ကောက်ကျစ်စဉ်းလဲမှုဖြင့် နာမည်ကျော်ကြားလှသည့် အမတ်ချုပ်ကြီး ရွှီထင်းရှန်း တစ်ယောက် သူ၏ ငယ်ဘဝဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် ရွှီမိသားစုမှာ အိမ်နံရံလေးဘက်မှလွဲ၍ ဘာမှမရှိလောက်အောင် ဆင်းရဲမွဲတေနေဆဲဖြစ်သလို စာသင်ခွင့် ခွဲတမ်းတစ်နေရာ ရရှိရေးအတွက် မိသားစုအတွင်း ခေါင်းကွဲမတတ် လုယက်ရန်ဖြစ်နေကြရဆဲ ဖြစ်သည်။ သူမသည်လည်း သူ၏ ကလေးသတို့သမီးလေး ဖြစ်နေဆဲပင်။ ဤတစ်ကြိမ် ဘဝအသစ်တွင်တော့ သူသည် ဘဝပုံစံတစ်မျိုး ပြောင်းလဲရှင်သန်ရန် ဆုံးဖြတ်လိုက်လေသည်။ သူ၏ အဓိက တာဝန်မှာ သူမအပေါ် ကောင်းပေးရန်၊ ပို၍ကောင်းပေးရန်နှင့် နည်းလမ်းပေါင်းစုံဖြင့် ကောင်းပေးရန်ဖြစ်ပြီး ထို့နောက်တွင်တော့ သားသမီးရတနာ များများစားစား မွေးဖွားရန်ပင် ဖြစ်သည်။ ကျောက်အာသည် ရွှီမိသားစု၏ ကလေးသတို့သမီးလေး ဖြစ်သည်။ သူမအနေဖြင့် ဤကောင်လေး အရွယ်ရောက်လာသည့်အခါ လက်ထပ်ပေါင်းသင်းရမည်ကို သိရှိထားပြီး ဖြစ်သည်။ သို့သော် ထိုကောင်လေးက သူမကို မနှစ်သက်ဘဲ အမြဲလိုလို ရွံရှာမုန်းတီးနေခဲ့သည်။ သို့သော် တစ်ညအတွင်းမှာပင် ထိုကောင်လေးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ သူမအပေါ် ကောင်းပေးရုံသာမက လူကွယ်ရာတွင်လည်း သူမကို ပွေ့ဖက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သေးသည်။ ဒါ... ဒါ... ဒါက... (မှတ်ချက်။ ။ ကောက်ကျစ်စဉ်းလဲသော အမတ်ချုပ်ကြီး၏ ဇနီးသည်အား ပျိုးထောင်ပုံသွင်းခြင်း လမ်းစဉ်။ နေပါဦး... ဘယ်သူက ဘယ်သူ့ကို ပျိုးထောင်တာလဲ။ မျက်နှာပြောင်တိုက်လိုက်တာ။) တာ့ကုန်ဇစ်(ခွေးကြီး)။ ။ ငါ့မိန်းမက ငါ့ကို မျက်နှာပြောင်တိုက်တယ်လို့ ပြောနေလို့ ဇာတ်လမ်းအကျဉ်းကို တစ်ခွန်းတည်းနဲ့ ပြောင်းပြောလိုက်မယ်... ကောက်ကျစ်စဉ်းလဲသော အမတ်ချုပ်ကြီး အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိခြင်း လမ်းစဉ်တွင် မတော်တဆ အရာရှိကောင်းတစ်ယောက် ဖြစ်သွားရလေသည်။ ******

