← Chapters

အခန်း (၃၇၅)

Vol. 38 Ch. 375

အခန်း (၃၇၅)

Vol. 38 Ch. 375

စစ်သူကြီးသည် ဤမြင်ကွင်းကို ကြည့်ရင်း ကောင်းကင်ယံသို့ ပျံတက်သွားပြီး စိတ်လှုပ်ရှားတက်ကြွသော မျက်နှာထားဖြင့် ဟစ်ကြွေးလိုက်သည်။

“ကောင်းတယ် တကယ့်ကို ကောင်းတယ်”

“အံ့ဩဖို့ကောင်းလိုက်တာ”

“လူသားမျိုးနွယ်ဟာ နောက်ဆုံးတော့ မိစ္ဆာလှိုင်းလုံးကြီးတစ်ခုကို အဆင့်လိုက်အောင်ပွဲအနေနဲ့ အောင်မြင်အောင် တိုက်ထုတ်နိုင်ခဲ့ပြီ”

“ဒါတင်မကဘူး အကျအဆုံး အနည်းဆုံးနဲ့ ရရှိခဲ့တဲ့ မဟာအောင်ပွဲကြီးပဲ”

“ဒါက သမိုင်းဝင် အခိုက်အတန့်ပဲ”

စစ်သူကြီးသည် ဝမ်းသာအားရ ရယ်မောလိုက်သည်။

“လူသားတွေရဲ့ ဒီပထမဆုံးအောင်ပွဲက နောက်ဆုံးအောင်ပွဲ မဟုတ်တာတော့ သေချာတယ်။ လူသားတွေရဲ့ တန်ပြန်တိုက်စစ် ခေါင်းလောင်းသံက အခုပဲ မြည်ဟည်းသွားပြီ”

“ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်သည်တော်တိုင်းက ကြီးမားတဲ့ အားထုတ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်”

“အားလုံးပဲ... အခုချက်ချင်း ပြန်ပြီး အနားယူကြတော့။ နောက်ထပ်လာမယ့် မိစ္ဆာလှိုင်းလုံးတွေအတွက် ပြင်ဆင်ရမယ်”

ကျင့်ကြံသူအားလုံးသည် အလွန်စိတ်လှုပ်ရှားနေကြသော်လည်း ဤတစ်ကြိမ် မိစ္ဆာလှိုင်းလုံးမှာ အမှန်တကယ်ပင် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။

ဤမိစ္ဆာအုပ်စုများက မရပ်မနား ထပ်မံတိုက်ခိုက်လာဦးမည်လားဆိုသည်ကို မသိနိုင်သဖြင့် အနားယူခြင်းမှာ ယခုအချိန်တွင် အရေးကြီးဆုံး ဖြစ်နေသည်။

ထို့ပြင် ဤတိုက်ပွဲမှာ သူတို့အတွက် လုံလောက်သော အမှတ်များကိုလည်း ရရှိစေခဲ့ရာ အားလုံးမှာ အလွန်ကျေနပ်နေကြသည်။

ထို့နောက်တွင်တော့ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို ဆွဲယူရင်း ကျင့်ကြံသူအုပ်စုကြီးမှာ ဘေးကင်းဇုန်သို့ ပြန်လာခဲ့ကြသည်။

ဘေးကင်းဇုန်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ တင်းမာနေသော အာရုံကြောများမှာ လျော့ကျသွားပြီး မခံမရပ်နိုင်အောင် ပင်ပန်းနေသော ခန္ဓာကိုယ်များကြောင့် မြေပြင်ပေါ်သို့ တန်းစီကာ လှဲချလိုက်ကြတော့သည်။

သူတို့ကို လာရောက်ကြိုဆိုသော ထောက်ပံ့ရေးအဖွဲ့ဝင်များမှာ ဘာဖြစ်တာလဲဟု ကြည့်ရှုရန် လာကြသော်လည်း ဟောက်သံများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာတော့သည်။ သူတို့မှာ အလွန်အမင်း ပင်ပန်းနေသဖြင့် ချက်ချင်းပင် အိပ်ပျော်သွားကြခြင်းပင်။

စစ်သူကြီးက တိုးတိုးလေး အမိန့်ပေးလိုက်သည်။

“ဒီသူရဲကောင်းတွေရဲ့ အနားယူမှုကို မနှောင့်ယှက်ကြနဲ့။ မင်းတို့ ထောက်ပံ့ရေးအဖွဲ့တွေက ဂြိုလ်ပြင်ပစစ်မြေပြင်ကို သွားပြီးတော့ လက်နက်တွေလုပ်ဖို့အတွက် မိစ္ဆာအလောင်းကောင်တွေကို သွားသိမ်းကြ"

ထိုသို့ပြောပြီးနောက် စစ်သူကြီးကိုယ်တိုင်လည်း ထိုနေရာမှာပင် လှဲချကာ အိပ်ပျော်သွားတော့သည်။

ဤမြင်ကွင်းကို ကြည့်ပြီး မည်သူမျှ အသံမထွက်ရဲကြပေ။ သုံးရက်နှင့် သုံးညတိုင်တိုင် တစ်

ခဏမျှပင် မနားဘဲ တိုက်ခိုက်ခဲ့ရခြင်းပင်။

အထောက်အကူပြု စွမ်းအားများက စိတ်ဓာတ်ကို မြှင့်တင်ပေးထားသော်လည်း ခန္ဓာကိုယ်၏ ပင်ပန်းမှုကိုမူ ဖုံးကွယ်ထား၍ မရပေ။

နတ်ဘုရားသတ်တပ်ဖွဲ့ဝင် အားလုံးမှာ သူတို့၏ ပြင်းပြသော စိတ်ဆန္ဒတစ်ခုတည်းဖြင့်သာ သုံးရက်တိုင်တိုင် တောင့်ခံခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

၎င်းမှာ လူသားမျိုးနွယ်၏ ပထမဆုံး အောင်ပွဲဖြစ်သဖြင့် အလွန်ဝမ်းသာနေကြသော်လည်း ဤအချိန်တွင် ထိုသူရဲကောင်းများကို နှိုးမည့်သူ တစ်ဦးမျှ မရှိခဲ့ပေ။

သုံးရက်နှင့် သုံးည သတ်ဖြတ်ခဲ့ရသဖြင့် သူတို့၏ အဝတ်အစားများနှင့် သံချပ်ကာများမှာလည်း နေရာအနှံ့ ပျက်စီးနေကြပြီဖြစ်သည်။ ထောက်ပံ့ရေးအဖွဲ့ဝင်များက စောင်များကို ယူဆောင်လာကာ သူတို့၏ ကိုယ်ပေါ်တွင် ခြုံပေးလိုက်ကြသည်။

ကောင်းကင်ဘုံထိပ်သီးနန်းဆောင်၌ အကြီးအကဲငါးဦးမှာ အစည်းအဝေးခန်းအတွင်း ထိုင်နေကြပြီး စစ်သူကြီးထံမှ ပို့လိုက်သော တိုက်ပွဲသတင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ဒီတစ်ကြိမ် မိစ္ဆာလှိုင်းလုံးကို ခုခံရာမှာ မိစ္ဆာအားလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်

ကောင်းကင်ဘုံ လက်မှုပညာရှင်မှာ ပါးစပ်မစိနိုင်အောင် ပြုံးလျက် “ဟားဟား... ဒီတစ်ခါတော့ ငါတို့ တကယ်နိုင်ခဲ့ပြီ။ အမြစ်ပြတ်ကို ချေမှုန်းနိုင်ခဲ့တာ။ မဟာအောင်ပွဲကြီးပဲ။ မဟာအောင်ပွဲကြီး”

ရေပညာရှင် “မိစ္ဆာတွေကို ခုခံနိုင်ခဲ့တဲ့ ဒီအောင်ပွဲက သမိုင်းတွင်ကျန်ရစ်မှာ အသေအချာပဲ"

အမြဲတမ်း တည်ငြိမ်လှသော ဘဏ်လုပ်ငန်းရှင်ပင်လျှင် ယခုအချိန်တွင် သူ၏ ပါးပြင်များ တုန်ရီနေသည်အထိ စိတ်လှုပ်ရှားနေရသည်။

“ငါတို့... နောက်ဆုံးတော့ တစ်ခါလောက် နိုင်ခဲ့ပြီ။ လူသားတွေအတွက်တော့ ဒါက ခြေလှမ်းအသစ်တစ်ခုပဲ”

အပြာရောင်ကြယ်ဂြိုလ် ကျူးကျော်ခံရသည့် အချိန်မှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ က သန်မာသောသူများ၏ အသက်ကိုရင်းပြီး ဘေးကင်းဇုန်၏ အကာအကွယ်ကို ပြုပြင်ခဲ့ရစဉ်ကလွဲလျှင် မိစ္ဆာများနှင့် ရင်ဆိုင်ရာတွင် အောင်ပွဲဟူသည် မရှိခဲ့ဖူးပေ။

အောင်ပွဲဆိုတာဝေးလွန်းကာ အသာစီးရခဲ့သည့် အချိန်ပင် မရှိခဲ့ပေ။ အမြဲတမ်း အနှိပ်စက်ခံ၊ အနှိမ်ခံခဲ့ရခြင်းပင်။

သို့သော် ယခုတစ်ကြိမ်တွင်မူ စစ်သူကြီး ဦးဆောင်သော ယွဲ့နယ်ပယ် နတ်ဘုရားသတ်တပ်ဖွဲ့များသည် မိစ္ဆာလှိုင်းလုံးကို ရင်ဆိုင်ကာ မိစ္ဆာအားလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည်။

ဤအရာမှာ သူတို့ ယခင်က မတွေးရဲခဲ့သော အရာပင်။

ယခုအခါ လူသားမျိုးနွယ်မှာ တစ်ကြိမ်တည်းနှင့် မဟာအောင်ပွဲကို ရရှိခဲ့ပြီဖြစ်ရာ သူတို့၏ ရင်ထဲရှိ ဖိအားများမှာလည်း လျော့ကျသွားတော့သည်။

နန်းဆောင်အဖွဲ့ဝင်က အဆိုပြုလိုက်သည်။

“ဒီတစ်ခါ မိစ္ဆာလှိုင်းလုံးမှာ နတ်ဘုရားသတ်တပ်ဖွဲ့တွေ အမှတ်တွေ အများကြီး ရထားကြလိမ့်မယ်။ အဲဒါတွေကို လဲလှယ်ပေးရမယ့်အချိန် ရောက်ပြီ"

ကောင်းကင်ဘုံ လက်မှုပညာရှင်က ထောက်ခံလိုက်သည်။

“မှန်တယ်။ သူတို့လက်ထဲမှာ အမှတ်တွေ အမြောက်အမြား ရှိနေပြီဆိုတော့ အဲဒီအမှတ်တွေကို စွမ်းအားတွေအဖြစ် ပြောင်းလဲပေးဖို့ လိုတယ်"

ထို့နောက် အားလုံးက ဘဏ်လုပ်ငန်းရှင်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ဘဏ်လုပ်ငန်းရှင်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။

သူသည် အမြဲတမ်း တွက်ချက်တတ်သူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ရတနာတိုက်ကို အပြည့်အဝ ဖွင့်လှစ်ပေးလိုက်ပါ။ ရတနာတိုက်ထဲက ရတနာအားလုံးကို ၃၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ လဲလှယ်ပေးမယ်”

ဘဏ်လုပ်ငန်းရှင်ပြောလိုက်သော်လည်း သူ၏ ရင်ထဲမှာတော့ နှမြောတသဖြစ်နေရှာသည်။ ၃၀ ရာခိုင်နှုန်း လျှော့စျေးဆိုသည်မှာ နည်းသည့်ပမာဏ မဟုတ်ပေ

ကောင်းကင်ဘုံ လက်မှုပညာရှင်က သူ၏ပါးစပ်ကို ပိတ်ကာ ရယ်မောလိုက်သည်။

“ဟားဟား ဘဏ်လုပ်ငန်းရှင်ကတောင် ဒီလောက် ရက်ရက်ရောရော လုပ်ပေးနိုင်တယ်ဆိုတော့ ကမ္ဘာ့အံ့ဖွယ်တစ်ခုပဲ”

ယွဲ့နယ်ပယ် နတ်ဘုရားသတ်တပ်ဖွဲ့၏ အောင်ပွဲခံပြန်လာသည့် သတင်းသည် မည်သည့်တိုက်တွန်းနှိုးဆော်မှုမှ မပါဘဲ တစ်နိုင်ငံလုံးသို့ ချက်ချင်းပျံ့နှံ့သွားကာ တစ်ပြည်လုံး အောင်ပွဲခံသည့် ပွဲတော်ကြီးသဖွယ် ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘေးကင်းဇုန်အတွင်း၌ နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များ စုပြုံအိပ်ပျော်နေကြသည့် မြင်ကွင်းကို သတင်းထောက်များက ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အဓိက ရုပ်သံလိုင်းများကလည်း အပြိုင်အဆိုင် ထုတ်လွှင့်ခဲ့ကြသည်။

နှစ်ပတ်လည်၏ အလှပဆုံးဓာတ်ပုံအဖြစ် သတ်မှတ်ခံရသည့် ထိုဓာတ်ပုံကို မြင်ရသောအခါ ဟွာရှလူမျိုးတိုင်း အလွန်စိတ်လှုပ်ရှားခဲ့ကြရသည်။

“ဒီဓာတ်ပုံက ကျွန်တော်မြင်ဖူးသမျှထဲမှာ အလှပဆုံးဓာတ်ပုံပါပဲ"

“ဒီဓာတ်ပုံထဲက လူတိုင်းက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတွေပဲ”

“သူတို့တွေက ဟွာရှရဲ့ ကျောရိုးတွေပဲ။ ငါတို့ ဟွာရှရဲ့ ကောင်းကင်ယံကို သူတို့ ထောက်မထားကြတာ"

“ငါတို့ မိစ္ဆာလှိုင်းလုံးကို တစ်ကြိမ်ခုခံနိုင်ခဲ့ရင် ဒုတိယအကြိမ်လည်း ခုခံနိုင်မှာပဲ။ မိစ္ဆာလှိုင်းလုံးကို ခုခံနိုင်ပြီဆိုမှတော့ အဓိက ဂြိုလ်သုံးလုံးပေါ်က မိစ္ဆာအားလုံးကိုလည်း ငါတို့ မောင်းထုတ်နိုင်တော့မှာပါ"

ဤအောင်ပွဲသည် လူတိုင်းကို မျှော်လင့်ချက်များ ပေးစွမ်းနိုင်ခဲ့သည်။

မိစ္ဆာလှိုင်းလုံးကို အောင်မြင်စွာ ခုခံနိုင်ခဲ့သည့် သတင်းသည် ဘာသာရေးအဖွဲ့အစည်းထံသို့လည်း တစ်ပြိုင်နက် ရောက်ရှိသွားခဲ့သည်။

“ဟွာရှက ဘယ်လိုလုပ်ပြီး မိစ္ဆာလှိုင်းလုံးကို ခုခံနိုင်လောက်တဲ့အထိ အင်အားရှိသွားရတာလဲ။ ဒါ မဖြစ်နိုင်ဘူး”

“ဒါ သတင်းအမှားပဲ ဖြစ်ရမယ်။ ဟွာရှမှာ အဲဒီလောက် အင်အားမရှိနိုင်ပါဘူး"

“ငါတို့ မိစ္ဆာတွေနဲ့ တွေ့ရင် ပုန်းဖို့နဲ့ ပြေးဖို့ပဲ သိတာ။ ဟွာရှက ဘယ်လိုလုပ်ပြီး ထိပ်တိုက်

ရင်ဆိုင်ပြီး အနိုင်ယူနိုင်မှာလဲ။ အဲဒါက မိစ္ဆာလှိုင်းလုံးကြီးတောင် ဖြစ်နေတာကို"

“ငါ ဘာမှ ဂရုမစိုက်တော့ဘူး။ အခုချက်ချင်း ဟွာရှကိုသွားပြီး အခြေချတော့မယ်”

“ဟွာရှမှာ ဝိညာဉ်ချီစွမ်းအင်တွေက အရမ်းပေါကြွယ်ဝနေတာ။ ငါသာ အဲဒီကို ရောက်သွားရင် ငါ့ရဲ့ ကျင့်ကြံဆင့်က ကျိန်းသေပေါက် အဆင့်တက်မှာပဲ”

နောက်ထပ် နှစ်ရက်တိုင်တိုင် ဟွာရှတွင် အောင်ပွဲခံပြန်လာသည့် သတင်းများကို အဆက်မပြတ် ထုတ်လွှင့်နေခဲ့သည်။

ယွဲ့နယ်ပယ် နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များမှာလည်း ဘေးကင်းဇုန်အတွင်း နှစ်ရက်တိုင်တိုင် မနိုးတမ်း အိပ်ပျော်နေခဲ့ကြသည်။

All Chapters