← Chapters

သည်းမခံနိုင်လောက်အောင် အနိုင်ကျင့်ခြင်း

Vol. 12 Ch. 1104

သည်းမခံနိုင်လောက်အောင် အနိုင်ကျင့်ခြင်း

Vol. 12 Ch. 1104

" မင်းဘာတွေ ပျာယာခတ်နေတာတုန်းကွ " ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးကြည့်၍ ငေါက်လိုက်သည်။ အစေခံမှာ တုန်ရီသွားပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ပိုင်ရှောင်ချန်းအတွင် ယင်းကိစ္စက ရေးကြီးခွင်ကျယ် မဟုတ်ပေ။ သူတော်စင်ဧကရာဇ်နိုင်ငံနှင့် မိစ္ဆာဧကရာဇ်နိုင်ငံ စစ်ပွဲဖြစ်ခြင်းမဖြစ်ခြင်းက သူနှင့်မဆိုင်ပေ။ ထို့အပြင် မကြာခင် နှစ်နိုင်ငံကြား အချိန်မရွေး တကယ့်စစ်ပွဲကြီး စတင်မည်မှာ သူ့အတွက် ဖြစ်နိုင်လောက်သည့် ပုံမပေါ်ပေ။

အခြားစိုးရိမ်စရာအကြောင်းတစ်ခုမှ မရှိလျှင် သူတို့ တိုက်ကောင်းတိုက်နိုင်မည်။ သို့သော် ကောင်းကင်တွင် မြင်နေရသည့် ဧရာမမိုးမြေဧကရာဇ်ကြီးက ဒဏ္ဍာရီသာမဟုတ်ပေ။ ထိုကဲ့သို့အခြေအနေမျိုးတွင် နှစ်နိုင်ငံသည် တစ်ဖက်နှင့်တစ်ဖက် အဘယ်ကြောင့် စစ်မက်ဖြစ်ပွားလောက်မည်နည်း။

ထိုမျှသာမက ဒုတိယအင်မော်တယ်နယ်မြေ၏ မြောက်ပိုင်းရှိ စီရင်စုလေးစုမှာ ဆုံးရှူံးသွားပြီ ဖြစ်သောကြောင့် နောက်ဆုံးမြောက်ပိုင်းစီရင်စုလည်း ထပ်မံဆုံးရှုံးလျှင် မည်သူက အဘယ်ကြောင့် အံ့သြရမည်နည်း။ အဆိုပါစီရင်စုတစ်စု အခြားသူ၏လက်အတွင်း မကျရောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် လူအများ အလွန်တုန်လှုပ်သွားသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။

အမှန်ပင် သူ၏ခွဲခြမ်းစိတ်ဖြာမှုက လျင်မြန်စွာပင် မှန်ကန်ကြောင်း သက်သေပြခံလိုက်ရသည်။ ကောင်းကင်ဧကရာဇ်သရဲမယ်တော်သည် နောက်ဆုံးစီရင်စုကိုသာ သိမ်းပိုက်ခဲ့ပြီး စစ်ပွဲစရန် အသာထား၊ အခြားမည်သည့် ရန်လိုသောလှုပ်ရှားမှုကိုမှ မလုပ်ဆောင်ခဲ့ပေ။ စီရင်စု၏ တာဝန်ကျနတ်ဘုရားတစ်ပိုင်းကျင့်ကြံသူနှင့်အတူ သူ့လက်အောက်ရှိ ကျင့်ကြံသူမြောက်မြားစွာသည် သူတော်စင်ဧကရာဇ်နိုင်ငံသို့ ချက်ချင်း နှင်ထုတ်ခံလိုက်ရ၏။

"ကုန်းစွန်းဝမ်အာ အဲဒီမှာ ဘာလုပ်နေတာလဲ "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ စစ်ပွဲရေးရာကိစ္စကို သူ စိတ်မဝင်စားသော်လည်း ကုန်းစွန်းဝမ်အာ မည်သို့ဖြစ်ပျက်နေသည်ကို သေချာပေါက် သိချင်စိတ်ပြင်းပြနေသည်။ သရဲမယ်တော်က အမှန်တကယ်တွင် ကုန်းစွန်းဝမ်အာဖြစ်ကြောင်း တွေးမိသည့်အခါတိုင်း သူသည် သူ့ကိုယ်သူ အလွန်ကျေနပ်နေတော့သည်။ ထို့ပြင် မိစ္ဆာဧကရာဇ်က ဖြစ်ပျက်ခဲ့သည်နှင့်ပတ်သက်၍ သိသွားပါက မည်မျှဒေါသထွက်သွားမည်ကို သူ မသိချင်ဘဲ မနေနိုင်တော့ပေ။

သတ်မှတ်ချက်အရ သရဲမယ်တော်နှင့် ကုန်းစွန်းဝမ်အာသည် တစ်ယောက်တည်းဖြစ်ပြီး တူညီသော်လည်း ရှုထောင့်တိုင်းတော့မဟုတ်ပေ။ သရဲမယ်တော်က မိစ္ဆာဧကရာဇ်ကို သစ္စာရှိပြီး ရက်စက်ကြမ်းကြုတ်၍ သနားညှာတာမှုကင်းမဲ့လေသည်။ ကုန်းစွမ်းဝမ်အာမှာမူ ရက်စက်ကြမ်းကြုတ်၍ ညှာတာမှုကင်းမဲ့ပါသော်လည်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို စဥ်းစားကြည့်လျှင် ပိုင်ရှောင်ချန်းနှင့် များစွာပို၍ ရင်းနှီးသည်။

" ငါ ဘာလို့ အရင်က အဲဒီစီရင်စုကိုကြားဖူးသလိုလို ခံစားနေရတာလဲ ... "

ပိုင်ရှောင်ချန်းက ထိုကိစ္စကို သေသေချာချာတွေးတောပြီး နောက်ဆုံးတွင် ဆက်စပ်မှုကို သဘောပေါက်လိုက်ရာ တဟားဟား အော်ဟစ်ရယ်မောလိုက်တော့သည်။

" အဲဒါ မြို့စားကျစ်လင် တပ်ချထားတဲ့နေရာ မဟုတ်လား "

မြို့စားကျစ်လင်သည် အမှန်တကယ်တွင် နောက်ဆုံး မြောက်ပိုင်းစီရင်စု၏ ဆရာကြီးဖြစ်ခဲ့သည်။ မြို့ဂိတ်တံခါးမှာတုန်းက မတော်တဆမှုပြီးနောက် ပိုင်ရှောင်ချန်းသည် သူ၏ကံကြမ္မာကို တစ်နည်းနည်းဖြင့် စိတ်လှုပ်ရှားခဲ့သည်။ သူသည် ဒူးထောက်ရန် အတင်းအကြပ်ဖိအားခံရပြီးနောက် ရက်အနည်းငယ်ကြာသော် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်သည် နောက်ဆုံး သူ့ကို မြို့တော်မှ ထွက်သွားရန် အမိန့်ပေးခဲ့၏။

ထိုအခြင်းအရာအရ ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်၏ ထိုကိစ္စအပေါ် သဘောထားကို မြင်နိုင်လေသည်။ သူက ပိုင်ရှောင်ချန်း၏ ခံစားချက်များကို လေးစားနေသောပုံပေါ်သော်လည်း အမှန်တကယ် ထိုသို့မဟုတ်ပေ။ ထို့အပြင် မြို့စားကျစ်လင်၏ ပိုင်ရှောင်ချန်းကို မုန်းတီးခြင်းမှာလည်း ပို၍သာနက်ရှိုင်းလာသည်။

အခြားစီရင်စုများရှိ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများမှာမူ သူတို့၏ဘက်တော်သားနှင့်အတူ သူ့ကို မုန်းတီးလာကြသည်။ ၄င်းမှာ အလွယ်တကူ ပြောင်းလဲနိုင်သောအရာ မဟုတ်ပေ။

ပိုင်ရှောင်ချန်းသည် ဤအရာအားလုံးကို ကောင်းကင်းသိထား၍ သိပ်မပျော်သော်လည်း တစ်ခုခုလုပ်ရန် မသင့်တော်ကြောင်း ခံစားမိသည်။ သူဆိုသည်မှာ မော်ကွန်းတင်ထိုက်သောအရာများကို လုပ်ဆောင်သည့် လူစားမျိုးဖြစ်၏။ မည်သည့်အတွက်ကြောင့် သူက အသေးအဖွဲရန်ငြှိုးလေးများကို ကတ်သီးကတ်ဖဲ့အပြစ်ရှာသည်အထိ သူ့ကိုယ်သူ နိမ့်ကျသွားစေရမည်နည်း။

" ဟမ့် … ငါ မြေရိုင်းဒေသမှာ မင်းမှုထမ်းတစ်ယောက် ဖြစ်ခဲ့တုန်းက အဆိပ်ပြင်းတဲ့တရားသူကြီးလို့ ခေါ်တဲ့ လူတွေရှိတယ် "

သူက အင်္ကျီလက်စကို မာနကြီးစွာ ခါယမ်းကာ ထိုကိစ္စကို လျစ်လျူရှုပြီး ဆက်လက်ကျင့်ကြံအားထုတ်ရန် သူ၏သီးသန့်အခန်းထဲ ပြန်ဝင်သွားလေသည်။

ထိုမြောက်ပိုင်းစီရင်စုတစ်စုကိစ္စကြောင့် ရက်အနည်းငယ် တင်းမာမှုများဖြစ်ပြီးနောက် ဒုတိယအင်မော်တယ်နယ်မြေရှိ လူများသည် ထိုကိစ္စကို လက်ခံသွားပုံရပြီး အခြေအနေများ ငြိမ်သက်သွားလေသည်။

တစ်ခုသော နေ့လည်ခင်းတွင် ပိုင်ရှောင်ချန်းက သူ၏သီးသန့်အခန်း၌ တရားအားထုတ်နေချိန် သူ၏ သတင်းပို့ကျောက်စိမ်းပေလွှာတုန်ခါလာ၏။ ၄င်းကို ထုတ်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် သူ၏မျက်နှာဝင်းပသွား၏။ သူက အခန်းထဲမှ အပြေးအလွှားထွက်လာကာ သူ့စံအိမ်၏ ပင်မဂိတ်ကို ဦးတည်လိုက်ရာ ထိုနေရာတွင် မားမားမတ်မတ်ရပ်နေသော ရင်းနှီးသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ၄င်းကား သရဲကြီးဘုရင်ပင်။

" သရဲကြီး အဘိုးကြီး "

ပိုင်ရှောင်ချန်းက အားပါးတရရယ်ကာ ပြောသည်။ သူက အပြေးအလွှားသွား၍ သူ့ကို ဖက်လိုက်လေသည်။ သူသည် မြို့တော်ကို ရောက်သည်နှင့် သရဲကြီးဘုရင်ကို စာတစ်စောင်ပို့ခဲ့ပြီး သရဲကြီးဘုရင်က သူ့ထံမှ သတင်းစကားကြားရသည့်အတွက် အလွန်ပျော်ခဲ့သော်လည်း အလည်အပတ်မလာနိုင်ကြောင်း ပြန်ပို့ခဲ့လေသည်။ သူ ကြီးကြပ်ရသည့် စီရင်စုမှာ အတော်လေးဝေးပြီး ထိုနေရာရှိ သူ၏တာဝန်များကို စဥ်းစားကြည့်ပါက ခရီးထွက်ရန် မလွယ်ကူပေ။ ထို့နောက် ပိုင်ရှောင်ချန်းက သူ၏အမိန့်ပေးလည်ဆွဲဖြင့် ကျင့်ကြံအားထုတ်ရာတွင် စိတ်ရောကိုယ်ပါ မြှုပ်နှံထား၍ အချိန်ကုန်သွားသည်ကို သိပ်အာရုံမရှိခဲ့ပေ။

သူက သရဲကြီးဘုရင်ကို မြင်သည့်အတွက် သိသိသာသာအလွန်ပျော်ရွှင်သွားသော်လည်း သရဲကြီးဘုရင်ကိုကြည့်ရသည်မှာ ဟက်ဟက်ပက်ပက် မရှိလှပေ။ အချိန်အနည်းငယ်ကြာ ချီတုံချတုံဖြစ်ပြီးနောက် သူက အားတင်းပြုံးလိုက်သည်။ အံ့သြဖွယ်ကောင်းစွာ သူက ပိုင်ရှောင်ချန်း၏ခေါ်ဝေါ်ပုံကို မပြင်ပေးပေ။ အတိတ်တုန်းက သူသည် ပိုင်ရှောင်ချန်းက 'အဘိုးကြီး'ဟု ခေါ်လျှင် မျက်စောင်းထိုးပြီးနောက် သူ၏ယောက္ခမဖြစ်ကြောင်း သတိပေးမည်မဟုတ်ပါလော။

ပိုင်ရှောင်ချန်းက အနေရခက်နေမှုကို ရိပ်မိသော်လည်း ဘာမှမပြောပေ။ သရဲကြီးဘုရင်ကို လက်မောင်းမှ ဆွဲ၍ ပင်မခန်းမထဲ ခေါ်လာကာ နှစ်ယောက်သား ထိုင်ပြီး အစေခံများမှ ယဇ်ရွှေရည်များ၊ အသီးများဖြင့် တည်ခင်းဧည့်ခံကြလေသည်။ အစေခံများအား မောင်းထုတ်ပြီးနောက် ပိုင်ရှောင်ချန်းက သူ့ခွက်ကို သရဲကြီးဘုရင်ထံ မြှောက်ပြီး ပြော၏။

" ယောက္ခမကြီး … ခင်ဗျားရဲ့ သမက်လေးကို တစ်ခွက်မြှောက်ပြီး ဆုတောင်းခွင့်ပေးဗျာ။ ယောက္ခမကြီးရဲ့ ကျန်းမာရေးအတွက် … ကမ်ပေ့ "

ပိုင်ရှောင်ချန်းက သူ့ကို ဤနည်းဖြင့် ခေါ်ဝေါ်ခြင်းကို ကြားရသည်တွင် သရဲကြီးဘုရင်၏ နှလုံးသားကို အတိုင်းအတာအချို့အထိ ပျော့ပျောင်းသွားစေသည်။ သူက ရင်းရင်းနှီးနှီး အတန်ငယ် ဆဲရေးပြီးနောက် လက်ခံပြီး အတူသောက်လိုက်ကြသည်။

သို့နှင့် သူတို့သည် ဆက်သောက်ကြပြီး ယခင်အချိန်များကို ပြန်ပြောင်းပြောကြလေသည်။ တချိန်တွင် သူတို့က သူတို့ပြန်ဆုံခဲ့သည့် မိစ္ဆာဧကရာဇ်နိုင်ငံရှိ ရွာသေးသေးလေးအကြောင်းနှင့် မုဆိုးမအကြောင်း ပြောကြသည်။ နှစ်ဦးသား ရယ်မေယနေကြရင်း သရဲကြီးဘုရင်က စီရင်စုတစ်စုကို ကြီးကြပ်ရန် တာဝန်ပေးခံရပြီးနောက် ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်ခဲ့ကြောင်း ဆက်ပြောသည်။ သူတို့သည် အတန်ကြာ သောက်ကြ စကားပြောကြနှင့် နောက်ဆုံးတွင် သရဲကြီးဘုရင်က ရင်ဘတ်ကို ထု၍ ပြောလေသည်။

" ငါမင်းကို ပြောဦးမယ် ပိုင်ရှောင်ချန်း ။ တာကျန်း စီရင်စုမှာလေ မင်းယောက္ခမကြီးက ထိပ်တန်းခွေးတစ်ကောင်ပဲကွ။ မိန်းမချောချောလေးတွေအားလုံး ငါ့ကို ချစ်လိုက်ကြတာ "

ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်ကို မယုံသည့်အလား မျက်လုံးကစားလိုက်သည်။ သို့သော် သူက ဘာမှမပြောဘဲ တစ်ခွက်သာ သောက်လိုက်သည်။ သရဲကြီးမှာ ပိုင်ရှောင်ချန်း၏အမူအရာကြောင့် တာကျန်း စီရင်စုတွင် သူလုပ်ခဲ့သမျှအားလုံးကို အလွန်ချဲ့ကားပြီး ဇာတ်လမ်းဆန်ဆန် ဒေါကြီးမောကြီး ဆက်ပြောတော့သည်။

ပိုင်ရှောင်ချန်းက မခံချင်သောအမူအရာများဖြင့် ရံဖန်ရံခါ ငေါ့တော့တော့ဝင်ထောက်၏။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် သူ၏ငါးမြှားခန်းများမှ စတင်ပြီး ကြာစေ့များကို ဆက်သွား၍ ကြာခွက်များအကြောင်းပြောကာ သူတော်စင်ဧကရာဇ်မြို့နှင့်ပတ်သက်သည့် သူ၏ဇာတ်လမ်းများကို စတင်ပြောပြတော့သည်။ နောက်ဆုံးတွင် သူက ကြာမြစ်များဖြင့် အဆုံးသတ်လိုက်သည် ...

သရဲကြီးဘုရင်သည် အဝေးမှ ထိုဇာတ်လမ်းများကြားခဲ့ရသော်လည်း ပိုင်ရှောင်ချန်း၏ပါးစပ်မှပြောသည်ကို ကြားရခြင်းက သူ့ကို အကြိမ်ဖန်များစွာ အံ့သြတကြီး စားပွဲအား ရိုက်နှက်စေတော့သည်။ သူသည် ပိုင်ရှောင်ချန်းမည်သည့်နေရာတွင် အဆုံးသတ်စေကာမူ အရေးမကြီး၊ သူသည် ကပ်ဘေးနတ်ဘုရားသာ အမြဲဖြစ်လာကြောင်း ခါတိုင်းထက်ပို၍ ယုံကြည်သွားတော့သည်။

သူတို့က ညဥ့်နက်သည်အထိ သောက်ကြစားကြပြီး နောက်ဆုံးတွင် နှစ်ယောက်လုံး သူတို့ဇာတ်လမ်းအများစုကို ပြောပြီးသွားကြလေပြီ။ စကားပြောနေစဥ်အတောအတွင်း သရဲကြီးဘုရင်မှာ အခြေအနေမကောင်းကြောင်း ပိုင်ရှောင်ချန်း သိလာခဲ့သည်။ သူက ကြီးမားသော ထိုးနှက်ချက်ကြီးခံခဲ့ရသည့်အလားပင်။ ပိုင်ရှောင်ချန်းက အသံကိုနှိမ့်၍ တိုးတိုးလေးပြောသည်။

" ချစ်လှစွာသော ယောက္ခမကြီး … ခင်ဗျား ကျုပ်ကို ဘာတွေ ဖြစ်နေလဲ ဘာလို့မပြောသေးတာတုန်း။ တစ်ယောက်ယောက်က ခင်ဗျားကို အနိုင်ကျင့်နေတာလား "

ပထမဦးစွာ သရဲကြီးဘုရင်က မတုံ့ပြန်ပေ။ သူက အရက်အိုးကို မြှောက်ပြီး မည်မျှကျန်သေးသည်ကို ကြည့်ရန် လှုပ်ကြည့်ပြီးနောက် အကုန်ထည့်လိုက်လေသည်။ နောက်ဆုံးတွင် သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မျက်လုံးများ သွေးချင်းချင်းနီရဲလျက် စားပွဲကို လက်ဝါးဖြင့် အကြမ်းပတမ်း ရိုက်ချလိုက်သည်။

" လုံးဝအနိုင်ကျင့်ချက်ပဲ "

" ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က တွေ့သမျှ ကောင်းကင်တံတားကျင့်ကြံသူတွေအားလုံးကို အကျဥ်းချချင်တာလား ရတယ် အကျဥ်းချ။ ငါက သူ့အတွက် ပြိုင်ဘက်မှမဟုတ်ပဲကွာ “

" သူက တာကျန်း စီရင်စုကို လျစ်လျူရှုထားချင်တာလား။ ရတယ်လေ သောက်ဂရုမစိုက်နဲ့ “

" ငါ့ကို အခြားစီရင်စုတွေကနေ သီးသန့်ခွဲနေသင့်တယ်လို့ အရိပ်အမြွက်ပေးတယ်။ ပြီးတော့ ငါ အခစားဝင်ဖို့ အခေါ်ခံရတိုင်း သူ ငါ့ကို အမြဲ ပစ်ပစ်နှစ်နှစ် ဝေဖန်တယ်။ ရတယ် ဝေဖန်ကွာ “

" ဒါပေမဲ့ အဲဒီခွေးကောင်ကြီး ဒီတစ်ကြိမ်တော့ လွန်သွားပြီ “

" ဟိုငတုံး မြို့စားကျစ်လင် မြောက်ဘက်အကျဆုံး စီရင်စုကို ဆုံးရှုံးခဲ့တာကို အပြစ်ပေးရမယ့်အစား ငါ့ရဲ့ တာကျန်း စီရင်စုကို ပို့ခဲ့တယ်။ ရတယ် ပို့ကွာ “

" ဒါပေမဲ့ ချီးလိုပဲ။ အဲဒီကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က မြို့စားကျစ်လင်ကို တာကျန်း စီရင်စုရဲ့ ဆရာကြီးအဖြစ် ခန့်အပ်လိုက်တယ်လေ။ သောက်ကျိုးနည်းကွာ ဘာလို့ သူက ငါ့ကိုဆရာကြီးအဖြစ်က ရာထူးချပြီး မြို့စားကျစ်လင်ရဲ့ လက်ထောက်အတင်းလုပ်ခိုင်းခွင့်ရှိတာတုန်း “

" ငါက ငါ့အသည်းနှလုံး ၊ ငါ့ဝိညာဥ်ကို တာကျန်း စီရင်စုကို စီမံဖို့ ပေးအပ်ထားတာ။ ငါက အဲဒါကို ကောင်းကင်တံတားဒေသအသစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်အောင် လုပ်မလို့။ ဒါပေမဲ့ အခုတော့ အဲဒီလုပ်ခဲ့သမျှအားလုံးက ဘာမှမဟုတ်တော့ဘူး "

သရဲကြီးဘုရင်က ဇာတ်လမ်းပြောနေစဥ်တစ်လျှောက် လက်သီးဆုပ်ထားပြီး ခါးခါးသီးသီးရယ်လိုက်သည်။ အစက သူသည် ပိုင်ရှောင်ချန်းကို ဤသတင်းပြောရန် မရည်ရွယ်ခဲ့သော်လည်း ယခုတွင် ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်နေ၍ အလွန်ခိုင်မာသောအခြေခံရှိသည်။ ထိုမျှသာမက ဤအင်မော်တယ်နယ်မြေတွင် သူက ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကဲ့သို့ လုပ်ပိုင်ခွင့်အာဏာရှိသည် မဟုတ်ပါလော။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် ထိုအကြောင်းကို ကြားမည်ဖြစ်၍ သရဲကြီးဘုရင်မှာ ပြဿနာထပ်မဖြစ်စေချင်ပေ။ သို့သော် ပိုင်ရှောင်ချန်း၏လမ်းကြောင်းပေးခြင်း ခံရပြီးနောက် သရဲကြီးဘုရင်မှာ သူ၏ခါးသီးနာကြည်းမှုများကို စိတ်ထဲတွင် ချုပ်တည်းထားနိုင်တော့ပေ။

သရဲကြီးဘုရင်က စကားပြောပြီးနောက် ပိုင်ရှောင်ချန်းက မလှုပ်မယှက်ထိုင်နေ၏။ သူ၏အရက်ခွက်ပင် တုပ်တုပ်မှမလှုပ်ပေ။ သို့သော် သူ၏မျက်လုံးများသည် မီးတောက်လာသည့်အလား စူးရှတောင်ပြောင်လာတော့သည်။

သရဲကြီးဘုရင်က အထိတ်တလန့်ဖြင့် ပြောသည်။

" ဟေးး အလောတကြီးဘာမှမလုပ်နဲ့နော် ရှောင်ချန်း "

သူက ပိုင်ရှောင်ချန်းကို အမှန်ပြောမိခြင်းအတွက် နောင်တရသွားသည်။

ပိုင်ရှောင်ချန်းက ခေါင်းကို ခါယမ်းပြီးနောက် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ၏ စံအိမ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ တဖြေးဖြေး သူ့မျက်လုံးများထဲရှိ မီးတောက်များသည် အလွန်တရာတင်းမာခက်ထန်သောအမူအရာတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

" ယောက္ခမကြီး … အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ် ဘာမှမလုပ်ရင် သူတော်စင်ဧကရာဇ်နိုင်ငံက ကောင်းကင်တံတားသားတွေ ဘာဖြစ်သွားမတုန်း စိတ်ကူးကြည့်လို့ရတယ်တယ်။ ပိုပြီးတော့ ဆိုးရွားလာမှာပဲ “

" ဒါက ဗြောင်ကျကျ ပေါ်တင် အနိုင်ကျင့်လိုက်တာ။ ကျုပ်က ဒါကို ဘယ်လိုလုပ် မသိချင်ယောင်ဆောင်ထားရမှာတုန်း "

All Chapters