အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း (၄၅)
ကျင့်ကြံခြင်းလောကတွင် အဆင့်နိမ့်ကျင့်ကြံသူများသည် အဆင့်အတန်းနိမ့်ပါးကြပြီး ပါရမီရှင်ကျင့်ကြံသူများ၏ ရှေ့တွင်ပုရွက်ဆိတ်များကဲ့သို့ အရေးမပါကြပေ။
ယေဘုယျအားဖြင့် အထက်မှလူများက အောက်မှလူများကို မထီမဲ့မြင်ပြုခြင်းဟူသော ဤအဆင့်အတန်း ခွဲခြားမှုကို အဆင့်မြင့်ကျင့်ကြံသူများက ထိုသို့ပွင့်ပွင့်လင်းလင်း ပြသလေ့မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းလောကသည် အဆင့်နိမ့် ကျင့်ကြံသူများ ရှိနေရန် လိုအပ်ပြီး၊ ထိုသူတို့ဟာ များပြားလှသည်မဟုတ်လား။
အချို့သော ခံစားချက်များကို ပြသရန်မလိုအပ်ပေ။
သို့သော် မွေးရာပါတာအိုခန္ဓာကိုယ်တွင် ထိုသို့သောထိန်းသိမ်းမှုများ လုံးဝမရှိသည်မှာ ရှင်းနေ၏။
သူမ၏ ပြိုင်ဘက်ကင်းသော ပါရမီနှင့် သူမအတွက် အရင်းအမြစ်အားလုံးကို ဖြုန်းတီးပေးသော အကြီးအကဲတို့ကြောင့် သူမ၏ဂိုဏ်းမှ အလွန် အလေးထားခြင်းကိုခံရသည်။ ဤအချက်များအားလုံးသည် သူမ၏မာနကြီးသော စရိုက်ကို ပုံဖော်ပေးခဲ့သည်။ သူမဟာ ဆရာတစ်ဦးတည်းကိုသာ အလေးပေးဆက်ဆံလေ၏။
သူမသည် အခြားသူတိုင်းကို အရေးမစိုက်ပေ။ သူမ၏ လမ်းကို ပိတ်ဆို့သော မည်သူမဆိုကို ပယ်ရှားလိုက်ရုံသာ။
မွေးရာပါတာအိုခန္ဓာကိုယ်၏ အဖော်က သူတို့ကိုထွက်ခွာရန် ပြောခဲ့သည့်အချိန်မှစ၍ ဖရဲသီးစားခြင်းစနစ်သည် ညည်းညူခြင်းမရပ်သေးပေ။
၎င်းအတွက်မူ နဉ်ရွှီနှင့် ပေါင်းစည်းပြီးနောက် သူနှင့်တစ်သားတည်း ဖြစ်သွားခဲ့သည်။ မွေးရာပါတာအိုခန္ဓာကိုယ်သည် နဉ်ရွှီကို မထီမဲ့မြင်ပြုပါက ၎င်းကိုလည်း မထီမဲ့မြင် ပြုခြင်းဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်သည် ဒေါသတကြီးဖြင့် ညည်းညူလာ၏။
[ပါရမီရှင်တွေ အများကြီးရောက်လာခဲ့ပေမယ့် သူမတစ်ယောက်ပဲ အဆင့်နိမ့်ကျင့်ကြံသူတွေကို ကျင့်ကြံသူအဖြစ် မသတ်မှတ်တာ]
[အဲ့တာကြောင့် တာအိုခန္ဓာကမတက်ကြွသေးတာကို မမြင်ဘူးလား?]
[ဒီလိုမျိုးကောင်းပြီး ဖြူစင်တဲ့သူကိုများ]
[သူမက အရမ်းမာနကြီးလွန်းလို့ သူမ ဘယ်သူဖြစ်မှန်းတောင် မသိတော့ဘူး]
[မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် သေချာကြည့်ဖို့ ငါအကြံပေးချင်တယ်!]
[သူမ တကယ် ဘာလဲဆိုတာကို သိစေချင်လို့!]
နဉ်ရွှီ: …
ဖရဲသီးစားခြင်းစနစ်သည် တကယ်ကို ဒေါသထွက်နေသည်မှာ ရှင်းနေ၏။
သူတို့၏ ဝမ့်ရှင်းဂိုဏ်းသည် ထိပ်တန်းဆယ်ဂိုဏ်းထဲတွင် သတ္တမအဆင့်တွင်ရှိနေသေးသည်။ အခြားသေးငယ်သော ဂိုဏ်းမှ တပည့်များဆိုလျှင် ပို၍ပင် ခက်ခဲနိုင်ဖွယ်ရှိ၏။
ဒီမြစ်ကမ်းဘေးက ကျယ်ပြီး ဗလာကျင်းနေပေသည်။ သူတို့ အဖွဲ့နှစ်ဖွဲ့ကို လက်ခံနိုင်ရုံသာမက နောက်ထပ် ဆယ်ဖွဲ့ထပ်ထားရင်တောင် ပြဿနာမရှိနိုင်။
သူတို့ အချင်းချင်း ဂရုမစိုက်ဘဲ နေနိုင်သော်ငြား ဟွာကျိုင်းဂိုဏ်းက လူတွေက ဤမျှရိုင်းစိုင်းလှသည်ပင်။
ဤအချိန်တွင် သူတို့ မထွက်ခွာသေးသည်ကို မြင်သောအခါ မွေးရာပါတာအိုခန္ဓာကိုယ်၏ တာအိုမိတ်ဆွေတစ်ဦးက ထပ်မံ ပြောလိုက်သည်။ “မင်းတို့ မထွက်သွားကြသေးဘူးလား”
နဉ်ရွှီသည် သူ၏ အဖော်များကို အချက်ပြလိုက်သည်။ သူတို့တွင် လူများလွန်းပြီး သူတို့နှင့် တည့်တည့်ရင်ဆိုင်ခြင်းသည် ပညာရှိရာ မရောက်ပေ။
မြစ်ကမ်းဘေးမှ ထွက်ခွာပြီး ထိုလူများမမြင်နိုင်တော့မှသာ နဉ်ရွှီက ပြောလာ၏။ “ဒီမှာ ခဏနားကြရအောင်”
မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။
နဉ်ရွှီ ထိုင်ပြီး မျက်လုံးမှိတ်လိုက်သည်ကို မြင်သောအခါ ချီအာတွင် သံသယအချို့ရှိလာရသည်။ သူ၏လက်များသည် စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် တုန်ယင်နေ၏။
သူမသည် လူယုတ်မာ… မဟုတ်ဘူး၊ သူမသည် နတ်ဘုရား ချီဝူကို အခု ကိုင်တွယ်တော့မှာလား။
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်ကို ပြောလိုက်သည်။ “ငါအစောပိုင်းက ရေးထားတဲ့ ပို့စ်ကို အခုတင်လိုက်တော့”
ဖရဲသီးစားခြင်းစနစ်သည် ပြင်းထန်သောလေသံဖြင့် ပြန်ဖြေလေ၏။ [ကောင်းပြီ!]
[နတ်ဘုရားရဲ့ တူကို လကိခံဖို့ပြင်ဆင်ထား! ဒီအတ္တကြီးတဲ့ ဆရာ-တပည့် စုံတွဲက သူတို့ရဲ့စီရင်ချက်ကို မကြာခင် ရင်ဆိုင်ရတော့မှာ!]
__
ဤအချိန်တွင် နတ်ဘုရား ချီဝူသည် ဘာတွေဖြစ်ပျက်နေသည်ကို မသိသေးပေ။
သူသည် “ဖရဲသီးရွှေ့ပြောင်းသူ” အကြောင်း သတင်းအချက်အလက်များကို စုဆောင်းရန် ကြိုးစားနေဆဲဖြစ်ပြီး သီးသန့် စကားပြောရန် မျှော်လင့်ခဲ့သော်လည်း အချည်းနှီးသာ။ နောက်ဆုံးတွင် သူသည် ရှင်းချန်ဂိုဏ်းမှ အကြီးအကဲတစ်ဦးကို သွားရှာရသည်။
ရှင်းချန်ဂိုဏ်းသည် ဗေဒင်ပညာတွင် ကျွမ်းကျင်ပြီး လူရှာဖွေခြင်းတွင် အထူး ထူးချွန်သည်။
ရှင်းချန်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက လုပ်ဆောင်ပါက “ဖရဲသီးရွှေ့ပြောင်းသူ” ကို ရှာဖွေခြင်းသည် ပြဿနာမရှိနိုင်ပေ။
သို့သော် ချီဝူသည် သူနှင့် ရင်းနှီးသော အကြီးအကဲနေထိုင်ရာ တောင်သို့ ရောက်သည်နှင့် တပည့်တစ်ဦးက အကြီးအကဲသည် လွန်ခဲ့သည့် ဆယ့်ငါးမိနစ်ခန့်က တံခါးပိတ် ကျင့်ကြံခြင်းပြုရန် ဝင်ရောက်သွားပြီး ခေတ္တခဏ မည်သူနှင့်မျှ တွေ့မည် မဟုတ်ကြောင်း အသိပေးလာခဲ့၏။
ချီဝူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်တော့်အတွက် သတင်းစကားတစ်ခုလောက် ပါးပေးလို့ ရမလား။ ကျွန်တော် သူ့ကို အရေးတကြီး စကားပြောဖို့ လိုအပ်နေလို့ပါ”
တပည့်က ခေါင်းယမ်းလိုက်သည်။ “အကြီးအကဲက မကျင့်ကြံခင်မှာ ဘယ်သူ့ကိုမှ လက်ခံမတွေ့ဘူးလို့ ပြောခဲ့ပါတယ်”
မည်သူမျှ… ဟုတ်ပါတယ်၊ ချီဝူလည်း ပါဝင်ပေသည်။
အကြောင်းတစ်ခုခုကြောင့် ချီဝူသည် အကြီးအကဲသည် သူ့ကို တမင်ရှောင်ရှားနေသည်ဟု မရေရာသော ခံစားချက်တစ်ခု ရခဲ့သည်။
ဒါပေမဲ့ ဘာကြောင့်လဲ။
ဤအကြီးအကဲက တံခါးပိတ်နေပြီဆိုတော့ တခြား အကြီးအကဲတွေ အားနေလောက်မှာ မဟုတ်လား။
သူ၏ လက်ရှိရာထူးသို့ ရောက်ရှိလာပြီးနောက် ချီဝူသည် ကျင့်ကြံခြင်းလောကရှိ အင်အားကြီးပုဂ္ဂိုလ်တိုင်းနှင့် ဆက်ဆံရေးကောင်းရှိသည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံး သူတို့အများစုနှင့် သူ၏ဆက်ဆံရေးသည် အဆင်ပြေပါသည်။
သူသည် ရှင်းချန်ဂိုဏ်းတွင် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ပြီးမှသာ ထို “သင့်လျော်သော” ဆက်ဆံရေးများသည် မည်မျှ ဗလာနတ္တိဖြစ်သည်ကို သူ သဘောပေါက်ခဲ့ရ၏။
ရင်းနှီးသော အကြီးအကဲများက သူ့ကို ရှောင်ရှားကြသည်၊ အသိဉာဏ်အနည်းဆုံးသူပင် တစ်ခုခု မှားနေသည်ကို သိလာမည်၊ မညံ့သော ချီဝူကိုတော့ ပြောစရာ မလိုတော့ပေ။
““ဖရဲသီးရွှေ့ပြောင်းသူ”က တကယ် ဘယ်သူလဲ”
သူ ထပ်မံ ကြိုးပမ်းရန် ပြင်ဆင်နေစဉ် သူ၏ကျောက်စိမ်းဆွဲသီးသည် ရုတ်တရက် မြည်လာသည်။
သတင်းစကားသည် သူ၏ ဂိုဏ်းဖော်ထံမှလာခြင်း ဖြစ်သည်။
သတင်းစကားသည် အလွန် တိုတောင်းလှသည်— “ကြည့်” ဟူသော စကားလုံး တစ်လုံးတည်းသာ။
ဘာကို ကြည့်ရမှာလဲ။
ရုတ်တရက် စိတ်မချမ်းမြေ့မှုတစ်ခုသည် ချီဝူ၏နှလုံးသားကို ဖမ်းဆုပ်လိုက်၏။
“နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ”
အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် ကျင့်ကြံသူများစွာသည် သူတို့ မျှော်လင့်နေခဲ့သော ပို့စ်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ စိတ်လှုပ်ရှားစွာဖြင့် သူတို့သည် ချက်ချင်းပင် သတင်းစကားကိုဖြန့်ဝေပြီး သတင်းကို မျှဝေခဲ့ကြသည်။
မျှဝေပြီးနောက် သူတို့သည် ပို့စ်အသစ်ကို စိတ်အားထက်သန်စွာ ဖွင့်ဖတ်ခဲ့ကြသည်။
“ဖရဲသီးရွှေ့ပြောင်းသူ”၏ နောက်ဆုံး စကားဝိုင်းသည် အမြဲလိုလို မျက်စိပသာဒ ရှိသောခေါင်းစဉ်ဖြင့် ရှိနေသည်—
“ချီဝူနှင့် မွေးရာပါတာအိုခန္ဓာကိုယ် ဆရာ-တပည့် စုံတွဲမှ သန်းနျန်အပေါ် ဆေးလုံး အသုံးပြုရာတွင် အမျိုးမျိုးသော နည်းလမ်းများ”
ခေါင်းစဉ်သည် ရိုးရှင်းပြီး ရှင်းလင်းပါသည်။
ချီဝူက သက်သေမရှိဟု အခိုင်အမာ ပြောခဲ့သည် မဟုတ်လား။
ကောင်းပြီ၊ အခု သက်သေရှိပြီ!
စိတ်အားထက်သန်ပြီး ရင်ခုန်နေသော ကျင့်ကြံသူများသည် ပို့စ်ကို ဖတ်ရှုခြင်း စတင်ခဲ့ကြသည်။
သူတို့ ဖတ်လေလေ၊ သူတို့၏ အံ့အားသင့်သော အမူအရာများ ပို၍ ပို၍ တိုးလာလေလေပင်။
“ဖရဲသီးရွှေ့ပြောင်းသူ” သည် အသေးစိတ်ကျမှုကို အလွန်အမင်း ထည့်သွင်းခဲ့သည်!
စာမူအသစ်သည် အောက်ပါအတိုင်းဖြစ်ပါသည်..
[ကျင့်ကြံခြင်းပြက္ခဒိန် နှစ် ၂၁၅၊ ဇူလိုင်လ ၁ ရက်နေ့တွင်၊ မင်း အဆင့်နိမ့် ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ဆွေးမြေ့တဲ့မြက်နဲ့ ထိတွေ့ခဲ့တယ်။ ဒီဆေးပင်တစ်ခုတည်းက သိပ် အသုံးမဝင်ပါဘူး၊ အများဆုံး အပင်တွေနဲ့ သစ်ပင်တွေကို အနည်းငယ် စားနိုင်တဲ့ အကျိုးသက်ရောက်မှုပဲရှိတယ်။
ဒါပေမဲ့ အဲဒီနှစ်ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ မင်း ဆွေးမြေ့မြက်က လိပ်ပြာတောင်ပံနဲ့ ထိတွေ့တဲ့အခါ တောင်ပံတွေက ချက်ချင်း မည်းမှောင်သွားတာကို မတော်တဆ တွေ့ရှိခဲ့တယ်။ ဒီမည်းမှောင်မှုက အဆိပ်အတောက် အနည်းငယ် ရှိနေခြင်းရဲ့ လက္ခဏာဖြစ်ပြီး လိပ်ပြာတောင်ပံက မင်းရဲ့ တာအိုလက်တွဲဖော် နှစ်ပေါင်းများစွာ စားသုံးနေတဲ့ သန့်စင်ဆေးလုံးရဲ့ အဓိက ပါဝင်ပစ္စည်းပဲ။
၂၁၅ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ မင်းက ဆွေးမြေ့မြက်ပါဝင်တဲ့ အဆင့်မြင့်ခန္ဓာကိုယ်အားဖြည့် သန့်စင်ဆေးလုံးကို ကျန်းမာရေးညံ့ဖျင်းတဲ့ အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးကို ပေးခဲ့တယ်။
ဒီကျင့်ကြံသူက မင်း ကြိုးစားပမ်းစား ရှာဖွေခဲ့ရတဲ့သူဖြစ်ပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေက မင်းရဲ့တာအိုလက်တွဲဖော်နဲ့ ဆင်တူတယ်။ သူက မင်းရဲ့ လုပ်ရပ်တွေကို မသိခဲ့ဘူး။ မင်းပေးတဲ့အလကား အဆင့်မြင့် ခန္ဓာကိုယ်အားဖြည့် သန့်စင်ဆေးလုံးအတွက် ကျေးဇူးတင်ပြီး မင်းကိုအလွန်အမင်း ကျေးဇူးတင်စကား ပြောခဲ့တယ်။
၂၁၅ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ ဒီကျင့်ကြံသူ ဆေးသောက်ပြီး တစ်လကြာတဲ့နေ့မှာ မင်း ရင်းနှီးတဲ့ ဆေးဖက်ဆိုင်ရာ ကျင့်ကြံသူတစ်ဦးကို သူ့ကို စစ်ဆေးဖို့ စီစဉ်ခဲ့တယ်။
ရောဂါရှာဖွေမှုက မကျေနပ်စရာ ဖြစ်ခဲ့တယ်၊ ကျင့်ကြံသူက ကျန်းမာရေး ညံ့ဖျင်းနေပုံရပေမယ့် အဆိပ်သင့်ခြင်း လက္ခဏာ မတွေ့ခဲ့ဘူးလေ။
၂၁၅ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့၊ ကျင့်ကြံသူ ဆေးသောက်နေတာ နှစ်လ ရှိခဲ့ပြီ။ မင်းက မရင်းနှီးတဲ့ ဆေးဖက်ဆိုင်ရာ ကျင့်ကြံသူတစ်ဦးကို သူ့ကို စစ်ဆေးဖို့ ထပ်မံစီစဉ်ခဲ့တယ်။ ရောဂါရှာဖွေမှုက အရင်အတိုင်းနီးပါး ဖြစ်ခဲ့တယ်၊ သူက ကျန်းမာရေး ညံ့ဖျင်းနေဆဲဖြစ်ပေမယ့် အဆိပ်သင့်ခြင်း လက္ခဏာ မတွေ့ခဲ့ဘူး။
၂၁၅ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ မင်းက မင်းရဲ့တာအိုလက်တွဲဖော်ကို ဆွေးမြေ့မြက် ရောထားတဲ့ ခန္ဓာကိုယ်အားဖြည့် သန့်စင်ဆေးလုံးကို ပထမဆုံးအကြိမ်ပေးခဲ့ပါတယ်။ မင်းရဲ့ရုတ်တရက် ကြင်နာမှုက သူမကို အံ့အားသင့်စေခဲ့ပြီး အဲဒီနေ့ကစပြီး သူမ စားသုံးတဲ့ ခန္ဓာကိုယ်အားဖြည့် သန့်စင်ဆေးလုံးတိုင်းမှာ ဆွေးမြေ့မြက် ပါဝင်ခဲ့တယ်။
၂၁၆ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင်၊ မွေးရာပါတာအိုခန္ဓာကိုယ်က သူမရဲ့ခံစားချက်တွေကို မင်းကို ရင်ဖွင့်ခဲ့ပြီး မင်းက သူမကို စောင့်ဆိုင်းဖို့ ပြောခဲ့တယ်။ သူမက ဘာကြောင့်လဲလို့ မေးတဲ့အချိန် မင်း အမှန်တရားကို ဖော်ထုတ်ခဲ့တယ်။ သူမက အဲဒီအချိန်မှာ ဘာမှ မပြောခဲ့ပေမယ့် နောက်တစ်နေ့မှာ သူမက အဆင့်နိမ့် ဆွေးမြေ့မြက် အမြောက်အမြားကို စုဆောင်းခဲ့တော့တယ်။
ဆွေးမြေ့မြက်က အဆင့်နိမ့်ဆေးပင် ဖြစ်တော့ သိပ် မရှားပါးဘူး။ ဒါပေမဲ့ ပုံမှန်အားဖြင့် စိုစွတ်၊ အေးမြတဲ့ နေရာများမှာ ပေါက်ရောက်ပြီး ရှာရခက်ခဲတယ်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ မင်း ကူညီနေတယ်လို့ ထင်ခဲ့တဲ့ ကျင့်ကြံသူ၊ မင်း အကူအညီပေးနေတယ်လို့ ယုံကြည်ခဲ့သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖုန်မှုန့်ဖြစ်သွားခဲ့ပြီ။
ဒါပေမယ့် ခွဲစိတ်စစ်ဆေးမှု ပြုလုပ်ရင် ဆွေးမြေ့မြက်က လိပ်ပြာတောင်ပံကို ထိတွေ့မှုကြောင့် ကျန်ရစ်ခဲ့တဲ့အစအနတွေကို သူ့ရုပ်ကြွင်းထဲမှာ တွေ့ရှိနိုင်းသေးတယ်။
အကြီးမားဆုံး သက်သေကတော့ မင်းရဲ့တာအိုလက်တွဲဖော်ပဲ။
သူမမှာ အပိုခန္ဓာကိုယ်အားဖြည့်ဆေးလုံး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ ဆေးလုံးတိုင်းကို မင်းကိုယ်တိုင် ကိုယ်တိုင် စီမံခဲ့တာ။
သူမက မင်း ကြင်နာနေတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ မင်းရဲ့ ရည်ရွယ်ချက်ကို တခြားသူတွေ သိသွားမှာကို မင်းကြောက်ခဲ့လို့ပဲ။
ဆွေးမြေ့မြက် ပါဝင်တဲ့ ခန္ဓာကိုယ်အားဖြည့်ဆေးလုံးက သာမန်ဆေးလုံးတွေနဲ့ ယှဉ်ရင် အနည်းငယ် ခါးတဲ့ အရသာရှိတယ်။ မင်းရဲ့ တာအိုလက်တွဲဖော်က တစ်ခါက မင်းကို အဲဒါနဲ့ ပတ်သက်ပြီးမေးခဲ့ဖူးတယ်၊ မင်းက “မင်းရဲ့ ကျန်းမာရေးက မကောင်းလို့ အရသာခံစားမှုအပေါ် သက်ရောက်မှု ရှိနေတာ” လို့ ပြောခဲ့တယ်လေ။
*အရင်က မင်းရဲ့ အကြီးမားဆုံး ယုံကြည်မှုက သန်းနျန်ရဲ့ ခန္ဓာကိုယ်မှာ အဆိပ်သင့်ခြင်း လက္ခဏာ မပြနိုင်ဘူးလို့ ယုံကြည်ခဲ့တာကနေလာတာပါ။
လက္ခဏာ မရှိခဲ့တာ မဟုတ်ဘူး၊ မင်း ငှားရမ်းခဲ့တဲ့ ဆေးဖက်ဆိုင်ရာ ကျင့်ကြံသူတွေက မကောင်းခဲ့ရုံပဲ။
အဆင့်ရှစ် ဆေးဖက်ဆိုင်ရာ ကျင့်ကြံသူတစ်ဦးက ဒါကို တွေ့ရှိနိုင်တယ်။
ဒါကြောင့် ချီဝူ၊ မင်း အခု ဘာပြောစရာ ရှိသေးလဲ]
(T/N- အဆိပ်မိတယ်ဆိုတာ မပေါ်တော့ လူမမိနိုင်ဘူးထင်ပြီး အဆိပ်ခပ်တာပါ)
“နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ” မှ ကျင့်ကြံသူများသည် နောက်ဆုံးစာကြောင်းကို ဖတ်သောအခါ စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေခဲ့ကြသည်။
ဤကဲ့သို့ မေးခွန်းထုတ်ခံရသော နောက်ဆုံးပုဂ္ဂိုလ်မှာ ချီဝူ၏ ရင်းနှီးသော သူငယ်ချင်းဖြစ်သူ ချီရှန့်ကျန်းရမ် ဖြစ်သည်။
ထို့နောက် ချီရှန့်ကျန်းရမ်သည် သူ၏ ညီအစ်ကိုဝမ်းကွဲ၏ မိသားစုမှ အဆက်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဒါဆို ချီဝူရဲ့ ကံကြမ္မာက ဘာဖြစ်မလဲ။
သူတို့ မကြာခင် သိရှိရတော့မည်။
အဘယ်ကြောင့်ဆိုသော် ဆယ်မိနစ်အကြာတွင် ချီဝူ၏ တာအိုလက်တွဲဖော်၏ အစ်ကို—ရှင်းမျိုးနွယ်စု၏ မျိုးနွယ်ခေါင်းဆောင်—သည် “နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ” တွင် ပထမဆုံးအကြိမ် ပို့စ်တင်ခဲ့သည်။
[ရှင်းမျိုးနွယ်စုဟာ ချီဝူ၊ ရွှီယဲ့ ဆရာ-တပည့် စုံတွဲနဲ့ သေတဲ့အထိ ရင်ဆိုင်မှာ!!!]
ဤပို့စ်နောက်တွင် သန်းနျန် ကိုယ်တိုင်လည်း ပို့စ်တင်ခဲ့၏။
[ဒီနေ့၊ ကျွန်မ ရှင်းချီသန်းက ချီဝူနဲ့ တာအိုလက်တွဲဖော်အဖြစ် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်လိုက်ပါပြီ။ အခုကစပြီး ကျွန်မတို့ ဘယ်လိုနည်းနဲ့မှ ဆက်နွယ်မှုမရှိတော့ဘူး!]
__
ဤပို့စ်နှစ်ခုကို ဖရဲသီးစားခြင်းစနစ်မှ နဉ်ရွှီထံသို့ အလျင်အမြန် ပြောပြခဲ့သည်။
ဖရဲသီးစားခြင်းစနစ်သည် စိတ်လှုပ်ရှားနေ၏။ [စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ! တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်!]
[နောက်ထပ် ဆက်ဆံရေး ပြတ်တောက်မှု တစ်ခု!]
နဉ်ရွှီ: …
အခြားသူများက ပြန်လည်သင့်မြတ်ရန် ကြိုးစားနေချိန်တွင် ဖရဲသီးစားခြင်းစနစ်သည် ပြတ်တောက်ခြင်းကို မြှင့်တင်ရန် ဘယ်တော့မှ တွန့်ဆုတ်မနေပေ။
ဖရဲသီးစားခြင်းစနစ်သည် စုတ်သပ်၍ [အစ်ကိုကြီးက ဆိုးယုတ်တဲ့ ဆရာ-တပည့် စုံတွဲကို ဒုက္ခပေးမယ်လို့ ပြောခဲ့ပေမယ့် ကံမကောင်းစွာနဲ့ မွေးရာပါတာအိုခန္ဓာကိုယ်က ထူးခြားတဲ့အရာတစ်ခုကို ကိုယ်စားပြုနေတယ်။ ဟွာကျိုင်းဂိုဏ်းက သူမကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားနိုင်လောက်တယ်ဟ]
ဟွာကျိုင်းဂိုဏ်းမှာ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အကြီးအကဲတွေ မရှိတာ မဟုတ်ပါ။
ချီဝူသည် ဟွာကျိုင်းဂိုဏ်းအတွက် အရေးကြီးသော်လည်း သူသည် အစားထိုးမရနိုင်သူ မဟုတ်။
သို့သော် မွေးရာပါတာအိုခန္ဓာကိုယ်က မတူပါ။
နှစ်ပေါင်း တစ်ထောင်နီးပါးအတွင်း ရွှီယဲ့သာ မွေးရာပါတာအိုခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
ရှားပါးခြင်းသည် အဖိုးတန်စေသည်ဟု ဆိုကြပြီး ရွှီယဲ့သည် ဟွာကျိုင်းဂိုဏ်းတွင် “ရှားပါးသူ” ဖြစ်ပေသည်။
ဤ “ရှားပါးသူ” ကို ဒုက္ခရောက်စေရန်မှာ မလွယ်ကူနိုင်ပေ။
နဉ်ရွှီ: “စိတ်မပူပါနဲ့။ ငါတို့ အတင်းအဖျင်း လုံလုံလောက်လောက် ဖြန့်လိုက်တာနဲ့ ဟွာကျိုင်းဂိုဏ်းကို ရောက်သွားမယ်၊ သူတို့ သူမကိုကာကွယ်ချင်ရင်တောင် ကြီးမားတဲ့ ဖိအားက သူတို့ သူမကို လက်လျှော့ဖို့အတင်းအကျပ် လုပ်ဆောင်စေလိမ့်မယ်”
ဖရဲသီးစားခြင်းစနစ်သည် ပြုံးလိုက်သည်။ [hostက၊ ပါးနပ်လိုက်တာ!]
[အခု၊ ငါတို့ ဟွာကျိုင်းဂိုဏ်းကို မွေးရာပါတာအိုခန္ဓာကိုယ်ကို လက်လျှော့ဖို့ အတင်းအကျပ်လုပ်ဆောင်ဖို့ ပြင်ပဖိအားကို အသုံးချနိုင်ပြီ]
[သူမကို ငါတို့ကို မထီမဲ့မြင်ပြုပါစေ!]
[သူမ ငါတို့ရဲ့ နယ်မြေကို ယူပါစေတော့!]
[ဒါက သူမ ခံထိုက်တာပဲ!]
ချီအာ: ???
နေဦး၊ ဒီလူနဲ့ ဒီစနစ်- သူတို့ နှစ်ယောက်စလုံး ရိုးရှင်တဲ့ သူတွေ မဟုတ်ကြဘူးပေါ့?
မူလက သူသည် စနစ်က ဆိုးယုတ်ရုံသာဟုထင်ခဲ့သော်လည်း ယခု သူ၏သခင်သည်လည်း လျှော့တွက်စရာ မရှိကြောင်း သူ သဘောပေါက်ခဲ့သည်။ သူမဘယ်လိုလုပ် ဒီလို စိတ်ကူးမျိုးကို ရခဲ့တာလဲ။
မဟုတ်ရင် “ဆွေမျိုးမဟုတ်ရင် တံခါးတစ်ပေါက်တည်း မဝင်ဘူး” ဆိုတဲ့စကားကို ဘယ်လိုလုပ် ပြောလို့ရမလဲ။
သူသည် သူနှင့် အတူရှိနေသောကျင့်ကြံသူများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။
ဝူလုချန်သည် ပေါ့ပေါ့ပါးပါး ထိုင်လျက် ဝိညာဉ်သစ်သီးများအား ကိုက်စားနေပြီး စစ်ယန်က ဟင်းသီးဟင်းရွက်ဟင်းချို ချက်ပြုတ်ရာတွင် အာရုံစိုက်နေကာ အစားအစာ၏ မွှေးရနံ့သည်လေထဲတွင် တဖြည်းဖြည်း ပျံ့လွင့်နေ၏။
သူတို့၏ အမူအရာများသည် တည်ငြိမ်ပြီး သာမန်ပုံစံသာ။
ဒါဆို နဉ်ရွှီနဲ့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတို့ရဲ့ စိတ်ချင်း စကားပြောဆိုမှုကို သူတစ်ယောက်တည်းသာ ကြားနိုင်တာလား။
ဖရဲသီးစားခြင်းစနစ် ပြောတာ မှန်ပါသည်။
ဟွာကျိုင်းဂိုဏ်းသည် မွေးရာပါတာအိုခန္ဓာကိုယ်ကို သူတို့၏ အစွမ်းကုန် ကာကွယ်ရန် ရွေးချယ်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် နတ်ဘုရား ချီဝူသည် ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ပြီး အခြေအနေတစ်ခုလုံးအတွက် တာဝန်အပြည့်အဝယူခဲ့ကာ မွေးရာပါတာအိုခန္ဓာကိုယ်ကို ကိစ္စမှဆွဲထုတ်ခဲ့သည်။
ဤအပေါ် “နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ” မှ ကြည့်ရှုသူအများအပြားက “ပွဲကို ဆက်ကြည့်ကြစို့” ဟု ပြောခဲ့ကြပေသည်။
__
အခန်း (၄၆)
ပို့စ်တွင် ချီဝူကျန်းရမ်က ဖရဲသီးစားခြင်းစနစ်မှ ဖော်ပြထားသော အသေးစိတ်အချက်အလက် အများစုသည် မှန်ကန်သည်ဟု ပြောကြားခဲ့သည်၊ ကျင့်ကြံမှုပြက္ခဒိန် ၂၁၆၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များမှလွဲ၍ပေါ့။
မွေးရာပါတာအိုခန္ဓာကိုယ်ဖြစ်သော ရွှီယဲ့သည် သူ့အား သူမ၏ ခံစားချက်များကို ရင်ဖွင့်ခြင်း မရှိခဲ့သလို၊ သူသည်လည်း ဆေးလုံးများ၏ အမှန်တရားကို သူမအား ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
သို့သော် ထိုအချိန်တွင် ပုပ်ဆွေးနေသောမြက် ကုန်သွားခဲ့သည်မှာ အမှန်ပင်ဖြစ်သဖြင့်၊ သူဟာ ရွှီယဲ့အား သူ့ကိုယ်စား ရှာဖွေပေးရန် ပြောခဲ့သည်။ ပုပ်ဆွေးနေသောမြက်ကို သူ ဘာအတွက် လိုအပ်သည်ကိုမူ ရွှီယဲ့က လုံးဝ မသိခဲ့ပေ။
သူ၏ ရှင်းလင်းချက်အရ ရွှီယဲ့သည် အပြစ်ကင်းသူဖြစ်ပါသည်။
သူနှင့် သူ၏ တပည့်တို့တွင် ဆရာ-တပည့် ဆက်ဆံရေးထက် ကျော်လွန်သော ကိုယ်ပိုင်ခံစားချက်များ မရှိခဲ့ပါ။
ချီဝူကျန်းရမ်သည် သန်းနျန်၏ ဆေးလုံးများကို ဖျက်လို့ဖျက်ဆီးလုပ်ရသည့် အကြောင်းရင်းကိုလည်း ပိုစ်တွင် ရှင်းပြခဲ့သည်– သူသည် ရှင်းမျိုးနွယ်စု၏ မာနကြီးသော အပြုအမူကို စက်ဆုပ်ခဲ့ပြီး မကျေနပ်မှုကြောင့် ရမ်းကားစွာပြုမူခဲ့ခြင်း ဖြစ်သည်ဟု ဆိုထား၏။
ဤအရာကို ဖတ်ပြီးနောက် ဖရဲသီးစားသူ ကျင့်ကြံသူများစွာသည် [အံ့သြစရာပဲ၊ ချီဝူက ရှင်းမျိုးနွယ်စုရဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားခဲ့တာကို၊ နောက်ဆုံးတော့ ရှင်းမျိုးနွယ်စုကပဲ အပြစ်တင်ခံရတယ်တဲ့လား]
[မာနကြီးတဲ့ ရှင်းမျိုးနွယ်စုလား။ သူတို့က ဒီ ဆရာ-တပည့် စုံတွဲထက် ပိုပြီး မာနကြီးနိုင်ပါဦးမလား]
[အခံရဆုံးသူကတော့ သန်းနျန်လေးပဲ]
နောက်ပိုင်းတွင် ချီဝူကျန်းရမ်က သူသည် အပြစ်ရှိကြောင်း ဝန်ခံပြီး အပြစ်ဖြေခြင်းအဖြစ် အနှစ်တစ်ရာကြာ မိုးကြိုးနယ်မြေတွင် တံခါးပိတ်ကျင့်ကြံမည်ဟူ၍ ပြောကြားခဲ့သည်။
ဤထုတ်ပြန်ချက်ကို ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် “နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ” တစ်ခုလုံးဆူပူသွားခဲ့သည်။
နဉ်ရွှီက “မိုးကြိုးနယ်မြေဆိုတာ ဘာလဲ” ဟူ၍ မေးလာခဲ့၏။
ဖရဲသီးစားခြင်းစနစ်က လျှာနှစ်ချက် တီးခေါက်၍ ရှင်းပြလာသည်။ [မိုးကြိုးနယ်မြေဆိုတာ မိုးကြိုးပစ်တာတွေနဲ့ ပြည့်နေတဲ့ တားမြစ်နယ်မြေ။ ယေဘူယျအားဖြင့်ပြောရရင်တော့ အဓိကပြစ်မှု ကျူးလွန်ထားတဲ့ တပည့်တွေကိုပဲ အဲဒီကိုပို့လေ့ရှိတာ။ မိုးကြိုးနယ်မြေထဲကို ဝင်သွားတဲ့သူ အများစုက အသက်ရှင်လျက် ပြန်မထွက်လာကြဘူး]
[ဟွာကျိုင်းဂိုဏ်းက တပည့်တွေရဲ့ စိတ်ထဲမှာ မိုးကြိုးနယ်မြေဟာ ကြောက်မက်ဖွယ်ရာတစ်ခုလိုပဲ]
[ဟုတ်တယ်၊ ချီဝူကျန်းရမ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် မိုးကြိုးနယ်မြေမှာ သေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအနှစ်တစ်ရာအတွင်းမှာ သူကြီးမားတဲ့ ဆင်းရဲဒုက္ခကို ခံစားရမှာ၊ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုက တိုးတက်လာမှာ မဟုတ်တော့ဘူး]
ချီဝူကျန်းရမ်သည် မွေးရာပါတာအိုခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
“သူအလျင်စလို ထွက်ပြေးတာ မှန်တာပဲ။” နဉ်ရွှီက မြည်တမ်းလာခဲ့၏။
ချီဝူကျန်းရမ်သည် မိုးကြိုးနယ်မြေတွင် ဒုက္ခခံရမည်ဖြစ်သော်လည်း အနည်းဆုံး ရှင်းမျိုးနွယ်စု၏ အမျက်ဒေါသကို ဆက်လက်ရင်ဆိုင်ရန် မလိုအပ်တော့ပေ။
ဖရဲသီးစားခြင်းစနစ်က ရှင်းပြလိုက်သည် [ရှင်းမျိုးနွယ်စုက ဒီလို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး]
[သူတို့ အင်အားကြီးနေပေမယ့် ဒုတိယအဆင့်ဂိုဏ်းဖြစ်တဲ့ ဟွာကျိုင်းဂိုဏ်းကို ရှင်းမျိုးနွယ်စုက အနိုင်ရဖို့ အခွင့်အရေးကြီးကြီးမားမား မရှိဘူး]
[ဒါပေမဲ့….]
ဤအချက်တွင် ချီအာသည် မနေနိုင်ဘဲ နားစွင့်ကာ ဆက်ပြောမည့် အရာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့၏။
“ဒါပေမဲ့ ဘာလဲ”
လျှို့ဝှက်ဆန်းကြယ်သော အသံက စိတ်လှုပ်ရှားစွာ ဆက်ပြောလာသည်။ [ငါတို့လို ဖြောင့်မတ်တဲ့ ကိုယ်စားလှယ်တွေ မရှိဘူးလား]
ချီအာ: !!!
ဒါဆို ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါက ပြဿနာ ထပ်ရှာတော့မှာလား။
မကြာခင်မှာပဲ ၎င်း၏ သခင်မက “မွေးရာပါတာအိုခန္ဓာကိုယ်ကို ကာကွယ်ဖို့ အပြင်းထန်ဆုံးဆုံးဖြတ်ထားတာက ဘယ်သူလဲ”
ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်ပြီး အလျင်အမြန် ပြန်ဖြေလာသည်။ [ဟွာကျိုင်းဂိုဏ်းရဲ့ စတုတ္ထအကြီးအကဲပေါ့။ သူက မွေးရာပါတာအိုခန္ဓာကိုယ်ကို သဘောကျတယ်။ ချီဝူက အရင် မလုပ်ခင်မှာ သူက မွေးရာပါတာအိုခန္ဓာကိုယ်ကို သူရဲ့တပည့်အဖြစ် ခေါ်ယူချင်ခဲ့တာ]
[ဒီအဖြစ်အပျက် ဖြစ်ခဲ့ပေမယ့် စတုတ္ထအကြီးအကဲက ဒါကိုအရေးကြီးတယ်လို့ မထင်ဘူး။ သူကဆူပူနေတဲ့ နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာက ကျင့်ကြံသူတွေကိုတောင် မထီမဲ့မြင်ပြုနေသေးတယ်]
ဤအရာက စတုတ္ထအကြီးအကဲတွင် သိသိသာသာ ကောက်ကျစ်သော လောကအမြင်ရှိကြောင်းပြသနေပေသည်။
နဉ်ရွှီက ခိုင်မာစွာ ပြောလိုက်သည်။ “ဒါဆိုရင် သူ့ကို စပြီး ပစ်မှတ်ထားရအောင်”
စတုတ္ထအကြီးအကဲက ဤအရာကို အရေးကြီးတယ်လို့ မထင်၊ သို့တိုင် သူမက ဓားချက်ကို မခံစားရသေးလို့သာ။
သူမ၏ စကားများသည် တကယ်ကို *သံသယဖြစ်ဖွယ်ကောင်းပြီး မတုန်လှုပ်ဘဲရပ်တည်နေသေး၏။ အကယ်၍ ထိုသို့ဖြစ်ပါက သူမကို “ဖော်ထုတ်ခံရခြင်းရဲ့ ပျော်ရွှင်မှု” ကို ခံစားခွင့်ပေးလိုက်ချည်!
(T/N- “စကားတွေမှာ အလိမ်အညာတွေထည့်ပြောတာတောင်၊ တည်တည်ငြိမ်ငြိမ်နဲ့ ဘာမှမဖြစ်သလိုဆက်နေနေနိုင်သေးတယ်။ ဒီလိုတိုမှတော့ ဖော်ထုတ်ခံရခြင်းရဲ့…..” အဲ့လိုဆိုလိုတာပါ)
ဖရဲသီးစားခြင်းစနစ်က လက်ဝါးအား ပွတ်ပြီး [ကောင်းပြီ၊ *သူ့နောက်လိုက်ရအောင်]
(T/N- လျှိုဝှက်ချက်၊ အတင်းအဖျင်းနောက်ဆက်တွဲဟာတွေ အနီးကပ်စောင့်ကြည့်တာ)
သို့သော် သူမကို ဖော်ထုတ်ခြင်းမပြုမီ အရေးကြီးသော လုပ်ငန်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းရန် ရှိသေးသည်။
[Host၊ မွေးရာပါတာအိုခန္ဓာကိုယ်ရဲ့ ကာကွယ်သူတွေက ရင့်မှည့်လုနီးပါး မန်ချင်းအပင်ကို တွေ့ခဲ့တယ်။ သူတို့က အဲဒါကိုစောင့်ကြပ်ပြီး ရိတ်သိမ်းဖို့ ပြင်ဆင်နေကြတယ်]
နဉ်ရွှီက “မန်ချင်းဆိုတာ ဘာလဲ။ ဘာအသုံးဝင်လို့လဲ”
ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာ၏။ [မန်ချင်းက ပုပ်နေတဲ့မြက်လိုမျိုး အလွန် ရှားပါးတဲ့ အဆင့်နိမ့်ဝိညာဉ်ဆေးပင်။ ပုပ်နေတဲ့မြက်ထက်တောင် ပိုပြီး ရှားပါးတယ်၊ ပြီးတော့ လူအများစုက အသုံးမဝင်တာကြောင့် မစုဆောင်းကြဘူး။ ဒါပေမဲ့ အဲဒါက ငါ အရင်ကမျှဝေခဲ့တဲ့ ဖော်မြူလာထဲက အဓိကပါဝင်ပစ္စည်းပဲ။]
ဖရဲသီးစားခြင်းစနစ်သည် သန်းနျန်၏ ခန္ဓာကိုယ်ကို ကုသရန်နှင့် အသက်ရှည်စေရန် အသုံးပြုသော ဖော်မြူလာတစ်ခုတည်းကိုသာ အရင်ကဖော်ထုတ်ခဲ့သည်။
နဉ်ရွှီက မေးလာ၏။ “ရှင်းမျိုးနွယ်စုမှာ မန်ချင်း ရှိလား”
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလိုက်သည်။ [မရှိဘူး။ ရှင်းမျိုးနွယ်စုက ဖော်မြူလာထဲက ဆေးပင်တွေကို ရူးရူးမိုက်မိုက်နဲ့ ဝယ်ယူနေပြီ၊ ဒါပေမဲ့ သူတို့ထဲက အများစုက ရရှိဖို့ အချိန်ယူရပြီး သန်းနျန်ရဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပမာဏကလည်း မနည်းဘူးလေ]
နဉ်ရွှီသည် တစ်ခုခုကို အလျင်အမြန် သဘောပေါက်လိုက်သည်။ “မန်ချင်းက ငါတို့အတွက် အသုံးမဝင်သလို၊ မွေးရာပါတာအိုခန္ဓာကိုယ်အတွက်လည်း အသုံးမဝင်ဘူး၊ မဟုတ်လား”
[ဟုတ်တယ်]
အသုံးမဝင်ဘူးဆိုရင် မွေးရာပါတာအိုခန္ဓာကိုယ်က မန်ချင်းကို ဘာကြောင့် ရိတ်သိမ်းနေတာလဲ။
သူတို့က ရှင်းချီသန်းကို ပို့ပေးလောက်အောင်ထိ ကြင်နာတက်တာလား။
သူမက ပို့ပေးရဲရင်တောင် ရှင်းမျိုးနွယ်စုက အဲဒါကို သုံးရဲမှာလား။
နဉ်ရွှီက “ဒါဆိုရင် ငါတို့ ကြားဖြတ်ယူနိုင်တယ်”
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာ ပြောလာသည်။ [ဟုတ်တယ်၊ အတိအကျပဲ!]
၎င်းတွင် ကိုယ်ခန္ဓာရှိပါက ယခုအချိန်တွင် ပျော်ရွှင်စွာ ကခုန်နေလိမ့်မည်။
နဉ်ရွှီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါသေချာ စဉ်းစားကြည့်ဦးမယ်”
ကြားဖြတ်ယူခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်သည်၊ သို့သော် သူတို့၏ ခွန်အားများသည် အလွန် ကွာခြားလှ၏။ ဟိုဘက်တွင် ချီသန့်စင်ခြင်းအဆင့် ၉ အဆင့် ကျင့်ကြံသူများစွာ ရှိပေသည်။ အားသက်သက်ကိုသာ အသုံးပြုပါက အနိုင်ရရန် အခွင့်အရေး အနည်းငယ်သာ ရှိသည်။
ရုတ်တရက် နဉ်ရွှီသည် လက်ခုပ်တီးပြီး အလျင်အမြန် အကြံဉာဏ်တစ်ခုရလိုက်၏။
__
ထျန်းယာ လျှို့ဝှက်နယ်မြေသည် ကျယ်ပြန့်ပြီး ကျင့်ကြံသူ ထောင်ပေါင်းများစွာ ဝင်ရောက်လာသောအခါ မြစ်ထဲတွင် ငါးများ ရေကူးနေသကဲ့သို့ပင်။
ယေဘူယျအားဖြင့် သူတို့သည် အချင်းချင်းတွေ့ဆုံခြင်း မရှိကြပေ။
သို့သော် ၎င်းသည် သာမန်အခြေအနေအတွက်သာ။
ဂိုဏ်းတစ်ခုအတွင်းတွင် အထူး ဆက်သွယ်ရေး နည်းလမ်းများ အမြဲရှိသည်။ ဥပမာအားဖြင့် ဟွာကျိုင်းဂိုဏ်းတွင် သူတို့၏ ကိုယ်ပိုင်တွေ့ဆုံနည်းများ ရှိပေသည်။
ဖရဲသီးစားခြင်းစနစ်၏ လမ်းညွှန်မှုအောက်တွင် နဉ်ရွှီသည် လျှို့ဝှက်နယ်မြေရှိ ရွှံ့နွံတစ်ခုတွင် ဟွာကျိုင်းဂိုဏ်းမှ ကျင့်ကြံသူအချို့ကို တွေ့ရှိခဲ့သည်။
သူတို့ ထိုနေရာတွင် အနားယူနေစဉ် သူမသည် ဖူရှန့်ကို ချက်ချင်း ထုတ်လွှတ်ပြီး သူမ၏ နတ်ဝိညာဉ်အာရုံကို အသုံးပြု၍ သူတို့ရှေ့တွင်ဖူရှန့်ကို ပေါ်လာစေ၏။
ဟုတ်ပါသည်၊ ထိုအချိန်တွင် ဖူရှန့်သည် သတိလစ်နေဆဲဖြစ်သော်လည်း နဉ်ရွှီသည် သူမ၏ကျောရိုးကို ဖြောင့်တန်းစေသော “မာကျောခြင်းမန္တန်” ကို အသုံးပြုခဲ့သည်။ သူမသည် ဖူရှန့်က သူမ၏ဘဝတွင် ရေးဆွဲခဲ့သော အဆောင်များစွာကိုလည်း ကပ်ထားပြီး “တောက်ပသောအဆောင်” ကို သူမပေါ်တွင် ကပ်ထားသည်။ ဒါလောက်ပါပဲ။
ဖူရှန့်၏ရည်ရွယ်ချက်မှာ ပေါ်လာစေရန်သာ။
(T/N- နားမလည်- နဉ်ရွှီ၏ ရည်ရွယ်ချက်မှာ ဖူရှန့်ပေါ်လာစေရန်သာ။ လို့ဖြစ်ရမယ်ထင်တယ်)
သူမ ပေါ်လာသည်နှင့် ဟွာကျိုင်းဂိုဏ်းမှ ကျင့်ကြံသူများသည် စကားလုံးများဖြင့် မလိုအပ်ဘဲ မှန်းဆခြင်း စတင်ခဲ့ကြသည်။
ကျင့်ကြံသူများသည် သူမကို မြင်သောအခါ သူတို့များစွာ တွေးတောခဲ့ကြသည်မှာ အမှန်ပင်။
ဖူရှန့်၏ နတ်ဝိညာဉ်အာရုံသည် မသဲမကွဲသော်လည်း သူမသည် သူမ၏ ဘဝတွင် မဟာတက်လှမ်းခြင်း ကျင့်ကြံသူ ဖြစ်ခဲ့ကြောင်း ဖော်ပြသည့် မှိန်သော ရွှေရောင် အလင်းတစ်ခုရှိသည်။
သူမ၏ မှိတ်ထားသော မျက်လုံးများသည် သူမ၏မာနကြီးသော သဘာဝကို ဖော်ပြပြီး သာမန်ကျင့်ကြံသူများသည် သူမ၏ အာရုံကိုဖမ်းစားနိုင်မည် မဟုတ်ပေ။
သူမ၏ မာကျောသော ကိုယ်ဟန်က ဤအရာကိုအတည်ပြုထားသည်။ သူမသည် အဆင့်မြင့် စံနှုန်းများရှိသော ကျင့်ကြံသူဖြစ်ခဲ့ရမည်ဖြစ်ပြီး သူမကိုယ်သူမ အမြဲတင်းမာနေရန် လိုအပ်သည်။
သူမ၏ ကိုယ်ခန္ဓာကို ဖုံးအုပ်ထားသော အဆောင်များက သူမသည် မဟာတက်လှမ်းခြင်းအဆင့်ရှိ အဆောင်ကျင့်ကြံသူဖြစ်ကြောင်း ပြသလေသည်။
အဆောင်ကျင့်ကြံသူ! သူတို့၏ ဂိုဏ်းမှ မွေးရာပါတာအိုခန္ဓာကိုယ်သည်လည်း အဆောင်ကျင့်ကြံသူပင်!
ဤအရာက အဆောင်ကျင့်ကြံသူများသည် ဤမဟာတက်လှမ်းခြင်း ကျင့်ကြံသူ၏ အမွေအနှစ်ကို ဆက်ခံနိုင်သည်ဟု ဆိုလိုပါသလား။
ဤအရာကို သဘောပေါက်သည်နှင့် ကျင့်ကြံသူများထဲမှ တစ်ဦးသည် သတင်းအချက်အလက်ကို သူတို့၏ ဒုတိယအစ်ကိုထံ ချက်ချင်း ပေးပို့ခဲ့သည်။
ဒုတိယအစ်ကို သိပါက မွေးရာပါတာအိုခန္ဓာကိုယ်က သိလိမ့်မည်။
လျှို့ဝှက်နယ်မြေတွင် ဒုတိယအစ်ကို၏ အဓိကတာဝန်မှာ မွေးရာပါတာအိုခန္ဓာကိုယ်ကို ကာကွယ်ရန် ဖြစ်သောကြောင့် သူတို့သည်ခွဲလို့မရအောင်ပင် ဖြစ်နေ၏။
နဉ်ရွှီသည် မွေးရာပါတာအိုခန္ဓာကိုယ်က ဖူရှန့်အားရှာဖွေခြင်းကို ဦးစားပေးလိမ့်မည်မှာ သေချာပါသည်။
သူမ ပြောသည်မှာ မှန်ပေသည်။
မကြာမီတွင် ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာ သတင်းပို့လိုက်သည်။ [host၊ မွေးရာပါတာအိုခန္ဓာကိုယ် ဒီကို လာနေတယ်။ ချီသန့်စင်ခြင်းအဆင့် ၃ ကျင့်ကြံသူ နှစ်ယောက်ကိုတော့ မန်ချင်းအနီးမှာချန်ထားခဲ့တယ်။]
သူတို့သည် အပြန်လမ်းမှာရှိနေကြပြီး မန်ချင်း ရင့်မှည့်ချိန်တွင် ရောက်ရှိနိုင်ဖွယ်ရှိသည်။
နဉ်ရွှီသည် တွန့်ဆုတ်မနေပေ။ သူမသည် ဖူရှန့်၏ခေါင်းပေါ်တွင် “ထိတ်လန့်ခြင်းမန္တန်” ကို ချက်ချင်း ကပ်လိုက်သည်။
ဤမန္တန်ဖြင့် ဖူရှန့်သည် အပင်လိုမျိုး သတိလစ်မေ့မြောနေမည် သို့မဟုတ် အရူးပမာ ဖြစ်သွားမည်။
ဤအရာကို မြင်သောအခါ ဖရဲသီးစားခြင်းစနစ်က ချီးကျူးလိုက်၏။ [host၊ ကောင်းကောင်း လုပ်လိုက်တာပဲ!]
ဖူရှန့်သည် မွေးရာပါတာအိုခန္ဓာကိုယ်ကို ဆွဲဆောင်ရန် အနီးအနားတွင် ရှိနေရမည်။
သို့သော် ချန်ထားခဲ့သော ဖူရှန့်သည် ဤအဖြစ်အပျက်များ၏ မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
ဆိုလိုသည်မှာ ချန်ထားခဲ့သော ဖူရှန့်သည် အသုံးမဝင်သောသူ ဖြစ်လိမ့်မည်။
အသုံးမဝင်သောသူသာလျှင် သူတို့၏ ရှိနေခြင်းကိုဘယ်တော့မှ ဖော်ထုတ်နိုင်မည် မဟုတ်ပေ!
ချီအာ: !!!
ဒီလူသည် ရက်စက်ပြီး ဆုံးဖြတ်ချက် ပြတ်သားသည်၊ တကယ်ကို ရက်စက်လှသည်!
ချီအာသည် ကြောက်လည်း ကြောက်ပြီး စိတ်လည်း လှုပ်ရှားဖြစ်နေရသည်။
ကြောက်သည်၊ အဘယ်ကြောင့်ဆိုသော် ဤသူသည် “လူကောင်း” ကဲ့သို့ မဟုတ်ပုံရသောကြောင့်သာ။
စိတ်လှုပ်ရှားသည်၊ အဘယ်ကြောင့်ဆိုသော် သူမ၏ဘေးတွင် နေခြင်းဖြင့် သူသည် ဖရဲသီးအများအပြားကို စားသုံးခွင့် ရမည်ကို သူသိသောကြောင့် ဖြစ်သည်။
ပြီးတော့ ဤဖရဲသီးတွေဟာ ကျင့်ကြံခြင်းလောကမှ အဓိကပုဂ္ဂိုလ်များနှင့် ပတ်သက်နေသေး၏။
ပုံမှန်အားဖြင့် သူသည် ဟွာကျိုင်းဂိုဏ်း၏ စစ်မှန်သောဘုရားကျင့်ကြံသူများ သို့မဟုတ် သူတို့၏ ပါရမီရှင် တပည့်များနှင့် ပတ်သက်သည့် ဖရဲသီးများကို လုံးဝ ရယူနိုင်မည် မဟုတ်ပေ။
နဉ်ရွှီနှင့် ဤလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါတို့ကြောင့် သူသည် ဖရဲသီးများစွာကို စားသုံးနိုင်ခဲ့သည်။
ခဏတာ ကြောက်ရွံ့မှုပြီးနောက် စိတ်လှုပ်ရှားမှုက နောက်ဆုံးတွင် လွှမ်းမိုးသွားခဲ့သည်။
ဖရဲသီးများသည် အရသာရှိပြီး သူချစ်မြတ်နိုးပေသည်။
ပို၍ပင် ဖရဲသီးများ စားသုံးရန်အတွက် သူချီအာသည် နဉ်ရွှီနှင့် အတူရှိနေမည်!
ဖူရှန့်ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် နဉ်ရွှီသည် သက်ပြင်းချလိုက်သည်။ ပထမတွင် သူမသည် ဖူရှန့်ကို ဘယ်လို ကိုင်တွယ်ရမှန်း မသိခဲ့သော်လည်း ယခုတွင် သူမသည် ဖြေရှင်းချက်တစ်ခု ရရှိခဲ့သည်။
ထိုဖြေရှင်းချက်မှာ မွေးရာပါတာအိုခန္ဓာကိုယ်ပင်။
သို့သော် မွေးရာပါတာအာခန္ဓာကိုယ်သည် ရူးသွပ်နေသော ဖူရှန့်နှင့်သာ အပြန်အလှန် ဆက်သွယ်လိမ့်မည်။ ထိုအချိန်ရောက်သောအခါ သူမ မည်သို့သော စိတ်နေစိတ်ထား ရှိလိမ့်မည်ကိုတော့ နဉ်ရွှီ မသိပေ။
ဟွာကျိုင်းဂိုဏ်းမှ ကျင့်ကြံသူများရှိရာ ရွှံ့နွံမှထွက်ခွာပြီးနောက် နဉ်ရွှီသည် သူမ၏ အပေါင်းအဖော်များထံ လှည့်လိုက်၏။ “ကျွန်မ အနောက်မြောက်ဘက်မှာ လိုအပ်တဲ့ တစ်စုံတစ်ခုကို ခံစားမိတယ်။ ဘယ်သူ လိုက်ခဲ့ချင်လဲ”
ဖြူစင်သောကျင့်ကြံသူက ချက်ချင်း “ကျွန်တော် လိုက်ခဲ့မယ်”
ချီအာနှင့် ဝူလုချန်တို့သည် အချင်းချင်း ကြည့်ပြီး သူတို့လည်း လိုက်ခဲ့မည်ဟု ပြောခဲ့ကြသည်။
“ကောင်းပြီ၊ သွားကြစို့”
သူတို့ ခရီးစတင်စဉ် နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို မှတ်ချက်ပေးလာသည်။ “ငါ့ရဲ့ တာအိုမိတ်ဆွေလေးတွေက တကယ်ကို ကောင်းတယ်ရော်။ သူတို့ မေးခွန်းတွေ အများကြီးမမေးဘူး”
အစတွင် သူမတို့ကို ထွက်သွားရန်ပြောခဲ့သော ကျင့်ကြံသူများကို ကိုင်တွယ်ဖြေရှင်းရန် သူမ၏အကြံဉာဏ်ကို ဖော်ပြခဲ့သည်။ သူမသည် မွေးရာပါတာအိုခန္ဓာကိုယ်၏ အဖော်တပည့်အချို့ကို အရင်ရှာဖွေရန်လိုအပ်သည်ဟု သူမ ပြောခဲ့သည်။
သူမ၏ အပေါင်းအဖော်များသည် မည်သည့်မေးခွန်းမှ မမေးဘဲ ဟွာကျိုင်းဂိုဏ်းမှ ကျင့်ကြံသူများကို ရှာဖွေရန် အတူတူလိုက်ပါခဲ့ကြသည်။
သူတို့ တွေ့ရှိပြီးနောက် သူမသည် ဖူရှန့်ကိုထုတ်လွှတ်ခဲ့သည်၊ ဤအရာက ဘာလုပ်မည်ကိုတော့ သူတို့ မမေးခဲ့ကြပေ။ သူမဘာလုပ်လုပ် သူတို့ အပြည့်အဝ ပူးပေါင်းခဲ့ကြ၏။
ဖရဲသီးစားခြင်းစနစ်က လျှာနှစ်ချက် တီးခေါက်၍ ပြန်ဖြေလိုက်၏။ [စမတ်ကျတဲ့သူတွေက မေးခွန်းတွေ အများကြီး မမေးကြဘူး။ မေးတဲ့သူတွေက စမတ်မကျတဲ့သူတွေပဲ၊ ဆိုတော့ နင့်ရဲ့ အဖော်တွေမဖြစ်နိုင်ဘူးရယ်]
“…” ထိုစကားသည် မှန်ပါသည်။ သူမ၏ အပေါင်းအဖော်များတွင် ကျွမ်းကျင်မှုအဆင့် ကွဲပြားသော်လည်း သူတို့၏ သမာဓိကို မေးခွန်းထုတ်စရာ မရှိပေ။
သူတို့၏ သမာဓိ ချို့ယွင်းပါက ဖရဲသီးစားခြင်းစနစ်သည် သူတို့၏ အတိတ်ကိုတူးဖော်ပြီး ဖြစ်နေပါလိမ့်မည်။
ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလာသည်။ [ဒါ့အပြင် နင်က သူတို့ရဲ့ ခေါင်းဆောင်လေ။ ခေါင်းဆောင်ရဲ့ အမိန့်ကို နာခံတာ သာမန်အကျဆုံး အသိပဲ မဟုတ်ဘူးလား]
သူမ၏ အဖော်များသည် နားလည်မှုရှိပြီး မလိုအပ်သော မေးခွန်းများ မမေးခဲ့ကြပေ။ နဉ်ရွှီသည် အရာအားလုံးကို ပေါ့ပေါ့ပါးပါး ထားရှိရသည့်အတွက် ပျော်ရွှင်ခဲ့သည်။ သူတို့သည် မန်ချင်းဆီသို့ ခရီးသွားနေစဉ် နဉ်ရွှီသည် ဟွာကျိုင်းဂိုဏ်း၏ စတုတ္ထအကြီးအကဲ၏ ဖရဲသီးအကြောင်း မေးမြန်းရန် မမေ့ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ မန်ချင်းကို လက်ထဲရရှိသည်နှင့် “နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ” ဖိုရမ်တွင် နောက်လာမည့် ပို့စ်သည် သူမ၏ ပို့စ် ဖြစ်လိမ့်မည်။
စတုတ္ထအကြီးအကဲ၏ ဖရဲသီးကို ကြိုတင်သိရှိထားခြင်းက စာမူရေးသားခြင်း လုပ်ငန်းစဉ်ကို ပိုမို မြန်ဆန်စေလိမ့်မည်။
သူမ စတုတ္ထအကြီးအကဲ၏ ဖရဲသီးအကြောင်း တွေးနေစဉ် ဖရဲသီးစားခြင်းစနစ်သည် တွန့်ဆုတ်မနေဘဲ ချက်ချင်း မျှဝေခြင်း စတင်ခဲ့သည်။ [ကောင်းပြီ၊ သူ မွေးရာပါတာအိုခန္ဓာကိုယ်ကို သဘောကျရတဲ့ အကြောင်းရင်းရှိတယ်]
မန်ချင်းဆီသို့ အရှိန်မြှင့်နေသော နဉ်ရွှီက “ဘာအကြောင်းရင်းလဲ”
ဖရဲသီးစားခြင်းစနစ်က မထီမဲ့မြင်စွာ ပြန်ဖြေသည် [သူက မွေးရာပါတာအိုခန္ဓာကိုယ်နဲ့ အတွင်းစိတ်ချင်းတူတဲ့သူ ဖြစ်နိုင်တယ်]
နဉ်ရွှီ၏ စိတ်ဝင်စားမှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး သူမက “ပိုပြီး ကျယ်ပြန့်အောင် ပြောပြပါဦး”
ချီအာလည်း စိတ်အားထက်သန်စွာ ပါဝင်လိုက်သည်။ ‘ဟုတ်တယ်၊ ဟုတ်တယ်၊ ပိုပြီး ပြောပြပါဦး! အသေးစိတ်လေ ပိုကောင်းလေပဲ!’
ဖရဲသီးစားခြင်းစနစ်သည် သူတို့ကို စောင့်ဆိုင်းစေခြင်း မရှိပေ။ [သူက တာအိုပေါ်မှာ နှစ်ပေါင်း ၄၀၀ ကျော် ရှိနေခဲ့ပြီးပြီ]
[ဒီနှစ် ၄၀၀အတွင်းမှာ သူက အိမ်ထောင်သည် အမျိုးသား သုံးဆယ့်တစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့တယ်။ တချို့နဲ့က အောင်မြင်ခဲ့တယ်၊ တချို့နဲ့ကတော့ မအောင်မြင်ခဲ့ဘူး။ တချို့ကရန်သူတွေဖြစ်သွားကြပြီး၊ တချို့ကတော့ အခုထိ သူမနဲ့ ဆက်သွယ်မှု အနည်းငယ် ရှိနေဆဲပဲ…]
နဉ်ရွှီ: ???
ချီအာ: !!!
စတုတ္ထအကြီးအကဲသည် ဤကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ!
မွေးရာပါတာအိုခန္ဓာကိုယ် ကိစ္စကို သူမ သိပ်ဂရုမစိုက်ရသည့် အကြောင်းရင်းကို အံ့ဩစရာမလိုပေ။
သူမ၏ ဖရဲသီးများနှင့် နှိုင်းယှဉ်လျှင် မွေးရာပါတာအိုခန္ဓာကိုယ်၏ ဖရဲသီးသည် ဘာမှမဟုတ်ပါ—အာလူးသေးသေးလေးမျှသာ။
__