← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃)

နောက်ထပ်စိန်ခေါ်မှု

"ဘုရားရေ..."

အဖြူဝတ်ပုံရိပ်ကိုကြည့်ပြီး မိုယွင်လင် မနေနိုင်ပဲ ချွေးပြန်လာ၏။

မကြာခင်ပဲ တစ်ခုခုကိုနားလည်ကာ ပါးစပ်ဖြင့်လက်ဖြင့်ကာပြီး မျက်လုံးတွေကပြူးကျယ်နေခဲ့သည်။

မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း ပြီးပြည့်စုံခြင်းအဆင့်...

ဤဓားသိုင်းက လေ့ကျင့်ရဘယ်လောက်ခက်လဲဆိုတာ သူမကောင်းကောင်းသိ၏။

အရင်းအမြစ်များစွာလိုအပ်ရုံသာမက များပြားသည့်အတွေးအမြင်တွေလည်း လိုအပ်သည်။

ကျွမ်းကျင်သွားသည့်အခါ၌ စွမ်းအားက အံ့အားသင့်ဖွယ်ဖြစ်သော်လည်း ခက်ခဲမှုကလည်း အလွန်မြင့်သည်။

အစက သူမလည်း ထိုဓားသိုင်းကိုရွေးချယ်ခဲ့ပေမယ့် နောက်ပိုင်း၌ အကုန်အကျများလွန်း၍ လက်လျော့ခဲ့သည်။

အမှန်တော့ စိတ်ဝိညာဥ်တောင်ထိပ်တပည့်အများစုမှာ အစပိုင်း၌ ၎င်းကိုရွေးချယ်ခဲ့ပေမယ့် အနည်းငယ်သာ အဆုံးထိ လေ့ကျင့်နိုင်ခဲ့တာဖြစ်သည်။

သူမသိသလောက်ဆိုလျှင် စစ်မှန်တပည့် ၃ ယောက် ၄ ယောက်သာ ဆက်ကျင့်ကြံနေသေး၏။

ထို့ပြင် ယခု စစ်မှန်တပည့်သစ်မုန့်ချန်ချင်းက ဤကဲ့သိုအချိန်တိုအတွင်း အောင်မြင်သွားခဲ့ပြီဖြစ်သည်။

ထိုအရာက သူမနားလည်နိုင်စွမ်းကို အသစ်တဖန်ဖြစ်သွားစေ၏။

သို့ပေမယ့် မုန့်ချန်ချင်း၏ ဓားချီနားလည်နိုင်သည့်ကြောက်မက်ဖွယ်နားလည်နိုင်စွမ်းကြောင့် သူမတွန့်ဆုတ်စွာပဲ နားလည်ပေးလိုက်သည်။

အရင်းအမြစ်တွေအတွက်တော့ ဂိုဏ်းထဲရှိအထက်လူကြီးအချို့မှ ထုတ်ပေးတာဖြစ်နိုင်၏။

အဆုံးမှာတော့ ဤကဲ့သို့မကောင်းဆိုးဝါးပါရမီရှင်တစ်ယောက်အတွက် ဂိုဏ်းအထက်လူကြီးတွေက သေချာပေါက် ထောက်ပံ့ပေးမည်ဖြစ်သည်။

"အနိုင်ရရှိသူ ထိုက်ရွမ်ဂိုဏ်းမုန့်ချန်ချင်း..."

တာဝန်ခံကြေညာလိုက်၏။

ထိုသူ၏ဝတ်စုံမှာအတော်လေးအထူးဖြစ်ပြီး ရှုမိသားစုမှမဟုတ်သလို အဓိကအင်အားစုကြီးလေးခုမှလည်း မဟုတ်ပေ။

ကျောဘက်၌ အသင်္ချေသရုပ်သဏ္ဍာန် ဟူသော စကားလုံးတွေကို ရေးထိုးထားခဲ့သည်။

ရွစ်! ရွစ်! ရွစ်!

ရွှေရောင်ဓားချီရာနှင့်ချီ ဒန်ထျန်ထဲသို့ ပြန်ရောက်လာပြီး မုန့်ချန်ချင်းလည်း လက်ကိုဖြည်းညင်းစွာအောက်ချလိုက်၏။

မလာခင်ကတည်းက ဤအရာက ခရမ်းချဉ်သီးပျော့တွေဟု သိခဲ့ပေမယ့် လက်တွေ့မှာတော့ ပိုပျော့နေတာ သိခဲ့ရသည်။

ထိုကောင်က တစ်ကွက်တောင်မခုခံနိုင်ပေ။

ဓားချီမပြောနှင့် သူက ခါးရှိ အဆင့်မြင့်စိတ်ဝိညာဥ်ဓားကိုတောင် အသုံးမပြုလိုက်ရပေ။

သန့်စင်သည့်သိုင်းပညာဖြင့်သာ အနိုင်ယူခဲ့တာဖြစ်သည်။

ဓားနည်းစနစ်ပြီးပြည့်စုံသည့်အဆင့်ရောက်သွားသည့်အခါ များစွာသောအစွမ်းထက်ဓားကွက်တွေကို အသုံးချလာနိုင်မည်ဖြစ်သည်။

ဥပမာ, အစောပိုင်း "ဓားတစ်သောင်းစုဝေးခြင်း" က အသန်မာဆုံးဖြစ်သည်။

ဒုတိယက "သတ်ဖြတ်ခြင်းပုံရိပ်ယောင်ချိုးဖျက်ခြင်း"ဖြစ်သည်။

အတွေးတွေစုစည်းပြီး မုန့်ချန်ချင်း ကွင်းပြင်ထဲမှထွက်မသွားပေ။

ထိုအစားပုံရိပ်နှစ်ခုရပ်နေသည့် စင်မြင့်ထက်ကိုကြည့်လိုက်သည်။

"မင်းက ပုန်းကွယ်နဂါးစာရင်းအဆင့် ၃၈ က ချွေးချန်းပဲဖြစ်မယ်..."

မုန့်ချန်ချင်း အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

ဤအရာကိုကြားသည့် ချွေးချန် ခြေလှမ်းအနည်းငယ်ရှေ့ထွက်လာပြီး မုန့်ချန်ချင်းနှင့် အကြည့်ချင်းဆုံလိုက်၏။

"အသေအချာပဲ..."

"ဒါဆိုစိန်ခေါ်လို့ရတယ်မလား..."

မုန့်ချန်ချင်း အကြည့်ပြန်ရုတ်ပြီး တာဝန်ခံကိုကြည့်လိုက်သည်။

"ရတယ်..."

တာဝန်ခံခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ, လူတိုင်းဒီနေရာမှာရှိနေမှတော့ ဆက်စိန်ခေါ်ကြတာပေါ့...."

မုန့်ချန်ချင်း လက်နှောက်ပစ်ထားပြီး ဖြည်းညင်းစွာပြောလိုက်သည်။

သူ့စကားသံထွက်ပေါ်လာသည့်အခါ တစ်နေရာလုံး နောက်တစ်ကြိမ်တိတ်ဆိတ်သွားပြီး အချိန်ခဏကြာမှသာ ပြန်လည်ဆူညံလာခဲ့သည်။

"ဘုရားရေ, ဒီကောင် တကယ် နောက်တစ်ကြိမ်စိန်ခေါ်ရဲတာပဲ...."

"ပြီးတော့ ချွေးချန်းကိုစိန်ခေါ်နေတယ်..."

"ချွေးချန်းဘယ်သူလဲဆိုတာကော သိရဲ့လား.... သူက ပုန်းကွယ်နဂါးစာရင်း အဆင့် ၃၆မှာ... ၈၀ ကျော်မှာရှိတဲ့ရှုယို့နဲ့ ယှဥ်လို့ရတာမဟုတ်ဘူး...."

လူအုပ်တုန်လှုပ်သွားကြ၏။

ပုန်းကွယ်နဂါးစာရင်းအဆင့်ပိုမြင့်လာလေလေ စွမ်းအားပိုသန်မာလေလေဖြစ်သည်။

ထိုအဆင် ၃၀ နားတွေက သံသယမရှိအောင် အလွန်သန်မာကြပြီး အစစ်အမှန်ပါရမီရှင်တွေဖြစ်ကြသည်။

"ဒါပေမယ့် သူက ရှုယို့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တာလေ.... ချွေးချန်းကို စိန်ခါ်ကောင်း စိန်ခေါ်နိုင်လိမ့်မယ်...."

ချက်ချင်းပဲ လူများစွာ တိတ်ဆိတ်သွား၏။

"အရမ်းအစွမ်းထက်တာပဲ..."

မိုယွင်လင် မုန့်ချန်ချင်းစကားကြားတော့ သူမမျက်လုံးတွေ တောက်ပသွား၏။

ငါ့ဂျူနီယာမောင်အားလုံးက အခုလို့ရဲရင့်ကြတာလား?...

တစ်ယောက်ပြီးသည်နှင့် နောက်တစ်ယောက်ကို ဆက်လက်စိန်ခေါ်နေခဲ့သည်။

တော်သေးတာပေါ့, ဂျူနီယာမောင်လေးဒီနေရာမှာရှိနေလို့...

မဟုတ်ရင် ဒီနေ့ကိစ္စခံရခက်ပြီ...

ပတ်ဝန်းကျင်ရှိသံသယတွေကိုကြားသည့်အခါ မိုယွင်လင်ထပ်ခါထပ်ခါ လှောင်ပြောင်လိုက်၏။

'မျက်လုံးဖင်ရောက်နေတဲ့လူတစ်သိုက်ပဲ...'

'မုန့်ချန်ချင်းဘယ်သူလဲဆိုတာကော သိရဲ့လား...'

'သူက ဓားချီကိုနားလည်ထားတဲ့ပါရမီရှင်ပဲ...'

'ဓားချီဆိုတာကကော ဘာလဲသိလား....'

'အဲ့ဒါက ဒဏ္ဍာရီလာသိုင်းစွမ်းအားဟဲ့...'

'ပုန်းကွယ်နဂါးစာရင်းမှာတောင် ထိပ်တန်း ၃၀ပဲ ပိုင်ဆိုင်နိုင်တာ...'

'ပြီးတော့ အကုန်လုံးက တာအိုဖန်တီးခြင်းနယ်ပယ်တွေပဲ...'

'ဒါကြောင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာ မုန့်ချန်ချင်းက ပြိုင်ဘက်ကင်းပဲ....'

သူမက မုန့်ချန်ချင်းစစ်မှန်တပည့်ဖြစ်တာမကြာသေး၍ အဆင့်မြင့်သိုင်းပညာမကျင့်ကြံရသေးမှာကို စိုးရိမ်ခဲ့၏။

သို့ပေမယ့် ယခုတော့ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိခဲ့သည်။

ထိုအရာကို မည်သူက ခုခံနိုင်မည်နည်း။

နတ်ဘုရားတွေ့ နတ်ဘုရားသတ်ခံရမည်ဖြစ်ပြီး ဗုဒ္ဓနှင့်တွေ့ ဗုဒ္ဓတွေ သတ်ခံရမည်ဖြစ်သည်။

သူမတွေးလေလေ မိုယွင်လင် ပိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။

ထို့ပြင် သူမစိတ်ထဲရှိ မုန့်ချန်ချင်းနေရာကလည်း တစ်ဟုန်ထိုးမြှင့်တက်လာပြီး ကောင်းကင်နှင့်ပခုံးချင်းယှဥ်နိုင်လုနီးပါးဖြစ်သွားခဲ့သည်။

နောက်ရှိ မိုယွင်လင်း သူ၏မိန်းခလေးပရိတ်သတ်ဖြစ်လာတာကို မုန့်ချန်ချင်းကတော့ သဘာဝအတိုင်းမသိပေ။

ဤအခိုက်အတန့်၌ သူက တစ်ဖက်ပြန်လှည့်လာပြီး စင်မြင့်ထက်ကိုကြည့်လိုက်သည်။

"လူငယ်လေး, အရမ်းကြီးနိုင်လိုစိတ်မပြင်းနဲ့...."

ချွေးဖေးထင် လှောင်ပြောင်လိုက်၏။

အစောပိုင်းချွေးချန်တုံ့ပြန်မှုသာ အလွန်ယုံကြည်မှုရှိနေခဲ့လျှင် သူက ဤကဲ့သို့စကားမျိုးပြောမည်မဟုတ်ပေ။

သို့ပေမယ့် ယခုချိန်၌ ချွေးချန်က ပုန်းကွယ်နဂါးအဆင့်မြင့်နေရာကို ရောက်ရုံလေးရောက်နေရာ ကျန်းယွဲ့အဆောက်အဦးလည်း နေမီးတောက်တောင်ကြားထိပ်သီးကျွမ်းကျင်သူများ၏ အမြင်ထဲဝင်ရောက်လာခဲ့တာဖြစ်သည်။

အနာဂတ်က တောက်ပပြီး ကြီးပွားတိုးတက်ဖို့ ရှိနေခဲ့သည်။

သူသာရှုံးသွားလျှင် အရာအားလုံး အချည်းနှီးဖြစ်သွားပြီး ကြီးပွားချမ်းသာမှုတွေလည်း ဆုံးရှုံးသွားမည်ဖြစ်သည်။

ထို့ကြောင့် သူက နောက်တိုက်ပွဲကို အဖြစ်စေလိုပေ။

"အနိုင်လိုစိတ်ပြင်းထန်မှုက လူတိုင်းစိတ်ထဲမှာ ကိန်းအောင်းနေတယ်လို့ ကျွန်တော်အမြဲခံစားမိတယ်... တကယ်လို့မရှိဘူးဆိုခဲ့ရင်, အဲ့တာ စွမ်းရည်မရှိတာလို့ ဆိုလိုနေတာပဲ..."

မုန့်ချန်ချင်းဖြေညင်းစွာပြောလိုက်သည်။

သူ့အသံက ကွင်းပြင်တစ်လျှောက်ပဲ့တင်ထပ်နေခဲ့သည်။

ဤစကားကြောင့် လူတိုင်းတုန်လှုပ်သည့်အမူအရာတွေ ပြသလာကြ၏။

ဤကဲ့သို့စကားမျိုးက လူတိုင်းပြောရဲသည့်အရာမဟုတ်ပေ။ အလွ်အမင်းမြင့်မားသည့် ယုံကြည်ချက်နှင့်ခွန်အားလိုအပ်၏။

တာဝန်ခံတောင် မနေနိုင်ပဲ မုန့်ချန်ချင်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။

ထို့ပြင် ကြည့်ရှုရေးထိုင်ခုံ၌ မီးခိုးရောင်ဝတ်လူအိုကြီးတစ်ယောက် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

"အရမ်းခန့်ညားတာပဲ..."

မိုယွင်လင်မျက်လုံးတွေ မုန့်ချန်ချင်းပုံရိပ်ပြောင်းလုနီးပါးဖြစ်နေခဲ့သည်။

"မင်း..."

ချွေးဖေထင် မုန့်ချန်ချင်းစကားကြောင့် တစ်ခဏ ပြောစရာစကားမရှိဖြစ်သွား၏။

"ငါ မင်းစိန်ခေါ်တာကို လက်ခံတယ်..."

ချွေးချန်း ကွင်းပြင်ထဲဆင်းသက်လိုက်၏။

သူ့က ငြင်းဆန်ဖို့အကြောင်းပြချက်မရှိသလို အရှုံးလည်းမခံနိုင်ပေ။

တိုက်ပွဲကွင်းပြင်က အမှန်တော့ အတော်လေးကျယ်ပြီး မီတာ ၁၀၀ ပတ်လည်ရှိ၏။

မဟုတ်လျှင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် သိုင်းပညာရှင်နှစ်ယောက်၏တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။

ထို့ပြင် အသုံပြုထားသည့်ပစ္စည်းတွေကလည်း အထူးအမျိုးအစားတွေဖြစ်၍ အလွယ်တကူထိခိုက်စေမည်မဟုတ်ပေ။

"စတင်..."

တာဝန်ခံ ညာလက်ဝှေ့ယမ်းပြလိုက်၏။

စကားသံထွက်ပေါ်လာသည်နှင့် နေရာတစ်ခုလုံးအလွန်အမင်းတိတ်ဆိတ်သွားသည်။

လူတိုင်း ကွင်းပြင်ရှိနှစ်ယောက်ကို အာရုံစိုက်ကြည့်နေကြပြီး အသက်ရူသံတွေရပ်တန့်နေသလိုပင်။

အဆုံးမှာတော့ ဤအရာက ပုန်းကွယ်နဂါးစာရင်း အဆင့် ၃၇ရှိ တိုက်ပွဲတစ်ခုဖြစ်၏။

၎င်းမှာ အလွန်မြင့်သည့်သိုင်းပညာစွမ်းပကားကို ကိုယ်စားပြုပြီး ရှုယို့နှင့်တိုက်ပွဲယှဥ်နိုင်သည့်အရာ မဟုတ်ပေ။

အခန်း (၉၄)

အကောင်းဆုံးလုပ်သင့်တာမင်း, ငါမဟုတ်ဘူး

ကွင်းပြင်၌ မုန့်ချန်ချင်း အဝေးရှိချွေးချန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

တစ်ချိန်တည်းမှာပဲ သူက ချွေးချန်း၏အချက်အလက်ဇယားကိုကြည့်လိုက်သည်။

အခြေခံအချက်အလက်-

[အမည်- ချွေးချန်း]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၉]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၂]

[နားလည်နိုင်စွမ်း- သာလွန်]

[မွေးရာပါစွမ်းရည်- ဝိညာဥ်ခြေလှမ်း]

[သိုင်းပညာနှင့်နည်းစနစ်- မြေမီးတောက်နတ်နဂါးလေဆင်နှာမောင်း(ပြီးပြည့်စုံခြင်းအဆင့်)၊ မီးလေထိန်းချုပ်ရေးနည်းစနစ်(ကျွမ်းကျင်)၊...]

"စွမ်းရည်တွေကတော့မဆိုးပါဘူး, ပါရမီစွမ်းရည်တောင်ပါသေးတယ်...."

မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်၏။

"ဝိညာဥ်ခြေလှမ်း...နာမည်အတိုင်းဆို သူ့ခြေထောက်တွေက သဘာဝအတိုင်းလျှင်မြန်သွက်လက်နေတာပေါ့... အဲ့ထက်ပိုလောက်တယ်...အဆုံးမှာတော့ ဒေါ်လေးဆီကရခဲ့တဲ့ ဝိညာဥ်မျက်လုံးကလည်း ဝိညာဥ်ဆိုတဲ့စကားလုံးနဲ့စတာပဲ... သူတို့ရဲ့လုပ်ဆောင်ချက်တွေက ကျွမ်းကျင်လက် ဒါမှမဟုတ် သံမဏိလက်တွေထက် အများကြီးသာတယ်..."

"အခြေခံအချက်အလက်တွေကတော့ ရှုယို့နဲ့အတူတူပဲ... ဒါကြောင့် ဒီကောင် ပုန်းကွယ်နဂါးစာရင်းမှာ အဆင့် ၃၈ ရတာ ဒီဝိညာဥ်ခြေလှမ်းကြောင့်ပဲနေမှာ...."

မုန့်ချန်ချင်းအကြည့် ပြိုင်ဘက်ခြေလှမ်းအပေါ် ကျရောက်သွား၏။

ထိုအခါ ချွေးချန်း အပြာရောင်အဆင့်မြင့်ဖိနပ်တစ်စုံစီးထားတာမြင်လိုက်၏။ ၎င်းအပေါ်၌ များစွာသောထူးဆန်းသည့်ပုံစံမျိုးစုံ ထွင်းထုထားခဲ့သည်။

အရေးကြီးဆုံးက ၎င်းတို့မှသန်မာသည့်စိတ်ဝိညာဥ်စွမ်းအင်တွေထုတ်လွတ်နေတာဖြစ်သည်။

သိသာစွာပင်, အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်တွေပင်။

"စိတ်ဝိညာဥ်တောင်ထိပ် စစ်မှန်တပည့်တွေထဲမှာ ဒီလိုကျွမ်းကျင်သူတစ်ယောက်ရှိဖို့ မျှော်လင့်မထားဘူး...."

ချွေးချန်း လက်နှောက်ပစ်ထားပြီး မျက်လုံးတွေထဲ၌ ခပ်ဖျော့ဖျော့အလင်းရောင်တွေ တောက်ပနေ၏။

သူ့အော်ရာတစ်ခုလုံးက တဖြည်းဖြည်းပြင်းထန်လာခဲ့သည်။

"တကယ်အံ့အားသင့်စရာပဲ..."

မုန့်ချန်ချင်းဖြည်းညင်းစွာပြောလိုက်သည်။

"ဒါပေမယ့် ငါ့ကိုအနိုင်ယူဖို့ကတော့ မလုံလောက်သေးဘူး...."

ချွေးချန်း ပြောလိုက်သည်။

"ငါတို့တိုက်ပြီးရင် သိရမှာပါ..."

မုန့်ချန်ချင်း ခါးမှဓားရှည်ကို ဆွဲထုတ်လိုက်၏။

သူခံစားနိုင်၏။

သူ့ရှေ့ရှိလူက သေချာပေါက် ရှုယို့ယှဥ်နိုင်သည့်လူမဟုတ်ပေ။ ထို့ထက် ရွှေနီကဲ့သို့ထူးချွန်သည့်ပါရမီရှင်တစ်ယောက်ပင်။

ထိုကောင်လည်း ကောင်းမွန်သည့်ဓားသွေးကျောက်တစ်ခုဖြစ်နိုင်၏။

"မင်းဆန္ဒအတိုင်းပဲ..."

ချွေးချန်း မျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။

ထို့နောက် ခြေထောက်အောက်မှမီးတောက်တွေထွက်ပေါ်လာပြီး ကောင်းကင်ထိတိုင်မြင့်တက်သွားခဲ့သည်။

နဂါးဟိန်းသံ ခပ်သဲ့သဲ့တောင် ကြားရတာပဲဖြစ်သည်။

"မြေမီးတောက်နတ်နဂါး- မီးတောက်ဓား..."

ဤစကားတွေဖြင့် မီးတောက်တွေအသက်ဝင်လာသကဲ့သို့ ဒေါသတကြီးဟိန်းဟောက်သံတွေ ထုတ်လွတ်လာခဲ့သည်။

ထို့ပြင် ချွေးချန်းလည်း မူလနေရာမှပျောက်ကွယ်သွားခဲ့သည်။

ပြန်ပေါ်လာသည့်အခါ မုန့်ချန်ချင်းရှေ့ကို ရောက်နေပြီဖြစ်သည်။

ထို့နောက် ဧရာမမီးတောက်ဓားကြီးတွေကဲ့သို့သော သူ၏ထက်ရှသည့်ခြေထောက်တွေဖြင့် မုန့်ချန်ချင်းဦးခါင်းကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ထန်!

မုန့်ချန်ချင်း လက်မြောက်ပြီး စိတ်ဝိညာဥ်ဓားဖြင့်တားလိုက်ရာ မီးပွားတွေလွင့်စင်ကုန်၏။

"မီးလေထိန်းချုပ်ခြင်း- ဒဏ်ရာရခန္ဓာ..."

ချွေးချန်းမျက်လုံးထဲမီးတောက်တွေမြှင့်တက်လာပြီး ခန္ဓာကိုယ်ရုတ်တရက်ဝေဝါးသွားကာ ချက်ချင်းပဲ ဒါဇင်နှင့်ချီသည့်ပုံရိပ်တွေအဖြစ် ပြာင်းလဲသွား၏။

ပုံရိပ်တစ်ခုချင်းစီ၏အော်ရာက မူလခန္ဓာကိုယ်နှင့် ထပ်တူလုနီးပါးဖြစ်ပြီး ခွဲခြားဖို့ ခက်ခဲသည်။

ဝှစ်!

ပုံရိပ်အားလုံး မုန့်ချန်ချင်းကို အရပ်မျက်နှာအသီးသီးမှတိုက်ခိုက်လိုက်ပြီး ဟာကွက်မရှိပေ။

"ခြေလှမ်းကောင်းပဲ..."

မုန့်ချန်ချင်းမျက်လုံးတွေ တောက်ပသွား၏။

"ဒါ နေမီးတောက်တောင်ကြားရဲ့ အစွမ်းထက်နည်းစနစ်တွေထဲက တစ်ခုဖြစ်လောက်မယ်... တကယ်ကိုအစွမ်းထက်တာပဲ... ဒီလိုခြေလှမ်းနည်းစနစ်မျိုးနှင့်ရင်ဆိုင်ရရင် သာမန်လူတွေ အစစ်နဲ့အတုကိုခွဲခြားဖို့ အတော်လေးခက်ခဲမှာ..."

သို့ပေမယ့်....

"ဝိညာဥ်မျက်လုံး,ဖွင့်..."

မုန့်ချန်ချင်းမျက်လုံးတွေ စိတ်ဝိညာဥ်အလင်းရောင်တွေထုတ်လွတ်လာပြီး ပုံရိပ်ယောင်တွေထိုးဖောက်မြင်လာသကဲ့သို့ အစစ်အမှန်ကို တိုက်ရိုက်မြင်လိုက်၏။

ဤအခိုက်အတန့်, သူ့အမြင်၌ ပုံရိပ်အားလုံးပျောက်ကွယ်သွားပြီး ဘယ်ဘက်မှပုံရိပ်တစ်ခုသာ ကျန်တော့၏။

"မင်းကိုတွေ့ပြီ..."

မုန့်ချန်ချင်း ဓားဆွဲထုတ်ပြီး ကြီးမားသည့်ဓားဘီးကြီးတစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။

ထိုအခါ ဓားဘီးမှာ ကြာပန်းပွင့်ကဲ့သို့လည်ပတ်လာပြီး သိပ်သည်းသည့်ရွှေရောင်ဓားချီတွေ ချွေးချန်းကို ချက်ချင်းပဲ ဖုံးလွမ်းသွားခဲ့သည်။

"မဟာနက်နဲခြင်း- ကောင်းကင်ကြာပန်းဓားဘီး..."

ဘုန်း!

မီတာ ၁၀၀ ကျယ်သည့်ကွင်းပြင်ကြီးတစ်ခုလုံးတုန်ခါလာပြီး ဖုန်တွေတထောင်းထောင်းထလာကာ ကျောက်တုံးတွေကွဲကြေကုန်၏။

ထူထည်းသည့်ဖုန်မှုန့်တွေထဲ၌....

ပုံရိပ်တစ်ခုပျံလွင့်လာခဲ့သည်။ ထိုအရာကချွေးချန်းပင်။

ဤအခိုက်အတန့်၌ သူ့ပုံစံမှာ အတော်လေးရှက်စရာကောင်းနေခဲ့သည်။

အဝတ်အစားတွေစုတ်ပြဲနေပြီး ကိုယ်ပေါ်၌ဓားရာအများအပြားရှိနေရာ သွေးတွေအဆက်မပြတ်စီးထွက်နေ၏။

"မင်း ဘယ်လိုမြင်တာလဲ..."

ချွေးချန် အတော်လေး မယုံနိုင်ဖြစ်နေ၏။

သူက အရင်ကကဲ့သို့တည်ငြိမ်မနေတော့ပေ။

မီးလေထိန်းချုပ်ရေးနည်းစနစ်ကို ကျွမ်းကျင်အဆင့်ထိလေ့ကျင့်ပြီးကတည်းက အဆင့်တူ၌ ချက်ချင်းမြင်နိုင်သည့်လူ မရှိလုနီးပါးပင်။

သူတို့က ပုံမှန်ဆိုအားနည်းချက်ကိုမြင်ရဖို့ အချိန်အတော်ကြာလိုအပ်၏။ သို့ပေမယ့် မုန့်ချန်ချင်းကတော့ ခဏနှင့်တန်းတွေ့သွားခဲ့သည်။

"မှန်းကြည့်လေ..."

မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။

ဤအရာကိုကြားသည့်အခါ ချွေးချန်းမျက်နှာ ရုတ်တရက် မဲမှောင်သွား၏။

ဤကောင်က သူစိတ်ကူးထားတာထက်ပိုကြောက်စရာကောင်းတာကို ရုတ်တရက်နားလည်လိုက်သည်။

သူ၏ခြေလှမ်းနည်းစနစ်က အလုပ်မဖြစ်မှတော့ အစစ်အမှန်စွမ်းရည်ကို အသုံးပြုရတော့မည်ဖြစ်သည်။

"မုန့်ချန်ချင်း, မင်းက မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ထားပေမယ့် ငါ့မြေမီးတောက်နတ်နဂါးလေဆင်နှာမောင်းကလည်း မင်းထက်မနိမ့်ဘူး..."

ချွေးချန်း ပြောလိုက်သည်။

ဤစကားနှင့် ချွေးချန်း ခြေဖျားထိပ်ကိုမကာ လေထဲသို့ပျံတက်သွား၏။

ထို့နောက် ခြေထောက်အောက်မှ ထူးဆန်းသည့်စစ်မှန်ချီတွေတစ်ဟုန်ထိုးထွက်ပေါ်လာပြီး အကန့်သတ်မဲ့မီးပင်လယ်အဖြစ်ပြောင်းလဲသွားခဲ့သည်။

"မြေမီးတောက်နတ်နဂါး- မိုးပြာနဂါးရစ်ပတ်ခြင်း..."

ဝေါင်း...

မီးပင်လယ်ထဲ၌ ကြီးမားသည့်မီးတောက်နဂါးကြီးတစ်ကောင်ထွက်ပေါ်လာပြီး မီတာရာချီရှည်လျား၏။

၎င်းက ကောင်းကင်၌ပျံဝဲနေပြီး ကြမ်းကြုတ်ကြောက်စရာကောင်းသည့်အော်ရာထုတ်လွတ်နေကာ ရှိနေသည့်လူတိုင်းကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေခဲ့သည်။

"ကြည့်ရတာ ဒါက မြေမီးတောက်နတ်နဂါးလေဆင်နှာမောင်းရဲ့ အသန်မာဆုံးအကွက်ထင်တယ်..."

တစ်စုံတစ်ယောက် အာမေဠိတ်သံပြုလိုက်သည်။

"ဟုတ်တယ်, ဒီအကွက်ကို မိုးပြာနဂါးရစ်ပတ်ခြင်းလို့ခေါ်ပြီး အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်တယ်... အရမ်းကြောက်စရာကောင်းတယ်..."

"ချွေးချန်း ဒါကို ဒီလောက်မြန်မြန်သုံးမယ်လို့ မမျှော်လင့်ထားဘူး... ဒီအကွက်နဲ့ အနိုင်ယူဖို့ စီစဥ်ထားတယ်နဲ့တူတယ်..."

"ဖြစ်နိုင်တယ်... ဒီကောင်မုန့်ချန်ချင်းက တကယ် အစွမ်းထက်တယ်... ချွေးချန်းကို ဒီအခြေအနေထိ တွန်းပို့နိုင်တယ်..."

ကြည့်ရှုသူတွေထဲ၌ လူများစွာ အံ့အားသင့်နေကြသည်။

စကားပုံအတိုင်း ပထမဆုံးထင်မြင််ချက်က အသန်မာဆုံးဖြစ်သည်။

မုန့်ချန်ချင်း ရှုယို့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သော်လည်း သူတို့က မသိစိတ်အရ ချွေးချန်းက ပိုသန်မာသည်ဟု ထင်နေဆဲဖြစ်သည်။

သို့ပေမယ့် မည်သူထင်ထားမည်နည်း, တိုက်ပွဲစတာမကြာသေး ချွေးချန်း သူ၏အသန်မာဆုံးနည်းစနစ်ထုတ်သုံးဖို့ ဖိအားပေးခံခဲ့ရသည်။

"ငါ့သား..."

ချွေးဖေထင် ပိုပြီးစိုးရိမ်လာ၏။

"မုန့်ချန်ချင်း, မင်းရဲ့ ဓားတစ်သောင်းစုဝေးခြင်း ငါ့ကိုပြစမ်းပါ..."

ချွေးချန်းခြေထောက်အောက်၌ မီးတောက်တွေတောက်လောင်နေပြီး လေထဲ၌ တစ်ခဏပျံဝဲနေခဲ့သည်။

သူ့နောက်ဘက်၌ ကြီးမားသည့်မီးတောက်နဂါးကြီးတစ်ကောင်ရှိနေပြီး မျက်လုံးတွေက တိုက်ခိုက်လိုစိတ်တွေနှင့် ပြည့်နှက်နေခဲ့သည်။

"ဒီလောက်မြန်တယ်လား..."

မုန့်ချန်ချင်း အနည်းငယ် အကူညီမဲ့သွား၏။

သူက အချိန်ကြာကြာတိုက်ခိုက်ချင်ခဲ့တာဖြစ်သည်။

အဆုံးမှာတော့, ဤကဲ့သို့သန်မာသည့်ပြိုင်ဘက်နှင့်တွေ့ရဖို့က မလွယ်ပေ။

ပိုကြာကြာတိုက်ခိုက်တာက သူ့အား အတွေ့အကြုံနှင့် အတွေးအမြင်တွေ ပေးစွမ်းမည်ဖြစ်သည်။

သို့ပေမယ့် ပြိုင်ဘက်က စိတ်မရှည်တော့ပေ။

တစ်ကွက်လေးနောက်ဆုတ်သွားရုံဖြင့် ဝှက်ဖဲကို ချက်ချင်းထုတ်သုံးလာခဲ့သည်။

"ဒီလိုဆိုမှတော့လည်း, အဆုံးသတ်လိုက်ကြတာပေါ့..."

မုန့်ချန်ချင်း ဓားအလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ ကောင်းကင်သို့ပျံတက်လာပြီး ချွေးချန်နှင့် မျက်နှာချင်းဆိုင်လိုက်၏။

သူ့ဒန်ထျန်ထဲရှိ ဓားသန္ဓေသားလည်း ရူးသွပ်စွာလည်ပတ်လာပြီး မရေမတွက်နိုင်သည့် ရွှေရောင်ဓားချီတွေ ပေါက်ကွဲထွက်လာခဲ့သည်။

အသက်ရူမှားလောက်သည့်မြင်ကွင်းပင်။

လေထဲ၌ များပြားသည့်ဧရာရွှေရောင်ဓားကြီးတွေ ပျံဝဲနေပြီး ဓားပင်လယ်ကဲ့သို့ ပြည့်ညှပ်နေခဲ့သည်။

အော်ရာအရ ချွေးချန်းမီးနဂါးကို ကျော်လွန်နေခဲ့သည်။

"ဒီတော့ ဒါက ဓားတစ်သောင်းစုဝေးခြင်းပေါ့..."

ချွေးချန် အနည်းငယ် လက်သီးဆုပ်လိုက်၏။

ယခင်သူမြင်ဖူးသည့် မွေးရာပါဓားခန္ဓာတုန်းကလို ကြီးကျယ်ခမ်းနားလှ၏။

သို့ပေမယ့် သူ့ကျင့်ကြံရေးက သာမန်မဟုတ်တော့ပဲ မွေးရာပါပါရမီလည်းရှိနေပြီဖြစ်သည်။

ဘုန်း!

အတွေးတစ်ခုနှင့် သူ့ခြေထောက်အောက်၌ ကြက်သွေးရောင်ပုံသဏ္ဍာန်တွေ ပေါ်လာပြီး နောက်ရှိ မီးနဂါးကြီးလည်း ပိုလို့တောင်ကြီးလာခဲ့သည်။

အော်ရာတစ်ခုတည်းနှင့်တင် ၎င်းမှာဓားပင်လယ်နှင့်ယှဥ်နိုင်စွမ်းရှိနေပြီး အနည်းပင်သာလွန်နေခဲ့သည်။

"ကြည့်ရတာ မုန့်ချန်ချင်းတော့ ရှုံးတော့မယ်..."

ကြည့်ရှုနေသူအများစု မနေနိုင်ပဲ မှတ်ချက်ပေးလိုက်၏။

ဓားတစ်သောင်းစုဝေးခြင်းနှင့် မိုးပြာနဂါးရစ်ပတ်ခြင်းနှစ်ခုလုံးမှာ နှစ်ယောက်လုံး၏ အသန်မာဆုံနည်းစနစ်တွေဖြစ်သည်။

ထို့ပြင် ယခု မိုးပြာနဂါးရစ်ပတ်ခြင်းမှာ အထက်ဆီးရနေခဲ့သည်။

"ချွေးချန်က သာမန်ပါရမီရှင်တွေနဲ့မတူဘူး... သူ့ခြေထောက်မှာ ခြေထောက်စွမ်းအားနည်းစနစ်တွေရဲ့စွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ ထူးဆန်းတဲ့စွမ်းအားတစ်ခု ရှိနေပုံပဲ..."

"ဒါက ဘာလို့ဆို သူက ထိပ်တန်းပါရမီရှင်ဖြစ်နေလို့ပဲ..."

"ပြောကြတာတော့ ဒီမြေမီးတောက်နတ်နဂါးနည်းစနစ်က မီးတောက်တောင်ကြား သူ့အတွက် အထူးရှာဖွေပေးထားတာတဲ့... အစက မရှိခဲ့ဘူးဆိုပဲ..."

ဗဟုသုတကြွယ်ဝသည့်လူတစ်ယောက် ပြောလိုက်သည်။

ဤအရာကိုကြားသည့်အခါ လူတိုင်း ရုတ်တရက် နားလည်သွားသည်။

"ကောင်းတယ်..."

ချွေးဖေထင်နှလုံးသား အနည်းငယ်ပြေလျော့သွား၏။

ကြည့်ရတာ ချွေးချန်းအနိုင်ရတော့မည်ပင်။

မုန့်ချန်ချင်းအရှုံးက သေချာနေပြီဟု လူတိုင်း ထင်လိုက်ကြ၏။

မိုယွင်လင်တစ်ယောက်သာ လက်ပိုက်ရပ်နေပြီး မျက်လုံးတွေက မျှော်လင့်ချက်တွေဖြင့် ပြည့်နှက်နေခဲ့သည်။

ချွေးချန်း သူ့ဝှက်ဖဲအားလုံးပြခဲ့ပေမယ့် ဂျူနီယာမုန့်ကတော့ မပြရသေးပေ။

သူမအတွက်တော့ ဤတိုက်ပွဲက အစကတည်းက ရလဒ်ထွက်ပြီးသားဖြစ်သည်။

ဂျူနီယာမုန့်က ပျော်ရွင်စရာအချို့ဖန်းတီးချင်ယုံသာဖြစ်သည်။ မဟုတ်လျှင် သူက ချက်ချင်း အဆုံးသတ်နိုင်တာပဲဖြစ်သည်။

"မုန့်ချန်ချင်း, မင်းအကောင်းဆုံးလုပ်ခဲ့ပြီးပြီ..."

ချွေးချန်းအသာအယာသက်ပြင်းချပြီး မုန့်ချန်ချင်းကို အသစ်ရရှိလာသည့်ယုံကြည်မှုတွေဖြင့် ကြည့်လိုက်သည်။

"မင်းအလားအလာကအရမ်းမြင့်တယ်... အချိန်သာပေးလိုက်ရင် မင်းကိုငါနိုင်တော့မှာမဟုတ်ဘူး... ဒါပေမယ့် ဒီနေ့တော့မဟုတ်ဘူး...."

သို့ပေမယ့် မုန့်ချန်ချင်း ခေါင်းခါယမ်းပြီး ခပ်ဖွဖွသာ ပြုံးလိုက်သည်။

"ငါ အကောင်းဆုံးလုပ်ပြီးပြီမှန်း မင်းဘယ်လိုသိလဲ..."

ဤစကားတွေနှင့် မုန့်ချန်ချင်း မျက်လုံးပိတ်လိုက်သည်။

နောက်တစ်ကြိမ်ပြန်ဖွင့်လာသည့်အခါ သူ၏အော်ရာတစ်ခုလုံး ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

အချိန်အတော်ကြာချိပ်ပိတ်ထားသည့်နတ်ဘုရားဓားတစ်ချောင်း နောက်ဆုံးမှာထွက်ပေါ်လာသကဲ့သို့ ကောင်းကင်နှင့်မြေမြင်ကြား အကန့်အသတ်မရှိသည့် ထက်ရှမှုတွေကို ထုတ်လွတ်နေခဲ့သည်။

ကောင်းကင်နှင့်မြေပြင်တောင် ကွဲကြေတော့မလိုပင်။

ခရက်! ခရက်! ခရက်!

မာကျောသည့်ကွင်းပြင် မရေမတွက်နိုင်သည့်အက်ရာတွေပေါ်လာပြီး များပြားသည့်ဓားအလင်းတန်းတွေကြောင့် ချက်ချင်းကွဲကြေလာခဲ့သည်။

ဝှစ်!

ဤအော်ရာ၏ပေါင်းစပ်မှုအောက်၌ မရေမတွက်နိုင်သည့်ရွှေရောင်ဓားချီတွေ ရူးသွပ်စွာတုန်ခါလာပြီး အော်ရာတွေ တစ်ဟုန်ထိုးမြှင့်တက်လာခဲ့သည်။

ထက်ရှမှုက ကောင်းကင်ရှိတိမ်တိုက်တွေကို ကွဲကြေသွားစေပြီး အဆုံးမရှိသည့်ကောင်းကင်ကို ကြည်လင်သွားစေခဲ့သည်။

"မဖြစ်နိုင်တာ..."

ဤမြင်ကွင်းကိုမြင်တော့ ချွေးချန်းမျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး မျက်လုံးထဲမှာ မယုံနိုင်မှုတွေပြည့်နှက်နေခဲ့သည်။

"ဓားချီ..."

"မင်းတကယ် ဓားချီကို နားလည်ထားတယ်..."

သူ့စိတ်တစ်ခဏအာရုံစိုက်မှုဆုံးရှုံးသွားပြီး ထုတ်လွတ်တော့မည့်နည်းစနစ် မတည်ငြိမ်လုနီးပါးဖြစ်သွား၏။

ကံကောင်းစွာဖြင် အလျှင်အမြန်ပဲ ပြန်ထိန်းနိုင်ခဲ့သည်။

သူမမှားနိုင်ပေ။ အကြည့်တစ်ချက်နှင့်တင် ၎င်းမှာ သူ့ဝိညာဥ်ကို စုတ်ဖြဲတော့မလိုခံစားရ၏။

၎င်းမှာ ဒဏ္ဍာရီလာဓားအဟုန်ဖြစ်ပြီး သူတစ်လျှောက်လုံး လိုက်လံနေသည့်အရာလည်းဖြစ်သည်။

သို့ပေမယ့် ဓားချီကိုနားလည်ဖို့က အတော်ခက်၏။

ပါရမီအပြင် ဗဟုသုတနှင့် အချိန်များစွာပေးဖို့ လိုအပ်၏။

ပုန်းကွယ်နဂါးစာရင်းထိပ်ဆုံး ၃၀၌ တာအိုဖန်တီးခြင်းနယ်ပယ်ရောက်ခါနီးမှ အများစု ၎င်းကိုနားလည်ခဲ့တာဖြစ်သည်။

သို့ပေမယ့် သူရှေ့ရှိ ဤကောင်ကတော့?...

ရှင်းလင်းစွာပဲ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် ရောက်ခါစသာရှိသေး၏။

အဓိပ္ပာယ်အရ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကတည်းက နားလည်ထားခဲ့တာပင်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ချွေးချန် လက်နှင့်ခြေထောက်တွေ အေးစက်လာ၏။

မုန်ချန်ချင်း၏ထွက်ပေါ်လာမှုက သူ့နားလည်နိုင်စွမ်းကို အသစ်ဖြစ်သွားစေခဲ့သည်။

ထို့ပြင် မုန့်ချန်ချင်းသာ သွေးကြောပုံသွင်းခြင်းနယ်ပယ်ကတည်းက နားလည်ထားတာသာ သိသွားလျှင် သူ၏တာအိုနှလုံးသားတောင် ကွဲကြေသွားနိုင်တာပဲဖြစ်သည်။

"ဖိနှိပ်စမ်း..."

မုန့်ချန်ချင်း ညာလက်ဖြင့်ဓားကိုင်ထားပြီး ချွေးချန်းဆီသာမန်အတိုင်းခုတ်ချလိုက်၏။

ဝှစ်!

ဓားပင်လယ်မြှင့်တက်လာပြီး ကိုးကောင်းကင်မှ ဆင်းသက်လာသည့် နဂါးငွေ့တန်းကဲ့သို့ မရေမတွက်နိုင်သည့်ဓားချီတွေ ချွေးချန်းဆီ တိုးဝင်သွားခဲ့သည်။

၎င်း၏ထက်ရှမှုက ကောင်းကင်နှင့်မြေကြီးကိုဖုံးလွမ်းနေပြီး ချွေးချန်းသိပ်သည်းထားသည့်မီးနဂါးကြီးကို အပြင်းအထန်တုန်ခါလာစေခဲ့သည်။

"အား..."

ရုတ်တရက် အသိပြန်ဝင်လာပြီး ချွေးချန်းနောက်ဆုတ်ဖို့ မရွေးချယ်ပေ။

ထိုအစား အံကြိတ်ပြီး ထိပ်တိုက်ရင်ဆိုင်လိုက်၏။

အဘယ်ကြောင့်ဆိုသော် နောက်ဆုတ်ဖို့ လမ်းမရှိသောကြောင့်ပင်။

အနိုင်ရဖို့ အခွင့်အရေးမရှိသော်လည်း သူက အနည်းဆုံး တိုက်ခိုက်ရမည်ဖြစ်သည်။

ဘုန်း!

သို့ပေမယ့် ထိပ်တိုက်တွေ့သွားသည့်အခိုက်အတန့်၌ မည်သည့်သည်းထိပ်ရင်ဖိုမှုမှမရှိခဲ့ပေ။

ကြီးမားသည့်မီးနဂါးကြီးချက်ချင်း ဖုံးလွမ်းခံရပြီး ခေါင်းပြတ်သွားကာ ခန္ဓာကိုယ်လည်း အပိုင်းပိုင်းစုတ်ပြဲသွား၏။

နောက်ဆုံး မီးတောက်ဖျော့ဖျော့လေးတစ်ခုသာကျန်တော့ပြီး တစ်ဟုန်ထိုးစီးဆင်းနေသည့်ဓားပင်လယ်ထဲ၌ ငြိမ်းသက်သွားခဲ့သည်။

All Chapters