မျက်နှာပြောင်တိုက် အရှက်ခွဲခြင်း
Vol. 12 Ch. 1108
" ဒါက လုံးဝ မသင့်တော်ဘူး တာအိုရောင်ရင်း ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် "
ပိုင်ရှောင်ချန်းက ပြောလိုက်ရာ သူ၏အသံသည် အလွန်ကြီးမားသော ပင်မခန်းမဆောင်တစ်ခုလုံးတွင် တုံ့ပြန်လူးလာ ပဲ့တင့်ထပ်သွား၏။
" ကျုပ်တို့ သက်သေအတိုင်း လုပ်ဆောင်ရမယ်။ မြို့စားကျစ်လင် အသရေဖျက်ခံခဲ့ရတဲ့အတွက် ကျုပ်တို့ ဘယ်သူလုပ်ခဲ့တယ်ဆိုတဲ့ သက်သေလိုအပ်တယ်။ မိစ္ဆာဧကရာဇ်နိုင်ငံတော်ရဲ့ ကြီးမြတ်သောကောင်းကင်ဧကရာဇ် သရဲမယ်တော်က သေးနုပ်သိမ်ဖျင်းတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို အသရေဖျက်လိမ့်မယ်ဆိုတာ ကျုပ်အတွက် ယုံဖို့ခက်တယ် “
" ကျုပ်တို့ မြို့စားကျစ်လင်က ကောင်းကင်ဧကရာဇ်သရဲမယ်တော် စိတ်ကွက်အောင် မလုပ်ခဲ့သရွေ့ပေါ့။ ဒါပေမဲ့ သူလုပ်ခဲ့ရင် သူ့အတွက် တာကျန်း စီရင်စုမှာ လုံခြုံတယ်လို့ ခံစားနေရတယ်ဆိုလဲ အရေးမကြီးဘူး။ သရဲမယ်တော်က ဘယ်သူမှ သတိမထားမိအောင် အလွယ်တကူဝင်လာပြီး သူကို အသာလေးသတ်လိုက်လို့ရတယ် "
ပိုင်ရှောင်ချန်းက မြို့စားကျစ်လင်အပါအဝင် ခန်းမဆောင်ထဲရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကို နက်နက်ရှိုင်းရှိင်း တုန်လှုပ်သွားစေသည်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာမူ မျက်လုံးမှေးကြီးများဖြင့်သာ ကြည့်၍ ပိုင်ရှောင်ချန်းကို စကားပြောခွင့်ပေးထားလေသည်။ သူသည် ပိုင်ရှောင်ချန်းကို သူတော်စင်ဧကရာဇ်ကိုယ်တိုင် ဒုတိယအင်မော်တယ်နယ်မြေတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခဲ့၍ သူ့နည်းတူ တရားဝင်အမိန့်အာဏာပိုင်ဆိုင်ကြောင်း သိသည်။
ယခုလောလောဆယ်တွင် သူသည် ပိုင်ရှောင်ချန်းကို ရန်စကာ သရဲကြီးဘုရင်ကို ရာထူးချရသည့်အတွက် နောင်တမရပေ။ သူ့အမြင်အရ ဒုတိယအင်မော်တယ်နယ်မြေတွင် အမိန့်အာဏာတစ်ခုသာ ရှိသင့်ပြီး အမှန်တကယ်ဆိုရပါက သူတော်စင်ဧကရာဇ်ကိုယ်တိုင်လည်း ထိုနည်းတူခံစားရကြောင်း အရိပ်အမြွက်ပြခဲ့လေသည်။ မည်သို့ပင်ဆိုစေ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်သည် ပိုင်ရှောင်ချန်း၏ အများကယုံကြည်လက်ခံထားမှုနှင့် ဂုဏ်သိက္ခာကို တစ်ချီထဲ ထိုးနှက်ပစ်လိုက်ရမည် ဖြစ်ကြောင်း သိ၏။
ပိုင်ရှောင်ချန်းက သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ သူ၏အချိန်များအားလုံး ကုန်ဆုံးနေစေကာမူ အရေးမကြီးပေ။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်အတွက် ထိုသည်က မလုံလောက်။ သူက ကွက်ကျော်ရိုက်ချင်သောကြောင့် သရဲကြီးဘုရင်၏ဆရာကြီးဘွဲ့ကို ပြန်သိမ်းလိုက်လေသည်။ ပိုင်ရှောင်ချန်းက ၄င်းနှင့်ပတ်သက်၍ တစ်ခုခုလုပ်ရန် အာဏာမရှိသောအခါ ဒုတိယအင်မော်တယ်နယ်မြေရှိလူတိုင်းသည် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကသာ စစ်မှန်သောအာဏာရှင်ဖြစ်ကြောင်း သိသွားကြပေမည်။
သို့သော်လည်း သူသည် တစ်နည်းနည်းဖြင့် ကောင်းကင်တံတားဘုရင်ကို လျှော့တွက်ခဲ့မိကြောင်း ဝန်ခံရမည်ဖြစ်သည်။ ယင်းမှာ မြို့စားကျစ်လင်အကြောင်း ကောလဟလများ သူ့နားထဲရောက်လာရောက်လာသည်နှင့်တစ်ပြိုင်နက် သူ သဘောပေါက်ခဲ့သောအရာဖြစ်သည်။
" ဒါတွေအားလုံးက ဘယ်လောက်တောင် မသင်္ကာစရာကောင်းလဲ ခင်ဗျား မမြင်ဘူးလား "
ပိုင်ရှောင်ချန်းက သူ့ပလ္လင်၏လက်တန်းကို လက်ဖြင့် အားပါပါရိုက်၍ ပြောသည်။ ခန်းမဆောင်ထဲရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအားလုံး အသက်ရှူရခက်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ စကားလုံးများက တော်တော်လေးပြတ်သားလှသည် မဟုတ်သော်လည်း သူ၏ရာထူးနှင့် ကျင့်ကြံခြင်းအခြေခံအဆင့််ကို ထည့်တွက်ပါက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ၏ ဝိညာဥ်များအထိ တောက်လျှောက်ထိုးဖောက်သွားသည့် သေစေနိုင်သောလက်နက်များအလား ဖြစ်နေသေးသည်။
" ခင်ဗျားတို့ ဆယ်ယောက် မြို့တော်ကို ကြီးကြပ်ကြတယ်။ ဒါတွေအားလုံး ဘယ်လောက်ထူးဆန်းလဲ ခင်ဗျားတို့ တကယ်မမြင်ဘူးလို့ ပြောနေတာလား။ ခဏလောက်စဥ်းစားကြည့် “
" ကျုပ် ဒီမှာရှိနေလို့ တော်သေးတာပေါ့။ ခင်ဗျားတို့ ဆယ်ယောက်ပဲရှိနေရင် ဘယ်လိုဖြစ်နေလိမ့်မယ်ဆိုတာ စိတ်ကူးပဲ ကြည့်နိုင်တယ်။ ဒါက တကယ်ပဲ ခင်ဗျားတို့ အမှုကိစ္စတွေကို အမြဲကိုင်တွယ်တဲ့ပုံလား။ ကောင်းပြီလေ ကျုပ် ခင်ဗျားတို့ ဆယ်ယောက်လုံးကို မေးခွန်းတစ်ခုလောက် မေးဦးမယ် ... မြို့စားကျစ်လင်က ကျုပ်တို့နိုင်ငံကို သစ္စာမဖောက်ခဲ့ဘူးလို့ ခင်ဗျားတို့ပြောတယ်။ ဒါပေမဲ့ ... ခင်ဗျားတို့ အသက်နဲ့လောင်းရဲလား "
သူက သူ၏နောက်ဆုံးစကားကို အော်ဟစ်လုနီးပါး ပြောလိုက်ရာ လေမုန်တိုင်းပမာ ပင်မခန်းမဆောင်ကိုဖြတ်၍ တိုက်ခတ်သွား၏။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဆယ်ဦ၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး မသိလိုက်ဘဲ နောက်ဆုတ်မိသွားကြသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှ မြို့စားကျစ်လင်အတွက် အာမခံအဖြစ် မပြုမူရဲကြတော့ပေ။ သို့သော် မြို့စားကျစ်လင်မှာ လုံလောက်သောဖိအားဒဏ်ခံနေရသောကြောင့် သူ့ကိုယ်သူအားတင်းပြီး လက်ယှက်၍ ပြောသည်။
" ကောင်းကင်ဧကရာဇ်ပိုင်၊ ကျုပ် အပြစ်မရှိဘူး။ တစ်ယောက်ယောက်က ကျုပ်ကို အသေရေဖျက်နေတာ "
သို့သော် စိတ်ထဲတွင် သူ ကျိန်ဆဲနေသည်။ ယခင်က သူ သံသယများရှိခဲ့ပါသော်လည်း ယခုတွင် ပိုင်ရှောင်ချန်းက အသေရေဖျက်သော လက်သည်တရားခံဟု ယုံကြည်သွားလေပြီ။ အမှန်တော့ သူ ထိုအကြောင်းကို မပြောဝံ့ပေ။ ခန်းမဆောင်ထဲရှိ လူအားလုံးသည်လည်း ထိုနည်းတူ သုံးသပ်ခဲ့သော်လည်း တစ်ယောက်မှ မပြောရဲကြပေ။ လူတိုင်း တူညီသောအရာကို တွေးနေသော်လည်း ကျယ်လောင်စွာ ထုတ်ပြောခြင်းက မတူညီသောဇာတ်လမ်းတစ်ခုဖြစ်သည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က မည်သည့်အခြေအနေ၊ အချိန်အခါတွင်ဖြစ်စေ ကောင်းကင်ဧကရာဇ်တစ်ပါးကို ပွင့်ပွင့်လင်းလင်း အပြစ်ရှာ၍မရပေ။ သို့ဖြစ်၍ ဤအပြန်အလှန်ပြောဆိုမှုက တစ်ဖက်သတ်ဆန်တော့သည်။
" ကျုပ်က ခင်ဗျားရဲ့အပြစ်ကင်းမှုကို စီရင်ချက်ချဖို့ အရည်အချင်းမပြည့်မီခင် " ပိုင်ရှောင်ချန်းက ဆက်ပြောသည်။
" ကျုပ်တို့ သက်သေလိုတယ်။ တခြားအခြေအနေဆိုရင် ကျုပ်တို့ ဒီကိစ္စကို ဘေးဖယ်ထားနိုင်ကောင်း ထားနိုင်လောက်ပေမယ့် ဒါက မတူဘူး … ဒါက နိုင်ငံတော်သစ္စာဖောက်မှု။ စီရင်စုတစ်စုလုံး ဆုံးရှုံးရတဲ့ အရေးကိစ္စ။ ဒီကိစ္စကို ဆုံးဖြတ်ဖို့ သက်သေမရှိဘဲ ကျုပ်တို့ အရှင်မင်းမြတ်သူတော်စင်ဧကရာဇ်ကို နောက်ဆုံးစီရင်ချက်ချခွင့်ပေးရလိမ့်မယ် "
သူက စကားပြောနေချိန်တွင် မြို့စားကျစ်လင်ကို ကြည့်ပင်မကြည့်ဘဲ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကိုသာ တည့်တည့်စူးစိုက်ကြည့်နေလေသည်။
မြို့စားကျစ်လင်မှာ ပေါက်ကွဲရန်အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ထိန်းချုပ်ထားနိုင်သည်ဆိုရုံလေးဖြစ်တော့သည်။
" အဲဒီစီရင်စုဆုံးရှုံးမှုက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး " သူက ပြောသည်။
" သရဲမယ်တော်လို အင်အားကြီးတဲ့ ကောင်းကင်ဧကရာဇ်တစ်ပါး လှုပ်ရှားရင် ကျုပ်လို နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဘာမှမလုပ်နိုင်ဘူး "
ပိုင်ရှောင်ချန်း၏ မျက်လုံးများက စိန်းစိန်းဝါးဝါး ပြူးကျယ်သွားသည်။
" ပိတ်ထားစမ်း။ ခင်ဗျား ပါးစပ်ကို ပိတ်ထားတာ ကောင်းမယ်။ ဒါပေမဲ့ အခု ခင်ဗျားပြောမှပဲ ကောင်းကင်ဧကရာဇ်သရဲမယ်တော်က ဘာလို့ ခင်ဗျားကို မသတ်တာလဲ သိချင်မိတယ်။ ပြီးတော့ သူက ခင်ဗျားကို မသတ်ရုံတင်မကဘူး ဒီအတိုင်းလွှတ်ပေးလိုက်တယ်လား။ ခင်ဗျားက ကျုပ်တို့ နိုင်ငံကို သစ္စာမဖောက်ဘူးလို့ပြောတယ်နော်။ ကောင်းပြီ။ ဘယ်မလဲ သက်သေ "
မြို့စားကျစ်လင်မှာ အမှန်အကန် ဒေါသထွက်သွားတော့သည်။ သူသည် မျက်နှာပေါ်တွင် သွေးကြောပြာကြီးထောင်ထလျက် တဆတ်ဆတ်တုန်ယင်ကာ ရပ်နေသည်။ သူက ပိုင်ရှောင်ချန်းထံမှ သတ်ဖြတ်လိုစိတ်များကို အာရုံရလိုက်ပြီး အခြားနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ သူ့ဘေးမှ ရှဲသွားကြပုံရသည်ကိုလည်း သဘောပေါက်လိုက်သည်။ သူက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ကြားဝင်လာတော့သည်။
" တော်တော့ "
ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က မျက်မှောင်ကြုတ်ကာ ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။
" ငါ မြို့စားကျစ်လင်ရဲ့ အာမခံအဖြစ် နေပေးမယ် " သူက အေးစက်စွာ ပြောသည်။
" ကျေနပ်လား ကောင်းကင်တံတားဘုရင် "
မြို့စားကျစ်လင်မှာ လွန်စွာ စိတ်လှုပ်ရှားလာပြီး ချက်ချင်းပင် သူ့ဘဝကို မြှပ်နှံ၍ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် အတွက် အမှုထမ်းမည်ဟု သန္နိဋ္ဌာန်ချလိုက်တော့သည်။
" အဆင်မပြေဘူး "
ပိုင်ရှောင်ချန်းက ပြန်ဖြေသည်။ သူသည် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ယခုကဲ့သို့ ပြုလုပ်လိမ့်မည်ဟု ကြိုတင်မမျှော်မှန်းထားခဲ့သော်လည်း သူ၏အစီအစဥ်ကို လျင်မြန်စွာ ပြန်ညှိလိုက်လေသည်။ မကြာသေးသောနှစ်များက သူ၏အတွေ့အကြုံများကျေးဇူးကြောင့် သူသည် အစောပိုင်းက စီစဥ်ခဲ့သည့် မိန့်ခွန်းကို ချက်ချင်းပြောင်းလိုက်နိုင်သည်။
သူက ထရပ်ကာ ခါးသီး နာကျင်မှုများ ရောယှက်နေပုံရသော အလွန်ကျယ်လောက်သည့်အသံကြီးဖြင့် စကားစတင်ပြောတော့သည်။
" ကျုပ် ခင်ဗျားရဲ့ သဘောထားကို မကျေနပ်ဘူး ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် “
" သူတော်စင်ဧကရာဇ်နိုင်ငံတော်က သက်သေကို ဘာမှမဟုတ်သလိုထားပြီး အာမခံချက်လေးတစ်ခုက ပြဿနာအားလုံးကို ဖြေရှင်းနိုင်သလို ဖြစ်နေတာကို ကျုပ် မကျေနပ်ဘူး “
" ခင်ဗျားရဲ့ယုံကြည်မှုက သူတော်စင်ဧကရာဇ်နိုင်ငံတော်ရဲ့ မရေမတွက်နိုင်တဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ လုံခြုံမှုထက် ပိုအဖိုးတန်နေတာကို ကျုပ် မကျေနပ်ဘူး “
သူ၏စကားလုံးများကား ရဲစွမ်းသတ္တိ၊ ခိုင်မာသော ယုံကြည်ချက်တို့ဖြင့် ပွင့်အံထွက်ကျလာ၏။ ရှိနေကြသည့် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူအများစုအတွက် သူမတူသောပိုင်ရှောင်ချန်း ရောက်လာခဲ့သည့်အလား ခံစားလိုက်ရပြီး သိသိသာသာ တုန်လှုပ်သွားကြတော့သည်။
ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ရေခဲတမျှအေးစက်သော မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းအား စူးစိုက်ကြည့်နေ၏။ သူက ပါးစပ်ဟ၍ ခွန်းတုံ့ပြန်ရန်ပြင်လိုက်သော်လည်း ပိုင်ရှောင်ချန်းက ဘယ်နည်းနှင့်မှ သူ့ကို အခွင့်အရေးပေးမည် မဟုတ်။ သူက အကျီလက်စကိုခါယမ်းရင်း သူ့မိန့်ခွန်းကို ဆက်ပြောသည်။
" အခု ဒီကိစ္စက ပွင့်လင်းမြင်သာလာတာကြောင့် ခင်ဗျား မြို့စားကျစ်လင် အပြစ်ကင်းကြောင်း အာမခံနေလဲ ဘောင်မဝင်တော့ဘူး။ ဝေဖန်မှု အများကြီး ရှိနေတဲ့ တံခါးက ပွင့်သွားပြီးပြီ။ တစ်အချက် … သရဲမယ်တော်က သူလုပ်ခဲ့တာကို ပြောပြီး ဒီလို အုံကြွမှုတစ်ခုဖြစ်လာတာက မသင်္ကာစရာ မကောင်းဘူးလား "
" ခင်ဗျား အာမခံလား ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်။ သိပ်ကောင်းတယ်။ အဲဒီလိုဆိုရင် ကျုပ် မြို့စားကျစ်လင်ကို ဝိညာဥ်မရှာဖွေတော့ဘူး။ ဒါပေမဲ့ စစ်ဆေးမှုတွေအားလုံး မလုပ်ဆောင်လို့မပြီးသေးခင်အထိ ကျုပ်တို့ မထင်မှတ်ထားတာတွေ မဖြစ်အောင် ကာကွယ်ဖို့လိုတယ်။ ဒါကြောင့် သူတော်စင်ဧကရာဇ် ကျုပ်ကို ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားတွေနဲ့ ကိုက်ညီဖို့နဲ့ သူတော်စင်ဧကရာဇ်နိုင်ငံတော်ရဲ့ နိုင်ငံသားပေါင်းများစွာရဲ့ လုံခြုံမှုကို ကာကွယ်ဖို့အတွက် ကျုပ် အခု မြို့စားကျစ်လင်ကို ချက်ချင်းအကျဥ်းချဖို့ အမိန့်ပေးတယ်။ စစ်ဆေးမှုတွေအားလုံးပြီးမြောက်ပြီး အမှန်တရားပေါ်လာမှပဲ သူ့ကို လွှတ်ပေးရမယ် "
ထိုအချိန်တွင် စုဝေးနေကြသော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသည်များအား သဘောပေါက်သွားတော့သည်။
" မြို့စားကျစ်လင်က တာကျန်း စီရင်စုရဲ့ ဆရာကြီးအဖြစ် သရဲကြီးရဲ့နေရာကို ယူခဲ့တာကြောင့်ကိုး။ ဒါက ပိုင်ရှောင်ချန်းရဲ့ တန်ပြန်တိုက်ကွက်ပဲ "
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအားလုံး ကောင်းကင်ဧကရာဇ်နှစ်ပါးအကြားက ရန်ပွဲအတွင်း ဆွဲခေါ်ခံရမည်ကို ရှောင်ရှားရန် မျှော်လင့်၍ ဦးညွှတ်ပြီး အကြည့်များ လွှဲလိုက်ကြသည်။ သူတို့အားလုံးသည် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကို သစ္စာခံသော်လည်း ပိုင်ရှောင်ချန်း စိတ်မကွက်အောင် ရှောင်ရှားရန်လည်း လိုအပ်သည်။
ပိုင်ရှောင်ချန်း သိုသိုသိပ်သိပ်နေခဲ့စဥ်က သူတို့သည် အတိုက်အခံစကားပြောရန် သတ္တိရှိကောင်းရှိခဲ့ပေမည်။ သို့သော် သူက အမှန်တွင် သိုးရေခြုံသောဝံပုလွေ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြ၏။ သူ၏နည်းလမ်းများက အတန်ငယ်ကြမ်းတမ်းရက်စက်သော်လည်း ထိရောက်လေသည်။ ထိုမျှသာမက သူသည် သူ့ကို ကူညီရန် ကောင်းကင်ဧကရာဇ် သရဲမယ်တော်ကို ဖျောင်းဖျနိုင်စွမ်းရှိပုံရ၏။
သူ၏တန်ပြန်တိုက်ကွက်က တော်တော်လေး သိသာလွန်းပြီး ခိုင်မာမှုအလွန်လျော့ရဲနေသည်။ သူက ခွေးချီးပုံတစ်ပုံကောက်ပြီး ရန်သူ၏မျက်နှာကို သုတ်ပစ်သည့်အလား ဖြစ်နေတော့သည်။
ထိုမျှရက်စက်သော နည်းလမ်းများ အသုံးပြုသည့် လူတစ်ယောက်က တွေးကြည့်ရန်ပင် ကြောက်စရာကောင်းလှပြီး ဘယ်သူမှ တမင်ရန်စမည် မဟုတ်သည့် လူစားမျိုးလည်း ဖြစ်ပေသည်။
မြို့စားကျစ်လင်သည်လည်း ဖြစ်ပျက်နေသည်များကို သဘောပေါက်သွား၍ သူ၏မျက်လုံးများမှာ ကြောက်စိတ်များဖြင့် ရဲရဲနီသွားတော့သည်။
သူသည် ပိုင်ရှောင်ချန်း အမိန့်ပေးခဲ့သကဲ့သို့ အကျဥ်းချခံရပါက သူ့နာမည်ကို ဘယ်နည်းနှင့်မှ အလွယ်တကူ ရှင်းလင်းနိုင်တော့မဟုတ်ကြောင်း သိလိုက်သည်။ အမှန်တကယ်ဆိုရပါက သူ့အတွက် ပိုဆိုးဝါးစေနိုင်သော မည်သည့်အရာများ ဖြစ်လာနိုင်ကြောင်း မည်သူသိမည်နည်း။ အကယ်၍ သူအကျဥ်းကျခဲ့လျှင် နေ့အလင်းကို မမြင်နိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိကြောင်း သူ၏အလိုလိုသိစိတ်က ပြောနေလေသည်။
" ကြီးမြတ်သော ကောင်းကင်ဧကရာဇ်ခင်ဗျား " သူက ကတုန်ကယင်ပြောသည်။
" ကျုပ်က မတရားသဖြင့် အစွပ်စွဲခံရတာပါ။ တကယ်ပါဗျာ"
ပိုင်ရှောင်ချန်းသာ အကြောင်းကိစ္စများကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ခဲ့လျှင် ယခုကဲ့သို့ သူ ထိတ်လန့်မည် မဟုတ်လောက်ပေ။ သို့သော် ပိုင်ရှောင်ချန်း၏ မျက်နှာပြောင်တိုက်စွပ်စွဲသော ဗျူဟာများ မည်မျှထိရောက်ကြောင်း မြင်ရခြင်းအပြင် ပိုင်ရှောင်ချန်းက ပန်းတိုင်ကို ရောက်ရန် မည်သည့်အတိုင်းအတာထိမဆို သွားလိမ့်မည်ကိုတွေး၍ သူ့ကို ကြောက်လန့်သွားစေတော့သည်။
သူ၏ အကြောက်တရားများ မြင့်တက်လာသဖြင့် သူက ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ကို လှမ်းကြည့်လိုက်သည်။ အစကတည်းက သူ့ကို တာကျန်း စီရင်စုထံ လွှတ်ခဲ့သည်မှာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ဖြစ်သည်မဟုတ်ပါလော။ သူသည် အစက ထိုနေရာကိုသွားရန် စိတ်မချဖြစ်ခဲ့သော်လည်း ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က အမိန့်များပေးခဲဲ့၍ သူ့အနေဖြင့် လိုက်နာရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ခြင်း ဖြစ်သည်။