အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
47.01
အခန်း 47.1
ဒီစွပ်စွဲချက်က မောက်ပါ့သိုကို တဒင်္ဂလောက် ကြောင်အမ်းမှင်သက်သွားစေပြီး နောက်တော့မှ သူက ခွန်းတုံ့ပြန်ဖို့ သတိရတယ်။
“ဘာကို … မင်းဘယ်တုန်းက ကရားလာငှားလို့ ငါအဲဒါတွေ ဖတ်နေတာ မြင်သွားတာလဲ။ အိပ်မက်ထဲမှာ ရောက်လာတာလား။ မင်းရောက်လာရင် ငါက ဘာလို့မသိရတာလဲ”
ဘေးနားက လီသာ့ထျန်ကလည်း ဝင်ပြောတယ်။
“ငါတို့လေးယောက်စလုံးက ပုံမှန်တွဲသွားတွဲလာ လုပ်နေကျပါ။ အဆောင်ခန်းထဲမှာ တစ်ယောက်တည်း ကျန်တယ်ဆိုရှားတယ် ညီလေးကျိုး စိတ်ရောမှန်သေးရဲ့လား”
ချန်ကျန်းကလည်း ခေါင်းညိတ်ထောက်ခံသလို ရွှီထင်းရှန်းကလည်း ထပ်ပြောတယ်။
“အဲဒါအမှန်ပဲ”
“အဲဒီနေ့တုန်းက အစ်ကိုကျိုး မင်းတို့ဆီကပြန်လာတော့ စိတ်လွတ်နေသလို ကြောင်အမ်းနေတာတော့ ငါမြင်လိုက်တယ်။ မသိရင် သရဲတွေ့လာသလိုနဲ့”
ဒီတစ်ခွန်းက ကျိုးလီနဲ့အခန်းတူ ကျောင်းသား ကျောက်မင်ချွမ်းက ပြောလာတာပဲ။
“အဲဒါဆိုလည်း မင်းအစ်ကိုကျိုးက စိတ်ကူးယဥ်ရောဂါရပြီး နတ်သမီးတွေ ဘာတွေတွေ့လာလို့နေမှာပေါ့။ မင်းတို့အမြင်မှာ ငါကနတ်သမီးနဲ့ တူနေလို့လား ဟုတ်လား”
မောက်ပါ့သိုရဲ့ အရွဲ့တိုက်မှုကြောင့် ဆူဆူညံညံအသံတွေကြားလို့ အခန်းပြင်ထွက်လာစပ်စုကြတဲ့ ပွဲကြည့်ကျောင်းသားအချို့ ရယ်ပွဲကျသွားကြတယ်။ ကျောင်းသားအဆောင်ကြီးက ကျယ်လွန်းလို့ ဟိုဟိုဒီဒီမှာ လှုပ်ရှားသွားလာသံတွေ ထွက်နေပြီး လက်ရှိဝိုင်းအုံနေတဲ့ လူတစ်စုက ညအိပ်အတွင်းဝတ်တွေနဲ့မို့ အိပ်ရာကနေ ကုန်ရုန်းထလာတာ သိသာတယ်။
ကျိုးလီက အရမ်းလှောင်ပြောင်ခံနေရတော့ မျက်နှာတစ်ပြင်လုံး ရဲတက်လာတယ်။
“မောက်ပါ့သို ငါ့ကိုသရော်မနေနဲ့။ မင်းမှာ အရင်ကလည်း ဒီလိုအကျင့်ရှိတာပဲ။ ဗီဇဆိုတာ ဘယ်တော့မှမပျောက်ဘူးတဲ့ အဲဒီတော့ ငါသံသယဝင်တာ ဆန်းလား”
ရွှီထင်းရှန်း- “ဘယ်လိုသက်သေရှိလဲ။ လျှာရိုးမရှိတိုင်း သူတစ်ပါးကို လွယ်လွယ်ချောက်ချလို့ရရောတဲ့လား”
“ညီလေးကျောက်က ငါ့ဘက်က မျက်မြင်သက်သေပဲ”
“ဒါဆိုငါလည်း မင်းကျောင်းတော်ထဲကို အပြာစာအုပ်ယူလာတယ်လို့ ပြောလို့ရတာပဲ။ သက်သေလိုချင်ရင် ငါ့ဘေးက အဆောင်တူသူငယ်ချင်းတွေအားလုံး သက်သေလုပ်ပေးလို့ရတယ်”
မောက်ပါ့သိုရဲ့ ရုတ်ခြည်းကြားဖြတ်ပြောမှုက ကျိုးလီကို ချက်ချင်းဆိုသလို အနာပေါ် တုတ်ကျသွားစေတယ်။ ထိုအချိန်မှာပဲ အပြင်က ကျောင်းသားတွေ ရှဲကနဲ လမ်းဖယ်ပေးလိုက်တာကို တွေ့လိုက်ရတယ်။
အလယ်မှာ ဝင်လာတာကတော့ ကျောင်းအုပ်ကြီး လင်းမြောင်နဲ့ အတန်းပိုင်ဆရာမုန့်တို့ပဲ။ အခန်းထဲက ကုတင်ပေါ်မှာရှိနေကြတဲ့ ရွှီထင်းရှန်းတို့လေးယောက်လည်း အမြန်မတ်တပ်ထရပ်ပြီး လက်နှစ်ဖက်ယှက်ကာ ဆရာနှစ်ယောက်ကို အရိုအသေပေးလိုက်တယ်။
ဘေးပတ်ပတ်လည်က ကျောင်းသားတွေလည်း အကုန်လုံး တစ်ပြိုင်နက် နှုတ်ဆက်ကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတယ်။
လောလောဆယ် လူအုပ်ထဲမှာလည်း ဘာတီးတိုးသံမှမရှိတော့ မောက်ပါ့သိုက နောက်ဆုံး စိုးရိမ်လာပြီး သူ့သူငယ်ချင်းတွေကို လှမ်းကြည့်လာတဲ့အခါ ရွှီထင်းရှန်းက သူ့ကို စိတ်ငြိမ်ငြိမ်ထားဆိုတဲ့ အကြည့်တစ်ချက်ပေးလိုက်တယ်။
ဆရာကြီးလင်းက ခပ်ကျယ်ကျယ်မေးမြန်းလာတဲ့အခါ အဆောင်မှူးအိုကြီးက ဖြစ်ပျက်သမျှကို အကြောင်းစုံပြောပြလိုက်တယ်။ လင်းမြောင်က အခန်းထဲက ကျောင်းသားတစ်စုကို ဝေ့ကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေက ခံစားချက်မဲ့နေပေမဲ့ ကျိုးလီကတော့ ခေါင်းမငုံ့ဘဲ မနေနိုင်တော့ဘူး။
တစ်ဖက်လူက သူ့ကို ဘာတွေပြောခဲ့သလဲ စဥ်းစားလိုက်ပြီးတဲ့နောက် သူ့စိုးရိမ်မှုက အနည်းငယ် ပေါ့သွားတယ်။ အထူးသဖြင့် အခု မြှားဦးကို လေးညှို့ပေါ်တင်ပြီးသွားမှတော့ သူ့ဘက် ဦးတည်မလာအောင် အတတ်နိုင်ဆုံး ဝေးဝေးကိုပစ်လွှတ်ရမှာပဲ။
အဲဒီလိုနဲ့ သူက သူ့နာမည်ဂုဏ်သိက္ခာကိုကိုင်ကာ ဒီမောက်ပါ့သိုက ကျောင်းတော်ထဲ ညစ်ညမ်းစာပေတွေ သယ်ဆောင်လာပါတယ်ဆိုတာကို တိုင်တည်လိုက်တယ်။ လူတိုင်းရဲ့မျက်နှာအမူအရာတွေ ပြောင်းလဲသွားတာကိုမြင်တော့ ရွှီထင်းရှန်းက ငြိမ်နေလို့မရတော့ဘဲ ရှေ့တက်ကာ ဆရာကြီးနှစ်ယောက်ကို အရင်ဦးညွှတ်လိုက်တယ်။
“ကျောင်းအုပ်ကြီးနဲ့ ဆရာမုန့်တို့ ရှင်းရှင်းလင်းလင်း မြင်မယ်လို့ မျှော်လင့်ပါတယ်။ ပါ့သိုက အရင်တုန်းက အမှားတွေလုပ်ခဲ့ဖူးပေမဲ့ အခုသူ့အကျင့်သူပြင်ပြီး စာလည်း ကြိုးစားလုပ်လာပါတယ်။ ဒီလိုတိုးတက်ချင်တဲ့သူက အရင်လိုပြန်လုပ်နေတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါမလဲ”
47 02
လင်းမြောင်က ဘေးကိုစောင်းငဲ့ကြည့်လိုက်တော့ ဆရာမုန့်က ခေါင်းညိတ်ပြတယ်။ တကယ်လည်း ဒီကောင်လေးက အခုတလော အမှတ်တွေတက်လာတာ အမှန်ပဲ။
“ဒါ့အပြင် အတန်းဖော်ကျိုးက ပါ့သိုကို အတည်ယူလို့မရတဲ့ မျက်မြင်သက်သေတွေနဲ့ စကားအရ စွပ်စွဲထားတာ သိပ်သိသာပါတယ်”
“ဘာပဲဖြစ်ဖြစ် ငါ့ဘက်က သက်သေခံပေးမဲ့လူတွေ အများကြီးရှိသေးတယ်”
ကျိုးလီက ကျောက်မင်ချွမ်းအပြင် တခြားလူတွေကိုပါ လက်ညှိုးထိုးပြလာပေမဲ့ ရွှီထင်းရှန်းကတော့ အလောတကြီးမရှိဘူး။
“မင်းပြောတဲ့ သက်သေတွေကလည်း မင်းစိတ်နဲ့လူနဲ့မကပ်တာကိုပဲ တွေ့လိုက်ကြတာလေ။ လူအတော်များများက မြင်သမျှ ကြားသမျှယုံတတ်တာမို့ ဒါကိုအမှန်ယူလို့ ဘယ်ရမလဲ”
ထိုအချိန်မှာပဲ တွေ့နေကျမဟုတ်လို့ မျက်နှာစိမ်းနေတဲ့ ကျောင်းသားတစ်ယောက်က ရုတ်တရက် လူအုပ်အရှေ့ ထွက်လာတယ်။
“ကျိုးလီကို မမြင်ပေမဲ့ ဟိုတစ်နေ့ကပဲ မောက်ပါ့သို အပြင်ကနေပြန်လာတာတော့ တွေ့လိုက်တယ်။ သူက အလောတကြီးလျှောက်နေပြီး ငါ့ကိုတောင် တိုက်မိသွားသေးတယ် နဂိုကတည်းက ဝတာဆိုပေမဲ့ အဲဒီနေ့တုန်းက သူ့ကိုယ်က ပိုဖောင်းနေပြီး ကျောက်တုံးကြီးလို မာနေတာ သူကိုယ်ထဲတစ်ခုခု ဖွက်လာတာဖြစ်လိမ့်မယ်။ မဟုတ်ရင် ငါ့ကိုယ်က တိုက်မိရုံနဲ့ ဘာလို့ ဒီလောက်နာနေမှာလဲ”
ဒီကျောင်းသားက ပထမတန်းကဖြစ်ပြီး ရွှီထင်းရှန်းနဲ့တခြားသူတွေက သူ့ကို သိပ်မရင်းနှီးကြပေမဲ့ လင်းမြောင်နဲ့ ဆရာမုန့်တို့ကတော့ သိတယ်။ အဲဒါထက် ဒီကျောင်းသားက ပုံမှန်ဆို ဘယ်မှာမှဝင်မပါတတ်ဘဲ စကားနည်း အနေအေးတာကြောင့် သူ့ထွက်ဆိုချက်က တခြားလူတွေထက် အများကြီး ပိုယုံကြည်လို့ရနိုင်တယ်။
တစ်ချိန်တည်းမှာပဲ နောက်ထပ်ကျောင်းသားအချို့ကပါ သူတို့လေးယောက်က ထူးဆန်းနေတယ်လို့ ထပြောလာကြတယ်။ နေ့အချိန်ဆို လေးယောက်သားက ဘယ်သွားသွား အတူပူးကပ်နေပြီး ရံဖန်ရံခါ သူတို့အခန်းရှေ့က ဖြတ်သွားရင်လည်း လေးယောက်လုံး စာအုပ်တစ်အုပ်စီကိုင်ပြီး ရယ်မောနေကြတာ တွေ့ရတယ်လို့ ဆိုကြတယ်။
အခွင့်ကောင်းရတာမြင်တော့ ကျိုးလီကလည်း လက်လွှတ်မခံဘဲ ဝင်အကြံပေးတယ်။
“ဟုတ်ပါတယ် ဆရာကြီး သူတို့အဆောင်ကို ရှာကြည့်လိုက်ပါ။ သူသာ စာအုပ်တွေ တကယ်ယူလာတယ်ဆို ဒီအခန်းထဲမှာပဲ ဖွက်ထားမှာ ကျိန်းသေတယ်”
အခြေအနေတွေက ဒီအထိဖြစ်လာတော့ ဒါက မောက်ပါ့သိုကို ပစ်မှတ်ထားပြီး သူတို့ကိုပါ ဆွဲချဖို့ တမင်ကြံစည်ထားတာကို ရွှီထင်းရှန်းတို့အားလုံး သဘောပေါက်လိုက်ကြတယ်။ မောက်ပါ့သို ဒုက္ခရောက်မှတော့ သူတို့တွေက ဝင်ကူညီကြမှာပဲ။
တကယ်လို့ တစ်ယောက်ယောက်က စာအုပ်တွေကိုရှာတွေ့သွားတာနဲ့ ဘယ်သူယူလာသလဲ အရေးမကြီးဘူး။ ဒီအခန်းထဲမှာနေတဲ့သူအားလုံး ဒုက္ခရောက်မှာပဲ။ သူတို့ကို အကောက်ကြံဖို့တွေးထားတဲ့ လူတွေက ဒီတလောအတွင်း လေးယောက်လုံးကို တောက်လျှောက် စောင့်ကြည့်နေခဲ့ပုံရတယ်။
ပြီးမှ အချိန်ကောင်းကိုစောင့်ပြီး ဝိုင်းတိုက်ခိုက်ကြတာ။ အခန်းဖော်လေးယောက်ရဲ့ မျက်ဆံတွေက တစ်ပြိုင်နက် လက်သွားပြီး မောက်ပါ့သိုက ဖြစ်သမျှအားလုံး ခါးစည်းခံဖို့ ရှေ့ထွက်ဖို့ လှမ်းတဲ့အခါ ရွှီထင်းရှန်းက မသိမသာ အနောက်ကနေ ပြန်ဆွဲတားလိုက်တယ်။
လင်းမြောင်က သူ့မုတ်ဆိတ်မွှေးကို အသာပွတ်သပ်နေရင်း “အကြောင်းရှိလို့ အကျိုးဖြစ်လာတာ အရာရာတိုင်းအတွက် အကြောင်းအရင်းဆိုတာ ရှိတယ်။ လူအများကြီးက စွပ်စွဲပြောဆိုထားမှတော့ သူတို့မှာ စာအုပ်ရှိလား မရှိလားဆိုတာ စကားထက် အလုပ်နဲ့သက်သေပြရမှာပဲ”
ကျောင်းအုပ်ကြီးက သူတို့အဆောင်ကိုရှာဖို့ ညွှန်ကြားလိုက်တော့ ချက်ချင်းဆိုသလို ကျောင်းသားတစ်စုက စေတနာ့ဝန်ထမ်းလုပ်ဖို့ လက်ထောင်လာကြတယ်။ ဒီလိုနဲ့ အဆောင်မှူးက ဦးဆောင်ပြီး တစ်ခန်းလုံးကို စတင်ရှာဖွေကြတော့တယ်။
အခန်းချောင်ကြိုချောင်ကြားကစလို့ စာရေးစားပွဲအောက်နဲ့ ကုတင်အောက်တွေအထိ မွှေနှောက်ပြီးသွားပေမဲ့ သံသယဖြစ်စရာ တစ်ခုမှရှာမတွေ့ခဲ့ကြဘူး။ အခုကျန်တာဆိုလို့ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်ဗီရိုတွေပဲ ရှိတော့တယ်။
47 03
ထိုအခါ ဆရာကြီး မုန့်က ရှာနေတဲ့ကျောင်းသားတွေကို ရပ်ခိုင်းလိုက်ပြီး “ဗီရိုတွေကိုတော့ မင်းတို့ကိုယ်တိုင်ဖွင့်လိုက်၊ ဘယ်လိုဖြစ်ဖြစ် အပြစ်မရှိတဲ့သူက ဘာမှကြောက်နေစရာမရှိဘူး။ မဖွင့်ရဲတဲ့သူတွေသာ အပြစ်ရှိသူတွေအဖြစ် သတ်မှတ်ခံရမယ်”
မောက်ပါ့သိုက အခုနကထက်ပိုပြီး ချွေးစေးတွေပျံလာပြီ။ သူ့ကိုယ်ပေါ်မှာ ဖွက်ထားတဲ့တစ်အုပ်ကလွဲရင် ကျန်တဲ့စာအုပ်အကုန်လုံးက ရွှီထင်းရှန်းရဲ့ဗီရိုအောက်ဆုံးအဆင့်ထဲမှာ။ တကယ်လို့ ဖွင့်ပြရပြီဆိုရင်တော့ အားလုံး သေကုန်တော့မှာပဲ။
ရွှီထင်းရှန်းက နှုတ်ခမ်းတွေတင်းတင်းစေ့လိုက်မိပြီး နောက်တော့ ရှေ့တစ်လှမ်းတက်ကာ လေသံကြည်ကြည်နဲ့ ပြောလိုက်တယ်။
“ဒီကျောင်းသားက အရင်ကပြောခဲ့သလိုပါပဲ။ မရှိဘူးဆိုတာက တကယ်မရှိလို့ပြောတဲ့စကားပါ။ ဒါပေမဲ့ ဆရာကြီးတို့က ရှာဖွေချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘက်က သဘောထားကိုလည်း ပွင့်ပွင့်လင်းလင်း ချပြမှဖြစ်ပါတော့မယ်။ ဒီကိစ္စတစ်ရပ်လုံးက ပါးစပ်အပြောသက်သက်နဲ့ စွပ်စွဲထားကြတာပါ။ တိကျတဲ့သက်သေလည်း မရှိဘဲ အရင်က အမှားလုပ်မိရုံနဲ့ သံသယဝင်တယ်ဆိုတာ သူများကို တမင်တကာ အပုပ်ချတာပါပဲ။ ဒီလိုလူတွေ လောကမှာရှိနေသရွေ့ သူတို့က ကျိုးကြောင်းဆင်ခြင်တုံတရားကိုလည်း ဂရုစိုက်နေမှာမဟုတ်ဘူး”
“တကယ်လို့ ဒီနေ့ကျွန်တော်တို့ဗီရိုထဲမှာ ဘာမှရှာမတွေ့ခဲ့ဘူးဆိုရင် အရင်ဆုံးစွပ်စွဲတဲ့ အတန်းဖော်ကျိုးနဲ့ တခြားသက်သေခံပေးတဲ့လူတွေအားလုံး ဘယ်လိုပြန်လုပ်ပေးမှာလဲ။ နောင်မှာရော ဒီလိုပဲ လူတကာကို လိုက်စွပ်စွဲနေကြဦးမှာလား။ မကျေနပ်တဲ့သူတွေ့တာနဲ့ ချောက်ချအကောက်ကြံဖို့ အခန်းဖော်နှစ်ယောက်ကို မျက်မြင်သက်သေအဖြစ် ဆွဲထည့်လိုက်ရုံပဲဆိုတော့ မအောင်မြင်လည်း သူတို့အတွက် အရှုံးမရှိဘူးလေ။ ဒီလိုသာဆို ချင်းယွမ်ကျောင်းတော်ကြီးက တရားမျှတမှုမရှိတဲ့ နေရာကြီးဖြစ်သွားတော့မှာပေါ့။ တစ်နည်းပြောရရင် အခုကျွန်တော်တို့ အရှက်တကွဲဖြစ်ခဲ့ရတာတွေအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ”
ဒီစကားတွေက အခန်းထဲကလူတိုင်းကို နက်နက်နဲနဲ အတွေးဝင်သွားစေပြီး ပွဲကြည့်ပရိတ်သတ်တွေက သူတို့အချင်းချင်း စတင်တီးတိုးပြောဆိုကြတော့တယ်။
“အဲဒါလည်း ဟုတ်တာပဲ။ ဘယ်သူက ဒီလိုအရှက်ကွဲချင်မှာလဲ။ ဒါပြီးသွားရင်ရော ဘယ်သူက အများအရှေ့မှာ ပြောရဲတော့မှာလဲ”
“လူမွန်လူမြတ်တစ်ယောက်က အမြင်ကျယ်ပြီး သည်းညည်းခံတတ်ရတယ်။ လူသိမ်လူနုပ်တွေကတော့ သဘောထားသေးပြီး ကတ်သပ်ပြောတတ်တယ်။ ဒီအတိုင်းသာဆို ချင်းယွမ်က ကျောင်းသားတွေအကုန် ရှေ့လျှောက် ဒီလိုလူတွေချည်းဖြစ်လာမှာ စိုးရတယ်”
“ပုံမှန်အချိန်မှာ ရှာခိုင်းတာက ကိစ္စမရှိပေမဲ့ အခုလိုကိစ္စမှာ အများသူငှာအရှေ့ ရှာဖွေခံရတာကတော့ လူဆိုးသူခိုးကို ဆက်ဆံသလို ဆက်ဆံခံလိုက်ရတာနဲ့ အတူတူပါပဲ။ တကယ်လို့ တာဝန်ရှိသူတွေက သင့်တင့်အောင် မဖြေရှင်းပေးဘူးဆို ကျောင်းထွက်ရလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဗီရိုကိုတော့ လုံးဝအစစ်ဆေးမခံနိုင်ပါဘူး”
သူ့စကားတွေက ကျောင်းအုပ်ကြီးနဲ့တောင် ထိပ်တိုက်တွေ့မယ်ဆိုတဲ့သဘော သက်ရောက်နေတယ်။ ဘယ်သူက ကျောင်းအုပ်ကြီးကို ပြန်ခံပြောရဲမှာလဲ။ ဒါမျိုး ချင်းယွမ်ကျောင်းတော်မှာ တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးလို့ ဘေးနားက ကျောင်းသားတွေအကုန် ရွှီထင်းရှန်းရဲ့ ရဲတင်းမှုကို လန့်ဖြန့်သွားကြတယ်။
“ကျွန်တော်လည်း အခန်းဖော် ရွှီရဲ့အပြောကို ထောက်ခံပါတယ်။ ကျွန်တော်တို့က အကြောင်းအရင်းမရှိဘဲ အစွပ်စွဲခံရတာပါ။ ဒါကြောင့် ကျောင်းထွက်ရလည်း ကိစ္စမရှိပါဘူး”
ချန်ကျန်းကပါ ရှေ့တက်ပြီး ဆိုလာတယ်။
******
47.2 01
အခန်း 47.2
ထိုအခါ မောက်ပါ့သိုကလည်း သူ့မျက်နှာကို အင်္ကျီလက်ဖျားစနဲ့ ကွယ်ထားရင်းက ဝတ္ထုတွေထဲမှာ မတရားခံရတဲ့ မိန်းမပျိုလေးလို ဒရာမာခင်းတော့တယ်။
“ပျက်အစဥ် ပြင်ခဏတဲ့ စာအုပ်တွေထဲမှာတော့ ကိုယ့်အမှားကိုယ်သိပြီး ပြန်ပြင်ဆင်တဲ့လူက အင်မတန် မွန်မြတ်တယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ အခုတော့ အဲဒါတွေအားလုံး မှားမှန်းသိသွားပါပြီ။ ငါ့မှာ မသိနားမလည်တုန်းက တစ်ခါလေး ဆိုးသွမ်းခဲ့ဖူးတာကို အခုတော့ တစ်သက်လုံး မကောင်းတဲ့လူလို အမြင်ခံရနေတယ်။ ပိုကောင်းဖို့ ကြိုးစားနေတာတောင် ဝိုင်းကူမယ်မရှိဘူး။ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့သူတွေချည်းပဲကိုး။ ကျောင်းတော်ကြီးကလည်း ဒီလောက် ဘက်လိုက်မယ်မှန်း တကယ်မထင်ခဲ့ဘူး။ ငါတို့သုံးယောက်လုံး ရှင်းပြတာတောင် ဘယ်သူမှမယုံကြဘူး။ ဒါပေမဲ့ ပထမတန်းက လူတစ်ယောက်ကိုကျ သက်သေမရှိတာတောင် ယုံကြည်ပေးကြတယ်။ ဒုတိယတန်းကလူတွေလည်း ကျောင်းသားတွေပါပဲ”
လက်ရှိ စွဲချက်တင်တဲ့လူလေးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်တဲ့တစ်ယောက်က ပါးစပ်အပြောနဲ့ အခိုင်အမာဆိုထားသလို နောက်ထပ်တစ်ယောက်ကလည်း ဖြစ်နိုင်ချေရှိတာကို တင်ပြထားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ကျိုးလီ စိတ်လွင့်နေတာကိုပဲ ပြောထားတာမို့ ထည့်ပြောစရာမလိုဘူး။
အကျိုးအကြောင်း မခိုင်လုံသေးတာတောင် ပတ်ပတ်လည်က ကျောင်းသားအများစုက ပထမတန်းကလူ ထွက်ပြောလိုက်တာနဲ့ သူ့ဘက်ကို ထောက်ခံလိုက်ကြတာပဲ။ မောက်ပါ့သိုရဲ့ အပိုစာသားတွေက ဒုတိယတန်းကလူတွေ ရင်ထဲမှာတော့ ဝမ်းနည်းအားငယ်စိတ် အနည်းငယ် သွပ်သွင်းပေးလိုက်နိုင်တယ်။
လူကြီးတွေ ပြောကြတာပဲ။ ဒီခေတ်မှာ တခြားအသက်မွေးမှုတွေအကုန် နိမ့်ကျတယ်တဲ့ စာလေ့လာပြီး မင်းမှုထမ်းလုပ်တာကသာ အကောင်းဆုံး အမြင့်ဆုံးဆိုပဲ။ ဒါပေမဲ့ အခုတော့ စာသင်ဖို့ကျောင်းလာတာတောင် စာမတော်တဲ့လူတွေက လူမှုအသိုင်းအဝိုင်းရဲ့ အောက်ဆုံးမှာ အထားခံနေရတုန်းပဲ။
ထိုအချိန် ကျောင်းအုပ်ကြီး လင်းမြောင်က ရုတ်တရက် ထမေးလာတယ်။
“မင်းတို့ရော ဘယ်လိုသဘောရလဲ”
ဒီမေးခွန်းက ရွှီထင်းရှန်းတို့ကိုမဟုတ်ဘဲ ကျိုးလီနဲ့တခြားသက်သေထွက်ဆိုပေးတဲ့သူတွေကို ရည်ရွယ်တာဖြစ်တယ်။ ပထမတန်းကကျောင်းသားအပြင် သူတို့ကို ထူးဆန်းနေတယ်လို့ ပြောထားတဲ့ ကျောင်းသားတွေအကုန် မှင်သက်သွားပြီး တစ်ခဏလောက်အထိ ကျောင်းအုပ်ကြီး ဘာကိုဆိုလိုချင်လဲ နားမလည်ကြဘူး။
“သူတို့လေးယောက် ပြောတာ ရှင်းပါတယ်။ ရှာဖွေစစ်ဆေးခံပြီးတာနဲ့ အားလုံးက ဒီစွပ်စွဲချက်မှန်မှန်မမှန်မှန် ကျောင်းထွက်မယ်လို့ ပြောထားမှတော့ ရှာဖွေဖို့တောင်းဆိုထားတဲ့ မင်းတို့လည်း ဒီအတိုင်းပဲ တူညီတဲ့တန်ဖိုး ပြန်ပေးဆပ်ရမှာပေါ့”
“ဒါကတော့ ….”
ရုတ်ခြည်းဆိုသလိုပဲ ကျောင်းသားတချို့က သိသိသာသာ မျက်နှာပျက်ယွင်းသွားပြီး ကိစ္စတွေက ဒီလောက်အထိ ဖြစ်သွားမယ်လို့ မထင်ထားတာ အရမ်းသိသာတယ်။ ရွှီထင်းရှန်းတို့ကို ဒီတလော ထူးဆန်းနေတယ်လို့ ပြောထားကြတဲ့ ကျောင်းသားအနည်းငယ်က ကောက်ကာငင်ကာပဲ သူတို့က ဒီတိုင်း မှန်းကြည့်ရုံပဲ စိတ်ထင်တာဖြစ်မှာပါဆိုပြီး လျှောချသွားကြတယ်။
အလန့်တကြားနဲ့ လူအုပ်ထဲ အသည်းအသန် ပြန်တိုးဝင်လာတဲ့သူတို့က ရှက်စရာကောင်းတာတော့ မှန်ပေမဲ့ မသေချာတဲ့ကိစ္စကြောင့် ကျောင်းထုတ်ခံရမဲ့အရေးကိုတော့ ကာကွယ်လိုက်နိုင်တယ်။ ထိုအခါ ကျိုးလီဘက်က သက်သေထွက်ဆိုပေးထားတဲ့ ကျောက်မင်ချွမ်းကလည်း သူ့စကားမှာ ရွှီထင်းရှန်းတို့ကို စာအုပ်အကြောင်း စွပ်စွဲတာ ဘာမှမပါဘူးဆိုရင်း နောက်ဆုတ်သွားတယ်။
47.2 02
အဲဒီလိုနဲ့ စွပ်စွဲတဲ့ကျောင်းသားဦးရေ တဖြည်းဖြည်း လျော့သွားပြီးတဲ့နောက်မှာတော့ ကျိုးလီနဲ့ ပထမတန်းကကျောင်းသားတို့နှစ်ယောက်သာ ကျန်ရှိခဲ့တော့တယ်။ ကျိုးလီကတော့ သူကိုယ်တိုင် ဦးဆောင်တာမို့လို့ ဘယ်လိုနောက်ပြန်ဆုတ်လို့ရတော့မလဲ။
ဒီတော့ ပထမတန်းကကျောင်းသား ဘယ်လိုကိုင်တွယ်မလဲဆိုတာပဲ ပိုအရေးကြီးတယ်။ ထိုကျောင်းသားနာမည်က ဝမ်ချီလို့ခေါ်ပြီး သူ့ပုံပန်းသွင်ပြင်က သမာရိုးကျဆန်လွန်းလို့ ပထမတန်းက လူနည်းစုထဲမှာတောင် ပျောက်ကွယ်နေတတ်တဲ့ လူစားမျိုးပဲ။
သို့ပေမဲ့ စောစောက ပြောထားတဲ့အတိုင်းပဲ သူက ဘယ်သူနဲ့မှ တွဲသွားတွဲလာမရှိဘဲ တစ်ယောက်တည်းနေတာ များတယ်။ လင်းမြောင်က အဆောင်ထဲက ကျောင်းသားတွေအားလုံးရဲ့ ကိုယ်စီကိုယ်စီ သူငယ်ချင်းအဖွဲ့တွေကို သိထားပြိးသား ဒါပေမဲ့ သီးသန့်နေတတ်သူတွေက တစ်ယောက်နှစ်ယောက်မက ရှိနေတာမို့ ဘာမှအရေးတယူမလုပ်တော့တာ။
အဲဒါထက် ရွှီထင်းရှန်းနဲ့သူငယ်ချင်းတွေက ပထမတန်းက ကျောင်းသားတစ်စုနဲ့ ငြိထားဖူးတာလည်း သူသိတယ်။ တကယ်လို့ အဲဒီထဲက တစ်ယောက်သာ ပြောလာမယ်ဆိုရင် သူ အဲဒီလောက် ဖြေရှင်းပေးနေမှာမဟုတ်ဘဲ စွပ်စွဲတယ်လို့ ယူဆလိုက်မှာဆိုပေမဲ့ အခုက ဝမ်ချီဖြစ်နေတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် လင်းမြောင်က ဦးလေးချန်းထင်သလို သီးသန့်တပည့်တပန်းတွေ လက်မခံချင်တော့တာ မဟုတ်ဘူး။ သူက ပထမတန်းကို ကိုယ်တိုင်သင်ကြားပေးနေတာဆိုရင်တောင် လူတစ်စုကို သင်တာနဲ့ တစ်ယောက်တည်းကို သင်တာက ကွာတယ်လေ။
အမှန်တော့ သူ အဲဒီလိုတပည့်တစ်ယောက် လက်သပ်မွေးဖို့ရှာနေတာ အတော်ကြာပြီဖြစ်သလို ဝမ်ချီက သူစောင့်ကြည့်နေတဲ့ကျောင်းသားတွေထဲက တစ်ယောက်ပဲ။ လောလောဆယ်တော့ ဝမ်ချီဆိုသူက လက်သီးကို လက်ဖဝါးတစ်ဖက်နဲ့ ထိကပ်ထားရင်း ဦးညွှတ်တောင်းပန်လာတယ်။
“ဒီကျောင်းသားက ညီအစ်ကို မောက်ပါ့သိုနဲ့ တခြားသူတွေငြင်းခုံနေတာ ကြားလိုက်လို့ ဖြစ်နိုင်ချေရှိတာကို ဝင်ပြောလိုက်မိရုံပါ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းဆိုတာ ထင်ကြေးတွေနဲ့ပဲ သတ်မှတ်လို့မရဘူးဆိုတာ နားလည်ပါတယ်။ အဲဒီနေ့က မောက်ပါ့သိုနဲ့ ဝင်တိုက်မိခဲ့ပေမဲ့ သူ့ကိုယ်က ခါတိုင်းထက် မာနေတယ်ဆိုတာပဲ ခံစားမိခဲ့ရပြီး စာအုပ်ဖွက်ထားသလားဆိုတာတော့ အတိအကျ မသိခဲ့ရပါဘူး။ ဒီအတွက် မောက်ပါ့သိုနဲ့ အခန်းဖော်တွေကို ပြန်တောင်းပန်ချင်ပါတယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါ အားလုံးက ဒီကျောင်းသား အမှားတွေပါပဲ”
သူက ဆရာကြီး လင်းကိုရော မောက်ပါ့သိုတို့အုပ်စုကိုရော စိတ်ရင်းလို့ထင်ရလောက်တဲ့ ယဥ်ကျေးမှုနဲ့ တစ်လှည့်စီ ဦးညွှတ်လာတယ်။ အားနာသမှုမရှိ ဒီတိုင်းနောက်ဆုတ်သွားတဲ့သူတွေထက်စာရင် သူက တော်ပါသေးတယ်။
အဲဒါကြောင့် သူလည်း ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းတာ မှန်ပေမဲ့ ဘယ်သူမှ မလှောင်ပြောင်ကြဘဲ အဲဒီအစား ညီအစ်ကိုဝမ်က ကျင့်ဝတ်ရှိပြီး လူကြီးလူကောင်းဆန်တယ်လို့တောင် ချီးမွမ်းလာကြသေးတယ်။
နောက်တော့ ကျိုးလီဘက်ကို လှည့်ကြည့်လာတဲ့ ကျောင်းအုပ်ကြီး လင်းမြောင်ရဲ့မျက်ဝန်းတွေက ရိပ်ကနဲ ဖြစ်သွားတယ်။ ကျိုးလီရဲ့မျက်နှာက ချက်ချင်းသွေးမရှိသလို ဖြူဖျော့သွားပြီး ပြေးမလွတ်ဘူးဆိုတာ သိလိုက်တယ်။
လောလောဆယ်မှာတော့ သူ့ကိုယ်သူ အားကိုးစရာပဲရှိတော့တယ်။ သူသာ မောက်ပါ့သို ဖွက်ထားတဲ့စာအုပ်ကို ပြနိုင်တာနဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်မှာပဲ။
“ကောင်းပြီလေ။ လက်ခံပါတယ် တကယ်လို့ ကျွန်တော်သာ မဟုတ်မမှန်ပြောခဲ့ရင် ချက်ချင်း ကျောင်းထွက်မယ်!!”
သူက ကိုယ့်ကိုယ်ကိုယ် ရဲဆေးတင်ရင်း အင်မတန် သူရဲကောင်းဆန်တဲ့လေသံနဲ့ ခေါင်းမော့ရင်ကော့ကာ ပြောလိုက်ပေမဲ့ စိတ်မကောင်းစရာက လူတိုင်းက သူ့ဘက်မှာမရှိတော့ဘဲ မျှော်မှန်းထားသလို ဘာအားပေးအားမြှောက်မှုမှ ရမလာတာပဲ။ အဲဒီအစား သူတို့က သူ့ကိုကောင်းကောင်းလှောင်ဖို့တောင် စောင့်နေကြတာ။
“နေဦး မင်းတို့…”
မောက်ပါ့သိုက အလျင်စလို ဟန့်တားမယ်အလုပ် ရွှီထင်းရှန်းက ဝင်ထိန်းတယ်။
47.2 03
“ပါ့သို မင်းဗီရိုကို အတန်းဖော် ကျိုးကို ဖွင့်ပြလိုက်ပါ”
မောက်ပါ့သိုက ခဏလောက် ကြောင်အမ်းနေပြီးမှ ချက်ချင်း သူ့ဗီရိုတံခါးနှစ်ချပ်စလုံးကို ဖွင့်ပြလိုက်တယ်။ ကျိုးလီက စိတ်မရှည်သလို လိုက်သွားပြီး မောက်ပါ့သို သူ့ကို လှည့်စားမှာစိုးလို့ ဝတုတ်ကိုယ်လုံးကို ဘေးကိုတွန်းဖယ်ရင်း သူ့ဘာသာ ရှာတော့တယ်။
သူက အောက်အံဆွဲတွေအထိ မွှေနှောက်ရှာဖွေတာတောင် ခြေထောက်နံ့တွေ ချွေးနံ့တွေရောနေတဲ့ ခြေအိတ်တွေ ဘောင်းဘီတွေပဲ ထွက်ကျလာတယ်။ မောက်ပါ့သိုက အရမ်းအပျင်းထူတဲ့လူမို့ ဘယ်တော့မှ ကိုယ့်အဝတ်ကိုယ်မလျှော်ဘူး။
ဝတ်စရာမရှိတော့မှ နားရက်ရတိုင်း အိမ်ပြန်သယ်သွားတတ်တာ။ အဲဒါထက် သူ့ဗီရိုကိုလည်း ဘယ်တော့မှ မရှင်းတာကြောင့် တစ်ခန်းလုံးမှာ သူ့ဗီရိုက အညစ်ပတ် အရှုပ်ပွဆုံးပဲ။ ကျိုးလီက အကြောင်းမသိတော့ အားလုံးကိုဆွဲချလိုက်တာ ရှိသမျှအနံ့ဆိုးအားလုံးက သူ့မျက်နှာတည့်တည့်ကို လာတိုက်ခိုက်တော့တယ်။
ထွက်လာတဲ့ အောက်သိုးသိုးအနံ့တွေက နှာခေါင်းမခံနိုင်စရာဖြစ်နေပြီး ကျိုးလီတစ်ယောက် လျှော်မဲ့အဝတ်ပုံအလယ်မှာ နဂိုစာအုပ်ရှာရမယ်ဆိုတာတောင် မေ့ချင်ချင်ဖြစ်သွားတယ်။ အထူးသဖြင့် သူ့ခေါင်းပေါ် စုပုံကျလာတဲ့အထဲ ဘယ်နှခေါက်ဝတ်ထားပြီးမှန်းမသိတဲ့ အောက်ခံဘောင်းဘီတွေကို မြင်တဲ့အခါမှာတော့ ချက်ချင်း နောက်ဆုတ်ထွက်ပြေးတော့တယ်။
“ငါ့ဘာသာလုပ်မယ်ဆိုတာကို အရမ်းတွေ ကိုယ်တိုင်လုပ်ချင်တာလေ။ အခုတော့ ကောင်းရော ငါ့ပစ္စည်းတွေအကုန် ရှုပ်ကုန်ပြီ”
မောက်ပါ့သိုက ဘေးနားကအဝတ်တွေကို ကောက်သိမ်းရင်း ညည်းညူလာတယ်။ ဘေးနားကလူတွေကတော့ ဒီမြင်ကွင်းကြောင့် မရယ်ဘဲမနေနိုင်တော့ဘူး။ ကျောင်းအုပ်ကြီးတောင်မှ ပုံမှန်ခံစားချက်မဲ့နေတတ်တဲ့ ရေသေအိုင်မျက်ဝန်းတွေထဲ ပြုံးရိပ်သန်းလာတယ်။
ကျိုးလီက နောက်ဆုံး အဝတ်ဗီရိုကို မထိရဲတော့ဘဲ ဘေးနားက အံဆွဲတွေ သေတ္တာတွေကိုသာ ပစ်မှတ်ပြောင်းလိုက်တယ်။ အဲဒီထဲမှာလည်း ကျောင်းသင်ရိုးထဲက စာပေကြီး လေးကျမ်းနဲ့ ဂန္ဓဝင် ငါးဖြာတို့လို စာအုပ်တွေကလွဲရင် ဘာမှမတွေ့ရဘူး။
“ဘယ်လိုလုပ် မရှိရတာလဲ”
“ဘာမှမရှိဘူးပဲ”
ကျိုးလီက အတော်လေး မယုံနိုင်ဖြစ်သွားပြီး ရုတ်တရက် ရွှီထင်းရှန်းနဲ့ တခြားသူတွေဗီရိုဘက် လှည့်သွားတယ်။
“မင်းတို့ဟာတွေ ဖွင့်စမ်း”
သူ့ရဲ့အားမလိုအားမရ ဒေါသတကြီးအသံကို ရွှီထင်းရှန်းက အေးတိအေးစက်ပဲ သရော်တယ်။
“အတန်းဖော်ကျိုး လာနောက်နေတာလား။ အစကတည်းက ညစ်ညမ်းစာပေယူလာတယ်ဆိုပြီး စွပ်စွဲခဲ့တာ ပါ့သိုတစ်ယောက်တည်းကိုလေ။ ဒါက မင်းတို့နှစ်ယောက်ကြားကကိစ္စပဲ ဘာလို့ငါတို့ဗီရီုတွေကိုပါ ရှာခွင့်ပေးရမှာလဲ”
“ဒါပေမဲ့ အခုနကကျတော့ မင်း…”
“ငါ ဘာပြောခဲ့လို့လဲ။ အခုနက မင်းဘက်က အုပ်စုလိုက်ပါလာလို့ ငါတို့ကပါ ဝင်ပါရတာ။ ဒါပေမဲ့ အခုကျ ကျောင်းထွက်မှာက မင်းတစ်ယောက်တည်းဆိုပေမဲ့ ငါတို့လေးယောက်လုံးကို ဆွဲထည့်ချင်တာလား။ ကျိုးထုန်ချွမ်း မင်းတို့မှာ မိသားစုပိုင်စီးပွားရှိတယ်ဟုတ်… လူကြီးတွေက ဥပမာကောင်းဖြစ်ခဲ့မယ် ထင်ပါရဲ့။ ကိုယ့်အသာချည်းပဲ တွက်တတ်တယ်နော်”
“မင်း…”
“ရတယ်လေ ငါတို့ဗီရိုတွေပါ ရှာချင်တယ်ဆိုလည်း ကိစ္စတော့မရှိပါဘူး။ ဒါပေမဲ့ မင်းလူသုံးယောက် ထပ်ရှာမှရမယ်။ မင်းဘက်ကလူတွေသာ လိုလိုလားလား ကျောင်းထွက်ဖို့ဆန္ဒရှိတယ်ဆိုရင် ငါတို့တစ်ခန်းလုံးကို စိတ်ကြိုက်ရှာလို့ရတယ်”
“မင်း…”
ကျိုးလီရဲ့မျက်နှာက ဖြူတစ်လှည့် ပြာတစ်ခါ ပြောင်းသွားပြီးမှ ရုတ်တရက် လူအုပ်အရှေ့ ရပ်ပြီး သူရင်းနှီးတဲ့မျက်နှာတွေကို တစ်ယောက်ချင်းခေါ်ထုတ်တော့တယ်။
47.2 04
“အစ်ကိုကျောက်ရှန် ကျွန်တော့်ကို ကူညီပေးမယ်မလား … အစ်ကို ချန်ရော”
သူမျက်နှာချင်းဆိုင်သွားပြီး ခေါ်လိုက်တဲ့လူတိုင်း လူအုပ်အနောက်ထဲ တိုးဝင်သွားတာကြောင့် နောက်ဆုံး သူတစ်ယောက်တည်း ကူကယ်ရာမဲ့ ကျန်ခဲ့တော့တယ်။
“တော်လောက်ပြီ။ မင်းတို့အကုန်လုံး ကိုယ့်အခန်းကိုယ်ပြန်ကြတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး”
ကျောင်းအုပ်ကြီးက အေးစက်စက် ဆူပူပြီးတာနဲ့ လှည့်ထွက်သွားတယ်။ မောက်ပါ့သိုကတော့ အဝတ်ပုံထဲက ခုန်ထွက်လာပြီး ပြုံးတုံ့တုံ့နဲ့ ဆော်ဩတော့တယ်။
“ကဲ ကဲ သွားကြလေ ပြန်ကြတော့ အားလုံး အိပ်ရေးတွေပျက်ကုန်ကြပါပြီ”
ထိုအခါ ဆရာမုန့်က ကျိုးလီကို စောင်းငဲ့ကြည့်လိုက်ပြီး “ကျိုးလီ မင်းငါနဲ့လိုက်ခဲ့”
“ရှန်ရှန်း သူတို့လိမ်နေတာ။ အဲဒီစာအုပ်က သူတို့ထဲကတစ်ယောက်ယောက်ရဲ့ အံဆွဲထဲမှာ ဖွက်ထားတာနေမှာ”
မာန်မလျှော့သေးတဲ့ ဒီစွပ်စွဲချက်ကိုကြားတော့ မောက်ပါ့သိုက သူ့ခါးတုတ်တုတ်ပေါ် လက်ထောက်လိုက်ပြီး “ကျိုးလီ ငါမင်းကို သတိပေးလိုက်မယ်နော်။ ငါတို့က ကျောင်းအတူတူမို့ မင်းနဲ့ရန်မဖြစ်ချင်ဘူး။ ဒါပေမဲ့ ငါ့ကို ထပ်ပြီးစွပ်စွဲကြည့် မင်းကို လုံးဝခွင့်မလွှတ်ဘူး”
“ဟုတ်ပြီ မင်းလိုက်ခဲ့လိုက်တော့ ဘာမှထပ်မဟနဲ့”
ဆရာမုန့်က မာတင်းနေတဲ့မျက်နှာထားနဲ့ ပြောလာပြီး အဆောင်မှူးကလည်း ရှေ့တိုးလာတော့ ကျိုးလီမှာ ခေါင်းငိုက်စိုက်လျက်သားနဲ့ပဲ လိုက်သွားရတော့တယ်။ နောက်တော့ ဆရာမုန့်က သူတို့လေးယောက်ကို တစ်ခါလှည့်ကြည့်ပြီး ပြောလာတယ်။
“မင်းတို့လည်း စောစောအိပ်တော့”
“ဟုတ်ကဲ့ပါ ဆရာ”
…………..
******
48.1 01
အခန်း 48.1
လူတွေအကုန်အလျှိုလျှို ထွက်သွားပြီးတဲ့နောက် လီသာ့ထျန်က အခန်းတံခါး အမြန်သွားပိတ်လိုက်ပြီး အဲဒီတော့မှ သူတို့အားလုံး သက်ပြင်းမောကြီး ချနိုင်တော့တယ်။ မောက်ပါ့သိုတစ်ဘောက်သာ အမှန်တရားဘက်တော်သား ခံယူချက်နဲ့ စိတ်ဆိုးမာန်ဆိုး ပွစိပွစိထပ်ပြောနေတယ်။
“ဒီသခင်လေးကိုများ လာအပုပ်ချရဲတယ်။ မင်းတို့သခင်လေးက ဘယ်လောက်တိုးတက်လာသလဲ တစ်ချက်သွားကြည့်လိုက်၊ ဖင်ရှည်တာ… နောက်ဆုံးတော့ ကိုယ့်ရှူးကိုယ်ပြန်ပက်တာပဲ။ ဒီကောင်တွေ ဘယ်ကတည်းက ငါ့ကိုတစ်ချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေသလဲ မသိဘူး”
ရွှီထင်းရှန်းကတော့ လေးထောင့်စားပွဲလေးမှာ ထိုင်ချလိုက်ပြီးမှ သူ့ကို မနိုင်သလို တစ်ချက်ကြည့်ရင်း ရေနွေးကြမ်းတစ်ခွက်ငှဲ့လိုက်တယ်။
“အေးပါ အေးပါ ထိုင်လိုက်ပါတော့ မင်းမထိုင်ရင် ဘောင်းဘီထဲက စာအုပ်က ထပ်ထွက်ကျလာဦးမယ်”
လီသာ့ထျန်ရဲ့သတိပေးမှုကြောင့်သာ မောက်ပါ့သိုက သူ့ဘောင်းဘီခွကြားထဲက စာအုပ်ကို သတိရသွားပြီး အမြန်ပြန်ဆွဲထုတ်လိုက်တယ်။ တခြားသူတွေကတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အတော်လေး ရွံရှာသွားကြသလို ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြတော့ဘူး။ အထူးသဖြင့် စာအုပ်နာမည်ကို အလျင်စလို ဖတ်ကြည့်လိုက်တဲ့ လီသာ့ထျန်က အဆိုးဆုံးပဲ။
“မင်း တကယ် ဖွက်တဲ့နေရာမှာတော့ ဆရာကြီးပဲနော်။ စာအုပ်ကို ဘောင်းဘီထဲတောင် ထိုးထည့်ရတယ်လို့”
“အဲဒီအချိန် ဘောင်းဘီထဲမထည့်လို့ ငါက ဘယ်ထဲသွားထိုးထည့်ထားရမှာလဲ”
ရွှီထင်းရှန်းက ချောင်းအသာဟန့်လိုက်ပြီး “ပါ့သို မင်းကြမ်းပြင်ပေါ်က ပစ္စည်းတွေကို အရင်ရှင်းလိုက်သင့်တယ် ခဏနေ မီးတွေပိတ်ရတော့မှာ”
မောက်ပါ့သိုက သူ့အဝတ်ပုံကို ရှင်းဖို့သွားတဲ့အချိန် ဘေးနားက လီသာ့ထျန်က ထိုင်ကဲ့ရဲ့တယ်။
“မင်းဗီရိုထဲမှာလည်း တော်တော်စုံတာပဲ။ ဟိုကောင် ကျိုးလီ အန်ထွက်မတတ်ဖြစ်သွားတာ ငါမြင်လိုက်သားပဲ။ မင်းလည်းမင်းပဲ၊ ဒီအဝတ်တွေ ထိုးထည့်ထားတာ ဘယ်နှနှစ်လောက်ရှိနေပြီလဲ။ ဒီတစ်ခေါက် နားရက်ရတုန်း အိမ်မယူသွားဘူးလား”
“ငါမေ့သွားလို့လေ”
“အေး နောက်ဆို မင်း ငါနဲ့ဝေးဝေးနေ ရွံတယ်”
ထုံးစံအတိုင်း သူတို့နှစ်ယောက်က ရှင်းရင်း သိမ်းရင်း အပြန်အလှန် ဖဲ့ပြီးတဲ့နောက် လေးယောက်သား ကိုယ့်အိပ်ရာပေါ်ကိုယ် ပြန်လဲချလိုက်ကြတယ်။ ရွှီထင်းရှန်းက တိတ်တဆိတ် နံရံကို ကျောပေးထားပေမဲ့ ဒီဘက်က လီသာ့ထျန်ကတော့ အခုနက စကားတွေအတွက် ပြန်ပေးဆပ်နေရတယ်။
မောက်ပါ့သိုက လက်စားချေတဲ့အနေနဲ့ သူ့အိပ်ရာကို မောင်ပိုင်စီးလာပြီး လီသာ့ထျန်က မောင်းထုတ်ဖို့ လုပ်ပေမဲ့လည်း ပါ့သိုက ဝလို့ သူ့ကုတင်က မလောက်တော့လို့ပါဆိုတဲ့ ဆင်ခြေပေးလာတယ်။
ညချမ်းအချိန်က တဖန်ပြန်လည်တိတ်ဆိတ်သွားတယ်။ နောက်တစ်နေ့ သူတို့ အတန်းတက်ဖို့သွားတဲ့အခါ ဒုတိယတန်းမှာ ကျိုးလီရဲ့ထိုင်ခုံတစ်နေရာ လွတ်နေတာ တွေ့လိုက်ရတယ်။ ခါတိုင်းနဲ့မတူဘဲ အင်မတန် နည်းပါးတဲ့ လက်တစ်ဆုပ်စာ ကျောင်းသားတွေကသာ သူတို့လေးယောက်ကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်လာတယ်။
နှုတ်ဆက်စကားထဲမှာလည်း နှစ်သိမ့်အားပေးမှုတွေနဲ့ အသိအမှတ်ပြုမှု အမြောက်အမြား ပါဝင်နေတာကြောင့် မနေ့က ရွှီထင်းရှန်းရဲ့အပြုအမူက လူအများကို အထင်ကြီးလေးစားသွားစေခဲ့တယ်ဆိုတာ သိသာတယ်။
ဒါက သူတို့အတွက် အပြုသဘောဆောင်တဲ့ အံ့အားသင့်စရာလေးဆိုပေမဲ့ အသားထဲက လောက်ထွက်တဲ့ကောင်တွေနဲ့ ကြုံဖူးထားတဲ့ သူတို့လေးယောက်အတွက်တော့ အနည်းငယ် သတိထားနေရတုန်းပဲ။ ဒီလူတွေကရော စိတ်ရင်းလား ဟန်ဆောင်နေတာလားဆိုတာ ဘယ်သူသိမှာလဲ။
“ပါ့သို မနေ့ကအဖြစ်ကို ကိုယ်တွေ့မြင်ပြီးသွားပြီမလား။ စာသင်သားတွေက လူကြီးလူကောင်းဆန်တဲ့ စိတ်ဓာတ်ကို ကိုင်စွဲထားတယ်ဆိုရင်တောင် နောက်ဆုံးကျ ဇာတိအမှန်ပြလာတာပဲ ဆိုတော့ ငါတို့ ထိပ်ဆုံးရောက်ရင်ရောက် မဟုတ်ရင် ဘာမှမဟုတ်တဲ့ကောင်တွေ ဖြစ်နေဦးမှာပဲ။ ကိုယ့်ထက်မြင့်တဲ့လူက လာတိုက်ခိုက်ရင် ကိုယ့်ဘက်က ဘယ်လောက်မှန်နေပါစေ။ အများက သူ့ဘက်ပဲလိုက်မှာ။ အဲဒါကြောင့် ငါတို့ အမြန်ဆုံး ပထမတန်းဝင်နိုင်အောင် လုပ်မှဖြစ်မယ်”
48.1 02
လီသာ့ထျန်က သက်ပြင်းတစ်ချက်နဲ့ ဆုံးမတယ်။
“ငါတို့ ပထမတန်းဝင်ပြီးသွားရင်ရော ဒီလိုတွေပူပင်စရာ မရှိတော့ဘူးလား”
“လုံးဝကြီး စိတ်ချထားလို့မရဘူးဆိုရင်တောင် အနည်းဆုံးတော့ ရန်လုပ်မဲ့သူ နည်းသွားတာပေါ့ကွာ။ ဒီလောကကြီးမှာ လူတွေက မျက်နှာကြီးရာ ဟင်းဖတ်ပါကြတာ။ ဒီကျောင်းလေးက သေးပေမဲ့ အပြင်လောကကြီး လည်ပတ်နေတဲ့ပုံစံနဲ့အတူတူပဲ။ မင်း ထိပ်တန်းကျောင်းသားဖြစ်တာနဲ့ အာဏာနဲ့ ဩဇာလွှမ်းမိုးမှုက အလိုလို ရောက်လာမှာပဲ။ တစ်နေ့တခြား ဂုဏ်သတင်းကြီးလာတာနဲ့ တခြားသူတွေလည်း လာထိရဲမှာ မဟုတ်တော့ဘူးဆိုတော့ ကိုယ့်ဘာသာ အေးဆေးနေလို့ရတာပေါ့”
မောက်ပါ့သိုက ခေါင်းတညိတ်ညိတ်လုပ်ပြီးမှ ချက်ချင်း သိချင်တာကို ထပ်မေးတယ်။
“ထင်းရှန်း မင်း ဘယ်လိုလုပ် ဒီလောက်အများကြီး သိနေတာလဲ”
ဒီမေးခွန်းကြားမှ ရွှီထင်းရှန်းလည်း သူ့ကိုယ်သူ ပြန်လန့်သွားတယ်။ သူ ဘယ်လိုလုပ် ဒါတွေသိနေရတာလဲ။ ကြည့်ရတာ အဲဒီအိပ်မက်ကြောင့်ပဲ ထင်ပါတယ်။ အဲဒီအိပ်မက် မက်ပြီးကတည်းက သူ့ရဲ့ စိတ်နေစိတ်ထားကလည်း အများကြီးပို ရင့်ကျက်လာခဲ့တယ်။
သို့ပေမဲ့ ကိုယ့်အတွင်းက အကြောင်းအရာတွေကို အပြင်လူတွေကို ထုတ်ပြောလို့မရတာကြောင့် သူက အပြုံးလေးနဲ့ပဲ စနောက်လိုက်တယ်။
“စာတစ်အုပ်က ဆန်တင်းပေါင်းများစွာနဲ့ညီသလို သစ်တစ်ပင်ကလည်း စံအိမ်ကြီး ဖြစ်လာနိုင်တယ်လေ”
(လက်ရှိမြင်နေရတဲ့ သေးငယ်တဲ့အရာတွေ (စာတစ်အုပ်၊ သစ်တစ်ပင်)ရဲ့ အတွင်းတန်ဖိုးကို အထင်မသေးဖို့နဲ့၊ အဲဒီအရာတွေကို မှန်မှန်ကန်ကန် အသုံးချ၊ ပျိုးထောင်တတ်ရင် အနာဂတ်မှာ မခန့်မှန်းနိုင်လောက်တဲ့အောင်မြင်မှုတွေ ရလာနိုင်တယ်”လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်)
“ဟွန့် မပြောချင်လည်း မပြောနဲ့ပေါ့။ ဘာလဲ အဲဒီစာစကားတွေတောင် ရွတ်ပြပြီး ငါ့ကို ဦးနှောက်ခြောက်အောင် လုပ်လိုက်သေးတယ်”
လေးယောက်သားက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မောလိုက်မိတယ်။ ဆယ်ကျော်သက်လေးတွေကြားက သူငယ်ချင်းဆက်ဆံရေးကလည်း ရယ်မောသံတွေနဲ့အတူ ပိုမိုနက်ရှိုင်းလာတော့တယ်။
လင်းမြောင်က လက်ထဲကစာလိပ်ကိုပိတ်ပြီး ဟောခန်းမထဲက ထွက်သွားတယ်။ သူ မထွက်သွားခင် ယွီကျစ်ယို့ကို သူ့ရုံးခန်းဆီလိုက်လာဖို့ ပြောသွားခဲ့တယ်။ ကျန်တဲ့ကျောင်းသားတွေကတော့ မနာလိုအားကျမှုတစ်သိန်းနဲ့ ကျန်ခဲ့ရတော့တာပေါ့။
ကျောင်းအုပ်ကြီးကိုယ်တိုင် အနီးကပ်သင်ကြားတာခံရဖို့ဆိုတာ တစ်ကျောင်းလုံးမှာ လိုချင်တိုင်း ရတဲ့အခွင့်အရေး မဟုတ်ဘူး။ ပထမတန်းကို ဝင်နိုင်တဲ့ကျောင်းသားတွေထဲမှာတောင် ယွီကျစ်ယို့၊ ဟူလျန်ရှန်းနဲ့ဝမ်ချီတို့ သုံးဦးသာ ကံထူးရှင်တွေဖြစ်သွားကြတာ။
ပထမတန်းထဲက တချို့ကျောင်းသားတွေကိုလည်း ဆရာကြီးက ရံဖန်ရံခါ ခေါ်ပြီး သင်ကြားပေးလေ့ရှိပေမဲ့ သူတို့သုံးယောက်လိုတော့ မကြာခဏ ဟုတ်မနေဘူး။ ကျောင်းအုပ်ကြီးရဲ့ ပညာအတိမ်အနက်ကို မေးခွန်းထုတ်နေစရာတောင် မလိုဘူး။
သူက နန်းတွင်းစာမေးပွဲအောင်ပြီး ရှို့ချိုင်ဖြစ်လာတဲ့ နောက်နှစ်ကစလို့ နိုင်ငံတော်ရဲ့ နှစ်တိုင်းလိုလို ထောက်ပံ့ကြေးပါ ရခဲ့တဲ့ထိပ်တန်းစာသင်သားပဲ။ ဆရာကြီးရဲ့ အရည်အချင်းနဲ့ဆို နောက်လာမဲ့ နန်းတွင်းစာမေးပွဲမှာ ကျူးရန်ပါ ဖြစ်လာနိုင်ချေရှိတယ်လို့ တိတ်တိတ်လေး ပြောကြတဲ့ ကျောင်းသားတွေအများကြီးပဲ။
ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ကျောင်းအုပ်ကြီး ဘာလို့စာမေးပွဲထပ်မဖြေသလဲဆိုတာတော့ ဘယ်သူမှ စဥ်းစားမရဘူး။ ယေဘုယျအားဖြင့် ပညာဗဟုသုတကြွယ်ဝတဲ့ ပညာရှိတွေက တပည့်တပန်းလက်ခံကြပေမဲ့ ကျောင်းအုပ်ကြီးကတော့ တစ်ယောက်မှ လက်သပ်မမွေးသေးဘူး။
ကျောင်းသားတွေလည်း ဘာကြောင့်မှန်း အတိအကျမသိသေးဘူး။ ဆရာမုန့်ကတော့ သိရင်သိလောက်မယ်ဆိုပေမဲ့ သူ့လိုအဘိုးကြီးတွေကလည်း သိပ်လျှို့ဝှက်တတ်တယ်။ ဒါပေမဲ့ သူမပြောတာနဲ့တင် လူတိုင်းရဲ့ မှန်းဆချက်တွေက ရပ်တန့်မသွားဘူး။
ကျောင်းအုပ်ကြီးရဲ့ အပြုအမူတွေကို ကြည့်တာနဲ့တင် သူအနီးကပ်သင်ပြမဲ့ တပည့်က ဟူလျန်ရှန်း၊ ဝမ်ချီနဲ့ကျစ်ယို့တို့ထဲက တစ်ယောက်ဖြစ်နိုင်တယ်။ သုံးယောက်ထဲမှာ ဝမ်ချီကလွဲ တခြားနှစ်ယောက်က ပိုတောင်ဖြစ်နိုင်သေးတယ်။ ဘာလို့ဆို သူတို့က နာမည်တစ်လုံးတောင် ရထားပြီးပြီလေ။
48.1 03
လောလောဆယ်မှာတော့ ယွီကျစ်ယို့က လင်းမြောင်ထွက်သွားပြီး တစ်အောင့်လောက်ကြာတဲ့အခါ သူ့ပစ္စည်းတွေ သိမ်းဆည်းပြီး နောက်ကလိုက်သွားခဲ့တယ်။ သူ ရောက်သွားတဲ့အချိန်မှာတော့ ဆရာကြီးက အဆောင်ထဲမှာ ရေနွေးကြမ်းသောက်ရင်း သူ့ကိုစောင့်နေတာ တွေ့လိုက်ရတယ်။
“ဒီနေ့ မင်းကို မေးခွန်းတစ်ခု အိမ်စာပေးလိုက်မယ်။ သေချာစဥ်းစားလာခဲ့ပြီး မနက်ဖြန် အဖြေလာပေးလှည့်”
ယွီကျစ်ယို့ရဲ့ ဗဟုသုတအဆင့်ကို ပြောရမယ်ဆိုရင် သူက စာပေကြီး လေးကျမ်းနဲ့ဂန္ဓဝင် ငါးဖြာကို ကျေညက်အောင် နားလည်ပြီးလို့ ဆက်သင်ရမှာဆိုလို့ ရှစ်ပိုဒ်ခွဲစာစီစာကုံးပဲ ကျန်တော့တယ်။ ရှစ်ပိုဒ်ခွဲစာစီစာကုံးက လက်ရှိမင်းဆက်ခေတ်မှာ အင်မတန် အသုံးများလာပြီး အထွတ်အထိပ်ကာလလို့လည်း ပြောလို့ရတယ်။
ပုံမှန်အားဖြင့် သူတို့က စာပေကြီး လေးကျမ်းနဲ့ဂန္ဓဝင် ငါးဖြာထဲက အကြောင်းအရာတွေကိုပဲ ခေါင်းစဥ်ထုတ်မေးတာမို့လို့ အခုဆို ဘယ်မေးခွန်းမှ မေးဖို့မကျန်တော့တဲ့ ပြဿနာတောင် တက်နေသေးတယ်။
အဲဒီလိုနဲ့ မူရင်းစကားစုကို ဖျက်ထားတဲ့ မေးခွန်းပုံစံအသစ် ထွက်လာတော့တယ်။ ဒီနည်းလမ်းက ကျမ်းစာပါ စကားစုတွေမှာ အဓိပ္ပာယ်ပေါ်လွင်တဲ့အပိုင်းတွေကို ဖြတ်ထုတ်ထားပြီး မရေမရာ စကားလုံးတွေကိုပဲပြပြီး မေးထားတာကြောင့် ဖြေဆိုသူတွေကို အင်မတန် ခေါင်းရှုပ်စေတယ်။
အရိုးသားဆုံးပြောရရင်တော့ ဒါက တကယ်တမ်း စာပေကြီး လေးကျမ်းနဲ့ဂန္ဓဝင် ငါးဖြာထဲက မတူညီတဲ့ သင်ခန်းစာ ခေါင်းစဥ်တွေကို ဟိုတစ်လုံး ဒီတစ်လုံးစပ်ပြီး ပေါင်းမေးထားတာပါပဲ။ ဒါမှ နားမလည်တဲ့သူအတွက် အဖြေရှာမရအောင် ခက်ခဲပြီး နားလည်တဲ့သူအတွက် မေးထားတဲ့ ခေါင်းစဥ်ကို ကွက်တိဖမ်းရေးလို့ရအောင်လို့ ဖန်တီးထားတာ။
ဥပမာအားဖြင့် အရင်မင်းဆက်တုန်းက စာစစ်အရာရှိ တစ်ယောက်ဟာ အလွန်ကို ထူးဆန်းတဲ့ ခေါင်းစဉ်တစ်ခု ပေးခဲ့ဖူးတယ်။ အဲဒါကတော့ 'မင်းကြီး၏ကတော်သည် ယန်ဟော့ကို အလိုရှိသည်'ဆိုတာပါပဲ။
စာသားကို ဒီတိုင်းဖတ်လိုက်ရင်တော့ အရမ်းကို ညစ်ညမ်းတဲ့ အဓိပ္ပာယ် ဖြစ်နေတယ်။ ဘယ်မင်းကြီးရဲ့ကတော်က ဘယ်လို မသင့်တော်တဲ့ အရာကို ကြည့်ချင်နေတာလဲ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ 'မင်းကြီး၏ကတော်'ဆိုတာက လွန်းယွီထဲက စာသားဖြစ်ပြီး 'တိုင်းပြည်အုပ်ချုပ်သူ၏ဇနီး' ကို ခေါ်တာပါ။ 'ယန်ဟော့ကို အလိုရှိသည်'ဆိုတာကလည်း လွန်းယွီထဲမှာပါတဲ့ 'ယန်ဟော့က ကွန်ဖြူးရှပ်ကို တွေ့ချင်ပေမဲ့ ကွန်ဖြူးရှပ်က အတွေ့မခံဘူး' ဆိုတဲ့ စာသားက လာတာပါ။
ဒီလိုမျိုး ဘာမှမဆိုင်တဲ့ စာသားနှစ်ခုကို ပေါင်းပြီး မေးခွန်းထုတ်လိုက်တဲ့အခါ၊ စာမေးပွဲဖြေမဲ့သူတွေခမျာမှာတော့ ငိုချင်စိတ်တောင် ပေါက်သွားနိုင်တယ်။
ဒါပေမဲ့ အခုလက်ရှိ တာ့ချန်းမင်းဆက်ရဲ့ စာမေးပွဲတွေမှာလည်း ဒီလိုမျိုး 'စာသားဖြတ်ဆက်' မေးခွန်းတွေပဲ အမေးများတာကြောင့်၊ ကျောင်းသားတွေရဲ့ အခြေအနေအရ ပြောင်းလဲနိုင်စွမ်းနဲ့ မူရင်းကျမ်းစာတွေအပေါ် အခြေခံခိုင်မာမှုကို တကယ်ပဲ စမ်းသပ်ရာ ရောက်ပါတယ်။
ဒီနေ့မှာလည်း လင်းမြောင်က ယွီကျစ်ယိုကို အဲဒီလို မေးခွန်းမျိုးပဲ တစ်ပုဒ် ပေးလိုက်တယ်။
ဆရာကြီးဆီက မေးခွန်းစာရွက်ရပြီးတဲ့အခါ ယွီကျစ်ယို့က အောက်ပါမေးခွန်းကိုတွေ့ပြီး လန့်သွားတယ်။
"လူယုတ်မာသည် အန္တရာယ်ကြား၌ ကံကောင်းမှုကို ရှာဖွေတတ်ပြီး၊ သူတော်ကောင်း၏ စကားကို နားထောင်ခြင်းသည်သာ အသိဉာဏ် မြင့်မားခြင်းဖြစ်၏။"
ဒီစာသားရဲ့ အဓိပ္ပာယ်ကို ပြန်ကြည့်ရင် ရှေ့ပိုင်းစာသား 'လူယုတ်မာသည် အန္တရာယ်ကြား၌ ကံကောင်းမှုကို ရှာဖွေတတ်သည်' ဆိုတာက ကျုံးယုံးကျမ်းထဲက ဖြစ်ပြီး၊ မူရင်းစာသား အပြည့်အစုံကတော့ 'လူကြီးလူကောင်းသည် ကောင်းကင်ကို အပြစ်မတင်၊ လူသားကို အပြစ်မပုံဘဲ၊ မိမိရဲ့နေရာမှာ အေးအေးဆေးဆေးနေကာ ကံကြမ္မာကို စောင့်ဆိုင်းတတ်သော်လည်း၊ လူယုတ်မာကတော့ အန္တရာယ်တွေကြားထဲမှာ မသင့်တော်တဲ့ အကျိုးအမြတ်တွေကို မရရအောင် ကြိုးစားရှာဖွေတတ်သည်' လို့ ဆိုလိုတာပါ။
နောက်ပိုင်းစာသား 'သူတော်ကောင်း၏ စကားကို နားထောင်ခြင်းသည်သာ အသိဉာဏ် မြင့်မားခြင်းဖြစ်၏' ဆိုတာကတော့ ရှန့်ရှူးကျမ်းထဲက ဖြစ်ပြီး၊ မူရင်းကတော့ 'အဝေးကို မြင်နိုင်ခြင်းသည် အမြင်အာရုံ ထက်မြက်ခြင်းဖြစ်ပြီး၊ ကောင်းမွန်သော စကားကို နားထောင်ခြင်းသည် အကြားအာရုံ စူးရှခြင်းဖြစ်သည်'လို့ ဆိုလိုတာပါ။ စာဖတ်သူတွေအနေနဲ့ မိမိကိုယ်ကို ဆင်ခြင်တုံတရားရှိဖို၊ အစဉ်တစိုက် သင်ယူဖို၊ ကိုယ့်ရဲ့ အပြုအမူတွေကို ပြန်လည်စစ်ဆေးဖိုနဲ့ စိတ်ထားဖြူစင်စွာနဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို လက်ခံဖို အားပေးထားတာ ဖြစ်ပါတယ်။
ဒါဆိုရင်... ဆရာက တစ်ခုခုကို ရည်ရွယ်ပြီး ပြောလိုက်တာလား။
ယွီကျစ်ယို့က အတွေးလွန်တာကို မထိန်းနိုင်တော့ဘဲ မသိစိတ်ရဲ့ လှုံ့ဆော်မှုအရ လင်းမြောင်ကို တစ်ချက်ခေါင်းမော့ကြည့်လိုက်မိတယ်။ ဆရာကြီးရဲ့မျက်နှာက ခါတိုင်းလို လေးနက်နေဆဲဖြစ်ပြီး သူ့မျက်ဝန်းတွေကလည်း ရေသေအိုင်လို တည်ငြိမ်နေတယ်။
“သွားလို့ရပြီ”
ယွီကျစ်ယို့က တရိုတသေ ဦးညွှတ်နှုတ်ဆက်ပြီးတဲ့နောက် လှည့်ထွက်လာခဲ့ပေမဲ့ အခန်းအပြင်ရောက်တော့မှ သူ့မျက်နှာအမူအရာက အကျည်းတန်သွားတော့တယ်။
………….
******
48.2 01
အခန်း 48.2
အဲဒီနေ့မှာ ဖြစ်ပွားသွားတဲ့ကိစ္စက ကျောင်းသားအတော်များများကြား ဆွေးနွေးပြောဆိုစရာ ရေပန်းစားတဲ့ ခေါင်းစဥ်တစ်ခုဖြစ်လာပြီး သူတို့ အများဆုံးပြောကြတာကတော့ အဆောင်ကလူတွေ ဒီကိစ္စနောက်ကွယ်က ကြိုးကိုင်တဲ့သူကို စော်ကားမိသွားပြီဆိုတာပဲ။
ဒါပေါ့ တချို့ကတော့ ဝမ်ချီက ပထမတန်းက ဂုဏ်သရေနဲ့ပြည့်စုံတဲ့ ကျောင်းသားမို့ လွယ်လွယ်သိမ်းသွင်းခံမှာ မဟုတ်ဘူးဆိုပြီး ငြင်းနေကြသေးတာပေါ့။ မဟုတ်လည်း ဒီမှာ အနေအေးတဲ့ ဝမ်ချီကိုယ်တိုင် ရှေ့ထွက်ပြီး စွပ်စွဲပေးရလောက်တဲ့အထိ ဘယ်သူက အာဏာပြင်းလို့လဲ။
အဲဒီအပြင် ဝမ်ချီရဲ့ ပြတ်သားတဲ့ တောင်းပန်စကားနဲ့ ချောချောချူချူ နောက်ဆုတ်သွားတာကို ကြည့်ပြီးတော့ လူအတော်များများက တိုက်ဆိုင်တာလို့သာ ယူဆကြတယ်။ အမှန်တကယ်မှာတော့ အားလုံးက ဖြစ်ကြောင်းကုန်စင်ရဲ့ အပေါ်ယံအနည်းငယ်သာ မြင်ထားကြတာ။
ဝမ်ချီက တကယ်သိမ်းသွင်းခံခဲ့ရတာဖြစ်ပြီး လာဘ်ထိုးသူကတော့ တခြားသူမဟုတ် ယွီကျစ်ယို့ပဲ။ ယွီကျစ်ယို့က ဝမ်ချီရဲ့ကျောင်းမှာ သီးသန့်နေပြီး တိတ်ဆိတ်တဲ့အကျင့်စရိုက်ကြောင့် ဘယ်သူမှ များများစားစား သံသယဝင်မှာ မဟုတ်ဘူးဆိုပြီး သူ့ကိုရွေးချယ်လိုက်တာဖြစ်တယ်။
သူဘာလို့ မောက်ပါ့သိုကို အကောက်ကြံရသလဲဆိုတာကတော့ ရှည်ရှည်ဝေးဝေး စဥ်းစားနေစရာတောင် မလိုပါဘူး သေချာပေါက် ဟိုနေ့က ကန်တင်းကကိစ္စကြောင့်ပဲပေါ့။ ဟယ်မင်းက အစကတည်းက ယွီကျစ်ယို့ထံပါးမှာ မြှောက်ပင့်ခိုစားနေတဲ့လူ ပြီးတော့ ယွီကျစ်ယို့က အတော်လေး စိတ်သဘောထားကျဥ်းမြောင်းတဲ့အထဲ ပါတယ်။
အဲဒီနေ့တုန်းက ရွှီထင်းရှန်းက သူ့ကို အတော်လေး စော်ကားလိုက်ပြီးထဲက ရင်ထဲအစာမကြေဖြစ်နေခဲ့တာ ဒီကြားထဲ ဟယ်မင်းရဲ့သွေးထိုးမှုတွေက သူ့အစီအစဥ်ရဲ့ အဓိကလောင်စာဖြစ်နေခဲ့တယ်။
အဲဒါကြောင့် သူက မောက်ပါ့သိုတို့တစ်အုပ်စုလုံးကို ကျောင်းထွက်ရအောင် လုပ်ချင်ခဲ့တာ မောက်ပါ့သိုကို ကိုင်တွယ်ရတာလွယ်ပေမဲ့ ရွှီထင်းရှန်းက မခေဘူး။ ယွီကျစ်ယို့က နားထောင်နေရင်း တကယ်လို့ စာအုပ်ရှာမတွေ့လည်း ကျောင်းထွက်ရမှာ ကျိုးလီဆိုတော့ သူလွတ်ပြီထင်ခဲ့တာ။
ဒါပေမဲ့ ကျောင်းအုပ်ကြီးက သူ့ကို ရုတ်တရက်ကြီး ဒီလိုမေးခွန်းပေးလာလိမ့်မယ်လို့ မတွက်ထားခဲ့ဘူး။ ဆရာကြီးက သူ့ကို တဖြည်းဖြည်း စိတ်နှလုံးမကောင်းတဲ့ လူဆိုးအဖြစ်ပြောင်းလဲနေပြီလို့ ပြောချင်တာလား။
သူ့အတန်းဖော်တွေကို နောက်ကွယ်မှာ ချောက်ချလို့လေ။
ယွီကျစ်ယို့က တွေးလေလေ ရှော့ရလေလေမို့ စာရွက်ကိုကိုင်ထားတဲ့ လက်တွေ တင်းကျပ်သွားပြီး အချိန်တစ်ခုအထိ မလှုပ်မယှက် ငိုင်နေမိတယ်။ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကြားတော့မှ သူ့အသိစိတ်က လက်ရှိကို ပြန်ရောက်လာခဲ့တာ။
“အစ်ကိုယွီ အစ်ကိုယွီ”
ယွီကျစ်ယို့က ဝင်လာတဲ့လူကို တွေ့တာနဲ့ မျက်နှာအမူအရာက ချက်ချင်းတင်းမာသွားပြီး “မင်းက ဘာလို့ငါ့ဆီရောက်လာတာလဲ။ လူတွေ သတိထားမိသွားလိမ့်မယ်”
ဝမ်ချီက ခပ်ပါးပါး ပြုံးပြရင်း “ဟို ကျွန်တော်က အစ်ကို ကျန်တဲ့ငွေလေးကို မေ့နေမှာစိုးလို့ လာသတိပေးတာပါ”
“အဲဒါက ငါ့အတွက် ဘယ်လောက်မှတောင်မရှိဘူး။ ဘာလဲ မင်းက ငါ အဲဒီလောက်လေးကို မပေးတော့မှာစိုးနေတာလား။ ဒီတစ်ခေါက် နားရက်ရတာနဲ့ အိမ်ပြန်ယူပြီး မင်းကို အချိန်မှီပေးမယ်။ ပူမနေနဲ့ ပြီးတော့ မင်း အရမ်းအားလပ်နေရင်လည်း ငါ့ဆီ ခိုးခိုးလာမနေနဲ့ အားလုံးပေါ်ကုန်လိမ့်မယ်ကွ”
ဒီလိုပြောပြီးတာနဲ့ ယွီကျစ်ယို့က အလောတကြီးထွက်သွားတော့ ဝမ်ချီက တစ်စက္ကန့်လောက် ထွက်ခွာသွားသူရဲ့နောက်ကျောကို ရပ်ကြည့်နေပြီးမှ သူ့လမ်းသူ လှည့်ထွက်သွားတယ်။ တကယ်လည်း အဲဒီနေ့က ရွှီထင်းရှန်းရဲ့ စကားတွေက အလုပ်ဖြစ်သွားတယ် ထင်ပါတယ်။ မောက်ပါ့သိုက ဒီတလောအတွင်း အတော်လေး စာကိုပဲ ဇွဲရှိရှိ ကြိုးစားနေခဲ့တယ်။
အချိန်တွေက ဖြည်းညှင်းစွာ ကုန်ဆုံးနေပြီး သူတို့လေးယောက်သားကလည်း အပျော်အပျက်တွေကို ခဏရပ်ထားကာ စာလေ့လာတဲ့အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေခဲ့တယ်။ ဒီရက်တွေအတွင်း ရွှီထင်းရှန်းက ကျောက်အာကို စာသင်ပေးဖို့ ခဏခဏအိမ်ပြန်လာခဲ့ပေမဲ့ သူမက တအားအလုပ်ရှုပ်နေတော့ သူရောက်လာတိုင်း အိမ်မှာရှိတာရှားတယ်။ ပြန်လာရင်လည်း တစ်နေကုန်အလုပ်ကြောင့် လုံးပါးပါးနေပြီမို့ မကြည့်ရက်တဲ့ ရွှီထင်းရှန်းက စာသင်မဲ့အကြောင်း မဟဘဲ စောစောနားခိုင်းလိုက်တော့တယ်။
48.2 02
ဒီအတောအတွင်း ရွှီစွေ့အယ်ကလည်း ကျောက်မိသားစုဘက်က လာမတောင်းသေးတဲ့အပေါ် တစတစ စတင်စိုးရိမ်သောကရောက်လာခဲ့ပြီ။ သူမတင်မဟုတ်ဘဲ အဘွားကျောက်ကလည်း ထိတ်လန့်နေပေမဲ့ အဘိုးရွှီက သားအမိနှစ်ယောက်ကို စကားတစ်ခွန်းနဲ့ထိန်းထားနိုင်လို့ပေါ့။ မဟုတ်ရင် ဘာတွေထပ်ဖြစ်မလဲ မပြောနိုင်ဘူး။
ထိုစဥ် ကျောက်မိသားစုအိမ်အတွင်းမှာလည်း အခြေအနေတွေက သာယာမနေခဲ့ဘူး။
“မင်းကို ဆူတာမဟုတ်ပါဘူး။ ဒါပေမဲ့ အမှန်ကို ဘာလို့ငြင်းနေမလဲ။ ပြီးတော့ ဒါတွေအားလုံးက စွေ့အယ်တစ်ယောက်တည်းကိုပဲ စည်းမစောင့်တာလို့ သွားပြောလို့မရဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ ကျင်ရွေ့သာမပါရင် ဒီလိုဖြစ်လာပါ့မလား။ အခုဆို မင်းက အဘွားဖြစ်တော့မှာလေ။ ဒီလောက်အထိ အခြေအနေ မဆိုးလောက်ဘူးဆိုပေမဲ့ မင်းရော မင်းမြေးလေးကို မချီချင်တော့ဘူးလား”
ဦးလေးကျောက်က တဗျစ်တောက်တောက် ဆိုတယ်။ အဒေါ်ဟုန်းကတော့ စိတ်ဆိုးမာန်ဆိုးနဲ့ မျက်လုံးလှန်ပြပြီး အခန်းထဲဝင်သွားတယ်။ ဒါပေါ့ သူမက ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ ရွှီစွေ့အယ်ကို သဘောမကျတာလည်းပါသလို သူ့အမေကို သင်ခန်းစာပေးချင်တာလည်းပါတယ်။
သူမ ကျောက်ဝမ်ကို ယူကာစတုန်းက ယောင်းမဖြစ်တဲ့ အဘွားကျောက်က သူမကို နောက်ကွယ်မှာ မယားငယ်လို့ခေါ်တဲ့အပြင် ဆိုးဆိုးဝါးဝါးလည်း ဆက်ဆံခဲ့သေးတယ်။ မိထွေးဖြစ်ရတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။ ဒါပေမဲ့လည်း ဒီနှစ်တွေထဲ သူမ ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
အခုနောက်ဆုံး ဒီအကျင့်မကောင်းတဲ့ ယောင်းမကို ပညာပြနိုင်မဲ့ အခွင့်အရေးပေါ်လာမှတော့ အဒေါ်ဟုန်းက လက်လွတ်ခံပါ့မလား။ မိန်းကလေးဖြစ်တဲ့ ရွှီမိသားစုဘက်က အရင်ခခယယနဲ့ သူမတို့အိမ်ဝရောက်ချလာမယ်လို့ တွက်ထားပေမဲ့ တစ်ဖက်က ဒီလောက်အထိ အေးအေးလူလူဖြစ်နေမယ်တော့ မထင်ထားဘူး။
အချိန်ကာလကို တွက်ကြည့်လိုက်မယ်ဆို လောလောဆယ် ကောင်မလေးရဲ့ဗိုက်က သုံးလလောက်ရှိနေပြီ။ သူတို့ ဒီအတိုင်းသာ ဆက်အချိန်ဆွဲနေရင် မင်္ဂလာဆောင်လိုက်ပြီးရင်တောင် ဗိုက်က ဖုံးလို့ရမှာမဟုတ်တော့ဘူး။
“အေး မင်းလုပ်နေလိုက် ကျင်ရွေ့ရဲ့နာမည်က ရစရာတောင်ရှိတော့မှာ မဟုတ်ဘူး။ မင်း.. မင်းသားကို ရှို့ချိုင်ရော ဖြစ်စေချင်သေးရဲ့လား ရှို့ချိုင်အမေဆိုပြီး ဂုဏ်မယူချင်တော့ဘူးလား”
ဦးလေးကျောက်က အပြင်ကလှမ်းအော်တယ်။ အဒေါ်ဟုန်းကတော့ နားထောင်လေ ဒေါသထွက်လေမို့ သည်းမခံနိုင်တော့ဘဲ ခြေထောက်ဆောင့်ရင်း ထွက်လာပြီး ဆူဆူအောင့်အောင့် ဆိုတယ်။
“အေး ရှင်ဆုံးဖြတ်ပြီးမှတော့ လုပ်ပေါ့။ ဘာလို့ကျွန်မကို မေးနေသေးလဲ”
ကျောက်ဝမ်က သူ့မိန်းမလေးကို မော့ကြည့်လိုက်ပြီး “စွေ့အယ်ကို တင်မတောင်းဘူး ပြောတာ မင်းလေ… လက်ထပ်ပါတယ်ဆိုမှတော့ တင်မတောင်းဘူးဆိုတာ ဘယ်မှာရှိလို့လဲ။ ပြီးတော့ တစ်ဖက်ကလည်း ဆွေမျိုးအရင်းအချာတွေကို ဒါကိုသာ တခြားလူတွေကြားကြည့် ငါတို့ကို လှောင်လိမ့်မယ်”
ကျောက်မိသားစုရဲ့နောက်ခံက ပြောသလောက်မဆိုးဘူး။ သူတို့မှာ လယ်ဧကတချို့ရှိသလို ကျောက်ကျားဟွမ်းအတွင်းမှာဆို သူကြွယ်တွေထဲက တစ်အိမ်ပဲ။ မဟုတ်ရင် အဒေါ်ဟုန်းလို ငယ်ငယ်လှလှ မိန်းကလေးက သူ့ထက် ဆယ်နှစ်လောက်ကြီးတဲ့ အဘိုးကြီးကို ဘယ်ယူမလဲ။
ကျောက်ဝမ်က သူ့သား မိန်းမတင်တောင်းဖို့အတွက်တော့ ငွေရှိပါသေးတယ်။ အဒေါ်ဟုန်းက သူရှိနေတဲ့ အပူပေးအိပ်ရာအစွန်းမှာ လာဝင်ထိုင်ပြီး “ကျွန်မကလည်း ခံပြင်းလို့ပါ။ ဒီလောက် သားကောင်းရတနာလေးရှိနေတာကို ကျွန်မသာဆိုရင်တော့လေ ကျင်ရွေ့ကို လျူသိကျူတို့အိမ်က သမီးနဲ့ပေးစားလိုက်မှာ”
အဒေါ်ဟုန်းရဲ့လေသံက အနည်းငယ် ချွဲတဲတဲဆန်သွားတော့ ဦးလေးကျောက်က ဘဝင်ခွေ့သွားတယ်။ လူအိုကြီးက သူ့မိန်းမလေးကို အတော်ချစ်ပြီး အလိုလိုက်ရှာပါတယ်။ ဒါကြောင့်လည်း သူမက တစ်အိမ်လုံးမှာ အာဏာအရှိဆုံးတောင် ဖြစ်နေတာပေါ့။
ကျောက်မိသားစုက ချွေးမ ၂က ဒါကိုတံခါးဝကနေ မြင်လိုက်တဲ့အခါ ဒေါသအလျောက် အံတင်းတင်း ကြိတ်လိုက်ပြီး ဒီစုန်းအိုမကို မြစ်ထဲပစ်ချလိုက်ချင်တာ၊ ဒါမှ သူမယောက်ျားနဲ့ယောက္ခထီးတို့ကြား ဆက်ဆံရေးကို ကြားဝင်သွေးမထိုးတော့အောင်လေ။
48.2 03
ဒါပေမဲ့လည်း ဒါက စိတ်ကူးရုံပဲ ရပါသေးတယ်။ သူမက ခေါင်းငုံ့ရင်း ပဲဆက်စွတ်နေပေမဲ့ အဓိကအခန်းထဲက လှုပ်ရှားသံတွေကိုတော့ စဥ်ဆက်မပြတ် နားစွင့်နေလိုက်တယ်။
“ဒါဆို မနက်ဖြန်သွားမှာလား”
“မြန်မြန်သွား မြန်မြန်ကိစ္စပြတ်တာပေါ့”
“တင်တောင်းငွေကို ရှေးထုံးတွေအပြင် ကျင်ရွေ့လည်း အမှားလည်းပါတာမို့ ငွေတုံး ၁၀ တုံး ထပ်တိုးပေးလိုက်ကြတာပေါ့။ ဘယ်လိုမဆို ငါ့ညီမမျက်နှာလည်း ထောက်ရဦးမယ်လေ။ ဒီကိစ္စကို ငါတို့ဘက်က အကြာကြီးအချိန်ဆွဲထားတာဆိုတော့”
အဒေါ်ဟုန်းက သူ့ယောက်ျားစကားကို အလိုမကျပေမဲ့လည်း ကျိတ်မှိတ်သည်းခံပြီး သဘောတူပေးလိုက်ရတယ်။
…………….
******