သဘောတူလား၊ မတူဘူးလား
Vol. 12 Ch. 1105
သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်း၏မျက်လုံးများထဲရှိ အကြည့်ကို မြင်သောအခါ ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခု ရလာတော့သည်။ ထို့နောက် သူက အတိတ်တုန်းက ပိုင်ရှောင်ချန်း လုပ်ခဲ့သည့်အရာတချို့ကို ပြန်တွေးမိပြီး ရင်တဒိန်းဒိန်းခုန်လာလေသည်။ သူ အမှန်ကို ပြောမိခြင်းအတွက် သေချာပေါက် နောင်တရနေပြီ ဖြစ်သည်။
" ရှောင်ချန်း ဘာမှ အလောတကြီးမလုပ်နဲ့နော်။ တာကျန်း စီရင်စုမရှိရင်တောင်မှ ငါတို့မှာ ရွေးချယ်စရာတွေ ရှိပါသေးတယ်ကွ။ ငါက သူတော်စင်ဧကရာဇ်ကိုယ်တိုင်ဆီက ငါ့ရာထူးကို ရခဲ့တာလေ။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ဘယ်နည်းနဲ့မှ လွန်လွန်ကျူးကျူး မလုပ်လောက်ပါဘူး။ သူ သေချာပေါက် ငါ့ကို လျော်ကြေးနည်းနည်းပါးပါးပေးလောက်မှာပါ "
ပိုင်ရှောင်ချန်းက ခေါင်းကို ဖြေးညင်းစွာ ခါယမ်းကာ ထရပ်သည်။
သရဲကြီးဘုရင်မှာ စိုးရိမ်တကြီး သူ့လမ်းကို ပိတ်လိုက်သည်။
" ရှောင်ချန်းရာ မင်းတစ်ခုခုမလုပ်ရင်တောင်မှ ငါတို့ ရေရှည်စီမံကိန်းကို စဥ်းစားဖို့လိုတယ်။ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်ကို သတ်တာက ဘာမှ ဖြေရှင်းပေးမှာမဟုတ်ဘူး "
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်၌ ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာ၏။
" ကျုပ် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ် ကို သတ်မယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး "
သူက ပြော၏။
" အဲ့ခွေးကောင်ကြီးက ကွက်ကျော်လာရိုက်နေတော့ ကျုပ် သူ့ကို နည်းနည်းပါးပါး အရှက်ရအောင် လုပ်မလို့ ဒါပါပဲ။ ကဲပါ အဘိုးကြီး ခင်ဗျား ဘာကိုမှ စိတ်ပူနေစရာမလိုဘူး။ ကျုပ် ထွက်သွားတုန်း အေးအေးဆေးဆေးသာ အနားယူနေလိုက် "
ထို့နောက် သူက သရဲကြီးဘုရင်ကို ရှောင်ကာ ထွက်ခွာသွားသည်။ သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း ဘာလုပ်ရန်ကြံစည်နေသည်ကို မမှန်းဆနိုင်ဘဲ သူ့နောက်လိုက်ပြီး ရပ်ရန် ဖျောင်းဖျသင့်၊ မဖျောင်းဖျသင့် မဆုံးဖြတ်နိုင်ခင် သူက ထွက်သွားလေပြီ။
သရဲကြီးဘုရင်မှာ ပင်မခန်းမဆောင်ထဲတွင် သက်ပြင်းချရင်း တစ်ယောက်တည်း ရပ်ကျန်ခဲ့တော့သည်။ နောက်ဆုံးတွင် သူက ခြေဆောင့်နင်းလိုက်သည်။ အဆုံးသတ်တွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပိုင်ရှောင်ချန်းကို အမှီလိုက်ရန် နိမ့်ကျလွန်းသောကြောင့် သူက ပြန်ထိုင်ပြီး အရက်တစ်အိုးဆွဲ၍ ဆက်သောက်နေတော့သည်။
တာကျန်းစီရင်စုတွင် အစပိုင်းက အလွန်ပျော်စရာကောင်းခဲ့သော်လည်း ယခုတွင် ထိုအရာအားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။ ဖြစ်ပျက်ခဲ့သော အရာကြောင့် သူ၏ရည်မှန်းချက်ပင် ကြီးမားသော ထိုးနှက်ချက်ကြီး၏ သိမ်းပိုက်ခံလိုက်ရလေသည်။ ၄င်းက သူ့ကို အလွန်ဆိုးရွားစွာ ထိခိုက်သွားသောကြောင့် ပိုင်ရှောင်ချန်းသည် သူ့ကို ကြည့်ရုံနှင် ပြဿနါတစ်ခုခုဖြစ်နေကြောင်း ပြောနိုင်လေသည်။
***
ယခု ပိုင်ရှောင်ချန်းသည် မြောက်ပိုင်းကို တဟုန်ထိုးသွားနေရာ မြို့တော်၏ အဝေးသို့ ရောက်ရှိနေသည်။
ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သည်နှင့်အညီ အားကုန်ထည့်နေသည်ကို စဥ်းစားကြည့်ပါက အမြန်နှုန်းအားဖြင့် ဘယ်အရာမှ သူ့ကို မယှဥ်နိုင်ပေ။ မြောက်ပိုင်းစီရင်စုများသည် သိပ်မနီးသော်လည်း သိပ်ဝေးလှသည်ဟူ၍လည်း မသတ်မှတ်နိုင်ချေ။ မိုးသောက်ချိန်ပင် မရောက်သေးမီ ပိုင်ရှောင်ချန်းသည် အင်မော်တယ်နယ်မြေ၏ မြောက်ပိုင်းကို မြင်လိုက်ရသည်။
၄င်းသည် ရေခဲများဖုံးလွှမ်းပြီး နှင်းများထူထပ်သိပ်သည်းသော နေရာတစ်နေရာ ဖြစ်၍ မယုံနိုင်စရာကောင်းလောက်အောင် အေးစိမ့်သည်။ လေထဲတွင် ဆီးနှင်းပွင့်များ ပြည့်နှက်နေပြီး အလွန်ဆိုးရွားသော လေနုအေးများ ညလေထုထဲတွင် တရှဲရှဲ ငြီးတွားနေကြ၏။ မြောက်ပိုင်းကို ရောက်ပြီးနောက် ပိုင်ရှောင်ချန်းသည် ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် တစ်ခုသောနေရာတွင် စူးစိုက်လိုက်သည်။
မြို့တစ်မြို့အတွင်းရှိ သာမန်အင်မော်တယ်ဂူတစ်လုံးတွင် ကုန်းစွန်းဝမ်အာသည် တင်ပျဥ်ခွေလျက် တရားထိုင်နေ၏။ ဒုတိယအင်မော်တယ်နယ်မြေ၏ မြောက်ပိုင်းတာဝန်ခံ ကောင်းကင်ဧကရာဇ်တစ်ပါးအနေဖြင့် သူမသည် မြောက်ပိုင်းတွင် တချိန်လုံးရှိနေစရာ မလိုပေ။ သို့သော် ပြန်ပေးဆွဲခံရပြီး မိစ္ဆာဧကရာဇ်နိုင်ငံတော်ကို ပြန်ရောက်ပြီးနောက် မိစ္ဆာဧကရာဇ်က သူမသည် သရဲမယ်တော်နှင့် မဆိုစလောက်လေး ကွဲပြားနေသည်ကို သဘောပေါက်ခဲ့၍ သူမကို အနည်းငယ်သံသယဝင်လာခဲ့သည်။
သူမကိုယ်တိုင် သက်သေပြရန်နှင့် မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ သူမ၏ရာထူးကို ခိုင်မာစေရန် အလို့ငှာ သူမသည် သူမ၏သစ္စာရှိမှုကို သက်သေပြရန်အတွက် ဤနေရာကိုလာပြီး ငါးခုမြောက် စီရင်စုကို သိမ်းပိုက်ခဲ့သည်။
သူမ နေရာတွင် တရားထိုင်နေချိန်မှာပင် သူမ၏နှလုံးသားလှုပ်ရှားသွားပြီး သူမ၏ဖီးနစ်မျက်လုံးလေးများ ပွင့်သွား၏။ သူမသည် ပင်ကိုယ်အားဖြင့်ချောမောလှပသူဖြစ်၍ သူမက အင်မော်တယ်ဂူဝင်ပေါက်ကို မျက်ဝန်းထောင့်ကလေးမှ အေးစက်စွာကြည့်လိုက်ချိန် ထိုအလှတရားသည် ပို၍ပင် အသက်ဝင်သွားတော့သည်။ သူမ၏အလှတရားအပြင် သူမသည် အလွန်နက်ရှိုင်းစွာ ရေခဲတမျှအေးစက်ပုံ ပေါ်လေသည်။
များမကြာမီ အပြင်ဘက်မှ ပိုင်ရှောင်ချန်း၏ အသံကို ကြားလိုက်ရ၏။
သူက သူမ၏အင်မော်တယ်ဂူအပြင်ဘက်တွင် ရပ်နေစဥ် သူ၏တစ်ဦးတည်းသော အဖော်မှာ ဖြေးညင်းစွာကျနေသော ဆီးနှင်းပွင့်များသာဖြစ်လေသည်။ သူက ဝင်ပေါက်တွင်ရပ်နေကာ မည်ကဲ့သို့စကားအား ဆိုရမည်ကို မသိသဖြင့် ချောင်းဟန့်လိုက်သည်။ သူက အကူအညီတောင်းရန် လာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူက သူတို့၏ ရင်းနှီးသောပတ်သက်မှုကို နည်းနည်းပါးပါးကစားရန် ဆုံးဖြတ်လိုက်လေသည်။
" ဝမ်အာ ငါဆိုတာ မင်းသိတယ်မလား။ ဘာလို့တံခါးဖွင့်မပေးတာလဲ "
သူမက သူ့စကားများကို ကြားသောအခါ ပြုံးလိုက်သည်။ သူမသည် သူ့ကို လျစ်လျူရန် စိတ်တိမ်းညွှတ်နေပါသော်လည်း နောက်ဆုံးတွင် သူမက လက်ကိုခါ၍ ဝင်ပေါက်ကို ပွင့်သွားစေလိုက်သည်။
သူက အထဲသို့ အလောတကြီးဝင်လိုက်ရာ သူ့ကို ပြုံးပြနေသော ကုန်းစွန်းဝမ်အာကို မြင်လိုက်၏။ သူမ၏မျက်လုံးကလေးများက ထုံးစံအတိုင်း လျှို့ဝှက်ဆန်းကြယ်နေပါသော်လည်း ရှေးမဆွက အေးစက်မှုတစ်ခုမှ မမြင်ရတော့ပေ။
" ဒီလောက်နောက်ကျမှ ဒီကို ဘာလာလုပ်တာလဲ အချစ်လေးရဲ့ " သူမက ညတုတု ပြောလိုက်သည်။
" ဒီညလေးကို ညီမနဲ့အတူတူ ကုန်ဆုံးချင်တယ်လို့တော့ မပြောနဲ့နော် "
သူမက ထူးဆန်းသောအလင်းတစ်ခုဖြင့် မျက်ဝန်းများ တောက်ပနေလျက် သူမ၏နှုတ်ခမ်းလေးများကို ဖြေးညင်းစွာသပ်လိုက်သည်။
" မင်းနဲ့အတူတူ ညကုန်ဆုံးခွင့်ပေးမလို့လား "
ပိုင်ရှောင်ချန်းမှာ ရင်ခုန်သံတို့မြန်လာကာ ဖြေလိုက်သည်။ အမှန်မှာ သူသာ ကုန်းစွန်းဝမ်အာ၏ အကူအညီကို မလိုအပ်လျှင် ဘယ်တော့မှ သူမကို လာတွေ့မည် မဟုတ်ပေ။
သို့သော် သူ ဘာမှ မပြောနိုင်ခင် သူ၏အမူအရာရိပ်ခနဲဖြစ်သွားပြီး သူက နောက်ဆုတ်လိုက်သည်။ တချိန်တည်းမှာပင် ကုန်းစွန်းဝမ်အာက တခစ်ခစ် ရယ်လိုက်သည်။
" အခု အချစ်လေးက ကောင်းကင်ဧကရာဇ်ဆိုတော့ ညီမနဲ့ အတူတူ ဒီညတာကိုကုန်ဆုံးဖို့ အရည်အချင်းပြည့်မှီလား ကြည့်ဖို့ အရမ်းစိတ်ဝင်စားနေတာ "
သူမက ရုတ်တရက် ရိပ်ခနဲလှုပ်ရှားပြီး ယခုလေးတင်ရပ်ခဲ့သော သူ နေရာတွင် မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ ပေါ်လာလေသည်။ စီခနဲအသံတစ်သံ ထွက်လာပြီး သူမပတ်လည်ရှိလေထုသည် လေပွေတစ်ခုဖန်တီးရန် အလင်းတစ်ခုကို သူမထံဆွဲယူလာကာ ပုံပျက်ရှံ့တွလာ၏။
" မင်း ဘာလုပ်နေတာလဲ "
ပိုင်ရှောင်ချန်းက လွှတ်ခနဲ ပြောလိုက်သည်။
" ဒီည မင်းနဲ့အတူရှိဖို့ ငါလာတာ မဟုတ်ဘူး "
သို့သော် ကုန်စွန်းဝမ်အာက ခွန်းတုံ့မပြန်ပေ။ သူမက တောက်ပစွာ ပြုံး၍ သူ့အနားထပ်ကပ်လာပြန်သည်။
" မင်း ရူးနေလား ကုန်းစွန်းဝမ်အာ။ ငါမင်းအသက်ကို ကယ်ခဲ့တာလေ "
သူက ရင်တဒိန်းဒိန်းခုန်လာကာ ထပ်ရှောင်လိုက်ရာ ေနာက်တစ်ကြိမ် သူမ အနားကပ်လာပြန်သည်ကိုသာ တွေ့လိုက်ရသည်။ ဤအချိန်တွင် သူ ဒေါသထွက်လာတော့သည်။
" အရူးမ ငါတို့တစ်ယောက်နဲ့တစ်ယောက် သိခဲ့တာကြာပြီလေ မေ့သွားပြီလား။ ငါ့မှာ ဘာမကောင်းတဲ့ရည်ရွယ်ချက်တစ်ခုမှ မရှိဘူး။ ငါမင်းအသက်ကို ကယ်ခဲ့တယ်လေ။ ငါ အခုဒီကိုလာတာ မင်းဆီက အကူအညီတောင်းဖို့ပဲ "
သူ၏စကားလုံးများကြောင့် ကုန်းစွန်းဝမ်အာ၏ မျက်လုံးလေးများ တောက်ပသွား၏။ သို့သော် သူက သူမကို ဆက်ရှောင်နေသေးကြောင်း တွေ့သောအခါ သူမက အရှိန်တင်ပြီး ကြယ်ပျံတစ်စင်းအလား သူ့ထံဦးတည်လာကာ သူမ၏ညာလက်သည် လက်သည်းကြီးသဖွယ် သူ့နဖူးထံ ချိန်ရွယ်ထားသည်။
ယခုတွင် အမှန်အကန် ဒေါသထွက်သွားသဖြင့် ပိုင်ရှောင်ချန်းက မရှောင်တော့ပေ။ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်၍ သူက သူ၏အတိတ်ပြန်လည်ဝင်စားခြင်းကျမ်းဖြင့် ၄င်းကို နှိုးဆွပြီးနောက် သူမကို ထိုးနှက်လိုက်သည်။
ကုန်းစွန်းဝမ်အာမှာ ထိုးနှက်ခံလိုက်ရသည့်အတွက် ပေါက်ကွဲသံတစ်သံ မြည်ဟည်းသွားတော့သည်။ သူမမှာ သူမ၏ပတ်ပတ်လည်တွင် သူမမှတ်ဉာဏ်များပါဝင်သော မှော်သင်္ကေတများ တပြုံကြီးပေါ်လာသဖြင့် တအံ့တသြအော်လိုက်လေသည်။ ထိုမှော်သေင်္ကတများလည်ပတ်နေချိန် သူမမှာ မိုးကြိုးပစ်ခံရသည့်အလား ခံစားနေရတော့သည်။
ပိုင်ရှောင်ချန်းသည်လည်း အခြေအနေမကောင်းပေ။ သူမ၏ ကြယ်ပျံကဲ့သို့တိုက်ကွက်က မမြင်နိုင်သော တွင်းနက်ကြီးတစ်ခုဖန်တီးကာ သူ့ကို ထိုးစိုက်သွားသည်။ ချက်ချင်းပင် သေခြင်းစွမ်းအင်စီးကြောင်းများ ဝန်းရံခံလိုက်ရသဖြင့် ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံက မရေမတွက်နိုင်သော မကောင်းဆိုးဝါးသရဲများကို ဖော်ပြလာတော့သည်။
" မင်းမေဘ ငါသရဲကြောက်တာ မင်းသိတာပဲ။ မင်းငါ့ကို ခြောက်ဖို့ကြိုးစားနေတာ မယုံနိုင်ဘူး "
သို့သော် ကုန်းစွန်းဝမ်အာက သူနှင့် လွန်စွာနီးကပ်နေပြီး မှော်သင်္ကတများအားလုံးဖြင့် ပိတ်ဆို့ခံထားရသောကြောင့် သူက ချက်ချင်းပင် သူ့လက်ကို လျင်မြန်စွာ နောက်ပို့ပြီး သူမ၏ဆွဲဆောင်မှုရှိသော တင်ပါးလေးကို ရိုက်ချလိုက်သည်။
ဖြန်းခနဲအသံကျယ်ပြီး မြည်သွားပြီး ကုန်းစွန်းဝမ်အာ၏ မျက်နှာအမူအရာ ရှုံ့မဲ့သွားလေသည်။ အကျိုးဆက်အနေဖြင့် မကောင်းဆိုးဝါးသရဲများ တုံ့ခနဲရပ်သွား၏။ ထိုအချိန်တွင် ကုန်းစွန်းဝမ်အာ၏ မျက်ဝန်းလေးများထဲတွင် သတ်ဖြတ်လိုစိတ်မျညး ပေါ်လာသည်။ သူ၏ ဗျူဟာအလုပ်ဖြစ်ကြောင်း တွေ့သောအခါ ပိုင်ရှောင်ချန်းက လက်ကို မြှောက်၍ နောက်တစ်ချက် တင်ပါးချလိုက်ပြန်သည်။
" သေချင်နေလား ပိုင်ရှောင်ချန်း "
သူမက ဒေါနှင့်မောနှင့် ပြောသည်။ သို့သော် သူ၏ အတိတ်ပြန်လည်ဝင်စားခြင်းကျမ်းကြောင့် သူမ မလှုပ်နိုင်ဖြစ်နေသည့်အချက်ကို မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက အခွင့်ကောင်းမယူဘဲ နေရမည်နည်း။ ထို့ကြောင့် သူက လွှဲ၍ နောက်တစ်ချက် ချပြန်သည်။ ထို့နောက် နောက်တစ်ချက်၊ နောက်တစ်ချက် .... သူမ၏ တင်ပါးလေးကို ဆယ်ချက် တဖြန်းဖြန်းချပြီးနောက် ကုန်းစွန်းဝမ်အာ၏ဒေါသလေးများ ရုတ်တရက် ပျောက်ကွယ်သွားပြီး မိန်းမောတွေဝေသော အမူအရာတစ်ခု အစားထိုးဝင်ရောက်လာသည်။
ထိုမိန်းမောသော အကြည့်က ပိုင်ရှောင်ချန်း၏နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်လိုက်တော့သည်။ သို့သော် သူက သူမ၏တင်ပါးကို မချတော့သည့်နှင့်တစ်ပြိုင်နက် သူမ၏မျက်လုံးလေးများထဲတွင် သတ်ဖြတ်လိုစိတ်များ ထပ်မံပေါ်ပေါက်လာပြန်သောကြောင့် သူက သူမ၏တင်ပါးလေးကို ကပျာကယာထပ်ချလိုက်ပြန်သည်။
ထို့နောက် သူမက အတန်ငယ်ငြိမ်ကျသွားပြန်သည်။ မကြာမီ သူမ၏မျက်ဝန်းလေးများထဲက မိန်းမောသောအကြည့်မှာ ငိုင်တွေတွေဖြစ်လာပြီး သူမ၏ ရင်အစုံမှာ အတန်ငယ် နိမ့်ချည်မြင့်ချည်ပင် ဖြစ်နေတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ အမှန်အကန် ကြောက်လန့်နေပြီဖြစ်သည်။
" ဝမ်အာ ငါ့ကို တစ်ခုလောက် ကူညီနိူင်မလား။ မနက်ဖြန်ကျရင်လေ အခွင့်အရေးတစ်ခုလောက်ရှာပြီး ဒီစီရင်စုကို မင်းသိမ်းပိုက်နိုင်တာက နတ်ဘုရားတစ်ပိုင်းဆရာကြီး မြို့စားကျစ်လင်က မင်းရဲ့ ဝိစ္ဆာဧကရာဇ်နိုင်ငံတော်အတွက် တိတ်တဆိတ် အမှုထမ်းပေးနေတာကြောင့်ဆိုပြီး လူသိထင်ရှားကြေညာပေးလိုက် "
" ထားလိုက်စမ်းပါ "
သူမက သူမ၏မျက်ဝန်းလေးများထဲရှိ ငေးကြောင်ကြောင်အကြည့်လေး အတန်ငယ် ပျောက်ကွယ်လာနေလျက် ပြောသည်။ ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်သွားကာ သူ၏နှလုံးသားကို တင်းမာစေလိုက်ပြီး သူမ၏တင်ပါးကို တစ်ဒါဇင်ကျော်ကျော် ထပ်ရိုက်ထည့်လိုက်သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်းသာ သူမကို မပွေ့ထားပါက သူမမှာ မြေကြီးပေါ်သို့ ဒူးညွှတ်ကျသွားမည်သာဖြစ်သည်။
ပိုင်ရှောင်ချန်းက ရင်တဒိန်းဒိန်းခုန်လာကာ ဟိန်းဟောက်လိုက်သည်။
" သဘောတူလား၊ မတူဘူးလား "
ကုန်းစွန်းဝမ်အာက အသက်မနည်းရှူကာ အံတင်းတင်းကြိတ်ပြီး စကားမပြောပေ။ သူမကို အနည်းငယ် ထပ်ရိုက်ပြီးနောက်တွင် သူမ၏မျက်ဝန်းလေးများမှာ ဗလာကျင်းသွားတော့သည်။ နောက်ဆုံးတွင် သူမက စိတ်ဆိုးသည့်အသံလေးနှင့် ပြောသည်။
" အင်း သဘောတူတယ် ... အခု ဒီသောက်နေရာက ထွက်သွားစမ်းပါ "
ပိုင်ရှောင်ချန်းအတွက် ကုန်းစွန်းဝမ်အာနှင့် အပြန်အလှန်ဆက်ဆံမှုက အဆုံးစွန်ထိ ကို့ရို့ကားရားနိုင်ခဲ့သည်။ နောက်ဆုံး သူမ၏သဘောတူညီမှုကိုရပြီးနောက် သူက မဆိုစလောက်အပြစ်ရှိသလိုခံစားနေကာ တချိန်တည်းမှာပင် အတန်ငယ်မိန်းမောလုနီးပါးဖြင့် သူမ၏အင်မော်တယ်ဂူထဲမှ သုတ်သီးသုတ်ပျာ ထွက်လာလိုက်သည်။
" ကုန်းစွန်းဝမ်အာ တော်တော်ခံနိုင်တာ ယုံတောင်မယုံနိုင်ဘူး ... "
သူက မျက်တောင်တဖျပ်ဖျပ်ခတ်၍ တစ်ယောက်တည်းရေရွတ်လိုက်သည်။ အကြောင်းပြချက် ရေရေရာရာ မရှိပါသော်လည်း ယခုတွင် သူ့ရင်ထဲ၌ သူ မဖယ်ရှားပစ်နိူင်သည့် အလွန်ပြင်းထန်သောမီးစတစ်ခု တောက်လောင်နေသည်။
" မြေခွေးမ အခုလေးတင် ငါ့ကို မြူဆွယ်ခဲ့တာမလား "
နောက်ဆုံးတွင် သူက သူ မည်မျှထူးချွန်ကြောင်းကို တွေးကာ သက်ပြင်းသာချလိုက်လေသည်။ တစ်ခါတရံ သူ့ကိုယ်သူပင် သူ ကြောက်မိသည်။