အခန်း (၁၇၇-၁၇၈)
Vol. 18 Ch. 177-178
အခန်း (၁၇၇)
တကယ်တမ်းတွင် ကျဲ့ကျန်းနယ်တစ်ခုလုံး၌ ဤသတင်းကို ကြားသိရသူများအနက် မျက်နှာပျက်မသွားသူဟူ၍ မရှိသလောက်ပင် ရှားပါးလှတယ်။
မင်ကျဲ့စစ်သူကြီး ဖေးခဲ့ကျန့်သည် မြို့တော်သို့ ပြန်လည်ရောက်ရှိပြီး လုပ်ငန်းများ တင်ပြသည့်အခါတွင် မျှော်လင့်ထားသည့်အတိုင်းပင် မြို့တော်၌သာ ဆက်လက်ထိန်းသိမ်းခြင်း ခံလိုက်ရတယ်။ မင်ကျဲ့နယ်မြေတစ်ခုလုံးသည် အပြင်ပန်းတွင် တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အောက်ခြေ၌ အခြေအနေများမှာ စတင်ရုန်းရင်းဆန်ခတ် ဖြစ်နေပြီ ဖြစ်တယ်။
ဖေးခဲ့ကျန့်သည် မင်ကျဲ့နယ်မြေ၌ ဆယ်နှစ်နီးပါးခန့် အခြေချခဲ့သူဖြစ်ရာ ဤနယ်မြေနှစ်ခုရှိ လူအများအပြားမှာ သူ့ကို အမှီပြု၍ အသက်မွေးနေကြရတာ ဖြစ်တယ်။ ယခုအခါ သူ ထွက်ခွာသွားပြီဖြစ်ရာ မည်သူက အစားထိုး ရောက်ရှိလာမည်ကို မသိရသေးသဖြင့် မင်ကျဲ့နယ်မြေနှစ်ခုစလုံးသည် အာဏာအကွက်အကွင်း အပြောင်းအလဲကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီဆိုသည်မှာ ထင်ရှားလှတယ်။ မည်သူကမျှ အေးအေးဆေးဆေး မနေနိုင်ကြတော့ဘဲ နောက်ဆုံးရရှိမည့် ရူးသွပ်ဖွယ် အခွင့်အရေးကို အသုံးချကာ လက်ထဲသို့ ရသလောက် ငွေရှာရန် ကြိုးစားနေကြသလို မျက်လုံးများကလည်း မြို့တော်မှ ထွက်ပေါ်လာမည့် အမိန့်အာဏာများဆီသို့သာ စိုက်ကြည့်နေကြတယ်။
မင်ကျဲ့စစ်သူကြီးအဖြစ် မည်သူ့ကို ခန့်အပ်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ နန်းတွင်း၌ လပေါင်းများစွာကြာအောင် အငြင်းပွားခဲ့ကြသော်လည်း အဖြေမထွက်ခဲ့ကြဘူး။
အောက်ခြေမှ ထောက်ခံတင်ပြလာသူများကိုလည်း ဧကရာဇ်ကျားချန်က သဘောမကျဖြစ်နေသလို အမတ်ချုပ်ကြီးများအဖွဲ့ကလည်း မသင့်တော်ဟု ယူဆနေကြတယ်။ ထိုကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အတွင်းရေးကိစ္စ အသေးစိတ်ကို ပြင်ပလူများ မသိရှိနိုင်ကြသော်လည်း အာဏာရှိ ပုဂ္ဂိုလ်ကြီးများ၏ အားပြိုင်မှုများမှာ လူကို ထိတ်လန့်တုန်လှုပ်စေနိုင်လောက်တယ်ဆိုတာကိုတော့ ခံစားမိနေကြတယ်။
နောက်ဆုံးတွင် နှစ်ကုန်ခါနီးအချိန်သို့ ရောက်မှသာ ရာထူးခန့်အပ်မှုမှာ အတည်ဖြစ်သွားခဲ့တယ်။
ခန့်အပ်ခြင်းခံရသူမှာ နန်းတွင်း ရွေးချယ်ခန့်ထားရေးဌာန၏ ဒုတိယဝန်ကြီး ရှောက်ခိုင် ဖြစ်တယ်။
ဤရှောက်ခိုင်သည် ဝူရှီးမြို့သားဖြစ်ပြီး ဝူအမတ်ချုပ်ကြီးမှာ နန်းတွင်းရွေးချယ်ခန့်ထားရေးဌာန၏ ဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားသူ ဖြစ်ရာ ရှောက်ခိုင်မှာ မည်သူ့ဘက်တော်သား ဖြစ်သည်ဆိုသည်ကို အထူးပြောနေစရာ မလိုတော့ဘူး။
ဝူအမတ်ချုပ်ကြီး၏ ဘက်တော်သားများမှာ ဝမ်းသာအားရ ပြုံးပျော်နေကြသော်လည်း အခြားသော အုပ်စုများ၏ မျက်နှာထားမှာ မည်သို့ရှိမည်ဆိုသည်ကိုတော့ ပြင်ပလူများ မမြင်နိုင်ကြဘူး။ အောက်ခြေရှိအမတ်များ သိရှိသည်မှာ ဧကရာဇ်ကျားချန်၏မျက်နှာတော်မှာ ရက်ပေါင်းများစွာကြာအောင် ညှိုးနွမ်းနေခဲ့ပြီး လာဘပွဲတော်နေ့သို့ ရောက်မှသာ အနည်းငယ် ပြုံးရွှင်မှုကို မြင်တွေ့ခဲ့ရတယ်ဆိုတာပါပဲ။
မည်သို့ပင်ဖြစ်စေ မင်ကျဲ့စစ်သူကြီးကို ရွေးချယ်လိုက်ခြင်းဖြစ်ရာ ဤခန့်အပ်မှုသည် မြို့တော်ရှိ သာမန်ပြည်သူများအပေါ်တွင် ဘာသက်ရောက်မှုမှ မရှိသော်လည်း ကျဲ့ကျန်းနယ်မြေတစ်ခုလုံးမှာမူ အကြီးအကျယ် လှုပ်ခတ်သွားခဲ့တယ်။ ထိုသို့မဟုတ်ပါကလည်း ရှဲ့သခင်လေးကဲ့သို့သောသူမှာ ဤမျှအထိ စိတ်လှုပ်ရှားနေမည် မဟုတ်ဘူးလေ။
ထိုနေ့က ရှဲ့သခင်လေးနှင့် ရွှီထင်းရှန်းတို့ ဘာတွေ ပြောဆိုခဲ့ကြသလဲဆိုတာကို မည်သူမျှ မသိရှိကြဘဲ နှစ်သစ်ကူးပွဲတော်ကိုတော့ အရင်နှစ်များအတိုင်းပင် ဖြတ်သန်းခဲ့ကြတယ်။ ယခုနှစ်တွင် ကောင်းရှန်တို့အုပ်စုလည်း ရှိနေသဖြင့် အရင်နှစ်ကထက် ပိုမိုစည်ကားနေခဲ့တယ်။
နှစ်သစ်ကူးပြီးနောက်တွင် ရွှီထင်းရှန်းသည် ယခင်ကထက် ပို၍ အလုပ်များလာခဲ့တယ်။ သူသည် အစီအစဉ်ကြီးတစ်ခုကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားသောကြောင့် ဖြစ်တယ်။
ဤသည်မှာ ကျောက်အာကို သူပြောပြထားသည့် စကားဖြစ်ပြီး နေ့စဉ်နေ့တိုင်း သူသည် လျှို့ဝှက်စွာဖြင့် အပြင်သို့ ထွက်သွားတတ်သလို လူများကို ခေါ်ဆောင်၍ ပင်လယ်ထဲသို့လည်း ခဏခဏ ဆင်းသွားတတ်တယ်။ နောက်ပိုင်းမှသာ သူ ဘာလုပ်နေသလဲဆိုတာကို ကျောက်အာ သိရှိလိုက်ရတယ်။ သူသည် လူများကို ခေါ်ဆောင်၍ ရွှမ်းယွီဆိပ်ကမ်းကို တူးဖော်နေခြင်း ဖြစ်တယ်။
အစောပိုင်းတွင် ရှဲ့သခင်လေးတို့သည် လူအများ သတိမထားမိစေရန်အတွက် ဝင်လမ်းတစ်ကြောင်းနှင့် ထွက်လမ်းတစ်ကြောင်း၊ စုစုပေါင်း ရေလမ်းကြောင်း နှစ်ကြောင်းကိုသာ တူးဖော်ခဲ့ကြတာ ဖြစ်တယ်။ ယခုတွင် ရွှီထင်းရှန်းက ဘာစိတ်ကူးပေါက်သည်မသိဘဲ အရင်က အပိတ်ခံထားရသည့် နေရာအားလုံးကို ပြန်လည်တူးဖော်ရန် ဆုံးဖြတ်လိုက်တယ်။
ဤသည်မှာ ကြီးမားသော လုပ်ငန်းကြီးတစ်ခု ဖြစ်တယ်။ အရာတစ်ခုကို ပိတ်ဆို့ရန်မှာ လွယ်ကူသော်လည်း ပြန်လည် တူးဖော်ရန်မှာမူ အလွန်ခက်ခဲလှတယ်။ အထူးသဖြင့် အချိန်များစွာ ကုန်လွန်သွားပြီ ဖြစ်ရာ အရင်က ပိတ်ဆို့ထားသည့် နေရာများမှာ ပင်လယ်မှော်ပင်များနှင့် ရွှံ့နွံများကြောင့် ပိုမိုပိတ်ဆို့နေခဲ့ပြီ။ တစ်ခုတည်းသော ကံကောင်းသည့် အချက်မှာ အရင်က ရှဲ့သခင်လေးတို့ ရေလမ်းကြောင်း တူးဖော်စဉ်က ရှာဖွေတိုင်းထွာမှုများ ပြုလုပ်ခဲ့ဖူးသဖြင့် ယခုအခါတွင် ထိုနေရာများကို အခြေခံ၍ တစ်ဆင့်ချင်းစီ ပြန်လည် ရှင်းလင်းသွားရုံသာ ဖြစ်တယ်။
177 02
မကြာခင်မှာပင် ရာသီဥတုက ပြန်လည် နွေးထွေးလာခဲ့ပြီ။ သာယာလှပသည့် နွေဦးရာသီ မတ်လသို့ ရောက်ရှိလာသည့်အခါ တျန့်ဟိုင်ခရိုင်သည် နောက်တစ်ကြိမ် ပြန်လည်စည်ကားလာခဲ့တယ်။
ကျောက်အာသည် တစ်ခါမျှ ပင်လယ်ထဲသို့ မဆင်းဖူးသေးဘူး၊ ယခုတစ်ခေါက်တွင် ရွှီထင်းရှန်းက သင်္ဘောနှင့်အတူ လိုက်ပါသွားမည်ဖြစ်ရာ သူမကလည်း တကူးတက လိုက်ပါလာခဲ့တယ်။
ကံကောင်းထောက်မစွာဖြင့် ယခုအခါ ရွှီထင်းရှန်းသည် တျန့်ဟိုင်ခရိုင်တွင် အကြီးဆုံးအရာရှိ ဖြစ်နေသောကြောင့်သာ ဖြစ်တယ်၊ ထိုသို့မဟုတ်ပါက သူမအနေဖြင့် သင်္ဘောပေါ်သို့ တက်ခွင့်ရလိမ့်မည် မဟုတ်ပေ။ ပင်လယ်ခရီးသွားသူများမှာ အယူသည်းမှု အလွန်များကြပြီး အထူးသဖြင့် အမျိုးသမီးများကို သင်္ဘောပေါ်သို့ တက်ခွင့်မပြုသည့် စည်းကမ်းမှာ အလွန် တင်းကြပ်လှတယ်။
သူတို့၏ အယူအဆအရ အမျိုးသမီးများတွင် လစဉ် ဓမ္မတာလာတတ်ပြီး ထိုအရာသည် ညစ်ညမ်းကာ ကံဆိုးစေတတ်သည်ဟု ယူဆကြတယ်။ ပင်လယ်ပြင်တွင် သွားလာရသည်မှာ အလွန်အန္တရာယ်များပြီး အနည်းငယ် အမှားအယွင်းရှိသည်နှင့် အသက်ဘေး ကြုံရနိုင်သောကြောင့် ထိုကဲ့သို့သော အရာများကို အထူး ရှောင်ကြဉ်ကြခြင်း ဖြစ်တယ်။
အစပိုင်းတွင် ရွှီထင်းရှန်းက ကျောက်အာကို ဤအကြောင်းများ မပြောပြခဲ့ဘူး။ နောက်ပိုင်းတွင်မှ အခြားသူများက သူမ လိုက်ပါမည်ကို ကြားသည့်အခါ မျက်လုံးများက ထူးဆန်းနေကြသည်ကို သူမ သတိပြုမိသွားပြီး ထပ်တလဲလဲ မေးမြန်းတော့မှသာ သူက အမှန်အတိုင်း ပြောပြတော့တယ်။
ကျောက်အာသည် ထိုအချက်ကို ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သော်လည်း မိမိ၏အာဏာကို အသုံးပြု၍ လူများကို ဖိနှိပ်နိုင်သော်လည်း လူတို့၏ ရင်ထဲမှ အယူအဆများကိုမူ ပြောင်းလဲ၍ မရနိုင်မှန်း သူမ နားလည်လိုက်တယ်။ ထို့ကြောင့် အပြင်သို့ မထွက်မီတွင် အမျိုးသားဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်မှသာ ထိုထူးဆန်းသော အကြည့်များမှာ လျော့ပါးသွားခဲ့တယ်။
အမှန်စင်စစ် ကျောက်အာသည် ထိုကိစ္စကို စိတ်ထဲ၌ သိပ်မထားသော်လည်း ရွှီထင်းရှန်းကမူ စိတ်ထဲတွင် တနုံ့နုံ့ ဖြစ်နေခဲ့ပြီး သူမအနေဖြင့် ထိုသို့ လုပ်စရာ မလိုကြောင်းနှင့် သူတစ်ပါး၏ အကြည့်ကို ဂရုစိုက်နေစရာ မလိုကြောင်း အကြာကြီး ဖျောင်းဖျနေခဲ့တယ်။
ကျောက်အာကမူ သူမအနေဖြင့် သူတစ်ပါး မည်သို့ မြင်မည်ကို အမှန်တကယ် ဂရုမစိုက်ကြောင်း၊ သို့သော်လည်း အချို့သော အယူအဆများ ရှိနေသည့်အတွက် လူတိုင်းကို အဆင်ပြေစေနိုင်မည့်နည်းလမ်း ရှိနေပါက မိမိ၏ဆန္ဒတစ်ခုတည်းအတွက်နှင့် အားလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေရန် မလိုအပ်ကြောင်း ပြန်လည် ပြောကြားခဲ့တယ်။
ပင်လယ်ပြင်သည် ခန့်မှန်းရ ခက်ခဲလှသည်ဖြစ်ရာ ပင်လယ်ထဲသို့ ဆင်းသည့်အခါ အဓိက မျှော်လင့်ချက်မှာ ဘေးကင်းစွာ ထွက်သွားနိုင်ပြီး ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာရန်သာ ဖြစ်တယ်။
ဤသို့ဆိုလျှင် အားလုံး အဆင်ပြေသွားပြီ ဖြစ်တယ်။
စကားများမှာ ဤမျှအထိ ရှိနေပြီဖြစ်ရာ ရွှီထင်းရှန်းအနေဖြင့်လည်း ဘာမှ ထပ်မပြောတော့ဘူး။
သင်္ဘောသည် တစ်နေရာသို့ ရောက်ရှိလာသည့်အခါ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
ယခုတစ်ခေါက်တွင် စုစုပေါင်း သင်္ဘော နှစ်စီး ထွက်လာခဲ့ပြီး လူအင်အား နှစ်ရာကျော် လိုက်ပါလာကြတယ်။
သင်္ဘော ရပ်သွားပြီးနောက်တွင် အခြားသင်္ဘောတစ်စီးပေါ်ရှိ အရပ်သားတပ်ဖွဲ့ဝင်များမှာ စတင်အလုပ်ရှုပ်လာကြတယ်။ သူတို့သည် လက်မောင်းခန့် တုတ်ခိုင်သည့် သားရေကြိုးများကို ထုတ်ယူလိုက်ကြပြီး သင်္ဘောနံရံတွင် ထူးခြားသည့် မောင်းတံစက် (ဝင့်လက်) များကို တပ်ဆင်လိုက်ကြတယ်။ ထိုမောင်းတံစက်မှာ လူတစ်ရပ်ခန့် မြင့်မားပြီး သန်မာသည့် အမျိုးသား အများအပြား ဝိုင်းဝန်း မတင်မှသာ ရွေ့လျားနိုင်တဲ့ အရာ ဖြစ်တယ်။ မောင်းတံစက်ကို တပ်ဆင်ပြီးနောက်တွင် သားရေကြိုးများကို ထိုစက်ပေါ်သို့ စတင် ပတ်လိုက်ကြတယ်။
အခြားတစ်ဖက်တွင်မူ အမျိုးသား အချို့သည် ရေငုပ်ဝတ်စုံများကို ဝတ်ဆင်လိုက်ကြပြီး တစ်ဦးချင်းစီတွင် ထူးခြားသည့် ရေအောက်အသက်ရှူကိရိယာများကို လွယ်ထားကြကာ ပင်လယ်ထဲသို့ ဆင်းရန် ပြင်ဆင်လိုက်ကြတယ်။
ထိုအရာမှာ ရေအောက်တွင် အသက်ရှူနိုင်သည့် ကိရိယာဖြစ်ကြောင်းကို ရွှီထင်းရှန်းက ကျောက်အာကို ပြောပြထားသဖြင့် သူမ သိရှိနေခြင်း ဖြစ်တယ်။
သူတို့သည် အရာအားလုံးကို မကြာခင်မှာပင် အသင့်ပြင်ဆင်လိုက်ကြပြီး လူတိုင်း၏ ကိုယ်တွင် ကြိုးတစ်ချပ်စီကို ချည်နှောင်ထားကြတယ်။ ပင်လယ်ထဲသို့ မဆင်းမီတွင် သူတို့သည် မိမိတို့နှင့်အတူ ပါလာသည့် ပစ္စည်းများ ဖြစ်သော ပေါက်ပြား၊ ဓားငယ် နှင့် ငါးကြီးများ၏ ရန်မှကာကွယ်ပေးနိုင်သည့် ဆေးဝါးများ စသည်တို့ကို စစ်ဆေးကြတယ်။
ငါးကြီးများ၏ရန်မှ ကာကွယ်ပေးသည့် ထိုဆေးဝါးမှာ ဖူကျန့်နယ်မှ ပုလဲငုပ်သမားများဆီမှ ဝယ်ယူထားခြင်း ဖြစ်တယ်။ ထိုပုလဲငုပ်သမားများသည် တစ်နှစ်ပတ်လုံး ပင်လယ်ထဲတွင် အသက်မွေးကြသူများဖြစ်ရာ သူတို့၌ ကိုယ်ပိုင် လျှို့ဝှက်နည်းလမ်းများ ရှိကြတာ ဖြစ်တယ်။
ထိုလူများသည် မကြာခင်မှာပင် ပင်လယ်ထဲသို့ ခုန်ဆင်းသွားကြတယ်။ ကျောက်အာသည် ငြိမ်သက်နေသည့် ပင်လယ်ပြင်ကြီးကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် ထိတ်လန့်မှုကို ခံစားလိုက်ရတယ်။
177 03
ပင်လယ်ပြင်ကြီးမှာ အလွန် ကျယ်ပြောလှပြီး လူသားများမှာမူ အလွန် သေးငယ်လွန်းလှသည် ဖြစ်ရာ ဖော်ပြ၍ မရနိုင်သော စိုးရိမ်ထိတ်လန့်မှုကို ခံစားရခြင်း ဖြစ်တယ်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင် ပင်လယ်ပြင်ရှိ ကြိုးများမှာ လှုပ်ရှားလာခဲ့ပြီ။ သင်္ဘောပေါ်ရှိ လူများသည် ကြိုးများကို အမြန်ဆုံး ဆွဲတင်လိုက်ကြရာ ရေမျက်နှာပြင်ပေါ်သို့ လူတစ်ဦး ပေါ်ထွက်လာခဲ့တယ်။
ထို့နောက် ဒုတိယတစ်ဦး၊ တတိယတစ်ဦး စသည်ဖြင့် လူတိုင်း ရေပေါ်သို့ ပေါ်လာပြီး သင်္ဘောပေါ်သို့ ပြန်လည် ရောက်ရှိလာကြတယ်။
သင်္ဘောပေါ်တွင် အမျိုးသား ဆယ်ဂဏန်းခန့်သည် ထိုလူတစ်ရပ်မြင့်သည့် မောင်းတံစက်ကို စုပေါင်း၍ လှည့်လိုက်ကြတယ်။ အစပိုင်းတွင် အလွန် နှေးကွေးနေသော်လည်း "တက်လာပြီ" ဟူသော အသံကို ကြားလိုက်ရသည့်အခါတွင်မူ အရှိန်မှာ မြန်ဆန်လာခဲ့တယ်။
သင်္ဘောသည် စတင် ရွေ့လျားလာပြီး အမည်မသိ အရာတစ်ခုကို ဆွဲယူကာ ရှေ့သို့ ဆက်လက် ခရီးနှင်ခဲ့တယ်။ သတ်မှတ်ထားသည့် နေရာတစ်ခုသို့ ရောက်သောအခါ သင်္ဘော ရပ်လိုက်ပြီး ခုနက ရေငုပ်သမားများမှာ ရေထဲသို့ ထပ်မံဆင်းသွားကြကာ ထိုအရာကို ချည်နှောင်ထားသည့် ကြိုးများကို ဖြုတ်လိုက်ကြတယ်။ ထိုအခါ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းအချို့ ထွက်ပေါ်လာပြီး ထိုအရာမှာ ရေအောက်သို့ ပြန်လည်နစ်မြုပ်သွားခဲ့တယ်။
ရေလမ်းကြောင်းကို တူးဖော်ခြင်းဆိုသည်မှာ ဤကဲ့သို့သော လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်နေခြင်း ဖြစ်တယ်။
ရေအောက်တွင် ကျောက်ဆောင်များနှင့် နစ်မြုပ်နေသည့် သင်္ဘောပျက်များစွာ ရှိနေခဲ့တယ်။ အရွယ်အစား သေးငယ်ပြီး အလေးချိန် ပေါ့ပါးသည့် အရာများကို ဆွဲတင်ကာ ဖယ်ရှားပစ်ပြီး၊ ဆွဲမတင်နိုင်သည့် အရာများကိုမူ ရေနက်သည့် တစ်နေရာသို့ ရွှေ့ပြောင်းပစ်ရတယ်။ မည်သို့ပင်ဖြစ်စေ ဤပင်လယ်ပြင်တွင် အနက်နှင့် အတိမ် မတူညီကြရာ သင်္ဘောများကို မတိုက်မိစေရန်အတွက် မည်သည့်နေရာတွင်မဆို သွားရောက် စုပုံထားနိုင်တာ ဖြစ်တယ်။
ဤအခြေအနေများကို မြင်တွေ့ရတော့မှ ကျောက်အာသည် ရွှီထင်းရှန်းတစ်ယောက် နေ့စဉ် ဘာတွေ အလုပ်ရှုပ်နေသည်ကို သိရှိသွားခဲ့ပြီ။
နေလောင်၍ အသားအရေ ညိုမည်းမသွားသော်လည်း အပေါ်ယံ အရေပြားများ ကွာကျနေသည့် သူ့မျက်နှာကို ကြည့်ရင်း သူမက မနေနိုင်ဘဲ လက်နှင့် ခပ်ဖွဖွလေး တို့ကြည့်လိုက်တယ်။
သူမ၏ လက်ကို ရွှီထင်းရှန်းက ဖမ်းဆုပ်လိုက်တယ်။
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး၊ ဒီရေလမ်းကြောင်း ပွင့်သွားတဲ့ အခါကျရင် နင်လည်း အသားတစ်ထပ်လောက် ကွာကျသွားလိမ့်မယ်လို့ တွေးနေတာပါ" ကျောက်အာက ပြုံးပြီး ပြောလိုက်တယ်။
ရွှီထင်းရှန်းက ဟားတိုက်ရယ်မောလိုက်ရင်း ပြောလိုက်တယ်။
"ပင်ပန်းတာက သူတို့တွေပါ၊ ငါမှ မဟုတ်တာ။ ငါကတော့ ဒီတိုင်း ကြည့်နေရုံပဲလေ"
တကယ်တော့ လူတိုင်းမှာ ကိုယ်စီ အပင်ပန်းခံနေကြရသလို လူတိုင်းကလည်း ကြိုးစားနေကြတာ ဖြစ်တယ်။
ကျောက်အာသည် ရုတ်တရက် သူမကိုယ်သူမ ကြိုးစားမှု မလုံလောက်သေးသလို ခံစားလိုက်ရတယ်။
အမျိုးသမီး ဖြစ်နေသည့်အတွက်ရော၊ ဟုန်အာကလည်း ငယ်ရွယ်နေသေးသည့်အတွက်ကြောင့်ပါ သူမသည် တတ်နိုင်သမျှ အပြင်သို့ မထွက်ဘဲ နေခဲ့တာ ဖြစ်တယ်။ အများဆုံး လုပ်ဖြစ်သည်မှာ စာရင်းများကို စစ်ဆေးခြင်း သို့မဟုတ် အမိန့်ပေးခြင်းများကိုသာ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။
အခြားသူများ အလုပ်ရှုပ်နေကြသည်ကို မြင်ရသည့်အခါ သူမလည်း အားကျမိသော်လည်း စိတ်လိုက်မာန်ပါ လုပ်၍ မရမှန်း သိနေခဲ့တယ်။ ယခုအခါတွင် ဟုန်အာလည်း ကြီးပြင်းလာခဲ့ပြီ ဖြစ်သလို လွန်ခဲ့သည့် ရက်ပိုင်းကလည်း ရွှီထင်းရှန်းက အပြင်မှ ဆရာတစ်ဦးကို ငှားရမ်း၍ အိမ်တွင် စာသင်ပေးရန် စီစဉ်ထားခဲ့တယ်။
သားဖြစ်သူမှာလည်း အမြဲတမ်း အမေ့နားတွင် ကပ်မနေတော့သဖြင့် အစပိုင်းတွင် ကျောက်အာအနေဖြင့် အသားမကျသလို ခံစားခဲ့ရတယ်။ ထို့ကြောင့်လည်း ယနေ့တွင် သူမအနေဖြင့် ပင်လယ်ထဲသို့ လိုက်ပါကြည့်ချင်သည့်စိတ် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အမှန်တကယ်မှာလည်း သူမအတွက် ပျင်းစရာ ကောင်းနေသောကြောင့် ဖြစ်တယ်။
ကြည့်ရတာ သူမအနေဖြင့်လည်း သူမကိုယ်တိုင် လုပ်ဆောင်ရမည့် အလုပ်အချို့ကို ရှာဖွေရတော့မယ်။
နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာသည့် အခါမှသာ ရွှီထင်းရှန်းတို့အဖွဲ့ ပြန်လည် ရောက်ရှိလာကြတယ်။
ကျောက်အာသည် ပင်လယ်ပြင်တွင် ပထမဆုံးအကြိမ် နေဝင်ချိန်ကို မြင်တွေ့လိုက်ရတာ ဖြစ်ပြီး ထိုမြင်ကွင်းမှာ အလွန် ခမ်းနားထည်ဝါလှတယ်။
ပင်လယ်ပြင်ရှိ လိမ္မော်ရောင် နေဝန်းကြီးကို လှည့်ကြည့်ရင်း ကျောက်အာသည် အိပ်မက်တစ်ခုလိုမျိုး ခံစားနေရဆဲ ဖြစ်တယ်။
177 04
"ဒီနေရာကိုသာ သေချာရှင်းလင်းလိုက်မယ်ဆိုရင်တော့ ဟိုးအရင်တုန်းကလိုမျိုး နိုင်ငံခြားသင်္ဘောတွေ ပင်လယ်ပြင်အပြည့် သွားလာနေတဲ့ မြင်ကွင်းမျိုးကို ပြန်မြင်ရမှာ အသေအချာပဲ။ အဲ့ဒီအချိန်ကျရင်တော့ ဒီနေရာမှာ ကိုယ်လုပ်ရမယ့် တာဝန်တွေရဲ့ တစ်ဝက်လောက်က ပြီးဆုံးသွားပြီလို့ ပြောလို့ ရမယ်" ရွှီထင်းရှန်းက ပင်လယ်ပြင်ကို လက်ညွှန်ပြရင်း ကျောက်အာကို ပြောလိုက်တယ်။
"အဲဒီအချိန်ကျရင် ငါတို့ ဘယ်ကို သွားကြမလဲ"
"အဲဒီအချိန်ကျရင်တော့ မင်း သွားချင်တဲ့ နေရာတိုင်းကို ငါ လိုက်ပို့ပေးမှာပေါ့"
ကော်ကျွီတောင်အောက်တွင် ကော်ကျွီနယ် ရှိတယ်။
ကော်ကျွီသည် သုံးဖက်တွင် တောင်များ ဝန်းရံထားပြီး တစ်ဖက်မှာ ပင်လယ်နှင့် ထိစပ်နေကာ ပင်လယ်တစ်ဖက်တွင် ကျိုးရှန်းကျွန်း ရှိတယ်။
ကျဲ့ကျန်းနယ်မြေတွင် ဂျပန်ဓားပြများ ခဏခဏ သောင်းကျန်းလေ့ရှိပြီး ကော်ကျွီသည်လည်း ပင်လယ်နှင့် နီးစပ်သဖြင့် ထိုဒေသတွင် ခံတပ်များ အခြေစိုက်ထားတာ ဖြစ်တယ်။
တျန့်ဟိုင်ခံတပ်မှာမူ ကျိုးရှန်းကျွန်းရှိ ပြည်သူများ ပြောင်းရွှေ့သွားပြီးနောက်တွင် တျန့်ဟိုင်ရှေ့ခံတပ်၊ ဘယ်ဘက်ခံတပ်နှင့် ညာဘက်ခံတပ်များမှာ ကျိန်းဟိုင်မျှော်စင်သို့ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြပြီး တျန့်ဟိုင်ခရိုင်တွင် တျန့်ဟိုင်ခံတပ် တစ်ခုတည်းသာ ကျန်ရစ်ခဲ့တာ ဖြစ်တယ်။
တျန့်ဟိုင်ခံတပ်မှာ ထောင်မှူးအဆင့်ရှိသည့် ခံတပ်ငယ်လေးသာ ဖြစ်သော်လည်း ကော်ကျွီတွင်မူ ခံတပ်ကြီး တစ်ခုလုံး အခြေစိုက်ထားတာ ဖြစ်တယ်။
ယခုအခါ ကော်ကျွီခံတပ်အတွင်း၌ လျူစစ်ကဲသည် စစ်သူကြီး ဟဲ့ဝေထံသို့ ကိစ္စရပ်များကို တင်ပြနေတယ်။ "ဒီရက်ပိုင်းအတွင်းမှာ ချောင်ရှန်း(ကိုးရီးယား)၊ ဝေါ့ကော်(ဂျပန်)နဲ့ ဖိုလန်ကျီ (ပေါ်တူဂီ) ကုန်သည်တွေဆီက ကုန်စည် အမှာစာတွေက ပိုပြီးတော့ နည်းလာတယ်။ အောက်ခြေက ကုန်သည်တွေလည်း အကြိမ်ကြိမ် လာပြောကြတယ်၊ ဒီတစ်ခါဆိုရင် ကုန်သည်အချို့က ကုန်စည်တွေ ယူလာခဲ့ပေမဲ့ တစ်ဝက်တောင် မရောင်းလိုက်ရဘူး။ အဲဒါနဲ့ လူအချို့က သံသယဖြစ်ပြီး စုံစမ်းကြည့်ကြပေမဲ့ နိုင်ငံခြားသားတွေက ဘာမှထုတ်မပြောကြဘူး။ နောက်ပိုင်းကျမှ ရှုမိသားစုက လူတစ်ယောက်က အကြံတစ်ခု ထုတ်ပြီး အဲဒီ နိုင်ငံခြားသားကို အရက်မူးအောင်တိုက် မိန်းမလှလေးနဲ့ မြှူဆွယ်လိုက်တော့မှ အတွင်းရေးအချို့ကို သိလိုက်ရတာ"
ဟဲ့စစ်သူကြီးမှာ အသက်လေးဆယ်ကျော်အရွယ် ထွားကြိုင်းသည့် အမျိုးသားတစ်ဦး ဖြစ်ပြီး မျက်နှာတွင် ပါးသိုင်းမွေးများ ဗြုတ်ဗြုတ်သိပ် ဖြစ်နေတယ်။
သူသည် စိတ်ထား ကြမ်းတမ်းသူဖြစ်ရာ တစ်ဖက်လူက စကားကို တစ်ဝက်တစ်ပျက်နှင့် လျှို့ဝှက်ထားသည်ကို အလွန်မုန်းတီးသူ ဖြစ်သဖြင့် မျက်ခုံးများကို တွန့်ချိုးလိုက်တယ်။
ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ လျူစစ်ကဲသည်လည်း မိမိ၏အကျင့်ဆိုး ပြန်ပေါ်လာသည်ကို သိလိုက်သဖြင့် အမြန်ပင် ဆက်လက် ပြောပြတယ်။ "အရင်က အရာရှိမင်းက ဒီကိစ္စကို စုံစမ်းခိုင်းထားတာကို ကျွန်တော်မျိုး အမြဲ မှတ်သားထားပါတယ်။ အခု ရှုမိသားစုရဲ့ တင်ပြချက်အရ ကျွန်တော်မျိုးက လူတွေကို လွှတ်ပြီး လျှို့ဝှက် စောင့်ကြည့်ခိုင်းလိုက်တော့မှ တျန့်ဟိုင်ခရိုင်က လူတွေက ကျွန်တော်တို့ရဲ့ စီးပွားရေးကို လုယူနေကြတာဆိုတာ သိလိုက်ရတာပါ"
ထိုစကားကို ကြားလိုက်ရသည့်အခါ ဟဲ့စစ်သူကြီးသည် မျက်မှောင်ကို ကြုတ်လိုက်ပြီး မယုံကြည်နိုင်သည့် ပုံစံမျိုး ဖြစ်သွားခဲ့တယ်။
အားလုံးမှာ ဤပင်လယ်ပြင်ကြီးကို အမှီပြု၍ အသက်မွေးနေကြသူများ ဖြစ်ရာ ဟဲ့စစ်သူကြီးသည် တျန့်ဟိုင်၏အခြေအနေကို သိရှိနေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုနေရာမှာ သူတို့ စားကြွင်းစားကျန်များကိုသာ ကောက်စားနေရသည့် နေရာဖြစ်ရာ သူက ဘယ်တုန်းကမျှ ထည့်မတွက်ခဲ့ဘူး။
ကိုယ့်အနီးအနားတွင် သူတစ်ပါး အခြေချနေသည်ကို လက်ခံနိုင်သည်မှာ ထိုလူများမှာ ကျဲ့ကျန်းနယ်မြေတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် မျိုးနွယ်စုကြီးများ ဖြစ်သောကြောင့် ဖြစ်တယ်။ တစ်ဦးချင်းစီမှာ သိပ်ပြီး အရေးမပါသော်လည်း စုစည်းလိုက်သည့်အခါတွင်မူ ကိုင်တွယ်ရ ခက်ခဲလှတယ်။ ထို့အပြင် အရင်က မင်ကျဲ့စစ်သူကြီး ဖေးခဲ့ကျန့်နှင့်လည်း ပတ်သက်မှု ရှိနေသဖြင့် ဟဲ့စစ်သူကြီးက မသိချင်ယောင် ဆောင်ပေးထားခဲ့တာ ဖြစ်တယ်။
သို့သော် ထိုကဲ့သို့သော နေရာမျိုးက သူတို့၏ စီးပွားရေးကို လုယူနိုင်တယ်ဆိုတာလား
ဟဲ့စစ်သူကြီးအနေဖြင့် ဤသို့ တွေးမိခြင်းမှာ ရွှမ်းယွီ၏မြေမျက်နှာသွင်ပြင်ကို သိရှိနေသောကြောင့် ဖြစ်တယ်။
ထိုနေရာမှာ အစောပိုင်းကာလများက အလွန် ကောင်းမွန်ခဲ့ပြီး ရေလမ်းကြောင်း အများအပြား၏ အချက်အခြာ နေရာ ဖြစ်သလို ရေစီးလည်း မှန်ကန်လှတယ်။ တောင်ပင်လယ်မှ အရှေ့ပင်လယ်သို့ သွားမည့် အနီးဆုံး ရေလမ်းကြောင်းမှာ ထိုနေရာကို ဖြတ်သန်းသွားရတာ ဖြစ်တယ်။ ရွှမ်းယွီကို ကျော်လွန်ပြီးမှသာ ကျိုးရှန်းသို့ ရောက်ရှိခြင်း ဖြစ်ရာ ထိုစဉ်က ရွှမ်းယွီသည် နာမည်ကျော်ကြားသည့် မှောင်ခိုကုန်သွယ်မှု ဆိပ်ကမ်း ဖြစ်ခဲ့ရခြင်းမှာ မြေမျက်နှာသွင်ပြင် အားသာချက်ကြောင့် ဖြစ်တယ်။
177 05
သို့သော် ထိုအရာများမှာ အတိတ်ကသာ ဖြစ်တယ်။ အရင်မင်းဆက် လက်ထက်ကတည်းက ထိုနေရာရှိ ဆိပ်ကမ်းနှင့် ရေလမ်းကြောင်းများ ပိတ်ဆို့ခံလိုက်ရသဖြင့် အသုံးမဝင်သော ဆိပ်ကမ်းသေကြီး ဖြစ်သွားခဲ့ပြီ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြန်လည်စည်ကားလာခြင်းမှာလည်း စီးပွားရေးမှ ဖယ်ထုတ်ခံထားရသည့် မျိုးနွယ်စုကြီးအချို့က မကျေမနပ်ဖြစ်ကာ ထိုနေရာတွင် ပြန်လည်ကြိုးစားလာကြသောကြောင့်သာ ဖြစ်တယ်။
ကော်ကျွီဒေသကို စီမံခန့်ခွဲနေသည့် အာဏာရှိသူ တစ်ဦးအနေဖြင့် ဟဲ့စစ်သူကြီးသည် ထိုနေရာ၏ ကုန်စည် စီးဆင်းနိုင်မှု ပမာဏကို သိရှိနေသဖြင့် ယခုကဲ့သို့ သံသယ ဖြစ်နေခြင်း ဖြစ်တယ်။
"အသေးစိတ်ကိုတော့ ကျွန်တော်မျိုးလည်း မသိပါဘူး၊ ဒါပေမဲ့ နိုင်ငံခြားသား ကုန်သည်တွေ ပြောတာကတော့ ထိုနေရာက ကုန်စည် ဈေးနှုန်းတွေက ကျွန်တော်တို့ဆီထက် အများကြီး သက်သာနေတယ်လို့ ပြောကြတယ်။ ဒါကြောင့် သူတို့က အဲ့ဒီကိုပဲ သွားချင်နေကြတာ။ တကယ်လို့ ကျွန်တော်တို့နဲ့ လက်တွဲလာတာ ကြာပြီဖြစ်လို့ရယ်၊ ကျွန်တော်တို့ဆီမှာ ရှိတဲ့ ကုန်စည်အချို့က ထိုနေရာမှာ မရှိလို့ရယ်ကြောင့်သာ မဟုတ်ရင် သူတို့တွေ လမ်းဝေးကြီးကို ပတ်ပြီး ကျွန်တော်တို့ဆီ လာကြမှာ မဟုတ်တော့ဘူး"
ဟဲ့စစ်သူကြီးသည် မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး တည်ငြိမ် လေးနက်သော မျက်နှာထားဖြင့် မေးလိုက်တယ်။
"ဒီစကားက အမှန်ပဲလား"
လျူစစ်ကဲက မျက်နှာပျက်ပျက်နှင့် "ကျွန်တော်မျိုးက အရာရှိမင်းကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ၊ ဒါက အမှန်တကယ် ပြောသွားတဲ့ စကားတွေပါ။ အစက ကျွန်တော်မျိုးလည်း မယုံပါဘူး၊ ရွှမ်းယွီလိုနေရာမျိုးက ကုန်တင်သင်္ဘောတွေ လှည့်ဖို့တောင် မနည်း သတိထားနေရတဲ့ နေရာလေ၊ ရေအောက်က အရာတွေနဲ့ တိုက်မိမှာကို စိုးရိမ်နေရတာ။ ဒါပေမဲ့ နိုင်ငံခြားသားတွေရဲ့ စကားနဲ့ ကျွန်တော်တို့ဆီမှာ လျော့နည်းသွားတဲ့ စီးပွားရေးတွေကို တွက်ကြည့်ရင်တော့ ဒါကလွဲလို့ တခြား အကြောင်းပြချက် မရှိတော့ပါဘူး"
"လူတွေကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်"
"အရာရှိမင်း၊ ဘယ်လိုမျိုး စုံစမ်းရမလဲ"
"ဘယ်လို စုံစမ်းရမလဲဆိုတာကိုတောင် ငါက ပြောပြနေရဦးမှာလား နည်းလမ်းရှာပြီး စုံစမ်းလိုက်စမ်း"
လျူစဲကဲသည်လည်း အမြန်ပင် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်။
ထို့နောက်တွင် သူသည် သင်္ဘောတစ်စီးကို အသုံးပြု၍ ကုန်တင်သင်္ဘောအသွင်ဖြင့် ထိုနေရာသို့ ချဉ်းကပ်ကြည့်လိုက်သည့်အခါ ပင်လယ်ပြင်တွင် သင်္ဘောများစွာ သွားလာနေကြသည်ကို မြင်တွေ့လိုက်ရပြီး အရင်ကကဲ့သို့ ရေလမ်းကြောင်း ကျဉ်းမြောင်းနေသည့် ပုံစံမျိုး မရှိတော့ဘူး။ ထိုအခါမှသာ ထိုလူများသည် 'ယူကုန်း တောင်ရွှေ့သကဲ့သို့' ရေအောက်ရှိ ပိတ်ဆို့နေသည့် အရာများကို တူးဖော်ပစ်ခဲ့ကြပြီဆိုသည့် အဖြေကို ရရှိလိုက်တယ်။
သူသည် အလွန်ထိတ်လန့်သွားခဲ့ပြီး ဟဲ့စစ်သူကြီးထံသို့ ပြန်လည်တင်ပြခဲ့သလို၊ အခြားသော နည်းလမ်းပေါင်းစုံဖြင့် လျှို့ဝှက် စုံစမ်းခိုင်းလိုက်တော့မှ တျန့်ဟိုင်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သိရှိသွားခဲ့တယ်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်ကစ၍ တျန့်ဟိုင်သို့ ရွှီအမည်ရှိ ခရိုင်ဝန်တစ်ဦး ရောက်ရှိလာခဲ့တယ်။ ထိုလူသည် ငွေကို အလွန်မက်မောသူ ဖြစ်သော်လည်း အမြော်အမြင် ကြီးမားကာ နက်နဲသော စိတ်ထား ရှိသူ ဖြစ်တယ်။ ရာထူးကို လက်ခံပြီးနောက်တွင် ပြည်သူများ၏ချစ်ခင်မှုကို ရရှိခဲ့သလို သူကိုယ်တိုင်လည်း လက်တွေ့ကျသည့် အလုပ်များကို အများအပြား လုပ်ဆောင်ခဲ့တယ်။
ထိုအလုပ်များထဲမှ တစ်ခုမှာ လူများကို ခေါ်ဆောင်၍ ဤပိတ်ဆို့နေသည့် ရေလမ်းကြောင်းနှင့် ဆိပ်ကမ်းကို အတင်းအကျပ် တူးဖော်ပစ်ခဲ့ခြင်း ဖြစ်တယ်။
"ဒါက ဘယ်က ရောက်လာတဲ့ ကောင်လေးလဲ၊ ဒီလောက်တောင် အတင့်ရဲလှတာ နိုင်ငံခြားသားတွေနဲ့ လျှို့ဝှက် ဆက်သွယ်တာက နန်းတွင်းက ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ ကိစ္စပဲ၊ အဖမ်းခံရရင် ခေါင်းဖြတ်ခံရမှာ" လျူစစ်ကဲ၏ တင်ပြချက်ကို နားထောင်ပြီးနောက် ဟဲ့စစ်သူကြီးက ဒေါသတကြီး ပြောလိုက်တယ်။
လျူစစ်ကဲ၏ မျက်လုံးများမှာ ဝေဝါးနေပြီး ပါးစပ်မှ ထုတ်မပြောရဲသော်လည်း ရင်ထဲတွင်မူ "အရာရှိမင်း ပြောတဲ့ အလုပ်တွေကို ကျွန်တော်တို့ကိုယ်တိုင်လည်း လုပ်နေကြတာပဲ၊ အားလုံးက အတူတူပါပဲ" ဟု တွေးနေမိတယ်။
ဟဲ့စစ်သူကြီးသည်လည်း မကြာခင်မှာပင် ထိုအချက်ကို သတိပြုမိသွားခဲ့တယ်။ ဒါကို သာမန်စကားဖြင့် ပြောရလျှင် ကျီးကန်းက ဝက်ကို မည်းတယ်လို့ ပြောနေသလိုပါပဲ၊ အားလုံးက အတူတူပါပဲ။ သို့သော် မိမိကိုယ်မိမိ အဆင့် ၇ ရှိသည့် ခရိုင်ဝန်လေးတစ်ဦးနှင့် နှိုင်းယှဉ်လိုက်ရသည့်အတွက် သူ့ကို ဒေါသထွက်စေခြင်း ဖြစ်တယ်။
လူတို့သည် အမြဲတမ်း ဤသို့ပင် ဖြစ်တတ်ကြပြီး သူတစ်ပါးကို အပြစ်တင်သည့်အခါတွင် မိမိကိုယ်မိမိ ပြန်လည်ဆင်ခြင်လေ့ မရှိကြဘူး။ ဟဲ့စစ်သူကြီးမှာ ယခု ထိုကဲ့သို့သော စိတ်ခံစားချက်မျိုး ဖြစ်နေသော်လည်း ဒေါသများ ငြိမ်သက်သွားသည့်အခါတွင် ထိုကောင်လေးကို တိုက်ရိုက် ကိုင်တွယ်နိုင်သည့် နည်းလမ်း မိမိ၌ မရှိသည်ကိုလည်း သိလိုက်ရတယ်။
177 06
ပထမအချက်မှာ သူသည် ခံတပ်မှ စစ်သူကြီးသာ ဖြစ်ပြီး ဒေသဆိုင်ရာ အရာရှိများနှင့် မသက်ဆိုင်ခြင်း ဖြစ်တယ်။ ဒုတိယအချက်မှာ အခြားသူများ လုပ်ဆောင်နေသည့် အလုပ်များကို သူကိုယ်တိုင်လည်း လုပ်ဆောင်နေခြင်း ဖြစ်ပြီး တစ်ဖက်လူထက်ပင် ပိုမို ကြီးမားစွာ လုပ်ဆောင်နေခြင်း ဖြစ်တယ်။
သို့သော်လည်း ဟဲ့စစ်သူကြီးတွင် နည်းလမ်း မရှိသည်တော့ မဟုတ်ဘူး။ သူသည် မကြာခင်မှာပင် နင်းပေါ်မြို့စားဆွန်းကန်းထံသို့ စာတစ်စောင် ပေးပို့လိုက်ပြီး မိမိ၏ လက်အောက်ငယ်သားကို ထိန်းသိမ်းရန် အကြောင်းကြားလိုက်တယ်။
ဆွန်းကန်းအနေဖြင့် အခြေအနေကို နားလည်လိမ့်မည်ဟု သူ ယုံကြည်နေတယ်။
******
178 01
အခန်း (၁၇၈)
ယခု တျန့်ဟိုင်ခရိုင်သည် မနှစ်ကထက်စာလျှင် ပိုမိုပြောင်းလဲလာခဲ့ပြီ။
မြို့ထဲက လမ်းတွေဟာ အရင်ကထက် ပိုပြီးညီညာကျယ်ဝန်းလာတယ်။ မြို့အနောက်ဘက်က အရင်က ဆင်းရဲသားရပ်ကွက် ဖြစ်ခဲ့တဲ့ နေရာမှာ လမ်းတွေက ရှုပ်ထွေးပြီး အိမ်တွေက သေးသိမ်ကျဉ်းမြောင်းကာ စုတ်ပြတ်နေခဲ့ပေမဲ့ အခုတော့ အဲဒါတွေကို အကုန်ဖျက်ပြီး ဂိုဒေါင်တွေအဖြစ် ပြောင်းလဲဆောက်လုပ်လိုက်ပြီ။
ခရိုင်ဝန်ရုံးဆိုရင် ပိုတောင်ပြောစရာ မလိုသေးဘူး၊ အခု တျန့်ဟိုင်ခရိုင်ဝန်ရုံးကို ရောက်ရင် အာရုံအဖမ်းစားနိုင်ဆုံးအရာက ရုံးရှေ့က မုခ်ဦး မဟုတ်ဘဲ အရင်က စာပို့တိုက်ရှိတဲ့ နေရာမှာ ဆောက်ထားတဲ့ အိမ်ကြီးပဲ ဖြစ်တယ်။
အဲဒီနေရာကတော့ တျန့်ဟိုင်အလုပ်သမားသမဂ္ဂနဲ့ ဂိုဒေါင်စီမံခန့်ခွဲရေးရုံး တည်ရှိရာနေရာ ဖြစ်ပြီး အလုပ်သမားခေါ်တာနဲ့ ဂိုဒေါင်ငှားရမ်းတာတွေကို ဒီနေရာမှာပဲ ဆောင်ရွက်ပေးတယ်။
အစပိုင်းမှာတော့ ရွှီထင်းရှန်းက လူအနည်းငယ်ကိုပဲ အစမ်းခန့်ပြီး စီမံခိုင်းထားတာ ဖြစ်ပေမဲ့ မနှစ်က ကျောက်အာက သူ့ကို အကြံပေးခဲ့တယ်။ မြို့တံခါးစောင့်တွေကို လမ်းခွန်တောင်းခိုင်းနေတာက ပုံရိပ်လည်း မကောင်းသလို ခရိုင်ဝန်ရုံးက ငွေမက်လွန်းတယ်လို့ အပြောခံရနိုင်တယ်။ အဲဒီအစား ကုန်စည်တွေ ဂိုဒေါင်ထဲ သွင်းတဲ့အချိန်ကျမှ ငွေကို တစ်ခါတည်း ကောက်လိုက်တာက ပိုကောင်းတယ်လို့ သူမက ပြောခဲ့တယ်။
အမည်ကိုတော့ ကုန်စည်စီမံခန့်ခွဲရေးလို့ ပေးထားပြီး ကုန်စည်ပမာဏအလိုက် ကုန်ကျစရိတ်ကို ကောက်ခံကာ ဂိုဒေါင်ငှားခကိုတော့ အလကားပေးတယ်လို့ သတ်မှတ်လိုက်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကုန်သည်တွေလည်း စိတ်ထဲမှာ ကန့်ကွက်ချင်စိတ် မရှိတော့သလို လူအင်အားနဲ့ ပစ္စည်းအင်အားကိုလည်း ချွေတာနိုင်သွားတယ်။
ရွှီထင်းရှန်းကလည်း ဒါကို စမ်းပြီး ကျင့်သုံးကြည့်လိုက်တဲ့အခါ အရင်ကထက် အများကြီး ပိုပြီးအဆင်ပြေသွားတာကြောင့် ဂိုဒေါင်စီမံခန့်ခွဲရေးရုံးကို သီးသန့် ဖွင့်လှစ်လိုက်တယ်။ အဲ့ဒီထဲမှာ စာရေးဝန်ထမ်းအချို့နဲ့ စာရင်းကိုင်အချို့ကို ထားရှိပြီး ခရိုင်ဝန်ရုံးကနေပဲ တိုက်ရိုက် စီမံခန့်ခွဲတယ်။
သူက ရှဲ့သခင်လေးနဲ့တောင် တိုင်ပင်ပြီး "ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်း" တွေကို လုပ်ဆောင်ခဲ့တယ်။ ရှဲ့သခင်လေးက ကျဲ့ကျန်းဒေသက မိသားစုကြီးတွေကို စည်းရုံးပေးပြီး တျန့်ဟိုင်ခရိုင်ကတော့ နိုင်ငံခြားနဲ့ ကုန်သွယ်ဖို့ လမ်းကြောင်းကို ဖော်ဆောင်ပေးတယ်။
ဒါပေမဲ့ ဒါတွေအားလုံးကို လျှို့ဝှက်စွာပဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အပြင်ပန်းမှာတော့ တျန့်ဟိုင်ခရိုင်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ကုန်စည်တွေ ပိုပြီးများပြားလာတာကိုပဲ မြင်တွေ့ရတယ်။
မနက် ဆယ်နာရီ ဝန်းကျင်မှာတော့ ဂိုဒေါင်စီမံခန့်ခွဲရေးရုံးမှာ အလုပ်ရှုပ်နေကြပြီ။
အစေခံတွေက အဝင်အထွက် လုပ်နေကြသလို ကုန်သည်ဝတ်စုံ ဝတ်ထားတဲ့သူ အများအပြားကလည်း ခန်မထဲမှာ စောင့်ဆိုင်းနေကြတယ်။ မကြာခင်မှာပဲ အစေခံတစ်ယောက် ထွက်လာပြီး ကုန်သည်တစ်ယောက်ကို အထဲကို ခေါ်သွားတယ်၊ သူတို့ ပြန်ထွက်လာတဲ့ အချိန်မှာတော့ နှစ်ယောက်စလုံးရဲ့ မျက်နှာမှာ အပြုံးတွေ ရှိနေကြတာကြောင့် ကိစ္စက အဆင်ပြေသွားပြီဆိုတာ ထင်ရှားလှတယ်။
အရင်လို ဖုံးဖုံးဖိဖိ လုပ်နေတာမျိုး မဟုတ်တော့ဘဲ အခုဆိုရင် ရွှီခရိုင်ဝန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံခြားသားတွေနဲ့ ကုန်သွယ်တာက တျန့်ဟိုင်ခရိုင်မှာ ပွင့်လင်းမြင်သာတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့ပြီ။ ဒါကြောင့် သူတို့တွေ စီးပွားရေးအကြောင်း ပြောနေကြတာကို ခဏခဏ ကြားနေရသလို အခုဆိုရင် အရင်ကထက်စာရင် အချိန်ကုန်သက်သာပြီး အလုပ်လုပ်ရတာ ပိုလွယ်ကူသွားတာကိုလည်း ချီးကျူးနေကြတယ်။
ရှဲ့သခင်လေးက ခန်မထဲကို ဝင်လာတဲ့ အချိန်မှာ မြင်တွေ့လိုက်ရတာက အဲဒီမြင်ကွင်းပဲ ဖြစ်တယ်။
သူက လူရင်း ဖြစ်တာကြောင့် ဘယ်သူမှ မတားကြဘဲ အထဲကို ပေးဝင်လိုက်ကြတယ်။ ခန်မရှေ့မှာ ခဏရပ်ပြီး အခြေအနေတွေကို ကြည့်နေတဲ့အခါ သူက စိတ်လှုပ်ရှားမိသလို မျက်မှောင်ကိုလည်း အနည်းငယ် ကြုတ်ထားမိတယ်။
အခုဆိုရင် ရှဲ့သခင်လေးဟာ ရှဲ့မိသားစုရဲ့ အာဏာအချက်အခြာကနေ ဖယ်ထုတ်ခြင်း ခံထားရပြီ။ မိသားစု အကြီးအကဲက အသက်ကြီးလာသလို အသည်းအသန်လည်း ဖျားနာခဲ့တာကြောင့် အခု ရှဲ့မိသားစုရဲ့ ကိစ္စတွေကို သားအကြီးဆုံးကပဲ စီမံနေတယ်၊ ဒါကြောင့် သူ့ကို ဖိနှိပ်ထားတာကလည်း သဘာဝကျလှတယ်။
178 02
ဒီတစ်နှစ်ကျော်အတွင်းမှာ သူက မြို့တော်မှာ နေတဲ့အချိန်ထက် တျန့်ဟိုင်မှာ နေတဲ့အချိန်က ပိုများလာတယ်။ သူ ဆွန်းကန်းနဲ့ မတွေ့ဖြစ်တာလည်း ကြာလှပြီ၊ ဒါကြောင့် ဒီတစ်ခါ မြို့တော်ဝန် ဆွန်းကန်းက သူ့ကို ခေါ်တွေ့တဲ့အခါ သူက တော်တော်လေး အံ့ဩသွားခဲ့တယ်။ သွားတွေ့လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ရင်ထဲမှာ အမြဲ စိုးရိမ်နေခဲ့တဲ့ ကိစ္စက အမှန်တကယ်ပဲ ဖြစ်လာခဲ့ပြီ။
"... မင်းက ငါ့ရဲ့မျိုးဆက်လိုပဲ၊ ငါက မင်းကို အမြဲတမ်း တန်ဖိုးထားတယ်။ ဒါကြောင့် ရှဲ့မိသားစုဘက်က အကြိမ်ကြိမ် လာတွေ့ပေမဲ့ ငါက ဂရုမစိုက်ဘဲ မင်းတစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုခဲ့တာ။ အရင်တုန်းကဆိုရင် ငါက ဟဲ့ဝေကို ဂရုစိုက်စရာ မလိုပေမဲ့ အခုတော့ မင်းလည်း သိတဲ့အတိုင်း မင်ကျဲ့စစ်သူကြီး အသစ်က ရာထူးတက်လာပြီလေ။ ရာထူးကြီးတဲ့သူထက် တိုက်ရိုက်အုပ်ချုပ်တဲ့သူက ပိုပြီး အာဏာရှိတာကြောင့် ငါကလည်း နည်းနည်းတော့ ထည့်တွက်ရမယ်..."
"သခင်လေး သခင်ကြီးက အထဲမှာ စောင့်နေပါတယ်" အစေခံတစ်ယောက်က သူ့ရှေ့ကို လာပြီး တိုးတိုးလေး ပြောလိုက်တယ်။
အရင်က ရှဲ့သခင်လေးက ခရိုင်ဝန်ရုံးကို သွားခဲ့ပေမဲ့ ရွှီထင်းရှန်းကို မတွေ့ခဲ့ဘူး၊ အစေခံက သူက ဂိုဒေါင်စီမံခန့်ခွဲရေးရုံးမှာ ရှိနေတယ်လို့ ပြောတာကြောင့် လိုက်လာခဲ့တာ ဖြစ်တယ်။
ရှဲ့သခင်လေးက ခေါင်းညိတ်ပြပြီး အထဲကို ဝင်သွားတယ်။
"ဘယ်လိုလဲ၊ ကိစ္စရှိလို့လား"
ရွှီထင်းရှန်းက အရပ်ဝတ်အင်္ကျီနဲ့ ကုလားထိုင်မှာ ထိုင်နေတယ်။ သူ့ဘေးက စားပွဲလေးပေါ်မှာ လက်ဖက်ရည်ကြမ်း နှစ်ခွက် ရှိနေပြီး တစ်ခွက်က သူ့အတွက် ဖြစ်သလို နောက်တစ်ခွက်ကတော့ ရှဲ့သခင်လေးအတွက် ပြင်ဆင်ထားတာ ဖြစ်မှာပဲ။
ရှဲ့သခင်လေးကလည်း အားမနာဘဲ ရွှီထင်းရှန်းရဲ့ ဘေးမှာ ဝင်ထိုင်လိုက်တယ်။
"မနေ့က မြို့စားဆွန်းက ကျွန်တော့်ကို လာတွေ့တယ်"
ရွှီထင်းရှန်း လက်ဖက်ရည်ခွက်ကို ကိုင်ထားတဲ့ လက်က ခဏလောက် ရပ်သွားတယ်။ "သူ ဘာပြောလဲ"
"ဟဲ့ဝေက သူ့ကို သတင်းပို့လိုက်တယ်၊ ကျွန်တော်တို့ကို အချိန်တန်ရင် တော်သင့်ပြီလို့ ပြောခိုင်းလိုက်တယ်"
ရွှီထင်းရှန်းက အကျယ်ကြီး ရယ်လိုက်တယ်။
ရယ်နေရင်းနဲ့ လက်ဖက်ရည်ခွက်ထဲက အမြှုပ်လေးတွေကို ဖယ်လိုက်ပြီး လက်ဖက်ရည် တစ်ငုံ သောက်ကာ သက်ပြင်းချလိုက်ရင်း သူက ပြောလိုက်တယ် "အချိန်တန်ရင် တော်ရမယ် ဟုတ်လား၊ ဘယ်လောက်အထိ လုပ်မှ တော်မှာလဲ"
ရှဲ့သခင်လေးက ဘာမှ ပြန်မပြောဘူး။
"ဒီလူတွေက အသက်လည်း ကြီးကုန်ကြပြီ၊ သူတို့ စားတဲ့ ဆားက ငါစားတဲ့ ဆန်ထက်တောင် များနေဦးမယ်။ ဒါကို ဘာလို့ ဒီလောက်တောင် ကလေးဆန်နေကြတာလဲ"
ရွှီထင်းရှန်းရဲ့ စကားကြောင့် ရှဲ့သခင်လေးက လှမ်းကြည့်လိုက်တဲ့အခါ သူ့ရဲ့ ငယ်ရွယ်တဲ့ မျက်နှာပေါ်မှာ ဖုံးကွယ်မရတဲ့ လှောင်ပြုံးတွေနဲ့ အထင်သေးတဲ့ အမူအရာတွေကို မြင်လိုက်ရတယ်။ တစ်ခါတလေမှာ ရှဲ့သခင်လေးဟာ ရွှီထင်းရှန်းရဲ့ သဘောထားကို တော်တော်လေး ဇဝေဇဝါ ဖြစ်ရတယ်။ သူက လူတွေကို သေသေချာချာ လေ့လာတတ်သူ ဖြစ်တာကြောင့် ရွှီထင်းရှန်းက စကားပြောတဲ့ အခါမှာ မတော်တဆ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကြောင့်သာ သူက ဒီနေရာမှာ လောင်းကြေးထပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။
သူ့ရဲ့အနေအထားနဲ့ အတွေ့အကြုံတွေကြောင့် သူက ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်တတ်ဘူး။
အစပိုင်းမှာ ကူညီခဲ့တာက တစ်ခုခုကို ရည်ရွယ်လို့ ဖြစ်နိုင်ပေမဲ့ နောက်ပိုင်းမှာ ရှဲ့မိသားစုကနေ ဖယ်ထုတ်ခံလိုက်ရတဲ့ အခါမှာတော့ တခြားလူတွေက သူ ဒုက္ခရောက်တော့မယ်လို့ ထင်ခဲ့ကြပေမဲ့ တကယ်တမ်းတော့ အဲ့ဒီလို မဟုတ်ဘူး။
ရှဲ့သခင်လေးက ဒီလောကမှာ ရပ်တည်နိုင်တာက ရှဲ့မိသားစုကြောင့် မဟုတ်ဘဲ သူကိုယ်တိုင် ရှဲ့သခင်လေး ဖြစ်နေလို့ပဲ။ လူတိုင်းက သူ တျန့်ဟိုင်ကို အပို့ခံရတယ်လို့ ထင်နေကြပေမဲ့ တကယ်တော့ သူက သူ့ရဲ့ ပစ္စည်းတွေကို လာပြီး စောင့်ကြည့်နေတာ ဖြစ်တယ်။
အဲ့ဒီအချိန်တုန်းက သူက ရွှီထင်းရှန်းကို စောင့်ကြည့်နေတဲ့ အဆင့်မှာပဲ ရှိသေးပေမဲ့ နောက်ပိုင်းမှာ အရာရာကို ပုံအောပြီး ကူညီခဲ့တာကတော့ ဒီလူက သူ့ကို ယုံကြည်မှု ပေးနိုင်ခဲ့လို့ပဲ။
ဒီလူ့မှာ ဖဲချပ်အသစ်တွေ အများကြီး ရှိနေလိမ့်မယ်လို့ သူ အမြဲ ထင်နေခဲ့တယ်၊ ဒါကြောင့်လည်း ဒီလိုမျိုး ပြဿနာတက်မယ့် ကိစ္စတွေကို လုပ်ရဲတာ မဟုတ်လား။ ရွှီထင်းရှန်းက အရမ်း ပါးနပ်တဲ့သူပဲ၊ ပါးနပ်တဲ့သူက ကိုယ့်ဘာသာ သေတွင်းတူးပါ့မလား။ အမှန်တကယ်တော့ မတူးဘူးလေ၊ ဒါကြောင့် သူ့မှာ အားကိုးစရာ တစ်ခုခု ရှိနေမှာ အသေအချာပဲ။
ဒါပေမဲ့ ဒီအားကိုးစရာက တကယ့်ကို လျှို့ဝှက်လွန်းတာကြောင့် သူကလည်း တစ်ခါမှ မမေးခဲ့ဘူး။
178 03
နှစ်ယောက်သားက သခင်နဲ့အစေခံလည်း မဟုတ်သလို အထက်အောက်လည်း မဟုတ်ဘူး၊ အလွန်ဆုံး ရှိလှရင် လက်တွဲဖော်တွေပဲ ဖြစ်တာကြောင့် ဆက်ဆံရေးက အတိုင်းအတာ တစ်ခုအထိ မရောက်မချင်း ဒီလို စကားမျိုးကို မေးဖို့ မသင့်တော်ဘူးလေ။
မနှစ်က မင်ကျဲ့စစ်သူကြီး ပြောင်းလဲသွားတာကို သိလိုက်ရတဲ့ အချိန်မှာတောင် သူ့ရဲ့ အခြေအနေက ခက်ခဲလာပေမဲ့ သူက မမေးခဲ့ဘူး။ ဒါပေမဲ့ အခုတော့ သူ နည်းနည်း မေးချင်လာပြီ၊ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းအတွင်း သူ ခံစားနေရတဲ့ ဖိအားတွေက အရမ်း များလွန်းလို့ပဲ။
"မင်း..." အဲဒီ မင်း ဆိုတဲ့ စကားလုံးက ပါးစပ်က မထွက်ခင်မှာတင် ရွှီထင်းရှန်းက ကြားဖြတ် ပြောလိုက်တယ်။
"မင်းသာ ဆိုရင်ကော ပါးစပ်ထဲ ရောက်နေတဲ့ အသားကို ပြန်ထုတ်ပေးမလား" ရွှီထင်းရှန်းက ရှဲ့သခင်လေးကို ကြည့်ပြီး ပြုံးရင်း မေးလိုက်တယ်။
ရှဲ့သခင်လေးက မသိစိတ်နဲ့ ခေါင်းခါလိုက်တယ်။
ပထမတစ်ခါ ပြန်ထုတ်ပေးလိုက်ရင် ဒုတိယတစ်ခါ ရှိလာဦးမှာပဲ၊ နောက်ဆုံးမှာတော့ ဗိုက်ဝဖို့အတွက်တောင် မင်းဆီမှာ ဘာမှကျန်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ပါးစပ်မဟရင်သာ နေမယ်၊ တစ်ခါ ဟလိုက်ပြီဆိုရင်တော့ ကိုယ့်ဗိုက်ထဲပဲ ရောက်ရမယ်၊ တခြားသူကို ပေးဖို့ စဉ်းစားမနေနဲ့။
"ဒါဆိုရင် ပြီးတာပဲလေ" ရွှီထင်းရှန်းက ထပ်ပြီး ရယ်လိုက်ရင်း ရှဲ့သခင်လေးရဲ့ ပုခုံးကို ပုတ်လိုက်တယ်။ "ဒါကြောင့် သူတို့ကို ဂရုမစိုက်နဲ့"
ဘယ်အချိန်မှာ ရွှီထင်းရှန်း ထွက်သွားသလဲ မသိဘူး၊ ရှဲ့သခင်လေး သတိဝင်လာတဲ့ အချိန်မှာတော့ အခန်ထဲမှာ ဘယ်သူမှ မရှိတော့ဘူး။
ရွှီထင်းရှန်းက နောက်ဘက်အဆောင်ကို ပြန်လာတဲ့အခါ ကျောက်အာကို မတွေ့တာကြောင့် ရှောင်ဟုန်းကို မေးကြည့်လိုက်တော့မှ ကျောက်အာ အပြင်ကို ထွက်သွားတယ်ဆိုတာ သိရတယ်။
ဒီရက်ပိုင်းအတွင်း ကျောက်အာက အရမ်းအလုပ်ရှုပ်နေတယ်၊ တကယ်တော့ နယ်ပယ်အသီးသီးက ဖိအားတွေက ရောက်နေတာ ကြာလှပြီ။ ကျဲ့ကျန်းနယ်က ပိုးထည်တွေ အများဆုံး ထွက်တဲ့ နယ်ကြီး ဖြစ်သလို ပိုးချည်နဲ့ ပိုးထည်တွေကလည်း နိုင်ငံခြားသားတွေ အကြိုက်ဆုံး အရာတွေ ဖြစ်တယ်။
အရင်က ရွှီထင်းရှန်းနဲ့ ရှဲ့သခင်လေးတို့ လက်တွဲပြီးနောက်မှာ သူက သူ့ရဲ့ စီးပွားရေးကိုလည်း ပွင့်ပွင့်လင်းလင်းပဲ လုပ်ကိုင်ခဲ့တယ်။ အတင်းအကျပ် ဝယ်ခိုင်းတာထက် ကိုယ်တိုင် စီးပွားရေး လုပ်တာက ပိုကောင်းတာကိုး။ တခြားသူကို ရောင်းပြီး ငွေမက်တယ်ဆိုတဲ့ နာမည်ဆိုး အခံရမှာထက် အမြတ် သုံးဆလောက် ရတာထက်စာရင် နိုင်ငံခြားသားကို ရောင်းရင်တော့ အမြတ်က နှစ်ဆလောက် ပိုပြီး ရနိုင်တာလေ။
ဒါပေမဲ့ စီးပွားရေး လုပ်ချင်ရင်တော့ အရင်ဆုံး ကုန်စည်အရင်းအမြစ်ကို ဖြေရှင်းရမယ်၊ ကုန်စည်တွေက ဘယ်က ရမှာလဲ။ ဒီကုန်စည်တွေက မုန်လာဥတွေ၊ ဂေါ်ဖီထုပ်တွေ မဟုတ်ဘူး၊ လမ်းပေါ်မှာ လျှောက်ဝယ်လို့ ရတာမျိုး မဟုတ်ဘူးလေ။
ကျဲ့ကျန်းနယ်က ပိုးထည်လုပ်ငန်းရှင်ကြီးတွေဟာ အစောကြီးကတည်းက မိသားစုကြီးတွေရဲ့ လက်ဝါးကြီးအုပ်ခြင်းကို ခံထားရတာ၊ သူတို့လို ရုတ်တရက် ဝင်လာတဲ့သူတွေကတော့ အလုပ်ရုံ အသေးလေးတွေဆီကနေပဲ ကုန်စည်အချို့ကို ရနိုင်တယ်။ အဲ့ဒါတွေကလည်း တကယ့်ကို အပိုင်းအစလေးတွေ ဖြစ်တာကြောင့် နေရာအနှံ့ကို သွားပြီး စုဆောင်းမှသာ ကုန်စည်ပမာဏ ပြည့်စုံတာ ဖြစ်တယ်။
ရေလမ်းကြောင်းတွေ ပွင့်သွားတာနဲ့အမျှ ရွှမ်းယွီကို လာတဲ့ နိုင်ငံခြားသား ကုန်သည်တွေ ပိုများလာတာကြောင့် ဒီကုန်စည် ပမာဏက မလောက်တော့ဘူး ဖြစ်နေတယ်။
အခုတော့ ကောင်းရှန်၊ ရွှီချင်းဟွိုင်နဲ့ ကျန်းဝူတို့ဟာ အပြင်မှာ ကုန်စည်အရင်းအမြစ် ရှာဖို့အတွက် ထွက်သွားကြတာကြောင့် တျန့်ဟိုင်က စီးပွားရေးကို ကျောက်အာကပဲ စီမံနေရတယ်။
ဇနီးသည် မရှိတာနဲ့ ရွှီထင်းရှန်းက စာကြည့်ခန်းကို သွားပြီး ဟုန်အာကို သွားကြည့်လိုက်တယ်။ အခုဆိုရင် ဟုန်အာက နေ့ခင်းဘက်မှာ ဆရာနဲ့အတူ စာသင်နေရပြီး မနက်စာနဲ့ နေ့လယ်စာကို စာကြည့်ခန်မှာပဲ စားကာ ညကျမှသာ ပြန်လာတတ်တယ်။
နေ့လယ်စာ အတူတူ စားမယ့်သူ မရှိတာနဲ့ ရွှီထင်းရှန်းကလည်း ဖြစ်သလိုပဲ စားလိုက်တယ်။
အဲဒီနောက်မှာ ခဏလောက် အိပ်စက်အနားယူပြီး ခရိုင်ဝန်ရုံးကနေ တစ်ခေါက် ထွက်သွားပြန်တယ်။ ညနေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ နေဝင်ရီတရောအချိန် ဖြစ်နေပြီ။
ကျောက်အာက အစောကြီးကတည်းက ပြန်ရောက်နေသလို ရှားရှားပါးပါး ကိုယ်တိုင်လည်း ဟင်းချက်နေတယ်။
ရွှီထင်းရှန်းက ကျောက်အာ ချက်တဲ့ ဟင်းကို စားလာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ အနံ့ရတာနဲ့တင် သိနေပြီ။
သားအဖနှစ်ယောက်ကတော့ မြိန်ရည်ယှက်ရည် စားကြတော့တယ်။ ရွှီမိသားစုမှာက စားတဲ့အချိန် စကားမပြောရဘူးဆိုတဲ့ စည်းကမ်းမရှိတာကြောင့် မိသားစု သုံးယောက်သား ထမင်းစားရင်း စကားတွေ ပြောဖြစ်ကြသလို ရွှီထင်းရှန်းကလည်း ဟုန်အာရဲ့ စာမေးပွဲတွေကို ကြားဖြတ်ပြီး မေးနေသေးတယ်။
ထမင်းစားပြီးတော့ ဟုန်အာက သူ့အခန်းကို သူ ပြန်သွားတယ်။
178 04
စာစသင်ကတည်းက သူက အရင်လို အဖေနဲ့ အမေကြားမှာ အိပ်ချင်တယ်ဆိုတဲ့ အကျင့်ကို ပြင်လိုက်ပြီ။ သားဖြစ်သူက ပိုပြီးတော့ သိတတ်လာတာက မိခင်တစ်ယောက်အနေနဲ့တော့ နည်းနည်းတော့ အသားမကျသလို ခံစားရပေမဲ့ ကလေးတိုင်းကတော့ တဖြည်းဖြည်း ကြီးပြင်းလာရမှာပဲလေ၊ တစ်နေ့ကျရင်တော့ ဒီလို ဖြစ်လာမှာပဲ။
လင်မယားနှစ်ယောက်စလုံး ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ် တက်လိုက်တဲ့ အခါမှာတော့ ကျောက်အာက ရွှီထင်းရှန်းကို သူမ နန်ကျိလေးနယ်ကို တစ်ခေါက် သွားချင်တယ်လို့ ပြောလိုက်တယ်။
ကုန်စည်အရင်းအမြစ် ရှာဖို့အတွက် ကောင်းရှန်တို့ တစ်ဖွဲ့လုံးဟာ အပြင်မှာ တစ်နှစ်ပတ်လုံး သွားလာနေကြရတာ၊ ဥပမာ ကောင်းရှန်ဆိုရင် နန်ကျင်း တစ်ဝိုက်မှာ ရှိနေတာပေါ့။ ကျောက်အာက အခုဆိုရင် ငွေရှာချင်ရင် ငွေကို အရင် သုံးရမယ်ဆိုတဲ့ သဘောကို နားလည်နေပြီ ဖြစ်တာကြောင့် သူတို့ အပြင်သွားတဲ့အခါ ယူသွားတဲ့ ငွေတွေက တကယ့်ကို များပြားလှတယ်၊ သွားလေရာမှာ သူဌေးကြီးတွေလိုမျိုး ငွေကို ရေလို သုံးနိုင်တာကြောင့် မိတ်ဆွေတွေလည်း အများကြီး ရခဲ့တယ်။
အဲဒီမှာ ကောင်းရှန်က ကျန်းနင်ပိုးထည်လုပ်ငန်းနဲ့ အဆက်အသွယ် တစ်ခု ရခဲ့တယ်။
စကားတွေ အများကြီး ပြောပြီး ငွေတွေလည်း အများကြီး ပေးခဲ့ရတော့မှ တစ်ဖက်လူက သဘောတူခဲ့တာ၊ ဒါပေမဲ့ တစ်ဖက်လူကလည်း အရူးမဟုတ်ဘူးလေ၊ ကောင်းရှန်က အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူ မဟုတ်မှန်း သိတာကြောင့် အဓိက တာဝန်ရှိတဲ့သူကို တွေ့ချင်တယ်လို့ ပြောလာတယ်။
ကောင်းရှန်က စာပို့ထားတာ ကြာပြီ ဖြစ်ပေမဲ့ ကျောက်အာကတော့ ဝေခွဲမရ ဖြစ်နေခဲ့တာ။
ရွှီထင်းရှန်းရဲ့ ဘေးမှာ နေလာတာနဲ့အမျှ သူမရဲ့အမြင်ကလည်း ပိုပြီး ကျယ်ပြန့်လာတယ်။ အရာရှိရဲ့မိသားစုဝင် တစ်ယောက်အနေနဲ့ ဘာတွေကို ရှောင်ကြဉ်ရမလဲဆိုတာ သူမလည်း အခု သိနေပြီလေ၊ ဒါ့အပြင် ရွှီထင်းရှန်းက သဘောမတူမှာကိုလည်း သူမက ကြောက်နေသေးတယ်။
ဒါနဲ့ပဲ ဒီအတိုင်း အချိန်ဆွဲနေခဲ့တာ၊ အခုတော့ လက်ထဲက အလုပ်တွေ အကုန်ပြီးသွားသလို ကောင်းရှန်ဆီကလည်း စာထပ်ရောက်လာတာကြောင့် ဒီနေ့မှ ဒီကိစ္စကို ပြောဖြစ်တာ ဖြစ်တယ်။
"ငါ့ရဲ့ ဘေးကင်းရေးအတွက် နင် စိုးရိမ်မနေပါနဲ့၊ ဟူဆန်းကို လူအချို့ ခေါ်ပြီး လိုက်ခိုင်းလိုက်မယ်၊ ပြီးတော့ ရှောင်ဟုန်းကိုလည်း ခေါ်သွားမယ်။ ဟိုဘက်မှာလည်း ကောင်းရှန်တို့ ရှိနေတာဆိုတော့ ဘာမှမဖြစ်ပါဘူး" ကျောက်အာက ရင်ထဲမှာ မရဲတရဲနဲ့ ပြောလိုက်သလို ရွှီထင်းရှန်းကိုလည်း မကြည့်ရဲဘူး ဖြစ်နေတယ်။ ဒါကို မြင်တော့ ရွှီထင်းရှန်းက ရယ်လိုက်ပြီး မေးလိုက်တယ်။
"မင်း သွားချင်လို့လား"
ဒီစကားထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါနေတာကြောင့် ကျောက်အာက မသေချာသလိုနဲ့ မော့ကြည့်လိုက်တယ်။ "ဒီကိစ္စကို အောင်မြင်အောင် လုပ်ချင်လို့ သွားချင်တာလား ဒါမှမဟုတ် မင့်ရဲ့ စိတ်ထဲကကို သွားချင်နေတာလား"
ကျောက်အာက ဒီတစ်ခါတော့ နားလည်သွားပြီး စဉ်းစားကာ ပြန်ပြောလိုက်တယ်။ "ဒီကိစ္စကို အောင်မြင်စေချင်လို့လည်း ပါသလို စိတ်ထဲကလည်း သွားချင်နေတာ။ အပြင်လောကကြီးက ဘယ်လို ရှိသလဲဆိုတာ ငါ သွားကြည့်ချင်တယ်၊ ကောင်းရှန်တို့ ပြောပြတာကို နားထောင်လိုက်တိုင်း အမြဲတမ်း ဝေဝါးနေသလို ခံစားရလို့။ ဟိုတစ်နေ့က နင်နဲ့အတူ ပင်လယ်ထဲ ဆင်းတုန်းက ပင်လယ်ကြီးက တကယ့်ကို ခမ်းနားတယ်လို့ ခံစားရတယ်၊ ဒီလောကကြီးမှာ တခြား လှပတဲ့ မြင်ကွင်းတွေနဲ့ ထူးခြားတဲ့ လူတွေ အများကြီး ရှိနေမှာပဲ။ ပြီးတော့... နင်က နေ့တိုင်း ပြုံးနေပြီး ငါ့ကို ဘာမှ မပြောပေမဲ့ နင့်ရဲ့အခြေအနေကို ငါ မသိဘူးလို့ မထင်နဲ့နော်။ နင် အခု ငွေတွေ အများကြီး လိုအပ်နေတယ်၊ နင်လုပ်ချင်တဲ့ အစီအစဉ်ကြီးတွေအတွက် ငွေတွေ အများကြီး လိုတာ မဟုတ်လား။ နင်က ဒီနေရာကနေ ထွက်သွားလို့ မရဘူးဆိုရင် ငါ့ကို သွားခွင့်ပြုပါ၊ ငွေရှာတဲ့ အလုပ်ကို ငါပဲ လုပ်ပါရစေ”
ရွှီထင်းရှန်းရဲ့ မျက်နှာပေါ်က အပြုံးတွေက ပိုပြီးတော့ ကြီးလာတယ်။ သူ ပြုံးလိုက်ရင် တကယ့်ကို ကြည့်လို့ ကောင်းတယ်၊ မျက်လုံးလေးတွေက လကွေးလေးလို ဖြစ်သွားပြီး အမူအရာကလည်း ချက်ချင်း နူးညံ့သွားကာ ကလေးဆန်တဲ့ ပုံစံမျိုး ပေါ်လာတတ်တယ်။ ပုံမှန်ဆိုရင် ရွှီထင်းရှန်းက "ရွှီသခင်ကြီး" ရဲ့ ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ် နေတတ်ပေမဲ့ သူ ပြုံးလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ တက်ကြွမှုတွေ ထွက်ပေါ်လာတတ်တယ်။ သူက သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ပုတ်ပေးကာ ရယ်ရင်းနဲ့ သက်ပြင်းချလိုက်တယ်။ "မင်းက တကယ့်ကို ငတုံးမလေးပဲ၊ သွားချင်ရင်လည်း သွားပေါ့”
ကျောက်အာက သူ့ရဲ့ ပုခုံးပေါ်မှာ မှီနေရင်း ဘာပြောရမှန်း မသိတော့ဘူး။ ဒါနဲ့ပဲ သူ့ရဲ့ လည်ပင်းကို အတင်းဖက်လိုက်တော့တာကြောင့် ရွှီထင်းရှန်းက သူ့ကို သတ်မလို့လားဆိုပြီး အော်တော့မှ ကျောက်အာက တစ်မျိုးပြောင်းပြီး သူ့ကို ယားအောင် လုပ်တော့တယ်၊ နှစ်ယောက်သား ကုတင်ပေါ်မှာ ကျီဆယ်နေကြတော့တယ်။
"ဒါဆိုရင်လည်း ခရိုင်ဝန်ကတော်ကြီးခင်ဗျာ၊ မင်းက တစ်ခါသွားရင် လနဲ့ချီပြီး ပြန်မလာဘူးဆိုတော့ ငါ့ကိုတော့ သနားပါဦး၊ ငါ့ရဲ့အထီးကျန် ဆင်းရဲဒုက္ခတွေကို ဘယ်လို ဖြေဖျောက်ပေးမှာလဲ"
ကျောက်အာက သူ့အပေါ်မှာ မှောက်လျက်လေး နေရင်းနဲ့ ရယ်ရခက် ငိုရခက် ပြောလိုက်တယ်။ "နင်ကတော့ တကယ့်ကို စနောက်နေတာပဲ"
178 05
ရွှီထင်းရှန်းက အင်္ကျီတစ်ထည်ကို ယူပြီး မျက်နှာကို အုပ်ကာ ငိုချင်ယောင် ဆောင်လိုက်တယ်။ "မင်းကတော့ စိတ်နှလုံး မရှိလိုက်တာ၊ ငါကတော့ မင်း အိမ်မှာရှိတဲ့ အဘိုးကြီးကို သွားပြီး ဖြေရှင်းရမှာကို သိနေတာပဲ။ ငါကတော့ ခုနစ်ပေ မြင့်တဲ့ ယောက်ျားကောင်း တစ်ယောက် ဖြစ်ပါလျက်နဲ့ တစ်ခါ မှားမိတာနဲ့ပဲ မင်းရဲ့ အိမ်ထောင်စုထဲကို ရောက်သွားပြီး ပြန်ထွက်လို့ မရတော့ဘူး။ ငါတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာ ဖြစ်ပေမဲ့ အခုတော့ လျှို့ဝှက် လင်မယားတွေလို နေနေရတယ်၊ အခုတော့ မင်းက သူ့ကို သွားတွေ့ဖို့အတွက် ငါ့ကို ပစ်ထားခဲ့တော့မယ်၊ ငါ့ရဲ့ရင်ထဲမှာတော့ တကယ့်ကို ဝမ်းနည်းနေပေမဲ့ ဘယ်သူ့ကိုမှ ပြောပြလို့ မရဘူး”
ကျောက်အာကတော့ ရယ်လွန်းလို့ ဗိုက်တောင် နာနေပြီ၊ သူက လေသံလေးကို ပြောင်းပြီး ဆိုနေတာ မြင်တော့ သူမကလည်း စိတ်မကောင်းတဲ့ ပုံစံမျိုး လုပ်လိုက်ပြီး သူ့ရဲ့မျက်နှာကို ပွတ်ကာ ပြောလိုက်တယ်။ "သူက ငါ့ရဲ့ ခင်ပွန်းဆိုတာ သိနေမှတော့ ငါ့ရဲ့ ခက်ခဲမှုကိုလည်း နားလည်ပေးမှာပေါ့၊ တကယ်တော့ ငါ့ရဲ့ ရင်ထဲမှာတော့ နင့်ကိုပဲ ချစ်နေတာပါ”
"ဘယ်လို ချစ်မှာလဲ"
"နင် ဘယ်လို ချစ်စေချင်လဲ"
"ဒါဆိုရင် ဒီနေ့တော့ မင်းက အပေါ်က နေလိုက်လေ” ပြောရင်းနဲ့ ရွှီထင်းရှန်းက လေသံကို ပြောင်းလိုက်ပြီး ကျောက်အာရဲ့နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။ အေးစိမ့်နေတဲ့ နှုတ်ခမ်းပါးလေးတွေက လက်ဖက်ရည်ကြမ်းရဲ့ ခါးသက်သက် အရသာလေး ပါဝင်နေသလို နွေးထွေးတဲ့ လျှာကလည်း သူမရဲ့ အငွေ့အသက်တွေကို အငမ်းမရ ယူနေတော့တယ်။ ဘယ်နေရာကိုမှ ချန်မထားခဲ့ဘူး။ နှုတ်ခမ်းချင်း ထိတွေ့နေတဲ့ အချိန်မှာ ကျောက်အာကတော့ အသက်ရှူဖို့တောင် ခက်ခဲနေသလို ခံစားရပြီး နှာခေါင်းထဲမှာလည်း သူ့ဆီကပဲ ရတဲ့အနံ့တွေ ပြည့်နှက်နေခဲ့တယ်။ ဝေဝါးနေတဲ့ အချိန်မှာ အအေးဓာတ်လေး တစ်ခုကို ခံစားလိုက်ရပြီး ရုတ်တရက် ရွှီထင်းရှန်းက ပါးစပ်ကို လွှတ်ပေးလိုက်တယ်၊ ကျောက်အာက အသက်ကို အမြန် ရှူဖို့ ကြိုးစားနေတုန်းမှာပဲ တစ်ခုခုနဲ့ တိုက်မိသလို ခံစားလိုက်ရတာကြောင့် အသက်တောင် မှားသွားမလို ဖြစ်သွားတယ်။ သူက သူမရဲ လည်ပင်းနားမှာ ကပ်ပြီး နားရွက်လေးကို ကိုက်ရင်း ပြောလိုက်တယ်။ "ကတော်ကြီး၊ ပြောပါဦး... အိမ်က အဘိုးကြီးက မင်းကို ပိုပြီး စိတ်ကျေနပ်စေသလား၊ ဒါမှမဟုတ် ငါက ပိုပြီး စိတ်ကျေနပ်စေသလား" အင်း... သူမက ပြန်မဖြေတာ မြင်တော့ သူက ထပ်ပြီး နှောင့်ယှက်နေတာကြောင့် ကျောက်အာလည်း သူ့ရဲ့စိတ်ကြိုက်အတိုင်း ပြောပေးလိုက်ရတော့တယ်။
"နင့်ကိုပဲ ပိုပြီး သဘောကျပါတယ်" သူမက အသက်ရှူ မမှန်ဘဲ ပြောလိုက်တယ်။
"တကယ်ပဲလား" သူကတော့ ဆီခိုးစားတဲ့ ကြွက်လေးတစ်ကောင်လို ပြုံးနေတာ မြင်တော့ ကျောက်အာကလည်း မျက်လုံးလေး ကစားလိုက်ပြီး ဇာတ်ကွက်ထဲက လေသံလေးနဲ့ တိုးတိုးလေး ပြောလိုက်တယ် "ကျွန်မရဲ့ အချစ်လေးရယ်... ရှင် မသိလို့ပါ၊ ကျွန်မတို့အိမ်က သခင်ကြီးကတော့ အပြင်ပန်းကသာ ကြည့်ကောင်းတာ၊ တကယ်တမ်းကျတော့ ဘာမှမဟုတ်ပါဘူး၊ ဒါကြောင့် ရှင့်ကိုပဲ ကျွန်မ ပိုပြီး သဘောကျနေတာ”
“ငါ့ကို ဘာမှ မဟုတ်ဘူးလို့ ပြောရဲတယ်ပေါ့" ... နောက်နေ့မှာ ကျောက်အာက တိတ်တဆိတ်ပဲ ခရိုင်ကထွက်သွားခဲ့တယ်။ အတော်ကြာအောင် ဝေခွဲမရ ဖြစ်နေခဲ့ပေမဲ့ အဆုံးမှာတော့ ဟုန်အာကို သူမ ဘာသွားလုပ်မလဲဆိုတာ မပြောခဲ့ဘူး၊ ခရိုင်ခဏ သွားစရာ ရှိတယ်၊ ရက်အနည်းငယ် ကြာရင် ပြန်လာခဲ့မယ်လို့ပဲ ပြောခဲ့တယ်။ ဟုန်အာကလည်း တကယ့်ကို သိတတ်တယ်၊ အမေ့ကို အမြန်သွားပြီး အမြန်ပြန်လာဖို့ ပြောရှာတယ်၊ ကျောက်အာကတော့ မြင်းလှည်းပေါ် ရောက်တော့မှ တိတ်တိတ်လေး ငိုလိုက်တော့တယ်။ ကျောက်အာ ထွက်သွားတာက ဘာလှိုင်းတံပိုးမှ မထွက်ပေါ်ခဲ့ပါဘူး၊ ပင်လယ်ကမ်းရိုးတန်းက တျန့်ဟိုင်ခရိုင်ကတော့ အရင်အတိုင်းပဲ တည်ငြိမ်လိုက်၊ ဆူညံလိုက်နဲ့ ရှိနေတုန်းပဲ။ အရင်နဲ့ မတူတာ တစ်ခုကတော့ ရွှမ်းယွီဆိပ်ကမ်း အကြောင်းကို လူသိများလာတာနဲ့အမျှ ဒီနေရာမှာ အရောင်းအဝယ် လာလုပ်တဲ့ နိုင်ငံခြားသား ကုန်သည်တွေ ပိုပြီးများလာတာပဲ ဖြစ်တယ်။ အရင်လို အချိန်ချိန်းပြီး လုပ်တာမျိုး မဟုတ်တော့ဘဲ အမြဲတမ်း တစ်ယောက်ယောက်က လာပြီး ရှာဖွေနေကြတာ ဖြစ်တယ်။ အေးချမ်းနေတဲ့ အပြင်ပန်း အခြေအနေရဲ့ အောက်မှာတော့ ကျိုးရှန်းကျွန်းက တဖြည်းဖြည်း ခြောက်ကပ်လာသလို ဟဲ့စစ်သူကြီးကလည်း အကြီးအကျယ် ဒေါသထွက်နေခဲ့တယ်။ ဒါကြောင့် ကျောက်အာ ထွက်သွားပြီး နှစ်ပတ်အကြာမှာ နင်းပေါ်မြို့တော်ဝန် ဆွန်းအမတ်မင်းက ရွှီထင်းရှန်းကို မြို့တော်ကို လာခဲ့ဖို့ ကိုယ်တိုင် ဆင့်ခေါ်လိုက်တော့တယ်။
******