← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

87 01

အခန်း (၈၇)

ရွှီချင်းရှန်ဟာ လမ်းလျှောက်ရင်း သူ့လည်ပင်းကို နှိပ်နယ်နေတယ်။

စောစောက အဒေါ်ယန် ထုလိုက်တာ လည်ပင်းကျိုးသွားပြီလို့တောင် သူ ထင်နေတာ။ တော်သေးတယ်... ဘာမှ မဖြစ်လို့။

သူ လန့်သွားတာတော့ အမှန်ပဲ။ အဒေါ်ယန်က ဒီလောက်ထိ ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်မယ်လို့ သူ ထင်မထားဘူး။ ဒီမိန်းမ... အရင်တုန်းက ဒီလောက် ရက်စက်တတ်မှန်း သူ မသိခဲ့ဘူး။

သူက အဒေါ်ယန်ကို အသုံးချပြီး သားဖြစ်သူ ရွှီကျွင်းခိုင်နဲ့ ပြန်ဆက်ဆံချင်ရုံ သက်သက်ပါ။ သားဖြစ်သူက သူ့ကို အဖေလို့ အသိအမှတ်ပြုလာရင် အဘိုးရွှီလည်း မြေးမျက်နှာကိုထောက်ပြီး သူ့ကို ပြန်လက်ခံလိမ့်မယ်လို့ တွက်ထားတာ။ ဒါပေမဲ့ အဒေါ်ယန်က နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့တဲ့ သံယောဇဉ်ကိုတောင် မငဲ့ဘဲ ဒီလောက် ရက်စက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ခြံဝင်းထဲ ဝင်လိုက်တော့ အရင်လိုပဲ တိတ်ဆိတ်နေတာကြောင့် လယ်သမားအိမ်နဲ့တောင် မတူဘူး။

တောရွာမှာ ဘယ်အိမ်က ကြက်မမွေး၊ ခွေးမမွေးဘဲ နေမှာလဲ။ နေ့တိုင်း ဆူညံနေမှ အိမ်နဲ့ တူတာ။ အရင်တုန်းကတော့ မုဆိုးမရွှီရဲ့ အိမ်လေးက တိတ်ဆိတ်အေးချမ်းလို့ သူ သဘောကျခဲ့ဖူးတယ်။ အခုမှ သိလိုက်ရတာက ဒီလို တိတ်ဆိတ်တာဟာ ပုံမှန်မဟုတ်ဘူး ဆိုတာပဲ။

ကြက်၊ ဘဲ၊ ဝက် မရှိရင် ဘာစားစရာ ရှိမှာလဲ။ အရင်တုန်းက မုဆိုးမရွှီက ကြက်မွေးစရာ မလိုဘဲ သူများ လာပို့တာ စားရတယ်။ အခု ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေတော့ ဘယ်သူက လာပို့တော့မှာလဲ။

ဒီပျင်းရိတဲ့မိန်းမ... ဘာလို့ကြက်တစ်ကောင်လောက်တောင် မမွေးထားရတာလဲ။

ရွှီချင်းရှန် အသားစားချင်လွန်းလို့ သေတော့မယ်။ ဒီခြံဝင်းအလွတ်ကြီးကိုမြင်တိုင်း သူ့အိမ်ဟောင်းက ကြက်တွေကို ပြေးသတိရတယ်။ အရင်တုန်းကတော့ ဆူညံလို့ စိတ်ညစ်ခဲ့ပေမဲ့ အခုတော့ ကြက်မွှေးလေး မြင်ရင်တောင် တန်ဖိုးရှိနေသလိုပဲ။

မီးဖိုချောင်ထဲ ဝင်ကြည့်တော့ မီးဖိုက အေးစက်နေတယ်။ ဒေါသထွက်ထွက်နဲ့ အိမ်မကြီးထဲ ဝင်သွားတော့ မုဆိုးမရွှီက ကုတင်ပေါ် အိပ်နေတာ တွေ့ရတယ်။ ရွှီချင်းရှန် ဝင်လာတဲ့ အသံကြောင့် နိုးသွားပြီး လှမ်းကြည့်တယ်။

ရွှီချင်းရှန်က စိတ်ပျက်လက်ပျက်နဲ့ မေးတယ်။

"ဘယ်အချိန် ရှိနေပြီလဲ၊ အိပ်နေတုန်းလား။ ထမင်း မချက်ဘူးလား”

မုဆိုးမရွှီက တဖက် လှည့်သွားပြီး ပြန်ပြောတယ်။

"အိမ်မှာ ဆန်မှ မရှိတာ၊ ဘာချက်ရမှာလဲ"

"ငါ့အမေ... ငါ့အမေ လာပို့ထားတာ ရှိတယ်လေ"

မုဆိုးမရွှီက ထထိုင်လိုက်ပြီး "အဲဒီ ဆန်နည်းနည်းလေးက ရှင်စားဖို့လား၊ ကျွန်မ ဗိုက်ထဲက ကလေး စားဖို့လား။ ဆန် ၂ ပိဿာလောက်ကို ရှင် ဘယ်နှရက် စားမှာလဲ"

ပြောရင်းနဲ့ ဒေါသထွက်လာပေမဲ့ ရွှီချင်းရှန်ရဲ့ မျက်နှာကို မြင်တော့ ဒေါသပြေပြီး ရွံရှာစိတ် ဝင်လာတယ်။ "ရှင့်ဘာသာ ကြည့်လုပ်၊ ဆန်မရှိရင် ရှင်နဲ့ ရှင့်သား အတူတူ ငတ်သေလိုက်ကြ"

ပြောပြီးတာနဲ့ သူမ ပြန်လဲအိပ်လိုက်တယ်။

ရွှီချင်းရှန်မှာ ဒေါသထွက်ပေမဲ့ ဘာမှ ပြန်မလုပ်နိုင်ဘူး။ ခဏလောက် ရပ်နေပြီးမှ အိမ်ပြင် သူ ပြန်ထွက်လာတယ်။

အဘွားကျောက် မလာတာ ၂ ရက် ရှိပြီ။ သူ အိမ်ပြန်ပြီး သွားရှာချင်ပေမဲ့ မသွားရဲဘူး။ တကယ်တမ်းကျတော့ သူက အိမ်ကို ပြန်ချင်တာ၊ အိမ်က သူ့ကို လာခေါ်စေချင်တာ။

ဒီအခြေအနေကို ဖျက်ဆီးပစ်တာက ဟို ခွေးကောင်လေး (ရွှီထင်းရှန်း) ပဲ။

ရွှီထင်းရှန်းကို သတိရတိုင်း ဒေါသထွက်သလို မနာလိုလည်း ဖြစ်မိတယ်။ ဒီကောင်လေး ဘယ်လို ကံကောင်းပြီး ပထမဆုရှင် ဖြစ်သွားလဲ မသိဘူး။ မြို့နယ်ဝန်မင်းကတောင် အလေးပေး ဆက်ဆံနေရတယ်။

87 02

ဒါသာ မဟုတ်ရင် သူ အိမ်ပြန်ရောက်နေလောက်ပြီ။

ရွှီချင်းရှန်က ရည်ရွယ်ချက် မရှိဘဲ လျှောက်သွားနေတယ်။ ရွာအစွန်မို့ လူသွားလူလာ နည်းတယ်။ သူကလည်း လူတွေကို ရှောင်ချင်နေတာ။

ရုတ်တရက် ကြက်အော်သံ ကြားလိုက်ရတယ်။ ရွှီချင်းရှန် လှည့်ကြည့်လိုက်တော့ လမ်းဘေးက ခြုံပုတ်ထဲမှာ ကြက်ဖင်လေး တစ်ခု လှုပ်နေတာ တွေ့လိုက်ရတယ်။

သူ အလိုလို ပြေးသွားပြီး ကြက်ကို ဖမ်းလိုက်တယ်။ သတိဝင်လာချိန်မှာတော့ ကြက်လည်ပင်းကို လိမ်ချိုးပြီး ပွေ့ထားလိုက်မိပြီ။ ဘေးဘီ ဝဲယာ ကြည့်ပြီး လူရှင်းတာ သေချာမှ ကြက်ကို ပိုက်ပြီး အိမ်ပြန်ပြေးတော့တယ်။

အိမ်ရောက်တော့ ရေနွေးတည်ပြီး ကြက်မွှေး နှုတ်တယ်။ ဒါ သူ တစ်ခါမှ မလုပ်ဖူးပေမဲ့ သူများ လုပ်တာ မြင်ဖူးတယ်။

ကိုယ်တိုင် လုပ်တော့မှ ခက်မှန်း သိတယ်။ ရေနွေးပူ လောင်တာ ခံရသေးတယ်။ မွှေးနှုတ်ပြီး ဆေးကြောတော့မှ အမွှေးတွေ မကုန်သေးတာ တွေ့ရပေမဲ့ စိတ်မရှည်တော့ဘဲ အိုးထဲ ထည့်ပြုတ်လိုက်တော့တယ်။

ဒါ ရွှီချင်းရှန် ပထမဆုံး ချက်ပြုတ်ဖူးတာပါ။ အသားစားချင်လွန်းလို့လား မသိဘူး၊ အရသာက သိပ်ကောင်းနေသလိုပဲ။ ကြက်သား ကျက်တော့ မုဆိုးမရွှီကို သွားခေါ်တယ်။ မကောင်းဘူးဆိုပေမဲ့ ဒီလောက်တော့ စာနာစိတ် ရှိပါသေးတယ်။

မုဆိုးမရွှီက သူ အပြင်မှာ လှုပ်ရှားနေတာ ကြားပေမဲ့ ကြက်တစ်ကောင် ရလာမယ်လို့ ထင်မထားဘူး။

"ဘယ်က ရလာတာလဲ"

"မင်း ဂရုမစိုက်နဲ့၊ စားစရာ ရှိရင် စားလိုက်"

ရွှီချင်းရှန်က အငမ်းမရ စားနေပြီ။ မုဆိုးမရွှီလည်း ဆာနေတာမို့ ဝင်စားလိုက်တယ်။

ဗိုက်ပြည့်သွားတော့မှ ဒီကြက် ဘယ်ကရလဲဆိုတာ မုဆိုးမရွှီ သဘောပေါက်သွားတယ်။ မျက်လုံးထဲမှာ အထင်သေးတဲ့ အရိပ်အယောင် ဖြတ်ပြေးသွားတယ်။

ယွီချင်းရွာရဲ့ ထုံရှန်းက ကြက်ခိုးစားတတ်နေပြီပဲ။

ရွှီချင်းရှန်က စားပြီးတာနဲ့ ပါးစပ်သုတ်ပြီး ဝင်အိပ်တော့တယ်။ မုဆိုးမရွှီက ပန်းကန်တွေ ဆေးကြောပြီး အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်ငေးနေတယ်။ အခန်းထဲမှာ ခုတင်တစ်လုံးတည်း ရှိတာ၊ အဲဒီလူနဲ့ အတူ မနေချင်ဘူး။

ရုတ်တရက် တစ်ခုခု စဉ်းစားမိသွားပြီး မျက်နှာသစ်၊ အဝတ်အစား လဲကာ အပြင်ထွက်သွားတယ်။

ရွာအစွန်ကနေ ဘယ်ဘက်ကို ထွက်လာခဲ့တယ်။ ဒီနေရာတွေက ယွီချင်းရွာရဲ့ လယ်မြေတွေပါ။ ပြောင်းခင်းထဲ တိုးဝင်ပြီး လျှောက်သွားတော့ အဝေးမှာ ရင်းနှီးနေတဲ့ ကျောပြင်တစ်ခုကို တွေ့လိုက်ရတယ်။

"အစ်ကိုဖုန်း"

ခမောက်ဆောင်းထားတဲ့ လူက လှည့်ကြည့်လိုက်တယ်။ သူက ရွာသူကြီးကျန့်ရဲ့ သားကြီး ကျန့်ကောဖုန်း ပါပဲ။

ကျန့်ကောဖုန်းက အသက် ၃၀ ကျော်ပြီ။ ရွာသူကြီးသားဖြစ်ပေမဲ့ တည်ငြိမ်ပြီး အလုပ်ကြိုးစားလို့ နာမည်ကောင်း ရှိတယ်။ သူနဲ့ မုဆိုးမရွှီ ဒီလောက် ရင်းနှီးနေမယ်လို့ ဘယ်သူ ထင်မှာလဲ။

"မင်း ဘာလို့ ဒီထိလိုက်လာတာလဲ" ကျန့်ကောဖုန်းက စိုးရိမ်တကြီးနဲ့ ဘေးဘီကို ကြည့်တယ်။ လူရှင်းမှ သက်ပြင်းချနိုင်တယ်။

87 03

"ဘာလဲ... ကျွန်မ လာရှာလို့ မရဘူးလား" မုဆိုးမရွှီက မျက်နှာငယ်လေးနဲ့ ပြောတယ်။ သူမပုံစံက ပိန်ပိန်ပါးပါးလေးနဲ့မို့ သနားစရာ ကောင်းနေတယ်။

"မရဘူးတော့ မဟုတ်ပါဘူး၊ နေ့ခင်းကြောင်တောင်ကြီး သူများ မြင်သွားမှာ စိုးလို့ပါ" ကျန့်ကောဖုန်းက တိုးတိုးလေး ပြောတယ်။

"အခုမှ သူများမြင်မှာ ကြောက်နေတယ်၊ အရင်တုန်းကကျ ဘာလို့ မကြောက်တာလဲ" မုဆိုးမရွှီက ဝမ်းနည်းပက်လက် ငိုချလိုက်တယ်။ "ဒီဘဝကြီးကို ကျွန်မ ဆက်မနေချင်တော့ဘူး။ အရင်တုန်းက ရှင်ပဲ ပြောခဲ့တာလေ၊ ရှင့်မိသားစုကို ကူညီပေးပါ၊ ရွှီချင်းရှန် နာမည်ပျက်သွားရင် ကျွန်မတို့နှစ်ယောက် ပေါင်းဖက်လို့ ရပြီ ဆိုပြီးတော့။ အခု ကျွန်မ ကူညီပေးပြီးပြီ၊ ရှင်ကကျတော့ ကျွန်မကို မေ့နေတယ်။ ရွှီချင်းရှန်နဲ့ ဒီလို ဆင်းရဲတဲ့ ဘဝမှာ ပစ်ထားရက်တယ်။ ရှင် ကျွန်မကို မလိုချင်တော့ဘူးလား၊ ရှင့်သားကိုရော မလိုချင်တော့ဘူးလား"

ကျန့်ကောဖုန်းက သူမပါးစပ်ကို အမြန်လာပိတ်တယ်။ "တိုးတိုး ပြောပါ၊ သူများတွေ ကြားသွားရင် ငါတို့နှစ်ယောက်စလုံး သွားပြီ"

ပြီးမှ လေသံပြောင်းပြီး ထပ်ပြောတယ်. "ခဏလောက် သည်းခံပါဦး၊ ငါ နည်းလမ်း ရှာနေပါတယ်"

"ဘာနည်းလမ်းလဲ။ ရှင်ရော ရှင့်အဖေရော ထင်မထားဘူး မဟုတ်လား။ ရွှီမိသားစုက ဒီလောက်ရက်စက်မယ်လို့ ရွှီချင်းရှန်ကို မျိုးနွယ်စုကနေ ထုတ်ပစ်လိုက်မယ်လို့လေ။ ပြီးတော့ ရွှီထင်းရှန်းက သူ့ဦးလေးထက် ပိုတော်နေမယ်လို့လည်း ထင်မထားဘူးမလား။ ရှင်တို့ စီစဉ်ထားတာတွေ ဘာမှအရာမဝင်တော့ဘူး။ ကျွန်မတော့ ဒီလို မနေနိုင်တော့ဘူး"

"နည်းနည်းလောက် သည်းခံပါဦးဟာ၊ ငါ သေချာပေါက် နည်းလမ်း ရှာပေးပါ့မယ်။ ဒီရက်ပိုင်း ငါ မင်းဆီ လာကြည့်ပါတယ်၊ ဒါပေမဲ့ ဟိုကောင် ရှိနေလို့ ပြန်လှည့်သွားရတာပါ..."

ကျန့်ကောဖုန်းက အကြာကြီး ချော့ပြောမှ မုဆိုးမရွှီ ငြိမ်သွားတယ်။

သူက ရင်ဘတ်ထဲက ငွေတုံးတစ်တုံး ထုတ်ပေးပြီး အားရှိတာ ဝယ်စားဖို့ မှာလိုက်တယ်။ မုဆိုးမရွှီ ထွက်သွားမှ ကျန့်ကောဖုန်း သက်ပြင်းချပြီး စဉ်းစားတယ်။ ဘာနည်းလမ်းမှ မတွေ့တာနဲ့ ပေါက်ပြား ထမ်းပြီး အိမ်ပြန်သွားတယ်။ ဒီကိစ္စကို စီစဉ်ခဲ့တာ သူ့အဖေ ရွာသူကြီးကျန့်ပဲလေ။

"ကဲ... ငါတို့ လက်လျှော့လိုက်ကြစို့"

မီးမထွန်းထားတာကြောင့် မှောင်နေတဲ့ အခန်းကျဉ်းလေးထဲမှာ လူတွေ စုထိုင်နေကြတယ်။ ထိပ်ဆုံးနေရာမှာတော့ ကျောက်အာက ထိုင်နေပြီး အပြင်ကနေ ဖြာကျလာတဲ့ အလင်းရောင် နည်းနည်းလေး ရှိနေတယ်။

အကြာကြီး တိတ်ဆိတ်နေပြီး နောက်ဆုံးတော့ ကျောက်အာရဲ့မောပန်းနွမ်းနယ်နေတဲ့အသံ ထွက်လာတယ်။

"အစ်မကျောက်"

ကောင်းရှန် ဘာပြောချင်လဲဆိုတာ ကျောက်အာ သိတယ်။ အခုလက်လျှော့လိုက်ရင် အရင်က ရှုံးထားတဲ့ ပိုက်ဆံတွေ အလကား ဖြစ်ကုန်မှာပေါ့။ ပြီးတော့ သူဌေးဟူဘက်က ဆက်တိုက်လိုက်ပြီး သူတို့ စီးပွားရေးအကုန်လုံးကို ဝါးမြိုပစ်မှာ။ ဒါပေမဲ့ နည်းနည်းလောက် ထပ်တောင့်ခံထားရင် သူဌေးဟူဘက်က အရင် လက်လျှော့သွားမလား ဆိုတဲ့ မျှော်လင့်ချက် ရှိနေသေးတယ်။

ဒါပေမဲ့ "မျှော်လင့်ချက်" ဆိုတာ မရေရာပါဘူး။ သူတို့မှာ အရင်းအနှီး နည်းတယ်။ မိုင် ၁၀၀ ပတ်လည်လောက်ရှိတဲ့ တာဟယ်မြို့မှာ သူဌေးဟူနဲ့ ယှဉ်ပြိုင်နေရတာ သူတို့ အရေးနိမ့်နေပြီ။

အရှုံးပေးရတော့မယ်။ ဒါ ကျောက်အာ ဘဝမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ဖူးတာပဲ။ စီးပွားရေး စလုပ်ကတည်းက အဆင်ပြေလာခဲ့တော့ နည်းနည်းဘဝင်မြင့်ခဲ့မိတယ်။

ဒီတစ်ခါ သူဌေးဟူရဲ့ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ ကြုံရတော့မှ စီးပွားရေးလောကဆိုတာ စစ်မြေပြင်လိုပဲလို့ နားလည်လာတယ်။ ကာကွယ်ရ ခက်တယ်၊ ပရိယာယ်တွေ များတယ်... ရှုံးနိမ့်ခြင်းဆိုတာ ဘာလဲ သိလိုက်ရတယ်။

87 04

စာတတ်လာပြီးနောက် စီးပွားရေး စာအုပ်တချို့ ဖတ်ဖူးပေမဲ့ အပေါ်ယံပဲ နားလည်ခဲ့တာ။ အခု ကိုယ်တိုင်ကြုံမှ ပိုသဘောပေါက်လာတယ်။

"အခု အရှုံးပေးလိုက်ရင် ငါတို့ အင်အား နည်းနည်းပဲ ထိခိုက်မယ်။ အရိုးကျိုးတဲ့အထိ မဖြစ်ဘူး။ ဆက်တိုက်ရင်တော့ အကုန် ကုန်သွားလိမ့်မယ်။ ဟိုသူဌေးဟူက ငါတို့ကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားပုံ ရတယ်။ မင်း ပိုက်ဆံ နှမြောသလို သူလည်း နှမြောမှာပဲ။ ဒါပေမဲ့ သူက ငါတို့ထက် အရင်းအနှီး တောင့်တယ်။ သူ လိုချင်ရင် ပေးလိုက်လိုက်ပါ"

"ဒါပေမဲ့..."

မကျေနပ်ဘူး... ကျောက်အာလည်း မကျေနပ်ပါဘူး။

ဒါပေမဲ့ သူ ဘာမှ ဆက်မပြောဘဲ အတွင်းခန်းထဲ ဝင်သွားတယ်။ ကောင်းရှန်က ပြောချင်သေးပေမဲ့ ရွှီချင်းဟွိုင်က တားလိုက်တယ်။

"တော်ပါတော့ ကောင်းရှန်ရာ... ကျောက်အာ ပင်ပန်းနေပြီ၊ နားပါစေ"

"ဦးလေး..."

ရွှီချင်းဟွိုင်က သက်ပြင်းချပြီး အတင်းပြုံးပြတယ်။ "စီးပွားရေး လုပ်ရင် ရှုံးတာ ရှိစမြဲပဲ။ အတိုင်းအတာ တစ်ခုထိပဲ လုပ်ရတယ်၊ ခေါင်းမာပြီး ရှေ့တိုးနေလို့ မရဘူး။ ကျောက်အာပြောတာ မှန်တယ်၊ အခု ရပ်လိုက်ရင် အင်အား နည်းနည်းပဲ ပြုန်းမယ်။ ဆက်တိုက်ရင် အရိုးကျိုးမယ်။ ငါတို့က သူဌေးဟူလို အင်အား မတောင့်ဘူး။ ပြီးတော့ ငါတို့ကို မှီခိုနေရတဲ့ လူတွေ ရှိသေးတယ်လေ"

အတွင်းခန်းထဲက ကျောက်အာက သူတို့ ပြောတာတွေကို ကြားနေရတယ်။

ဟင်းသီးဟင်းရွက် မရောင်းရင် အဝတ်အစား ဆက်ရောင်းလို့ ရတာပဲ။ တကယ်တမ်းကျတော့ ဘာလုပ်လုပ် အရေးမကြီးပါဘူး။ ကောင်းရှန်ရဲ့ ခံစားချက်ကို သူမ နားလည်တယ်၊ မကျေနပ်တာလေ။

သူမလည်း မကျေနပ်ပါဘူး။ ဒါပေမဲ့ သူမ တစ်ယောက်တည်း မဟုတ်ဘူး၊ အများအတွက် သည်းခံရမယ်။

"...မင်း မကျေနပ်ရင် နောက်မှ ပြန်လုယူကြတာပေါ့..."

မကျေနပ်ရင်... နောက်မှ... ပြန်လုယူ...

ကျောက်အာ ရုတ်တရက် မတ်တတ်ရပ်လိုက်တယ်။ တံခါးကို ဖွင့်လိုက်တော့ အပြင်က ကောင်းရှန်နဲ့ ရွှီချင်းဟွိုင် အံ့သြသွားကြတယ်။

"ဘာဖြစ်လို့လဲ ကျောက်အာ"

"ကျွန်မ နည်းလမ်း တွေ့ပြီ"

သူဌေးဟူက ပုံမှန်ဆို အိပ်ရာထ နောက်ကျတတ်တယ်။ နေဖင်ထိုးမှ ထလေ့ရှိတာ။

ငယ်ငယ်တုန်းက ပင်ပန်းခဲ့လို့ အခုမှ အနားယူတာပေါ့။ လူတွေက သူဌေးဟူကို ချမ်းသာတယ်လို့ပဲ သိကြပေမဲ့ သူက လမ်းဘေးက တောင်းရမ်းစားသောက်သူ ဘဝကနေ တက်လာမှန်း မသိကြဘူး။

မိဘမဲ့၊ လယ်မဲ့ ဖြစ်လို့ မြို့ပေါ်တက်ပြီး ပန်းပဲဖိုမှာ အလုပ်သင် လုပ်ခဲ့တယ်။ ပင်ပန်းလွန်းလို့ ထွက်ပြေးပြီး တောင်းရမ်းစားသောက်ခဲ့တယ်။ ငွေ ၂ ပြား ကောက်ရတာနဲ့ အရင်းပြုပြီး ခေါင်းပတ်ကြိုးတွေ လိုက်ရောင်းတယ်။

သူက ပါးနပ်တယ်၊ အမျိုးသမီးတွေက သန့်ရှင်းတာ ကြိုက်မှန်း သိလို့ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင် ထားတယ်။ ညနေပိုင်း ပြည့်တန်ဆာအိမ်တွေဆီ သွားရောင်းတယ်။ ပါးစပ်ကလည်း ချိုတော့ ရောင်းကောင်းလာတယ်။ ဒီလိုနဲ့ စီးပွားရေးသမား ဖြစ်လာတာ။

87 05

နှစ်တွေ ကြာလာတော့ အရှုံးအမြတ်မျိုးစုံ ကြုံခဲ့ရတယ်။ လူတွေကို လိမ်ခဲ့ဖူးသလို အလိမ်ခံခဲ့ရဖူးတယ်။ သေလုမျောပါး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ရက်စက်တတ်တယ်၊ ဒါကြောင့် မြို့ထဲမှာ သူ့ကို ကြောက်ကြတယ်။ မျှော့လိုပဲ၊ တွယ်မိရင် သွေးခမ်းတဲ့အထိ စုပ်တတ်တဲ့ လူစားမျိုး။

ဒါပေမဲ့ ဒီရက်ပိုင်း သူဌေးဟူက မနက် စောစောထနေတယ်။

လုံ့လဝီရိယ ရှိလာလို့ မဟုတ်ဘူး၊ ဟို တောသားတွေနဲ့ အားပြိုင်နေရလို့။ တွေးမိတိုင်း သူ ဒေါသထွက်တယ်။

ငွေလား... သူဌေးဟူမှာ အများကြီး ရှိတယ်။

ဒါပေမဲ့ ဒါက ကြွားဝါရုံ သက်သက်ပါ။ တကယ်တမ်း လက်ထဲမှာ သုံးလို့ရတဲ့ ငွေသားက ထောင်ဂဏန်းလောက်ပဲ ရှိတာ။ ဟင်းသီးဟင်းရွက် လုပ်ငန်းက တခြားလုပ်ငန်းနဲ့ မတူဘူး၊ တောင်သူတွေကို လက်ငင်း ငွေချေရတာ။

အစပိုင်းမှာ ငွေအများကြီး ရင်းနှီးထားရတယ်။ ပြီးတော့ ဟူကျိုးဘက်က အထည်လုပ်ငန်းမှာ ပြဿနာ တက်နေလို့ ငွေတချို့ ပိတ်မိနေတယ်။ ဒါပေမဲ့ ဟိုတောသားတွေက ခေါင်းမာလွန်းလို့ သူ စိတ်မရှည်တော့ဘူး။

ဒီနေ့ သူ့လူတွေက တောသားတွေ မလာဘူး ပြောတော့ သူ မယုံဘူး။ တကယ် ပစ္စည်းတွေ အဆင်ပြေပြေ ဝယ်လို့ရပြီး ပြန်ရောင်းလို့ ရမှ စိတ်ချသွားတယ်။

သူ ထင်တာကတော့ ဟိုလူတွေ ပြန်လာဦးမှာပဲ။ ဒါပေမဲ့ သူက အနိုင်ယူဖို့ ဆုံးဖြတ်ထားပြီးသား။ ဒီတောသားတွေကို သူဌေးဟူ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ ပြလိုက်ချင်သေးတယ်။

သူဌေးဟူ ထင်တဲ့အတိုင်းပါပဲ၊ ၃ ရက်နေတော့ ကျောက်အာတို့ ပြန်ပေါ်လာတယ်။

အရင်လိုပဲ သူဌေးဟူရဲ့ လူတွေ သွားလေရာ လိုက်ပြီး ဈေး ၁ ပြား ပိုပေးတယ်။ သူဌေးဟူရဲ့လူတွေကလည်း အထက်က မှာထားတဲ့အတိုင်း ၁ ပြား ထပ်တိုးပေးတယ်။

ကျောက်အာတို့ ဒေါသထွက်ပြီး ပြန်လှည့်သွားတယ်။

၂ ရက်နေတော့ ပြန်ပေါ်လာပြီး ၁ ပြား ထပ်တိုးတယ်။

သူဌေးဟူရဲ့လူတွေက ရယ်မောကြတယ်။ "တောသားတွေ... မင်းတို့ကလည်း နှမြောလိုက်တာ၊ တစ်ခါတည်း များများ တိုးလိုက်ပါလား"

တခြား လှည်းပေါ်က လူတစ်ယောက်က ဒေါသထွက်ပြီး ရန်လုပ်မလို့ ပြင်ပေမဲ့ ဘေးလူက ဆွဲထားလိုက်တယ်။

နှစ်ယောက်သား ခေါင်းငိုက်စိုက်ချပြီး ပြန်သွားကြတယ်။ သူဌေးဟူရဲ့ လူတွေကတော့ ကျေနပ်နေကြတာပေါ့။ သူဌေးဟူက သတင်းကြားတော့ မုတ်ဆိတ်မွေး သပ်ပြီး ပြောလိုက်တယ်။ "ဒီလို လုပ်မှ မှန်တာ၊ သူတို့ စိတ်ဓာတ်ကျသွားအောင် လုပ်ပစ်ရမယ်"

ဒီရက်ပိုင်း တာဟယ်မြို့နယ် တဝိုက်က တောင်သူတွေ ပျော်နေကြတယ်။

အရင်က ဝက်စာကျွေးရတဲ့ ဟင်းရွက်တွေက အခုတော့ အသားဈေး ဖြစ်နေပြီ။

ဝက်သား ၁ ပိဿာ ၁၅ ပြား၊ ဟင်းရွက် ၁ ပိဿာ ၁၄ ပြား။ ရွာသားတွေက ဟင်းရွက် မစားတော့ဘဲ အသားဝယ်စားကြတော့တယ်။

မြို့ပေါ်က လူတွေကတော့ ပြောင်းပြန် ဖြစ်နေတယ်။ အသား မစားဘဲ ဟင်းရွက် စားနေကြသလိုပဲ။ မြို့သားတွေက သက်သတ်လွတ် စားချင်နေကြတာ နေမှာပေါ့ လို့ တောင်သူတွေက ထင်နေကြတယ်၊

တောင်သူတွေက ဟင်းရွက်တွေကို မစားဘဲ ရောင်းဖို့ ချန်ထားကြတော့ ဟင်းရွက်အထွက်နှုန်းက ပိုများလာတယ်။ ဝယ်လိုအားထက် ရောင်းလိုအား များနေပြီ။

ဒါပေမဲ့ ပိုနေတဲ့ ဟင်းရွက်တွေကို ချန်ထားလို့ မရဘူး။ ဟိုတောသားတွေက လိုက်ဝယ်နေတုန်းပဲလေ။ သူတို့ လက်ထဲ မရောက်အောင် သူဌေးဟူက အကုန် သိမ်းဝယ်ရတယ်။ ကုန်သည်တွေက ဒီလောက်အများကြီး မလိုချင်ဘူး။ ဟင်းရွက်ဆိုတာကလည်း အထားမခံဘူး။ ဒါကြောင့် ညရောက်ရင် လွှင့်ပစ်ရတော့တာပဲ။

87 06

ဒါတွေက ငွေတွေချည်းပဲ။

ဒါတင် မကသေးဘူး၊ သူဌေးဟူက ရန်သူကို အပြတ်ရှင်းချင်တဲ့ စိတ်နဲ့ သူ့လူတွေကို နေရာအနှံ့ လွှတ်ပြီး ကျောက်အာရဲ့စီးပွားရေး မှန်သမျှကို လိုက်ဖျက်ဆီးခိုင်းတယ်။

ဈေးကွက် ယှဉ်ပြိုင်မှုက ပြင်းထန်လာတယ်။ ဟူယန်းမြို့က ဟင်းသီးဟင်းရွက် ဈေးတင် မကဘူး၊ တခြား ကုန်ပစ္စည်း ဈေးတွေပါ တက်ကုန်တယ်။ မြို့ပေါ်အထိ ဂယက်ရိုက်ပြီး မြို့နယ်ဝန်ရွှီတောင် သတိထားမိလာတယ်။

******

88 01

အခန်း (၈၈)

ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေက တစ်ပိဿာ ၂၀ ပြားအထိ ရောက်သွားတဲ့ အချိန်မှာ ကျောက်အာက သူ့လူတွေကို အကုန် ရပ်ခိုင်းလိုက်တယ်။

သူ တာဟယ်မြို့နယ်က ပြန်ထွက်လာတော့ သူဌေးဟူရဲ့လှည်းနဲ့ ပက်ပင်းတိုးတယ်။

သူဌေးဟူရဲ့လှည်းက အလှဆင်ထားတဲ့ မြင်းလှည်းကြီး၊ ကျောက်အာရဲ့လှည်းကတော့ အပြာရောင် လိုက်ကာပဲ ကာထားတဲ့ လားလှည်းလေး။ သူတို့နှစ်ယောက် တစ်ခါမှ စကားမပြောဖူးကြပေမဲ့ နောက်ကွယ်မှာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးကြလို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိနေကြပြီ။

သူဌေးဟူက နှုတ်ခမ်းမွေးကို သပ်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြတယ်။ ကျောက်အာကတော့ ခံစားချက် မရှိတဲ့ မျက်နှာထားနဲ့ပဲ။ နှစ်ယောက်သား လမ်းခွဲထွက်ခွာတော့မယ်လုပ်တုန်း သူဌေးဟူရဲ့လှည်းမောင်းသမားက လှမ်းခေါ်တယ်။

သူဌေးဟူက လှည်းပေါ်က ဆင်းလာပြီး လက်နောက်ပစ်ကာ ရပ်ကြည့်နေတယ်။

ကျောက်အာလည်း လိုက်ကာကို မပြီး ဆင်းလာခဲ့တယ်။

အဝေးကနေ လှမ်းကြည့်ရင်း သူဌေးဟူက လက်ယှက် နှုတ်ဆက်လိုက်တယ်။ "ခွင့်လွှတ်ပါ၊ အားလုံးက ထမင်းဝမ်းစာ ရှာနေကြရတာ ဆိုတော့ မလွယ်ပါဘူး"

ကျောက်အာက ပြုံးလိုက်ပြီး "ထမင်းဝမ်းစာ ရှာတယ် ဟုတ်လား။ ဘယ်သူက မရှာလို့လဲ။ ဒါပေမဲ့ ဂုဏ်သရေရှိ သူဌေးဟူက ဒီလောက် အကျိုးအမြတ် နည်းနည်းလေးကိုမက်ပြီး ဒီလောက်ထိ အပင်ပန်းခံလိမ့်မယ်လို့ ထင်မထားမိဘူး။ နောင်တစ်ချိန် နောင်တ မရပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်"

ဒီလို စကားမျိုး သူဌေးဟူ ကြားဖူးလွန်းလို့ ရိုးနေပြီ။ ရှုံးတဲ့သူက မခံချင်စိတ်နဲ့ ပြောသွားတဲ့ စကားလုံးတွေလေ။

"နောင်တ ဟုတ်လား... ကျုပ် ဘယ်တော့မှ နောင်တရမယ့် အလုပ် မလုပ်ဘူး" သူဌေးဟူက ရယ်မောရင်း ပြန်ပြောတယ်။

"ဒါဆိုရင်... နောက်မှ ပြန်တွေ့ကြတာပေါ့" ကျောက်အာက လက်ယှက် နှုတ်ဆက်ပြီး လှည်းပေါ် ပြန်တက်သွားတယ်။ လှည်းက အဝေးကို ထွက်ခွာသွားပြီ။

သူဌေးဟူက လှည်းပေါ် ပြန်တက်ပြီး သီချင်းတောင် ညည်းနေလိုက်သေးတယ်။

"သူဌေး... ဟိုတောသားက ရယ်စရာ ကောင်းလိုက်တာ၊ နောက်မှ ပြန်တွေ့ကြမယ်တဲ့"

သူဌေးဟူက ဟားတိုက် ရယ်မောလိုက်တယ်။ "ပြန်တွေ့တာ ကောင်းတာပေါ့ကွ။ ဒါဆိုရင် ဒီကောင် နောက်ထပ် စီးပွားရေး လုပ်ဦးမယ် ဆိုတဲ့ သဘောပဲ။ ငါတို့လည်း ဝင်ငွေထပ်ရတာပေါ့။ ငါ ပြောမယ်... ဒီကောင်လေးက ဉာဏ်ကောင်းတယ်ကွ။ အရင်းအနှီး တစ်ပြားမှ မစိုက်ဘဲ ဒီလောက် ကြီးကျယ်တဲ့ ကစားပွဲကို ကစားနိုင်တာ သာမန် မဟုတ်ဘူး။ နှမြောစရာပဲ..."

"သူဌေး ဘာကို ဆိုလိုတာလဲ"

"မင်းက ဟင်းသီးဟင်းရွက်ကိုပဲ မြင်နေတာကိုး။ ဒီထဲမှာ အများကြီး ရှိသေးတယ်။ အခု ဟင်းသီးဟင်းရွက်၊ နောက်ကျရင် ဆန်၊ ဆီ၊ ဆား... အိမ်မှုကိစ္စအတွက် လိုအပ်တာတွေ အကုန်လုံး လုပ်လို့ ရတယ်။ ဒီထဲက တစ်ခုလောက် အောင်မြင်ရင်တောင် ချမ်းသာပြီ။ နှစ်ခုလောက် လုပ်နိုင်ရင် သူဌေးကြီး ဖြစ်ပြီ။ သုံးခုလောက် လုပ်နိုင်ရင် ကျန်းနန်က သူဌေးကြီးတွေကိုတောင် ယှဉ်နိုင်ပြီ"

"ငါက ဟင်းသီးဟင်းရွက်ကို လုနေတာ မဟုတ်ဘူး၊ သူ့ရဲ့ ကွန်ရက်ကို လုနေတာ။ အချက်အချာကျတဲ့ နေရာတွေကနေ ဖြန့်ကျက်ထားတဲ့ ကွန်ရက်ကြီးလေ။ ငါ့ဉာဏ်က သူ့ထက် မညံ့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့သာ၊ မဟုတ်ရင် သူ့ကို ငါ့လက်အောက် ခေါ်ထားလိုက်ချင်တာ"

သူဌေးဟူ ပြောတာတွေက နက်နဲလွန်းလို့ တပည့်ဖြစ်သူ နားမလည်ပေမဲ့ ခေါင်းငြိမ့် ထောက်ခံလိုက်တယ်။ သူဌေးဟူက ဘယ်သူ့ကိုမှ အထင်မကြီးတတ်ပေမဲ့ ဒီကောင်လေးကိုတော့ အသိအမှတ်ပြုနေပုံ ရတယ်။

သူဌေးဟူက ပြုံးရင်းနဲ့ ကျောက်အာ ချန်ထားခဲ့တဲ့ ကွန်ရက်ကြီး တစ်ခုလုံးကို ဘယ်လို ဝါးမြိုမလဲ ဆိုတာ စဉ်းစားနေပြီ။

88 02

လအတော်ကြာ အပြင်ထွက်နေပြီးမှ ရွာပြန်ရောက်လာတဲ့ ကျောက်အာဟာ ဖုန်တွေ၊ သဲတွေနဲ့ ပေပွနေတယ်။

ရွှီချင်းပိုင်တို့က စီးပွားရေး ပျက်သွားပြီလို့ ထင်ပြီး ဝိုင်းဝန်း နှစ်သိမ့်ပေးကြတယ်။ ကျောက်အာက ဘာမှ ပြန်မပြောတော့ သူတို့ ပိုပြီး အထင်လွဲကုန်ကြတာပေါ့။

ကျောက်အာက အိမ်မပြန်ဘဲ တောင်ပေါ်ကို အရင်တက်သွားတယ်။ အလုပ်ရုံလေးထဲမှာ အမျိုးသမီးတွေ အလုပ်ကြိုးစားနေကြတာမြင်မှ စိတ်သက်သာရာ ရသွားတယ်။

အဒေါ်ကောင်းက သူ့ကို မြင်တော့ အော်ပြောလိုက်တယ်။ "ကျောက်အာ ပြန်လာပြီဟေ့"

အမျိုးသမီးတွေ ဝိုင်းလာပြီး နှုတ်ဆက်ကြတယ်။ အများစုက ရင်းနှီးပြီးသား သူတွေပါ။ တချို့က နောက်မှ ရောက်လာသူတွေဆိုပေမဲ့ ကျောက်အာရဲ့ စိတ်သဘောထား ကောင်းတာကို သိနေကြတယ်။

ဒီမှာ အလုပ်လုပ်ရတာ ကောင်းတယ်။ နေ့လယ်စာ ကျွေးတယ်၊ အထည် အရေအတွက်နဲ့ ပိုက်ဆံပေးတယ်။ လက်မြန်တဲ့သူတွေ ဆို တစ်လကို ငွေ ၁ ကျပ်လောက် ရကြတယ်။

မြို့ပေါ်မှာ ၁ ကျပ် ဆိုတာ ဘာမှ မဟုတ်ပေမဲ့ တောရွာမှာတော့ အများကြီးပဲ။

အရင်က ယောက်ျားတွေပဲ အလုပ်လုပ်ပြီး မိန်းမတွေက အိမ်မှုကိစ္စ လုပ်ကြရတာ။ အခုတော့ ပြောင်းပြန် ဖြစ်ကုန်ပြီ။ မိန်းမတွေက ဝင်ငွေ ပိုကောင်းနေတော့ တစ်မိသားစုလုံးက ဝိုင်းကူပေးကြတယ်။ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်း တာဝန်တွေကို တခြားလူတွေ ယူပေးကြလို့ မိန်းမတွေက အလုပ်ပဲ အာရုံစိုက်ရုံ ရှိတော့တယ်။

ကျောက်အာကြောင့် ရွာထဲက အမျိုးသမီးတွေ မျက်နှာပွင့်လန်းလာကြတယ်။ ကိုယ်ပိုင် ဝင်ငွေ ရှိတော့ ခါးမတ်နိုင်လာကြတာပေါ့။ တချို့ ယောက္ခမတွေက ချွေးမကို နိုင်စားချင်ပေမဲ့ ချွေးမက ပြန်နိုင်ဖို့ စကားတစ်ခွန်းပဲ လိုတယ်လေ။ "ဒါဆို အိမ်ပြန်တော့မယ်"

ဒါကြောင့် အလုပ်ရုံက အမျိုးသမီးတွေက ကျောက်အာကို ချစ်ကြတယ်။

"ကျောက်အာရေ... ညည်း စဉ်းစားတဲ့ နည်းလမ်းက တကယ် ကောင်းတာပဲ။ တစ်ယောက်က အထည်ညှပ်၊ တစ်ယောက်က လက်မောင်းတပ်၊ တစ်ယောက်က ဘောင်းဘီချုပ်... ဒီလို လုပ်လိုက်တော့ ပိုမြန်ပြီး ပိုသက်သာသွားတယ်" အမျိုးသမီး တစ်ယောက်က ပြောတယ်။

စားပွဲပေါ်မှာ အထည်ပုံကြီး ရှိနေတယ်။ ဒါ ဒီနေ့ နေ့ဝက်အတွင်း ပြီးသွားတဲ့ အထည်တွေ။

အလုပ်ရုံက သေးပြီး လူနည်းတယ်။ အရင်က တစ်ယောက် တစ်ထည် ချုပ်တုန်းက တစ်နေ့ကို ၅-၆ ထည်ပဲ ပြီးတာ။ လူ ၁၀ ယောက်ဆိုတော့ ၅၀-၆၀ ပေါ့။ ဒါက နည်းလွန်းတယ်။ လူထပ်ငှားဖို့ကလည်း မလွယ်တော့ ကျောက်အာက လုပ်ငန်းခွဲဝေမှု စနစ်ကို သုံးလိုက်တာ။

တစ်ယောက်က ညှပ်မယ်၊ တစ်ယောက်က ချုပ်မယ်၊ တစ်ယောက်က ကြယ်သီးတပ်မယ်... ဒီလို အဆင့်ဆင့် လုပ်သွားတော့ ပိုမြန်သလို အချင်းချင်းလည်း စိတ်ဝမ်းကွဲစရာ မရှိတော့ဘူး။ အရင်က ကိုယ်ချုပ် ကိုယ်ယူ ဆိုတော့ လုကြတာတွေ ရှိခဲ့ဖူးတယ်လေ။ အခုတော့ အားလုံး မျှဝေခံစားကြရတာ။

ကျောက်အာ သူတို့နဲ့ ခဏ စကားပြောပြီး ပြန်ဆင်းလာတယ်။

အိမ်ရောက်တော့ ရေနွေးကြိုပြီး ရေချိုးလိုက်တယ်။ သန့်ရှင်းသွားမှ အိပ်ရာဝင်တယ်။

ပင်ပန်းလွန်းလို့ အိပ်ပျော်လုနီးပါး ဖြစ်နေတုန်း အပြင်ရောက်နေတဲ့ သူ့ကောင်လေးကို သတိရမိသွားတယ်။

စီရင်စုအဆင့် စာမေးပွဲကြီး ဖြေရမယ့်ရက် ရောက်ပြီလား၊ မရောက်သေးဘူးလား... တွက်လို့မရတာနဲ့ ဆက်မတွေးတော့ဘဲ အိပ်လိုက်တော့တယ်။

88 03

တစ်ချိန်တည်းမှာပဲ... ထိုက်ယွမ်မြို့၊ ပြည်နယ်ရုံးတော်အတွင်းက ခန့်ညားထည်ဝါတဲ့ စာကြည့်ခန်း တစ်ခုထဲမှာ လူ ၃ ယောက် ထိုင်နေကြတယ်။

တစ်ယောက်က အသက် ၂၀ ကျော် လူငယ်၊ နောက်တစ်ယောက်က လူလတ်ပိုင်း၊ နောက်ဆုံး တစ်ယောက်ကတော့ အသက် ၆၀ ကျော် လူကြီး။

အသက် ၆၀ ကျော် လူကြီးကတော့ ဒီနှစ် ကျောင်းတော်အဆင့်စာမေးပွဲကြီးရဲ့ အဓိက စစ်ဆေးသူ ရှန်းရှီး ပညာရေးအရာရှိချုပ် စူးယိုကျန့်ပါပဲ။

စာမေးပွဲ ပြီးသွားပြီမို့ ကျောင်းသားတွေ သက်ပြင်းချနိုင်ကြပြီ။ ဒါပေမဲ့ စစ်ဆေးသူတွေအတွက်တော့ အမှတ်ပေးရတာတင် မကဘူး၊ နိုင်ငံရေး အရပါ စဉ်းစားချင့်ချိန်သေးရတာကြောင့် အလုပ်ရှုပ်နေတုန်းပါပဲ။

အရာရှိလောကဆိုတာ ရှုပ်ထွေးတယ်။ ပညာရေးအရာရှိချုပ်ဆိုတာ စာသင်ကျောင်းတွေကိုပဲ အုပ်ချုပ်ရတာ မဟုတ်ဘူး။ နိုင်ငံရေး အုပ်စုတွေရဲ့ အားပြိုင်မှုတွေ ကြားမှာ နေရတာ။ ကိုယ့်ဘက်တော်သားတွေ များလာအောင်၊ ပြိုင်ဘက်တွေကို နှိပ်ကွပ်နိုင်အောင် နည်းမျိုးစုံ သုံးရတယ်။

စူးယိုကျန့် ဒီနေရာ ရလာတာက သူ့အုပ်စုက ကြိုးစားပမ်းစား လုယူခဲ့ရလို့ပါ။ ရည်ရွယ်ချက်ကတော့ တိုင်းပြည်အတွက် လူတော်တွေ ရွေးချယ်ပေးရင်း ကိုယ့်အုပ်စုအတွက် သွေးသစ်လောင်းပေးဖို့ပေါ့။

အခု သူတို့ ၃ ယောက် ခေါင်းချင်းဆိုင်နေကြတာ စာမေးပွဲ အဖြေလွှာ တစ်ရွက်ကြောင့်ပဲ။

"သူက လင်းမြောင်ရဲ့တပည့်၊ လင်းမြောင်က လုဟွမ်ချင်းရဲ့တပည့်။ လူဟွမ်းချင်ရဲ့မြောက်ပိုင်းဂိုဏ်းက အသံတိတ် နေပေမဲ့ ပညာရှင်လောကမှာ သြဇာရှိတယ်။ ပြဿနာက လုဟွမ်ချင်းက ဘယ်ဘက်မှ မလိုက်ဘဲ ကြားနေ နေတာပဲ။ ဒီကောင်လေးကို စာမေးပွဲသုံးဆင့် ပထမဆုရှင်ဘွဲ့ ပေးလိုက်ရင် များလွန်းမနေဘူးလား" ထိုက်ယွမ်မြို့ဝန် ဖန်ကျင်းက ပြောတယ်။

"တခြားအကြောင်းအရာတွေ မပါဘဲ စာအရေးအသား သက်သက် ကြည့်မယ်ဆိုရင်တော့ သူ ရသင့်ပါတယ်" စူးယိုကျန့်က ပြောတယ်။

ဒါကြောင့်လည်း သူတို့ကို ခေါ်တိုင်ပင်နေတာ။ မူလအစီအစဉ်အရဆိုရင် ပထမဆုရှင်က တခြားလူ ဖြစ်ရမှာ။

ရှန်ဖူက အဖြေလွှာကို ယူပြီး နောက်တစ်ခေါက် ဖတ်ကြည့်တယ်။

လက်ရေးက သပ်ရပ်တည်ငြိမ်ပြီး အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ရေးထားသလိုပဲ။ အသက် ၁၅ နှစ်အရွယ် ကောင်လေး ရေးထားတယ် ဆိုတာ ယုံချင်စရာ မကောင်းဘူး။

အဖြေလွှာမှာ နာမည် မပါဘူး။

ဒါပေမဲ့ အဓိကပုဂ္ဂိုလ်တွေအတွက်တော့ နာမည် ပါမပါ အရေးမကြီးပါဘူး။ ပြည်နယ်အဆင့်စာမေးပွဲက အဆင့်မြင့် စာမေးပွဲတွေလောက် တင်းကျပ်မှု မရှိဘူးလေ။

နိုင်ငံရေး အုပ်စုတွေက ဒီနေရာကို အရေးထားကြတာ အကြောင်းရှိတယ်။ ဒီအဆင့် အောင်ရင် ရှို့ချိုင် ဖြစ်ပြီ။ ရှို့ချိုင် ၁၀ ယောက်မှာ ၁ ယောက်က ကျူးရန် ဖြစ်လာနိုင်တယ်။ ကျူးရန် ၁၀ ယောက်မှာ ၁ ယောက်က ကျင်းရှီ ဖြစ်လာနိုင်တယ်။ ကျင်းရှီ ဖြစ်ရင် အရာရှိ ဖြစ်ပြီ။ ဒါ ကိုယ့်အတွက် အင်အားပဲ။

ရှန်မိသားစုက အင်အား နည်းသေးတော့ ဖြည်းဖြည်းချင်း စုဆောင်းရတာပေါ့။

ရှန်ဖူက ပြုံးလိုက်ပြီး ပြောတယ်။

"ကျွန်တော် ထင်တာတော့ ဦးလေးတို့ သိပ်ပြီး ခေါင်းစားနေစရာ မလိုပါဘူး။ သူက ကျွန်တော်တို့လူ မဟုတ်ပေမဲ့ သူများလူလည်း မဟုတ်သေးဘူး။ ပြီးတော့... ကျွန်တော် သူ့ကို တစ်ခါ ဆုံဖူးတယ်၊ စိတ်ဝင်စားစရာ ကောင်းတဲ့ လူငယ်လေးပါ"

88 04

"ဟေ..." စူးယိုကျန့်နဲ့ ဖန်ကျင်း အံ့သြသွားကြတယ်။

ဖန်ကျင်းက မေးတယ်။

"သခင်လေး ၃... ဆိုလိုတာက..."

ရှန်ဖူက ကျူးရန်ဘွဲ့ပဲ ရထားပေမဲ့ ကျန်တဲ့ လူကြီး ၂ ယောက်က သူ့ကို လေးစားကြတယ်။ ဘာလို့လဲဆိုတော့ ရှန်မိသားစုထဲက တစ်ယောက် မကြာခင် အမတ်ချုပ် ဖြစ်လာတော့မှာ မို့လို့ပါပဲ။

အဲဒါက ရှန်ဖူရဲ့ ဦးလေး ရှန်လိ၊ သူက ဟန်လင်းကျောင်းတော်ဆင်းဖြစ်ပြီး လက်ရှိမှာ ရာထူးကြီး ရထားတယ်။ ရိုးသားဖြောင့်မတ်ပြီး နာမည်ကောင်း ရှိတယ်။

ဧကရာဇ်မင်းက အမတ်ချုပ်နေရာ လစ်လပ်နေလို့ လူရွေးခိုင်းထားတာမှာ ရှန်လိက ထိပ်ဆုံးက ပါနေတာကြောင့် ရှန်မိသားစုအတွက်တော့ အခွင့်အရေးကြီးပဲ။

စူးယိုကျန့်နဲ့ ဖန်ကျင်းက ရှန်မိသားစုရဲ့ ဘက်တော်သားတွေ။

"သူ့ကိုပဲ ပေးလိုက်ပါ။ သူက ဉာဏ်ကောင်းတဲ့သူပဲ၊ ဘယ်လို ရွေးချယ်ရမလဲ သိမှာပါ။ ပြီးတော့ ခရိုင်အဆင့်နဲ့ စီရင်စုအဆင့် စာမေးပွဲ အဖြေလွှာတွေကို ကြည့်ရသလောက် သူက အရာရှိ လုပ်ဖို့ သင့်တော်တဲ့သူလို့ ကျွန်တော် မြင်တယ်" ရှန်ဖူက စားပွဲကို ခေါက်ရင်း ပြောတယ်။

လူကြီး ၂ ယောက် နားမလည် ဖြစ်သွားတယ်။ "အရာရှိ လုပ်ဖို့ သင့်တော်တယ်" ဆိုတာ ဘာအဓိပ္ပာယ်လဲ။

တချို့က မွေးကတည်းက ရွှေဇွန်းကိုက်မွေးလာလို့ အရာရှိ ဖြစ်ကြတယ်။ တချို့က တော်ပေမဲ့ တစ်သက်လုံး နေရာမရကြဘူး။

"ကျွန်တော် သွားစရာ ရှိသေးလို့ ခွင့်ပြုပါဦး။ သိချင်ရင် သူ့ရဲ့ အရင်အဖြေလွှာတွေကို ယူကြည့်လိုက်ပါ" ရှန်ဖူက မတ်တတ်ရပ်ပြီး ပြောကာ ထွက်သွားတယ်။

သူ ထွက်သွားတော့ လူကြီး ၂ ယောက်က အဖြေလွှာဟောင်းတွေကို ယူကြည့်ကြတယ်။

ခရိုင်အဆင့်အဖြေလွှာက တောက်ပထက်မြက်နေပေမဲ့ စီရင်စုအဆင့် အဖြေလွှာကတော့ ရိုးအီနေသလိုပဲ။ မကောင်းဘူးလို့ ပြောလို့ မရပေမဲ့ ရှေးရိုးဆန်လွန်းနေတယ်။

နောက်ဆုံးတော့ စူးယိုကျန့် သဘောပေါက်သွားပြီး ပြုံးလိုက်တယ်။ "သူ့ကိုပဲ ပေးလိုက်ရအောင်"

ဖန်ကျင်း နားမလည်တော့ စူးယိုကျန့်က ရှင်းပြတယ်။ "မင်းနဲ့ ကျိုးဟယ်ရှင်း (စီရင်စုအဆင့် စစ်ဆေးသူ) က စာမေးပွဲ အပတ်စဉ် တူတယ် မဟုတ်လား။ သူ့အကြောင်း မင်း သိမှာပါ"

ဖန်ကျင်း သဘောပေါက်သွားပြီး ရယ်မောလိုက်တယ်။ "ဒါဆို သူ့ကိုပဲ ပေးလိုက်တာပေါ့"

အောင်စာရင်း ထွက်တဲ့နေ့မှာ ပြည်နယ်စာသင်ကျောင်းရှေ့က စာရင်းရှည်ကြီးရဲ့ ထိပ်ဆုံးမှာ စာလုံးကြီး ၃ လုံး ထင်ရှားစွာ ပေါ်ထွက်လာတယ်။

"ရွှီထင်းရှန်း"

(ခရိုင်အဆင့်၊စီရင်စုအဆင့်၊ကျောင်းတော်အဆင့် အောင်မြင်သွားပြီဖြစ်လို့ ရှို့ချိုင် ဖြစ်သွားပါပြီ။ ၃ဆင့်လုံး ပထမရခဲ့လို့ ရှို့ချိုင်ထဲက အမြင့်ဆုံးအဆင့် လင်ရှန်းရှို့ချိုင် ဖြစ်သွားတာပါ။)

******

All Chapters