← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇)

ဖရဲသီးစားခြင်းစနစ်သည် တစ်ကြိမ်သာ ရည်ညွှန်းခြင်းဖြင့် မရပ်တန့်ဘဲ မက်ဆေ့ချ်ကို နှစ်ကြိမ်၊ ထို့နောက် သုံးကြိမ် ထပ်ခါတလဲလဲဖြင့် [ရွှေဒင်္ဂါးတွေ ပေးစမ်း!]

[ခွေး*သား၊ ရွှေဒင်္ဂါးတွေ ထုတ်လိုက်စမ်း!]

ဖရဲသီးစားခြင်းစနစ်၏ ကျင့်ကြံသူအပေါ် အမည်ခေါ်ဝေါ်ပုံသည် "ရုပ်ဆိုးတဲ့ကောင်စုတ်" မှ "ခွေး*သား" သို့ ပြောင်းလဲသွားသည်။ လမ်းပေါ်တွင် အဆင့်နိမ့်ကျင့်ကြံသူများကို ဓားပြတိုက်နေသူသည် ဤ"ခွေး*သား" မဟုတ်ပေဘူးလား။

လူဆိုးကျင့်ကြံသူသည် ယနေ့အခြားအဆင့်နိမ့် ကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ပါက၊ ဤနေရာတွင်အပြစ်မဲ့စွာနှင့် သနားစရာကောင်းစွာ ပျက်စီးသွားမည် မဟုတ်ဘူးလား။

လူဆိုးကျင့်ကြံသူသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သတိထားမိလာသည်။

သူ၏ရှေ့မှ အဆင့်နိမ့် ကျင့်ကြံသူနှစ်ယောက်သာမကဘဲ အခြားသူများလည်း ရှိနေသေးသလား။ အရိပ်ထဲတွင် ပုန်းအောင်းနေပြီး သင့်တော်သောအချိန်ကို စောင့်နေသူ တစ်ယောက်ယောက်ရှိနေသလား။

ထိုသို့ဆိုလျှင် သူသည် ယနေ့ အလျင်စလို လုပ်ဆောင်မိပြီပင်။

ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အသံကြောင့် ကျင့်ကြံသူ၏ စိတ်ထဲတွင်ဆုတ်ခွာလိုသည့် ခံစားချက်ကို စတင်ခံစားလာရသည်။

သူသည် "ရွှေဒင်္ဂါးတွေ ထုတ်လိုက်" ဟူသော စကားလုံးများကို ပထမဆုံးအကြိမ် ကြားဖူးသော်လည်း ၎င်းတို့၏အဓိပ္ပာယ်ကို နားလည်သွားသကဲ့သို့ ခံစားရသည်။

ကျင့်ကြံသူသည် မည်သည့်အခြေအနေအောက်တွင်မှ ရွှေဒင်္ဂါးများ ထုတ်လေ့ရှိသနည်း။

သူတို့ကျဆုံးသောအခါမှသာ ဖြစ်သည်။

တစ်နည်းအားဖြင့် သူသည် တစ်ဖက်လူကို ဓားပြတိုက်လိုသော်လည်း တစ်ဖက်လူကလည်း ထိုအတွေးကိုပင် စွဲကိုင်ထားသည်။

လူဆိုးကျင့်ကြံသူသည် ဆုတ်ခွာတော့မည့်အချိန်တွင် ဖြူစင်သောကျင့်ကြံသူက စကားစပြောလိုက်၏။ "သူ့ကို သွားခွင့် မပေးနိုင်ဘူး။" ဖရဲသီးစားခြင်းစနစ်၏ လျှို့ဝှက်ချက်ကို သူသိရှိလိုက်သည်နှင့် သူ၏ကံကြမ္မာကို တံဆိပ်ခတ်နှိပ်လိုက်ပြီ ဖြစ်သည်။

ထိုသို့ပြောပြီး ဖြူစင်သောကျင့်ကြံသူသည် ဓားကို ပထမဆုံး ဆွဲထုတ်လိုက်သည်။ လေးလံသော အနက်ရောင် ကျောက်ဓားသည် သာမန်ပုံရသော်လည်း လွှဲလိုက်သည်နှင့် လေသံဖြင့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်သည် သူဆီသို့ အရှိန်အဟုန်ဖြင့် ဝင်လာ၏။

ဓား၏ရည်ရွယ်ချက်သည် ကျင့်ကြံသူအား ပတ်လည်မှ ဝိုင်းရံလိုက်ပြီး၊ မထိုးဖောက်နိုင်သော စက်ဝိုင်းထူထဲတွင် ပိတ်မိသွားစေသည်။

ကျင့်ကြံသူသည် တုန်လှုပ်သွားပြီး ခုခံရန်အတွက် သူ၏ဓားကို လျင်မြန်စွာ မြှောက်လိုက်သည်။

ဒီလူက ချီသန့်စင်ခြင်းအဆင့် သုံးမှာ မဟုတ်ဘူးလား။

သူ ဘယ်လိုလုပ်ပြီး ဒီလို ကျွမ်းကျင်တဲ့ ဓားပညာနဲ့ ဒီလိုပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်နိုင်ထားတာလဲ။

ဖြူစင်သောကျင့်ကြံသူသည် သူ၏ လှုပ်ရှားမှုကို ပြုလုပ်ပြီးဖြစ်ကြောင်း မြင်သောအခါ ဖရဲသီးစားခြင်းစနစ်က စိတ်မရှည်စွာ ပူးပေါင်းပါဝင်ရောက်လာသည် [host သတ်!]

သူတို့ရှေ့မှ လူသည် သွေးသားနှင့် ပြည့်စုံသော ကျင့်ကြံသူတစ်ဦးဖြစ်သည်၊ ဝိညာဉ်ကြွက် မဟုတ်ပေ။

သို့သော် နဉ်ရွှီသည် ခဏတာမျှသာ တုံ့ဆိုင်းနေခဲ့သည်။ သူမ ကျင့်ကြံရေးလောကထဲသို့ ဝင်ရောက်သည့်အချိန်မှစ၍ ယုံကြည်ချက်အချို့ ပြောင်းလဲရတော့မည်။

သူမသည် မင်ယွဲ့ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ချီသန့်စင်ခြင်းအဆင့် ခုနစ်မှ ကျင့်ကြံသူကို တိုက်ခိုက်ရာတွင် ဖြူစင်သောကျင့်ကြံသူနှင့် ပူးပေါင်းလိုက်သည်။

ကျင့်ကြံရေးလောကတွင် အားနည်းခြင်း၊ တုံ့ဆိုင်းခြင်းနှင့် ဖြူစင်မှုတို့သည် အသက်ကို သေစေနိုင်သည်။ သူမ၏ပထမဆုံး သင်ခန်းစာမှာ ဤလောက၏ ရှင်သန်မှု စည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန်ဖြစ်သည်။

[ဝူချီချွမ် သင်ပေးတဲ့ အခြေခံဓားပညာက ဒီကျင့်ကြံသူကို နှိမ်နင်းဖို့ လုံလောက်တယ်!]

[အခြေခံဓားပညာရဲ့၊ ပထမလှုပ်ရှားမှု—ဆောင်းဦးရေဟာ အရှေ့သို့ စီးဆင်းခြင်း!]

[အခြေခံဓားပညာရဲ့ ဒုတိယလှုပ်ရှားမှု—မှင်သည် ဖုန်မှုန့်ကို မစွန်းထင်းစေဘူး!]

(T/N- ဘာတွေလဲမသိဘူး ~_~)

[Host၊ သတ်၊ သတ်၊ သတ်!]

နဉ်ရွှီ၏စိတ်ထဲတွင် တိုက်ခိုက်လိုစိတ် တက်လာ၏။ အဘယ်ကြောင့်ဆိုသော် လူဆိုးကျင့်ကြံသူဟာ သူတို့ကို ပထမဆုံးစိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ သူမနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် တိုက်ခိုက်မှုတိုင်းတွင် ပိုမိုရဲရင့်လာပြီး ကျင့်ကြံသူကို လျင်မြန်စွာဓားဖြင့် ခုတ်လှဲလိုက်ကြသည်။

ဘုန်း

ကျင့်ကြံသူသည် မြေပြင်ပေါ်သို့ လေးလံစွာ လဲကျသွားသည့်အသံ။

နဉ်ရွှီသည် မျက်လုံးများကို ဖွင့်လျက် မလှုပ်မယှက်လဲကျနေသော ကျင့်ကြံသူကို ငုံ့ကြည့်လိုက်ပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားခဲ့ရသည်။

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး မကြာမီ သူမ၏ဓားသည် ကျင့်ကြံသူတစ်ဦး၏ သွေးဖြင့် စွန်းထင်းသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

သတ်ဖြတ်ခြင်း၊ ယှဉ်ပြိုင်ခြင်းနှင့် အဆင့်သတ်မှတ်ခြင်းတို့က ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံရေးလောကကို ဖြစ်ပေါ်စေသည်။

နဉ်ရွှီသည် သူမ၏ စိတ်ခံစားချက်ကို ညှိယူနေစဉ်၊ ကျင့်ကြံရေးလောက၏ အားနည်းသူကို အားကြီးသူက အနိုင်ယူသည့် ရှင်သန်မှုစည်းမျဉ်းကို အလျင်အမြန် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေစဉ်၊ ပေါက်စီများ ထည့်ထားသော *အုပ်ဆောင်းတစ်ခုသည် သူမ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

(T/N- အပေါင်းတွေဘာတွေထည့်တဲ့ဟာမျိုးလေးထင်တယ်။)

အစားအသောက်၏ အနံ့အသက်သည် လေထဲရှိ သွေးနံ့ကို အတင်းအကျပ် မောင်းထုတ်လိုက်သည်။

ဖြူစင်သောကျင့်ကြံသူသည် သူမကို မျှော်လင့်တကြီး ကြည့်ကာ မေးမြန်းလိုက်သည် "စားချင်လား။"

နဉ်ရွှီက ပြန်ဖြေလာ၏။ "စားချင်တယ်!"

ပေါက်စီများကို စားသောက်ပြီးနောက် နဉ်ရွှီ၏စိတ်ခံစားချက် အများစုဟာ ငြိမ်သက်သွားခဲ့သည်။

သူမသည် ကျင့်ကြံသူ၏သိုလှောင်အိတ်ကိုကောက်ယူကာ ၎င်း၏ စိတ်ဝိညာဉ်ကို ဖျက်ပစ်ပြီး ဖြူစင်သောကျင့်ကြံသူနှင့် အိတ်ထဲမှ အရာများကိုတန်းတူ ခွဲဝေလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က မကျေနပ်မှုကို ဖော်ပြလာသည်။ [ဒီရုပ်ဆိုးတဲ့ကောင်စုတ် စွန့်ပစ်သွားတဲ့ ရွှေဒင်္ဂါးတွေက အရမ်းနည်းလွန်းတယ်!]

နဉ်ရွှီက ပြန်ဖြေလိုက်သည် "သူက ယုတ်မာတဲ့ကျင့်ကြံသူတစ်ယောက်ပဲ။"

ဤကျင့်ကြံသူသည် အဓိကဂိုဏ်းကြီးတစ်ခုမှ မဟုတ်ဘဲ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းအနည်းငယ် ပိုင်ဆိုင်ထားခြင်းသည်ပင် ကြွယ်ဝသည်ဟု သတ်မှတ်နိုင်သည်။ ၎င်းတို့ကို ရရှိရန် သူ လူမည်မျှကို ဓားပြတိုက်ခဲ့သည်ကို မည်သူသိနိုင်မည်နည်း။

ယနေ့ သူမနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် သူ့ကို ခုတ်လှဲလိုက်ခြင်းသည် အခြားကျင့်ကြံသူများအတွက် ခြိမ်းခြောက်မှုကို ဖယ်ရှားပေးခြင်းလည်းဖြစ်သည်။

နဉ်ရွှီသည် နေရာတွင် ရပ်နေပြီး ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ "ငါတို့ဘယ်ကို ဆက်သွားသင့်လဲ။"

ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာ၏။ [မြောက်ဘက်မှာ ဝိညာဉ်စွမ်းအင် သိပ်သည်းတဲ့ ဝိညာဉ်စမ်းရေတစ်ခု ရှိတယ်။ စမ်းရေထဲမှာတရားထိုင်လိုက်ပါ၊ ငါ နင့်ကို ကောင်းကင်အဆင့်ကျင့်စဥ်ကို လွှဲပြောင်းပေးမယ်။]

"ကောင်းပြီ!"

နောက်ထပ် လမ်းတစ်လျှောက်သည် အေးချမ်းငြိမ်သက်ခဲ့ပြီး နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် ဓားပြများကို ထပ်မံ မကြုံတွေ့ရတော့ပေ။

သို့သော် လမ်းတစ်လျှောက်တွင် ရန်ဖြစ်နေသော ကျင့်ကြံသူများ အဖွဲ့များစွာကို သူတို့ တွေ့လိုက်ရသည်။ အမျိုးမျိုးသော အရောင်အသွေးရှိသော မှော်ပညာများသည် သူတို့ပတ်ပတ်လည်တွင် ပေါက်ကွဲနေ၏။

နဉ်ရွှီတွင် အခြားသူများ၏ ကိစ္စများတွင် ပါဝင်ပတ်သက်လိုသည့် အကျင့်မရှိသလို ဖြူစင်သောကျင့်ကြံသူကလည်း ပါဝင်ပတ်သက်လိုစိတ် ပိုနည်းသည်။ ထို့ကြောင့် သူတို့ မရပ်ဘဲ ရိုးရိုးရှင်းရှင်း ထွက်ခွာခဲ့ကြသည်။

သုံးနာရီကြာ လမ်းလျှောက်ပြီးနောက် နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ် ပြောခဲ့သော ဝိညာဉ်စမ်းရေကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။

၎င်းသည် လျှို့ဝှက်နေပြီး ရောက်ရှိရန် အကွေ့အကောက်များဖြတ်ရန် လိုအပ်သော်လည်း သူတို့ရောက်ရှိချိန်တွင် ကျင့်ကြံသူနှစ်ဦးသည် စမ်းရေအနီးတွင် တရားထိုင်နေပြီး ဖြစ်သည်။

အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးတို့သည် စမ်းရေထဲတွင် ထိုင်နေပြီး ကျင့်ကြံနေကြသည်။

နဉ်ရွှီသည် အနည်းငယ် ရပ်တန့်လိုက်ပြီး သူမ၏ဓားကို တင်းတင်းဆုပ်ကိုင်လိုက်၏။

အမျိုးသမီး ကျင့်ကြံသူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူတို့ကို တစ်ချက်ကြည့်လိုက်ကာ ချက်ချင်း ပြန်မှိတ်လိုက်ပြီး သူတို့ရှိနေခြင်းအပေါ် လျစ်လျူရှုထားပုံရသည်။ သူမသည် စမ်းရေကိုခွဲဝေသုံးစွဲရခြင်းကို စိတ်မဝင်စားသည့်နှယ်။

ဖရဲသီးစားခြင်းစနစ်က သက်ပြင်းချလိုက်သည် [ဒီနှစ်ယောက်လုံးက ချီသန့်စင်ခြင်းအဆင့် ကိုးမှာရှိတယ်။ နင် သူတို့ကို မနိုင်ဘူး။]

နဉ်ရွှီက "သူတို့ ဒုက္ခမပေးသရွေ့ အဆင်ပြေပါတယ်။"

လမ်းတစ်လျှောက်တွင် နဉ်ရွှီသည် စမ်းရေကို စောင့်ကြပ်နေသည့် ဝိညာဉ်သားရဲများကို မကြုံတွေ့ခဲ့ရသောကြောင့် ဤကျင့်ကြံသူနှစ်ဦးက ၎င်းတို့ကို ရှင်းလင်းထားဖွယ်ရှိသည်။

မည်သို့ပင်ဆိုစေ၊ ဤနေရာရှိ ဝိညာဉ်စမ်းရေသည် ကြီးမားလုံလောက်ပြီး သူမသည် အခြားသူများ ရှိနေခြင်းကို စိတ်ထဲမထားပေ။

နဉ်ရွှီသည် စမ်းရေထဲသို့ ဝင်ရောက်သွားပြီး မကြာမီ ကွဲပြားခြားနားမှုကို ခံစားလိုက်ရသည်။

စနစ်မှ အတည်ပြုထားသော ဤဝိညာဉ်စမ်းရေသည် အမှန်ပင် ထူးခြားပြီး ဝိညာဉ်စွမ်းအင်သည် သာမန်ထက် များစွာသာလွန်သည်။

ဝိညာဉ်စွမ်းအင်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် လည်ပတ်နေပြီး သူမ၏ချွေးပေါက်များပင် ပွင့်လာသကဲ့သို့ ခံစားရသည်။

နဉ်ရွှီသည် တရားထိုင်ရန် တင်ပျဉ်ခွေထိုင်လိုက်သည်။

သူမသည် ဖြူစင်သောကျင့်ကြံသူကို ကြည့်လိုက်ပြီး သူက သူမ၏ အကြည့်ကို တွေ့လိုက်သောအခါ အနည်းငယ် ပြုံးလိုက်သည် "ကျွန်တော် မင်းကို ကာကွယ်ပေးထားမယ်။"

လူကောင်း၊လူဆိုးခွဲခြားမရသေးသော ကျင့်ကြံသူနှစ်ဦး အနီးအနားတွင် ရှိနေသောကြောင့် သတိရှိနေရန်နှင့် သူမ၏သတိကို မလျှော့ချရန် အရေးကြီးသည်။

နဉ်ရွှီက ပြန်ဖြေသည် "ကျွန်မ ပြီးရင် ရှင့်ကို ကာကွယ်ပေးမယ်။"

"ကောင်းပြီ။"

နဉ်ရွှီသည် သူမ၏ ကျင့်ကြံခြင်းထဲသို့ လျင်မြန်စွာကျရောက်သွားသည်။

ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ် "တည်ငြိမ်သော ဓားချက်ခုနစ်ချက်” သည် နဉ်ရွှီ၏ အသိစိတ် ပင်လယ်ထဲသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်လာသည်။

နားမလည်နိုင်သော စာလုံးများသည် သူမ၏စိတ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ နားလည်နိုင်သော စကားလုံးများအဖြစ် အလိုအလျောက် ပြောင်းလဲသွားသည်။

နဉ်ရွှီသည် ဤကောင်းကင်အဆင့် နည်းစနစ်တွင် နစ်မြုပ်နေပြီး အသိပညာကို လောဘတကြီးစုပ်ယူနေသည်။

သူမ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ လေးနာရီကြာသွားခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် ဝိညာဉ်စမ်းရေသို့ ကျင့်ကြံသူများ ပိုမိုရောက်ရှိလာခဲ့သည်။ လူတိုင်းသည် တရားထိုင်ရန် နေရာရှာကြပြီး၊ လေထုသည် သဟဇာတဖြစ်နေသည်။

နဉ်ရွှီသည် ထရပ်ပြီး ဖြူစင်သောကျင့်ကြံသူကို ပြောလိုက်သည် "ကျွန်မ ပြီးပြီ။ ရှင် ခဏ ကျင့်ကြံလိုက်ဦး။"

လျှို့ဝှက်နယ်မြေသည် တစ်လကြာမည်ဖြစ်သောကြောင့် အခွင့်အလမ်းများကို အလျင်စလို ရှာဖွေရန်မလိုအပ်ပေ။ ဤနေရာတွင် ဝိညာဉ်စွမ်းအင် သိပ်သည်းနေသောကြောင့် လွဲချော်သွားရပါက နှမြောစရာပင်။

ဖြူစင်သောကျင့်ကြံသူက ပြန်ဖြေလာသည် "ကောင်းပြီ၊ မင်း ကျွန်တော်နဲ့ မီတာဝက်လောက် အတွင်းမှာ နေပေးလို့ရမလား။"

နဉ်ရွှီက မျက်တောင်ခတ်လိုက်သည်။ ဤတောင်းဆိုချက်အား တင်ပြလာသော ဖြူစင်သောကျင့်ကြံသူသည် အနည်းငယ် တွယ်ကပ်တက်ပုံရသော်လည်း သူက "ရမလား" ဟုမေးခဲ့သောကြောင့် သူမက သဘောတူရမည် ဖြစ်ပေသည်။

ထို့ကြောင့် နဉ်ရွှီက "ရတာပေါ့။"

ဖြူစင်သောကျင့်ကြံသူ တရားထိုင်နေစဉ် နဉ်ရွှီသည် သူ့ကို စောင့်ရှောက်ရန် ဘေးတွင်နေခဲ့သည်။

သူတို့နှစ်ဦးနှင့်အတူ ဝိညာဉ်စမ်းရေတွင် ကျင့်ကြံသူကိုးဦး ရှိနေသည်။

ကျင့်ကြံသူများထဲတွင် ဒုက္ခပေးသူများ မရှိသောကြောင့် ယခုအချိန်အထိ အရာအားလုံး ငြိမ်းချမ်းနေသေးသည်။ သို့သော် လူများ ပိုမိုရောက်ရှိလာပါက ဘာဖြစ်လာမည်ကို ပြောနိုင်မည်မဟုတ်ပေ။

လူစည်ကားရာ နေရာများတွင် ပဋိပက္ခများ မလွဲမသွေ ဖြစ်ပေါ်တတ်သော်လည်း နဉ်ရွှီ မကြောက်ပေ။

သူမသည် အဖွဲ့ကို တိတ်ဆိတ်စွာ လေ့လာနေစဉ် ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ [hostရဲ့ ပို့စ်က တကယ်ပဲ ပျံ့သွားပြီ။]

[ပါဝင်ပတ်သက်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်သောဘုရင်က နင့်ရဲ့ပို့စ်အောက်မှာ ကိုယ်တိုင် မှတ်ချက်ပေးခဲ့တယ်။]

နဉ်ရွှီက ပေါ့ပေါ့ပါးပါးသာ "သူ ဘာပြောလဲ။"

[သူက 'ဒီ ကြွက်က ဘယ်ကလာတာလဲ။ အရိပ်ထဲမှာ ပုန်းအောင်းပြီး ငါနဲ့ ငါ့တပည့်အကြောင်း ကောလဟာလတွေ ဖြန့်ဖို့ပဲ လုပ်နိုင်တာ။ မင်းကို ဆွဲထုတ်ပြီး ဒီပြဿနာတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ကြည့်ဦးမယ်' လို့ ပြောခဲ့တယ်။]

ဤစကားကို ကြားသောအခါ နဉ်ရွှီသည် ကိုယ်တိုင်ပြန်ဖြေရန် ရည်ရွယ်ချက်ဖြင့် သူမ၏တပည့်တံဆိပ်ကို ထုတ်ယူလိုက်သည်။

သို့သော် သူမ မမျှော်လင့်ဘဲ တံဆိပ်သည် လျှို့ဝှက်နယ်မြေတွင် အလုပ်မလုပ်ကြောင်း တွေ့ရှိရသည်။ သူမသည် "နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" နှင့် ချိတ်ဆက်၍မရသလို ပို့စ်များကိုလည်း ပြန်ဖြေ၍ မရပေ။

ဖရဲသီးစားခြင်းစနစ်က သူမကို သတိပေးလာ၏ [လျှို့ဝှက်နယ်မြေထဲမှာ တံဆိပ်အားလုံးကို ဆိုင်းငံ့ထားတယ်။]

ထို့နောက် ၎င်းသည် ရယ်လျက် [နင် လျှို့ဝှက်နယ်မြေထဲမှာ ပြန်မဖြေနိုင်ပေမယ့် ငါ နင့်အတွက် လုပ်ပေးနိုင်တယ်!]

သူမသည် သူမ၏ တံဆိပ်နှင့်ချိတ်ဆက်၍ မရနိုင်သောကြောင့် နဉ်ရွှီသည် ပြန်ဖြေလိုစိတ် ပျောက်ဆုံးသွားပြီး ပေါ့ပေါ့ပါးပါးသာ ထပ်ပြောလိုက်သည် "ဒါဆို ငါ့အစား ပြန်ဖြေလိုက်ပါ။"

ထိုနှစ်ဦးနှင့် ပတ်သက်၍ သူမ စိတ်မပူနိုင်တော့ပေ။

ပြန်ဖြေရမည့် အလုပ်ကို ဖရဲသီးစားခြင်းစနစ်သို့ လွှဲအပ်လိုက်ခြင်းသည် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပါသည်။

ဤစကားကို ကြားသောအခါ ဖရဲသီးစားခြင်းစနစ်သည် ချက်ချင်း စိတ်လှုပ်ရှားလာ၏။ [ငါ အခုပဲ ပြန်ဖြေလိုက်တော့မယ်!]

နဉ်ရွှီက ခွင့်ပြုချက်ပေးသည်။ "လုပ်လိုက်တော့"

ဖရဲသီးစားခြင်းစနစ်သည် ခဏတာ တိတ်ဆိတ်သွားပြီး ဤဘက်တွင် နဉ်ရွှီသည် အခြားကျင့်ကြံသူများကိုလေ့လာခြင်း ပြီးဆုံးသွားခဲ့သည်။

သူမသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ခွဲခြား၍ မရနိုင်ပေ၊ ဆိုလိုသည်မှာ သူတို့အားလုံးသည် သူမထက် ပိုမို အစွမ်းထက်ကြသည်။

သို့သော် ပိုမို အစွမ်းထက်သော ကျင့်ကြံသူများနှင့်တွေ့ဆုံခြင်းသည် ကျင့်ကြံရေးလောကတွင် အလွန်ပုံမှန်ပင် ဖြစ်သည်။

နဉ်ရွှီသည် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူမတွင် အကြီးအကဲ ဝူချီချွမ် ပေးထားသော တံဆိပ်ရှိပြီး ၎င်းသည် ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏အပြည့်အဝ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။ ဤအခြေအနေတွင် အကောင်းဆုံးအရာမှာ သူမ၏ခွန်အားကို မြှင့်တင်ရန် အာရုံစိုက်ခြင်းသာ။

ခဏအကြာတွင် ဖရဲသီးစားခြင်းစနစ်သည် ပြန်ဖြေပြီးနောက် ပြန်လာခဲ့သည်။

၎င်းသည် [host ငါ နင့်အတွက် ပို့စ်မှာ ပြန်ဖြေလိုက်ပြီ။]

နဉ်ရွှီက မေးမြန်းလိုက်၏။ "နင်ဘယ်လို ပြန်ဖြေလိုက်တာလဲ။"

[ငါ ပြောလိုက်တာက၊ 'မင်း သတ္တိရှိရင် ငါ့ကိုလာရှာလိုက်၊ နွားချေးကောက်တဲ့ကောင်! မင်း ငါ့ကို ရှာတွေ့ရင် ငါ ရှုံးတယ်။ မင်းနဲ့မင်းတပည့်က ဘာတန်ဖိုးရှိလို့လဲ']

ထိုသို့ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်သည်။ [မှတ်ချက်ပေးတဲ့ ကျင့်ကြံသူတွေ အားလုံးက ငါတို့က အထင်ကြီးစရာကောင်းတယ်လို့ ပြောကြတယ်!]

နဉ်ရွှီ: "…….."

အဆင်ပြေပါတယ်။

သူမသည် ထိုနှစ်ဦးကို မနှစ်သက်သလို ဖရဲသီးစားခြင်းစနစ်၏ပြန်ဖြေချက်သည် သူမ၏စိတ်ကြိုက်ဖြစ်နေ၏။

သူမ ထိုစုံတွဲကို စော်ကားမိတာဟုတ်လား၊ မဟုတ်လား၊ ဘယ်သူက စိတ်ဝင်စားလို့လဲ!

ယခု သူမတွင် ကောင်းကင်အဆင့် ကျင့်စဉ်ရှိနေပြီဖြစ်ပြီး မည်သူ့ကိုမျှမကြောက်ပေ! သူမသည် မကြောက်ရုံသာမကဘဲ သူတို့၏လျှို့ဝှက်ချက်များကိုလည်း ဖော်ထုတ်တော့မည်ပင်။ လျှို့ဝှက်ချက်ပိုကြီးလေ၊ ပိုကောင်းလေပဲ!

__

အခန်း (၃၈)

လျှို့ဝှက်နယ်မြေပြင်ပ၊ "နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" တွင် ဖြစ်၏။

ကျင့်ကြံသူတစ်ဦးသည် "ဖရဲသီးရွှေ့ပြောင်းသူ" မှာ မည်သူဖြစ်နိုင်ကြောင်း ဆွေးနွေးရန်အတွက် ပို့စ်တစ်ခုကို အထူးတင်ခဲ့သည်။

သူတို့၏ ဤဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်သောဘုရင်အပေါ် သဘောထားအရ၊ ဤပုဂ္ဂိုလ်၏ ခြိမ်းခြောက်မှုကို မည်သည့်အကြောက်အရွံ့မှ မပြဘဲ စကားဖြင့်ပင် စိန်ခေါ်ခဲ့ကြ၏။ သူတို့သည် အဓိကဂိုဏ်းကြီးတစ်ခုမှ မွေးဖွားလာသူဖြစ်နိုင်သည် သို့မဟုတ် ထူးခြားသော ခွန်အားရှိပြီး သူတို့၏ကိုယ်ပိုင်စွမ်းရည်များကို အားကိုးနိုင်သူဖြစ်နိုင်သည်ဟု ယူဆခဲ့ကြသည်။

ကျင့်ကြံသူများစွာသည် ဤ"ဖရဲသီးရွှေ့ပြောင်းသူ" သည် ထိပ်တန်းအဆင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။

[ဟိုမှာ ကြည့်ပါဦး! အဲ့ဒီ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင်က သူတို့ကို အရမ်းကို မောက်မောက်မာမာ ပြောဆိုနေတယ်၊ သူတို့ ဟွာကျိုင်းဂိုဏ်းနဲ့ ရန်သူဖြစ်တော့မလား။]

[အဲ့ဒီ ကျင့်ကြံသူက ပြန်မဖြေသေးဘူး။ စိုးရိမ်နေပြီ!]

[သူတို့ ပြန်ဖြေလိမ့်မယ်လို့ ထင်လား။]

[မသိဘူး။ တာအိုအမည် မြူရှိတဲ့ ဒီ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင်က ဟွာကျိုင်းဂိုဏ်းကိုတောင် ထည့်ပြောလာတယ်၊ သူ ဒေါသထွက်ပြီး ရှက်ရမ်းရမ်းနေတာလားမသိ။]

[ကျင့်ကြံသူတို့၊ ခင်ဗျားတို့ရဲ့ စကားတွေကို သတိထားကြပါဦး။]

[သူတို့ ဘယ်လို ပြန်ဖြေမလဲ မသိဘူး။]

[သူတို့ ပြန်မဖြေတာမျိုး‌ ဖြစ်နိုင်လား။]

[မဖြစ်နိုင်ပါဘူး…]

[သူတို့ ပြန်မဖြေဘူးဆိုရင် နားလည်နိုင်ပါတယ်။ ဟွာကျိုင်းဂိုဏ်းက ကျင့်ကြံရေးလောကမှာ ကြီးမားတဲ့ အင်အားစုတစ်ခုကိုးး၊ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင် မြူမှာ ကြီးမားတဲ့ ဂုဏ်သိက္ခာရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကို ဦးစားပေးတာ သဘာဝပါပဲ။]

[သူတို့ ပြန်ဖြေပြီ! ပြန်ဖြေပြီ!!!]

ဤအာမေဋိတ် အမှတ်အသား သုံးခုက ဤကျင့်ကြံသူ၏ စိတ်လှုပ်ရှားမှုကို ပြသရန် လုံလောက်၏။

__

လျှို့ဝှက်နယ်မြေအတွင်းတွင်။

နဉ်ရွှီသည် ဖြူစင်သောကျင့်ကြံသူကို စောင့်ရှောက်နေစဉ် ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် ရွှင်မြူးစွာ ပြောလာသည်။ [host အဲ့ဒီ ခွေးကောင် ပြန်ဖြေလာတယ်! ငါ ဟွာကျိုင်းဂိုဏ်း တစ်ဂိုဏ်းလုံးနဲ့ ရန်သူလုပ်သင့်လား။ ငါ ပြန်ပြီး တုံ့ပြန်ပြီးပြီ။]

နဉ်ရွှီ: "ဘယ်လို တုံ့ပြန်လိုက်တာလဲ။"

ဖရဲသီးစားခြင်းစနစ်က စိတ်အားထက်သန်စွာ ရှင်းပြလာသည်။ [ငါတို့ ရန်သူလုပ်ရင်ရော ဘာဖြစ်လဲ။ ဒါက ဟွာကျိုင်းဂိုဏ်း သေးသေးလေးပဲကို၊ သူတို့က သူတို့ကိုယ်သူတို့ထူးခြားတယ်လို့ တကယ်ပဲ ထင်နေကြတာလား။]

[ပြီးတော့ ခွေးကောင်က အခု စိတ်ပျက်နေပြီမဟုတ်လား။ အကျိုးဆက်တွေကိုရင်ဆိုင်ဖို့ အရမ်းကို ကြောက်ရွံ့ပြနေတာ!]

နဉ်ရွှီ: …

ကောင်းပြီ၊ ဖရဲသီးစားခြင်းစနစ်၏ အရင်လို အဆိပ်ပြင်းပြီး ရိုက်ချင်စရာကောင်း၏။

မုန်းတီးမှုကို ဆွဲဆောင်ရာတွင် ၎င်း၏စွမ်းရည်သည် မည်သူ့ထက်မျှ မနိမ့်ပေ။

ဖရဲသီးစားခြင်းစနစ်သည် hostထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိသောကြောင့် မေးမြန်းခြင်းကို မရှောင်နိုင်ပေ။ [ဘယ်လိုလဲ။ host ငါ မိုက်မိုက်ကန်းကန်း လုပ်ခဲ့တာ မဟုတ်ဘူးလား။]

နဉ်ရွှီ: "နင် တကယ် ကောင်းကောင်း လုပ်ခဲ့တယ်။"

ဟွာကျိုင်းဂိုဏ်း တစ်ဂိုဏ်းလုံးကို တစ်ပြိုင်နက်တည်း ရန်လိုစေခဲ့ခြင်းပင်။

ဟွာကျိုင်းဂိုဏ်းသည် သူမကို ခြေရာခံရန် နည်းလမ်းရှာဖွေဖို့ ကြိုးစားတော့မည်မှာ သေချာပါသည်။

သို့သော် သတင်းကောင်းလည်း ရှိ၏၊ သူမသည် လက်ရှိတွင် လျှို့ဝှက်နယ်မြေအတွင်းတွင် ရှိနေပြီး လျှို့ဝှက်နယ်မြေအတွင်းရှိ တံဆိပ်များအားလုံးသည် အလုပ်မလုပ်တော့ပေ။ နည်းပညာအရ သူမသည် ပို့စ်များကို ပြန်ဖြေနိုင်မည် မဟုတ်ပေ။ လျှို့ဝှက်နယ်မြေအတွင်းရှိ တပည့်များအပေါ် သံသယသည် များစွာ သေးငယ်သွားမည်ဖြစ်ပြီး ၎င်းသည် သူတို့၏ ရှာဖွေမှုကို နှောင့်နှေးစေသင့်သည်။

ဟွာကျိုင်းဂိုဏ်းနှင့် ပတ်သက်၍၊ သူတို့သည် သူမကို မကြာမီ ခြေရာခံနိုင်မည် မဟုတ်ပါ။ အရမ်းကြီး စိတ်ပူစရာ မလိုသေးချေ။

နဉ်ရွှီ: "ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင် မြူရဲ့ ဇနီးအကြောင်း ပိုသိချင်တယ်။"

"နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" ကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး အချိန်မရွေး ပြန်တိုက်ခိုက်ရန် အသင့်ရှိနေသည့် ဖရဲသီးစားခြင်းစနစ်က မေးလာ၏။ [ဘယ်အပိုင်းကို ပိုသိချင်တာလဲ။]

နဉ်ရွှီ ခဏတာ စဉ်းစားပြီး အရေးကြီးဆုံး မေးခွန်းတစ်ခုကို မေးလိုက်သည်။ "သူမရဲ့ ဆေးလုံးတွေက လဲလှယ်ခံထားရတယ်။ ဆိုတော့ သူမကိုကယ်တင်ဖို့ နည်းလမ်း ရှိသေးလား။"

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလာသည်။ [မရှိတော့ဘူး၊ သူမက အပြင်းအထန် ဒဏ်ရာရပြီးပြီ။ ဆေးလုံးတွေကို မလဲခဲ့ဘူးဆိုရင်တော့ သူမကို ကူညီဖို့ နည်းလမ်းများစွာ ရှိသေးတယ်။ ဒါပေမဲ့ သူမကအဆိပ်ရှိတဲ့ ဆေးလုံးတွေကို အချိန်ကြာမြင့်စွာ သောက်သုံးခဲ့ပြီးပြီ။]

ဤဆရာ၊တပည့်အတွဲသည် ဤဆရာ၏ ဇနီးသည်၏ အသက်ကို အမှန်တကယ် လိုချင်ပုံရသည်။

နဉ်ရွှီ ခဏတာ ရပ်တန့်လိုက်ကာ။ "ဒါဆို... သူမရဲ့ သက်တမ်းကို ဆက်တိုးနိုင်လား။”

ဖရဲသီးစားခြင်းစနစ်က တုံ့ဆိုင်းခြင်းမရှိဘဲ။ [ရတယ်၊ သူမရဲ့ အခြေအနေအတွက် အကောင်းဆုံး ဆေးစာတစ်ခု ငါ့မှာရှိတယ်။]

"ဒါဆို အဲ့ဒီ ဆေးစာကို ဖိုရမ်မှာ တင်လိုက်။"

[ပြဿနာ မရှိပါဘူး။]

ဆရာ၏ ဇနီးသည် ဆေးစာကို မြင်ပြီးနောက် ဆေးကို သောက်မသောက်ဆိုသည်က နဉ်ရွှီ၏စိုးရိမ်စရာ မဟုတ်တော့ချေ။

အနည်းဆုံးတော့ သူမ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့ပြီးပြီ။ ဆရာ၏ဇနီးသည်သည် ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်သောဘုရင် မြူ အပေါ် အလွန်အမင်း အချစ်စိတ်စွဲလမ်းနေ၍ ဤကိစ္စကြောင့် သူနှင့်မပြတ်စဲနိုင်လျှင် နဉ်ရွှီတွင်ဘာမှ ထပ်ပြောစရာ မရှိတော့ပေ။

__

"နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" တွင်

"ဖရဲသီးရွှေ့ပြောင်းသူ" သည် ရုတ်တရက် ဆေးစာတစ်ခုကို ထုတ်ပြန်လိုက်ရာ ဆူညံသံများ ဖြစ်ပေါ်စေခဲ့သည်။

ဤဆေးစာသည် မည်သည့်အတွက်နည်း။

"ဖရဲသီးရွှေ့ပြောင်းသူ" သည် ဤဆေးစာကို တမင်တကာ ထုတ်ပြန်ခဲ့သည်ဖြစ်ရာ တစ်မျိုးမျိုးသော ရည်ရွယ်ချက်ရှိရမည်။

အသိပညာရှိသော ဆေးဖော်စပ်သူတစ်ဦးသည် ဆေးစာကို ခွဲခြမ်းစိတ်ဖြာပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ "အံ့ဩစရာ! အံ့ဩစရာ!"

ထိုဆေးဖော်စပ်သူသည် သူ၏ အတွေးများကို အောက်ပါ ပို့စ်တွင် ချက်ချင်းမျှဝေခဲ့သည်။

[ငါထင်တာ မှားမနေဘူးဆိုရင် ဒါက အမျိုးသမီးကျင့်ကြံသူတစ်ဦးရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့အတွက် ဆေးစာ ဖြစ်ရမယ်။ အမျိုးသမီး ကျင့်ကြံသူတွေအတွက် အထူးသီးသန့် ပါဝင်ပစ္စည်းအချို့ ပါဝင်တယ်။

ဒီဆေးစာက ပြင်းထန်တဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတာမို့ ကျင့်ကြံသူတွေ အများစုကမခံနိုင်ဘူး၊ ဒါပေမဲ့ မသင့်လျော်တဲ့အရာတွေ အရမ်းများများ စားသုံးမိသူတွေအတွက် ဒီဆေးလုံးက အံ့ဩစရာကောင်းတဲ့ အာနိသင် ရှိနိုင်တယ်။ ဒါသူတို့ရဲ့ သက်တမ်းကိုတောင် သိသိသာသာ တိုးမြှင့်ပေးနိုင်တယ်။]

ဒီဆေးကျင့်ကြံသူက အရမ်းကို ရိုးသား၏။ [ငါဆေးလုံးတွေကို နှစ်ရာပေါင်းများစွာ သုတေသန လုပ်ခဲ့တာ၊ ဒီလို ထူးခြားတဲ့ ဆေးစာကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အခွင့်အရေးရမယ်ဆိုရင် ဒီကျင့်ကြံသူနဲ့ ဆွေးနွေးချင်တယ်။] အနည်းဆုံးတော့ သူ၏လက်ရှိ ကျွမ်းကျင်မှုနဲ့ ဒီလို ထူးခြားသော ဆေးစာကို ဖော်စပ်နိုင်မည် မဟုတ်ပေ။

ကျင့်ကြံသူများ: !!!

ဤစာကြောင်းထဲက ဖော်ပြလိုက်သော သတင်းအချက်အလက်က အရမ်းများပြားနေ၏။

ဒီအချက်မှာတော့ ဖရဲသီးက ပိုပြီး အစစ်အမှန်ပုံပေါ်လာ၏။ "ဖရဲသီးရွှေ့ပြောင်းသူ" ၏ သဘောထားက သံသယဖြစ်ဖွယ်ရာရှိရုံသာမက ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်သောဘုရင် မြူ ၏ တုံ့ပြန်မှုကလည်း စိတ်ဝင်စားစရာ ကောင်းနေ၏။

ပြီးတော့ အခု ဒီဆေးစာ...

ဒီအချိန်မှာ ကျင့်ကြံသူတစ်ဦးက ပို့စ်အောက်မှာ မှတ်ချက်တစ်ခု ထားခဲ့သည်။ [အိုး ဘုရားရေ၊ ကျွန်တော် မှန်တယ်ဆိုရင် ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်သောဘုရင် မြူ ရဲ့ ဇနီးရဲ့ အဖေက အတိဒုက္ခကျော်လွှားခြင်း အဆင့်ရှိတဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဘူးလား။ ဒဏ်ရာတွေကြောင့် အဲ့ဒီအင်အားကြီး ပုဂ္ဂိုလ်က လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကတည်းက တိတ်တဆိတ်ပဲ အထီးကျန်နေခဲ့တာ၊ မသေသေးဘူး။ ဒီအင်အားကြီး ပုဂ္ဂိုလ်အပြင်၊ သူမမှာ ကောင်းကင်ဝိညာဉ်အမြစ်ရှိတဲ့ အကိုတစ်ယောက်လည်း ရှိတယ်!]

[မြူ၊ မင်း မိုက်မဲလိုက်တာ!]

ဤသတင်းအချက်အလက်ကို ဖတ်ပြီးနောက် ကျင့်ကြံသူတို့သည် ဟွာကျိုင်းဂိုဏ်းဟာ အရမ်းကိုဆူပူ‌နေတော့မည်ဟု မတွေးဘဲ မနေနိုင်ကြတော့ပေ။

နဉ်ရွှီသည် ဆရာ၏ ဇနီးသည်၏ နောက်ခံအကြောင်းကို ပိုမိုသိရှိခဲ့ရပါပြီ။

သူမ၏ ဖခင်နှင့် အစ်ကိုများကပြုစုပျိုးထောင်ခဲ့သော သူကောင်းမျိုးသမီးလေးသည် ငယ်စဉ်ကတည်းက ကျန်းမာရေးမကောင်းခဲ့သောကြောင့် ကျင့်ကြံသူများနှင့် အဆက်အသွယ် သိပ်မရှိဘဲ ဖြူစင်စွာနှင့် အပြစ်ကင်းစွာ နေထိုင်ခဲ့၏။

ဒီလိုမျိုး သနားစရာကောင်းသူသည် ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်သောဘုရင် မြူလိုမျိုး လူယုတ်မနှင့် ကြုံတွေ့ခဲ့ရပြီး သူကြောင့် သူမ အသက်ပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရ၏။

နဉ်ရွှီ ဤအကြောင်းကို စဉ်းစားနေစဉ် ဝိညာဉ်စမ်းရေတွင် ထူးဆန်းသော အနှောင့်အယှက်တစ်ခု ဖြစ်ပေါ်လာသည်။

ကျင့်ကြံသူအသစ် ငါးဦးသည် ဤဝိညာဉ်စမ်းရေကို ထိန်းချုပ်ရန် ကြိုးစားနေကြကြောင်း တွေ့လိုက်ရ၏။ သူတို့အုပ်စုသည် စမ်းရေ၏ တည်နေရာကို ဖော်ထုတ်နိုင်မည်ကို စိုးရိမ်သဖြင့် သူတို့အားဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဤကျင့်ကြံသူငါးဦးသည် မျက်နှာဖုံးများ ဝတ်ဆင်ထားပြီး အေးစက်သော မျက်လုံးများကိုသာ ဖော်ပြထားသည်။ သူတို့လက်ထဲမှ ဓားရှည်များသည် အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး လေထုကနှေးကွေးသွားရာ တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်ဟု အချက်ပြနေသည်။

မူလက စမ်းရေသို့ ရောက်ရှိလာခဲ့သော ချီသန့်စင်ခြင်းအဆင့်ကိုးမှ ကျင့်ကြံသူနှစ်ဦးသည် ခုခံကာကွယ်မည့် အနေအထားကို ယူထားပြီး မျက်နှာများတွင် သတိဝီရိယ အပြည့်ရှိနေ၏။

နဉ်ရွှီသည် သူမ၏ဘေးရှိ ဖြူစင်သောကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်ရာ သူမ သတိမထားမိမီကပင် သူ မျက်လုံးများကို ဖွင့်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။

ဖရဲသီးစားခြင်းစနစ် [ငါတို့ သူတို့ကို မနိုင်ဘူး၊ အနောက်တောင်ဘက်ကို ပြေး!]

နဉ်ရွှီသည် ဖြူစင်သောကျင့်ကြံသူ၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး အနောက်တောင်ဘက်သို့ ပြေးသွားရာ အဖွဲ့ထဲမှ တစ်ဦးသည် ချက်ချင်း နောက်က လိုက်လာသည်။

"သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ။"

[ရွှေအမြုတေ အစောပိုင်းအဆင့်ကို ချီသန့်စင်ခြင်းအဆင့် ကိုးအထိ ဖိသိပ်ထားတာ။]

နဉ်ရွှီ: "…"

အံ့ဩစရာ မရှိတော့ပေ။

ဘာပဲဖြစ်ဖြစ်၊ နတ်ဘုရား ချင်ကျို့တောင် သူ၏ကျင့်ကြံခြင်းကို ချီသန့်စင်ခြင်းအဆင့်အထိ ဖိသိပ် လျှော့ချနိုင်သေးသည်၊ ထို့ကြောင့်အခြားသူများလည်း လုပ်နိုင်ပေမည်။

အစောပိုင်းကတည်းက ဖရဲသီးစားခြင်းစနစ်သည် ယခုနှစ် ထျန်းယာလျှို့ဝှက်နယ်မြေသည် ငြိမ်သက်နေမည် မဟုတ်ကြောင်း သူမကိုသတိပေးထားပြီးသား ဖြစ်ပါသည်။

နဉ်ရွှီသည် သူမ၏ အရှိန်ကို အမြင့်ဆုံးအထိတွန်းပို့ခဲ့သော်လည်း သူမနှင့် လိုက်လံသူကြား အကွာအဝေးမှာ ကျဉ်းမြောင်းနေဆဲပင်။ လိုက်လံသူမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို သူမ ခံစားနိုင်၏။ တစ်ကြိမ်တွင် ဓားစွမ်းအင်သည် သူမ၏ ဆံပင်ကိုထိသွားကာ ဆံပင်နက် အနည်းငယ်ကို ဖြတ်တောက်သွားခဲ့သည်။

ဖရဲသီးစားခြင်းစနစ် [နင်နဲ့ မီတာ ၂၀၀ အကွာမှာ တယ်လီပို့တေးရှင်းအစီအရင်ရှိတယ်။ ဘယ်ကိုဦးတည်သွားလဲဆိုတာတော့ ငါ မသေချာပေမဲ့ ချက်ချက်အဲ့ဆီသွားဖို့အကြံပေးတယ်]

"ကောင်းပြီ!"

မီတာ ၂၀၀ ‌ဆီသို့ ချက်ချင်း သွားလိုက်၏။

[အဲ့ဒီ ဝဲဂယက်ဆီကို။]

"ကောင်းပြီ!"

နဉ်ရွှီသည် ဖြူစင်သောကျင့်ကြံသူ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် တယ်လီပို့တေးရှင်း အစီအရင်ကို ဖြတ်သန်းလိုက်၏။

သူတို့ ဖြတ်သန်းသွားပြီးနောက် တယ်လီပို့တေးရှင်းအစီအရင်ဟာ ပျောက်ကွယ်သွားသည်။

လိုက်လံသူသည် စက္ကန့်အနည်းငယ် ရပ်တန့်ပြီးနောက် အေးစက်စွာ ရေရွတ်လိုက်သည်။ "ကံကောင်းသွားတယ်မှတ်" ထို့နောက် လှည့်၍ ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည်။

နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် တယ်လီပို့တေးရှင်း အစီအရင်ကို ဖြတ်သန်းပြီးနောက် လျှို့ဝှက်လိုဏ်ဂူနက်ကြီးတစ်ခုသို့ ရောက်ရှိလာကြသည်။

လိုဏ်ဂူသည် မှောင်မဲနေပြီး နဉ်ရွှီသည် ညဉ့်ပုလဲတစ်လုံးကို ထုတ်ယူကာ နေရာငယ်ကို လင်းထိန်စေလိုက်သည်။

အလင်းရောင် လင်းလာသောအခါ လိုဏ်ဂူလမ်းကြောင်းသည် ကျဉ်းမြောင်းပြီး လူနှစ်ဦးသာ တစ်ကြိမ်တည်း ဖြတ်သန်းနိုင်ကြောင်း နဉ်ရွှီ သတိပြုမိသည်။ လမ်းကြောင်း၏ ဘေးနှစ်ဖက်တွင် ပန်းချီကား မျိုးစုံဖြင့် ဖုံးလွှမ်းနေ၏။

နဉ်ရွှီသည် ညဉ့်ပုလဲကို ဤပန်းချီကားများနှင့် ပိုမိုနီးကပ်စွာ ယူဆောင်လာပြီး မေးလိုက်သည်။ "ဒါတွေက ဘာတွေလဲ။"

ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာသည်။ [လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က နာမည်ကြီးခဲ့တဲ့ ထူးချွန်သူတွေ။]

နဉ်ရွှီ ပထမဆုံး မြင်တွေ့ခဲ့ရသော ထူးချွန်သူမှာ သိမ်မွေ့နူးညံ့ပုံရသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဂီတကျင့်ကြံသူဖြစ်နိုင်ဖွယ်ရှိသည်။ သူမသည် ပန်းများကြားတွင် လှပစွာ ထိုင်နေပြီး လှပစွာ ပြုလုပ်ထားသော ကူချင်းသည် သူမ၏ ရှေ့တွင်ရှိနေသည်။ ပန်းချီကားသည် အလွန်ပင်သက်ဝင်လှုပ်ရှားနေသဖြင့် ကျောက်တုံးမှ အသက်ဝင်လာသည့်အလား။

ဒုတိယ ထူးချွန်သူမှာ အမျိုးသား ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဖွဲ့စည်းမှု၊ အစီအရင်ကျင့်ကြံသူ ဖြစ်နိုင်ဖွယ်ရှိကာ အစီအရင်အပြားတစ်ခုကို ကိုင်ထားပြီး သူ၏ချောမောသော မျက်နှာသည် ယုံကြည်မှုနှင့် ပြည့်နှက်နေ၏။

တတိယ ထူးချွန်သူမှာ အမျိုးသမီးကျင့်ကြံသူတစ်ဦးဖြစ်ပြီး အကကျင့်ကြံသူ ဖြစ်ဟန်တူပြီး တံတားငယ်နှင့် စီးဆင်းနေသော ရေများကြားတွင် ပျံဝဲကခုန်နေသည်...

အခြားသော ထူးချွန်သူ အများအပြားကို ဖြတ်သန်းပြီးနောက် နဉ်ရွှီသည် နောက်ထပ်ပန်းချီကားတွင် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ နတ်ဘုရား ချင်ကျို့ပင်။

ပန်းချီကားတွင် သူ၏ရှေ့တွင် သေးငယ်ပြီး လက်ရာမြောက်သော ဆေးဖော်စပ်သည့် မီးဖိုတစ်ခုရှိနေပြီး သူသည် လက်များဖြင့် တံဆိပ်ခတ်နေစဉ် တစ်စုံတစ်ခုကို ရွတ်ဆိုနေသည်။ ဆေးလုံးသည် အသင့်ဖြစ်လုနီးပြီ ဖြစ်ဟန်တူ၏။

နတ်ဘုရား ချင်ကျို့ကို မြင်လိုက်သောအခါ နဉ်ရွှီ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

ဒီပန်းချီကားတွေ...

ဒီမှာ ဘယ်သူက ရေးဆွဲခဲ့တာလဲ။

သူတို့ ဒါတွေကို ဆွဲထားတဲ့ ရည်ရွယ်ချက်က ဘာလဲ။

ထူးချွန်သူ ဒါဇင်များစွာကို ဖြတ်သန်းပြီးနောက် နဉ်ရွှီသည် ဖြူစင်သောကျင့်ကြံသူ၏ ပန်းချီကားကို နောက်ဆုံးတွင် မြင်လိုက်ရသည်။

ပန်းချီကားပေါ်တွင် ဖြူစင်သောကျင့်ကြံသူ၏ ရှေ့၍ အမည်းရောင်သံဒယ်အိုးတစ်လုံးရှိနေကာ ဒယ်အိုးထဲမှ မီးခိုးငွေ့ဖြူဖြူများ တက်လာနေသည်၊ သူဟာ အရသာရှိသော အစားအစာကို စိတ်အားထက်သန်စွာ ချက်ပြုတ်နေသည်မှာ ရှင်းလင်းနေ၏။ ရိုးရှင်းသော ပန်ချီးကားဖြစ်သော်ငြား သူမ အစားအစာ၏ ရနံ့ကို ရနေသလိုပင်။

နဉ်ရွှီ: "ဒါက ဘာကို ဆိုလိုတာလဲ။"

[ဒါက ဖြူစင်သောကျင့်ကြံသူကို ထျန်းယာလျှို့ဝှက်နယ်မြေက ထူးချွန်သူအဖြစ် အသိအမှတ်ပြုတယ်လို့ ဆိုလိုတာ။]

ဤစကားကို ကြားသောအခါ နဉ်ရွှီ၏စိတ်ခံစားချက်သည် ပိုမို လေးနက်လာ၏။ ၎င်းသည် မကောင်းသော လက္ခဏာဖြစ်သည်ဟု သူမသဘာဝအတိုင်း ခံစားလိုက်မိသည်။

ဒီပန်းချီကားကို ဘယ်အချိန်က ရေးဆွဲခဲ့တာလဲ။

သူတို့ ထျန်းယာလျှို့ဝှက်နယ်မြေထဲသို့ မဝင်ခင်ကလား၊ သို့မဟုတ် ဝင်ပြီးနောက်ကလား။

ထူးချွန်သူတစ်ဦးကို ဆုံးဖြတ်တဲ့ စံနှုန်းကဘာလဲ။

"ဒါဆိုရင်ကော။ ထူးချွန်သူအဖြစ် အသိအမှတ်ပြုခံရပြီးနောက် ဘာဖြစ်မှာလဲ။"

ဖရဲသီးစားခြင်းစနစ်က ထူးဆန်းစွာ ရယ်မောလိုက်သည်။

၎င်းသည် တိုက်ရိုက် မဖြေဘဲပြန်မေးလာသည်။ [ဒီမှာ ပန်းချီဆွဲခံရတဲ့ ထူးချွန်သူတွေ ဘာဖြစ်သွားလဲဆိုတာ နင်သိလား။]

နဉ်ရွှီက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ငါ တစ်ယောက်ပဲ သိတယ်၊ နတ်ဘုရား ချင်ကျို့။ သူ့ရဲ့ ဝိညာဉ်စွမ်းအင် ပျံ့နှံ့သွားပြီး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအဖြစ်တက်လှမ်းခြင်းအဆင့်ကနေ ရွှေအမြုတေအဆင့်အထိ ကျဆင်းသွားတယ်၊ ဒါတောင် ဆက်ကျချင်ကျဦးမှာ”

ဖရဲသီးစားခြင်းစနစ်က သဘောတူသည်။ [ဟုတ်တယ်၊ သူ့ရဲ့ ဝိညာဉ်စွမ်းအင် ပျံ့နှံ့သွားတာ။]

ထို့နောက် ၎င်းသည် ပေါ့ပေါ့ပါးပါးသာ [ဒီက ထူးချွန်သူတွေရဲ့ တစ်ဝက်ကျော်က ဝိညာဉ်စွမ်းအင် ပျံ့နှံ့မှုကြောင့် သေဆုံးသွားတယ်ဆိုတာ နင်သိလား။]

နဉ်ရွှီ: "ဘာကြီး။"

ဖရဲသီးစားခြင်းစနစ်က လျှာအားတီးခေါက်ကာ [ကျန်တဲ့လူအချို့က ဝိညာဉ်စွမ်းအင်ပြောင်းပြန်စီးဆင်လို့ သေဆုံးခဲ့တာ။]

[ပြီးတော့ အရမ်းနည်းတဲ့ အစိတ်အပိုင်းကသာ အခု ရှင်သန်နေသေးတာ။]

နဉ်ရွှီ တိတ်ဆိတ်သွားရသည်။

ကျေးဇူးတင်စရာကောင်းသည်မှာ လိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးကတည်းက သူမရော ဖြူစင်သောကျင့်ကြံသူပါ စကားမပြောခဲ့ကြသောကြောင့် သူမ၏ တိတ်ဆိတ်မှုသည် ထူးဆန်းပုံ မရပေ။

"ဘယ်ကျင့်ကြံသူကမှ အကြောင်းရင်းကို စုံစမ်းစစ်ဆေးတာမျိုး မရှိခဲ့ဘူးလား။"

[ရှိတာပေါ့။]

[နတ်ဘုရား ချင်ကျို့က သူ့ရဲ့ ဝိညာဉ်စွမ်းအင်ပျံ့နှံ့ရတဲ့ အကြောင်းရင်းကို အမြဲတမ်း မရှာခဲ့ဘူးလား။]

[ဒါပေမဲ့ လက်ရှိအခြေအနေနဲ့ဆို ဒါက သူတို့ဝင်ပါနိုင်တဲ့ နယ်ပယ်မဟုတ်တော့ဘူး]

စကားလုံးအနည်းငယ်ဖြင့် နဉ်ရွှီသည် ကြီးမားသောကြံစည်မှုနှင့် အန္တရာယ်ကို ခံစားနိုင်ခဲ့သည်။

သူမသည် ဖြူစင်သောကျင့်ကြံသူ၏ ပန်းချီကားရှေ့တွင် ရပ်နေခဲ့သည်။

ပန်းချီကားထဲတွင် ဖြူစင်သောကျင့်ကြံသူသည် သူ၏ မျက်လုံးများကို အနည်းငယ် နှိမ့်ချထားပြီး သူ၏ မျက်နှာ တစ်ဝက်သာ ပြသသော်လည်း ၎င်းသည် သူ၏ သာလွန်ကောင်းမွန်သော အရိုးတည်ဆောက်ပုံကို ပြသရန် လုံလောက်ပါသည်။ သူ၏ မေးရိုးသည် ပြတ်သားပြီး နှာတံက မြင့်မားကာ နှုတ်ခမ်းများသည် ရှင်းလင်းပြတ်သားသည်။

ဖြူစင်၍ ရိုးသားသော ကျင့်ကြံသူပင်။

လေထဲတွင် လေးလံသောအရာတစ်ခုသည် ပျံ့နှံ့နေသကဲ့သို့ခံစားရပြီး ဖြည်းဖြည်းချင်း လှုပ်ရှားနေသော လေသည် ရပ်တန့်လုနီးပါပင်။

ဤအချိန်တွင် ဝိညာဉ်သစ်သီးတစ်လုံးသည် နဉ်ရွှီ၏ ရှေ့တွင် ရုတ်တရက်ပေါ်လာ၏။

ဖြူစင်သောကျင့်ကြံသူ၏ သာလွန်ကောင်းမွန်သော မျက်နှာသည် သူမ၏ရှေ့တွင် ပေါ်လာသည်။ သူ၏မျက်လုံးနက်များသည် ပြုံးလိုက်ပြီး သူ၏အကြည့်ဟာ သူမပုံရိပ်ဖြင့်သာ ပြည့်နှက်နေ၏။ "အရမ်း ချိုတယ်။ စားချင်လား။"

နဉ်ရွှီ: "ကောင်းပြီ!"

စက္ကန့်အနည်းငယ်ကြာပြီးနောက် နဉ်ရွှီသည် ဝိညာဉ်သစ်သီးကို တစ်ကိုက် ကိုက်လိုက်ပြီး ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ "ဖြေရှင်းနည်း ရှိလား။"

ဖရဲသီးစားခြင်းစနစ်က အဓိပ္ပာယ်ပြည့်ဝစွာ [ရှိတာပေါ့။]

[အခက်အခဲတွေထက် ဖြေရှင်းနည်းတွေက အမြဲတမ်း ပိုများတယ်။]

ထိုအချက်မှာ ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် အော်ဟစ်လိုက်သည်။

နဉ်ရွှီ: "ဘာဖြစ်တာလဲ။"

[ခွေး*သားတစ်ကောင်က မြူ အတွက် ပြော‌ပေးနေတယ်!]

[Host သူ့ကို ရှင်းပစ်မှာလား မရှင်းပစ်ဘူးလား ပြော။]

နဉ်ရွှီ: …

ကောင်းပြီ၊ ဘယ်လိုကြံစည်မှု၊ အကျပ်အတည်း၊ သို့မဟုတ် လေးနက်သော လေထုဖြစ်စေ၊ အရာအားလုံးသည် ထိုအချိန်တွင် ပျောက်ကွယ်သွားခဲ့တော့သည်။

ကျန်ရှိနေသည်မှာ ဖရဲသီးစားရသော ပျော်ရွှင်မှုသာ။

ဘယ်သူ ဂရုစိုက်မှာလဲ။ သူတို့ လာပါစေ၊ ရေတားခြင်း သို့မဟုတ် မြေဖို့ခြင်းကဲ့သို့ သူမ အလွယ်တကူ ပိတ်ဆို့ပစ်မည်။

သူမက ပြတ်သားစွာ “ရှင်းလိုက်တော့!!”

__

All Chapters