← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅)

နဉ်ရွှီ: “နင် အရမ်းအချိုးမပြေဖြစ်နေရင် နင့်ကိုပဲ ထိခိုက်လိမ့်မယ်နော်။”

ဖရဲသီးစားခြင်းစနစ်က မကျေမနပ်ဖြင့် ပြန်ချေပလိုက်သည်။ [ထိခိုက်မှာ မဟုတ်ပါဘူး။]

နဉ်ရွှီ: “…”

ပြင်ဆင်မှုများနှင့် အကြီးအကဲ ဝူချီချွမ် ဒီအချိန်မှာ အမည်တစ်ရာကို ခေါ်ဆိုပြီးသွားခဲ့ပြီဖြစ်ပြီး နဉ်ရွှီရဲ့ အဖွဲ့ဝင် အားလုံးက လျှို့ဝှက်နယ်မြေမှာ နေရာရရှိခဲ့ကြတဲ့အတွက် ပျော်ရွှင်နေကြပေ၏။ လျှို့ဝှက်နယ်မြေက မနက်ဖြန်ပြီးလျှင် ဖွင့်လှစ်တော့မှာဖြစ်ပြီး နောက်နှစ်ရက်မှာ နေရာရရှိထားသော တပည့်တွေ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်သည်။

သူတို့သည် ဆေးလုံးများ၊ အဆောင်မန္တန်များ၊ အစီအရင်ပြားများနှင့် အခြား ပစ္စည်းများကို ဝယ်ယူဖို့ သို့မဟုတ် သူတို့၏ အခြေအနေတွေကို အကောင်းဆုံး အခြေအနေရောက်အောင် ချိန်ညှိရန် တရားထိုင်ဖို့ ဤအချိန်ကို အခွင့်ကောင်းယူနိုင်ကြသည်။

အကဲဖြတ် စစ်ဆေးမှုပြီးဆုံးပြီးနောက် တပည့်များသည် သားရဲတောမှ ဂိုဏ်းသို့ တယ်လီပို့ဖြင့် ပြန်ခဲ့ကြ၏။

ဝမ့်ရှင်းဂိုဏ်းကို ပြန်ရောက်ပြီး မကြာခင် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် အော်ဟစ်လိုက်သည်။ [ဝူချီချွမ်ရဲ့ အဆိပ်က နောက်ဆုံးတော့ ထကြွလာပြီဟ!]

မထွက်ခွာရသော တပည့်များ: “…”

ဝူချီချွမ်: “…”

နဉ်ရွှီသည် ချက်ချင်း အာရုံစိုက်လိုက်မိသည်။ “သူ အခု ဘယ်မှာလဲ?”

[သူက အနီးနားမှာပဲ၊ နင့်ရဲ့ ညာဘက် မီတာသုံးရာလောက်မှာ။]

“သိပြီ!”

နဉ်ရွှီသည် အဆိပ်ဖြေဆေးကို အရင်ကတည်းက ပြင်ဆင်ထားပြီးသားဖြစ်ပါသည်။ အဆိပ်ဖြေဆေးက ပြုလုပ်ရန် မခက်ခဲပေ၊ သို့သော် ပြဿနာမှာ ဝူချီချွမ်သည် ယခုအချိန်အထိ အဆိပ်သင့်ခြင်း လက္ခဏာများ မပြခဲ့သောကြောင့် အဆိပ်ဖြေဆေးကို ယနေ့အထိအသုံးမပြုခဲ့ရခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ သူမ လျှို့ဝှက်နယ်မြေသို့ မထွက်ခွာမီ သူ၏အဆိပ်သည် နောက်ဆုံးတွင် ထကြွလာခဲ့ခြင်းပင်။

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ ပြောလာသည်။ [သူ့ရဲ့ အဆိပ်ထကြွဖို့ ငါ စောင့်နေခဲ့ရတာ!]

နဉ်ရွှီ: “ငါရောပဲလေ”

စနစ်က သူသည် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးများ၏အဆိပ်သင့်ခြင်း ခံထားရသည်ဟု အချိန်ကြာမြင့်စွာကတည်းကပြောခဲ့သည်၊ သို့သော်အကြောင်းရင်းအချို့ကြောင့် သူသည် အခုအချိန်ထိ ကျန်းမာနေခဲ့၏။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးသည် အဆိပ် အမှန်တကယ် စွဲကပ်သည့် နေ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။

နားဆင်နေသော ဝူဖုန်းကျူ (အကြီးအကဲဝူ): ‘မင်းတို့ရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးပါပဲ။’

ဒီအချိန်မှာ ဝမ့်ရှင်းဂိုဏ်းက တပည့်အများစုဟာ ပြန့်ကျဲသွားခဲ့ကြပြီဖြစ်သည်။ သူတို့မှာ နောက်နှစ်ရက်အတွင်း လျှို့ဝှက်နယ်မြေအတွက် ပြင်ဆင်စရာတွေ ရှိနေသေး၏။

အများစု ထွက်ခွာသွားပြီးနောက် နဉ်ရွှီသည် ရှေ့သို့ တက်လှမ်းကာ ဖရဲသီးစားခြင်းစနစ်၏ လမ်းညွှန်ချက်အတိုင်း ညာဘက်သို့ သွားလိုက်သည်။ ခဏတာ လမ်းလျှောက်ပြီးနောက် သစ်ပင်တစ်ပင်ကို မှီထားသော ဝူချီချွမ်အား သူမ တွေ့လိုက်ရ၏။

သူ့မျက်နှာက ဖြူဖျော့နေပြီး ချွေးစေးများဖြင့် ရွှဲနေကာ ဘေးမှာထားထားသော သူ့လက်က အနည်းငယ် တုန်ယင်နေသည်။ သူ နာကျင်မှုကြီးကြီးမားမား ခံစားနေရတာ ထင်ရှားလှသည်။

နဉ်ရွှီသည် သူမ၏ ခြေလှမ်းများကို နှေးကွေးလိုက်ပြီး “အဆိပ်က တော်တော် ပြင်းပုံရတယ်။”

[ပြင်းတာပေါ့၊ ဒီအဆိပ်ကို ဝူချီချွမ်ကို ထိန်းချုပ်ဖို့အတွက် ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးတစ်ယောက်က အထူးဖော်စပ်ထားတာ။]

နဉ်ရွှီသည် ဝူချီချွမ်အား အနီးကပ် လေ့လာရန် လုံလောက်သော အကွာအဝေးသို့ရောက်ရန် နောက်ထပ် ခြေလှမ်းအချို့ လှမ်းခဲ့၏။

သူမသည် သူ၏အခြေအနေကို အကဲဖြတ်ပြီး ဒူးထောက်ထိုင်ချလိုက်ကာ မိမိကိုယ်ကို စတင်မိတ်ဆက်လိုက်၏။ “အကြီးအကဲ ဝူ၊ အဆင်ပြေရဲ့လား?”

ဝူချီချွမ်က အားအင်ချိနဲ့စွာဖြင့် သူမကို တစ်ချက်ကြည့်လိုက်သည်။

“ကျွန်မက နဉ်ရွှီပါ၊ မြောက်နဲ့တောင် တောင်ထိပ်က အပြင်ဂိုဏ်းတပည့် တစ်ယောက်ပါ။ ကျွန်မရဲ့ ဆရာတူ မောင်နှမတွေဆီက အခြေခံ ဆေးပညာကျွမ်းကျင်မှုအချို့ကို မကြာသေးခင်ကမှ သင်ယူခဲ့တာ၊ ရှင်က 'ညအိပ်မက်' လို့ခေါ်တဲ့ အဆိပ်မိနေပုံပဲ။”

“ဒီအဆိပ်က ရှင့်တစ်ကိုယ်လုံးကို အားနည်းစေပြီး လှုပ်ရှားလို့လဲ ရမှာမဟုတ်တော့ဘူး။”

သူမသည် ပိုမိုကြမ်းတမ်းသော အမှန်တရားကိုတော့ ဆက်မပြောတော့ပေ။

အဆိပ်က မကောင်းဆိုးဝါးဆန်လှသည်။ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူများသည် အကြီးအကဲဝူကို နှစ်တစ်ရာကြာ အကျဥ်းချခဲ့ရုံသာမက ယခုအခါ သူ၏ကျန်ရှိသော နှစ်များတွင်ပါ လွှမ်းမိုးချုပ်ကိုင်လိုလေ၏။

နဉ်ရွှီသည် ဝူချီချွမ်ဟာ စကားဖြင့် တုံ့ပြန်ရန် အလွန်အားနည်းနေကြောင်းသိသဖြင့် သူမကပဲ ဆက်ပြောလိုက်သည်။ “ကျွန်မမှာ အဆိပ်ဖြေဆေးပါလာတယ်။ ရှင့်ကို ပေးရမလား?”

ဝူချီချွမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ထိုလှုပ်ရှားမှုလေးသည်ပင် သူ၏ ကျန်ရှိသော ခွန်အား အားလုံးကို ယူဆောင်သွားခဲ့၏။

နဉ်ရွှီသည် သူမ အရင်က ပြင်ဆင်ထားသော အဆိပ်ဖြေဆေးကို သူ၏ပါးစပ်ထဲ ထည့်ပေးလိုက်တော့သည်။

အဆိပ်ဖြေဆေး၏ အကျိုးသက်ရောက်မှုက ချက်ချင်းပင်သိသာ၏။

ခဏတာလေးက ဝူချီချွမ်သည် အားနည်းပြီး ကူကယ်ရာမဲ့ ဖြစ်နေခဲ့သော်လည်း အဆိပ်ဖြေဆေးသောက်ပြီးနောက် သူသည် လျင်မြန်စွာ ပြန်လည်နာလန်ထူလာပြီး အသက်ရှူနှုန်းတည်ငြိမ်လာကာ သူ၏ခွန်အားများစွာကိုပင် ပြန်လည် ရရှိခဲ့သည်။

ဝူချီချွမ်က ဖြည်းဖြည်းချင်း ပြောလာ၏။ “နဉ်ရွှီ ဟုတ်တယ်မလား?”

“ဟုတ်ပါတယ်။”

“ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းဘာပြန်လိုချင်လဲ? ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်မှုအတွင်းမှာ ရှိသရွေ့ မင်းရဲ့ တောင်းဆိုမှုကို ကျွန်တော် ဖြည့်ဆည်းပေးပါ့မယ်။”

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်ကို မေးမြန်းခဲ့သည်။ “နင် အရင်က သူ့မှာ ငါလိုအပ်တဲ့ ဝိညာဉ်ဆေးပင်တွေရှိတယ်လို့ ပြောခဲ့တယ်လေ?”

ဖရဲသီးစားခြင်းစနစ်က သက်ပြင်းချလိုက်၏။ [ဒါက အရင်က။]

[အခု၊ နင်က ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူရဲ့ အပြည့်အဝတိုက်ခိုက်မှုကို ခံနိုင်တဲ့ အကာအကွယ်မှော်ပစ္စည်း လိုအပ်တယ်။ များများရလေ ကောင်းလေပဲ။]

ထိုအရာကိုကြားတော့ နဉ်ရွှီစဥ်းစားဖို့ ခေတ္တရပ်တန့်သွားရသည်။

ဖရဲသီးစားခြင်းစနစ်က ဒီနှစ် လျှို့ဝှက်နယ်မြေက အရင်နှစ်တွေနှင့် မတူဘူးလို့ ပြောခဲ့ပေသည်။ အရင်တုန်းက သူမ အပြောင်းအလဲ သိပ်မခံစားခဲ့ရသော်ငြား ယခုတော့ ဤနှစ် လျှို့ဝှက်နယ်မြေက သိပ်ပြီး ငြိမ်းချမ်းမှာ မဟုတ်ဘူးဆိုတာ သူမ သိလိုက်ရသည်။

သူမက “လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေ ရှိနေတာလဲ?”

ဖရဲသီးစားခြင်းစနစ်က ဝိုးတဝါးသာ ပြန်ဖြေသည်။ [စိတ်မချရရင် ကြိုတင်ကာကွယ်ထားတာ ပိုကောင်းတယ်။]

စနစ်က ပုံမှန်အားဖြင့် စကားကို ဝေ့လည်ကြောင်ပတ် မပြောတတ်ပေ၊ ထို့ကြောင့် ဤသို့ ဝိုးတဝါး ပြောဆိုခြင်းက မဖော်ပြနိုင်သေးသော အရာတွေ ရှိနေခြင်းကို ညွှန်ပြနေပါသည်။

နဉ်ရွှီသည် သူမ၏ အတွေးများကို ပြင်ဆင်ပြီး ဝူချီချွမ်ဘက်သို့ လှည့်ကာ “အကြီးအကဲ၊ ကျွန်မက ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူရဲ့ အင်အားအပြည့်အဝတိုက်ခိုက်မှုကို ခံနိုင်တဲ့ အကာအကွယ် မှော်ပစ္စည်းတစ်ခု လိုအပ်ပါတယ်”

ဝူချီချွမ်သည် နောက်ထပ် မေးခွန်းများ မမေးမြန်းတော့ပေ။ ထို့နောက် သူသည် သစ်သားတိုကင် ငါးခုကို တိုက်ရိုက်ပေးလိုက်လေ၏။

ထို့နောက် သူက ရှင်းပြလာသည်။ “ဒီ တိုကင် တစ်ခုချင်းစီက ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူရဲ့ အပြည့်အဝတိုက်ခိုက်မှုကို ခံနိုင်တယ်။” ဒါက သူပေးနိုင်သမျှ အားလုံးပင်။

နဉ်ရွှီသည် ၎င်းတို့ကို ဂရုတစိုက် လက်ခံလိုက်၏။ “ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ။”

“ရပါတယ်။”

ဝူချီချွမ်သည် ပိုပြီး ပြောချင်သေးသော်လည်း နောက်ဆုံးတွင် သူသည် တိတ်ဆိတ်ခြင်းကိုသာ ရွေးချယ်ခဲ့သည်။

ပထမအချက်၊ သူအကြံဉာဏ်ပေးရန် (ပြောပိုင်ခွင့်မရှိ)နေရာမရှိပေ။ ဒုတိယအချက်၊ ထျန်းယာ လျှို့ဝှက်နယ်မြေသည် အဆင့်နိမ့်နယ်မြေအဖြစ် လူသိများပေသည်။ မည်သို့သော အကြံဉာဏ်များဖြင့် မှာကြားရမည်နည်း။ သူ အခု ဘာပြောပြော ထူးဆန်းနေလိမ့်မည်ပင်။

သို့သော် မကြာသေးမီက ဖရဲသီးစားခြင်းစနစ် အရိပ်အမြွက် ပြောနေသော အချက်အလက်များဟာ အနည်းငယ် စိတ်မချမ်းမြေ့စရာ ကောင်းလှ၏။

ဝူချီချွမ်သည် နဉ်ရွှီ၏ နောက်ဆုတ်သွားသော ပုံကိုကြည့်ပြီး တိတ်တိတ်လေးဆုတောင်းပေးခဲ့၏။ “မင်းတို့ အောင်းပွဲခံပြီး ပြန်လာနိုင်ပါစေ”

____

လျှို့ဝှက်နယ်မြေသို့ မဝင်မီကျန်ရှိသောရက်များဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တော့သည်။

သူမ မသိလိုက်ခင်မှာပဲ လျှို့ဝှက်နယ်မြေသို့ ထွက်ခွာရမည့်ပင် အချိန်ရောက်လာ၏။

ဝမ့်ရှင်းဂိုဏ်းမှ တပည့်တစ်ရာသည် ထျန်းယာ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ကြတော့မည် ဖြစ်သည်။ ၎င်းသည် ဂိုဏ်းအတွက်အရေးကြီးသောကိစ္စရက်ပင်။ မနက်စောစောတွင် ဂိုဏ်းချုပ်သည် လူပေါင်းတစ်ရာကျော်ကို သယ်ဆောင်နိုင်သော ဧရာမပျံသန်းယာဉ်ကို ထုတ်လိုက်သည်။

ပျံသန်းယာဉ်ပေါ်တွင် “ဝမ့်ရှင်းဂိုဏ်း” ဟူသော စကားလုံးကို တံဆိပ်စာလုံးဖြင့် ရေးထိုးထားသည်။ ၎င်းသည် အပေါ်မှမိုးကုတ်စက်ဝိုင်းကြီးအား ဖုံးလွှမ်းထားပြီး ခန့်ညားထည်ဝါလွန်းလှသည်။

ထို့အပြင် ဝမ့်ရှင်းဂိုဏ်းသည် ခက်ခဲသော အခြေအနေသို့ ကျရောက်ခဲ့သော်လည်း နှစ်ပေါင်းတစ်သောင်းကျော် တည်ဆောက်ခဲ့သော ရှေးဟောင်းအမွေအနှစ်အချို့ ကျန်ရှိနေပါသေး၏။

နဉ်ရွှီသည် ကောင်းကင်ပေါ်ရှိ ဧရာမပျံသန်းယာဉ်ကို မော့ကြည့်ပြီး ရှင်းပြမရနိုင်သော ဂုဏ်ယူဝမ်းမြောက်မှုခံစားချက်ကို ခံစားလိုက်ရ၏။ သူမသည် လျှို့ဝှက်နယ်မြေတွင် သူမ၏စမ်းသပ်မှုကို စတင်တော့မည်ဖြစ်သည်။ ခဏတာစဥ်းစားပြီးနောက် သူမ၏ အသစ်ဖွဲ့ထားသော အသင်းဖော်များနှင့်အတူယာဉ်ပေါ်သို့ တက်ခဲ့၏။

ယာဉ်ပေါ်တွင် အခန်းများလုံလောက်စွာရှိသောကြောင့် တပည့်တစ်ဦးစီအတွက် တစ်ခန်းစီရှိသည်။

နတ်ဘုရား ချင်ကျို့အခန်းထဲသို့ အရင်ဝင်သွားသည်ကို အခွင့်ကောင်းယူပြီး နဉ်ရွှီက လည်ချောင်းအား ရှင်းပြီး ဝင်ခါနီး အခြားအသင်းဖော်များကို တားလိုက်သည်။ သူမသည် မနေ့က အကြီးအကဲ ဝူချီချွမ်ထံမှရရှိခဲ့သော သစ်သားတိုကင်များကို တစ်ဦးချင်းစီ ပေးအပ်ခဲ့တော့သည်။

နဉ်ရွှီက “ဒီ သစ်သားတိုကင်က ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ ဒါမှမဟုတ် အဲဒီအောက်ကျင့်ကြံသူက စွမ်းအားအပြည့်တိုက်ခိုက်မှုကို ခုခံနိုင်တယ်”

“ကျွန်မတို့ တစ်ယောက်တစ်ခုစီ ဆောင်ထားရမယ်။ လျှို့ဝှက်နယ်မြေမှာ မတော်တဆကွဲကွာသွားခဲ့ရင် အနည်းဆုံးတော့ လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်း ရှိနေလိမ့်မယ်။”

သစ်သားတိုကင်များ လက်ခံရရှိသောသူများက စိတ်လှုပ်ရှားသွားတော့သည်!

ဝူလုချန်က သူ့ရှေ့က ပိတ်ထားသည့် တံခါးကို တစ်ချက်ကြည့်လိုက်ပြီး စမ်းသပ်သလိုဖြင့် မေးသည်။ “ကျင့်ကြံသူ ချင်ရဲ့သစ်သားတိုကင်ကရော?” နတ်ဘုရား ချင်ကျို့၏ မျိုးရိုးနာမည်က ချင်ဖြစ်သည်။

နဉ်ရွှီပြန်မဖြေခင် ဖရဲသီးစားခြင်းစနစ်က ညည်းညူလိုက်၏။ [သူက ငယ်ရွယ်ယောင်ဆောင်နေတဲ့ အဖိုးကြီးပဲ၊ သူက အချိန်ကြာကြီးနေခဲ့ပြီးပြီ၊ ပြီးတော့ ရွှေအမြုတေအဆင့်မှာရှိနေတာ၊ သူကချီသန့်စင်ခြင်း အဆင့် လျှို့ဝှက်နယ်မြေမှာ သေလောက်မှာတော့ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။]

[သစ်သားတိုကင် ငါးခုပဲ ရှိတာ၊ အပို မရှိဘူး။ သူက နင်တို့ အားလုံးနဲ့ တိုကင်တစ်ခုကိုမလုပါဘူး၊ သူ့မျက်နှာရှိသေးတယ်]

အခန်းထဲတွင် ဖရဲသီးစားခြင်းစနစ်၏ အတွေးများကို ကြားနေရသော နတ်ဘုရား ချင်ကျို့: “…”

သူတို့ ဘာလို့ ကောင်းကောင်း မပြောနိုင်ရတာလဲ? သူတို့ရဲ့ တိုကင်တွေကို လုမှာ မဟုတ်ပါဘူး၊ သူမှာ ဂုဏ်သိက္ခာအချို့တော့ ကျန်ရှိနေပါသေးတယ်ဟ။

ဖရဲသီးစားခြင်းစနစ်က ဒီလို နောက်ပြောင်နိုင်သော်လည်း အဖွဲ့ခေါင်းဆောင်အနေနဲ့ နဉ်ရွှီကတော့ လုံးဝ မလုပ်နိုင်ပေ။ မူလက သူတို့အဖွဲ့မှာ ခေါင်းဆောင် မရှိခဲ့သော်ငြား နောက်ပိုင်း မမျှော်လင့်ဘဲ နဉ်ရွှီတစ်ယောက် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတော့သည်။

သူမက အလေးအနက် အမူအရာဖြင့် “တိုကင်တွေ မလုံလောက်ဘူး။ သူက ဆေးဝါး ကျင့်ကြံသူပါ၊ အများအားဖြင့် ထောက်ပံ့မှုပဲ လုပ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းနည်းတယ်။ သူက ကျွန်မတို့နဲ့ အတူရှိနေမှာမလို့ ကျွန်မတို့ အတတ်နိုင်ဆုံး လူမကွဲဖို့ ကြိုးစားပါ့မယ်” နတ်ဘုရား ချင်ကျို့နှင့် နှိုင်းယှဥ်ရင် သူမ၏ အသင်းဖော်တွေက တိုကင်ကို ပိုပြီး လိုအပ်တာ ထင်ရှားလှသည်။

ထိုအချိန်မှာ ဖြူစင်သော ကျင့်ကြံသူက “ကျွန်တော် သူ့ကို ကျွန်တော့် တိုကင်ပေးနိုင်ပါတယ်၊ ကျွန်တော်က မင်းနောက်က လိုက်ပါ့မယ်”

ဖြူစင်သော ကျင့်ကြံသူပြောလိုက်သည်နှင့် နဉ်ရွှီက သူသည် အစားအသောက် ကျင့်ကြံသူနှင့် အရန်အနေဖြင့် ဓားကျင့်ကြံသူလည်းဖြစ်သည်ကို သတိရလိုက်သည်။ အတိအကျပြောရရင် သူသည်လည်း ထောက်ပံ့သူသာ။ သူမက သူ၏ဓားကျင့်ကြံမှု ဘယ်လောက်တိုးတက်နေပြီလဲဆိုတာ သေချာမသိရချေ။

နဉ်ရွှီက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။ “ဒါဆိုရင် ရှင် ကျွန်မနဲ့ နီးနီးကပ်ကပ် နေသင့်တယ်၊ ပြီးတော့ ကျွန်မတို့ မကွဲသွားဖို့ ကြိုးစားကြမယ်။”

ဖြူစင်သော ကျင့်ကြံသူ: “ကောင်းပါပြီ!”

“ရှင် တိုကင်ကို ခဏ ကိုင်ထားလိုက်ဦး။”

ဖြူစင်သော ကျင့်ကြံသူ: “ကောင်းပါပြီ!”

ပျံသန်းယာဉ်ပေါ်မှာ တစ်ရက်နှင့်တစ်ည ပျံသန်းပြီးနောက် လျှို့ဝှက်နယ်မြေဖွင့်လှစ်သည့်နေ့မှာ သူတို့ ဖုန်းချန်လွင်ပြင်ကို နောက်ဆုံးတော့ ရောက်သွားကြတော့သည်။

ထျန်းယာ လျှို့ဝှက်နယ်မြေ၏ဝင်ပေါက်က ဒီမှာပင်။ ဝမ့်ရှင်းဂိုဏ်းမှ တပည့်များ ရောက်ရှိလာသောအခါ ဖုန်းချန်လွင်ပြင်မှာ ကျင့်ကြံသူများနှင့် ပြည့်နေပြီပင်။

သူတို့ရောက်ရှိလာခြင်းက ဂယက်မရိုက်ခဲ့ပေ။ အခြားဂိုဏ်း တပည့်တွေအတွက်တော့ ဝမ့်ရှင်းဂိုဏ်းဟာ ထိပ်ဆုံးဂိုဏ်းဆယ်ခုထဲမှာ ပါနေသေးသော်လည်း ၎င်းဟာ ကြောက်ရွံ့စရာ တစ်ခုမဟုတ်တော့ပေ။

သူတို့က ထိပ်ဆုံး စူပါဂိုဏ်းသုံးခုက တပည့်တွေကိုသာ သတိထားဖို့ လိုအပ်ပေသည်။ ဝမ့်ရှင်းဂိုဏ်း အတွက်ကတော့?

သူတို့၏ ဂိုဏ်းက စူပါဂိုဏ်းများနှင့် ယှဥ်လို့ မရနိုင်တော့ဘူးဆိုတာ သူတို့ သိထားပြီးသား ဖြစ်သော်လည်း လျစ်လျူရှု ခံရသော ခံစားချက်က မနှစ်မြို့စရာ ဖြစ်နေဆဲပင်။

ဝမ့်ရှင်းဂိုဏ်းမှ တပည့်များသည် အနားယူရန် မြေကွက်လပ်တစ်ခုကို ရှာတွေ့ခဲ့ကြသည်။ ဤအချိန်အတွင်းမှာ အခြားဂိုဏ်းက တပည့်တစ်ယောက်မှ သူတို့ကို တစ်ချက်တောင် ပိုပြီး မကြည့်ခဲ့ကြပေ။ သူတို့က မမြင်ရတဲ့သူတွေလို၊ အရေးမပါတဲ့ လူတွေလို ဖြစ်နေကြ၏။

သူတို့ အားလုံးက စူပါဂိုဏ်းတွေအကြောင်းသာ ပြောနေကြလေသည်။

“ဟွာကျိုင်းက တပည့်တွေ ဘယ်တော့ရောက်လာမလဲ?”

“ပြီးတော့ ယွင်ရှန်ကျင်းက မိတ်ဆွေတွေလည်းပဲ။”

(T/N- ဟွာကျွိုင်း- ပန်းဥယျာဉ်ဂိုဏ်း/ ယွင်ရှန်ကျင်း- ကောင်းကင်မှန်ဂိုဏ်း)

“ကြားပြီးပြီလား? ယွင်ရှန်ကျင်းက ဒီနှစ်မှာ ထိပ်တန်း ပါရမီရှင်တစ်ယောက်ကို လက်ခံခဲ့တယ်၊ ပြီးတော့ ဒီတစ်ကြိမ် သူလည်း ထျန်းယာ လျှို့ဝှက်နယ်မြေကို လာမှာတဲ့။”

“ဘယ်သူက အဲဒါကို မကြားဘဲရှိပါ့မလဲ? ဒါပေမဲ့ ဟွာကျိုင်းကလည်း နောက်ကျကျန်နေတာ မဟုတ်ဘူး။ ဒီနှစ်မှာ ဟွာကျိုင်းက မိုးကြိုးအမြစ်နဲ့ မွေးရာပါတာအိုခန္ဓာကိုယ်ရှိတဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ကို လက်ခံခဲ့တယ်လို့ ကြားခဲ့တယ်။”

“မွေးရာပါတာအိုခန္ဓာကိုယ်လား? အိုး ဘုရားရေ၊ ဒီပါရမီရှင်တွေက တကယ်ပဲ တခြားသူတွေအတွက် နေရာချန်မထားခဲ့ကြဘူးပဲ၊ ဒါက ကောင်းကင်ဘုံက သူတို့ကို တိုက်ရိုက်ကျွေးမွေးနေသလိုပဲ!”

ဝမ့်ရှင်းဂိုဏ်းမှတပည့်များသည် စကားဝိုင်းကို နားထောင်ရင်း ပို၍တိတ်ဆိတ်လာကြသည်။

ကျင့်ကြံသူလောကက ဤမျှလောက်ပင် လက်တွေ့ကျပါသည်။ ခွန်အားကသာ အရာအားလုံးကို ဆုံးဖြတ်လေ၏။

အဆင့်နိမ့် ဂိုဏ်းတစ်ခုတွင်နေပါက တပည့်များပင်လျှင် အပယ်ခံရခြင်းနှင့် လျစ်လျူရှုခံရခြင်းဆီ ဦးတည်စေမည်။ အားနည်းသူများက အားကြီးသူများ၏ စားသုံးခြင်းခံရသည့် လောကဖြစ်ရာ သူတို့စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း လက်တွေ့ဘဝနှင့် ရင်ဆိုင်ရသောအခါ လက်ခံရန် အနည်းငယ်ခက်ခဲနေဆဲ ဖြစ်သည်။ ထိုသူတို့သည် ပါရမီရှင်များဖြစ်ကြပြီး ဤသာမန်တပည့်များနှင့် ဝေးကွာနေခဲ့သည်။

ဂိုဏ်းကြီးများသည်လည်း သူတို့လို ဒုတိယအဆင့်ဂိုဏ်းနှင့်ဝေးကွာလှသည်။

တပည့်များ၏ စိတ်ဓာတ်များကျဆင်းနေပြီး မနှစ်မြို့ဖွယ်ခံစားနေရစဥ် ရင်းနှီးသော အီလက်ထရောနစ် အသံတစ်ခုက ရုတ်တရက် သူတို့၏နားများတွင် ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အီလက်ထရောနစ်အသံက ထူးထူးဆန်းဆန်း ရယ်မောနေ၏။

[ဖရဲသီး‌တွေ ဖရဲသီးတွေ အများကြီးပဲဟ!]

ထိုနေရာမှာထိုင်နေသော နဉ်ရွှီကလည်း ပျင်းနေစဥ် အမှတ်မထင်ကြားလိုက်ရ၏။

သူမသည် ဖြူစင်သော ကျင့်ကြံသူက သူမအတွက် အထူးပြင်ဆင်ပေးထားသည့် လှော်ထားသော နေကြာစေ့များကို ချက်ချင်း ထုတ်ယူပြီး မေးလိုက်သည်။ “ဘာ ဖရဲသီးလဲ? ဘယ်သူ့ရဲ့ဖရဲသီးလဲ?”

ဖရဲသီးစားခြင်းစနစ်က ကောက်ကျစ်စွာ ရယ်မောလျက် [သူတို့ပြောနေတဲ့ ထိပ်ဆုံး ဂိုဏ်း ပါရမီရှင်တွေအကြောင်း ဖရဲသီးပဲ။]

[သူတို့ ပြောနေတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်က အနံ့ဆိုးတဲ့ခြေထောက်ကို အရမ်းချစ်မြတ်နိုးနေတယ်ဆိုတာ သူတို့ မသိကြလောက်ဘူး။ ကျစ် ကျစ် ကျစ်။]

နဉ်ရွှီ: “???”

ဝမ့်ရှင်းဂိုဏ်းမှ တပည့်များ: “…”

ဦးဆောင် အကြီးအကဲ: “…”

ဒီဝါသနာက ထူးဆန်းတဲ့အနံ့ဆိုးပါ ပါနေသေးတယ်!

အခု ဘယ်လိုလဲ? တပည့်တွေက ဒီပါရမီရှင်ကို မနာလိုဖြစ်နေခဲ့ကြပေမဲ့ အခု ဒီဖော်ထုတ်မှုနဲ့အတူ ပါရမီရှင်ရဲ့ပုံရိပ်က ရုတ်ချည်း ကွဲကြေသွားခဲ့လေတော့သည်!!

__

အခန်း (၃၆)

ဖရဲသီးစားခြင်းစနစ်က တခစ်ခစ်ရယ်မောပြီး [ပြီးတော့ ခြေထောက်အနံ့က ပိုဆိုးလေ သူက ပိုပြီး ချစ်မြတ်နိုးလေပဲ၊ ဘယ်တော့မှ ရိုးမသွားဘူးလို့တောင် ပြောလို့ရတယ်။]

တပည့်များ: “…” မပြောပါနဲ့တော့၊ မပြောပါနဲ့တော့၊ မျက်လုံးထဲတောင် မြင်ယောင်နေပြီ။

နဉ်ရွှီ၏ဖရဲသီးစေ့များက အရသာမရှိတော့ပေ။

ဖရဲသီးစားခြင်းစနစ်သည် အဘယ်ကြောင့် ဤမျှတိကျပြီး ပီပြင်သော ဘာသာစကားကို အသုံးပြုရသနည်း။

ဖရဲသီးစားခြင်းကိစ္စတွင် ၎င်းသည် တကယ်ပင်ပရော်ဖက်ရှင်နယ်ကျပါသည်။

ကံကောင်းထောက်မစွာ ဤအရာကို ဖော်ပြပြီးနောက် ဖရဲသီးစားခြင်းစနစ်သည် ၎င်း၏အာရုံကို အခြား ပါရမီရှင်များထံသို့ လျင်မြန်စွာပြောင်းလိုက်၏။

ယနေ့ လျှို့ဝှက်နယ်မြေ စုဝေးပွဲသည် အရည်အချင်းရှိသူများဖြင့် ပြည့်နှက်နေပေသည်။

စိတ်ဝင်စားစရာကောင်းသော ဖရဲသီးများ အလွန်များပြားသောကြောင့် ၎င်းသည် အစောပိုင်းဖရဲသီးကို လျှင်မြန်စွာ စွန့်ပစ်လိုက်သည်။

[သူတို့ ပြောခဲ့တဲ့ ကောင်းကင်က ကျွေးမွေးတာခံရတဲ့ မွေးရာပါတာအိုခန္ဓာကိုယ်အကြောင်း မင်း ကြားလိုက်လား? ကျစ်၊ ကျစ် သူဘယ်လောက် စင်ကြယ်လိုက်မလဲလို့ တွေးမနေနဲ့၊ သူက တကယ်တော့ အချစ်နယ်ပယ်မှာ ပျော်မွေ့နေတာ။]

[သူနဲ့ သူ့ဆရာက လရောင်အောက်မှာ လှေစီးတာ၊ ရေပေါ်မှာ ဓားသိုင်းအက ကတာ၊ ပြီးတော့ မက်မွန်ပင်အောက်မှာ ဝိုင်သောက်တာတွေ တစ်ရက်ခြား တစ်ခါလောက်လုပ်တယ်]

[ဒီနေ့ အဲ့မွေးရာပါတာအိုခန္ဓာက သူ့ဆရာကို ဓားပန်းပွားလေးပေးတယ်ဆိုရင်၊ မနက်ဖြန် သူ့ဆရာက သူ့ကို ပန်းပေါင်းစုံခန်းမဆောင်က(ဟွာကျိုင်း) ဝတ်စုံအသစ်ပေးတယ်။]

[ မွေးရာပါတာအိုခန္ဓာကိုယ်က သူ့ဆရာကို နတ်ဘုရားလို့ပဲ မြင်တာ၊ ပြီးတော့ သူ့ဆရာကလည်း သူ့ကို ဒီဘဝရဲ့တစ်ဦးတည်းသောလေးလို့ပဲ မြင်တယ်]

[ဆရာရဲ့ ဇနီးသာမရှိရင် ဒါကလှပတဲ့ အချစ်ဇာတ်လမ်းအဖြစ် ပြောင်းလဲသွားနိုင်တယ်။]

နဉ်ရွှီ: “ဟင်?”

သူမက ၎င်းဟာ ရင်ကွဲစရာ ဆရာ-တပည့် အချစ်ဇာတ်လမ်းဖြစ်မည်ဟု ထင်ခဲ့သော်ငြား ရှုပ်ထွေးသော အချစ်တြိဂံဖြစ်နေသည်တဲ့လား။

နဉ်ရွှီ၏လက်ထဲရှိ ဖရဲသီးစေ့တွေက ပြန်ပြီး အရသာရှိလာပြန်သည်။ သူမက “ဒါဆို ဆရာရဲ့ ဇနီးက ဘာမှမပြောဘူးလား?”

[ဘာမှမပြောပါဘူး၊ ဆရာရဲ့ ဇနီးက သူတို့ရဲ့ ဆရာ-တပည့် ဆက်ဆံရေးက နက်နဲတယ်လို့ ထင်နေရုံလေးတင်။]

နဉ်ရွှီ: “ဟင်?”

[ဘာလို့ဆို ဒီနှစ်ယောက်က ဟန်ဆောင်တာ အရမ်းကောင်းကြလို့ရယ်။]

သူတို့ ပြောနေစဥ် ဟွာကျိုင်းဂိုဏ်းမှ လူအုပ်ကြီး ရောက်ရှိလာ၏။

ဝမ့်ရှင်းဂိုဏ်းကဲ့သို့ သိမ်မွေ့မှုမရှိဘဲ၊ ဟွာကျိုင်းဂိုဏ်းက ခမ်းနားစွာဝင်ရောက်လာသည်။ ရောင်စုံငှက်ခြောက်ကောင်က ရှေ့မှပျံသန်းပြီး ပွင့်ချပ်များကို လေထဲမှ ကြဲချလိုက်ရာ၊ အောက်ရှိလွင်ပြင်များသည် ပန်းပင်လယ်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွား၏။

ဤပွင့်ချပ်များသည် ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားပြီး မြေပေါ်ရောက်သည်နှင့် ပျောက်ကွယ်သွားသော်လည်း ပန်းရနံ့သည် လေထဲတွင် ကျန်ရှိနေခဲ့သည်။

ရောင်စုံငှက်များနောက်တွင် ကြီးမားသော ပန်းပုံသဏ္ဌာန်ရှိသည့် ဝိညာဉ်ယာဥ်ရှိပြီး၊ ဟွာကျိုင်းဂိုဏ်းမှ တပည့်များဖြင့် ပြည့်နှက်နေသည်။ သူတို့၏တပည့်ဝတ်ရုံများသည် အနီရောင်တောက်တောက်ဖြစ်ပြီး၊ အဝေးမှကြည့်လျှင်ပင် ဆံပင်နက်နှင့် အဝတ်နီတို့ဟာ ထင်ရှားပေါ်လွင်နေသည်။

ဖရဲသီးစားခြင်းစနစ်က နှုတ်ခမ်းသပ်လျက် [ရှေ့ဆုံးမှာ ရပ်နေတဲ့ အဲဒီအမျိုးသားနဲ့ အမျိုးသမီးအတွဲကို မြင်လား။]

နဉ်ရွှီ: “မွေးရာပါတာအိုခန္ဓာကိုယ်နဲ့ သူ့ဆရာလား?”

[ဟုတ်တယ်။]

သူတို့၏အသွင်အပြင်အရ၊ ဤဆရာနှင့်တပည့်အတွဲသည် အမှန်တကယ် လိုက်ဖက်ညီပုံရသည်။ ဆရာသည် နှစ်ဆယ်ကျော်ခန့်သာရှိသေးပြီး၊ ဆံပင်ကိုမြင်းမြီးကဲ့သို့(ပိုနီတေး) မြှင့်ချည်ထားကာ၊ ကျဉ်းမြောင်းသောမျက်လုံးများက လျစ်လျူရှုကာ စိတ်ခံစားချက်မဲ့သည့်ပုံစံရော၊ စိတ်ကူးယဉ်စွဲလမ်းကာ ခံစားချက်များလွန်းသည့် ပုံစံနှစ်မျိုးလုံး ပေးနေသည်။

တပည့်သည်လည်း ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့်ရှိလောက်ပြီး၊ မျက်လုံးများကို အဖြူရောင်ပိတ်ပါးစဖြင့် အနည်းငယ်ဖုံးအုပ်ထားကာ၊ လျှို့ဝှက်ဆန်းကြယ်သော အသွင်ကိုပေးနေ၏။

နဉ်ရွှီသည် ဤဆရာနှင့်တပည့်အတွဲကို စိတ်မဝင်စားပေ။ သူမ သိချင်သည်က "ဆရာရဲ့ဇနီးကရော"

[သူမ မလာဘူး။]

နဉ်ရွှီ "ဟမ်?"

[သူ့ရဲ့ ကျန်းမာရေးက ပိုဆိုးလာလို့ အဝေးကို ခရီးမသွားနိုင်တော့ဘူး။]

နဉ်ရွှီ စိတ်မကောင်းဖြစ်သွားရကာ "ဘာဖြစ်တာလဲ။"

[သူ့ရဲ့ ကျန်းမာရေးက အရင်ကတည်းက မကောင်းတာ၊ အဲ့တာအပြင် သူ့အနီးဆုံးလူတွေကလည်း ဆေးလုံးတွေကို လဲထားသေးတယ်…]

ဖရဲသီးစားခြင်းစနစ်က လျှာအားတီးခေါက်၍ [ဒီဆရာက အခု ဘယ်လောက်ပဲ ဂုဏ်သိက္ခာရှိရှိ ကြည့်ကောင်းနေနေ၊ သူ ကျင့်ကြံသူမဖြစ်ခင်တုန်းကဆို (နွားချေး)မြေဩဇာကောက်တဲ့သူ တစ်ယောက်ပဲ။]

[သူ့ရဲ့ တာအိုအဖော်ရဲ့ အကူအညီမပါဘဲ ဒီလောက်အထိရောက်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ သူ့အတိတ်ကို သိတဲ့သူနည်းသွားပြီ။]

ဘယ်သူမှမသိဘူးလား။

မဟုတ်ဘူး၊ မကြာခင်မှာပဲ မရေမတွက်နိုင်တဲ့ လူတွေ သိလာတော့မှာပါ။

နဉ်ရွှီအတွေးတစ်ခု ရလိုက်၏။ သူမက မေးမြန်းလိုက်သည် "ကျင့်ကြံသူတွေ သတင်းဖလှယ်နိုင်တဲ့ နေရာရှိလား။"

ဖရဲသီးစားခြင်းစနစ်သည် သူမ၏အစီအစဉ်ကို မရေမရာ ခန့်မှန်းလိုက်ပြီး ပြောလိုက်သည် [ရှိတယ်၊ ရှိတယ်။ နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာလေ။]

"ဘယ်မှာလဲ။"

[နင့်ရဲ့ တပည့်တံဆိပ်ကို နင့်ရဲ့ဝိညာဉ်အာရုံနဲ့ချိတ်ဆက်လိုက်ရင် ကျင့်ကြံရေးလောကရဲ့ ဖိုရမ်ကို တွေ့လိမ့်မယ်။ အဲဒါက ကျင့်ကြံသူတွေ တာအိုကို ဆွေးနွေးပြီး ကျင့်ကြံရေးအတွေ့အကြုံတွေ မျှဝေတဲ့ နေရာပဲ။]

နဉ်ရွှီ: "ဒီလိုနေရာမျိုးရှိမှန်း မသိခဲ့ဘူး!" မူလမှတ်ဉာဏ်များတွင် ဤအရာ မပါဝင်ခဲ့ဘဲ၊ ဖရဲသီးစားခြင်းနှင့် ကျင့်ကြံခြင်းတို့တွင် နစ်မြုပ်နေပြီးနောက်၊ ကျင့်ကြံရေးလောကတွင် ဖိုရမ်ရှိသည်ကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ဖရဲသီးစားခြင်းစနစ်က သူမကို သတိပေးလိုက်၏။ [နင့်ရဲ့ လက်ရှိဝိညာဉ်အာရုံနဲ့ဆိုရင် သုံးမိနစ်ပဲ ဆက်သွယ်နိုင်မယ်။]

နဉ်ရွှီ: "အဲဒါ လုံလောက်ပါတယ်။"

သူမ၏ ဝိညာဉ်အာရုံကို တပည့်တံဆိပ်နှင့် ချိတ်ဆက်လိုက်ရာ "နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" ဟူသောစာသားကို အမှန်ပင် တွေ့လိုက်ရသည်။

သူမသည် ကိုယ့်ကိုယ်ကိုယ် [ဖရဲသီးရွှေ့ပြောင်းသူ] ဟူ၍ အမည်ပေးကာ ခေါင်းစဉ်တစ်ခုကိုဖန်တီးလိုက်သည်။

[မြေဩဇာကောက်တဲ့ လူတစ်ယောက် သူ့တပည့်နဲ့ လျှို့ဝှက်ပရောပရည်လုပ်ခြင်း။ မြေဩဇာကောက်တဲ့သူရေ ခင်ဗျား ကောက်ခဲ့တဲ့မြေဩဇာကို မေ့နေပြီလား!]

ပို့စ်၏ခေါင်းစဉ်ကို မြင်ပြီးနောက် ဖရဲသီးစားခြင်းစနစ်သည် အော်ရယ်လိုက်မိသည် [ခေါင်းစဉ်က ပေါက်ကွဲအားကောင်းလိုက်တာ! Hostရေ နင်တော့ နာမည်ကြီးတော့မယ်လို့ ငါခံစားနေရပြီ!]

နဉ်ရွှီသည် ဖရဲသီးကိုဖြန့်ဝေလိုသော်လည်း သူမ၏ကိုယ်ပိုင်ဘေးကင်းရေးသည်လည်း အရေးကြီးလှသည်။ ဘေးကင်းမှုမရှိဘဲ လူတိုင်းနှင့်အတူ ဖရဲသီးစားခြင်းကို မည်သို့ခံစားနိုင်မည်နည်း။

"ငါ တင်တာကို ဘယ်သူမှရှာမတွေ့နိုင်ဘူးမလား။"

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလာသည်။ [မတွေ့နိုင်ဘူး။ ဒါက အမည်မဖော်တဲ့ ဖိုရမ်တစ်ခုပဲ။ နင်ကိုယ်တိုင်ထုတ်မပြောရင် ဘယ်သူမှ နင့်ကိုဖော်ထုတ်နိုင်မှာမဟုတ်ဘူး။]

နားထောင်နေသော တပည့်များ: …

ထုတ်ဖော်ဖို့ လိုသေးတာလား။

နဉ်ရွှီက အစကတည်းက မူနေရတာကို စိတ်မဝင်စားခဲ့ပေ။

သုံးမိနစ်သာရှိသောကြောင့် နဉ်ရွှီသည် ဖရဲသီးကိုတတ်နိုင်သမျှ အတိုချုံးကာ လျင်မြန်စွာ အကျဉ်းချုပ်လိုက်၏။

[ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ဟွာကျိုင်းဂိုဏ်းရဲ့ အကြီးအကဲနဲ့တပည့်က သူ့ဇနီးရဲ့ဆေးလုံးတွေကို တိတ်တဆိတ် ဖျက်ဆီးနေကြတယ်။ ရိုမန်တစ်ဆန်ဆန် လှေစီးတာတွေ၊ ရေပေါ်မှာ ဓားနဲ့ ကခုန်တာတွေ၊ မက်မွန်ပင်အောက်မှာ ဝိုင်သောက်တာတွေရော၊ ဘယ်လောက်တောင် ရိုမန်တစ်ဆန်လိုက်သလဲနော်၊

ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ (သက်ဦးဆံပိုင်)ဘုရင်ဆိုတာ ဘာကြီးလဲ၊ အရင်တုန်းကသူက မြေဩဇာကောက်တဲ့သူလေးပဲကို။

အကြီးအကဲရဲ့ ဇနီးသာမရှိရင်၊ ခင်ဗျား ဒီနေ့ ဒီနေရာကို ရောက်လာနိုင်ဦးမှာတဲ့လား။

မွေးရာပါတာအိုခန္ဓာကိုယ်က ဘာများထူးဆန်းနေလို့လဲ။

သိက္ခာ၊ ဖြောင့်မတ်မှု၊ ရှက်ရွံ့မှုတောင် မရှိရင် တာအိုလမ်းကို ဝေးဝေးလျှောက်နိုင်မှာ မဟုတ်ဘူး!!]

နဉ်ရွှီ ဤအရာကို တင်လိုက်သည်နှင့် တပြိုင်နက် "နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" တွင် ချက်ချင်း ဆူညံသွားစေခဲ့သည်။

ရှောင်လွှဲစရာမရှိပေ။ "မြေဩဇာကောက်သူ"၊ "ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်သောဘုရင်" နှင့် "မွေးရာပါတာအိုခန္ဓာကိုယ်" ကဲ့သို့သော သော့ချက်စကားလုံးများ ပါဝင်နေ၍ မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း။ သော့ချက်စကားလုံးတစ်ခုစီတိုင်းသည် ကမ္ဘာကိုမီးလောင်တိုက်သွင်းရန် လုံလောက်ပါသည်။ ထိုမျှမက၊ ဤဖရဲသီးသည် လက်ရှိအာရုံစိုက်ခံနေရသော လူနှစ်ဦးနှင့် သက်ဆိုင်နေလေသည်။

ကျင့်ကြံရေးလောကတစ်ခုလုံးတွင် မွေးရာပါတာအိုခန္ဓာကိုယ် အနည်းငယ်သာရှိသည်။

ပြီးတော့ ပို့စ်တင်သူက ဟွာကျိုင်းဂိုဏ်းကို တိတိကျကျ ဖော်ပြခဲ့ပြီး၊ ထိုနေရာတွင် မွေးရာပါတာအိုခန္ဓာကိုယ်မှာ တစ်ယောက်တည်းသာ ရှိ၏။

မကြာမီတွင်၊ ထိုပို့စ်အောက်တွင် ပြန်လည်ဖြေကြားမှုများစွာ ပေါ်လာတော့သည်။

[ဒါက လူတွေကို တိုက်ရိုက်နာမည်တပ်တာနဲ့ အတူတူပဲ။]

[သတင်းအချက်အလက်ကို ပြည့်ပြည့်စုံစုံ ထုတ်ပြန်ထားပြီးသား၊ ဒါပေမဲ့ မေးစရာကတော့ ဒီဖရဲသီးက အမှန်လား။]

[မဖြစ်နိုင်ဘူး၊ ဒီလူက တကယ်ပဲ မြေဩဇာကောက်တဲ့သူတစ်ယောက် ဖြစ်ခဲ့ဖူးတာလား။ ကျွန်တော်က အမြဲတမ်း သူက သေမျိုးလောကရဲ့ သူတော်စင်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့…]

[သူတို့က တကယ်ပဲ စုံတွဲလား။ ကျွန်တော် အမြဲတမ်း တစ်ခုခုတော့ မှားနေပြီလို့ ထင်ခဲ့တာ၊ သူတို့က အရမ်းကို ရင်းနှီးလွန်းတယ်၊ ပုံမှန် ဆရာနဲ့တပည့် ဆက်ဆံရေးထက် ကျော်လွန်နေပုံပဲ။]

[ခဏ၊ သန်းနျန်ရဲ့ ဆေးလုံးတွေကို တစ်ယောက်ယောက်က လဲခဲ့တာလား။ ဘယ်သူလဲ။ "ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင်" နဲ့ "မွေးရာပါတာအိုခန္ဓာကိုယ်" တို့ ပူးပေါင်းတာလား။ မဖြစ်နိုင်ပါဘူး၊ သူတို့ ဝဋ်လည်မှာကို မကြောက်ကြဘူးလား။]

[ဒီဖရဲသီးက အမှန်ဆိုရင်တော့ သန်းနျန်ကတော့ အိမ်ထဲကို ဝံပုလွေ တကယ် ခေါ်သွင်းမိသွားတာပဲ။]

[သတင်းကြားသိထားတဲ့ လူတွေထဲက တစ်ယောက်အနေနဲ့၊ ဒီပို့စ်ကို မြင်ပြီး စိတ်ရှုပ်ထွေးမိတယ်။ ကျွန်တော်က စစ်မှန်တဲ့ဘုရင်တစ်ပါးကို စော်ကားမိမှာ စိုးရိမ်လို့ စကားမပြောရဲခဲ့ဘူး။ တစ်ယောက်ယောက်က နောက်ဆုံးတော့ ထုတ်ဖော်ပြောလာပြီပဲ။ ခင်ဗျားရဲ့ ရဲစွမ်းသတ္တိအတွက် လေးစားပါတယ်!]

[ပို့စ်တင်သူရေ၊ ခင်ဗျားက "ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင်" နဲ့ "မွေးရာပါတာအိုခန္ဓာကိုယ်" နှစ်ယောက်လုံးကို စော်ကားလိုက်မိပြီနော်။ ဒါက အမည်မဖော် ဖိုရမ်ဖြစ်ပေမဲ့၊ အင်အားကြီးတဲ့သူတွေက တကယ် ရှာချင်ရင် တစ်ယောက်ယောက်ကို ရှာတွေ့နိုင်တယ်။ ခင်ဗျား ကံကောင်းပါစေ။]

ပို့စ်တင်ပြီးနောက် သုံးမိနစ်နီးပါး ရှိနေပြီဖြစ်သောကြောင့် နဉ်ရွှီ၏ ဝိညာဉ်အာရုံသည် တပည့်တံဆိပ်မှ ထွက်ခွာသွားသည်။

"နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" မှ ထွက်ပြီးနောက် သူမသည် ဖရဲသီးစားခြင်းစနစ်ကို အတည်ပြုမေးလိုက်သည် "ဘယ်သူမှ ငါမှန်း သိမှာမဟုတ်ပါဘူးနော်။"

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလာ၏။ [အချိန်တိုအတွင်းမှာတော့ မသိနိုင်ဘူး၊ ပြီးတော့ နင့်ဆီကို ခြေရာခံမိမှာလည်း မဟုတ်ဘူး။]

နဉ်ရွှီက ထပ်မေးလာသည်။ "ဆိုလိုတာက?။"

[ဆိုလိုတာကတော့ တစ်ယောက်ယောက်က (ကြယ်နက္ခတ်)ရှင်းချန်ဂိုဏ်းရဲ့ အကြီးအကဲတွေကို နိမိတ်ဖတ်ဖို့ ကြီးမားတဲ့တန်ဖိုးတစ်ခုပေးပြီး မေးရင်၊ နင့်အကြောင်း နည်းနည်းပါးပါးတော့ သိသွားနိုင်တယ်၊ ဒါပေမဲ့ နည်းနည်းပဲ သိရမှာပါ။ သူတို့ နင့်ကို တိုက်ရိုက်ဖော်ထုတ်နိုင်မှာ မဟုတ်ဘူးဆိုပေမဲ့ နင်က သူတို့ရဲ့ စောင့်ကြည့်မှုထဲကိုတော့ ရောက်သွားနိုင်တယ်။]

နဉ်ရွှီ နားလည်သွားကာ "ဒါဆို၊ နင်ပြောချင်တာက ငါအခုထိ လုံခြုံနေတုန်းပဲ၊ ဟုတ်လား။"

[အေး၊ နင် အန္တရာယ်ရှိနေရင် ငါကြိုတင်သတိပေးမှာပါ။]

ထိုသို့ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ဆဆ ပြောလိုက်သည်။

[ဒါကဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင်နဲ့ မွေးရာပါတာအိုခန္ဓာကိုယ်လေးပဲလေ၊ ဘာကိုကြောက်ရမှာလဲ။ မွေးရာပါတာအိုခန္ဓာကိုယ်က သူ့အသက်အရွယ်မှာ ရွှေအမြုတေအဆင့်ကို ရောက်နေပြီး နင်ကတော့ ထူးချွန်သူတစ်ယောက် မဟုတ်သေးပေမယ့်၊ နင့်မှာ ငါရှိနေတယ်လေ။

အနာဂတ်မှာ၊ နင်က ကျင့်ကြံရေးလောကမှာ ဂုဏ်ယူဝင့်ကြွားပြီး လျှောက်လှမ်းနိုင်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ။ ဒီနှစ်ယောက်က နင့်ရဲ့ကျင့်ကြံရေးလမ်းကြောင်းပေါ်က သာမန်ခရီးသွားတွေပဲ။]

နဉ်ရွှီ: "... ကျေးဇူးတင်ပါတယ်"

ကြီးမားပြီးလုံးဝန်းသော ပိုင်မုန့်တစ်ခု ဖြစ်သော်လည်း သူမက ၎င်းကို စားသုံးရန် ရွေးချယ်ခဲ့သည်။

သူမက ဖြည်းညှင်းစွာ ထပ်ပြောလိုက်၏။ "နင်စကားကြီး စကားကျယ် ပြောနေတာမျိုး မဟုတ်ပါစေနဲ့လို့ မျှော်လင့်တယ်။"

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာသည်။ [သေချာပေါက်မဟုတ်ဘူးပေါ့၊ ငါတို့ လျှို့ဝှက်နယ်မြေထဲကို ဝင်တာနဲ့၊ ကောင်းကင်အဆင့် ကျင့်စဉ်ကို နင့်ဆီ လွှဲပြောင်းပေးပါ့မယ်။ အဲ့ဆို နင်ဒီ မွေးရာပါတာအိုခန္ဓာကိုယ်ကို ကျော်လွန်ဖို့ လွယ်ကူသွားလိမ့်မယ်။]

နဉ်ရွှီက မေးမြန်းလိုက်သည်။ "ငါတို့ ဝင်တာနဲ့ဆိုတော့ ဝိညာဉ်စွမ်းအင်ရော လုံလောက်ရဲ့လား။"

ကျင့်ကြံရေးနည်းစနစ်ကို တစ်ကြိမ်သာ လွှဲပြောင်းပေးနိုင်ပြီး လုပ်ငန်းစဉ်ကို ဖြတ်တောက်၍မရနိုင်သောကြောင့်၊ ဝိညာဉ်စွမ်းအင် မလုံလောက်ပါက လွှဲပြောင်းမှု မအောင်မြင်ပါ။ ထို့ကြောင့် ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီအား ယခင်က မည်သည့်နည်းစနစ်ကိုမှ မလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

နဉ်ရွှီတွင် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများစွာ ရှိသော်လည်း၊ သူမ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျနေပြီး ဝိညာဉ်စွမ်းအင် လည်ပတ်မှုသည်လည်း မသွက်လက်သေးသောကြောင့် နည်းစနစ်ကိုကောင်းစွာ လက်ခံရန် ခက်ခဲနေသေး၏။

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာသည် [လုံလောက်တယ်။ နင်က ချီသန့်စင်ခြင်းအဆင့် ၄ကို ရောက်နေပြီ။ သင့်တော်တဲ့ နေရာတစ်ခုရှာပြီး ကျင့်စဉ် စပြီး လွှဲပြောင်းပေးနိုင်ပြီ။]

"ကောင်းပြီ!”

ဤအချိန်အတွင်း နဉ်ရွှီသည် ဖရဲသီးကို အဆက်မပြတ် စားသုံးခြင်း၊ ဝိညာဉ်စွမ်းအင် သုံးစွဲခြင်းနှင့် ပြန်လည်ဖြည့်တင်းခြင်း၊ ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းဖြင့် ချီသန့်စင်ခြင်းအဆင့် ၂ မှ ၄ အထိ သူမ၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ခဲ့သည်။ ယခုအခါ ကောင်းကင်အဆင့် ကျင့်စဉ်ကို လွှဲပြောင်းပေးရန်အတွက် အချိန်သည် နောက်ဆုံးတွင် သင့်တော်လာခဲ့ပြီ။

ဟွာကျိုင်းဂိုဏ်းမှ လူများရောက်ပြီး မကြာမီတွင် ယွင်ရှန်ကျင်းဂိုဏ်းမှ တပည့်များလည်း ရောက်ရှိလာ၏။ ဟွာကျိုင်းဂိုဏ်းမှ တပည့်များ၏တောက်ပသော ဝတ်ရုံများနှင့်မတူဘဲ ယွင်ရှန်ကျင်းဂိုဏ်းတပည့်များသည် လက်ဖျားများနှင့် အနားသတ်များတွင် ပန်းပုံစံများထိုးထားသော ရိုးရှင်းသောအဖြူရောင်ဝတ်ရုံများအား ဝတ်ဆင်ထားသည်။

ကွဲပြားခြားနားသော အဆင့်ရှိသော တပည့်များသည် မတူညီသော ပန်းအမျိုးအစားများကို ထိုးထားကြသည်။

မူလကဆို ယွင်ရှန်ကျင်းဂိုဏ်းမှ တပည့်များ ရောက်ရှိလာခြင်းသည် ဆူပူသံ အနည်းငယ်ဖြစ်ပေါ်စေလိမ့်မည်။

ကျင့်ကြံရေးလောကတွင် ဒုတိယအဆင့်ရှိ စူပါဂိုဏ်းကြီးဖြစ်သည့် ယွင်ရှန်ကျင်းဂိုဏ်းတွင် ဆွဲဆောင်မှုရှိသော ပုဂ္ဂိုလ်များ အမြဲရှိနေလို့ပင်။

ဥပမာအားဖြင့်၊ စောစောက ဖော်ပြခဲ့သော ခြေထောက်နံ့ကို စွဲလမ်းနေသော ထူးချွန်သောတပည့် သို့မဟုတ် အလွန်အရည်အချင်းရှိသော အသက်ကြီးသော တပည့်များ။

သို့သော် ဤတစ်ကြိမ်တွင် ယွင်ရှန်ကျင်းဂိုဏ်း၏ရောက်ရှိလာမှုသည် မည်သည့် ဆူညံသံကိုမှ မဖြစ်စေခဲ့ပေ။

အကြောင်းမှာ စောစောရောက်ရှိလာခဲ့သော ကျင့်ကြံသူများ အများစုသည် ဖရဲသီးစားရာတွင် အလုပ်ရှုပ်နေကြသောကြောင့် ဖြစ်သည်။

ခေါင်းစဉ်ရှိ စကားလုံးသုံးလုံးတည်းကပင် သူတို့၏အာရုံကို ဖမ်းစားရန် လုံလောက်နေသည်။ ထိုမျှမက၊ အဓိကဇာတ်ကောင်နှစ်ဦးသည် ကျင့်ကြံရေးလောကတွင် နာမည်ကြီးပြီးသား ဖြစ်သည်။ သူတို့သည် ဤသခင်နှင့်တပည့် အတွဲ၏ ရင်းနှီးသော ဆက်ဆံရေးကို လျှို့ဝှက်စွာ မစစ်ဆေးဘဲ မနေနိုင်ကြပေ။

သူတို့ကိုယ်တိုင် သူတို့ရဲ့ ဖရဲသီးကို မစားရသေးဘူး ဖြစ်ရမည်၊ မဟုတ်ရင် ဒီလိုမျိုးပြုမူနေမည် မဟုတ်။

ပို့စ်တင်သူ ဘယ်သူလဲဆိုတာ မသိကြပေမဲ့၊ ဘယ်သူပဲဖြစ်ဖြစ် အမှန်တကယ်ကို ရဲရင့်သူပဲ!

ယွင်ရှန်ကျင်းဂိုဏ်းမှ တပည့်များ ရောက်ရှိပြီးနောက်၊ ထိပ်တန်းအဆင့် စူပါဂိုဏ်းကြီးဖြစ်သော ထျန်းကောသည် နောက်ဆုံးတွင် သူတို့၏ပုံပန်းကို ပြသခဲ့သည်။

[T/N- ထျန်းကောကဂိုဏ်းပဲနေမှာပါ။ etက တရုတ်လိုရေးလိုက် eလိုရေးလိုက်ဆိုတော့ ဘာတွေမှန်းမသိ (⁠╯⁠︵⁠╰⁠,⁠) ]

ထျန်းကောရှိ တပည့်များသည် နောက်ကျမှ ရောက်ရှိလာခဲ့သည်။ သူတို့ ရောက်ရှိလာသည့် ချက်ချင်းတွင် ထျန်းယာ လျှို့ဝှက်နယ်မြေကို လူအများ၏ မျှော်လင့်ချက်ကြားမှ တရားဝင် ဖွင့်လှစ်လိုက်သည်။

လျှို့ဝှက်နယ်မြေ အဝင်ဝတွင် စောင့်ဆိုင်းနေသော တပည့်များသည် အလောတကြီး ဝင်ရောက်ရန် မဝံ့ရဲကြပေ။ Moses ပင်လယ်ရေအားနှစ်ခြမ်းခွဲပြီး လမ်းဖွင့်ပေးခဲ့သလိုမျိုး၊ သူတို့သည် လမ်းကျယ်တစ်ခုကို ရှင်းလင်းပေးခဲ့ပြီး ဝင်ရောက်ရန် ပထမဆုံး အခွင့်အရေးကို ထျန်းကော တပည့်များအား ပေးခဲ့သည်။

ထျန်းကော တပည့်များသည် အေးစက်သော အမူအရာများဖြင့် ဘေးဘက်သို့ လှည့်မကြည့်ဘဲ တစ်ဦးချင်းစီ ဝင်ရောက်သွားကြ၏။

ထျန်းကောနောက်တွင် ယွင်ရှန်ကျင်းဂိုဏ်းနှင့် ဟွာကျိုင်းဂိုဏ်းမှ တပည့်များဝင်ရောက်ကြသည်။

ဤအချိန်တွင်၊ ကျင့်ကြံရေးလောက၏ အဆင့်အတန်းကို လူတိုင်း၏ ရှေ့တွင် ရှင်းလင်းစွာဖော်ပြထားတော့သည်။

ဝမ့်ရှင်းဂိုဏ်းမှ တပည့်များသည် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ရ၏။

သူတို့ရှေ့မှ ဂိုဏ်းခြောက်ဂိုဏ်းမှ တပည့်များ အားလုံးဝင်ရောက်ပြီးမှသာ သူတို့ အလှည့် ရောက်လာခဲ့သည်။

သူတို့ကို ဦးဆောင်သော အကြီးအကဲက စကားများများစားစား မပြောပေ။ သူက ရိုးရှင်းစွာပင် "အရင်းအမြစ်က ဒုတိယ၊ အသက်က ပထမပဲ။ လျှို့ဝှက်နယ်မြေ ပြန်ဖွင့်တဲ့အခါ မင်းတို့အားလုံးကို ဒီမှာပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်။ သွားကြစို့!"

တပည့်များအားလုံး တစ်ညီတညွတ်တည်း အော်ဟစ်လိုက်သည် "ဟုတ်ကဲ့!"

နဉ်ရွှီနှင့် သူမ၏အသင်းဖော်များသည်လည်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်။

ကျယ်ပြန့်သော သမုဒ္ဒရာကို ဖြတ်ကျော်ရသကဲ့သို့ သူမ၏ခန္ဓာကိုယ်က ရေဖိအားကို အဆက်မပြတ်ခံစားခဲ့ရလေသည်။ လုပ်ငန်းစဉ်က တိုတောင်းလှပါသည်။ နဉ်ရွှီ မျက်လုံးများကို မှိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ သူမသည် သစ်တောတစ်ခုထဲတွင် ရောက်နေပြီပင်။

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ချက်ချင်းတွင် နဉ်ရွှီသည် သူမ၏ အသင်းဖော်များရှိ၊မရှိကို ချက်ချင်း စစ်ဆေးလိုက်မိသည်။

သတင်းကောင်းတစ်ခု- သူမ၏ဘေးတွင် အသင်းဖော်တစ်ယောက် ရှိနေသေး၏။

သတင်းဆိုးတစ်ခု- သူမ၏ကျန်သုံးယောက်သော အသင်းဖော်များသည် ပျောက်ကွယ်သွားကြသည်။

သူတို့ အတူတူ လွှဲပြောင်းခံခဲ့ရသော်လည်း၊ သူတို့ကွဲကွာသွားခဲ့သည်။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် နေရာများကို ကျပန်းသတ်မှတ်လိုက်ပုံရပေသည်။

နဉ်ရွှီနှင့်အတူ ကျရောက်လာသော တစ်ဦးတည်းသော အသင်းဖော်မှာ ဖြူစင်သောကျင့်ကြံသူပင်။

ဖရဲသီးစားခြင်းစနစ်က တောဝက်ကြီးကဲ့သို့ ရယ်မော၍ [ဒါ အထူးကံကြမ္မာ ဖြစ်ရမယ်။]

နဉ်ရွှီ: "တိတ်စမ်း!"

သူမသည် ဖြူစင်သောကျင့်ကြံသူက သူမဘေးသို့ လျှောက်လာသောအခါ သူ့အား ကြည့်လျက် "ရှင် သွားချင်တဲ့ နေရာရှိလား။”

ဖြူစင်သောကျင့်ကြံသူ ဘာမှမပြောပေ။ ယင်းအစား သူ၏ သိုလှောင်အိတ်မှ ပေါက်စီကို ထုတ်ယူ၍ "မင်း ဒီမနက် ဘာမှမစားရသေးဘူးမယား။ ဗိုက်ပြည့်သွားအောင် ပေါက်စီလေးတွေ စားမလား။"

နဉ်ရွှီ: "..."

အစားအစာကို ကျင့်ကြံသော သူမ၏အသင်းဖော်သည် အသေးစိတ်ကအစ အလွန်ဂရုစိုက်လွန်း၏။

သူမ ပေါက်စီကို လှမ်းယူတော့မည့်အချိန်တွင်၊ သူမနောက်ဘက်မှ ယုတ်မာသောကျင့်ကြံသူတစ်ဦး ခုန်ထွက်လာလေသည်။

ယုတ်မာသောကျင့်ကြံသူက ကြမ်းတမ်းသောအသံဖြင့် ပြောလိုက်သည်က "ချီသန့်စင်ခြင်းအဆင့် ၄ က တစ်ယောက်၊ ချီသန့်စင်ခြင်းအဆင့် ၃ က တစ်ယောက်။"

"ဟားဟားဟားဟား၊ မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို နာနာခံခံနဲ့ လွှဲပေးလိုက်ရင်တော့ မင်းတို့ကို သွားခွင့်ပေးမယ် အဲ့လိုမှမဟုတ်ရင်တော့..."

နဉ်ရွှီ: "???"

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည်နှင့် ဓားပြတိုက်ခြင်းနှင့် လူသတ်ခြင်းကို ကြုံတွေ့လိုက်ရကြောင်း သူမ လျင်မြန်စွာ သဘောပေါက်သွားသည်။ ဤအရာသည် ကျင့်ကြံရေးလောကတွင် မထူးဆန်းသော်လည်း၊ နဉ်ရွှီအတွက် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်၏။

သူမ စကားမပြောခင်မှာပင် ဖရဲသီးစားခြင်းစနစ်က ရမ်းကားစွာ ရယ်မောလာသည်။

[ရုပ်ဆိုးတဲ့ကောင်စုတ်၊ ရွှေဒင်္ဂါးတွေကို ထုတ်လိုက်စမ်း!]

နဉ်ရွှီ: ???

နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူကို ဓားပြတိုက်နေသော ယုတ်မာသောကျင့်ကြံသူ: ???

အခု ဘယ်သူက ဘယ်သူ့ကို ဓားပြတိုက်နေတာလဲ!

__

All Chapters