အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း ၁၅၃ ။ အကျင့်ဖြစ်သွားတာလား၊ ထုံကျင်သွားတာလား
နန်ကုန်းအောက်ထျန်းက နန်ကုန်းကျင်းချီကို တစ်ချက်ကြည့်လိုက်ရာ သူ၏ အမူအရာက အနည်းငယ် ခန့်မှန်းရခက်နေသည်။
နန်ကုန်းကျင်းချီက အနည်းငယ် အံ့အားသင့်သွားသည်။ "ခမည်းတော်... သားတော်ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ... ခမည်းတော် သားတော်ကို ပြောစရာ ရှိလို့လား..."
နန်ကုန်းအောက်ထျန်းက ခေါင်းယမ်းလိုက်၏။ "ကျင်းချီ... တကယ်လို့ ငါက ထီးနန်းကို ယွီအာဆီ လွှဲပေးလိုက်မယ်ဆိုရင် မင်း ဘာလုပ်မလဲ..."
နန်ကုန်းကျင်းချီက အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းယမ်းကာ ပြုံးလိုက်သည်။ "ခမည်းတော်... ယွီအာက ထီးနန်းပေါ်မှာ ထိုင်ဖို့ အမှန်တကယ် သင့်လျော်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ နောက်ဆုံး တွေ့ခဲ့တာ ခြောက်နှစ်တောင် ရှိပြီဆိုတော့ သူက ချင်းယိုအင်ပါယာနဲ့ အကျွမ်းတဝင် မရှိလောက်တော့ဘူး..."
သို့သော် သူ စကားပြောပြီးသည်နှင့် နန်ကုန်းအောက်ထျန်းက သူ့ကို ကြည့်ကာ ဆက်မေးနေသည်ကို တွေ့လိုက်ရ၏။ "ဒါဆို မင်းဘယ်လိုဆုံးဖြတ်မလဲ"
နန်ကုန်းကျင်းချီက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။ "သူ့ကို ထီးနန်းတက်ဖို့ ကူညီမယ်... သူ့နေရာကို ခိုင်မာအောင် လုပ်ပေးမယ်... အင်ပါယာကို စုစည်းဖို့ ကူညီမယ်... ပြီးတော့ နယ်မြေတွေပါ ချဲ့ထွင်ပေးမယ်..."
နန်ကုန်းအောက်ထျန်းက သူ့ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်၏။ "မင်း ဒါကို တကယ်ပဲ လက်ခံဖို့ ဆန္ဒရှိရဲ့လား..."
"သားတော်မှာ နောင်တမရှိပါဘူး..."
နန်ကုန်းကျင်းချီက ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ "ခမည်းတော်... သားေတာ်ရဲ့ ဝိညာဉ်အမြစ်က ဘယ်ကလာတယ်ဆိုတာ ခမည်းတော် အသိဆုံးပါ... သားတော် ဒီနေ့ ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် အလယ်အလတ်အဆင့်အထိ ရောက်လာနိုင်တာက ယွီအာရဲ့ ကျေးဇူးကြောင့်ချည်းပါပဲ..."
"ရိုးရိုးသားသား ပြောရရင် အင်ပါယာရဲ့ ကန့်သတ်ချက်တွေသာ မရှိခဲ့ဘူးဆိုရင် သားတော်က ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မြင်တွေ့ဖို့ မြင့်မြတ်နယ်မြေကို အမြန်ဆုံး သွားချင်မိတယ်... တကယ်လို့ ခမည်းတော်က ယွီအာကို စစ်မှန်တဲ့ ဆက်ခံသူ ဖြစ်လာစေမယ်ဆိုရင် သားတော် အရမ်း ပျော်မိမှာပါ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းယမ်းလိုက်၏။
"ယွီအာလည်း အဲဒီလိုပဲ တွေးနေလောက်တယ်... ဒါမှမဟုတ် ယွီအာက မင်းရဲ့ ဒုတိယအဒေါ် သူ့ကို လာကြိုမယ့်အချိန်ကို စောင့်နေတာ ဖြစ်နိုင်တယ်..."
"ဒါကြောင့် ချင်းယိုအင်ပါယာရဲ့ အမွေအနှစ်က မင်းရဲ့ ပခုံးပေါ်မှာပဲ ရှိနေသေးတယ်... သုံးရက်နေရင် မင်းကို ထီးနန်း လွှဲပေးမယ်... မင်းရဲ့သား လော့ချန်ကို သေချာ ဂရုစိုက်ပါ... အဲဒီကောင်လေးက ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်..."
"အမိန့်တော်အတိုင်းပါ ခမည်းတော်..."
နန်ကုန်းကျင်းချီက အနေခက်စွာ ပြုံးလိုက်ပြီး သူ၏သား နန်ကုန်းလော့ချန် အကြောင်း ပြောရမည်ဆိုလျှင် လွန်ခဲ့သော လေးနှစ်က အချိန်သို့ ပြန်သွားရမည် ဖြစ်သည်။
နန်ကုန်းအောက်ထျန်းက သူ့ကို ရှင်းပြ၍မရသော အကြောင်းပြချက်များဖြင့် မင်းသမီးတစ်ပါးနှင့် ကိုယ်လုပ်တော် နှစ်ဦး ပေးအပ်ခဲ့ပြီး နန်ကုန်းမိသားစု မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းခိုင်းခဲ့ရာ ၎င်းက သူ့ကို ခေါင်းခဲစေခဲ့သည်။
ကံကောင်းစွာဖြင့် မျှော်လင့်ထားသည့်အတိုင်း သားအကြီးဆုံး နန်ကုန်းလော့ချန်က ယခုအခါ သုံးနှစ်ရှိပြီဖြစ်ပြီး ဒုတိယသား နန်ကုန်းလော့ယွင်က နှစ်နှစ်ကျော်ပြီ ဖြစ်သည်။
ပြီးတော့ အသက် တစ်နှစ်နီးပါးရှိတဲ့ သမီးလေး တစ်ယောက်လည်း ရှိနေလေပြီ။
ဤနည်းအားဖြင့် သူ၏ တာဝန် ပြီးမြောက်သွားပြီဟု ယူဆနိုင်ပေသည်။
"ကောင်းပြီ... မင်း သွားပြီး နန်းတက်ပွဲအတွက် ပြင်ဆင်လို့ ရပြီ..."
နန်ကုန်းအောက်ထျန်းက လက်ဝှေ့ယမ်းလိုက်သော်လည်း ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ထပ်မံဖြည့်စွက်လိုက်၏။
"ဒါပေမဲ့ မင်း မှတ်ထားရမှာက လော့ချန် ထီးနန်းကို အခိုင်အမာ မရယူနိုင်သေးခင် မြင့်မြတ်နယ်မြေကို သွားခွင့် မရှိဘူး..."
"ခမည်းတော်... သားတော် မှတ်ထားပါ့မယ်..." နန်ကုန်းကျင်းချီက ခေါင်းညိတ်ကာ အရိုအသေပေးပြီး ထွက်ခွာသွားသည်။
သူ ထွက်သွားသည်ကို မြင်ချိန်၌ နန်ကုန်းအောက်ထျန်းက အဝေးသို့ ငေးကြည့်လိုက်၏။
"နတ်ဘုရားတမန်တော်... ယွီအာတို့နှစ်ယောက် အခု ဘယ်လိုနေလဲဆိုတာ ငါ သိချင်တယ်..."
သူ စကားပြောပြီးသည်နှင့် ဝတ်ရုံနက်ဝတ်လူသား တစ်ယောက်က သူ၏ မလှမ်းမကမ်းတွင် ပေါ်လာပြီး တိုးတိတ်စွာ ရယ်မောလိုက်သည်။
"အရမ်းကောင်းပါတယ်... နန်ကုန်းရိုရွှယ်က အခု ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့်ကို ရောက်နေပါပြီ..."
"နန်ကုန်းယွီ ကိုယ်တိုင်ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း အခု နတ်ဘုရားပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေပါပြီ... အခု ဒီသေမျိုးနယ်ပယ်မှာ သူတို့ကို ဒုက္ခပေးနိုင်တဲ့သူ အရမ်း နည်းနေပြီ..."
"အဲဒီလိုလား..." နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"အဲဒီလိုဆိုရင် နောက်ရက်အနည်းငယ်နေရင် ငါ မြင့်မြတ်နယ်မြေကို စိတ်ချလက်ချ သွားလို့ရပြီပေါ့... ဒီနှောင့်နှေးမှုက ခြောက်နှစ်တောင် ကြာခဲ့ပြီပဲ..."
ဤနေရာတွင် နန်ကုန်းအောက်ထျန်းက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မေးမြန်းလိုက်သည်။
"နတ်ဘုရားတမန်တော်... တကယ်လို့ ငါ ထွက်သွားရင် မင်းက ချင်းယိုနဲ့ ဆက်ပြီး ပူးပေါင်းနေဦးမှာလား..."
သို့သော် ဝတ်ရုံနက်ဝတ်လူသားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလာ၏။ "အဲဒီလူ ချင်းယိုမှာ ရှိနေသရွေ့ ငါ နတ်ဘုရားတမန်တော်ကလည်း ချင်းယိုမှာ ရှိနေမှာပါ..."
ထိုသို့ပြောပြီးနောက် သူက အမြင်အာရုံမှ ပျောက်ကွယ်သွားသည်။
နန်ကုန်းအောက်ထျန်းက ကျန်းပေ့မင်းသားစံအိမ် ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်၏။
"သူမလား... ဖြစ်နိုင်တာက သူမက နောက်နှစ်အနည်းငယ်နေရင် မြင့်မြတ်နယ်မြေကို သွားမလား..."
ခြောက်နှစ်တာ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး စူးရှင်းမုန်း၏ စွမ်းအားက နတ်ဘုရားပေါင်းစည်းခြင်းအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။
မကြာခင် နောက်နှစ်အနည်းငယ်အတွင်း သူမ မြင့်မြတ်နယ်မြေကို သွားနိုင်ပေလိမ့်မည်။
စူးရှင်းမုန်းကဲ့သို့ပင် ချင်းလင်သည်လည်း နတ်ဘုရားပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ နန်ကုန်းယွီနောက်သို့ လိုက်ပြီး သူမက ကြီးမားတဲ့ ကံကောင်းမှုတွေကို ရရှိခဲ့တာပင်။
ဝိညာဉ်သားရဲ နှစ်ကောင်နှင့် ပတ်သက်၍မူ သူတို့နှစ်ကောင်စလုံး ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ပြီး နန်ကုန်းယွီအတွက် အားကောင်းသော အကာအကွယ်တစ်ခု ဖြစ်လာခဲ့သည်။
ဤနည်းအားဖြင့် သူက တကယ်ကို စိတ်အေးချမ်းသာစွာနဲ့ ထွက်ခွာပြီး မြင့်မြတ်နယ်မြေသို့ သွားနိုင်ပေပြီ။
...
ချင်းယို မြောက်ပိုင်း၊ တောင်တစ်သောင်းတောင်တန်း။
ချိုင့်ဝှမ်းတစ်ခုတွင် ရှုခင်းက လှပပြီး လေထုက လတ်ဆတ်ကာ ပန်းများနှင့် အပင်များ၏ ရနံ့များက လေထဲတွင် ပြည့်နှက်နေသည်။
ရေကြည်လင်သော စမ်းချောင်းလေးတစ်ခုက တောင်စောင်းမှ ကွေ့ကောက်ကာ ညင်သာစွာ စီးဆင်းနေသည်။
စမ်းချောင်းလေးက ချိုင့်ဝှမ်းတွင် ကြည်လင်သော ရေကန်လေးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းက မှန်တစ်ချပ်ကဲ့သို့ ပတ်ဝန်းကျင်ရှိ စိမ်းလန်းသော တောင်များနှင့် သစ်ပင်များကို ရောင်ပြန်ဟပ်နေသည်။
ရေကန်ထဲရှိ ရေက ကြည်လင်နေပြီး အောက်ခြေရှိ သဲများနှင့် ကျောက်စရစ်ခဲများအပြင် ကူးခတ်နေသော ငါးငယ်များကိုပါ မြင်တွေ့နိုင်ပေသည်။
ရေကန်သည် စိမ်းလန်းသော မြက်ခင်းများနှင့် တောရိုင်းပန်းများဖြင့် ဖုံးလွှမ်းနေသည်။
လေညင်းလေး တစ်ချက် တိုက်ခတ်လာချိန်၌ ပန်းပွင့်ဖတ်များက ရေမျက်နှာပြင်ပေါ်သို့ ကျဆင်းလာပြီး လှိုင်းဂယက်လေးများ ဖြစ်ပေါ်စေခဲ့သည်။
ဤအခိုက်အတန့်တွင် ကြည်လင်သော ရေကန်ထဲ၌ လှပသော ပုံရိပ်တစ်ခုက ရေကစားနေပြီး သူမ၏ ငွေရောင် ခေါင်းလောင်းသံကဲ့သို့ ရယ်မောသံက ချိုင့်ဝှမ်းအတွင်း ပဲ့တင်ထပ်နေသည်။
"ရှောင်ယွီ... ဒီကို မြန်မြန်လာခဲ့လေ..."
ကြည်လင်သော ရေကန်ဘေးတွင် အဖြူရောင်ဝတ် လူငယ်လေးက ကူကယ်ရာမဲ့စွာ ကြည့်နေသည်။ ရေက အလွန်ကြည်လင်နေသဖြင့် ရေကန်ထဲရှိ အမျိုးသမီးကို သူ အပြည့်အဝ မြင်တွေ့နေရသည်။
ကံကောင်းစွာဖြင့် လွန်ခဲ့သော ခြောက်နှစ်အတွင်း အမျိုးသမီး၏ လွတ်လပ်သော သဘာဝနှင့် သူ၏အပေါ်ထားရှိသော သူမ၏ သဘောထားကို သူ အသားကျနေပြီ ဖြစ်သည်။
သူတို့နှစ်ဦးမှာ နန်ကုန်းရိုရွှယ်နှင့် နန်ကုန်းယွီတို့ပင် ဖြစ်၏။
ပထမတစ်ကြိမ် လုပ်ပြီးသွားရင် မရေမတွက်နိုင်အောင် ထပ်လုပ်နိုင်သွားတာပါပဲ။
လွန်ခဲ့သော ခြောက်နှစ်အတွင်း သူတို့နှစ်ဦးသည် ခွဲခြား၍မရနိုင်အောင် ဖြစ်နေခဲ့သည်။ ကျင့်ကြံချိန်မှလွဲ၍ သူတို့က အချိန်အားလုံးနီးပါးကို အတူတကွ ကုန်ဆုံးခဲ့ကြပြီး ရေချိုးခြင်းနှင့် အနားယူခြင်းတို့ကိုပင် အတူတကွ ပြုလုပ်ခဲ့ကြသည်။
နန်ကုန်းယွီက အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော်လည်း နန်ကုန်းရိုရွှယ်က ခေါင်းမာနေပြီး ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။
ဤသည်က နန်ကုန်းယွီကို သူမ ရှိနေခြင်းကို တဖြည်းဖြည်း အသားကျလာစေခဲ့သည်။ သို့မဟုတ် သူတို့၏ လွန်ကဲသော နီးကပ်မှုကို သူ့ကို ထုံကျင်သွားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
နန်ကုန်းယွီ၏ စိတ်များ အနည်းငယ် လှုပ်ရှားသွားပြီး အလင်းဖန်သားပြင်တစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ၎င်းအပေါ်တွင် တာအို အချက်အလက်များက ထင်ရှားစွာ ပေါ်လွင်နေသည်။
အမည် - နန်ကုန်းယွီ
အသက် - ၁၄ နှစ်
မျိုးနွယ် - လူသားမျိုးနွယ်
ကျင့်စဉ်အဆင့် - မဟာသူတော်စင် အစောပိုင်းအဆင့်
ဝိညာဉ်အမြစ် - မဟာဟင်းလင်းပြင်ဝိညာဉ်အမြစ်
ခန္ဓာကိုယ် - နတ်ဘုရားအရိပ် တာအိုခန္ဓာ၊တာအိုယန်နတ်ဆိုးမျက်လုံး
ကျင့်စဉ် - မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်
ဝိညာဉ်မီးတောက် - ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်
ဝိညာဉ်သိုင်းပညာ - လျှို့ဝှက်နက်ရှိုင်းခြင်း ၊ ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဉ်၊ ကောင်းကင်ထက်သို့ ထိုးဖောက်မည့် ဓားသိုင်း - သူတော်စင်အဆင့်၊ ကောင်းကင်နတ်ဘုရား ဓားသိုင်း - ဧကရာဇ်အဆင့်၊ လျှို့ဝှက်ဆန်းကြယ်ကောင်းကင်၏ ခြေလှမ်းကိုးရပ် - ဧကရာဇ်အဆင့်၊ ဓားတစ်သောင်း တစ်ခုတည်းသို့ ပေါင်းစည်းခြင်း - ကောင်းကင်အဆင့်...
လောကနိယာမ - နေရာဟင်းလင်းပြင်၊ သဘာဝစွမ်းအင်ငါးရပ်၊ ဓား၊ အလင်း၊ အမှောင်
လောကနိယာမ အစပျိုးပုံစံများ - ယင်နှင့်ရန်၊ လှံ၊ စောင်း၊ ဓား၊ လေ၊ မိုးကြိုး၊ ထိန်းချုပ်မှု...
ဒုတိယ အသက်မွေးဝမ်းကျောင်းပညာများ - ဆေးဆရာ (သူတော်စင်အဆင့်)၊ အဆောင်ပညာရှင် (သူတော်စင်အဆင့်)၊ လက်နက်သွန်းလုပ်သူ (သူတော်စင်အဆင့်)၊ ဝင်္ကပါပညာရှင် (သူတော်စင်အဆင့်)၊ သရုပ်ဆောင် (အထူးအဆင့်)၊ အဆိပ်ပညာရှင် (အထူးအဆင့်)၊ သမားတော် (အထူးအဆင့်)၊ ဂီတပညာရှင်...
လက်နက်များ - ဟင်းလင်းပြင်ငှက်မွေး - အဆင့်မြင့် တာအိုရတနာ၊ လရောင်စီးဆင်းမှု ဒိုင်းလွှား (အဆင့်မြင့် သန့်စင်သောရတနာ)၊ စစ်ချန် ဓား (အဆင့်မြင့် သန့်စင်သောရတနာ)၊ ကျောက်စိမ်းဖြူ ယပ်တောင် (အလယ်အလတ်အဆင့် သန့်စင်သောရတနာ)
မိခင်နှင့်သားဆန်းကြယ်အပ်များ - အလယ်အလတ်အဆင့် သန့်စင်သောရတနာ၊ လမင်းကြည်လင် ဇီတာ - အလယ်အလတ်အဆင့် သန့်စင်သောရတနာ
လက်အောက်ငယ်သားများ - ရှဲဒိုးချမ်း၊ ရှဲဒိုးရွှမ်၊ ရှဲဒိုးမင်၊ ရှဲဒိုးဟွမ်၊ ရှဲဒိုးမော့၊ ရှဲဒိုးကျွယ်၊ ထျန်းကန်း စစ်သူကြီး ၂၁၊ တိရှား စစ်သူကြီး ၄၂၊ နတ်ဘုရားအရိပ် တပ်စု ၃၂၀၀၊ ကျန်းပေ့တပ်မ၊ ချင်းလင်၊ စူးရှင်းမုန်း၊ ချွဲချိုက်အာ၊ ယင်ရွှမ်
ပစ္စည်းများ - နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်၊ ဝိညာဉ်ချုပ်နှောင်ခြင်း ကတ်ပြား၊ ထိုက်ရွှီ နယ်ပယ်၊ ထိုက်ယင်မြင့်မြတ်ခန္ဓာကိုယ်၊ သန့်စင်ဝိညာဉ်ခြင်ဆီ ၁၀၈...
...
ဤအချက်အလက်များကို ကြည့်ရင်း နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ကျေနပ်နေမိသည်။
ခြောက်နှစ်တာ ကာလအတွင်း မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်နှင့် သန့်စင်ဝိညာဉ်ခြင်ဆီတို့၏ ကျေးဇူးကြောင့် သူ၏ ကျင့်ကြံမှုအဆင့်က မြင့်တက်လာခဲ့ပြီး နောက်ဆုံးတွင် လက်ရှိ မဟာသူတော်စင် အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
သူ၏ အားကောင်းသော ခန္ဓာကိုယ်နှင့် နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်၏ အကူအညီကြောင့် သူက လောကနိယာမ ငါးခုကို ကျွမ်းကျင်ထားပြီးဖြစ်သည်။ အဓိပ္ပာယ်မှာ သူက အဓိပတိသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်သည့် အရင်းအနှီး ရှိနေပြီဖြစ်ကြောင်း ဆိုလိုပေသည်။
ရွှမ်လင်တိုက်ကြီးတွင် ကောင်းကင်နှင့် မြေကြီး၏ လောကနိယာမကို နားလည်သဘောပေါက်ပြီး လောကနိယာမ အစပျိုးပုံစံကို ပေါင်းစည်းပြီးနောက် သင်၏ ကျင့်ကြံမှုအဆင့် လုံလောက်ပါက လောကနိယာမ စွမ်းအားကို အသုံးပြု၍ သင်၏ ခန္ဓာကိုယ်၊ သိစိတ်ဝိညာဉ်နှင့် အင်မော်တယ် ဝိညာဉ်စွမ်းအင်များကို သန့်စင်နိုင်ပြီး သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ပေသည်။
အဲဒီနောက် လောကနိယာမက တဖြည်းဖြည်း တိုးတက်ပြည့်စုံလာမည်ဖြစ်ပြီး၊ ကိုယ်တိုင်လည်း ပိုမိုပြည့်စုံလာသလို လောကနိယာမ၏ စွမ်းအားအချို့ကိုပါ ပိုင်ဆိုင်လာနိုင်မည် ဖြစ်သည်။
တကယ်တော့ ဤအရာအားလုံးမှာ မပြောင်းလဲနိုင်တဲ့ စည်းမျဉ်းတစ်ခု ရှိနေခဲ့သည်။
အခန်း ၁၅၄ ပြန်ဖို့ ပြင်ဆင်နေတာ
အကယ်၍ သင်၏ ခန္ဓာကိုယ်နှင့် သိစိတ်ဝိညာဉ်က လုံလောက်အောင် အားကောင်းနေပါက ပိုမိုများပြားသော လောကနိယာမများကို နားလည်သဘောပေါက်နိုင်ပြီး လောကနိယာမ သန့်စင်ခြင်း အကြိမ်အရေအတွက်ကို တိုးစေကာ ကိုယ့်ကိုယ်ကိုယ် ပိုမိုအားကောင်းလာစေနိုင်ပေသည်။
ထို့ကြောင့် တူညီသော ကျင့်စဉ်အဆင့်တွင်ပင် မိမိ နားလည်ထားသော သို့မဟုတ် ကျွမ်းကျင်ထားသော လောကနိယာမ ပမာဏအပေါ် မူတည်၍ စွမ်းအားက အလွန် ကွာခြားနိုင်ပေသည်။
သေချာပေါက် ဤသည်က ကျင့်ကြံသူ၏ ဝိညာဉ်အမြစ်၊ ခန္ဓာကိုယ်နှင့် သိစိတ်ဝိညာဉ်စသည့် အကြောင်းရင်းများစွာကြောင့် ကန့်သတ်ခံထားရဆဲ ဖြစ်သည်။
အကယ်၍ သင်၏ ဝိညာဉ်အမြစ်က အစကတည်းက အားနည်းနေခဲ့ပြီး၊ ခန္ဓာကိုယ်နဲ့ သိစိတ်ဝိညာဉ်၏ အခြေခံကိုလည်း အဆင့်နိမ့်စဉ်ကတည်းက ကောင်းမွန်စွာ မတည်ဆောက်ထားခဲ့ဘူးဆိုရင်၊ တစ်ချိန်တည်းမှာ လောကနိယာမ၏ အစပျိုးပုံစံတွေကို ပိုမိုများပြားစွာ ပေါင်းစည်းနိုင်ဖို့၊ ဒါမှမဟုတ် လောကနိယာမ စွမ်းအားတွေကို ပိုပြီး ထိန်းချုပ်နိုင်ဖို့ မျှော်လင့်မထားတာက ပိုကောင်းလိမ့်မည်။
မဟုတ်ရင် သင်ကိုယ့်သင် ပြန်ထိခိုက်အောင်လုပ်မိပေလိမ့်မည်။
နောက်ဆုံးတွင် ကျင့်ကြံသူတိုင်း၏ လောကနိယာမကို ခံနိုင်ရည်ရှိမှုသည် ဝိညာဉ်အမြစ်၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် သိစိတ်ဝိညာဉ်စသည့် အကြောင်းရင်းများအပေါ် မူတည်၍ ကွဲပြားပေသည်။
အကယ်၍ တစ်ယောက်ယောက်က သူတော်စင်တစ်ပိုင်းအဆင့်မှာပဲ လောကနိယာမ၏ အစပျိုးပုံစံများစွာကို အဆင်အခြင်မဲ့ နားလည်သဘောပေါက်ကာ အတင်းအကျပ် ပေါင်းစည်းလိုက်မယ်ဆိုရင်၊ သူ၏ သိစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က ပိုမိုပြည့်စုံလာတဲ့ လောကနိယာမကို ခံနိုင်ရည်ရှိနိုင်တော့မည် မဟုတ်ပေ။
အဲဒီအခါ လောကနိယာမ၏ စီးဆင်းမှုကိုယ်တိုင် ရပ်တန့်သွားပြီး၊ ကျင့်ကြံမှု တိုးတက်လာနိုင်မှုလည်း အတူတကွ ပိတ်ဆို့ရပ်တန့်သွားလိမ့်မည်။
မှန်ကန်သော ချဉ်းကပ်နည်းမှာ လောကနိယာမ တစ်ခုကို ၈၀ ရာခိုင်နှုန်းအထိ အရင် ပြည့်စုံအောင် နားလည်သဘောပေါက်ပြီးနောက် မဟာသူတော်စင်အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။
ထို့နောက် ဤလောကနိယာမကို ဆက်လက် နားလည်သဘောပေါက်ပြီး ၁၀၀ ရာခိုင်နှုန်းအထိ ပြည့်စုံအောင် လုပ်ဆောင်ကာ ဤလောကနိယာမကို လုံးလုံးလျားလျား ကျွမ်းကျင်ပြီးမှ အခြား လောကနိယာမများကို နားလည်သဘောပေါက်ရန်နှင့် အခြား လောကနိယာမများ၏ အစပျိုးပုံစံများကို ပေါင်းစည်းရန် တွေးတောသင့်ပေသည်။
အကောင်းဆုံးကတော့ အခြား လောကနိယာမများကို နားလည်သဘောပေါက်ခြင်း မပြုမီ လောကနိယာမ တစ်ခုစီကို တစ်ခုပြီးတစ်ခု ကျွမ်းကျင်အောင် လုပ်ဆောင်သင့်သည်။ သေချာပေါက် ပိတ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့ရပြီး ၎င်းကို မကျော်ဖြတ်နိုင်ပါက အခြား လောကနိယာမများကို နားလည်သဘောပေါက်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
ပြည့်စုံသော လောကနိယာမတစ်ခုကို ကျွမ်းကျင်ခြင်းက အဓိပတိသူတော်စင်အဆင့်သို့ တက်လှမ်းရန်အတွက် ကြိုတင်လိုအပ်ချက်များထဲမှ တစ်ခု ဖြစ်သည်။
အကယ်၍ သင်က ပြည့်စုံသော လောကနိယာမတစ်ခုကို မကျွမ်းကျင်နိုင်ဘူးဆိုရင် သင်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ အားကောင်းနေပါစေ အဓိပတိသူတော်စင်အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။
ဒါက ကျင့်ကြံသူတွေအပေါ် ကောင်းကင်နဲ့ မြေကြီးက ကန့်သတ်ထားတဲ့ အရာပါပဲ။
နန်ကုန်းယွီ၏ လက်ရှိ မဟာသူတော်စင်အဆင့် ခန္ဓာကိုယ်နှင့် သိစိတ်ဝိညာဉ်ဖြင့် လောကနိယာမ ငါးခုကို ထိန်းချုပ်ခြင်းသည် အလွန် လွယ်ကူဆဲပင်။
ထို့ကြောင့် ဤနှစ်နှစ်အတွင်း သူ၏ ကျင့်ကြံမှုသည် ဖြည်းညင်းစွာနှင့် အလိုအလျောက် တိုးတက်နေစဉ်အတွင်း လောကနိယာမကို နားလည်သဘောပေါက်ရန် သူ၏ အားလပ်ချိန်များတွင် နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်ကို ဖွင့်လှစ်လေ့ရှိသည်။
ထို့ကြောင့် နန်ကုန်းရိုရွှယ်သည် နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်၏ ကောင်းချီးကို မကြာခဏ ရရှိပြီး သဘောတရားအပေါ် အလွန်ကောင်းမွန်သော ထိန်းချုပ်မှုကို ရရှိစေခဲ့သည်။
ရှင်းပြတာ လုံလောက်ပြီ။
လွန်ခဲ့သော ခြောက်နှစ်အတွင်း သူ၏ နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်နှင့် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတို့၏ ကျေးဇူးကြောင့် သူ၏ ဒုတိယ အသက်မွေးဝမ်းကျောင်းပညာ အမျိုးမျိုးသည် သိသိသာသာလုံလောက်နေပြီဖြစ် သည်။
ထို့ကြောင့် သူ့အမေနှင့် အခြားသူများအတွက် ဆေးလုံးများ၊ အဆောင်များနှင့် လက်နက်များကို ဝယ်ယူခြင်းအားလုံးကို နတ်ဘုရားအရိပ်တမန်တော်မှတစ်ဆင့် လုပ်ဆောင်ခဲ့သည်။
နန်ကုန်းယွီ ကိုယ်ပိုင် လက်နက်များကိုလည်း ပိုမိုကောင်းမွန်သော ဝိညာဉ်ပစ္စည်းများဖြင့် အဆင့်မြှင့်တင်ကာ သူတော်စင်ရတနာ အဆင့်သို့ ရောက်ရှိအောင် ပြုပြင်မွမ်းမံထားခဲ့သည်။
ဟင်းလင်းပြင်ငှက်မွေးနှင့် ပတ်သက်၍မူ ၎င်းသည် အဆင့်မြင့် တာအိုရတနာအဖြစ် အလိုအလျောက် အဆင့်တက်သွားခဲ့ပြီး ၎င်း၏ အနာဂတ်က ဘာတွေဖြစ်လာမလဲဆိုတာ….
သူ၏ ကျင့်ကြံမှုအဆင့်က မဟာသူတော်စင်အဆင့်သို့ တက်လှမ်းပြီးနောက် နန်ကုန်းယွီသည် နတ်ဘုရားအရိပ်တမန်တော် ခေါင်းဆောင် ရှဲဒိုးကျွယ်ကို ထပ်မံဆင့်ခေါ်ခဲ့သည်။
ကံမကောင်းစွာဖြင့် တပ်မှူးအားလုံး၏ ကျင့်ကြံမှုအဆင့်သည် အုပ်စိုးသူအဆင့် အစောပိုင်းအဆင့်တွင်သာ ရပ်တန့်နေဆဲ ဖြစ်သည်။
သို့သော် အသစ်ဆင့်ခေါ်ထားသော စစ်သူကြီး ၁၈ ဦးနှင့် ယခင် စစ်သူကြီး ၄၅ ဦးတို့သည် တာအိုအရှင်မြတ်အဆင့် အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နတ်ဘုရားအရိပ် တပ်စုသည်လည်း တပ်စု ၂၄၀၀ ထပ်တိုးလာခဲ့ပြီး တပ်မှူးက အဓိပတိသူတော်စင်အဆင့် အစောပိုင်းအဆင့်တွင် ရှိနေကာ ကျန်သူများအားလုံးက မဟာသူတော်စင်အစောပိုင်းအဆင့်ရှိ အားကောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
နတ်ဘုရားအရိပ်တမန်တော် အရေအတွက် တိုးလာပြီး သူတို့အားလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းလာသည်နှင့်အမျှ နန်ကုန်းယွီ၏ လုံခြုံရေးခံစားချက်က မြင့်တက်လာပြီး အနာဂတ်က တောက်ပနေကြောင်း သူ ခံစားနေလေပြီ
လက်အောက်ငယ်သား ကဏ္ဍကို ကြည့်ရင်း ကျန်းပေ့တပ်၊ ချင်းလင်နှင့် အခြားသူများကို အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက အသိအမှတ်ပြုပြီး ၎င်းအတွင်းတွင် ထည့်သွင်းထားကြောင်းကို နန်ကုန်းယွီ သတိပြုမိလိုက်သည်။
ထို့နောက် လွန်ခဲ့သော ခြောက်နှစ်အတွင်း ရွှေရောင်ပြကွက်စင်မှ သူရရှိခဲ့သော ရတနာများကို တွေးတောရင်း အနည်းငယ် ပြုံးမိသွားသည်။
တန်ဖိုးမရှိသော အမှိုက်သုံးခုမှလွဲ၍ ကျန်သုံးခုစလုံးသည် တန်ဖိုးကြီးမားသော ရတနာများဖြစ်ကြသည်။ထိုက်ယင်မြင့်မြတ်ခန္ဓာကိုယ်နှင့် အဆင့်မသိရသော ဝိညာဉ်သိုင်းပညာ ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဉ်၊ ထိုက်ရွှီ နယ်ပယ်တို့ ဖြစ်သည်။
ထိုက်ယင်မြင့်မြတ်ခန္ဓာကိုယ်အကြောင်းတော့ ထပ်ပြီး ရှင်းပြနေစရာတောင် မလိုတော့ပေ။ ၎င်းက အလွန်ရှားပါးပြီး အစွမ်းထက်သော မြင့်မြတ်ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။
သို့သော် နန်ကုန်းယွီကတော့ ထိုခန္ဓာကိုယ်ကို နောက်ဆုံးမှာ ဘယ်သူ့ကို ပေးအပ်သင့်သလဲဆိုတာ ယခုထိ မဆုံးဖြတ်ရသေးပေ။
သို့မဟုတ် သူ၏ပတ်ဝန်းကျင်ရှိ အခြားသူများအတွက် မြင့်မြတ်ခန္ဓာကိုယ် ပိုမိုရရှိရန် လဲလှယ်မည် မလဲလှယ်မည်ကို မဆုံးဖြတ်ရသေးခြင်းလည်း ဖြစ်နိုင်ပေသည်။
ဒုတိယရတနာက ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဉ် ဖြစ်သည်။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ အကူအညီဖြင့် နန်ကုန်းယွီသည် ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဉ်ကို ကျွမ်းကျင်ပြီးနောက် နေရာဟင်းလင်းပြင်နှင့် ပတ်သက်၍ ကြီးမားသော နားလည်မှုကို ရရှိခဲ့ပြီး လောကနိယာမ၏ အစပျိုးပုံစံကို လျင်မြန်စွာ ပေါင်းစည်းနိုင်ခဲ့၏။ မကြာမီ သူသည် နေရာဟင်းလင်းပြင် လောကနိယာမကို လုံးလုံးလျားလျား ကျွမ်းကျင်သွားခဲ့သည်။
ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဉ်တွင် နေရာရွှေ့ပြောင်းခြင်း၊ ချိန်ဟင်းလင်းပြင် ဖြတ်သန်းခြင်း၊ ချိန်ဟင်းလင်းပြင် ဖြတ်တောက်ခြင်း၊ ချိန်ဟင်းလင်းပြင် ချုပ်နှောင်ခြင်းနှင့် အခြား လျှို့ဝှက်ပညာရပ်များ အပါအဝင် ချိန်ဟင်းလင်းပြင်ကို အသုံးချရန် နည်းစနစ်များစွာ ပါဝင်ပေသည်။
ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဉ်သည် အခြေခံအားဖြင့် မရေမတွက်နိုင်သော ချိန်ဟင်းလင်းပြင် ဝိညာဉ်သိုင်းပညာများ၏ ပေါင်းစပ်မှုတစ်ခုဖြစ်ပြီး ၎င်းကို အလွန် အသုံးဝင်စေသည်။
သူ ကျွမ်းကျင်ထားသော်လည်း သူ၏ ကန့်သတ်ချက်ရှိသော စွမ်းအားကြောင့် အသုံးမပြုနိုင်သေးသည့် လျှို့ဝှက်ပညာရပ်များစွာပင် ရှိနေသေးသည်။
တတိယရတနာက ထိုက်ရွှီ နယ်ပယ် ဖြစ်သည်။
ထိုက်ရွှီ နယ်ပယ်သည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝပြီး ရှုခင်းများက သုခကမ္ဘာကဲ့သို့ လှပသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည်။
တစ်ခုတည်းသော နှမြောစရာက အတွင်းထဲမှာ သက်ရှိတွေ မရှိတာပါပင်။ တိတိကျကျပြောရလျှင် အသိဉာဏ်ရှိသော သက်ရှိများ မရှိခြင်း၊ သို့မဟုတ် တိရစ္ဆာန်များ မရှိခြင်း ဖြစ်သည်။
သို့ရာတွင် ယုံမှားသံသယဖြစ်ဖွယ်မရှိသည်မှာ၊ အစာအာဟာရအတွက် ဝိညာဉ်သားရဲအချို့ကို မွေးမြူထားနိုင်ပြီး၊ ထိုနေရာ၌ ဝိညာဉ်အပင်များနှင့် ဝိညာဉ်သစ်သီးများကိုပါ စိုက်ပျိုးနိုင်မည်ဆိုလျှင် ထိုက်ရွှီနယ်ပယ်သည် အမှန်တကယ်ပင် မှီတင်းနေထိုင်ရန် အလွန်သင့်မြတ်လှသော နေရာတစ်ခု ဖြစ်လာပေမည်။"
ထို့ပြင် ထိုက်ရွှီ နယ်ပယ်သည် ဟင်းလင်းပြင်ထဲတွင် တည်ရှိနိုင်ပြီး ကမ္ဘာကြီး၏ အရင်းအမြစ်အဖြစ် ပြောင်းလဲရန် ဟင်းလင်းပြင်၏ စွမ်းအင်ကို စုပ်ယူနိုင်ကာ ထိုက်ရွှီ နယ်ပယ်ကို ပိုမိုအားကောင်းလာစေနိုင်သည် သို့မဟုတ် ၎င်းကို ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပေသည်။
နန်ကုန်းယွီသည် ဤရတနာကို ရရှိပြီးနောက် အချိန်အတော်ကြာအောင် ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
နန်ကုန်းယွီ တွေးတောနေစဉ် သူ၏ ခြေကျင်းဝတ်ကို အဖမ်းခံလိုက်ရကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ ဟန်ချက်ကို ဆုံးရှုံးကာ ကြည်လင်သော ရေကန်ထဲသို့ ကျသွားခဲ့သည်။
နန်ကုန်းယွီက သူ့ကို ရေပက်နေသော နန်ကုန်းရိုရွှယ်ကို ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြင်းထန်စွာ ပြောဆိုလိုက်သည်။ "အစ်မရွှယ်... အစ်မ ပြီးပြီလား."
"ဟီးဟီး... ရှောင်ယွီ... ဒီကိုလာခဲ့..."
နန်ကုန်းရိုရွှယ်က ရေဆက်ပက်နေပြီး သူမ၏ ငွေရောင် ခေါင်းလောင်းသံကဲ့သို့ ရယ်မောသံက ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်နေရာ တကယ်ကို သာယာသော အသံလေးတစ်ခုပင်။
"လာပြီ..."
နန်ကုန်းယွီက သူ၏ အဝတ်အစားများကို ချွတ်ကာ ရေကန်စွန်းတွင် ပစ်ထားလိုက်ပြီး နန်ကုန်းရိုရွှယ်ဆီသို့ ရေကူးသွားကာ သူမနှင့်အတူ စတင်ကစားနေခဲ့သည်။
ရေကန်၏ အေးစက်နက်ရှိုင်းမှုနှင့် နန်ကုန်းယွီ၏ နှစ်ကာလရှည်ကြာ မွေးမြူထားခဲ့သော သွေးအေးတည်ငြိမ်မှုတို့ ပေါင်းစပ်သွားခြင်းကြောင့် ထိုကာမဆန္ဒများသည် သူ၏စိတ်အစဉ်ကို အလွယ်တကူ လွှမ်းမိုးဝါးမျိုသွားခြင်း မရှိခဲ့ပေ။
အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ဦး ကစားရတာ ပင်ပန်းသွားသဖြင့် ကြည်လင်သော ရေကန်ထဲမှ ထွက်ကာ အဝတ်အစားများ ဝတ်ပြီး ရေကန်ဘေးတွင် အနားယူရန် ထိုင်လိုက်ကြသည်။
"ရှောင်ယွီ... ငါတို့ ပြန်ကြစို့..."
နန်ကုန်းရိုရွှယ်က နန်ကုန်းယွီ၏ ပခုံးပေါ်သို့ မှီချလိုက်ပြီး သူမ၏ အကြည့်က လွမ်းဆွတ်နေကာ တိုးတိတ်စွာ ပြောဆိုလိုက်သည်။
"ကောင်းပြီ..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။ "ငါတို့ ဒီအပြင်ကို ရောက်နေတာ ခြောက်နှစ်ရှိပြီဆိုတော့ ငါတို့ ပြန်ဖို့ တကယ် အချိန်တန်ပြီ..."
"ဟုတ်တယ်... ငါ ထွက်လာတာ ခြောက်နှစ်တောင် ရှိပြီပဲ..."
နန်ကုန်းရိုရွှယ်က သက်ပြင်းချကာ ရယ်မောလိုက်သည်။ "ငါတို့ ပျော်ရတာ လုံလောက်ပါပြီ... ငါတို့ ပြန်ရောက်ရင် မင်းက နှစ်အနည်းငယ်လောက် ကိုယ့်ဘာသာ ကျင့်ကြံလိုက်... ပြီးရင် ဒုတိယ တော်ဝင်အဒေါ်နဲ့ တခြားသူတွေကို ရှာဖို့ မြင့်မြတ်နယ်မြေကို အတူတူ သွားကြမယ်..."
"ကောင်းပြီ..."
နန်ကုန်းယွီက ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
သူက အဝေးသို့ ငေးကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ပြင်းပြသော လွမ်းဆွတ်မှုများ ပြည့်နှက်နေသည်။ သူက မိခင်ဖြစ်သူ၏ တည်နေရာကို အမြဲတမ်း စောင့်ကြည့်နေခဲ့ပြီး သူတို့၏ လက်ရှိ အခြေအနေအကြောင်းကို သိရှိထားပေသည်။
သူ့ကို လာကြိုဖို့ အမေက လူလွှတ်လိုက်မယ့်အချိန်ကို သူ စောင့်နေခဲ့ပေမဲ့ သူတို့က ဘယ်တော့မှ ရောက်မလာခဲ့ဘူး။ ဒါမှမဟုတ် သူတို့က နန်ကုန်းယွီကို ကာကွယ်ပေးနိုင်စွမ်း မရှိသေးဘူးလို့ ခံစားရလို့ သူ့ကို မခေါ်သွားချင်တာများလား။
ဒါပေမဲ့ သူ ဆက်မစောင့်နိုင်တော့ဘူး။
နှစ်နှစ်။
နောက်ထပ် နှစ်နှစ် စောင့်ဦးမယ်။
အမေ... နောက်ထပ် နှစ်နှစ်အတွင်း သားကို လာမကြိုရင် သား ကိုယ်တိုင်ပဲ အဲဒီကို လာခဲ့မယ်။
နန်ကုန်းယွီက ကိုယ့်ဘာသာ တွေးလိုက်သည်။ သူ၏ စွမ်းအား သို့မဟုတ် ပို၍ တိတိကျကျ ပြောရလျှင် သူ၏ လက်အောက်ငယ်သားများ၏ စွမ်းအားက ယခုအခါ နိုင်သူမရှိသလောက် ဖြစ်နေပြီဖြစ်ရာ မြင့်မြတ်နယ်မြေသို့ သွားရန် အချိန်တန်ပြီ ဖြစ်သည်။
သူက ပြင်းပြင်းရှူလိုက်ပြီး ရယ်မောလိုက်သည်။ "အစ်မရွှယ်... စားဖို့ တစ်ခုခု ကင်ပြီးရင် ပြန်ကြရအောင်..."