အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
73 01
အခန်း ၇၃ ခရိုင်အဆင့်စာမေးပွဲနှင့် ကြည်နူးဖွယ်ရာ ညတစ်ည
ထုံရှစ် အဆင့် စာမေးပွဲ (သို့မဟုတ် ရှို့ချိုင်များ၏ စစ်ဆေးမှု) ဆိုသည်မှာ သုံးနှစ်လျှင် နှစ်ကြိမ် ကျင်းပလေ့ ရှိခြင်း ဖြစ်သည်။ 'ချို'၊ 'ဝေ'၊ 'ချန်' နှင့် 'ဝူ' (နွား၊ ဆိတ်၊ နဂါး၊ မြင်း) နှစ်များတွင် ကျင်းပပါက ဆွေ့ခေါ် (နှစ်စဉ်စစ်ဆေးမှု) ဟု ခေါ်ဆိုပြီး၊ ကျန်ရှိသော နှစ်များတွင် ကျင်းပပါက ခယ်ခေါ် (အရည်အချင်းစစ် စာမေးပွဲ)ဟု ခေါ်ဆိုကြလေသည်။ အဲဒီအဆင့်မှာတင် 'ရှန့်ရှီ' (ခရိုင်အဆင့်)၊ ဖူရှီ (စီရင်စုအဆင့်)နဲ့ ယွန့်ရှီ (ကျောင်းတော်အဆင့်) ဆိုပြီး ထပ်ခွဲထားပါသေးတယ်။ ခရိုင်အဆင့်နဲ့ စီရင်စုအဆင့်ကို အောင်မြင်ရင် ထုံရှန်း(စာသင်သား)လို့ သတ်မှတ်ပြီး၊ ကျောင်းတော်အဆင့်ကိုပါ အောင်မြင်မှသာ ရှန့်ယွမ်လို့ ခေါ်တဲ့ လူသိများလှတဲ့ 'ရှို့ချိုင်' (ဂုဏ်ထူးဆောင် ပညာတတ်) ဘွဲ့ကို ရရှိတာ ဖြစ်ပါတယ်။
ခရိုင်အဆင့် စာမေးပွဲကိုတော့ ခရိုင်ရုံးတော်မှာ ကျင်းပတာဖြစ်ပြီး၊ အဓိက စာစစ်အရာရှိကတော့ အဲဒီခရိုင်ရဲ့ ခရိုင်ဝန်မင်း ကိုယ်တိုင်ပါပဲ။
စာမေးပွဲ ဝင်မဖြေခင်မှာ ကျောင်းသားတွေဟာ ခရိုင်ရုံးတော်ရဲ့ယဉ်ကျေးမှုဌာနမှာ စာရင်းပေးသွင်းရပြီး၊ ကိုယ်ရေးအချက်အလက်လျှောက်လွှာကို ဖြည့်စွက်ရပါတယ်။ အဲဒီလျှောက်လွှာမှာ ကိုယ်တိုင်ရဲ့ အမည်၊ အသက်၊ ဇာတိနဲ့ ရုပ်ရည်သွင်ပြင်တွေကို ဖော်ပြရရုံတင်မကဘဲ၊ မိမိရဲ့ဘိုးဘွားမိဘ သုံးဆက်စလုံးရဲ့ အသက်ရှင်ခြင်း၊ ကွယ်လွန်ခြင်း၊ အရာရှိဖြစ်ဖူးခြင်းနဲ့ မဖြစ်ဖူးခြင်း စတဲ့ အချက်အလက်တွေကိုပါ ပူးတွဲတင်ပြရတာပါ။ စာမေးပွဲ ဖြေဆိုမဲ့သူဟာ မိသားစုနောက်ခံ သန့်ရှင်းရမှာ ဖြစ်သလို၊ ပြည့်တန်ဆာ၊ ကချေသည် ဒါမှမဟုတ် အောက်ခြေ အစေခံမျိုးနွယ်ရဲ့ သားသမီး မြေးမြစ်တွေ မဖြစ်စေရပါဘူး၊ နောက်ပြီး အိမ်မှာ နာရေးကာလ ကြုံတွေ့နေရသူလည်း မဖြစ်စေရပါဘူး။
ဒါတွေအပြင် 'ဝူထုံကျယ်ပေါင်' (စာသင်သား ၅ ဦး စုပေါင်းအာမခံခြင်း) ဆိုတဲ့ စနစ်လည်း ရှိပါသေးတယ်။ အဲဒါကတော့ အတူတူ စာမေးပွဲဖြေမဲ့ ကျောင်းသား ၅ ယောက်ဟာ တစ်ယောက်ရဲ့ အချက်အလက်တွေကို တစ်ယောက်က မှန်ကန်ကြောင်း အာမခံပေးရတာပါ။ တခြားသူရဲ့ ဇာတိကို အသုံးချတာမျိုး၊ လူစားထိုး ဖြေတာမျိုး ဒါမှမဟုတ် နာရေးကို ဖုံးကွယ်ထားတာမျိုး မရှိစေဖို့ပေါ့။ တကယ်လို့ တစ်စုံတစ်ယောက်က လိမ်လည်ထားမှန်း ပေါ်ပေါက်သွားရင်တော့ အာမခံပေးထားတဲ့ ၅ ယောက်စလုံးမှာ တာဝန်ရှိပါတယ်။ ဒါ့အပြင် အဲဒီခရိုင်က 'လင်ရှန်း' (အစိုးရရိက္ခာရ ပညာတတ်) တစ်ယောက်ရဲ့ အာမခံချက်လည်း လိုအပ်ပါသေးတယ်။ (လင်ရှန်း=အဆင့်အမြင့်ဆုံး ရှို့ချိုင် ဖြစ်ပါတယ်။ သူတို့က အစိုးရဆီကနေ ရိက္ခာ (ဆန်၊ ဂျုံ) နဲ့ လစာငွေ ပုံမှန်ရရှိတဲ့သူတွေ ဖြစ်ပါတယ်။ ၂။ ကျန်းရှန်း ဒုတိယအဆင့် ရှို့ချိုင် ဖြစ်ပါတယ်။ ဘွဲ့ရထားပေမဲ့ အစိုးရရိက္ခာတော့ မရပါဘူး။ ၃။ ဖူးရှန်း အခြေခံအဆင့် ရှို့ချိုင် ဖြစ်ပါတယ်။
ဒီအချက်တွေက တခြားသူတွေအတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပေမဲ့၊ ရွှီထင်းရှန်း အတွက်ကတော့ အလွန်ကို လွယ်ကူလှပါတယ်။
ဒီတစ်ခါ ချင်းယွမ်စာသင်ကျောင်းကနေ စာမေးပွဲဝင်ဖြေမဲ့သူ နည်းတာမဟုတ်တာကြောင့်၊ အတူတူ အာမခံပေးမဲ့သူ ၅ ယောက် ရှာရတာက အေးဆေးပါပဲ။ နောက်ပြီး လင်းမြောင်ကိုယ်တိုင်ကလည်း ဒီခရိုင်ရဲ့ 'လင်ရှန်း' တွေထဲက တစ်ယောက် ဖြစ်နေတာကိုး။
73 02
ခရိုင်ရုံးတော်မှာ စာရင်းသွင်းပြီးတဲ့နောက်၊ ရွှီထင်းရှန်းဟာ ချင်းယွမ်စာသင်ကျောင်းကို ပြန်လာခဲ့ပါတယ်။ အခုက ရာသီဥတု အေးလွန်းနေသေးတာကြောင့် ကျောင်းက တရားဝင် မဖွင့်သေးပေမဲ့၊ ဒီတစ်ခါ စာမေးပွဲဖြေမဲ့ ကျောင်းသားတွေကိုတော့ အထူးကိစ္စအနေနဲ့ ခွင့်ပြုထားတာပါ။ အမှန်အတိုင်း ပြောရရင်တော့ စာမေးပွဲ မဖြေခင်မှာ ဆရာက သူတို့ကို သီးသန့် အချိန်ပေး သင်ကြားပေးနေတာဖြစ်ပြီး၊ ဒီခရိုင်အဆင့်စာမေးပွဲမှာ အောင်ပွဲခံပြီး ပြန်လာနိုင်ဖို့အတွက် ပြင်ဆင်ပေးနေတာ ဖြစ်ပါတယ်။
ရွှီထင်းရှန်းက စာလုပ်တာနဲ့ အလုပ်ရှုပ်နေသလို၊ ကျောက်အာမှာလည်း အလုပ်တွေ စလာပါပြီ။
မကြာခင် နွေဦးပေါက်တော့မှာဖြစ်သလို နေရာအနှံ့မှာ ကြိုတင်ပြင်ဆင်စရာတွေလည်း ရှိနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေကို ပြန်ပြီးအစီအစဉ်ဆွဲရတော့တယ်။ အထူးသဖြင့် အသင့်ဝတ်အင်္ကျီ ရောင်းတဲ့ စီးပွားရေးအတွက်ဆိုရင် ကျောက်အာက မနှစ်ကတည်းက နေရာအနှံ့မှာ စုံစမ်းစစ်ဆေးပြီး ပြင်ဆင်ထားတာဖြစ်လို့၊ ဒီနှစ်မှာတော့ တကယ်ပဲ လက်တွေ့ အကောင်အထည် ဖော်ရတော့မှာပါ။
နေ့ရက်တွေကတော့ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့ပါတယ်။ ကျောက်အာဟာ သူမရဲ့အလုပ်တွေကြားကနေ နှစ်ရက်တစ်ခါ ကျောင်းကို ထမင်းသွားပို့ပေးပါတယ်။ ရွှီထင်းရှန်း ကျောင်းမှာ ထမင်းကောင်းကောင်း မစားရမှာကို စိုးရိမ်သလို၊ သူ့ရဲ့ ခန္ဓာကိုယ်ကိုလည်း အားရှိအောင် ပြုစုပေးချင်လို့ပါပဲ။
ဒါကြောင့်လည်း ချင်းယွမ်စာသင်ကျောင်းက လူတွေဟာ ရွှီထင်းရှန်းမှာ အလွန်ကိုထူးခြားလှတဲ့ စေ့စပ်ထားသူ အမျိုးသမီးတစ်ယောက် ရှိနေမှန်း သိသွားကြပါတော့တယ်။ သူမရဲ့စရိုက်ကလည်း အလွန်ကို ပွင့်လင်းရိုးသားသလို၊ ရုပ်ရည်ကလည်း အလွန်ကိုလှပတောက်ပလွန်းတယ်၊ မီးဖိုချောင် အတတ်ပညာကတော့ ပြောနေစရာတောင် မလိုတော့ဘူး။
တချို့က မကောင်းပြောတာမျိုး ရှိနိုင်ပေမဲ့လည်း၊ အခုအချိန်မှာ ချင်းယွမ်ကျောင်းတော်မှာတော့ ရွှီထင်းရှန်း၊ မောက်ပါ့သို၊ လီသာ့ထျန်နဲ့ ချန်ကျန်းတို့ လေးယောက်က အရှိန်အဝါ အကြီးဆုံးဖြစ်နေတာ။ ရွှီထင်းရှန်းကတော့ အဲဒီလေးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်နေတာပေါ့။ အရင်က ပြဿနာတွေကို ဖြေရှင်းပေးခဲ့တဲ့ ကျေးဇူးကို ထည့်မတွက်ရင်တောင်မှ၊ ကျောင်းအုပ်ကြီးရဲ့တပည့်ရင်း ဖြစ်နေတာကြောင့်နဲ့တင် သူ့ရဲ့အဆင့်အတန်းက အလွန်ကိုမြင့်မားနေတာပါ။ ဒါကြောင့် ဘယ်သူကမှ အလိုက်မသိဘဲ ရွှီထင်းရှန်းကို သွားပြီး ရန်စမှာ မဟုတ်ပါဘူး။
၂ လပိုင်း ၁၀ ရက်နေ့ကို ရောက်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့အချိန်မှာ၊ လင်းမြောင်က ကျောင်းသားတွေကို အားလပ်ရက် ပေးလိုက်ပါတယ်။ လူတိုင်းကို အိမ်ပြန်ပြီး စိတ်လက်အေးအေး နားနားနေနေ နေကြဖို့လည်း မှာကြားလိုက်တယ်။ အရာရာမှာ အစွန်းရောက်တာက မကောင်းဘူးလေ၊ အထူးသဖြင့် စာမေးပွဲဆိုတာက ဖြေခါနီးမှ ဘုရားစာရွတ်သလိုမျိုး လုပ်လို့ရတာ မဟုတ်ဘဲ၊ တစ်စိုက်မတ်မတ် ကြိုးစားလာခဲ့မှသာ အောင်မြင်မှုကို ရရှိနိုင်တာကိုး။
လင်းမြောင်ရဲ့အမြင်အရဆိုရင်တော့ ဒီလေးယောက် စာမေးပွဲဖြေတာက နည်းနည်း လောနေသလိုပါပဲ။ ရွှီထင်းရှန်းကတော့ ထားပါတော့၊ သူက ဉာဏ်ရည်ထက်မြက်သလို စာမေးပွဲတွေမှာလည်း အံ့သြစရာကောင်းတဲ့ ပါရမီ ပါတဲ့သူပါ။ ဒါပေမဲ့ မောက်ပါ့သိုတို့ သုံးယောက်ကတော့ 'ပါ့ကူဝမ်'ကို သင်ယူခဲ့တာ တစ်နှစ်တောင် မပြည့်သေးတာကြောင့်၊ အခြေခံက နည်းနည်းလေး အားနည်းနေသေးတာပေါ့။
ဒါပေမဲ့လည်း ထုံရှစ်စာမေးပွဲဆိုတာက အတွေ့အကြုံ ယူရုံသက်သက်ပါပဲ။ အောင်ရင်လည်း အောင်၊ မအောင်ရင်လည်း အတွေ့အကြုံ ရတာပေါ့ ဆိုတဲ့ သဘောနဲ့ပဲ လွှတ်လိုက်တာ ဖြစ်ပါတယ်။
ညစာစားပြီးတဲ့နောက်မှာတော့ ကျောက်အာက အရင်ဆုံး ရေချိုးဖို့ ပြင်တယ်။
ဒီနေ့မှာတော့ သူမဟာ ခေါင်းကိုပါ လျှော်ထားတာကြောင့် ခန်ပေါ်ကို တက်လိုက်တာနဲ့ ပုဝါတစ်ထည်ကို ယူပြီး စိုစွတ်နေတဲ့ ဆံနွယ်တွေကို သုတ်ရင်း လက်တစ်ဖက်ကလည်း စာအုပ်တစ်အုပ်ကို လှန်ကြည့်နေပါတယ်။
ဒီစာအုပ်ကတော့ အရင်တစ်ခေါက်က ရွှီထင်းရှန်း ချန်ထားခဲ့တဲ့ စာအုပ်ပါပဲ။ အဲဒီနေ့က သူမက သူ့ကို ဒီစာအုပ် မဖတ်ဖို့ တားခဲ့ပေမဲ့၊ သူကတော့ ဇွတ်တရွတ်နဲ့ အိမ်က ထွက်မသွားခင်မှာ ဒီစာအုပ်ကို ချန်ထားခဲ့တာပါ။ သူမကို အားတဲ့အချိန်ကျရင် ဖတ်ကြည့်ဖို့နဲ့၊ ဒါက တကယ်ပဲ 'အပြာစာအုပ်' လားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ဖို့ ပြောခဲ့တာလေ။
73 03
ကျောက်အာကတော့ အစက ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ တစ်ညမှာ သူမ တစ်ယောက်တည်း အိမ်မှာ ရှိနေတုန်း အဝတ်အစားတွေ ထုတ်ရင်းနဲ့ အဲဒီစာအုပ်က အမှတ်မထင် ပြုတ်ကျလာတာပါ။ ဒါနဲ့ပဲ အားနေတာနဲ့ သူမ ယူဖတ်မိသွားပါတယ်။ တကယ်တော့ သူမလည်း စပ်စုချင်နေတာပါ၊ အဲဒီအမျိုးသမီးက သူတစ်ပါးနဲ့ ဖောက်ပြန်ပြီးတဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုပေါ့။
ဖတ်ကြည့်လိုက်တော့လည်း လက်က မချနိုင်တော့ပါဘူး။ အားတဲ့အချိန်တိုင်း သူမဟာ အဲဒီစာအုပ်ကိုပဲ ယူယူဖတ်နေမိတော့တယ်။ ဖတ်နေရင်းနဲ့ မျက်နှာလေး နီမြန်းပြီး ရင်ခုန်သံတွေ မြန်လာတာမျိုး ရှိပေမဲ့လည်း 'ကောင်လေး'က ပြောထားသလို ပညာရှိတို့ရဲ့အမြင်နဲ့ ကြည့်ရမယ်ဆိုတော့…. သူမလည်း ရှက်ရှက်နဲ့ပဲ ဆက်ပြီး ဖတ်နေမိတော့တယ်။
ကျောက်အာဟာ အခုဆိုရင် အခန်း ၂၆ ကို ရောက်နေပါပြီ၊ အဲဒါကတော့ 'ဖန်ကျင်လျန်' က စပျစ်စင်အောက်မှာ မူးပြီး ပြဿနာရှာတဲ့ အခန်းပေါ့။ သူမ အာရုံစိုက်ပြီး ဖတ်နေတုန်းမှာပဲ၊ အနောက်ကနေ လူတစ်ယောက်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
"ဘာတွေ ဖတ်နေတာလဲ"
အဲဒါကတော့ ရေချိုးပြီး ပြန်လာတဲ့ ရွှီထင်းရှန်းပါပဲ။ ကျောက်အာက အာရုံစူးစိုက်လွန်းနေတာကြောင့် သူ ဝင်လာတာကိုတောင် သတိမထားမိခဲ့ဘူး။
"ဘာမှ မဟုတ်ပါဘူး" သူမက ပြောပြီး စာအုပ်ကို ခန်ပေါ်က ဗီဒိုထဲကို အမြန် ထည့်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ ရွှီထင်းရှန်းက သူမထက် လက်မြန်စွာနဲ့ပဲ လှမ်းလုယူလိုက်ပါတော့တယ်။ "မသိမ်းနဲ့လေ၊ ငါ့ကိုလည်း ပြဦး"
"ဒီစာအုပ်က မကောင်းတာ မဟုတ်ဘူးဆိုရင်တောင်မှ၊ နင်က သဘက်ခါကျရင် စာမေးပွဲ ဖြေရတော့မှာလေ။ ဒီလို အပြင်စာအုပ်တွေကို မဖတ်တာ အကောင်းဆုံးပဲ"
ရွှီထင်းရှန်းကတော့ သူမကို ပြန်မပေးပါဘူး။ စာအုပ်ကို ကိုင်ထားရင်း သူမကို တစ်ချက် ကြည့်လိုက်၊ စာအုပ်ကို တစ်ချက် ကြည့်လိုက်နဲ့ လုပ်နေပါတယ်။ ကျောက်အာမှာတော့ စိတ်မရှည်တော့တဲ့ အနေအထား ရောက်တော့မှပဲ၊ သူက အကြည့်ကို ရုပ်သိမ်းပြီး စာအုပ်ကို ငုံ့ကြည့်တယ်။
သူက စာမျက်နှာကိုလည်း မလှန်ပါဘူး။ ကျောက်အာကတော့ စောစောက သူမ ဖတ်ခဲ့တဲ့ အကြောင်းအရာတွေကို သတိရသွားပြီး၊ သူ့ကို အမြန်ဆုံး စာမျက်နှာ လှန်ခိုင်းပစ်ချင်စိတ်တွေ ပေါက်နေတော့တယ်။
ကျောက်အာ ဆံပင်တွေ ခြောက်သွားတဲ့ အထိတော့ အချိန်က မစောတော့ပါဘူး။ သူမက မီးပိတ်ပြီး အိပ်ကြရအောင်လို့ မေးတဲ့အခါမှာတော့ ရွှီထင်းရှန်းကလည်း မငြင်းခဲ့ဘဲ နှစ်ယောက်သား မီးပိတ်ပြီး အိပ်ရာထဲ ဝင်ခဲ့ကြတယ်။
ကျောက်အာရဲ့စိတ်ထဲမှာတော့ ဘာကြောင့်မှန်းမသိဘဲ ရင်တွေ ခုန်နေပြီး၊ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ အိပ်လို့ မပျော်နိုင် ဖြစ်နေတယ်။ အနိုင်နိုင် အိပ်ပျော်သွားတော့မှ အိပ်မက်တစ်ခု မက်ပြန်ပါသေးတယ်။ အိပ်မက်ထဲက အကြောင်းအရာတွေကလည်း ထူးထူးဆန်းဆန်းတွေ ဖြစ်နေတာကြောင့် သူမမှာ ရှက်လွန်းလို့ သေချင်စိတ်တောင် ပေါက်နေရတာပေါ့။ စိတ်ထဲမှာလည်း အမြန်ဆုံး နိုးချင်နေမိတယ်။
ခြေထောက်ကို တစ်ချက် ဆောင့်ကန်လိုက်တော့မှပဲ သူမ တကယ် နိုးလာတော့တယ်။
နိုးလာတော့မှ တစ်ခုခု ထူးဆန်းနေတာကို သူမ သတိပြုမိလိုက်ပါတယ်။ သူမရဲ့ ကျောဘက်မှာ လူတစ်ယောက် ရှိနေတာပါ။
နူးညံ့သိမ်မွေ့လှတဲ့ အသက်ရှူသံတွေက သူမရဲ့ လည်ပင်းနားကို လာပြီး ရိုက်ခတ်နေပါတယ်။ တစ်ဖက်လူက အိပ်မနေပါဘူး၊ တစ်ခုခုကို လုပ်နေသလိုပါပဲ။
မကြာခင်မှာပဲ သူမ လုံးဝသတိဝင်လာပါတော့တယ်။ တစ်စုံတစ်ယောက်က သူမကို လိုက်ပြီး ပွတ်သပ်နေတာ ပြီးတော့ အဲဒီလို နေရာမျိုးကိုလေ။
ပွတ်လွန်းလို့ ကျောက်အာ နည်းနည်းတောင် နာလာတယ်လေ။ စကားပြောချင်ပေမဲ့လည်း မပြောရဲတာကြောင့်၊ အသက်ကို ခပ်မှန်မှန်ရှူရင်း အောင့်ထားလိုက်ရတယ်။ လှုပ်တောင် မလှုပ်ရဲဘဲ တစ်ဖက်လူ အမြန်ဆုံး ရပ်သွားဖို့ပဲ ဆုတောင်းနေမိတယ်။
73 04
လရောင်ဟာ ပြတင်းပေါက်က စက္ကူကနေတစ်ဆင့် အခန်းထဲကို တိတ်တဆိတ် ဖြာကျနေပြီး ငွေရောင် အလင်းတန်းလေးတွေ ဖြစ်ပေါ်နေပါတယ်။ ခန်ပေါ်မှာတော့ လူနှစ်ယောက်က ဘေးစောင်း လဲနေကြတယ်။ ရှေ့ကလူရဲ့စောင်ကတော့ တစ်ဝက်လောက် ပွင့်နေတယ်။ ကောင်လေးဟာ သူ့ဘာသာသူ အာရုံစိုက်ပြီး လှုပ်ရှားနေတာကြောင့် စောင်ထဲမှာတော့ မီးတောက်တွေ လောင်နေသလိုပါပဲ။
ကျောက်အာရဲ့အသက်ရှူသံတွေဟာလည်း မမှန်တော့ပါဘူး။ တစ်ကိုယ်လုံး ပူထူလာသလို ခံစားရပေမဲ့လည်း သူမကတော့ အတတ်နိုင်ဆုံး အောင့်ထားဆဲပါပဲ။
နောက်ဆုံးမှာတော့ ကောင်လေးက အနောက်ကို ဆုတ်သွားတာကြောင့် သူမလည်း ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရပါတယ်။
သူမက အိပ်ချင်မူးတူးနဲ့ ဟန်ဆောင်ပြီး ဟိုဘက်ကို လှည့်ဖို့ ပြင်လိုက်တုန်းမှာပဲ၊ အနောက်ကနေ လူတစ်ယောက်က ထပ်ပြီး ကပ်လာပြန်ပါတယ်။
"ကျောက်အာ" ကောင်လေးက တိုးတိုးလေး ခေါ်လိုက်တယ်။
ကျောက်အာကတော့ မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်တယ်။ ဒီလိုအချိန်မျိုးမှာသာ သူမ နိုးနေမှန်း သိသွားရင် နောင်ကျရင် ဘယ်လိုမျက်နှာနဲ့ လူရှေ့ထွက်ရပါ့မလဲ။
"ကျောက်အာ"
သူက ထပ်ပြီး ခေါ်လိုက်ပြန်ပါတယ်။ ဘာသံမှ ပြန်မကြားရတော့မှ သူက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်တယ်။ အဲဒီနောက်မှာတော့ တရှပ်ရှပ်နဲ့ အသံအချို့ ထွက်ပေါ်လာပြီး၊ တစ်ခုခုက သူမဆီကို တိုးဝင်လာပါတယ်။
သူဟာ အထဲကို တစ်စတစ်စ တိုးဝင်နေတာက၊ မြေအောက်မှာ မြှုပ်နေတဲ့ အပင်ပေါက်လေးက အပြင်ကို ထွက်ချင်လို့ အားစိုက်နေသလိုပါပဲ။ နောက်ဆုံးမှာတော့ သူက အသက်ကို ဝဝရှူလိုက်ပြီး အလွန်ကို သက်သောင့်သက်သာ ဖြစ်သွားတဲ့ပုံစံမျိုးပါပဲ။ သူ့ရဲ့လက်ချောင်းလေးတွေကတော့ သူမရဲ့ခန္ဓာကိုယ် အကွေ့အကောက်တွေအတိုင်း တဖြည်းဖြည်း ဆင်းသွားပြီး မို့မောက်နေတဲ့ ရင်သားတွေပေါ်ကို ရောက်ရှိလာပါတယ်။
အသာအယာ ပွတ်သပ်နေသလိုလို၊ ချော့မြှူနေသလိုလိုနဲ့၊ ပါးလွှာတဲ့ အင်္ကျီစကလည်း လျှပ်စစ်ဓာတ်တွေ ပါနေသလိုပါပဲ။ သူ့ရဲ့လက်လှုပ်ရှားမှုတွေက ပိုပြီးတော့သိသိသာသာ ဖြစ်လာပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူက ပြန်ရပ်လိုက်ပါတယ်။ သူမ နိုးသွားမှာကို စိုးရိမ်လို့ နေမှာ။
"ကျောက်အာ"
ကျောက်အာရဲ့ရင်ခုန်သံတွေကတော့ လည်ပင်းအထိ တက်နေပါပြီ။ 'ငါတော့ တကယ့်ကို အလွဲကြီး လွဲနေပြီ' သူမက တွေးနေမိတာပေါ့။ အစကတည်းကသာ ဖွင့်ပြောလိုက်ရင် ဒီလောက်အထိ ဖြစ်မှာ မဟုတ်ပါဘူး၊ အခုတော့ ဒီလို အခြေအနေအထိ ရောက်သွားပြီလေ။ သူမက အဲဒီ 'အရာ' နဲ့ ဝေးရာကို တိုးဖို့အတွက် ကိုယ်ကို အနည်းငယ် လှုပ်လိုက်ပါတယ်။ ဒါပေမဲ့ ဒါဟာ တစ်ဖက်လူရဲ့ အကွက်ထဲကို ဆင်းပေးလိုက်သလို ဖြစ်သွားတာကိုတော့ သူမ မသိခဲ့ပါဘူး။ ကောင်လေးက ရှေ့ကို ထပ်တိုးလာပြီး ပိုပြီးတော့တောင် နက်နက်ရှိုင်းရှိုင်း တိုးဝင်လာပါတော့တယ်။
"မင်းကို နမ်းချင်လိုက်တာ"
ကောင်လေးက ပြောလိုက်တယ်။ သူ့ဘာသာသူ ရေရွတ်နေတာလား၊ ဒါမှမဟုတ် သူမကို ပြောပြနေတာလားဆိုတာတော့ မသိနိုင်ပါဘူး။
အဲဒီနောက်မှာတော့ သူဟာ တကယ်ပဲ နမ်းပါတော့တယ်။ အသာအယာ နမ်းလိုက်၊ ကိုယ်ကို လှုပ်ရှားလိုက်နဲ့ပေါ့။
အချိန်ဘယ်လောက် ကုန်သွားလဲ မသိပါဘူး။ ခပ်အုပ်အုပ် ညည်းတွားသံ တစ်ခုနဲ့အတူ၊ ကောင်လေးဟာ နောက်ဆုံးမှာတော့ ငြိမ်သက်သွားပြီး သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားပါတော့တယ်။
73 05
ကျောက်အာကတော့ ကျောက်ရုပ်ကြီး တစ်ရုပ်လိုပဲ တောင့်တောင့်ကြီး ဖြစ်နေရရှာပါတယ်။
မိုးသောက်အလင်းရောင်ကတော့ အလွန်ကိုသာယာလှပတယ်။ ခဲခဲခဲခဲ ရရှိတဲ့ နေသာတဲ့ နေ့တစ်နေ့ပါပဲ။
ရာသီဥတုက အေးနေဆဲဖြစ်ပေမဲ့လည်း နွေးထွေးတဲ့ အငွေ့အသက်လေးတွေကတော့ စတင်နေပါပြီ။
မနက်နိုးလာတော့ ကျောက်အာက ဗီဒိုထဲကနေ အဝတ်အစားတွေ ထုတ်ပြီး၊ လိုက်ကာနောက်ကွယ်မှာ သွားလဲပါတယ်။ သူမ လဲလိုက်တဲ့ အဝတ်ဟောင်းတွေကို ဘယ်မှာ သွားဝှက်ထားသလဲဆိုတာတော့ ဘယ်သူမှ မသိပါဘူး၊ ဘာပဲဖြစ်ဖြစ် မြင်ကွင်းထဲမှာတော့ မရှိတော့ပါဘူး။
ရွှီထင်းရှန်းကတော့ ခန်ပေါ်မှာပဲ ပျင်းပျင်းရိရိနဲ့ လဲနေပြီး လှုပ်တောင် မလှုပ်ချင်ပါဘူး။
ကျောက်အာက သူ့ကို မနက်စာ စားဖို့ လာခေါ်တော့မှပဲ သူ ထလာပြီး ထမင်းကို အားရပါးရ စားလိုက်တယ်။
ကျောက်အာရဲ့ ပုံစံကတော့ ပုံမှန်အတိုင်းပါပဲ၊ ဒါပေမဲ့ စကားပြောတာတော့ နည်းနည်း နည်းသွားပါတယ်။ မနက်စာ စားပြီးတာနဲ့ သူမက အင်တုံကြီး တစ်အင်တုံ အပြည့်ရှိတဲ့ အဝတ်အစားတွေ အများကြီးကို ထုတ်ပြီး သွားလျှော်ပါတယ်။
သူမဟာ တစ်မနက်လုံး အဝတ်လျှော်တာနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ လျှော်ပြီးတဲ့နောက်မှာတော့ သူမဟာ စိတ်ဓာတ်တွေ ပြန်တက်လာပုံရပြီး၊ ရွှီထင်းရှန်းနဲ့လည်း ပြန်ပြီးစကားတွေ ပြောလာပါတယ်။ နေလယ်ကျရင် ဘာစားချင်သလဲလို့တောင် မေးလိုက်သေးတယ်။
ဒီတစ်ခါတော့ ရွှီထင်းရှန်းက စိတ်မချမ်းသာ ဖြစ်နေရတဲ့ အလှည့်ပေါ့။ သူက မျက်လုံးလေး မှေးပြီး သူမကို စိုက်ကြည့်လိုက်ကာ၊ ဟင်းနာမည်တွေကို တန်းစီပြီး ပြောလိုက်တယ်။
ကျောက်အာက ဆိုပါတယ်။
"နင်က မနက်ဖြန် စာမေးပွဲ ဖြေရတော့မှာလေ၊ ညနေကျရင် ငါတို့ ခရိုင်မြို့ကို ကြိုသွားကြရမှာဆိုတော့၊ နင်စားချင်တာမှန်သမျှ ဒီအစ်မက အကုန်ချက်ကျွေးမယ်"
ဟင်းတွေ ချက်ပြီးလို့ စားပွဲပေါ် တင်လိုက်တဲ့အခါမှာတော့ ရွှီထင်းရှန်းက ဟင်းတွေနဲ့ ရန်ဖြစ်နေသလို တဖြဲနှဖြဲနဲ့ စားနေရင်း စိတ်ထဲကနေ ကြိတ်ပြီး ပြောနေပါတော့တယ်။
'မင်း ငါ့ကို စောင့်နေလိုက်ဦး...'
******
74 01
အခန်း ၇၄ ခရိုင်အဆင့်စာမေးပွဲနှင့် ရင်ခုန်ဖွယ်ရာ အကြိုည
နေ့လယ်စာ စားပြီးတာနဲ့ ကျောက်အာဟာ ခရီးအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေကို အပူတပြင်း စတင်ပြင်ဆင်ပါတော့တယ်။ ခရိုင်အဆင့် စာမေးပွဲက စုစုပေါင်း ငါးကြိမ်ဖြေရမှာ ဖြစ်တာကြောင့် ခရိုင်မြို့မှာ အနည်းဆုံး ငါးရက်တော့ ကြာမြင့်မှာပင်။ အဝတ်အစားတွေ၊ နေ့စဉ်သုံး ပစ္စည်းတွေအပြင် ရွှီထင်းရှန်းအတွက် လိုအပ်မဲ့ အရာမှန်သမျှကို သူမက အစစအရာရာ ပြည့်စုံအောင် စီစဉ်နေတော့တယ်။
ကျောက်အာက အထုပ်ကြီး နှစ်ထုပ်အပြင်၊ ကိုယ်ပေါ်မှာ လွယ်သွားဖို့ အထုပ်ငယ် နှစ်ထုပ်ကိုပါ အသင့်ပြင်ထားပါတယ်။ ဒါကို မြင်တဲ့ ရွှီထင်းရှန်းကတော့ ခေါင်းကို တရမ်းရမ်းနဲ့ အထုပ်တွေကို ပြန်ဖြည်ပြီး မလိုအပ်တာတွေကို ဖယ်ရှားတော့တယ်။
"အဝတ်အစားတွေက သုံးစုံဆိုရင် လုံလောက်ပါပြီ၊ ဒီလောက်အများကြီး ယူစရာမလိုပါဘူး။ အိပ်ရာခင်းတွေလည်း မလိုဘူး၊ တည်းခိုခန်းမှာ ရှိတာပဲ။ မင်းက ဒါတွေအကုန် ဘာလုပ်ဖို့ ယူနေတာလဲ၊ အဲဒီမှာပဲ အပြီးနေတော့မလို့လား" သူက ဆိုတယ်။
တကယ်တော့ ကျောက်အာကိုယ်တိုင်လည်း သူမရဲ့လုပ်ရပ်က နည်းနည်းတော့ လွန်နေမှန်း သိပါတယ်။ ဒါပေမဲ့ ပြင်ဆင်ရင်းနဲ့ ဒီလောက်အထိ များသွားလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူးလေ။ အထုပ်တွေကို လျှော့ချလိုက်တော့မှ အထုပ်ကြီး နှစ်ထုပ်ကနေ တစ်ထုပ်ပဲ ကျန်ပါတော့တယ်။ ကျန်နေတဲ့ ပစ္စည်းတွေကိုတော့ ကျောက်အာက လုံးဝ အလျော့မပေးဘဲ ဇွတ်ယူသွားဖို့ ဆုံးဖြတ်လိုက်တယ်။
အပြင်မှာတော့ ဦးလေး၄ ရွှီချင်းဟွိုင်က လှည်းကို အသင့်ပြင်ထားပါပြီ။ ဒီတစ်ခေါက် သူတို့နှစ်ယောက်ကို မြို့အထိ ပို့ဆောင်ပေးဖို့ သူက တာဝန်ယူထားတာပါ။ နောက်ပြီး ရွှီကျွင်းခိုင်လည်း ပါဝင်ပါတယ်။ သူကလည်း စာမေးပွဲအတွက် စာရင်းသွင်းထားတာကြောင့် အတူတူ လိုက်ပါလာတာပေါ့။
မကြာခင်မှာပဲ ကောင်းရှန် ရောက်လာပြီး၊ သူတို့အားလုံး လှည်းနှစ်စီးခွဲကာ မြို့နယ်ဘက်ကို ထွက်ခွာခဲ့ကြတယ်။ မြို့နယ်ကို ရောက်တဲ့အခါမှာတော့ မောက်ပါ့သို၊လီသာ့ထျန်နဲ့ချန်ကျန်းတို့ကို ဝင်ခေါ်ပြီး ခရိုင်မြို့ဆီကို ဦးတည်မောင်းနှင်တော့တယ်။
အဲဒီအချိန် ခရိုင်မြို့ထဲမှာတော့ တကယ့်ကို စည်ကားလှပတဲ့ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ နေရာအနှံ့မှာ ကျောင်းသားဝတ်စုံ ဝတ်ထားတဲ့ ပညာတတ်လေးတွေကို မြင်တွေ့နေရသလို၊ တည်းခိုခန်းကြီးငယ်တွေမှာလည်း လူတွေ အပြည့်ပါပဲ။ ကျောက်အာကတော့ အမြဲတမ်း စေ့စပ်သေချာသူမို့လို့ အစောကတည်းက တည်းခိုခန်းမှာ အခန်းနှစ်ခန်း ကြိုတင်မှာထားခဲ့တယ်။ ဒါပေမဲ့ အစီအစဉ်ပြင်ပကနေ မောက်ပါ့သိုနဲ့ရွှီကျွင်းခိုင်တို့ သားအဖတွေပါ ပါလာတာကြောင့် အခန်းက ထပ်လိုလာတယ်။
ရွှီကျွင်းခိုင်က ဆိုင်ရှင်ဆီမှာ အခန်းတစ်ခန်း ထပ်တောင်းလိုက်ရာ၊ ကံကောင်းထောက်မစွာနဲ့ နောက်ဆုံးကျန်တဲ့ အခန်းလွတ်လေး တစ်ခန်းကို ရလိုက်ပါတယ်။ ဒါကြောင့် နှစ်နေရာခွဲပြီး တည်းခိုရမဲ့ အန္တရာယ်ကနေ ကင်းဝေးသွားခဲ့ရတယ်။
အခန်းခတွေ ပေးချေပြီးတဲ့နောက်မှာတော့ မောက်ပါ့သိုက ညည်းတွားတော့တယ်။ "ဒီအခန်းခတွေကလည်း တကယ်ကို ဈေးကြီးလွန်းတာပဲ၊ လူကို သတ်နေတာပဲ"
လီသာ့ထျန်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ်။ "စဉ်းစားကြည့်လေ၊ အခုအချိန်မှာ အပြင်ထွက်ရင် ငွေရှိရင်တောင် နေစရာအခန်း ရဖို့ မလွယ်တော့ဘူး"
ဘာလို့ဆို စာမေးပွဲဖြေမဲ့သူတွေက အလွန်များပြားနေတာကိုး။
"ကံကောင်းလို့ နှစ်သစ်ကူးတုန်းက အစ်မကျောက်အာနောက်ကို လိုက်ပြီး ငွေလေး ဘာလေး ရှာထားလို့ပေါ့၊ မဟုတ်ရင်တော့ နှမြောလွန်းလို့ သေမှာပဲ။ ဒါပေမဲ့ အခန်းက တစ်ခန်းတည်းဆိုတော့ ငါတို့ ဒီလောက်လူအများကြီး ဘယ်လိုအိပ်ကြမလဲ"
မောက်ပါ့သိုက မေးတယ်။
74 02
"ကြမ်းပြင်မှာပဲ အိပ်ရမှာပေါ့၊ ဘယ်လိုအိပ်ရဦးမှာလဲ။ စိတ်ချပါ... ငါ မင်းနဲ့ ခုတင်ကို လုမအိပ်ပါဘူး။ မင်းနဲ့ အားကျန်းက ခုတင်ပေါ်မှာ အိပ်၊ ငါက ကြမ်းပြင်မှာ အိပ်မယ်"
လီသာ့ထျန်က ပြောတယ်။
ကျောက်အာတို့ဘက်ကို ရောက်တဲ့အခါမှာတော့ ရွှီထင်းရှန်းက ခဏလောက် စဉ်းစားပြီး အစီအစဉ် ချပေးလိုက်တယ်။ "အဲဒါဆိုရင် ဦးလေး၄နဲ့ ရှန်အာက ဦးလေးကြီးတို့နဲ့ တစ်ခန်းမှာနေ၊ ကျွန်တော်နဲ့ ကျောက်အာက တစ်ခန်းမှာ နေမယ်"
ဦးလေး၄ ရွှီချင်းဟွိုင်ကလည်း ချက်ချင်း သဘောတူပါတယ်။
"အေးလေ၊ အဲဒါ အဆင်ပြေပါတယ်"
တခြားသူတွေကတော့ ဘာမှကန့်ကွက်စရာ မရှိပေမဲ့၊ မောက်ပါ့သိုရဲ့ အကြည့်တွေကတော့ နည်းနည်းထူးဆန်းနေပြီး သူက ရွှီထင်းရှန်းနဲ့ ကျောက်အာကို ခဏခဏ လှမ်းကြည့်နေတယ်။
ရွှီထင်းရှန်းနဲ့ကျောက်အာတို့ရဲ့အခန်းက မောက်ပါ့သိုတို့နဲ့ ကပ်လျက်မှာ ရှိနေပြီး၊ ရွှီကျွင်းခိုင်တို့အခန်းကတော့ အနည်းငယ် ဝေးကွာတဲ့အပြင် အဆင့်အတန်းကလည်း နည်းနည်း နိမ့်တယ်။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတော့ ရွေးချယ်စရာ မရှိသလို၊ ကျေးလက်သားတွေမို့လို့လည်း ပင်ပန်းဆင်းရဲဒဏ်ကို ခံနိုင်တာကြောင့် ဘယ်သူမှတော့ ညည်းတွားမနေကြပါဘူး။
နေရာချပြီးတဲ့နောက်မှာတော့ မြို့ထဲက အခြေအနေတွေကို စုံစမ်းဖို့နဲ့ စိတ်အပန်းဖြေဖို့အတွက် အပြင်ကို ခဏထွက်ခဲ့ကြတယ်။ ဒါပေမဲ့ မြို့ထဲမှာက လူတွေက အရမ်းများလွန်းလို့ တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်း တိုက်နေရတာကြောင့် ခဏလောက် လည်ပတ်ပြီးတာနဲ့ စိတ်ပျက်သွားကြပြီး တည်းခိုခန်းကိုပဲ ပြန်လာခဲ့ကြပါတယ်။ 'စာမေးပွဲဖြေခါနီးမှ ဘုရားစာရွတ်' သလို စာအုပ်တွေကိုပဲ အာရုံစိုက်နေလိုက်ကြတယ်။
မိုးစုန်းစုန်းချုပ်တော့မှ သူတို့တွေ ထမင်းစားဖို့ ထွက်လာကြတယ်။ ပုံမှန်အားဖြင့် တည်းခိုခန်းမှာ စားသောက်ဆိုင် ပါလေ့ရှိပြီး၊ အပြင်ထက် ဈေးကြီးပေမဲ့လည်း အဆင်ပြေတာကိုပဲ ဦးစားပေးလိုက်ကြတယ်။
အဲဒီအချိန်မှာ တည်းခိုခန်းရဲ့ဧည့်ခန်းမဆောင်ကြီးဟာ အလွန်ကိုစည်ကားနေတော့တယ်။ စားပွဲဝိုင်းတွေမှာ အပြည့်ပါပဲ။ ဝိုင်းတိုင်းမှာ အနည်းဆုံး စာသင်သားတစ်ယောက်တော့ ပါနေသလို၊ ဘေးနားမှာလည်း မိသားစုဝင်တွေက ဝိုင်းဝန်းပြီး အားပေးနေကြတာ မြင်သာလှပါတယ်။ တချို့ဝိုင်းတွေမှာတော့ စာသင်သားတွေချည်း စုထိုင်ပြီး တိုင်းပြည်ရေးရာတွေကို အားပါးတရ ဆွေးနွေးနေကြတာက မသိရင် နန်းတွင်းက အမတ်ကြီးတွေများလားလို့တောင် ထင်ရလောက်တယ်။
တကယ်တမ်းတော့ ဒါက အခုခေတ်ရဲ့ဓလေ့တစ်ခုပါပဲ။ စာတတ်ပေတတ်တွေက နိုင်ငံရေးအကြောင်း မပြောရင် လူတောမတိုးသလို ဖြစ်နေတာကိုး။ မောက်ပါ့သိုတို့လို တောသားလေးတွေအတွက်တော့ ဒါဟာ တကယ့်ကို အထူးအဆန်း မြင်ကွင်းတစ်ခုဖြစ်လို့ စိတ်ဝင်တစားနဲ့ နားထောင်နေကြတော့တယ်။
ညရောက်တဲ့အခါမှာတော့ လူတွေ စတင် ရှင်းလာပြီ။ မနက်ဖြန် မိုးမလင်းခင်မှာ စာမေးပွဲဖြေဖို့ ထရမှာဆိုတော့ လူတိုင်း စောစောအနားယူပြီး အားမွေးချင်နေကြတယ်။
အခန်းထဲ ပြန်ရောက်တော့မှ ကျောက်အာဟာ အခန်းထဲမှာ ခုတင်က တစ်လုံးတည်းရှိမှန်း သတိထားမိလိုက်တယ်။
ဒီခုတင်က ကျေးလက်က ခန်လိုမျိုး ငါးယောက်၊ ခြောက်ယောက် အိပ်လို့ရတာ မဟုတ်ပါဘူး။ တစ်ယောက်အိပ်ရင် အဆင်ပြေပြီး နှစ်ယောက်အိပ်ရင်တော့ အတော်လေးကို ကျဉ်းကျဉ်းကျပ်ကျပ် ဖြစ်နေတာ။
ကျောက်အာက ဆိုင်အကူကိုခေါ်ပြီး အိပ်ရာအပို ရှိသလားလို့ မေးတဲ့အခါ အပိုမရှိတော့ဘူးလို့ ပြန်ပြောတယ်။ လူတွေ အလွန်များနေတာကြောင့် တည်းခိုခန်းက ငွေရဖို့အတွက် ထင်းဂိုဒေါင်ကိုတောင် လူပေးအိပ်ထားသလို၊ စောင်နဲ့အိပ်ရာတွေကိုလည်း ကြမ်းပြင်မှာ အိပ်မဲ့သူတွေဆီ အကုန် ငှားထားပြီးသား ဖြစ်နေတယ်။ ဆိုလိုတာကတော့ သူတို့နှစ်ယောက်ဟာ ခုတင်တစ်ခုတည်းမှာ အတူအိပ်ရတော့မှာပေါ့။
74 03
သူမ ဘယ်လိုလုပ်ရမလဲ။
ရွှီထင်းရှန်းကတော့ ဘာမှမဖြစ်သလိုပဲ ခုတင်ကို ကိုယ်တိုင် သွားပြီးပြင်ဆင်နေပါပြီ။ ကျောက်အာကတော့ ဝေခွဲမရဖြစ်နေတုန်းပဲ။ တည်းခိုခန်းက ဆိုင်အကူကတော့ 'ဒီကောင်လေးက ဘာတွေ ဒီလောက်အထိ ဇီဇာကြောင်နေတာလဲ၊ မိန်းမလည်း မဟုတ်ဘဲနဲ့ ယောကျာ်းနှစ်ယောက် ခုတင်တစ်ခုတည်း အိပ်တာ ဘာဖြစ်လို့လဲ' လို့ စိတ်ထဲက ထင်နေမိပါတယ်။
"မြန်မြန် အနားယူလိုက်ပါဦး သခင်လေး၊ ကျွန်တော်မျိုး အလုပ်တွေ ရှိသေးလို့ပါ" ဆိုင်အကူကပြောပြီး ကျောက်အာ ပြန်မပြောနိုင်ခင်မှာပဲ အပြေးအလွှား ထွက်သွားတော့တယ်။
အဲဒီအချိန်မှာ ရွှီထင်းရှန်းက ခုတင်ကို ခင်းကျင်းပြီးသွားပါပြီ။ သူက ခုတင်ကို ပုတ်ပြရင်း ဆိုပါတယ်။
"လာလေ... အနားယူတော့။ ငါတို့က နေ့တိုင်း အတူတူ အိပ်နေကြတာကို၊ ဘာလို့ အခုမှ တစ်မျိုးဖြစ်နေရတာလဲ"
အခြေအနေက အရင်နဲ့ မတူဘူးလေ။ ကျောက်အာမှာလည်း ဘာမှမတတ်နိုင်ဘဲ ခုတင်နားကို လျှောက်သွားရတော့တယ်။
ရွှီထင်းရှန်းက အင်္ကျီချွတ်ပြီး လဲနေပါပြီ၊ ကျောက်အာကတော့ အပေါ်အင်္ကျီပဲ ချွတ်လိုက်ပါတယ်။ သူမက တွန့်ဆုတ်နေတုန်းမှာပဲ လဲနေတဲ့ ရွှီထင်းရှန်းက သူမကို အတင်းဆွဲပြီး ဖက်ထားလိုက်တယ်။ "ဒီလိုအိပ်မှ သက်သောင့်သက်သာ ရှိမှာပေါ့"
ကျောက်အာက မသိစိတ်နဲ့ ရုန်းကန်ရင်း "နင် ဘာလုပ်ချင်နေတာလဲ"
"ငါ ဘာမှမလုပ်ပါဘူး။ ဘာလဲ... မင်းက ငါ့ကို တစ်ခုခု လုပ်စေချင်လို့လား"
"မကောင်းတာတွေပဲ ပြောနေတယ်။ နင်က အခုဆိုရင် ပိုပြီးတော့တောင် ပါးစပ်သရမ်းလာပြီနော်" ကျောက်အာက ဆူလိုက်ပါတယ်။
ရွှီထင်းရှန်းက ဘာမှပြန်မပြောပါဘူး။ ကျောက်အာက သူ စိတ်ဆိုးသွားတာလားလို့ တွေးနေတုန်းမှာပဲ သူမကို ဖက်ထားတဲ့ သူ့ရဲ့ လက်မောင်းတွေက ရုတ်တရက် တင်းကျပ်သွားပြီး သူက ကိုယ်ကို တစ်ပတ်လှည့်ကာ သူမအပေါ်ကို အုပ်မိုးလိုက်ပါတော့တယ်။
"ငါက ပါးစပ်သရမ်းတယ် ဟုတ်လား။ ဒါဆိုရင် တကယ့် ပါးစပ်သရမ်းတာက ဘယ်လိုလဲဆိုတာ ငါ အခု ပြပေးမယ်"
သူဟာ လျှပ်စီးလက်သလို မြန်ဆန်တဲ့ အရှိန်နဲ့ ကျောက်အာရဲ့ နှုတ်ခမ်းတွေကို အတင်း စုပ်ယူလိုက်တယ်။
ဒီတစ်ခါတော့ အရင်လိုမျိုး အသာအယာ ထိတွေ့ရုံတင် မဟုတ်တော့ပါဘူး၊ တကယ့်ကို ကြမ်းတမ်းပြီး ပြင်းပြလှတယ်။ ကျောက်အာမှာ အသက်ရှူရတာတောင် ခက်ခဲလာပြီး သူ့ကို တွန်းထုတ်ချင်ပေမဲ့ အင်အားက လုံးဝမရှိတော့ပါဘူး။ သူ့ရဲ့အနမ်းတွေက လည်ပင်းတစ်လျှောက်ကို တရွေ့ရွေ့ ဆင်းသက်လာတော့တယ်။
ကျောက်အာမှာ အသက်ကို ပြင်းပြင်းရှူရင်း သူ့ကို တွန်းထုတ်ဖို့ ကြိုးစားပေမဲ့၊ သူကတော့ အေးအေးဆေးဆေးပဲ သူမရဲ့ လက်နှစ်ဖက်ကို ဖမ်းချုပ်ပြီး သူမရဲ့ကိုယ်အောက်မှာ ဖိထားလိုက်တယ်။ အခုမှပဲ ဒီကောင်လေးက ဒီလောက်အထိ အင်အားကြီးပြီး ကြမ်းတမ်းနိုင်မှန်း သူမ သိလိုက်ရတာပါ။ သူမရဲ့ လက်မောင်းတွေကလည်း နာကျင်နေသလို၊ အောက်မှာ ဖိခံထားရတာကြောင့် ရင်သားတွေကလည်း ရှေ့ကို ကော့ထွက်နေပါတယ်။ သူမရဲ့လည်ပင်းဆီမှာ နာကျင်မှုကို ခံစားလိုက်ရသလို၊ အေးစိမ့်တဲ့ အထိအတွေ့တစ်ခုကလည်း ရောက်ရှိလာတယ်။
"ငါ ဒါကို လုပ်ချင်နေတာ ကြာလှပြီ"
သူက တိုးတိုးလေး ရေရွတ်ရင်း အငမ်းမရ ဆက်လုပ်နေတော့တယ်။
ကျောက်အာရဲ့ဦးနှောက်ထဲမှာတော့ ဘာတွေဖြစ်နေမှန်း မသိတော့ဘဲ ဖရိုဖရဲ ဖြစ်နေတယ်။ အဲဒီနေ့က မြင်ကွင်းကို သူမ ပြန်မြင်ယောင်လာမိတာပေါ့။ သူမရဲ့ အသားတွေကို အခုတော့ ဒီကောင်လေးက စားသုံးနေပြီလေ။ တကယ့်ကို ပြင်းပြပြီး ကြမ်းတမ်းလှတဲ့ အထိအတွေ့တွေပါပဲ။
74 04
အဲဒီအချိန်မှာပဲ သူမရဲ့အထဲကို တစ်ခုခုက တိုးဝင်လာတာကို ခံစားလိုက်ရတယ်။ အဲဒီညတုန်းက အတိုင်းပါပဲ။ ဒီကောင်လေးဟာ ရုတ်တရက်ဆိုသလို တောရိုင်းဝံပုလွေ တစ်ကောင်လို ဖြစ်သွားပြီး၊ သူမကို အပိုင်းပိုင်း အစစဖြစ်အောင် ဝါးမြိုပစ်တော့မဲ့ အလားပါပဲ။
အတန်ကြာတော့မှ ပြင်းပြလှတဲ့ ခံစားချက်တွေဟာ တဖြည်းဖြည်း ငြိမ်သက်သွားတော့တယ်။
ကျောက်အာရဲ့တစ်ကိုယ်လုံးဟာ တုန်ရင်နေပြီး မျက်ရည်တွေလည်း စီးကျလာပါတယ်။
ရွှီထင်းရှန်းကတော့ အသက်ရှူသံတွေ ပြင်းနေဆဲပါ။ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်တာနဲ့ သူမကို ဆွဲလှည့်ပြီး ကြည့်ဖို့ လုပ်ပါတယ်။
"ဘာဖြစ်လို့လဲ"
"ငါနဲ့ ဝေးဝေးမှာနေ" ပြောပြီး သူမက လန့်နေတဲ့ သားရဲလေးတစ်ကောင်လိုပဲ ခုတင်ရဲ့ အတွင်းဘက်ဆုံးကို အတင်းတိုးပြီး ကပ်နေတော့တယ်။
ရွှီထင်းရှန်းကတော့ သူမကို လွှတ်မပေးဘူး။ အတင်းပြန်ဆွဲပြီး တင်းတင်းကျပ်ကျပ် ဖက်ထားတယ်။ ခဏကြာတော့ သူက စောင်ထဲကနေ သူတို့နှစ်ယောက်ရဲ့အတွင်းခံဘောင်းဘီတွေကို ဆွဲထုတ်ပြီး ခုတင်ခြေရင်းကို ပစ်ချလိုက်တယ် ။
ကျောက်အာမှာတော့ ခုခံကာကွယ်စရာ ဘာမှမရှိတော့တာကြောင့် သူ့ကို အတင်းတွန်းဖယ်နေမိတယ်။
"ကဲ... အိပ်တော့နော်၊ ငါ မနက်ဖြန် စောစောထပြီး စာမေးပွဲ သွားဖြေရဦးမှာ"
သူက မေးစေ့ကို သူမရဲ့လည်ပင်းနားမှာ တင်ထားပြီး၊ အနောက်ကနေ သိုင်းဖက်ထားရင်း ဆိုပါတယ်။ "ဘာလို့ အဲဒီလောက် ထိတ်လန့်နေတာလဲ။ ငါ ဒီတစ်ခါ အောင်မြင်ပြီးတာနဲ့ ငါတို့ လက်ထပ်ပွဲကို ချက်ချင်း ကျင်းပကြမယ်"
ကျောက်အာကတော့ ဘာမှ ပြန်မပြောဘူး။
ခဏကြာတော့ သူက ထပ်ပြောပြန်ပါတယ်။ "ငါတို့က လင်မယားတွေပဲဟာ၊ ကြိုပြီးတော့ ချစ်ခင်ကြတာ ဘာဖြစ်လို့လဲ"
"တကယ်တော့ မင်းလည်း သဘောကျနေတာပဲ မဟုတ်လား၊ မဟုတ်ရင် စောစောက အဲဒီလိုမျိုး တုံ့ပြန်မှာ မဟုတ်ဘူး"
"နင်... သွားတော့" အကြာကြီး အောင့်ထားပြီးမှ ကျောက်အာဆီက စကားတစ်ခွန်း ထွက်လာပါတယ်။
"ငါ ဘယ်မှမသွားဘူး။ စောစောက မင်း ငါ့ကို ကိုက်မလို့ လုပ်နေတာလေ... ငါကသာ... ဘာပဲဖြစ်ဖြစ် ငါ ဘယ်မှမသွားဘူး၊ ဒီမှာပဲ နေမှာ"
နောက်တစ်နေ့ မနက်စောစောမှာတော့ အားလုံး နိုးနေကြပါပြီ။
မိုးတောင် မလင်းသေးပေမဲ့ တစ်တည်းခိုခန်းလုံးမှာတော့ လှုပ်လှုပ်ရှားရှားနဲ့ စိတ်လှုပ်ရှားစရာ အငွေ့အသက်တွေ ဖုံးလွှမ်းနေတယ်။
ဆိုင်အကူတွေမှာလည်း အလုပ်များလွန်းလို့ မနိုင်မနင်း ဖြစ်နေတာကြောင့် ကျောက်အာကိုယ်တိုင် မီးဖိုချောင်ထဲ ဆင်းပြီး ရွှီထင်းရှန်းတို့အတွက် မနက်စာ အဆင်သင့် ဖြစ်အောင်လို့ ခေါက်ဆွဲတစ်အိုး ပြုတ်လိုက်ပါတယ်။
ရိုးရိုးခေါက်ဆွဲဆိုပေမဲ့ အထဲမှာ အသားတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကြက်ဥတွေ အစုံအလင် ပါတာကြောင့် အလွန်ကို အာဟာရပြည့်ဝတယ်။
74 05
အားလုံး နွေးနွေးထွေးထွေး စားသောက်ပြီးတဲ့နောက်မှာတော့ ဦးလေး၄နဲ့ ကောင်းရှန်တို့က လှည်းကို အသင့်ပြင်ထားပါပြီ။ ရွှီထင်းရှန်းတို့ အဖွဲ့ကလည်း သူတို့ရဲ့ စာမေးပွဲသုံး ပစ္စည်းတွေနဲ့ စာအုပ်အိတ်တွေကို သေသေချာချာ ပြန်စစ်ကြတယ်။ ကျောက်အာကလည်း လိုအပ်တာတွေ အကုန်ပါရဲ့လားလို့ အကြိမ်ကြိမ် မေးမြန်းပြီး သေချာမှပဲ သူတို့ တံခါးပြင်ကို ထွက်လာခဲ့ကြတယ်။
အပြင်မှာတော့ မှောင်နေဆဲဖြစ်ပေမဲ့ အဝေးကနေ မြင်နေရတဲ့ မီးအိမ်အလင်းရောင် မှိန်မှိန်လေးတွေက လမ်းပြနေတယ်။ ကျောက်အာက ရှေ့ကနေ မီးအိမ်ကို ကိုင်ကာ လမ်းပြပေးပြီး သူတို့အားလုံး လှည်းပေါ်ကို တစ်ယောက်ပြီးတစ်ယောက် တက်လိုက်ကြတယ်။
မြည်းလှည်းဟာ တည်းခိုခန်းရဲ့နောက်ဖေးတံခါးကနေ ထွက်ခွာပြီး စာစစ်ဌာနဆီကို ဦးတည်သွားတော့တယ်။ လမ်းခရီးမှာ ဘယ်သူမှ စကားမပြောကြပါဘူး၊ လူတိုင်းရဲ့ ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်နေကြပုံပါပဲ။ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း စာဖတ်လာခဲ့သမျှဟာ ဒီနေ့တစ်နေ့အပေါ်မှာပဲ မူတည်နေတာ မဟုတ်လား။ အစကတော့ အတွေ့အကြုံယူမယ်လို့ပဲ ပြောခဲ့ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘယ်သူကများ တစ်ခါတည်းနဲ့ မအောင်ချင်ဘဲ နေပါ့မလဲ။
မောက်ပါ့သိုကတော့ ငြိမ်ငြိမ်မနေနိုင်ဘဲ လိုက်ကာကို လှန်ပြီး အပြင်ကို ကြည့်နေတယ်။ အပြင်မှာတော့ စာမေးပွဲဖြေမဲ့သူတွေ ကိုင်ထားတဲ့ မီးအိမ်လေးတွေဟာ ကြယ်ပွင့်လေးတွေလို ဟိုတစ်စ ဒီတစ်စနဲ့ ပြန့်ကျဲနေတယ်။ ချမ်းသာတဲ့သူတွေကတော့ လှည်းနဲ့သွားကြပေမဲ့ ဆင်းရဲတဲ့သူတွေကတော့ တခြားသူတွေထက် စောစောထပြီး ကိုယ့်ခြေထောက်နဲ့ကိုယ် လမ်းလျှောက်သွားကြရတယ်။
အမှောင်ထဲမှာ လှည်းဘီးသံတွေအပြင် မိသားစုဝင်တွေက ကျောင်းသားတွေကို မှာကြားနေတဲ့ အသံတွေနဲ့ အားပေးစကား ပြောနေတဲ့ တိုးတိုးတိတ်တိတ် အသံတွေဟာလည်း ပျံ့လွင့်နေတယ်။
ခရိုင်ရုံးတော် တံခါးဝကို ရောက်တဲ့အခါမှာတော့ ငါးချက်တီးအချိန်လောက် ရှိပါပြီ။
ကြည့်လိုက်တဲ့အခါ တံခါးဝမှာ လူတွေဟာ အုံနဲ့ကျင်းနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။ အသက် ၃၀၊ ၅၀ အရွယ် လူကြီးတွေကော၊ အသက် ၁၀ နှစ်ကျော်အရွယ် ကလေးငယ်တွေပါ အစုံအလင်ပါပဲ။ တာ့ချန်းမင်းဆက်ရဲ့ ဥပဒေအရ ခရိုင်အဆင့်နဲ့ စီရင်စုအဆင့်ကို အောင်မှသာ 'ထုံရှန်း' ဖြစ်တာပါ။ တကယ်လို့ ခရိုင်အဆင့်အောင်ပြီး စီရင်စုအဆင့် မအောင်ရင်လည်း ဘာဘွဲ့မှ မရပါဘူး။ နောက်နှစ်ကျရင် ခရိုင်အဆင့်ကနေပဲ ပြန်ဖြေရမှာ ဖြစ်ပါတယ်။
"သက်ဆိုင်ခြင်းမရှိသူတွေ အနောက်ကို ဆုတ်ပေးပါ။ လှည်းတွေကိုလည်း ဝေးဝေးမှာ ထားကြပါ။ လူ ၅၀ တစ်ဖွဲ့ စီကြပါ၊ ဇာတိတူသူတွေနဲ့ ကျောင်းတူသူတွေ တစ်နေရာတည်းမှာ စုကြပါ၊ မြန်မြန်လုပ်ကြစမ်း" ရုံးတော်အစေခံတွေက အော်ဟစ်နေကြတယ်။
အခြေအနေက တကယ့်ကို ဖရိုဖရဲ ဖြစ်သွားတော့တယ်။ ကျောက်အာက ရွှီထင်းရှန်းကို လှမ်းကြည့်ပြီး တစ်ခုခု ပြောချင်ပေမဲ့ ဘာပြောရမှန်း မသိဖြစ်နေရှာတယ်။
"နင် သေသေချာချာ ဖြေနော်၊ ငါ သွားတော့မယ်"
ကျောက်အာ လှည့်ထွက်ဖို့ ပြင်တုန်းမှာပဲ ရွှီထင်းရှန်းက သူမရဲ့လက်ကို လှမ်းဆွဲလိုက်တယ်။ လူတွေ ရှုပ်နေတဲ့ကြားမှာ သူက သူမကို အနားကို ဆွဲခေါ်လိုက်ပြီး နားနားကပ်ကာ စကားတစ်ခွန်း ပြောလိုက်တော့တယ်။ "ငါ အောင်မြင်အောင် ဖြေပြီး ပြန်လာခဲ့မယ်၊ အဲဒီကျရင် စောင့်နေနော်"
နောက်ထပ် ပြောမဲ့ စကားတွေကိုတော့ ကျောက်အာလည်း ရိပ်မိပါတယ်။
"နင် အရင်အောင်အောင် ဖြေပါဦး၊ ငါ သွားရတော့မယ်" ကျောက်အာဟာ ပြောပြီး မြည်းလှည်းနဲ့အတူ လူအုပ်ကြီးကြားထဲမှာ ပျောက်ကွယ်သွားတော့တယ်။
ရုံးတော်ရှေ့မှာတော့ မီးအလင်းရောင်တွေက ထိန်ထိန်လင်းနေပြီး အစေခံတွေက မီးတုတ်တွေကို ကိုင်ပြီး ထွက်လာကြတယ်။ ကျယ်ဝန်းလှတဲ့ ကွင်းပြင်ထဲမှာ စာမေးပွဲဖြေမဲ့သူ ရာပေါင်းများစွာ ရှိနေတယ်။ လူ ၅၀ တစ်ဖွဲ့စီ နေရာယူပြီးတာနဲ့ အစေခံတွေရဲ့လမ်းညွှန်မှုအတိုင်း တစ်ယောက်ချင်းစီ ရှေ့ကို တက်သွားကြရတယ်။ အဲဒီမှာတော့ ခန္ဓာကိုယ်ကို စစ်ဆေးတဲ့ အစေခံတွေက စာရွက်စာတမ်းတွေ ဒါမှမဟုတ် ခိုးယူလာတဲ့ ပစ္စည်းတွေ ပါမပါ စစ်ဆေးဖို့ စောင့်နေကြတယ်။
74 06
ခရိုင်အဆင့် စာမေးပွဲမှာတော့ ခန္ဓာကိုယ် စစ်ဆေးတာက သိပ်မတင်းကျပ်လှပါဘူး။ စာမေးပွဲခြင်းတောင်းကို စစ်ဆေးပြီး အပေါ်အင်္ကျီကို ဟခိုင်းကာ အထဲမှာ ဘာမှဖုံးကွယ်မထားမှန်း သေချာရင် လွှတ်ပေးလိုက်တယ်။ ကြားရတာတော့ စီရင်စုနဲ့ကျောင်းတော်အဆင့် ရောက်ရင်တော့ အင်္ကျီတွေကိုပါ ချွတ်ခိုင်းပြီး စစ်ဆေးတာဖြစ်သလို၊ ဆံပင်တွေကိုပါ ဖြည်ပြီး စစ်ဆေးခံရတတ်တယ်လို့ ဆိုပါတယ်။
ရွှီထင်းရှန်းတို့ အဖွဲ့ကတော့ နည်းနည်း နောက်ကျမှ ရောက်တာဖြစ်လို့ တစ်နာရီနီးပါးလောက် စောင့်လိုက်ရတယ်။ သူတို့အလှည့် ရောက်တော့မှပဲ အထဲကို ဝင်ခွင့်ရတော့တယ်။
ခရိုင်အဆင့် စာမေးပွဲကိုတော့ ခရိုင်ရုံးတော်ရဲ့ ခန်းမဆောင်မှာ ကျင်းပတာပါ။ ဒါပေမဲ့ နေရာက ကန့်သတ်ချက်ရှိတာကြောင့် ဘေးဘက်တွေမှာလည်း စာမေးပွဲဖြေတဲ့ တဲတွေကို ထပ်ပြီးဆောက်ထားပါတယ်။ မောက်ပါ့သိုတို့ကတော့ ဘာမှမသိဘဲ ယောင်ချာချာ ဖြစ်နေပေမဲ့၊ ရွှီထင်းရှန်းကတော့ အိပ်မက်ထဲက အတွေ့အကြုံတွေ ရှိနေတာကြောင့် လုံးဝမထိတ်လန့်ဘူး။
ခန်းမဆောင်ရှေ့မှာ အားလုံးကို ခဏစောင့်ဆိုင်းခိုင်းပြီး နာမည်ခေါ်သံတွေနဲ့ အာမခံသူတွေကို အတည်ပြုတဲ့ အသံတွေက ဆူညံလို့ နေပါတယ်။
ရွှီထင်းရှန်းတို့ အလှည့်ရောက်တဲ့အခါမှာတော့ "ဟူယန်းမြို့က ရွှီထင်းရှန်း၊ မောက်ပါ့သို..." ဆိုပြီး နာမည်တွေကို တန်းစီခေါ်ပါတော့တယ်။ အဲဒီထဲမှာ ချင်းယွမ်ကျောင်းက ကျောင်းသားတွေ အများစု ပါဝင်နေသလို၊ တခြားသူတွေလည်း ပါတယ်။ ပုံမှန်အားဖြင့် စာမေးပွဲဖြေဖို့ဆိုရင် လင်ရှန်းရဲ့ အာမခံချက် မဖြစ်မနေ လိုအပ်ပါတယ်။ အာမခံမဲ့သူ မရှိရင်တော့ ဘယ်လောက်ပဲ တော်နေပါစေ စာမေးပွဲ ဖြေခွင့်မရပါဘူး။
ဒါကြောင့် ဒီလိုအချိန်မျိုးမှာ လင်ရှန်းတွေဟာ အရမ်းကို အလုပ်များကြတယ်။ လူတိုင်းကိုလည်း အာမခံပေးလေ့လည်းမရှိဘဲ ကိုယ်နဲ့ရင်းနှီးတဲ့သူကိုပဲ အာမခံပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် အာမခံပေးတဲ့သူမှာလည်း တာဝန်ရှိလို့ပါပဲ။ ဒါကြောင့် လင်ရှန်းရဲ့ အာမခံချက် ရဖို့ဆိုရင် ငွေအမြောက်အမြား ပေးရရုံတင်မကဘဲ လူကြီးသူမတွေရဲ့ မျက်နှာကိုပါ အသုံးချရတာပါ။
ဒါပေမဲ့ ကိုယ့်ရဲ့ဆရာကိုယ်တိုင်က လင်ရှန်းဖြစ်နေရင်တော့ အများကြီး သက်သာသွားတာပေါ့။
အစေခံက နာမည်တွေ ခေါ်ပြီးတာနဲ့ ကြေညာလိုက်တယ်။
"လင်ရှန်း လင်းမြောင်က အာမခံပါသည်"
ရွှီထင်းရှန်းတို့က ရိုသေစွာ ဦးညွှတ်လိုက်တဲ့ အချိန်မှာပဲ ရင်းနှီးနေတဲ့ အသံတစ်ခုကို ကြားလိုက်ရပါတယ်။ "လင်းမြောင်က အာမခံပါတယ်ခင်ဗျာ"
အပေါ်ဘက်မှာတော့ ခရိုင်ဝန်ရွှီက လင်းမြောင်နဲ့ တစ်ခုခုစကားပြောနေတာကို ခပ်သဲ့သဲ့ ကြားနေရပါတယ်။ အဲဒီအချိန်မှာပဲ အငယ်တန်း အရာရှိလေးတွေက စာမေးပွဲဖြေမဲ့ စာရွက်တွေကို ဝေပေးပြီး ကိုယ့်နေရာကိုယ် သွားဖို့ လမ်းညွှန်တော့တယ်။
ရွှီထင်းရှန်းတို့ အဖွဲ့ဟာလည်း အသီးသီး ကွဲသွားကြတယ်။ ရွှီထင်းရှန်းကတော့ အစေခံနောက်ကို လိုက်သွားပြီး သူ့ရဲ့ထိုင်ခုံကို ရောက်တဲ့အခါ အပြင်က စာမေးပွဲတဲထဲမှာမကျဘဲ ခန်းမဆောင်ကြီးရဲ့ ထောင့်တစ်နေရာမှာ နေရာရခဲ့တာကြောင့် သူ့ရဲ့ကံဇာတာက မဆိုးဘူးလို့ ဆိုရမယ်။ အရင်ဘဝ အိပ်မက်ထဲမှာတုန်းကတော့ သူဟာ ကံအရမ်းဆိုးပြီး အိမ်သာနဲ့ ကပ်နေတဲ့ တဲလေးမှာ နေရာကျခဲ့တယ်။ အဲဒီတုန်းက တစ်နေကုန် အနံ့ဆိုးတွေကို အံကြိတ်ခံပြီး ဖြေခဲ့ရတယ်။ နေရာထိုင်ပြီးတာနဲ့ အငယ်တန်း အရာရှိတွေက ဟိုဘက်ဒီဘက် ကင်းလှည့်နေကြပြီ။ ဘေးဘယ်ညာ ကြည့်တာ၊ စကားပြောတာ ဒါမှမဟုတ် ထိုင်ခုံရွှေ့တာမျိုးတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။
74 07
ရွှီထင်းရှန်းက စာရွက်တွေကို စားပွဲပေါ်မှာ ဖြန့်လိုက်တယ်။ စာမူကြမ်း ရေးဖို့အတွက် စာရွက်အလွတ် ခြောက်ရွက်နဲ့၊ အချောရေးဖို့အတွက် စာရွက် သုံးရွက် ပါဝင်ပါတယ်။ ဘေးနားမှာတော့ တခြားသူတွေက မှင်သွေးနေတဲ့ တရှပ်ရှပ် အသံတွေကို ကြားနေရတာကြောင့်၊ သူလည်း သူ့ရဲ့စာရေးကိရိယာအိတ်ထဲကနေ မှင်အိုးနဲ့ မှင်တောင့်ကို ထုတ်ကာ၊ ဝါးကျည်တောက်ထဲက ရေကြည်လေးတွေကို သုံးပြီး မှင်ကို စတင် သွေးတော့တယ်။
ကျောင်းသားအားလုံး နေရာယူပြီးတာနဲ့ ကောင်းကင်ယံမှာလည်း တဖြည်းဖြည်း လင်းလာပါပြီ။ 'ယွန့်ပန်း'ကို သုံးကြိမ်စီ အချက်ပေးလိုက်တာနဲ့ တစ်ကွင်းလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။(ကြေး သို့မဟုတ် သံနဲ့ ပြုလုပ်ထားပြီး အပြားလိုက်ပုံစံရှိပါတယ်။ သူ့ရဲ့အနားသတ်တွေကို တိမ်တိုက်တွေလိုမျိုး လှိုင်းတွန့်ပုံစံတွေ ထွင်းထုပြုလုပ်ထားတာကြောင့် "ယွန့်ပန်း"လို့ ခေါ်တာ ဖြစ်ပါတယ်။ ၎င်းကို သစ်သားတူနဲ့ထုပြီး အသံပြုရကာ ထိုအသံက ကြေးစည်သံထက် ပိုပြီးကြည်လင်ပြတ်သားကာ အဝေးကနေလည်း ကြားနိုင်ပါတယ်။)
အခုအချိန်ကစပြီး ဘယ်သူမဆို စကားပြောတာ ဒါမှမဟုတ် မတ်တတ်ရပ်တာမျိုး လုပ်ရင်တော့ မသမာမှုလို့ သတ်မှတ်ခံရမှာဖြစ်တယ်။ ခရိုင်အဆင့်စာမေးပွဲမှာ မသမာမှုလုပ်ရင်တော့ လက်ထိတ်ခတ်ပြီး လူမြင်ကွင်းမှာ အရှက်ခွဲခံရမှာဖြစ်သလို၊ အခြေအနေ ပြင်းထန်ရင်တော့ စာမေးပွဲဖြေဆိုခွင့်ကိုပါ တစ်သက်လုံး ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အကြိမ်ရေအထိ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ခန်းမဆောင်ရဲ့အရှေ့ဆုံးမှာ ထိုင်နေတဲ့ ခရိုင်ဝန်ရွှီက စကားစပြောပါတော့တယ်။ သူက အားပေးစကားတွေရော၊ အစိုးရရဲ့ အောင်မြင်မှုတွေကို ချီးကျူးတာတွေရော အများကြီး ပြောခဲ့တာပါ။ ၁၅ မိနစ်လောက် ကြာအောင် ပြောပြီးတဲ့နောက်မှာတော့ ကြေးစည်သံ ထပ်ထွက်လာပြီး အစေခံတွေက စာမေးပွဲမေးခွန်းတွေ ကပ်ထားတဲ့ ပျဉ်ပြားတွေကို ကိုင်ပြီး ထွက်လာကြတော့တယ်။
ကျောင်းသားတွေဟာ ပါးစပ်ကသာ ငြိမ်နေပေမဲ့ မသိစိတ်နဲ့ ခေါင်းတွေကို ဆန့်ပြီး မေးခွန်းကို ကြည့်ဖို့ ကြိုးစားနေကြပါတယ်။ ရွှီထင်းရှန်းကတော့ မလောဘဲ သူက သူ့နေရာမှာပဲ အေးအေးဆေးဆေး ထိုင်နေတယ်။ အခုကြည့်လည်း ဘာထူးမှာလဲ၊ မေးခွန်းက ကိုယ့်ရှေ့ကို ရောက်လာမှာပဲ မဟုတ်လား။
တကယ်လည်း အစေခံက မေးခွန်းဘုတ်ကို ကိုင်ပြီး သူ့ရှေ့ကနေ ဖြတ်သွားတယ်။ ရွှီထင်းရှန်းက မေးခွန်းကို သေသေချာချာ မြင်လိုက်ရပါပြီ။
"မင်းနဲ့ယန်ဟွေ၊ ဘယ်သူက ပိုပြီး ထူးချွန်သလဲ"
******