← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

🍋 Chapter 59

သန်းခေါင်ကျော်သွားပြီဖြစ်ရာ ကျိုးထျန်းသည် အိပ်စက်ရန် ဆုံးဖြတ်လိုက်စဉ်မှာပင် သူ့ဖုန်းမှာ တုန်ခါလာတော့သည်။

သူ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သောအခါ ကျန်းရို့ ပို့ထားသော ဓာတ်ပုံအများအပြားကို တွေ့လိုက်ရသည်။

ဓာတ်ပုံတစ်ပုံကို သူ ဖွင့်ကြည့်လိုက်သည်နှင့် သူ၏ မျက်ခုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ပင့်တက်သွားတော့သည်။

ဤအရာများမှာ အိမ်ခြံမြေ အရောင်းအဝယ် စာချုပ်များ ဖြစ်ကြသည်! စုစုပေါင်း ၁၁ စောင် ရှိသည်။

ဆိုလိုသည်မှာ ထိုနေ့မွန်းလွဲပိုင်းက သူ အကျိုးဆောင်ရုံးမှ ထွက်ခွာလာပြီး ၁၀ နာရီအတွင်းမှာပင် အိမ် ၁၁ လုံး ရောင်းထွက်သွားခြင်း ဖြစ်သည်။

ရရှိသည့် ဈေးနှုန်းများမှာလည်း အလွန်စိတ်ကျေနပ်စရာ ကောင်းလှသည်။

သူ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ ပျမ်းမျှအမြတ်ငွေမှာ ၄၂ ရာခိုင်နှုန်းအထိ ရှိနေသည်။

သူသည် စိတ်လှုပ်ရှားစွာဖြင့် ကျန်းရို့ထံသို့ ဖုန်းခေါ်လိုက်သည်။

ကျန်းရို့ ချက်ချင်းပင် ဖုန်းကိုင်လိုက်ပြီး ထူးထူးခြားခြား ရွှင်လန်းသော အသံဖြင့် ဦးစွာ စကားပြောလာသည်။

"ဟယ်လို... မစ္စတာကျိုး၊ စာချုပ်တွေကို ကြည့်ပြီးပြီလားရှင့်"

"ဟုတ်ကဲ့၊ ကြည့်ပြီးပါပြီ။ ဒီလောက် ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေတုန်းပဲလား"

"ဟုတ်တယ်ရှင့်၊ နောက်ဆုံးတစ်လုံးကို လက်မှတ်ထိုးပြီးတာ ၅ မိနစ်ပဲ ရှိသေးတယ်။ ဒီနေ့ တကယ်ကို အလုပ်များတာ၊ ရုံးခန်းတံခါးတောင် ပျက်တော့မတတ်ပဲ"

ဝယ်ယူသူများ ဤမျှအထိ စိတ်အားထက်သန်နေကြလိမ့်မည်ဟု ကျိုးထျန်း မထင်မှတ်ထားခဲ့ပေ။

သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း ၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေပင်။

ယနေ့ခေတ်တွင် လူကြီး ၆ ယောက်မှာကလေးတစ်ယောက် ၏အနာဂတ်အတွက် ငွေကြေးနှင့် အချိန်များကို ပုံအော သုံးစွဲနေကြခြင်း ဖြစ်သည်။

ကလေးတစ်ယောက်၏ ဘဝ ပထမနှစ်ဝက်တွင် ပညာရေးမှာ အရေးကြီးဆုံး ဖြစ်သည်။

ထို့ကြောင့် မိဘများ၏ စိတ်လှုပ်ရှားမှုကို နားလည်ပေး၍ ရပေသည်။

အိမ်ခြံမြေ ရရှိနိုင်မှုမှာ ကန့်သတ်ချက်ရှိရာ သူတို့ အချိန်ဆွဲလေလေ ဈေးနှုန်းက ပိုမြင့်လာလေလေ ဖြစ်ပေလိမ့်မည်။

အကယ်၍ ကျိုးထျန်းသာ ရင်းနှီးမြှုပ်နှံမှုကို အမြန်ပြန်မဖော်လိုဘဲ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် ဆက်ထားမည်ဆိုပါက နောက်ထပ် ၅ ရာခိုင်နှုန်းသော အမြတ်ကို သေချာပေါက် ရရှိမည် ဖြစ်သည်။

ကျောင်းနယ်မြေအတွင်းရှိ အိမ်များမှာ အမြဲတမ်း ရှားပါးအရင်းအမြစ်များ ဖြစ်နေဦးမည် ဖြစ်သည်။

ကောင်းမွန်သော ကျောင်းတစ်ကျောင်းသည် ကလေးတစ်ယောက်အတွက် များစွာသောအခွင့်အလမ်းများကို ပေးစွမ်းနိုင်သည်။

အပေါ်ယံအားဖြင့် ကြည့်လျှင် သာလွန်သော ပညာရေးအရင်းအမြစ်များ ဖြစ်သော်လည်း ထိုအရင်းအမြစ်များ၏ နောက်ကွယ်တွင် ခိုင်မာသော လူမှုကွန်ရက်နှင့် သူငယ်ချင်းအသိုင်းအဝိုင်းများ ရှိနေသည်။

မိဘများစွာက သူတို့၏ ကလေးများကို ဘာကြောင့် ပုဂ္ဂလိကကျောင်းများသို့ ပို့ကြသနည်း၊ သို့မဟုတ် နိုင်ငံခြားကျောင်းများသို့ ပို့နိုင်ရန် နိုင်ငံသားပင် ပြောင်းလဲကြသနည်း?

၎င်းမှာ သူတို့ကလေးများ အနာဂတ်တွင် အသုံးပြုရမည့် "အရင်းအမြစ်" များစွာနှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။

သာမန်မူလတန်းကျောင်းမှ ဘွဲ့ရသော ကျောင်းသားတစ်ယောက်နှင့် နိုင်ငံတော်အဆင့် ထိပ်တန်းမူလတန်းကျောင်းမှ ဘွဲ့ရသော ကျောင်းသားတစ်ယောက်၏ လူမှုအသိုင်းအဝိုင်းမှာ သိသိသာသာ ကွဲပြားသွားမည် ဖြစ်သည်။

မနက် ၉ နာရီမှ ည ၉ နာရီအထိ အလုပ်လုပ်ရသော သာမန်လူများအကြားတွင် ကြီးပြင်းလာခြင်းနှင့် ထိပ်တန်းတက္ကသိုလ်များမှ ဘွဲ့ရသူများ၊ ကုမ္ပဏီကြီးများမှ အဆင့်မြင့်မန်နေဂျာများ အကြားတွင် ကြီးပြင်းလာခြင်းမှာ ဘဝတိုးတက်မှုနှုန်းတွင် အရည်အသွေးချင်း လုံးဝ ကွဲပြားသွားပေလိမ့်မည်။

ဤမမြင်ရသော လူမှုအတန်းအစား ကွာဟချက်မှာ လူအများစုအတွက် တစ်သက်လုံး ကြိုးစားလျှင်ပင် ကျော်လွှားနိုင်ရန် ခဲယဉ်းပေသည်။

ကျိုးထျန်းမှာမူ ဤအကြောင်းကို ကောင်းကောင်းသိသည်။

အဘယ်ကြောင့်ဆိုသော် သူ့ဖခင်ဖြစ်သူ ကျိုးကျန့်ခန်း၏ သူငယ်ချင်းအချို့မှာ ၎င်းတို့ကလေးများကို ပုဂ္ဂလိကကျောင်းများသို့ ပို့ထားကြသောကြောင့် ဖြစ်သည်။

ထိုဖခင်များသည် ကျောင်းမှ မိဘဆရာအသင်း အစည်းအ ဝေးများကို အသုံးချ၍ တစ်ဦးနှင့်တစ်ဦး ရင်းနှီးအောင် လုပ်ကြသည်။

စကားစမြည် ပြောဆိုရင်းမှ ထိုပါးနပ်သော စီးပွားရေးသမားများသည် ပူးပေါင်းဆောင်ရွက်လာကြပြီး သူတို့၏ ချမ်းသာကြွယ်ဝမှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ကျိုးကျန့်ခန်းမှာ ၎င်းကို အနည်းငယ် အားကျမိသည်။ အကယ်၍ သူသာ ငယ်စဉ်က မဆင်းရဲဘဲ အသိအမြင် ကျယ်ခဲ့ပါက ကျိုးထျန်းမှာ ယခုအချိန်တွင် ချမ်းသာသော ဒုတိယမျိုးဆက် သူငယ်ချင်းများစွာ ရှိနေပေလိမ့်မည်။

"မင်းတို့ဆိုင် ဒီနေ့ အခြေအနေ ကောင်းတယ်ပေါ့? စုစုပေါင်း ဘယ်နှလုံး ရောင်းလိုက်ရလဲ" ကျိုးထျန်းက မေးလိုက်သည်။

"စုစုပေါင်း ၁၃ လုံးပါ။ အမှန်တော့ အိမ်စာရင်းတွေ ရှိသေးပေမဲ့ အများစုက အိမ်အကျယ်ကြီးတွေ ဖြစ်နေတာ ဒါမှမဟုတ် ဈေးနှုန်းတွေက အရမ်း မြင့်နေတာ။

မစ္စတာကျိုးရဲ့ အိမ်တွေလိုမျိုး အကျယ်အဝန်းလည်း သင့်တင့်ပြီး ဈေးနှုန်းလည်း မျှတတဲ့ အိမ်မျိုးတွေက တကယ်တော့ ရှားပါတယ်"

"အင်း... အရမ်းကောင်းတယ်။ ငါ့ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့ပုံပဲ။ အရင်အစီအစဉ်အတိုင်းပဲ ဆက်သွားမယ်၊ အဲဒီအိမ်တွေကို အမြန်ဆုံး ရောင်းထုတ်ပေးပါ"

ကျိုးထျန်း ပြုံးလိုက်မိသည်။

စနစ်မှပေးထားသော တိုးတက်မှု အချက်အလက်များမှာ အလွန်ပင် ယုတ္တိရှိလှရာ ထိုအချိုးအစားအတိုင်းသာ သွားမည်ဆိုပါက ရောင်းရန် အခက်အခဲ ရှိလိမ့်မည် မဟုတ်ပေ။

"ဒီနှုန်းအတိုင်းဆိုရင် ကျန်တဲ့ အိမ် ၄၀ ကို ရောင်းဖို့ ဘယ်နှရက်လောက် ကြာမလဲ"

"၃ ရက်ကနေ ၄ ရက်လောက်ပဲ ကြာမယ်လို့ ခန့်မှန်းရပါတယ်ရှင့်။ ပြီးတော့ ဝယ်တဲ့သူတွေကလည်း အိမ်တွေ ပျောက်သွားမှာ ကြောက်နေကြသလိုပဲ ငွေကို အမြန်ဆုံး ပေးချေနေကြတယ်"

"သူတို့ လောနေကြတာ ပုံမှန်ပါပဲ။ အထူးသဖြင့် ကလေးတွေ မူလတန်းကြိုကျောင်း တက်နေတဲ့သူတွေဆိုရင် အခုက တည်းက မလုပ်ရင် နောက်ကျသွားလိမ့်မယ်"

ဝယ်ယူသူများ ပို၍ လောလေလေ ကျိုးထျန်းက ပို၍ တည်ငြိမ်လေလေ ဖြစ်သည်။

"နောက်မှ မင်းတို့အတွက် အပြင်စာအနေနဲ့ ယွမ် နှစ်သောင်း သီးသန့် ပေးပါ့မယ်။ အလုပ်တွေကို မြန်မြန်ပြီးအောင် လုပ်ကြပါ၊ ဒါပေမဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး။ မင်းတို့တွေ တကယ်ကို အားကုန် သုံးနေကြတာပဲ"

"လာဘ်နတ်မင်းကြီးကို အလုပ်အကျွေး ပြုနေရတာဆိုတော့ အားကုန် သုံးရမှာပေါ့ရှင့်"

ကျန်းရို့ကလည်း သူ့ကို ထိုပြောင်နောက်နောက် နာမည်ဖြင့် စတင်ခေါ်ဝေါ်လာခဲ့သည်။

ယခုအခါ ကျိုးထျန်း၏ နာမည်ပြောင်မှာ လျန်ကျား နန်ကျောက်လမ်း ခွဲမှသည် သူတို့၏ ရုံးချုပ်အထိ ပျံ့နှံ့သွားခဲ့လေပြီ။

လျန်ကျား ရှန်ဟိုင်းခရိုင်၏ အထွေထွေမန်နေဂျာပင်လျှင် ကျိုးထျန်း၏ နာမည်ကို သိရှိနေပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ကျိုးထျန်းသည် နှစ်လမပြည့်မီသော အချိန်အတွင်းမှာပင် ယွမ် သန်း ၁၀၀ နီးပါး ရရှိခဲ့သူ မဟုတ်ပါလား!

၎င်းမှာ လက်ငင်းငွေသားများ ဖြစ်ကြသည်။

သူ၏ ပျမ်းမျှ လစဉ်ဝင်ငွေမှာ ယွမ် သန်း ၅၀ ကျော် ရှိသည်။

ယွမ် သန်းပေါင်း ထောင်ချီ တန်ဖိုးရှိသော ကုမ္ပဏီတစ်ခုမှာပင် တစ်နှစ်လျှင် အမြတ်ငွေ ယွမ် သန်း ၁၀၀ ကျော်သာ ရှိတတ်ပြီး ၎င်းမှာလည်း အသားတင်အမြတ် မဟုတ်ပေ။

ထို့ကြောင့် ကျိုးထျန်းကို "လာဘ်နတ်မင်း" ဟု ခေါ်ဆိုခြင်းမှာ ပိုကဲခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် မှန်ကန်သော တင်စားချက် ဖြစ်ပေသည်။

"ကောင်းပြီ... လာဘ်နတ်မင်းကြီး အိပ်ချင်ပြီ။ မနက်ဖြန်ကျရင် ထူးခြားတာရှိရင် အကြောင်းကြားပေးဦး"

ဖုန်းချပြီးနောက် ကျိုးထျန်းသည် တန်းစီ အိပ်စက်လိုက်တော့သည်။

နောက်တစ်နေ့မနက်တွင် ကျိုးထျန်းမှာ သူ၏ဖုန်းမြည်သံကြောင့် ထပ်မံ နိုးလာပြန်သည်။

သူသည် မျက်လုံးကို မှေးကြည့်လိုက်ရာ မနက် ၇ နာရီကျော်သာ ရှိသေးကြောင်း တွေ့လိုက်ရသည်။

"စောလှချည်လား... ဘယ်သူ ဖုန်းဆက်တာလဲ"

သူ မျက်လုံးများကို ပွတ်လိုက်ရင်း ဖုန်းနံပါတ်ကို ကြည့်လိုက်သောအခါ မသိသော နံပါတ်တစ်ခု ဖြစ်နေသဖြင့် သူ ကိုင်လိုက်သည်။

"ဟေး... ဂျက်ဆီ၊ ငါ အိပ်နေတုန်းဆိုတာ မင်းသိရဲ့လား"

"သူဌေး... အကြီးအကျယ် ပြဿနာတက်ပြီ! သူဌေးရဲ့ အစီအစဉ်တွေ ထိခိုက်နိုင်တယ်!"

ဂျက်ဆီ၏ အသံမှာ အလွန် စိုးရိမ်နေပုံရသည်။

ကျိုးထျန်းအနေဖြင့် သူ၏ ဤကဲ့သို့သော အသံမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။

ကျိုးထျန်းသည် သူ၏နဖူးကို လက်ဖြင့် အကြိမ်အနည်းငယ် ရိုက်လိုက်ကာ အိပ်ချင်စိတ် ပြေပျောက်အောင် လုပ်လိုက်သည်။

"ဘာဖြစ်လို့လဲ? ဘာဖြစ်တာလဲ... အမြန်ပြောစမ်း"

"မနေ့က ကျွန်တော် အဲဒီ ထုတ်ပြန်ချက်ကို တင်ပြီးကတည်း က ဟက်ကာအဖွဲ့ ၁၀ ဖွဲ့ထက်မက ကျွန်တော် တည်ဆောက်ထားတဲ့ အတားအဆီးကို တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်။ အဲဒီ အရေအတွက်ကလည်း ဆက်ပြီး တိုးလာနေတုန်းပဲ"

၎င်းကို ကြားလိုက်ရသောအခါ ကျိုးထျန်း အနည်းငယ် စိုးရိမ်သွားမိသည်။

သူ့ ခန့်မှန်းချက်အရ အခြားဟက်ကာများသည်လည်း ထိုအတားအဆီးကို ချိုးဖောက်ရန် ကြိုးစားကြမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ အလွန်ကြီးကျယ်သွားခဲ့ရာ မည်သူက ဖြေရှင်းနိုင်သနည်းဆိုသည်မှာ နာမည်ကြီးမည့် ကိစ္စဖြစ်နေသောကြောင့် ဖြစ်သည်။

ဟက်ကာများမှာလည်း နာမည်ဂုဏ်သတင်း လိုအပ်သည်။

နာမည်ကြီးသွားပါက ကုမ္ပဏီကြီးများမှ သူတို့ကို ခေါ်ယူခန့်ထားကြမည် ဖြစ်သည်။

အထူးသဖြင့် ထိပ်တန်းပုဂ္ဂိုလ်များမှာ အင်တာနက် ကုမ္ပဏီကြီးများ၏ လုံခြုံရေး စောင့်ရှောက်သူများ ဖြစ်သွားကြပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းထက်မနည်း ရရှိနိုင်ကြသည်။

ဤကဲ့သို့ မက်လောက်စရာ အကျိုးကျေးဇူးများ ရှိနေသဖြင့် လူများစွာက ကြိုးစားကြမည်မှာ မဆန်းပေ။

"ဂျက်ဆီ... မလောပါနဲ့။ မူလအစီအစဉ်အရ ငါတို့ တစ်ပတ်လောက် တောင့်ခံထားဖို့ လိုတယ်။ အခု မင်း လုပ်နိုင်ပါ့မလား"

"ဒါပေါ့... လုပ်နိုင်တာပေါ့။ နောက်ထပ် လူ ၁၀၀ လာရင်တောင် တစ်ပတ်အတွင်းမှာ ကျွန်တော့်ရဲ့ လုံခြုံရေးကို ဘယ်သူမှ မဖောက်နိုင်ဘူး။ ကျွန်တော်က သမိုင်းမှာ အတော်ဆုံး ပါရမီရှင်ပဲ"

ဂျက်ဆီ၏ အမြှောက်ခံရလျှင် ဘဝင်မြင့်တတ်သော စရိုက်ကို ကျိုးထျန်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း အနည်းဆုံးတော့ ဂျက်ဆီတွင် ယုံကြည်မှု အပြည့် ရှိနေသည်ကို သိလိုက်ရသည်။

"ဒါဆိုရင် ရပြီ။ တစ်ပတ်ဆိုရင် လုံလောက်ပြီ။ ကျန်တာကို မင်း စိတ်မပူနဲ့တော့"

သူသည် "Despair World" ဂိမ်း၏ ဘက်ကပ်ဒေတာကို အချိန်အကြာကြီး လော့ခ်ချထားရန် မရည်ရွယ်ထားပေ။

ထိုသို့ လုပ်ထားခြင်းမှာ မည်သည့်အမြတ်မှ ရရှိလိမ့်မည် မဟုတ်ဘဲ နှစ်ဖက်စလုံး ပျက်စီးသွားခြင်းသာ ဖြစ်ပေလိမ့်မည်။

ဂျက်ဆီကို အဟက်ခိုင်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အချိန်အလုံအလောက် ဝယ်ယူရန် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် "Despair World" မှာ ယင်းချိုင်နည်းပညာ၏ အားနည်းချက် ဖြစ်သောကြောင့် ဖြစ်သည်။

သူသည် မြွေ၏ အသက်ကြောဖြစ်သည့် ချက်ကောင်းကို တည့်တည့် ဆော်လိုက်ခြင်း ဖြစ်ပြီး ယခုအခါ ထိုအချက်ကို ထိမှန်သွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိသော အစီအစဉ်များမှာ တစ်ပတ်အတွင်း ထွက်ပေါ်လာပေလိမ့်မည်။

သို့သော် သူသည် သတိပေးချက်တစ်ခုတော့ ပေးလိုက်သည်။

"ဂျက်ဆီ... မင်း အဲဒီဟက်ကာတွေနဲ့ ယှဉ်ပြိုင်နိုင်ပေမဲ့ မင်းရဲ့ အထောက်အထားကို မသိစေဖို့နဲ့ လျှို့ဝှက်ထားဖို့တော့ သတိထားဦး။ မင်းက ဝရမ်းပြေးဆိုတာ မမေ့နဲ့"

"စိတ်ချပါ သူဌေး... ကျွန်တော့်ကို ဘယ်သူမှ ရှာမတွေ့စေရဘူး။ ကျွန်တော့်ရဲ့ IP လိပ်စာက ၁၀ စက္ကန့်တိုင်းမှာ တစ်ခါ ပြောင်းနေတာ၊ သူတို့ ကျွန်တော့်ကို မဖမ်းနိုင်ပါဘူး"

"ပြီးတော့ ကျွန်တော် သူတို့ရဲ့ လိပ်စာတွေကိုလည်း ရှာလို့ရတယ်။ ကျွန်တော် ဟက်ကာအချို့ရဲ့ အမည်နဲ့ ငွေပေးချေရတဲ့ မဂ္ဂဇင်းတွေ အများကြီးကို စာရင်းသွင်းပေးထားလိုက်ပြီ။

နောက်လမှာ ကျသင့်ငွေစာရင်းတွေကို မြင်ရင် သူတို့ ရူးသွားကြလိမ့်မယ်"

"ကျွန်တော် သူတို့ရဲ့ လေယာဉ်စီးခရီးစဉ်တွေကိုလည်း ခိုးထားလိုက်သေးတယ်... ဟားဟားဟား!"

ဂျက်ဆီ၏ ဗီလိန်တစ်ယောက်ကဲ့သို့ အော်ဟစ်ရယ်မောသံကို ကြားရသဖြင့် ကျိုးထျန်း မျက်နှာကိုလက်ဖြင့်အုပ်ကာ ဖုန်းချလိုက်တော့သည်။

‘ဒီကလေးကတော့ တကယ်ကိုထူးဆန်းတဲ့ အပျော်ရှာမှုတွေ ရှိတာပဲ၊ သူ အမြဲတမ်း လူတွေကို ဒီလို ပြဿနာရှာရတာကို ဝါသနာပါနေတော့တာပဲ’

🍋 Chapter 60

ဝူမိသားစု သားအဖနှစ်ယောက်ကို ကိုင်တွယ်ရမည့်အပြင် သူသည် အခြားကိစ္စတစ်ခုကိုလည်း စဉ်းစားနေမိသည်။

၎င်းမှာ မစ်ရှင်အသစ်နှင့် ၎င်းဆုလာဘ်ဖြစ်သော ဇာတ် ကောင် သတင်းအချက်အလက်ကတ်ပင်။

‘အရင်တုန်းက ဇာတ်ကောင် သတင်းအချက်အလက်ကတ်ကြောင့် ငါ့ဆီကို ဂျက်ဆီဆိုတဲ့ ကောင်လေး ရောက်လာခဲ့တာ။ ဒီတစ်ခါ ဘယ်သူ ဖြစ်မလဲ မသိဘူး’

"အချဉ်ဓာတ် သန်း ၂၀ ဆိုတာ တစ်ထိုင်တည်းနဲ့ အပြီးလုပ်ဖို့တော့ နည်းနည်း ခက်ခဲလိမ့်မယ်။ အဆင့်ဆင့်ခွဲပြီး လုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ရမယ် ထင်တယ်’

သူသည် ဖုန်းကို ဖွင့်လိုက်ပြီး များပြားလှသော သူငယ်ချင်းအသစ် တောင်းဆိုမှု များကို စစ်ဆေးလိုက်သည်။

"အများစုက ကျောင်းက အတန်းဖော်တွေပဲ၊ အထက်တန်း ဒုတိယနှစ်က ဂျူနီယာတွေလည်း အများကြီးပါတာပဲ"

ထိုနေ့က ကျောင်းသို့ ခေတ္တပြန်သွားပြီးနောက် သူ၏ WeChatt တွင် သူငယ်ချင်းတောင်းဆိုမှုများမှာ ပေါက်ကွဲထွက်မတတ် များပြားလာခဲ့သည်။

တောင်းဆိုထားသူ စုစုပေါင်း ၂၀၀ ကျော် ရှိနေသည်။ ထိုနေရာတွင် ရှိနေခဲ့သော ကျောင်းသားတိုင်းနီးပါးမှာ သူ့ကို WeChatt တွင် အပ်ထားချင်ကြသည်။

ဘာပဲဖြစ်ဖြစ်... အိမ် ၁၀ လုံးကျော် ဖျက်သိမ်းခံရ၍ လျော် ကြေးအမြောက်အမြား ရထားသည့်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ် ၆၀၀ နီးပါး ရထားသည့်အပြင် စူပါကားပါ မောင်းနိုင်သည့် သူဌေးလေးတစ်ယောက်နှင့် အဆက်အ သွယ်ရှိထားရန် မည်သူက မလိုလားဘဲ နေပါမည်နည်း။

ကျိုးထျန်း၏ ပင်ကိုယ်စရိုက်အရဆိုလျှင် မရင်းနှီးသော ဤလူများကို အပ်လိုစိတ် သိပ်မရှိပေ။

သို့သော် 'အင်အားကြီးတော့ အလုပ်ပြီးသည်' ဆိုသကဲ့သို့... အချဉ်ဓာတ် ပိုများလေလေ၊ သူ့အတွက် ပိုအကျိုးရှိလေလေ ဖြစ်သည်။

အချဉ်ဓာတ်သည် ငွေပင် ဖြစ်ရာ၊ ငွေအတွက်ဆိုလျှင် ကျိုးထျန်းမှာ လွယ်လွယ်ကူကူပင် အလျှော့ပေးလိုက်သည်။

သူသည် တစ်ယောက်ချင်းစီကို လက်ခံလိုက်ပြီး အုပ်စုများ ခွဲလိုက်သည်။

ဤအလုပ်များကို ကြိုတင်လုပ်ထားရန် လိုအပ်သည်၊ သို့မှသာ သူ၏ WeChatt Moments တွင် တင်လိုက်သည့်အခါ ထိရောက်မှု ရှိပေလိမ့်မည်။

ဤအလုပ်များ အားလုံးပြီးသွားချိန်တွင် နှစ်နာရီခန့် ကြာမြင့်သွားပြီး ကျိုးထျန်းမှာ လည်ပင်းပင် တောင့်သွားတော့သည်။

"အခု ငါ့ရဲ့ WeChatt Moments မှာ လူ ၃၀၀ ကျော် ရှိနေပြီ။ သူတို့ကို စိတ်ဝင်စားမှု ရှိနေအောင်နဲ့ ငါ့ရဲ့ အပ်ဒိတ်တွေကို စောင့်ကြည့်နေအောင် တစ်ခုခုတော့ ပြရမယ်"

ကျိုးထျန်းသည် အတိုင်းအတာတစ်ခုအထိ ချင့်ချိန်တတ်သူ ဖြစ်သည်။

ဤသူငယ်ချင်းအသစ်များအတွက်မူ သူတို့ ကျင့်သားရသွားစေရန် အစောပိုင်းတွင် အဆင့်နိမ့်သော မနာလိုမှုမျိုးမှ စတင်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့မှာ အတန်းဖော်များဖြစ်ကြပြီး ရှေ့လျှောက် လမ်းခရီးက အဝေးကြီး ကျန်သေးရာ၊ သူတို့ကို တစ်ခါတည်းနှင့် မနာလိုစိတ်ကြောင့် အသက်ရှူမဝအောင် မလုပ်လိုသေးပေ။

သူသည် အဝတ်အစားလဲကာ ကားသော့ကို ဆွဲပြီး ကျင်းရှီတိုက် ပလာဇာ သို့ ဦးတည်လိုက်သည်။

လမ်းတစ်ဝက်မှာပင် သူ၏ မျက်စိရှေ့၌ အချဉ်ဓာတ် သတင်းစကားများစွာ ရုတ်တရက် ပေါ်လာသည်ကို သတိထားမိလိုက်သည်။

ငါ ဘာမှတောင် မလုပ်ရသေးဘူး၊ ဘာလို့ အချဉ်ဓာတ်တွေ တက်နေတာလဲ’

သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားသည်။

‘ဒီသူငယ်ချင်းအသစ်တွေ ငါ့ရဲ့ အရင်က Post တွေကို ပြန်ကြည့်နေကြတာ ဖြစ်ရမယ်!’

‘ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး။ ငါ့ရဲ့ Post အဟောင်းတွေကိုတောင် ပြန်သုံးလို့ ရနေတာပဲ။ တော်လိုက်တဲ့ အတန်းဖော်တွေ၊ တကယ်ကို ကူညီကြတာပဲ’

သူသည် ပဲနို့တစ်ခွက် ဝယ်လိုက်ပြီး လမ်းဘေးရှိ ခုံတန်းတစ်ခုတွင် ထိုင်လိုက်သည်။

၃ မိနစ်အတွင်းမှာပင် အမြင့်ဆုံး အချဉ်ဓာတ် မှတ်တမ်းပေါင်း ၇၀ ကျော် သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

အခြားသော အချဉ်ဓာတ်များနှင့် ပေါင်းစပ်ကာ နှစ်ဆတိုးလိုက်သည့်အခါ အချဉ်ဓာတ် ၂.၇ သန်းကို အလွယ်တကူ ရရှိသွားတော့သည်။

အရေအတွက်မှာလည်း ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။

‘တကယ်ကို စေတနာ ကောင်းကြတာပဲ၊ ပဲနို့သောက်နေတဲ့ အချိန်အတွင်းမှာတင် ၃ သန်းနီးပါး ရသွားပြီ၊ ငါ အားတောင် နာလာပြီ’

ငွေများ ဤမျှအထိ လျင်မြန်စွာ ရလာလိမ့်မည်ဟု သူ မထင် မှတ်ထားခဲ့ပေ။

သူ၏ မူလပန်းတိုင်မှာ သန်း ၂၀ သာ ဖြစ်ရာ မိနစ်ပိုင်းအတွင်းမှာပင် ၁၆ ရာခိုင်နှုန်းနီးပါး အောင်မြင်သွားခဲ့လေပြီ။

"ငါ အရှိန်မြှင့်လိုက်ရမလား၊ ဒါမှမဟုတ် သူတို့ဘာသာသူတို့ ဆက်သွားနေတာကိုပဲ လွှတ်ထားရမလား။ ဒီကောင်တွေဆီမှာ အချဉ်ဓာတ်တွေ ကျန်သေးရဲ့လား မသိဘူး၊ ငါ သူတို့ကို အရည်ညှစ်ထုတ်သလိုမျိုးတော့ မဖြစ်စေချင်ဘူး"

ကျိုးထျန်း ခဏမျှ စဉ်းစားကြည့်ပြီးနောက် ထိုသို့ဖြစ်ရန် မဖြစ်နိုင်ကြောင်း ဆုံးဖြတ်လိုက်သည်။

သူ၏ အတွေ့အကြုံအရ လူသားတို့၏ "အချဉ်ဓာတ်" ထွက်ရှိနိုင်စွမ်းမှာ သူ ထင်ထားသည်ထက် များစွာ သာလွန်ပြီး အကန့်အသတ်မရှိသလောက်ပင် ဖြစ်သည်။

လမ်းလျှောက်နေရင်း သူသည် အပေါင်ဆိုင်တစ်ခုရှေ့မှ ဖြတ်သွားမိသည်။

ယနေ့ခေတ်တွင် အပေါင်ဆိုင်များမှာ သိပ်မတွေ့ရတော့သော်လည်း ရှန်ဟိုင်းတွင်မူ အနည်းငယ် ရှိနေသေးသည်။

လူအများစုမှာ အရေးပေါ် ငွေကြေးလိုအပ်တတ်ကြပြီး အွန်လိုင်းမှ ငွေချေးသည့် ထောင်ချောက်ထဲ မကျလိုကြသဖြင့် သူတို့၏ ရတနာများ၊ ကားများနှင့် အိမ်ခြံမြေများကိုပင် ကာလတိုအတွင်း ပေါင်နှံတတ်ကြသည်။

ဤအပေါင်ဆိုင်မှာ ဤနေရာတွင် ဖွင့်လှစ်ထားသည်မှာ ၁၀ နှစ်ခန့် ရှိနေပြီဖြစ်ရာ ဖောက်သည် အတော်အတန် ရှိမည်မှာ သေချာသည်။

ဆိုင်၏ အဝင်ဝတွင် ကြီးမားသော မှန်ပြခန်း နှစ်တန်းရှိပြီး ၎င်းအရွယ်အစားမှာ လက်ဝတ်ရတနာဆိုင် အတော်များများထက်ပင် ကြီးမားနိုင်သည်။

အတွင်း၌ အမျိုးမျိုးသော အဖိုးတန် ကျောက်မျက်ရတနာများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့မှာ ပိုင်ရှင်များက ပြန်မရွေးတော့သော ပေါင်နှံပစ္စည်းများ ဖြစ်ပုံရသည်။

အပေါင်ဆိုင်များသည် ဤပစ္စည်းများကို ဈေးကြီးပေး၍ ပြန်ရောင်းလေ့ရှိသည်။

၎င်းတို့မှာ ပေါင်နှံစဉ်က ဈေးနှုန်း အလွန်နည်းသဖြင့် ရောင်းထွက်ပါက ၅ ဆမှ ၁၀ ဆအထိ အမြတ်ရနိုင်ပေသည်။

ထိုအချိန်တွင် ပြခန်းအတွင်းရှိ ထူးခြားသော နာရီတစ်လုံးမှာ ကျိုးထျန်း၏ အာရုံကို ဖမ်းစားသွားသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် ထိုနာရီကို စိတ်ဝင်စားသွားခဲ့သည်။ ကျိုးထျန်း ရပ်လိုက်ပြီး ပြခန်းရှေ့တွင် မတ်တတ်ရပ်ကာ ကြည့်နေမိသည်။

နှင်းဆီရွှေရောင်ကြိုးနှင့် စိန်များ စီခြယ်ထားသော ဘောင်မှာ ကျိုးထျန်းအတွက်တော့ အထူးအဆန်း မဟုတ်ပေ။

သူ့ကို ဆွဲဆောင်သွားသည်မှာ ဘောင်၏အရောင်ပင် ဖြစ် သည်။ ၎င်းမှာ ရိုးလက်စ် (Rolex) ၏ ထိပ်တန်း မော်ဒယ်ဖြစ်သော Rainbow Daytona ပင်။

လွန်ခဲ့သော အခေါက်က လျိုမုယန်နှင့်အတူ နာရီဝယ်ပြီးနောက် ကျိုးထျန်းသည် နာရီများအကြောင်းကို သီးသန့် လေ့လာထားခဲ့သေးသည်။

နာရီများနှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက်သာ တစ်ချက်ကြည့်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ ပုံပန်းသဏ္ဌာန်မှာ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။

ခဏမျှ စဉ်းစားပြီးနောက် သူသည် အပေါင်ဆိုင်အတွင်းသို့ လှည့်ဝင်သွားတော့သည်။

မိနစ် ၂၀ အကြာတွင် သူသည် ထိုနာရီကို ပတ်ပြီး ပြန်ထွက်လာခဲ့သည်။ ၎င်း၏ ဈေးကွက်ပေါက်ဈေးမှာ ၉ သိန်း ဖြစ်သော်လည်း တစ်ပတ်ရစ်နာရီ ဖြစ်သောကြောင့် ကျိုးထျန်းမှာ ၁.၇ သန်း ပေးခဲ့ရသည်။

သို့သော် ၎င်းမှာ ရှုံးသော အပေးအယူ မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ထိုနာရီ၏ ဈေးကွက်တန်ဖိုးမှာ ယခုအခါ ၂ သန်းကျော်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

၎င်းမှာ စစ်မှန်သော စုဆောင်းသင့်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ဈေးနှုန်းမှာ တက်ရန်သာ ရှိပြီး ကျရန် မရှိပေ။

Rainbow Daytona နာရီကို မူလဈေးနှုန်းဖြင့် ဝယ်လိုပါက မဖြစ်နိုင်သည်တော့ မဟုတ်ပေ၊ သို့သော် အရင်ဆုံး ၃ သန်းကျော် တန်ဖိုးရှိသော ရိုးလက်စ်နာရီများကို ဝယ်ယူထားရမည် ဖြစ်ပြီးနောက် တန်းစီ စောင့်ဆိုင်းရမည် ဖြစ်သည်။

ဘယ်လောက်ကြာကြာ စောင့်ရမည်လဲ ဆိုသည်မှာတော့ ကံတရားအပေါ်၌သာ မူတည်သည်။

ကျိုးထျန်းသည် နာရီတစ်လုံးအတွက် အချိန်ဖြုန်းကာ စောင့်နေမည့်သူ မဟုတ်ပေ၊ သို့မဟုတ် သန်းပေါင်းများစွာ တန်သော နာရီမှာ သူ စောင့်ဆိုင်းရလောက်အောင် မထိုက်တန်ဟု ဆိုရပေမည်။

ထို့ကြောင့် သူသည် တိုက်ရိုက်သာ ဝယ်ယူလိုက်တော့မည်။

ထို့အပြင် သူ သုံးစွဲလိုက်သော ငွေများကိုလည်း စနစ်မှတစ်ဆင့် ပြန်လည် ရရှိနိုင်မည် ဖြစ်ရာ လုံးဝ အလကား ရသကဲ့သို့ပင် ဖြစ်သည်။

လမ်းလျှောက်နေရင်း လက်ကောက်ဝတ်ရှိ နာရီကို ထိကြည့်လိုက်ရာ ကျေနပ်မှုတစ်ခုမှာ သူ့ရင်ထဲ၌ တိုးဝှေ့လာသည်။

အရောင်ပြေးနေသော လေးထောင့်ပုံ စိန်ရောင်ကျောက် ၃၆ လုံးမှာ နေရောင်အောက်တွင် စူးရှစွာ တောက်ပနေသည်။

ပတ်ဝန်းကျင်မှ လူများမှာ လှည့်ကြည့်နေကြပြီး အနီးအနားတွင် လေ့ကျင့်ခန်း လုပ်နေသော အဘိုးအိုပင်လျှင် သူ့နာရီကို ငေးကြည့်နေမိသည်။

သာမန် ရိုးလက်စ်နာရီ တစ်လုံးမှာ ဤမျှအထိ ဆွဲဆောင်မှု မရှိနိုင်ပေ၊ ၎င်းမှာ Rainbow Daytona ၏ ဆွဲဆောင်မှုပင် ဖြစ်သည်။

တစ်ခါမြင်လိုက်ရုံနှင့် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းမှာ အလွနထူးခြားလွန်းလှသည်။

ကျိုးထျန်းမှာ ရိုးလက်စ်နာရီများကို သိပ်ပြီး ကြိုက်လှသည်တော့ မဟုတ်ပေ၊ အထူးသဖြင့် လတ်တလော နှစ်များအတွင်း အလွန် ခေတ်စားနေသော Submariner စီးရီးများကို ဖြစ်သည်။

အစိမ်းရောင် Submariner အတုများကို ပတ်ထားသော သူငယ်ချင်းများစွာကို သူ တွေ့ဖူးသည်။

အစစ်ဖြစ်စေ၊ အတုဖြစ်စေ ထိုနာရီမှာ နေရာတိုင်းတွင် ရှိနေသည်။

‘ဟင်း... အဖေ့အတွက်လည်း တစ်လုံး ဝယ်ပေးရမလား။ သားဖြစ်သူက ဒီလောက် ခန့်ခန့်ညားညား ဝတ်ထားတာဆိုတော့ အဖေကလည်း နိမ့်ကျလို့ မဖြစ်ဘူး’

‘ဟုတ်တယ်၊ အမေ့အတွက်ရော၊ မုယန်အတွက်ရောပေါ့’

‘ထားလိုက်ပါတော့... အဖေကတော့ G-Wagon မောင်းပြီး တော်တော် ကြွားနေတာ။ အမေကတော့ ပိုပြီး လက်တွေ့ကျတဲ့သူဆိုတော့ အဆူခံရမှာ စိုးရတယ်’

‘မုယန်အတွက်ပဲ ဝယ်ပေးလိုက်တော့မယ်၊ သူလည်း အဲဒီ နာရီကြီးကိုပဲ အမြဲတမ်း ပတ်နေရတာ ငြီးငွေ့နေလောက်ပြီ’

ကျိုးထျန်းသည် သူ၏ ရည်းစားအတွက်ပါ နာရီတစ်လုံး ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

လျိုမုယန်၏ အချဉ်ဓာတ်မှာ သူနှင့် ဆက်နွှယ်နေသည် မဟုတ်ပါလား။

သူ ဝယ်ပေးလိုက်သော နာရီကို မုယန်၏ WeChattတွင် တင်လိုက်ရုံနှင့် နာရီဖိုးမှာ ပြန်ရပြီးသား ဖြစ်ပေလိမ့်မည်။

ဤသို့တွေးလိုက်ရင်း သူသည် ဆိုင်ထဲသို့ ပြန်လှည့်ဝင်သွားသည်။

အပေါင်ဆိုင်အတွင်းတွင် ဆိုင်ရှင်မှာ ခြေထောက်ချိတ်ထိုင်ကာ သီချင်းတညည်းညည်းဖြင့် အပန်းဖြေနေသည်။

သူဌေးတစ်ယောက် ဝင်လာပြီး သူမ၏ ဈေးအကြီးဆုံး နာရီကို ဝယ်သွားခဲ့သည် မဟုတ်ပါလား။

၁.၂၅ သန်းဖြင့် ဝယ်ထားသော နာရီကို ၁.၇ သန်းဖြင့် ပြန်ရောင်းလိုက်ရသဖြင့် BMW ကားအသစ်တစ်စီး ဝယ်ရန်အတွက် အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေစဉ်မှာပင် ထိုလူ ပြန်ဝင်လာသည်ကို တွေ့လိုက်ရသည်။

သူ့ ရင်မှာ ထိတ်ခနဲ ဖြစ်သွားသည်၊ တစ်ခုခု မှားသွားလို့များလား?

"အိုး... မစ္စတာကျိုး၊ ဘာလို့ ပြန်လာတာ"

ကျိုးထျန်းမှာ ဆိုင်ရှင်၏ စိတ်အားထက်သန်သော အမူအရာကို ကျင့်သားရနေပြီ ဖြစ်သည်။

သူ ငွေသုံးလိုက်တိုင်း ဆိုင်ရှင်များမှာ သူ့ကို ပြန်တွေ့ရသဖြင့် အမြဲတမ်း ပျော်ရွှင်နေကြသည် မဟုတ်ပါလား။

ငွေသည် လူကို ပျော်ရွှင်စေသည်ဟု ဆိုခြင်းမှာ မှန်ကန်လှပေသည်။

All Chapters