အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉)
ဟွာကျိုင်းဂိုဏ်း၏ စတုတ္ထအကြီးအကဲနှင့် အိမ်ထောင်သည် အမျိုးသား သုံးဆယ့်တစ်ဦး ပါဝင်ပတ်သက်သည့် အရှုပ်တော်ပုံအကြောင်း ကြားသိရပြီးနောက် နဉ်ရွှီသည် အချက်တစ်ခုကို နားလည်လိုက်သည်— ကျင့်ကြံခြင်းလောကရှိ အဓိက အင်အားကြီးများကြားတွင် ရှုပ်ထွေးနေသော ဆက်ဆံရေးများ ရေတွက်မရအောင် ရှိနေသည်ပင်။
ကြည့်လိုက်ရင်တော့ ဤလူများသည် မသက်ဆိုင်ပုံရသော်လည်း အမှန်တကယ်မှာတော့ ၎င်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေ၏။
ဤအရာက နဉ်ရွှီသည် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် စစ်မှန်သောဘုရင် ကုန်းချိန်အကြောင်း အတင်းအဖျင်းကို ဤအချိန်တွင် ဖော်ထုတ်ရဲရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
တစ်နည်းမဟုတ်တစ်နည်း သူသည် ဟွာကျိုင်းဂိုဏ်းနှင့် ချိတ်ဆက်နေနိုင်သည်။
ဟုတ်ပါသည်၊ သူမဟာ သူ့အကြောင်း အသေးအဖွဲ အရှုပ်တော်ပုံအချို့ကိုသာ ဖော်ထုတ်ရဲခဲ့သည်၊ အမှန်တကယ် ဗုံးကြဲမည့် အရာများဖြစ်သည့် ပြန်လည်မွေးဖွားလာသည့် အမြင့်ဆုံးကျင့်ကြံသူနှင့် ဆက်ဆံရေးကဲ့သို့သော အရာများကိုမူ ထုတ်ဖော်၍ မရပေ၊ အနည်းဆုံးတော့ ယခုအချိန်အထိ မရနိုင်သေးချေ။
မဟုတ်ပါက သူတို့သည် ယခုကြီးမားသော အာဏာနှင့် ဩဇာကို ကိုင်စွဲထားသော သစ္စာဖောက်လေးဦး၏ အာရုံစူးစိုက်မှုကို ချက်ချင်း ဆွဲဆောင်မိမည်ပင်။
နဉ်ရွှီ၏ ခန့်မှန်းချက်သည် မှန်ကန်ကြောင်း တွေ့ရှိရသည်။ ဟွာကျိုင်းဂိုဏ်း၏ စတုတ္ထအကြီးအကဲ၊ လောယွီတို့နှင့် ရှုပ်ထွေးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသူမှာ ကုန်းချိန်၏ မွေးစားသားပင်။
ထို့အပြင် ကုန်းချိန်သည် ဂိုဏ်းချုပ်၏ အကြီးအကဲဦးလေးဖြစ်ပြီး ဟွာကျိုင်းဂိုဏ်း၏ ဝိညာဉ်ရေးရာ အားထားရာအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်အား ကြိုတင်မိတ်ဆက် ပို့စ်တင်ခိုင်းပြီးနောက် ဖိုရမ်တွင်ကြီးမားသော ဆူပွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ကျင့်ကြံသူအချို့သည် သူတို့မှားယွင်းစွာ ဖတ်မိသည်ဟုပင် ထင်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ထိုစစ်မှန်သောဘုရင်မှလွဲ၍ ကုန်းချိန်နှင့် နာမည်ကို မည်သူကမျှဝေရဲမည်နည်း။
[ဘာ? ဒါက အမှန်လား]
[ဖရဲသီးရွှေ့ပြောင်းသူ၊ ဒါက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင်ပဲ! သူက သူ့လက်ချောင်းတစ်ချက် လှုပ်ရုံနဲ့ ကျင့်ကြံခြင်းမြို့တော်တစ်ခုလုံးကို မြေပြင်နဲ့ တပြေးညီ ဖြစ်စေနိုင်တဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်]
[ဖရဲသီးရွှေ့ပြောင်းသူ၊ မင်းက ဒီတစ်ကြိမ်မှာ ငါတို့ကို နောက်ပြောင်နေရုံသက်သက်ဆိုရင်တောင် ငါ စိတ်မဆိုးပါဘူး။ မင်းရဲ့ လုံခြုံရေးကပိုအရေးကြီးတယ်]
[ကုန်းချိန်က ဟွာကျိုင်းဂိုဏ်းအတွက် ဘာကိုဆိုလိုတယ်ဆိုတာ မင်း နားလည်ရဲ့လား]
[ဖရဲသီးရွှေ့ပြောင်းသူက ဟွာကျိုင်းဂိုဏ်းနဲ့ လုံးဝ မသင့်မြတ်ဘူးဆိုတာ ရှင်းနေတယ်… မင်းကို စူးစမ်းချင်မိတယ်၊ ဟွာကျိုင်းဂိုဏ်းက မင်းကို ဘာလုပ်ပြီး စော်ကားမိခဲ့တာလဲ]
[ဖရဲသီးရွှေ့ပြောင်းသူ၊ သတိထားပါ! အရင်တုန်းက မင်း မွေးရာပါတာအိုခန္ဓာကိုယ်ရဲ့ အရှုပ်တော်ပုံကို အရိပ်အမြွက် ပြောခဲ့တဲ့အခါ ဟွာကျိုင်းဂိုဏ်း အကြီးအကဲတွေက မျက်ကွယ်ပြုခဲ့ကြတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မွေးရာပါတာအိုခန္ဓာကိုယ်မှာ ကြီးမားတဲ့အလားအလာရှိပေမယ့် သူက ကြီးထွားလာခြင်း မရှိသေးဘူး]
[အမြင့်ဆုံး ဂိုဏ်းအကြီးအကဲအတွက်တော့ မင်းက သူ့အရှုပ်တော်ပုံကို ဖော်ထုတ်ခဲ့တယ်၊ ပြီးတော့ သူက သူ့ရဲ့ တာအိုလက်တွဲဖော်ရဲ့ ရိုက်နှက်တာကို ခံရပြီး တစ်ဝက် သေလုနီးပါးဖြစ်နေပြီ။ အဲဒီလို ဒဏ်ရာတွေနဲ့ဆို သူ ဆယ်စုနှစ်များစွာ ပြန်လည်မထူထောင်နိုင်တော့ဘဲ မင်းကိုလိုက်ဖမ်းဖို့ အချိန်ရမှာ မဟုတ်ဘူး။ သူ့ တာအိုလက်တွဲဖော်ကတော့ မင်းကို ကျေးဇူးတင်နေမှာ၊ လက်စားချေမှာ မဟုတ်ဘူး]
[ဒါပေမဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင်ကို ဖော်ထုတ်တာလား။ အဲဒါက လုံးဝမတူတဲ့ ကိစ္စတစ်မျိုးပဲ]
[ဟုတ်တယ်! ကုန်းချိန်က ဟွာကျိုင်းဂိုဏ်းအတွက် အရမ်း အရေးပါလွန်းတယ်။ ကြိုတင်မိတ်ဆက် ပို့စ်တစ်ခုတည်းနဲ့တောင် ဟွာကျိုင်းဂိုဏ်းက မင်းကို သည်းခံတော့မှာ မဟုတ်ဘူး]
မကြာမီ ဤမှတ်ချက်အောက်တွင် ရဲရင့်သော အဖြေတစ်ခု ပေါ်လာသည်။
၎င်းကို ဖရဲသီးရွှေ့ပြောင်းသူက တင်ခဲ့ခြင်းဖြစ်သည်။
[ဪ? အရမ်း ကြောက်ဖို့ကောင်းတာပဲ။]
အဖြေက ကြောက်သည်ဟု ဆိုသော်လည်း လှောင်ပြောင်မှုက ဆက်သွယ်ရေး တိုကင်မှ ထွက်ပေါ်လာနေ၏။
ဤအဖြေကို မြင်သော ကျင့်ကြံသူများ: !!!
ကောင်းတယ်။ ဒါက သူတို့ သိတဲ့ ဖရဲသီးရွှေ့ပြောင်းသူပဲ၊ အမြဲတမ်း မကြောက်မရွံ့နဲ့!
ဤအချိန်တွင် ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီအား ကြွားဝါနေသည်။
[Host၊ ငါ့အဖြေက ဘယ်လိုလဲ]
နဉ်ရွှီက “မဆိုးပါဘူး” ဟုသာ မှတ်ချက်ပေးလာသည်။
ဖရဲသီးစားခြင်းစနစ်က ကြွားလုံးထုတ်လိုက်၏။ [ငါလည်း အဲဒီလို ထင်တယ်။]
ထို့နောက် ၎င်းက သတင်းပို့လေသည်။ [host၊ ဟွာကျိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူမကိုယ်တိုင် ပို့စ်တစ်ခု တင်လိုက်ပြီ။ သူမက ဟွာကျိုင်းဂိုဏ်းက နင့်ကို မရည်ရွယ်ဘဲ စော်ကားမိတာရှိလားလို့ မေးနေတယ်]
ဂိုဏ်းချုပ်က တိုက်ရိုက် မပြောသော်လည်း သူမ၏ဆိုလိုရင်းက ရှင်းလင်းသည်- မင်းက ဘာလို့ ဟွာကျိုင်းဂိုဏ်းကို ပစ်မှတ်ထားနေတာလဲ။
“မရည်ရွယ်ဘဲ” ဟူသော စကားလုံးက ပါးနပ်လှသည်။
တစ်ဖက်တွင် ၎င်းက ဟွာကျိုင်းဂိုဏ်းသည် ဖရဲသီးရွှေ့ပြောင်းသူကို စော်ကားရန် မလိုကြောင်းနှင့် မည်သည့် စော်ကားမှုမဆို မတော်တဆဖြစ်ခဲ့ရမည်ကို ဆိုလိုသည်။ အခြားတစ်ဖက်တွင် ၎င်းက စေတနာကိုလည်း ပြသသည်၊ ဂိုဏ်းချုပ်က ယဉ်ကျေးစွာ မေးမြန်းရန် သူမကိုယ်သူမ နှိမ့်ချခဲ့သောကြောင့် သူမသည် ချက်ချင်း ရန်သူများ မဖြစ်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
အနည်းဆုံးတော့ ယခုအချိန်အထိ မဖြစ်လိုသေးပေ။ ဘာပဲဖြစ်ဖြစ် ဟွာကျိုင်းဂိုဏ်းသည် ဖရဲသီးရွှေ့ပြောင်းသူက တကယ်တမ်း မည်သူဖြစ်သည်ကိုပင် မသိသေး၍ ဘေးကင်းစွာ ကစားရမည်။
ကံမကောင်းစွာဖြင့် နဉ်ရွှီသည် ဟွာကျိုင်းဂိုဏ်းနှင့် ပြန်လည်သင့်မြတ်ရန် ရည်ရွယ်ချက်မရှိပေ။
ဟွာကျိုင်းဂိုဏ်း၏ တန်ဖိုးများသည် ဂိုဏ်းချုပ်မှ တပည့်များအထိ မေးခွန်းထုတ်စရာ ဖြစ်သည်ဟူသောအချက်ကို မပြောဘဲ၊ သူတို့၏ ဝိညာဉ်ရေးရာ အားထားရာသည် ပြန်လည်ဝင်စားသော အမြင့်ဆုံး ကျင့်ကြံသူနှင့် နက်နဲသော ရန်ငြိုးရှိနေခြင်းကပင် နဉ်ရွှီအတွက် ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ရန် လုံလောက်သည်။
နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်အား “မဟုတ်ဘူး၊ ငါ ဟွာကျိုင်းဂိုဏ်းကို ဒီတိုင်း မုန်းလို့” ဟူသော အဖြေဖြင့် ပြန်ဖြေရန် ပြောလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် [ရပြီ!]
ဤအဖြေက မာနကြီးပြီး ရန်စရာရောက်သည်။ သူ ကြိုက်နှစ်သက်သော ပုံစံအတိုင်းပင်။
ချီအာသည် အတွင်းထဲမှ အော်ဟစ်နေသည်!
ဤလူနှင့် စနစ်၊ နှစ်ဦးစလုံးက ပြဿနာများစွာကို ဖန်တီးနေကြသည်!
သူတို့ ရူးသွပ်နေသလား။
သူသည် ဤရူးသွပ်သူများကို တစ်စုံတစ်ဦးက တားဆီးပေးနိုင်ရန် မျှော်လင့်ရင်း သူ၏အဖော်များထံသို့ အရူးအမူး အချက်ပြခဲ့သည်။
ဟွာကျိုင်းဂိုဏ်းသည် လွယ်လွယ်ကူကူ အနိုင်ယူနိုင်သူ မဟုတ်သလို အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် စစ်မှန်သောဘုရင်သည်လည်း ပြဿနာရှာနိုင်သောလူ မဟုတ်ပေ!
ကံမကောင်းစွာဖြင့် မည်သူမျှ သူ့ကို ဂရုမစိုက်ပေ။
တစ်စုံတစ်ဦးက သတိထားမိသော်လည်း သူ့ကို လျစ်လျူရှုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ချီအာသည် ပင်ပန်းသည်ဟု ခံစားရသည်။
အချိန်ကြာမြင့်စွာ ပင်ပန်းပြီးနောက် သူသည်ရိုးရိုးလေး လက်လျှော့လိုက်သည်။
အဖွဲ့သို့ တစ်ဝက်မှ ပူးပေါင်းခဲ့သူတစ်ဦးအနေဖြင့် သူ ဘာလုပ်နိုင်ဦးမည်နည်း။
သူသည် စိတ်လှုပ်ရှားစွာလိုက်ပါပြီး ဤအန္တရာယ်ရှိသော ပေါက်ကွဲတတ်သည့် ဖရဲသီးများကို စားရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိပေ!
_
ဟွာကျိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဖရဲသီးရွှေ့ပြောင်းသူ၏ အဖြေကို မြင်ပြီးနောက် ဒေါသဖြင့် သူမ၏ တိုကင်ကို ရိုက်ချိုးလိုက်မိသည်။
အရည်အသွေးမြင့် တိုကင်သည် ချက်ချင်း အပိုင်းအစများအဖြစ် ကွဲကြေသွား၏။
သူမ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေပြီး လေဟာနယ်ကို စကားပြော၍ “ဟွာကျိုင်းဂိုဏ်းရဲ့အာဏာကို စိန်ခေါ်တာမျိုး မလုပ်သင့်ဘူး။ ဒီလူကို သုံးရက်အတွင်း ရှာပြီး ချက်ချင်းရှင်းပစ်လိုက်”
စက္ကန့်ပိုင်းအကြာတွင် တည်ငြိမ်သော၊ စက်သံဆန်သော အသံက ပြန်ဖြေလာ၏။ “နားလည်ပါပြီ၊ ဂိုဏ်းချုပ်”
ထို့နောက် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး စကားပြောသူသည် ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားသည်။
ဖရဲသီးစားခြင်းစနစ်သည် ဟွာကျိုင်းဂိုဏ်း၏ သတ်ရန် အမိန့်ကို ချက်ချင်း သိရှိလိုက်သည်။
၎င်းက ပျင်းရိစွာ ပြောလာသည်။ [သူတို့ ငါတို့ကို လိုက်ဖမ်းဆီးဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်ပြီ]
နဉ်ရွှီက အနည်းငယ် လန့်သွားသည်။ “သူတို့ ငါတို့ကို ရှာနိုင်မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား”
ဖရဲသီးစားခြင်းစနစ်က သူမကို စိတ်ချစေလိုက်၏။ [စိတ်မပူပါနဲ့။ ငါပြောခဲ့ပြီးသားပါ၊ သူတို့ ငါတို့ကို အချိန်တစ်ခုထိတော့ ရှာတွေ့မှာ မဟုတ်ဘူး။ သုံးရက်အတွင်း ငါတို့ကို ခြေရာခံဖို့လား။ ရယ်စရာပဲ]
[သုံးရက်အတွင်း သူတို့က မြေကြီးကို စားရလိမ့်မယ်]
ချီအာ: …
သူတို့၏ အစားအစာကို ပြီးစီးပြီးနောက် အဖွဲ့သည်ဝိညာဉ်ဆေးပင်များကို ရှာဖွေရန် ထွက်ခွာသွားခဲ့ကြသည်။
ချီအာသည် အသက်မရှိပုံပေါ်ပြီး ဆေးပင်များကို ရှာဖွေရန်အတွက် အထူး မှော်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
သူ၏ ထူးဆန်းသော အမူအရာကို သတိပြုမိပြီး နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်အား “သူ ဘာဖြစ်နေတာလဲ။ သူပုံစံက မကောင်းဘူး”
ဖရဲသီးစားခြင်းစနစ်က လှောင်ပြောင်လာသည်။ [မှော်ပစ္စည်းတွေက ဈေးမပေါဘူး။ သူတို့ကို အသုံးပြုတာက ဟောင်းနွမ်းပျက်စီးစေတယ်၊ ပြီးတော့ ပျက်သွားတဲ့အခါ သူတို့ကအသုံးမဝင်တော့ဘူး။ သူက အဲဒါကြောင့် ကြေကွဲနေတာနေမှာပေါ့။]
[သူ့မိသားစုရဲ့ လေလံပွဲရုံက ရာစုနှစ်များစွာအတွင်း ဘာကြောင့် မတိုးချဲ့နိုင်တာလဲဆိုတာ အံ့ဩစရာ မရှိပါဘူး။ သူ့လို ကပ်စေးနှဲတဲ့ ဘိုးဘေးတွေနဲ့ဆို ဘယ်လိုကြီးထွားနိုင်မှာလဲ]
ချီအာ: … သူက ထိတ်လန့်စရာ ဖရဲသီးတွေကြောင့် စိတ်ရှုပ်နေပြီး စိတ်ပိုင်းဆိုင်ရာ အားကုန်နေတာပါ၊ သိရဲ့လား။
ကပ်စေးနှဲခြင်းအတွက်၊ ကောင်းပြီ၊ မင်းဆဲဆိုချင်ရင် ဆဲဆိုနိုင်တယ်၊ ဒါပေမဲ့ ဘာလို့ သူ့မိသားစုတစ်ခုလုံးကို ဆွဲခေါ်ရတာလဲ။
သို့တိုင် ဖရဲသီးစားခြင်းစနစ်နှင့် အချိန်ဖြုန်းပြီးနောက် ချီအာသည် သူ၏ထက်ရှသော လျှာကို အသားကျလာခဲ့သည်။
၎င်းသည် စနစ်တစ်ခုတည်းသာ မဟုတ်၊ hostကလည်း ပြဿနာရှိသည်။
ချီအာ၏ ဦးဆောင်မှုကို လိုက်နာပြီး အဖွဲ့သည် အဆင့်နိမ့် ဝိညာဉ်ဆေးပင်အချို့ကို စုဆောင်းနိုင်ခဲ့သည်။
သူတို့သည် အဆင့်နိမ့်ဖြစ်သော်လည်း ပမာဏက သင့်လျော်ပြီး ဝိညာဉ်ကျောက်များအတွက် ရောင်းချနိုင်မည်။
သို့သော် ဖရဲသီးစားခြင်းစနစ်သည် စိတ်သက်သာရာမရပေ။
[ဒီမှော်ပစ္စည်းက အသုံးမဝင်ဘူး]
ချီအာ: …
တစ်ချိန်တည်းမှာပင် နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်နှင့် ပို့စ်အသေးစိတ်အချက်အလက်များကို အပြီးသတ်ပြီး “ဒီအနီးအနားမှာ အဆင့်မြင့် ဆေးပင် တစ်ခုခု ရှိလား”
ဖရဲသီးစားခြင်းစနစ်က ညည်းညူလာသည်။ [မရှိဘူး။ အဲဒါကြောင့် ငါမှော်ပစ္စည်းက အမှိုက်လို့ပြောတာ]
[စွမ်းအင်သုံးစွဲမှုမြင့်မားတာကြောင့်သာ မဟုတ်ရင် ငါဒီမှော်ပစ္စည်းကိုတောင် ဂရုစိုက်မှာ မဟုတ်ဘဲ ငါ့ စကင်န်ကိုပဲ အသုံးပြုမှာရယ်။]
နဉ်ရွှီက ချီးမွမ်းလိုက်သည်။ “နင်က အကောင်းဆုံးပဲ၊ ဖရဲသီးစားခြင်းစနစ်”
ဖရဲသီးစားခြင်းစနစ်က ကျေနပ်စွာ ရယ်မောလာ၏။
ချီအာ: !!!
ဤလျှို့ဝှက်ဆန်းကြယ်သော စနစ်သည် အတင်းအဖျင်းများကို ဖော်ထုတ်နိုင်ပြီး ဆေးပင်များ နေရာကိုလည်း ရှာနိုင်သည်တဲ့လား။
သူမှန်ကန်သော အဖွဲ့ကို ပူးပေါင်းခဲ့မိခြင်းက ကောင်းသွားသည်!
ဤအချိန်တွင် ကုန်းချိန်၏ အရှုပ်တော်ပုံကို နောက်ဆုံးတွင် တင်လိုက်သည်။
ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီ၏ ညွှန်ကြားချက်များကို လိုက်နာပြီး ပို့စ်အသစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။
ဒီတစ်ကြိမ်မှာ ခေါင်းစဉ်က ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။
“ကုန်းချိန်ဟာ လူယုတ်မာတစ်ဦးဖြစ်သည်”
ကျင့်ကြံသူများ: ???
အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် စစ်မှန်သောဘုရင်တစ်ဦးကို ပွင့်ပွင့်လင်းလင်း ကျိန်ဆဲရဲသူက မည်သူနည်း။
ဖရဲသီးရွှေ့ပြောင်းသူသာ!
သူတို့သည် စိတ်အားထက်သန်စွာ ပို့စ်ကို နှိပ်ပြီး စတင် ဖတ်ရှုခဲ့ကြသည်။
ဒီတစ်ကြိမ်မှာ ပို့စ်က အထူးသဖြင့် ရှည်လျားခြင်း မရှိသော်လည်း ၎င်းတွင် ပါဝင်သော ဖော်ထုတ်ချက်က ပေါက်ကွဲစရာပင်။
[ဟွာကျိုင်းဂိုဏ်းမှ လောယွီက အပေါ်ယံကတော့ ကုန်းချိန်ရဲ့ မွေးစားသားပါပဲ။ ဒါပေမဲ့ တကယ်က ကုန်းချိန်တစ်ယောက် ရုတ်တရက် အဆင့်နိမ့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ပြီး သနားစိတ်နဲ့ လောယွီကို ကောက်ယူခဲ့တာ။ လောယွီ ကိုယ်တိုင်က ဒါကို လုံးဝ မသိဘူးလေ။ အဲ့အချိန်က သူက သုံးလသားပဲရှိဦးမယ်။ အဲ့တာကြောင့် သူ့ မိဘနှစ်ပါးစလုံး ကုန်းချိန်ရဲ့ လက်နဲ့ သေဆုံးခဲ့ရတယ်ဆိုတာကို သူမသိဘူး။ အဲ့ချိန်တုန်းက ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်မှာ ရှိနေတဲ့ ကုန်းချိန်က ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်ရှိ ကျင့်ကြံသူ နှစ်ယောက်ကို ဘာလို့ သတ်ခဲ့ရတာလဲ။ မင်း ကိုယ်တိုင် သူ့ကို မေးရမှာ။ ဖြစ်နိုင်တာက အဲ့ချိန်တုန်းက သူစိတ်အခြေအနေမကောင်းလို့၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့်…]
ကျင့်ကြံသူများ: !!!
သူတို့ ဆက်ဖတ်ခဲ့ကြသော်လည်း စာသား မရှိတော့သည်ကို တွေ့ရှိရသည်။
ဒါပဲလား။ အဲဒီမှာ ပြီးဆုံးသွားပြီလား။
ဘာကြောင့်လဲ။ ဘာလို့ ဆက်မပြောတော့တာလဲ။
သူတို့ ပိုမို မြင်ချင်တယ်— မဟုတ်ဘူး၊ ပိုမို မြင်ဖို့လိုအပ်တယ်!
သို့သော် မည်သူမဆို အလွန်ဆုံး ထိတ်လန့်မိသူရှိပါက သူသည် ပို့စ်ကို သူကိုယ်တိုင်ဖတ်နေသော လောယွီ ဖြစ်ရမည်။
သူသည် အမြဲတမ်း ဘုရားသခင်ကဲ့သို့ ကိုးကွယ်ခဲ့သော မွေးစားဖခင်သည်… သူ့မိဘများကို သတ်ခဲ့သူ ဖြစ်နေသည်တဲ့လား။
သူ၏မိခင်ကလည်း သူ၏ မွေးစားဖခင်၏ လက်ဖြင့် သေဆုံးခဲ့ရသည်တဲ့လား။
ဒါကအတုဖြစ်ရမယ်၊ ဟုတ်တယ်မလား။
ဒါအတုပဲ ဖြစ်ရမယ်!
သို့သော် အတွင်းထဲတွင် လောယွီသည် ဖရဲသီးရွှေ့ပြောင်းသူ ပေါ်လာပြီးနောက် သူတို့၏ဖော်ထုတ်ချက်များထဲမှ တစ်ခုမျှ မမှားကြောင်းကို ကောင်းကောင်း သိနေခဲ့သည်။
ပို့စ်တစ်ခုက ပထမတွင် မေးခွန်းထုတ်စရာ ဖြစ်ပုံရသော်လည်း နောက်ဆုံးတွင် အမြဲတမ်းမှန်ကန်ကြောင်း သက်သေပြခဲ့သည်။
ဒါဆို…
သူသည် သူ၏ မိဘများကို သတ်ခဲ့သူအား အချိန်တိုင်း ဖခင်အဖြစ် သဘောထားခဲ့သည်တဲ့လား။
လောယွီသည် နာကျင်မှုဖြင့် သူ၏ မျက်လုံးများကိုမှိတ်လိုက်မိသည်။
ဖရဲသီးရွှေ့ပြောင်းသူ၏ ပို့စ် ခေါင်းစဉ်သည် ဤတစ်ကြိမ်တွင် ဘာကြောင့် အလွန်ရိုးရှင်းနေရသည်ကို အံ့ဩစရာ မရှိပေ။
သူတို့သည် ကုန်းချိန်၏ အမှန်တကယ် သဘာဝကို တိုက်ရိုက် ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ကုန်းချိန်သည် တကယ်တမ်း လူကောင်း မဟုတ်ခဲ့ပေ!
__
ကျင့်ကြံသူများက သူတို့၏ စိတ်နှလုံးထဲတွင် ကုန်းချိန်ကို တိတ်ဆိတ်စွာ ကျိန်ဆဲနေစဉ် ဖရဲသီးစားခြင်းစနစ်က သူ့ကို ကျယ်လောင်စွာ ကျိန်ဆဲနေ၏။
[ကုန်းချိန်က တကယ်ကို လူကောင်း မဟုတ်ဘူး]
[လောယွီကို သူ့ မွေးစားသားအဖြစ် လက်ခံခဲ့တာက ဘာလို့ သိတ်မှတ်လို့ရလဲ
အပြစ်ဖြေဝာာလား။ သူ့ကိုယ်ပိုင် အပြစ်ကို ဖြေလျော့တာလား။ ဒါမှမဟုတ် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခုကို သူ့ မျက်နှာအောက်မှာပဲထားရှိတာလား။ ဒါမှမဟုတ် ဖြစ်နိုင်တာက… *ရွဲ့စောင်းနေတဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုကို ကျေနပ်အောင် လုပ်ဖို့လား]
(T/N- ပုံမှန်မဟုတ်တာမျိုး)
နဉ်ရွှီက ပေါ့ပေါ့ပါးပါး မေးလာသည်။ “ဘယ်လို စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်မျိုးလဲ”
ဖရဲသီးစားခြင်းစနစ်က ကုန်းချိန်၏ လေယူလေသိမ်းကို အတုခိုးပြီး
[‘ကြည့်စမ်း၊ ငါက မင်းရဲ့ မိဘတွေကို သတ်ခဲ့တဲ့သူဖြစ်ပေမယ့် မင်းက ငါ့ကို ရိုးရိုးသားသား အဖေလို့ ဆက်ခေါ်နေတုန်းပဲ’]
နဉ်ရွှီ: …
လူတိုင်း: …
“နင် အဲဒီလို ပြောလိုက်တော့ သူက တော်တော်ဆိုးရွားတာပဲ။”
[ဟုတ်တယ်လေ]
ကုန်းချိန်၏ ဗုံးများကျဲချပေးပြီးနောက် နဉ်ရွှီနှင့် အခြားသူများသည် ဤနေရာမှ ထွက်ခွာပြီး ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရှာဖွေရန် စီစဉ်ခဲ့ကြသည်။
ဤအဆင့်နိမ့် ဝိညာဉ်ဆေးပင်များသည် အသုံးဝင်မှု နည်းပါးပြီး ချီအာ၏ မှော်ပစ္စည်းသည်လည်း တန်ဖိုး မရှိလှပေ။
သူတို့ မသိလိုက်သည်မှာ သူတို့ လျှို့ဝှက်နယ်မြေအတွင်း ငြိမ်းချမ်းမှုကို ခံစားနေရစဉ် အပြင်ဘက်လောကသည် နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်အား ထုတ်ပြန်ခိုင်းခဲ့သော ပို့စ်ကြောင့် ပရမ်းပတာ ဖြစ်နေခဲ့ခြင်းပင်။
ဖရဲသီးရွှေ့ပြောင်းသူသည် ဟွာကျိုင်းဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ပါဝင်သည့် အရှုပ်တော်ပုံ အများအပြားကို ဖော်ထုတ်ခဲ့သောကြောင့် ဟွာကျိုင်းဂိုဏ်းသည် ရုတ်တရက် ကျင့်ကြံခြင်းလောက၏ အာရုံစူးစိုက်မှု ဗဟိုဖြစ်လာခဲ့သည်။
ပြီးတော့ ယခု သူတို့ ကုန်းချိန်ကို ဖော်ထုတ်ခဲ့သောကြောင့် ဟွာကျိုင်းဂိုဏ်းတစ်ခုလုံး မုန်တိုင်း၏ (ဗဟို)မျက်လုံးထဲသို့ ရောက်ရှိသွားခဲ့သည်။
ဟွာကျိုင်းဂိုဏ်း၏ အကြီးအကဲများသည် အခြေအနေကြောင့် လွှမ်းမိုးခံခဲ့ရပြီး ပြင်းထန်သောငြင်းခုံမှုကို ဖြစ်ပေါ်စေခဲ့၏။
အကြီးအကဲ A က နောင်တရသည်။ “သူတို့ ဆရာ-တပည့် ဆက်ဆံရေးကို ဖော်ထုတ်လိုက်တာနဲ့ ချက်ချင်း ကိုင်တွယ်ခဲ့သင့်တာ”
အကြီးအကဲ B က လှောင်ပြောင်လာသည်။ “ချီဝူက ဘယ်သူလဲဆိုတာ မင်း မေ့သွားပြီလား။ အဲဒီလူက အသက်ရှင်နေတဲ့လူတွေထဲမှာ အငြိုးအတေးအကြီးဆုံးသူပဲ။ သူ့ရဲ့ တပည့်နဲ့ ဆက်ဆံရေးကို ဖော်ထုတ်ခံလိုက်တဲ့အချိန် သူအငြိုးမထားဘူးလို့ တကယ်ထင်နေတာလား။ သူ ဖရဲသီးရွှေ့ပြောင်းသူရဲ့ တကယ့်အထောက်အထားကို စုံစမ်းမှာမဟုတ်ဘူးလို့ မင်း ထင်လို့လား”
အကြီးအကဲ A က ရှုပ်ထွေးမှုဖြင့် “သူ ရှာမတွေ့ခဲ့ဘူးလား”
အကြီးအကဲ C က ကြားဖြတ်လာသည်။ “ထင်ရှားနေတာပဲကို။ မဟုတ်ရင် သူ လွှတ်ပေးခဲ့မှာ မဟုတ်ဘူးလေ။ တစ်ဖက်လူရဲ့ ကျင့်ကြံမှုအဆင့် ပိုမြင့်ရင်တောင် သူ ဘာမှမလုပ်ဘဲ နေမှာ မဟုတ်ဘူး”
အကြီးအကဲ A က စိုးရိမ်စွာ ပြောလိုက်သည်။ “အခု ငါတို့ ဘာလုပ်ရမလဲ။ သူတို့ စစ်မှန်တဲ့ဘုရင်ကို အသရေဖျက်ရဲတယ်။ သူက ငါတို့ ဟွာကျိုင်းဂိုဏ်းရဲ့ မျက်နှာပဲ”
အကြီးအကဲ B က သက်ပြင်းချ၍။ “ဖြစ်ပြီးသွားပြီ။ ငါတို့ အခု လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် ကြိုးစားဖို့ပဲ”
အကြီးအကဲ D က စိုးရိမ်စွာ ထပ်ဖြည့်ပြောလိုက်သည်။ “စစ်မှန်တဲ့ဘုရင်က စိတ်အခြေအနေမကောင်းဘူး။ လောယွီအတွက်ကတော့… ငါတို့ သူ့ကိုလည်းစောင့်ကြည့်ဖို့ လိုတယ်”
အကြီးအကဲ A က အံ့ဩစွာဖြင့် “စစ်မှန်တဲ့ဘုရင်က လောယွီကို ထိခိုက်စေမှာမဟုတ်ဘူးမလား…”
အကြီးအကဲ D က မျက်မှောင်ကုပ်၍ “ဘယ်သူသိမှာလဲ။ အခုတော့ ငါတို့စောင့်ကြည့်နေရုံပါပဲ။ သူ ပုန်ကန်ဖို့လက္ခဏာတွေ မပြသရွေ့ သူအသက်ရှင်နိုင်လိမ့်မယ်”
အကြီးအကဲ A က အကူအညီမဲ့စွာဖြင့် “သူကံကောင်းပါစေလို့ပဲ မျှော်လင့်ရအောင်”
အကြီးအကဲ C က ပတ်ဝန်းကျင်ကို လှမ်းကြည့်ပြီး မေးလာ၏။ “ဒါဆို အခု ငါတို့ဘာလုပ်ရမလဲ”
“ငါ ဖရဲသီးရွှေ့ပြောင်းသူကို လိုက်ဖမ်းဆီးဖို့ လူတွေ လွှတ်လိုက်ပြီ။ လူတိုင်း၊ မကြောက်ပါနဲ့။ ငါတို့ သုံးရက်အတွင်း ရလဒ်တွေရလိမ့်မယ်” ဂိုဏ်းချုပ်ကပြောသောအခါ ငြင်းခုံမှု ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အကြီးအကဲများသည် အမှန်တကယ် ဘာကိုတွေးနေပါစေ အပြင်ဘက်တွင် သူတို့အားလုံး တည်ငြိမ်သော အမူအရာသို့ပြန်လည် ရောက်ရှိခဲ့ကြသည်။ သူတို့သည် သုံးရက်အတွင်း ဘာဖြစ်လာမည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။
__
နဉ်ရွှီသည် ဟွာကျိုင်းဂိုဏ်းတွင် ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝ မသိဘဲ ဖရဲသီးစားခြင်းစနစ်အား “ဒီအနီးအနားမှာ ကောင်းတာ တစ်ခုခု ရှိလား”
[ငါ စကင်န်လုပ်ကြည့်မယ်။ အဆင့်မြင့် ဝိညာဉ်ကျောက်အချို့ကို အသင့်ထားထား]
နဉ်ရွှီက ပြန်ဖြေလိုက်သည်။ “သိပြီ”
အဆင့်မြင့် ဝိညာဉ်ကျောက်များကို ချီအာက ပေးခဲ့ခြင်းဖြစ်သည်။
အရင်က သူတို့ အဖွဲ့သို့ ပူးပေါင်းရန်အတွက် သူသည် နဉ်ရွှီအား အဆင့်မြင့် ဝိညာဉ်ကျောက်အချို့ပါဝင်သော သိုလှောင်အိတ်တစ်ခုကို ပေးခဲ့ရာ ခေတ္တအတွက် လုံလောက်ပါသည်။
နဉ်ရွှီသည် ဝိညာဉ်ကျောက်များကို ထုတ်ယူပြီး ခြေချိတ်ထိုင်လိုက်သည်။ သူမ၏ အဖော်များထဲမှ မည်သူမျှ ကန့်ကွက်ခြင်း မရှိ၊ သူတို့အားလုံး မကျေမနပ်မရှိဘဲ ပူးပေါင်းခဲ့ကြသည်။
ဝိညာဉ်ကျောက်များကို ကိုင်ထားပြီး နဉ်ရွှီသည် အချိန်တိုအတွင်း သုံးခုကို လျင်မြန်စွာစုပ်ယူလိုက်၏။
ရတနာများကို စကင်န်ဖတ်ခြင်းသည် ဝိညာဉ်စွမ်းအင် များစွာကို စားသုံးပုံရသည်။
ကံကောင်းထောက်မစွာ ဖရဲသီးစားခြင်းစနစ်သည် မကြာမီ သတင်းကောင်းကို ပေးခဲ့သည်။
[ငါပိုင်ရှင်မဲ့ သိုလှောင်အိတ် အများအပြားကို သိခဲ့တယ်။ သူတို့ အတိတ်က ဒီလျှို့ဝှက်နယ်မြေမှာ သေဆုံးသွားတဲ့ ကျင့်ကြံသူတွေရဲ့ဟာဖြစ်နိုင်တယ်]
[သိုလှောင်အိတ်တစ်ခုထဲမှာ သံနံရံ လို့ခေါ်တဲ့ ကိုယ်ခန္ဓာ သန်မာအောင်ကျင့်တဲ့ စာအုပ်ပါတယ်။ ဝူလုချန်ရဲ့ အရည်အချင်းက အရမ်းကောင်းတာမဟုတ်ဘူး။ ဒါကြောင့် သူက အဆင့်မြင့် နည်းစနစ်တွေကို နားလည်မှာမဟုတ်ဘူး။ ဒီမြေအဆင့် စာအုပ်က သူ့အတွက် သင့်တော်လောက်တယ်]
ဝူလုချန်: … အဆင့်မြင့် နည်းစနစ်တွေကို နားလည်မှာ မဟုတ်ဘူးလို့ ပြောတာကစော်ကားရာ ရောက်ပေမယ့် သူက စိတ်လှုပ်ရှားနေတုန်းပဲ၊ ဒါက မြေအဆင့် စာအုပ်ပဲကိုး!
ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလာသည်။
[နောက်ထပ် သိုလှောင်အိတ်တစ်ခုထဲမှာ မှော်ပစ္စည်းသန့်စင်ခြင်းဆိုင်ရာ အစပြုသူလမ်းညွှန်တစ်ခုပါတယ်။ ချင်းရီလော့က ဓားပညာအပြင် သန့်စင်ခြင်းကိုလည်း စိတ်ဝင်စားပုံရတယ်ဆိုတာ ငါသတိထားမိတယ်။ ဒီစာအုပ်က သူ့အတွက် အသုံးဝင်နိုင်တယ်၊ ဒါကရေးသားသူရဲ့ မှတ်စုတွေနဲ့ ထိုးထွင်းသိမြင်မှုတွေတောင် ပါတယ်]
နဉ်ရွှီ: “ကောင်းပြီ! ငါအခုပဲ သူတို့နဲ့အတူ သိုလှောင်အိတ်တွေကို ပြန်လည် ရယူဖို့သွားလိုက်မယ်”
ဖရဲသီးစားခြင်းစနစ်က မာနသံဖြင့် ညည်းတွားလာသည်။
[Host၊ ငါ သူတို့အတွက် ဒီရတနာတွေကို နင့်ကြောင့် ရှာခဲ့တာနော်]
နဉ်ရွှီက ပြန်ဖြေသည်။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”
[သူတို့ ငါတို့နဲ့ အတူနေသရွေ့ သူတို့မှာကောင်းမွန်တဲ့ အစားအစာတွေ ရရှိမယ်ဆိုတာ သူတို့ကို အဓိကသိစေချင်တာ]
နဉ်ရွှီ: …
__
အခန်း (၅၀)
သူမလိုချင်သော အချက်အလက်ကို ရရှိပြီးနောက် နဉ်ရွှီသည် သူမ၏ တရားထိုင်ခြင်း အခြေအနေမှနုတ်ထွက်လာသည်။
သူမက “ငါတို့ အရှေ့မြောက်ဘက်ကို ဦးတည်ကြည့်ရအောင်” ဟူ၍ ပြောလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က သိုလှောင်အိတ်သည် ထိုဦးတည်ရာတွင် ရှိသည်ဟု ဖော်ပြခဲ့သည်။
သူမ၏ အဖော်များထဲမှ မည်သူမျှ ကန့်ကွက်ခြင်း မပြုကြပေ။ နဉ်ရွှီသည် သူတို့၏ပူးပေါင်းဆောင်ရွက်မှုကို ကြာမြင့်စွာ အသားကျနေခဲ့ပြီး ၎င်းအကြောင်းကို များများစားစား မစဉ်းစားခဲ့ချေ။
သိုလှောင်အိတ်ကို ရှာဖွေသည့် လမ်းတွင်ဖရဲသီးစားခြင်းစနစ်သည် စုတ်သပ်၍
[ဟွာကျိုင်းဂိုဏ်းက ဒီတစ်ကြိမ်မှာ တကယ်ကို ဒေါသထွက်နေပုံရတယ်။ သူတို့က ငါတို့ကို လိုက်ဖမ်းဆီးဖို့ သရဲ ကျင့်ကြံသူ အများအပြားကို လွှတ်လိုက်တယ်]
[ဘာများ အရေးကြီးလို့လဲ။ ငါတို့က အဲဒီ ခွေးရူးကုန်းချိန်ရဲ့ အရှုပ်တော်ပုံကို ဖော်ထုတ်လိုက်ရုံလေးပဲ မဟုတ်ဘူးလား]
[ပြီးတော့ သူတို့ လက်မခံနိုင်ဘူးလား]
[ဒါက အစပဲရှိသေးတာကို]
[ပိုကြီးမားပြီး အရည်ရွှမ်းတဲ့ ဖရဲသီးတွေက လမ်းတစ်လျှောက်မှာ သူတို့ကိုစောင့်ကြိုနေတုန်းပဲလေ]
ဖရဲသီးစားခြင်းစနစ်သည် အဆုံးမဲ့စကားပြောလာ၏။
နဉ်ရွှီသည် သရဲ ကျင့်ကြံသူဟူသော ဝေါဟာရတစ်ခုတည်းကိုသာ စိတ်ဝင်စား၍ သူမက “... သရဲ ကျင့်ကြံသူတွေလား”
ဖရဲသီးစားခြင်းစနစ်က ရှင်းပြလိုက်သည်။ [ဟုတ်တယ်။ ကျင့်ကြံသူတစ်ယောက်က ပြင်းထန်တဲ့ မကျေနပ်ချက်၊ မလိုလားမှုနဲ့ သေဆုံးသွားရင် အခြေအနေအချို့အောက်မှာ သူတို့က သရဲ ကျင့်ကြံသူတွေအဖြစ် ပြောင်းလဲနိုင်တယ်]
[သရဲ ကျင့်ကြံသူတွေက အရိပ်ထဲမှာပဲနေနိုင်တာ။ မှောင်မိုက်တဲ့ နေရာတိုင်းမှာ သူတို့ ပုန်းအောင်းနိုင်တယ်။ သူတို့ ဆန္ဒရှိရင် ဘာ်နေရာမှာမဆိုရှိနေနိုင်တယ်]
[အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ သရဲ ကျင့်ကြံသူတွေကို သိဖို့ ခက်ခဲလို့ သူတို့ကို အချက်အလက် စုဆောင်းဖို့အတွက် သုံးတာ အကောင်းဆုံးပဲ]
ယေဘူယျအားဖြင့် ပြောရလျှင် ဟွာကျိုင်းဂိုဏ်း၏ လျှို့ဝှက်ချက်များကို အတွင်းသိ အပြင်သိ သိရှိသူ တစ်စုံတစ်ဦးရှိပါက သူတို့သည် အချက်အလက်ရယူရန်အတွက် အထူးနည်းလမ်းရှိမှရမည်။
ဤအရှုပ်တော်ပုံများအား လူတစ်ဦးတည်းက ဖော်ထုတ်နိုင်ဖွယ်မရှိချေ။ ဆိုလိုသည်မှာပြစ်မှုကျူးလွန်သူတွင် လက်ထောက်များတစ်ဦးထက်ပိုရှိပြီး သူတို့ထဲတွင်အဆင့်နိမ့် ကျင့်ကြံသူများလည်း ပါဝင်ရမည်။
အဆင့်မြင့် ကျင့်ကြံသူများသည် အတင်းအဖျင်းများ တူးဆွရန် သူတို့၏အားထုတ်မှုများကို ဖြုန်းတီးမည်မဟုတ်ပေ။
အရိပ်များထဲတွင် ပုန်းအောင်းနေသော သရဲကျင့်ကြံသူများသည် အမြဲတမ်း သဲလွန်စများရှာဖွေနိုင်ပြီး များပြားသော အချက်အလက်များကို စုဆောင်းနိုင်၏။
ဤအချက်အလက်များကို စုစည်းခြင်းဖြင့် ဟွာကျိုင်းဂိုဏ်းသည် နောက်ဆုံးတွင် “ဖရဲသီးရွှေ့ပြောင်းသူ” ၏ ကိုယ်ပိုင်လက္ခဏာကို ဖော်ထုတ်နိုင်မည်ပင်။
သို့သော် ဤတစ်ကြိမ်တွင် သူတို့၏ အားထုတ်မှုများသည် ကျိန်းသေပေါက် အောင်မြင်မည်မဟုတ်။
အကြောင်းမှာ ဖရဲသီးရွှေ့ပြောင်းသူ၏ အတင်းအဖျင်းရယူသည့် နည်းလမ်းသည် ဤနယ်ပယ်ရှိ ကျင့်ကြံသူများပင် စိတ်ကူး၍မရနိုင်သော အရာဖြစ်သောကြောင့်ဖြစ်သည်။
နဉ်ရွှီက မေးလာ၏။ “... တိုက်ခိုက်ရေးမှာရော သရဲ ကျင့်ကြံသူတွေက ဘယ်လောက် အားကောင်းကြလဲ”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလာ၏။ [ဟွာကျိုင်းဂိုဏ်းက လွှတ်လိုက်တဲ့ သရဲ ကျင့်ကြံသူတွေက အရမ်း အားနည်းတယ်လို့ ပြောလို့ရတယ်။ သူတို့က အချက်အလက် စုဆောင်းဖို့အတွက်ပဲ အသုံးပြုကြတာ။ သူတို့ပစ်မှတ်ကို နေရာချထားပြီးတာနဲ့ လှုပ်ရှားလာလိမ့်မယ်]
ပစ်မှတ်ကို နေရာချထား…
ဆိုလိုသည်မှာ သူတို့သည် ပစ်မှတ်ထားခံနေရပြီ မဟုတ်လား။
နဉ်ရွှီသည် တိတ်ဆိတ်သွားခဲ့သည်။
သူမ နောက်ထပ် မေးခွန်းများ မမေးနိုင်မီ ဖရဲသီးစားခြင်းစနစ်က ထပ်ပြောလိုက်သည်။ [သရဲ ကျင့်ကြံသူတွေ ပေါ်လာရင်တောင်မှ သူတို့ ငါတို့ဆီက ဘာမှရမှာ မဟုတ်ဘူး။]
[ဒါပေမဲ့ တစ်ခုခုပေါ်လာရင်တော့ နင့်ကိုချက်ချင်း အသိပေးပါမယ်။ ပေါက်ကွဲစေတတ်တဲ့ အဆောင် တစ်ခုက သူတို့ကို ထွက်ပြေးအောင် လုပ်ဖို့အတွက် လုံလောက်တာထက် ပိုတယ်]
နဉ်ရွှီသည် ခဏတာ စဉ်းစားပြီး အစီအစဉ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဖရဲသီးစားခြင်းစနစ်နှင့် ခဏတာဆွေးနွေးပြီးနောက် စနစ်က ချက်ချင်းပြန်ဖြေလိုက်၏။ [ပြဿနာမရှိပါဘူး]
နားထောင်နေသော ချီအာ: …
ပထမတွင် ဤလူနှင့် သူ၏ စနစ်သည် ဟွာကျိုင်းဂိုဏ်း ပါဝင်ပတ်သက်သော အရှုပ်တော်ပုံအချို့ကို ဖော်ထုတ်ရုံသာ။
ဤဖြစ်ရပ်များသည် လုံးဝ မြေကြီးအား တုန်လှုပ်စေခြင်းမျိုး မဟုတ်ပေ။ သူတို့သည်တိုက်ရိုက် ပါဝင်ပတ်သက်သူများအတွက် ပြဿနာများဖြစ်စေခဲ့သော်လည်း ဟွာကျိုင်းဂိုဏ်းတစ်ခုလုံးအပေါ် သက်ရောက်မှုမှာတော့ သေးငယ်လှသည်။
သို့သော် တဖြည်းဖြည်းနှင့် ဖော်ထုတ်ခံရသော လူများ၏ အထောက်အထားများသည် ပို၍ထင်ရှားလာ၏။
နောက်ဆုံးတွင် ကုန်းချိန်ပင်လျှင် အာရုံစူးစိုက်မှုထဲသို့ ဆွဲငင်ခံခဲ့ရသည်။
ဟွာကျိုင်းဂိုဏ်းသည် ပထမတွင် လျစ်လျူရှုရာမှ ကြီးစွာသောသတိဖြင့် ကိစ္စကို ကိုင်တွယ်သည့်အခြေအနေသို့ ပြောင်းလဲသွားခဲ့၏။
သူတို့ ထိုနေရာတွင် ရပ်တန့်ခဲ့ပါက အဆုံးသတ်ကောင်းတစ်ခုဖြစ်သွားမှာဖြစ်ပြီး ညှိနှုင်းစကားပြောဖို့ ထွက်ပေါက်တစ်ခုတောင်မှ ရရှိခဲ့နိုင်ပါသည်။
သို့တိုင်!
ဤလူနှင့် သူ၏ စနစ်သည် ပြဿနာများကို ပိုမိုမွှေနှောက်နေခဲ့ကြသည်။
သူတို့သည် ဟွာကျိုင်းဂိုဏ်းကို အပြတ်အသတ် ရင်ဆိုင်တိုက်ခိုက်ရန် စီစဉ်နေကြသလား။
___
ဆယ်မိနစ်အကြာတွင် နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာတွင် ပို့စ်အသစ်တစ်ခု ပေါ်လာ၏။
ပို့စ် ခေါင်းစဉ် “သရဲ ကျင့်ကြံသူများအား သတိထားပါ! တွေ့ရှိပါက ပေါက်ကွဲစေတတ်တဲ့ အဆောင်များ အသုံးပြုပါ!”
ပို့စ်ကိုမြင်သော ကျင့်ကြံသူများသည် ချက်ချင်း ရှုပ်ထွေးသွားကြသည်။
ဒါက ဘာကို ဆိုလိုတာလဲ။
သူတို့ ဘာကြောင့် သရဲ ကျင့်ကြံသူတွေကို သတိထားသင့်တာလဲ။
သို့ပေသိ ၎င်းက ဖရဲသီးရွှေ့ပြောင်းသူ၏ ပို့စ်ဖြစ်သည့်အတွက် သူ့နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခု ရှိရမည်။ သူတို့သည် မဆိုင်းမတွ နှိပ်ဝင်ခဲ့ကြ၏။
သူတို့ အကြောင်းအရာကို ဖတ်လိုက်သည့် အချိန်တွင် သူတို့၏ မျက်လုံးများက တစ်ပြိုင်နက်ကျယ်သွားခဲ့သည်။
သူတို့ ဘာပြောနိုင်မည်နည်း။
သူတို့ လုပ်နိုင်သည်မှာ ဖရဲသီးရွှေ့ပြောင်းသူ၏ ထူးချွန်မှုကို အံ့ဩခြင်းသာ၊ သူတို့သည် ပေးပို့ရန် ဘယ်တော့မှ မပျက်ကွက်ပေ။
ပို့စ်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
[ဟွာကျိုင်းဂိုဏ်းရဲ့ အထူး အာရုံစိုက်မှုနဲ့ ငါ့တည်နေရာကို စုံစမ်းဖို့အတွက် သရဲ ကျင့်ကြံသူအများအပြားကို စေလွှတ်ထားတယ်။ သူတို့က သုံးရက်အတွင်း သတ်ဖို့အမိန့်ကို ထုတ်ပြန်ခဲ့တယ်။ ငါ မကြောက်ပါဘူး၊ ဒါပေမဲ့ ငါ့ရဲ့ တာအို မိတ်ဆွေတွေကို ပါဝင်ပတ်သက်တာမျိုး မရှိစေချင်ဘူး။ အရိပ်ရှိတဲ့ နေရာတိုင်းမှာ သရဲ ကျင့်ကြံသူတစ်ယောက် ပုန်းအောင်းနေနိုင်တယ်။ နောက်ရက်အနည်းငယ်အတွင်း သတိထားပြီး ဟွာကျိုင်းဂိုဏ်းက မသိသင့်တဲ့ အချက်အလက်တွေကို မစုဆောင်းမိစေဖို့ ရှောင်ရှားပါ။ သရဲ ကျင့်ကြံသူတစ်ယောက် ပေါ်လာရင် မထိတ်လန့်သွားနဲ့၊ ပေါက်ကွဲစေတတ်တဲ့ အဆောင်တစ်ခုက သူတို့ကိုကိုင်တွယ်ဖို့ လုံလောက်တယ်။]
ဤပို့စ်က အဓိက အချက်များစွာကို ဖော်ပြထားသည်။
၁။ ဟွာကျိုင်းဂိုဏ်းသည် နောက်ဆုံးတွင် စိတ်ရှည်မှု ကုန်ဆုံးသွားပြီး ဖရဲသီးရွှေ့ပြောင်းသူကို အရေးယူနေသည်။
၂။ ဟွာကျိုင်းဂိုဏ်းသည် ဖရဲသီးရွှေ့ပြောင်းသူ၏ အမှန်တကယ် ကိုယ်ပိုင်လက္ခဏာကို မသိရှိသေးပေ။
၃။ ဖရဲသီးရွှေ့ပြောင်းသူသည် ဟွာကျိုင်းဂိုဏ်း၏ နည်းလမ်းများကို အတွင်းအပြင်အကုန် သိရှိသည်။
၄။ ဖရဲသီးရွှေ့ပြောင်းသူသည် ဟွာကျိုင်းဂိုဏ်း၏ လိုက်လံဖမ်းဆီးမှုကို မကြောက်ပေ။ ဤယုံကြည်မှုက မှန်ကန်ခြင်း ရှိ၊ မရှိကို သုံးရက်အတွင်း ရှင်းလင်းလာမည်။
၅။ နတ်ဘုရား ကုန်းချိန်၏ အရှုပ်တော်ပုံသည် အမှန်ဖြစ်နိုင်ပါသည်။ မဟုတ်ပါက ဟွာကျိုင်းဂိုဏ်းသည် ကိစ္စများကို ရှင်းလင်းခဲ့မည်။ သူတို့၏ တိတ်ဆိတ်မှုသည် အပြစ်ရှိခြင်းကိုဖော်ပြကာ၊ ဖရဲသီးရွှေ့ပြောင်းသူက ဖော်ထုတ်ခဲ့သော ယခင်အရှုပ်တော်ပုံများကဲ့သို့ ငြင်းခုံ၍မရသောအသေးစိတ်အချက်အလက်များကြောင့် ငြင်းဆိုရန်နေရာမရှိတော့ချေ။
ဤပို့စ်က သတိပေးချက်တစ်ခုလို ပုံရနိုင်သော်လည်း ၎င်းသည် စိန်ခေါ်မှုနှင့်ပိုတူသည်။
ဖရဲသီးရွှေ့ပြောင်းသူ၏ ယုံကြည်မှုနှင့် ဆန့်ကျင်မှုသည် စကားလုံးတိုင်းတွင်ထင်ရှားပါသည်။
ကျင့်ကြံသူများသည် ဖရဲသီးရွှေ့ပြောင်းသူအတွက် စိုးရိမ်နေကြသလို လျှို့ဝှက်စွာလေးစားနေကြ၏။
သူတို့သည် ဖရဲသီးရွှေ့ပြောင်းသူသည် မည်သူဖြစ်သည်ကို မေးခွန်းထုတ်နေကြသည်။
ပြီးတော့ သူတို့၏ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။
ဤပို့စ်ကို တင်လိုက်သည့် အချိန်တွင် ဟွာကျိုင်းဂိုဏ်းက ၎င်းကို သတင်းရသည်။
၎င်းကို ဖတ်ပြီးနောက် သူတို့၏ အဖွဲ့ဝင်များသည် မသက်မသာဖြင့် အချင်းချင်း ကြည့်ကြကုန်သည်။
ဖရဲသီးရွှေ့ပြောင်းသူက ဂိုဏ်းချုပ်၏ နည်းလမ်းများအကြောင်းကို ဘယ်လိုသိရှိခဲ့တာလဲ။
ပြီးတော့ သူတို့က ၎င်းကို လူအများရှေ့တွင် ထုတ်ဖော်ရဲသေးတယ်!
ဂိုဏ်းချုပ် ရောက်လာပြီး သူတို့၏အမူအရာများကို မြင်သောအခါ သူမက အေးစက်စွာ ပြောလိုက်သည်။ “ဖရဲသီးရွှေ့ပြောင်းသူ သေသင့်တယ်။”
ဤအရာကို ကြားရသောအခါ လူတိုင်းသည် ဂိုဏ်းချုပ်၏ သတ်လိုသော ရည်ရွယ်ချက်သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီကို နားလည်သွားသည်။
သူတို့ စကားတစ်လုံးမှ မပြောရဲကြပေ။
ဖရဲသီးရွှေ့ပြောင်းသူ၏ နေ့ရက်များရေတွက်နေပြီဆိုတာ ရှင်းနေ၏။
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။ “မင်းတို့အားလုံးက ဟွာကျိုင်းဂိုဏ်းရဲ့ အကြီးအကဲတွေ။
ဘယ်သူက ဒီအချက်အလက်ကို ဖရဲသီးရွှေ့ပြောင်းသူဆီကို ပေါက်ကြားခဲ့လဲဆိုတာတော့ ငါမသိဘူး။
ဒါပေမဲ့ ငါ သတိပေးပါရစေ၊ ဟွာကျိုင်းဂိုဏ်းက သစ္စာဖောက်တွေကို သည်းခံမှာ မဟုတ်ဘူး”
ထိုသို့ဖြင့် ဂိုဏ်းချုပ်သည် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
အကြီးအကဲများသည် သက်ပြင်းချလိုက်ကြသည်၊ သူမ၏ ဝိညာဉ်ဖိအားက သူတို့ကို အသက်ရှူ မဝစေခဲ့သောကြောင့်ပင်။
ဂိုဏ်းချုပ်၏ ဩဘာသည် ပို၍ပင် အားကောင်းလာပုံရသည်။
ဒါပေမဲ့… သစ္စာဖောက်လား။
သူတို့သည် သံသယ အချင်းချင်း ကြည့်ကြပြီးနောက် ချက်ချင်း မျက်နှာလွှဲကာ တစ်ဦးကိုတစ်ဦး သတိမထားမိဟန် ဆောင်ခဲ့ကြ၏။
ဟွာကျိုင်းဂိုဏ်းကို သစ္စာဖောက်ပြီး ဖရဲသီးရွှေ့ပြောင်းသူထံ အချက်အလက်များ ပေါက်ကြားခဲ့သူက မည်သူ ဖြစ်နိုင်မည်နည်း။
တစ်ချိန်တည်းမှာပင် နဉ်ရွှီနှင့် သူ၏ အဖွဲ့သည် သူမ၏ပို့စ်က ဟွာကျိုင်းဂိုဏ်းတွင် မယုံသင်္ကာမှုလှိုင်းလုံးကို လှုပ်ခါစေခဲ့ပြီး သစ္စာဖောက်များကို လိုက်လံဖမ်းဆီးစေခဲ့ကြောင်းကို မသိရှိခဲ့ကြပေ။
အခြားကျင့်ကြံသူများက ဟွာကျိုင်းဂိုဏ်းသည် သရဲကျင့်ကြံသူများကို အသုံးပြုသည်အထိ နိမ့်ကျသွားပုံကို အံ့ဩနေကြစဉ် နဉ်ရွှီသည်ပေါက်ကွဲစေတတ်သော အဆောင်တစ်ခုဖြင့် တစ်ဦးကို ပေါ့ပေါ့ပါးပါးဖောက်ခွဲလိုက်၏။
သရဲ ကျင့်ကြံသူ ပုန်းအောင်းနေခဲ့သော အရိပ်မှနီရဲသော မြူခိုးတစ်ခု ထွက်လာခဲ့ရာ ၎င်းကိုမြင်သာအောင် လုပ်စေခဲ့သည်။
ဤသည်မှာ နဉ်ရွှီ၏ ပထမဆုံး သရဲ ကျင့်ကြံသူကို မြင်ခြင်းဖြစ်သည်၊ ၎င်းသည် သေဆုံးပြီးသား ဖြစ်သော်လည်းပေါ့။
၎င်း၏ ဖြူဖျော့သော အသားအရေနှင့် သွေးမရှိသော နှုတ်ခမ်းများက ၎င်းကိုလူတစ်ဦးထက် အဖြူရောင် ရွှံ့စေးဖြင့်ထွင်းထုထားသော ရုပ်တစ်ရုပ်နှင့် ပိုတူစေ၏။
ခဏတာ ကြည့်ပြီးနောက် သူမသည်မျက်နှာလွှဲကာ သူမ၏ အဖော်များနှင့်အတူ သူမ၏ ခရီးကိုဆက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့ မသိရှိသောနေရာတစ်ခုတွင် ကုန်းချိန်သည် မှောင်မိုက်သော အခန်းတစ်ခုအတွင်း တရားထိုင်သည့် နေရာပေါ်တွင် ကိုယ်ကို မတ်မတ်ထိုင်နေကာ၊ သူ၏ မျက်လုံးများက အနည်းငယ် လျှော့ထားပြီး သူ၏ လက်များက သူ၏ဒူးခေါင်းများပေါ်တွင် တင်ထားသည်။
သူ၏ ရှေ့တွင် ရွှေရောင် ဖန်ဆင်းရှင်တစ်ခု မျောနေသည်၊ ၎င်းသည် မှေးမှိန်သောအလင်းအဖြစ် ပေါ်လာပြီး မျက်နှာအသွင်အပြင် သို့မဟုတ် ကိုယ်ခန္ဓာပုံသဏ္ဍာန်ကို ခွဲခြား၍ မရပေ။ သို့သော် ၎င်းမှ ထွက်ပေါ်လာသော ဝိညာဉ်ဖိအားက အလွန်အားကြီးသောကြောင့် လျစ်လျူရှု၍မရပေ။
ကုန်းချိန်သည် ဤဖန်ဆင်းရှင်နှင့် စကားပြောနေ၏။
သူ၏ လေယူလေသိမ်းက တည်ငြိမ်ကာ၊ သူက “ ‘နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ’ ကို ဖျက်ဆီးဖို့ ဖြစ်နိုင်လား”
ဖရဲသီးရွှေ့ပြောင်းသူသည် သူ၏ ဖရဲသီးကိုဖော်ထုတ်ခဲ့ခြင်းက အသေးအဖွဲ ကိစ္စဖြစ်သော်လည်း ကုန်းချိန်သည် ဒေါသထွက်နေဆဲ ဖြစ်ပါသည်။
သို့သော် သူ၏ရာထူးတွင် ရှိနေသဖြင့် အဆင်မပြေမှုများစွာ ရှိပေသည်။
သူသည် ဖရဲသီးရွှေ့ပြောင်းသူကို ကိုယ်တိုင် ကိုယ်ကျအရေးယူ ဖမ်းဆီးနိုင်မည် မဟုတ်ပေ။
သူတို့သည် ထိုကဲ့သို့သော သေးငယ်သော ကိစ္စများကိုပင် မကိုင်တွယ်နိုင်ပါက သူ၏အောက်ရှိ လူများကို သူဘာအတွက် အသုံးပြုရမည်နည်း။
ကံမကောင်းစွာဖြင့် သူတို့သည် သူစိတ်ကူးထားသည်ထက်ပင် စွမ်းဆောင်ရည်နိမ့်သည်။
နောက်ဆုံးတွင် သူသည် ကိုယ်တိုင် အရေးယူရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
ဖန်ဆင်းရှင်က လှောင်ပြောင်လိုက်သည်။ “‘နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ’ ကို ဖျက်ဆီးမယ်ဟုတ်လား။ ဒါကို ပထမဆုံး နတ်ဘုရားနဲ့ ဒီလောကရဲ့ ကောင်းကင် တာအိုက အတူတကွ ဖန်တီးခဲ့တာ။ အဲ့တာကို ဖျက်ဆီးဖို့ကလွယ်ကူတဲ့ အလုပ် မဟုတ်ဘူး”
ကုန်းချိန်သည် သူ၏မျက်လုံးများကို အနည်းငယ်ဖွင့်၍၊ သူ၏ အကြည့်ကအေးစက်သော အလင်းဖြင့် တဖျတ်ဖျတ်လက်နေပြီးနောက် တည်ငြိမ်မှုထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ “မင်းက မလွယ်ဘူးလို့ ပြောတာ၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ မပြောခဲ့ဘူး။ ဆိုလိုတာက အဲ့တာကို ဖျက်ဆီးနိုင်သေးတယ်ပေါ့”
ဖန်ဆင်းရှင်က မတုံ့ပြန်သည်ကို မြင်သောအခါ ကုန်းချိန်က ဆက်ပြောလိုက်သည်။ “ဒီနှစ်တွေတစ်လျှောက်လုံး ငါ မင်းအတွက်အများကြီး လုပ်ခဲ့ပြီးပြီ။ မင်းက ဒီလိုသေးငယ်တဲ့ ကိစ္စလေးနဲ့ ငါ့ကို ကူညီဖို့ငြင်းဆန်တော့မှာတော့ မဟုတ်ဘူးမလား”
“ဒါ့အပြင် ဒီလောကရဲ့ ကောင်းကင် တာအိုက အချိန်ကြာကြာ ဘာလှုပ်ရှားမှု လက္ခဏာမှမပြခဲ့ဘူး။ အဲ့တာကို ဖျက်ဆီးဖို့က အဲဒီလောက်ခက်ခဲမှာ မဟုတ်ဘူး”
ဤအရာကို ကြားသောအခါ ဖန်ဆင်းရှင်သည် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။
နောက်ဆုံးတွင် ၎င်းက ပြောလိုက်၏။ “ဖျက်ဆီးလို့ရတယ်၊ ဒါပေမဲ့ အခုမဟုတ်သေးဘူး”
“ပထမဆုံး နတ်ဘုရားနဲ့ ကောင်းကင် တာအိုက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကြောင့် ငါ ဖရဲသီးရွှေ့ပြောင်းသူရဲ့ အထောက်အထားကို တိုက်ရိုက်ဖော်ထုတ်လို့ မရဘူး”
“ဒါပေမဲ့… သူတို့ ပိုဖော်ထုတ်လာအောင် နည်းလမ်းတစ်ခုကို စဉ်းစားလို့ ရတယ်”
လူသတ်မည့် အပြုံးတစ်ခုသည် ကုန်းချိန်၏ မျက်လုံးများတွင် တဖျတ်ဖျတ်ဖြစ်ပေါ်ခဲ့သည်။
သူက ဖြည်းညှင်းစွာ ပြောလာ၏။ “ဒါဆို ငါစောင့်ကြည့်နေမယ်”
__
နဉ်ရွှီသည် ပထမဆုံး သိုလှောင်အိတ်ကို ရှာတွေ့သောအခါ ပြဿနာရှာရန် အမြဲတမ်း စိတ်အားထက်သန်သော ဖရဲသီးစားခြင်းစနစ်က [ငါတို့က ကုန်းချိန်ရဲ့ မျက်ခွံအောက်က ဆူးဖြစ်နေပြီ]
ချီအာနှင့် အခြားသူများ: ???
နေဦး၊ မင်းက ဒီလိုကြောက်မက်ဖွယ်ရာ စကားမျိုးကို ဒီလို ပေါ့ပေါ့ပါးပါး လေသံနဲ့ ပြောဖို့တကယ်ပဲ အဆင်ပြေရဲ့လား။
ဖရဲသီးစားခြင်းစနစ်၏ စကားလုံးများထဲမှ “ငါတို့” သည် ချီအာနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ထိုအချိန်တွင် သူသည် ကျောရိုးတစ်လျှောက် တုန်လှုပ်မှုကို ခံစားရဆဲပင်။
သူ ကြောက်နေမိသည်။
သူသည် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် နတ်ဘုရားတစ်ဦး၏ ဒေါသတွင် ပါဝင်မိမည်ကိုကြောက်သည်။
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာ ကျယ်လောင်စွာ ရယ်မောလိုက်၏။ [အရမ်းရင်ခုန်စရာ ကောင်းတယ်! အရမ်းကို စိတ်လှုပ်ရှားစရာပဲ]
နဉ်ရွှီက တည်ငြိမ်စွာ ပြန်ဖြေလာသည်။ “တကယ်ပါပဲ၊ တော်တော်လေး ရင်ခုန်စရာပါပဲ”
သူမ၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေသော်လည်း သူမသည် ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်၊ ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်၊ နှင့် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ရှိ သတ္တဝါများကိုစော်ကားခဲ့ပြီး ဖြစ်သည်။
သူမသည်ဖရဲသီးစားခြင်းစနစ်ကို ယုံကြည်၍ စိတ်ချနေခြင်းကြောင့် ဖြစ်နိုင်သည်၊ သို့မဟုတ် ဖြစ်နိုင်သည်မှာ သူမ၏ ခန္ဓာကိုယ်က မွေးရာပါစွန့်စားလိုစိတ်ကို သယ်ဆောင်ထားသောကြောင့်သာ၊ သို့သော် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် နတ်ဘုရားတစ်ဦးက သူမကိုစောင့်ကြည့်နေသော်လည်း သူမသည် အရမ်း စိတ်လှုပ်ရှားတာမျိုး မဖြစ်ခဲ့ပေ။
သူမက တည်ငြိမ်စွာဖြင့် “သူ ငါတို့ကိုရှာတွေ့နိုင်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား”
ဖရဲသီးစားခြင်းစနစ်က ယုံကြည်မှုဖြင့် ပြန်ဖြေလာသည်။ [သူက အခုတော့ ငါတို့ကို လုံးဝရှာတွေ့မှာ မဟုတ်သေးဘူး]
ထို့နောက် ၎င်းက ချီးမွမ်းလိုက်၏။ [‘နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ’ က တကယ်ကို ကောင်းမွန်တဲ့ အရာတစ်ခု။ ကိုယ်ပိုင်လွတ်လပ်ခွင့် ကာကွယ်မှုက အကောင်းဆုံးပဲ]
သို့သော် ‘နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ’ သည် သူတို့ကို ယာယီကာကွယ်ပေးနိုင်သော်လည်း ထာဝရကာကွယ်ပေးမည် မဟုတ်ပေ။
အချိန်တိုအတွင်း ဟွာကျိုင်းဂိုဏ်းသည် သူတို့အကြောင်းအား ဘာမှရှာနိုင်မည် မဟုတ်ပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့သည်နည်းလမ်းတစ်ခုကို စဉ်းစားလာမည်မှာ သေချာပါသည်။
နဉ်ရွှီသည် ဤအရာကို ပထမကတည်းကသိရှိခဲ့သည်။
တည်ငြိမ်သော အမူအရာဖြင့် သူမသည် သူမကောက်ယူလိုက်သော သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ပစ်ချလိုက်သည်။
မြေပြင်ပေါ်ရှိ “ကြေးနီနံရံ သံခံတပ်” ကိုမြင်သောအခါ သူမသည် ၎င်းကို ကောက်ယူပြီး လှန်လှောကြည့်လိုက်သည်၊ ထို့နောက် ဝူလုချန်ကိုကြည့်ပြီး “ဒီ ကိုယ်ခန္ဓာကိုသန့်စင်တဲ့ နည်းလမ်းက ကောင်းပုံရတယ်။ ကြည့်ကြည့်တာတော့ ဘာမှပြဿနာမရှိပါဘူး။ နင်နဲ့ သင့်တော်တယ်”
ဝူလုချန်သည် သူမ၏ လက်ထဲမှ ၎င်းကိုယူလိုက်စဉ် မသိဟန် ဆောင်ပြီး ကျေးဇူးတင်စကား ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်! ကျွန်တော် ဒါကို တကယ်ကိုလိုအပ်နေတာ”
သိုလှောင်အိတ်ထဲမှ ကျန်ရှိသော ပစ္စည်းများကို ဖြန့်ဝေပြီးနောက် နဉ်ရွှီက “ငါတို့ ရှေ့ကို သွားပြီး တခြားတစ်ခုခု ရှာတွေ့နိုင်မလားဆိုတာ ကြည့်ရအောင်”
အဖော်များက “ကောင်းပါပြီ” ဟုသာ ပြန်ဖြေကြသည်။
ကီလိုမီတာအချို့ကို ထပ်မံလျှောက်လှမ်းပြီးနောက် နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ တိုက်တွန်းမှုဖြင့် ဒုတိယသိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။
သူမသည် အတွင်းမှ ပစ္စည်းများကို ထုတ်ယူပြီး “သန့်စင်ခြင်း ကိရိယာများ မှတ်စု” ကိုကိုင်မြှောက်ကာ “ဘယ်သူ ကိရိယာတွေ သန့်စင်တာကို စိတ်ဝင်စားလဲ”
ချင်းရီလော့သည် ရှေ့သို့ တက်လာပြီး “ခေါင်းဆောင်၊ ကျွန်တော် ဒါကို လိုချင်တယ်”
နဉ်ရွှီသည် “သန့်စင်ခြင်း ကိရိယာများ မှတ်စု” ကို သူ့ထံသို့ ပေါ့ပေါ့ပါးပါး ပစ်လိုက်၏။
ချင်းရီလော့ကလည်း ကျေးဇူးတင်စကား ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်”
ဖရဲသီးစားခြင်းစနစ်က ပြောခဲ့သည့်အတိုင်း နဉ်ရွှီ နောက်လိုက်ခြင်းသည် ကောင်းမွန်သောအရာများရှာတွေ့ခြင်းကို ဆိုလိုသည်! ဤကဲ့သို့ပင် သူ အလိုချင်ဆုံးပစ္စည်းသည် သူ၏ လက်ထဲသို့ လွယ်လွယ်ကူကူ ကျရောက်လာခဲ့သည်။
သိုလှောင်အိတ် နှစ်ခုကို ကောက်ယူပြီးနောက် နဉ်ရွှီသည် သူ၏အဖော်များကို ဤဧရိယာမှ ထွက်ခွာရန် ဦးဆောင်တော့မည့်အချိန်တွင် ထျန်းယာ လျှို့ဝှက်နယ်မြေတစ်ခုလုံး ရုတ်တရက်ပြင်းထန်စွာ တုန်ခါခဲ့သည်။ သစ်မြစ်များ လှန်ထွက်ကုန်ကာ၊ ကောင်းကင်ရှိ ငှက်များ ပြုတ်ကျကုန်သည်၊ ပြီးတော့ဖုန်မှုန့်များက လေထဲတွင် ပြည့်နှက်သွား၏။
ခဏတာတွင် ငြိမ်းချမ်းခဲ့သော ထျန်းယာ လျှို့ဝှက်နယ်မြေသည် ယခုအခါ မကောင်းသောအငွေ့အသက်ဖြင့် ပြည့်နှက်နေတော့သည်။
မြေပြင်က အလွန်အမင်း တုန်ခါနေသောကြောင့် နဉ်ရွှီနှင့် အခြားသူများသည် သူတို့၏ ဓားများကို ထုတ်ယူပြီး သူတို့ကိုယ်သူတို့ တည်ငြိမ်စေရန်အတွက် မြေပြင်ပေါ်တွင် ထောက်ထားကြသည်။
ဝူလုချန်၊ နတ်ဘုရား ချင်ကျို့၊ ချီအာ၊ နှင့် ဓားမရှိသော အခြားသူများအတွက် သူတို့သည် ကိုယ်စီ တည်ငြိမ်စေရန် သူတို့၏ ကိုယ်ပိုင်နည်းလမ်းကို ရှာဖွေခဲ့ကြသည်။
နဉ်ရွှီသည် စဉ်ဆက်မပြတ် တုန်ခါမှုကြားတွင် “ဘာဖြစ်နေတာလဲ”
ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာ ပြန်ဖြေလိုက်၏။ [ဒါက မြည်းစမ်းစရာလေးပဲ ရှိသေးတယ်။ အခုတော့ အဓိကအစားအစာက နောက်ဆုံးတော့ လာနေပြီ]
ထျန်းယာ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီးနောက် နဉ်ရွှီသည် ကြီးမားသော အန္တရာယ်ကို ခံစားမိခြင်း မရှိသေးပေ။
အကြီးအကဲ ဝူချီချွမ်ထံမှ သူမ ရရှိခဲ့သော သစ်သားပြားကိုပင် အသုံးပြုရသေးခြင်း မရှိပေ။
သို့သော် သူမသည် ဖရဲသီးစားခြင်းစနစ်၏ စကားလုံးများကို သံသယမရှိခဲ့ပါ။
မျှော်လင့်ထားသည့်အတိုင်း ယခင်ကတည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုတို့သည် စိတ်ကူးယဉ်မှုသက်သက်သာ။
ဤအချိန်တွင် ထျန်းယာ လျှို့ဝှက်နယ်မြေသည် ၎င်း၏စစ်မှန်သော မျက်နှာကို ထုတ်ဖော်နေသည်။
ဤအချက်တွင် ဖရဲသီးစားခြင်းစနစ်၏ လေယူလေသိမ်းသည် အနည်းငယ် ပို၍ပြင်းထန်လာ၏။ [အခု၊ ငါ နင့်ကို လောကရဲ့ နံပါတ်တစ် ဓားနတ်ဘုရားရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က အဓိကတိုက်ကွကါကို သင်ကြားပေးပါမယ်၊ ‘ကြယ် လည်ပတ်ခြင်း’]
[ဒီနည်းစနစ်က ဝိညာဉ်စွမ်းအင်ရဲ့ လည်ပတ်မှုပေါ်တွင် အခြေခံပြီး ကောင်းကင်နဲ့ ကြယ်တွေရဲ့ စွမ်းအားကို ဆွဲဆောင်ယူတယ်။ အဲ့တာမှာ ကြီးမားတဲ့ ဖျက်ဆီးနိုင်စွမ်းရှိပေမဲ့ ကျွမ်းကျင်ဖို့ ခက်ခဲတယ်]
[ဒါပေမဲ့ နင် သင်ယူပြီးတာနဲ့ “မင်ထျန်းယာ လျှို့ဝှက်နယ်မြေ” ထဲက အခြေအနေအများစုကို ကိုင်တွယ်နိုင်လိမ့်မယ်]
နဉ်ရွှီတွင် ဤအချက်တွင် မေးလိုသော မေးခွန်းများစွာ ရှိပေသည်။
ဥပမာအားဖြင့် ထျန်းယာ လျှို့ဝှက်နယ်မြေက ဘာကြောင့် “မင်ထျန်းယာ လျှို့ဝှက်နယ်မြေ” ဖြစ်လာရတာလဲ၊ ပြီးတော့ ယခင် နယ်မြေက တိတိကျကျ ဘာဖြစ်ခဲ့တာလဲ။
ထို့အပြင် သူမ၏ အရည်အချင်းဖြင့် သူမသည် အချိန်တိုအတွင်း “ကြယ် လည်ပတ်ခြင်း” ကို သင်ယူနိုင်မလား။
သို့သော် အခုက ဤမေးခွန်းများကို မေးရန် အချိန်မဟုတ်သည်မှာ ရှင်းနေပါသည်။
ဖရဲသီးစားခြင်းစနစ်က ဖြည်းညှင်းစွာ ဆက်ပြောလာ၏။ [နင် ‘ကြယ် လည်ပတ်ခြင်း’ ကို ချင်းရီလော့နဲ့ အခြားသူတွေနဲ့ မျှဝေနိုင်တယ်]
ချီအာနှင့် အခြားသူများ: …
သူတို့သည် အရင်က စိုးရိမ်ခဲ့ကြသည်၊ သူတို့သည် နည်းစနစ်ကိုပါ ကြားခဲ့ပါက ကျွမ်းကျင်မှုခိုးယူခြင်းအဖြစ် သတ်မှတ်ခံရမည်လား။
ကံကောင်းထောက်မစွာ ဖရဲသီးစားခြင်းစနစ်သည် ၎င်းကို သူတို့ထံမှ လျှို့ဝှက်ထားရန် စီစဉ်ထားခြင်းမရှိပေ။
မျှော်လင့်မထားဘဲ ဖရဲသီးစားခြင်းစနစ်သည် ဤတစ်ကြိမ်တွင် အလွန် ရက်ရောနေခဲ့သည်။
သူတို့ ထိုသို့တွေးနေစဉ် ဖရဲသီးစားခြင်းစနစ်က ပုံမှန် ပျင်းရိသော အမူအရာဖြင့် ဆက်ပြောလာ၏။ [ဒီနည်းစနစ်ကို ဓာနတ်ဘုရားက သူနှစ်ဆယ့်လေးနှစ်သားအရွယ်မှာ ဖန်တီးခဲ့တာ။ အဲ့တာမှာ မစုံလင်မှုတွေ အများကြီးရှိနေသေးတယ်]
[သူအသက် တစ်ရာမှာ သူသည် စိတ်ကူးရုတ်တရက် ရပြီး ‘ကြယ် ပြောင်းပြန်လှန်ခြင်း’ ကို ဖန်တီးခဲ့တယ်]
[‘ကြယ် ပြောင်းပြန်လှန်ခြင်း’ က ‘ကြယ် လည်ပတ်ခြင်း’ ရဲ့ အဆင့်မြင့် ဗားရှင်းပဲ။ အဲ့တာကကျွမ်းကျင်ဖို့ ပိုခက်တယ်၊ ဒါပေမဲ့ အဲ့တာရဲ့ဖျက်ဆီးနိုင်စွမ်းက အဆများစွာတိုးလာတယ်]
[နင် ‘ကြယ် ပြောင်းပြန်လှန်ခြင်း’ ကို သင်ယူပြီးတာနဲ့ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်တဲ့အခါ *မြူခိုးတွေကြားကနေတောင် သတ်နိုင်ပါလိမ့်မယ်။ ဟုတ်တယ်၊ ပိုမိုမြင့်မားတဲ့ကျင့်ကြံမှုနဲ့ဆိုရင် နင် [1]သစ္စာဖောက် ရန်သူတွေကိုတောင် သတ်နိုင်တယ်]
(T/N- *မမြင်ရတဲ့နေရာကတိုက်တာ၊ လျှို့ဝှက်တိုက်တာ၊ အဝေးကတိုက်တာ။ [1]ခက်ခဲတဲ့ရန်သူ၊ နောက်ကွယ်ရှိတဲ့ရန်သူတွေ ရှာသတ်နိုင်)
ထျန်းယာ လျှို့ဝှက်နယ်မြေတွင် မြေပြင်ကဆက်လက် ပြင်းထန်စွာ တုန်ခါနေသည်။
နဉ်ရွှီကတော့ တည်ငြိမ်နေဆဲပါ။
[‘ကြယ် ပြောင်းပြန်လှန်ခြင်း’ အတွက်ကိုတော့ သူတို့နဲ့ မျှဝေဖို့ မလိုဘူး]
[ဒီလိုကောင်းမွန်တဲ့ နည်းစနစ်မျိုးက တစ်ယောက်တည်းပျော်မွေ့ဖို့ ပိုကောင်းတယ်]
[ဟုတ်တယ်၊ နင်မျှဝေရင်တောင်မှ သူတို့ကသင်ယူနိုင်မှာ မဟုတ်ဘူး]
[ဘာပဲဖြစ်ဖြစ် ဒီလိုသီးသန့် နည်းစနစ်မျိုးက ချင်းရီလော့နဲ့ အခြားသူတွေအတွက် အရမ်းခက်ခဲနေတုန်းပဲလေ]
ချီအာ၊ ချင်းရီလော့၊ နတ်ဘုရား ချင်ကျို့၊ နှင့် အခြားသူများ: …
ဖရဲသီးစားခြင်းစနစ်သည် မပြောင်းလဲခဲ့ပေ။ ၎င်းသည် သူတို့ ရင်းနှီးသော လျှာစောင်းထက်သော၊ စိတ်ဓာတ် နိမ့်ကျသော ဖရဲသီးစားခြင်းစနစ်ဖြစ်နေဆဲ!
__