← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃)

နတ်ဘုရားချင်ကျို့သည် လေလံပွဲအိမ်မှ ပြန်ယူခဲ့သော အဋ္ဌမအဆင့် ဝိညာဉ် ပြန်လည်နိုးထလာသည့် ဆေးလုံးကို ထုတ်ယူခဲ့ပြီး “သူ(မ) ဘယ်မှာလဲ?” ဟု မေးခဲ့သည်။

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်သို့ ပြန်မေးခဲ့သည်။ “သူ(မ) ဘယ်မှာလဲ?”

[ယောင်ရှင်းမြို့၊ ‘ဖျင်အန်း’ လမ်းကြားမှာပါ။ လမ်းကြားရဲ့အတွင်းဆုံးက အိမ်။]

နဉ်ရွှီသည် ဤအချက်အလက်ကို နတ်ဘုရားချင်ကျို့အား ပြန်ပြောခဲ့သည်။

“ကောင်းပြီ။”

ထို့နောက် သူသည် ဝိညာဉ်ပြန်လည်နိုးထလာသည့် ဆေးလုံးကို နဉ်ရွှီဘက်သို့ တွန်းပို့လိုက်၏။

နဉ်ရွှီသည်လည်း သူ့ဘက်သို့ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၈၅၀,၀၀၀ပါသော သိုလှောင်အိတ်အား တွန်းပို့ခဲ့သည်။

ထိုသို့ဖြင့် အရောင်းအဝယ်သည် အလွယ်တကူ ပြီးစီးခဲ့တော့သည်။ နဉ်ရွှီသည် နတ်ဘုရား ချင်ကျို့ဘာတွေးနေသည်ကို မသိသော်လည်း သူမသည် သေချာပေါက် အမြတ်ရခဲ့သည်ဟု ခံစားခဲ့ရပေသည်။

ဤအရာကို တွေးပြီး သူမသည် ကြိုတင်အကြံပြုလာသည်က “ကျွန်မတို့ ကျောက်စိမ်းတံဆိပ်တွေ လဲလှယ်ကြမလား?”

နတ်ဘုရား ချင်ကျို့က ပြန်ဖြေခဲ့သည်။ “ရတာပေါ့။”

“ကျွန်မတို့ရဲ့တာဝန်အရ ရှင် သူ(မ)ကို မတွေ့ရသေးခင်၊ သူ(မ) ယောင်ရှင်းမြို့ကနေ ထွက်သွားခဲ့ရင် ကျွန်မ ချက်ချင်း အကြောင်းကြားပါ့မယ်။”

“ကောင်းပြီ။”

ထို့နောက် နတ်ဘုရား ချင်ကျို့ဟာ ပေါ့ပေါ့ပါးပါး စကားပြောသလိုသာ မေးလိုက်ချေသည်။ “သူ(မ)အကြောင်း မင်း ဘယ်လိုသိခဲ့တာလဲဆိုတာ မေးလို့ရမလား?”

နဉ်ရွှီက မရေရာစွာဖြင့်သာ ပြန်ဖြေခဲ့သည်။ “ကျွန်မ တွက်ချက်ခဲ့တာပါ။ ရှင် နောက်ထပ် မေးစရာတွေရှိရင် အချိန်မရွေး ကျွန်မကို မေးဖို့မတွန့်ဆုတ်ပါနဲ့။”

သူတို့ ကျောက်စိမ်းတံဆိပ်များ လဲလှယ်ပြီးသည်နှင့် ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီအား ချက်ချင်း ချီးမွမ်းလာ၏။

[တော်လိုက်တာ host! နင်ကျောက်စိမ်းတံဆိပ်ပါ ရလိုက်ပြီ။]

[နတ်ဘုရား ချင်ကျို့က အခု ရွှေအမြုတေ ကျင့်ကြံသူဖြစ်နေပေမဲ့ သူက တစ်ချိန်က အဋ္ဌမအဆင့် ဆေးဆရာ(ဆေးဖော်စပ်သူ) ဖြစ်ခဲ့တာ။]

[ဒီအဘိုးကြီးမှာ ဆေးလုံးကောင်းတွေအများကြီး စုဆောင်းထားတာ ရှိနိုင်သေးတယ်။]

[သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်တာက သေချာပေါက် မှန်ကန်တဲ့ရွေးချယ်မှုပဲ။]

နဉ်ရွှီသည် အနည်းငယ် အံ့အားသင့်ခဲ့ရသည်။ “သူက ဆေးဆရာလား?”

[ဟုတ်တယ်။]

“သူက ဓားကျင့်ကြံသူလို့ ကျွန်မထင်ခဲ့တာ။”

ချင်ကျို့ (ကြည်လင်သော ဝိုင်) ဟူသော နာမည်သည် ပေါ့ပေါ့လွတ်လပ်သော ခံစားချက်ကို နှိုးဆွသောကြောင့် နဉ်ရွှီသည် အမြဲတမ်း နတ်ဘုရား ချင်ကျို့သည် ဓားကျင့်ကြံသူဖြစ်သည်ဟု ယူဆခဲ့မိသည်။

ဖရဲသီးစားခြင်းစနစ်က ငြင်းဆိုလာ၏။

[မဟုတ်ဘူး။ သူက ဆေးဝါးဖော်စပ်တာကိုပဲ အဓိကလုပ်တာ။ဆေးပညာက အရန်။]

[နင်လက်ထဲမှာရှိတဲ့ ဝိညာဉ် ပြန်လည် နိုးထလာတဲ့ ဆေးလုံးကို သူကိုယ်တိုင် ဖန်တီးခဲ့တာ။]

[ဒါပေမဲ့ သူမီးဖိုကို မထိတာ နှစ်ပေါင်းများစွာကြာနေပြီ။]

နဉ်ရွှီ: “…”

ဒါဆို သူ ဒီနေ့ လေလံတင်ခဲ့တဲ့ ပစ္စည်းနှစ်ခုက သူ့ရဲ့ကိုယ်ပိုင် ဖန်တီးမှုတွေပေါ့?

သူ တကယ်ပင် ပိုက်ဆံအတွက် အသည်းအသန်ဖြစ်နေသည်အား မြင်နိုင်ပါသည်။

နဉ်ရွှီသည် သိချင်စိတ်ပျင်းပြနေ၍ “အဋ္ဌမအဆင့် ဆေးဆရာရဲ့ ဆေးလုံးတွေက အရည်အသွေးတော့ မနိမ့်လောက်ဘူး၊ ဟုတ်တယ်မလား?”

[ပြောရမယ်ဆိုရင်တော့.. သူ့ရဲ့ ဆေးလုံးတွေကို ဒီနေ့ထိ ဘယ်သူဟာနဲ့မှ မယှဥ်နိုင်သေးဘူး။]

နဉ်ရွှီ: “!!!”

“ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ။”

သူမသည် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်တော့မည်ဖြစ်ပါသည်။ ဆေးလုံးများကို အများကြီး သိုလှောင်ထားခြင်း မရှိသေးပေ။ အဆင့်နိမ့်ပြန်လည်ထူထောင်ရေး ဆေးလုံးများ နှင့် နုပျိုရေးဆေးလုံးများသည် အမြဲတမ်း အသုံးဝင်ပြီး အများအပြားလည်း မရှိနိုင်ပေ။

သူမသည် ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောဆိုခြင်းကို ပြီးဆုံးသည်နှင့် နတ်ဘုရား ချင်ကျို့သည် နောက်ထပ် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလာသည်။

“အိတ်ထဲမှာ အဆင့်နိမ့် ဆေးလုံးအချို့ပါပါတယ်။”

နဉ်ရွှီ: “???”

“ဒါက ဘာအတွက်လဲ?”

နတ်ဘုရား ချင်ကျို့က ရိုးရိုးရှင်းရှင်းပင် “လက်ဆောင်ပါ။”

နေပါဦး၊ သူသည် ဝိညာဉ်ကျောက်တုံး 8 သန်း တန်ဖိုးရှိသော ဆေးလုံးကို ၈၅၀,၀၀၀ ဖြင့်သာ ရောင်းချသည်မှာ လူအများလှောင်ပြောင်စရာဖြစ်နေပြီပင်။

ဒါတောင် သူက အခု အခမဲ့ ပစ္စည်းများကိုပါ ပေးနေသေးတာလား?

သူမ၏အတွေးများကို ခံစားမိသကဲ့သို့ ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ မှတ်ချက်ပေးလာ၏။

[သူက အရမ်းကို ထင်ရှားအောင် လုပ်နေတာပါ။]

နဉ်ရွှီက “ဘာကို ထင်ရှားအောင်လဲ?”

[သူက နင်နဲ့ မိတိဖွဲ့ချင်နေတာကိုပေါ့ဟ]

နဉ်ရွှီသည် အံ့သြခဲ့မိသည်။ “သူကလည်း ကျွန်မ ကံကြမ္မာရဲ့သမီးတော်ဆိုပြီး သိတာလား?”

ဖရဲသီးစားခြင်းစနစ်သည် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ပြန်ဖြေလာ၏။

[မဟုတ်ဘူး။]

[သူက နင့်ကို ဗေဒင်ဆရာလို့ ထင်နေတာနေမှာ။]

[ဘာပဲဖြစ်ဖြစ်၊ သူ့ရဲ့မယားငယ်က တစ်ကြိမ် ထွက်ပြေးနိုင်ခဲ့တာဆိုတော့ သူ(မ)က နောက်ထပ် နောက်ထပ် ထွက်ပြေးနိုင်သေးတယ်လေ၊ ဒုတိယအကြိမ်၊ တတိယအကြိမ်တောင်မဖြစ်ဘူးလို့ မဆိုနိုင်ဘူး]

[အဲဒီအခါကျရင် သူက နင့်ရဲ့ အကူအညီကို ထပ်လိုအပ်မှာပဲ မဟုတ်ဘူးလား?]

ဤအကြောင်းပြချက်သည် အလွန် လက်တွေ့ကျသောကြောင့် နဉ်ရွှီသည် ၎င်းကိုငြင်းခုံရန်ပင် မတတ်နိုင်ခဲ့ပါ။

ကောင်းမွန်သော ဆက်ဆံရေးလေးသာ တည်ဆောက်လိုသော နတ်ဘုရား ချင်ကျို့: “…”

သူသည် သူ၏ဝိညာဉ်စွမ်းအင် ပျောက်ကွယ်ခြင်း၏လျှို့ဝှက်ချက်အား ဖြေရှင်းရန် သော့ချက်ကို ဤသူ့ရှေ့ရှိ ကျင့်ကြံသူနှင့် ထိုထူးဆန်းသော အသံတို့က ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မြင်မိပေသည်။

သူ၏ ဝိညာဉ်စွမ်းအင်သည် ဘယ်ကို ပျောက်ကွယ်သွားခဲ့သနည်း။

သူသည် ဤ အဖြေကို မဖော်ထုတ်နိုင်လျှင် သူသည် စိတ်အေးချမ်းစွာ အနားယူနိုင်မည် မဟုတ်ပေ။

အရောင်းအဝယ်ပြီးနောက် နတ်ဘုရားချင်ကျို့သည် ထွက်ခွာရန် ပြင်ဆင်တော့၏။

သူသည် မသွားချင်သော်လည်းနေရန် အကြောင်းပြချက် မရှိတော့ပေ။

ထို့ကြောင့် နဉ်ရွှီသည်လည်း မတ်တပ်ရပ်ခဲ့ပြီး ပေါ့ပေါ့ပါးပါးသာ ပြောခဲ့သည်။ “ဂရုစိုက်သွားပါ၊ တာအို မိတ်ဆွေ။”

ထို့နောက် သူမသည် ဖရဲသီးစားခြင်းစနစ်ဘက်သို့ လှည့်ခဲ့သည်။ “ရိုးရိုးသားသား ပြောရရင် သူက အချစ်ရူးရူးနေတဲ့ပုံတော့ မပေါ်ပါဘူး။”

တစ်ချိန်က ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံးအဖြစ် သတ်မှတ်ခံရသူ တစ်ဦးအနေဖြင့် သူ၏ ရုပ်ရည်သည် သေချာပေါက် အပြစ်အနာအဆာ မရှိခဲ့ပေ- သူ၏ ဆီးနှင်းကဲ့သို့လှပသော မျက်နှာသွင်ပြင်များသည် မပြုံးဘဲပင် ဆွဲဆောင်မှုကို ဖြာထွက်နေစေသည်။

သို့သော် ထိုသို့သော ရုပ်ရည်ဖြင့်ပင် သူသည် တစ်စုံတစ်ဦးကို မဆွဲထားနိုင်ဘူးလား?

ဖရဲသီးစားခြင်းစနစ်က မနှစ်သက်သောလေသံဖြင့်

[သူ့မျက်နှာကြောင့် လှည့်စားမခံရစေနဲ့။]

[သူ့မယားငယ် ရှေ့မှာ သူက ဒီလိုပုံ လုံးဝ မဟုတ်ဘူး။]

နဉ်ရွှီသည် သိလိုစိတ်ဖြင့် “သူ့မယားငယ် ရှေ့မှာ သူဘယ်လိုလဲ?”

ဖရဲသီးစားခြင်းစနစ်က သူ၏ အသံကိုမြှင့်တင်ကာ တုပ၍ [ချစ်လား? မင်း ငါ့ကို တကယ်ချစ်လားလို့?]

[မင်း ငါ့ကို နည်းနည်းလောက် ပိုချစ်ပေးနိုင်မလားဟင်?]

[ငါ မင်းမရှိရင် မနေနိုင်ဘူး…]

နဉ်ရွှီ: “???”

မြောက်-တောင် တောင်ထိပ် သခင်: “…”

နတ်ဘုံကျင့်ကြံသူ ချင်ဂျို့: “…”

ဒါက ဒုတိယမြောက် ရှက်ရွံ့ရခြင်းဖြစ်ကာ ကြက်သီးထ၍ ခြေချောင်းများပင် ကွေးသွားရ၏၊ ဒီခံစားချက်က ဒီလိုကိုး..။

တကယ် မျက်နှာပူစရာပင်။

သူ အရမ်း ရှက်ရွံ့ခဲ့ရသောကြောင့် နတ်ဘုရား ချင်ကျို့၏ လက်ထဲရှိ သိုလှောင်အိတ်သည်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

မြောက်-တောင် တောင်ထိပ်သခင်သည် တိတ်ဆိတ်စွာ ၎င်းကို ကောက်ယူခဲ့ပြီး သူ့ကို ပြန်ပေးလိုက်၏။ “တာအို မိတ်ဆွေ၊ ဒါကိုဂရုစိုက်ပါ။”

မြောက်-တောင် တောင်ထိပ် သခင်သည် သူ့ကိုကြည့်ရန် မဝံ့ရဲခဲ့ချေ။

သူ ထပ်မံကြည့်ရှုလျှင် သူသည် ထိုနေရာတွင် ချက်ချင်း ရယ်မောမိမည်အား ကြောက်ရွံ့ခဲ့လေသည်။

ထိုအချိန်တွင် နဉ်ရွှီဟာ အနည်းငယ် အံ့အားသင့်နေသော လေသံဖြင့် “နတ်ဘုရား ချင်ကျို့က… တကယ်တော့ အချစ်ငတ်နေတဲ့ စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။”

ဖရဲသီးစားခြင်းစနစ်သည် ပို၍ပင် မထီမဲ့မြင်ပြုလာ၏။ [သူက အချစ်ငတ်နေတာ သေချာတယ်။ ပြီးတော့ ကပ်ပါးကောင်လို ဖြစ်နေတာလဲ သေချာတယ်။]

[သူ့လို လူမျိုးတွေက အခု ခေတ်မစားတော့ဘူး။]

[ပြောရရင် သူက အခုအသက်ကြီးနေပြီ၊ သူ့ရဲ့ကျင့်ကြံမှုက နိမ့်ကျနေပြီးတော့ သူက အရမ်းလည်း ဆင်းရဲသေးတယ်။ ဘယ်သူက သူ့ကို စိတ်ဝင်စားမှာလဲ?]

နတ်ဘုရား ချင်ကျို့: “…” ကျွန်တော့်ကို စိတ်ဝင်စားတဲ့ တစ်ယောက်ယောက်တော့ ရှိနေသေးပါတယ်၊ ဟုတ်တယ်မလား?

ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီအား [နင်ရော စိတ်ဝင်စားလား?]

နဉ်ရွှီက ယဉ်ကျေးစွာ ပြန်ဖြေခဲ့သည်။ “ငါ *အရမ်းချစ်တတ်တဲ့လူမျိုးကို သိပ်ပြီး စိတ်မဝင်စားဘူးရယ်။”

(T/N- အချစ်ကိုရူးသွပ်နေသူ)

နတ်ဘုရား ချင်ကျို့သည် တကယ်ပင် ရုပ်ရည်ကောင်းခဲ့သော်လည်း ကျင့်ကြံခြင်းလောကတွင် ချောမောသော အမျိုးသားများ မရှားပါးပေ။

ဥပမာအားဖြင့် ဖြူစင်သော ကျင့်ကြံသူကိုပဲကြည့်ကြည့်ပါ၊ သူသည် နတ်ဘုရား ချင်ကျို့ထက် ပိုမကောင်းသော်လည်း မနိမ့်ကျပေ။

ဤဖော်ပြချက်သည် ယဉ်ကျေးသော ငြင်းပယ်ခြင်းဖြစ်သည်မှာ ရှင်းလင်းပါ‌ပေသည်။

နတ်ဘုရား ချင်ကျို့: “…”

ငါတကယ် အိုနေပြီနေမှာ။

__

နဉ်ရွှီနှင့် မြောက်-တောင် တောင်ထိပ် သခင်သည် သူတို့၏ သီးသန့်ခန်းသို့ ပြန်လာသောအခါ လေလံပွဲသည် ပြီးဆုံးခြင်းသို့ နီးကပ်နေပြီ ဖြစ်ပါသည်။

မြောက်-တောင် တောင်ထိပ်သခင်က “မင်း တစ်ခုခု လေလံဆွဲခဲ့သေးလား?”

ပစ္စည်းမျိုးစုံ ခန်းမ၏ခေါင်းဆောင်က ပြုံးခဲ့ပြီး “ကျွန်မ ဆယ်နှစ်သက်တမ်းရှိတဲ့ ဝိညာဉ်ရေစက်အချို့နဲ့ အဆင့်6 ဝိညာဉ် ဆေးပင်တစ်ပင်ကို ဆွဲခဲ့တယ်”

“တန်ဖိုးရှိတဲ့ တခြားဟာတွေ သိပ်မရှိဘူး၊ အဲ့ဒါကြောင့် ကျွန်မ ဆက်ပြီး လေလံမဆွဲတော့တာ။”

မြောက်-တောင် တောင်ထိပ် သခင်က ခေါင်းညိတ်၍ အသိမှတ်ပြုလာ၏။

ဝိညာဉ်ရေကို စားသုံးသောအခါ တစ်စုံတစ်ဦး၏ နတ်ဘုရား (စိတ်)ဝိညာဉ်ကို အတိုင်းအတာတစ်ခုအထိ သန့်စင်စေနိုင်သည်။

ကံမကောင်းစွာဖြင့် ဆယ်နှစ်သက်တမ်းရှိ ဝိညာဉ်ရေသည် ထိရောက်မှု မကြီးမားပေ။

သို့သော် ၎င်းသည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် အတော်လေး အသုံးဝင်နေဆဲပါ၊ အနည်းငယ်သည် ဘာမှမရှိခြင်းထက် ပိုကောင်းပေသည်။

လေလံပွဲ ပြီးဆုံးသည်နှင့် နဉ်ရွှီနှင့် သူမအဖွဲ့သည် အိမ်ပြန်ရန် ပြင်ဆင်ကြတော့သည်။

သူမသည် မူလက လေလံပွဲအိမ်ကိုဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ယခုမူ ၎င်းသည် ကောင်းမွန်သော စိတ်ကူး တစ်ခုပုံမပေါ်တော့ပေ။

ပထမအချက်မှာ သူမသည် လုံးဝဆင်းရဲနေပြီ။

ဒုတိယအချက်မှာ သူမသည် အဋ္ဌမအဆင့် ဝိဉာဉ်ပြန်လည် နိုးထလာခြင်း ဆေးလုံးကို ပိုင်ဆိုင်ထား၏။

ဖုန်းယယ်မြို့(မေပယ်လ်ရွက်မြို့) လေလံပွဲအိမ်သည် ၎င်း၏အကောင်းမွန်စွာ လျှို့ဝှက်ချက်ထိန်းသိမ်းနိုင်ခြင်းအတွက် လူသိများလေသည်။ တိုက်ရိုက်ပါဝင်သူများမှလွဲ၍ အခြားမည်သူမျှ သူမသည် နတ်ဘုရားချင်ကျို့ထံမှ အဋ္ဌမအဆင့် ဆေးလုံးအား ဝယ်ယူခဲ့သည်ကို မသိရှိခဲ့ကြသော်လည်း နဉ်ရွှီဟာ မည်သည့် အန္တရာယ်ကိုမျှ မယူလိုချေ။

ဖရဲသီးစားခြင်းစနစ်က သဘောတူလာ၏။ [နင် သတိထားတာ ကောင်းတယ်။]

[ကျင့်ကြံခြင်းလောကမှာ ရတနာတွေကို ခြေရာခံနိုင်တဲ့ လက်ရာမြောက် ပစ္စည်းတွေ အများကြီး ရှိတယ်။]

[စိတ်မပူပါနဲ့၊ စိတ်မပူပဲနေတာ ပိုကောင်းတယ်။]

ထို့နောက် ဖရဲသီးစားခြင်းစနစ်က စုတ်သပ်၍။ [နောက်ဆုံးအဖြေက နင့်ရဲ့ ကျင့်ကြံမှုက အရမ်းနိမ့်နေလို့ပဲ]

[အဲ့ဒါကြောင့် hostရေ နင် ဘယ်ကျင့်ကြံသူကိုမှ မကြောက်ဘဲ ကျင့်ကြံခြင်းလောကမှာ သူဌေးတစ်ယောက်လို လမ်းလျှောက်နိုင်ဖို့ ဘယ်အချိန်မှာ လုံလောက်အောင် အစွမ်းထက်လာမှာလဲ?]

နဉ်ရွှီသည် အေးစက်သော နှာမှုတ်သံဖြင့်သာ တုံ့ပြန်ခဲ့တော့သည်။

__

ဝမ့်ရှင်းဂိုဏ်းသို့ ပြန်လာပြီးနောက် နဉ်ရွှီသည် သူမ၏သေးငယ်သော၊ ကောက်ရိုးဖြင့်မိုးထားသော တဲထဲတွင် ခဏတာ တရားထိုင်နေခဲ့၏။ မကြာမီ နောက်နေ့မနက်ခင်း သင်ခန်းစာအတွက် အချိန်ရောက်ရှိလို့လာပေသည်။

သူမသည် ရင်ပြင်သို့ ရောက်ရှိသောအခါ ဖြူစင်သောကျင့်ကြံသူထံမှ ပုံမှန်အတိုင်း အစားအစာကို ရရှိခဲ့သည်။

ဒီနေ့ ဟင်းလျာသည် တောက်ပသော အစိမ်းရောင် အရွက်များဖြင့် ထုပ်ပိုးထားသော ကြက်သားထမင်းပေါင်းဖြစ်ပါသည်။ ထမင်းပေါင်းတွင် အရွက်များမှ မှေးမှိန်သောရနံ့ပါ ပါရှိနေ၏။ ကြက်သားမှာ နူးညံ့ပြီး အရသာရှိလှသည်။ ၎င်းသည် သူမ စားဖူးသော ကြက်သားထမင်းပေါင်းထဲမှ အကောင်းဆုံးဖြစ်ကြောင်းသာ ပြောချင်သည်၊ တခြားဖော်ပြစရာမရှိ။

သူမသည် ရိုးသားစွာ ချီးမွမ်းလိုက်သည်။ “ရှင်ဟင်းချက်တာက ပိုပိုပြီး ကောင်းလာတယ်။”

ဖြူစင်သော ကျင့်ကြံသူ၏ မျက်လုံးနက်များဟာ အပြုံးတစ်ခုဖြင့် ကွေးညွန့်လာလေ သည်။ “မင်း သဘောကျလို့ တကယ်ဝမ်းသာပါတယ်။”

နဉ်ရွှီသည် သူ၏ဟင်းချက်ခြင်းကို နှစ်သက်ကြောင်း ဖော်ပြရန် ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ပေ။ သူမသည် တိုက်ရိုက်သာ ပြန်ဖြေခဲ့သည်။ “ကျွန်မ တကယ် သဘောကျပါတယ်။”

ထိုအချိန်တွင် အကြီးအကဲ ဝူချီချွန်သည် ရင်းနှီးမှုမရှိသော ကျင့်ကြံသူ တစ်ဦးကို ခေါ်ဆောင်လာပြီး ရင်ပြင်သို့ ရောက်ရှိလာ၏။

လူတိုင်း၏ အာရုံစိုက်မှုကိုရရှိရန် လက်ခုပ်တီး၍ စတင်ပြောခဲ့သည်။ “လူတိုင်းကို မိတ်ဆက်ပေးပါရစေ။ ဒီလူက အလဲအလှယ်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တခြားဂိုဏ်းကနေလာရောက်တဲ့ တပည့်တစ်ဦးပါ။ သူက မနက်ခင်းသင်ခန်းစာတွေမှာ ကျွန်တော်တို့နဲ့ ခဏတာ ပါဝင်ပါလိမ့်မယ်။”

“သူ့ကို နွေးထွေးစွာကြိုဆိုပေးကြပါဦး။”

တပည့်များက ယဉ်ကျေးစွာ လက်ခုပ်တီးခဲ့ကြသည်။ “ဝမ့်ရှင်းဂိုဏ်းက ကြိုဆိုပါတယ်၊ တာအိုမိတ်ဆွေ။”

လက်ခုပ်သံများအကြားတွင် ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် မယုံနိုင်စရာအသံဖြင့် အော်ဟစ်ခဲ့သည်။

[နေပါဦး အဲဒါ နတ်ဘုရားချင်ကျို့ မဟုတ်ဘူးလား?!]

[သူ့မယားငယ်ကို ရှာနေရမှာမလား၊ ဘာလို့ ဒီမှာရှိနေရတာလဲ?]

[ပြီးတော့ သူက ဘာလို့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဟန်ဆောင်နေတာလဲ?]

[Hostရေ သူက နင့်ကို စိတ်ဝင်စားနေတာကြောင့်လို့တော့ မပြောနဲ့နော်?]

[လုံးဝ မဖြစ်ရဘူး!!! သူက အရမ်း အိုနေပြီ၊ အမှုန့်တွေတောင် ဖြစ်တော့မယ်!!!]

နဉ်ရွှီ: “…”

သူ၏ပျောက်ကွယ်နေသော ဝိညာဉ်စွမ်းအင်၏ လျှို့ဝှက်ချက်ကို စုံစမ်းရန်သာ လိုလားသော နတ်ဘုရား ချင်ကျို့: “…”

အတင်းအဖျင်း ငတ်မွတ်ဆာလောင်နေသော တပည့်များ : “…”

__

အခန်း (၃၄)

နဉ်ရွှီက “မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး”

ဖရဲသီးစားခြင်းစနစ်က ယုံကြည်မှုရှိစွာပင် [ဒါ သေချာပေါက် ဖြစ်နိုင်တယ်။ နတ်ဘုရား ချင်ကျို့ရဲ့ သုံးဆယ့်ခြောက်ယောက်မြောက် မယားငယ်က နင်နဲ့ အသက်တူတူလောက်ပဲ။ ဒါက နင့်ကို ဘာကိုပြနေလဲပြော?]

[ဒီအဘိုးကြီးက အရှက်လည်းမရှိဘူး၊ အသက်ကွာခြားတဲ့ ဆက်ဆံရေးတွေကို သဘောကျတယ်ဆိုတာကို ပြနေတာပဲ!]

လူတိုင်း: !!!

နဉ်ရွှီ: …

ဤတစ်ကြိမ်မှာတော့ သူမဟာ တိတ်ဆိတ်သွားခဲ့ရသည်။

၎င်းက သာမန်အသက်ကွာခြားသော ဆက်ဆံရေးမဟုတ်၊ တိတိကျကျ ပြောရရင် အလွန်အသက်ကွာခြားသော ဆက်ဆံရေး ဖြစ်နိုင်ပေသည်။

နဉ်ရွှီက “ရှေ့က သုံးဆယ့်ငါးယောက်သော မယားငယ်တွေကော ဘယ်ရောက်ကုန်လဲ?”

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေခဲ့သည်က [သူတို့ ထွက်ပြေးကုန်ကြပြီ။]

နဉ်ရွှီက အနည်းငယ် အံ့အားသင့်သွားခဲ့၏။ “သူတို့ အားလုံးလား?”

[အားလုံးပဲ။]

နဉ်ရွှီသည် မယုံနိုင်ခဲ့ပေ။ “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”

နတ်ဘုရား ချင်ကျို့သည် အနည်းဆုံး အစွမ်းထက်သော ဆေးဝါး ကျင့်ကြံသူဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံမှုဖြင့်ပင်လျှင် အောက်ခြေအဆင့် ကျင့်ကြံသူအဖြစ် သတ်မှတ်မထားနိုင်ပေ။ သူသည် မယားငယ်တစ်ဦးကိုပင် ဘယ်လိုလုပ် မထိန်းထားနိုင်ရတာလဲ။

ထိုအချက်မှာ ဖရဲသီးစားခြင်းစနစ်က ပိုပြီး ပြောစရာများရှိခဲ့သည်။

[အဲ့လိုမဟုတ်ရင်၊ သူက ဘာလို့ အချစ်ရူးတစ်ယောက် ဖြစ်နေရတာလဲဆိုတာ နင်ဘယ်လို ရှင်းပြမလဲ?]

[သူချစ်မိသွားတဲ့အခါ သူက သူ့ရဲ့ အလုပ်အကိုင်ကို ဂရုမစိုက်တော့ဘူး။]

[သူက နေ့တိုင်း အလုပ်ကို အာရုံစိုက်တာမျိုးလည်း မရှိဘူး။ သူက ဆေးလုံးတွေ မဖော်စပ်တာတင်မကဘူး၊ တရားကျင့်တာတောင် မလုပ်ဘူး။ သူလုပ်ချင်တာက သူ့ရဲ့ မယားငယ်တွေနားမှာပဲ ကပ်နေဖို့ပဲ။]

[ပွေလီတဲ့ မျက်နှာပိုင်ထားပြီး သူ သိတာက 'ချစ်လေး၊ နမ်းပါဦး'၊ နဲ့ 'ချစ်လေး၊ ဖက်ထားကြရအောင်' ပဲ။]

[သူက ဆေးလုံးတွေ မဖော်စပ်ဘဲ သူရှာထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ အားလုံးကိုလည်း ပေးပစ်ခဲ့တယ်၊ သူ့ကို အိတ်ထဲမှာ ဘာမှမရှိဘူး၊ စုထားတာနဲ့ထိုင်စားနေတာ၊ ဆင်းရဲမွဲတေလွန်းလို့ သေတော့မယ်။]

[သူတို့ထွက်မပြေးခဲ့ရင် သူက ချီသန့်စင်ခြင်း အဆင့်မှာရှိနေလောက်ပြီ။ ဘယ်သူဆီကမှ ချစ်‌မေတ္တာမရတဲ့အခါမှပဲ သူက ကြိုးစားပြီး အလုပ်လုပ်တယ်။]

နဉ်ရွှီ: …

ချစ်မေတ္တာမရတဲ့အခါမှ သူ ကြိုးစားပြီး အလုပ်လုပ်သည်တဲ့လား? ဒါအဂ္ဂိရတ်ဆရာ တစ်ဦးရဲ့ အစစ်အမှန် သဘာဝလို့ ဘယ်သူက ထင်မိမှာလဲ?

နတ်ဘုရား ချင်ကျို့: ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားပါပြီလေ။

အကြီးအကဲ ဝူချီချွမ်သည် သူ၏မျက်လုံးများအတွင်းမှ ရယ်မောမှုကို ဖိနှိပ်နေတော့သည်။

သူသည် သူ၏လည်ချောင်းကို ရှင်းလင်းခဲ့ပြီး “ဒီ တပည့်အသစ်က မင်းတို့ အားလုံးနဲ့ အသက်မတိမ်းမယိမ်းလောက်ပဲ။ ဆေးဝါး ဖော်စပ်တာနဲ့ ဆေးပညာ နှစ်မျိုးလုံးကို ကျင့်ကြံတယ်” ကျင့်ကြံသူလောကတွင် ကျင်လည်ရင် ကိုယ်ပိုင်ဖန်တီး‌ထားသော ‌အထောက်အထားကိုသာ သုံးရ၏။

သူသည် ချီသန့်စင်ခြင်းအဆင့်ရှိ တပည့်အဖြစ် ဟန်ဆောင်နေသည်နှင့်အမျှ သူ၏ အသက်သည်လည်း ကိုက်ညီရန် လိုအပ်ပါသည်။

ဝူချီချွမ်က ဆက်လက်ပြောကြားခဲ့သည်။ “မင်း ဆေးဝါး ဖော်စပ်ရေးအဖွဲ့ကို အရင်ဝင်သင့်တယ်”

နတ်ဘုရား ချင်ကျို့က ပြန်ဖြေလာ၏။ “နားလည်ပါပြီ။”

ဤခဏတာဖြစ်စဉ်သည် လျင်မြန်စွာ ပြီးဆုံးသွားလေသည်။ နတ်ဘုရား ချင်ကျို့သည် ဝမ့်ရှင်းဂိုဏ်းသို့ အဘယ်ကြောင့် ရောက်လာသည်ကို မည်သူမျှ မသိသော်လည်း၊ သူသည် သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များရှိရမည်ပင်။

နဉ်ရွှီသည် သူ့ကို နောက်ထပ် ဂရုမစိုက်တော့ပေ။

ထိုနေ့ နံနက်ခင်း သင်ခန်းစာပြီးဆုံး ပြီးနောက် အကြီးအကဲ ဝူချီချွမ်က သတင်းအချို့ကို ထပ်မံအသိပေးလိုက်သည်။

“ဂိုဏ်းရဲ့ တပည့်တို့အားလုံး သိထားကြပြီးသား ဖြစ်မှာပါ။ ချီသန့်စင်ခြင်းအဆင့် တပည့်တွေပဲ ဝင်ရောက်နိုင်တဲ့ ထျန်းယာ လျှို့ဝှက်နယ်မြေက မကြာခင် ဖွင့်လှစ်တော့မှာ။”

“ချီသန့်စင်ခြင်း တပည့်တွေအတွက် သံသယဖြစ်စရာတောင်မလိုဘူး အဲ့တာက မကြာမီရောက်လာတော့မယ့် အကြီးမားဆုံး ကံကောင်းခြင်းဖြစ်လိမ့်မယ်။”

“ဒါပေမယ့် ဂိုဏ်းတစ်ခုစီအတွက် ခွဲဝေပေးထားတဲ့ နေရာအရေအတွက် ကန့်သတ်ထားတယ်။”

“ဒီနှစ်မှာ ကျွန်တော်တို့ ဂိုဏ်းကို လူတစ်ရာစာ ခွဲဝေပေးထားတယ်။”

“အဲ့တာကြောင့် ဂိုဏ်းက မကြာခင် စစ်ဆေးမှုတစ်ခု ကြေညာမှာပါ။ ထိပ်ဆုံး လူတစ်ရာက လျှို့ဝှက်နယ်မြေကို ဝင်ခွင့်ရမယ်။”

“မင်းတို့ အားလုံးရဲ့ဆန္ဒပြည့်ဝကြမယ်လို့ မျှော်လင့်ပါတယ်။”

ဤအရာကို ကြေညာပြီးနောက် အကြီးအကဲ ဝူချီချွမ်သည် ထွက်ခွာသွားခဲ့သည်။ နဉ်ရွှီသည် မည်သို့သော စစ်ဆေးမှု ဖြစ်နိုင်မည်ကို စဉ်းစားနေစဉ်၊ သူမ၏ အစားအစာ ကျင့်ကြံသူ မိတ်ဆွေနှစ်ဦးသည် သူမအား ဝိုင်းလာခဲ့သည်။

ကြမ်းတမ်းသော မျက်နှာ၌ မျှော်လင့်ချက်များ ပြည့်နှက်နေသော ဝူလုချန်က မေးလာ၏။ “မိတ်ဆွေ၊ အဖွဲ့ ဖွဲ့ချင်လား?”

နဉ်ရွှီသည် အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။ “ကျွန်မတို့ အဖွဲ့ဖွဲ့ဖို့ လိုတယ်လား?”

အစားအစာ ကျင့်ကြံသူများနှင့်အတူ လိုက်ပါလာသော ချင်းရီလော့က ပြန်ဖြေလိုက်သည်။ “စစ်ဆေးမှုအတွက် အဖွဲ့တွေမလိုအပ်ပေမဲ့ လျှို့ဝှက်နယ်မြေ အတွင်းမှာဆို အဖွဲ့ ဖွဲ့ထားတာ ပိုကောင်းတယ်။”

နဉ်ရွှီ မတုံ့ပြန်မီ ဖရဲသီးစားခြင်းစနစ်ဟာ မစောင့်နိုင်တော့ဘဲ ဝင်ရောက် ပြောဆိုလိုက်တော့သည်။ [ဖွဲ့၊ ဖွဲ့၊ ဖွဲ့လိုက်! ဝူလုချန်က ကြမ်းတမ်းပြီး၊ ရန်စတာ တော်တယ်။]

[ချင်းရီလော့နဲ့ ဖြူစင်တဲ့ ကျင့်ကြံသူက ကြီးမားတဲ့ပျက်စီးမှုတွေ ပေးစွမ်းနိုင်တယ်။]

[ဒါပေမဲ့၊ ငါတို့မှာ အရန်အကူအညီမယ့်လူ လိုအပ်နေသေးတယ်ထင်တယ်။]

သူမ၏ နာမည်ကို မကြားရသေးသော နဉ်ရွှီသည် မျက်တောင်ခတ်၍။ “ဒါဆို ငါကရော?”

ဖရဲသီးစားခြင်းစနစ်က ရယ်မောလျက် [နင်လား? နင်က အဖွဲ့ရဲ့ ဦးနှောက်၊ အဖွဲ့ရဲ့ အဓိက၊ အဖွဲ့ရဲ့ စိတ်ဝိညာဉ်ပဲ!]

နဉ်ရွှီ: …

သူ၏ hostကို ချော့မော့ချီးကျူးခြင်းနှင့် ပတ်သက်လာသောအခါ ဖရဲသီးစားခြင်းစနစ်သည် ၎င်း၏ နည်းလမ်းများရှိသည်မှာ သေချာပါသည်။ သို့သော် နဉ်ရွှီသည် ချီးမွမ်းမှုအတွက် ကျေနပ်မိသည်ကို ဝန်ခံရမည်။

“နင်ပြောတဲ့ အရန်ကူညီမဲ့သူ… ဆိုတာက…”

သူမ မပြီးဆုံးမီ ရင်းနှီးသော အသံတစ်ခုက ဖြတ်တောက်ခဲ့သည်။

“ကျွန်တော် မင်းတို့ အဖွဲ့ထဲ ဝင်လို့ရမလား?”

နဉ်ရွှီသည် အလိုလို အသံဘက်သို့ လှည့်လိုက်မိသည်။

မဝေးလှသောနေရာတွင် သူမသည် ယခုဆိုရင် သိသိသာသာ ပိုငယ်ရွယ်နေပုံရသော နတ်ဘုရား ချင်ကျို့သည် သူတို့အား တိုက်ရိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က သူ့တွင် ဆံပင်ဖြူနှင့် မျက်လုံးဖြူများ ရှိနေသည်။ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း သန့်စင်သော ပုံပန်းသဏ္ဌာန်ရှိပါသည်။ ယခုဆိုရင် သူ့မှာ ဆံပင်နက်နှင့်မျက်လုံးနက်များ ရှိနေ၏။ သူ၏ ကျင့်ကြံမှုကို ချီသန့်စင်ခြင်း အဆင့်အထိ ဖိနှိပ်ထားလေသည်။ သူ၏ ရုပ်ရည်သည်ပင်လျှင် ပိုပြီး ငယ်ရွယ်နေပုံရသည်။

နတ်ဘုရား ချင်ကျို့ ဝင်ရောက်လိုသည်ကို မြင်သောအခါ ဖရဲသီးစားခြင်းစနစ်သည် မနေနိုင်စွာ တီးတိုးပြောဆိုခဲ့တော့သည်။ [ဘာလဲဟ? သူက နင့်နားမှာ တကယ်ပဲ ကပ်နေဖို့ ကြိုးစားနေတာလား?]

နတ်ဘုရား ချင်ကျို့က လက်ချင်းယှက်၍ “ကျွန်တော်က အဂ္ဂိရတ်ဆရာ တစ်ယောက်ပါ။ မင်းတို့မှာ ဆေးပင်တွေ ရှိနေသရွေ့ ကျွန်တော်က မင်းတို့အတွက် အခမဲ့ဆေးလုံးတွေကို ဆက်တိုက်ပေးနိုင်ပါတယ်။ လျှို့ဝှက်နယ်မြေမှာ မင်းတို့ ဒဏ်ရာရခဲ့ရင်လည်း ကျွန်တော် ကုသပေးနိုင်ပါတယ်။”

ဤအရာကိုကြားသောအခါ နဉ်ရွှီသည် တကယ် စိတ်ဝင်စားသွားတော့၏။ သူ၏ ကျင့်ကြံမှုကို ရွှေအမြုတေအဆင့်အထိ ဖိနှိပ်ထားသော်လည်း သူသည် ထိပ်တန်းအဆင့် အကူအညီပေးသူတစ်ဦး ဖြစ်နေဆဲပင်။

ထို့အပြင် ဖရဲသီးစားခြင်းစနစ်က ဒီနှစ်၏ ထျန်းယာလျှို့ဝှက်နယ်မြေသည် ငြိမ်းချမ်းမှုရှိမည် မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပေသည်။ အဖွဲ့တွင် နှစ်မျိုးကျင့်ကြံသော အဂ္ဂိရတ်ဆရာ-ကုသသူ ရှိခြင်းသည် သေချာပေါက် စမ်းသပ်မှု၏ အခက်အခဲကို လျှော့ချပေးမည်ပင်။

ထို့ကြောင့်သူမက သဘောတူလိုက်သည်။ “ကောင်းပြီ။”

ဖရဲသီးစားခြင်းစနစ်သည် မူလက သဘောမတူခဲ့သော်လည်း ပြန်လည်စဉ်းစားပြီးနောက် နောက်ဆုံးတွင် နားလည်သွားခဲ့ပြီး သူမကို ချီးမွမ်းလိုက်၏။ [hostကတော်လိုက်တာ။]

ပြောဆိုပြီးနောက် ၎င်းသည် နဉ်ရွှီ တုံ့ပြန်မှုကို မစောင့်ဆိုင်းဘဲ ဆက်လက် ပြောကြားလာသည်။ [နတ်ဘုရား ချင်ကျို့ရဲ့ သုံးဆယ့်ခြောက်ယောက်မြောက် မယားငယ်က ထွက်ပြေးသွားတာမလို့ သူက နင်ကို စိတ်ဝင်စားနေတာဖြစ်နိုင်ပေမဲ့ နင်က သူ့ကို စိတ်ဝင်စားဖို့ဆိုတာ မဖြစ်နိုင်ဘူး။]

[နင်က သူ့ကိုမကြိုက်သလို သူကလည်း သူ့ရဲ့ရည်းစားဟောင်းကို မလိုက်ရှာဘူးဆိုတော့၊ သူက အခု ချစ်ဖို့ လူမရှိတော့ဘူး။]

[သူ ချစ်ဖို့ လူမရှိတဲ့အခါမှပဲ သူက အစွမ်းအထက်ဆုံးဖြစ်တာ။ အရင်က အကြိမ်တိုင်း သူက သူ့ရဲ့ (single)တစ်ကိုယ်တည်းကာလအတွင်းမှာပဲ အရူးအမူး အဆင့်တက်ခဲ့တာ။]

[ဒီအချိန်အတွင်းမှာ သူက သေချာပေါက်ဆေးလုံးတွေ ဖော်စပ်ပြီး အရူးအမူးကျင့်ကြံပါလိမ့်မယ်။]

[နင် သူ့နဲ့ အဖွဲ့ဖွဲ့ရင် နင်ဆေးလုံးတွေ အများကြီး ရနိုင်တယ်။]

နဉ်ရွှီသည် အနည်းငယ် ခေါင်းညိတ်ခဲ့သည်။ “ဟုတ်တယ်။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ရှိတယ်၊ သူ လျှို့ဝှက်နယ်မြေထဲဝင်လို့ ရပါ့မလား?”

မည်သို့ပင်ဖြစ်စေ နတ်ဘုရား ချင်ကျို့သည် စစ်မှန်သောချီသန့်စင်ခြင်း အဆင့်တွင် မရှိပေ။ ကံကောင်းထောက်မစွာ လျှို့ဝှက်နယ်မြေတွင် အသက်ကန့်သတ်ချက် မရှိပေ၊ မဟုတ်လျှင် သူသည် သေချာပေါက် ဝင်ရောက်နိုင်မည် မဟုတ်။

ဖရဲသီးစားခြင်းစနစ်: [ သူက သေချာပေါက် ဝင်နိုင်မှာ။]

မည်သို့ပင်ဖြစ်စေ နတ်ဘုရား ချင်ကျို့သည် တစ်ချိန်တစ်ခါက ဒေသတစ်ခုလုံးကို လှုပ်ခါစေခဲ့သော စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်၊ ထို့ကြောင့် သူသည် ထိုသို့သော သေးငယ်သော ကိစ္စအား မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပါ။

[သူက အရမ်းအိုနေပြီ၊ ဒါပေမယ့် အသက်ငယ်ချင်ယောင်ဆောင်နေတုန်းပဲ၊ သူ့အသက်က နင်တို့နဲ့ သိပ်မကွာဘူးတဲ့လား၊ သူ ဘယ်လိုတောင် ပြောရဲရတာလဲ]

နဉ်ရွှီသည် အခုဆိုရင် တစ်ဆယ့်ခုနစ်၊ တစ်ဆယ့်ရှစ်နှစ်သာ ရှိပုံရသော နတ်ဘုရား ချင်ကျို့အား ကြည့်ရှုလိုက်ပြီး ပေါ့ပေါ့ပါးပါးသာ ဆိုလာ၏။ “နင်က သူ့ကို ဘာလို့ ဂရုစိုက်နေတာလဲ?”

ဖရဲသီးစားခြင်းစနစ်သည် ကောက်ကျစ်စွာ ရယ်မောလိုက်၏။

[Host၊ ငါ အရမ်းကောင်းတဲ့ စိတ်ကူးတစ်ခုရသွားပြီ။]

နဉ်ရွှီက ပေါ့ပေါ့ပါးပါးပင် မေးမြန်းခဲ့သည်။ “ဘာစိတ်ကူးကောင်းလဲ?”

ဖရဲသီးစားခြင်းစနစ်က အလေးအနက် ပြောခဲ့သည်၊

[နတ်ဘုရား ချင်ကျို့ အချစ်ရူးရူး‌နေတာမျိုး ထပ်မဖြစ်အောင် သူ့ကို တစ်ကိုယ်တည်းထားတာက အကောင်းဆုံးနည်းလမ်းပဲ]

[သူ တစ်ကိုယ်တည်းနေသရွေ့ သူက သူ့ကိုယ်သူရှေ့ကိုရောက်ဖို့ ဆက်တွန်းအားပေးနေမှာပဲ။]

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်ဟာ ရယ်စရာ အကြံဉာဏ်တစ်ခုကို အကြံပြုတော့မည်အား အလိုလို ခံစားမိခဲ့ပါသည်။ ထို့ကြောင့် သူမက “ဆိုတော့? သူ့ကို တစ်ကိုယ်တည်း ဘယ်လိုနေခိုင်းမှာလဲ]

ဖရဲသီးစားခြင်းစနစ်က အရိပ်အမြွက်ပေးခဲ့သည်၊

[နင် ကြည့်ပါဦး၊ နင် အရင်က ကြောင်တွေကိုမွေးတုန်းက သူတို့ သားပေါက်ချင်တဲ့အခါ နင်က သူတို့ကို တိရစ္ဆာန်ဆရာဝန်ဆီ ခေါ်သွားပြီးသင်းကွပ်ခဲ့တယ်လေ၊ ဟုတ်တယ်မလား?] (LOL)

[အဲ့လိုပဲ၊ ကျင့်ကြံသူတွေကလည်း ဒါကိုလုပ်နိုင်တယ်။]

[သူက သာသနာ့ဘောင်ထဲဝင်ရင်၊ သူက စိတ်ခံစားမှုရဲ့ ဆက်နွှယ်မှုတွေ အားလုံးကိုဖြတ်တောက်ပြီး ကျင့်ကြံမှုအပေါ်မှာပဲ သီးသန့်အာရုံစိုက်ရမှာ သေချာတယ်။]

[ဒါက သူ့အတွက်အကျိုးရှိတာတင်မကဘူး၊ နင်နဲ့ နင့်ရဲ့အဖွဲ့အတွက်ပါ အကျိုးရှိစေမှာရယ်။]

နဉ်ရွှီသည် အမူအရာမဲ့စွာပင် “…နင် လူတစ်ယောက်လို ပြုမူစမ်းပါ”

ရုတ်တရက် အောက်ပိုင်းအေးစိမ့်မှုကို ခံစားမိသော နတ်ဘုရား ချင်ကျို့: …

ရင်ပြင်ရှိ တပည့်များ: …

ဖရဲသီးစားခြင်းစနစ်သည် ထိုသို့သော ဆိုးယုတ်သော စိတ်ကူး ထွက်လာလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။

၎င်း၏ပုံစံပါပဲဟုသာ ပြောနိုင်တော့သည်။

အစမှအဆုံးထိ ၎င်း၏ပုံစံအား ခိုင်မြဲစွာ ထိန်းထားလေ၏။

နဉ်ရွှီ၏ စကားများကို ကြားပြီးနောက် ဖရဲသီးစားခြင်းစနစ်က ဂရုမစိုက်ခဲ့ဘဲ [ငါက လူ မဟုတ်ဘူး။] ပြောပြီးသည်နှင့် စကားလမ်းကြောင်းပြောင်း၍ အကြံပြုလာသည်။ [host၊ ငါ အတည်ပြောနေတာ။]

နဉ်ရွှီက တိုက်ရိုက်ပြောခဲ့သည်၊ “နင်ပြောတာ မှန်တယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ငါသဘောတူမှာ မဟုတ်ဘူး။”

“အရမ်း လွန်ကဲမလာနဲ့”

Host၏ သဘောထားကို ယခုလောလောဆယ် မပြောင်းလဲနိုင်ကြောင်း သိရှိ၍ ဖရဲသီးစားခြင်းစနစ်သည် ဖျော့တော့စွာ သဘောတူလိုက်တော့သည်။ [ကောင်းပါပြီ။]

__

ဂိုဏ်း၏ စစ်ဆေးမှု အသိပေးချက်သည် မကြာမီ ရောက်လာတော့သည်။

ထျန်းယာ လျှို့ဝှက်နယ်မြေ နေရာအတွက်ယှဉ်ပြိုင်လိုသော တပည့်များကို ဂိုဏ်းအနီးရှိ သားရဲ တောအုပ်သို့ ချက်ချင်း ပို့ဆောင်မည်ဖြစ်ပါသည်။

ပထမအဆင့် ဝိညာဉ် သားရဲတစ်ကောင်ကို သတ်လျှင် အမှတ် ၅၀ ရရှိမည်။ ဒုတိယအဆင့် ဝိညာဉ် သားရဲတစ်ကောင်ကို သတ်လျှင် အမှတ် ၁၀၀ ရရှိမည်။ တတိယအဆင့်နှင့် အထက် ဝိညာဉ် သားရဲများအတွက်မူ ၎င်းတို့သည် ချီသန့်စင်ခြင်း အဆင့်ရှိ တပည့်များ၏ စွမ်းရည်များကို ကျော်လွန်သွားပြီပင်။

အမှတ်အမြင့်ဆုံး တပည့်တစ်ရာသည် လျှို့ဝှက်နယ်မြေ နေရာရရှိမည်ဖြစ်၏။

လျှို့ဝှက်နယ်မြေသည် မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်ကို ထည့်သွင်း စဉ်းစား၍၊ နောက်တစ်နေ့၊ တပည့်များအားလုံးကို သားရဲ တောအုပ်သို့ ပို့ဆောင်လိုက်၏။ တစ်ဦးစီကို အမှတ်ပေးတိုကင် တစ်ခုစီ တပ်ဆင်ပေးထားသည်။ ဤ စစ်ဆေးမှုအတွက် အဖွဲ့ဖွဲ့ခြင်းကို ခွင့်မပြုဘဲ အခြားသူများထံမှ အမှတ်များကို ခိုးယူခြင်းလည်း မပြုရပေ။ အမှတ်မည်မျှရရှိသည်က မိမိကိုယ်တိုင် အပေါ်တွင်သာ မူတည်ပေသည်။

နဉ်ရွှီသည် မင်ယွဲ့ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူမ၏ လက်ဖဝါးသည် အနည်းငယ် ချွေးထွက်နေလေသည်။ သူမ ကူးပြောင်းလာကတည်းက သူမသည် တစ်ကြိမ်မျှ မတိုက်ခိုက်ရသေးချေ။ ဒီနေ့သည် သူမ၏ ပထမဆုံး စစ်မှန်သော တိုက်ပွဲပင်။

သူမသည် စိတ်မလှုပ်ရှားပါဘူးဟု ပြောလျှင် ၎င်းသည် သေချာပေါက် လိမ်ညာရာရောက်မည်။

သို့သော် စောပြီး သို့မဟုတ် နောက်ကျပြီး သူမသည် ဤခြေလှမ်းကို သေချာပေါက် လှမ်းရမည်ဖြစ်ပါသည်။

သူမသည် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီး ဖရဲသီးစားခြင်းစနစ်ဖြင့် ချည်နှောင်လိုက်ကတည်းက နောင်တွင် တိုက်ပွဲများသည် ရှောင်လွှဲ၍ မရနိုင်ပါပေ။

ဖရဲသီးစားခြင်းစနစ်သည် တိုက်ခိုက်ရေး စိတ်ဓာတ်ဖြင့် ပြည့်နှက်နေလေ၏ [host၊ သတ်၊ သတ်၊ သတ်ထား!]

နဉ်ရွှီ: …

သူမ၏ စိတ်လှုပ်ရှားမှုသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

အကြီးအကဲက အမိန့်ပေးခဲ့ပြီးနောက် တပည့်များအားလုံး ပြန့်ကျဲသွားခဲ့ကြသည်။

ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် [host အရှေ့မြောက်ကို သွားချည်။ ပထမအဆင့် ဝိညာဉ် ကြွက်တစ်အုပ် ရှိတယ်။ သွားသတ်! သတ်! သတ်!]

နဉ်ရွှီ: “ကောင်းပြီ!”

ဖရဲသီးစားခြင်းစနစ်က သူမကို လမ်းညွှန်ပေးခြင်းသည် *လိမ်လည်ခြင်းဖြစ်သည်ဟု ထင်ရနိုင်သော်လည်း၊ ၎င်းကို ချည်နှောင်ထားခြင်းက သူမ၏ အားသာချက်ပင်။

(T/N- ဖရဲသီးစနစ်ကို အားကိုးပြီးလုပ်လို့ လိမ်လည်ရာရောက်တာ)

ကျင့်ကြံခြင်းလောကတွင် လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင် နည်းလမ်းများကို အသုံးပြုနိုင်သည်။ သူမတွင် အားသာချက်ရှိသည်နှင့်အမျှ သူမဟာ သေချာပေါက်အသုံးပြုမည် ဖြစ်ပါသည်။ နဉ်ရွှီသည် အားသာချက်များရှိနေချိန်တွင် အသုံးပြုခြင်းကို ရှောင်ရှားရန် ထိုမျှလောက်မြင့်မြတ်သော စိတ်ထားမရှိပေ။

သူမသည် အရှေ့မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့်သွားခဲ့တော့သည်။

ခဏတာ အလောတကြီး သွားပြီးနောက် ဖရဲသီးစားခြင်းစနစ်က အသံကျယ်ကျယ်ဖြင့် [ငါတို့ ရောက်တော့မယ်]

ဤတစ်ကြိမ်မှာ ဖရဲသီးစားခြင်းစနစ် သတိပေးခြင်းမရှိဘဲ နဉ်ရွှီသည် သူတို့ ပန်းတိုင်သို့ရောက်ရှိတော့မည်ကို သိရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဝိညာဉ် ကြွက်များ၏ ကြောက်စရာကောင်းသော အသံများကို ကြားနေရပြီဖြစ်သောကြောင့်ပင်။

တစ်ချက်ကြည့်လိုက်ရာ သူမသည် မီးခိုးရောင်ဖြစ်နေသော နေရာတစ်ခုကို မြင်တွေ့ခဲ့ရသည်။ အဝေးမှ သူမသည် ဆိုးရွားသော အနံ့တစ်ခုကိုလည်း ရခဲ့၏။ ၎င်းသည် ဝိညာဉ် ကြွက်များ၏ ထူးခြားသော အနံ့ပင်။

ဖရဲသီးစားခြင်းစနစ်က အော်ဟစ်လာသည်။ [host သတ်တော့!]

ဖရဲသီးစားခြင်းစနစ်၏ စိတ်လှုပ်ရှားမှုကြောင့် လွှမ်းမိုးခံရခြင်းဖြစ်နိုင်သည်၊ သို့မဟုတ် ပထမဆုံးအကြိမ် တိုက်ပွဲကို ခံစားရခြင်း ကြောင့်ဖြစ်နိုင်သည်။ နဉ်ရွှီ၏ တိုက်ခိုက်ရေး စိတ်ဓာတ်သည်လည်း ပြင်းပြစွာတောက်လောင်လာကာ သူမသည် ဓားကို ပန်းပွင့်ပုံစံ ဝှေ့ယမ်းလျက် ရှေ့တည့်တည့်သို့ ပြေးဝင်သွားတော့သည်။ “သတ်!”

သူမ၏ မကြာသေးမီက လေ့ကျင့်မှု၏ ရလဒ်များကို စမ်းသပ်ရန် အချိန်တန်ပြီ။

အကြီးအကဲ ဝူချီချွမ်က နံနက်ခင်း သင်ခန်းစာများအတွင်း သူတို့အား အခြေခံနည်းပညာများနှင့် ဓားရွေ့လျားများစွာ သင်ကြားပေးခဲ့သည်။ ၎င်းတို့သည် နက်နဲမှုမရှိသော်လည်း ပထမအဆင့် ဝိညာဉ်သားရဲများကို ကိုင်တွယ်ရန် လုံလောက်သည် ထက်ပိုပါသည်။

နဉ်ရွှီသည် ဝိညာဉ် ကြွက်များထဲမှတစ်ကောင်အား တိုက်ရိုက်သုတ်သင်ရန် ဓားရွေ့လျားမှု တစ်ခုကိုအသုံးပြုခဲ့သည်။

သူမ စိတ်ကူးထားသော မြင်ကွင်းသည် လှုပ်ရှားမှု တစ်ခုတည်းဖြင့် အုပ်စုကြီးတစ်ခုကို သုတ်သင်ခြင်းမဖြစ်ခဲ့သော်လည်း နဉ်ရွှီသည် စိတ်ဓာတ်မကျခဲ့ပေ။

၎င်းက သူမ၏ပထမဆုံး တိုက်ပွဲပင်။

လောစရာမလိုပါ။

ဝိညာဉ်ကြွက်များသည် အသိဉာဏ်သိပ်မရှိဘဲ ၎င်းတို့၏တိုက်ခိုက်ရေး စွမ်းအားသည်လည်း နိမ့်ပေသည်။ ၎င်းတို့သည် ကျင့်ကြံခြင်းလောကတွင် ကိုင်တွယ်ရ အလွယ်ကူဆုံး ဝိညာဉ်သားရဲများထဲတွင်ပါဝင်သည်။

သူမသည် သူမ၏ အာရုံခံစားမှုများကို ပိတ်ဆို့ပြီး ဝိညာဉ် ကြွက်များ၏ အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်သရွေ့ အဆင်ပြေ၏။

ခဏတာကြာပြီးနောက် နဉ်ရွှီသည် သူမ၏အတွင်းပိုင်းရှိ ဝိညာဉ် စွမ်းအားသည် ပိုမို ချောမွေ့စွာလည်ပတ်နေသည်ကို ခံစားမိခဲ့သည်။ အစပိုင်းတွင် ဝိညာဉ် ကြွက်များအား ရင်ဆိုင်သောအခါ သူမသည် အနည်းငယ် အကျပ်အတည်းဖြစ်ခဲ့သော်လည်း ဓားချက်များစွာခုတ်ပြီးနောက် သူမသည် ပို၍ ပို၍ ကျွမ်းကျင်လာတော့သည်။

နာရီဝက်ကြာပြီးနောက် ဝိညာဉ်ကြွက်များ နှစ်ဆယ်ကျော်လုံးကို နဉ်ရွှီက သတ်ဖြတ်လိုက်၏။

[ဂုဏ်ယူပါတယ် host၊ နင့်ရဲ့ ပထမဆုံး တိုက်ပွဲကို လှလှပပ အနိုင်ရသွားတယ်။]

နဉ်ရွှီ သက်ပြင်းတစ်ချက်ချ‌၍ တရားထိုင်ရန်နှင့် သူမ၏ ဝိညာဉ် စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် ထိုင်ချခဲ့ကာ “ကျေးဇူးပဲ။”

ဤ စစ်ဆေးမှုသည် တစ်နာရီကြာမည်ဖြစ်ပါသည်။။ ဆယ့်ငါးမိနစ် တရားထိုင်ပြီးနောက် နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏လမ်းညွှန်ချက်များကို လိုက်နာခဲ့ပြီး နောက်ထပ် ပထမအဆင့် ဝိညာဉ် သားရဲ တစ်ကောင်ကို သတ်ဖြတ်ခဲ့၏။

သူမ ပြီးဆုံးသည်နှင့် သတ်မှတ်ထားသော အချိန်လည်းပြည့်သွားသည်။

[အဆင့် ၁၉ နေရာရတယ်။]

တပည့်များအားလုံး စုဝေးပြီးနောက် အကြီးအကဲက အဆင့်များကို ချက်ချင်း ကြေညာခဲ့သည်။

သူမသည် ဖရဲသီးစားခြင်းစနစ်ထံမှ သူမ၏အဆင့်ကို ကြားသိခဲ့ပြီးဖြစ်သောကြောင့် သူမ၏ နာမည်ကို ခေါ်သောအခါ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်း ဝိညာဉ် အမြစ်တစ်ခုတည်းရှိသော တပည့်သည် ပထမနေရာကို ရယူခဲ့သည်။

ဖြူစင်သော ကျင့်ကြံသူသည် နဉ်ရွှီ၏ အောက် အဆင့် ၂၀ တွင် ရရှိခဲ့သည်။

ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် ကောက်ကျစ်စွာ ရယ်မောလာပြန်၏။

[တစ်ခါအောက်ဆို၊ အမြဲအောက်ရောက်တယ်၊ ငယ်တဲ့သူကအောက်မှာ.. ယောင်္ကျားတစ်ယောက်ကအောက်မှာ..စိတ်…စိတ်လှုပ်ရှားစရာပဲ..]

နဉ်ရွှီ: “???”

(T/N- may be နဉ်ရွှီနဲ့ ဖြူစင်တဲ့ ကျင့်ကြံသူကို စတာထင်တယ်)

All Chapters