← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

55 01

အခန်း (၅၅)

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ကျောင်းသားအများစု စိတ်ဓာတ်ကျသွားကြတယ်။

သူတို့လည်း ဆရာမုန့်လိုပဲ တွေးခဲ့ကြတာ။ ဒါပေမဲ့ ဆရာမုန့် ခေါင်းညိတ်ပြလိုက်တာကို မြင်တော့မှ ရွှီထင်းရှန်း ဖြေပြီးသွားပြီဆိုတာ သေချာသွားတယ်။ စာရွက်က သန့်ရှင်းသပ်ရပ်နေလို့သာ ဆရာမုန့်က ကျေနပ်တဲ့အမူအရာ ပြတာလေ။

ချက်ချင်းပဲ ကျောင်းသားအများစု ဂယောက်ဂယက် ဖြစ်ကုန်ကြတယ်။ တချို့က ကမန်းကတန်း ရေးကြ တချို့က သဲနာရီကို ခဏခဏ လှမ်းကြည့်ကြနဲ့ အလုပ်ရှုပ်ကုန်ကြတယ်။

ရုတ်တရက် ကျောင်းသားတစ်ယောက် ဆီက ညည်းသံသဲ့သဲ့ ထွက်လာတယ်။ စိတ်လှုပ်ရှားလွန်းလို့ မှားရေးမိသွားပုံရတယ်။ သူက စာရွက်ကို ကြည့်ပြီး ကြက်သေသေနေတယ်။ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော် ဖြစ်လို့။

စာမေးပွဲမှာ စာကြမ်းစာရွက် မပေးဘူး။ ကိုယ့်ဘာသာ ယူလာခွင့်လည်း မရှိဘူး။ ဆိုလိုတာက ဒီစာရွက်တစ်ရွက်တည်းနဲ့ အပြီးသတ်ရမယ်။ ဆရာတွေ စစ်ဆေးတဲ့အခါ စည်းကမ်း အရမ်းကြီးတယ်။ မင်စွန်းတာ ပြင်ရာပါတာ တွေ့ရင် အမှားလို့ သတ်မှတ်တယ်။ ကွက်လပ်ဖြည့်မေးခွန်းတွေမှာ နေရာက နည်းနည်းလေးမို့ နှစ်ခါလောက် မှားရေးမိရင် ပြင်ဖို့နေရာ မရှိတော့ဘူး။

ဆိုတော့ ဒီမေးခွန်းကို မဖြေရတော့ဘူးပေါ့။

မေးခွန်း ၅၀ မှာ အများဆုံး တစ်ပုဒ်ပဲ မှားခွင့်ရှိတယ်။ နှစ်ပုဒ်ကျော် မှားရင် ကျန်တာတွေ ဘယ်လောက်ဖြေနိုင်ဖြေနိုင် ပထမအတန်း ဝင်ခွင့် မရတော့ဘူး။ ဒီကျောင်းသားက အမှားကြီး မှားသွားလို့သာ အခုလို စိတ်ပျက်လက်ပျက် ဖြစ်သွားတာ။

တချို့က မေးစရာရှိတယ်။ ထုံရှန်း ခရိုင်အဆင့် စာအောင်သူတောင် မဖြစ်သေးတဲ့ ကျောင်းသားလေးတွေကို ဘာလို့ ဒီလောက် တင်းကျပ် ရတာလဲလို့။ တကယ်တော့ ချင်းယွမ်ကျောင်းတော်က ကျောင်းသားတွေကို စာမေးပွဲဖြေတဲ့အခါ သပ်သပ်ရပ်ရပ် ရှိစေဖို့နဲ့ အချိန်စီမံခန့်ခွဲတတ်ဖို့ လေ့ကျင့်ပေးနေတာပါ။

တကယ့် စာမေးပွဲကြီး မြို့တော်စာမေးပွဲ ရောက်ရင် စာရွက်ပေါ်မှာ မင်စွန်းတာ ပြင်ရာပါတာ လုံးဝလက်မခံဘူး။ စာစီစာကုံး ဘယ်လောက်ကောင်းကောင်း စာရွက်မသန့်ရင် ပယ်ချခံရမှာပဲ။ အခု ကွက်လပ်ဖြည့်မေးခွန်းလောက်တောင် အချိန်မီ မဖြေနိုင်ရင် ကိုယ့်ဘာသာ စာစီစာကုံး ရေးရတဲ့အခါ ဘယ်လောက် အချိန်ပေးပေး လောက်မှာ မဟုတ်ဘူး။

ဟိုကျောင်းသားရဲ့ ညည်းသံကြောင့် ကျန်တဲ့ကျောင်းသားတွေပါ စိတ်တွေလှုပ်ရှားကုန်ကြတယ်။ တချို့က သတိထားပြီး နှေးနှေးရေးကြ တချို့က ပိုပြီး ဂရုစိုက်ကြနဲ့။ တကယ်တော့ စာမေးပွဲဆိုတာ စာတတ်တာ တစ်ခုတည်း စစ်တာ မဟုတ်ဘူး စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ စစ်ဆေးတာ။

ဒီအခြေအနေမှာ မတုန်မလှုပ် ရှိနေတာကတော့ စာမေးပွဲ အခါခါ ဖြေဖူးတဲ့ ကျောင်းသားဟောင်းတွေနဲ့ မောက်ပါ့သိုတို့ သုံးယောက်ပါပဲ။

ဒီရက်ပိုင်း သူတို့ စာကျက်လို့ ညောင်းရင် အချင်းချင်း မေးခွန်းထုတ်ပြီး ဖြေကြတယ်။ မေးခွန်းတူတူကို ရွှီထင်းရှန်းက သူတို့ထက် ပိုမြန်မြန် ပိုတိတိကျကျ ဖြေနိုင်တယ်။ သူတို့က ရွှီထင်းရှန်းရဲ့ထူးချွန်မှုကို ရိုးနေကြပြီ။

ဒါကြောင့် ရွှီထင်းရှန်း ပထမဆုံး ထွက်သွားတာကို မြင်တော့ သူတို့ မအံ့ဩကြဘူး။ မောက်ပါ့သိုက စိတ်ထဲကနေ လှမ်းဆဲလိုက်တယ်။ လီတာ့ထျန်က ခေါင်းခါတယ်။ ချန်ကျန်းကတော့ ခေါင်းငုံ့ပြီး ကိုယ့်စာရွက်ကိုယ် အာရုံစိုက်နေတယ်။

စာမေးပွဲပြီးတော့ ပျော်တဲ့သူရှိ ငိုတဲ့သူရှိပေါ့။ ဘာပဲဖြစ်ဖြစ် အဖြေထွက်မှ သိရမှာ။

ပုံမှန်အားဖြင့် နောက်တစ်နေ့မှာ အဖြေထွက်တယ်။ စာသင်ဆောင် အပြင်က တိုင်မှာ ကပ်ထားလေ့ရှိတယ်။ ဒီနေ့တော့ ကျောင်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ တကယ်တော့ ကိုယ့်အဖြေကိုယ် သိနေကြပါပြီ။ စာမေးပွဲပြီးတာနဲ့ စာအုပ်ပြန်ဖွင့် ကြည့်ကြတာကိုး။

စာအုပ်ထဲကအတိုင်း မေးတာဆိုတော့ အဖြေတိုက်ရတာ လွယ်ပါတယ်။ အနည်းအကျဉ်း မှားတာလောက်ပဲ ရှိမှာဆိုတော့ ရမှတ်ကို ခန့်မှန်းလို့ ရတယ်။

လီချောင်ကတော့ တော်တော် ကျေနပ်နေပုံရတယ်။ နေ့လယ်စာ စားချိန်မှာ သူငယ်ချင်းတချို့နဲ့ ရွှီထင်းရှန်း တို့ရှေ့ကနေ တမင် ဖြတ်လျှောက်သွားတယ်။

55 02

စကားပြောနေပုံက ပထမအတန်း ဝင်တော့မယ့် ပုံစံမျိုးနဲ့။

ဆယ်ကျော်သက် ကလေးတွေမို့ ရွှီထင်းရှန်းက သူတို့ကို အလေးမထားချင်ပေမဲ့ လီချောင်ပုံစံကို ကြည့်ပြီး ရယ်ချင်နေတယ်။ လီချောင် ပထမအတန်း ဝင်တာနဲ့ မောက်ပါ့သို မဝင်နိုင်ဘူးဆိုတာ ဘာဆိုင်လို့လဲ။ သူတို့ လောင်းထားတာက မောက်ပါ့သို ဝင်မဝင် ဆိုတာလေ။

မောက်ပါ့သိုက စိတ်မရှည်တတ်သူပီပီ စာမေးပွဲပြီးတာနဲ့ အခန်းပြန်ရောက်တော့ သူ ပထမအတန်း သေချာပေါက် ဝင်ပြီလို့ ကြွားတော့တာပဲ။

စာအုပ်ပြန်ဖွင့်ကြည့်စရာ မလိုဘူး။ မေးခွန်းတွေက သူ ကူးဖူးတဲ့ စာတွေ သူတို့ အချင်းချင်း မေးဖူးတဲ့ မေးခွန်းတွေချည်းပဲ။ ဒါကြောင့် သူက ယုံကြည်မှု အပြည့် ရှိနေတာ။

ဒါပေမဲ့ သူက ဉာဏ်များတယ်။ အခန်းပြင်ထွက်ရင်တော့ စိတ်ဓာတ်ကျနေတဲ့ ပုံစံ လုပ်ပြတယ်။ ဒါကြောင့် လီချောင်က မောက်ပါ့သို ရှုံးပြီလို့ ထင်ပြီး ပျော်နေတာ။

စကားမစပ်... နောက်တစ်နေ့ မနက်ရောက်ပြီ။ မနက်ခင်း စာလေ့လာချိန်မှာ ကျောင်းသားတွေက အပြင်ကို မျှော်ကြည့်နေကြတယ်။ ဆရာမုန့် မလာသေးဘူး။ သူလာရင် အဖြေပါလာမှာ။

မျှော်နေတုန်း ဆရာမုန့် လမ်းလျှောက်လာတာ မြင်လိုက်ရတယ်။ စာသင်ဆောင်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပြီ။

အလုပ်သမားတစ်ယောက်က စာရွက်အနီတစ်ရွက်ကို တိုင်မှာ ကပ်နေတယ်။ ဆရာမုန့် ဝင်လာပြီး အားလုံးကို ဝေ့ကြည့်လိုက်တယ်။ တစ်နေရာမှာ ခဏလေး အကြည့်ရပ်သွားပေမဲ့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။

ကျောင်းသားတွေ စိတ်လှုပ်ရှားနေတာသိလို့ သူက မုတ်ဆိတ်သပ်ပြီး ခွင့်ပြုလိုက်တယ်။ “သွားကြည့်ကြလေ”

တံခါးနားက ကျောင်းသားက ယုန်ထက်မြန်တဲ့အရှိန်နဲ့ ပြေးထွက်သွားတယ်။ ကျန်တဲ့လူတွေလည်း ရေတံခါးဖွင့်ချလိုက်သလို အကုန်ပြေးထွက်ကုန်ကြတယ်။ သူတို့ ပြေးရင်းနဲ့ ဆရာ့ကို အားနာလို့ ရယ်ပြသွားကြသေးတယ်။

စာရင်းကပ်ထားတဲ့ နေရာမှာ လူတွေ အုံခဲနေတယ်။ ရှေ့ဆုံးကလူတွေပဲ မြင်ရတယ်။ နောက်ကလူတွေက ခြေဖျားထောက်ကြည့်လည်း ရှေ့လူရဲ့ ခေါင်းကိုပဲ မြင်ရတာ။

“ဒီတစ်ခါ ခြောက်ယောက်တောင် ပထမအတန်း ဝင်တယ်ဟ” တစ်ယောက်က အော်ပြောလိုက်တယ်။

ပထမအတန်း ဝင်တယ်ဆိုတာ အမှတ်ကောင်းရုံနဲ့ မရဘူး။ အမှတ်ကောင်းတဲ့အထဲကမှ အတော်ဆုံး လူတွေကို ရွေးပြီး ပထမအတန်းကို ပို့တာ။

ပထမအတန်း အဆင့်မီအောင် ဖြေဖို့ မခက်ပါဘူး။ နှစ်နှစ်လောက် စာသင်ဖူးရင် ရတယ်။ ဒါပေမဲ့ အဲဒီအထဲကမှ ထိပ်ဆုံးရောက်ဖို့က ခက်တယ်။ ထိပ်ဆုံးရောက်တယ် ဆိုတာက အမှတ်အများဆုံး ရတာလည်း ဖြစ်နိုင်သလို ဆရာက ဒီကျောင်းသားဟာ စာစီစာကုံး စရေးလို့ ရပြီလို့ ဆုံးဖြတ်တာလည်း ဖြစ်နိုင်တယ်။

ဒုတိယအချက်ကို ထားလိုက် ပထမအချက် အမှတ်အများဆုံး ရဖို့ဆိုရင် တစ်လုံးမှ မမှားရဘူး၊ စာရွက်ကလည်း သန့်ရှင်းသပ်ရပ်နေရမယ်။

ပုံမှန်ဆိုရင် သုံးလပတ်စာမေးပွဲမှာ တစ်ယောက် နှစ်ယောက်လောက်ပဲ ပထမအတန်း ဝင်လေ့ရှိတယ်။ အများဆုံး သုံးယောက်ပေါ့။ ဒီတစ်ခါ ခြောက်ယောက်တောင် ပါတယ်ဆိုတော့ အံ့ဩစရာပဲ။

ဒီစကားကြားတော့ နောက်ကလူတွေက ရှေ့ကို တိုးဝှေ့လာကြတယ်။

ခြေထောက်အနင်းခံရသူ ခေါင်းအတိုက်ခံရသူတွေရဲ့ အသံတွေ ဆူညံသွားတယ်။ ရှေ့ဆုံးကလူတွေက တိုင်နဲ့ ကပ်ပြီး ပြားမသွားအောင် မနည်းတောင့်ထားရတယ်။ “မတိုးကြနဲ့... မတိုးကြနဲ့... ငါ ဖတ်ပြမယ်”

“ရွှီထင်းရှန်း၊ ချန်ကျန်း၊ လီတာ့ထျန်၊ လီချောင်၊ ကျိုးချွမ်၊ မောက်ပါ့သို”

အားလုံး ဟာခနဲ ဖြစ်သွားကြတယ်။ လီချောင်နဲ့ ကျိုးချွမ်ကို ထားလိုက်။ ရွှီထင်းရှန်းတို့ လေးယောက်က တစ်ခန်းတည်း အတူနေကြတာ။ သုံးယောက်က ကျောင်းသားဟောင်းတွေ ဖြစ်ပေမဲ့ တစ်ခါမှ ပထမအတန်း မဝင်ဖူးဘူး။ ကျန်တစ်ယောက်က ကျောင်းရောက်တာ သုံးလပဲ ရှိသေးတယ်။ အခု တစ်ခန်းလုံး ပထမအတန်း ဝင်သွားကြပြီ။

အံ့ဩလို့ မဆုံးသေးခင်မှာ အလုပ်သမား နှစ်ယောက်က စာရွက်တွေနဲ့ ကော်တွေ ကိုင်ပြီး ရောက်လာတယ်။

“ဖယ်ကြ... ဖယ်ကြ... နေရာပေးကြဦး”

ပထမအတန်း ဝင်တဲ့သူတွေရဲ့ စာရွက်တွေကို ကပ်ပြမလို့ပါ။ ဒါမှ တခြားလူတွေ သံသယ မဝင်မှာလေ။ ပြီးတော့ သူများတွေ ဘယ်လောက်တော်လဲ ဆိုတာ လေ့လာပြီး ကိုယ့်အမှားကိုယ် ပြင်လို့ရအောင်လို့။

ကျောင်းသားတွေ ဘေးဖယ်ပေးလိုက်တယ်။ ကပ်ပြီးတာနဲ့ ပြန်ဝိုင်းအုံလာကြတယ်။

တကယ်လည်း တော်ကြပါတယ်။ တစ်လုံးမှ မမှားတဲ့အပြင် လက်ရေးကလည်း စာပုံနှိပ်တိုက်က ရိုက်နှိပ်ထားသလို သပ်ရပ်နေတယ်။ ကြည့်ရတာ မျက်စိပသာဒ ဖြစ်စရာပဲ။

55 03

လိုက်ကြည့်နေရင်း တစ်ယောက်က ထပြောတယ်။ “ဒါ မောက်ပါ့သိုရဲ့ စာရွက်လား။ သူ့လက်ရေးက ဘယ်တုန်းက ဒီလောက် ကောင်းသွားတာလဲ။ လူစားထိုး ဖြေခိုင်းတာများလား”

ကျောင်းမှာ စာတော်ဖို့ လိုသလို လက်ရေးလှဖို့လည်း လိုတယ်။ လက်ရေးက လူကို ကိုယ်စားပြုတယ် ဆိုတာ ဒါပဲ။

ကျောင်းသားအချင်းချင်း လက်ရေးကို သိကြတယ်။ မောက်ပါ့သို လက်ရေးက အရမ်းဆိုးတာ မဟုတ်ပေမဲ့ ဒီလောက် မကောင်းဘူး။ အရင်တုန်းက သူ့စာရွက်တွေဆိုရင် ညစ်ပတ်နေပြီး မင်စွန်းတွေ လက်ဗွေရာတွေနဲ့ ရှုပ်ပွနေတတ်တယ်။ ဆရာမုန့်တောင် သူ့ကို သီးသန့် ခေါ်ဆူဖူးတယ်။

ဒီလောက် သပ်ရပ်လှပတဲ့ လက်ရေးက သူ ရေးတာ ဟုတ်ရဲ့လား။

ပြီးတော့ စာရွက်က သန့်ရှင်းလွန်းနေတယ်။ မင်စက်တွေ လက်ဗွေရာတွေ မပါဘဲ မောက်ပါ့သို စာရွက် ဖြစ်နိုင်ပါ့မလား။

ပြောလိုက်တဲ့သူက လီချောင်။ သူ ပထမအတန်း ဝင်လို့ ပျော်နေပေမဲ့ မောက်ပါ့သို ပါလာတာကို မြင်တော့ မယုံနိုင် ဖြစ်သွားတယ်။

မောက်ပါ့သို ပထမအတန်း ဝင်တယ်ဆိုရင် သူ လောင်းကြေး ရှုံးပြီပေါ့။ ၅ လျန် လျော်ရမယ်။ အိမ်က တစ်လနေမှ ငွေ ရာဂဏန်းလောက် ပေးတာ ၅ လျန်ကို ဘယ်က ရှာပေးရမလဲ။

“လီချောင်... ရှုံးရင် ရှုံးတယ်လို့ ဝန်ခံလိုက်ပါကွာ။ သူများကို စွပ်စွဲမနေနဲ့။ မနေ့က အားလုံး အတူတူ ဖြေကြတာပဲဟာ။ မောက်ပါ့သို ဘယ်သူ့ကို လူစားထိုးခိုင်းလို့ ရမှာလဲ” လီတာ့ထျန်က ဝင်ပြောတယ်။

“ဒါပေမဲ့...”

“ပြီးတော့ ဆရာမုန့်က မျက်စိကန်း နားကန်း နေလို့လား။ လူစားထိုးတာကို ဆရာမုန့် မသိဘဲ နေမလား” လီတာ့ထျန်က နှစ်ခွန်းတည်းနဲ့ လီချောင်ကို ပါးစပ်ပိတ်သွားစေတယ်။

ဘေးက ကျောင်းသားတွေကလည်း ဝိုင်းပြောကြတယ်။ “ဟုတ်တယ်... ရှုံးရင် လျော်လိုက်ပေါ့။ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့”

မောက်ပါ့သိုက ခြေထောက်ကို လှုပ်ပြီး လီချောင်ရဲ့ မျက်နှာပျက်နေတာကို ကြည့်ကာ ကျေနပ်နေတယ်။ တစ်ခုခု ပြောမလို့ လုပ်တုန်း ရွှီထင်းရှန်းက ပြောလိုက်တယ်။ “ကဲ... ဝင်ကြစို့”

လေးယောက်သား ဝင်သွားကြတယ်။ ကျန်တဲ့လူတွေလည်း ဆရာမုန့် ရှိနေတာ သတိရပြီး ပြန်ဝင်လာကြတယ်။

“ပထမအတန်း ဝင်တဲ့သူတွေ ဘဝင်မမြင့်ကြနဲ့။ မဝင်တဲ့သူတွေလည်း စိတ်ဓာတ်မကျနဲ့။ မင်းတို့ ၆ ယောက် ပထမအတန်းဘက် ကူးပြောင်းကြတော့။ ရှေ့ဆက်ပြီး ကြိုးစားကြ။ မကြာခင် ဂုဏ်ထူးတွေ ရပါစေ”

၆ ယောက်သား ဆရာ့ကို ဦးညွှတ်အရိုအသေပြုကြတယ်။ “ကျေးဇူးတင်ပါတယ် ဆရာ”

ဆရာမုန့် ပြုံးပြီး ခေါင်းညိတ်ပြတယ်။ သူတို့လည်း ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး အတန်းပြောင်းသွားကြတယ်။

ဒီဘက်မှာတော့... ကျောက်အာက ရွှီထင်းရှန်းကို ပြန်ပို့ပြီးတာနဲ့ သူမ ဝယ်ထားတဲ့ တောင်ကုန်းပေါ် တက်သွားတယ်။

ကိုယ်ပိုင်ဖြစ်သွားပြီဆိုတော့ နယ်နိမိတ်တိုင် စိုက်ရမယ်လေ။ သူမက ကျောက်တိုင်တစ်တိုင်နား သွားပြီး မြေကြီးကို ခြေထောက်နဲ့ ဖိနင်းလိုက်တယ်။

နယ်နိမိတ်တိုင်ဆိုပေမဲ့ ကျောက်တုံးကြီးပေါ်မှာ ဆေးနီသုတ်ပြီး အမှတ်အသား လုပ်ထားတာပါ။ မြေကြီးက ပျော့နေသေးလို့ သေချာ ဖိနင်းပေးရတာ။

သူမက ဟေးကျစ်ကို ခေါ်ပြီး တောင်ကုန်းကို နှစ်ပတ်လောက် ပတ်ကြည့်တယ်။ ပြီးမှ ပျော်ရွှင်စွာနဲ့ ပြန်ဆင်းလာတယ်။

လမ်းတစ်လျှောက်လုံး ဒီတောင်ကုန်းကို ဘယ်လို စီမံမလဲဆိုတာ တွေးလာတယ်။

သုံးပိုင်း ခွဲမယ်။ တစ်ပိုင်းက သစ်သီးပင် စိုက်မယ်။ တစ်ပိုင်းက ကြက်မွေးမယ်။ ကျန်တစ်ပိုင်းက ဟင်းရွက် စိုက်မယ်။ တောင်ပေါ်မှာ စမ်းချောင်းလေး ရှိတော့ ရေမရှားဘူး။ ဒါကြောင့် ဒီနေရာကို သူမ သဘောကျတာ။

ပထမဆုံး လုပ်ရမှာက ခြံစည်းရိုး ခတ်ရမယ်။ ဒါမှ ရွာက လူတွေ ကလေးတွေ ဝင်မရှုပ်နိုင်မှာ။ စိုက်ထားတဲ့ ဟင်းရွက်တွေ ခိုးမခူးနိုင်မှာ။ အိမ်တစ်လုံးလည်း ဆောက်ရမယ်။ ဒါပေမဲ့ လက်ထဲမှာ ငွေမရှိသေးလို့ ခဏ ရပ်ထားရဦးမယ်။

အိမ်ပြန်ရောက်တာနဲ့ ကောရှန်ကို ပြောပြီး ခြံစည်းရိုးခတ်ဖို့ လူငှားခိုင်းလိုက်တယ်။ ပစ္စည်းတွေက အဆင်သင့် ရှိပြီးသား။ တောင်ရှင်းတုန်းက ရတဲ့ ဆူးခြုံတွေကို ခြံစည်းရိုး လုပ်လို့ရတယ်။ မလောက်ရင် ဝါးခုတ်ပြီး ဖြည့်မယ်။ ပြီးတော့ ဟင်းရွက် စိုက်ရမယ်။ ဟင်းရွက်က မြန်မြန် ဖြစ်ထွန်းတယ်။ မြန်ရင် တစ်လဆို ရောင်းလို့ ရပြီ။ ရာသီဥတု ကောင်းနေတော့ မကြာခင် ငွေပေါ်တော့မှာ။

55 04

ဟင်းရွက်စိုက်ဖို့လည်း လူလိုတယ်။ အိမ်က ခြံကွက်လောက်ဆိုရင် ကိုယ့်ဘာသာ စိုက်လို့ရပေမဲ့ ဒီလောက် အကျယ်ကြီးကျတော့ လူငှားမှ ဖြစ်မယ်။

ကောရှန်နဲ့ တိုင်ပင်ကြည့်တော့ ကောရှန်က တာဝန်ယူမယ်လို့ ပြောတယ်။ သူကလည်း အိမ်မှာ မပျော်ဘူး။ တောင်ပေါ်မှာ တဲလေးထိုးပြီး နေမယ် ဟင်းရွက်ခင်းလည်း စောင့်မယ် အားရင် ဝိုင်းကူမယ်တဲ့။

ဒါပေမဲ့ လူထပ်ငှားရဦးမယ်။ ကောရှန်က အပြင်ထွက် ဟင်းပို့ရမှာဆိုတော့ အချိန်ပြည့် မလုပ်နိုင်ဘူး။

ဘယ်သူ့ကို ငှားမလဲ။

ကောရှန်က သူ့သူငယ်ချင်း လျူရှန်းကို အကြံပေးတယ်။

လျူမိသားစုကလည်း ရွာထဲမှာ အဆင်မပြေရှာဘူး။ ကောမိသားစုထက်တောင် ဆင်းရဲသေးတယ်။ လျူရှန်းက ရိုးသားတယ်။ ဟင်းရွက်ပို့တာ လူတွေနဲ့ ဆက်ဆံတာတွေ မလုပ်တတ်ဘူး။ ကောရှန်က သူ့ကို ကူညီချင်နေတာ ကြာပြီ။ အခုတော့ အလုပ်ရပြီပေါ့။

ဟင်းရွက်စိုက် ကူမယ် ကိုယ့်လယ်အလုပ်လည်း မပျက်ဘူးဆိုတော့ အဆင်ပြေတာပေါ့။

ကျောက်အာက နောက်တစ်ယောက်ကို စဉ်းစားမိတယ်။ တတိယဦးလေး ရွှီချင်းပိုင်။

ရွှီချင်းပိုင်က ရိုးသားကြိုးစားတယ်။ အလုပ်လုပ်ရင် သေချာ လုပ်တယ်။ သူ့ကို တာဝန်ပေးထားရင် စိတ်ချရတယ်။ အထူးသဖြင့် ဒုတိယမိသားစုက စတုတ္ထမိသားစုနဲ့ တွဲလုပ်နေတာဆိုတော့ တတိယမိသားစုကို ပစ်ထားသလို ဖြစ်နေတယ်။ အဒေါ်ကျိုးက မကြာခဏဆိုသလို သူမကို စကားမပြောဘဲ ကြည့်ကြည့်နေတတ်တယ်။ ဒါကြောင့် သူ့ကို ခေါ်လိုက်ရင် အားလုံး အဆင်ပြေသွားမှာ။

ဆုံးဖြတ်ပြီးတာနဲ့ ကျောက်အာက ရွှီချင်းပိုင်ကို သွားပြောတယ်။

ရွှီချင်းပိုင်က မငြင်းဘူး။ လက်ခံလိုက်တယ်။

အစပိုင်းမို့ ကျောက်အာ လစာအများကြီး မပေးနိုင်သေးဘူး။ တစ်လကို ငွေတစ်တုံး ပေးမယ်။ နောက်မှ တိုးပေးမယ်။ တောင်ပေါ်က အလုပ်တွေကို ရွှီချင်းပိုင်ကို လွှဲပေးလိုက်တယ်။ လျူရှန်းကိုလည်း သူပဲ အုပ်ချုပ်ရမယ်။

နောက်ရက်တွေမှာ အလုပ်တွေ ရှုပ်နေကြတယ်။ ကောရှန်တို့က ဟင်းရွက်ပို့ ကျောက်အာက ခြံစည်းရိုးခတ်တာနဲ့ ဟင်းရွက်စိုက်တာကို ကြီးကြပ်တယ်။

ခြံစည်းရိုးခတ်ပြီး ဟင်းရွက်တွေ စိုက်ပြီးတဲ့အချိန်မှာ ရွှီထင်းရှန်း ပြန်ရောက်လာတော့ အိမ်မှာ ကျောက်အာ မရှိဘူး။ အဒေါ်စွန်းပြောမှ တောင်ပေါ် ရောက်နေတယ်ဆိုတာ သိရတယ်။

သူက လွယ်အိတ်နဲ့ ပစ္စည်းတွေ အခန်းထဲ ထည့်ပြီး တောင်ပေါ် တက်လိုက်တယ်။

တောင်ကုန်းလေးက တော်တော် ပြောင်းလဲသွားပြီ။ တောင်ခြေမှာ လူတစ်ရပ်ကျော် မြင့်တဲ့ ခြံစည်းရိုး ခတ်ထားတယ်။ ရွှီထင်းရှန်း ဝင်ပေါက်ကနေ ဝင်လိုက်တော့ စိုက်ခင်းတွေ သေသေသပ်သပ် ဖော်ထားတာ တွေ့ရတယ်။ ဟင်းရွက်တွေ စိုက်ထားပြီးပြီ။

လမ်းအတိုင်း လျှောက်သွားတော့ လူသံတွေ ကြားရတယ်။

ရှေ့ဆက်သွားတော့ ကွင်းပြင်တစ်ခုမှာ လူတွေ စုနေကြတာ တွေ့လိုက်ရတယ်။

ရွှီချင်းပိုင် အဒေါ်ကျိုး ကောရှန် ကျန်းဝူ ကျောက်အာနဲ့ ရွာထဲက လူငယ်တချို့ ရောက်နေကြတယ်။ အားလုံးက မြေနီတိုက် တဲအိမ်လေးကို ကြည့်ပြီး ပြုံးနေကြတယ်။

“ကောရှန်... နင့်လက်ရာ မဆိုးဘူးပဲ။ တစ်ရက်တည်းနဲ့ နေလို့ရအောင် ဆောက်လိုက်နိုင်တယ်” ကျောက်အာက ချီးကျူးလိုက်တယ်။

အိမ်က မကြီးဘူး။ အခန်းတစ်ခန်းစာပဲ ရှိတယ်။ ဒါပေမဲ့ တစ်ရက်တည်းနဲ့ ပြီးအောင် ဆောက်နိုင်တာ အံ့ဩစရာပဲ။ မြေအုတ်လုပ်ရတာ မလွယ်ဘူးလေ။ ရွှံ့စေးနဲ့ ကောက်ရိုး ရောနယ် ပုံသွင်း ခြောက်အောင် လှန်း ရွှံ့ထပ်သုတ်... အဆင့်ဆင့် လုပ်ရတာ။

မြေအုတ်တွေကို ကောက်ညှင်းကော်နဲ့ ကပ်ပြီး နံရံစီရတယ်။ ပြီးရင် ရွှံ့ထပ်သုတ်ရတယ်။ အထပ်ထပ် သုတ်မှ ခိုင်ခံ့တာ။ ဒါမှ နှစ်အတော်ကြာ နေလို့ရမှာ။ ကောရှန်က ရွာထဲကလူတွေဆီက မြေအုတ်အသင့် ဝယ်သုံးလိုက်လို့သာ ဒီလောက် မြန်မြန် ပြီးသွားတာ။

ကောရှန် ရယ်လိုက်တယ်။ “ဝိုင်းကူတဲ့လူ များလို့ပါ။ ချန်တို့... ဒီည မပြန်နဲ့တော့။ ရွာထဲသွားပြီး ဟင်းရွက်တွေ ဝယ်လာခဲ့မယ်။ ဒီည ဒီမှာပဲ ချက်စားကြမယ်”

အသက်ကြီးကြီး အဒေါ်ကြီးတစ်ယောက်က ဝင်ပြောတယ်။ “မင်းကလည်း... ဒီမှာ ဘာမှ မရှိဘဲနဲ့ ဘယ်လို ချက်စားမှာလဲ”

“အမေကလည်း... စိတ်မပူပါနဲ့။ ဒယ်အိုး ဝယ်ထားပြီးပြီ။ ဟင်းရွက်တွေ သွားဝယ်မယ်။ ဆန်၊ ဆီ၊ ဆား၊ အမွှေးအကြိုင်တွေကိုတော့ သူများဆီက ခဏ ဝယ်သုံးလိုက်မယ်။ မနက်ဖြန်ကျမှ မြို့တက်ပြီး အိုးခွက်ပန်းကန်တွေ သွားဝယ်မယ်”

ပိန်ပိန်ပါးပါး အဒေါ်ကြီးကောရှန်အမေက ခေါင်းခါရင်း ပြုံးနေတယ်။ မျက်ရည်တွေတောင် ဝဲလို့။

“ပျော်စရာနေ့မှာ ဘာလို့ ငိုနေတာလဲ အဒေါ်ကောရယ်။ ကောရှန်မှာ အိမ်ရှိသွားပြီ။ နှစ်နှစ်လောက် ပိုက်ဆံစုပြီးရင် အိမ်ကြီးကြီး ဆောက် မိန်းမယူ... အိမ်ရော မိန်းမရော ရပြီပေါ့” ကျောက်အာက ဝင်ပြောတယ်။

55 05

“ဟုတ်ပါတယ်... ဟုတ်ပါတယ်... အဒေါ် မငိုပါဘူး” အဒေါ်ကောက အင်္ကျီစနဲ့ မျက်ရည်သုတ်ရင်း ပြုံးလိုက်တယ်။

အဲဒီအချိန်မှာ အဒေါ်ကျိုးက မေးလိုက်တယ်။ “ထင်းရှန်း ပြန်ရောက်လာပြီလား”

အားလုံး လှည့်ကြည့်လိုက်ကြတယ်။ မလှမ်းမကမ်းမှာ လူငယ်လေးတစ်ယောက် လျှောက်လာနေတယ်။

နေဝင်ချိန် ဆည်းဆာရောင်အောက်မှာ သူ့ရဲ့အပြာရောင် ဝတ်ရုံရှည်လေးက တောက်ပနေတယ်။ လေပြည်အဝှေ့မှာ ဝတ်ရုံစလေးတွေ လွင့်ပျံနေတာက နတ်သားလေးတစ်ပါး ဆင်းသက်လာသလိုပဲ။ အထူးသဖြင့် ရုပ်ရည်သန့်ပြန့်ပြီး တည်ငြိမ်ခန့်ညားတဲ့ အမူအရာကြောင့် အားလုံး ငေးမောသွားကြတယ်။

“ထင်းရှန်းက ပိုပိုပြီး ကြည့်ကောင်းလာပါလား” အဒေါ်ကျိုးက ရေရွတ်လိုက်တယ်။

ဒီအသံကြားမှ အားလုံး သတိဝင်လာကြတယ်။ ကျောက်အာက ပြေးသွားပြီး “ငါ မေ့နေတာ... နင် ဒီနေ့ ကျောင်းပိတ်ရက်လေ။ ဘယ်လို ပြန်လာတာလဲ”

“နွားလှည်းနဲ့”

“နွားလှည်းက နှေးလည်းနှေး အိလည်းအိနဲ့။ ပင်ပန်းနေပြီလား။ အိမ်မှာ ဘာလို့ မနားဘဲ တောင်ပေါ် တက်လာတာလဲ”

ကောင်မလေးက ကောင်လေးကို ပတ်ပြီး မေးခွန်းတွေ မေးနေတာက ဇနီးသည်က ခင်ပွန်းသည်ကို စိတ်ပူနေတဲ့ ပုံစံလေးနဲ့ တူနေတယ်။

ကျန်းဝူ မျက်နှာ ညှိုးသွားတယ်။ “ငါ့အမှားပါ။ ငါလည်း မေ့နေတာ။ မြို့ထဲသွားပြီး သွားကြိုသင့်တာ” သူ့အသံက ကျယ်လောင်ပြီး ရင်းနှီးမှုကို ပြနေတယ်။ ရွာသားတွေကတော့ ရွှီနဲ့ ကျန်းမိသားစု ရင်းနှီးတာ သိလို့ ဘာမှ မထင်ကြဘူး။

ဒါပေမဲ့ ရွှီထင်းရှန်းကတော့ စိန်ခေါ်သံ ပါနေတာကို ရိပ်မိတယ်။ မျက်လုံးတွေ မှေးစင်းသွားပြီး ကျောက်အာ ကို ပြုံးပြလိုက်တယ်။ “ကျောက်အာ... ငါ သတင်းကောင်း ပြောစရာ ရှိတယ်”

“ဘာသတင်းကောင်းလဲ”

“ငါ ပထမအတန်း ဝင်သွားပြီ”

“တကယ်လား” ကျောက်အာ ဝမ်းသာအားရ အော်လိုက်ပြီး တစ်ပတ်လည်သွားတယ်။ “ဟာ... တကယ့် သတင်းကောင်းပဲ။ ငါ့မောင်လေးက သူများထက် တော်တာပဲ။ ကျောင်းတက်တာ မကြာသေးဘူး ပထမအတန်း ဝင်သွားပြီ”

တခြားလူတွေက ချင်းယွမ်ကျောင်းတော်ရဲ့ စည်းကမ်းကို နားမလည်ပေမဲ့ ကျောက်အာ ပျော်နေတာ ကြည့်ပြီး ကောင်းတဲ့ကိစ္စမှန်း သိလိုက်ကြတယ်။ အားလုံး ဝိုင်းပြီး ဂုဏ်ပြုကြတယ်။

ကျောက်အာက ပြောတယ်။ “ကဲ... ကဲ... ဒီနေ့ ဘယ်သူမှ မပြန်ကြနဲ့။ ဒီမှာပဲ ချက်စားကြမယ်။ ထင်းရှန်းအတွက်ရော ကောရှန်အတွက်ရော ဂုဏ်ပြုပွဲ လုပ်ကြတာပေါ့။ ကောရှန်... ဝယ်စရာ မလိုတော့ပါဘူး။ အိမ်မှာ အကုန် ရှိတယ်။ အသားလည်း မနေ့ကမှ ဝယ်ထားတာ။ ဆန်၊ ဂျုံ အကုန်ရှိတယ်။ ရွာထဲသွားပြီး စားပွဲနှစ်လုံး ပန်းကန်ခွက်ယောက်နဲ့ ခုံတွေ သွားငှားလိုက်။ ငါနဲ့အဒေါ်တို့ ချက်လိုက်မယ်”

“ကျောက်အာ့ လက်ရာ စားရတော့မယ်ဟေ့” လူငယ်တွေက အော်ဟစ်ပြီး ပန်းကန်တွေ သွားငှားကြတယ်။ ကျောက်အာလည်း အိမ်ပြန်ပြီး ပစ္စည်းတွေ သွားယူတယ်။

လူများတော့ ခဏလေးနဲ့ အဆင်သင့် ဖြစ်သွားတယ်။

မီးဖို မလုပ်ရသေးတော့ ကောရှန်က မြေကြီးမီးဖို ယာယီ လုပ်ပေးထားတယ်။ ဟိုဘက်မှာ စကားဝိုင်းဖွဲ့နေကြပြီး ဒီဘက်မှာ ကျောက်အာ အဒေါ်ကော အဒေါ်ကျိုး တို့ ချက်ပြုတ်နေကြတယ်။

ဒယ်အိုးထဲမှာ ကြက်သားပေါင်းနေတာ ကြာပြီ။ အဖုံးဖွင့်လိုက်တော့ မွှေးကြိုင်တဲ့ အခိုးအငွေ့တွေ ထွက်လာတယ်။ ဟိုဘက်က လူတွေ စကားပြောနေရင်း ဒီဘက်ကို လှမ်းကြည့်ပြီး တံတွေးမြိုနေကြပြီ။

“ကျောက်အာလက်ရာ ကောင်းတယ်သာ ကြားဖူးတာ တစ်ခါမှ မစားဖူးဘူး” မျက်နှာဝိုင်းဝိုင်း လူငယ်လေးက ပြောတယ်။

ဒီအုပ်စုထဲမှာ ကောရှန် တစ်ယောက်ပဲ စားဖူးတာ။

ကောရှန် ရယ်လိုက်တယ်။ “ခဏနေရင် စားရတော့မှာပါ”

ဒီဘက်မှာတော့ ကျောက်အာက ဇွန်းနဲ့ ကြက်သားတစ်ဖတ်ခပ် လက်နဲ့ဖဲ့ မှုတ်ပြီး ရွှီထင်းရှန်း ပါးစပ်နား တေ့ပေးတယ်။ “မြည်းကြည့်... ကျက်ပြီလားလို့”

တကယ်တော့ ကျောက်အာ့ လက်ရာက မြည်းစရာ မလိုပါဘူး။ ဒါက အကျင့်ပါနေလို့ပါ။ အရင်တုန်းက ရွှီမိသားစုမှာ စုပေါင်းစားတုန်းက ရွှီချင်းရှန်းကို ကျောင်းထားပေးရလို့ အစားအသောက် ဆင်းရဲတယ်။ အဘွားကျောက်က အသား၊ ကြက်ဥတွေကို တွက်ကပ်တယ်။

ကျောက်အာ ချက်ရတဲ့နေ့ဆိုရင် ဒီလိုနည်းနဲ့ ရွှီထင်းရှန်းကို အသားခိုးကျွေးလေ့ ရှိတာ။

55 06

သူတို့နှစ်ယောက်ကတော့ ဘာမှမဖြစ်သလိုပါပဲ။ ဟိုဘက်က လူတွေကတော့ ကြည့်ပြီး ပြောနေကြတယ်။ ဝဝဖိုင့်ဖိုင့် လူငယ်လေး ရွှီဟူက ပြောတယ်။ “ဦးလေးထင်းရှန်းနဲ့ အစ်မကျောက်အာတို့က သံယောဇဉ် ကြီးလိုက်တာ”

ဒီလူငယ်လေးက ရွှီမျိုးရိုးမို့ ရွှီထင်းရှန်းထက် အသက်ကြီးပေမဲ့ ဦးလေး ခေါ်ရတာ။

တစ်ယောက်က စနောက်တယ်။ “အစ်မကျောက်အာ မခေါ်နဲ့လေ။ ဒေါ်လေးကျောက်အာ ခေါ်ရမှာ။ ဆွေမျိုးတော်စပ်ပုံ မှားကုန်ပြီ။ မင်းအဖေ ကြားရင် အရိုက်ခံနေရဦးမယ်”

“လက်မှ မထပ်ရသေးတာ” ရွှီဟူ က ပြန်ပြောတယ်။

“လက်မထပ်ရသေးလည်း ဒေါ်လေးပဲ။ နောက်နှစ်ဆို ဒေါ်လေးအစစ် ဖြစ်တော့မှာ။ အဲဒီကျရင် ဒေါ်လေးကျောက်အာ ဆီက မုန့်ဖိုးတောင်းပေးမယ်”

ကောရှန်က ရွှီဟူကို စနေတာပါ။ အားလုံး ဝိုင်းရယ်ကြတယ်။ ကျန်းဝူ တစ်ယောက်ပဲ ငြိမ်နေတယ်။ ကောရှန်က သူ့ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

ဟိုဘက်ကို လှမ်းကြည့်လိုက်တော့ မိုးချုပ်စပြုနေပြီ။ မီးဖိုထဲက မီးရောင်က တောက်ပနေတယ်။ ကောင်လေးက စကားပြောလိုက် ကောင်မလေးက ပြုံးလိုက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်မောလိုက်နဲ့။

ကောရှန်က သူငယ်ချင်းများတော့ သူများထက် ပိုသိတယ်။

ကျောက်အာက ယွီချင်းရွာရဲ့အလှဆုံး အလှပန်းကလေးပဲ။ ရုပ်ချောတယ်။ စိတ်သဘောထား ကောင်းတယ်။ အလုပ်ကြိုးစားတယ်။ နည်းနည်း စွာပေမဲ့ အကြောင်းမဲ့ ရန်ရှာတာ မဟုတ်ဘူး။ ရွာထဲမှာ လူချစ်လူခင် များတယ်။

ကောရှန်ရဲ့ငယ်သူငယ်ချင်း ၁၀ ယောက်မှာ ၈ ယောက်လောက်က ကျောက်အာကို ကြိုက်ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ ရှေ့မတိုးရဲကြဘူး။ ကျောက်အာက သူများအိမ်က သတို့သမီးလောင်းဆိုတာ သိနေကြလို့လေ။

တောရွာ ဓလေ့အရ ငယ်ကတည်းက မွေးစားထားတဲ့ ကလေးသတို့သမီး ဆိုတာ အဲဒီအိမ်က မိန်းမပဲ။ မင်္ဂလာမဆောင်ရသေးပေမဲ့ သူများမယားလို့ သတ်မှတ်တယ်။ သူများမယားကို ကြံရင် အပြောခံရမယ် အဆဲခံရမယ်။ ကောရှန်လည်း အခုမှ ကျန်းဝူက ကျောက်အာကို ကြိုက်နေမှန်း သိလိုက်တာ။

ငယ်သူငယ်ချင်းတွေဆိုတော့ ကောရှန် ဘာမှ မပြောရဲဘူး။ ဒီကိစ္စ ပေါက်ကြားသွားရင် ကျောက်အာ နေရခက်မှာ ဖြစ်သလို ကျန်းဝူနဲ့လည်း သူငယ်ချင်း ဖြစ်လို့မရတော့ဘူး။ ကျန်းဝူ ကိုယ်တိုင် သဘောပေါက်ပြီး လက်လျော့လိုက်ဖို့ပဲ မျှော်လင့်မိတယ်။

သူ လက်လျော့ခဲ့သလိုပေါ့။

“ကဲ... ကဲ... ထမင်းစားမယ်။ ဟိုအုပ်စု... ထိုင်မနေကြနဲ့ ဟင်းကူသယ်ကြ” ကျောက်အာက ဒယ်အိုးကို ယောက်မနဲ့ ခေါက်ပြီး လှမ်းအော်လိုက်တယ်။

လူငယ်လေးတွေက ပြုံးဖြီးဖြီးနဲ့ ထလာကြတယ်။

******

56 01

အခန်း (၅၆)

ညစာဝိုင်းက တော်တော်လေး စည်ကားတယ်။

ဟင်းပွဲတွေက မများပေမဲ့ ပမာဏကတော့ အပြည့်ပဲ။ ကြက်သားနဲ့ မှိုဟင်း၊ ဟင်းရွက်ကြော် ဝက်သားကြော်၊ တို့ဟူးခြောက်ကြော်နဲ့ တို့ဟူးကြက်ဥဟင်းချို။ ဒါက လူအများကြီးကို လောက်ငှစေပါတယ်။

ထမင်းကတော့ ဆန်နဲ့ပြောင်းဆန် ရောချက်ထားတာ။ အပေါ်မှာ ကန်စွန်းဥတုံးတွေ တင်ပေါင်းထားတယ်။ အိုးဖုံးဖွင့်လိုက်တာနဲ့ ထမင်းနံ့နဲ့ ကန်စွန်းဥနံ့ မွှေးမွှေးလေးတွေ ထွက်လာပြီး စားချင်စဖွယ် ဖြစ်သွားတယ်။

ကန်စွန်းဥတွေက မနှစ် ဆောင်းတွင်းကတည်းက မြေအောက်ခန်းထဲ သိုလှောင်ထားတာ။ အခုချိန်ထိ မပျက်စီးသေးဘဲ ချိုမြိန်နေတုန်းပဲ။ ပေါင်းပေါင်း ၊ဖုတ်ဖုတ် လိမ္မော်ရောင် အရည်ရွှမ်းရွှမ်းလေးတွေ ထွက်နေတာ ကြည့်ရတာနဲ့တင် ကျေနပ်စရာ ကောင်းနေပြီ။

ကျောက်အာက အကြီးဆုံးတစ်တုံးကို ရွေးပြီး ရွှီထင်းရှန်း ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။

သူက ငယ်ငယ်ကတည်းက ကန်စွန်းဥ ကြိုက်တယ်။ နှစ်တိုင်း ကျောက်အာက သူ့အတွက် ကန်စွန်းဥတွေ အများကြီး သိုလှောင်ထားပြီး ထမင်းချက်တိုင်း ဆန်ပြုတ်ပြုတ်တိုင်း ထည့်ပေးလေ့ ရှိတယ်။

“မြန်မြန်စား ပူတုန်းလေး။ သူတို့က အရက်သောက်ကြမှာ။ နင်က မသောက်တော့ များများစားထား”

ရွှီဟူက မျက်လုံးမှေးပြီး စနောက်တယ်။ “အစ်မကျောက်အာ... ဦးလေးထင်းရှန်း မသောက်ရင် အစ်မက ကိုယ်စား သောက်ပေးသင့်တာပေါ့။ တစ်အိမ်လုံး မသောက်တာ ဘယ်ကောင်းမလဲ။ တစ်ယောက်တော့ ပါမှပေါ့”

ကျောက်အာ ကြည့်လိုက်တော့ ဟုတ်သားပဲ။ တတိယမိသားစုမှာ အဒေါ်ကျိုး မသောက်ပေမဲ့ တတိယဦးလေး သောက်တယ်။ စတုတ္ထမိသားစုမှာလည်း အဒေါ်စွန်း မသောက်ပေမဲ့ ရွှီချင်းဟွိုင် သောက်တယ်။ အဒေါ်ကောလည်း မသောက်ပေမဲ့ သားဖြစ်သူ ကောရှန် သောက်တယ်။

သူမက ရယ်ပြီး ပြန်ပြောတယ်။ “ဒါဆို ငါတို့ မသောက်တဲ့သူတွေ ဟိုဘက်ဝိုင်း သွားထိုင်လိုက်မယ်။ နင်တို့ အရက်သောက်တာ အနှောင့်အယှက် မဖြစ်စေရဘူး။ ဒါပေမဲ့ မနက်ဖြန် အလုပ်လုပ်ရဦးမှာဆိုတော့ လျှော့သောက်ကြနော်။ မဟုတ်ရင် မထနိုင်ဘဲ နေဦးမယ်”

“ကြည့်ပါဦး... အစ်မကျောက်အာက ငါတို့ကို အလုပ်သမားတွေလို ခိုင်းနေပြီ” ရွှီချန်ဆိုတဲ့ လူငယ်လေးက ရယ်မောပြီး ဝင်ပြောတယ်။

အားလုံး ဝိုင်းရယ်ကြတယ်။

“မသွားပါနဲ့... ဒီနေ့က အစ်ကိုကောရှန်အတွက်ရော ဦးလေးထင်းရှန်း အတွက်ရော ဂုဏ်ပြုပွဲလေ။ နှစ်ယောက်လုံး မရှိရင် ပွဲမဖြစ်တော့ဘူးပေါ့”

ကျန်းဝူက ဝင်ဖြန်ဖြေပေးတယ်။ “ကျောက်အာက မိန်းကလေးဆိုတော့ မသောက်လည်း ရပါတယ်။ ထင်းရှန်းကတော့ မငယ်တော့ဘူး အရက်မသောက်တတ်လို့ မဖြစ်ဘူး။ ရွာမှာ အရက်မသောက်တတ်တဲ့ ယောကျ်ား မရှိဘူး”

ယောကျ်ားဆိုတဲ့ စကားလုံး ကြားတာနဲ့ လူငယ်တွေအားလုံး ရင်ကော့လိုက်ကြတယ်။ ငါတို့က ယောကျ်ားတွေကွ ဆိုတဲ့ ပုံစံမျိုးပေါ့။

မှန်ပါတယ်။ ယွီချင်းရွာက အေးတဲ့အရပ်ဆိုတော့ ကလေးလူကြီးမရွေး အရက်နည်းနည်းတော့ သောက်တတ်ကြတယ်။ အအေးဒဏ် ခံနိုင်အောင်လို့လေ။ ဆောင်းတွင်းမှာ အရက်တစ်ငုံ သောက်လိုက်ရင် တစ်ကိုယ်လုံး နွေးသွားတာကိုး။

ဒီဒေသက ပြောင်းဆန်ထွက်တော့ ပြောင်းအရက်က နာမည်ကြီးတယ်။ အိမ်တိုင်း ကိုယ့်ဘာသာ အရက်ချက်သောက်ကြတယ်။ ယောကျ်ားလေးတွေဆို ငယ်ငယ်ကတည်းက အဖေတွေက တူနဲ့ အရက်တို့ပြီး ကျွေးလေ့ရှိတယ်။ ဒါကြောင့် အရက်မသောက်တတ်သူ ရှားတယ်။ ရွှီထင်းရှန်း တစ်ယောက်ပဲ ငယ်ငယ်က အားနည်းလို့ မသောက်ခဲ့တာ။

“လာ... လာ... နည်းနည်းလောက် သောက်ကြည့်။ အရက်သမား ဖြစ်လာအောင် လေ့ကျင့်ပေးမယ်” ကျန်းဝူက ပန်းကန်တစ်လုံးထဲ အရက်ထည့်ပြီး ရွှီထင်းရှန်း ရှေ့ ချပေးတယ်။

ယောကျ်ားတွေက အရက်မြင်ရင် ပျော်ကြတာကိုး။ လူငယ်တွေကလည်း ဝိုင်းမြှောက် ပေးကြတယ်။ “ဟုတ်တယ်... အစ်ကိုကျန်းဝူ ပြောတာ မှန်တယ်။ နည်းနည်းလောက် သောက်ကြည့်”

“အခု မသောက်ရင် နောက်ကျ အစ်မကျောက်အာနဲ့ မင်္ဂလာဆောင်တဲ့အခါ သတို့သားက အရက်မသောက်တတ်ရင် ဘယ်ဖြစ်မလဲ”

“သူ မသောက်တတ်ပါဘူးဆို မစကြပါနဲ့” ကျောက်အာက အရက်ခွက်ကို လှမ်းဖယ်မလို့ လုပ်တော့ ကျန်းဝူက တားလိုက်တယ်။

56 02

“ကျောက်အာ... ဒီကိစ္စ ဝင်မပါနဲ့။ ဒါ ယောကျ်ားချင်း ကိစ္စ”

“ဟုတ်တယ်... ဒါ ယောကျ်ားချင်း ကိစ္စ။ အစ်မကျောက်အာ ဝင်မပါနဲ့”

ကောရှန်ကတော့ မျက်နှာအုပ်ထားချင်စိတ် ပေါက်နေပြီ။ ဒီကောင်တွေက ဘာမှနားမလည်ဘဲ ရောနေကြတယ်။

ရွှီထင်းရှန်းက ကျန်းဝူကို ကြည့်ပြီး ကျောက်အာကို ဆွဲချလိုက်တယ်။ “အရက်ပဲဟာ... ကိစ္စမရှိပါဘူး”

“တွေ့လား... ဦးလေးထင်းရှန်းတောင် ပြောနေပြီ”

ကျောက်အာ ဘာမှ မတတ်နိုင်တော့ဘဲ ထိုင်လိုက်ရတယ်။

“ကဲ... ထင်းရှန်း... အစ်ကိုက မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အရင်သောက်မယ်” ကျန်းဝူက သူ့ပန်းကန်ကို မြှောက်ပြလိုက်တယ်။

ရွှီထင်းရှန်းလည်း မတ်တတ်ရပ်ပြီး ပန်းကန်မြှောက်လိုက်တယ်။ “အစ်ကိုကျန်းဝူက အားနာစရာကြီး။ တကယ်တော့ ကျွန်တော်က ဂုဏ်ပြုရမှာပါ။ ကျောက်အာ တစ်ယောက်တည်း စီးပွားရေးလုပ်တုန်းက အစ်ကို အများကြီး ကူညီပေးခဲ့တာလေ။ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်က စသောက်ပါ့မယ်”

ယောကျ်ားတစ်ယောက်နဲ့ လူငယ်လေးတစ်ယောက် မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြတယ်။

ဒီတစ်ခါတော့ အရင်ကထက် ပိုပြီးတင်းမာနေတယ်။ ဘေးကလူတွေတောင် ရိပ်မိနေကြတယ်။ ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတာ သေချာ မသိကြဘူး။

ကျန်းဝူက ဟားတိုက် ရယ်မောလိုက်တယ်။ “ကောင်းပြီလေ... ငါ အရင် မော့လိုက်မယ်” ပြောပြီးတာနဲ့ အရက်ပန်းကန်လုံးကို မော့သောက်လိုက်တယ်။ ပြီးတော့ ပန်းကန်အလွတ်ကို ရွှီထင်းရှန်း ဘက်ပြလိုက်တယ်။

ဒါ အရက်ဝိုင်း စည်းကမ်းပဲ။ တစ်ဖက်လူက ကုန်အောင်သောက်ရင် ကိုယ်လည်း ကုန်အောင်သောက်ရမယ်။ မဟုတ်ရင် မလေးစားရာ ရောက်တယ်။ ကျန်းဝူက ပန်းကန်အလွတ် ပြလိုက်တာက စိန်ခေါ်လိုက်တာပဲ။

ရွှီထင်းရှန်းက သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်ပြီး တစ်ခါတည်း မော့သောက်လိုက်တယ်။

“ကုန်းအာ” ကျောက်အာ လှမ်းတားပေမဲ့ မမီတော့ဘူး။

ရွှီထင်းရှန်း နှုတ်ခမ်းထောင့်က အရက်စက်တွေကို သုတ်ပြီး ပန်းကန်ချလိုက်တယ်။ “ငါ ဘာမှ မဖြစ်ဘူး”

“သောက်နိုင်သားပဲ” ကျန်းဝူက လက်မထောင်ပြပြီး နောက်တစ်ပန်းကန် ထပ်ထည့်ပေးတယ်။

“တော်ပြီ... ဆက်မသောက်နဲ့တော့”

ကျောက်အာ စိုးရိမ်နေပြီ။ ကောင်လေး မျက်နှာ နီရဲနေပြီလေ။ ပထမဆုံး သောက်ဖူးတာဆိုတော့ အရက်ရှိန် တက်မြန်တယ်။ မီးရောင်အောက်မှာ ကြည့်ရတာ ကြောက်စရာတောင် ကောင်းနေပြီ။

ကျန်းဝူက သူ့ပန်းကန်ထဲ သူ ထည့်ရင်း “ဘာလို့ မသောက်ရမှာလဲ။ ကျောက်အာ... ထင်းရှန်းကို အထင်မသေးပါနဲ့”

ပြီးတော့ ရွှီထင်းရှန်းဘက် လှည့်ပြောတယ်။ “စောစောက မင်း ငါ့ကို ဂုဏ်ပြုပြီးပြီဆိုတော့ အခု ငါ မင်းကို ဂုဏ်ပြုမယ်။ ဟင်းလေးဘာလေး စားပြီးမှ သောက် မဟုတ်ရင် မူးနေမယ်”

ဒီလောက် ပြောနေမှတော့ ရွှီထင်းရှန်းလည်း ငြင်းလို့မရတော့ဘူး။ မော့သောက်လိုက်ပြီးမှ ထိုင်လိုက်တယ်။

“ဟင်း နည်းနည်းစားလိုက်ဦး” ကျောက်အာက သူ့ပန်းကန်ထဲ ဟင်းတွေ ထည့်ပေးတယ်။

ဟင်းတစ်ဖတ် စားရုံရှိသေး နောက်တစ်ယောက် ရောက်လာပြန်ပြီ။

ကျန်းဝူ မဟုတ်ဘူး။ ရွာသားတစ်ယောက်။

“ထင်းရှန်း... ငါ ဂုဏ်ပြုပါရစေ။ စာတတ်ပေတတ်ပုဂ္ဂိုလ်နဲ့ ပထမဆုံး သောက်ဖူးတာမို့ အရင်သောက်ပြပါမယ်”

ဂလု... ဂလု... ကုန်သွားပြီ။

ရွှီထင်းရှန်း ပန်းကန်ထဲ အရက်ဖြည့်ပေးမယ့်သူ ရှိနေပြီ။ သူလည်း ပြန်သောက်ရတာပေါ့။

စမိမှတော့ ဆုံးအောင် သွားရတော့မယ်။ တောရွာ အရက်ဝိုင်းဆိုတာ ဒီလိုပါပဲ။ မသောက်ရင် မသောက်နဲ့ သောက်ရင် လူစုံအောင် သောက်ရတယ်။ နားလိုက် သောက်လိုက်နဲ့ဆိုတော့ ရွှီထင်းရှန်း တော်တော်များများ သောက်မိသွားတယ်။

56 03

နောက်ပိုင်းကျတော့ သူကပဲ ဦးဆောင်ပြီး လိုက်တိုက်တော့တယ်။ စတုတ္ထဦးလေး ရွှီချင်းဟွိုင်အလှည့်ရောက်တော့ ဦးလေးက တားတယ်။ “ငါ့ဆီမှာတော့ မသောက်နဲ့တော့ကွာ။ ထမင်းစားလိုက်ဦး”

တတိယဦးလေး ရွှီချင်းပိုင်လည်း ကျော်ခိုင်းတယ်။ တစ်ပတ်လည်သွားတော့မှ ရွှီထင်းရှန်း ထမင်းစားတယ်။ ပုံစံကြည့်ရတာ မူးနေပုံ မပေါ်ဘူး။ မျက်နှာ နီနေတာနဲ့ မျက်လုံးတွေ တောက်ပနေတာလောက်ပဲ ရှိတယ်။

လူတွေက သူ့ကို ဝိုင်းချီးကျူးကြတယ်။ အဖေတူသားပဲတဲ့။ သူ့အဖေ ရွှီချင်းစုန့်က ရွာမှာ အရက်အသောက်နိုင်ဆုံးပဲလေ။

ကျောက်အာက အားနာပါးနာ ပြုံးပြနေရတယ်။ “ကဲ... ကဲ... တော်ကြပါတော့။ သူက ပထမဆုံး သောက်ဖူးတာ။ များသွားရင် မကောင်းဘူး”

လူငယ်တွေက ရယ်မောပြီး တခြားလူဘက် လှည့်သွားကြတယ်။ ကျန်းဝူက ထပ်တိုက်မလို့ လုပ်ပေမဲ့ ကောရှန်က ဝင်တားတယ်။

“အစ်ကိုကျန်းဝူ... သောက်ချင်ရင် ငါနဲ့ သောက်လေ။ တော်သင့်ပြီထင်တယ်။ ထပ်သောက်ရင် အစ်မကျောက်အာ ဒေါသထွက်လာလိမ့်မယ်။ ငါ မတားနိုင်ဘူးနော်” (ငါလို့သုံးရတာက ရိုင်းတာမဟုတ်ဘဲ သူတို့ဆီက အသုံးအနှုန်းပါပဲ။ သူတို့တွေက ကျေးလက်ဒေသကပါ၊ စာသင်သားတွေ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်စားပြုနာမ်စားပါပဲ)

ကောရှန်က ပြုံးပြုံးလေး ပြောပေမဲ့ ကျန်းဝူ သဘောပေါက်ပါတယ်။ ဒါကြောင့် ကောရှန်နဲ့ပဲ သောက်လိုက်တော့တယ်။

အရက်သောက်နေကြလို့ ထမင်းစားချိန် ကြာသွားတယ်။ ပြီးတဲ့အချိန်မှာ မိုးချုပ်နေပြီ။

ဝိုင်းကူရှင်းလင်းပြီး စားပွဲ ကုလားထိုင်တွေ ပြန်ပို့ကြတယ်။ မီးတုတ်ကိုင်ပြီး ရွာထဲ ပြန်ဆင်းလာကြတယ်။

“ထင်းရှန်း... အဆင်ပြေရဲ့လား” ကျန်းဝူက မေးတယ်။ “တွဲပေးရမလား”

“မလိုပါဘူး” ရွှီထင်းရှန်းက ကျောက်အာလက်ကိုတောင် တွန်းထုတ်ပြီး မတ်မတ်ရပ်ပြတယ်။

ကျောက်အာ မျက်မှောင်ကြုတ်ပြီး ကျန်းဝူကို ပြောတယ်။ “အစ်ကိုကျန်းဝူ... ရပါတယ်။ ကျွန်မ တွဲသွားလိုက်မယ်”

ကျန်းဝူက ရယ်ကျဲကျဲနဲ့ လက်ပြန်ရုတ်လိုက်တယ်။ “ဒါဆို ဖြည်းဖြည်း ပြန်ကြနော်”

ကျန်းဝူ လှည့်ထွက်သွားမှ ကျောက်အာက တိုးတိုးလေး မေးတယ်။ “တကယ် ဘာမှမဖြစ်ဘူးလား။ နေမကောင်းရင် ပြောနော်”

“ဘာမှ မဖြစ်ပါဘူး။ အိမ်ပြန်ကြစို့”

“ဘယ်လိုလုပ် ဘာမှမဖြစ်ဘဲ နေမှာလဲ...”

အနောက်က စကားသံတွေကို နားထောင်ရင်း ကျန်းဝူတစ်ယောက် လမ်းလျှောက်ရတာ ယိုင်နဲ့နေတယ်။ ဒီည အရက်မူးပြီး အရာရာ မေ့ပစ်လိုက်ချင်တယ်။

တတိယမိသားစုနဲ့ စတုတ္ထမိသားစုလည်း အတူပြန်လာကြတာမို့ အိမ်ပြန်ပို့စရာ မလိုတော့ဘူး။

အိမ်ရောက်တော့ ရွှီချင်းဟွိုင်က မှာတယ်။ “ကျောက်အာ... ထင်းရှန်း တော်တော် သောက်လာတာ။ စောစော နားခိုင်းလိုက်။ လိုအပ်တာရှိရင် လှမ်းခေါ်နော်”

“ဟုတ်ကဲ့ပါ ဦးလေး”

ကျောက်အာ တံခါးဖွင့်ပြီး ရွှီထင်းရှန်းကို ဆွဲခေါ်တယ်။ ငြိမ်နေတဲ့ ကောင်လေးကို ကြည့်ပြီး စိတ်ပူနေတာ။ မီးထွန်းပြီး လှည့်ကြည့်တော့ သူက မတ်တတ်ရပ်နေတုန်းပဲ။

“ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။ အန်ချင်ရင် အန်လိုက်လေ”

သူ မလှုပ်ဘူး။ ကျောက်အာ သွားဆွဲတော့မှ အော့ခနဲ အန်ချလိုက်တယ်။ အန်ဖတ်တွေ အရက်နံ့တွေနဲ့ ကြမ်းပြင်ပေါ် ပေပွကုန်တယ်။

ကျောက်အာက သူ့ကို တွဲထားပြီး ကျောသပ်ပေးတယ်။ “အန်လိုက်... အန်လိုက်... အကုန်အန်ထုတ်လိုက်ရင် သက်သာသွားလိမ့်မယ်”

အန်ပြီးတော့မှ ခုတင်ပေါ် တင်ပေးလိုက်တယ်။ ရေနွေးသွားယူမလို့ လုပ်တုန်း အဒေါ်ကျိုး ရေနွေးခွက်နဲ့ ဝင်လာတယ်။ “ထင်းရှန်း အန်သံကြားလို့။ ရေနွေးနဲ့ ဆေးပေးလိုက်ဦး။ မီးဖိုပေါ်မှာ ရေနွေးအိုး တည်ထားတယ်။ ခဏနေရင် လက်ဖက်ရည်ကြမ်း ပြင်းပြင်းလေး တိုက်လိုက် အမူးပြေသွားလိမ့်မယ်”

“ကျေးဇူးပါ အဒေါ်”

“ရပါတယ်” အဒေါ်ကျိုးက ရေနွေးခွက်ချပြီး တံမြက်စည်းနဲ့ ဂေါ်ပြား သွားယူကာ အန်ဖတ်တွေ လှည်းကျင်းပေးတယ်။

56 04

ကျောက်အာက ရွှီထင်းရှန်းရဲ့ အပေါ်အင်္ကျီနဲ့ ဖိနပ်ကို မနည်းချွတ်ပေးရတယ်။ မျက်နှာသစ် ခြေလက်ဆေးပေးပြီး ခုတင်ပေါ် သိပ်လိုက်တယ်။ ပြီးတော့ မီးဖိုချောင်သွား လက်ဖက်ရည်ကြမ်း ဖျော်ပြီး ယူလာတယ်။

“ရော့... နည်းနည်း သောက်လိုက်ဦး”

ရွှီထင်းရှန်းကို ထူပြီး တိုက်လိုက်တယ်။ ပြီးတော့ ပြန်လဲခိုင်းလိုက်တယ်။ အဒေါ်ကျိုးက သန့်ရှင်းရေး လုပ်ပြီးသွားပြီ။ “ညကျရင် ထပ်အန်ဦးမယ် ထင်တယ်။ ငါ ဆန်ပြုတ် တည်ထားခဲ့မယ်။ ဗိုက်ဆာရင် စားလို့ရတာပေါ့”

အဲဒီအချိန်မှာ အဒေါ်စွန်း ဝင်လာတယ်။ ပန်းကန်လုံးလေး တစ်လုံး ကိုင်လို့။

“ရော့... ဒါလေး ငုံထားလိုက်။ နင့်ဦးလေး မူးရင် ဒါပဲ သုံးတာ။ အမူးပြေတယ်”

ဇီးသီးချဉ်လေးတွေပါ။ အဝေးကနေတောင် အနံ့ရတယ်။

“အစေ့ ထုတ်ထားပြီးသား။ နင်မှာ မပူနဲ့။ ငါ့မိဘအိမ်က နည်းလမ်းလေ”

“ကျေးဇူးပါ အဒေါ်တို့ရယ်... ဒုက္ခပေးသလို ဖြစ်နေပြီ”

“ဘာ ဒုက္ခလဲ။ ပြီးရင် စောစော အနားယူတော့။ လိုတာရှိရင် ခေါ်လိုက်”

အဒေါ်နှစ်ယောက် ထွက်သွားတော့ ကျောက်အာက ကောင်လေးကို ကြည့်လိုက်တယ်။ အိပ်ပျော်နေပြီ ထင်တယ်။

သူမ ခေါင်းခါလိုက်ပြီး ညစ်ပတ်နေတဲ့ ရေတွေ သွားသွန်တယ်။ ရေနွေးတစ်ခွက် ထပ်ယူပြီး ကိုယ်လက်သန့်စင်ဖို့ ပြင်တယ်။

တစ်နေ့လုံး ပင်ပန်းထားလို့ ချွေးတွေ ထွက်နေသလို ဟင်းချက်ထားလို့ ဆီနံ့တွေလည်း နံနေတယ်။ ရေချိုးချင်ပေမဲ့ အခြေအနေ မပေးလို့ ရေပတ်တိုက်ရတော့မယ်။

ပုံမှန်ဆိုရင် ဟင်းခင်းထဲက ရေချိုးခန်းမှာ သွားချိုးလေ့ရှိတယ်။ ဒါပေမဲ့ ကောင်လေး မူးနေလို့ စိတ်မချတာနဲ့ အခန်းထဲမှာပဲ လုပ်လိုက်တယ်။ အိပ်ပျော်နေပြီ ဆိုတော့ ကိစ္စမရှိလောက်ပါဘူး။

အင်္ကျီချွတ်ပြီး ကျောပေးကာ ရေပတ်တိုက်တယ်။ အတွင်းခံဘောင်းဘီတိုနဲ့ ရင်စည်းပဲ ကျန်တော့တယ်။ သူမရဲ့ကျစ်လျစ်သွယ်လျတဲ့ ခါးလေးနဲ့ ချောမွတ်နေတဲ့ ကျောပြင်လေး ပေါ်လာတယ်။

ကျောက်အာက သန့်ရှင်းတာ ကြိုက်တော့ သေချာတိုက်ချွတ်နေတယ်။ အပေါ်ပိုင်း ပြီးလို့ ရေလဲမလို့ လှည့်လိုက်တော့ ခုတင်ပေါ်ကလူက လှုပ်ရှားနေတာ တွေ့လိုက်ရတယ်။ ဘေးစောင်းအိပ်နေပြီး မျက်လုံးတွေ ပွင့်နေတယ်။

သူမ လန့်ပြီး အင်္ကျီနဲ့ ကာလိုက်တယ်။ “ဘယ်တုန်းက နိုးနေတာလဲ”

သူ ဘာမှ ပြန်မပြောဘူး။ မျက်လုံးတွေက ကြောင်တောင်တောင် ဖြစ်နေတယ်။ ပြီးတော့ တစ်ဖက် ပြန်လှည့်သွားတယ်။ ကျောက်အာ သက်ပြင်းချလိုက်တယ်။ မူးနေတုန်းပဲ နေမှာပါ။ ဒါပေမဲ့ ရှက်သွားလို့ ဆက်မတိုက်တော့ဘဲ လိုက်ကာနောက် ဝင်ပြီး ကမန်းကတန်း သုတ် အဝတ်အစား လဲလိုက်တယ်။

ပြီးတော့ ရေသွားသွန်တယ်။ ရာသီဥတု ပူလာလို့ ဟေးကျစ်က အိမ်ထဲ မအိပ်ချင်တော့ဘူး။ အပြင်မှာ ထားခဲ့ပြီး တံခါးပိတ်လိုက်တယ်။

မီးပိတ်မလို့ လုပ်ပေမဲ့ ညကျရင် ထပ်အန်မှာစိုးလို့ မီးမှိန်ထားလိုက်တယ်။ အခန်းထဲမှာ မှိန်ပြပြ လင်းနေတယ်။ သူမ ခုတင်ပေါ် တက်လိုက်တယ်။

အနားကပ်ကြည့်တော့ မျက်လုံးပြန်မှိတ်နေပြီ။ ကိုယ်နည်းနည်း ပူနေပေမဲ့ သိပ်မပြင်းထန်ဘူး။ လက်ပြန်ရုတ်မလို့ လုပ်တုန်း သူက ဆွဲဖက်လိုက်တယ်။ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေတယ်။

“ဘာပြောတာလဲ”

သေချာနားထောင်မှ ပြောနေတာ ကြားရတယ်။ “ကျောက်အာ... ငါ နေလို့မကောင်းဘူး”

“နေမကောင်းရင် ဘာလို့ သောက်သေးလဲ။ တားလို့လည်း မရဘူး”

သူ ထပ်ပြောပြန်တယ်။ နားကပ် နားထောင်ကြည့်တော့...

“အစ်ကိုကျန်းဝူ ပြောတယ်... ယောကျ်ားဆိုတာ အရက်သောက်ရတယ်တဲ့။ ငါက မင်းယောကျ်ားလေ... သူ့ကို အရှုံးပေးလို့ ဘယ်ဖြစ်မလဲ...”

ကျောက်အာ ကြောင်သွားတယ်။ တော်တော်ကြာမှ သူ့ကို ကြည့်ပြီး မျက်နှာလေးကို ပွတ်ပေးလိုက်ရင်း တိုးတိုးလေး ပြောလိုက်တယ်။

“ယောကျ်ား ဟုတ်မဟုတ် ငါ ဆုံးဖြတ်မှာပါ။ သူ ဆုံးဖြတ်ရမှာ မဟုတ်ဘူး”

ရွှီထင်းရှန်းက ပြန်မပြောဘူး။ တော်တော် မူးနေပုံရတယ်။ နေမကောင်းဘူးပြောပြီး သူမကို အတင်းဆွဲထားတယ်။ သူမက ရင်ဘတ်ကို ပွတ်ပေးတော့ သူက တစ်ဖက်လှည့်ပြီး သူမကို စောင်ထဲ ဆွဲထည့်လိုက်တယ်။

56 05

ပြီးတော့ ငြိမ်သွားရော။ ကျောက်အာ ရုန်းထွက်မလို့ လုပ်ပေမဲ့ မရတာနဲ့ ဒီအတိုင်းပဲ အိပ်လိုက်ရတယ်။ ခဏနေတော့ သူမလည်း အိပ်ပျော်သွားတယ်။

လှုပ်ရှားမှုတွေကြောင့် ကျောက်အာ ပြန်နိုးလာတော့ အချိန်ဘယ်လောက် ရှိပြီလဲ မသိဘူး။ မီးက ငြိမ်းနေပြီ။ သူမအပေါ်မှာ လူတစ်ယောက် ဖိထားတယ်။ အဲဒီလူက ငြိမ်ငြိမ်မနေဘဲ လှုပ်ရမ်းနေပြီး ညည်းနေတယ်။ “နေလို့မကောင်းဘူး”

“ကျောက်အာ... ငါ နေလို့မကောင်းဘူး...”

“ဘယ်နား နေမကောင်းတာလဲ။ ဆန်ပြုတ် သွားယူပေးရမလား”

သူ ပြန်မဖြေဘူး။ မျက်လုံးမှိတ်ပြီး သူမ ကိုယ်ပေါ်မှာ ပွတ်သပ်နေတယ်။

“ဘယ်နား နာလို့လဲ”

“ဘာလို့ ကိုယ်တွေ ပူနေတာလဲ”

ကျောက်အာ ထမလို့ လုပ်တော့ သူက ပြန်ဆွဲချလိုက်တယ်။

“ကျောက်အာ... ငါ နေလို့မကောင်းဘူး”

“ဘယ်နားလဲ”

“ဒီနား... ဒီနား...” သူက ပြောရင်း သူမလက်ကို ဆွဲယူပြီး တစ်နေရာကို တင်ပေးလိုက်တယ်။

အဝတ်အစား ခံနေပေမဲ့ ပူနွေးပြီး မာကျောနေတာကို ခံစားမိတယ်။ ဘာကြီးလဲဆိုတာ သူမ ချက်ချင်း မသိလိုက်ဘူး။ သူက သူမလက်ကို ကိုင်ပြီး ပွတ်သပ်ပေးမှ သဘောပေါက်သွားတယ်။

ဘာလို့ ဒီလောက်ကြီးပြီး မာနေရတာလဲ။

ကျောက်အာ ထိတ်လန့်သွားတယ်။ ခေါင်းထဲမှာ ဗလာဟင်းလင်း ဖြစ်သွားပြီး ဟေးကျစ် မိတ်လိုက်ချိန်က ပုံရိပ်တွေကို သတိရသွားတယ်။

နွေဦးနဲ့ နွေရာသီ အကူးအပြောင်းဆိုရင် ဟေးကျစ်က ဂနာမငြိမ် ဖြစ်တတ်တယ်။ ပုံမှန်ဆို ရွာထဲက ခွေးတွေကို အဖက်မလုပ်ပေမဲ့ ဒီအချိန်ရောက်ရင် ခွေးမတွေ ရှိတဲ့နေရာ အကုန်သိနေသလိုပဲ။

အိမ်မှာ မနေတော့ဘဲ အပြင်ထွက်လည်တယ်။ ကျောက်အာက စိတ်ပူလို့ နောက်ယောင်ခံ လိုက်ကြည့်ဖူးတယ်။ ဟေးကျစ်က ခွေးဝါမကြီး တစ်ကောင်ကို ကြိုက်နေတာ။ ပိုင်ရှင်က အိမ်ထဲ လှောင်ထားတော့ သူက တံခါးဝမှာ စောင့်နေတတ်တယ်။ မထွက်လာရင် ခြံစည်းရိုး ပတ်ပြီး ဝင်ပေါက်ရှာတယ်။

ပြီးတော့...

ကျောက်အာ မျက်နှာ ရဲတက်လာတယ်။ ငါ ဘာလို့ ဒါတွေ တွေးနေမိတာလဲ။ ကောင်လေးက မိတ်လိုက်ချင်နေတာလား။(စာစစ်_ဟင်…အစ်မကြီးရေ 😂 😂) လူပျိုဖော်ဝင်တာလား။ ရက်တွက်ကြည့်တော့ ဟေးကျစ် မိတ်လိုက်ချိန်နဲ့ တိုက်ဆိုင်နေတယ်။ လူတွေလည်း မိတ်လိုက်တတ်သလား။

ငယ်ငယ်တုန်းက အဖေနဲ့အမေအခန်းထဲက အသံတွေကို သတိရသွားပြန်တယ်။ ယောကျ်ားညည်းသံ မိန်းမ ညည်းသံတွေ။ အဖေက အမေ့ကို ရိုက်နေတာလားလို့ ထင်ပြီးမေးကြည့်ဖူးတယ်။ အမေက မျက်နှာနီနီနဲ့ ဆူတယ်။ မိန်းကလေးတွေ မမေးရဘူးတဲ့။

အတွေးတွေ ပြန်ရောက်လာတော့ လက်ထဲမှာ ပိုပူလာပြီး ပိုကြီးလာသလိုပဲ။ ကောင်လေးက အနေအထားတစ်ခု ရသွားပုံရတယ်။ သက်သောင့်သက်သာ ဖြစ်သွားပြီး မညည်းတော့ဘူး။

ဒါပေမဲ့ ကျောက်အာက နေရခက်လာတယ်။ တစ်ကိုယ်လုံး ပူထူလာပြီး မီးတောင် ပေါက်ကွဲသလို ခံစားရတယ်။

ရွှီထင်းရှန်း ပြန်အိပ်ပျော်သွားတော့မှ ကျောက်အာ သက်ပြင်းချနိုင်တယ်။

သူ့ခြေလက်တွေကို ဖြည်းဖြည်းချင်း ဖယ်ပြီး ထထိုင်လိုက်တယ်။ တော်တော်ကြာ ငေးငိုင်နေပြီးမှ ခုတင်ပေါ်က ဆင်းလိုက်တယ်။

ရေက အေးနေပေမဲ့ သူမလက်ကို ရေထဲ စိမ်လိုက်တယ်။ အကြာကြီးစိမ်ပြီးမှ ပွတ်ဆေးလိုက်တယ်။ ဆပ်ပြာနဲ့ပါ သေချာဆေးမှ အပူဓာတ်က လျော့သွားတယ်။

မျက်နှာကို စမ်းကြည့်တော့ ပူနေတုန်းပဲ။

ကျောက်အာ အကြာကြီး ရပ်နေမိတယ်။ ညဉ့်အေးလို့ ချမ်းလာမှ ခုတင်ပေါ် ပြန်တက်တယ်။ ဒီတစ်ခါတော့ သူ့ကို ဝေးဝေးက ရှောင်အိပ်လိုက်တယ်။

နောက်တစ်နေ့ မနက် ရွှီထင်းရှန်း နိုးလာတော့ ကျောက်အာ မရှိတော့ဘူး။ မေးကြည့်မှ မြို့တက်သွားတယ် ဆိုတာ သိရတယ်။

ရွှီထင်းရှန်း ချွတ်ထားခဲ့တဲ့ ဘောင်းဘီကိုတော့ ကျောက်အာက ရက်အတော်ကြာမှ လျှော်ဖြစ်တယ်။

******

All Chapters