက်သည်။ "စီနီယာ့ရဲ့ အသားကင်က တကယ်ကို အရသာရှိတာပဲ... ဝမ်လင်း စားဖူးသမျှထဲမှာ အရသာအရှိဆုံး အစားအစာပါပဲ..."

"အရသာရှိရင် များများစားလေ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်သည်။"ပြီးတော့ စီနီယာ လို့ ခေါ်စရာ မလိုပါဘူး... ငါ့ကို နာမည်တပ်ခေါ်လို့ ရပါတယ်... ဒါမှမဟုတ် အစ်မရွှယ်ကို အစ်မကြီးလို့ ခေါ်သလို ငါ့ကိုလည်း ခေါ်လို့ရပါတယ်..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်းက အလျင်အမြန် ခေါင်းယမ်းလိုက်သော်လည်း သူတို့နှစ်ဦးစလုံးက ပြုံးကာ ပြောဆိုလာကြသည်။ "အရမ်း တွေးမနေပါနဲ့... ငါတို့က အဲဒီလောက် အသက်မကြီးပါဘူး... ပြီးတော့ ငါတို့က အခမ်းအနားတွေလည်း မလုပ်ပါဘူး..."

သူတို့နှစ်ဦးစလုံးက အတူတူ ပြောနေသည်ကို မြင်ချိန်၌ ပိုင်ဝမ်လင်းက တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ပြောဆိုလာသည်။"ကျေးဇူးတင်ပါတယ် သခင်လေး စစ်ချန်... ကျေးဇူးတင်ပါတယ် အစ်မ ဟန်..."

"လာနှုတ်ဆက်စရာ မလိုပါဘူး..."

သူတို့နှစ်ဦးက လက်ဝှေ့ယမ်းကာ ရယ်မောလိုက်ကြသည်။"မြန်မြန်စား... အေးသွားရင် အရသာ သိပ်မရှိတော့ဘူး..."

"ကောင်းပြီ..."

ပိုင်ဝမ်လင်းက အလျင်အမြန် ခေါင်းညိတ်လိုက်သော်လည်း ပြုံးနေသော နန်ကုန်းယွီကို တစ်ချက်ကြည့်မိသွားရာ သူမ၏ နှလုံးသားက ထပ်မံ ခုန်သွားပြန်သည်။

မကြာမီ သူတို့သုံးဦးက အသားကင်ကို စားပြီးသွားကြသည်။ ပိုင်ဝမ်လင်းက ဝိညာဉ်သစ်သီး အချို့ကို အလျင်အမြန် ယူလာပေးပြီး သူတို့သုံးဦးက တစ်ဖက်တွင် ထိုင်ကာ သစ်သီးများကို အရသာရှိရှိ စားသုံးနေကြသည်။

ထိုအချိန်မှာပင် နန်ကုန်းယွီက ပိုင်ဝမ်လင်းကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။

"ဒါက..."

သူ၏ မျက်နှာတွင် အံ့အားသင့်မှု အချို့ ပေါ်လာပြီး သူ၏ အမူအရာတွင်လည်း ရှုပ်ထွေးမှု အချို့ ပေါ်လာကာ တစ်စုံတစ်ခုက သူ၏ မျှော်လင့်ချက်များကို ကျော်လွန်သွားသည့်အလားပင်။

သူ၏ ထူးဆန်းသော အမူအရာကို မြင်ချိန်၌ ပိုင်ဝမ်လင်း၏ နှလုံးသားက တစ်ချက် ခုန်သွားပြီး သူမက အနည်းငယ် စိုးရိမ်လာသည်။ "သခင်လေး စစ်ချန်... ကျွန်မမှာ တစ်ခုခု မှားနေလို့လား..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး နန်ကုန်းရိုရွှယ်ကို တစ်ချက်ကြည့်ကာ တွေးတောနေပုံ ရသည်။

"စစ်ချန်... ဘာဖြစ်လို့လဲ..." နန်ကုန်းရိုရွှယ်က နားမလည်နိုင်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

All Chapters