← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃)

နတ်ဘုရား ဖူရှန့်ကို ဆက်ဆံရာတွင် နဉ်ရွှီသည်စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လုံးဝ မခံစားရပေ။

ဖူရှန့်သည် ပထမတွင် သူမကို ပိုင်ဆိုင်ရန် ကြိုးစားခဲ့သည့်အပြင်၊ နောက်ပိုင်းတွင် ဖူရှန့်သည် ဝူလုချန်ကို ပိုင်ဆိုင်ရန် အောင်မြင်လုနီးပါးဖြစ်ခဲ့သည်။ သူမသည် ဖူရှန့်ကို လွယ်လွယ်ကူကူ လွှတ်ပေးနိုင်စရာ အကြောင်းမရှိပေ။

ဖူရှန့်သည် သူမ၏ဘဝတွင် ရေးဆွဲခဲ့သော အဆောင်များမှ ဖော်ပြသည့် အချက်အလက်များအရ သူမသည် သိသာထင်ရှားသော စွမ်းရည်များ ရှိခဲ့ပြီး၊ သူမသည် အမှန်တကယ်ပင် ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ အကယ်၍ ဖူရှန့်သည် ခန္ဓာကိုယ်ဝင်ယူခြင်းတွင် အောင်မြင်ခဲ့ပါက သူမနှင့် ဖြူစင်သောကျင့်ကြံသူ နှစ်ဦးစလုံး အခက်အခဲနှင့် ရင်ဆိုင်ရမည်ပင်။

ဖူရှန့်သည် သူမ၏ စကားများနှင့် လုပ်ရပ်များသည် လေထဲတွင် ပြောသည့်စကားများသာ မဟုတ်ကြောင်းသိပါသည်။ သူမ စကားပြောရန် ကြိုးစားသောအခါ နဉ်ရွှီက ချက်ချင်းပင် “တိတ်ဆိတ်ခြင်းအဆောင်” ကို သူမထံပစ်ချလိုက်၏။

နဉ်ရွှီ၏ တိတ်ဆိတ်ခြင်းအဆောင်ကို အသုံးပြုခြင်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန်မခက်ခဲပေ၊ ၎င်းမှာ ဖူရှန့်ကို နာကျင်မှုဖြင့် အော်ဟစ်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

တိတ်ဆိတ်ခြင်းအဆောင်ကို အသုံးပြုပြီးနောက် သူမသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် “လက်ဖဝါးကြီး အဆောင်” ကို ထုတ်ယူ၍ ဖူရှန့်ထံ ပစ်ချလိုက်၏။

နောက်တစ်စက္ကန့်တွင် ဧရာမ လက်ဖဝါးကြီးသည် လေထဲတွင် ပေါ်လာပြီး ကြီးမားသော စွမ်းအားဖြင့်ကျောက်ဂူ၏ နေရာအများစုကို ယူထားပေသည်။

ကျောက်ဂူထဲတွင် မည်သည့်အချိန်က စတင်၍လေများ ဝဲပျံလာသည်ကို မသိလိုက်ပေ။

လေထဲတွင် မနေတော့ဘဲ ဧရာမလက်ဖဝါးကြီးသည် ထိုနေရာတွင် ပိတ်မိနေသော ဖူရှန့်ထံသို့ အပေါ်မှနေ၍ ရိုက်ချလိုက်တော့သည်။

ဤလက်ဖဝါးသည် အလွန်ကြီးမားပြီး သိသိသာသာ စွမ်းအားရှိပုံရသည်။

သေချာသည်မှာ လက်ဖဝါး ရိုက်ချလိုက်သည်နှင့် တစ်ပြိုင်နက် ဖူရှန့်သည် သတိလစ်သွားခဲ့၏။

နဉ်ရွှီက မှတ်ချက်ပေးသည်။ “သူမ ရေးဆွဲတဲ့အဆောင်တွေက တကယ်ကို အကျိုးသက်ရောက်မှုကောင်းကောင်း ရှိတယ်”

[ဟုတ်လား။ ဒီနတ်ဆိုးအိုကြီးက နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့တာ၊ သူမမှာအရည်အချင်းအချို့တော့ ရှိမှာပေါ့] ဖရဲသီးစားခြင်းစနစ်သည် လျှာအားနှစ်ချက် ခေါက်လိုက်သည်။

“ဘာလဲ” နဉ်ရွှီက မေးလိုက်၏။

[သူမ ချန်ထားခဲ့တဲ့ နတ်ဝိညာဉ်အာရုံက အများကြီး အားနည်းသွားတယ်]

နဉ်ရွှီသည် ပိုမိုနီးကပ်စွာ ကြည့်လိုက်သောအခါ ဖူရှန့်၏ နတ်ဝိညာဉ်အာရုံသည် အမှန်ပင် ယခင်ကထက်များစွာ အားနည်းသွားသည်ကို တွေ့ရှိရသည်။ သူမ၏ ဝိညာဉ်အာရုံအသိကို ဆန့်ကျင်ရန် အသုံးပြုခဲ့သော လက်ဖဝါးကြီးအဆောင်သည် အံ့ဖွယ်ကောင်းလောက်အောင် အလုပ်ဖြစ်ပုံရသည်။

နဉ်ရွှီက မေးလိုက်သည်။ “ဒီကျောက်ဂူထဲမှာ ကျန်ခဲ့တဲ့ ရတနာတွေ ရှိသေးလား”

ဖရဲသီးစားခြင်းစနစ်က မထီမဲ့မြင်ပြုစွာဖြင့် [မရှိဘူး။ သူမ ချန်ထားခဲ့တဲ့ တစ်ခုတည်းသော စည်းစိမ်ဥစ္စာကတော့ သူမ ရေးဆွဲခဲ့တဲ့အဆောင်တွေပဲ]

အကယ်၍ ဖူရှန့်သည် အရိုက်အရာဆက်ခံမည့်သူကို ရှာဖွေရန် သူမ၏ နတ်ဝိညာဉ်အာရုံကို မချန်ထားခဲ့ပါက ယနေ့ ဤနေရာတွင် နဉ်ရွှီနှင့် အခြားသူများ ရောက်ရှိနေမည် မဟုတ်ပေ။ လျှို့ဝှက်နယ်မြေရှိ မွေးရာပါတာအိုခန္ဓာကိုယ်ကို ဖရဲသီးစားခြင်းစနစ်မှ အရည်အချင်းရှိသူအဖြစ် တံဆိပ်ခတ်နှိပ်ထားခဲ့ပြီး ဖြစ်သည်။

သို့သော် ဤမွေးရာပါတာအိုခန္ဓာကိုယ်သည် မိမိကိုယ်ကို ကာကွယ်ရန် ရတနာများ လိုအပ်မည် မဟုတ်သည်မှာ သေချာသည်၊ ထို့ကြောင့် သူမကိုပိုင်ဆိုင်ခြင်းသည် အလွန်ခက်ခဲပေမည်။

ထို့ကြောင့် ဂရုတစိုက် ရွေးချယ်ပြီးနောက် ဖူရှန့်သည် စွမ်းရည်ညံ့ဖျင်းပုံရပြီး အနည်းငယ် ဆင်းရဲနွမ်းပါးပုံရသော နဉ်ရွှီနှင့် သူမ၏အဖော်နှစ်ဦးကို ရွေးချယ်ခဲ့သည်။ သို့သော် သူမသည် မှားယွင်းသောသူများကို ရွေးချယ်မိမည်ဟု လုံးဝ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

သုံးဦးထဲတွင် သာမန်ဟု ထင်ရသော ဝိညာဉ်အမြစ်သုံးမျိုး ပိုင်ဆိုင်သူ အမျိုးသမီး ကျင့်ကြံသူသည် အထူးတလည် မာကျောသော သံချောင်းတစ်ချောင်း ဖြစ်နေခဲ့၏။

သို့သော် ဤအတွေးများဟာ ဖူရှန့်နှင့်သာ ကျန်ရစ်ခဲ့သည်ပင်။

ကျောက်ဂူထဲတွင် မည်သည့် ရတနာမျှ မကျန်တော့ကြောင်း သိရှိပြီးနောက် နဉ်ရွှီသည် ဆက်လက်နေထိုင်ရန် စိတ်ဝင်စားမှု ကင်းမဲ့သွား၏။

သူမသည် သူမ၏နောက်ကျောရှိ ပိတ်နေသော ကျောက်တံခါးကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အသင်းဖော်များကို ပြောလိုက်သည်။ “ခလုတ်ကိုရှာပြီး အပြင်ထွက်ပေါက်ကို ရှာကြည့်ရအောင်”

ဖြူစင်သောကျင့်ကြံသူက “ကောင်းပြီ” ဟူ၍ ပြန်ဖြေလာသည်။

ဝူလုချန်သည် တုန်လှုပ်နေဆဲဖြစ်သော်လည်း သွားများကို တင်းတင်းကျပ်ကျပ် ကိုက်ကာကျောက်ဂူအတွင်းရှိ စက်ယန္တရားကို စတင်ရှာဖွေလိုက်သည်။

ဖူရှန့်သည် ကျောက်ဂူထဲတွင် ကြာကြာပိတ်မိနေရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်သောကြောင့် တံခါးကိုဖွင့်ရန် မခက်ခဲပေ။

မကြာမီ ဖြူစင်သောကျင့်ကြံသူသည် ထောင့်တစ်နေရာတွင် လျှို့ဝှက်ခလုတ်တစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းကို နှိပ်ပြီးနောက် ယခင်က ဖောက်ထွင်းမရနိုင်သော ကျောက်တံခါးသည် တဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့၏။

နဉ်ရွှီသည် အပြင်ထွက်ရန် ခြေလှမ်းလှမ်းလိုက်စဉ် ဖူရှန့်သည် သတိလစ်နေသေးသည်ကို ရုတ်တရက် သတိရလိုက်သည်။

သူမ ခဏတာ စဉ်းစားပြီး အဆောင်ပုံထဲမှ “ကျုံ့ခြင်းအဆောင်” အား ထုတ်ယူလိုက်၏။

ဖူရှန့်ပေါ်တွင် ကျုံ့ခြင်းအဆောင်ကို အသုံးပြုပြီးနောက် သူမသည် သာမန်လူသားပုံစံမှ အရွယ်အစား တဖြည်းဖြည်းချင်း သေးငယ်လာသည်။

ဤမျှဖြင့် မကျေနပ်သေးဘဲ နဉ်ရွှီသည် ကျုံ့ခြင်းအဆောင် သုံးခုကို ဖူရှန့်ထံ ထပ်မံပစ်ချလိုက်သည်။ စုစုပေါင်း ကျုံ့ခြင်းအဆောင် လေးခုကို အသုံးပြုပြီးနောက် ဖူရှန့်သည် နောက်ဆုံးတွင် လက်သီးအရွယ်အစားရှိလာခဲ့တော့သည်။

နဉ်ရွှီသည် လက်သီးအရွယ်အစားရှိသော ဖူရှန့်ကို သူမ၏ လက်ဖဝါးထဲတွင် ပေါ့ပေါ့ပါးပါးကိုင်ထားပြီး သူမ၏ အသင်းဖော်များအား “သွားကြစို့”

ဖြူစင်သောကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ”

ကျောက်ဂူမှ ထွက်ခွာပြီးနောက် တံခါးသည် သူတို့နောက်တွင် ပြန်ပိတ်မသွားပေ။

ကျောက်ဂူသည် သာမန်ဂူတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

ကျောက်ဂူမှ ထွက်ခွာပြီးနောက် နဉ်ရွှီနှင့် အခြားသူများသည် ပတ်ဝန်းကျင်ကို ရှာဖွေပြီး မျက်နှာပြင်သို့ ဦးတည်သော လမ်းကြောင်းကို အောင်မြင်စွာ ရှာတွေ့ခဲ့သည်။ ခဏတာတက်ပြီးနောက် သူတို့သည် အပေါ်မှ အသံများကို စတင်ကြားရလာသည်။

ဝူလုချန်က တိုးတိုးလေး မေးလိုက်၏။ “တစ်ယောက်ယောက် တိုက်ခိုက်နေတာလား”

နဉ်ရွှီက ပြန်ဖြေလာ၏။ “အဲလို ထင်တယ်”

သူမသည် ချီသန့်စင်ခြင်း စတုတ္ထအဆင့်၊ ဖြူစင်သောကျင့်ကြံသူသည် တတိယအဆင့်၊ ဝူလုချန်သည် ဒုတိယအဆင့်တို့ဖြစ်ကြပြီး သူတို့သုံးဦးစလုံးသည် လျှို့ဝှက်နယ်မြေအတွက် ကျင့်ကြံမှုအဆင့် အနည်းငယ် လိုအပ်နေသည်။ ထို့ကြောင့် နဉ်ရွှီသည် တိုက်ပွဲကို ထွက်ကြည့်ရန် ရည်ရွယ်ချက် မရှိပေ။

ထိုသို့သော တိုက်ပွဲများသည် လျှို့ဝှက်နယ်မြေတွင် အဖြစ်များပါသည်။ တိုက်ပွဲသည် မကြာမီပြီးဆုံးဖွယ်ရှိပြီး ထိုအခါမှ သူတို့ ထွက်သွားနိုင်မည်။

သို့သော် ထိုအချိန်တွင် ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် အော်ဟစ်လိုက်၏။

[Host! လေလံပွဲရုံ! လေလံပွဲရုံ!]

နဉ်ရွှီ: “ဘာလဲ”

ဖရဲသီးစားခြင်းစနစ်က အမြန်ရှင်းပြလာသည်။ [လေလံပွဲရုံတစ်ခု ဝယ်ဖို့ မစီစဉ်ခဲ့ဘူးလား]

[ကံကောင်းတာက ရောင်းသူတစ်ယောက်က သူ့ရဲ့အကြီးအကဲဆီကနေ လေလံပွဲရုံကို အမွေဆက်ခံခဲ့တယ်]

[သူ့အနေနဲ့ လေလံပွဲရုံကို စီမံခန့်ခွဲဖို့ မသင့်တော်ဘူးလို့ သူယုံကြည်လို့ စျေးပေါပေါနဲ့ရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်]

[ဒါပေမဲ့ လေလံပွဲရုံက ဘယ်လောက်ပဲ စျေးပေါပေါ ဖုန်လောက် စျေးပေါမှာတော့ မဟုတ်ဘူး။ တစ်လကြာခဲ့ပြီ၊ ဘယ်သူမှလွှဲပြောင်းမယူသေးဘူး၊ စုံစမ်းမေးမြန်းတဲ့သူတောင် မရှိဘူး]

ဤအရာကို ကြားပြီးနောက် နဉ်ရွှီက တည်ငြိမ်စွာပြောလိုက်သည်။ “ဒါပေမဲ့ ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ မရှိဘူး”

သူမသည် ရာစုနှစ်ချီသော ဝိညာဉ်အနှစ်သာရကို ရောင်းချခြင်းမှ ရရှိခဲ့သော အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရှစ်သိန်းခွဲကို အဆင့်ရှစ် ပြန်လည်ရှင်သန်စေသည့် ဆေးလုံးအတွက်လဲလှယ်ရာတွင် သုံးကုန်ခဲ့ပြီးဖြစ်သည်။

ဤအချိန်တွင် သူမသည် ပိုက်ဆံမရှိပေ။

သူမ၏ သိုလှောင်လက်စွပ်သည် သူမ၏ မျက်နှာထက်ပင် ပိုမို ဗလာကျင်းနေလေ၏။

နဉ်ရွှီ၏ စကားများကို ကြားပြီးနောက် ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်သည်။ [အဲ့တော့ ဘာဖြစ်လဲ။ သူက အခု အပေါ်မှာ ဝန်းရံခံထားရပြီး သုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နေရတယ်]

[ဒီလူတွေက သူ့ရဲ့ လေလံပွဲရုံကို ပစ်မှတ်ထားနေကြတာ]

[သူက အားနည်းချက် ရှိနေတယ်၊ ဒဏ်ရာတွေအများကြီး ရထားတယ်၊ သိပ်မခံတော့ဘူး]

[မင်း သူ့ရဲ့ လေလံပွဲရုံကို လိုချင်ရင် သူ့ကိုကယ်လိုက်ရုံပဲ!]

ဖရဲသီးစားခြင်းစနစ်သည် လေလံပွဲရုံကို အလကားရယူလိုပုံရသည်။

သို့သော် ဤအရာသည် အမှန်တကယ်ပင်ကောင်းမွန်သော အကြံတစ်ခုပင်။

လေလံပွဲရုံပိုင်ရှင်၏ အသက်သည် လေလံပွဲရုံထက်ပိုမိုတန်ဖိုးရှိမည် မဟုတ်လား။

သို့သော်…

“သူ့ကို တိုက်ခိုက်နေတဲ့ ကျင့်ကြံသူ နှစ်ယောက်က ဘယ်လောက် အားကောင်းလဲ”

(T/N- နှစ်ယောက်က မှားတာမဟုတ်ဘူးနော်။ စာမှာကိုက နှစ်ယောက်တဲ့)

ဖရဲသီးစားခြင်းစနစ်သည် ခဏတာ တွေဝေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ [ချီသန့်စင်ခြင်း သတ္တမအဆင့် နှစ်ယောက်၊ ဆဌမအဆင့် တစ်ယောက်]

နဉ်ရွှီ: !!!

ဒီလေလံပွဲရုံကို ရယူဖို့ မလွယ်ကူပုံ မရပါ။ ကံကောင်းထောက်မစွာ သူမတွင် ဖူရှန့်၏ အဆောင်များစွာရှိပေသည်။ ထိုလူကို ကယ်တင်ခြင်းသည် လွယ်ကူသင့်ပါသည်။

သူမသည် သူမ၏ အစီအစဉ်ကို အသင်းဖော်နှစ်ဦးအား အလျင်အမြန်ပြောပြလိုက်သည်။ “ကျွန်မ အခြေအနေကို စစ်ဆေးဖို့ အရင်တက်သွားမယ်။ ရှင်တို့ နှစ်ယောက် ဒီမှာပဲနေမလား”

ဖြူစင်သောကျင့်ကြံသူသည် ချက်ချင်း ပြန်ဖြေလာ၏။ “ကျွန်တော် မင်းနဲ့အတူ လိုက်မယ်”

နဉ်ရွှီက ခဏတာ စဉ်းစားပြီး “အပေါ်ကအခြေအနေ မရှင်းလင်းသေးဘူးဆိုတော့ ကျွန်မ အရင် ကင်းထောက်ကြည့်ပြီး အားနည်းတဲ့အနေအထားမှာရှိတဲ့ အပြစ်မဲ့သူတွေကိုတွေ့ရင် ငါ ကူညီလိုက်မယ်…” သူမသည် တစ်စုံတစ်ယောက်ကို ကယ်တင်ရန် အကြောင်းပြချက်ကို ကြိုတင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

ဖြူစင်သောကျင့်ကြံသူက ပြန်ဖြေလိုက်သည်။ “အတူတူပဲ”

နဉ်ရွှီသည် ဝူလုချန်ဘက်သို့ လှည့်ကာ မေးလိုက်၏။ “ရှင်ရော။ ဒီမှာ နေမလား ဒါမှမဟုတ် လိုက်ခဲ့မလား”

ဝူလုချန်သည် ခါးသီးစွာ ပြုံးလိုက်ပြီး “ကျွန်တော် ဒီမှာပဲ နေပါမယ်။ မင်းတို့ကို နှေးကွေးအောင် မလုပ်ချင်ဘူး” သူ၏ ကျင့်ကြံမှုအဆင့်သည် အနိမ့်ဆုံးဖြစ်ပြီး သူတို့နောက်သို့ လိုက်ခြင်းသည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လိမ့်မည်။

နဉ်ရွှီက ခေါင်းညိတ်ပြီး ဆုံးဖြတ်ချက် ချလိုက်၏။ “ကောင်းပြီ၊ ဒီမှာပဲ နေခဲ့ပါ။ ကျွန်မတို့ နောက်မှ ရှင့်ကို လာရှာမယ်”

ထိုသို့ ပြောပြီးနောက် နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့သည် မြေအောက်မှ ထွက်ခွာပြီး မျက်နှာပြင်သို့ အလျင်အမြန်ပျံသန်းသွားတော့သည်။

မျက်နှာပြင်သို့ ရောက်ရန် အချိန်တိုလေးအတွင်းတွင် နဉ်ရွှီသည် သူမ၏အစီအစဉ်ကို ဖြူစင်သောကျင့်ကြံသူအားရှင်းပြခဲ့သည်။

သူက ခေါင်းညိတ်၍ သဘောတူလိုက်၏။ “ကောင်းပြီ”

သူတို့ ပေါ်ထွက်လာသည်နှင့် တိုက်ခိုက်နေသော ကျင့်ကြံသူလေးဦးစလုံးသည် သူတို့ရောက်ရှိလာခြင်းကို သတိပြုမိသွားသည်။

သို့သော် သူတို့သည် သူတို့၏ တိုက်ပွဲတွင် အလွန် အာရုံစိုက်နေကြသောကြောင့် သူတို့ကိုဂရုမစိုက်နိုင်ကြပေ။

ကျင့်ကြံသူတစ်ဦးက မာနကြီးစွာ အော်ဟစ်လာသည်။ “ချီအာ၊ ရုန်းကန်နေတာကို ရပ်လိုက်တော့။ သော့ကို လွှဲပေးရင် မင်းကိုအမြန်သေခွင့် ပေးမယ်!”

ချီအာဟု ခေါ်ခံရသူသည် တိတ်ဆိတ်နေပြီး အနိုင်နိုင် ခုခံနေရ၏။

ဤအချိန်တွင် နဉ်ရွှီသည် မေးရန် မလိုအပ်တော့ပေ၊ လေလံပွဲရုံပိုင်ရှင်သည် မည်သူဖြစ်သည်ကို သူမ သိသွားပြီပင်။

သူမသည် ဖြူစင်သောကျင့်ကြံသူအား လက်အမူအရာ ပြလိုက်သည်။ “အခုပဲ!”

ထို့နောက် သူမသည် အဆောင်များ အမြောက်အမြားကို တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုသို့ ပစ်ချလိုက်၏။ ဤအဆောင်များတွင် ပေါက်ကွဲခြင်းအဆောင်များ၊ နတ်မီးအဆောင်များ၊ လျှပ်စီးအဆောင်များ၊ မီးခိုးအဆောင်များ စသည်တို့ ပါဝင်၏။ မီးခိုးအဆောင်များ အသက်ဝင်လာသည်နှင့် ထူထပ်သော မြူခိုးသည် မြင်ကွင်းကို ဖုံးလွှမ်းသွားတော့သည်။

ကျင့်ကြံသူများ ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူ၍ ဖြူစင်သောကျင့်ကြံသူသည် ချီအာ၏ ကော်လာကို ဆွဲကိုင်ပြီး နဉ်ရွှီနောက်သို့လိုက်ကာ တိုက်ပွဲနယ်မြေမှ အလျင်အမြန် ထွက်ခွာသွား၏။

ကျင့်ကြံသူ သုံးဦးသည် အဆောင်များ၏ တိုက်ခိုက်မှုများမှ ပြန်လည် နာလန်ထူလာချိန်တွင် နဉ်ရွှီနှင့် သူမ၏ အဖော်များသည် ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

လုံခြုံစွာ ဆင်းသက်ပြီးနောက် ချီအာသည် သူ၏ရှေ့မှ မရင်းနှီးသော အမျိုးသားနှင့် အမျိုးသမီးကို ကြည့်လိုက်၏။

သူတို့သည် အဘယ်ကြောင့် ကြင်နာစွာပြုမူခဲ့သည်ကို သူ မသိသော်လည်း သူတို့သည် သူ၏အသက်ကို ကယ်တင်ခဲ့သည်ပင်။

သူသည် လက်ချင်းယှက်၍ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ တာအိုမိတ်ဆွေတို့၊ အသက်ကယ်တင်ပေးတဲ့ ကျေးဇူးအတွက် ပြန်ဆပ်စရာမရှိပါဘူး၊ တစ်ခုတည်းသော…”

ထိုအချိန်တွင် မထီမဲ့မြင်ပြုသော အီလက်ထရွန်နစ်အသံသည် သူ၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာ၏။

[နင့်ကိုယ်နင့် ဆုလာဘ်အဖြစ် ပေးမလို့လား။ ကျေးဇူးပါပဲ။]

[နင်က စေ့စပ်ထားတဲ့ မိန်းကလေး သုံးယောက်ကိုသတ်ခဲ့တာကို နင့်ကိုယ်နင် သတိမထားမိသေးဘူးလား]

ချီအာ: ???

ဘယ်သူ့အသံလဲ။

သူသည် ကျင့်ကြံသူနှစ်ဦးကို သေချာကြည့်သော်လည်း သူတို့၏ မျက်နှာများမှမည်သည့်အရာကိုမျှ ဖတ်မရပေ။

သူ၏ အမျိုးမျိုးသော အတွေးများကို ထိန်းချုပ်ပြီး သူပြောနေသော စကားကို အဆုံးသတ်လိုက်၏။ “ကျွန်တော် ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြန်ဆပ်ပါ့မယ်”

သူ စကားအဆုံးသတ်သည်နှင့် အသံက ဆက်လက်ပြောလာသည်။

[ကောင်းပြီ၊ အနည်းဆုံးတော့ နင့်ကိုယ်နင့် မပေးတော့ဘူးပေါ့]

[သူ့ရဲ့ မိန်းကလေးဆန်တဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်လိုက်။ စေ့စပ်ထားတဲ့ မိန်းကလေး သုံးယောက်ကို ဘာလို့သတ်ခဲ့လဲဆိုတာ အံ့ဩစရာမရှိတော့ပါဘူး]

[ဒီပုံပန်းသဏ္ဍာန်က ဇနီးကို သတ်ရုံတင်မက အသက်ကိုလည်း တိုစေပြီး စည်းစိမ်ဥစ္စာကိုလည်း ယိုစိမ့်စေတယ်။ ဒါဟာ မျက်နှာပညာမှာ အဆိုးဆုံးသော မျက်နှာအမျိုးအစားပဲ]

ချီအာ: !!!

[Host၊ နင် လေလံပွဲရုံကို အလကားရယူပြီးတော့ သူ့ကို စီမံခန့်ခွဲဖို့ ငှားဖို့ အကြံပြုချင်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က အလုပ်များနေလို့ ကိုယ့်ဘာသာ စီမံခန့်ခွဲဖို့ အချိန်မရှိဘူးလေ]

[ဟုတ်တယ်၊ သူ့ကို မငှားခင် အလှဆေးလုံး တစ်လုံးပေးပြီး သူ့မျက်နှာကို ပြောင်းလဲပေးဖို့ သေချာလုပ်ပါ။]

[မဟုတ်ရင် အဲဒီမျက်နှာနဲ့ဆိုရင် သူ တကယ်ပဲကံဆိုးလွန်းတယ်။ သူ့စည်းစိမ်ဥစ္စာတွေက ကြောက်ပြီး ထွက်ပြေးသွားလိမ့်မယ်!]

နဉ်ရွှီ: …

ချီအာ: ???

(T/N- သတ်တာက ဟိုလိုသတ်တာမဟုတ်ဘဲ၊ သူ့ကြောင့် သေ‌သွားရတာမျိုးနေမှာ)

__

အခန်း (၄၄)

ဖရဲသီးစားခြင်းစနစ်သည် “အလကားပေးပါ” ဟု မရှက်မကြောက် ပြောနိုင်သော်လည်း နဉ်ရွှီက ထိုသို့ မပြောနိုင်ပေ။

အချိန်ကြာလာသည်နှင့်အမျှ သူမသည် ဖရဲသီးစားခြင်းစနစ်၏ ပြောဟန်ကို အနည်းငယ် ရင်းနှီးလာခဲ့ပါသည်။ ဤကဲ့သို့ သီးသန့်စကားပြောခြင်းသည် အရေးမကြီးပေ၊ အဘယ်ကြောင့်ဆိုသော် ပင်မလူက မကြားနိုင်သည်ကိုး။

လေလံပွဲရုံကို အလကားလိုချင်ကြောင်း တိုက်ရိုက် မပြောနိုင်သော်လည်း ဘာသာစကားသည် အနုပညာတစ်ခုပင်။ မတူညီသော စကားလုံးများကို အသုံးပြုခြင်းဖြင့် အလားတူအကျိုးသက်ရောက်မှုကို ရရှိနိုင်၏။

နဉ်ရွှီက ပရိယာယ်ဖြင့် မေးလိုက်သည်။ “တာအိုမိတ်ဆွေ၊ ရှင့်မှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိလား”

၎င်းသည် သူ၏အသက်ကို ကယ်တင်ပြီးနောက် ဆုလာဘ်သည် နည်းလွန်းသင့်သည် မဟုတ်ကြောင်း ရည်ညွှန်းပေသည်။

ဤအချိန်တွင် ချီအာ၏ စိတ်ထဲ၌ သူအသက်တိုမည်ဟု ပြောခဲ့သော ထူးဆန်းသည့် အသံဖြင့် အာရုံများ ရှုပ်ထွေးနေ၏။

စည်းစိမ်ဥစ္စာ ဆုံးရှုံးခြင်းသည် အရေးမကြီးပေ၊ ဇနီးများကို ထိခိုက်ခြင်းအတွက်မူ… သူသည် စေ့စပ်ထားသည့် မိန်းကလေး သုံးယောက်ကို ဆုံးရှုံးပြီးနောက် မကြာမီ မည်သူနှင့်မျှ လက်ထပ်ရန် စီစဉ်ထားခြင်း မရှိတော့ပေ။

သို့သော် သူ၏အသက်တိုခြင်း ကိစ္စက သူ့ကိုစိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဟုတ်ပါသည်၊ ထိုအသံသည် မဆင်မခြင်ပြောခဲ့ခြင်း ဖြစ်နိုင်သော်လည်း အကြောင်းတစ်ခုခုကြောင့် ချီအာသည် ထိုအသံပြောခဲ့သည့်အရာသည် မှန်ကန်သည်ဟု စိတ်မချမ်းမြေ့ဖွယ် ထိုးထွင်းသိမြင်မှု တစ်ခုကိုခံစားရမိသည်။

သူသည် လက်ချင်းယှက်၍ ရှင်းပြလာသည်။ “ကျွန်တော့်လက်ထဲမှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော် နေရာကောင်းမှာရှိတဲ့ လေလံပွဲရုံတစ်ခု ပိုင်ပါတယ်။ အဲဒါကို ရောင်းလိုက်ရင် စျေးကောင်းရမှာပါ။ ဝိညာဉ်ကျောက်တုံးတွေရတာနဲ့ မင်းကို ပြန်ဆပ်ပါ့မယ်”

သူက စိတ်အားထက်သန်စွာ ထပ်ပြောလာသည်။ “ဟုတ်ပါတယ်၊ မင်းသာ လေလံပွဲရုံကို ဝယ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် မင်းကို ဦးစားပေးပြီး လျှော့စျေး ပေးပါ့မယ်” ချက်ချင်းလွှဲပေးရန်မှာတော့ ယခုအချိန်အတွက် မဖြစ်နိုင်သေးသလို၊ လေလံပွဲရုံကို စီမံခန့်ခွဲရာတွင်ကူညီရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေးပေ။

နဉ်ရွှီတွင် ကန့်ကွက်စရာ မရှိပေ။ “ကောင်းပါပြီ”

လေလံပွဲရုံကို အလကားရယူခြင်းသည် အလျင်စလို လုပ်နိုင်သော ကိစ္စမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ပိုင်ရှင်သည် တစ်စုံတစ်ယောက်က သူ၏အသက်ကို ကယ်တင်ရုံဖြင့် တန်ဖိုးရှိသော ပိုင်ဆိုင်မှုကိုလက်လွှဲပေးမည့် လူရူးမဟုတ်ပေ။

နဉ်ရွှီနှင့် ချီအာတို့သည် ကျောက်စိမ်းတံဆိပ်များကို လဲလှယ်ခဲ့ကြပြီး၊ ချီအာက လျှို့ဝှက်နယ်မြေမှ ထွက်ခွာပြီးနောက် ကျေးဇူးတင်ကြောင်း ဖော်ပြရန်လာရောက်လည်ပတ်မည်ဟု ကတိပြုခဲ့၏။

လဲလှယ်ပြီးနောက် ချီအာသည် ချက်ချင်းမထွက်ခွာဘဲ ထိုနေရာတွင် ဆက်လက် ရှိနေခဲ့သည်။

နဉ်ရွှီက သူပြောစရာ တစ်ခုခု ရှိနေသေးလို့လားဆိုသည့် အမူအရာပြလိုက်သည်။

ချီအာသည် ရှက်ရွံ့စွာပြုံးပြပြီး သူ၏သိုလှောင်အိတ်ကို လွှဲပေးကာ စမ်းသပ်သလိုဖြင့် “လျှို့ဝှက်နယ်မြေက အန္တရာယ်များတယ်။ ကျွန်တော် မင်းတို့နဲ့အတူ သွားလို့ ရမလား”

သူသည် ပစ်မှတ်ထားခြင်း ခံနေရပြီဖြစ်ပြီး တစ်ယောက်တည်း သွားပါက သူ၏အသက်အန္တရာယ် ဆက်လက်ရှိနေနိုင်သေးသည်။

နဉ်ရွှီက ပြန်ဖြေလာသည်။ “ရပါတယ်” မည်သို့ပင်ဖြစ်စေကာမူ နောင်တွင် လေလံပွဲရုံကို စီမံခန့်ခွဲရာတွင် သူ၏အကူအညီကို လိုအပ်နိုင်သောကြောင့် ယခုပင် သူနှင့်ရင်းနှီးထားခြင်းသည် ကောင်းပါသည်။

အတူတကွ ခရီးသွားရန် အတည်ပြုပြီးနောက် သူတို့သည် ဝူလုချန်ကို ပြန်ရှာရန် စီစဉ်ကြသည်။

လမ်းတွင် ဖရဲသီးစားခြင်းစနစ်သည် ဆက်လက် ရေရွတ်နေသည်။ [သူ့မျက်နှာကို ကြည့်ရတာ တကယ်ကိုနာကျင်ရတယ်]

[ငါကြည့်တောင် မကြည့်နိုင်တော့ဘူး၊ တကယ်ကို မကြည့်နိုင်တော့ဘူး]

နဉ်ရွှီ: …

ချီအာ: …

သိလိုစိတ်ဖြင့် နဉ်ရွှီက မေးလာသည်။ “နင် မျက်နှာဖတ်တတ်လား”

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလာ၏။ [နည်းနည်းပေါ့။ ငါက ဖရဲသီးအမျိုးမျိုး စားဖူးတာဆိုတော့ နည်းနည်းသိတယ်]

[သူ့ရဲ့ရုပ်သွင်တွေက တစ်ခုချင်းစီဆိုရင် မဆိုးဘူး၊ ဒါပေမဲ့ ပေါင်းစပ်လိုက်ရင်တော့ ရလဒ်က မကောင်းဘူး]

[သူ့လိုမျက်နှာမျိုးရှိတဲ့သူ ဘယ်သူမဆို နှစ်တစ်ရာကျော် အသက်မရှင်နိုင်ဘူး]

နှစ်တစ်ရာဆိုသည်မှာ ကျင့်ကြံသူများကြားတွင် အသက်တိုသည်ဟု အမှန်ပင် သတ်မှတ်ပါသည်။

ချီအာ: !!!

မျက်နှာပြောင်း၊ သူ မျက်နှာပြောင်းရမည်။

ချီအာ၏ ရုပ်ရည်သည် မည်သည့်နည်းနှင့်မျှ ဆိုးဝါးခြင်း မရှိပေ။ ကျင့်ကြံသူများသည် ရုပ်ဆိုးခြင်း မရှိကြသလို မျက်နှာဖတ်ခြင်းနှင့် ပတ်သက်၍ နဉ်ရွှီက မသိနိုင်ပေ။

သူမက ပေါ့ပေါ့ပါးပါးသာ မေးလိုက်သည်။ “ငါ့မျက်နှာရော”

ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်၏။ [နင့်မျက်နှာလား။ နင့်မှာ ကောင်းကင်ကို တက်လှမ်းရမည့် ကံကြမ္မာရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်ရယ်]

ချီအာ: …

မမျှော်လင့်ဘဲ ဤ ထူးဆန်းသော သတ္တဝါသည် အလွန် ပြောင်းလွယ်ပြင်လွယ်ရှိပြီး ချိုသာသောစကားများကိုပင် မတွန့်ဆုတ်ဘဲပြောနေ၏။

ဒီတာအိုမိတ်ဆွေနဲ့ ပတ်သက်လာရင် ကောင်းကင်ကို တက်လှမ်းရမည့် ကံကြမ္မာဖြစ်ပေမယ့် သူ့အတွက်ကျတော့ အသက်တိုခြင်း၊ ငွေကြေးဆုံးရှုံးခြင်းနဲ့ ဇနီးသေဆုံးခြင်းတဲ့လား။

နဉ်ရွှီသည် ခဏတာ ရပ်တန့်သွားရသည်။

သူမသည် ထျန်းယာ လျှို့ဝှက်နယ်မြေမှ ပါရမီရှင်အဖြစ် အသိအမှတ်ပြုခြင်း မခံရသလို၊ ပထမတွင် ဖူရှန့်က ပစ်မှတ်ထားရန် လွယ်ကူသူအဖြစ် မြင်ခဲ့သော်လည်း သူမသည်ချီးကျူးစကားကို လက်ခံလိုက်ပါသည်။

ထို့နောက် သူမက ထပ်မေးလိုက်သည်။ “ဖြူစင်သောကျင့်ကြံသူရော”

နားစွင့်နေခဲ့သော ချီအာသည် လုံးဝ ရှုပ်ထွေးနေရသည်။

ဖြူစင်သောကျင့်ကြံသူလား။

တစ်စုံတစ်ယောက်က သူ့ကို ထိုသို့ခေါ်နေတာလား။

ဖရဲသီးစားခြင်းစနစ်သည် စုတ်သပ်၍ [ပြောဖို့ခက်တယ်။ သူ့ရဲ့ ကံကြမ္မာက မဆုံးဖြတ်ရသေးဘူး၊ ဘာမဆို ဖြစ်နိုင်တယ်]

[သူ သူတော်စင် ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် စောစောကျရှုံးသွားနိုင်တယ်]

ချီအာသည် သူ့စိတ်ထဲတွင် ရေရွတ်မိသည်။ တကယ့်ကို လက်တွေ့ကျသည်ဟု ထင်ရသည်။

သို့သော်…

ဒါက မမှန်နိုင်ဘူးမလား။

သူသည် သူ၏ဘေးရှိ အမျိုးသား တာအိုဆရာကို တစ်ချက် ကြည့်လိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့်အရိပ်အမြွက်ကိုမျှ ရှာမတွေ့ပေ။ သူတို့သည် သူ့အကြောင်း ပြောနေကြတာလား။

နဉ်ရွှီက ဆက်ပြောလာသည်။ “အကယ်၍တစ်စုံတစ်ယောက်က အလှဆေးလုံးစားပြီး မျက်နှာပြောင်းသွားရင် သူတို့ရဲ့ ကံကြမ္မာလည်း ပြောင်းလဲနိုင်လား”

[တချို့က ပြောင်းနိုင်တယ်၊ တချို့ကမပြောင်းနိုင်ဘူး]

မျက်နှာဖတ်ခြင်းအကြောင်း ခဏတာပြောဆိုပြီးနောက် ဖရဲသီးစားခြင်းစနစ်သည် မကြာမီ ဖရဲသီးစားခြင်းသို့ ပြန်လည် အာရုံစိုက်လာ၏။

မည်သို့ပင်ဆိုစေကာမူ ဖရဲသီးစားခြင်းသည် ၎င်း၏အကြီးမားဆုံး ပျော်ရွှင်မှုအရင်းအမြစ် ဖြစ်ပြီး၊ အခြားအရာအားလုံးသည် မတော်တဆသာ။

ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် အော်ဟစ်လိုက်သည်။ [အစ်ကိုကြီးက အံ့သြစရာပဲ!]

[ဟွာကျိုင်းဂိုဏ်းက အကြီးအကဲ အများအပြားကို တစ်ယောက်တည်း ရင်ဆိုင်နေရပြီး နောက်ကျကျန်မနေဘူး!]

[ငါတို့ ထုတ်ပြန်လိုက်တဲ့ ပိုစ်မူတွေက တကယ်ကို အထောက်အကူ ဖြစ်တယ်!]

ချီအာ: ပို့စ်? ဘာပို့စ်တွေလဲ။

ဤအချက်တွင် ရှင်းပြမရသော အတွေးတစ်ခုသည် သူ၏စိတ်ထဲတွင် ဖြတ်သန်းသွားခဲ့သည်။

သူသည် ထူးဆန်းသော အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်နိုင်သလား။

__

ဟွာကျိုင်းဂိုဏ်း တောင်ထိပ်၌။

ချီဝူကျန်းရမ်ကို ရိုက်နှက်မှုကြောင့်၊ သန်းနျန်၏အစ်ကိုအရင်းဖြစ်သူ ရှင်းမျိုးနွယ်စုခေါင်းဆောင်ဟာ ဟွာကျိုင်းဂိုဏ်းတွင်ဖမ်းဆီးခံထားရသည်။

ဟွာကျိုင်းဂိုဏ်း၏ အကြီးအကဲများစွာသည် သူ့ကိုချီဝူကျန်းရမ်အား တောင်းပန်ရန် ဖိအားပေးခဲ့ကြ၏။

အကြီးအကဲတစ်ဦးက ပေါ့ပေါ့ပါးပါးဖြင့် ပြောလာသည်။ “မင်းက ရှင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်ပေမယ့် ငါတို့ဟွာကျိုင်းဂိုဏ်းနယ်မြေထဲမှာ အရမ်း မောက်မာနေလို့ရမယ်လို့ မဆိုလိုဘူး။”

ဤအချိန်တွင် ချီဝူကျန်းရမ်သည် ထိုနေရာ၌ပင် ဒဏ်ရာကို ကုသနေသည်။

အနာကျက်ဆေးလုံး စားပြီးနောက် သူ၏အသက်ရှူသံသည် သိသိသာသာ တည်ငြိမ်လာ၏။

သူသည် အေးမြပြီး နတ်ဘုရားဆန်သော ပုံပန်းသဏ္ဍာန်အတိုင်း ရှိနေဆဲပါ။ “အစ်ကိုကြီး၊ မင်း တကယ် ကျွန်တော့်ကို နားလည်မှုလွဲနေတာ”

ရှင်းမျိုးနွယ်စု၏ခေါင်းဆောင်သည် တင်းမာသောမျက်နှာကို ထိန်းထားဆဲပင်။ “နားလည်မှုလွဲတာလား။ နားလည်မှုလွဲတယ်ဆိုရင် သန်းနျန်ရဲ့ အခြေအနေက ဘာလို့ ပိုဆိုးလာရတာလဲ”

ချီဝူကျန်းရမ်၏ အသံသည် အေးစက်နေသည်။ “ဒီအတွက် ကျွန်တော်လည်း အရမ်း ခံစားရပါတယ်။ ဒါပေမဲ့ သန်းနျန် စားခဲ့တဲ့ဆေးလုံးနဲ့ ပတ်သက်ပြီး လုံးဝ ပြဿနာမရှိပါဘူး”

ရှင်းမျိုးနွယ်စု၏ လူငယ်ခေါင်းဆောင်သည် ချီဝူကျန်းရမ်သည် အကြောင်းပြချက်များ ပေးနေသည်ကို သိသလို ဟွာကျိုင်းဂိုဏ်း၏ အကြီးအကဲများသည်လည်း ဘာတွေဖြစ်နေသည်ကို သဘောပေါက်ကြသော်လည်း သက်သေမရှိဘဲ ချီဝူကျန်းရမ်သည် သူ လိုသလောက် ငြင်းဆိုနိုင်သည်။

မြင်ကွင်းတစ်ခုလုံးဟာ ပိတ်ဆို့သွားရတော့၏။

ထိုအချိန်တွင် ခေါင်းဆောင်ငယ်၏ ကျောက်စိမ်းတံဆိပ်သည် ရုတ်တရက် တုန်ခါလာသည်။

သူသည် ကျောက်စိမ်းတံဆိပ်ကို ဖွင့်ကာ အလျင်အမြန် စစ်ဆေးလိုက်သည်။

အနည်းငယ် ရယ်မောပြီးနောက် သူသည် ကျယ်လောင်စွာ ပြောလာတော့သည်။ “တောင်းပန်ရမယ်? ကျွန်တော် မတောင်းပန်ဘူး။ မတောင်းပန်ရုံတင်မကဘူး သန်းနျန်ကိုလည်း ရှင်းမျိုးနွယ်စုဆီ ပြန်ခေါ်သွားမယ်”

ချီဝူကျန်းရမ်သည် သူ၏မျက်လုံးများကို မော့ကြည့်လိုက်ပြီး ဂရုမစိုက်သောမျက်လုံးများတွင် အံ့အားသင့်မှု အနည်းငယ်ရှိနေသည်။ “မင်း…”

ရှင်းမျိုးနွယ်စု၏ခေါင်းဆောင်သည် ချီဝူကျန်းရမ်ထံသို့ ခြေလှမ်းအနည်းငယ် တိုးလာသည်။ အကြီးအကဲများက သူ ရုတ်တရက် ရိုက်နှက်မည်ကို စိုးရိမ်နေချိန်တွင် သူသည်စကားလုံးတစ်လုံးချင်း ပြောလိုက်သည်။ “ချီဝူ၊ မင်းအတွက် ပြောပေးခဲ့တဲ့ လူတွေဖြစ်တဲ့ လုချူယီနဲ့ ချီရှန့်တို့က အခု အကျဉ်းချခံထားရပြီး ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်တော့ဘူး”

“နောက်ခါ မင်းအလှည့်ပဲ”

“အဲဒီနေ့ ရောက်လာဖို့ ငါစောင့်နေမယ်”

စကားဆုံးသော် ရှင်းမျိုးနွယ်စု၏ခေါင်းဆောင်သည် အကြီးအကဲများကို တည်ငြိမ်စွာ ကြည့်ကာ “ခင်ဗျားတို့ ပြောစရာ ရှိ‌သေးလား”

အကြီးအကဲများသည် သူ ဘာကို မြင်ခဲ့သည်ကို မသိဘဲ အချင်းချင်း ကြည့်လိုက်ကြသည်။

သို့သော် ရှင်းမျိုးနွယ်စုသည် အင်အားကြီးပြီး ခေါင်းဆောင်နှင့် ပွင့်ပွင့်လင်းလင်းရန်ဖြစ်ခြင်းသည် သူတို့အတွက် အကျိုးမရှိပေ။

သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ဘေးဖယ်ပေးလိုက်ကြသည်။

ရှင်းမျိုးနွယ်စု၏ လူငယ်ခေါင်းဆောင် ထွက်သွားသည်နှင့် အကြီးအကဲများသည် သူတို့၏ကျောက်စိမ်းတံဆိပ်များကို အလျင်အမြန် ဖွင့်လိုက်ကြပြီး တစ်ချိန်တည်းလိုလိုပင် “နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ” ကို ဝင်ရောက်ကြည့်ရှုလိုက်ကြသည်။

ပို့စ်များစွာသည် သူတို့၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။

ထိပ်ဆုံးပို့စ်က: အချစ်စစ်က အရာအားလုံးကို ကျော်လွှားနိုင်တာလား။ မဟုတ်ဘူး၊ သူတို့က သူ့ခယ်မအတွက် အစားထိုးများသာသာပဲ — နတ်ဘုရား ချီရှန့်

နောက်ထပ် ပို့စ်နှစ်ခုမှာ:

နတ်ဘုရား ချီရှန့်၏ဝမ်းကွဲက သူနှင့် အဆက်ဖြတ်ကြောင်း ကြေညာလိုက်သည်!

ဟွာကျိုင်းဂိုဏ်း၏ ဒုတိယအကြီးအကဲက မွေးစားသမီး လုချူယီနှင့် ဆက်ဆံရေး ပြတ်တောက်ကြောင်း ကြေညာလိုက်သည်!

ဤအချိန်တွင် အကြီးအကဲများသည် ကြောင်အသွားကြသည်။

ပြတ်တောက်ခြင်းလား။

ဘယ်လိုလုပ် ရုတ်တရက် ဒီလိုဖြစ်သွားရတာလဲ။

ပြီးတော့ ဒီပို့စ်နှစ်ခုလုံးက ဒီလိုဖြစ်နေတာလဲ။

ဤကိစ္စများ၏ အမှန်တရားကို အတည်ပြုပြီးနောက် သူတို့သည် မြေပြင်ပေါ်တွင် ဒဏ်ရာများကို ကုသနေသော ချီဝူကျန်းရမ်ကို ကူရာကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။

နောက်တစ်ခါ တကယ်ပဲ သူ့အလှည့်လား။

__

နဉ်ရွှီနှင့် အခြားသူများသည် ဝူလုချန်နှင့် ပြန်လည်ဆုံဆည်းသောအခါ ဖရဲသီးစားခြင်းစနစ်သည် နောက်ဆုံးအခြေအနေကို သတင်းပို့နေသည်။

[ချီဝူ၊ အဲဒီဆိုးယုတ်တဲ့ အဘိုးကြီးက နင့်အကြောင်း သတင်းအချက်အလက်တွေ ရှာနေတယ်]

ချီအာ: !!!

ဆိုးယုတ်တဲ့..အဘိုးကြီး… ဘာ?

ဒါက ချီဝူကို အဲဒီလို ခေါ်ရဲတာလား?!

ဒါဆို သူခန့်မှန်းခဲ့တာ မှန်သွားတာလား?!

“နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ” မှာ ဂယက်ရိုက်နေတဲ့ ပို့စ်တွေက တကယ်ပဲ သူ့ရှေ့က လူကတင်ခဲ့တာလား။

နဉ်ရွှီက မေးလာ၏။ “သူ ငါနဲ့ အချေအတင်ဖြေရှင်းချင်လို့ လာရှာတာလား” သူမသည် တခြားအကြောင်းပြချက်ကို စဉ်းစားလို့မရပေ။

ဖရဲသီးစားခြင်းစနစ်သည် စုတ်သပ်၍ [မဟုတ်ဘူး၊ သူ နင်နဲ့ သီးသန့်ဖြေရှင်းချင်ပုံရတယ်]

နဉ်ရွှီ: …

ချီဝူကျန်းရမ် စိတ်ပူပန်လာပုံရသည်။

စံနမူနာနှစ်ခု ရှိနေပြီဆိုတော့ သူ စိတ်မပူဘဲမနေနိုင်ပေ။

သို့သော် သူ၏ သီးသန့်ဖြေရှင်းရေး အစီအစဉ်သည် မအောင်မြင်နိုင်ပါ။

သူတို့ စုဝေးပြီး မကြာမီတွင် ဆရာ-တပည့် အချစ်ဇာတ်လမ်းမှ နောက်ထပ် အဓိကပုဂ္ဂိုလ်ဖြစ်သူ မွေးရာပါတာအိုခန္ဓာကိုယ်နှင့် တွေ့ဆုံခဲ့ကြ၏။

ငြင်းမရသော ပါရမီရှင်တစ်ဦးအနေဖြင့် မွေးရာပါတာအိုခန္ဓာကိုယ်သည် သူမသွားလေရာရာတွင် အမြဲတမ်း ထင်ရှားနေတတ်သည်။

သူမ၏ ဘေးကင်းရေးကို သေချာစေရန် သူမသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သော ကိုယ်ရံတော်နှစ်ဦးဖြင့် လိုက်ပါခဲ့သည်။ ထို့အပြင်ကျင့်ကြံသူများစွာသည် သူမကိုဝန်းရံထားကြပြီး ၎င်းတို့သည် သူမ၏ တာအိုမိတ်ဆွေများ ဖြစ်နိုင်ဖွယ်ရှိသည်။ သူတို့သည် ကြယ်များ ဝန်းရံထားသော လကဲ့သို့ သူမကို ဝန်းရံထားကြ၏။

သူမနှင့် တွေ့ဆုံသောအခါ နဉ်ရွှီနှင့်အခြားသူများဟာ မြစ်ဘေးတွင် အနားယူနေကြသည်။

မွေးရာပါတာအိုခန္ဓာကိုယ်၏ အဖွဲ့သည်လည်း ဒီလိုစီစဉ်ထား ပုံရ၏။

မြစ်ကမ်းဘေးသည် ကျယ်ဝန်းပြီး မည်သည့် ဝိညာဉ်သားရဲ သို့မဟုတ် ကျင့်ကြံသူများက ချောင်းမြောင်းတိုက်ခိုက်လာပါက ချက်ချင်း သတိပြုမိနိုင်သည်။

နဉ်ရွှီသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အာရုံစိုက်ခြင်းကို ရပ်လိုက်သည်။ မြစ်ကမ်းဘေးသည် သူတို့၏ အဖွဲ့နှစ်ဖွဲ့လုံးအတွက် လုံလောက်စွာ ကျယ်ဝန်းပါသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ချီသန့်စင်ခြင်း နဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ ဖိအားဖြင့်ပြည့်နေသော အသံတစ်ခု ပဲ့တင်ထပ်လာ၏။

“ဘေးဖယ်ပေး! နေရာမယူနဲ့!”

နဉ်ရွှီ: ???

နောက်ထပ် မရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ငါတို့ကို ဒီနေရာ လိုအပ်တယ်။ ချက်ချင်း ထွက်သွား!”

နဉ်ရွှီ: …

သူမသည် ဤလူများ ဤမျှလွှမ်းမိုးချုပ်ကိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ၊ နေရာကို လိုချင်နေကြသည်။

ဤလုပ်ငန်းစဉ်အတွင်း မွေးရာပါတာအိုခန္ဓာကိုယ်သည် သူမကိုယ်တိုင်စကားပြောရန် လိုအပ်သည် မဟုတ်၊ အခြားသူများက သူမအတွက် အရာအားလုံးကို ဂရုစိုက်ခဲ့ကြသည်။

နဉ်ရွှီနှင့် အခြားသူများသည် တုံ့ပြန်ခြင်း မရှိခဲ့ပေ။

ပထမဆုံး စကားပြောသူက ဆက်ပြောလာတော့သည်။ “ခုအခြေအနေကို နားမလည်ဘူးလား!”

[ဒါက မြင်သာတဲ့ ရန်စမှုပဲ!]

[သူတို့က သူတို့လူများတာကို အခွင့်ကောင်းယူနေကြတာ!]

တကယ်ပါပဲ။

သူတို့တွင် လူအများအပြားရှိပါသည်။ အရေအတွက်အရ သူတို့သည် အသာစီးရရှိထား၏။ သူတို့၏အဖွဲ့တွင် ချီသန့်စင်ခြင်း နဝမအဆင့် ကျင့်ကြံသူများစွာရှိသောကြောင့် သူတို့နှင့် တိုက်ရိုက် ရင်ဆိုင်ခြင်းသည် ပညာရှိရာ မရောက်ပေ။

သူတို့နှင့် တည့်တည့် မရင်ဆိုင်နိုင်သော်လည်း သူတို့အတွက် ပြဿနာလေးများ ဖန်တီးပေးနိုင်သေးသည်။

[Host၊ သူတို့ကို စွမ်းအားအချို့ပြဖို့ နည်းလမ်းရှာလိုက်!]

နဉ်ရွှီ: “ကောင်းပြီ”

ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်သည် ဆက်လက် အော်ဟစ်နေပြီး တည်ငြိမ်ခြင်းမရှိသေးပေ။

[မွေးရာပါတာအိုခန္ဓာကိုယ်လား။ သူမ တကယ်ပဲတက်လှမ်းနိုင်မယ်လို့ ထင်နေတာလား]

[သူမရဲ့ အထူးခန္ဓာကိုယ်ဆိုတာကြီးကို လုယူလို့မရလို့သာ မဟုတ်ရင် ငါအဲဒါကို လုယူပြီး နင့်အပေါ် ဖိကပ်လိုက်ပြီပြီ!]

နဉ်ရွှီ: …

အဲဒါကို လုပ်ဖို့ မလိုအပ်လောက်ပါဘူး။

[ဒါက အရမ်းလွန်နေပြီ၊ ဒီလောက်လေးနဲ့ ဘာ်သူ့ကိုမှ မျက်လုံးထဲမထည့်ချင်တော့ဘူးတဲ့လား!]

[ဒီမြစ်ကမ်းဘေးက သူတို့ ဟွာကျိုင်းဂိုဏ်းကပိုင်တာလား။ ဟား၊ ရယ်စရာပဲ!]

[ဖရဲသီးနဲ့ ပစ်လိုက်! အားနဲ့ ပစ်ရမယ်!]

[အရင်ဆုံး အဲဒီဆိုးယုတ်တဲ့ အဘိုးကြီးချီဝူကို ရှင်းပစ်ရအောင်]

[အဲဒီဆိုးယုတ်တဲ့ အဘိုးကြီး ချီဝူကို ရှင်းပြီးရင် ဒီငွေကြယ်လေးရဲ့ အလှည့်ပဲ! စောင့်နေကြပါ၊ နင်တို့ အားလုံး!]

နဉ်ရွှီ: …

ချီအာ: !!!!

__

All Chapters