အခန်း (၃၇၉)
Vol. 38 Ch. 379
လူတိုင်းသည် ကောင်းကင်ယံ၌ ဝဲပျံနေသော နီရဲနေသောရွှေရောင်နဂါးကြီးကို မော့ကြည့်ရင်း သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ကြတော့ပေ။
နီရဲနေသောရွှေရောင်နဂါးကြီးသည် ကောင်းကင်တစ်ခွင် လှည့်လည်သွားလာနေစဉ် ဝိညာဉ်ချီစွမ်းအင်များ စုစည်းကာ အထက်သို့ မြင့်တက်သွားပြီးနောက် ရွှေရောင်ဝိညာဉ်မိုးစက်များအဖြစ် ညင်သာစွာ ဖြန်းချလိုက်တော့သည်။
ထိုမိုးစက်မိုးပေါက်များသည် ကောင်းကင်နှင့် မြေကြီးကြားဝယ် အနှံ့အပြား ကျရောက်လာပြီး သစ်ပင်များကို စိမ်းလန်းစိုပြည်သွားစေကာ သူတို့၏ သက်စောင့်အားမာန်များမှာလည်း သိသိသာသာ ထွန်းကားလာခဲ့သည်။
လူများသည် လမ်းမပေါ်သို့ ထွက်လာကြပြီး ထိုဝိညာဉ်မိုးစက်များကို ခံယူရင်း ပျော်ရွှင်နေကြသည်။ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော မိုးစက်များမှာ စိုစွတ်ကာ လန်းဆန်းမှုကို ပေးစွမ်းသည်။
ဝိညာဉ်မိုးစက်များသည် သူတို့၏ အရေပြားပေါ်မှတစ်ဆင့် အတွင်းပိုင်းသို့ စိမ့်ဝင်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ ဖုံးကွယ်နေသော ဝေဒနာများ၊ ဒဏ်ရာဟောင်းများအားလုံးမှာ ထိုအခိုက်အတန့်မှာပင် ပြန်လည်ကောင်းမွန်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
သတင်းထောက်၏ သတင်းပေးပို့မှု ပြီးဆုံးသွားပြီးနောက် ကောင်းကင်ဘုံထိပ်သီးနန်းဆောင်မှ အကြီးအကဲငါးဦးက ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ကတော့ ကောင်းကင်ဘုံထိပ်သီးနန်းဆောင်ရဲ့ အကြီးအကဲငါးဦး ဖြစ်ပါတယ်"
“ရွှီရန်ကြောင့် အခုလို အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်ရှိလာခဲ့တာပါ။ အခုကစပြီး မိစ္ဆာတွေ အပြာရောင်ကြယ်ဂြိုလ်ကို ကျူးကျော်မှာကိုလည်း စိုးရိမ်နေစရာ မလိုတော့သလို ဂြိုလ်ပြင်ပစစ်မြေပြင်ကို သွားရမှာကိုလည်း ကြောက်နေစရာ မလိုတော့ပါဘူး။ ညစ်ညမ်းမှုတွေရဲ့ အန္တရာယ်ကိုလည်း ကြောက်လန့်စရာ မလိုတော့ပါဘူး"
“ရွှီရန်ကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုတွေ တိုးတက်လာတယ်။ ပါရမီတွေ မြင့်မားလာတယ်။ ကျင့်ကြံဆင့်တွေလည်း မြင့်တက်လာခဲ့ပြီ"
“ရွှီရန်ရဲ့ ဦးဆောင်မှုအောက်မှာ ဂြိုလ်ပြင်ပကြယ်စင်ကို အပြီးတိုင် အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒါက ရှည်လျားတဲ့ တိုက်ပွဲတစ်ခုတော့ ဖြစ်ပါလိမ့်မယ်”
ထို့နောက် အကြီးအကဲငါးဦးလုံးက လက်ဝှေ့ယမ်းပြရင်း “လူသားမျိုးနွယ်အတွက် အကျိုးပြုခဲ့တဲ့ ရွှီရန်ကို ကျေးဇူးတင်ပါတယ်”
ချက်ချင်းပင် ဟွာရှ နတ်ဘုရားမြေပေါ်ရှိ လူသားအားလုံး စိတ်ဓာတ်တက်ကြွသွားကြသည်။ တိုက်ပွဲဝင်နေကြသော၊ ကျင့်ကြံနေကြသော ကျင့်ကြံသူများမှာလည်း သူတို့၏ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားရကာ ရွှီရန်၏ အမည်ကို တိုးတိုးလေး ရေရွတ်နေကြတော့သည်။
သူရဲကောင်းတစ်ဦးကို ကြည်ညိုလေးစားသကဲ့သို့ပင်။
အခြားတစ်ဖက်တွင် နာရီဝက်ခန့် ကြာပြီးနောက် ကောင်းကင်တွင် ဝဲပျံနေသော နီရဲနေသောရွှေရောင်နဂါးကြီးသည် နောက်ဆုံးတွင် သူ၏ ပစ်မှတ်ကို ရှာတွေ့သွားပုံရကာ အရှိန်မြှင့်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ဗေဒင်ဆရာ “နဂါးကြောရိုးက ဘယ်ကို သွားတာလဲ”
ခဏအတွင်းမှာပင် နဂါးကြောရိုးက ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ပတ်ဝန်းကျင် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ကောင်းကင်ဘုံ လက်မှုပညာရှင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
“အဲဒါ စိုက်ပျိုးရေးနတ်ဘုရား င်္စကြံပဲ...”
ရွှေနဂါးကြီးသည် အောက်သို့ ထိုးဆင်းသွားကာ အစီအရင်တစ်ခုအတွင်း၌ ဝပ်စင်းလိုက်သည်။
“နဂါးကြောရိုးက ဘာလုပ်နေတာလဲ”
ရေပညာရှင်က ဇဝေဇဝါ ဖြစ်နေသည်။
နန်းဆောင်အဖွဲ့ဝင်က ခန့်မှန်းလိုက်သည်။
“ပျံရတာ မောလို့ အနားယူဖို့ နေရာရှာတာများလား”
ဘဏ်လုပ်ငန်းရှင် “အနားယူတာပဲထားဦး။ ဘယ်လိုလုပ်ပြီး စိုက်ပျိုးရေးနတ်ဘုရား စင်္ကြံအစီအရင်ကိုမှ တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့သွားရတာလဲ။ နဂါးကြောရိုးမှာ တစ်ခုခု ရည်ရွယ်ချက် ရှိနေတာ သေချာတယ်"
သူတို့ စကားပြောနေကြစဉ်အတွင်း ဝပ်စင်းနေသော ရွှေနဂါးကြီးထံမှ ရွှေရောင်အလင်းလှိုင်းများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် နဂါးကြောရိုး၏ ကျောဘက်တွင် တောက်ပသော အလင်းကန့်လန့်ကာတစ်ခု ပေါ်လာပြီး အတွင်းပိုင်းကို မမြင်ရလောက်အောင်ပင် စူးရှတောက်ပနေတော့သည်။
“ဘာဖြစ်တာလဲ”
တစ်ယောက်ယောက်က လှမ်းမေးလိုက်သည်။
နဂါးကြောရိုးနှင့် ပတ်သက်ပြီး ဖြစ်ပျက်သမျှမှာ လူတိုင်းနှင့် သက်ဆိုင်နေသဖြင့် အားလုံးက စိတ်ဝင်တစား ရှိနေကြသည်။
ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ စိုက်ပျိုးရေးနတ်ဘုရား စင်္ကြံအစီအရင်အတွင်း၌ ရွှေရောင်အလင်းများ ဖြာထွက်နေသော တံခါးတစ်ချပ် ပေါ်လာခဲ့သည်။
၎င်းမှာ လျှို့ဝှက်နယ်ပယ်၏ အဝင်ဝပင်။
ထိုအလင်းကန့်လန့်ကာ ပေါ်လာခြင်းက လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။ အဝေးမှ လှမ်းကြည့်လျှင် ထိုအလင်းကန့်လန့်ကာမှာ မြူနှင်းများဖြင့် ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်၌ ငှက်ကလေးများ၏ တေးသံမှာ နတ်မိဘုရားတို့၏ တေးဂီတသံကဲ့သို့ သာယာနေသည်။
စိုက်ပျိုးရေးနတ်ဘုရား စင်္ကြံတွင် ဤအဖြစ်အပျက် ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် ကျင်းပြည်နယ်အဖွဲ့၏ အကြီးအကဲမှာ အမြန်ဆုံး ရောက်ရှိလာခဲ့သည်။
သူသည် အလင်းကန့်လန့်ကာကို ကြည့်ကာ “ဒါ ဘာကြီးလဲ” ဟု အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဤနေရာမှာ လက်ရှိ အပြာရောင်ကြယ်ဂြိုလ်၏ အရေးအကြီးဆုံး နေရာတစ်ခုဖြစ်သဖြင့် နဂါးကြောရိုးကြီး ဝပ်စင်းနေသော်လည်း သူ သေချာပေါက် စုံစမ်းစစ်ဆေးရမည်ပင်။
သူ ရေရွတ်လိုက်စဉ်မှာပင် သူ့ဘေး၌ အရိပ်ငါးခု ချက်ချင်း ပေါ်လာခဲ့သည်။ သူတို့မှာ ကောင်းကင်ဘုံထိပ်သီးနန်းဆောင်၏ အကြီးအကဲငါးဦးပင်။
သူတို့သည်လည်း အမည်မသိ အလင်းကန့်လန့်ကာ ပေါ်ပေါက်လာခြင်းကို အာရုံခံမိသဖြင့် ချက်ချင်း ရောက်ရှိလာခြင်းပင်။
ဘဏ်လုပ်ငန်းရှင်က ကျင်းပြည်နယ် အကြီးအကဲကို ကြည့်ကာ “စိုက်ပျိုးရေးနတ်ဘုရား စင်္ကြံပတ်ဝန်းကျင်ကို ဝိုင်းရံထားလိုက်ပါ။ အစောင့်အကြပ်တွေ အထပ်ထပ် ချထားပြီး ဘယ်သူ့ကိုမှ အဝင်မခံပါနဲ့"
“နားလည်ပါပြီ"
ဤအလင်းကန့်လန့်ကာနောက်ကွယ်တွင် ဘာရှိနေမှန်း မည်သူမှ မသိသဖြင့် သတိထားရန်မှာ အလွန်အရေးကြီးသည်။
ကောင်းကင်ဘုံ လက်မှုပညာရှင်က အလင်းကန့်လန့်ကာကို ကြည့်ကာ “ဒီအလင်းကန့်လန့်ကာက စိုက်ပျိုးရေးနတ်ဘုရား စင်္ကြံထဲမှာ ဘာမှန်းမသိဘဲ ပေါ်လာတာဆိုတော့ ရွှီရန်ရဲ့ အစီအရင်ကို ထိခိုက်နိုင်မလား”
ရေပညာရှင်ကလည်း စိုးရိမ်တကြီးဖြင့် “ဒါက နောက်ဆက်တွဲ ဘေးအန္တရာယ်တွေများ သယ်ဆောင်လာနိုင်မလား”
ဘဏ်လုပ်ငန်းရှင်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်ကာ “ဒီကိစ္စကိုတော့ ရွှီရန် သိလောက်လိမ့်မယ်"
နန်းဆောင်အဖွဲ့ဝင်ကလည်း ထောက်ခံသည်။
“မှန်တယ်။ မြေကမ္ဘာကြောရိုးပန်းပွင့်တွေနဲ့ နဂါးကြောရိုးအကြောင်းကို ငါတို့ကို ပြောပြခဲ့တာ ရွှီရန်ပဲ။ သူ သေချာပေါက် သိမှာပါ"
သူတို့၏ ရှေ့မှောက်သို့ လူရိပ်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
“ရွှီရန်... မင်း ရောက်လာပြီပဲ”
ကောင်းကင်ဘုံ လက်မှုပညာရှင်က နှုတ်ဆက်လိုက်သည်။
ရွှီရန်က ခေါင်းငြိမ့်ပြကာ “ဒီက အခြေအနေကို လာကြည့်တာပါ"
သူ၏ တပည့် ၂၀၀ ကို အဆောင်နှင့် အစီအရင်ရေးထွင်းနည်း သင်ပေးနေစဉ်မှာပင် နဂါးကြောရိုး နိုးထလာသည်ကို သူ အာရုံခံမိသည်။ နဂါးကြောရိုး ပေါ်ထွက်လာခြင်းမှာ လျှို့ဝှက်နယ်ပယ်ပွင့်တော့မည်ဟူသော အချက်ပြချက်ပင် ဖြစ်ရာ ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို သူ၏ အံ့ဖွယ်အဖွဲ့က သေချာပေါက် ခံစားရမည်ပင်။ ထို့ကြောင့် သူ ဤနေရာသို့ ချက်ချင်း လာခဲ့ခြင်းပင်။
ရွှီရန် ရောက်ပြီး မကြာမီမှာပင် နောက်ထပ် လူခြောက်ဦး ရောက်လာသည်။ အံ့ဖွယ်အဖွဲ့ဝင် ငါးဦးအပြင် ယဲ့ဖျင်ပါ ပါလာခဲ့သည်။
ရောက်ရောက်ချင်းမှာပင် ကျားမလေးက ပြောလိုက်သည်။
“အစ်ကို... ဘာလို့ ဒီလောက်တောင် မြန်မြန်ပြေးလာရတာလဲ ညီမတို့ကိုတောင် မစောင့်ဘူး"
ကျားမလေး၏ မျက်လုံးထဲတွင် ရွှီရန်ကိုသာ မြင်နေပြီး ဘေးရှိ နန်းဆောင်အကြီးအကဲငါးဦးကို လုံးဝ သတိမထားမိပေ။
အခြားအဖွဲ့ဝင်များမှာမူ အကြီးအကဲငါးဦး၏ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများကို ခံစားမိသဖြင့် တိတ်ဆိတ်နေကြသည်။ သူတို့မှာ ရွှီရန်၏ အဖွဲ့ဝင်များဖြစ်၍ အခွင့်ထူးအချို့ ရှိသော်လည်း နန်းဆောင်အကြီးအကဲငါးဦးမှာ သူတို့ ဆက်ဆံနိုင်သော အဆင့်အတန်းမျိုး မဟုတ်ပေ။
ယဲ့ဖျင်က အကြီးအကဲငါးဦးကို မြင်သောအခါ ကျားမလေး၏ အပြုအမူကို အမြန်တားလိုက်သည်။
“လေးစားအပ်ပါသော အကြီးအကဲတို့ခင်ဗျာ... ကလေးက ငယ်သေးတာမို့လို့ စော်ကားမိတာရှိရင် ခွင့်လွှတ်ပေးကြပါ"
ကောင်းကင်ဘုံ လက်မှုပညာရှင်က လက်ကာပြကာ “ကလေးတွေပဲလေ ပြီးတော့ သူတို့က အံ့ဖွယ်အဖွဲ့ဝင်တွေပဲ ရပါတယ်"
ကျားမလေးက လူကြီးတစ်ယောက်လို လေသံဖြင့် ပြောနေသော သူ့ထက် အရပ်ပုသည့် ကောင်းကင်ဘုံ လက်မှုပညာရှင်ကို သိချင်စိတ်ဖြင့် ကြည့်နေမိသည်။ သို့သော် ယဲ့ဖျင်၏ တားမြစ်မှုကို သတိရကာ သူမ၏ သိချင်စိတ်ကို အောင့်ထားလိုက်သည်။
ထိုစဉ် ဘဏ်လုပ်ငန်းရှင်က ပြောလိုက်သည်။
“ရွှီရန်... ဒီမှာဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး မင်း တစ်ခုခု သိထားတာ ရှိမလား”
ရွှီရန်က ခေါင်းငြိမ့်လျက် “နဂါးကြောရိုးဆိုတာ ဘေးကင်းဇုန်ကို တိုးချဲ့ပေးတာ။ ဝိညာဉ်ချီစွမ်းအင်ကို မြှင့်တင်ပေးတာနဲ့ ညစ်ညမ်းမှုကို သန့်စင်ပေးတာတွေအပြင်... အရင်က ယဉ်ကျေးမှုခေတ်က ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်ပယ်တစ်ခုရဲ့ အဝင်ဝလည်း ဟုတ်တယ်"