အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
89 01
အခန်း (၈၉)
ဒီရက်ပိုင်း ကျောက်အာက အိမ်မှာပဲ နေပြီး တောင်ပေါ်ကိုပဲ တက်လိုက် ဆင်းလိုက် လုပ်နေတယ်။
အဘွားကျောက်ကတော့ ကျောက်အာက အပြင်မှာ စီးပွားရေး ရှုံးလာလို့ ပြန်လာတာဆိုပြီး သဘောပေါက်ထားတယ်။ ဒါကြောင့် အခွင့်ကောင်းယူပြီး စကားနာ ထိုးလေ့ရှိတယ်။
"ငါ ပြောသားပဲ... မိန်းမဆိုတာ အိမ်မှာပဲ နေရမှာ။ ဘာလို့ အပြင်ထွက်ပြီး စီးပွားရေး လုပ်နေလဲ။ အခုတော့ ရှုံးပြီး ပြန်လာရပြီ မဟုတ်လား"
"ပြန်ရောက်ပြီဆိုတော့ အိမ်အလုပ်တွေ လုပ်ဦး၊ နေ့တိုင်း လျှောက်သွားမနေနဲ့"
အဘွားကျောက် စကားကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ရွှီချင်းပိုင်က သားသမီး ဝတ္တရားအရ နည်းနည်းပါးပါး ပြန်ပြောပေးရုံကလွဲပြီး ကျန်တဲ့သူတွေက အဖတ်မလုပ်ကြဘူး။
ဒါပေမဲ့ ဒီတစ်ခါတော့ အဘွားကျောက်မှာ မဟာမိတ် ရသွားတယ်။ အဲဒါကတော့ အဘိုးရွှီပါပဲ။
အဘိုးရွှီကလည်း ကျောက်အာ အပြင်ထွက်ပြီး လျှောက်လုပ်နေတာကို သဘောမကျဘူး။ အိမ်မှာပဲ နေစေချင်တယ်။
"မင်း အသက်လည်း မငယ်တော့ဘူး။ မင်းအဘွား ပြောတာ မှန်တယ်။ နေရာတကာ လျှောက်သွားနေတာ ကြည့်မကောင်းဘူး။ အရင်ကတော့ ထားလိုက်ပါတော့၊ နောက်ဆို ဆင်ခြင်။ အားရင် မင်းအဘွားကို ကူလုပ်ပေး"
အဒေါ်စွန်းက အဘွားကျောက်နဲ့ အဘိုးရွှီကို ကြည့်ပြီး တစ်ခုခု ပြောမလို့ လုပ်တုန်း ကျောက်အာက လှမ်းတားလိုက်တယ်။
ကျောက်အာက ပြုံးပြုံးလေးနဲ့ ပြောလိုက်တယ်။ "အဘိုး ပြောတာ ဟုတ်ပါတယ်၊ နောက်ဆို သိပ်မသွားတော့ပါဘူး"
"ဒါမှ ဟုတ်မှာပေါ့" အဘွားကျောက်က အိမ်ရှေ့ခန်းဝကနေ လှမ်းကြည့်ပြီး
"ကြည့်စမ်း... မင်း အသားတွေ မည်းနေတာ မိန်းကလေးနဲ့တောင် မတူဘူး။ ကုန်းအာနဲ့ စေ့စပ်ထားလို့သာ၊ မဟုတ်ရင် ဘယ်သူက မင်းလို မိန်းမမျိုးကို ယူမှာလဲ"
ကျောက်အာနဲ့ အဒေါ်စွန်းက အိမ်ထဲက ထွက်လာကြတယ်။
"မင်းအဘွားက အသက်ကြီးလေ စကားများလေပဲ၊ ဂရုမစိုက်နဲ့" အဒေါ်စွန်းက နှစ်သိမ့်တယ်။
"စိတ်မပူပါနဲ့ အဒေါ်။ သူ့စကားကို နားထဲ ထည့်နေရင် ကျွန်မ သေတာ ကြာပေါ့။ သူ ပြောချင်ရာ ပြောပါစေ၊ ကျွန်မက နားမထောင်ပါဘူး"
နှစ်ယောက်သား လမ်းခွဲလိုက်ကြတယ်။ အဒေါ်စွန်းက တောင်ပေါ် တက်သွားပြီး ကျောက်အာကတော့ ဟေးကျစ်ကို ရေချိုးပေးဖို့ မြစ်ဆိပ်ဘက် ထွက်လာခဲ့တယ်။
မြစ်ဆိပ် ရောက်တော့ အမျိုးသမီးတွေ အဝတ်လျှော်နေကြတာ တွေ့ရတယ်။
"အဒေါ်တို့၊ အစ်မတို့... ကျွန်မ အောက်ဘက်နားမှာ ခွေးရေချိုးလိုက်ဦးမယ်နော်၊ ရေညစ်ပတ်သွားမှာ စိုးလို့"
ကျောက်အာက ဟေးကျစ်ကို ရေထဲ ဆင်းခိုင်းပြီး ဆပ်ပြာနဲ့ တိုက်ပေးတယ်။ သူမ သုံးတဲ့ ဆပ်ပြာက သာမန် ဆပ်ပြာသီး မဟုတ်ဘဲ မွှေးဆပ်ပြာ ဖြစ်နေတယ်။
"ဟယ်... ကျောက်အာက လက်ဖွာလိုက်တာ၊ ခွေးကိုတောင် မွှေးဆပ်ပြာနဲ့ ချိုးပေးတယ်တဲ့။ ဆပ်ပြာသီးထက် အများကြီး ဈေးကြီးတာကို" အမျိုးသမီး တစ်ယောက်က ပြောတယ်။
"အဒေါ်ရယ်... အိမ်ကအထွက် မှားယူလာမိလို့ပါ၊ ပြန်မယူချင်တော့လို့ သုံးလိုက်တာပါ"
"ဒီဆပ်ပြာခဲလေးက သေးသေးလေး၊ ခွေးကို တိုက်လိုက်ရင် ကုန်သွားမှာပေါ့။ ညည်းကတော့ နှမြောရကောင်းမှန်း မသိဘူး"
တခြား အမျိုးသမီး တစ်ယောက်က ဝင်ပြောတယ်။ "သူများ ဘာသုံးသုံး အဒေါ်နဲ့ ဘာဆိုင်လို့လဲ။ ကျောက်အာက ပိုက်ဆံရှာတတ်တယ်လေ၊ သူ ကြိုက်တာ သူ သုံးမှာပေါ့"
89 02
"ငါက သူ့ဘက်က နှမြောပေးနေတာပါဟဲ့"
"အဒေါ် နှမြောပေးစရာ မလိုပါဘူး"
"ဟုတ်တယ်၊ ဟုတ်တယ်"
အမျိုးသမီးတွေ ဝိုင်းပြောကြတော့ ဒီကိစ္စ ပြီးသွားတယ်။
ဒါပေမဲ့ ကျောက်အာက ရွာထဲ သိပ်မထွက်လာတတ်တော့ သူတို့က စပ်စုချင်နေကြတယ်။ စီးပွားရေး ဘယ်လောက် ရှုံးလာလဲ၊ ဘယ်တော့ မင်္ဂလာဆောင်မှာလဲ ဆိုတာတွေ မေးကြတယ်။ ဒါကြောင့် ကျောက်အာက ရွာထဲ သိပ်မလာချင်တာ။ မေးတာ မဖြေရင် မယဉ်ကျေးရာ ရောက်မယ်၊ ဖြေရင်လည်း အကုန် ပြောပြနေရမှာ။
"ကြည့်ရတာ ထင်းရှန်းက အခု တော်နေပြီဆိုတော့ ကျောက်အာကို ကြိုက်ပါ့မလား မသိဘူး။ စာတတ်ပေတတ်တွေက မျက်နှာမြင့်ကြတယ်လေ။ မြို့ပေါ်က သူဌေးသမီးတွေ ဘာတွေနဲ့များ ငြိနေလား မသိဘူး" အဒေါ်တာ့ထျန်က ပြောတယ်။
"နင်ကလည်း ဘာစကား ပြောတာလဲ။ ကြိုက်တာ မကြိုက်တာ ထား၊ ဒါက လူကြီးချင်း ကတိပြုထားပြီးသား ကိစ္စ။ ရွှီမိသားစုက ကတိဖျက်ရဲပါ့မလား"
"အဲဒါက မတူဘူးလေ။ ယောက်ျားက မကြိုက်ရင် မိန်းမပဲ နစ်နာမှာ။ ထင်းရှန်းက ရွာမှာပဲ နေမယ့် လယ်သမားမှ မဟုတ်တာ၊ အပြင်လောကကို ထွက်မယ့်လူ။ မိန်းမချောတွေ တွေ့ရင် စိတ်ပြောင်းသွားနိုင်တာပဲ"
အဒေါ်တာ့ထျန်က ပြောရင်းနဲ့ ကျောက်အာကို လှမ်းကြည့်တယ်။ "ကျောက်အာ... အဒေါ် ပြောတာ စိတ်မဆိုးနဲ့နော်၊ ညည်း ကောင်းဖို့ ပြောတာပါ"
သူ့ကို အမြဲ ဆန့်ကျင်တတ်တဲ့ မျက်နှာဝိုင်းဝိုင်းနဲ့ အမျိုးသမီးက ဝင်ပြောတယ်။ "ထင်းရှန်းက ကျောက်အာကို မကြိုက်ရင် နင့်သမီး လမေ့ကို ကြိုက်မယ် ထင်နေလား။ နင်က ထင်းရှန်း အောင်မြင်လာတာ မြင်ပြီး မနာလို ဖြစ်နေတာ မဟုတ်လား။ ကျောက်အာ မရှိရင်တောင် ထင်းရှန်းက နင့်သမီးကို ကြိုက်မှာ မဟုတ်ဘူး"
"ဟဲ့... နင် ဘယ်လို ပြောလိုက်တာလဲ။ ငါ့သမီးက ဘာဖြစ်လို့လဲ။ ငါ့သမီးက အသားဖြူတယ်၊ တင်ပါးကြီးတယ်၊ ကလေးမွေး ကောင်းတယ်၊ အရပ်ပုတော့ ယောကျ်ားကို မကျော်ဘူး"
ဒါက ကျောက်အာကို တိုက်ခိုက်လိုက်တာပဲ။ ကျောက်အာက အသားမည်းတယ်၊ တင်ပါးသေးတယ်၊ အရပ်ရှည်လို့ ယောကျ်ားကို ကျော်နေတယ်ဆိုတဲ့ သဘောပေါ့။
"ပြီးတော့ ငါ့သမီးက ထင်းရှန်းထက် ငယ်တယ်။ မိန်းမက ငယ်မှ ကောင်းတာ။ မိန်းမတွေက အိုလွယ်တယ်၊ ကြီးလာရင် လင်မယား မဟုတ်ဘဲ မောင်နှမ ဖြစ်နေဦးမယ်"
ကျောက်အာ စိတ်တိုလာပြီ။ တစ်ခုခု ပြန်ပြောမလို့ လုပ်တုန်း အနောက်ကနေ ယောက်ျားလေး အသံ ထွက်လာတယ်။
"အဒေါ်တာ့ထျန် ပြောတာ ဟုတ်တယ်၊ အဒေါ့်သမီး လမိုင်းက ရုပ်ရင့်တယ်။ နောက်ဆို ယောကျ်ား ရှာရင် သေချာ ရွေးဦး"
မိန်းမတွေကြားထဲမှာ ယောက်ျားသံ ထွက်လာတော့ အားလုံး လှည့်ကြည့်လိုက်ကြတယ်။
ကျောက်အာ လှည့်ကြည့်လိုက်တော့ နေရောင်အောက်မှာ ပြုံးနေတဲ့ လူငယ်လေးကို တွေ့လိုက်ရတယ်။
သူ မျက်စိကျိန်းသွားသလို ဖြစ်ပြီး ခဏလောက် ကြောင်နေမိတယ်။ "နင်... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"
ဘေးနားက အမျိုးသမီးတွေက "ထင်းရှန်း ပြန်လာပြီဟေ့" လို့ အော်နေကြတယ်။ ရွှီထင်းရှန်းက သူတို့ကို ပြန်နှုတ်ဆက်ရင်း ကျောက်အာကို မေးတယ်။ "ဘာလဲ... ငါ ပြန်လာလို့ မရဘူးလား"
89 03
"မဟုတ်ပါဘူး၊ အံ့သြသွားလို့ပါ။ စာမေးပွဲ ပြီးပြီလား"
"ပြီးပြီ"
တကယ်တော့ ရွှီထင်းရှန်း နည်းနည်း နောက်ကျသွားတာပါ။ သူက စာမေးပွဲ ၃ဆင့်လုံး ပထမ ရခဲ့တာလေ။ ဒါကြောင့် နာမည်ကြီးသွားပြီး လူတွေက ဖိတ်ကြားကြလို့ ကြာသွားတာ။
"အောင်လား"
ရွှီထင်းရှန်းက ပြုံးပြီး လက်နှစ်ဖက်ကို ဖြန့်ပြလိုက်တယ်။ "ကြည့်လေ"
သူ ဝတ်ထားတာက ကျောင်းသား ဝတ်စုံ။ အရောင်က စိမ်းပြာရောင်၊ လက်က အနားကွပ်ထားတယ်။ ခေါင်းမှာလည်း ပုဝါစည်းထားတယ်။
ဒီဝတ်စုံက စာမေးပွဲ အောင်တဲ့ ကျောင်းသား တွေမှ ဝတ်ခွင့်ရှိတာ။ သာမန် ကျောင်းသားတွေ ဝတ်လို့ မရဘူး။
ကျောက်အာ ဝမ်းသာအားရ ပြုံးလိုက်တယ်။ "တကယ် အောင်တာပဲ!"
ဘေးက အမျိုးသမီးတွေလည်း ဝိုင်းပြီး ဂုဏ်ပြုကြတယ်။
ရွှီထင်းရှန်းက သူတို့နဲ့ စကားနည်းနည်း ပြောပြီး ထွက်သွားမလို့ လုပ်တယ်။ ခြေလှမ်း ၂ လှမ်း လှမ်းပြီးမှ ရပ်လိုက်ပြီး ပြောလိုက်တယ်။ "အဒေါ်တာ့ထျန်... ကျွန်တော်နဲ့ကျောက်အာ လိုက်ဖက်လား။ ကျွန်တော်ကတော့ သိပ်လိုက်ဖက်တယ် ထင်တာပဲ"
"အမယ်... ဘာတွေ လာပြောနေတာလဲ၊ သွား သွား..."
ကျောက်အာက ရွှီထင်းရှန်းကို ဆွဲပြီး ခေါ်ထုတ်သွားတယ်။ ဟေးကျစ်ကိုတောင် မေ့ထားခဲ့တယ်။
မျက်နှာဝိုင်းဝိုင်းနဲ့ အမျိုးသမီးက အဒေါ်တာ့ထျန်ကို လှမ်းကြည့်ကာ ပြောပြီး ထွက်သွားကြတယ်။ "ငါလည်း သူတို့ လိုက်ဖက်တယ် ထင်တယ်။ ကဲ... ပြန်ကြစို့"
အဒေါ်တာ့ထျန် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ဒေါသထွက်လွန်းလို့ အဝတ်လျှော်တဲ့ တုတ်ကို မြေကြီးပေါ် ပစ်ချလိုက်တယ်။
ဘေးနားက ဟေးကျစ်ကို မြင်တော့ ခဲနဲ့ ကောက်ပေါက်မလို့ လုပ်ပေမဲ့ ဟေးကျစ်က လှမ်းကြည့်လိုက်တော့ ကြောက်ပြီး မပေါက်ရဲတော့ဘူး။
အဲဒီအချိန်မှာ ရေထဲ မျောပါသွားတဲ့ အဝတ်အစား တစ်ထည်ကို မြင်လိုက်လို့ အော်ဟစ်ပြီး ပြေးလိုက်ရရှာတယ်။
ဟေးကျစ်က နှာခေါင်းရှုံ့ပြီး ရေထဲ ဆင်းကာ ရေကူးနေလိုက်တယ်။
ရွာထဲ မဝင်ခင်မှာပဲ ဆူညံသံတွေ ကြားနေရပြီ။ ကျောက်အာက အစက အံ့သြပေမဲ့ ချက်ချင်း သဘောပေါက်လိုက်တယ်။
ခရိုင်ရုံးက သတင်းလာပို့တာပဲ ဖြစ်ရမယ်။ ရွှီထင်းရှန်းက နောက်ကျနေပေမဲ့ သတင်းပို့သူတွေနဲ့ အတူတူ ပြန်ရောက်လာတာပါ။ သူက ကျောက်အာဆီ လာပြီး သတင်းပို့သူတွေက ရွှီမိသားစုအိမ်ကို သွားတာလေ။
ဒီတစ်ခေါက်က အရင်နဲ့ မတူဘူး။ စာမေးပွဲ ၃ ဆင့်လုံး ပထမ ရတာက ရှားပါးတဲ့ ကိစ္စမို့ အခမ်းအနား ကြီးကျယ်တယ်။
ရွာလုံးကျွတ် ရွှီမိသားစု အိမ်ရှေ့ ရောက်နေကြတယ်။
"နင် အရင် ပြန်နှင့်မလား၊ ငါ ခဏနေမှ ပြန်လာခဲ့မယ်" ကျောက်အာက မေးတယ်။
"ငါ နင်နဲ့ အတူတူ လာမယ်"
89 04
"ဒါဆို တောင်ပေါ် အရင် သွားရအောင်၊ လူရှင်းမှ ပြန်ဆင်းမယ်"
နှစ်ယောက်သား ရွာအစွန်ဘက်ကနေ တိတ်တဆိတ် ထွက်လာကြတယ်။
စက်တင်ဘာလ အစပိုင်းမို့ ရာသီဥတုက ပူနေတုန်းပဲ။ သစ်ပင်ရိပ်တွေ အောက်ကနေ လျှောက်လာကြတယ်။
သူတို့ စကားမပြောဖြစ်ကြဘူး။
ကျောက်အာ စိတ်ထဲမှာ ရှုပ်ထွေးနေတယ်။ ရွှီထင်းရှန်းက အရင်နဲ့ မတူတော့သလို ခံစားရတယ်။ ပေးထားတဲ့ ဆံထိုး၊ စာ၊ ပြီးတော့ စောစောက အမျိုးသမီးတွေ ပြောတဲ့ စကားတွေ... အားလုံးက သူမကို စိတ်ဒုက္ခ ပေးနေတယ်။
တောင်ပေါ် ရောက်တော့ အိမ်ထဲမှာ လူမရှိဘူး။
ကျောက်အာက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီးမှ ရုတ်တရက် ရပ်လိုက်ပြီး ပြောလိုက်တယ်။ "ဒါနဲ့... အရင်တုန်းက နင် ပြောတဲ့ စကားတွေကို အတည် မယူပါနဲ့။ ငါလည်း စိတ်ထဲ မထားပါဘူး။ နင့်စိတ်ကြိုက် မိန်းကလေး တွေ့ရင် ငါ့ကို ပြော၊ ငါ ကိုယ်တိုင် သွားတောင်းပေးမယ်"
ရွှီထင်းရှန်း မျက်နှာ မဲမှောင်သွားတယ်။ သူ့အပြုံးတွေ ပျောက်သွားပြီး မျက်လုံးထဲမှာ မုန်တိုင်းတွေ ထန်လာတယ်။
"မင်း ဘာစကား ပြောတာလဲ"
"ငါ ပြောတာက နင့်စိတ်ကြိုက် မိန်းက..."
စကားမဆုံးခင်မှာပဲ ရွှီထင်းရှန်းက သူမကို သစ်ပင်မှာ တွန်းကပ်လိုက်တယ်။ ခေါင်းကို ဆောင့်မိသွားလို့ သူမ နာသွားပေမဲ့ အော်ချိန် မရလိုက်ဘူး။ သူမ နှုတ်ခမ်းက အပိတ်ခံလိုက်ရပြီ။
ရွှီထင်းရှန်းက ကြမ်းကြမ်းတမ်းတမ်း နမ်းနေတာက သူမကို ဝါးစားတော့မလိုပဲ။ ရင်းနှီးပြီးသား ကိုယ်သင်းနံ့နဲ့ စိမ်းသက်သက် အနံ့တွေ ရောထွေးပြီး သူမနှာခေါင်းထဲ တိုးဝင်လာတယ်။
သူမ မူးဝေလာတာကြောင့် တွန်းဖယ်ပေမဲ့ မရဘူး။
ရွှီထင်းရှန်းက သူမကို ကိုက်လိုက်သလို ခါးနဲ့ တင်ပါးတွေကိုလည်း ဆုပ်နယ်နေတယ်။
"ငါတို့ ဒီအဆင့်ထိ ရောက်နေပြီ၊ မင်းက ငါ့ကို လက်မထပ်ချင်ဘူး ဟုတ်လား။ ငါ့စာကို မင်း မဖတ်ဘူးလား"
ကျောက်အာ စကားပြန်မပြောနိုင်ဘူး။ ရွှီထင်းရှန်းက စိတ်လှုပ်ရှားလွန်းလို့ သူမအင်္ကျီရင်ဘတ်ကို ဆွဲဖြဲလိုက်တယ်။
"ဒီလိုဆိုရင်ရော... ဒီလိုဆိုရင်ရော..."
ကျောက်အာ အသက်လုရှူရင်း တွန်းထုတ်လိုက်တယ်။ "တော်တော့... နင် ရူးနေလား" အင်္ကျီကို ပြန်စေ့ရင်း သူမမျက်နှာ နီရဲနေတယ်။ "နင် တော်တော် ဆိုးနေပြီ"
"ငါ ဆိုးတာလား၊ ဘယ်သူက ဆိုးတာလဲ" ရွှီထင်းရှန်းက ဒေါသထွက်နေရာကနေ ဝမ်းနည်းသလို ဖြစ်သွားတယ်။ မျက်လုံးတွေက အရောင်တောက်နေတယ်။ "ငါ ပြောခဲ့တယ်လေ၊ အောင်မြင်ရင် ပြန်လာပြီး လက်ထပ်မယ်လို့။ မင်းက စိတ်ထဲ မထားဘဲ တခြားမိန်းမ သွားရှာခိုင်းနေတယ်။ ငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ"
ကျောက်အာ ပျာယာခတ်သွားတယ်။ "ငါ... ငါက..."
သူမ ရွှီထင်းရှန်းကို မကြည့်ရဲဘဲ မျက်လုံးတွေ ကလည်ကလည် ဖြစ်နေတယ်။ "ငါက နင့်ထက် အသက်ကြီးတယ်လေ။ ငါက ငယ်ငယ်ကတည်းက နင့်ကို မောင်လေးလို သဘောထားခဲ့တာ။ လူကြီးတွေ စေ့စပ်ပေးတာကလည်း အဆင်ပြေအောင် လုပ်ထားတာပဲ၊ ပြီးတော့... ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ"
******
9 01
အခန်း (၉၀)
ကျောက်အာက ဘာမှ မပြောဘဲ မျက်လွှာချထားတယ်။
"မောင်လေးတစ်ယောက်က အစ်မကို ဒီလိုလုပ်လို့ ရမလား" ရွှီထင်းရှန်းက ဒေါသထွက်ထွက်နဲ့ သူမလက်မောင်းကို ဆိတ်လိုက်တယ်။ ကျောက်အာ နာသွားလို့ အသက်ရှူ မြန်သွားတယ်။
"နင်... နင်..."
"ငါ ဘာဖြစ်လဲ" ရွှီထင်းရှန်းက ချက်ချင်း မျက်နှာပြောင်းသွားတယ်။ စောစောက ဝမ်းနည်းပက်လက် ဖြစ်နေရာကနေ အခုတော့ အတင်းအကျပ် အနိုင်ကျင့်တဲ့ပုံစံ ပေါက်သွားတယ်။ သူက ကျောက်အာရဲ့ နှုတ်ခမ်းကို ဖိနမ်းလိုက်ပြီး "မောင်လေး ဆိုတာ အစ်မကို ဒီလို နမ်းလို့ ရသလားလို့"
နဖူးချင်း တိုက်ပြီး အတင်းဖိကပ်ထားရင်း "မင်း တကယ် မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလား။ ငါတို့ လုပ်စရာ ရှိတာတွေ အကုန် လုပ်ပြီးနေပြီ၊ အခုမှ လာပြီး မောင်လေး ဘာလေး လုပ်နေသေးတယ်"
ကျောက်အာ ရုန်းမရတော့ လည်ပင်းလေး ကျုံ့ပြီး ရှောင်နေတယ်။ "နင် ဘာတွေ ပြောနေတာလဲ၊ ငါ နားမလည်ဘူး"
"နားမလည်ဘူး ဟုတ်လား" ရွှီထင်းရှန်း မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်။ ကျောက်အာ ကြောက်လန့်တကြားဖြစ်နေတုန်း ရုတ်တရက် သူမကို ကောက်ပွေ့လိုက်ပြီး ပခုံးပေါ် ထမ်းတင်လိုက်တယ်။
ကျောက်အာ ရုန်းကန်ပြီး အော်ဟစ်လိုက်တယ်။ "ဘာလုပ်တာလဲ၊ လွှတ်"
အဲဒီတော့မှ သူမ သတိထားမိတယ်။ လပိုင်းလေး အတွင်းမှာ ဒီကောင်လေး အရပ်တွေ ရှည်လာသလို သန်မာလည်း လာတယ်။ အရင်က သူမထက် အရပ်ပုတဲ့ ကောင်လေးက အခု သူမနဲ့ မတိမ်းမယိမ်း ဖြစ်နေပြီ။ လက်မောင်းတွေကလည်း သန်မာလိုက်တာ၊ သူမ ဘယ်လို ရုန်းရုန်း မလွတ်ဘူး။
ကြောက်လွန်းလို့ အော်လည်း မအော်ရဲ၊ ရုန်းလည်း မရုန်းရဲ ဖြစ်နေတယ်။ ပြုတ်ကျမှာလည်း စိုးရိမ်ရသေးတယ်။
"မြန်မြန် ချပေး၊ မနောက်နဲ့"
ပတ်ဝန်းကျင် တည်ငြိမ်သွားတော့မှ သူတို့ တောင်ပေါ်က အထည်သိုလှောင်ရုံထဲ ရောက်နေမှန်း သိလိုက်ရတယ်။
အောက်မှာ ပျဉ်ပြားခင်းထားပြီး အပေါ်မှာ အထည်လိပ်တွေ အထပ်လိုက် တင်ထားတယ်။ နေရာလွတ် တစ်ခုမှာ အထည်တွေ ဖယ်ထားပြီး ကျောက်အာကို အဲဒီအပေါ် ပစ်တင်လိုက်တယ်။
သူမ ထမလို့ လုပ်တုန်း ရွှီထင်းရှန်းက ပြန်ဖိချလိုက်တယ်။
"ငါ နောက်နေတာ မဟုတ်ဘူး၊ အတည်ပြောနေတာ"
ကျောက်အာ ဒီလို ရွှီထင်းရှန်းမျိုး တစ်ခါမှ မမြင်ဖူးဘူး။ အန္တရာယ် အငွေ့အသက်တွေ ထွက်နေပြီး ပုံမှန် မြင်နေကျ ရိုးသားတဲ့ ကောင်လေးနဲ့ လုံးဝ ကွာခြားနေတယ်။
"မင်း မလုံလောက်သေးဘူး ထင်ရင် ငါ နောက်တစ်ခါ ထပ်လုပ်ပြမယ်။ ဒီတစ်ခါတော့ အိပ်ချင်ယောင် ဆောင်မနေနဲ့"
ကျောက်အာ ခေါင်းထဲ ဗုံးကွဲသွားသလိုပဲ။ သူ သိနေတယ်လား။ အဲဒီတုန်းက သူမ အိပ်ချင်ယောင် ဆောင်နေတာကို သိလျက်နဲ့ ဆက်လုပ်ခဲ့တာလား။ ဘုရားရေ...
သူမ ကြောင်နေတုန်း ရွှီထင်းရှန်းက သူ့အင်္ကျီကြယ်သီးတွေကို ဖြုတ်လိုက်ပြီ။ လည်ပင်းမှာ ဆွဲထားတဲ့ ကြိုးမျှင်လေးကိုပါ ဖြတ်လိုက်တယ်။ အေးစက်စက် လေထုက သူမရင်ဘတ်ကို လာထိမှ သူမ သတိဝင်လာပြီး လက်နဲ့ ကာဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူမလက်နှစ်ဖက်ကို ရွှီထင်းရှန်းက ချုပ်ထားလိုက်ပြီ။
90 02
ခုခံလို့ မရတော့ သူမ ငိုမဲ့မဲ့ ဖြစ်လာပြီး တောင်းပန်လိုက်တယ်။ "ကုန်းအာ... တော်ပါတော့ဟာ၊ ငါ ကြောက်တယ်"
ရွှီထင်းရှန်း လှုပ်ရှားမှု ရပ်တန့်သွားတယ်။ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခဏကြာမှ ကိုယ်ကို မတ်လိုက်တယ်။ ကျောက်အာရဲ့မျက်ရည်တွေကို သုတ်ပေးရင်း တိုးတိုးလေး ပြောတယ်။
"ဘာလို့ ငိုတာလဲ၊ ငါက မင်းကို နာအောင် လုပ်မလို့မှ မဟုတ်တာ။ ဒေါသထွက်လို့ပါ"
ကျောက်အာ ဘာမှ ပြန်မပြောဘဲ လက်နဲ့ မျက်နှာအုပ်ထားတယ်။
"ငါတို့ ဒီအဆင့်ထိ ရောက်နေပြီ၊ မင်း ငါ့ကို လက်မထပ်ရင် ဘယ်သူ့ကို လက်ထပ်မှာလဲ"
ကျောက်အာက တွန်းထုတ်ပေမဲ့ မရဘူး။ သူ့လက်က ကျောက်အာရဲ့ရင်ဘတ်ပေါ်မှာ ရှိနေတုန်းပဲ။
"သူများတွေ ပြောတာ နားမထောင်နဲ့။ မင်းက ငါ့မိန်းမ ဖြစ်ကို ဖြစ်ရမှာ။ မငး်ကလွဲရင် ငါ ဘယ်သူ့ကိုမှ မယူဘူး"
"ငါက အသက်ကြီးတယ်" လက်ကြားထဲကနေ တိုးတိုးလေး ပြောတယ်။
"ငါ သိတယ်၊ အစကတည်းက သိပြီးသား"
"ငါ အသားမည်းတယ်၊ မဖြူဘူး"
"ငါ ဖြူရင် ပြီးရော၊ မင်း ဖြူစရာ မလိုဘူး"
"ငါ တင်ပါး မကြီးဘူး၊ ကလေးမွေး မကောင်းဘူး"
"စိတ်မပူပါနဲ့၊ မင်း သေချာပေါက် သားဦးလေး မွေးမှာ"
"နင် ဘယ်လို သိလဲ"
"ငါက ဗေဒင်ဆရာလေ၊ တွက်တတ်တယ်"
"တော်ပါတော့... ငါတို့ချင်း မလိုက်ဖက်ပါဘူး။ လူကြီးတွေ မှာခဲ့လို့ ဆိုပြီး နင် တာဝန်ယူစရာ မလိုပါဘူး။ ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး။ ငါက မိန်းမကောင်း မဟုတ်ဘူး၊ သူများတွေလို အိမ်မှုကိစ္စ နိုင်နင်းတဲ့ မိန်းမ မဟုတ်ဘူး"
ကျောက်အာက သူ့ကို တွန်းဖယ်ပြီး ထထိုင်လိုက်တယ်။ အဝတ်အစားတွေ ပြန်ပြင်ဝတ်ပြီး ထွက်သွားဖို့ လုပ်တယ်။
ရွှီထင်းရှန်းက သူ့လက်ကို လှမ်းဆွဲထားတယ်။
"အဲဒါကြောင့် မင်းက လက်မထပ်ချင်တာလား"
ကျောက်အာ ခဏတန့်သွားပြီး ဘာမှ ပြန်မပြောဘူး။
ရွှီထင်းရှန်းက လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့ကို ဆွဲလှည့်ကာ မျက်လုံးချင်း ဆုံအောင် ကြည့်ခိုင်းတယ်။
သူ့မျက်လုံးတွေက တည်ငြိမ်လေးနက်နေတယ်။ "ငါ ပြောတာ ယုံမယုံတော့ မသိဘူး။ ငါ မင်းကို လက်ထပ်ချင်တာ လူကြီးတွေကြောင့် မဟုတ်ဘူး၊ ကျေးဇူးဆပ်ချင်လို့ မဟုတ်ဘူး။ ရိုးရိုးလေးပဲ... မင်းကို လိုချင်လို့။ မင်းကို မိန်းမအဖြစ် လိုချင်လို့။ တူတူ အိပ်ချင်တယ်၊ တူတူ စားချင်တယ်၊ စောင်တစ်ထည်တည်း ခြုံချင်တယ်။ ကျောက်ကျင်ရွေ့ သူ့မိန်းမကို လုပ်သလို ငါလည်း မင်းကို လုပ်ချင်တယ်။ ပြီးရင် ခွေးလေးတွေ အများကြီး မွေးကြမယ်"
"ဒါ ငါ ပြောချင်တဲ့ စကားပဲ။ မင်း လက်ခံခံ မခံခံ ဒီအတိုင်း ဖြစ်လာရမယ်။ မင်း စိုးရိမ်နေတာတွေ၊ သူများတွေ ပြောတာတွေ အကုန် ငါ ဂရုမစိုက်ဘူး၊ မင်းလည်း ဂရုမစိုက်နဲ့။ စီးပွားရေး လုပ်တာကို ငါ သဘောမကျရင် အစကတည်းက တားမှာပေါ့၊ လက်ထပ်ပြီးမှ တားမလား"
90 03
"ငါ... ငါ နင့်ကို ဂရုမစိုက်ဘူး၊ ဘယ်သူက ခွေးလေးတွေ မွေးမှာလဲ" ကျောက်အာ မျက်နှာ နီရဲသွားပြီး တံတွေးထွေးကာ ထွက်ပြေးသွားတယ်။
ရွှီထင်းရှန်းက ပြုံးပြီး နောက်ကနေ လိုက်သွားတယ်။
နှစ်ယောက်သား ရွာထဲ ဝင်လာကြတယ်။ ကျောက်အာက ရှေ့က သွား၊ ရွှီထင်းရှန်းက နောက်က လိုက်။
ရွာသားတွေက သူတို့ကို တွေ့တော့ လှမ်းအော်တယ်။
"ကျောက်အာ... ထင်းရှန်း... မြန်မြန် လာကြ၊ မျိုးနွယ်စုခေါင်းဆောင် ခေါ်နေတယ်"
အိမ်ရောက်တော့ လူတွေ ဝိုင်းအုံနေကြတယ်။ ရွာမျက်နှာဖုံးတွေအကုန် ရောက်နေကြတာ။ ရှို့ချိုင် အသစ်စက်စက်လေးကို ကြည့်ဖို့ ရွှီမျိုးနွယ်စုထဲက အသက်အကြီးဆုံး အဘိုးအိုကြီး ၂ ယောက်တောင် ရောက်နေတယ်။
ညထိ လူမစဲဘူး။ အားလုံးက ထမင်းစားဖို့ စောင့်နေကြသလိုပဲမို့ ကျောက်အာ၊ အဒေါ်ကျိုးနဲ့ အဒေါ်စွန်းတို့ ဝင်ချက်ပြုတ်ပေးရတယ်။
စားပွဲဝိုင်းကြီး ၂ ဝိုင်း ပြင်လိုက်တယ်။ ဧည့်သည်တွေက လူကြီးတွေချည်းပဲ။
လူငယ်ဆိုလို့ ရွှီထင်းရှန်း တစ်ယောက်တည်း ပါတယ်။
ရွာသူကြီးကျန့်လည်း ရောက်နေတယ်။
အားလုံး အရက်သောက်ပြီး ပျော်ရွှင်နေကြတယ်။ အထူးသဖြင့် အဘိုးရွှီတစ်ယောက် ပါးစပ် စေ့လို့ကို မရဘူး။
"ဒီနေ့ လူစုံတုန်း ကျွန်တော် ကိစ္စတစ်ခု ပြောချင်ပါတယ်။ မျိုးနွယ်စုခေါင်းဆောင် (အဘိုး) ကိုလည်း ဆုံးဖြတ်ပေးစေချင်လို့ပါ"
ရွှီထင်းရှန်း စကားပြောလိုက်တော့ အားလုံး တိတ်ဆိတ်သွားတယ်။ ဇွန်းသံ၊ တူသံတွေ ရပ်သွားပြီး အားလုံး နားစွင့်နေကြတယ်။
"ပြောလေ... ဘာကိစ္စမို့လို့လဲ။ ဘယ်သူက မင်းကို အနိုင်ကျင့်လို့လဲ။ ထင်းရှန်းကို ထိရင် ရွှီမျိုးနွယ် တစ်ခုလုံးကို ထိတာပဲ။ ဘယ်ကောင် လာရဲလဲ ကြည့်ချင်သေးတယ်" ရွှီမျိုးနွယ်စုခေါင်းဆောင်က တူကို စားပွဲပေါ် ရိုက်ချပြီး ပြောလိုက်တယ်။ ဒီနေ့ အရက်သောက်ထားလို့ နည်းနည်း ကြမ်းနေတယ်။
ဒါက ရွာသူကြီးကျန့်ကို ရည်ရွယ်ပြီး ပြောလိုက်မှန်း သိသာပါတယ်။ ရွာသူကြီးကျန့်လည်း မျက်နှာ မကောင်းတော့ဘူး။
"အဘိုး... အထင်မလွဲပါနဲ့။ တခြားကိစ္စ မဟုတ်ပါဘူး၊ ကျွန်တော်နဲ့ ကျောက်အာရဲ့ မင်္ဂလာကိစ္စပါ" မီးရောင်အောက်မှာ ရွှီထင်းရှန်း မျက်နှာလေး ရဲနေတယ်။ "အဘိုး သိတဲ့အတိုင်းပဲ၊ ကျောက်အာက ကျွန်တော်တို့ အိမ်ရဲ့ ချွေးမ ဖြစ်နေတာ ကြာပြီ။ ဒါပေမဲ့ မင်္ဂလာပွဲ မလုပ်ရသေးတော့ တရားဝင် မဖြစ်သေးဘူး။ မိဘတွေ မဆုံးခင်က ကျွန်တော် ၁၅ နှစ် ပြည့်ရင် လက်ထပ်ပေးမယ်လို့ မှာခဲ့တာလေ။ အဲဒါကြောင့်..."
ဝိုင်းထဲကလူတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်မောလိုက်ကြတယ်။
"သြော်... ရှို့ချိုင်လေးက မိန်းမ လိုချင်နေတာကိုး"
"ယူသင့်ပါပြီ၊ စောစောယူ စောစော မြေးချီရတာပေါ့"
"ဟုတ်တယ်၊ ဟုတ်တယ်"
"အဲဒါလား... ငါက ဘာကိစ္စကြီးလဲလို့။ လုပ်... လုပ်ရမှာပေါ့။ မင်း အိမ်ကလူတွေနဲ့ တိုင်ပင်ပြီး ရက်ကောင်းရွေးလိုက်၊ လုပ်ပေးမယ်"
ကျောက်အာက မီးဖိုချောင်ထဲမှာ ထမင်းစားနေတုန်း မောက်ဒန် ပြေးဝင်လာတယ်။
90 04
"အစ်မကျောက်... မျိုးနွယ်စုခေါင်းဆောင်ကြီးက အစ်မနဲ့ အစ်ကိုကုန်းအာကို မင်္ဂလာဆောင်ပေးမယ်တဲ့"
ကျောက်အာ ကြောင်သွားတယ်။ "ဘာဖြစ်တာလဲ" အဒေါ်စွန်းက မေးတော့ မောက်ဒန်က အကုန် ပြန်ပြောပြတယ်။
အဒေါ်စွန်း မျက်လုံးတွေ အရောင်တောက်လာပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်တယ်။ အဒေါ်ကျိုးလည်း ဝမ်းသာအားရ ဂုဏ်ပြုစကား ပြောတယ်။
ကျောက်အာ ရှက်လွန်းလို့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒီနေ့ ရှက်ရတာက တစ်သက်လုံးပေါင်းမှ ဒီလောက် မရှက်ဖူးဘူး။
"အဒေါ်တို့... ဖြည်းဖြည်းစားကြ၊ ကျွန်မ အိမ်ပြန်တော့မယ်"
"ဟယ်... ဒီကောင်မလေး ရှက်နေပြီ"
ရေစီးကမ်းပြို ဧည့်ခံပွဲကို ၃ ရက်တိုင်တိုင် ကျင်းပပြီးမှ ရွာထဲ ငြိမ်သက်သွားတယ်။
အဲဒီနောက်မှာတော့ မင်္ဂလာကိစ္စ စီစဉ်ကြတယ်။
ပုံမှန်ဆိုရင် အစ်ကိုကြီး ရွှီကျွင်းခိုင် အရင်ယူရမှာ။ ဒါပေမဲ့ သူက ကျောင်းတက်နေသေးသလို၊ ရွှီထင်းရှန်းနဲ့ကျောက်အာရဲ့ အခြေအနေကလည်း ထူးခြားနေလို့ ဘယ်သူမှ ကန့်ကွက်စရာ မရှိကြဘူး။
မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ခွင့်ပြုထားတာဆိုတော့ ပိုလို့တောင် မငြင်းရဲကြဘူး။
ရွှီထင်းရှန်းက ဒီနည်းကို သုံးလိုက်တာ လူပါးဝတာပဲ။ အိမ်တွင်းရေး ပြဿနာတွေ မတက်အောင် လူကြီးတွေ ရှေ့မှာ ဖွင့်ပြောလိုက်တာ။ ဒါကြောင့် အဘွားကျောက် အပါအဝင် ဘယ်သူမှ မကန့်ကွက်ရဲကြဘူး။
အဘိုးရွှီက မင်္ဂလာစရိတ် ထုတ်ပေးမယ် ပြောပေမဲ့ ရွှီထင်းရှန်းက ငြင်းလိုက်တယ်။
သူက အခု လင်ရှန်း ဖြစ်နေပြီ။ တစ်လကို ဆန် ၁ အိတ်၊ ငွေ ၁ ကျပ် ရတယ်။ ပြီးတော့ စာမေးပွဲ ၃ ဆင့်လုံး ပထမ ရခဲ့လို့ ဆုကြေးငွေတွေ အများကြီး ရထားတယ်။
ခရိုင်က ၂၀၊ ပြည်နယ် ၂ ခုက ၅၀ စီ၊ စုစုပေါင်း ၁၂၀ လောက် ရှိနေပြီ။ စာရေးကိရိယာတွေလည်း အများကြီး ရထားသေးတယ်။
ဒါကြောင့် သူ့ပိုက်ဆံနဲ့သူ လုပ်မယ်လို့ ပြောလိုက်တာ။
တကယ်တော့ သူတို့က အတူနေနေကြတာ ကြာပြီမို့ ရိုးရိုးရှင်းရှင်း ထမင်းလက်ဆုံ စားလိုက်ရင် ပြီးတဲ့ ကိစ္စပါ။ ဒါပေမဲ့ ရွှီထင်းရှန်းက အခမ်းအနားနဲ့ လုပ်ချင်တယ်။ အောင်သွယ်တော် ငှားမယ်၊ တင်တောင်းမယ်...
ရှေးရိုးရာ အစဉ်အလာအတိုင်း တစ်ခုမကျန် လုပ်မယ်တဲ့။
ကျောက်အာက ဘာမှဝင်ပါခွင့် မရဘူး။ အိမ်က လူကြီးတွေ စီစဉ်ပေးသမျှ လက်ခံရုံပဲ။ ရွှီထင်းရှန်းက အဒေါ်ကောင်း (ကောင်းရှန်ရဲ့ အမေ) ကို ကျောက်အာရဲ့မိဘနေရာမှာ ထားပြီး ကမ်းလှမ်းတယ်။ ကျောက်အာကိုလည်း ထုံးစံအတိုင်း တောင်ပေါ်က အိမ်မှာ သွားနေခိုင်းတယ်။
ဒီအချိန်မှာပဲ ကျောက်အာက ရွှီထင်းရှန်းဆီ ရောက်လာပြီး ပြောလာတယ်။
"ငါ ခရီးထွက်စရာ ရှိတယ်"
******