အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
🍋 Chapter 67
ကျိုးထျန်းအမေမှာ လက်ရှိနှစ်အတောအတွင်း မိသားစုအတွက် အပင်ပန်းဆုံး လုပ်ကိုင်ပေးခဲ့သူ ဖြစ်သည်။ အမြဲတမ်း အလုပ်များပြီး ကြိုးစားလွန်းသောကြောင့် ဒေါ်ဟွမ်ချင်ကျဲမှာ ဘာဝါသနာမှ မရှိခဲ့ပေ။
သူမမှာ မိသားစုနှင့် အလုပ်ကြားတွင် အချိန်ကုန်နေရပြီး သူမကိုယ်တိုင် ဘာကိုသဘောကျလဲဆိုတာ တွေးဖို့တောင် အချိန်မရှိခဲ့ရှာပေ။
ထို့ကြောင့် ကျိုးထျန်း ပိုစဉ်းစားမိလေလေ၊ အမေ့အတွက် အရမ်းကို ခမ်းနားတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးရမယ်လို့ ခံစားရလေလေပင်။
လက်ဆောင်က ခမ်းနားရုံတင်မကဘဲ အမေ့ရဲ့ အကြိုက်နဲ့လည်း ကိုက်ညီရပေမည်။
စိန်ခေါ်မှုတစ်ခု ဖြစ်နေသောလည်း သူ့စိတ်ထဲမှာတော့ အကြံတစ်ခု ရနေပြီ ဖြစ်သည်။
မနက်စာစားပြီးနောက် ကျိုးထျန်းသည် မြို့လယ်ရှိ ဗာချာရွန် ကွန်စတန်တင် အရောင်းပြခန်းဆီသို့ တိုက်ရိုက် မောင်းနှင်ခဲ့သည်။
၎င်းမှာ ရှန်ဟိုင်းရှိ အကြီးဆုံးဆိုင်ဖြစ်ပြီး ပစ္စည်းအစုံဆုံးလည်း ဖြစ်သည်။ အချိန်စောနေသေးသဖြင့် ဆိုင်ထဲတွင် သူတစ်ယောက်တည်းသာ ရှိနေသည်။
ဓာတ်ပုံရိုက်ရုံသက်သက် လာကြသည့် 'ဆိုရှယ်မင်းသမီး' များမှာ မွန်းလွဲပိုင်းမှသာ အိပ်ရာထလေ့ရှိသဖြင့် ယခုအချိန်တွင် ပေါ်မလာကြသေးပေ။
သူ့ အဝတ်အစားမှာ သာမန်အားကစားဝတ်စုံသာ ဖြစ်သည်။ နာရီများ စမ်းဝတ်ကြည့်ရန် လွယ်ကူစေရန်အတွက် သူ့ကိုယ်ပိုင်နာရီများကိုလည်း ပတ်မလာခဲ့ပေ။
ဤသည်မှာ နာမည်ကြီး Brand တစ်ခု၏ တကယ့်အဆင့်အ တန်းကို စမ်းသပ်ခြင်းပင် ဖြစ်သည်။ သူ့ အဝတ်အစားတစ်စုံလုံး ယွမ် ၂,၀၀၀ တောင် မပြည့်သော်လည်း အရောင်းဝန်ထမ်းက သူ့ကို နွေးထွေးစွာကြိုဆိုခဲ့သည်။
"မင်္ဂလာပါ ခင်ဗျာ... ဗာချာရွန်ကွန်စတန်တင်က ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ လူကြီးမင်းရဲ့ ကိုယ်ပိုင်လက် ထောက် ရှောင်ကျန်းပါ"
အနက်ရောင် ဝတ်စုံဝတ်ထားသော အရောင်းဝန်ထမ်းတစ်ဦးက လက်အိတ်စွပ်လျက် ချဉ်းကပ်လာသည်။
သူ၏ လေသံမှအစ အပြုံးအဆုံး အရာအားလုံးမှာ ကျွမ်း ကျင်စွာလေ့ကျင့်ထားကြောင်း သိသာလှသည်။
ရင်းနှီးဖော်ရွေသော်လည်း အဆင့်အတန်းတစ်ခုကို ထိန်းသိမ်းထားသည်။
"ဒီမှာ တန်းစီစောင့်စရာ မလိုဘဲ ချက်ချင်းဝယ်လို့ရတဲ့ ပစ္စည်း ဘာရှိမလဲ" ကျိုးထျန်း တိုက်ရိုက်ပင် မေးလိုက်သည်။
ရှောင်ကျန်းသည် ဤဖောက်သည်မှာ ချက်ချင်းဝယ်ယူမည့်သူဖြစ်ကြောင်း ရိပ်မိလိုက်ပြီး သူ ကံကောင်းပြီဟု ခံစားလိုက်ရသည်။
"ဟုတ်ကဲ့ခင်ဗျာ... ကျွန်တော် အရင်ဆုံး လိုက်ပြပေးပါ့မယ်။ လမ်းလျှောက်ရင်း ဆွေးနွေးကြတာပေါ့၊ လက်ကျန်ရှိတဲ့ ပစ္စည်းတွေကို ကျွန်တော် ညွှန်ပြပေးပါ့မယ်"
"ကောင်းပြီ"
လိုက်ကြည့်ပြီးနောက်တွင် ကျိုးထျန်းမှာ များပြားလှသော ပစ္စည်းများကြောင့် မှင်သက်သွားရသည်။
ပစ္စည်းများပြားရုံတင်မကဘဲ ဈေးနှုန်းများမှာလည်း အံ့မခန်း မြင့်မားလှသည်။
သာမန်လူများကို ခြောက်လှန့်နိုင်သော်လည်း သူ့ကိုတော့ မဟုတ်ပေ။ လိုက်ပြနေစဉ်အတွင်း အရောင်းဝန်ထမ်းကလည်း သူ့ အမူအရာကို အကဲခတ်နေသည်။
ယွမ် ၄ သန်း၊ ၅ သန်းတန် Limited Edition နာရီများကို မြင်လျှင်ပင် ကျိုးထျန်းမှာ တည်ငြိမ်နေသဖြင့် ရှောင်ကျန်းက သူသည် ထိပ်တန်းဖောက်သည်တစ်ဦးနှင့် တွေ့နေပြီဖြစ် ကြောင်း သေချာသွားသည်။
အမှန်တော့ ကျိုးထျန်းသည် ယွမ် ၃.၅ သန်းတန် ကာတီးယာ ကိုဝယ်ပြီးဖြစ်သဖြင့် ဤမျှဈေးနှုန်းမှာ သူ့အတွက် အထူး အဆန်း မဟုတ်တော့ပေ။
လိုက်ကြည့်ပြီးနောက် သူ ဘာလိုချင်သလဲဆိုတာကို ခန့်မှန်းမိသွားသည်။ ပထမဆုံးအနေဖြင့် စိန်နှင့် ကျောက်မျက်ရတနာများပါသော နာရီများကို သူ ဖယ်ထုတ်လိုက်သည်။
သူ့ဖခင်မှာ လုံလောက်အောင်ပင် လူဂုဏ်ထံ ပြနေပြီဖြစ်ရာ ထိုထက်ပို၍အထင်ကြီးခံချင်စိတ်ကို မမွေးမြူစေလိုတော့ပေ။
ထို့အပြင် ကျောက်မျက်ရတနာပါသော နာရီများမှာ မှာယူရသည့်အချိန် အလွန်ကြာမြင့်လှသဖြင့် သူ မစောင့်နိုင်ပေ။
"မစ္စတာကျိုး..... ကော်ဖီလေး သောက်ရင်း အေးအေးဆေး ဆေး စကားပြောကြရအောင်ပါ"
ရှောင်ကျန်းက လက်ဖက်ရည်နှင့် မုန့်များ လာချပေးရင်း သူ့ဘေးတွင် ပြုံးလျက် ထိုင်လိုက်သည်။
"မစ္စတာကျိုး..... ဘယ်တစ်ခုကို စမ်းဝတ်ကြည့်ချင်ပါသလဲ"
"ဟို အနက်ရောင်လေး လက်ကျန်ရှိလား"
"ရှိပါတယ် ခင်ဗျာ... ကျွန်တော် အခုပဲ ယူပေးပါ့မယ်"
ထိုနာရီမှာ ဈေးနှုန်း ယွမ် ၃၆၀,၀၀၀ ကျော်ရှိပြီး အနက်ရောင် သားရေကြိုး၊ အနက်ရောင် မျက်နှာပြင်နှင့် ပန်းရွှေရောင်ဘောင်တို့ဖြင့် ပြုလုပ်ထားသဖြင့် တည်ငြိမ်ပြီး ခန့်ညားလှသည်။
၎င်းမှာ သူ့ဖခင် သဘောကျသော 'Heirloom' Series ထဲမှ မဟုတ်ဘဲ ပိုအဆင့်မြင့်သော 'Succession' Series ထဲမှ ဖြစ်သည်။
ကျိုးထျန်း စမ်းဝတ်ကြည့်သော်လည်း လူကြီးဆန်လွန်းသဖြင့် သူနှင့် မလိုက်ဖက်ပေ။ သို့သော် သူနှင့် မလိုက်ဖက်ခြင်းမှာပင် သူ့ဖခင်နှင့် ကွက်တိဖြစ်နေခြင်းကို ဆိုလိုသည်။
"ဒါပဲယူမယ်... ကတ်ပဲ ဖြတ်လိုက်တော့"
ငွေအမြန်ပေးချေပြီးနောက် ကျိုးထျန်းသည် ရှောင်ကျန်း၏ ပို့ဆောင်မှုဖြင့် ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ဗာချာရွန် ကွန်စတန်တင်ကို သူ သိပ်ပြီး ခံစားချက်မရှိပေ။
ကားထဲ ရောက်ရောက်ချင်းမှာပင် သူ့ ဘဏ်အကောင့်ထဲသို့ ငွေဝင်သည့် အကြောင်းကြားစာ ရောက်လာသည်။ အိမ်ရောင်းရသည့် ငွေများရောက်လာပြီဖြစ်သည်။
စုစုပေါင်း ယွမ် ၁၇၁.၆၈ သန်း ဖြစ်သည်။ အမြတ်ငွေမှာ ၄၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ဤငွေများ အကောင့်ထဲရောက် လာသဖြင့် ကျိုးထျန်း၏အကြီးမားဆုံး စိုးရိမ်မှုမှာ ပြေလည်သွားခဲ့သည်။
သူသည် သူ့ စိတ်ထဲမှ အိမ်ခြံမြေ ဝယ်ယူရေးကတ်ကို ချက်ချင်းသတိရလိုက်သည်။
[စနစ်သတိပေးချက် - ဤကတ်ကို အသုံးပြုမည်လား?]
"အသုံးပြုမယ်!"
[ကတ်ကို အသုံးပြုလိုက်ပါပြီ]
[ရှန်ဟိုင်းမြို့၊ ကျင့်အန်းခရိုင်၊ ကျူးမားလမ်း၊ အမှတ် ၃၀၀ ရှိ ဗီလာမှာ ယခုအခါ Host ၏ ပိုင်ဆိုင်မှု ဖြစ်လာပါပြီ။ ပိုင်ဆိုင်မှုလက်မှတ်ကို တစ်ရက်အတွင်း စာတိုက်မှတစ်ဆင့် ပေးပို့ပေးပါမည်။ ကျေးဇူးပြု၍ စာတိုက်ပုံးကို စစ်ဆေးပေးပါ]
သူ့အကောင့်ထဲ ရောက်ကာစ ငွေတစ်ဝက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ငွေက နွေးတောင် မနွေးသေးဘဲ ကုန်သွားပြန်ပြီ။ ကျိုးထျန်း မပြုံးဘဲ မနေနိုင်တော့ပေ။
သူ ဘာကို စောင့်နေဦးမှာလဲ။
ကျူးမားလမ်းဆီသို့ တိုက်ရိုက်မောင်းလာပြီး ကားကို လမ်းဘေးတွင် ရပ်ကာ သုံးထပ်တိုက်ကြီးကို မော့ကြည့်လိုက်သည်။
၎င်းမှာ သေးငယ်သည့် အဆောက်အအုံ မဟုတ်ပေ။ အချက် အလက်များအရ အတွင်းပိုင်းဧရိယာမှာ စတုရန်းမီတာ ၇၀၀ ကျော်ရှိပြီး ဗီလာဖြစ်သဖြင့် အခြားသူများနှင့် မျှဝေသုံးစွဲရမည့် နေရာလည်းမရှိပေ။
စတုရန်းမီတာ ၇၀၀ အပြည့်အဝ ရှိသည်။ ရှေ့ခြံနှင့် နောက်ခြံ အကျယ်အဝန်းမှာ စတုရန်းမီတာ ၁၀၀၀ နီးပါး ရှိသဖြင့် အလွန်ကျယ်ဝန်းလှသည်။
ယခင်က ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ထားသဖြင့် ခြံဝင်းကို ကောင်းကောင်း အသုံးမချခဲ့ခြင်းမှာ နှမြောစရာပင်။
ယခုမူ သူ့ လက်ထဲသို့ ရောက်လာပြီဖြစ်ရာ အကျိုးရှိရှိ အသုံးချရတော့မည်။
‘အိမ်တော့ ရပြီ... ဒါပေမဲ့ ဒါကို ဘာလုပ်ရမလဲ’
အိမ်က လမ်းမပေါ်မှာရှိနေပြီး ကိုယ်တိုင်နေထိုင်ရန်မှာ နှမြောစရာကောင်းလှသည်။
အထူးသဖြင့် ပတ်ဝန်းကျင်ရှိ ဗီလာများကို ဆိုင်ခန်းများအဖြစ် ပြောင်းလဲထားသဖြင့် အတော်လေးဆူညံပေလိမ့် မည်။
အထူးသဖြင့် ညဘက်တွင် Bar များကြောင့် ပိုဆူညံနိုင်စရာ ရှိသည်။
‘ကိုယ်တိုင်မနေရင် ဆိုင်ဖွင့်ရမလား၊ ကုမ္ပဏီဖွင့်မလား၊ ဒါမှမဟုတ် ငှားစားရမလား’
ကျိုးထျန်း အနည်းဆုံး စဉ်းစားချင်သည့် အချက်မှာ ငှားစားခြင်းဖြစ်သည်။ အိမ်ငှားခမှာ များပြားသော်ကြောင့် သူ ငွေမပြတ်လပ်တော့ပေ။
‘ဆိုင်ပဲ ဖွင့်သင့်တယ်၊ ဒါပေမဲ့ ဘယ်လိုဆိုင်မျိုးလဲ’
သူ မည်သည့်လုပ်ငန်းနှင့်မျှရင်းနှီးသလို ကျောင်းသားပဲ ရှိသေးသည်၊ အလုပ်လည်း မလုပ်ဖူးသလို မည်သည့်လုပ်ငန်းကိုမျှ အသေအချာ မသိပေ။
ရင်းနှီးသည်ဟု ပြောနိုင်သည်မှာ စားသောက်ကုန်လုပ်ငန်းသာ ရှိသည်၊ အကြောင်းမှာ သူ့ မိသားစုမှာ ထိုအလုပ်ကို လုပ်ကိုင်သောကြောင့် ဖြစ်သည်။
သို့သော် သူ့မိသားစု စားသောက်ဆိုင်မှာ သာမန်လူတန်းစားများကိုသာ ဦးတည်ခြင်းဖြစ်ပြီး၊ ဤနေရာတွင် ဖွင့်မည်ဆိုလျှင် အထက်တန်းစား ဖောက်သည်များကိုသာ ဦးတည်ရပေလိမ့်မည်၊ မဟုတ်လျှင် ရှုံးပေလိမ့်မည်။
၎င်းကို တွေးမိရင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နိုင်ငံအတွင်းမှာ တစ်ခုတည်းသော မစ်ရှလင် ကြယ်သုံးပွင့်ရ စားသောက် ဆိုင်ဖြစ်ခဲ့တဲ့ ထန်ကုတ်ကို သတိရလိုက်သည်။
အမှုဆောင်စားဖိုမှူးကြီး ထွက်သွားပြီးနောက်မှာတော့ ထိုဆိုင်မှာ ကြယ်တစ်ပွင့်သာကျန်ပါပေသည်။ ထိုကြယ်တစ်ပွင့်မှာပင် ပြုတ်လုပြုတ်ခင်ဖြစ်နေသည်။
‘ဟင်း..... ထန်ကုတ်ကနေ ထွက်သွားတဲ့ စားဖိုမှူးကြီးကိုသာ ငါ့ဆီခေါ်ပြီး ဆိုင်ဖွင့်ခိုင်းနိုင်ရင် ဘယ်လောက် မိုက်မလဲ’
ကျိုးထျန်း လက်ခုပ်တီးလိုက်သည်။ ဤအကြံမှာ အဓိပ္ပာယ်အရှိဆုံးပင်။
ထန်ကုတ်၏ကြယ်သုံးပွင့်မှာ ထိုစားဖိုမှူးကြီးကြောင့် ရခဲ့ခြင်း ဖြစ်သည်။
သူ ကြယ်သုံးပွင့်ရနိုင်ရင် ငါလည်း ရနိုင်တာပဲ! ပြီးတော့ ရှေးဟောင်းအိမ်ကြီးထဲမှာ အဆင့်မြင့်စားသောက်ဆိုင် ဖွင့်တာက ရှန်ဟိုင်းရဲ့အနှစ်သာရကို တကယ်ပေါ်လွင်စေလိမ့်မည်။
တွေးကြည့်လေလေ၊ ပိုအဓိပ္ပာယ်ရှိလေလေ ဖြစ်သော်လည်း အခက်အခဲမှာ သူ့ကို ဘယ်လို ခေါ်ရမလဲ ဆိုတာပင်။ ဒီလို အဆင့်ရှိတဲ့ စားဖိုမှူးတွေက စားဖိုမှူးသက်သက် မဟုတ်တော့ပေ။
အမှုဆောင်စားဖိုမှူးကြီးဆိုတာ စီမံခန့်ခွဲသူတစ်ယောက် ဖြစ်ပြီး သူတို့ရဲ့ နှစ်စဉ်လစာမှာ တစ်သန်းကျော် ရှိသည်။
ထိုအဆင့်တွင် သူတို့ လိုချင်သည်မှာ ငွေတစ်ခုတည်း မဟုတ်နိုင်ပေ။
စားဖိုမှူးကောင်းများမှာ အနုပညာရှင်များကဲ့သို့ပင်။
သူတို့တွင် ပိုပြီး လွတ်လပ်သော ဖန်တီးမှု နယ်ပယ်တစ်ခု လိုအပ်ပေသည်။
ကျိုးထျန်းမှာလည်း ထိုသို့သော်လွတ်လပ်မှုကို သေချာ ပေါက်ပေးနိုင်ပေသည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း လူကိုယ်တိုင် လိုက်ပြီး စီမံခန့်ခွဲချင်သူ မဟုတ်သောကြောင့် ဖြစ်သည်။
‘ကောင်းပြီ... အရင်ဆုံး ဒီစားဖိုမှူးကြီးကို ဆက်သွယ်ကြည့်ရမယ်၊ သူ ဘယ်လိုနေလဲဆိုတာ သိရအောင်’
သူသည် အိမ်ထဲသို့ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
အသံမြည်နေသော ရှေးဟောင်း သစ်သားလှေကား၊ အနီရောင်ရင့်ရင့် ကြမ်းပြင်နှင့် ဝါညိုရောင် မီးအိမ်လေးများက သူ့ကို ရုပ်ရှင်တစ်ခုထဲ ရောက်သွားသကဲ့သို့ ခံစားရစေသည်။
ဤကဲ့သို့သော အလှအပနှင့် အငွေ့အသက်မှာ ရှန်ဟိုင်းတွင်သာ ရှိသည်။ ပေကျင်းရှိ အိမ်ဝင်းကြီးများနှင့် လုံးဝကို ကွဲပြားခြားနားလှသည်။
ရိုးရှင်းသော်လည်း ခမ်းနားသည်၊ သိမ်မွေ့သော်လည်း ဇိမ်ကျလှသည်။
‘ရာစုနှစ်တစ်ခုစာ သမိုင်းကြောင်းဆိုတာ ဒါပါပဲလား’
‘ဒီ ယွမ် သန်း ၆၀ ကတော့ တကယ်တန်ပါတယ်’
ဒီလို အငွေ့အသက်တွေထဲမှာ နစ်မြောနေပေမဲ့ သူ၏ အလုပ်ကိုတော့ သူ မေ့မထားပေ။ သူ ဖုန်းကို ထုတ်ပြီး ဓာတ်ပုံ ၉ ပုံ ရိုက်လိုက်သည်။
ထို့နောက် ကျိုးထျန်း ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး သူ၏ အချဉ်ဓာတ် ရှာဖွေရေးအစီအစဉ်ကို စတင်လိုက်သည်။
🍋 Chapter 68
ရှန်ဟိုင်းမြို့ခံ အများစုအတွက် ရှန်ဟိုင်းရှိ ဗီလာဟောင်းကြီးများသည် ပေကျင်းရှိ အိမ်ဝင်းကြီးများကဲ့သို့ပင်။
ထိုအိမ်မျိုးမှာ မနေထိုင်ဖူးလျှင်ပင် အားလုံးက မြင်ဖူးကြပေလိမ့်မည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဤကဲ့သို့ လက်ရာမြောက်သော အိမ်ဟောင်းများ၏ အရေအတွက်မှာ ထိုးဆင်းသွားခဲ့သည်။
မြို့ပြဖြစ်ထွန်းလာမှု လုပ်ငန်းစဉ်တွင် အိမ်ဟောင်း အများအပြားမှာ ဖျက်သိမ်းခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်း ခံခဲ့ရပြီး ကျန်ရှိနေသော အိမ်များမှာ အလွန်ပင် ရှားပါးလှသည်။
ကျိုးထျန်း ပိုင်ဆိုင်သွားသော ဗီလာဟောင်းကြီးမှာလည်း ထိုနည်းတူပင်။
ဓာတ်ပုံအချို့ ရိုက်ပြီးနောက် စာသားများကို စနစ်တကျ ပြင်ဆင်ကာ ကျိုးထျန်းသည် သူ၏ WeChat Moments တွင် အေးအေးဆေးဆေးပင် ပို့စ်တစ်ခု တင်လိုက်သည်။
"ကျူးမားလမ်းက ဗီလာလေးတစ်လုံးကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါပြီ..... 'ဆိုရှယ်မင်းသမီး' များ လာရောက်လည်ပတ်ပြီး အတွေ့အကြုံသစ် ခံစားဖို့ ဖိတ်ခေါ်ပါတယ်.....
အဖွဲ့လိုက် လာရောက်သူတွေအတွက် အထူးနှုန်းထားတွေ ရှိသလို အများအပြားမှာယူရင်လည်း လျှော့ဈေးပေးပါဦးမယ်....."
ပို့စ်၏အောက်တွင် အပြင်အဆင် အစုံအလင်ဖြင့် အသေ အချာ ရိုက်ထားသော ဓာတ်ပုံ ကိုးပုံပါဝင်သည်။
ပို့စ်တင်ပြီးနောက် သူသည် ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး မနာလိုဖြစ်မှုများ ပြည့်နှက်နေမည့် ကွန်မန့်များကို စောင့်ဆိုင်းနေလိုက်တော့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောင်း၏ ဖိုရမ်နှင့် အွန်လိုင်း လူမှုအသိုင်းအဝိုင်းများတွင် လှုပ်ခတ်သွားခဲ့ပြီးနောက် ကျောင်းသား ရာပေါင်းများစွာသည် ကျိုးထျန်း၏ WeChat Moments ကို အနီးကပ် စောင့်ကြည့်လာကြသည်။
သူတို့သည် ကျိုးထျန်း၏ WeChat Moments ကို နွေရာသီ ကျောင်းပိတ်ရက်အတွင်း ၎င်းတို့၏အဓိက ဖျော်ဖြေရေး တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
အဆက်မပြတ်သော တိုက်ခိုက်မှုများနှင့် မနားတမ်း ရရှိနေသော အချဉ်ဓာတ်များက အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများကို ရူးသွပ်သွားစေခဲ့သည်။
သူတို့သည် နှိပ်စက်ခံရခြင်းကို ခံစားနေရသော်လည်း ဆက် လက် ကြည့်ရှုခြင်းကိုမူ မရပ်တန့်နိုင်ကြပေ။
၎င်းမှာ ကိုယ့်ကိုယ်ကိုယ် အသုံးချခံတစ်ယောက်မှန်း သိသော်လည်း ပိုနီးကပ်ရန် ကြိုးစားနေခြင်းနှင့် တူလှသည်။
ကြည့်ရှုသူ အရေအတွက်မှာလည်း လွန်ခဲ့သည့် ရက်အနည်း ငယ်အတွင်း ပိုမိုများပြားလာခဲ့သည်။
ကျောင်းဖိုရမ်တွင် တင်လိုက်ပြီးနောက် ဘွဲ့ရတော့မည့် စီနီယာများသာမက ဂျူနီယာများနှင့် ကျောင်းဝင်ခါစ ကျောင်း သားသစ်များပင် ပါဝင်လာကြသည်။
ကျောင်းသား ၅၀၀ ကျော်အနက် ထက်ဝက်ကျော်မှာ ယခုအခါ ကျိုးထျန်း၏ ဖန်များ ဖြစ်နေကြပြီ ဖြစ်သည်။ ဤသည်မှာ သူ့အတွက်တော့ အကောင်းဆုံးပင်။
ဥပမာအားဖြင့် ယခုတင်လိုက်သော WeChat Moments ပို့စ်မှာ တစ်ကျောင်းလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။
ကားများ၊ နာရီများနှင့် မတူဘဲ ဇိမ်ခံအိမ်ကြီးများမှာ လူတိုင်းနီးပါး လိုချင်တောင့်တသည့် အရာတစ်ခု ဖြစ်သည်။
ထို့အပြင် အမှတ် (၁) အထက်တန်းကျောင်းမှာ ကျူးမားလမ်း တည်ရှိရာ ကျင့်အန်းခရိုင်နှင့် ကပ်လျက်တွင် ရှိသဖြင့် ထိုနေရာရှိ ဗီလာတစ်လုံးကို ပိုင်ဆိုင်ရခြင်းမှာ မည်မျှ အဓိပ္ပာယ်ရှိသလဲ ဆိုသည်ကို လူတိုင်း သိကြသည်။
"အား..... ကျိုးထျန်း WeChat မှာ ပို့စ်ထပ်တင်ပြန်ပြီ! အား လုံးပဲ အမြန် Screenshot ရိုက်ပြီး ဖိုရမ်တွေပေါ် တင်လိုက်ကြစမ်း!"
"ငါကတော့ Screenshot ရိုက်ပြီး Weibo ပေါ် တင်မယ်၊ အားလုံးပဲ Share ပေးကြဦး၊ ငါတို့ အမှတ် (၁) ကျောင်းရဲ့ အင်အားကို အပြင်လူတွေ မြင်အောင် ပြလိုက်ကြရအောင်!"
"တကယ်ကို ရက်စက်လွန်းတယ်! အရင်က ပြိုင်ကားတွေနဲ့ ဇိမ်ခံနာရီတွေဆိုရင် အခုတော့ သူက ဗီလာကြီးတွေ ဝယ်တဲ့အဆင့်အထိ တက်သွားပြီ! ငါတို့ တစ်သက်လုံး အလုပ်လုပ်ရင်တောင် အဲဒီအိမ်မျိုးကို ဝယ်နိုင်မှာ မဟုတ်ဘူး....."
"မင်းကလည်း အများကြီး တွေးနေပြန်ပြီ..... အဲဒီကားတွေနဲ့ နာရီတွေကိုတောင် ငါတို့ အရင်ကတည်းက မဝယ်နိုင်ခဲ့တာလေ....."
"သူကတော့ ကြောင်တွေကို ချော့မြူနေသလိုပဲ၊ ငါတို့ကတော့ အွန်လိုင်းပေါ်ကနေ ချမ်းသာနေတာကို ကြည့်နေရတာ၊ တကယ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်!"
မိန်းကလေးများမှာ ယောကျ်ားလေးများထက် ပို၍ စိတ်လှုပ်ရှားနေကြသည်။ ဗီလာကြီးထဲမှာ နေထိုင်ပြီး အထက် တန်းကျ ကောင်းမွန်စွာ နေထိုင်ရခြင်းမှာ မိန်းကလေး အတော်များများအတွက် အိပ်မက်တစ်ခု ဖြစ်လာခဲ့သည်။
"ဝယ်ဖို့ မပြောနဲ့ဦး..... အဲဒီအိမ်ထဲမှာ တစ်ရက်လောက် နေခွင့်ရရင်တောင် ကျေနပ်ပါပြီ....."
"အဲဒီလူကြီးမင်းက ဆိုရှယ်မင်းသမီးတွေအတွက် အဖွဲ့လိုက် ကြိုတင်စာရင်းပေးတာကို လက်ခံတယ်လို့ ပြောထားတယ် မဟုတ်လား..... မင်း စမ်းကြည့်ပါလား....."
"ညီမတို့ရေ..... ပိုက်ဆံ စုကြရအောင်! တစ်ယောက်ကို ယွမ် ၁၀၀ စီပေါ့..... ငါတို့ကျောင်းမှာ မိန်းကလေး ၂၀၀ ကျော် ရှိတယ်ဆိုတော့ တစ်ရက်စာအတွက် ယွမ် ၂ သောင်း၊ ၃ သောင်းလောက်တော့ ရမှာပါ....."
"ငါ နောက်ထပ် ယွမ် ၁၀၀ ထပ်ထည့်မယ်၊ ပြီးတော့ လူကြီးမင်းရဲ့ကားနဲ့ နာရီကိုပါ ကြိုတင်စာရင်းပေးလိုက်မယ်....."
"မင်းက လူကြီးမင်းကိုပါ တိုက်ရိုက် ကြိုတင်စာရင်း မပေး လိုက်တာလဲ....."
"ဒါမှမဟုတ် ငါတို့ ကိုယ့်ကိုယ်ကိုယ်ပဲ ဆက်သလိုက်ရမလား၊ ဒါပေမဲ့ လူကြီးမင်းက ငါတို့ကို သတိတောင် ထားမိပါ့မလား မသိဘူး....."
"မင်းတို့ကလည်း အများကြီးစိတ်ကူးယဉ်မနေနဲ့..... ကိုရီးယားအဆင့်မြင့် ကျောင်းမှာ သွားပြီး ခွဲစိတ်ပြုပြင်လာရင် တောင် မုယန်ရဲ့ လက်သည်းလေးကိုတောင် မမှီနိုင်ပါဘူး....."
.....
တစ်ဖက်တွင်လည်း ဟန်ကျိုးရှိ ဆွေမျိုးများဆီသို့သွားရောက် လည်ပတ်နေသော လျိုမုယန်သည် သူ၏ WeChat Moments ကို တွေ့သွားခဲ့သည်။
လျိုမုယန်၏ဖခင် လျိုထျန်းအန်းမှာ မူလက ဟန်ကျိုးသား ဖြစ်သည်။ အိမ်ထောင်စုစာရင်းတွင် ထိုသို့ ဖော်ပြထားသော် လည်း လျိုထျန်းအန်းမှာ ရှန်ဟိုင်း ဇာတိသားတစ်ဦးသာ။
သူ၏ မိဘများ လက်ထက်ကတည်းက ရှန်ဟိုင်းတွင် အခြေချခဲ့ကြခြင်း ဖြစ်သည်။
ယခုတစ်ခေါက်တွင် သမီးဖြစ်သူ၏ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ကောင်းခြင်းကို အကြောင်းပြကာ ဇာတိမြေသို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်သည်။
လျိုမုယန်သည် ရက်အနည်းငယ်က ကျိုးထျန်း တင်ထားသော WeChat Moments ပို့စ်ကိုလည်း တွေ့ခဲ့ဖူးသည်။
သို့သော် သူမ ဘာမှ မပြောခဲ့ပေ။ ငွေသုံးစွဲခြင်းမှာ ဝင်ရောက် စွက်ဖက်ရမည့် ကိစ္စမဟုတ်ပေ၊
အထူးသဖြင့် သူတို့နှစ်ဦးကြားတွင် မည်သည့်အရာမှ မစတင်ရသေးသဖြင့် စွက်ဖက်ခြင်းမှာ မသင့်တော်ပေ။
သူမသည် ရည်းစားဖြစ်သူ၏ ငွေကြေးကို ထိန်းချုပ်ချင်သော မိန်းကလေးများကဲ့သို့ မဟုတ်ပေ။
သူမ ကိုယ်တိုင်ကလည်း လုံလောက်အောင် ကောင်းမွန်နေပြီဖြစ်ရာ အခြားသူတစ်ဦး၏ငွေကို ဘာကြောင့် ထိန်းချုပ်ရမည်နည်း။
သို့သော် ယနေ့တွင်မူ သူမပင် အံ့အားသင့်သွားရသည်။ သူသည် ယွမ်သန်းနှင့်ချီတန်သော ကားနှင့် နာရီကို ဝယ်နိုင်သော်လည်း၊ အိမ်တစ်လုံးကိုမူ သန်းဂဏန်းမျှဖြင့် မဝယ်နိုင်ပေ။
သူမသည် မိခင်ဖြစ်သူနှင့်အတူ အပြင်တွင် ဈေးဝယ်နေစဉ် အအေးဆိုင်တစ်ခုတွင် ထိုင်လိုက်ပြီးနောက် ကျိုးထျန်းကို စတင် မေးမြန်းလိုက်သည်။
"ကျိုးထျန်း..... နင် အိမ်ဝယ်လိုက်တာလား"
ဆိုဖာပေါ်တွင် ထိုင်ရင်း အချဉ်ဓာတ် အချက်အလက်များကို ကြည့်ကာ တစ်ယောက်တည်း ရယ်မောနေသော ကျိုးထျန်းက ချက်ချင်းပြန်ဖြေလိုက်သည်။
"ဟုတ်တယ်..... ဝယ်လိုက်ပြီ..... နင် ရှန်ဟိုင်း ပြန်ရောက်တဲ့အခါ ငါ လိုက်ပြမယ်လေ....."
"ဒီလိုအိမ်ဟောင်းမျိုးက တော်တော် ဈေးကြီးမှာပဲ၊ နင့်မှာ ငွေအလုံအလောက် ရှိရဲ့လား....."
"စိတ်မပူပါနဲ့..... ငါ တကယ်လို့ ငွေပြတ်သွားရင် နင့်အိမ်မှာ ထမင်းလာစားမယ်လေ....."
"ဖျတ်!"
ကျိုးထျန်း သူမကို တမင် စနောက်လိုက်ခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့..... ဒီအိမ်က ဈေးကြီးပေမဲ့ တကယ်တန်ပါတယ်..... ငါ အရမ်းသက်သာတဲ့ ဈေးနဲ့ ဝယ်ခဲ့တာဆိုတော့ အရှုံးမရှိနိုင်ပါဘူး....."
လျိုမုယန်သည် ကျိုးထျန်း၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု အပြည့်ရှိသည်။
သူက အရှုံးမရှိနိုင်ဘူးဟု ပြောလျှင် တကယ်ပင် အရှုံးမရှိနိုင်ပေ။ စနစ်ကလည်း ကျိုးထျန်းကို လိမ်မည် မဟုတ်ပေ၊ ဤအိမ်မှာ တကယ်ပင် အမြတ်အစွန်းကြီးမားလှသည်။
"ဒါဆိုရင် အဲဒီအိမ်ကို ဘာလုပ်ဖို့ စဉ်းစားထားလဲ....."
"ငါ့ရဲ့ ပထမ အစီအစဉ်ကတော့ သီးသန့်စားသောက်ဆိုင် ဖွင့်ဖို့ပဲ၊ ဒါပေမဲ့ စားဖိုမှူးကောင်းရှာဖို့က ခက်နေတယ်....."
"သီးသန့်စားသောက်ဆိုင်လား..... နင့်မိသားစုမှာ စားသောက် ဆိုင် ရှိနေတာပဲ မဟုတ်လား..... ဘာလို့ ဒါကို လုပ်ချင်ရတာလဲ....."
သူမ မေးခွန်းကို မြင်သောအခါ ကျိုးထျန်း၏ နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။
လူအများစုက သူ့ကို ဤမေးခွန်းကို နောက်ပိုင်းတွင် မေးကြပေလိမ့်မည်။
ထိုအခါ သူသည် စိတ်ကူးယဉ် အိပ်မက်များစွာဖြင့် လျှောက်ပြောပေလိမ့်မည်။ အမှန်စင်စစ် သူ့ရည်ရွယ်ချက်တစ်ခုမှာ သူကိုယ်တိုင် အရသာရှိသော အစားအစာများကို စားသုံးနိုင်မည့် နေရာတစ်ခု ရှာဖွေခြင်းပင်။
သူ့ မိသားစု စားသောက်ဆိုင်က မကောင်း၍ မဟုတ်ပေ။ သူ့မိခင်မှာ သူ့ကို အမြဲတမ်း ပိုလျှံနေသော အစာများဖြင့်သာ ကျွေးမွေးလေ့ရှိသောကြောင့် ဖြစ်သည်။
သူမ၏ သီအိုရီမှာ ဖောက်သည်များက အကောင်းဆုံးကို စားရမည်၊ သူမက အညံ့ဆုံးကို စားရမည်၊ ကျိုးကျန့်ခန်းကတော့ လွှင့်ပစ်တော့မည့် ပိုလျှံစာများကို စားရမည် ဟူ၍ဖြစ်သည်။
ဤသည်မှာ စီးပွားရေးအတွက် ကောင်းမွန်သော်လည်း ကျိုးထျန်းအတွက်မူ သိပ်မကောင်းပေ။
အဆိုးဆုံးမှာ သူ့ဖခင် ကျိုးကျန့်ခန်း ဖြစ်ပြီး၊ သူသည် သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ် မြင့်မားနေသော် လည်း အမြဲတမ်း အဆူခံနေရရှာသည်။
"မုယန်..... ငါထင်တာတော့ အရသာရှိတဲ့ အစားအစာကို စားရတာက ဘဝမှာ အပျော်ဆုံး အရာတွေထဲက တစ်ခုပဲ....."
လျိုမုယန် ဤအချက်ကို မငြင်းနိုင်ပေ၊ ကျိုးထျန်းနှင့်အတူ အပြင်ထွက်သည့် အခါတိုင်း သူတို့ အမြဲတမ်း အကောင်းဆုံးများကိုသာ စားခဲ့ကြသည်။
"ဒါပေမဲ့ နင်တစ်ယောက်တည်း စားဖို့အတွက်နဲ့ ဒီလောက် ဈေးကြီးတဲ့ နေရာမှာ စားသောက်ဆိုင် ဖွင့်စရာမလိုပါဘူး....."
"ငါက အကောင်းဆုံးကို စားဖို့ ပြင်ဆင်ထားတာဆိုတော့၊ အကောင်းဆုံး စားသောက်ဆိုင်ကို ဖွင့်ပြီး တခြားလူတွေကိုပါ အကောင်းဆုံးအရာတွေ မျှဝေပေးတာက ပိုမကောင်းဘူးလား....."
"နင် တကယ်ပဲ အရှုံးမရှိဘူးလို့ သေချာလား....."
"ငါက ရှုံးရင်တောင် ခံနိုင်ရည်ရှိပါတယ်....."
ကျိုးထျန်းက ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
သူ တကယ်ပဲ ရှုံးမှာလား..... မဟုတ်နိုင်ပေ။ အဆင့်မြင့် စားသောက်ဆိုင်များအတွက် အကြီးမားဆုံး ကုန်ကျစရိတ်မှာ အိမ်ငှားခ ဖြစ်သည်။
နေရာအထားအသိုက စားသောက်ဆိုင်၏ အမြတ်အစွန်းကို ဆုံးဖြတ်ပေးသည်။
ကျိုးထျန်းမှာ အိမ်ငှားခ ပေးစရာ မလိုသဖြင့် လုပ်ငန်းလည် ပတ်မှု ကုန်ကျစရိတ်နှင့် ဖိအားမှာ အလွန်နည်းပါးလှသည်။
လျိုမုယန် အနည်းငယ် စိုးရိမ်နေသော်လည်း ထပ်ပြီး ဘာမှ မပြောတော့ပေ။
"ဒါနဲ့ မုယန်..... နင် ဘယ်တော့ ပြန်လာမှာလဲ..... ငါ လာကြိုပေးရမလား....."
"သဘက်ခါ ပြန်လာမယ်..... လာကြိုစရာ မလိုပါဘူး၊ ငါ့မိသားစု ကားနဲ့ပဲ ပြန်လာမှာ....."
လျိုမုယန်သည် ကျိုးထျန်းနှင့် သူမ၏ မိဘများ၊ အထူး သဖြင့် သူမ မိခင်နှင့် တွေ့ဆုံရမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။
မိခင်ဖြစ်သူ၏သဘောထားကြောင့် သူမ စိတ်မသက်မသာ ဖြစ်နေရသည်။
"ဒါဆိုရင် နင် ပြန်ရောက်တဲ့အခါ နင့်ကို ပေးစရာ ရှိတယ်....."
"မလိုဘူး!"
လျိုမုယန် တိုက်ရိုက်ပင် ငြင်းလိုက်သည်။ ကျိုးထျန်း ပေးမည့် အရာမှန်သမျှမှာ ဈေးမနည်းနိုင်ကြောင်း သူမ သိသည်။
လွန်ခဲ့သည့် အခေါက်က နာရီမှာပင် အလွန်ဈေးကြီးနေပြီ ဖြစ်သည်။
"ငါ ဝယ်ပြီးသွားပြီ..... နင် မယူဘူးဆိုရင်တော့ ငါ တခြား မိန်းကလေးတစ်ယောက်ကို ပေးလိုက်ရတော့မှာပေါ့....."
"မရဘူး!"
လျိုမုယန် ဗီဇအရအော်လိုက်မိပြီးနောက် ကျိုးထျန်း၏ လှည့်ကွက်ထဲ ရောက်သွားမှန်း သိလိုက်ရသည်။
"အမေ ငါ့ကို ခေါ်နေပြီ..... ငါ နင့်ကို ဆက်မပြောနိုင်တော့ဘူး....."
သူမသည် နှုတ်ဆက်စကားပင် မပြောဘဲ ဖုန်းချလိုက်တော့သည်။
"ဘာလို့ ရှက်နေတာလဲ မသိဘူး....."
ကျိုးထျန်း ရယ်မောလိုက်ပြီး ဖုန်းချကာ သူ၏ အချဉ်ဓာတ် လက်ကျန်ကို ကြည့်လိုက်သည်။
[Host - ကျိုးထျန်း
အသက် - ၁၈
ရုပ်ရည် - ၈၈
ခန္ဓာကိုယ် - ၇၉
ကျန်းမာရေး - ၈၉
အချဉ်ဓာတ် လက်ကျန် - ၁၉,၆၄၉,၅၈၈ (ထုတ်ယူနိုင်သည်)]
ဤတစ်ကြိမ်တည်းတင် အချဉ်ဓာတ် အမှတ် ၁၀ သန်း နီးပါး ရရှိခဲ့သည်။ မနေ့က လျိုပေါင်ချင်းကို ယွမ် ၃.၅ သန်း မပေးခဲ့ရလျှင် သူ့ လက်ကျန်မှာ သန်း ၂၀ ကျော်နေပြီ ဖြစ်သည်။
ထို့အပြင် ဤအချဉ်ဓာတ် အချက်အလက်များမှာ ပုံမှန်နှင့် မတူဘဲ အချဉ်ဓာတ်နည်းပါးသော အချက်အလက်များ အမြောက်အမြား ပါဝင်နေသည်။
အမည်အမျိုးမျိုးဖြင့် အချဉ်ဓာတ်အမှတ် ၁၀ အောက်တွင် ရှိသော အချက်အလက် ထောင်ပေါင်းများစွာ ရှိနေသည်။
ဤအရေအတွက်မှာ အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသား အရေအတွက်ထက်များစွာ သာလွန်နေသည်မှာ သိသာလှပေသည်။