← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

49.1 01

အခန်း 49.1 1

နောက်တစ်နေ့ နံနက်အစောပိုင်းမှာ ကျောက်မိသားစုက အဆင်သင့်ဖြစ်လို့ သတို့သားဖြစ်သူ ကျောက်ကျင်ရွေ့ကိုပါ ခေါ်ပြီး ထွက်လာခဲ့တယ်။ ကျောက်မိသားစုမှာ ကိုယ်ပိုင်လှည်းတစ်စီးရှိပေမဲ့ မြည်းမဟုတ်ဘဲ နွားလှည်းသာဖြစ်တယ်။

နွားလှည်းလေးက အိပဲ့အိပဲ့သွားပေမဲ့ လမ်းလျှောက်ရတာထက်စာရင် အများကြီး သာပါသေးတယ်။ လူလည်း အတော်အသင့်ဆံ့ပြီး ပစ္စည်းတွေပါ တင်လို့ရသေးတယ်။ ဒီတိုင်း ကျောက်ကျင်ရွေ့ကသာ အရမ်းခုန်တယ်ဆိုပြီး မစီးချင်တာ။

သူတို့ယွီချင်းရွာကို ရောက်တဲ့အခါ ကျောက်ကျင်ရွေ့ရဲ့မျက်နှာထားက လက်ထပ်တော့မဲ့ သတို့သားလို့မထင်ရလောက်အောင် ပျက်ယွင်းသွားတာကြောင့် မသိတဲ့သူဆို အကြွေးလာပေးတယ်လို့ ထင်သွားလိမ့်မယ်။

အဘွားကျောက်က သူ့အစ်ကိုနဲ့ယောင်းမတို့လာမယ်ဆိုတာ ကြားထားပြီးသားမို့ အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်စောင့်နေတာ အပြင်က လှည်းသံလည်းကြားရော မသိလိုက်ခင်မှာပဲ ခြေထောက်တွေက အလိုလို အိမ်ပေါက်ဝ ရောက်နေပြီ။

အနောက်က သူ့လက်ကို လာဆွဲတာ ခံစားမိမှသာ လက်ရှိကိုအသိပြန်ဝင်လာတာဖြစ်ပြီး နောက်လှည့်ကြည့်လိုက်တော့ ရွှီစွေ့အယ်ရဲ့ အင်မတန် ရွှင်ပျမြူးထူးနေတဲ့ အမူအရာကို တွေ့လိုက်ရတယ်။ သူမ ကြည့်ရတာ ဟိုဘက်မိသားစုကို အတော်လေး ဝမ်းသာအားရနဲ့ ကိုယ်တိုင်ထွက်ကြိုချင်နေတဲ့ပုံပဲ။

“မိန်းကလေးဆိုတာ အိန္ဒြေရှိရတယ်။ သွား အခန်းထဲပြန်ဝင်နေ အမေ သူတို့နဲ့စကားပြောလိုက်မယ်”

တစ်အောင့်လောက်နေတော့ အပြင်ရောက်နေတဲ့ ရွှီချင်းဟွိုင်ကလွဲရင် ရွှီမိသားစုက ယောက်ျားသားအကုန် အိမ်ပြန်လာကြပြီး ဒီနေ့က ရွှီထင်းရှန်းရဲ့နားရက်နဲ့ သွားတိုက်ဆိုင်တော့ ကျောက်အာလည်း အိမ်မှာရှိနေခဲ့တယ်။

ရွှီထင်းရှန်းက မနက်စာစားပြီးကတည်းက သူကူးထားတဲ့ သုံးလုံးတွဲကျမ်းကို ထုတ်လာပြီး ကျောက်အာကို အခြေခံဗျည်းတချို့ သင်ပေးနေခဲ့တယ်။ လောလောဆယ် သူတို့အခန်းထဲက အပူပေးအိပ်ရာပေါ်မှာ လေးထောင့်စားပွဲတစ်လုံး ရှိနေပြီး ကျောက်အာက စားပွဲအနောက်မှာ လက်နောက်ပစ်ကာ ကျောမတ်ရင်း တောင့်တောင့်ကြီး ထိုင်နေတယ်။

ရွှီထင်းရှန်းက ကြောင်သွားပေမဲ့ စက္ကန့်အနည်းငယ်လောက်နေမှ ကျောက်အာအနေနဲ့ ရွာထဲက စာသင်ကျောင်းက ကလေးတွေကိုပဲ အများဆုံးမြင်ဖူးလောက်မှာမို့ စာသင်တိုင်း ဒီလိုနေရမယ် ထင်နေတယ်ဆိုတာ သဘောပေါက်သွားတယ်။

စိတ်ထဲ တိတ်တိတ်လေး ရယ်လိုက်မိပေမဲ့ ရွှီထင်းရှန်းက ပြန်ပြင်ပေးမယ်မရှိဘဲ အိပ်ရာပေါ်က ထကာ ဝါးခြမ်းပြားတစ်ခုတောင် သွားရှာလိုက်သေးတယ်။ ကျောက်အာက ဒါကိုမြင်တော့ ကျောင်းဆရာတွေ ကိုင်လေ့ရှိတဲ့ သစ်သားပေတံကိုတောင် သွားသတိရတယ်။

သူမ စာကောင်းကောင်းမလုပ်ရင် အရိုက်ခံရမယ်ဆိုတာ သိပါတယ်။ ရွှီချင်းရှန်ရဲ့ ကိုယ်ပိုင်ကျောင်းမှာဆိုလည်း စာမရတဲ့ကလေးတွေ ခဏခဏအရိုက်ခံရတာ မြင်ဖူးပေမဲ့ ဆရာက ကောင်းစေချင်လို့ ရိုက်တယ်ဆိုတာ နားလည်လို့ သူမကတော့ အပြစ်မမြင်မိဘူး။

“ငါရော စာမရရင် အရိုက်ခံရမှာလား”

သူမအသံက မချင့်မရဲဖြစ်နေတယ်။ ရွှီထင်းရှန်းကတော့ အတည်ပေါက်မျက်နှာနဲ့ တစ်လုံးချင်းပြောတယ်။

“အမှားလုပ်ရင်တော့ အရိုက်ခံရမှာပေါ့။ ကောင်းကောင်းလိုက်မဖတ်ရင်လည်း အရိုက်ခံရမယ်။ အဲဒါကြောင့် စာကို သေချာအာရုံစိုက်ပြီး အမှားမလုပ်မိစေနဲ့”

ဒီနေရာမှာသာ သူ့ကို ခေါင်းပေါင်းပေးဆောင်းပြီး မုတ်ဆိတ်မွှေးတပ်ပေးလိုက်ရင် ကျောင်းက ဆရာကြီးတွေနဲ့ တစ်ပုံစံတည်းဖြစ်သွားလိမ့်မယ်။ ကျောက်အာက ပညာတတ်တွေဆို အားကျမှုတစ်သိန်းနဲ့ ငေးကြည့်နေကျမို့လို့ အချင်းချင်းကြား ငဲ့ညှာပေးဖို့ တောင်းဆိုမဲ့စိတ်ကူးတောင် ပျောက်သွားပြီး အလေးအနက်ဖြစ်လာတယ်။

“ဒီလိုဆို ပိုကောင်းတယ်။ လက်ရှိမှာ ငါက မင်းရဲ့ ဆရာ မင်းက ငါ့တပည့်ပဲ”

ရွှီထင်းရှန်းက အကြံဉာဏ်လေးတစ်ခုရသွားပြီး ဟန်ဆောင်မူပိုစွာ သက်ပြင်းတစ်ချက် ချပြလိုက်တယ်။

49.1 02

“စာဖတ်ခြင်းက အသိပညာတိုးပွားစေပြီး အက္ခရာတွေကို ဖတ်တတ်ရုံတင်သာမက လောကကြီးရဲ့ တစေ့တစောင်းကိုလည်း နားလည်လာလိမ့်မယ်။ ဒါကြောင့် မင်းကို အရင်ဆုံး တပည့်နီတိကနေ စသင်ပေးမယ်”

သူက ရွှီကျွင်းခိုင်နဲ့ပြိုင်တုန်းက ကိုယ်တိုင်ရေးထားတဲ့ အဖြေလွှာစာရွက်ကို ထုတ်ယူလာပြီး တိတ်တဆိတ်ပဲ ကျောက်အာကို ကမ်းပေးလိုက်တယ်။ စိတ်ထဲမှာလည်း နောက်ကျမှ သူမ ပြန်လေ့လာလို့ရအောင် နောက်ထပ်အသစ်တစ်စောင် ရေးပေးထားဖို့ တေးမှတ်လိုက်သေးတယ်။

“ငါက တစ်ကြောင်းဖတ်ပြရင် မင်းလည်း နောက်က လိုက်ရွတ်ရမယ်၊ ရွတ်တဲ့အခါ နှုတ်ကနေတင် မဟုတ်ဘဲ စိတ်ကလည်း စာလုံးတွေကို လိုက်မှတ်ထားရမယ်”

နောက်တော့ သူက စာရွက်လေးကို ကောက်ကိုင်လိုက်ပြီး ငြင်သာတဲ့လေသံနဲ့ ဖြည်းညှင်းစွာ ဖတ်ပြတော့တယ်။

“တပည့်နီတိဆိုသည်မှာ ‘စာသင်သားတစ်ဦးတွင် ရှိသင့်သည့် ကျင့်ဝတ်လက္ခဏာများဖြစ်ပြီး ပထမဦးစွာ မိသားစုအပေါ် သိတတ်လိမ္မာခြင်း၊ ဒုတိယအချက် ရိုးသားစစ်မှန်ခြင်းနှင့်မည်သူ့ကိုမဆို ကြင်နာစွာ ဆက်ဆံရမည်တို့ ဖြစ်သည်။’ တကယ်လို့ ဆက်လုပ်နိုင်သေးတယ်ဆိုရင် စာပေကျမ်းဂန်တွေကိုပါ သင်လို့ရတယ်၊ ဒါက ယေဘုယျခြုံပြောတာ အခုတော့ မိသားစုအပေါ် သိတတ်ခြင်းဆိုတဲ့ အခန်း ၁ကို စကြမယ်”

ကျောက်အာက စာတစ်လုံးမှမဖတ်တတ်သေးတာမို့ သူမကို အမြင်နဲ့တင် အက္ခရာတွေ ခွဲခြားနိုင်အောင်လို့ ရွှီထင်းရှန်းက ပါးစပ်ကဖတ်ပြရင်း လက်ကလည်း စာရွက်ပေါ်က စာလုံးတွေကို ဝါးခြမ်းပြားနဲ့ ဖြည်းဖြည်းချင်း ထောက်ပြသွားတယ်။

ကျောင်းက မူလတန်းကလေးတွေလည်း စတက်တုန်းက ဒီလိုပဲသင်ရတာပဲ။ အက္ခရာတွေ ခွဲခြားတတ်မှသာ သူတို့တကယ့် လေ့လာမဲ့အဆင့်ကို သွားလို့ရမှာ။ အဲဒီလိုနဲ့ ကျောက်မိသားစု ရောက်လာတဲ့အချိန် ရွှီထင်းရှန်းက ကျောက်အာကို စာသင်ပေးနေခဲ့တယ်။

အပြင်က ဆူညံသံတွေကြားတော့ ကျောက်အာက မရည်ရွယ်ပါဘဲ ပြူတင်းပေါက်ဘက်ကို ခေါင်းလေး မော်ကြည့်လိုက်မိတာ ရွှီထင်းရှန်းရဲ့ ဝါးခြမ်းပြားစာမိသွားတယ်။

“စာသင်နေရင် တခြားဘာကိုမှ အာရုံမစိုက်ရဘူး”

ရိုက်ချက်က အားမပါပေမဲ့ ကျောက်အာကတော့ ချက်ချင်း ကျောမတ်သွားပြီး ဘယ်ကိုမှမကြည့်ရဲတော့ဘဲ ခေါင်းငုံ့ကာ စာပြန်ရွတ်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အောင့်သက်သက် တွေးလိုက်မိတယ်။

ဒီအသက်အရွယ်ရောက်မှ ကိုယ့်ထက်ငယ်တဲ့လူဆီက အရိုက်ခံနေရတယ်လို့ …

အရိပ်အခြည်မြန်တဲ့ ရွှီထင်းရှန်းက သူမမျက်နှာကိုမြင်တာနဲ့ စိတ်ထဲကို ထိုးဖောက်သိမြင်သွားပြန်တယ်။

“အခုငါက မင်းရဲ့ဆရာနော်။ သင်ယူနေတဲ့ လူတစ်ယောက်ဆိုတာ အသက်နဲ့မတိုင်းတာဘူး ။ဗဟုသုတနဲ့ပဲ ဆုံးဖြတ်ကြတာ။ အဲဒါကြောင့် ငါက မင်းထက် ပိုဖတ်တတ်တော့ ဒီဆရာ ပြောသမျှ အမှန်ပဲ”

“အာ …”

အိမ်မကြီးထဲမှာလည်း အဘွားကျောက်ရဲ့မျက်နှာက အတော်လေး မာထန်နေတယ်။ အချိန်မှီပြန်လာတဲ့ အဘိုးရွှီကြောင့်သာမဟုတ်ရင် ကျောက်ဝမ်နဲ့သူ့မိန်းမတို့က အခုလောက်ဆို ပြန်သွားပြီ။ ဒါက သူ့ညီမအရင်းဆိုရင်တောင် ကျောက်ဝမ်ကတော့ သူ့မိန်းမပြောသလိုပဲ သူ့ညီမက အတော်လေး မုန်းစရာကောင်းလာတာ ဝန်ခံရမယ်။

သူမှတ်မိသလောက်တော့ သူမက အရင်က ဒီလိုမဟုတ်ပါဘူး ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ မသိဘူး။ အဘိုးရွှီက အဘွားကျောက်ထက်စာရင် ဉာဏ်ပိုရှိပြီး သူ့သမီးက ဟိုဘက်အိမ်ပါသွားမှာ သိနေတာကြောင့် တစ်ဖက်လူက မှားနေတာတောင် တင်တောင်းငွေကို အရမ်းလည်း တိုးမတောင်းရဲဘူး။

ယောက်ျားသားနှစ်ယောက် ဦးဆောင်တဲ့ အပြန်အလှန် စကားလေးတွေနောက် နှစ်ဖက်မိသားစုက ပြန်လည်ရင်းနှီးလာကြပြီး အငယ်နှစ်ယောက်ရဲ့ မင်္ဂလာဆောင်အတွက် အသေးစိတ်ဆွေးနွေးလာကြတယ်။

ကျောက်ကျင်ရွေ့ကတော့ အိမ်ထဲမှာနေရတာ မွန်းကျပ်လာတာနဲ့ ခြံထဲဆင်းလာခဲ့ရာက တစ်ယောက်ယောက် တပည့်နီတိ ရွတ်နေသံကို ကြားလိုက်ရလို့ ရွှီအိမ်မှာ လာအပ်ထားတဲ့ ကလေးတစ်ယောက်လို့ ထင်မှတ်လိုက်တာ။

49.1 03

ဒါပေမဲ့ နောက်တစ်ခါ သူထပ်ကြားလိုက်ရတဲ့အသံက မိန်းကလေးသံဖြစ်နေတာကြောင့် ဒီအတွေးက မဖြစ်နိုင်တော့ဘူး။ သူက သိချင်စိတ်နဲ့ အသံလာရာ အခန်းဆီလျှောက်သွားပေမဲ့ အိမ်ခန်းပြူတင်းပေါက်နားပဲ ရှိသေးတယ် အနောက်က တစ်ယောက်ယောက်က ဖမ်းဆွဲလာတယ်။

လှည့်ကြည့်လိုက်တော့ သူ့ရဲ့နှစ်ယောက်မရှိတဲ့ သတို့သမီးလေး ရွှီစွေ့အယ်ဖြစ်နေတော့တယ်။

“အစ်ကိုကျင်ရွေ့ ဒီမှာဘာလုပ်နေတာလဲ”

“တစ်ယောက်ယောက် စာဆိုသံကြားလိုက်လို့ …”

“ဪ အဲဒါက ကုန်းအာက ပျင်းပျင်းနဲ့ ကျောက်အာကို တစ်လုံးနှစ်လုံးသင်ပေးနေတာ။ သူ့မှာ အိမ်ပြန်လာပြီး ဘာမှလုပ်စရာမရှိဘူးလေ”

ဒီလိုပြောပြီးတော့ နောက်ထွက်လာတဲ့ ရွှီစွေ့အယ်ရဲ့အသံက နှစ်ကိုယ်ကြားစာလောက် တိုးညှင်းနူးညံ့သွားတယ်။

“အစ်ကို လိုက်ခဲ့ ပြောစရာရှိတယ်”

“ဘာလုပ်မလို့လဲ။ အရမ်းမဆွဲနဲ့လေ”

“အို လိုက်ခဲ့ပါဆို”

အခန်းထဲမှာတော့ ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ နှစ်ယောက်သားက တိတ်တဆိတ်ပဲ အကြည့်ချင်း ဖလှယ်လိုက်မိတော့တယ်။

******

49.2 1

အခန်း 49.2

ဒီလူတွေကတော့ သူတို့က သူများအမိုးအောက်မှာရပ်ပြီး ပြောနေကြတာလေ တခြားလူတွေ ကြားသွားမှာ မစိုးရိမ်ဘူးလား။

ကျောက်အာက မနေနိုင်တော့ဘဲ ပြူတင်းပေါက်နား တက်ကြည့်လိုက်တော့မှ အပြင်ကလူနှစ်ယောက်က တွန်းလား ဆွဲလားနဲ့ တစ်နေရာကိုထွက်သွားတာ တွေ့လိုက်ရတယ်။ သူမက ကုတင်ပေါ်က ရုတ်တရက် တစ်ယောက်တည်း အမြန်ထထွက်သွားတာကြောင့် ရွှီထင်းရှန်းက မတားလိုက်နိုင်ဘူး။

ရွှီစွေ့အယ်က ကျောက်ကျင်ရွေ့ကို အိမ်နောက်က ဟင်းသီးဟင်းရွက်စိုက်ခင်းဆီကို ခေါ်ဆောင်လာခဲ့တယ်။ ရွှီမိသားစုရဲ့ အနောက်ဘက်ခြံဝန်းမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးခြံက အတော်လေး ကျယ်ဝန်းပြီး ဝက်ခြံ ကြက်ခြံနဲ့ ထင်းတဲအပြင် ကောက်ရိုးပုံကြီး နှစ်ပုံပါ ရှိသေးတယ်။ ရေအိမ်ကလည်း ဒီအနောက်မှာပဲ။

ရွှီစွေ့အယ်က အိမ်သားတွေ သူတို့နှစ်ယောက်အတူရှိနေတာ မြင်သွားရင် ဂျိုးပြောမိုးပြော ပြောကြမှာစိုးလို့ ကျောက်ကျင်ရွေ့ကို ထင်းတဲလေးထဲ တွန်းထည့်လိုက်တယ်။ ပုံမှန်ဆို ဒီတဲလေးထဲ ဘယ်သူမှ တော်တန်ရုံမလာကြဘူးလေ။

အရှေ့မှာရှိတဲ့ ကျောက်မီးဖိုကြီးက ရေနွေးတည်ဖို့ဖြစ်ပြီး သုံးလေးရက်လောက်နေမှ တစ်ခါ အသုံးပြုတာဖြစ်တယ်။ ကျောက်ကျင်ရွေ့က သူမလက်ကို ဆွဲဖယ်လိုက်ပြီး ရှုံ့တွနေတဲ့မျက်နှာနဲ့ သူ့အင်္ကျီပေါ်က ဖုန်သဲတွေကို ခါနေတယ်။

“ဘာတွေပြောစရာရှိလို့ ငါ့ကို ဒီလိုနေရာမျိုးအထိ ခေါ်လာရတာလဲ”

သူက ဘေးပတ်ပတ်လည်ကို ရွံရှာတဲ့မျက်လုံးတွေနဲ့ ဝေ့ဝဲကြည့်နေတယ်။ ဒီတဲလေးက ပြုပြင်ထိန်းသိမ်းမှုမရှိတာ ကြာပြီမို့ ခေါင်မိုးကလည်း ပေါက်နေပြီး သက်ကယ်နဲ့ပြန်မိုးထားရတာဆိုပေမဲ့ တံခါးနေရာ တံခါး ပြူတင်းနေရာ ပြူတင်းတော့ ရှိပါသေးတယ်။

အတွင်းထဲက ပစ္စည်းပစ္စယတွေကလည်း သူ့နေရာနဲ့သူ စီစီရီရီပါပဲ။ ရွှီစွေ့အယ်ကတော့ စိတ်ထိခိုက်နေဟန် လုပ်ယူလိုက်ပြီး “အစ်ကိုကျင်ရွေ့ ကျွန်မတို့ မတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ အစ်ကို ကျွန်မကို မလွမ်းဘူးလားဟင်”

ကျောက်ကျင်ရွေ့က ဘာမှပြန်မဖြေဘဲ သူမကို အကြည့်တစ်ချက်သာ ပေးလိုက်တယ်။ ဒါပေမဲ့ ရွှီစွေ့အယ်ရဲ့မျက်လုံးထဲမှာတော့ သူဘာမှမပြောလည်း တိတ်ဆိတ်တာက ဝန်ခံတာပဲလိုယူဆပြီး ရှက်တက်တက် အမူအရာလေးနဲ့ ကျင်ရွေ့ကိုယ်ပေါ် မှီချလိုက်တယ်။

“အွန်း ကျွန်မလည်း လွမ်းနေတာ”

ကျောက်အာက ရွှီစွေ့အယ်တစ်ယောက် တကယ်ကြီး ဒီလိုချွဲနွဲ့လွန်းတဲ့ လေသံနဲ့ပြောနိုင်တာကို တော်တော်အံ့ဩနေပြီး တစ်ကိုယ်လုံး ကြက်သီးတောင် ထသွားတယ်။ သူမ ပြန်လှည့်ဖို့ပြင်တဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က အနောက်ကရောက်လာတယ်။

ကျောက်အာတစ်ယောက် ရင်ထဲက နှလုံးအပြင်ထွက်ကျမတတ် လန့်ဖြန့်သွားပေမဲ့ နောက်လှည့်ကြည့်လိုက်တော့ လိုက်လာတဲ့သူက ရွှီထင်းရှန်းဖြစ်နေတာ တွေ့တော့မှ စိတ်ဒုန်းဒုန်းချနိုင်သွားတယ်။

ဒါပေမဲ့လည်း နောက်တစ်စက္ကန့်မှာပဲ သူမ လှုပ်ရှားလိုက်လို့ ထောင့်နားမှာထောင်ထားတဲ့ ဝါးလုံးက ဒုတ်ခနဲ ပြုတ်ကျသွားတော့ ကျောက်ကျင်ရွေ့က ချက်ချင်း လှမ်းမေးလာတယ်။

“ဘယ်သူလဲ”

ရွှီစွေ့အယ်က ခေါင်းထောင်ကြည့်ပြီး ဆက်နားထောင်လိုက်ပေမဲ့ အသံတိတ်သွားတာကြောင့် ပေါ့ပေါ့တန်တန်ပဲ သဘောထားလိုက်တယ်။

“ဘယ်သူမှမဟုတ်ပါဘူး။ ဒီတိုင်း ကြောင်ရိုင်းတွေ နေမှာပေါ့ အိမ်ကလူတွေက ဒီနေရာကို ဆယ်ရက်နေလို့ တစ်ခါတောင် မလာကြဘူး”

49.2 02

ကျောက်ကျင်ရွေ့က အဲဒီတော့မှ သူ့အာရုံကို ရွှီစွေ့အယ်ဆီ ပြန်လှည့်လိုက်ပြီး ငုံ့ကြည့်လိုက်တယ်။

“မင်း ဘာပြောမလို့လဲ။ ပြောစရာရှိရင်လည်း မြန်မြန်ပြော မရှိရင်လည်း ငါသွားမယ်”

သူက စိတ်မရှည်သလို လှည့်ထွက်ဖို့လုပ်တော့ ရွှီစွေ့အယ်က အနောက်ကနေ ခါးကိုလှမ်းဖက်တယ်။

“အယ် အစ်ကို ဘာလို့ဒီလောက် နှလုံးသားမဲ့ရတာလဲ။ ဒီကြားထဲ နှစ်ယောက်သား မတွေ့ရတာ အကြာကြီးကို အစ်ကို ကျွန်မကို သတိမရဘူးလား။ နည်းနည်းလောက်တောင် မချိန်းတွေ့ချင်ဘူးလား ဟင်… အစ်ကိုကတော့ ဘယ်သိမလဲ ကျွန်မလေ ဒီတလော နေ့နေ့ညည အစ်ကို့ကိုပဲ သတိတွေရနေတာ အစ်ကို့ကို ချက်ချင်းလာတွေ့ချင်ပေမဲ့ အမေက မလွှတ်လို့”

“ကြည့်ပါဦး အမေပြောတာတော့ ဗိုက်က နောက်ငါးလလောက်နေမှ ထွက်မှာတဲ့။ ဒါပေမဲ့ ဒီမိန်းမလေးက အစ်ကို့ကလေး လွယ်ထားရတာနော်”

ဒါကြောင့် ယောက်ျားတစ်ယောက်ရဲ့ စဥ်းစားဆင်ခြင်ဉာဏ်က ကညာပျိုတစ်ယောက် အပြုံးအောက်မှာ ကျရှုံးသွားနိုင်တယ်လို့ ပြောကြတာ။ အခုတော့ ရွှီစွေ့အယ်က ကျောက်ကျင်ရွေ့ကိုဖက်ထားရာက လွှတ်ပေးလိုက်ပြီး သူ့လက်ကို သူမဝမ်းဗိုက်ပေါ် တင်ပေးလိုက်တယ်။

ကျောက်ကျင်ရွေ့က အခုမှ ငယ်တုန်းရွယ်တုန်းဖြစ်ပြီး ရမ္မက်အား အကောင်းဆုံးအချိန်ဆိုလည်း ဟုတ်တယ်။ ဒီအပြင် မိန်းကလေးဘက်က မြောင်းမကလို့ မြစ်ပါ ဖောက်ပေးနေပြီး ရွှီစွေ့အယ်ကလည်း ခပ်လှလှထဲပါတော့ သူ့ဆန္ဒတွေကို ဘယ်လိုထိန်းနိုင်တော့မှာလဲ။

အစကတော့ သူ့လက်က မိန်းကလေးရဲ့ဝမ်းဗိုက်ကို ထိတွေ့နေရာက နောက်တော့ တဖြည်းဖြည်း အပေါ်တက်လာခဲ့တယ်။ ဘယ်လောက်မှ မကြာခင်မှာပဲ ကျောက်ကျင်ရွေ့ရဲ့လက်တစ်ဖက်က ရွှီစွေ့အယ်ရဲ့ ဆူဖြိုးနေတဲ့ ရင်သားတွေပေါ် ရောက်သွားပြီး ဆုပ်နယ်နေတယ်။

“လူဆိုးမလေး ဒီလိုတွေ လာမြှူဆွယ်နေတာ ငါ့ကိုလွမ်းလို့မဟုတ်ဘဲ ငါ့ရဲ့ တခြားဟာကို လွမ်းလို့မလား”

“အစ်ကိုကျင်ရွေ့ ဘာတွေလျှောက်ပြောနေတာလဲ”

ရွှီစွေ့အယ်က မူပိုလွန်းတဲ့ ချွဲနွဲ့သံနဲ့ ရှက်ဟန်ဆောင်ကာ ပြောလာပြီး မျက်နှာရဲရဲကို ငုံ့ချလိုက်တယ်။

“ဘာလျှောက်ပြောလို့လဲ။ ငါပြောတာကို မင်းလည်း တွေးနေတာပဲမလား”

သူတို့က ပြောရင်းဆိုရင်း ပွေ့ဖက်လိုက်ကြပြီး စတင်နမ်းရှုံ့ကြတော့တယ်။ အပြင်က ကျောက်အာရဲ့ မျက်လုံးတွေကတော့ အပြင်ထွက်ကျမတတ် ပြူးထွက်သွားတယ်။

ကျွတ် ကျွတ် ဒီနှစ်ယောက် တကယ်အရှက်မရှိဘူးပဲ ဒါအိမ်လေ… လူကြီးတွေလည်း ရှိနေတာကို အေးပေါ့လေ သူတို့အဲဒီလောက် ဖြစ်ပျက်နေလို့လည်း မယူခင် ဗိုက်ကြီးသွားတာပေါ့။

သူမက စိတ်ထဲမှာသာ ကဲ့ရဲ့လိုက်ပြီး ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေလိုက်တာ အနောက်မှာ ယောက်ျားလေးတစ်ယောက် ရှိနေသေးတာတောင် မေ့နေပုံရတယ်။ ဒါပေမဲ့ သူမ ပွဲကြည့်ပရိတ်သတ်လုပ်နေရင်း တစ်ခုခု မဟုတ်တော့တာ သတိထားမိလာတယ်။

သူ(မ)က ဘယ်လိုလုပ် အင်္ကျီတွေတောင် ချွတ်နေတာလဲ။

ဒီလိုစဥ်းစားမိရုံပဲ ရှိသေးတယ် ရှေ့မှာ ရွှီစွေ့အယ်ရဲ့ ဖြူဖွေးတဲ့ ရင်နှစ်မွှာက ခုန်ထွက်လာပြီး ကျောက်ကျင်ရွေ့က အငမ်းမရ စုပ်နမ်းနေတာ တွေ့လိုက်ရတော့တယ်။ ဒီမြင်ကွင်းကြောင့် ကျောက်အာရဲ့ လည်ပင်းတွေ နားရွက်တွေက ချက်ချင်း ပူထူသွားပေမယ့် သူမက ဆက်ကြည့်ချင်နေတုန်းပဲ။

“ဟေ့”

ခပ်တိုးတိုး လေသံလေးထွက်လာပေမဲ့ အရှေ့ကလူရဲ့ အာရုံက ဟိုနှစ်ယောက်အပေါ် ရှိနေတုန်းပဲ။ ရွှီထင်းရှန်းက သူမလက်ကနေ ဆွဲခေါ်လိုက်တော့မှ ကျောက်အာက နောက်လှည့်ကြည့်လာတာ။

“အယ် ဘယ်တုန်းက ရောက်နေတာလဲ”

49.2 03

သူမက တိုးတိုးတိတ်တိတ် မေးလာတော့ ရွှီထင်းရှန်းက မျက်လုံးတွေမှေးကြည့်လိုက်ပြီး “အခုနကတည်းက ရောက်နေတာလေ ငါရှိနေတာ မေ့သွားတာလား”

“ဪ အမ်း မဟုတ်ပါဘူး လာ လာ သွားကြစို့”

“ဆက်မကြည့်ချင်တော့ဘူးလား”

“ဘာကြည့်စရာရှိလို့လဲ။ ဟေးကျစ် မိတ်လိုက်ဖို့ အမရှာနေတာလောက်တောင် စိတ်ဝင်စားဖို့ မကောင်းပါဘူး”

သူမက အခုနက နံပါတ်တစ် ပွဲကြည့်ပရိတ်သတ်မဟုတ်တဲ့အတိုင်း ပြောလာပြီး ရွှီထင်းရှန်းကို လက်ကနေဆွဲ ခြေဖျားထောက်ရင်း တိတ်တိတ်လေး ပြန်ထွက်လာတယ်။ သူမက အပေါ်ကတစ်ခွန်းကို သာမန်ကာလျှံကာ ပြောလိုက်တာဆိုပေမဲ့ ရွှီထင်းရှန်းက မှတ်ထားမယ်လို့ မထင်ထားဘူး။

“ဟေးကျစ် မိန်းမရှာတာ မြင်ဖူးတယ်ပေါ့”

ကျောက်အာက ယောင်တောင်တောင်နဲ့ ခေါင်းညိတ်လိုက်မိတယ်။

“အင်း… နင် မသိဘူးလား။ ဟေးကျစ်က တကယ့်နှာဘူးကောင် သူတို့အချိန်ရောက်လာတာနဲ့ ရွှီချန်းအိမ်က ခွေးမလေးကို အလွတ်ကို မပေးတော့တာ”

သူတို့လျှောက်လာတာ အိမ်ရှေ့ကိုပြန်ရောက်လာပြီး သွားနေရင်း သူမလက်ထဲမှာ ရွှီထင်းရှန်းပါမလာတော့တာ တွေ့တော့မှ ကျောက်အာက အကြီးတစ်ယောက်အနေနဲ့ ထိုစကားတွေ မပြောသင့်မှန်း သတိရသွားတယ်။

ဒါပေမဲ့လည်း တောရွာတွေမှာ ဒီလိုကိစ္စတွေက သူ မပြောလည်း အကုန်မြင်တွေ့နေကျတာပဲ။ ကလေးတွေအားလုံး ငယ်ငယ်ကတည်းက လမ်းပေါ်မှာ ခွေးနှစ်ကောင် မိတ်လိုက်နေတာကို မြင်ရင်း ကြီးလာကြတာမို့ ဘယ်သူမှတောင် ထွေထူးပြီး ဂရုစိုက်မနေဘူး။

တိရစ္ဆာန်တွေကတော့ ဒီလိုလုပ်လို့ရပေမဲ့ လူတွေကတော့ မရဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးလက်ဒေသတွေမှာ လင်မယားကိစ္စတွေနဲ့ ပတ်သက်ပြီး အတော်လေး ပွင့်ပွင့်လင်းလင်းရှိကြတယ်။

အပျိုဖြန်းလေးတွေကတော့ ချွင်းချက်ဆိုပေမဲ့ အိမ်ထောင်သည်တွေက သူတို့ဘာသာ သွားလာနေကြရင်း အသံကျယ်ကြီးနဲ့ ညစ်ပတ်တဲ့ဟာသတွေ ပြောနေကြတာပဲ။ ဒီလိုပတ်ဝန်းကျင်မှာ အရွယ်ရောက်လာတဲ့ အပျိုလူပျိုတွေအားလုံးက သားမယားကိစ္စတွေကို ခပ်စောစော သိကြတယ်။

ဒါပေမဲ့ မျက်ဝါးထင်ထင်မြင်ဖူးတာတော့ ကျောက်အာအတွက် ဒါပထမဆုံးပဲ။ အခုလေးတင် တွေ့ခဲ့ရတဲ့ မြင်ကွင်းကို ပြန်စဥ်းစားမိတိုင်း မျက်နှာတွေပူတက်လာတုန်းပဲ။

“နင်က ငယ်ပါသေးတယ် ကလေးက ဘာလို့ဒါတွေ လာမေးနေတာလဲ”

ဒီလိုပြောပြီးမှ အစောလေးကတင် သူ့ကောင်လေးက သူမကို စာပြန်သင်ပေးနေတာ တွေးမိလိုက်တော့ နည်းနည်း မှားသလို ခံစားသွားရပြန်ရော။ သူမက ခဏလောက် ကိုးရို့ကားရားဖြစ်သွားပြီး တစ်ခုခုပြောတော့မဲ့အချိန်မှာပဲ ရွှီထင်းရှန်း ထုတ်ပြောလာတဲ့စကားကို ကြားလိုက်ရတယ်။

“မငယ်တော့ပါဘူး။ ငါတို့လည်း နောက်နှစ်ဆို လက်ထပ်တော့မှာပဲဟာ… အဲဒီအခါ ကျောက်ကျင်ရွေ့နဲ့ ဒေါ်လေးတို့ လုပ်နေသလိုမျိုး ငါတို့လည်း လုပ်လို့ရပြီ”

သူ့ကောင်လေး မျက်နှာပေါ်က အတည်ပေါက်အမူအရာကို တွေ့မြင်ပြီးတဲ့နောက် ကျောက်အာရဲ့ ဦးနှောက်က လုံးဝ ချို့ယွင်းသွားတော့တယ်။

……………..

******

50.1 01

အခန်း 50.1

အဲဒီနောက် ဘာတွေဖြစ်သွားသလဲ ကျောက်အာလည်း မသိတော့ဘူး။ သူမ သိတာဆိုလို့ စိတ်အာရုံတစ်ခုလုံး ဗလာကျင်းသွားပြီး မလိုအပ်ဘဲ အခုလို အကျယ်ကြီး အော်ပြောလိုက်မိတာပဲ။

“ကျွန်မ စိုက်ခင်းထဲမှာ အသီးအနှံနည်းနည်း အရင်သွားခူးလိုက်ဦးမယ်။ ပြီးတော့ ထင်းရှူးဆီရောပဲ”

ကျောက်အာက တရစပ်ရွတ်သွားပြီးတာနဲ့ ချက်ချင်း လေအလျင်နဲ့ ပျောက်သွားတယ်။ အနောက်က ထင်းတဲထဲမှာလည်း နာကျင်သလို ပျော်ရွှင်သလို ခပ်သဲ့သဲ့ကြားနေရတဲ့ ယောက်ျားတစ်ယောက် ညည်းသံက ထွက်ပေါ်လာတာကြောင့် ရွှီထင်းရှန်းက ဒီနားမှာ ဆက်မနေချင်တော့လို့ ခပ်ဝေးဝေး ထပ်ထွက်လာခဲ့လိုက်တယ်။

မီးဖိုချောင်ထဲမှာတော့ အဒေါ်ကျိုးနဲ့ အဒေါ်စွန်းတို့က ချက်ပြုတ်ရတာနဲ့ အလုပ်ရှုပ်နေကြတယ်။ ရွှီထင်းရှန်းက အပြင်ကနေ အော်ပြောလိုက်တယ်။

“အဒေါ်တို့ ကျောက်အာ အခုပဲ ဟင်းရွက်သွားခူးတယ်။ သူခဏနေ လာကူပေးမယ် ထင်တယ်”

အမျိုးသမီးနှစ်ယောက်က ကိုယ့်ဟာနဲ့ကိုယ် မအားလပ်နိုင်တာကြောင့် ခြံအနောက်ဘက်စွန်းမှာ ဘာတွေဖြစ်နေသလဲ နည်းနည်းလေးတောင် မရိပ်မိဘူး။ သူ့အပြောကိုကြားတော့ အဒေါ်စွန်းက ဟင်းအိုးမွှေနေရင်း ပြုံးလိုက်မိပြီး

“မင်းအဒေါ် ၃နဲ့ ငါနဲ့တင်ရပါပြီ။ ဘာလို့ ကျောက်အာကို တကူးတက ကူခိုင်းရဦးမှာလဲ”

သူတို့အပြန်အလှန် ပြောနေတဲ့အချိန်မှာပဲ လူနှစ်ယောက်က တခြားဘက်ခြမ်းကနေ ထွက်လာကြတယ်။ ခြံနောက်ဘက်မှာ ဘယ်သူမှမရှိတာမို့ သူတို့တွဲထွက်လာတာကို တစ်ယောက်မှ သတိမထားမိကြပေမဲ့ ရွှီထင်းရှန်းကတော့ *မန်ဒါလီနှစ်ကောင်(ချစ်သူစုံတွဲ)ကို မြင်ဖြစ်အောင်မြင်လိုက်တယ်။

ပြီးတာနဲ့ ရွှီထင်းရှန်းက သူ့အခန်းဆီပြန်လာလိုက်ပြီး ကျောက်အာကတော့ တစ်နေ့ခင်းလုံး ထူးထူးဆန်းဆန်း ဟင်းချက်တဲ့နေရာမှာ အင်မတန် စိတ်အားထက်သန်စွာ ကူလုပ်ပေးနေခဲ့တယ်။ အိမ်လာတဲ့ဧည့်သည်တွေကို ပေါ့ပေါ့တန်တန် ဆက်ဆံလို့ မရတာကြောင့် ထမင်းဝိုင်းပေါ်က ဟင်းလျာတွေက စားကောင်းသောက်ဖွယ်တွေချည်းပဲ။ အိမ်ကို တစ်ယောက်ယောက် လာလည်တိုင်း ထမင်းဝိုင်းနှစ်ခါ ပြင်ရတယ်။ ကျောက်အာကတော့ ဧည့်သည်တွေကို ချကျွေးတဲ့တစ်လျှောက်လုံး ပေါ်မလာဘဲ အိမ်နောက်ဖေးမှာပဲ လက်မလည်အောင် လုပ်နေတယ်။

ကျောက်မိသားစု ပြန်သွားပြီး အားလုံးသိမ်းဆည်းပြီးတော့မှ သူမ မီးဖိုချောင်ထဲက ပြန်ထွက်လာခဲ့တယ်။ အဲဒီက ထွက်လာပြီးတော့လည်း နားမယ်မရှိဘူး ဟေးကျစ်ကို ကိုယ်တိုင်ရေချိုးပေးပြန်တယ်။

ငယ်ငယ်ကတည်းက သူမ ဟေးကျစ်ကို တစ်ပတ်တစ်ခါ မြစ်ထဲမှာ ရေချိုးပေးနေကျ ရာသီဥတုအေးနေရင်တောင် အိမ်ထဲခေါ်ပြီး ဆေးကြောသန့်စင်ပေးတတ်တယ်။ ကျောက်အာက ရေစည်ပိုင်းကြီးတစ်ခုစာ ရေနွေးတည်လိုက်ပြီး ဟေးကျစ်ကို ဟင်းရွက်ခြံအနောက်က မြေကွက်လပ်လေးဆီ ခေါ်သွားလိုက်တယ်။

အရွယ်အစားငယ်မနေတဲ့ ခွေးတစ်ကောင်လုံးကို သန့်စင်အောင် ချိုးပေးဖို့ နာရီဝက်လောက် အချိန်ယူရပြီး အဲဒီတော့မှ ကျောက်အာက နောက်ဆုံး အခန်းပြန်ချိန်ရတော့တယ်။ အိမ်ထဲပြန်ဝင်လာတဲ့အချိန် ပုံမှန်အပြုံးမျက်နှာနဲ့ ကျောက်အာက ဘာမှမဖြစ်ခဲ့သလိုပဲ သူမက ရွှီထင်းရှန်းနဲ့တောင် အတင်းတုပ်လိုက်သေးတယ်။

ကျောက်အာရဲ့ဒီလိုပုံစံကိုတွေ့ရတော့ ရွှီထင်းရှန်းလည်း အတော်လေး ဘာလုပ်ပေးရမှန်းမသိ ဖြစ်နေတော့တယ်။ ညရောက်တော့ အိပ်ရာဝင်တဲ့အခါ သူမက ခါတိုင်းထက် သူနဲ့အကွာအဝေးပိုခြားပြီး အိပ်နေတယ်။

ကျောက်အာဆိုတာ ဒီလိုအသေးစိတ်အပြုအမူလေးတွေကို ဘယ်တုန်းကမှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ ရွှီထင်းရှန်းက ဘာမှတော့ ထုတ်မပြောခဲ့ဘဲ နှစ်ယောက်သား အပူပေးအိပ်ရာပေါ်မှာ ဘေးချင်းယှဥ်လျက် အိပ်ပျော်သွားကြတယ်။

ထိုနေ့ညမှာ ကျောက်အာ အိပ်မက်တစ်ခုမက်ခဲ့တယ်။ အိပ်မက်ထဲက မြင်ကွင်းက အတော်လေး ထူးဆန်းပြီး အဲဒီထဲမှာ သူ့ကောင်လေးတောင် ပါလာသေးတယ်။ အိပ်မက်ထဲက ကုန်းအာက အရွယ်ရောက်ပြီးသွားပုံရပြီး နူးညံ့ကြင်နာတဲ့ ယောက်ျားပျိုတစ်ယောက် ဖြစ်လာခဲ့တယ်။

သူ့အရပ်က ပိုမြင့်လာပြီး ပုခုံးတန်းတွေလည်း ကျယ်ဝန်းကာ ခန္ဓာကိုယ်ဟာဆိုရင်လည်း အရင်ကလို ပိန်ညှက်မနေတော့ဘူး။ သူက အများကြီး ဖွံ့ဖြိုးသန်မာလာတာ အထင်အရှားပဲ။ သူမကို ဘာလို့အတိအကျ သိနေသလဲ မေးခဲ့ရင်တော့ ဘာလို့ဆို အဲဒီမှာ သူ့ကို အဝတ်ဗလာနဲ့ မြင်ခဲ့ရလို့ကိုး။

50.1 02

ပြောတော့မှ သူမလည်း ကိုယ်လုံးတီးဖြစ်နေခဲ့တယ်နဲ့ တူတယ်။ အိပ်မက်ထဲမှာ သူမက အရမ်းအားနည်းနေလို့ အိပ်ရာပေါ်မှာ သူ့ကောင်လေး အုပ်မိုးတာခံနေရပြီး ပြန်လည်တွန်းလှန်နိုင်စွမ်းတောင် မရှိဘူး။

အဲဒါထက် သူမရဲ့အပေါ်ပိုင်းရင်စည်းက ကျွတ်ကျနေပြီး မျက်စိတင်းတင်းမှိတ် ခေါင်းမော့ထားတဲ့ပုံက ခေါင်းထဲစွဲနေတဲ့ ဟိုမြင်ကွင်းထဲကလိုပဲ။ တခြားနေရာတွေက အားလုံးသာမန်ဆိုပေမဲ့ သူမ ငုံ့ကြည့်လိုက်တဲ့အခါ စကပ်အောက်မှာ ဝင်ထွက်သွားလာနေတဲ့ ဖြူဖြူသွယ်သွယ် လက်နှစ်ချောင်းကို မြင်လိုက်ရတယ်။

အဲဒီအခိုက်အတန့်မှာ ကျောက်အာက သူမ တစ်ကိုယ်လုံး ချွေးတွေနစ်နေပြီး ပြည့်ကျပ်နေတာပဲ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူမ လက်ဖျားတွေက အားမရှိသလို တုန်ယင်နေလို့ အပေါ်ကလူကို တွန်းဖယ်နိုင်စွမ်း မရှိရှာဘူး။

ရီဝေမိန်းမောနေတဲ့ကြားက ရုတ်ခြည်းဆိုသလို သူမ ရေထဲပြုတ်ကျသွားသလို အေးကနဲခံစားလိုက်ရပြီး သာယာမှု တစ်လှိုင်းပြီးတစ်လှိုင်းက သူမဆီကနေ ပွင့်အံကျလာခဲ့တယ်။ ကောင်းကင်ပေါ်ကနေ ပင်လယ်အောက်ခြေအထိ နစ်မြုပ်သွားသလို ခံစားလိုက်ရပေမဲ့ နည်းနည်းလေးမှ ထိတ်လန့်တာမျိုး ရှိမနေဘဲ အဲဒါထက် အိပ်ချင်စိတ်သာ ပိုများနေခဲ့တယ်။

သူမ မျက်လုံးတွေပွင့်လာတဲ့အချိန်က မနက်အရုဏ်တက်နေပြီ။ နိုးတာနဲ့ ကျောက်အာက တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေပြီး ခြေတွေလက်တွေက အားမရှိသလို ပျော့ခွေနေလို့ မျက်နှာတောင် သွားမသစ်ချင်သေးဘူး။

သူမ ဘေးနားကတော့ အတော်လေး တိတ်ဆိတ်ငြိမ်သက်နေသေးတာကြောင့် ရွှီထင်းရှန်း နိုးသေးပုံမရဘူး။ ကျောက်အာက တစ်ဖက်လူကို ကျောပေးကာ စိတ်အေးသလို သက်ပြင်းချလိုက်တယ်။

နောက်တော့ စောင်အောက်ကနေပဲ ကျိန်းစက်နေအောင် ဖူးယောင်နေတဲ့ ရင်သားတွေကို အသာကိုင်ကြည့်လိုက်တယ်။ တကယ်တော့ သူမ ပျိုဖော်စဝင်ကတည်းက ရင်ဘတ်က အသားစိုင်နှစ်ခုက အကြောင်းအရင်းမရှိလည်း ထထနာတတ်တာကြောင့် အခုလည်း အဆန်းတော့မဟုတ်ဘူး။

ထိုင်လည်းနာ ထလည်းနာနေတာမို့ ကျောက်အာက အဝတ်နဲ့တင်းတင်းစည်းထားရတယ်။ အခုနောက်ပိုင်း မနာတော့တာ ကြာပြီဆိုပေမဲ့ ဆန်းတာက အဲဒီလိုကျိန်းစက်ပြီးတိုင်း ရင်သားတွေ ကြီးလာတတ်တာပဲ။

ဆိုတော့ အခုရော ထပ်ကြီးလာကြဦးမှာလား။

ကျောက်အာက သိချင်စိတ်ကြောင့် စောင်ကိုခေါင်းမူးခြုံလိုက်ပြီး တိတ်တိတ်လေး အင်္ကျီလှန်ကြည့်လိုက်တယ်။ ဒါပေမဲ့လည်း သူမ ရင်ဘတ်တွေပေါ်လာတာနဲ့ မနေ့တုန်းက ကျောက်ကျင်ရွေ့ရဲ့ဆာလောင်နေတဲ့အပြုအမူကြီးက ရှင်းရှင်းလင်းလင်း ပေါ်လာပြန်တယ်။

အရင်တုန်းက မိန်းကလေးရင်ဘတ်ဆိုတာ ကလေးမွေးပြီးရင် နို့တိုက်ရတယ်လို့ပဲ ကြားဖူးတာ။ သူတို့ယောက်ျားတွေကလည်း အငမ်းမရ စို့တယ်ဆိုတာ တွေးတောင်မတွေးခဲ့ဖူးဘူး။ အခုချိန် ပြန်ကြားယောင်လာတဲ့ စကားတစ်ခွန်းပဲ ရှိတယ်။

‘မငယ်တော့ပါဘူး ငါတို့လည်း နောက်နှစ်ဆို လက်ထပ်တော့မှာပဲဟာ အဲဒီအခါ ကျောက်ကျင်ရွေ့နဲ့ ဒေါ်လေးတို့ လုပ်နေသလိုမျိုး ငါတို့လည်း လုပ်လို့ရပြီ..’

သူ့ကောင်လေးကရော သူမ နို့အုံကို မြည်းစမ်းကြည့်ချင်နေတာလား။ အဲဒါကြောင့် အဲ့လိုပြောတာလား။

ကျောက်အာက ရုတ်တရက်ကြီး သူမက်ခဲ့တဲ့အိပ်မက်ကို သွားသတိရပြန်တယ်။ တကယ်လည်း အဲဒီထဲမှာ သူက သူမရင်သားစိုင်တွေကို အရသာရှိရှိ လောဘကြီးစွာ စားသုံးနေခဲ့တာ ထိပ်သီးလေးတွေပါ ရဲပြီး ရင်ဘတ်တစ်ခုလုံး ဖူးယောင်လာတဲ့အထိပဲ။

အောင်မယ်လေး ငါဘာလို့ အဲဒါတွေကို တွေးမိနေရတာလဲ။

ကျောက်အာက ပက်လက်ပြန်လှန်လိုက်ပြီး အသက်ရှူမရတော့တဲ့အထိ စောင်နဲ့မျက်နှာကို ဖိအုပ်ထားမိသွားတယ်။ ခဏနေမှ နီရဲနေတဲ့မျက်နှာကို လေဟပ်အောင် စောင်ကိုပြန်ဆွဲချလိုက်ရတယ်။ အပြင်မှာလည်း ကြက်တွန်သံထွက်လာပြီမို့ အချိန်မကြည့်လည်း ထရတော့မယ်ဆိုတာ သိလိုက်တယ်။

သူမ ထရမလား လဲနေရမလား၊ ဒွိဟပွားနေစဥ်မှာပဲ ဘေးနားက လှုပ်ရှားသံထွက်လာတယ်။ နံနက်အစောကြီးရှိသေးတာမို့ အင်မတန် တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ ခွေးမဲလေး ဟေးကျစ်တစ်ကောင် အမြှီးလေးယမ်းရင်း ကုတင်အောက် တွားဝင်လာတာကို တွေ့လိုက်ရတယ်။

50.1 03

“အာ နင်တောင်နိုးပြီလား။ ထင်းအာ ထတော့လေ ကျောင်းသွားရဦးမယ်မလား”

တစ်ဖက်လူက နိုးသွားပေမဲ့ မပီမသအသံတစ်ခုသာ ထွက်လာပြီး မလှုပ်တော့ပြန်ဘူး။ ကျောက်အာက သူ့ကိုပုခုံးကိုင်ပြီး ထပ်နှိုးဖို့အလုပ်မှာပဲ ရုတ်တရက် အက်ကွဲကွဲ အသံတစ်ခု ထွက်လာတယ်။

“ကျောက်အာ ဘောင်းဘီတစ်ထည် ပေး”

သူမတို့အဝတ်ဗီရိုက ကျောက်အာအိပ်တဲ့ဘက်မှာ ရှိတယ်။ ကျောက်အာက ထထိုင်လိုက်ပြီး “ဘာဘောင်းဘီလဲ အပြင်ဝတ်လား”

“အတွင်းဝတ်”

“အတွင်းဝတ်။ မနေ့ညကပဲ အသစ်လဲအိပ်ထားတာ မဟုတ်ဘူးလား”

“ပေးဆိုပေးလိုက်ပါလား”

ကောင်လေးအသံက အနည်းငယ် မကျေမချမ်းနဲ့ စိတ်ဆတ်နေသလိုမို့ ကျောက်အာလည်း အများကြီးမေးမနေတော့ဘဲ အောက်အံဆွဲထဲက အတွင်းခံတစ်ထည်ထုတ်ပေးလိုက်တယ်။ နောက်မှ စောင်ခေါက်ပြီး ကုတင်ပေါ်ကဆင်းလာရင်း ရွှီထင်းရှန်းကိုမကြည့်ဘဲ ခပ်သုတ်သုတ် အင်္ကျီဝတ်နေတယ်။

“ထတော့ ကျွန်မ နံနက်စာသွားလုပ်လိုက်ဦးမယ်”

အနည်းငယ် အလျင်လိုဟန်ရတဲ့ ခြေလှမ်းသံတွေ တိတ်ကျသွားပြီးတဲ့နောက် အခန်းထဲမှာ ရွှီထင်းရှန်းတစ်ယောက်ပဲ ကျန်တော့တယ်။ သူလည်း ဆက်အိပ်နေဖို့ စိတ်ကူးမရှိလို့ ကုတင်ပေါ်ကဆင်းပြီး အိပ်ရာသိမ်းဖို့ပြင်လိုက်ပေမဲ့ အကြောင်းအရင်းတချို့ကြောင့် အဲဒါတွေအားလုံးကို ပြန်ပစ်ချထားခဲ့ရတယ်။

ရွှီထင်းရှန်းက တံခါးဖွင့်ပြီး အပြင်ထွက်လာတယ်။ လောလောဆယ် ကောင်းကင်တစ်ခွင်က အရှေ့အရပ်ကနေ ရောင်ခြည်စသန်းနေပြီဖြစ်တယ်။ တိုက်လာတဲ့လေကလည်း အေးစိမ့်သလို တစ်ခြံလုံးကလည်း တိတ်ဆိတ်အေးချမ်းနေတယ်။

မီးဖိုခန်းထဲမှာသာ လှုပ်ရှားသံတချို့ရှိနေပြီး သူက အဲဒီကို တစ်ချက်မျှော်ကြည့်လိုက်ပေမဲ့ မျက်နှာသစ်ဖို့ သွားတိုက်တံယူကာ ရေစည်နား ထွက်လာခဲ့လိုက်တယ်။ တစ်အောင့်နေတော့ ပြဇာတ်ကန့်လန်ကာ ဖွင့်လိုက်သလိုမျိုး ရွှီမိသားစုတွေက တစ်ယောက်ပြီးတစ်ယောက် နိုးလာကြပြီး ခြံဝန်းကြီးကလည်း ချက်ချင်းပဲ လှုပ်ရှားသွားလာသံတွေနဲ့ ပြည့်နှက်သွားတော့တယ်။

………….

******

50.2 01

အခန်း 50 part 2

ကျောက်အာက နံနက်စာသွက်သွက်လုပ်လိုက်ပြီး ရွှီထင်းရှန်းနဲ့အတူ စားလိုက်တယ်။ စားသောက်ပြီးလို့ ပန်းကန်ဆေးနေတဲ့အချိန်မှာပဲ ကောင်းရှန်က လှည်းနဲ့ရောက်လာပြီး အပြင်ကလှမ်းအော်တယ်။

“အစ်မကျောက်အာ ထင်းရှန်း သွားတော့မှာလား”

ကောင်းရှန်က နံနက်အစောကြီးထပြီး လှည်းတစ်စီးစာ အသီးအနှံတွေတောင် ဖောက်သည်သွားယူပြီးသွားပြီ။ ရွှီချင်းဟွီုင်ကလည်း သူ့ဟာနဲ့သူ အပြင်မှာ မအားလပ်နိုင်တာကြောင့် ရွှီထင်းရှန်း ကျောင်းပြန်တက်ရမဲ့နေ့ကျ သူ့ကို မြို့လိုက်ပို့ပေးဖို့ အကူအညီတောင်းခဲ့တယ်။

“အေး ရှန်ဇီ နံနက်စာ စားပြီးသွားပြီလား။ မစားရသေးရင် တစ်ခါတည်း ဝင်စားသွား”

“စားပြီးသွားပြီ အစ်မကျောက်အာ ဒီနေ့အစောကြီးထလို့ အစောကြီးစားထားတာ သက်သက်အပင်ပန်းမခံပါနဲ့”

သူတို့အပြန်အလှန် ပြောနေတုန်း ရွှီထင်းရှန်းက ကျောင်းလွယ်အိတ်နဲ့ ကျောက်အာ အသင့်ပြင်ပေးထားတဲ့ အိတ်တစ်အိတ်ပါဆွဲပြီး အခန်းဝထွက်လာလိုက်တယ်။ အရင်ဆို ကျောက်အာက သူမသွားခင် တစ်ခွန်းနှစ်ခွန်းမှာနေကျ ဒါပေမဲ့ ဒီနေ့တော့ ဘာမှမပြောလာသေးလို့ သူ့ဘက်က စပြောလိုက်ရတယ်။

“ဒါဆို ငါသွားတော့မယ်နော်”

ကျောက်အာက ခေါင်းပဲညိတ်ပြတယ်။ ရွှီထင်းရှန်းက သူမကို တစ်ချက်ကြည့်ပြီးတော့မှ လှည်းပေါ်တက်သွားတယ်။ ကောင်းရှန်က ကျောက်အာကို နှုတ်ဆက်ပြီး သူတို့မြည်းလှည်းကလေးက တရွေ့ရွေ့ မောင်းနှင်လာခဲ့တယ်။

ထွက်ခွာသွားတဲ့ လှည်းနောက်ကို လိုက်ကြည့်ရင်း ကျောက်အာက နေရာမှာတင် ကျောက်ချရပ်နေမိတာ ရွာသားတစ်ယောက် ဖြတ်လာတဲ့အထိပဲ။ သူ့မြင်ကွင်းထဲ လှည်းလေးပျောက်လို့ လူတစ်ယောက်ဝင်လာတော့မှ ငိုင်နေရာက ခေါင်းယမ်းရင်း အိမ်ထဲပြန်ဝင်လာလိုက်တော့တယ်။

နိုးကတည်းက မသိမ်းရသေးတဲ့အိပ်ရာက အတော်လေး ရှုပ်ပွနေတာကြောင့် ကျောက်အာက ခေါင်းအုံးနှစ်လုံးကို အရင်ခါပြီး ဘေးမှာတင်လိုက်တယ်။ ရွှီထင်းရှန်းရဲ့စောင်ကို ခေါက်ဖို့ဖြန့်လိုက်တဲ့အချိန်မှာတော့ သူ့အတွင်းဝတ် ဘောင်းဘီတစ်ထည် ထွက်ကျလာတယ်။

ဒါက မနက်တုန်းက သူလဲသွားတဲ့အတွင်းခံပဲ။

“ဒီကောင်လေး ဘာမှလည်းမညစ်ပတ်ဘဲနဲ့ ဘာလို့နောက်တစ်ထည် ယူခိုင်းလဲ မသိဘူး”

ကျောက်အာက ကိုယ့်ဘာသာ ရေရွတ်ရင်း ပြန်ခေါက်ပေးဖို့ ကောက်ကိုင်လိုက်တော့ ထူးဆန်းတဲ့အနံ့အသက်တစ်ခု နှာဖျားဝ တိုးဝင်လာတယ်။ အခုက ပုံမှန် ကျင်ငယ်နံ့ ချွေးနံ့မဟုတ်ဘဲ သူမနဲ့ တော်တော်လေး စိမ်းသက်တဲ့အနံ့မျိုး။

ကျောက်အာက ကြောင်သွားပြီး ဘေးဖယ်ထားဖို့အလုပ်မှာတင် ရုတ်တရက် စိုစိစိနေရာကို ထိမိသွားတယ်။ အဲဒီနေရာက စိုရုံတင်မဟုတ် ချွဲကျိနေသေးတယ်။ သူ အတွင်းဝတ်ကို ဖြန့်ကြည့်လိုက်မှ ဘယ်နေရာမှန်း သိသွားပြီး ခေါင်းကိုတူနဲ့ထုခံလိုက်ရသလို မူးနောက်သွားရတယ်။

ဘယ်တုန်းက ကြားခဲ့သလဲ အတိအကျမမှတ်မိပေမဲ့ ယောက်ျားလေးတွေ အရွယ်ရောက်လာတာကို သူတို့အတွင်းခံ ညစ်ပတ်မပတ်ကနေ သိနိုင်တယ်တဲ့။ တကယ်လို့ လူပျိုတွေ ဘောင်းဘီညစ်ပတ်နေရင်တော့ အဲဒါက သူ့စိတ်ထဲ မိန်းကလေးတစ်ယောက်အကြောင်း တွေးနေမိလို့ဆိုပဲ။

ကောင်မလေးတစ်ယောက်အကြောင်း တွေးတယ်။ ဘောင်းဘီတွေ ညစ်ပတ်တဲ့အထိလေ!! ဆိုတော့ သူ့ကောင်လေးက မိန်းကလေးနဲ့ပတ်သက်ပြီး တွေးနေတာပေါ့ သူ ဘယ်ကောင်မလေးကို တွေးနေတာဖြစ်မလဲ။

ထိုအခိုက်မှာတင် မသိစိတ်ရဲ့လှုံ့ဆော်မှုအရ အသံတစ်သံ သူမနားထဲ မဖိတ်ခေါ်ပါဘဲ ပြန်လည်တိုးဝင်လာတယ်။

‘မငယ်တော့ပါဘူး ငါတို့လည်း နောက်နှစ်ဆို လက်ထပ်တော့မှာပဲဟာ အဲဒီအခါ ကျောက်ကျင်ရွေ့နဲ့ ဒေါ်လေးတို့ လုပ်နေသလိုမျိုး ငါတို့လည်း လုပ်လို့ရပြီ ~’

ရွှီစွေ့အယ်ရဲ့ဗိုက်က ထပ်စောင့်နေလို့မရတာကြောင့် မင်္ဂလာရက်က နောက်လ ၂၀ရက်နေ့အဖြစ် သတ်မှတ်လိုက်ကြတယ်။ သူတို့မှာ မင်္ဂလာပွဲအတွက် ပြင်ဆင်စရာ တစ်လတောင်မရှိတော့တာမို့ ရွှီမိသားစုတစ်ခုလုံးက ဒီကိစ္စကြောင့်ပဲ ရှုပ်ယှက်ခတ်နေကြတယ်။

50.2 02

ပထမဆုံးကတော့ ခန်းဝင်ပစ္စည်းပဲ။ အဘွားကျောက်က သူ့သမီးအတွက် အဝတ်သေတ္တာနှစ်လုံး ဝယ်ပေးချင်လို့ လောနေပြီး ဒီအချိန် မြို့တက်ဝယ်ဖို့ဆိုတာလည်း ဈေးကြီးလွန်းတာကြောင့် ရွှီချင်းဟွိုင်နဲ့ ရွှီချင်းပိုင်တို့က နေ့နေ့ညည ပြေးလွှားနေရတယ်။

ကျိန်းသေတာကတော့ လူတိုင်း မျက်စိကျနေတဲ့ ကျောက်အာရဲ့လှည်းကလေးကလည်း အသုံးတော်ခံ ဖြစ်တော့တာပဲ။ တော်သေးတာက သူမလက်ထဲမှာ ပိုက်ဆံအပိုအလျှံရှိနေသေးလို့ ကျောက်အာက လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကောင်းရှန် အဆင်ပြေအောင်လို့ နောက်ထပ် လှည်းတစ်စီးထပ်ဝယ်လိုက်လို့ပေါ့။

မဟုတ်ရင် သူမတို့ရဲ့လုပ်ငန်းလေး ထိခိုက်ဦးမှာ။ ဒါပေမဲ့လည်း ကျောက်အာက အဘွားကျောက်တို့သားအမိကို သုံးတာသုံး ဒါပေမဲ့ နေ့ခင်းဘက်ပဲ ရမယ်လို့ တစ်ခါတည်း အပြတ်ပြောထားပြီးသား။

သူမ သဘောထားကြောင့် ရွှီစွေ့အယ်က စောဒကတက်လာသော်ငြား ကျောက်အာကတော့ နှစ်ယောက်လုံးကို မရှိတဲ့သူလို လျစ်လျူရှုထားလိုက်တော့တယ်။ သူတို့တွေ မအားလပ်တာနဲ့အမျှ အချိန်တွေကလည်း ဖြည်းဖြည်းချင်း ကုန်ဆုံးသွားတယ်။

ဒီအတောအတွင်းမှာ ရွှီထင်းရှန်းက အိမ်ကိုနှစ်ခါပြန်လာပေမဲ့ ကျောက်အာက အရင်လို အိမ်ကပ်ရမဲ့အစား အရမ်းအလုပ်ရှုပ်နေပုံ ဖမ်းထားတာကြောင့် အိမ်မှာ သိပ်မတွေ့ရတော့ဘူး။ တကယ်လည်း သူမ လုံးဝမအားလပ်နိုင်တာ အမှန်ပါပဲ။

ဘာလို့ဆို လတ်တလောလေးမှာတင် ထပ်တိုးလာတဲ့ ကောင်းရှန်နဲ့သူငယ်ချင်းတွေကို သင်ပေးရမဲ့ကိစ္စအပြင် သူမတို့လုပ်ငန်းကလည်း ဘေးကပ်ရပ်က အန်းယန်းမြို့အထိ ကျယ်ပြန့်လာပြီမို့လို့ပဲ။

တိုးချဲ့တာက အခုမှစတင်ကာစမို့ ကျောက်အာက သူမကိုယ်တိုင် သွားမကြည့်ရမချင်း စိတ်မချနိုင်ဘူးဖြစ်နေတယ်။ အထူးသဖြင့် သူမက လောလောဆယ် လယ်ကွက်ဝယ်ဖို့ပါ စိတ်ကူးထားလို့ အနီးအနားမှာလိုက်ရှာကြည့်ပေမဲ့ စိတ်ဓာတ်ကျစရာကောင်းအောင် မြေဈေးတွေက ခေါင်ခိုက်နေခဲ့တယ်။

လက်ထဲက ငွေပမာဏနဲ့သာဆို တစ်မုလောက်ပဲ ရလိမ့်မယ်။ သူမ တကယ်လိုအပ်နေတာက ဒီထက်ကျယ်တဲ့ လယ်ကွက်တွေ။ အဲဒိနေ့မှာပဲ ကျောက်အာတစ်ယောက် ခေါင်းငိုက်စိုက်ရင်း ပြန်လာတဲ့လမ်းမှာ ရွာအစွန်က တောင်ကုန်းလေးကိုမြင်ပြီး မျက်စိတွေဝင်းလက်သွားတယ်။

နောက်နှစ်ရက်ကြာတော့ သူမ ကြည့်ရတာ စိုးရိမ်တစ်ဝက် စိတ်လှုပ်ရှားတစ်ဝက် ဖြစ်နေပုံရတယ်။ ကျောက်အာက ဟေးကျစ်လေးကို တောင်ပေါ်ခေါ်သွားလေ့ရှိပေမဲ့ ဘယ်သူမှ သူမ ဘာလုပ်နေမှန်းမသိဘူး။

ရွှီထင်းရှန်း ပြန်လာတဲ့နေ့မှာတော့ သူမက အသီးအနှံအမြောက်အမြားဝယ်ပြီး အိမ်ခန်းတစ်ခုလုံးကိုလည်း ချောင်ကြိုချောင်ကြားမကျန် ရှင်းလင်းထားတာ တွေ့လိုက်ရတယ်။ ကျောက်အာက အသန့်ကြိုက်တဲ့လူမို့ ပစ္စည်းတွေ ရှုပ်ပွနေတာ မုန်းတယ်။

သို့ပေသိ ဒီတလောမှာ သူမ အလုပ်ကိစ္စကြောင့် အခန်းမရှင်းရတာ ရက်ကြာသွားတယ်။ သူ ပြန်လာတဲ့ညနေခင်းမှာ ရွှီထင်းရှန်း အရင်ဦးဆုံးမြင်တာဆိုလို့ တောက်ပြောင်နေတဲ့ ကြမ်းခင်းတွေနဲ့ သပ်ရပ်နေတဲ့ ပစ္စည်းတွေပဲ။

နောက်တော့ အခန်းထဲက တစ်ယောက်တည်းသောသူရဲ့ မျက်စိကျိန်းစရာ အပြုံးချိုချိုပေါ့။

ရွှီထင်းရှန်းက အတူတူကြီးပြင်းလာတဲ့ လူအကြောင်းသိပြီးသားပါ။ ကျောက်အာမှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေပြီဆိုတာ တန်းသိတာပေါ့။ သေချာပေါက်ကိုပဲ ကျောက်အာက ထိုနေ့ည ထမင်းဝိုင်းမှာ ပြောလာတယ်။

“နင် တောင်ကုန်းလေးနားက မြေကွက်လပ်ကို ဝယ်ချင်လား”

သူမ ပြောနေတဲ့ တောင်ကုန်းလေးဆိုတာ ယွီချင်းရွာရဲ့ နောက်ခံတောင်တန်းကြီးတွေကနေ ခွဲထွက်လာတဲ့ တောင်ကမူလေးတစ်နေရာဖြစ်ပြီး ရွာသားတွေက ဟို့ရှန်းလို့ခေါ်ကြတယ်။ တစ်နည်းပြောရရင် ရွှီနဲ့ကျန်းမျိုးရိုးတွေ ဘိုးဘွားသင်္ချိုင်းရှိတဲ့ တောင်ကုန်းနဲ့ မလှမ်းမကမ်းနေရာပဲ။

မြေကွက်လပ်က ရွာအစွန်မှာတည်ရှိပြီး ချိုင့်ခွက်တွေနဲ့ ညစ်ပတ်တဲ့လမ်းကလေးက အပြင်ကို တန်းပေါက်တယ်။ တောင်ကုန်းဆိုပေမဲ့ အရင်တုန်းက ရွာသားတွေက ထင်းလာခုတ်လေ့ရှိတာကြောင့် အရမ်းမတ်စောက်မနေဘဲ ကျိုးတို့ကျဲတဲ အပင်အနည်းငယ်သာရှိတယ်။

50.2 03

သို့သော် လမ်းလျှောက်ရင်တောင် ရှတဲ့ဆူးတွေနဲ့ မြက်ပင်ပေါင်းပင်ရှည်တွေက စွန့်ပစ်ထားတာ သက်တမ်းကြာနေပြီဆိုတာ ဖော်ပြနေတယ်။

“ကျွန်မစဥ်းစားနေတာ ကြာပြီ။ ဘာပဲဖြစ်ဖြစ် ကုန်စိမ်းရောင်းတာက ရေရှည်မတည်မြဲနိုင်တဲ့ စီးပွားပဲ လယ်သမားတွေက မရောင်းခင် သူတို့အရင်စားတာကို မပြောနဲ့ဦး။ သူတို့ပေးတာတွေကလည်း မစုံဘူး။ ဈေးကွက်မှာ လိုတာတွေက နည်းပြီး မလိုတာတွေက များနေတယ်။ စီးပွားအသေးစားလေးပဲဆိုရင်တော့ ဒီလိုယူရောင်းတာက အဆင်ပြေတာပေါ့။ ဒါပေမဲ့ လုပ်ငန်းထပ်ကြီးချင်တယ်ဆို ကိုယ့်လယ်နဲ့ကိုယ် ဝယ်သူတွေအကြိုက် စိုက်ရောင်းတာ ပိုကောင်းမယ်လို့ ထင်တယ်”

“ဆိုတော့ ဟို့ရှန်းကို ဝယ်ချင်တာလား”

ကျောက်အာက ခေါင်းညိတ်ပြပြီး “အင်း အခုလက်ထဲမှာ ပိုက်ဆံ ဘယ်လောက်မှမရှိသေးလို့ ဝယ်ဖြစ်ရင်တောင် တစ်ဧက နှစ်ဧကလောက်ပဲရမှာ ဟို့ရှန်းမှာက ဘယ်သူမှလည်း မလာဘူး။ ဆူးတွေ ပေါင်းတွေက များလွန်းလို့ စွန့်ပစ်ထားတာလည်း ကြာပြီလေ။ မြေရိုင်းဆိုပေမဲ့ မဖြစ်ထွန်းဘူးလို့တော့ ပြောလို့မှမရတာ။ ကောက်ပဲသီးနှံဆိုတာ မြေကြီးနည်းနည်း မျိုးစေ့နည်းနည်းနဲ့တောင် စိုက်လို့ရတယ်။ ဒါပေမဲ့ ဒီကိစ္စက ရွာလူကြီးကို အရင်သွားပြောရမှာ”

“ဒါဆို ငါ့ကို သူကြီးကျန်းကို သွားပြောပေးစေချင်တာပေါ့”

“ငါ့ဘာသာ သွားလို့ရရင်သွားပါတယ်။ ဒါပေမဲ့ ဘယ်လိုမဆို ငါက အိမ်ထောင်ဦးစီးလည်းမဟုတ် မိန်းမသားလည်းဖြစ်နေတော့ သူကြီးက ထွက်တွေ့မှာတောင် မဟုတ်ဘူး။ ဒါပေမဲ့ နင်ကတော့ မတူဘူးလေ”

“ဘာမတူတာလဲ”

သူ့ရဲ့ရုတ်တရက် တန်ပြန်မေးခွန်းကြောင့် ကျောက်အာက ချက်ချင်း ပါးစပ်ကိုအပ်နဲ့ချုပ်ခံရသလို ပိတ်သွားတယ်။

“ဘာက မတူတာလဲလို့…”

ကျောက်အာက ဘာမှပြန်မပြောတော့ ရွှီထင်းရှန်းက သူမကိုမကြည့်တော့ဘဲ တူကိုင်ပြီး စစားလိုက်တယ်။ သူပန်းကန်တစ်ဝက်လောက် ရောက်တော့မှ တိတ်ဆိတ်နေတဲ့လူဆီက ရှက်ဝဲဝဲအသံ ထွက်လာတာ။

“ဘယ်လိုမဆို နင်သွားမှရမှာ မသွားချင်လည်း သွားရမှာပဲ”

သူက မျက်ခုံးတစ်ဖက်ပဲ ပင့်ပြပြီး စိုက်ကြည့်လိုက်တယ်။ စားလက်စရပ်ပြီး သူမကို အသံတိတ်အဖြေတောင်းနေတဲ့ လူကို စိတ်မရှည်တော့လို့ ကျောက်အာက စားပွဲကို ဘန်းခနဲရိုက်လိုက်ပြီး

“ဒီအိမ်မှာ ယောက်ျားဆိုလို့ နင်တစ်ယောက်တည်းရှိတာလေ နင်မဟုတ်လို့ ဘယ်သူသွားမလဲ”

ရွှီထင်းရှန်းက လက်ထဲက တူနဲ့ပန်းကန်နှစ်ခုစလုံးကို ပြန်ချလိုက်ပြီး သူမကို ပြီတီတီကြည့်လာတယ်။

“ဒါဆို နောက်ဆုံးတော့ ငါက မင်းယောက်ျားဆိုတာ လက်ခံပြီပေါ့”

…………..

******

All Chapters