← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉)

နဉ်ရွှီ: "ချီဝူဘက်က စကားပြောပေးနေတာ ဘယ်သူလဲ။"

ဖရဲသီးစားခြင်းစနစ်သည် လျှို့ဝှက်မထားဘဲ တိုက်ရိုက်ပြန်ဖြေလာသည်။ [ဟွာကျိုင်းဂိုဏ်းက အကြီးအကဲတစ်ယောက်ရဲ့ မွေးစားသမီးပဲ။]

ဖရဲသီးစားခြင်းစနစ်က တခစ်ခစ် ရယ်မောသည်။ [ဒီမွေးစားသမီးအကြောင်း ပြောရမယ်ဆိုရင်၊ သူမနဲ့ ပတ်သက်တဲ့ အရသာရှိတဲ့ ဖရဲသီးတစ်လုံး ငါ့မှာ ရှိသေးတယ်။]

"အို ပြောပါဦး၊ နားထောင်နေတယ်။"

ဆယ်မိနစ်ကြာသော် "နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" တွင်ပို့စ်အသစ်တစ်ခု ထပ်မံပေါ်လာ၏။

ပို့စ်တင်သူမှာလည်း တစ်ဖန် "ဖရဲသီးရွှေ့ပြောင်းသူ" ပင်။

ကျင့်ကြံသူများသည် "ဖရဲသီးရွှေ့ပြောင်းသူ" ၏ ပို့စ်အသစ်ကို မြင်သည်နှင့် ချက်ချင်းပြေးဝင်လာကြသည်။

အကြောင်းရင်းကား အဘယ်နည်း၊ ဤပို့စ်အသစ်၏ ခေါင်းစဉ်သည် ယခင်ပို့စ်ကဲ့သို့ ပေါက်ကွဲအားကောင်းလှ၏။ ၎င်းသည်ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုကို ချက်ချင်း ဖမ်းစားလိုက်နိုင်ပါသည်။

ခေါင်းစဉ်မှာ အောက်ပါအတိုင်းပင်။

[သူတောင်းစားမလေး၊ နင် အဆုံးမဲ့ပင်လယ် အနီးမှာ သေအောင်လုပ်ခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းကို မှတ်မိသေးလား။ သူမ သေသွားခဲ့တာ မတရားလိုက်တာ!]

ခေါင်းစဉ်ကိုမြင်ပြီးနောက် ကျင့်ကြံသူများ၏ ပထမဆုံး အတွေးမှာ- သူတောင်းစားမလေး? သူမ ဘယ်သူလဲ။

ပြီးတော့ သတ်ဖြတ်ခံလိုက်ရတဲ့ အရင်းနှီးဆုံး သူငယ်ချင်းကရော ဘယ်သူလဲ။

ဘာကြောင့် ဤ "ဖရဲသီးရွှေ့ပြောင်းသူ" က စကားလုံးတိုလေးတွေနဲ့ ဒီလောက် ဆူညံအောင် ဖန်တီးနိုင်ရတာလဲ။

သူတောင်းစားမလေးနှင့် နွားချေးကောက်သူလေးတို့မှာ တူညီတဲ့အချက် တစ်ချို့ရှိပုံရ၏။

"ဖရဲသီးရွှေ့ပြောင်းသူ" ဟာ နာမည်ပေးသည့်နေရာမှာ တော်ပါပေသည်။

သူတို့သည် ပို့စ်ကို ချက်ချင်း နှိပ်ကြည့်ရန် မစောင့်နိုင်ကြတော့ပေ။

အဓိက အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။

"ချီဝူဘက်က စကားပြောပေးနေသူဟာ လုချူယီမဟုတ်လား။ မင်း သူ့အတွက် အရမ်း စိတ်အားထက်ထက်သန်သန်နဲ့ စကားပြောပေးနေတာ၊ ဘာလဲ သူ့ကို စာနာမိလို့လား။

မင်း ဟွာကျိုင်းဂိုဏ်း အကြီးအကဲရဲ့ မွေးစားသမီးမဖြစ်ခင်က မင်း လူ့လောကမှာ တောင်းစားရင်းအသက်ရှင်နေရတဲ့ သနားစရာမိဘမဲ့ကလေး တစ်ယောက်ပဲဆိုတာ ကျင့်ကြံရေးလောကက လူဘယ်နှစ်ယောက် မှတ်မိသေးလဲ မသိဘူးနော်။

အဲ့ဒီတုန်းက မင်း အရမ်း နှိမ့်ချခဲ့ရတယ်၊ နေ့တိုင်းအစားအစာတောင်းဖို့ မြေပြင်ပေါ်မှာ ဒူးထောက်ခဲ့ရတယ်၊ ဒါပေမဲ့ မင်းတောင်းရခဲ့ရင်တောင် လုံလောက်အောင် မစားခဲ့ရလို့၊ အမြဲတမ်း ဗိုက်ဆာနေခဲ့ရတာလေ။

မင်းကို သနားပြီး ဟွာကျိုင်းဂိုဏ်းကို ခေါ်လာခဲ့သူက အကြီးအကဲရဲ့ တစ်ဦးတည်းသောသမီးပါ။ ကံကောင်းပြီး မင်းကဝိညာဉ်အမြစ်လည်း ရှိတာမလို့ သူမရဲ့ဘေးမှာ နေခဲ့ရတယ်။ ဒါပေမဲ့ မင်းကတော့ သူမကို ဘယ်လို ကျေးဇူးပြန်ဆပ်ခဲ့လဲ?!။

ပစ္စည်းဥစ္စာ‌တွေနဲ့ ချစ်ခင်မှုတွေကို တစ်ဦးတည်း ပိုင်ဆိုင်နိုင်ဖို့ မင်း အကြီးအကဲရဲ့ တစ်ဦးတည်းသော သမီးကို အဆုံးမဲ့ပင်လယ်အနီးမှာ သတ်ပစ်ခဲ့တယ်။ ဂိုဏ်းကို ပြန်ရောက်တဲ့ပြီးတဲ့နောက်မှာ မင်းက အပြစ်ကင်းတဲ့ဟန်နဲ့ ဘာမှ မသိတဲ့ဟန်ဆောင်‌ခဲ့တယ် အကြီးအကဲနဲ့ဂိုဏ်းထဲက လူတိုင်းကို လှည့်စားခဲ့တယ်မလား။ နောက်ဆုံးတော့ အကြီးအကဲက မင်းကို သနားပြီး တိုက်ရိုက်မွေးစားခဲ့တာလေ။

မင်းက မင်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းရဲ့နေရာကိုယူခဲ့တယ်၊ သူမရဲ့စေ့စပ်ထားတဲ့သူကိုရော အဖေရဲ့ချစ်ခြင်းမေတ္တာကိုပါ ခိုးယူခဲ့တယ်။ ရက်စက်မှုနဲ့ ပတ်သက်လာရင် မင်းနဲ့ နွားချေးကောက်တဲ့သူနှစ်ယောက်စလုံး အတူတူပဲ၊ နှလုံးသားမရှိတဲ့သူတွေ!"

ကျင့်ကြံသူများ: !!!

လွန်ခဲ့သည့် မိနစ်အနည်းငယ်ကပဲ လုချူယီက ချီဝူ ဘက်က စကားပြောပေးခဲ့သေး၏၊ ‘ချီဝူက အဲ့ဒီလို လူစားမျိုးမဟုတ်ဘူး၊ သူလက်တွဲဖော်ရှိနေချိန်မှာ သူ့တပည့်ကို မြူဆွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ လက်တွဲဖော်ရဲ့ဆေးဖော်စပ်မှုမှာ ဘယ်တော့မှ လဲလှယ်မှာ မဟုတ်ဘူး’

သို့တိုင် မိနစ်အနည်းငယ်ကြာပြီးနောက် လုချူယီကိုယ်တိုင် အကျပ်အတည်းထဲ ရောက်သွားခဲ့ရပြီပင်။

[ဒါ... "ဖရဲသီးရွှေ့ပြောင်းသူ" က ဘာလို့ ဒီလောက် အလျင်အမြန် လက်စားချေတာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ တုံ့ပြန်မှုက တကယ်ကို လျင်မြန်ပြီး တိကျတယ်။]

[ "ဖရဲသီးရွှေ့ပြောင်းသူ" ရဲ့ ဆိုလိုတာ ဒီလိုဖြစ်မယ်: အိုး၊ နင် သူ့ကိုကူညီခဲ့တယ်လား။ ဒါဆို နင် သူ့နဲ့သွားဆော့လို့ရပြီ။]

[ဒီကောလာဟလက မှန်တယ်ဆိုရင် အကြီးအကဲရဲ့ တစ်ဦးတည်းသော သမီးမှာ တကယ်ကိုဝမ်းနည်းစရာ ကံကြမ္မာရှိခဲ့တာပဲ။]

[အကြီးအကဲရဲ့ တစ်ဦးတည်းသော သမီးနဲ့ ဟိုအကြီးအကဲရဲ့ ဇနီးက အတူတူပဲ၊ အိမ်ထဲကို ဝံပုလွေတွေ ဝင်ခွင့်ပေးခဲ့တာ။]

[နွားချေးကောက်တဲ့သူနဲ့ သူတောင်းစားမလေးနှစ်ယောက်လုံးက အကျိုးခံစားရသူတွေပဲ၊ ဒါကြောင့် နွားချေးကောက်တဲ့သူရဲ့ သူငယ်ချင်းတွေတောင် ဘာမှမပြောရသေးဘဲနဲ့ သူမကချက်ချင်းခုန်ထွက်လာတာ အံ့ဩစရာမရှိတော့ပါဘူး။]

[နောင်တတောင်မရတာဆိုတော့ နွားချေးကောက်တဲ့သူနဲ့ ယှဥ်ရင်တော့ သူမက တကယ်ပဲ သိပ်မကွာပါဘူး။]

[ငါ "ဖရဲသီးရွှေ့ပြောင်းသူ" ကို ပိုပြီးစပ်စုချင်လာပြီ၊ သူ ဘယ်လိုများ လျှို့ဝှက်ချက်တွေ အများကြီး သိနေရတာလဲ။]

["ဖရဲသီးရွှေ့ပြောင်းသူ" က တကယ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ!]

__

လျှို့ဝှက်နယ်မြေအတွင်းတွင် ဖြစ်၏။

ဖရဲသီးစားခြင်းစနစ်က ဂုဏ်ယူစွာပြောလာသည်။ [host နင် တောင်းဆိုတဲ့အတိုင်း ငါပို့စ်တင်လိုက်ပြီ။]

ဤပို့စ်အသစ်သည် နဉ်ရွှီ၏ပြောကြားချက်အတိုင်း ဖရဲသီးစားခြင်းစနစ်က တင်ခဲ့ခြင်းဖြစ်ပါသည်။

နဉ်ရွှီက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ အချက်အလက် အသစ်ရှိရင် ငါ့ကို အသိပေးပါဦး။"

ဖရဲသီးစားပြီးနောက် နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် လိုဏ်ဂူပတ်လည်တွင် ဆက်လက် လှည့်လည်သွားလာနေကြသည်။

ဖြူစင်သောကျင့်ကြံသူ၏ ပန်းချီကားပြီးနောက် နောက်ထပ်သုံးခု ရှိသေးသည်။

လျှို့ဝှက်နယ်မြေထဲ ဝင်လာသူများထဲမှ လေးဦးသာ ထူးချွန်သူများအဖြစ် အသိအမှတ်ပြုခံရပုံရ၏။

ဤအချိန်တွင် ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် ပြောလာသည်။ [နောက်ဆုံး ပန်းချီကားက သဘာဝ အရည်အချင်းပါရှိတဲ့ တာအိုခန္ဓာကို ပုံဖော်ထားတယ်။]

[ဆိုလိုတာက၊ ဆရာ-တပည့် ရိုမန့်ဇာတ်လမ်းထဲက အမျိုးသမီးဇာတ်လိုက်ပဲ။]

နဉ်ရွှီသည် ဟွာကျိုင်းဂိုဏ်း တပည့်များပေါ်လာစဉ်က ဇာတ်လိုက်မကို မြင်ဖူးသော်လည်း၊ သူမသည် ရုပ်တုကို ဂရုတစိုက် လေ့လာရန်ခဏတာ အချိန်ယူခဲ့သည်။

ပန်းချီကားထဲတွင် အမျိုးသမီး ကျင့်ကြံသူသည် အဖြူရောင် ပိတ်ပါးစတစ်ခုကို မျက်နှာတွင် စည်းနှောင်ထားသည်။ သူမသည် သူမ၏လက်ထဲတွင် အဆောင်စက္ကူ တစ်ခုကို ကိုင်ထားပြီး သူမ၏ ဆံပင်ရှည်များနှင့် ဝတ်ရုံတို့သည် လေတွင် လွင့်မျောနေလျက် နောက်ခံတွင် ကျယ်ပြန့်သော တောင်တန်းများနှင့် မြစ်များရှိနေပြီး အဆုံးမရှိ ပျံ့နှံ့နေကာ ခမ်းနားထည်ဝါသော လေထုကို ဖန်တီးနေ၏။

နဉ်ရွှီ: "သူမက အဆောင်မန္တန်ကျင့်ကြံသူပဲ။"

ဖရဲသီးစားခြင်းစနစ်က ထောက်ခံလာ၏။ [ဟုတ်တယ်။ သူမက အဆောင်မန္တန်လမ်းစဉ်မှာ ကြီးမားတဲ့ အရည်အချင်းရှိတယ်။]

နဉ်ရွှီ: "သူမရဲ့ စိတ်ဓာတ်က အောက်‌ဆုံးရောက်နေတာ ဆိုးတာပေါ့။"

[ဟုတ်ပါတယ်ဆို] ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလိုက်သည်။

သူမသည် မွေးရာပါ တာအိုခန္ဓာ၏ နောက်ခံ အရှိန်အဝါရှိနေသော်လည်း၊ သူမသည် အငယ်နှောင်းဖြစ်သည်ဟူသော အချက်ကို ဖျောက်ဖျက်နိုင်ခြင်း မရှိခဲ့ချေ။

လိုဏ်ဂူထဲက ဝိညာဉ်စွမ်းအင်သည် ပါးလွှာသောကြောင့် ကျင့်ကြံရန် မသင့်တော်ပေ။ ချက်ချင်းပေါ်လာသော အန္တရာယ်ကို ဖြေရှင်းပြီးနောက် နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် အပြင်ထွက်ပေါက်ကို စတင်ရှာဖွေကြသည်။

ထွက်ပေါက်ကိုရှာနေစဉ်တွင် နဉ်ရွှီသည်ဝိညာဉ်စမ်းရေတွင် ယခင်ကတရားထိုင်ခဲ့ကြသော ကျင့်ကြံသူများအကြောင်း မေးမြန်းရန် မမေ့ခဲ့ပေ။

"ဟိုလူတွေ ဘာဖြစ်သွားလဲ။"

ဖရဲသီးစားခြင်းစနစ်က အမှန်အတိုင်း ပြန်ဖြေလာသည်။ [နှစ်ယောက်က ထွက်ပြေးသွားတယ်၊ ကျန်တာတွေက သေသွားပြီ။]

နဉ်ရွှီ "..." သူမသည် ထိုကျင့်ကြံသူများနှင့် သိပ်ပြီး ခင်မင်ရင်းနှီးမှု မရှိသော်လည်း၊ ဤစကားကို ကြားရသောအခါ သူမ၏ ရင်ထဲ လေးလံသွားခဲ့ရ၏။

သူမ မေးလိုက်သည်။ "အဲ့လူသတ်သမား ကျင့်ကြံသူ ငါးယောက်က ဘယ်သူတွေလဲ။"

[သူတို့က လျှို့ဝှက်နယ်မြေထဲဝင်ပြီး ပြဿနာရှာဖို့ ရောက်လာတဲ့ မကောင်းဆိုးဝါး ကျင့်ကြံသူတွေပဲ] ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာသည်။

"ကောင်းပြီ!" နဉ်ရွှီသည် ထိုမကောင်းဆိုးဝါး ကျင့်ကြံသူငါးဦးကို စိတ်ထဲ မှတ်ထားလိုက်၏။ သူမ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ သူမ အမှန်ပင်ပြန်လည် လက်စားချေမည်ပင်။

နာရီအနည်းငယ်ကြာပြီးနောက် နဉ်ရွှီနှင့်ဖြူစင်သောကျင့်ကြံသူတို့သည် နောက်ဆုံးတွင် ထွက်ပေါက်ကို ရှာတွေ့ခဲ့ကြသည်။ သူတို့ လိုဏ်ဂူထဲက ထွက်လာသောအခါ အလင်းရောင်သည် ရုတ်တရက် လင်းထိန်လာရာ နဉ်ရွှီသည် ပတ်ဝန်းကျင်ကို အကဲဖြတ်ရန် ပြင်နေသောမျက်လုံးများကို မှိတ်ထားလိုက်ရသည်။

လျှို့ဝှက်နယ်မြေသည် ငြိမ်းချမ်းမှုနှင့် ဝေးကွာနေဆဲပင်။ သူမသည် ဦးစွာ အဖွဲ့ဖော်အနည်းငယ်နှင့် ပြန်လည် ပေါင်းစည်းရန်ဆုံးဖြတ်ခဲ့ပြီး ဝိညာဉ်ဆေးပင်များကိုလည်း စုဆောင်းရန်ကြိုးစားခဲ့သည်။ လျှို့ဝှက်နယ်မြေထဲတွင် ဝိညာဉ်ဆေးပင်များပေါများနေပြီး ပိုမိုစုဆောင်းခြင်းက အမြဲတမ်းကောင်းလှ၏။

ဖရဲသီးစားခြင်းစနစ်သည် သူမအဖွဲ့ဖော်များ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ အစီရင်ခံသည်။ [သူတို့က လမ်းကြောင်းအသီးသီးမှာ ရှိနေပါတယ်။]

နဉ်ရွှီသည် လျင်မြန်စွာ အစီအစဉ်တစ်ခုဆွဲပြီး ဖြူစင်သောကျင့်ကြံသူကို ပြောလိုက်သည်။ "ဝူလုချန်ကို အရင် ရှာရအောင်။"

အဖွဲ့ဝင် ငါးဦးထဲတွင် ဝူလုချန်သည် အနိမ့်ဆုံးကျင့်ကြံမှုရှိပြီး အရည်အချင်း အညံ့ဆုံးဖြစ်သောကြောင့် လျှို့ဝှက်နယ်မြေထဲတွင် အထိခိုက်လွယ်ဆုံးဖြစ်သည်။

ဖြူစင်သောကျင့်ကြံသူက ကန့်ကွက်စရာ မရှိပါ။ "ကောင်းပြီ!"

ဝူလုချန်သည် သူတို့လက်ရှိတည်နေရာ၏ အရှေ့တောင်ဘက်တွင် ရှိသည်။ နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုလမ်းကြောင်းသို့ ချက်ချင်း ပြေးသွားကြ၏။

လမ်းတွင် သူတို့သည် ပထမအဆင့် ဝိညာဉ်သားရဲအနည်းငယ်နှင့် ရင်ဆိုင်ရပါသည်။ သူတို့ နှစ်ဦးပေါင်း၍ ၎င်းတို့ကို လျင်မြန်စွာဖယ်ရှားပစ်ခဲ့ကြသည်။ သို့သော်ပထမအဆင့် ဝိညာဉ်သားရဲများကို ရှင်းလင်းပြီးသည်နှင့် ဒုတိယအဆင့် ဝိညာဉ်သားရဲ အနည်းငယ် ရုတ်တရက် ပေါ်လာခဲ့တော့သည်။

၎င်းဟာ နဉ်ရွှီ ပထမဆုံးအကြိမ် ဒုတိယအဆင့်ဝိညာဉ်သားရဲများနှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး၊ ပထမအဆင့် သားရဲများနှင့်နှိုင်းယှဉ်ပါက သူတို့ကို ဖြေရှင်းရန်ပိုမိုခက်ခဲ၏။

နဉ်ရွှီသည် မင်ယွဲ့ဓားကို ဆုပ်ကိုင်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

ထိုအချိန်တွင် ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် ရယ်မောလိုက်သည်။

နဉ်ရွှီသည် ဒုတိယအဆင့် ဝိညာဉ်သားရဲများနှင့် ရင်ဆိုင်နေရပြီး တိုက်ခိုက်ရန် အချိန်ကောင်းကိုရှာဖွေနေစဉ် မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ။"

ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်။ [တန်းနျန်ရဲ့ အစ်ကိုကြီးက (မြူ)ချီဝူနဲ့ စာရင်းရှင်းဖို့ သွားပြီ!]

[အခု၊ သူတို့နှစ်ယောက် ဟွာကျိုင်းဂိုဏ်းက တောင်ထိပ်တစ်ခုမှာ တိုက်ခိုက်နေကြတယ်! ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင် နှစ်ပါး တိုက်ခိုက်နေကြတာ၊ ကောင်းကင်နဲ့ မြေကြီးတွေ အရောင်ပြောင်းသွားပြီး မိုင်တစ်ရာအတွင်းက နေရာတွေ ပျက်စီးကုန်အောင်ထိကို ပြင်းထန်နေပြီ!]

နဉ်ရွှီ: "!!!"

နဉ်ရွှီ၏ မူလရည်ရွယ်ချက်မှာ ချီဝူနှင့် တပည့်တို့၏ ဟန်ဆောင်မျက်နှာကို ဖော်ထုတ်ရန်ဖြစ်သော်လည်း၊ တန်းနျန်၏မိသားစုဝင်သည် ဤမျှ လျင်မြန်စွာ တုံ့ပြန်မှုအတွက် အံ့သြချီးကျူးမိခဲ့၏။

ဤကျေနပ်စရာ ဖရဲသီးကို မြည်းစမ်းပြီးနောက် နဉ်ရွှီသည် ပိုမို စိတ်အားထက်သန်လာပုံပင်။ ထို့ကြောင့် သူမက "တိုက်ပွဲက အခု ဘယ်လိုအခြေအနေရှိလဲ။"

ဖရဲသီးစားခြင်းစနစ်က အော်လာ၏။ [တန်းနျန်ရဲ့ အရည်အချင်းရှိတဲ့ အစ်ကိုကြီးက အဲ့ဒီ လူယုတ်မာကိုရိုက်နှက်နေတယ်!]

နဉ်ရွှီ: !!!

သူမ ပြောချင်တာကတော့- ကောင်းတယ်!

__

အခန်း (၄၀)

ရှင်းနေသည်မှာ ဒုတိယအဆင့် နတ်ဆိုးသားရဲများသည် ပထမအဆင့်များကဲ့သို့ ကိုင်တွယ်ရ လွယ်ကူခြင်းမရှိပေ။ နဉ်ရွှီသည် ပြင်းထန်သော တိုက်ပွဲ၏ အလယ်တွင် ရှိနေပြီး ဟွာကျိုင်းဂိုဏ်းတွင်လည်း အခြေအနေများက ထိုနည်းအတိုင်းပင် ပြင်းထန်နေ၏။

ဒုတိယအဆင့် ဝိညာဉ်သားရဲနှင့် တိုက်ခိုက်နေစဉ် သူမသည် ဖရဲသီးစားခြင်းစနစ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း နားထောင်နေခဲ့သည်။

ဖရဲသီးစားခြင်းစနစ်သည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် ၎င်း၏စက်သံပင် ပုံပျက်နေ၏။ [စိတ်လှုပ်ရှားစရာပဲ! အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ!]

[သူတို့နှစ်ယောက်တွေ့တာနဲ့ ချက်ချင်းပဲ သူတို့ရဲ့အကြီးစားလှုပ်ရှားမှုတွေကို တန်းလုပ်ကြတယ်!]

[ဒါပေမဲ့ စိတ်မကောင်းစရာပဲ၊ အစ်ကိုကြီးက သူ့ရဲ့မာနကို မချချင်သေးဘူး။]

[အစ်ကိုကြီး၊ အဲ့ဒီ လူယုတ်မာရဲ့ အဓိကနေရာတွေကို တိုက်ခိုက်လိုက်ချည်!]

[သူ့ကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ ပိုပြီးခံစားရအောင် လုပ်လိုက်လေ။]

[စိတ်မကောင်းစရာပဲ၊ အစ်ကိုကြီးက အရမ်းကိုယဉ်ကျေးနေတုန်းပဲ။]

[ကျစ်၊ အဲ့ဒီ လူယုတ်မာက အားနည်းသွားပြီး မတရားခံရတယ်လို့ စပြီးအော်ငိုနေပြီ။]

နဉ်ရွှီသည် ဒုတိယအဆင့် ဝိညာဉ်သားရဲ၏တိုက်ခိုက်မှုကို ဘေးတိုက်လှမ်းရှောင်လိုက်ပြီး သူမ၏ ဓားကိုရှေ့သို့ လွှဲရမ်းလိုက်သည်။

"မတရားခံရတယ်လို့ အော်ငိုနေတာလား။"

ဖရဲသီးစားခြင်းစနစ်က စုတ်သပ်၍ [သူက အဲ့ဒီအရာတွေကို ဘာမှ မလုပ်ခဲ့ဘူးလို့ ပြောနေတယ်။]

[သူက အစ်ကိုကြီးက မကောင်းဆိုးဝါးတစ်ချို့ရဲ့ လှည့်ဖြားတာကို ခံရတာ ဖြစ်မယ်လို့လည်း ပြောနေတယ်။]

ချီဝူသည် ဤသို့ ရဲရဲတင်းတင်းပြုလုပ်ခဲ့သည်ဖြစ်ရာ၊ သူသည်နောက်ဆက်တွဲများကို ကြိုတင် ကိုင်တွယ်ထားပြီးဖြစ်ရမည်။ အနည်းဆုံးတော့ အပြင်ပန်းအားဖြင့် သူသည် အခြားသူများက သူ့ကိုဆန့်ကျင်ရန် အသုံးပြုနိုင်မည့် မည်သည့်အထောက်အထားကိုမှ မထားခဲ့ချေ။

နဉ်ရွှီက ပေါ့ပေါ့ပါးပါး မေးမြန်းလာသည်။ "သူတကယ်ပဲ အထောက်အထား ဘာမှ မချန်ခဲ့တာလား။"

ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်၏။ [မချန်ခဲ့စရာ အကြောင်းမရှိပါဘူး။]

ချီဝူသည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူဖြစ်နေသော်လည်း၊ သူလုပ်ခဲ့သည့်အရာများမှာ ဖုံးကွယ်ရခက်ခဲစေမည့် ခြေရာများကျန်နေလောက်သေးသည်။ ရှာရခက်သော်ငြား ၎င်းတို့မရှိဟု မဆိုလိုပေ။

နဉ်ရွှီသည် ဒေါသထွက်နေသော ဒုတိယအဆင့်ဝိညာဉ်သားရဲ၏ ဟိန်းသံကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ဖုန်မှုန့်များ လေထဲပြည့်သွားပြီး သူမ ဒဏ်ရာရခဲ့သည်။ သူမအနည်းငယ် ချောင်းဆိုးပြီး သူမ၏ ရှေ့ရှိ ဒုတိယအဆင့် ဝိညာဉ်သားရဲအပေါ် အာရုံစိုက်လိုက်ကာ "သူ့အတွက် အချိန်မရှိသေးဘူး။ ခဏလောက် ထပ်ပြီး ရုန်းကန်ပါစေဦး။"

__

ဟွာကျိုင်းဂိုဏ်းမှ တောင်ထိပ်တစ်ခုတွင် ဒေါသထွက်နေသော တန်းနျန်၏ အစ်ကိုကြီးသည်တောင်ကိုပင် ပြားသွားလုနီးပါး ဖြစ်စေခဲ့၏။

အခြားသော တောင်ကုန်းထပ်တစ်ခုတွင်မူ လေထုက အလွန် တင်းမာနေ၏။

ဟွာကျိုင်းဂိုဏ်း၏ ဒုတိယအကြီးအကဲသည် လုချူယီကို အေးစက်သော၊ ခံစားချက်မရှိသော မျက်နှာဖြင့် ငုံ့ကြည့်လိုက်ပြီး ပြောလာသည်။ "ဖရဲသီးရွှေ့ပြောင်းသူ ပြောတာ အမှန်လား။"

လုချူယီသည် မြေပြင်ပေါ်တွင် ဒူးထောက်ရင်း မျက်ရည်များ စီးကျလျက် ခေါင်းကို အရူးအမူးခါယမ်းနေသည်။ " ကျေးဇူးပြုပြီး သမီးကို ယုံပါ၊ သမီး မလုပ်ခဲ့ပါဘူး။ သမီးဘယ်လိုလုပ်ပြီး ကိုယ့်အစ်မကို ထိခိုက်အောင်လုပ်နိုင်မှာလဲ။ ဒါ ချီဝူကျန်းရမ်အတွက် သမီး ဝင်ပြောပေးတာကို မကျေနပ်တဲ့ တစ်စုံတစ်ယောက်က သမီးရဲ့ဂုဏ်သတင်းကို တမင်တကာ ဖျက်ဆီးတာဖြစ်ရမယ်။"

သူမ၏ တစ်ဦးတည်းသော သမီးသေဆုံးခြင်းသည် ဒုတိယအကြီးအကဲအတွက် နာကျင်စရာအမာရွတ်တစ်ခု အမြဲဖြစ်နေခဲ့ပြီး လွယ်ကူစွာပြန်မကြည့်ဝံ့ခဲ့ပေ။

ထိုအချိန်အတွင်း သူမသည် စိတ်ပျက်အားငယ်စွာ နေထိုင်ခဲ့ရသော်လည်း သူမ၏ဘေးတွင် နေပြီး ဖျော်ဖြေပေးကာ သမီး ဆုံးရှုံးရသည့် ဝေဒနာမှ ဖြည်းဖြည်းချင်း ပြန်လည် ထူထောင်ရန်ကူညီခဲ့သူမှာ လုချူယီသာ။

လုချူယီ၏ စိတ်အားထက်သန်မှုကို ကျေးဇူးတင်၍ သူမသည် သူမကိုမွေးစားသမီးအဖြစ် မွေးစားခဲ့သည်။

သို့သော် သူမဆင်းရဲဒုက္ခ၏ ရင်းမြစ်သည် ဤမွေးစားသမီးဟု ခေါ်ဆိုသူထံမှ လာခဲ့ရင်ကော၊ သူမ၏သမီးကို ကာကွယ်နိုင်လိုက်ရင်ကော မည်သို့နည်း။

ထိုနှစ်က အဖြစ်အပျက်များသည် အမြဲတမ်း သံသယဖြစ်ဖွယ်ရာ ရှိနေခဲ့ပါသည်။ သူမသည် သူမ၏ သမီးကို ကောင်းကောင်း သိသည်၊ သူမသည် ဘယ်တော့မှ အလျင်စလို သို့မဟုတ် အဆင်ခြင်မဲ့စွာ မလုပ်ဆောင်ခဲ့ပေ၊ ပြီးတော့ သူမသည် အဆင့်မြင့် ဝိညာဉ်သားရဲများကို ဘယ်တော့မှ စိန်ခေါ်မည် မဟုတ်ပေ။ ဒါဆိုသူမသည် အဆုံးမဲ့ပင်လယ်ထဲ ဘယ်လိုလုပ် ရုတ်တရက် ကျရောက်သွားခဲ့တာလဲ။ အဆုံးမဲ့ပင်လယ်သည် အဆင့်မြင့် ဝိညာဉ်သားရဲများဖြင့် ပြည့်နေကာ သူမ၏သမီးသည် ထိုနေရာတွင် ဘာလုပ်နေခဲ့တာလဲ။

ကိစ္စနှင့် ပတ်သက်၍ သံသယများ အလွန်များပြားခဲ့၏။

ကံမကောင်းစွာဖြင့်၊ ထိုစဉ်က သူမ၏ စိတ်သည်ရှုပ်ထွေးနေခဲ့ပြီး လုချူယီ၏လှည့်ဖြားခြင်းကို လွယ်ကူစွာခံခဲ့ရသည်။

ဒုတိယအကြီးအကဲသည် ထရပ်ပြီး လုချူယီထံလျှောက်သွား၏။ သူမလှုပ်ရှားမှု၏ အသံသည် လုချူယီ၏ နှလုံးသားကိုထိမှန်နေသကဲ့သို့ ဖြစ်နေပြီး သူမကိုထိတ်လန့်စေခဲ့တော့သညါ။

"နင် မလုပ်ခဲ့ဘူးလို့ ပြောနေတာလား။ ကောင်းပြီ။"

"နင် ကျိန်ဆိုရဲလား။ ဒီနေ့ မဟုတ်မမှန် စကားတစ်ခွန်း ပြောရင်၊ နင့်ရဲ့ ကျင့်ကြံမှုက ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘဲ ရွှေအမြုတေ အစောပိုင်းအဆင့်မှာ ထာဝရရှိရပ်တန့်နေပြီး အဲ့တာ သေဆုံးတဲ့အထိဖြစ်နေလိမ့်မယ်”

ဤစကားကို ကြားသောအခါ လုချူယီ ခဏတာတုံ့ဆိုင်းသွားခဲ့သည်။

ကျင့်ကြံရေးလောကတွင် ကျိန်ဆိုမှုတိုင်းသည် တကယ့် အကျိုးသက်ရောက်မှုရကာ ၎င်းသည် အဓိပ္ပာယ်မရှိသော စကားစုသက်သက် မဟုတ်ပေ။

သူမ၏ တုံ့ဆိုင်းမှုကို မြင်သောအခါ ဒုတိယအကြီးအကဲသည် တစ်စုံတစ်ရာကို ချက်ချင်း နားလည်လိုက်သည်။

သူမသည် မယုံနိုင်လောက်အောင် ဖြစ်သွားပြီး ခါးသီးစွာ ရယ်မောလိုက်မိသည်။ "ဟား! ဟား! ငါ့သမီးကို သတ်ခဲ့တာ နင် တကယ်ပဲ!"

လုချူယီသည် ခဏတာ ထိတ်လန့်သွားပြီးနောက် လျင်မြန်စွာ တုံ့ပြန်လာ၏။ "အမေ၊ သမီး မဟုတ်ပါဘူး၊ သမီး တကယ် မဟုတ်ပါဘူး..."

ဒါပေမဲ့ ဒုတိယအကြီးအကဲသည် သူမကို မယုံတော့ပေ။

သူမ၏စကားများအတွက် တုံ့ပြန်မှုမှာ ဒုတိယအကြီးအကဲ၏ ခွန်အား ခုနစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြု၍ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုသာ။

လုချူယီသည် ထိုတိုက်ခိုက်မှုကို မခံနိုင်ဘဲ သုံးလေးမီတာအထိ လွင့်ထွက်သွားခဲ့၏။ သူမသည် နောက်ဆုံးတွင် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး နန်းဆောင်၏ ချောမွေ့သော၊ မှန်ကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။

ဒုတိယအကြီးအကဲသည် ပြင်းထန်စွာ ဒဏ်ရာရထားသော လုချူယီကို ငုံ့ကြည့်လိုက်ပြီး အေးစက်စွာဖြင့်။ "ငါ နင့်ကို မသတ်ဘူး။"

"ဒါပေမဲ့ နင့်ကို ကျင့်ကြံရေးလောကထဲ ခေါ်လာခဲ့တာ ငါ့သမီးပါ။ သူမသာ မရှိရင် နင်အခုထိ တောင်းစားရင်း အသက်ရှင်နေရဦးမှာ။"

"ဒီနေ့၊ ငါ နင့်ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်မယ်။"

"ဒီနေ့ကစပြီး ငါတို့ရဲ့ ဆက်ဆံရေး ပြတ်တောက်သွားပြီ၊ ငါတို့ကြားမှာ ဘာဆက်စပ်မှုမှ ရှိတော့မှာ မဟုတ်ဘူး!"

ပြောပြီးနောက် ဒုတိယအကြီးအကဲသည် နောက်တစ်ချက်ပင် မကြည့်ဘဲ လှည့်ထွက်သွားခဲ့ရာ လုချူယီတစ်ယောက် အချည်းနှီးသော နန်းဆောင်ထဲ လဲကျကျန်ခဲ့ပြီး သူမ၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေလျက် "ကျွန်မ မဟုတ်ပါဘူး..." ဟုသာ ကိုယ့်ဘာသာ ရေရွတ်နေခဲ့သည်။

__

ဖရဲသီးစားခြင်းစနစ်သည် လုချူယီ၏ ကံကြမ္မာကို နဉ်ရွှီအား ပြောပြနေစဉ် သူမသည် သူမ၏ဒဏ်ရာများကို ကုသနေခဲ့သည်။

ဒုတိယအဆင့် ဝိညာဉ်သားရဲနှင့် တိုက်ပွဲပြီးနောက် သူမနှင့် ဖြူစင်သောကျင့်ကြံသူ နှစ်ဦးစလုံးဒဏ်ရာများရရှိခဲ့သည်။ ကံကောင်းစွာဖြင့်၊ သူမတွင် နတ်ဘုရားချင်ကျို့ဆီမှ ဆေးလုံးများစွာရှိနေသောကြောင့် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးခဲ့ပြီး သူမသည် သိသိသာသာ ပြန်လည်ကျန်းမာလာခဲ့ပါပြီ။

ဖရဲသီးစားခြင်းစနစ်က လှောင်ပြောင်လာ၏။ [သူမရဲ့ ကျင့်ကြံမှုအဆင့် ဖျက်ဆီးခံလိုက်ရတယ်၊ ပြီးတော့ ဒုတိယအကြီးအကဲရဲ့ မွေးစားသမီးရာထူးကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ဒါ သူမ အဲ့ဒီ လူယုတ်မာဘက်က စကားပြောပေးခဲ့တဲ့ တန်ဖိုးပဲ!]

လုချူယီသာ သူမ ဒီလို အဆုံးသတ်လိမ့်မယ်ဆိုတာ ကြိုသိခဲ့မယ်ဆိုလျှင်၊ သူမ ချီဝူဘက်က ထိုလောက် မြန်မြန် စကားပြောပေးမှာ မဟုတ်လောက်ပေ။

သို့သော် ကျင့်ကြံရေးလောကမှာ အရာရာကိုကြိုတင်သိနိုင်ခြင်း မရှိချေ။

သူမ လုံလောက်စွာ ပြန်လည်ကောင်းမွန်လာသောအခါ နဉ်ရွှီသည် ထရပ်၍။ "လျှို့ဝှက်နယ်မြေက အန္တရာယ်များတယ်။ အခု ဝူလုချန်ကိုသွားရှာကြစို့။" ဝူလုချန်၏ကျင့်ကြံခြင်းက နိမ့်ကျနေသောကြောင့် ဒုတိယအဆင့် ဝိညာဉ်သားရဲနှင့် ရင်ဆိုင်ရပါက အနိုင်ယူခံရနိုင်ဖွယ်ရှိသည်။

ဖြူစင်သောကျင့်ကြံသူက ခေါင်းညိတ်ပြီး။ "ဟုတ်ပြီ!"

Hostသည် အပြည့်အဝ မကျန်းမာသေးသည်ကို မြင်သောအခါ ဖရဲသီးစားခြင်းစနစ်က အေးဆေးစွာဖြင့်။ [အလျင်လိုစရာ မလိုဘူး။ သူ့အတွက်ကတော့…]

၎င်းက ခဏတာ ရပ်လိုက်ရာ နဉ်ရွှီက စပ်စုစွာမေမြန်းလာ၏။ "ဘာလဲ။"

ဖရဲသီးစားခြင်းစနစ်က သက်ပြင်းချသည်။ [သူအပုန်းကျွမ်းတယ်]

နဉ်ရွှီ: "..."

[သူ လျှို့ဝှက်နယ်မြေက အန္တရာယ်တွေ အပြည့်ရှိတယ်ဆိုတာ သိပုံရတယ်၊ အဲ့ဒါကြောင့် သက်တောင့်သက်သာရှိမယ့် နေရာတစ်ခုကို ရှာပြီးစောင့်နေတာ။]

[သူ အဖွဲ့နဲ့ ပြန်မပေါင်းစည်းမချင်း၊ သူ အဲ့ဒီနေရာကနေ လှုပ်ရှားမယ် မထင်ဘူး။]

နဉ်ရွှီ ခဏတာ စဉ်းစားပြီး မှတ်ချက်ပေးလိုက်သည်။ "...ဒါလည်း ကောင်းပါတယ်။"

အပုန်းတော်တာလည်း ကျွမ်းကျင်မှုတစ်ခုပင်။ ကံမကောင်းစွာဖြင့်၊ မကောင်းဆိုးဝါး ကျင့်ကြံသူ ဒါမှမဟုတ် တစ်စုံတစ်ရာနဲ့ ကြုံခဲ့ရလျှင် သူရှောင်ပြေးနိုင်မှာ မဟုတ်ပေ။

ဝူလူချန်သည် တစ်နေရာတည်းတွင်နေခြင်းက ယာယီအန္တရာယ် မရှိသောကြောင့် နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် သူတို့၏ ခရီးတွင်သိပ်ပြီး အလျင်မလိုခဲ့ကြပေ။

ငါးနာရီကြာပြီးနောက် သူတို့သည် ဝူလုချန်နှင့်အောင်မြင်စွာ ပြန်လည်ပေါင်းစည်းခဲ့ကြ၏။

ထိုရိုးသားသောလူကြီးသည် သူတို့ကိုမြင်သောအခါ မျက်ရည်ကျလုနီးပါး ဖြစ်အောင်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

သူ လျှို့ဝှက်နယ်မြေထဲ စတင်ဝင်ရောက်ခဲ့စဉ်က နတ်ဆိုးမျောက်အုပ်စုတစ်စု၏ လိုက်လံခြင်းနှင့် ကိုက်ခြင်းကို ခံခဲ့ရသည်။ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် နတ်ဆိုးမျောက်အများအပြားကို ဆန့်ကျင်ရာတွင် သူ အားနည်းချက်ရှိခဲ့သည်။ ကံကောင်းစွာဖြင့်၊ နတ်ဆိုးမျောက်များသည် နောက်ဆုံးတွင် သူ၏အရေပြားက မာကျောပြီး အသားကကိုက်ရခက်ခဲသည်ကို မြင်သောအခါ သူ့ကို လွှတ်ပေးခဲ့ကြပေသည်။

ထို့သို့ဖြင့် ဝူလုချန်သည် ဤဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရ၏။

ဤအတွေ့အကြုံကြောင့် သူသည် သူ၏အဖွဲ့ဖော်များမရှိဘဲ သူတွင် အားသာချက်မရှိကြောင်း နားလည်လာခဲ့ရသည်၊ ဒါကြောင့် သူသည် ပုန်းအောင်းရန် နေရာတစ်ခုကို ပညာရှိစွာရှာဖွေပြီး သူတို့ လာရှာသည်အထိစောင့်နေခဲ့သည်။

ဝူလုချန်သည် သူ၏ လျှို့ဝှက်နယ်မြေထဲက အတွေ့အကြုံကို မျှဝေနေစဉ် မြေပြင်သည် ရုတ်တရက် အသံမပေးဘဲ ကွဲအက်သွားပြီး ကြီးမားသော၊ နက်ရှိုင်းသော ချောက်ကြီးတစ်ခု အောက်တွင် ပေါ်လာခဲ့သည်။ မည်သူမျှ တုံ့ပြန်ရန် အချိန်မရမီ သူတို့အားလုံး ၎င်းထဲသို့ ကျသွားကြတော့သည်။

နဉ်ရွှီ မြေပြင်မှ ထလာပြီး မျက်လုံးများကို ဖွင့်လိုက်သောအခါ သူမသည် "ဖူရှန် နတ်ဘုရားလိုဏ်ဂူ" ဟု ရေးထားသော ကျောက်ပြားတစ်ခု၏ ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် သူမ၏ အဖွဲ့ဖော်နှစ်ဦးလည်း ထရပ်လာကြသည်။

သူတို့သည် အလွန် ကျဉ်းမြောင်းသော နေရာတွင်ရှိနေ၏။ သူတို့၏ ရှေ့တွင် "ဖူရှန် လိုဏ်ဂူ" ဟု ရေးထိုးထားသော ကျောက်ပြားတစ်ခုနှင့် တင်းကျပ်စွာ ပိတ်ထားသော ကျောက်တံခါးတစ်ခုမှလွဲ၍ အခြားဘာမှမရှိ။

ကျောက်တံခါး၏ အပေါ်ဘက်တွင် မီးအိမ်နှစ်လုံးသည် မှိန်ဖျော့သော အနီရောင်အလင်းရောင်ကို ထုတ်လွှတ်နေပြီး ၎င်းတို့၏ တုန်ခါနေသော ဖယောင်းတိုင်မီးရောင်သည် နေရာငယ်ကို အနီရောင် သန်းစေသည်။

ဝူလုချန်က စပ်စုစွာဖြင့်။ "ဒါက အမွေအနှစ်ဂူများလား။"

နဉ်ရွှီက ပြန်ဖြေသည်။ "ဟုတ်လောက်တယ်။"

ပုံမှန်အားဖြင့်၊ နတ်ဘုရားအဖြစ်တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူများသာ "xx နတ်ဘုရား" ကဲ့သို့ အမည်များကို ယူလေ့ရှိသည်၊ ဥပမာ- "နတ်ဘုရား ချင်ကျို့" ကဲ့သို့ပင်။ ဒါဆိုသူတို့ရှေ့က ဖူရှန်သည်လည်း နတ်ဘုရားအဖြစ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်မလား။

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ "ကံကောင်းမှုတွေလား"

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလာသည်။ [ငါ မသိဘူး၊ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ အရေးမပါတဲ့ လူပုဂ္ဂိုလ်ငယ်လေး တစ်ယောက် ဖြစ်နိုင်တယ်။]

နဉ်ရွှီသည် ဦးဆောင်ကာ ပြောလိုက်သည်။ "ဝင်ပြီးကြည့်ကြမလား။"

နဉ်ရွှီ၏ အကြံပြုချက်ကို ဖြူစင်သောကျင့်ကြံသူသည် ကန့်ကွက်စရာမရှိပေ။ "ကောင်းပြီ!"

ဝူလုချန်သည် လက်များကို ပွတ်သပ်လိုက်ပြီး။ "ဝင်မယ်!၊ သွားကြစို့!"

သူသည် ကံကောင်းမှုကို တစ်ခါမှ မကြုံခဲ့ဖူးသဖြင့် ကျောက်တံခါးနောက်ကွယ်တွင် ဘာတွေရှိနေမလဲဆိုတာ မသိခဲ့ပေ။

သူတို့ ဝင်တော့မည်ဖြစ်ရာ ကျောက်တံခါးကို ဖွင့်ဖို့လိုအပ်ပေမည်။ နဉ်ရွှီသည် ထင်ရှားသောနေရာတွင် ခလုတ်တစ်ခုကို တွေ့လိုက်ရ၏။ သူမ ခလုတ်ကို နှိပ်လိုက်သည့်အခါ ကျောက်တံခါးသည် သူတို့ရှေ့တွင် ဖြည်းဖြည်းချင်း ပွင့်လာပြီး အတွင်းက ကမ္ဘာကို ဖော်ထုတ်လိုက်သည်။

၎င်းသည် ကျယ်ဝန်းသော ကျောက်ဂူတစ်ခုဖြစ်ပြီး အတွင်းရှိ မီးအိမ်နှစ်လုံးသည် အလားတူ မှိန်ဖျော့သော အနီရောင်အလင်းရောင်ကို ထုတ်လွှတ်နေသည်။

ကျောက်ဂူ၏ အလယ်တွင် တရားထိုင်ခုံတစ်ခုရှိနေ၏။

ဤအချိန်တွင် ဝိညာဉ်အာရုံအသိ တစ်ခုသည် ၎င်းပေါ်တွင် တရားထိုင်နေ၏။

သူတို့ ကျောက်ဂူထဲ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့နောက်က ကျောက်တံခါးသည်ပိတ်သွားပြီး၊ တစ်ချိန်တည်းမှာပင် သူတို့ရှေ့ရှိ ဝိညာဉ်အာရုံအသိသည် မျက်လုံးများကို ဖွင့်လိုက်သည်။

သူမ၏ မျက်လုံးများတွင် ဘာမှ မရှိဘဲ၊ သူမ၏အကြည့်သည် အေးစက်နေ၏။

သူမ၏ ရုပ်ရည်သည် မြင့်မြတ်ပြီး သူမသည် ဝိညာဉ်အာရုံအသိမျှသာ ဖြစ်သော်လည်း၊ မရောက်နိုင်အောင် မြင့်မားသည့် လေထုကိုပိုင်ဆိုင်ထားသည်။

ဝူလူချန်သည် နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့နှင့် မျက်လုံးချင်းဖလှယ်လိုက်မိသည်။

ကံကောင်းမှု ရောက်လာပြီ! ပြီးတော့ ကြီးမားတဲ့ ကံကောင်းမှု ဖြစ်နိုင်တယ်။

ဝူလုချန်သည် ဤမြင်ကွင်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး သူသည် စိတ်လှုပ်ရှားမှုကြောင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဖြစ်နေစဉ် ရုတ်တရက် ပျင်းရိသောစက်သံတစ်ခု သူ၏ နားထဲတွင် မြည်လာသည်။

[ဒီနာမည်မရှိတဲ့ သူရဲကောင်းက တကယ်ကို ကြွားလုံးထုတ်ဖို့ ကြိုးစားနေတာပဲ!]

ဖရဲသီးစားခြင်းစနစ်သည် ရုပ်ခန္ဓာမရှိသောကြောင့်၊ ကြွားလုံးထုတ်ရန် နေရာပင် မရှိခြင်းကဒေါသထွက်စရာ ကောင်းနေ၏။

နဉ်ရွှီ: …

ဝူလုချန်: …

ဤအချိန်တွင် မြူခိုးဆန်သော၊ အနှစ်သာရမရှိသော အသံတစ်ခုသည် ကျောက်ဂူထဲတွင် ပဲ့တင်ထပ်လာသည်။

"ငါက ဖူရှန်။ ငါ့ရဲ့ အတိတ်ဘဝမှာတော့ ငါက နတ်ဘုရားအဖြစ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။"

နဉ်ရွှီနှင့် အခြားသူများသည် သူတို့၏အတွေးများကို ထိန်းချုပ်ပြီး လက်များကိုယှက်ကာ ပြောလာကြသည်။ "အကြီးအကဲ။"

ဖရဲသီးစားခြင်းစနစ်က ဒေါသတကြီး ရေရွတ်လာသည်။ [ဖူရှန်တဲ့လား။ ဘာဖူရှန်လဲ တစ်ခါမှမကြားဖူးဘူး!]

[ငါ ကြွားလုံးထုတ်ဟန်ဆောင်တဲ့သူတွေကို မြင်ဖူးတယ်၊ ဒါပေမဲ့ ဒီလိုမျိုး မဟုတ်ပါဘူး!]

နောက်တစ်ခဏတွင် ဝိညာဉ်အာရုံအသိသည် ဖြည်းဖြည်းချင်း ထရပ်လာသည်။ "ငါနှစ်ပေါင်းများစွာကတည်းက ကျဆုံးခဲ့ရတယ်၊ ငါ့ရဲ့ ဝိညာဉ်အာရုံကလည်း သိပ်ပြီး မကြာရှည်မခံတော့ဘူး။"

သူမသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ "ငါ စွန့်လွှတ်လို့မရတဲ့ တစ်ခုတည်းသော အရာကတော့ ငါ့ရဲ့ တစ်သက်တာ အကြီးမားဆုံး ကျွမ်းကျင်မှုပဲ။"

ဤသို့ပြောပြီးနောက် သူမ၏ အကြည့်သည် သူမ၏ ရှေ့ရှိ လူငယ်ကျင့်ကြံသူသုံးဦးကို လှည့်ပတ်ကြည့်လိုက်ပြီး သူတို့ထံသို့ အနည်းငယ်လှမ်းလာကာ "ဒါကြောင့်၊ ငါ့ရဲ့ အဆောင်မန္တန် ပညာကို အမွေဆက်ခံမယ့် သူတစ်ယောက်ကို ရွေးချယ်ဖို့ ပြင်ဆင်နေတာ။"

နဉ်ရွှီသည် သူမ၏ ရင်ထဲရှိ ထူးဆန်းသောခံစားမှုကို ထိန်းချုပ်ပြီး။ "အကြီးအကဲ၊ အမွေဆက်ခံသူကို ဘယ်လိုရွေးချယ်ဖို့ စီစဉ်ထားပါသလဲ။"

ဘာကြောင့် သူတို့ သုံးဦးကို ရွေးချယ်ခဲ့တာလဲ။

သူတို့သာ ရွေးချယ်ခံရတာလား၊ ဒါမှမဟုတ် တခြားသူတွေလည်း ရှိသေးလား။

ဖူရှန်၏ လေသံက အေးစက်နေ၏။ "သဘာဝအတိုင်းပဲ၊ အဆောင်မန္တန်ပညာမှာ အကြီးမားဆုံး အရည်အချင်းရှိတဲ့သူကို ငါရွေးချယ်မယ်။"

ထို့နောက် ဖူရှန်သည် သူမ၏ မမြင်နိုင်သောလက်ကို နဉ်ရွှီ၏ ရှေ့တွင် ပေါ့ပါးစွာလှမ်းလိုက်သည်၊ သူမ၏ အရည်အချင်းကို စမ်းသပ်နေသကဲ့သို့ပင်။ နဉ်ရွှီသည် သူမ၏ အနီးကပ် လာရောက်မှုကို ရှောင်ရှားရန် ဘေးဘက်သို့ ခြေလှမ်းရွှေ့လိုက်၏။

ဖူရှန်သည် အနည်းငယ် အံ့အားသင့်သွားပြီး သူမ၏ ရှေ့က အဆင့်နိမ့် ကျင့်ကြံသူသည် သူမ၏ချဉ်းကပ်မှုကို တက်ကြွစွာ ရှောင်ရှားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပုံပေ။

သူမ တစ်စုံတစ်ရာပြောရန်ပြင်နေစဉ် ရုတ်တရက် ကျယ်လောင်ပြီးမာနကြီးသော အသံတစ်ခု သူမ၏ နားထဲတွင် ပဲ့တင်ထပ်လာ၏။

[ဒီအဖွားကြီးရဲ့ စွမ်းအင်က နည်းနည်း ထူးဆန်းနေတယ်။]

[ဒါက နတ်ဘုရားအဖြစ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူအဖြစ် ဟန်ဆောင်နေတာတဲ့လား။]

[ကျစ်၊ ဒီအဖွားကြီးက တကယ်ကို သူ့ကိုယ်သူ မြှောက်ပင့်တတ်တာပဲ!]

[ငါ့ထင်တာ ဒီဘယ်နှစ်နှစ်ရှိပြီလဲမသိတဲ့ အဖွားအိုနတ်ဆိုးက နင့်ရဲ့ ခန္ဓာကိုယ်ကိုဝင်ပူးချင်နေတာပဲ!]

ရုတ်တရက် ဖော်ထုတ်ခံလိုက်ရ၍ အေးခဲသွားရသော ဖူရှန်: ???

နဉ်ရွှီ: !!!

လူတိုင်း: !!!

__

All Chapters