အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁)
ဒီကစီနီယာအမ, ကျန်တာကိုကျွန်တော့်ဆီလွဲထားလိုက်ပါ
"စနစ်, အဆင့် ၃ ဆေးပညာကျွမ်းကျင်မှု ပေါင်းစပ်မယ်..."
ဒင်!
[ပေါင်းစပ်ခြင်းစတင်ပါပြီ]
စကားသံထွက်ပေါ်လာသည်နှင့် များပြားသည့်အချက်အလက်တွေ သူ့စိတ်ထဲစီးဝင်လာ၏။
အားလုံးက ဆေးပညာအတွေးအမြင်တွေဖြစ်ပြီး ယခင်ကုန်းလင်းရွယ်ထက် အများကြီးကျော်လွန်နေခဲ့သည်။
ထို့ကြောင့် ပေါင်းစပ်ခြင်းက တစ်နာရီကျော်ကြာပြီးမှသာ ပြီးဆုံးသွားခဲ့သည်။
ဟူး...
မုန့်ချန်ချင်း မျက်လုံးပွင့်လာသည်။
သူ့ညာလက်ကိုဖြန့်လိုက်ရာ ဆေးဖော်စပ်မီးတောက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အတွေးတစ်ခုနှင့် ဆေးဖော်စပ်မီးတောက် ပုံစံအမျိုးမျိုး ပြောင်းလဲသွားခဲ့သည်။
ဤအရာက အလွန်မြင့်မားသည့်ထိန်းချုပ်မှုကို လိုအပ်တာပဲဖြစ်သည်။
"အဆင့် ၃ ဆေးကျမ်း ၁၀ ဆောင်လည်းရှိသေးတယ်...."
အချို့က နတ်ဆိုးလမ်းစဥ်ဆေးကျမ်းတွေဖြစ်သော်လည်း အချို့ကတော့ မဟုတ်ပေ။
ယခု ကုန်ကြမ်းပစ္စည်းရှိသည်နှင့်တစ်ပြိုင်နက် သူက ၎င်းတို့ကို ဖော်စပ်လို့ရပြီဖြစ်သည်။
"အဆင့် ၃ ဆေးဖော်စပ်ဆရာ..."
မုန့်ချန်ချင်း မီးတောက်ကိုပျောက်ကွယ်စေလိုက်ပြီး နှုတ်ခမ်းအနည်းငယ်ကွေးလိုက်သည်။
အခြားသူတွေ တစ်သက်လုံးခက်ခက်ခဲခဲကြိုးစားမှ ဤအဆင့်ကိုရောက်နိုင်သော်လည်း သူကတော့ အသာလေး ရရှိခဲ့သည်။
ယခုချိန်၌ အဆင့် ၃ ဆေးဖော်စပ်ဆရာအထောက်အထားတစ်ခုတည်းနှင့်ကို ကြွယ်ဝချမ်းသာဖို့လုံလောက်ပြီး နောက်မျိုးဆက်တွေအတွက် အာမခံချက်ရှိသွားပြီဖြစ်သည်။
"စနစ်, အဆင့်မြင့်ပါရမီစွမ်းရည်ကို ဖယ်ဖျက်မယ်...."
အတွေးပြန်ရုတ်သိမ်းပြီး မုန့်ချန်ချင်း ကျန်ရှိသည့်စွမ်းရည်ကို ကိုင်တွယ်လိုက်သည်။
ဒင်!
[ပယ်ဖျက်ခြင်းအောင်မြင်ပါပြီ]
[ရရှိသောစွမ်းရည်- မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၁ ကဒ်]
အသံထွက်ပေါ်လာခဲ့သည်။
မဆိုးပါဘူး...
မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်တောက်ပသွား၏။
ဤပစ္စည်းက အတော်လေးအဖိုးတန်၏။
ပုံမှန်ဆို အပိုဆောင်းဆုလဒ်မှသာ ရရှိတာဖြစ်သည်။
"ပါရမီရှင်တွေနဲ့ မိတ်ဆွေတွေဆက်ဖွဲ့ရမယ်။ စွမ်းရည်အများစုက မလိုအပ်တော့ဘူးဆိုပေမယ့် သူတို့စွမ်းရည်တွေက အတော််မြင့်တယ်..."
"ပယ်ဖျက်လိုက်ရင် ပစ္စည်းကောင်းတွေ ရနိုင်သေးတယ်..."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
ထို့နောက် ရရှိသည့်ကဒ်ကို လင်းလုံမဟာကြော့ကွင်းကောင်းကင်ပေါ်၌ အသုံးပြုပြီး အဆင့် ၄ သို့ မြှင့်တင်ခဲ့သည်။
ပင်လယ်နက်မူလသို့ပြန်ခြင်းနည်းစနစ်ကဲ့သို့ လင်းလုံမဟာကျော့ကွင်းကောင်းကင်က နောက်ဆုံးအဆင့်ရောက်မှသာ အကြီးအကျယ်ပြောင်းလဲသွားမည်ဖြစ်သည်။
ဥပမာ, ပထမအဆင့်က သူ၏တိုက်ပွဲစွမ်းအားကို နှစ်ဆထိတိုးမြှင့်ပေးနိုင်ပြီး ဒုတိယအဆင့် ၄ ဆ၊ တတိယအဆင့် ၆ဆ၊ စတုတ္ထအဆင့် ၈ဆဖြစ်သည်။
နောက်ဆုံးအဆင့် ၅ ရောက်မှသာ ၁၀ထိ အကြီးအကျယ်ပြောင်းလဲသွားမည်ဖြစ်သည်။
"သိပ်မလိုတော့ဘူး..."
မုန့်ချန်ချင်း အချက်အလက်ဇယားကိုပိတ်လိုက်ပြီး မျက်လုံးတွေက တောက်ပနေခဲ့သည်။
ယခု နောက်ထပ် မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၁ ကဒ်သာထပ်ရလျှင် လင်းလုံမဟာကျော့ကွင်းကောင်းကင်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ပြီဖြစ်သည်။
ထိုအခါ သူ့ခွန်အားက နောက်တစ်ကြိမ် မိုးပေါ်ခုန်တက်သွားမည်ဖြစ်ပြီး စစ်မှန်ချီပမာဏက အစောပိုင်းတာအိုဖန်တီးခြင်းနယ်ပယ်ကို ယှဥ်နိုင်သင့်၏။
အတွေးတွေပြန်ရုတ်သိမ်းပြီး...
မုန့်ချန်ချင်း ရှောင်ဘိုယန်နှင့် ဆေးလုံးစိမ်းအကြီးအကဲတို့၏ သိုလှောင်လက်စွပ်တွေ သိမ်းကာ ဓားအလင်းတန်းတစ်ခုအဖြစ်ပြောင်းပြီး ကောင်းကင်ပေါ်ပျံတက်သွားခဲ့သည်။
ဤနှစ်ယောက်၏အဆင့်တန်းကမနှိမ့်ပေ။ အထူးသဖြင့် ဆေးလုံးစိမ်းအကြီးအကဲဖြစ်သည်။
သူတို့၏သိုလှောင်လက်စွပ်တွေထဲ၌ ပစ္စည်းကောင်းတွေ များစွာ ရှိသင့်၏။
....
တုန်မင်ရေကန်, ရှုမိသားစု...
တပ်! တပ်! တပ်!
သွေးသွယ်သည့်ပုံရိပ်တစ်ခု နောက်ဆုတ်သွားခဲ့သည်။
ဆယ်မီတာလောက်ရောက်မှ သူမက ကိုယ့်ကိုယ်ကို ထိန်းနိုင်ရုံထိန်းနိုင်လိုက်သည်။
ထို့ပြင် ဤအခိုက်အတန့်၌ သူမက စည်းအပြင်ကိုရောက်ရှိနေပြီဖြစ်သည်။
အဓိပ္ပာယ်ကရှင်းလင်း၏။
သူမ ရှုံးသွားပြီပင်။
"နောက်ဆုံးအကြိမ်တုန်းက ငါ မင်းကိုအပြတ်အသတ်နိုင်ခဲ့တာ... လလေးအနည်းငယ်ကျင့်ကြံလိုက်ရုံနဲ့ ငါ့ကိုလိုက်မှီမယ်လို့ တကယ်ထင်နေတာလား...."
"တကယ်ထင်ယောင်ထင်မှားဖြစ်နေတာပဲ..."
ရှုယို့ ရပ်နေခဲ့သည်။
ဘယ်လက်ကိုနောက်ပစ်ထားပြီး ညာဖက်လက်ဝါး၌ မီးတောက်တွေ တောက်လောင်နေခဲ့သည်။
အော်ရာက ပူပြင်းကြောက်စရာကောင်းပြီး လောကကြီးတစ်ခုလုံးလိုကို လောင်ကျွမ်းပစ်နိုင်သလိုပင်။
"လောင်မြိုက်နေမင်းစကြာဝဠာလက်ဝါး..."
နေမီးတောက်တောင်ကြား၏အဆင့်မြင့်စွမ်းရည်တွေထဲမှ တစ်ခုဖြစ်သည်။
ဖူး...
မိုယွင်လင် ပါးစပ်ပြည့်သွေးတစ်လုတ်အန်လိုက်ရ၏။
သူမ၏လှပသည့်မျက်လုံးတွေထဲ၌ ဆန္ဒမရှိမှုတွေ ပြင်းထန်နေခဲ့သည်။
သူမ တကယ်ပဲ နောက်တစ်ကြိမ်ရှုံးနိမ့်သွားခဲ့သည်။
သူမ ဂိုဏ်း၏လေ့ကျင့်ပေးမှုတွေကို အလဟသဖြစ်စေပြီး သူမဆရာ၏မျှော်လင့်ချက်တွေကို စိတ်ပျက်စေခဲ့သည်။
နောက်ဆုံးအကြိမ်ကထက် အချိန်ပိုကြာကြာတောင့်ခံနိုင်ခဲ့သော်လည်း ရလဒ်ကတော့ ရှုံးနေဆဲဖြစ်သည်။
"ကြည့်ရတာ နေမီးတောက်တောင်ကြားရဲ့မြှင့်တက်မှုက ရပ်တန့်လို့မရတော့တဲ့ပုံပဲ..."
"ငါကြားတာတော့ ရှုယို့ကို နေမီးတောက်တောင်ကြားရဲ့ အသန်မာဆုံးလို့တောင်ယူဆလို့မရဘူးတဲ့... အလယ်အလတ်အဆင့်မြင့်လောက်ပဲဆိုပဲ... ဒါပေမယ့် သူတောင်မှ ဒီလောက်သန်မာနေမယ်မမျှော်လင့်ထားဘူး... လက်ဝါးချက်တိုင်းက မီးတောင်ပေါက်ကွဲလာတဲအတိုင်းပဲ... ဒီနေရာမှာထိုင်နေတာတောင် ငါ့မှာမီးဖိုထဲရောက်နေသလိုခံစားရတယ်..."
"စဦးမြေကမ္ဘာအဆင့်သိုင်းပညာတွေထဲမှာ လောင်မြိုက်နေမင်းနည်းစနစ်က အသန်မာဆုံးမဟုတ်ပေမယ့် စွမ်းအားကကောင်းနေဆဲပဲ... ဒါ့ပြင် ရှုယို့က ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားတာလေ..."
"ထိုက်ရွမ်ဂိုဏ်းရဲ့ ဒီသနားစရာတပည့်မလေးက တစ်ကြိမ်ပြီးတစ်ကြိမ်ရှုံးနေတာ... သူမတာအိုနှလုံးသား ပြိုလဲသွားတော့မှာကို ငါကြောက်မိတယ်..."
"ငါကြားတာတော့ ဒီအမျိုးသမီးက ပုန်းကွယ်နဂါးစာရင်းမှာ ခဏပဲနေလိုက်ရပြီး ရှုယို့က သူ့နေရာယူသွားတာတဲ့... ဖင်ပူအောင်တောင်မထိုင်လိုက်ရဘူးလေ..."
ပွဲကြည့်ခုံတွေမှ တီးတိုးပြောဆိုသံတွေနှင့် ပြည့်နှက်နေခဲ့သည်။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် မိုယွင်လင် သဘာဝအတိုင်း အရာရာကို ရှင်းရှင်းလင်းလင်းကြား၏။
ရုတ်တရက် ရှက်ရွံ့ဒေါသထွက်သွားပေမယ့် ဘယ်သူ့မှပုံချလို့မရဖြစ်နေခဲ့သည်။
အဆုံးမှာတော့ သူမခွန်အားက မလုံလောက်ရာ ကိုယ်ပိုင်ဂုဏ်ကျက်သရေကို ပြန်ယူဖို့ မစွမ်းဆောင်နိုင်ပေ။
"စိတ်ဝိညာဥ်တောင်ထိပ်က ဓားသိုင်းကိုအထူးပြုပြီး ဓားနဲ့နာမည်ကြီးတယ်လို့ အမြဲကြားနေရတာ...အခုကြည့်ရတာတော့ အဲ့လောက်လဲ မဟုတ်ပါလား..."
မိုယွင်လင်အမူအရာကိုကြည့်ပြီး ရှုယို့နှုတ်ခမ်းတွန့်ကွေးသွား၏။
သူက စာတစ်ကြောင်းတည်းဖြင့် မီးထဲလောင်စာထပ်ထည့်ပေးလိုက်သည်။
မြင့်မားသည့်စင်မြင့်ထက်၌ ရှုမိသားစုခေါင်းဆောင် ရှုမင်းယန်နှင့် ကျန်းယွဲ့အဆောက်အဦးသခင် ချွေးဖေထင်တို့ ဘေးချင်းယှဥ်ထိုင်နေခဲ့သည်။
ခမ်းနားပြီး သက်တောင့်သက်သာရှိလှ၏။
သူတို့ကြည့်ရတာ အောက်ရှိအခြေအနေကို နည်းနည်းလေးမှ မစိုးရိမ်သလိုပင်။
"မင်းသားရှုယို့ရဲ့လျှာက အတော်လေးလျှာဇောင်းထက်တာပဲ... ကြည့်ရတာက အဲ့ဒီအမျိုးသမီးရဲ့တာအိုနှလုံးသားကို ကွဲခြေချင်နေတာနဲ့တူတယ်...."
ချွေးဖေထင် လက်ဖက်ရည်အနည်းငယ် စုပ်သောက်လိုက်၏။
"အကိုချွေက လေးနက်လွန်းနေပါပြီ... ကျွန်တော့်သားက အမှန်ကိုပြောရုံပါ... ဒီနေ့ခေတ်လောကကြီးမျာ အမှန်တရားတောင်ပြောလို့မရတော့ဘူးလား..."
ရှုမင်းယန်လည်း ပြုံးပြီးပြောလိုက်သည်။
"ဒါ့ပြင်, သူမတာအိုနှလုံးသားသာ အလွယ်တကူပျက်ဆီးသွားရင်, သူမက အသုံးမကျလွန်းတာပဲ... ဒါဟာ ထိုက်ရွမ်ဂိုဏ်းကိုယ်စား အမှိုက်တွေရှင်းပေးပြီး အနာဂတ်အရင်းအမြစ်တွေကို ကယ်ဆယ်ပေးလိုက်တာပဲလေ..."
"ထိုက်ရွမ်ဂိုဏ်း ကျွန်တော်တို့ကို ကျေးဇူးတင်မယ်လို့ ယုံကြည်တယ်..."
"ဟ..ဟ..ဟ.., အကိုရှု, အကိုရှု, ရှုယို့ပါးစပ်က မင်းဆီကအမွေရထားတာဆိုတာ ငါသဘောပေါက်လိုက်ပြီ..."
ချွေဖေးထင် ဟက်ဟက်ပက်ပက်ရယ်လိုက်၏။
သူ့ဘေးရှိချွေးချန်ကတော့ မျက်လုံးတင်းကြပ်စွာပိတ်ထားပြီး အောက်ရှိအခြေအနေကို လုံးဝဂရုမစိုက်ပေ။
သို့မဟုတ် သူ့အာရုံကိုဖမ်းစားဖို့ မထိုက်တန်တာဖြစ်နိုင်၏။
ပုန်းကွယ်နဂါးစာရင်းအဆင့် ၃၈ ဖြစ်သည့် လူငယ်ပါရမီရှင်တစ်ယောက်အနေဖြင့် အဆင့်တူတစ်ယောက်ကသာ သူ့ကိုဂရုစိုက်အောင်လုပ်နိုင်၏။
"နင်..."
မိုယွင်လင်လှပသည့်မျက်လုံးတွေ ဒေါသတွေနှင့်ပြည့်နှက်သွား၏။
သူမကိုစော်ကားတာ သည်းခံနိုင်ပေမယ့် စိတ်ဝိညာဥ်တောင်ထိပ်တစ်ခုလုံးကိုစော်ကားတာကတော့ လုံးဝသည်းမခံနိုင်ပေ။
"ငါ နင့်ကို နောက်တစ်ကြိမ်ထပ်စိန်ခေါ်မယ်..."
မိုယွင်လင် ပါးစပ်ထောင့်မှသွေးစကိုသုတ်ပြီး ဆေးတစ်လုံးမျိုချလိုက်သည်။
"မင်းနည်းနည်းပိုစဥ်းစားသင့်တယ်... မင်းလက်ရှိအခြေအနေနဲ့ ငါသာနည်းနည်းထိန်းချုပ်မှုလွတ်သွားရင် မင်းရဲ့အုတ်မြစ်ထိခိုက်သွားမှ အပြစ်မပြောနဲ့နော်..."
ရှုယို့ ညင်သာစွာ ပြောလိုက်သည်။
ဤအရာကိုကြားသည့်အခါ, လူတိုင်း အနည်းငယ် တုန်လှုပ်သွားကြ၏။
ကြည့်ရတာ ရှမိသားစုအကြီးဆုံးသားက သူမကို ဒုက္ခိတဖြစ်အောင်လုပ်ဖို့ ကြံထားပုံပင်။
"ငါဆုံးဖြတ်ပြီးပြီ..."
မိုယွင်လင်း ဒေါသဖြင့်လုံးဝလွမ်းမိုးခံနေရပြီဖြစ်ကာ အရာရာကိုလျစ်လျုရှုထားခဲ့သည်။
သို့မဟုတ် အချို့ကိစ္စတွေက အသက်ထက် ပိုအရေးကြီးနေတာဖြစ်နိုင်၏။
"ကောင်းတယ်..."
"လူတိုင်းမျက်မြင်သက်သေရှိတယ်နော်..."
ရှုယို့ ရုတ်တရက် ပြုံးလိုက်သည်။
သူ့ပန်းတိုင်က အောင်မြင်သွားပြီဖြစ်သည်။
သို့ပေမယ့် မိုယွင်လင် ရှေ့တက်တော့မည့်အချိန်မှာပဲ...
လက်တစ်ဖက် သူမပခုံးကိုဖိချလာသည်။
"ဒီကစီနီယာအမ, မင်းအရင်နားသင့်တယ်... ကျန်တာ ငါ့ဆီလွဲထားလိုက်ပါ...."
အခန်း (၉၂)
သတ်ဖြတ်ခြင်းပုံရိပ်ယောင်ချိုးဖျက်ခြင်း၊ တစ်ကွက်တည်းနှင့်အနိုင်ယူခြင်း
ရုတ်တရက်အသံကြောင့် မိုယွင်လင် အံ့အားသင့်သွား၏။
သူမအနည်းငယ်ခေါင်းမော့ကြည့်လိုက်ရာ နေရောင်အောက်၌ ခန့်ညားသည့်လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
အနက်ရောင်ဆံပင်ရှည်၊ ကြယ်တွေကဲ့သို့တောက်ပနေသည့်မျက်လုံးနှင့် မျက်နှာပေါ်၌ ညင်သာသည့်အပြုံတစ်ခုရှိနေခဲ့သည်။
သူ့ကိုမြင်သည့်အခါ မသိစိတ်အရ သူမအေးချမ်းမှုကိုခံစားလိုက်ရသည်။
"နင်က ဘယ်သူလဲ..."
မိုယွင်လင် သဘာဝအလျောက်မေးလိုက်သည်။
"မုန့်ချန်ချင်း, စိတ်ဝိညာဥ်တောင်ထိပ်ရဲ့ စစ်မှန်တပည့်သစ်..."
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။
"နင်က မုန့်ချန်ချင်း?..."
မိုယွင်လင် ပါးစပ်ကိုလက်ဖြင့်ကာပြီး လှပသည့်မျက်လုံးတွေက အံ့အားသင့်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
သူမက နှစ်ဝက်ကြာတံခါးပိတ်နေခဲ့သော်လည်း ထွက်လာသည့်အခါ ရွမ်ချင်းနယ်မြေမှအကြောင်းတွေကို စီနီယာအကို၊အမတွေဆီမှ ကြားခဲ့ရ၏။
ဤဂျူနီယာမောင်လေး၌ ကြောက်မက်ဖွယ်နားလည်နိုင်စွမ်းရှိပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာတင် ဓားချီကို နားလည်နေခဲ့ပြီဖြစ်သည်။
ထို့ပြင် ရွမ်ချင်းနယ်မြေထဲရှိ ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေရောင်မျောက်ဝံကိုလည်း သတ်လုနီးပါးဖြစ်ခဲ့သည်။
စစ်မှန်တပည့်သစ်တစ်ယောက်အနေဖြင့် မြေကမ္ဘာအဆင့်သိုင်းပညာကျင့်ကြံမထားလျှင်တောင် အလယ်အလတ်အမြင့်ပိုင်းအဆင့်ခွန်အားထက်သာလွန်နေပြီဖြစ်သည်။
"ဟုတ်တယ်..."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ဤအရာကြောင့် အံ့သြမသွားပေ။
သူက ဂိုဏ်းထဲ၌ နည်းနည်းနာမည်ရနေပြီဖြစ်သည်။
မုန့်ချန်ချင်းထွက်ပေါ်လာမှုက အနည်းငယ်ရုတ်ရုတ်သည်းသည်းဖြစ်သွားစေပြီး လူများစွာကို တစ်ခဏကြောင်သွားစေပြီးမှသာ အသိပြန်ဝင်လာကြသည်။
"ထိုက်ရွမ်ဂိုဏ်းရဲ့ နောက်တပည့်တစ်ယောက်ရောက်လာပြီ... အဝတ်အစားအရတော့ သူလည်း စိတ်ဝိညာဥ်တောင်ထိပ်ကပဲ..."
"ထိုက်ရွမ်ဂိုဏ်းက ပုန်းကွယ်နဂါးစာရင်းကိုပြန်ယူဖို့ စိတ်ပိုင်းဖြတ်ထားတာပဲ..."
"ဒါပေမယ့် အသစ်ရောက်လာတာက ဘယ်သူလဲ?... ငယ်လွန်းတော့ မရင်းနှီးဘူး.. ကြည့်ရတာ အရင်က ဘယ်သူ့မှသူ့ကိုမြင်ဖူးပုံမပေါ်ဘူး... သူ့ကိုသိတဲ့လူတစ်ယောက်ယောက်များ ရှိလား..."
လူတိုင်း တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ခေါင်းခါယမ်းပြလိုက်သည်။
"အသစ်ရောက်လာတာ ဘယ်သူလဲ?...."
ရှုယို့ မျက်မှောင်ကြုတ်သွား၏။
သူကနောက်ဆုံးမှာမှ စင်ပေါ်တက်နိုင်အောင် ဖိအားပေးနိုင်ရာ ယခု တစ်စုံတစ်ယောက်က လာနှောက်ယှက်နေခဲ့သည်။
၎င်းမှာ တကယ်ပဲ သူ့စိတ်အခြေအနေကို ပျက်စီးသွားစေခဲ့သည်။
"ထိုက်ရွမ်ဂိုဏ်း, စိတ်ဝိညာဥ်တောင်, စစ်မှန်တပည့်သစ်မုန့်ချန်ချင်း..."
မုန်ချန်ချင်း စင်မြင့်အလယ်သို့လျှောက်သွားပြီး ရှုယို့နှင့်မျက်နှာချင်းဆိုင်လိုက်၏။
"မုန့်ချန်ချင်း?..."
ရှုယို့ မှတ်ဉာဏ်ထဲဂရုတစိုက်ရှာကြည့်ပေမယ့် မမှတ်မိပေ။
မုန့်ချန်ချင်းသတင်းတွေက ဂိုဏ်းထဲမှာသာ အဓိကပျံ့နှံ့နေပြီး အခြားဂိုဏ်းအထက်ပိုင်းတွေလောက်သာ သိမည်ဖြစ်သည်။
ရှုယို့လို တစ်စုံတစ်ယောက်ကတော့ သေချာပေါက် သိမည်မဟုတ်ပေ။
ထို့ပြင် ရှုယို့က လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက နေမီးတောက်တောင်ကြားမှထွက်လာခဲ့ရာ သိဖို့က မဖြစ်နိုင်ပေ။
"စစ်မှန်တပည့်သစ်တစ်ယောက်က ငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့..."
"သေခြင်းဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမလဲ မင်းတကယ်မသိဘူးနဲ့တူတယ်..."
ရှုယို့အသံ အေးစက်နေပြီး အတော်လေး စော်ကားခံရသလို ခံစားနေရ၏။
အဆုံးမှာတော့ သူက ပုံးကွယ်နဂါးစာရင်း၏ သန်မာသူတစ်ယောက်ဖြစ်သည်။
ဘယ်လိုလုပ် စစ်မှန်တပည့်ဖြစ်ကာစ တပည့်လေးတစ်ယောက်က ယှဥ်နိုင်မည်နည်း။
စင်မြင့်ထက်၌ ရှုမင်းယန် မုန့်ချန်ချင်းစကားကြားတော့ အနည်းငယ်သက်သာရာရသွားသည်။
အထူးသဖြင့် မုန့်ချန်ချင်းကျင့်ကြံရေးအဆင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၃သာရှိတာမြင်သည့်အခါ ပိုလို့တောင် စိတ်သက်သာယာရသွား၏။
ကြည့်ရတာ ထိုက်ရွမ်ဂိုဏ်း၌ တကယ်ပဲ တစ်ယောက်မှရှိပုံမပေါ်ပေ။ ဤကဲ့သို့တပည့်မျိုးတောင် စေလွတ်ရဲ၏။
ထို့နောက် ဘေးရှိချွေးဖေထင်ကိုတစ်ချက်ကြည့်ပြီး ကျော့မော့စွာဆက်ထိုင်နေလိုက်သည်။
"ဒီတော့ စစ်မှန်တပည့်အသစ်လေးပဲ, မရင်းနှီးတာ မထူးဆန်းတော့ပါဘူး..."
"ဒါပေမယ့် ဒီကောင်သတ္တိကတော့မဆိုးဘူး.... ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်ကာစနဲ့ ဒီကိုလာရဲတယ်... နွားပေါက်လေးက ကျားကိုမကြောက်ဖူးဆိုတာ တကယ်မှန်တာပဲ..."
"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တွေကြားမှာ ကွာဟချက်က မကြီးဘူးဆိုပေမယ့် ကျင့်ကြံရေးအဆင့်ကတော့ ကျင့်ကြံရေးအဆင့်ပဲလေ.... လူတစ်ယောက်ကျင့်ကြံခဲ့ချိန်နဲ့ အုတ်မြစ်နက်ရှိုင်းပုံကို ညွှန်ပြနေတယ်..."
ကြည့်ရှုရေးထိုင်ခုံတွေ၌ ဆွေးနွေးသံတွေ ပြည့်နှက်နေခဲ့သည်။
လူတိုင်းနီးပါး တပည့်သစ်မှာ အခွင့်အရေးမရှိဟု ယုံကြည်ကြ၏။
အဆုံးမှာတော့ တစ်ယောက်က ပုန်းကွယ်နဂါးစာရင်းရှိ လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်က မည်သည့်ဂုဏ်သတင်းမှမရှိသည့် အသစ်တစ်ယောက်ဖြစ်သည်။
လူတိုင်း သဘာဝအတိုင်း ရှေ့တစ်ယောက်ကို အလေးသာကြ၏။
"ဂျူနီယာမောင်လေးမုန့်, သတိထားနော်... ဒီလူက တကယ်သန်မာတယ်..."
မိုယွင်လင် အနီးနားမှသတိပေးလိုက်၏။
ဤဂျူနီယာမောင်လေးက ဓားချီကိုနားလည်ထားသော်လည်း ခုလေးမှပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်ရှိထားပြီး မြေကမ္ဘာအဆင့်သိုင်းပညာတွေတောင် လေ့ကျင့်ထားအုန်းမည်မဟုတ်ပေ။
အခြားတစ်ဖက်၌ ရှုယို့က လောင်မြိုက်နေမင်းစကြဝဠာလက်ဝါးကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျွမ်းကျင်ထား၏။
သိုင်းပညာအဆင့်ကွာခြားချက်ကကို သိသာနေပြီး ကျင့်ကြံရေးအဆင့်ဆိုလျှင်တော့ ပြောစရာကိုမလိုတော့ပေ။
"သတိပေးလို့ ကျေးဇူးတင်ပါတယ်, စီနီယာအမ..."
မုန့်ချန်ချင်း လှည့်မကြည့်ပဲ ငြင်သာစွာပြောလိုက်သည်။
ဤအခိုက်အတန့်၌ သူက ရှုယို့၏အချက်အလက်ဇယားကို ကြည့်ရှုနေခဲ့သည်။
အခြေခံအချက်အလက်-
[အမည်- ရှုယို့]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၈]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၂]
[နားလည်နိုင်စွမ်း- သာလွန်]
[နည်းစနစ်နှင့် သိုင်းပညာ- လောင်မြိုက်နေမင်းစကြဝဠာလက်ဝါး (ပြီးပြည့်စုံခြင်းအဆင့်)၊ လေမီးဘီးနည်းစနစ်(စဦးအဆင့်)၊...]
"သိုင်းပညာတွေကတော့ မဆိုးပါဘူး..."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
အဆင့် ၂ အမြစ်ရိုး၊ သာလွန်အဆင့်နားလည်နိုင်စွမ်းကကို အတော်လေးကောင်းနေပြီဖြစ်သည်။
ဤကဲ့သို့ပါရမီမျိုး ပိုင်စုရှီနှင့် သူ့ဒေါ်လေးဆီမှာသာ မြင်ဖူး၏။
အခြားသူတွေအတွက်တော့ အနည်းငယ် ကင်းမဲ့နေခဲ့သည်။
သို့ပေမယ့် ကျင့်ကြံရေး၌ ဤပါရမီတွေအပေါ်မှာပဲ လုံးလုံးကြီးမူတည်နေတာမဟုတ်ပေ။
ကံကောင်းမှုနှင့် အခြားအကြောင်းအရာတွေလည်း ရှိသေး၏။
"မင်းဘာလို့ စကားမပြောတာလဲ?... ဒါဘာသဘောလဲ..."
ရှုယို့မျက်နှာ မဲမှောင်သွား၏။
သူက အများကြီးပြောနေပေမယ့် တစ်ဖက်မှ တုံ့ပြန်မလာခဲ့ပေ။
"တောင်းပန်ပါတယ်, ငါအတွေးထဲမျှောသွားလို့ပါ..."
မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်၏။
အနည်းငယ်အသက်ရှုထုတ်လိုက်ပြီး ရှုယို့ ကိုယ့်ကိုယ်ကိုတည်ငြိမ်အောင်လုပ်လိုက်သည်။
မဟုတ်လျှင် သူတကယ်ပဲ ဤကောင့်ကိုသတ်ချင်လာမည်ဖြစ်သည်။
ဘယ်လိုလုပ် သူ့ကိုရှေ့ထားပြီး မရှိသလိုပြုမူနေရသနည်း။
သူ့ကိုအထင်သေးနေသည်လား။
မည်သည့်စိန်ခေါ်သူက အစွမ်းထက်ရန်သူတစ်ယောက်နှင့်ရင်ဆိုင်လျှင် အပြည့်အဝအာရုံမစိုက်လို့နည်း။
ဤလူတစ်ယောက်သာ အစမှအဆုံးထိ သက်တောင့်သက်သာ စိတ်အေးလက်အေးဖြစ်နေခဲ့သည်။
"မင်းငါ့ကို စိန်ခေါ်ချင်တာ သေချာလား..."
ရှုယို့ နောက်တစ်ကြိမ်မေးလိုက်သည်။
"ဒါပေါ့, မဟုတ်ရင် ငါဘာလို့ ဒီနေရာမှာရှိနေမှာလဲ..."
မုန့်ချန်ချင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ကောင်းတယ်, ငါမင်းကိုအခွင့်အရေးပေးလိုက်မယ်... ဒါပေမယ့် ရှင်းရှင်းလင်းလင်းပြောထားမယ်နော်... ငါတို့နေမီးတောက်တောင်ကြားရဲ့ လက်ဝါးနည်းစနစ်က ကြမ်းကြုတ်ပြီး ထိန်းချုပ်ရခက်တယ်... ထိခိုက်သွားရင် ကိုယ့်ဘာသာ တာဝန်ယူ, ငါ့ကိုအပြစ်မတင်နဲ့...."
ရှုယို့ပြောပြီး ကြည့်ရှုသူတွေကို အကဲခတ်လိုက်သည်။
"ထိုက်ရွမ်းဂိုဏ်းကျွမ်းကျင်သူက ငါ့ကို အခက်တွေ့တောင်တော့ မလုပ်ပါဘူးနော်, ဟုတ်တယ်မလား..."
ပုန်းကွယ်နဂါးစာရင်းတိုက်ပွဲတိုင်းက အရေးကြီးသဖြင့် အင်အားစုအသီးအသီးမှ သန်မာသူတွေ စောင့်ကြပ်နေကြ၏။
သို့ပေမယ့် သူတို့က အလွယ်တကူကိုယ်တထင်မပြကြပေ။
မည်သူမှပြန်မဖြေ၍ ၎င်းကို တိတ်တဆိတ် သဘောတူညီမှုအဖြစ် သတ်မှတ်လိုက်သည်။
"တိုက်ဆိုင်တာပဲ, ငါတို့စိတ်ဝိညာဥ်တောင်ထိပ်ဓားသိုင်းတွေကလည်း အတူတူပဲ, ထိန်းချုပ်ရခက်တယ်... မင်ဒဏ်ရာရသွားရင် နားလည်ပေးမယ်လို့ မျှော်လင့်တယ်..."
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
"ဟမ့်, လျှာဇောင်းတော့ထက်သားပဲ.... မင်းက ငါ့ကို ဒဏ်ရာရစေနိုင်မှာလား..."
ရှုယို့အသံ အေးစက်နေခဲ့သည်။
မုန့်ချန်ချင်း အော်ရယ်လုနီးပါးဖြစ်သွားပြီး စကားမပြောနိုင်လုနီးပါးဖြစ်သွား၏။
'မင်းပြောတော့ ပုံမှန်ဖြစ်ပြီး ငါပြောတော့ကျ လျှာဇောင်းထက်တယ်ဖြစ်သွားရောလား...'
'ပြီးတော့ ငါပြောတဲ့အရာတိုင်းက အကုန်အမှန်တွေကြီးပဲလေ...'
"ထိုက်ရွမ်ဂိုဏ်းတပည့်အချို့က အတော်လေးမောက်မာတာပဲ... ရှုယို့ကိုတောင် ဒဏ်ရာရဖို့ တွေးနေတယ်..."
တစ်စုံတစ်ယောက် မှတ်ချက်ပေးလိုက်သည်။
"သူက ကွာဟချက်ကို မသိဘူးပဲ..."
အခြားသူတွေ ခေါင်းခါယမ်းပြီး နှုတ်ခမ်းတွေ တွန့်လိမ်သွားကြ၏။
"ပြိုင်ပွဲစတင်ပြီ..."
တာဝန်ခံကြေညာလိုက်၏။
"ကောင်လေး, ငါမင်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူပြမယ်..."
ရှုယို့မျက်လုံးတွေ ရက်စက်သည့်အလင်းတန်းတွေ လက်သွား၏။
"လောင်မြိုက်နေမင်းစကြာဝဠာလက်ဝါး..."
ပြောပြီးသည်နှင့် သူ့လက်တွေမှမီးတောက်တွေထွက်ပေါ်လာပြီး နေနှစ်စင်းကဲ့သို့ပင်။
ခြေထောက်အောက်ရှိမြေပြင်လည်း ပြင်ထန်သည့်အပူချိန်ကြောင့် အနက်ရောင်ပြောင်းသွားသည်။
စွမ်းအားက ကြီးမားလွန်း၏။
"သူတကယ် လောင်မြိုက်နေမင်းစကြာဝဠာလက်ဝါးရဲ့အသန်မာဆုံးအကွက်ကို သုံးလိုက်တာပဲ... အစောပိုင်းမိုယွင်လင်နဲ့ရင်ဆိုင်တုန်းကတောင် မသုံးခဲ့ဘူး..."
တစ်စုံတစ်ယောက် ပြောလိုက်သည်။
"ကြည့်ရတာ ရှုယို့ တကယ် ဒေါသထွက်သွားပုံပဲ..."
လူတွေ မုန့်ချန်ချင်းဒဏ်ရာအပြင်းအထန်ရပြီး လွင့်ပျံသွားမှာကို ပုံဖော်ပြီးနေပြီဖြစ်သည်။
"အတော်လေးကောင်းတဲ့သိုင်းပညာပဲ..."
မုန့်ချန်ချင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဤလက်ဝါးနည်းစနစ်တစ်ခုတည်းနှင့်ကို ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အများစုကို အနိုင်ယူနိုင်၏။
သို့ပေမယ့်...အနည်းငယ်အားနည်းနေဆဲဖြစ်သည်။
သူက ဓားတောင်ဆွဲထုတ်ချင်စိတ်မရှိပေ။
ညာလက်ကိုအသာအယာမြောက်ပြီး လက်နှစ်ချောင်းကို ဓားပုံသဏ္ဍာန်အဖြစ် ဖွဲ့စည်းလိုက်၏။
"ငါ့ရှေ့မှာ ဒူးထောက်စမ်း..."
ရှုယို့အကြည့်အေးစက်သွား၏။
သူ့လက်ဝါးတွေက ရေထဲမှနဂါးတွေ၊ ကောင်းကင်မှကျလာသည့်နေမင်းတွေကဲ့သို့ဖြစ်ပြီး ပြင်းထန်သည့်မီးတောက်တွေက မုန့်ချန်ချင်းကို ဖုံးလွမ်းလာခဲ့သည်။
ထိုကောင်ကဓားတောင်မသုံးပေ။ မောက်မာမှုက အကန့်အသတ်မရှိ၏။ သို့ပေမယ့် ထိုမောက်မာမှုအတွက် တန်ဖိုးကြီးပေးဆပ်ရမည်ဖြစ်သည်။
သို့ပေမယ့် နောက်တစ်ခဏ၌ ဖျော့တော့သည့်အသံတစ်ခု ထွက်ပေါ်လာသည်။
"မဟာနက်နဲခြင်း- သတ်ဖြတ်ခြင်းပုံရိပ်ယောင်ချိုးဖျက်ခြင်း..."
အသံကတည်ငြိမ်နေသော်လည်း ရှုယို့အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
သူမြင်လိုက်တာကို နတ်ဘုရားသာသိမည်ဖြစ်သည်။
ထိုရိုးစင်းပုံပေါ်သည့်လက်နှစ်ချောင်းက ချက်ချင်းအော်ရာပြောင်းသွားပြီး ကမ္ဘာမှာအထက်ရှဆုံးဓားတစ်ချောင်းဖြစ်သွားခဲ့သည်။
၎င်းကိုကြည့်နေရုံနှင့်တင် မျက်လုံးတွေကွဲကျေတော့မလိုခံစားရ၏။
"ဒါဘယ်လိုဓားသိုင်းမျိုးလဲ..."
ရှုယို့ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
သို့ပေမယ့် သူ့လှုပ်ရှားမှုကိုပြန်ရုတ်ဖို့က နောက်ကျလွန်းသွားပြီဖြစ်သည်။
မဟုတ်လျှင် မိမိကိုယ်ကိုယ်သာ ပြန်ထိခိုက်စေလိမ့်မည်ဖြစ်သည်။
ထိပ်တိုက်သာတွေ့ဆုံရတော့မည်ဖြစ်သည်။
"ငါ့ မရှုံးနိုင်ဘူး..."
ရှုယို့ သူ့ကိုယ်သူအန္တရာယ်ထဲရောက်နေပြီး စစ်မှန်သည့်ကျွမ်းကျင်သူနှင့်ရင်ဆိုင်နေရတာ သိလိုက်၏။
မိုယွင်လင်းနှင့်ရင်ဆိုင်တုန်းကလို လုံးဝမဟုတ်ပေ။
သို့ပေမယ့် သူရှုံးလို့မဖြစ်ပေ။ မဟုတ်လျှင် နေမီးတောက်တောင်ကြားအဆင့်မြှင့်တင်ရာ၌ ရာဇဝတ်ကောင်ဖြစ်သွားမည်ဖြစ်သည်။
မိသားစုလည်းအရှက်ရပြီး အနာဂတ်ဆုံးရှုံးသွားမည်ဖြစ်သည်။
အား...
ခပ်နှိမ့်နှိမ့်ဟိန်းဟောက်လိုက်ပြီး ထိပ်တိုက်တွေ့ဆုံလိုက်၏။
တောက်ပသည့်ဓားအလင်းတန်း လက်ချောင်းထိပ်မှထွက်ပေါ်လာပြီး အဆုံးမရှိသည့်ထက်ရှမှုတွေထွက်ပေါ်နေကာ အရာရာကို ပိုင်းဖြတ်တော့မလိုပင်။
ချက်ချင်းပဲ မီးတောက်တွေအားလုံး ကွဲကျေသွား၏။
ဘုန်း...
ရှုယို့နောက်ပျံလွင့်သွားပြီး မြေကြီးနှင့်အပြင်းအထန်ဆောင့်ကာ အကြိမ်ရေများစွာလိမ့်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။
ထို့ပြင် စည်းအပြင်ဘက်ကိုရောက်နေပြီဖြစ်သည်။
သူရှုံးသွားပြီဖြစ်သည်။
"မဟုတ်ဘူး..."
ရှုယို့ ပါးစပ်ထောင့်မှသွေးသုတ်ပြီး ကုန်းရုန်းထကာ ကွင်းပြင်ထဲပြန်ဝင်ဖို့ပြင်လိုက်၏။
သို့ပေမယ့် နောက်တစ်ခဏ၌ သူ့အမူအရာ အကြီးအကျယ်ပြောင်းလဲသွား၏။
သူ့ခန္ဓာကိုယ်ကိုကြည့်လိုက်ရာ မျက်လုံးတွေ မယုံနိုင်မှုတွေ၊ ကြောက်ရွံ့မှုတွေနှင့် ပြည့်နှက်သွား၏။
ရှုး! ရှုး! ရှုး!
မရေမတွက်နိုင်သည့်ရွှေရောင်ဓားချီတွေ ခန္ဓာကိုယ်အတွင်းမှပေါက်ကွဲထွက်လာပြီး သွေးတွေ ဖြန်းပက်လာခဲ့သည်။
ယခင်အစွမ်းထက်ခန္ဓာကိုယ်မှာ ယခုတော့ အဝတ်စုတ်တစ်ခုကဲ့သို့ဖြစ်သွားခဲ့သည်။
ဘန်း!
ရှုယို့ မြေပြင်ပေါ်လဲကျပြီး သတိမေ့သွားတော့သည်။
ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်နေပြီး အသံတစ်သံမှမကြားရပေ။
အချိန်အတော်ကြာမှ တစ်စုံတစ်ယောက် နောက်ဆုံးမှာ အသိပြန်ဝင်လာခဲ့သည်။
ထိုသူမှာ ရှုမိသားစုခေါင်းဆောင် ရှုမင်းယန်ဖြစ်သည်။
"မဟုတ်ဘူး..."
ရှုမင်းယန်မျက်လုံးတွေနီရဲနေပြီး ရှုယို့ဆီအပြေးသွားကာ သွေးကြောတွေကို အလျှင်အမြန်စမ်းသပ်လိုက်၏။
ရှုယို့မသေသေးတာသိမှသာ အနည်းငယ် သက်ပြင်းချလိုက်သည်။
ထို့နောက် ခေါင်းမော့ပြီး မုန့်ချန်ချင်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
မသေသေးသော်လည်း ရှုယို့မှာဒဏ်ရာအပြင်းအထန်ရပြီး အရိုးတွေတောင် ထိခိုက်သွားခဲ့သည်။
အနာဂတ်ကျင့်ကြံရေးကို သေချာပေါက် ထိခိုက်မည်ဖြစ်သည်။
ရှုမင်းယန်ကိုယ်မှ စစ်မှန်ချီတွေ တစ်ဟုန်ထိုးထွက်ပေါ်လာပြီး ဤမုန့်ချန်ချင်းခေါ်သည့်ထိုက်ရွမ်ဂိုဏ်းတပည့်ကို ချက်ချင်း သတ်ချင်နေခဲ့သည်။
သို့ပေမယ့် မလုပ်ရဲပေ။
ကြည့်ရှုနေသူတွေကြား၌ ထိုက်ရွမ်းဂိုဏ်းမှကျွမ်းကျင်သူတွေရှိနေမည်ဖြစ်သည်။
သူသာလှုပ်ရှားလျှင် စည်းဖောက်ရာကျသွားပြီး ထိုက်ရွမ်ဂိုဏ်းက ရှုမိသားစုကို သေချာပေါက် သုတ်သင်မည်ဖြစ်သည်။
ထို့ပြင် နေမီးတောက်တောင်ကြားကလည်း ကြားဝင်ပေးမည်မဟုတ်ပေ။
"ဘုရားရေ, ရှုယို့တကယ်ရှုံးသွားပြီ..."
လူတွေ တဖြည်းဖြည်းအသိပြန်ဝင်လာပြီး မယုံနိုင်သည့်အသံတွေ ပေါက်ကွဲထွက်လာခဲ့သည်။
ဤမြင်ကွင်းက လုံးဝမမျှော်လင့်ထားသည့်အရာဖြစ်သည်။
အဆုံးမှာတော့ ရှုယို့က ပုန်းကွယ်နဂါးစာရင်းရှိ သန်မာသူတစ်ယောက်ဖြစ်သည်။
ထို့ပြင် ဤမုန့်ချန်ချင်းက... ကြားတောင်မကြားဖူးသည့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အသစ်လေးဖြစ်သည်။
နှစ်ယောက်ကြားကွာဟချက်က သိသာလွန်း၏။
သို့ပေမယ့် ရှုယို့ တစ်ကွက်တည်းဖြင့် ရှုံးသွားမည်ဟု မည်သူထင်ထားမည်နည်း။
ကလု...
ဆံထွေးမျိုချသံတွေ အဆက်မပြတ်ထွက်ပေါ်လာပြီး လူတိုင်းအကြည့်တွေ နေရောင်အောက်တောက်ပနေသည့် အဖြူဝတ်ပုံရိပ်ပေါ် အာရုံစိုက်လာခဲ့သည်။
"ဒီလူရှုယို့ကို စိန်ခေါ်ရဲတာ မအံ့သြတော့ပါဘူး.... ဒါလုံးဝမောက်မာတာမဟုတ်ဘူး, လုံလောက်တဲ့ခွန်အားရှိနေတာ..."
တစ်စုံတစ်ယောက် ရေရွတ်လိုက်ရာ ရှိနေသည့်လူတိုင်းအတွေးထဲ ပဲ့တင်ထပ်သွားသည်။
"မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း, ပြီးပြည့်စုံခြင်းအဆင့်..."
မျက်လုံးပိတ်နေသည့်ချွေးချန်း တစ်ချိန်တည်းမှာပဲ မျက်လုံးပွင့်လာပြီး မျက်နှာပေါ်မှာ လေးနက်မှုတွေရှိနေခဲ့သည်။
"ပြီးပြည့်စုံခြင်းအဆင့်?..."
သူ့ဘေးထိုင်နေသည့် ချွေးဖေထင် မနေနိုင်ပဲ မတ်တပ်ထရပ်ကာ အေးစက်မှုကို ခံစားလိုက်ရသည်။
မည်သည့်သိုင်းပညာမဆို ပြီးပြည့်စုံခြင်းအဆင့်ရောက်သွားလျှင် အကြီးအကျယ်ပြောင်းလဲသွားမည်ဖြစ်သည်။
ထို့ပြင် မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းမှာ မြေကမ္ဘာအဆင့်ထဲမှာတောင် ထိပ်တန်းဖြစ်၏။
ပြီးပြည့်စုံခြင်းအဆင့်ရောက်သွားသည့်အခါ ၎င်း၏စွမ်းအားမှာ စိတ်ကူးမကြည့်နိုင်အောင်ပင်။
"မင်းသေချာလား?...."
ချွေးဖေထင် မနေနိုင်ပဲ မေးလိုက်သည်။
"သေချာတယ်, လွန်ခဲ့တဲ့အချိန်တွေတုန်းက ငါ ထိုက်ရွမ်ဂိုဏ်းရဲ့ မွေးရာပါဓားခန္ဓာ လှုပ်ရှားတာမြင်ဖူးတယ်... ဒီအကွက်ကို သတ်ဖြတ်ခြင်းပုံရိပ်ယောင်ချိုးဖျက်ခြင်းလို့ ခေါ်တယ်... ဓားချီတွေကိုသိပ်သည်းပြီး အရာရာကိုထိုးဖောက်နိုင်တဲ့ စွမ်းအားကြီးသတ်ဖြတ်ရေးအကွက်ပဲ..."
"ပြီးတော့ ပြီးပြည့်စုံခြင်းအဆင့်ရောက်မှပဲ သုံးနိုင်တာ..."
ချွေးချန် ခေါင်းညိတ်လိုက်သည်။
"ဒီလူက အလျော့ပေးပြီး ရွှေရောင်ဓားချီနည်းနည်းပဲသုံးလိုက်တာ... မဟုတ်ရင် ရှုယို့ နေရာတင်ပေါက်ကွဲပြီး အစအနတောင်ကျန်မှာမဟုတ်ဘူး..."
"သန်မာလွန်းတယ်?..."
ချွေးဖေးထင်လက် အနည်းငယ်တင်းကြပ်သွား၏။
"မင်းကိုင်တွယ်နိုင်လား..."
"ငါ.. ကိုင်တွယ်နိုင်တယ်..."
ချွေးချန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
"မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကသန်မာပေမယ့် ငါလည်း မြေမီးတောက်နတ်နဂါးလေဆင်နှာမောင်း ကိုကျင့်ကြံထားတယ်... အဆင့်တူမှာသူ့ထက်နိမ့်ကျမှာမဟုတ်ဘူး.... ဒါ့ပြင် ငါလည်း ပြီးပြည့်စုံခြင်းအဆင့်ပဲ..."
ဤကဲ့သို့ပြောနေသော်လည်း ချွေးဖေထင်မျက်လုံးတွေ လေးနက်နေ၏။
သူက သူ့သားကို ကောင်းကောင်းသိ၏။
အမြဲတမ်းယုံကြည်မှုရှိသူဖြစ်ပြီး စကားကိုခွာပြောမည့်လူစားမျိုး မဟုတ်ပေ။
ယခုသူ့စကားပြောပုံအရ အကြွင်းမဲ့ယုံကြည်မှုမရှိတာသိသာ၏။
"ငါက ခရမ်းချဥ်သီးအပျော့လေးလာမယ်ထင်ထားတာ, ဘယ်သူထင်ထားမှာလဲ တကယ့်ပုန်းကွယ်နေတဲ့နဂါးတစ်ကောင်ရောက်လာမယ်လို့...."
ချွေးဖေးထင် ကွင်းပြင်အလယ်ကိုကြည့်လိုက်သည်။
နေရောင်ဖျော့ဖျော့အောက်ရှိ ထိုအဖြူဝတ်ပုံရိပ်က အလွန်အမင်းကို တောက်ပနေခဲ့သည်။