← Chapters

အခန်း (၁၈၁၁-၁၈၁၂)

Vol. 182 Ch. 1811-1812

အခန်း (၁၈၁၁-၁၈၁၂)

Vol. 182 Ch. 1811-1812

အခန်း (၁၈၁၁) - ကျေးကျွန်စစ်သည်

"ဘယ်လိုမျိုးမှ စွမ်းဆောင်ရည်ကောင်းတယ်လို့ သတ်မှတ်တာလဲ ဟုတ်လား မင်းရဲ့ ဒီမေးခွန်းက တကယ့်ကို အချိန်ကိုက်ပဲ၊ နတ်ဘုရားတွေ ဖန်တီးပေးလိုက်တဲ့ လက်ရာတစ်ခုလို အဓိပ္ပာယ်တွေ ပြည့်နှက်နေတာပဲ"

ဝတုတ်က ချီးကျူးစကား ဆိုလိုက်သည်။

ရှီးကျန့်မှာ အနည်းငယ် ကြောင်အသွားပြီး မျက်နှာလေး နီမြန်းလာသည်။ မိမိ၏ မေးခွန်းက မည်သည့်နေရာတွင် ဤမျှအထိ ကောင်းမွန်သွားပြီး တစ်ဖက်လူ၏ ချီးမွမ်းခြင်းကို ခံလိုက်ရသနည်းဟု သူ နားမလည်နိုင် ဖြစ်နေမိသည်။

သို့သော် နောက်တစ်ခဏ၌ ဝတုတ်က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"စစ်မှုထမ်းကောင်း ဆုတံဆိပ် ပေါ့ကွ စစ်မှုထမ်းကောင်း ဘယ်လိုယူရမလဲ ဟုတ်လား ရန်သူကို သတ်လေ၊ ရန်စစ်တွေကို သတ် သူတို့ရဲ့ လက်အောက်ခံ ကျေးကျွန်စစ်သည်တွေကို သတ်တာလည်း အကျုံးဝင်တယ် ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းမျိုးကိုတောင် မင်းက မေးဝံ့သေးတယ်ပေါ့၊ မင်းမျိုးရိုးက ဘာလဲ၊ ဘယ်အိမ်တော်က မျိုးဆက်လဲ၊ ဘာလို့ ဒီလောက်တောင် ထုံအ ပိတ်ရတာလဲ "

ရှီးကျန့်၏ မျက်နှာမှာ တစ်လှည့်နီ တစ်လှည့်ပြာဖြင့် စိတ်ထဲတွင် ဒေါသရော၊ အလောတကြီး ဖြစ်မှုပါ ရောပြွမ်းနေတော့သည်။

"လူကြီးမင်း... ရှီးကျန့်က ရှီးမျိုးနွယ်စုကပါ၊ ဟို... ရှီးသူတော်စင်တစ်ပိုင်းရဲ့ အိမ်တော်ကပါ..."

တစ်ယောက်က ရှီးကျန့်အတွက် ကြားဖြတ်ဖြေပေးလိုက်သည်။

ဝတုတ်မှာ လေထဲမှ မှောက်ရက်လဲကျလုနီးပါး ဖြစ်သွားပြီး၊ သူ၏ ကိုယ်ဟန်ကို အတင်းပြန်ထိန်းလိုက်ရသည်။ သူသည် ရှီးကျန့်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ

"ရှီးသူတော်စင်တစ်ပိုင်းရဲ့ သွေးမျိုးဆက် ဟုတ်လား မဟုတ်ပါဘူး... မင်းလိုမျိုး အထက်တန်းစား မျိုးနွယ်စုဝင်က မဟာမန် စစ်ဒေသကို ဘာလာလုပ်တာလဲ ဒီမှာက မင်းယူဖို့ စစ်မှုထမ်းကောင်းက အများကြီးရှိတာ မဟုတ်ဘူးလေ။ အရည်အချင်း လာပြချင်တယ်ဆိုရင်တောင် လျှို့ဖုန်းဂူ တမန်တော်ရုံးကို မလာသင့်ဘူး မဟုတ်လား..."

အကယ်၍ အရင်ကဆိုလျှင် ရှီးကျန့်သည် သူ၏ ရည်ရွယ်ချက်ကို ဝင့်ကြွားစွာ ပြောပြပေလိမ့်မည်။ သို့သော် ယခုမူ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်အုပ်ချီကာ

"လူကြီးမင်း... ကျွန်တော်က ရှီးမျိုးနွယ်စုရဲ့ ဘေးထွက်မျိုးဆက်တစ်ခုပါ၊ တကယ်တော့ ဘာနောက်ခံမှ မရှိပါဘူး။ မဟာမန် စစ်ဒေသကို လာတာဟာ စစ်မှုထမ်းကောင်းရဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ပါ၊ လူကြီးမင်း စိတ်ထဲမှာ ဘာမှ ထောက်ထားညှာတာနေဖို့ မလိုပါဘူး"

"ဪ... အဲဒီလိုလား..."

ဝတုတ်က စဉ်းစားဟန်ပြုပြီးနောက် မျက်နှာထား ပြန်အေးသွားကာ

"ခုနက ငါဆဲလိုက်တာတွေကို စိတ်ထဲမထားနဲ့နော်"

" ဟုတ်ကဲ့ပါ"

ရှီးကျန့်က ဆိုသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် စစ်စခန်းတစ်ခုသည် လူတိုင်း၏ မျက်စိရှေ့သို့ တဖြည်းဖြည်း ပေါ်လာတော့သည်။

ထိုစခန်းအတွင်း၌ သွေးချီအရှိန်အဝါ ပြည့်ဝနေသော ကိုယ်ခံပညာရှင် အမြောက်အမြားကို တွေ့ရသည်။

ထို့ပြင် လူတိုင်းနှင့် ဆင်တူသော အဘိညာဉ်ရှင် အချို့လည်း ရှိနေကြသည်။

စခန်းနှင့် မလှမ်းမကမ်းတွင် ဟင်းလင်းပြင် သတ္တုကြောကြီးတစ်ခု ရှိနေပြီး၊ ထိုကိုယ်ခံပညာရှင်များသည် သတ္တုကြောထဲမှ ဝိညာဉ်သတ္တုများကို တူးဖော်ရန် တာဝန်ယူနေကြခြင်း ဖြစ်သည်။

"သေချာ နားထောင်ကြ၊ ဒီနေရာကို ပေဖုန်းလင် လို့ ခေါ်တယ်။ ငါ ဒီမှာ စောင့်ကြပ်လာတာ နှစ်ပေါင်း လေးရာ တိတိ ရှိပြီ။ နောက်ထပ် နှစ်တစ်ရာ ပြည့်တာနဲ့ ငါ ရာထူးတိုးဖို့ ပြန်လို့ရပြီ။"

ဝတုတ်က ပြုံး၍ ဆိုသည်

"ငါ့ကို ပြဿနာမပေးကြဘဲ ကောင်းကောင်းမွန်မွန် လုပ်ကြဖို့ ငါ မျှော်လင့်တယ်။ ငါ အေးအေးဆေးဆေး ပြန်နိုင်အောင် ကူညီပေးကြရင် မင်းတို့ ကျေးဇူးကို ငါ မမေ့ဘူး"

'နှစ်ပေါင်း လေးရာ တိတိ စောင့်ကြပ်ခဲ့တယ် ဟုတ်လား ဒါဆို သူ လစာရိက္ခာကို နှစ်ပေါင်း လေးရာစာ ခံစားခဲ့တာပေါ့'

တစ်ယောက်က အံ့သြစွာ တွေးလိုက်မိသည်။

ဤမျှ နှစ်ပေါင်းများစွာ လစာ ခံစားခဲ့ရသော်လည်း ထိုသူသည် အဆင့် ၉ မသေမျိုး အဆင့်သို့ မရောက်သေးချေ။

သိသာသည်မှာ သူ၏ ပါရမီက အလွန်ညံ့ဖျင်းလွန်းခြင်း သို့မဟုတ် အဆင့် ၉ သို့ တက်လှမ်းရန်မှာ သူတို့ ထင်ထားသည်ထက် များစွာ ပို၍ ခက်ခဲလွန်းခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ဝတုတ် ပြန်ရောက်လာသည်ကို မြင်သောအခါ၊ လူတိုင်းထက် ကျင့်စဉ်အဆင့် တစ်ဆင့် ပိုမြင့်သော ပညာရှင် အနည်းငယ်က လေထဲသို့ ပျံတက်ကာ လာရောက်ကြိုဆိုကြသည်။

"လူကြီးမင်း"

"အေး... ဒီတစ်ခေါက် ငါ စစ်သည်သစ် ရှစ်ဆယ် ခေါ်လာတယ်။ အဲဒီထဲမှာ အထူးတပ်ဖွဲ့ဝင် တစ်ယောက် ပါတယ်"

ဝတုတ်က သူ၏ လက်အောက်ငယ်သားများကို ပြုံး၍ နှုတ်ဆက်သည်။

"ငါမရှိတုန်းက ရန်စစ်တွေ လာနှောင့်ယှက်သေးလား"

ထိုလက်အောက်ငယ်သားများ စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ ဝေးကွာသော နေရာမှ သတ်ဖြတ်လိုသော အရှိန်အဝါများနှင့် အော်ဟစ်သံများ ကြားလိုက်ရသည်။ ထို့နောက် ပုံရိပ်ပေါင်း ရာနှင့်ချီ၍ လေထဲမှ ပျံသန်းရောက်ရှိလာပြီး စစ်စခန်းကို စတင် တိုက်ခိုက်တော့သည်။

ထိုသူများ၏ အသားအရေမှာ နီရဲနေပြီး ပတ်ဝန်းကျင်၌ မီးဓာတ်ဝိညာဉ်စွမ်းအားများမှာ အလွန်ပင် ထူထပ်လှသည်။ သို့သော် ဖန့်ချန်ကို အံ့သြသွားစေသည့်အချက်မှာ ထိုသူတိုင်းသည် ထူးဆန်းသော သားရဲကြီးများကို စီးနင်းထားခြင်းပင်။

ထိုသားရဲကြီးများ၏ အရှိန်အဝါမှာ နတ်ဆိုးမျိုးနွယ်နှင့် အလွန်ပင် တူညီနေသည်။

"သတ္တိရှိလှချေလား ရန်စစ်တွေ လာပြီ၊ ငါနဲ့အတူ လိုက်သတ်ကြစမ်း "

ဝတုတ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တုန်လှုပ်ဖွယ်ရာ အရှိန်အဝါများကို ထုတ်ဖော်ကာ၊ စခန်းရှိ အဘိညာဉ်ရှင် ရာပေါင်းများစွာကို ဦးဆောင်၍ ရန်စစ် အဘိညာဉ်ရှင်အုပ်စုထံသို့ စတင်ခုခံ တိုက်ခိုက်တော့သည်။

ဖန့်ချန်သည်လည်း အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် လူအုပ်ကြားထဲတွင် ရောနှောကာ ဟန်ဆောင်တိုက်ခိုက်နေလိုက်သည်။ ဝတုတ်မှာမူ တစ်ဖက်မှ လမ်းစဉ်ပေါင်းစပ်ခြင်းနယ်ပယ် ခေါင်းဆောင်နှင့် လုံးထွေး သတ်ပုတ်နေပြီ ဖြစ်သည်။

'ဒါက တကယ့် နတ်ဆိုးမျိုးနွယ်ပဲ... ဒါဆိုရင် ဒီနတ်ဆိုးတွေဟာ ရန်စစ်တွေရဲ့ ကျေးကျွန်စစ်သည်တွေပေါ့ ဒီလိုဆိုရင်... ဒါတွေက နတ်ဆိုးမျိုးနွယ်စုရဲ့ ရှေးဦးဘိုးဘေးတွေ၊ လမ်းစဉ်ရှာဖွေသူ တွေလား'

ဖန့်ချန်၏ စိတ်ထဲတွင် အံ့သြတုန်လှုပ်သွားရပြီး သူ၏ အမူအရာမှာလည်း ထူးဆန်းသွားသည်။

သူသည် ဤသမိုင်းဝင်မသေမျိုးမှတ်တမ်း ထဲတွင် နတ်ဆိုးမျိုးနွယ်၏ ရှေးဦးဘိုးဘေးဟု ယူဆရသူများကို တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤသည်မှာ မသိမသာဖြင့် နယ်မြေကိုးခုနှင့် ဆက်စပ်သွားပြန်လေပြီ။

'လော့ရွှယ်မဟာမိတ်အဖွဲ့က ရန်စစ်တွေနဲ့ ရန်ဘက်ဖြစ်နေတာပဲ။ ဒီစစ်ပွဲက တစ်ရက်၊ နှစ်ရက်နဲ့ ဖြစ်နေတာ မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာနေပုံရတယ်။'

'ဒါကြောင့် လူသားမျိုးနွယ်ဟာ ဒီခေတ်ကာလမှာပဲ ဒီနတ်ဆိုးမျိုးနွယ် ဘိုးဘေးတွေနဲ့ ပတ်သက်မှု ရှိခဲ့တာပေါ့...'

'လူသားတွေ နယ်မြေကိုးခုဆီကို သွားနိုင်ခဲ့တာဟာ သူတို့ဆီကနေ နယ်မြေကိုးခုရဲ့ တည်နေရာကို စုံစမ်းသိရှိသွားတာများလား...'

ဤမျှအထိ တွေးတောမိသောအခါ ဖန့်ချန်သည် သူ၏ ခန့်မှန်းချက်မှာ အမှန်တကယ် ဖြစ်နိုင်သည်ဟု ပို၍ ခံစားလာရသည်။

သူသည် အတွေးများကို ရုပ်သိမ်းလိုက်ပြီး မိမိနှင့် တိုက်ခိုက်နေသော ရန်စစ်များကို စတင် လေ့လာလိုက်သည်။

တစ်ဖက်လူ၏ ကျင့်စဉ်မှာလည်း အဘိညာဉ်နိုးထခြင်းနယ်ပယ်သာ ဖြစ်ပြီး၊ သူစီးနင်းထားသော သားရဲမှာ သာမန်ကိုယ်ခံပညာရှင်ထက် သန်မာသော်လည်း အဘိညာဉ်ရှင်ထက် အားနည်းသဖြင့် ရွှေအမြုတေအဆင့် လောက်သာ ရှိပေလိမ့်မည်။

ဆိုလိုသည်မှာ ဤခေတ်ကာလတွင် နတ်ဆိုးမျိုးနွယ် ဘိုးဘေးများ၏ ကျင့်စဉ်စနစ်မှာ နယ်မြေကိုးခုကဲ့သို့ပင် ရှိနေဆဲဖြစ်ပြီး၊ အခြေခံတည်ဆောက်ခြင်း အဆင့် (၃) ဆင့်သို့ မပြောင်းလဲသေးဘဲ အောက်ပိုင်း ၄ ဆင့်၊ အလယ်ပိုင်း ၃ ဆင့် နှင့် အထက်ပိုင်း ၃ ဆင့် လမ်းစဉ်ကိုသာ လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။

'နတ်ဆိုးမျိုးနွယ်ထဲမှာ သူတော်စင်တွေ ပေါ်ထွန်းလာတာဟာ ကျေးကျွန်အဖြစ် နှစ်ပေါင်းသိန်းချီ ခံရပြီးနောက်ပိုင်းမှပဲ။ အခုချိန်မှာတော့ သူတော်စင်တွေ ပေါ်လာဖို့ အဝေးကြီး လိုသေးပုံရတယ်၊ မဟုတ်ရင် သူတို့က ဒီလို ထိုင်ပြီး တရားမှတ်တဲ့ စနစ်ကိုပဲ ကျင့်သုံးနေမှာ မဟုတ်ဘူး။'

'ဒီကြားထဲမှာ နတ်ဆိုးတွေနဲ့ လူသားတွေ တစ်ခုခု ထပ်ဖြစ်ခဲ့လို့ နယ်မြေကိုးခုအကြောင်း ပေါက်ကြားသွားတာ ဖြစ်မယ်...'

'နတ်ဆ်ုးမျိုးနွယ်တွေက အသက်ရှူခြင်းနဲ့ တရားထိုင်ခြင်းနည်းစနစ် ကို ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ သူတို့တွေက သူတော်စင်မျိုးနွယ်စုအဖြစ် တက်လှမ်းနိုင်တဲ့ အလားအလာ ရှိခဲ့တာပဲ။'

'ဒီခေတ်မှာ ပြင်ပရန်သူ တွေဟာလည်း နတ်ဆိုးတွေဆီကနေ ဒီနည်းစနစ်ကို ရရှိသွားနိုင်တာပဲ...'

ဤသို့ တွေးမိသောအခါ ဖန့်ချန်၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။

အကယ်၍ ထိုပြင်ပရန်သူများသာ ဤနည်းစနစ်ကို ရရှိသွားခဲ့လျှင်၊ ဖန့်ဟိုင်နှင့် ဖန့်လင်တို့အပေါ် သူ ပြုလုပ်ခဲ့သလိုမျိုး အတင်းအကျပ် အဘိညာဉ်နိုးထစေသည့် နည်းလမ်းများကို သူတို့လည်း လိုက်လုပ်နိုင်ပေလိမ့်မည်။

ဖန့်ချန်နှင့် တိုက်ခိုက်နေသော ရန်စစ်သည် မိမိ၏ ပြိုင်ဘက်မှာ အာရုံမရှိဖြစ်နေသည်ကို တွေ့သောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သတ္တိရှိလှချေလား၊ သေစမ်း"

သူသည် အရာအားလုံးကို လောင်ကျွမ်းစေမည့် မီးခိုးငွေ့များကို ပါးစပ်မှ မှုတ်ထုတ်လိုက်သည်။

ဖန့်ချန်မှာမူ ဂရုမစိုက်ဘဲ ထိုသူစီးနင်းထားသည့် သားရဲ၏ မျက်လုံးထဲမှ နာကြည်းမှုနှင့် မကျေနပ်မှုများကိုသာ ဖမ်းယူကြည့်ရှုနေလိုက်သည်။

ထိုနာကြည်းမှုမှာ ဖန့်ချန်ကို ရည်ရွယ်ခြင်း မဟုတ်ဘဲ သူတို့၏ လက်ရှိ ကျေးကျွန်ဘဝ အခြေအနေအပေါ် ရည်ရွယ်ခြင်း ဖြစ်ပေလိမ့်မည်။

'မင်းတို့ လျှောက်ရမယ့်လမ်းက နောက်ထပ် နှစ်ပေါင်းသိန်းချီ ကျန်သေးတယ်။ ဒါပေမဲ့ မင်းတို့က ကံကောင်းပါတယ်၊ အနည်းဆုံးတော့ အဲဒီလမ်းကို အောင်အောင်မြင်မြင် ဖောက်ထွက်နိုင်ခဲ့လို့ပဲ။'

ဖန့်ချန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး၊ လျှပ်စီးဓားတစ်လက်ကို လက်ထဲတွင် ဖန်တီးလိုက်ကာ ကျင့်စဉ်အဆင့်ကို ထိန်းညှိပြီး ရှေ့မှ ရန်စစ် အဘိညာဉ်ရှင်ကို တစ်ချက်တည်းနှင့် ခုတ်ပိုင်း သတ်ဖြတ်လိုက်သည်။

သူစီးနင်းထားသော သားရဲမှာ ထိတ်လန့်သွားပြီး ဖန့်ချန်ထံသို့ အတင်း ခုန်အုပ်လာသည်။

"ကျေးကျွန်စစ်သည် ဖြစ်နေရတာဟာ ကိုယ့်သဘောကိုယ်ဆောင်လို့ မရဘူးလေ၊ ငါ မင်းကို လွတ်မြောက်အောင် ကူညီပေးမယ်"

ဖန့်ချန်က တိုးတိုးလေး ရေရွတ်ရင်း ဓားကို ဝေ့ယမ်းလိုက်ရာ၊ ထိုသားရဲကြီး၏ ဦးခေါင်းမှာ ပြတ်တောက်၍ အပေါ်သို့ လွင့်တက်သွားသည်။ သားရဲသည် ဖန့်ချန်၏ စကားကို ကြားသွားဟန်ဖြင့် သူ၏ မျက်လုံးထဲတွင် ဝေခွဲမရဖြစ်မှုနှင့်အတူ အနည်းငယ်မျှသော ကျေးဇူးတင်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

ထို့နောက်တွင် ဖန့်ချန်သည် သူ၏ ကျင့်စဉ်အဆင့်ကို အခြားသူများ သံသယမဝင်စေရန် ထိန်းချုပ်ကာ၊ ရန်စစ် အဘိညာဉ်ရှင် အချို့နှင့် သူတို့၏ သားရဲများကို ဆက်တိုက် သတ်ဖြတ်လိုက်သည်။

ထိုအချိန်တွင် ဝတုတ်သည် တစ်ဖက်ခေါင်းဆောင်ကို တိုက်ထုတ်နိုင်ခဲ့သဖြင့် ရန်သူများသည် ကျန်ရှိသည့် စစ်သည်များနှင့်အတူ အမြန် ဆုတ်ခွာသွားကြတော့သည်။

ရှီးကျန့်တို့ လူစုမှာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသဖြင့် နောက်မှ လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်ကြသော်လည်း ဝတုတ်၏ ဒေါသတကြီး ဟောက်သံကြောင့် ရပ်လိုက်ရသည်။

"ဘာလိုက်မှာလဲကွ ရှေ့မှာ ချုံခိုတိုက်ခိုက်ခံရရင် ဘယ်လိုလုပ်မလဲ "

ရှီးကျန့်တို့ လူစုမှာ ထိုအခါမှ သတိပြန်ဝင်လာကြသည်။

"ဒီမှာ မင်းတို့ကို သင်ခန်းစာတစ်ခု အရင်ပေးမယ်၊ ငါတို့ရဲ့ တာဝန်က ဒီသတ္တုကြောကို စောင့်ကြပ်ဖို့ပဲ။ ရန်သူက ဆုတ်သွားပြီဆိုရင် သူတို့ ဘယ်လောက်ပဲ အခြေအနေပျက်ပျက်၊ လုံးဝ လိုက်မတိုက်နဲ့"

ဝတုတ်က မျက်နှာပျက်ပျက်ဖြင့် ဆိုလိုက်သည်။

အနီးအနားရှိ စစ်သည်ဟောင်း အချို့မှာ ထိုစကားကို ကြားသောအခါ ပြုံးစိစိဖြင့် ဆူပူခံနေရသော ရှီးကျန့်တို့ကို လှောင်ပြောင်ကြည့် ကြည့်လိုက်ကြသည်။ သူတို့ကိုယ်တိုင်လည်း ဟိုတုန်းက ဤကဲ့သို့ အဆဲခံခဲ့ရသည် မဟုတ်ပါလော။

ဝတုတ်သည် ဆဲဆိုပြီးနောက်တွင်မူ ဖန့်ချန်ဘက်သို့ ပြုံးရွှင်စွာ လှည့်ကြည့်ကာ

"ငါ ခုနက မြင်လိုက်တယ်၊ မင်း ရန်စစ် ငါးယောက်နဲ့ ရန်စစ် ကျေးကျွန်စစ်သည် ငါးကောင်ကို သတ်လိုက်တာပဲ။ မင်းအတွက် စစ်မှုထမ်းကောင်း တစ်ခု ငါ မှတ်တမ်းတင်ပေးမယ်"

ဟူး

လူတိုင်းမှာ အံ့သြသွားကြသည်။ ခုနက ရန်စစ်များနှင့် တိုက်ခိုက်ရသည်မှာ အလွန်ပင် ပင်ပန်းလှပြီး၊ တစ်ဖက်တွင် သားရဲများနှင့် ပူးပေါင်းတိုက်ခိုက်မှုရှိသဖြင့် သတ်ဖြတ်ဖို့နေနေသာသာ အသက်ရှင်ဖို့ပင် ရုန်းကန်ခဲ့ရသည်။

သို့သော် ဤလူမှာမူ ခဏလေးအတွင်းမှာပင် ရန်စစ် အဘိညာဉ်ရှင် ငါးဦးအထိ သတ်ဖြတ်နိုင်ခဲ့သည်လား။

အခန်း (၁၈၁၂) - ငယ်ရွယ်သော သူတော်စင်တစ်ပိုင်း

"စီနီယာအစ်ကိုကျိုး... ကျွန်တော်တို့ နောက်ထပ် အပြန်အလှန် လေ့ကျင့်မှု အနည်းငယ်လောက် လုပ်ကြရအောင်ပါဗျာ။ ဒီအတောအတွင်း စီနီယာနဲ့ ယှဉ်ပြိုင်ရတာ ကျွန်တော့်ရဲ့ ကျင့်စဉ်အတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ ခံစားရလို့ပါ"

ရှီးကျန့်သည် ဖန့်ချန်၏နောက်သို့ တကောက်ကောက် လိုက်နေပြီး မျက်နှာပြောင်တိုက်ကာ ပြောဆိုနေတော့သည်။

ဖန့်ချန်ကမူ သူ့ကို အဖက်မလုပ်ဘဲ ဤနေရာရှိ ဈေးတန်း အတွင်း၌သာ ဆက်လက် လှည့်ပတ်ကြည့်ရှုနေလိုက်သည်။

ဤဈေးတန်းသည် သတ္တုကြောနှင့် မိုင်တစ်ရာခန့်သာ ဝေးကွာသော်လည်း လူဦးရေသိပ်သည်းဆမှာ မနည်းလှပေ။ လူဦးရေ သန်းနှင့်ချီ ရှိသဖြင့် အလယ်အလတ်စား မြို့ငယ်လေးတစ်မြို့ဟု ဆိုနိုင်သည်။

သူတို့ ပေဖုန်းလင်သို့ ရောက်ရှိလာခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း ဖန့်ချန်သည် တိုက်ပွဲကြီး တိုက်ပွဲငယ် အသီးသီးတွင် ပါဝင်ခဲ့ပြီး ရန်စစ်မျိုးနွယ်စု၏ တိုက်ခိုက်မှုပေါင်း ဆယ်ဂဏန်းမကကိုလည်း ခုခံခဲ့ရသည်။

ရန်စစ်မျိုးနွယ်စု၏ အစွမ်းသတ္တိနှင့် ပတ်သက်၍လည်း ဝတုတ်၏ စကားများမှတစ်ဆင့် တစ်စွန်းတစ်စ သိရှိခဲ့ရသည်။

ရန်စစ်မျိုးနွယ်စုသည် လူသားများကဲ့သို့ပင် သူတော်စင် များ စောင့်ရှောက်ထားခြင်း ရှိသည်။ ကွာခြားချက်မှာ ရန်စစ်မျိုးနွယ်တွင် သူတော်စင်ပေါင်း တစ်ဆယ်ကျော်အထိ ရှိနေခြင်းပင်။

နတ်ဘုရားနယ်မြေ အတွင်း၌ ရန်စစ်မျိုးနွယ်၏ အင်အားမှာ လူသားမျိုးနွယ်ထက် သိသိသာသာ သာလွန်နေပြီး၊ နှစ်ပေါင်းများစွာအတွင်း လူသားမျိုးနွယ်၏ နံပါတ်တစ် ရန်သူမှာလည်း ရန်စစ်မျိုးနွယ်ပင် ဖြစ်သည်။

မျိုးနွယ်စုနှစ်ခုမှာ မည်မျှကြာအောင် တိုက်ခိုက်နေကြသည်ကို မသိနိုင်သော်လည်း၊ ယနေ့ခေတ် လူသားများ လက်မခံနိုင်သော ပြောဆိုချက်တစ်ခု ရှိနေပေသည်။

ယင်းမှာ - လူသားမျိုးနွယ်၏ အစောဆုံး ကာလများတွင် ရန်စစ်မျိုးနွယ်၏ ကျေးကျွန်စစ်သည်များ ဖြစ်ခဲ့ကြဖူးပြီး၊ တိုက်ဆိုင်မှုတစ်ခုကြောင့် တစ်စုံတစ်ယောက်က သူတော်စင်ကျမ်းစာ ကို ရရှိသွားကာ သူတော်စင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သဖြင့်သာ ကျေးကျွန်ဘဝမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟူ၍ပင်။

ရန်စစ်မျိုးနွယ်စုသည် တိုက်ခိုက်လာသည့် အကြိမ်တိုင်းတွင် ထိုစကားကို အသုံးပြု၍ လူသားမျိုးနွယ်ကို အမြဲတမ်း နှိမ်ချစော်ကားလေ့ ရှိသည်။

လူသားမျိုးနွယ်ဘက်ကမူ ထိုအချက်ကို လုံးဝ လက်မခံကြသဖြင့် ဤသည်မှာ သက်သေမပြနိုင်သော ကောလာဟလတစ်ခုအဖြစ်သာ ကျန်ရှိနေတော့သည်။

"စီနီယာအစ်ကိုကျိုး... ဒီဈေးတန်းက ဘာကြည့်စရာ ရှိလို့လဲဗျာ။ ဒီမှာက အဘိညာဉ်ရှင် တစ်ယောက်မှတောင် မရှိဘူး၊ သာမန် ကိုယ်ခံပညာရှင်တွေပဲ ရှိတာ။ အဲဒီအစား စခန်းကို ပြန်ပြီး စစ်သည်ဟောင်းတွေနဲ့ အဘိညာဉ်ချင်း ယှဉ်ပြိုင်တာကမှ ပိုကောင်းဦးမယ်..."

ရှီးကျန့်သည် ဖန့်ချန်က သူ့ကို ဂရုမစိုက်သည်ကို မြင်သောအခါ၊ စစ်သည်ဟောင်းများနှင့် အဘိညာဉ်ချင်း တိုက်ခိုက်ရန် ဖန့်ချန်ကို မြှောက်ပင့်ပေးတော့သည်။

ဖန့်ချန်ကမူ ဂရုမစိုက်ဆဲပင်။ သူသည် နံရံတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သက်ရှိထင်ရှားသကဲ့သို့ ပုံဖော်ထားသော လူပေါင်း တစ်ထောင်ကျော်၏ ပုံတူပန်းချီကားများကို ကပ်ထားလေသည်။

"ဟော... ဒါ လော့ရွှယ်မဟာမိတ်အဖွဲ့ရဲ့ ဝရမ်းပြေးစာရင်းပဲ"

ရှီးကျန့်သည် စိတ်ဝင်တစားဖြင့် ထိုပုံတူများကို အကဲခတ်ကြည့်ရှုလိုက်သည်။

အနီးနားရှိ လမ်းသွားလမ်းလာများသည် ရှီးကျန့်နှင့် ဖန့်ချန်တို့ နှစ်ဦးကို မြင်သောအခါ ရိုသေကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဤဈေးတန်းရှိ လူအများစုမှာ နတ်ဘုရားနယ်မြေ၌ မွေးဖွားလာသည့် သာမန်လူသားများသာ ဖြစ်ကြပြီး၊ အစွမ်းထက်သူများပင်လျှင် အခြေခံတည်ဆောက်ခြင်းလက်ဝှေ့ အမွေအနှစ်ကို ရရှိထားရုံသာ ရှိကြသဖြင့် အဘိညာဉ်ရှင်အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိကြပေ။

ဝရမ်းပြေးစာရင်းပါ လူများမှာမူ အားအနည်းဆုံးပင် အဘိညာဉ်နိုးထခြင်းနယ်ပယ် ဖြစ်ကြရာ သာမန်လူများ ဖမ်းဆီးနိုင်သည့် အဆင့်မဟုတ်ချေ။ ထို့ကြောင့် ဤဝရမ်းပြေးစာရင်းရှေ့တွင် ရပ်ကြည့်နေသူများမှာ အများအားဖြင့် အဘိညာဉ်ရှင်များသာ ဖြစ်တတ်သည်။

"စီနီယာအစ်ကိုကျိုး... စီနီယာက ဒီဝရမ်းပြေးတွေကို ဖမ်းပြီး စစ်မှုထမ်းကောင်း ဆုတံဆိပ် စုဆောင်းချင်လို့လား တကယ်တော့ ဒါက သိပ်မကောင်းတဲ့ လမ်းစဉ်ပါဗျာ။"

"သူတို့က ရန်စစ်တွေထက်တောင် ပိုအန္တရာယ်များသေးတယ်။ ဟိုမှာကြည့်... ဝရမ်းပြေးခေါင်းဆောင် ဖန့်လဲ့ ဆိုတဲ့လူ၊ သူက သူတော်စင်တစ်ပိုင်း တစ်ယောက်ပဲ၊ သူ့ရဲ့ အဘိညာဉ်က အတိုင်းအဆ မသိနိုင်လောက်အောင် နက်ရှိုင်းတယ် "

ရှီးကျန့်သည် ဝရမ်းပြေးစာရင်း၏ အမြင့်ဆုံးနေရာတွင် ရှိနေသော ပုံတူကို လက်ညှိုးထိုးပြလိုက်သည်။

ထို့နောက် သူက ခေတ္တရပ်ကာ အသံကို နှိမ့်၍ သတိကြီးစွာ မေးလိုက်သည်။

"စီနီယာအစ်ကိုကျိုး... စီနီယာ့မျက်လုံးတွေက... တကယ်တော့ မြင်ရတာ မဟုတ်လားဟင် "

ဖန့်ချန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သော်လည်း ဘာမှ ပြန်မပြောဘဲ ဖန့်လဲ့၏ ပုံတူကိုသာ အကဲခတ်နေလိုက်သည်။

ဆံပင်တိုတို၊ အသက် ၂၀ ကျော်ခန့်သာ ရှိပုံရသော ထိုလူငယ်၏ မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေသည်။

ဤသူသည် လက်ရှိ ဖန့်မျိုးနွယ်စုတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး လဲ့ကျူလက်ဝှေ့ ကို တီထွင်ခဲ့သူလည်း ဖြစ်ကာ၊ လော့ရွှယ်မဟာမိတ်အဖွဲ့၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည့် သူတော်စင်တစ်ပိုင်းပင်။

ဖန့်လဲ့ ၏ အောက်တွင်လည်း ဝရမ်းထုတ်ခံထားရသည့် ဖန့်မျိုးနွယ်စုဝင် အစွမ်းထက်သူ တစ်ဆယ်ကျော် ရှိနေသေးသည်။ ခန့်မှန်းရသလောက် သူတို့သည် ဖန့်မျိုးနွယ်စု၏ ကန့်သတ်ချက်ကျော်လွန်ခြင်း သုံးဆင့် ကျင့်ကြံသူများ ဖြစ်ပေလိမ့်မည်။

အဆင့် ၉ မသေမျိုးများမှာမူ စာရင်းထဲတွင် မပါဝင်ချေ။ လော့ရွှယ်မဟာမိတ်အဖွဲ့က သူတို့ကို စာရင်းသွင်းရန် မထိုက်တန်ဟု ယူဆခြင်းလား သို့မဟုတ် အခြားအကြောင်းရင်း ရှိနေသလား ဆိုသည်မှာမူ မသိနိုင်ပေ။

"ရှီးကျန့်... မင်းအရင်က ပြောဖူးတယ်နော်၊ မင်းတို့အိမ်တော်မှာလည်း သူတော်စင်တစ်ပိုင်း ရှိတယ်ဆို သူတော်စင်တစ်ပိုင်းဆိုတာ တကယ်တမ်း ဘယ်လိုမျိုး အဘိညာဉ်စွမ်းအားတွေကို ပိုင်ဆိုင်ထားတာလဲ"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

"သူတော်စင်တစ်ပိုင်းက ဘယ်လိုစွမ်းအားမျိုး ပိုင်ဆိုင်ထားတာလဲ ဟုတ်လား "

ရှီးကျန့် ခဏမျှ ကြောင်အသွားပြီး ဖန့်ချန်ကို ထူးဆန်းသလို ကြည့်လိုက်ကာ စဉ်းစားဟန်ဖြင့်

"ကျွန်တော်လည်း သေသေချာချာတော့ မသိဘူးဗျ။ သူတော်စင်တစ်ပိုင်းရဲ့ အဘိညာဉ်က... အရမ်း အရမ်းကို သန်မာတယ်လို့ပဲ ပြောလို့ရမယ်။ ဒါပေမဲ့ ဘယ်လောက်အထိလဲဆိုတာတော့ သူတော်စင်တစ်ပိုင်း တိုက်ခိုက်တာကို တစ်ခါမှ မမြင်ဖူးလို့ မပြောတတ်ဘူး... ဒါပေမဲ့ ကျွန်တော် ကြားဖူးတာကတော့ သူတော်စင်တစ်ပိုင်း အဆင့်ကို ရောက်ရင် သက်တမ်းက အနည်းဆုံး နှစ်ပေါင်း သိန်းချီရှိသွားပြီတဲ့၊ အဲဒါက ထာဝရအသက်ရတာနဲ့ ဘာမှမခြားတော့ဘူးလေ..."

"ဒါဆိုရင် ဒီဖန့်သူတော်စင်တစ်ပိုင်းအကြောင်းကော မင်းဘာတွေ သိထားလဲ သူတော်စင်တစ်ပိုင်း အဆင့်အထိတောင် ရောက်နေတာကို ဘာလို့ ဝရမ်းပြေး ဖြစ်နေရတာလဲ"

ဖန့်ချန်က မေးလိုက်သည်။

"ဒီဖန့်သူတော်စင်တစ်ပိုင်းအကြောင်း ဆိုရင်တော့ ကျွန်တော် တော်တော်များများ သိထားတယ်ဗျ။ ကျွန်တော်တို့ အိမ်တော်က လူကြီးတွေ စကားပြောနေတာကို ကြားဖူးတယ်"

ရှီးကျန့်၏ မျက်နှာတွင် အံ့သြချီးကျူးသည့် အမူအရာများ ပေါ်လာသည်။

"ပြောပြပါဦး"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

ရှီးကျန့်၏ အဆင့်အတန်းမှာ မဟာကျိုး၏ တမန်တော် ထက် များစွာ ပိုမြင့်မားပေသည်။ ကျင့်စဉ်အဆင့် နိမ့်သော်လည်း သူတော်စင်တစ်ပိုင်း မျိုးနွယ်စုမှ လာသူဖြစ်သဖြင့် သာမန်လူများ မသိနိုင်သော သတင်းရင်းမြစ်များကို သူ ရရှိနိုင်ပေသည်။

"ဒီဖန့်သူတော်စင်တစ်ပိုင်းက အမှန်တော့ အသက်သိပ်မကြီးသေးဘူးဗျ၊ အရမ်းတောင် ငယ်သေးတယ်လို့ ပြောလို့ရတယ်။ လော့ရွှယ်မဟာမိတ်အဖွဲ့မှာ နာမည်ကြီးလာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀၊ ၆၀၀၀ လောက်ကမှ ထင်တယ် "

"ကြားဖူးတာကတော့ အဲဒီအချိန်တုန်းက ဖန့်သူတော်စင်တစ်ပိုင်းဟာ နတ်ဘုရားနယ်မြေကို အသစ်စက်စက် ရောက်ရှိလာတာတဲ့။ သူ့ကို... ဘယ်နေရာကို တာဝန်ချပေးလိုက်သလဲဆိုရင်... နေဦး... စဉ်းစားပါဦး..."

ရှီးကျန့်က ခဏမျှ စဉ်းစားဟန်ပြုပြီးနောက် လက်ဝါးချင်း ရိုက်ကာ

"ဟုတ်ပြီ မှတ်မိပြီ ထုံထျန်းတာ ( ကောင်းကင်ဘုံမျှော်စင် )တမန်တော်ရုံးကို ပို့ခံရတာ။ အဲဒီက စစ်ဒေသတွေမှာ စစ်မှုထမ်းကောင်းတွေ တပုံတပင် ရယူပြီး အခြေခံတည်ဆောက်ခြင်း ပထမအဆင့်ကနေ တတိယအဆင့်အထိ၊ နောက်ဆုံးမှာ အဆင့် ၉ မသေမျိုးအဆင့်အထိ တစ်ဟုန်ထိုး တက်လှမ်းခဲ့တာ "

"အဆင့် ၉... အဲဒီကနေ သူတော်စင်တစ်ပိုင်း ဖြစ်ဖို့ဆိုတာ လမ်းက အဝေးကြီး ကျန်သေးတယ် မဟုတ်လား..."

ဖန့်ချန်က ဆိုသည်။

"ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ဒီဖန့်သူတော်စင်တစ်ပိုင်းက ရတနာတစ်ခု ရရှိသွားခဲ့တာ။ အဲဒီတုန်းကတော့ ဘယ်သူမှ မသိကြဘူး၊ နောက်မှ သူတော်စင်တစ်ပိုင်းက အဲဒီရတနာနဲ့ လော့ရွှယ်သူတော်စင် ကိုတောင် အပြန်အလှန် တိုက်ခိုက်နိုင်ခဲ့လို့ တစ်လောကလုံး ဟိုးဟိုးကျော် သွားခဲ့တာ။ ပြင်ပမျိုးနွယ်စုတွေတောင် သိကြတယ်လေ"

ရှီးကျန့်၏ မျက်လုံးများထဲတွင် အားကျစိတ်များ ပေါ်လာပြီး

"အဲဒီရတနာကို ၁၈ ထပ် ငရဲမျှော်စင် လို့ ခေါ်တယ်။ အဲဒီအချိန်ကစပြီး ဖန့်သူတော်စင်တစ်ပိုင်းရဲ့ ကျင့်စဉ်က အရှိန်အဟုန်နဲ့ တိုးတက်လာပြီး အဆင့် ၉ ကို ကျော်ဖြတ်၊ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး သူတော်စင်တစ်ပိုင်း ဖြစ်လာခဲ့တာ။

အခုဆိုရင် သူဟာ ကျွန်တော်တို့ လူသားမျိုးနွယ်ထဲမှာ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး အရှိဆုံး သူတော်စင်တစ်ပိုင်း သုံးယောက်ထဲက တစ်ယောက်ပဲ"

သူက ခေတ္တရပ်ကာ သက်ပြင်းချလိုက်ပြီး

"ကျွန်တော်တို့ ဘိုးဘေးကြီး ရှီးသူတော်စင်တစ်ပိုင်းတောင်မှ အဲဒီသုံးယောက်ထဲ မပါဘူးဗျာ။ တကယ်တော့ ဘိုးဘေးကြီးက ဖန့်သူတော်စင်တစ်ပိုင်းထက် နှစ်ပေါင်းသိန်းချီ စောပြီး သူတော်စင်တစ်ပိုင်း ဖြစ်ခဲ့တာကို..."

"ဘိုးဘေးကြီး ရှီးသူတော်စင်တစ်ပိုင်း ဟုတ်လား မင်းက ရှီးမျိုးနွယ်စုဝင်လား ဘာလို့ ဒီကို ရောက်နေရတာလဲ "

ရုတ်တရက် ဘေးနားမှ လူတစ်ယောက်က အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။

ဖန့်ချန်သည် ထိုလူအုပ်စု ချဉ်းကပ်လာသည်ကို စောစောကတည်းက ရိပ်မိထားပြီး ဖြစ်ကာ၊ သူတို့သည်လည်း ဖန့်ချန်တို့နှင့်အတူ ဝရမ်းပြေးစာရင်းကို ကြည့်နေကြခြင်း ဖြစ်သည်။

ရှီးကျန့်သည် ဖန့်ချန်ကို ရှုံးနိမ့်ပြီးနောက် စိတ်နေစိတ်ထား အနည်းငယ် ပြောင်းလဲသွားသော်လည်း၊ ယင်းမှာ လူနည်းစုအပေါ်တွင်သာ ဖြစ်သည်။ ယခုကဲ့သို့ စကားဖြတ်ပြောခံရသောအခါ သူသည် စိတ်မရှည်ဟန်ဖြင့် လှည့်ကြည့်ကာ ခပ်အေးအေးပင် ဆိုလိုက်သည်။

"ငါ ရှီးမျိုးနွယ်စုဝင် ဖြစ်ဖြစ်၊ မဖြစ်ဖြစ်... ဒီကို လာတာက မင်းနဲ့ ဘာဆိုင်လို့လဲ "

ထို့နောက် သူသည် ထိုလူအုပ်စုကို သံသယဖြင့် စိုက်ကြည့်လိုက်ကာ

"ဒါနဲ့ မင်းတို့ကော... ရှီးမျိုးနွယ်ကို သိတယ်ဆိုတော့ အဘိညာဉ်ရှင်တွေ ဖြစ်ရမယ်။ ပေဖုန်းလင်က စစ်သည်တွေလည်း မဟုတ်ဘူးဆိုတော့ ဘယ်သူတွေလဲ ဒီကို ဘာလာလုပ်တာလဲ ရန်စစ်တွေ လွှတ်လိုက်တဲ့ သူလျှိုတွေများလား "

လူသားမျိုးနွယ်နှင့် ရန်စစ်မျိုးနွယ်မှာ နှစ်ပေါင်းများစွာ တိုက်ခိုက်နေကြသဖြင့် နှစ်ဖက်စလုံးတွင် သစ္စာဖောက်များ ရှိတတ်ကြသည်။ လူသားများ ရန်စစ်ဘက်သို့ ဘက်ပြောင်းသွားသည်မှာ မနည်းလှပေ၊ သူတော်စင်တစ်ပိုင်းများပင် သစ္စာဖောက်ခဲ့ဖူးသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။

"စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်း၊ ငါတို့ကို ရန်စစ်သူလျှိုလို့ ပြောရအောင် မင်းက ဘာမို့လို့လဲ မင်း ရှီးမျိုးနွယ်စုဝင် ဖြစ်နေဦးတော့၊ မင်းပြောလိုက်တဲ့ စကားအတွက် မင်း ပြန်ပေးဆပ်ရလိမ့်မယ်"

တစ်ဖက်လူအုပ်ထဲမှ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်ရာ၊ သူ၏ ကိုယ်ပေါ်မှ အဘိညာဉ်စွမ်းအားများမှာ အဘိညာဉ်နိုးထခြင်းနယ်ပယ်ထက် များစွာ သာလွန်နေလေသည်။

ရှီးကျန့်မှာ ထိုအခါမှ ကြောင်အသွားသည်။ တစ်ဖက်လူ၏ ကျင့်စဉ်မှာ ဤမျှအထိ မြင့်မားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဖန့်ချန်သည် ဝရမ်းပြေးစာရင်းမှ အကြည့်ကို လွှဲလိုက်ပြီး၊ အားနာစကား အနည်းငယ် ပြောကာ ရှီးကျန့်ကို ခေါ်၍ ပေဖုန်းလင်သို့ ပြန်ရန် ပြင်လိုက်သည်။

သို့သော် ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ဖန့်ချန်မှာလည်း ကြောင်အသွားတော့သည်။

All Chapters