← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃)

ခရိုင်ဝန်ရွှီက အရာရှိဘဝမှာ နှစ်အနည်းငယ် ကျင်လည်ခဲ့သူပီပီ သူ့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေက တကယ့်ကို အစီအစဉ်တကျနဲ့ အစအဆုံး ပြည့်စုံလှတယ်။

နောက်တစ်နေ့မှာပဲ သူက ဟူတာ့ဟိုင်ကို ရုံးတော်ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်။ ဈေးကွက်တည်ငြိမ်မှုကို ဖျက်ဆီးတယ်၊ ဟင်းရွက်ဈေးနှုန်းတွေကို တမင်တကာ မတန်တဆ မြှင့်တင်ပြီး ပြည်သူတွေကို ဒေါသထွက်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပေါ့။ ဒါတင်မကသေးဘဲ ကျောက်အာနဲ့ စာချုပ်ချုပ်ဆိုထားပြီးမှ ကတိဖျက်ခဲ့တဲ့ တောင်သူတွေကိုလည်း ရုံးတော်ကို ဆင့်ခေါ်လိုက်တယ်။

လူဦးရေက အရမ်းများနေတာကြောင့် ရွာတစ်ရွာကို နှစ်ယောက်နှုန်းနဲ့ပဲ ဆင့်ခေါ်ခဲ့တာလေ။ ဒါပေမဲ့ ရဲမက်တွေ ရွာထဲကို တစ်ခေါက်ဝင်လာပြီး လူတွေကို ဖမ်းခေါ်သွားတာကို မြင်လိုက်ရတာနဲ့တင် ကျန်တဲ့တောင်သူတွေမှာ ကြောက်လန့်တုန်လှုပ်ကုန်ကြဖို့ လုံလောက်သွားပါပြီ။

တစ်ချိန်တည်းမှာပဲ ခရိုင်ဝန်ရွှီက ၁၀ လပိုင်း ၃ ရက်နေ့မှာ ဒီအမှုကို လူအများရှေ့မှာ တရားစီရင်မယ်ကြေညာလိုက်တယ်။

ဒီအကြောင်းကို အမိန့်စာကပ်ပြီး ကြေညာလိုက်တဲ့အခါ တစ်ခဏအတွင်းမှာပဲ တစ်မြို့နယ်လုံးက ပြည်သူတွေ သိသွားကြပါတော့တယ်။ အခုတလော ဟင်းရွက်ဈေးတွေ တက်နေတာဟာ ကုန်သည်ယုတ်တွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး မြို့နယ်ဝန်မင်းကတော့ အမှားအမှန်ကို ခွဲခြားနိုင်တဲ့ နတ်မျက်စိရှိသူဖြစ်ကြောင်း၊ အခုဆိုရင် ကုန်သည်ယုတ်တွေကို အပြစ်ပေးပြီး ရှရှန်းခရိုင်က ပြည်သူတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးတော့မှာဖြစ်ကြောင်း စသဖြင့် လူတွေက ချီးကျူးပြောဆိုနေကြတယ်။

တရားစီရင်မယ့်နေ့ ရောက်တဲ့အခါ ရုံးတော်ရှေ့က ရင်ပြင်မှာ လာရောက်နားထောင်ကြတဲ့ ပြည်သူတွေ ရာနဲ့ချီပြီး ပြည့်နှက်နေတယ်။ ရုံးတော်တံခါးဝမှာတောင် အထဲကို မဝင်နိုင်တော့တဲ့သူတွေ အများကြီး ရှိနေပြီး အားလုံးက ဒီအမှုရဲ့ ရလဒ်ကို သိချင်နေကြတာလေ။

ရုံးတော်ပေါ်မှာတော့ ခရိုင်ဝန်ရွှီက အရာရှိဝတ်စုံအပြည့်နဲ့ ခန့်ညားထည်ဝါစွာ ထိုင်နေတယ်။ တရားစီရင်တဲ့ သစ်သားတုံးလေးကို ရိုက်လိုက်တဲ့အသံနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး စစ်ဆေးမေးမြန်းမှုတွေ စတင်ပါတော့တယ်။

တကယ်တော့ ဒါဟာ လူအများမြင်အောင် လုပ်ပြတဲ့ ပွဲတစ်ခုလိုပါပဲ။ တရားလိုက 'ဝမ်ကျိ ဟင်းရွက်အရောင်းအဝယ်' ဖြစ်ပြီး တရားခံတွေကတော့ ဆင့်ခေါ်ထားတဲ့ ရွာသားတွေနဲ့ အဓိကတရားခံဖြစ်သူ ကုန်သည်ယုတ် ဟူတာ့ဟိုင်တို့ပဲ ဖြစ်တယ်။

ဒီလိုနဲ့ ဟူတာ့ဟိုင်က သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကို အသုံးချပြီး 'ဝမ်ကျိ' ကို ဘယ်လို မတရားမောင်းထုတ်ခဲ့လဲ၊ ဟင်းရွက်တွေကို ဈေးပေါပေါနဲ့ဝယ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းကာ ပြည်သူတွေကို ဘယ်လို ဒုက္ခပေးခဲ့လဲဆိုတဲ့ အချက်တွေကို အကုန်လုံး သိအောင် ကြေညာလိုက်တယ်။

ခရိုင်ဝန်ရွှီရဲ့ စကားထဲမှာတော့ 'ဝမ်ကျိ ဟင်းရွက်အရောင်းအဝယ်' ဆိုတာဟာ ဆင်းရဲသား တောင်သူတွေ စုပေါင်းပြီး လုပ်ကိုင်နေကြတဲ့ ရိုးသားတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။ သူတို့ဟာ သစ္စာရှိတယ်၊ ဘယ်သူ့ကိုမှ မလိမ်ညာဘူး၊ အမြဲတမ်း ပုံမှန်ဈေးနဲ့ပဲ ရောင်းဝယ်ဖောက်ကားပြီး ကိုယ့်ရဲ့လုပ်အားနဲ့ ရတဲ့ ငွေလေးကိုပဲ ရှာဖွေစားသောက်ကြသူတွေ ဖြစ်တယ်ဖော်ပြထားတယ်။

ဒါပေမဲ့ ဒီလို ကောင်းမွန်တဲ့ လုပ်ငန်းကို ဟူတာ့ဟိုင်က ဖျက်ဆီးခဲ့တာလေ။ သူ့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့်သာ ရွာသားတွေဟာ 'ဝမ်ကျိ' နဲ့ ချုပ်ထားတဲ့ စာချုပ်တွေကို ဖောက်ဖျက်ခဲ့ရတာ ဖြစ်တယ်ဆိုတယ်။

ရွာသားတွေခမျာ ရုံးတော်ကို တစ်ခါမှ မရောက်ဖူးကြတော့ ရုံးတော်တက်ရပြီဆိုတာနဲ့ ထောင်ကျတော့မယ်ထင်ပြီး ကြောက်လန့်တုန်လှုပ်နေကြတာလေ။ အခု ခရိုင်ဝန်မင်းက သူတို့မှာ အပြစ်မရှိဘူးပြောလိုက်တဲ့အခါမှာတော့ ဝမ်းသာအားရ ဖြစ်သွားကြပြီး အပြစ်အားလုံးကို ဟူတာ့ဟိုင်အပေါ်မှာပဲ ပုံချလိုက်တော့တယ်။

အရင်ကတည်းက ဟူကျိရဲ့ ရိုင်းစိုင်းမှုတွေကို မကျေနပ်ကြသူတွေမို့အခုလို လက်စားချေခွင့်ရတုန်း အားရပါးရ ပြောဆိုကြတာပေါ့။

ဟူတာ့ဟိုင်ကတော့ ရုံးတော်အောက်မှာ ဒူးထောက်နေရတယ်။ သူ့ရဲ့ တန်ဖိုးကြီး အဝတ်အစားတွေကို အကုန်ချွတ်ခိုင်းထားပြီး အတွင်းဝတ်စုံ အဖြူရောင်နဲ့ပဲ ရှိနေတာကြောင့် အရမ်းကို သနားစဖွယ် ဖြစ်နေတယ်။

သူကလည်း လူအမှ မဟုတ်တာ၊ အခြေအနေတွေကို ကြည့်လိုက်တာနဲ့ ခရိုင်ဝန်ရွှီက သူ့ကို 'မြွေကိုပြပြီး လူကိုကြောက်အောင် လုပ်တော့မယ် (တစ်ယောက်ကို အပြစ်ပေးပြီး လူအများကို သတိပေးခြင်း)' ဆိုတာကို ရိပ်မိလိုက်ပြီး မျက်နှာက ဖြူလျော်သွားပါတော့တယ်။

စီးပွားရေးကို ဒီလောက်အထိ လုပ်နိုင်တဲ့သူဆိုတော့ ဘယ်သူက အပါ့မလဲ။ ဟူတာ့ဟိုင်က နန်းတွင်းက လိုက်စုံစမ်းမှာကို မကြောက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က သူ ရင်းနှီးမြှုပ်နှံထားတာတွေက အရမ်းများနေသလို ဟူကျိုးဘက်က အထည်စီးပွားရေးမှာလည်း ပြဿနာတက်နေတာကြောင့် ငွေသားအမြန်လိုနေအခုလို အမြတ်အစွန်းကို အတင်းဆွဲတင်ခဲ့တာလေ။

နောက်ထပ် နှစ်ပတ်လောက်ပဲ လုပ်ပြီးရင် ရပ်လိုက်မယ် စဉ်းစားထားပေမဲ့ အစိုးရရဲ့တုံ့ပြန်မှုက ဒီလောက်အထိ မြန်လိမ့်မယ်သူ မထင်ထားခဲ့မိပါဘူး။ သူက အချိန်ဆွဲဖို့အတွက် မြို့ပေါ်က ဈေးတွေမှာ သူ့လူတွေကို လွှတ်ထားပြီး ဈေးနှုန်းတွေကို လိမ်ပြောခိုင်းထားခဲ့ပေမဲ့ အခုတော့ အကုန်လုံး အလဟဿ ဖြစ်သွားပြီ။

ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ဝမ်ကျိကလူတွေ ရှိနေတာ သေချာတယ်။ သူက ဘေးနားမှာ မတ်တတ်ရပ်နေတဲ့ ကျောက်အာကို အဆိပ်ပြင်းတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်။

ကျောက်အာက တရားလိုဖြစ်နေတာကြောင့် ခရိုင်ဝန်ရွှီက သူမကို တခြားသူတွေလို ဒူးထောက်ခိုင်းတာမျိုး မလုပ်ဘဲ မတ်တတ်ရပ်ပြီး စကားပြောခွင့် ပေးထားတယ်။ ဒါကြောင့် အားလုံးက ဒူးထောက်နေရချိန်မှာ သူမတစ်ယောက်ပဲ မတ်တတ်ရပ်နေတယ်။

သူက ဒီတောင်သူမလေးကို တကယ်ပဲ အထင်သေးခဲ့မိတာ။ သူမမှာ ဘယ်လို နောက်ခံအင်အားတွေ ရှိနေမြို့နယ်ဝန်တစ်ယောက်ကတောင် သူမဘက်ကနေ ရပ်တည်ပေးနေရတာလဲသူ တွေးမရ ဖြစ်နေတယ်။

ဒါပေမဲ့ ဘယ်သူကမှ သူ့ကို အဖြေပေးမှာ မဟုတ်သလို ခရိုင်ဝန်ရွှီကလည်း ဟူတာ့ဟိုင်အတွက် ပြစ်ဒဏ်ကို ချက်ချင်းပဲ ကြေညာလိုက်တယ်။

ဟူတာ့ဟိုင်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းစေပြီး မိုင် ၅၀၀ ဝေးတဲ့အရပ်ကို နယ်နှင်ဒဏ် ပေးလိုက်တယ်။

ကုန်ပြီ... အကုန်လုံး ဆုံးရှုံးသွားပြီ။

ဟူတာ့ဟိုင်က ပျော့ခွေပြီး ကြမ်းပြင်ပေါ် လဲကျသွားတော့တယ်။ မကြာခင်မှာပဲ ရဲမက်တွေက သူ့ကို ဆွဲခေါ်သွားကြတယ်။

ဘေးက ကြည့်နေကြတဲ့သူတွေလည်း ဟူတာ့ဟိုင်လို ချမ်းသာတဲ့သူတောင် မျက်စိတစ်မှိတ်အတွင်းမှာ ပိုင်ဆိုင်မှုတွေ အကုန်သိမ်းခံလိုက်ရတာကြောင့် အံ့သြတုန်လှုပ်ကုန်ကြတယ်။ လောကကြီးက မမြဲပါလားတွေးမိကြသလို တစ်ဖက်ကလည်း ခရိုင်ဝန်ရွှီအပေါ်မှာ လေးစားကြည်ညိုစိတ်တွေ တဖွဖွ ဖြစ်ပေါ်လာတယ်။

တကယ်တော့ ပြည်သူတွေက ဒီအမှုကို လာကြည့်ကြတာဟာ ဟင်းရွက်ဈေးကို မြှင့်တင်တဲ့ ကုန်သည်ယုတ်ကို မုန်းတီးလို့တင်မကဘဲ မြို့နယ်ဝန်မင်းက ဘယ်လို ကိုင်တွယ်မလဲဆိုတာကို သိချင်လို့လည်း ပါတယ်။

အရာရှိဆိုတာ ပါးစပ်နှစ်ပေါက်ရှိတယ် (ပြောချင်တာပြောနိုင်သလို လာဘ်လည်းစားနိုင်တယ်) ဆိုတဲ့အတိုင်း ဘယ်သူက ငွေကို မမက်ဘဲ နေပါ့မလဲ။

ပြည်သူတွေရဲ့ စိတ်ထဲမှာတော့ ချမ်းသာတဲ့သူတွေ ဥပဒေချိုးဖောက်ရင် ငွေပေးပြီး လွတ်သွားကြမှာပဲလို့ ထင်နေကြတာ။ အရာရှိနဲ့ကုန်သည် ပေါင်းစားကြတယ်ဆိုတာ လူတွေက အပြင်မှာ ထုတ်မပြောပေမဲ့ ရင်ထဲမှာတော့ အမြဲတမ်း ယုံကြည်နေကြတဲ့အချက်ပဲ။

ဒါပေမဲ့ အခုတော့ ခရိုင်ဝန်ရွှီဟာ တကယ့်ကို အရာရှိကောင်း တစ်ယောက်ပါပဲ။

ပြည်သူတွေက အရာရှိကောင်းကို ချစ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် ရပ်တည်ပေးလို့ပါ။

တစ်ခဏအတွင်းမှာပဲ ရုံးတော်ပြင်ပကနေ ချီးကျူးသံတွေ ညံစီသွားတယ်။ ခရိုင်ဝန်ရွှီကို ရွှီအရာရှိကောင်း ခေါ်ကြပြီး သူ့လို မိဘသဖွယ် အုပ်ချုပ်သူမျိုးရှိတာဟာ ပြည်သူတွေအတွက် ကံကောင်းခြင်းပဲလို့ ပြောဆိုနေကြတယ်။

ဒီလို ချီးကျူးသံတွေကြားမှာ ခရိုင်ဝန်ရွှီလည်း မသိမသာ ရင်ကို ကော့လိုက်ပြီး မုတ်ဆိတ်ကို သပ်လိုက်မိတယ်။

သူက လက်ကို ဝှေ့ယမ်းပြီး ငြိမ်ခိုင်းလိုက်တော့ ရုံးတော်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားတယ်။ အဲဒီအခါကျမှ သူက ရွာသားတွေကို ဆုံးမစကား ပြောတယ်။ လူဆိုတာ သစ္စာရှိရမယ်၊ ကိုယ့်ကိုယ်ကိုယ် မလိမ်ရဘူး၊ သူတစ်ပါးကို မလိမ်ရဘူး၊ ကောင်းကင်ကြီးကိုလည်း မလိမ်ရဘူး၊ အဲဒါမှ လူ့ကျင့်ဝတ်နဲ့ ညီတာဆိုတယ်။

အကယ်၍ သူတို့တွေသာ ငွေမက်ပြီး ကတိမဖျက်ခဲ့ရင် ဒီလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဥပမာပေး ပြောလိုက်တယ်။ ရွာသားတွေလည်း အရမ်းကို ရှက်သွားကြပြီး နောက်တစ်ခါ ဒီလိုမျိုး မလုပ်တော့ပါဘူးလို့ မြို့နယ်ဝန်မင်းကို တောင်းပန်ကြတယ်။

တစ်ချိန်တည်းမှာပဲ ခရိုင်ဝန်ရွှီက ကျောက်အာကိုလည်း ချီးကျူးစကား ပြောတယ်။ သူမဟာ စိတ်ထားပြည့်ဝပြီး ကိုယ်ချင်းစာတရားရှိသူ ဖြစ်ကြောင်း၊ ကိုယ်တိုင် အရှုံးပေါ်နေရင်တောင် ရွာသားတွေကို ရုံးတော်မှာ မတိုင်ချင်ဘဲ အစိုးရက လိုက်စုံစမ်းတော့မှသာ ရုံးတော်တက်လာခဲ့တာဖြစ်ကြောင်း ပြောဆိုတယ်။

ပြီးတော့ နောင်တစ်ချိန်မှာ ဥပဒေချိုးဖောက်တာတွေ ကြုံလာရင် သည်းခံမနေဖို့၊ သည်းခံတာဟာ ဒုစရိုက်ကို အားပေးတာနဲ့ တူကြောင်း၊ အရာရှိတွေဆီမှာ လာရောက်တိုင်တန်းပြီး အကူအညီတောင်းရမှာ ဖြစ်ကြောင်း ဆုံးမတယ်။ အရာရှိဆိုတာ ပြည်သူတွေအတွက် ရပ်တည်ပေးပြီး အေးချမ်းသာယာအောင် လုပ်ပေးရမယ့်သူတွေ ဖြစ်တာကိုး။

ရွာသားတွေက ကျောက်အာအပေါ်မှာ ဘယ်လောက်တောင် အားနာသွားလဲဆိုတာ ပြောနေစရာ မလိုတော့ပါဘူး။ အပြင်က ပြည်သူတွေကလည်း တစ်ခဲနက် ချီးကျူးနေကြတာကြောင့် ဒီပွဲပြီးရင်တော့ ခရိုင်ဝန်ရွှီဟာ ရှရှန်းခရိုင်ရဲ့အရာရှိကောင်းဆိုတဲ့ နာမည်က ပြန့်နှံ့သွားမှာ သေချာတယ်။

ဒါပေါ့... ကျောက်အာက ဒီပွဲမှာ အတူတူ သရုပ်ဆောင်ပေးခဲ့တာဆိုတော့ ရလဒ်ကလည်း ရှိတာပေါ့။

ရုံးတော်က ဆင်းလာတဲ့အခါမှာတော့ တစ်ယောက်က သူမကို ရုံးတော်ရဲ့ ဟွန့်ဖန်းဌာနဆီကို ခေါ်သွားတယ်။

ဟွန့်ဖန်းဆိုတာ ရုံးတော်ရဲ့ ဌာနကြီး ၆ ခုထဲက တစ်ခုဖြစ်ပြီး မြေယာ၊ အခွန်အတုတ်၊ လူဦးရေစာရင်းနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတွေကို တာဝန်ယူရတဲ့ ဌာနပါ။

မြေယာကိစ္စတွေဟာ ဒီဌာနရဲ့ လက်အောက်မှာ ရှိတာဖြစ်ပြီး ခရိုင်အတွင်းက မြေအရောင်းအဝယ် ကိစ္စမှန်သမျှကို သူတို့ကပဲ ကိုင်တွယ်ရတယ်။

ရဲမက်က ကျောက်အာကို ဒီဌာနဆီ ခေါ်လာတာဟာ ခရိုင်ဝန်ရွှီရဲ့ စီစဉ်မှုပါပဲ။

ခရိုင်ဝန်ရွှီက ကျောက်အာကို လက်ဆောင်အကြီးကြီးတစ်ခု ပေးလိုက်တယ်။

အဲဒါကတော့ ရှမုန့်ခရိုင်အတွင်းက ကျေးရွာအုပ်စု ခုနစ်ခုလုံးမှာ ကျောက်အာက မြေတစ်ကွက်စီ ရွေးချယ်နိုင်ခွင့်ပါပဲ။ ဒီမြေတွေက လယ်မြေတွေတော့ မဟုတ်သလို စိုက်ပျိုးလို့မရတဲ့ တောင်ကုန်းတွေလည်း မဟုတ်ပါဘူး။ မြေရိုင်းတွေဖြစ်ပြီး ကျောက်အာကို အရမ်းကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမှာ ဖြစ်တယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ကျောက်အာက ကိုယ့်ဘာကိုယ် ဆက်လုပ်ရမှာပေါ့။

ဒါဟာ တကယ့်ကို လက်ဆောင်အကြီးကြီးပါပဲ။ ကျေးရွာတစ်ရွာစီမှာ ရှိတဲ့ မြေတွေဟာ ကန့်သတ်ချက်ရှိတယ်။ များသောအားဖြင့် ရွာနားက မြေတွေကိုတော့ ရွာပိုင်မြေလို့ပဲ သတ်မှတ်ထားကြတာလေ။ ရွာသားတွေက ဝယ်နိုင်ပေမဲ့ တခြားရွာက လူတွေကိုတော့ မရောင်းကြပါဘူး။

ကျောက်အာက အရင်ကလည်း မြေအချို့ ဝယ်ခဲ့ဖူးပေမဲ့ အများစုကတော့ ဈေးကြီးပေးပြီး ဝယ်ခဲ့ရတဲ့ လယ်မြေတွေပါ။ ရွာသားတွေက လူစိမ်းဆိုရင် သိပ်မပေါင်းချင်ကြတော့ မြေဝယ်ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်။

ရွှီထင်းရှန်းနဲ့ တိုင်ပင်ထားခဲ့တဲ့ လုပ်ပိုင်ခွင့် လက်မှတ်ကိစ္စကိုတော့ ခရိုင်ဝန်ရွှီက ထုတ်မပြောခဲ့ဘူး။

ဒါပေမဲ့ ထုတ်မပြောဘူးဆိုပေမဲ့ ငြင်းဆိုတာမျိုးလည်း မရှိတာကြောင့် ဒါဟာ လက်ခံလိုက်တဲ့ သဘောပါပဲ။

ဒီကိစ္စကြောင့် ကျောက်အာ တစ်ကျော့ပြန် အလုပ်များလာပြန်တယ်။ သူမတင်မကဘဲ စတုတ္ထဦးလေး ရွှီချင်းဟွိုင်တို့လည်း အကုန်လုံး အလုပ်ဆင်းကြရတယ်။ အရင်က လူလျှော့ထားတဲ့ အကူတွေကိုလည်း ပြန်ခေါ်လိုက်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ စီးပွားရေးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့တယ်။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကျောက်အာက ပိုပြီးလည်လာပါပြီ။ ရွာသားတွေနဲ့ စာချုပ်သစ် ချုပ်ဆိုရုံတင်မကဘဲ အမြဲတမ်း ပူးပေါင်းလုပ်ကိုင်နေတဲ့ ဆိုင်တွေနဲ့လည်း စာချုပ်တွေ သေချာချုပ်ဆိုလိုက်တယ်။

ကျောက်အာ ဒီဟင်းရွက်စီးပွားရေး လုပ်လာတာ တစ်နှစ်ကျော်ပြီဆိုတော့ ဘယ်ရာသီမှာ ဘယ်ဟင်းရွက်က ဘယ်လောက်ဈေးရှိလဲဆိုတာ သူမ ရင်ထဲမှာ အကုန်ရှိတယ်။ သူမက အဲဒါတွေကို အသေးစိတ် စာရင်းလုပ်လိုက်ပြီး ပုံမှန်ဈေးနှုန်းတွေကို သတ်မှတ်လိုက်တယ်။ ဈေးအတက်အကျ ရှိခဲ့ရင်လည်း ဘယ်လောက်အထိပဲ ရှိရမယ်ဆိုတဲ့ စံနှုန်းတစ်ခု သတ်မှတ်လိုက်သလို စာချုပ်ဖောက်ဖျက်ရင် ဘယ်လောက်အထိ လျော်ကြေးပေးရမယ်ဆိုတာကိုပါ ထည့်သွင်းထားတယ်။

ရွာသားတွေအတွက်ကတော့ ဒါဟာ အရမ်းကောင်းတဲ့ အခွင့်အရေးပါပဲ။ ဆိုင်ရှင်တွေကလည်း အရင်က ဒုက္ခရောက်ခဲ့ဖူးတော့ အခုလို စာချုပ်ချုပ်ရတာကို ပိုပြီး သဘောကျနေကြတယ်။

ဒီလိုနဲ့ သုံးဖက်စလုံးကြားမှာ ရှိခဲ့တဲ့ အာဃာတတွေ ပြေပျောက်သွားတော့တယ်။

ဒါပေမဲ့ အခုတော့ ကိုယ့်မှာလည်း ကိုယ်ပိုင်မြေတွေ ရှိလာပြီဆိုတော့ ကျောက်အာက အရင်လို လူတိုင်းကို လက်မခံတော့ပါဘူး။ ဟင်းရွက်စိုက်တာတော်ပြီး အထွက်နှုန်းကောင်းတဲ့ ရွာသားတွေကိုပဲ ရွေးချယ်ပြီး စာချုပ်ချုပ်တော့တယ်။

စာချုပ်မချုပ်လိုက်ရတဲ့ ရွာသားတွေလည်း နောင်တရနေကြပေမဲ့ ကိုယ့်ကံနဲ့ကိုယ်ပဲမို့ ခံကြရုံပေါ့။ သူတို့ကတော့ တစ်နေ့မှာ 'ဝမ်ကျိ' ဆီမှာ ပြန်ပြီး ဟင်းရွက်သွင်းခွင့်ရဖို့ပဲ မျှော်လင့်နေကြတယ်။

ဒီအရှိန်နဲ့ပဲ ကျောက်အာက 'ဝမ်ကျိ ဟင်းရွက်အရောင်းအဝယ်' လုပ်ငန်းကို တရားဝင် တည်ထောင်ဖို့အတွက် စတင်ပြင်ဆင်တော့တယ်။ စနစ်တကျ ရှိအောင် စံနှုန်းတွေ သတ်မှတ်လိုက်သလို ရွှီထင်းရှန်းရဲ့ အကြံပေးချက်အတိုင်း ကျေးရွာအုပ်စု အသီးသီးက စခန်းတွေကိုလည်း ပြန်လည်ပြင်ဆင်တယ်။

ကျေးရွာအုပ်စုတစ်ခုစီမှာ ဝမ်ကျိရဲ့စခန်းတစ်ခုစီ ထားရှိတယ်။ အခုလောလောဆယ် နေရာတိုင်းမှာ ဆိုင်မဖွင့်နိုင်သေးတာကြောင့် စခန်းတွေကိုပဲ အခြေစိုက်စခန်းအဖြစ် သုံးရတယ်။ တစ်ချိန်တည်းမှာပဲ အလုပ်သမားတွေရဲ့ တာဝန်တွေကိုလည်း တိတိကျကျ ခွဲဝေပေးလိုက်တယ်။

ဥပမာ စခန်းတစ်ခုစီမှာ စာရင်းကိုင် တစ်ယောက်ရှိရမယ်။ ပစ္စည်းသွင်းတဲ့သူ၊ ပို့တဲ့သူနဲ့ စိုက်ပျိုးရေး လုပ်တဲ့သူတွေကို သီးသန့် ခွဲထားတယ်။ အဖွဲ့ငယ်လေးတစ်ခုစီမှာ ခေါင်းဆောင် တစ်ယောက်စီ ရှိရမယ်။ ပြီးတော့ အဲဒီစခန်းတစ်ခုလုံးရဲ့ ကိစ္စအရပ်ရပ်ကို တာဝန်ယူရမယ့် စာရင်းစစ် တစ်ယောက် ရှိရမယ်။ သူကတော့ ပုံမှန်အတိုင်း ရုံးချုပ်ကို စာရင်းတွေနဲ့ အစီရင်ခံစာတွေ တင်ပြရမှာ ဖြစ်တယ်။

ကျောက်အာကတော့ တာဝန်ခံကိုပဲ တိုက်ရိုက်ကိုင်တွယ်ပြီး လူလွှတ်ကာ စစ်ဆေးရုံပါပဲ။ အရာရာကို လိုက်လုပ်နေစရာ မလိုတော့တဲ့အတွက် အချိန်ကုန်သက်သာသလို ပိုပြီးတော့လည်း စနစ်ကျသွားတယ်။

အရင်ကဆိုရင် လူတွေ များလာလေလေ ကျောက်အာ ပိုပြီးအလုပ်များလေလေ ဖြစ်နေတာလေ။ အခုလို လုပ်လိုက်တော့မှ သူမအတွက် အသက်ရှူချောင်သွားပြီး ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားတော့တယ်။

လက်အားသွားတဲ့အခါမှာတော့ သူမက မြို့ပေါ်မှာ ဆိုင်ခန်းဝယ်ဖို့ လိုက်ကြည့်တော့တယ်။

ရွှီထင်းရှန်းက သူမနဲ့အတူ ရက်အနည်းငယ် လိုက်ကြည့်ပေးတယ်။ နောက်ဆုံးတော့ ရုံးတော်က လူတွေနဲ့ ချိတ်ဆက်ပြီး မြို့ရဲ့ အစည်ကားဆုံး ဈေးနားမှာ ဆိုင်ခန်းတစ်ခု ရှာတွေ့ခဲ့တယ်။

ဆိုင်ခန်းက ဈေးရဲ့အစွန်အဖျားမှာမို့ နေရာကတော့ သိပ်မကောင်းလှပေမဲ့ ဆိုင်မျက်နှာစာက ကျယ်ပြန့်သလို နောက်ဘက်မှာလည်း လူနေလို့ရတဲ့ အခန်းတွေနဲ့ ကုန်လှောင်ရုံတွေ ပါတယ်။ ပြီးတော့ ကွင်းပြင်ကျယ်ကြီးလည်း ပါတာကြောင့် လှည်းတွေ ရပ်ဖို့အတွက် အရမ်းကို အဆင်ပြေတယ်။

ဝယ်ဖို့အတွက် ငွေပြား ၂၀၀ နီးပါးလောက်ကျမှာမို့ ဈေးနှုန်းကတော့ နည်းနည်းကြီးတယ်။

ဒီဈေးကလည်း ဆိုင်ရှင်က ကျောက်အာတို့မှာ ရုံးတော်နဲ့ အဆက်အသွယ်ရှိမှန်း သိဈေးလျှော့ပေးထားတာ။ တခြားသူဆိုရင်တော့ အနည်းဆုံး ၃၀၀ လောက် ပေးရမှာ။

အရင်ကဆိုရင် ငွေပြား ၂၀၀ ဆိုတာ ကျောက်အာအတွက် ဘာမှမဟုတ်ပေမဲ့ အခုတလော မြေတွေဝယ်ထားတာ၊ စခန်းတွေ ဆောက်ထားတာကြောင့် ငွေက လက်ထဲမှာ အများကြီး မကျန်တော့ပါဘူး။

နောက်ဆုံးတော့ ရွှီထင်းရှန်းက ငွေပြား ၁၀၀ စိုက်ထုတ်ပေးလိုက်တယ်။ ကျောက်အာက အစတုန်းက လက်မခံဘူး၊ ဒါတွေက ရွှီထင်းရှန်း စာမေးပွဲအောင်လို့ မြို့က ချီးမြှင့်ထားတဲ့ ငွေတွေလေ။ ဒါပေမဲ့ ရွှီထင်းရှန်းက ဒါကို တင်တောင်းငွေအဖြစ် လက်ခံပေးဖို့ ပြောလိုက်တော့မှ ကျောက်အာက လက်ခံလိုက်ပါတော့တယ်။

၁၁ လပိုင်း ၈ ရက်နေ့မှာတော့ ပထမဆုံးသော 'ဝမ်ကျိ ဟင်းရွက်အရောင်းအဝယ်' ဆိုင်ကြီး စတင်ဖွင့်လှစ်တော့တယ်။

ဆိုင်ဖွင့်တဲ့နေ့က အရမ်းကို စည်ကားလှတယ်။ ကျောက်အာက လူတွေကို ဆွဲဆောင်ဖို့အတွက် ဈေးလျှော့တဲ့ အစီအစဉ်တွေ လုပ်တယ်။

ဟင်းရွက်အားလုံးကို ဈေးထဲက ဈေးနှုန်းထက် တစ်ပြားကနေ နှစ်ပြားအထိ လျှော့ရောင်းပေးတယ်။ ဒါတင်မကသေးဘဲ ကြက်ဥတွေကိုလည်း ဈေးပေါပေါနဲ့ ရောင်းပေးတယ်။ ပုံမှန်ဆို နှစ်ပြားတန်တဲ့ ကြက်ဥကို တစ်ပြားနဲ့ပဲ ရောင်းပေးတော့ အနီးအနားက လူတွေဟာ ကြက်ဥဝယ်ဖို့အတွက် ဆိုင်တံခါးကျိုးမတတ် တိုးဝှေ့နေကြတော့တယ်။

ကြက်ဥလာဝယ်တဲ့သူတွေက ဟင်းရွက်တွေကိုလည်း တစ်ခါတည်း ဝယ်သွားကြတယ်။ အခုမှပဲ ပြည်သူတွေဟာ ဟင်းရွက်ဝယ်ဖို့ ဈေးထဲမှာ လှည့်ပတ်နေစရာမလိုဘဲ တစ်နေရာတည်းမှာ အကုန်ရနိုင်မှန်း သိသွားကြတယ်။

တချို့ကလည်း ဘာလို့ အသားတွေ၊ ငါးတွေ မရောင်းတာလဲ မေးကြတယ်။ ကျောက်အာက အဲဒါကို သတိရသွားပြီး ဆိုင်ထဲမှာ တခြားကုန်ပစ္စည်းတွေကိုပါ တဖြည်းဖြည်း ဖြည့်တင်းလိုက်တယ်။ ဒီလိုနဲ့ 'ဝမ်ကျိ' ဆိုင်ကို လာတဲ့သူတွေဟာ မိသားစုအတွက် လိုအပ်တာမှန်သမျှကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်သွားတော့တယ်။

ဆိုင်ဖွင့်တဲ့ ပထမဆုံးနေ့မှာတင် ငွေပြား ၂၀ ဖိုး ရောင်းလိုက်ရတယ်။

ဒါကတော့ အရောင်းစာရင်းပေါ့။ အရင်းနှုတ်လိုက်ရင် တစ်ဝက်လောက် မြတ်တယ်။ တစ်ရက်ကို ၁၀ ပြားမြတ်ရင် တစ်လကို ၃၀၀ နီးပါး မြတ်တာပေါ့။

ဆိုင်တစ်ဆိုင်ကနေ တစ်လကို ၂၀၀၊ ၃၀၀ မြတ်တယ်ဆိုတာကတော့ တကယ့်ကို အောင်မြင်တဲ့ စီးပွားရေးပါပဲ။ ဒါတင်မကသေးဘဲ ဝမ်ကျိရဲ့ အဓိက ဝင်ငွေကတော့ ဆိုင်ထဲမှာ မဟုတ်ဘဲ အပြင်က လက်ကားရောင်းဝယ်မှုမှာ ဖြစ်တယ်။

ဆိုင်က အခြေတကျ ဖြစ်သွားတဲ့အချိန်မှာတော့ ၁၂ လပိုင်းကို ရောက်လာပြီ။

ကျေးလက်ဓလေ့အရ ၁၂ လပိုင်းမှာ မင်္ဂလာမဆောင်ရတာကြောင့် ရွှီထင်းရှန်းနဲ့ ကျောက်အာတို့ရဲ့ မင်္ဂလာရက်က ထပ်ပြီး ကြန့်ကြာသွားပြန်တယ်။ နောက်နှစ် ၂ လပိုင်း ၈ ရက်နေ့မှ ဆောင်ဖို့ သတ်မှတ်လိုက်ကြတယ်။ နှစ်သစ်ကူးပြီးရင်တော့ ရွှီထင်းရှန်းက အသက် ၁၆ နှစ် ပြည့်ပြီပေါ့။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှီထင်းရှန်းခမျာ ရင်ထဲမှာတော့ ခံရခက်နေတာပေါ့။ အမြန်လက်ထပ်ချင်လုပ်လိုက်ကာမှ ကိုယ့်အမှားနဲ့ကိုယ် အကြာကြီး စောင့်ရတော့မှာမို့ ဆိုင်ဖွင့်ဖို့ အကြံပေးခဲ့မိတာကို သူ နောင်တရနေမိတယ်။

နှစ်သစ်ကူးနား နီးလာတော့ လောကကြီးတစ်ခုလုံး နှင်းတွေနဲ့ ဖုံးလွှမ်းသွားပြီ။

နှင်းတွေ ခဏစဲသွားတဲ့ ရက်မှာတော့ မောက်ပါ့သိုတို့ သူငယ်ချင်းတွေ ရောက်လာကြတယ်။

ဟုတ်တယ်။ သူတို့တွေက မနှစ်က မင်္ဂလာစာသားတွေ ရောင်းခဲ့တာကို မှတ်မိနေကြပြီး ဒီနှစ်မှာလည်း ကျောက်အာဆီမှာ လာပြီး ရောင်းချင်ကြတာ။ ဒါ့အပြင် ရွှီထင်းရှန်းကို လာတွေ့တာလည်း ပါတာပေါ့။

အရင်က ရွှီထင်းရှန်းက ကျောက်အာနဲ့အတူ အပြင်တွေ လိုက်သွားနေရတာကြောင့် သူတို့နဲ့ သေချာမတွေ့ဖြစ်ခဲ့ဘူး။ ဆရာလင်းမြောင်ရဲ့အိမ်ကို ခဏသွားတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ ခြေမချနိုင်အောင် အလုပ်ရှုပ်နေခဲ့တာ။ အခု အလုပ်တွေအားပြီး အားလပ်သွားတော့လည်း နှင်းတွေကျနေလို့ အိမ်ထဲမှာပဲ အောင်းနေရတယ်။

မင်္ဂလာစာသားတွေ ရောင်းမယ့်ကိစ္စကို ကျောက်အာက ရွှီထင်းရှန်းကို ပြောပြပြီးသားပါ။ သူတို့ပြောနေတုန်းမှာပဲ လူတွေက အလိုလို ရောက်လာကြတာ။

မနှစ်ကနဲ့ မတူတာက ဒီနှစ်မှာတော့ တစ်ခရိုင်လုံးမှာ 'ဝမ်ကျိ'ရဲ့ ကွန်ရက်ရှိနေပြီဆိုတော့ ကျောက်အာက ကြီးကြီးမားမား လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

မောက်ပါ့သိုတို့ သုံးယောက်တည်းနဲ့တော့ မရနိုင်ပါဘူး။ သူတို့ တိုင်ပင်ပြီးတဲ့နောက် ချင်းယွမ်ကျောင်းတော်ကို ပြန်သွားကြတယ်။ ကျောင်းက ကျောင်းသားတွေကို အကုန်ခေါ်ပြီး မင်္ဂလာစာသားတွေ ဝိုင်းရေးခိုင်းဖို့ စီစဉ်လိုက်တယ်။

ကျောက်အာက စက္ကူအနီတွေနဲ့ မှင်တွေကို အသင့်ပြင်ဆင်ထားပြီး လှည်းအနည်းငယ်နဲ့ ကျောင်းတော်ဆီကို ပို့ပေးလိုက်တယ်။

ကျောင်းပိတ်အိမ်မှာ နားနေကြတဲ့ ကျောင်းသားတွေကတော့ ကျောင်းက ဘာလို့ သူတို့ကို ပြန်ခေါ်တာလဲဆိုပြီး နားမလည် ဖြစ်နေကြတယ်။

ဒါပေမဲ့ စာမေးပွဲ သုံးကြိမ်ဆက်တိုက် ပထမရထားတဲ့ ရွှီထင်းရှန်းက ဦးဆောင်နေသလို မောက်ပါ့သိုတို့လို ရှို့ချိုင်တွေကလည်း တိုက်တွန်းနေကြတော့ သူတို့လည်း ဝမ်းသာအားရ လာကြတာပေါ့။ သူတို့နဲ့ နီးနီးကပ်ကပ် နေရရင်ပဲ ဘုန်းကံတွေ ကူးစက်ပြီး နောက်နှစ်မှာ သူတို့လည်း ပထမရနိုင်မလားလို့ မျှော်လင့်နေကြတာလေ။

အသက် ၁၀ နှစ်အရွယ် ကလေးတွေကနေ အိမ်ထောင်ကျပြီးသား လူကြီးတွေအထိ ကျောင်းသားအားလုံး ကျောင်းတော်က ခန်းမကြီးထဲမှာ စုဝေးပြီး စက္ကူနီတွေပေါ်မှာ စာလုံးကြီးတွေ ရေးကြတယ်။

ရွှီထင်းရှန်းက ပြောတယ်။ "စာမေးပွဲဖြေချင်ရင် အရင်ဆုံး စာလုံးလှရမယ်။ စာလုံးလှဖို့က လေ့ကျင့်မှ ရတာ။ အခုလို အခွင့်အရေးကောင်းကို အမိအရ ဆုပ်ကိုင်ပြီး လေ့ကျင့်ကြပါ" တဲ့။

အားလုံးကလည်း မင်္ဂလာ စာသားတွေကို ကြိုးကြိုးစားစား ရေးကြတယ်။ စာသားပုံစံတွေကိုတော့ အသင့်ပေးထားတာမို့ သူတို့က ကူးရေးရုံပါပဲ။ အကြိမ်ကြိမ် ကူးရေးရင်းနဲ့ စာသားတွေကိုလည်း အလွတ်ရသွားကြတယ်။

နေ့လယ်စာကိုတော့ ကျောက်အာက တာဝန်ယူ ကျွေးမွေးသလို မုန့်တွေ၊ လက်ဖက်ရည်တွေလည်း အလျှံပယ်ပါပဲ။ ခန်းမထဲမှာ မီးဖိုတွေ ထားပေးထားတော့ ချမ်းလည်း မချမ်းပါဘူး။ ဆင်းရဲတဲ့ ကျောင်းသားအချို့ကတော့ "ဒီလို အခွင့်အရေးမျိုးက မဆိုးပါဘူး၊ စာလုံးလည်း လေ့ကျင့်ရသလို စားသောက်ရတာလည်း ကောင်းသားပဲ" တွေးပြီး ပျော်နေကြတယ်။

ညနေစောင်း အိမ်ပြန်ရမယ့်အချိန်မှာတော့ ကျောက်အာက ငွေပြားထုပ်တွေ ယူလာပြီး အားလုံးကို ဝေပေးတယ်။

ကျောင်းသားတွေ မသိတာက သူတို့ ရေးသမျှ စာသားတွေကို တစ်ယောက်ချင်းစီ စာရင်းလုပ်ထားတာ။ ဘယ်သူ ဘယ်နှစ်စောင် ရေးလဲဆိုတာပေါ် မူတည်ပြီး ငွေတွေ ပေးတယ်။ အနည်းဆုံး ငွေပြား ၁၀၀ ကျော်ကနေ အများဆုံးဆိုရင် ငွေပြား ရာနဲ့ချီပြီး ရကြတယ်။

ဒါဟာ သူတို့ရဲ့လုပ်အားခ ဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အခါ ကျောင်းသားတွေ အားလုံး မျက်နှာတွေ ဝင်းပသွားပြီး "မနက်ဖြန်ရော ရေးဦးမှာလား၊ ရေးရင် ထပ်လာမယ်"လို့ မေးကြတယ်။ ကျောက်အာကလည်း ရေးဦးမှာပါလို့ ပြန်ပြောလိုက်တယ်။

ရွှီဟောက်ဆိုတာက ခရိုင်ဝန်ရွှီရဲ့သားပါ။ ခရိုင်ဝန်ရဲ့သားဆိုပေမဲ့ သူကလည်း ကလေးလေး တစ်ယောက်ပါပဲ။

ခရိုင်ဝန်ရွှီက ဆရာလင်းမြောင်ရဲ့ ပညာအရည်အချင်းနဲ့ စိတ်ဓာတ်ကို လေးစားတာကြောင့် သူ့သားကို ချင်းယွမ်မှာ လာထားတာ။

တကယ်တော့ သူက သူ့သားကို လေ့ကျင့်ပေးချင်တာလည်း ပါတယ်။ ရွှီဟောက်က သူတို့ လင်မယား အသက်ကြီးမှရတဲ့ သားလေးမို့ အရင်က အစ်ကို၊ အစ်မတွေ ခံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို သူက မသိပါဘူး။ အရမ်းကြီး ဆိုးသွမ်းတာမျိုး မဟုတ်ပေမဲ့ နည်းနည်းတော့ ချွဲတတ်တယ်။

ခရိုင်ဝန်ရွှီက သူ့သားကို ကျောင်းမှာပဲ နေခိုင်းပြီး ကျောင်းပိတ်ရက်မှ အိမ်ပြန်ခိုင်းတယ်။

ဒီတစ်ခေါက် ကျောင်းပိတ်တော့ ရွှီဟောက်က အိမ်ပြန်လာပြီး ဆရာ့အတွက် နှစ်သစ်ကူးလက်ဆောင် လာပို့တာ။ အဲဒါကို ရွှီထင်းရှန်းက တွေ့ပြီး အလုပ်ခိုင်းလိုက်တာပေါ့။

ခုနကပြောတဲ့ ၁၀ နှစ်အရွယ် ကလေးဆိုတာ သူပါပဲ။ တခြားသူတွေ ရေးသလို သူလည်း လိုက်ရေးပြီး ငွေပြား ၁၀၀ ကျော် ရခဲ့တယ်။

ရွှီဟောက်က ပျော်ရွှင်စွာနဲ့ အိမ်ပြန်လာပြီး ရွှီသခင်မကို သူ့ရဲ့ ငွေတွေကို ထုတ်ပြတယ်။ ဒါဟာ သူကိုယ်တိုင် ရှာထားတဲ့ ငွေတွေပါတဲ့။

ရွှီသခင်မက သူ့သား ငွေရှာနိုင်တယ်ဆိုတာကို မယုံတာကြောင့် ခရိုင်ဝန်ရွှီကို အမြန်ခေါ်ခိုင်းလိုက်တယ်။ နှစ်ယောက်သား သေချာမေးမြန်းကြည့်တော့မှ သူ့သားက ကလေးအလုပ်သမားအဖြစ် အခိုင်းခံလိုက်ရမှန်း သိသွားတော့တယ်။

"ဒီ ရွှီထင်းရှန်းကတော့လေ... ဒီအကြံက သူ့ဇနီးလောင်း ပေးတာပဲ ဖြစ်ရမယ်"

"ဒီမိန်းကလေးကတော့ ဦးနှောက် တကယ်ကောင်းတာပဲ" ရွှီသခင်မက ကျောက်အာကို တွေ့ဖူးတယ်။ အရင်က ကျောက်အာက ရုံးတော်ကို လာပြီး လုပ်ငန်းရဲ့ အစုရှယ်ယာ စာချုပ်ကို ရွှီသခင်မရဲ့ လက်ထဲကို လာပေးခဲ့တာကိုး။

အရာရှိတွေက စီးပွားရေး မလုပ်ရဘူးဆိုတဲ့ စည်းကမ်းရှိပေမဲ့ အရာရှိကတော်တွေကတော့ စီးပွားရေးအသေးစားလေးတွေလုပ်ပြီး ငွေရှာလို့ရတယ်။ ဒီအကြံက ရွှီထင်းရှန်းက ကျောက်အာကို ပေးခဲ့တာ။ ရွှီသခင်မနဲ့ ပေါင်းဖို့အတွက် ကျောက်အာကပဲ ရှေ့ထွက်ရတာဆိုတော့ နှစ်ယောက်သားက တော်တော်လေး ရင်းနှီးနေပြီ။

"သူမက တကယ့်ကို ထူးခြားတဲ့ အမျိုးသမီးပဲ။ မိန်းကလေး ဖြစ်နေတာကတော့ နှမြောစရာပဲ" ခရိုင်ဝန်ရွှီက မှတ်ချက်ပေးတယ်။

"အဖေ... မနက်ဖြန်လည်း သား သွားဦးမယ်" ရွှီဟောက်က ဝင်ပြောတယ်။

"ဘယ်ကိုလဲ"

"မင်္ဂလာစာသားတွေရေးပြီး ငွေရှာမလို့လေ"

"အိမ်မှာ မင်း ငွေရှာဖို့ မလိုပါဘူး"

ခရိုင်ဝန်ရွှီက ရယ်မောရင်း ပြောပေမဲ့ ရွှီဟောက်ကတော့ အကျိုးအကြောင်းနဲ့ ပြန်ပြောတယ်။

"ရွှီရှို့ချိုင်က ပြောတယ်... စာပဲ ဖတ်နေမရဘူး၊ လောကကြီးကိုလည်း သိရမယ်၊ အဲဒါမှ နောင်တစ်ချိန် အရာရှိဖြစ်ရင် ပြည်သူတွေရဲ့ ဒုက္ခကို သိမှာတဲ့။ ပြီးတော့ သူက ပြောသေးတယ်... စာသမားဆိုတာ လောကမှာ အားအကိုးရဆုံး လူမျိုးဖြစ်ရမယ်၊ စာမေးပွဲအောင်ရင်တော့ အရာရှိဖြစ်မယ်၊ မအောင်ရင်တော့ 'စာတတ်ပြီး ဘာမှမလုပ်တတ်တဲ့သူ' ဖြစ်သွားမှာတဲ့။ ဒါကြောင့် စာပဲ ဖတ်မနေဘဲ အလုပ်လည်း လုပ်တတ်ရမယ်၊ အဲဒါမှ စာမေးပွဲဖြေတဲ့အခါမှာလည်း စိတ်အေးလက်အေးနဲ့ အောင်မြင်မှာတဲ့"

"ဒါက ဘယ်လို အယူအဆကြီးလဲ" ခရိုင်ဝန်ရွှီက သူ့သားက အတင်းသွားချင်နေတော့ ပြောလိုက်ရတယ်။ "ကောင်းပြီ၊ ကောင်းပြီ။ သွားချင်ရင်လည်း သွား၊ လူလွှတ်ပြီး လိုက်ပို့ပေးမယ်"

ဒီကလေးကတော့ ရွှီရှို့ချိုင်ရဲ့ စကားတွေကို တကယ်ပဲ နားယောင်နေပြီ။

ဒီလိုနဲ့ ပွဲပြီးသွားတဲ့အခါ ချင်းယွမ်ကျောင်းတော်က ကျောင်းသားတိုင်း ငွေတွေ အသီးသီး ရကြတယ်။ တချို့က နှစ်သစ်ကူးဖို့ သုံးကြသလို တချို့ကတော့ နောက်နှစ် စာမေးပွဲဖြေဖို့အတွက် စုဆောင်းထားကြတယ်။ ဒါဟာ သူတို့အတွက်တော့ 'စာတွေ့ကို လက်တွေ့အသုံးချခြင်း'ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ကိုယ်တိုင် ခံစားလိုက်ရတာပဲ။

ရက်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး အဘိုးရွှီအပါအဝင် အားလုံးလည်း နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ကြတယ်။

စိတ်ချမ်းသာရင် လူကလည်း ကျန်းမာလာတတ်တယ်။ ရွှီထင်းရှန်း ရှို့ချိုင်အောင်သွားတာနဲ့တင် အဘိုးရွှီခမျာ အိပ်မက်ထဲမှာတောင် ပြုံးနေရတာ။

တစ်ခုပဲ စိတ်မကောင်းစရာ ရှိတာက နှစ်သစ်ကူးဖို့ တစ်ရက်အလိုမှာ ရွှီချင်းရှန် ရုတ်တရက် ရောက်လာတယ်။

သူ ဘာလာလုပ်လဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ သူ အိမ်ထဲကို ခြေတစ်လှမ်း မလှမ်းရသေးခင်မှာတင် အပြင်ကို နှင်ထုတ်ခံလိုက်ရတယ်။ အဲဒီနောက်မှာ အဘွားကျောက်က ခြင်းတောင်းလေးကို ကိုင်ပြီး အပြင်ကို တစ်ခေါက် ထွက်သွားတယ်။ သူမ ဘာသွားလုပ်လဲဆိုတာတော့ အားလုံး သိကြတယ်။

တခြားသူတွေကတော့ ဒါကို ဂရုမစိုက်ကြပေမဲ့ အကြီးဆုံးဦးလေးရဲ့မိသားစု သုံးယောက်ကတော့ စိတ်မကောင်းဖြစ်သွားကြတယ်။ ဒါကြောင့် နှစ်သစ်ကူးရက်တွေမှာ သူတို့ရဲ့အပြုံးတွေက ဟန်ဆောင်နေသလိုမျိုး ဖြစ်နေတယ်။

၂ လပိုင်း ၈ ရက်နေ့။ ဗေဒင်ကိန်းအရ လက်ထပ်ဖို့ အကောင်းဆုံးနေ့ ဖြစ်တယ်။

ကျောက်အာက နေအတော်မြင့်မှ နိုးလာတယ်။ မနေ့ညက အဒေါ်ကောင်းက သူမဆီ လာခဲ့ပြီး ရှက်စရာကောင်းတဲ့ အကြောင်းအရာအချို့ကို ပြောပြခဲ့တာကြောင့် သူမ တစ်ညလုံး ဟိုတွေးဒီတွေးနဲ့ လွန်ဆွဲနေခဲ့ရင်း မိုးလင်းခါနီးမှပဲ အိပ်ပျော်သွားခဲ့တာ။

အဒေါ်ကောင်းက သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာကို မြင်တော့ မနှိုးတော့ပါဘူး။ ညနေမှ မင်္ဂလာဆောင်ရမှာဆိုတော့ နေ့လယ်မတိုင်ခင် နိုးရင် ရတာပဲလေ။

ကျောက်အာ နိုးလာပြီး မနက်စာစားတော့ အဒေါ်ကောင်းက ရေနွေးတွေ အဆင်သင့် ပြင်ထားပေးပြီးပြီ။ သူမ တစ်ကိုယ်လုံးကို သေသေချာချာ ဆေးကြောပြီး ဆံပင်တွေ ခြောက်သွားတော့မှ မင်္ဂလာဝတ်စုံကို ဝတ်ဆင်တယ်။

မင်္ဂလာဝတ်စုံက အနီရဲရဲလေးဖြစ်ပြီး အပေါ်မှာ မောင်နှံစုံ ငှက်လေးတွေကို ပန်းထိုးထားတယ်။

ပုံစံကတော့ ရိုးရှင်းပေမဲ့ အရပ်သူအရပ်သားတွေအတွက်တော့ ဒါဟာ အကောင်းဆုံးပါပဲ။ အထည်ကိုတော့ ကျောက်အာကိုယ်တိုင် သေချာရွေးချယ်ခဲ့တာဖြစ်သလို သူမကိုယ်တိုင်ပဲ တစ်ဆောင်းလုံး အချိန်ယူ ချုပ်လုပ်ခဲ့တာလေ။

ချွမ်ဖူးရန်(ကံကောင်းခြင်းနှင့် ပြည့်စုံသော အမျိုးသမီး)လည်း ရောက်လာပါပြီ။ သူမက ဆုတောင်းစကားတွေ ပြောကြားပြီးနောက် ကျောက်အာရဲ့ ဆံပင်ကို စတင်ဖြီးသင်ပေးတယ်။

ပြီးတော့ ခိုင်လျန်အခမ်းအနားကိုလည်း လုပ်တယ်။ ဒါကတော့ ယောက္ခမ၊ မိဘ၊ သားသမီး အစုံအလင်ရှိတဲ့ အမျိုးသမီးကြီးကနေ အပ်ချည်အနီလေးကို သုံးပြီး သတို့သမီးရဲ့ မျက်နှာပေါ်က မွေးညင်းနုလေးတွေကို ဖယ်ရှားပေးရတာ။ ပြီးတော့ ဆံစပ်လေးတွေကိုပါ သေချာပြုပြင်ပေးလိုက်တော့မှ ဒီအခမ်းအနားက ပြီးဆုံးသွားပါတော့တယ်။

ထိုအတောအတွင်း ချွမ်ဖူးရန်က မင်္ဂလာရှိသော ဆုတောင်းစကားများကို တတွတ်တွတ် ရွတ်ဆိုနေပေမယ့် ကျောက်အာကမူ သေချာနားမဝင်တော့ဘဲ မျက်စိကိုဇွတ်မှိတ်ပြီး သတ်ကွင်းထဲ ရောက်နေရသလိုမျိုး တောင့်တောင့်ကြီး ထိုင်နေတော့တယ်။

ဆံပင်ပြင်ပြီးတော့ အလှပြင်ဖို့လိမ်းခြယ်ရပြန်ရော။ ရွာက မိန်းမတွေရဲ့ အလှပြင်လက်ရာဆိုတာကလည်း သိတဲ့အတိုင်းပဲလေ။ မျက်နှာမှာ ပေါင်ဒါအဖြူတွေကို ထူပိန်းနေအောင်လိမ်း၊ မျက်ခုံးမွှေးကို မီးသွေးခဲနဲ့ဆွဲ၊ နှုတ်ခမ်းကို အနီရဲရဲဆိုးလိုက်ရင် ပြီးပြီလို့ သတ်မှတ်ထားကြတာ။

ကျောက်အာခမျာ ရုပ်သေးရုပ်တစ်ရုပ်လိုပဲ သူတို့ပြင်သမျှ ငြိမ်ခံနေရရှာတယ်။ တစ်ဖက်လူက ပြီးပြီဆိုလို့ မျက်စိဖွင့်ပြီး မှန်ထဲကြည့်လိုက်တော့မှ လန့်အော်မိတော့တယ်။ မှန်ထဲမှာ နှုတ်ခမ်းနီရဲရဲနဲ့ ကြောက်စရာကောင်းတဲ့ သရဲမကြီးတစ်ကောင် ဖြစ်နေတာကြောင့် "အမေရေ" ဆိုပြီး အော်မိတာပေါ့။

ကျောက်အာအသားအရည်က ဖြူဝင်းနေတာမျိုးတော့ မဟုတ်ဘူး။ တစ်ဆောင်းလုံး သေချာဂရုစိုက်ထားလို့ အရင်လို မမည်းတော့ပေမဲ့ ဖြူဖွေးတဲ့အထဲတော့ မပါသေးဘူး။ အခုလိမ်းထားတဲ့ ပေါင်ဒါတွေက အရမ်းဖြူလွန်းနေတော့ မျက်နှာဖုံးစွပ်ထားသလို ဖြစ်နေတဲ့အပြင် နှုတ်ခမ်းနီကလည်း ရဲနေတော့ လူကို တကယ်လန့်သွားစေတာ။

အဒေါ်ကောင်းကတော့ "သတို့သမီးဆိုတာ ဒီလိုပဲ ပြင်ရတာလေ" လို့ ပြောပေမဲ့ ကျောက်အာကတော့ မယုံပါဘူး။ ဒီရုပ်ကြီးနဲ့ ယူရမယ်ဆိုရင်တော့ အသေသာ ခံလိုက်တော့မယ်။ နောက်ဆုံးတော့ အတင်းငြင်းပြီး မျက်နှာသစ်ပစ်လိုက်တယ်။ အဒေါ်ကောင်းလည်း မတတ်နိုင်တော့လို့ အလှပြင်ဆရာမကို ပိုက်ဆံရှင်းပြီး ပြန်လွှတ်လိုက်ရရော။

ကျောက်အာက ခဏလောက်စဉ်းစားပြီး မြို့ကဝယ်လာတဲ့ ခရင်မ်လေးကိုပဲ ပါးပါးလိမ်းလိုက်တယ်။ ပြီးတော့ နှုတ်ခမ်းနီလေး နည်းနည်းယူ၊ ညီအောင် ဖြန့်ဆိုးလိုက်တယ်။ နည်းနည်းနီလွန်းနေသေးတယ်ထင်လို့ ပြန်ဖျက်လိုက်တော့မှပဲ အဆင်ပြေသွားတော့တယ်။

အဲဒီတော့မှ မှန်ထဲမှာ အနီရောင်ဝတ်စုံလေးနဲ့ တကယ့်အလှပဂေးလေး ပေါ်လာတော့တာ။ မျက်လုံးလေးတွေက ဝိုင်းစက်၊ နှုတ်ခမ်းလေးတွေက စိုပြည်ပြီး ကြည့်ရတာ အရမ်းဆွဲဆောင်မှု ရှိနေတယ်။ အသားအရည်က သိပ်မဖြူပေမဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုတစ်မျိုး ရှိနေတာပေါ့။ အထူးသဖြင့် အရပ်အမောင်းကလည်းမြင့်၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း အမိုက်စားဆိုတော့ ပိန်လွန်းဝလွန်းတာမျိုး မရှိဘဲ တကယ့်ကို ပြည့်စုံလွန်းနေတယ်။

အဒေါ်ကောင်း အခန်းထဲပြန်ဝင်လာပြီး သေချာကြည့်ကာ ချီးကျူးရှာတယ်။ "ငါပြင်ပေးတာ မလှဘူးထင်သား၊ ငါကလည်း ဒီလိုအလှပြင်တာတွေ မကျွမ်းကျင်တော့လေ။ ကျောက်အာကတော့ တကယ်လက်ရာမြောက်တာပဲ။ ကြည့်စမ်း... တကယ့်ကို လှပတဲ့ သတို့သမီးလေး ဖြစ်နေပြီ" တဲ့။ ကျောက်အာလည်း ရှက်သွေးဖြာပြီး ပြုံးလိုက်မိတယ်။

ကျောက်အာမှာ မိဘအရင်းအချာ မရှိတော့ ရွှီမျိုးနွယ်ထဲက အမျိုးသမီးတချို့က လာအဖော်ပြုပေးကြတယ်။ ညနေစောင်းတော့ အပြင်မှာ ယမ်းတိုးသံတွေ ဆူညံလာပြီး တစ်ယောက်ယောက်က ခေါင်းပေါ် ပုဝါနီ လာအုပ်ပေးလိုက်တယ်။ ပြီးတော့ ဘာတွေဆက်ဖြစ်လဲ ကျောက်အာ မသိတော့ဘူး။ အပြင်မှာ အရမ်းဆူညံနေတာပဲ သိတော့တယ်။ ရင်တွေလည်း တစ်ခါမှမဖြစ်ဖူးလောက်အောင် တုန်နေမိတယ်။

"သတို့သား ဝင်လာပြီ" လို့ ပြောသံကြားတော့ ကျောက်အာလည်း အလိုလို ကိုယ်ကို တင်းထားမိတယ်။ အဲဒီအချိန်မှာ လက်တစ်စုံက သူ့လက်ကို လာဆုပ်ကိုင်တယ်။

"သတို့သားက သတို့သမီးကို ပိုးချီပြီး အိမ်ပြင်ထွက်ရမယ်နော်။ သတိထားဦး၊ မင်္ဂလာဦးခန်းထဲ မရောက်ခင်အထိ သတို့သမီးခြေထောက် မြေကြီးနဲ့ မထိစေနဲ့"

ဘေးနားကလူတွေက ဝိုင်းရယ်ကြတယ်။ ကျောက်အာလည်း ရှက်သွားပြီး "ကောင်လေးက ပုတော့ ငါ့ကို ပိုးနိုင်ပါ့မလား" လို့များ လူတွေ လှောင်နေကြသလားလို့ တွေးမိတယ်။ "ဘယ်သူက ဘယ်သူ့ကို ပိုးပိုး ဘာထူးမှာလဲ"လို့ သူမ ပြောချင်နေတုန်းမှာပဲ ရွှီထင်းရှန်းက သူမကို ပွေ့ချီပြီး လမ်းလျှောက်ထွက်လိုက်တာကြောင့် သူမတစ်ကိုယ်လုံး ဟာခနဲဖြစ်ပြီး မြောက်တက်သွားတယ်။

"ဒီလိုလည်း ရတာပဲကိုး။ တို့တွေရဲ့ ရှို့ချိုင်ကတော့ လုပ်ပုံကိုက သူများနဲ့မတူဘူး"

"သတို့သားက သတို့သမီးကို ပွေ့ချီပြီး ထွက်လာပြီဟေ့" ဆိုပြီး အသံတွေ ထွက်လာတယ်။

ပတ်ဝန်းကျင်တစ်ခုလုံး ယမ်းတိုးသံတွေ၊ ဆူညံသံတွေနဲ့ ပြည့်နှက်နေတယ်။ ကျောက်အာခမျာ တစ်ကိုယ်လုံး တောင့်တင်းပြီး ဘာလုပ်ရမှန်း မသိဖြစ်နေတုန်း တိုးတိုးလေး ပြောလိုက်တဲ့အသံကို ကြားလိုက်ရတယ်။ "ငါ့ကို တင်းတင်းဖက်ထားဦး၊ ငါ့လက်မှာ အားမရှိလို့ မင်းကို လွတ်ချမိနေဦးမယ်"

အဲ့စကားကြားတော့ ကျောက်အာလည်း ပြာပြာသလဲ သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိရော။ တစ်ယောက်က "ဒါက ဘာမှမရှိသေးဘူးလေ၊ အခုကတည်းက တင်းနေလိုက်တာ။ အခန်းထဲရောက်မှ ဖက်လည်း မနောက်ကျပါဘူး" ဆိုပြီး နောက်လိုက်သေးတယ်။

ရယ်မောသံတွေ၊ ယမ်းတိုးသံတွေကြားထဲမှာ ကျောက်အာကို မင်္ဂလာဝေါယာဉ်ထဲ ထည့်လိုက်ကြတယ်။ ဝေါယာဉ်က ရွာကို သုံးပတ်ပတ်ရတယ်။ ရှေ့ကိုပဲသွားရပြီး နောက်ပြန်မလှည့်ရတဲ့ စည်းကမ်းအတိုင်း လမ်းကြောင်းကိုလည်း ကြိုတွက်ထားပြီးသား။ ကောင်းကင်မှာ လိမ္မော်ရောင် နေဝင်ဆည်းဆာအလှတွေ ဖုံးလွှမ်းနေတဲ့အချိန်မှာပဲ ဝေါယာဉ်က ရွှီမိသားစုအိမ်ရှေ့ ရောက်လာတယ်။

အိမ်ရှေ့တံခါးဝကနေ အခန်းမကြီးအထိ ကြမ်းပြင်ပေါ်မှာ အနီရောင် 'ဖူး' လာဘ်အိတ်တွေကို တစ်ခုပြီးတစ်ခု ခင်းထားတယ်။ သတို့သမီးခြေထောက် မြေကြီးနဲ့ မထိစေရဘူးဆိုတဲ့ ဓလေ့အရပေါ့။ တကယ်တော့ တောင်သူမိသားစုတွေက ဒီလောက်အသေးစိတ် မလုပ်တတ်ကြပေမဲ့ ရွှီထင်းရှန်းက အားလုံးကို အသေးစိတ် ကြိုစီစဉ်ခိုင်းထားခဲ့တာ။

ကန်တော့ပွဲပေးပြီးတော့ မင်္ဂလာဦးခန်းထဲ ဝင်ခဲ့ကြတယ်။ အခန်းထဲမှာ လူတွေအပြည့်ပဲ၊ သတို့သားက ခေါင်းဆောင်းပုဝါ လှန်ပေးမှာကို စောင့်နေကြတာ။ ပုဝါကိုလှန်လိုက်တော့ အားလုံးက တအံ့တဩနဲ့ ချီးကျူးကြတယ်။ ဇနီးမောင်နှံက တကယ်လိုက်ဖက်တယ်တဲ့။ လူပျိုတချို့ကလည်း "ဒါက ရွှီထင်းရှန်းမို့လို့ပေါ့၊ တခြားသူသာဆို ကျောက်အာမမကို လုယူသွားကြတာ ကြာပြီ" လို့ စကြနောက်ကြတယ်။

ပြီးတော့ မင်္ဂလာဦးဝိုင် အတူတူသောက်ကြတယ်။ ရွှီထင်းရှန်းကိုတော့ အပြင်ပြန်သွားပြီး ဧည့်သည်တွေကို ဝိုင်လိုက်တိုက်ရတယ်၊ ကျောက်အာကတော့ အခန်းထဲမှာ ကျန်ခဲ့တယ်။

မင်္ဂလာဧည့်ခံပွဲက လမင်းကြီး သစ်ပင်ထိပ်ဖျားရောက်တဲ့အထိ စည်ကားနေတုန်းပဲ။ ရွှီထင်းရှန်းက ရှို့ချိုင်တစ်ယောက်ဖြစ်နေတော့ သူ့ကို သိပ်မနောက်ရဲကြပေမဲ့ သူကိုယ်တိုင်က ဝိုင်တွေအများကြီး သောက်လိုက်ရတော့ အခန်းထဲ ပြန်ပို့ခံရချိန်မှာ မူးနေတဲ့ပုံစံ ပေါက်နေပြီ။

"ဘာလို့ ဒီလောက်တောင် သောက်ရတာလဲ" ကျောက်အာက ညည်းရင်း သူ့ကို အိပ်ရာပေါ် တွဲပို့ပေးတယ်။ အဒေါ်ကျိုးဆီက ရေနွေးယူ၊ တံခါးပိတ်ပြီး သူ့ကို ရေပတ်တိုက်ပေးဖို့ ပြင်တယ်။ သူ့ဖိနပ်ချွတ်ပေးပြီး မျက်နှာသစ်ပေးဖို့ လုပ်တုန်းမှာပဲ လက်တစ်စုံက ကျောက်အာ့လက်ကို လာဆုပ်ကိုင်လိုက်တယ်။

ရွှီထင်းရှန်းက မျက်လုံးဖွင့်ကြည့်လာတယ်။ သူ့မျက်လုံးတွေက တောက်ပနေပြီး မူးနေတဲ့ အရိပ်အယောင် လုံးဝမရှိဘူး။

"နင်... မမူးဘူးလား"

"မူးချင်ယောင် မဆောင်ရင် ဒီည ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူးလေ"

အဓိပ္ပာယ်ပါပါ ပြောလိုက်တော့ ကျောက်အာ ရင်ခုန်လာပြီးမေးမိရော "နင်... ဘာလုပ်မလို့လဲ"

"ငါ ဘာလုပ်မလို့လဲဆိုတာ မင်းမသိဘူးလား"

သူက အနားတိုးကပ်လာတယ်။ သူ့ဆီက ဝိုင်နံ့နဲ့အတူ ကိုယ်သင်းနံ့ဖြစ်တဲ့ မှင်ရနံ့သင်းသင်းလေးက ကျောက်အာ့နှာခေါင်းထဲ တိုးဝင်လာတယ်။ အဝတ်အစားတွေ မထူပေမဲ့ အပူရှိန်တစ်ခု တက်လာသလိုပဲ။ ကျောက်အာ နောက်ဆုတ်ဖို့ ပြင်ပေမဲ့ ရွှီထင်းရှန်းက ခပ်ကြမ်းကြမ်းလေး ဆွဲလိုက်လို့ သူ့ရင်ခွင်ထဲ မှောက်လျက်သား ပြုတ်ကျသွားတယ်။

"နင်က ရေလည်းမချိုးရသေးဘူး၊ ငါလည်း မချိုးရသေးဘူးလေ။ အရင် လွှတ်ပါဦး"

"ဘာကို ဆေးကြောနေမှာလဲ။ မနက်ကမှ ချိုးထားတာ၊ သန့်ရှင်းနေတာကို။ မယုံရင် ကြည့်လေ"

သူက ကျောက်အာကို ပြန်ပြောခွင့် မပေးတော့ဘဲ အပေါ်အင်္ကျီကို ချွတ်သလို ကျောက်အာ့အဝတ်အစားတွေကိုလည်း စဖယ်ရှားတော့တာပဲ။ သူ့လက်တွေက မြန်လွန်းလို့ ကျောက်အာ လက်နဲ့ကာကွယ်ဖို့ ကြိုးစားပေမဲ့ မရဘူး၊ အဝတ်အစားတွေ တစ်စစီ ကျွတ်ထွက်ကုန်ရော။

"ဖယောင်းတိုင်ကို ငြှိမ်းလိုက်ပါဦး"

"ဒီဖယောင်းတိုင်ကို ငြှိမ်းမရဘူးလေ၊ တစ်ညလုံး ထွန်းထားရမှာ"

"နင်... အမြန်လွှတ်ပါတော့"

"မလွှတ်ဘူး"

"နင် ဘာဒီလောက်တောင် လောနေရတာလဲ"

"ငါ အရမ်းလောနေတယ်ဆိုတာ အခုမှ သိတာလား"

ခဏလေးအတွင်းမှာပဲ ကျောက်အာ့ကိုယ်ပေါ်မှာ ရင်စည်းအင်္ကျီလေးတစ်ထည်ပဲ ကျန်တော့တယ်။ ရင်စည်းက အနီရဲရဲလေး၊ မောင်နှံစုံငှက်လေးတွေကို ပန်းထိုးထားတယ်။ ငှက်ကလေးနှစ်ကောင် လည်ပင်းချင်း ယှက်နွယ်နေတဲ့နေရာက သူမရဲ့ရင်သားအစုံကြားက အချိုင့်လေးနဲ့ ကွက်တိပဲ။ ခုနက ရုန်းကန်ထားတော့ ရင်စည်းကြိုးလေးက လျော့ရဲပြီး တစ်ဖက်မှာ တွဲကျနေလို့ ဖြူဝင်းနေတဲ့ ရင်သားတစ်ဝက်လောက်က ပေါ်ထွက်နေတယ်။ အခန်းထဲမှာ မီးဖိုထွန်းထားလို့ နွေးနေပေမဲ့ အသားအရေပေါ်မှာ ကြက်သီးတွေထနေတယ်။

ကျောက်အာက လက်နဲ့ကာဖို့ ကြိုးစားပေမဲ့ သူက လက်ကို ဆွဲထားလိုက်ပြန်တယ်။ ပြီးတော့ ရင်စည်းကိုပါ ဖယ်ရှားလိုက်လို့ အေးခနဲဖြစ်သွားပြီး ကျောက်အာ့ကိုယ်ပေါ်မှာ အတွင်းခံဘောင်းဘီ ပါးပါးလေးတစ်ထည်ပဲ ကျန်တော့တယ်။ ရွှီထင်းရှန်းက အဲဒါကိုတော့ မချွတ်သေးဘဲ ကျောက်အာ လက်နဲ့ကာထားတဲ့ ရင်သားအစုံကိုပဲ ကြည့်နေတယ်။ ကျောက်အာက အတွေ့အကြုံမရှိတော့ ဒီလို ရှက်ကိုးရှက်ကန်း ကာကွယ်နေတာက ယောကျာ်းတစ်ယောက်ကို ပိုစိတ်ကြွစေတယ်ဆိုတာ မသိရှာဘူး။

ရွှီထင်းရှန်းမျက်လုံးတွေက ရီဝေနေပြီ။ ကျောက်အာကတော့ ဝိုင်ကြောင့်လို့ပဲ ထင်နေတုန်း။

သူမက သူ့ကို တွန်းထုတ်ဖို့ကြိုးစားရင်း တုန်တုန်ရီရီနဲ့ ပြောတယ်။ "အရင်ထလိုက်ပါဦး၊ ငါ ချမ်းတယ်၊ စောင်ထဲ ဝင်ချင်တယ်"

သူမ အရမ်းကြောက်နေတဲ့ပုံပဲ။

"ခဏနေရင် မချမ်းတော့ပါဘူး" ပြောပြီးတာနဲ့ ရွှီထင်းရှန်က အပေါ်ကနေ အုပ်မိုးလိုက်တယ်။ ကျောက်အာလည်း အခုမှပဲ ကောင်လေးက အရပ်ပိုရှည်လာပြီး သူမကို လုံးဝလွှမ်းမိုးထားနိုင်မှန်း သိလိုက်ရတယ်။ အားရှိပေမဲ့ သူ့ကို တွန်းထုတ်လို့ မရတော့ဘူး။ နောက်ဆုံးတော့ သူလုပ်သမျှ ငြိမ်ခံနေရတော့တာပေါ့။

******

94 01

အခန်း (၉၄)

ကျောက်အာက ကိုယ်ပေါ်က စောင်ကို တင်းတင်းပတ်ထားပြီး သူနဲ့ ဝေးရာကို တိုးကပ်သွားကာ ကျောပေးပြီး လဲနေလိုက်တယ်။

အဝတ်အစားလဲတဲ့ အသံသဲ့သဲ့ကို သူမ ကြားနေရပြီး ကောင်လေးက အိပ်ရာပေါ်က ဆင်းသွားပုံရတယ်။

သူ တံခါးဆီကို လျှောက်သွားတဲ့ အသံကို ကြားလိုက်ရတော့မှ သူမ မနေနိုင်တော့ဘဲ မေးလိုက်မိတယ်။ "နင် ဘာလုပ်မလို့လဲ"

သူမရဲ့အသံက လုံးဝကို အက်ကွဲနေပါပြီ။ ဘယ်လိုမှ နားထောင်မကောင်းလောက်အောင်ဖြစ်နေတဲ့ သူမရဲ့အသံကို သတိထားမိတော့ ကျောက်အာခမျာ ရှက်လွန်းသေချင်စိတ်တောင် ပေါက်သွားတယ်။ ခုနက သူမ အဲဒီလောက်အထိ အော်ဟစ်နေခဲ့တာဆိုတော့ တစ်အိမ်လုံးက လူတွေ ကြားသွားကြမှာ သေချာတယ်။ ဘေးခန်းတွေမှာကလည်း လူကြီးမိဘတွေ ရှိနေကြတာဆိုတော့ မနက်ဖြန်ကျရင် လူရှေ့ဘယ်လိုထွက်ရပါ့မလဲ။

"ရေ သွားယူမလို့လေ"

ကျောက်အာက ဝုန်းခနဲ ထထိုင်လိုက်တယ်။ စောင်ကို ရင်ဘတ်မှာ ပိုက်ထားပေမဲ့ အပြင်ကို ပေါ်နေတဲ့ ပခုံးသားလေးတွေပေါ်မှာတော့ နီမြန်းနေတဲ့ အမှတ်အသားလေးတွေက အထင်းသား ရှိနေတယ်။ မှိန်ပျပျ မီးရောင်အောက်မှာ သူမရဲ့အလှက ပိုပြီးတော့တောင် ထူးခြားဆန်းပြားနေသလိုပါပဲ။

"မသွားနဲ့"

"ရေမချိုးဘဲ ဘယ်လို အိပ်မလဲ"

သူ့ရဲ့အကြည့်တွေက သူမရဲ့ ကိုယ်ပေါ်မှာ ရောက်နေတာကို မြင်တော့ ကျောက်အာက စောင်ကို အပေါ်ကို ထပ်ဆွဲလိုက်တယ်။ သူမ သူ့ကို မကြည့်ရဲဘဲ ပြောလိုက်တယ်။ "ဘာပဲဖြစ်ဖြစ် မသွားနဲ့။ အခန်းထဲမှာ ရေရှိသားပဲ၊ အဲဒါနဲ့ပဲ အကြမ်းဖျင်း သုတ်လိုက်တော့"

ရွှီထင်းရှန်းက အခန်းထဲက အေးစက်နေတဲ့ ရေဇလုံကို တစ်ချက်ကြည့်ပြီး ဘာမှ ပြန်မပြောပါဘူး။ နှစ်ယောက်သား အဲဒီရေဇလုံကို ကြည့်ပြီး ဘာလုပ်ရမလဲ စဉ်းစားနေကြတယ်။ နောက်ဆုံးတော့ ရွှီထင်းရှန်းကပဲ တံခါးဂျက်ကို ဖြုတ်ပြီး အပြင်ကို ထွက်သွားပါတော့တယ်။

ကျောက်အာကတော့ အိပ်ရာပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ပြန်လဲကျသွားပြီး စောင်နဲ့ ခေါင်းကိုပါ အကုန်လုံး လုံအောင် ပတ်ထားလိုက်တယ်။ ဘေးခန်းက တတိယအဒေါ်တို့၊ စတုတ္ထအဒေါ်တို့ နိုးလာပြီး ဘာဖြစ်တာလဲလာမေးမှာကို သူမ အရမ်းကြောက်နေမိတယ်။

အဲဒီအခါကျရင် ကောင်လေးက ဘယ်လို ပြန်ဖြေမှာလဲ။

အန်လို့လား၊ ဒါမှမဟုတ် အဝတ်အစားတွေ ညစ်ပတ်သွားလို့လား။

ဘယ်နေရာက ညစ်ပတ်သွားတာလဲ၊ ခုနကတင် ရေချိုးထားတာ မဟုတ်ဘူးလား။ ကျောက်အာရဲ့မျက်နှာက ပူထူနေပြီး တကယ့်ကို လူတောမတိုးရဲတော့တဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ။

တော်သေးတာက ဘယ်သူမှ နိုးမလာပုံရတယ်။ ရွှီထင်းရှန်းက တစ္ဆေတစ်ကောင်လိုပဲ မီးဖိုချောင်ကို သွားပြီး ရေယူကာ ပြန်လာခဲ့တယ်။ အိမ်ရှေ့က ဟေးကျစ်တောင် အပြင်မှာ သွားအိပ်ခိုင်းထားတာကြောင့် တစ်ချက်မှ ဟောင်သံထွက်မလာဘူး။

အခန်းထဲမှာ လှုပ်ရှားသံတွေ ကြားနေရပေမဲ့ သူမကတော့ စောင်ထဲမှာပဲ ပိုတိုးပြီး ပုန်းနေလိုက်တယ်။ ခဏနေတော့ တစ်စုံတစ်ယောက်က သူမရဲ့ စောင်ကို လာဆွဲတယ်။ သူမက ပိုးအိမ်ထဲက ပိုးကောင်လေးလိုပဲ စောင်ကို တင်းတင်းပတ်ထားပြီး သူ့ကို လုံးဝ ဆွဲခွင့်မပေးဘူး။

အတော်ကြာမှ စောင်ကြားထဲကနေ သူမက မေးလိုက်တယ်။ "ဘာလုပ်မလို့လဲ"

"ထပြီး ရေချိုးဦးလေ၊ ရေနွေးတွေ အဆင်သင့် ဖြစ်ပြီ"

"မချိုးဘူး"

"မချိုးဘဲ ဘယ်လို အိပ်မလဲ"

"အိပ်ရတယ်"

"မင်းသဘောပါပဲ၊ ဘာပဲဖြစ်ဖြစ် မနေမသာ ဖြစ်မှာက မင်းပဲလေ။ ပြီးတော့ အဲဒီအရာတွေကို မဆေးကြောရင် အတွင်းထဲမှာ ခြောက်ကပ်သွားလိမ့်မယ်"

အဲဒီစကားကို ကြားလိုက်ရတော့မှ ကျောက်အာက အပ်နဲ့ ထိုးလိုက်သလို ဝုန်းခနဲ ထထိုင်ပြီး အော်လိုက်တယ်။

"နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ နင်က ဘယ်လိုလုပ် သိတာလဲ"

ရွှီထင်းရှန်းက သူမကို ကြည့်ပြီး ဘာမှ ပြန်မပြောဘဲ ခဏနေမှ ပြောလိုက်တယ်။

"အဲဒါတွေကို မင်းရဲ့ကိုယ်ထဲမှာ အကြာကြီး ရှိနေစေချင်တာ။ အဲဒါမှ ငါ့ရဲ့ မျိုးဆက်သစ် မျိုးစေ့တွေက မင်းရဲ့ ဗိုက်ထဲမှာ အမြစ်တွယ်ပြီး ရှင်သန်နိုင်မှာ"

ကျောက်အာခမျာ နားမထောင်ရဲတော့ဘဲ စောင်ကြားထဲကနေ အဝတ်အစားတွေကို အမြန်ကောက်စွပ်လိုက်တယ်။ သူမ သူ့ကို မျက်စောင်းထိုးရင်း ခိုင်းလိုက်တယ်။ "နင် ဟိုဘက် လှည့်နေစမ်း"

ရွှီထင်းရှန်းက သူမကို တစ်ချက်ကြည့်ပြီး နောက်လှည့်ပေးလိုက်တော့မှ သူမက ကမန်းကတန်းနဲ့ အဝတ်အစားတွေကို ထပ်ဝတ်တယ်။ အိပ်ရာပေါ်က ဆင်းလာတဲ့အခါမှာတော့ သူမ ဘာတွေးလိုက်လဲ မသိပါဘူး၊ အခန်းထဲမှာ မနေတော့ဘဲ ရေဇလုံကို ကိုင်ပြီး အပြင်ကို ထွက်သွားတော့တယ်။

မီးဖိုထဲက မီးက ငြိမ်းခါစပဲ ရှိပါသေးတယ်။ အိုးကြီးထဲမှာ ရေနွေးအနည်းငယ် ကျန်နေတာကို ကျောက်အာက ဇလုံထဲ ထည့်ပြီး နောက်ဘက်က ဟင်းရွက်ခင်းဆီကို ယူသွားတယ်။

ကောင်းကင်ကြီးကတော့ မှောင်မည်းနေပြီး ၂ လပိုင်းရဲ့ ရာသီဥတုက တကယ်ကို အေးစက်လွန်းလှတယ်။

ကျောက်အာက အအေးဒဏ်ကြောင့် တုန်ရီနေပြီး ရင်ထဲမှာတော့ အောင့်သက်သက် ခံစားချက်ကြီးနဲ့ ပြည့်နေတယ်။

သူမက သူ့ကို ဒီလောက်နှစ်တွေအထိ ချစ်ပေးခဲ့တာကို၊ သူကတော့ သူမအပေါ်မှာ ဒီလောက်အထိ ကြမ်းတမ်းခဲ့တာကိုး။

ကျောက်အာက အရင်က ရွာထဲမှာ ကြားဖူးခဲ့တဲ့ စကားတွေကို သတိရသွားတယ်။ ယောက်ျားတွေက သူတို့ရဲ့ မိန်းမတွေကို အိပ်ရာပေါ်မှာ ဘယ်လို နှိပ်စက်ကြလဲ၊ သုံးရက်လောက်အထိ အိပ်ရာပေါ်က မဆင်းနိုင်အောင် လုပ်ကြတယ် ဆိုတာတွေကိုပေါ့။ အဲဒီအမျိုးသမီးတွေက အဲဒီအကြောင်း ပြောကြရင် ထူးဆန်းတဲ့ အပြုံးမျိုးနဲ့ ပြုံးနေတတ်ကြပြီး အဲဒီလို အလုပ်ခံရတာကိုပဲ ပျော်နေကြသလိုမျိုးပါပဲ။ ကျောက်အာကတော့ ဒါကို လုံးဝ နားမလည်နိုင်ဘူး။

ရေချိုးခန်းထဲ ရောက်တော့ သူမ တံခါးဂျက်ထိုးပြီး အဝတ်အစားတွေ ချွတ်တယ်။

အရမ်းအေးနေတာကြောင့် အကုန်လုံး ချွတ်စရာ မလိုဘူးတွေးမိပြီး သူမကပဲ ထိုင်ချလိုက်တယ်။ တစ်စုံတစ်ခုက စီးကျလာပြီး အရမ်းကို အေးစက်နေတယ်။ ကောင်လေး ပြောတဲ့ မျိုးဆက်သစ် မျိုးစေ့တွေဆိုတာ ဒါတွေပေါ့။ သူ့ရဲ့ မျိုးစေ့တွေက သူမရဲ့ ကိုယ်ထဲကို ရောက်သွားခဲ့တာပေါ့။ သူမက စိုးရိမ်တကြီးနဲ့ ရေနွေးနဲ့ ဆေးကြောပစ်လိုက်တယ်။ အနည်းငယ်တော့ နာကျင်နေပေမဲ့ အရမ်းကြီးတော့ မဟုတ်ပါဘူး။

သူမ အမြန်ဆေးကြောပြီး ကိုယ်ကို သုတ်ကာ ထလိုက်တယ်။ ရေတွေကို အပေါက်လေးကနေ ဟင်းရွက်ခင်းထဲ စီးဝင်သွားအောင် လုပ်လိုက်ပြီး တံခါးဖွင့်လိုက်တယ်။

အေးစက်တဲ့ လေညင်းက တိုက်ခတ်လာပြီး အပြင်ကို ထွက်လိုက်တဲ့အခါမှာတော့ လူတစ်ယောက်နဲ့ တိုးပါတော့တယ်။

မှောင်မည်းနေတာကြောင့် သူမ အလန့်တကြား အော်မိတော့မယ့်အချိန်မှာပဲ ရင်းနှီးနေတဲ့ လက်တစ်စုံက သူမကို လာဆွဲတယ်။

"နင် ဒီမှာ ဘာရပ်လုပ်နေတာလဲ" ကျောက်အာက အသံကို နှိမ့်ပြီး အော်လိုက်တယ်။ သူမ တကယ်ပဲ ငိုချင်လာပြီ။

"ဒီမှာ မှောင်နေတာဆိုတော့ မင်းကို စောင့်နေတာလေ"

ကျောက်အာရဲ့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားပြီး ပြောလိုက်တယ်။ "အိမ်ထဲ မြန်မြန် ပြန်ရအောင်၊ အအေးမိနေဦးမယ်"

နှစ်ယောက်သား မှောင်မှောင်မည်းမည်းထဲမှာပဲ အိမ်ထဲ ပြန်ဝင်ခဲ့ကြတယ်။ ကျောက်အာက ရှေ့ကသွားပြီး ရွှီထင်းရှန်းက နောက်က လိုက်လာတယ်။ အထဲရောက်တော့ သူက တံခါးဂျက် ထိုးလိုက်တယ်။ သူ တံခါးပိတ်ပြီး ပြန်လာတဲ့အချိန်မှာ ကျောက်အာက အိပ်ရာပေါ် ရောက်နေပါပြီ။ သူမက စောင်တွေကို နှစ်ထပ်ခင်းထားပြီး သူမအတွက် တစ်ထပ်၊ သူ့အတွက်ကတော့ သူမနဲ့ ဝေးရာမှာ တစ်ထပ် သီးသန့် ချပေးထားတယ်။

ရွှီထင်းရှန်းက စောင်ထဲမှာ ပုန်းနေတဲ့ ကျောက်အာကို တစ်ချက်ကြည့်ပြီး အိပ်ရာပေါ် တက်လာတယ်။ သူက သူ့ရဲ့စောင်ကို ကျောက်အာရဲ့ နောက်ဘက်ကို ဆွဲယူလာပြီး လဲလိုက်တယ်။

"ဟိုဘက်ကို နည်းနည်း တိုးပါဦး၊ အရမ်း ကျဉ်းနေတယ်"

ရွှီထင်းရှန်းက ဘာမှပြန်မပြောပါဘူး။ ခဏနေတော့ ကျောက်အာက သူမရဲ့ စောင်ထဲကို ခြေထောက်တစ်ဖက် တိုးဝင်လာတာကို သတိထားမိလိုက်တယ်။ ခြေထောက်က အရမ်းအေးနေတာကြောင့် သူမခမျာ တွန့်သွားတယ်။ သူမက ဘေးကို တိုးပေးလိုက်ပေမဲ့ အဲဒီခြေထောက်က ထပ်ပြီး ကပ်လာပြန်တယ်။

"အေးလို့" သူက အကြောင်းပြချက် ပေးတယ်။

သူမကလည်း ခုနက သူ အပြင်မှာ သူမကို စောင့်ပေးနေခဲ့တာ၊ အဝတ်အစားကလည်း ပါးပါးလေးဆိုတာကို တွေးမိပြီး သည်းခံလိုက်တယ်။

ကျောက်အာကတော့ သိပ်ပြီး မလည်သေးဘူးပေါ့။ လည်တဲ့သူဆိုရင်တော့ လုံးဝအလျှော့ပေးမှာ မဟုတ်ပါဘူး။ အခုတော့ သူမက သည်းခံလိုက်တာဟာ တစ်ဖက်လူကို ခွင့်ပြုလိုက်သလို ဖြစ်သွားတယ်။

ဒါကြောင့် ခဏနေတော့ နောက်ထပ် ခြေထောက်တစ်ဖက်က ထပ်ဝင်လာတယ်။

ခြေထောက်တွေ ဝင်လာပြီးတော့ ခြေထောက်တွေ၊ ကိုယ်လုံးတွေကလည်း တဖြည်းဖြည်း နီးကပ်လာတယ်။ နောက်ဆုံးတော့ တစ်ကိုယ်လုံးက သူမရဲ့ စောင်ထဲကို ရောက်လာတော့တယ်။

အခုအချိန်မှာ တွန်းထုတ်ဖို့ကတော့ နောက်ကျသွားပါပြီ။ ဘာလို့လဲဆိုတော့ လည်လှတဲ့ ရွှီထင်းရှန်းက စောင်ထဲမှာ လုံးဝ ပုန်းအောင်းနေတာကိုး။ သူက ကျောက်အာရဲ့ခါးကို တင်းတင်းဖက်ထားပြီး သူ့ရဲ့မျက်နှာကို သူမရဲ့ ဝမ်းဗိုက်ပေါ်မှာ တင်ထားတယ်။ ဒီလို အနေအထားမျိုးမှာတော့ သူ့ကို တွန်းထုတ်ဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့ ကိစ္စပါပဲ။

"မလှုပ်နဲ့တော့၊ မြန်မြန်အိပ်၊ ငါလည်း အိပ်တော့မယ်" ကျောက်အာက လက်လျှော့လိုက်တာကို မြင်တော့ သူက အပေါ်ကို တိုးကပ်လာပြီး သူမရဲ့ ပခုံးကို ဖက်ကာ သူမရဲ့မျက်နှာကို သူ့ရဲ့ ရင်ခွင်ထဲမှာ အပ်ထားလိုက်တယ်။

ကျောက်အာကတော့ သူ့ရင်ခွင်ထဲမှာပဲ ငြိမ်နေလိုက်ပါတော့တယ်။

နှစ်ယောက်သား ဒီလို ဖက်အိပ်ရင်းနဲ့ မိုးလင်းသွားတယ်။

ကျောက်အာ နိုးလာတာက တစ်စုံတစ်ယောက်က သူမကို လာကိုင်နေသလို ခံစားရလို့ပါ။ သူမ သတိလေး နည်းနည်း ဝင်လာတာနဲ့ တစ်စုံတစ်ခုက သူမကို ထိတွေ့နေတာကို ခံစားလိုက်ရသလို လက်တစ်စုံကလည်း သူမရဲ့ အဝတ်အစားကြားထဲကို တိုးဝင်နေတယ်။

သူမ ချက်ချင်းပဲ မျက်လုံးပွင့်သွားပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ နောက်ကလူက ပြောလိုက်တယ်။

"အိပ်ဦးလေ၊ စောပါသေးတယ်၊ ခဏလောက် ထပ်အိပ်ရသေးတယ်"

သူက ဘာမှထပ်မလုပ်တော့ဘဲ လက်ကိုတော့ အဲဒီနေရာမှာပဲ တင်ထားတယ်။ ခဏနေရင် တစ်ချက် လှုပ်လိုက်၊ ခဏနေရင် တစ်ချက် လှုပ်လိုက်နဲ့ပေါ့။ သူက ဘာမှ မလုပ်ဘူးဆိုပေမဲ့ ကျောက်အာရဲ့ ရင်ထဲမှာတော့ စိတ်လှုပ်ရှားမှုတွေက ပြန်လည်နိုးထလာတယ်။

မိုးက လင်းကာစပဲ ရှိသေးတယ်။ အခန်းထဲမှာ အလင်းရောင်လေးတွေ ရှိနေပေမဲ့ သေချာတော့ မမြင်ရသေးပါဘူး။ အိပ်ရာကလည်း အရင်လို မပူတော့ဘဲ နွေးရုံလေးပဲ ရှိတော့တယ်။

ကျောက်အာက ပြန်ပြီးမှေးခနဲဖြစ်သွားပြန်တယ်။ ရုတ်တရက် တစ်စုံတစ်ယောက်က သူမကို ထပ်ပြီး လာကိုင်ပြန်တယ်။ သူမ ပြန်နိုးလာပေမဲ့ သူကတော့ ပြန်ငြိမ်သွားတယ်။

ဘာမှထပ်မဖြစ်ဘဲ အခန်းထဲမှာ ပြန်လည် တိတ်ဆိတ်သွားတယ်။

ခဏနေတော့ သူ့ရဲ့လက်ချောင်းလေးတွေက သူမကို ထပ်ပြီး ကလိပြန်တယ်။ သူက အရမ်းကို သဘောကျနေတဲ့ အရုပ်လေးတစ်ရုပ်ကို ဆော့ကစားနေသလိုပါပဲ။ လက်က မလွှတ်ချင်ဘဲ ခဏခဏ လာကိုင်နေတာပေါ့။

ကျောက်အာကတော့ နောက်ဆုံးမှာ အိပ်ပျော်သွားပြီး အိပ်မက်တစ်ခု မက်တယ်။

အိပ်မက်ထဲမှာ သူမက ရွာထဲမှာ လမ်းလျှောက်နေရင်း အမျိုးသမီးအချို့ စကားပြောနေတာကို ကြားလိုက်ရတယ်။ သူတို့က သူမအကြောင်း ပြောနေကြတာလေ။ သူမက အပြင်မှာတော့ အရမ်းကို သန်မာပြီး ထက်မြက်ပေမဲ့ အိမ်က ကောင်လေးကတော့ သူမကို အိပ်ရာပေါ်မှာ ဘယ်လိုတောင် နှိပ်စက်ထားလဲဆိုတာကိုပေါ့။ မင်္ဂလာဦးညမှာ သူမ အော်သံတွေကို တစ်ရွာလုံးက ကြားကြတယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောနေကြတယ်။

တချို့ကလည်း ပြောကြတယ်။ "ရွှီမိသားစုက ကောင်လေးက ကြည့်ရတာ ကိုယ်လုံးက သေးသေးလေး၊ သူက ဘယ်လိုလုပ် ဒီလောက်အထိ လုပ်နိုင်မှာလဲ" အဲဒီအခါမှာ တစ်ယောက်က ပြန်ပြောလိုက်တယ်။

"နှစ်ယောက်လုံးက အတွေ့အကြုံ မရှိသေးကြတာဆိုတော့ အမျိုးသမီးကတော့ အရှုံးပေါ်တာပေါ့။ နောက်နှစ်အနည်းငယ် ကြာသွားရင်တော့ အမျိုးသမီးက သည်းမခံနိုင်တာမျိုး မဟုတ်ဘဲ ပိုပြီးတောင် အလုပ်ခံချင်လာဦးမှာ"

သူတို့တွေက ထူးဆန်းတဲ့ အပြုံးတွေနဲ့ 'နှိပ်စက်တယ်' ဆိုတဲ့ စကားကိုပဲ ပြောနေကြတယ်။ ဒါက အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတစ်ခုလိုပါပဲ။ အိပ်မက်ထဲက ကျောက်အာကတော့ ခိုးနားထောင်ရင်းနဲ့ သူမ တကယ်ပဲ သူ့ရဲ့ နှိပ်စက်မှုကို ခံလိုက်ရတာကို ပြန်တွေးမိတယ်။

အဲဒီလို တွေးနေရင်းနဲ့ပဲ အိပ်မက်ထဲမှာ အခန်းထဲ ပြန်ရောက်သွားပြီး ကောင်လေးရဲ့ နှိပ်စက်မှုကို ခံနေရပြန်တယ်။ ဒါဟာ အိပ်မက်ဆိုတာကို သူမ သိနေတာကြောင့် သူမက တစ်မျိုးတွေးမိသေးတယ်။

'ကောင်လေးက ကိုယ်လုံးသေးပေမဲ့ အင်အားကတော့ တကယ်ပဲ ကြီးတာပဲ၊ အဲဒါကြောင့်လည်း ငါ ဒီလောက် ခံလိုက်ရတာပေါ့'

ဒီလို တွေးလိုက်မိချိန်မှာ တစ်စုံတစ်ယောက်က သူမကို လာတိုက်မိတာကြောင့် သူမ နိုးသွားတယ်။

ကျောက်အာက တစ်နေ့လုံး ရွှီထင်းရှန်းကို စကားမပြောဘူး။ သူက သူမရဲ့ နောက်ကနေ တကောက်ကောက် လိုက်နေပေမဲ့ သူမကတော့ ဂရုမစိုက်ပါဘူး။

ဒါကို မြင်တော့ ရွှီမိသားစုဝင်တွေကလည်း အကြောင်းစုံကို ရိပ်မိသလိုမျိုးနဲ့ ပြုံးနေကြတယ်။

မင်္ဂလာဆောင်ပြီး ပထမဆုံး သုံးရက်မှာတော့ အလုပ်မလုပ်ရဘူးဆိုတဲ့ စည်းကမ်း ရှိတယ်။ ဒါပေမဲ့ ကျောက်အာကလည်း အခန်းထဲမှာ သူ့မျက်နှာကိုပဲ ထိုင်ကြည့်မနေချင်တာကြောင့် ရွှီထောက်အာ ထမင်းချက်နေတာကို ဘေးကနေ ထိုင်ကြည့်နေတယ်။

ရွှီထောက်အာက သူမကို တစ်ချက်ကြည့်ပြီး မေးတယ်။ "မမကျောက်အာ... ဘာမှ မဖြစ်ဘူးမလား"

"ဘာမှမဖြစ်ပါဘူး၊ ငါက ဘာဖြစ်ရမှာလဲ။ ငါက ကူလုပ်ပေးမယ်ဆိုတာကိုလည်း နင်က လက်မခံဘူးလေ"

"ကျွန်မက မခိုင်းတာ မဟုတ်ပါဘူး၊ အမေက ပြောတယ်... သတို့သမီးက ပထမဆုံး တစ်လမှာ အလုပ်မလုပ်ရဘူးတဲ့၊ မဟုတ်ရင် တစ်သက်လုံး ပင်ပန်းရလိမ့်မယ်တဲ့။ ကျွန်မတို့ တောင်သူတွေကတော့ အဲဒီလောက်အထိ မဟုတ်ပေမဲ့ အနည်းဆုံး သုံးရက်တော့ ဘာမှ မလုပ်တာ အကောင်းဆုံးပဲ"

ကျောက်အာကတော့ ဒါတွေကို မယုံပါဘူး။ ဒါပေမဲ့ လူတိုင်းက ဒီလိုပဲ ပြောနေကြတော့ သူမလည်း နားထောင်လိုက်ရုံပေါ့။

ရွှီထောက်အာက ဟင်းရွက်တွေ လှီးနေရင်းနဲ့ သူမကို တစ်ခုခု ပြောချင်နေသလိုပါပဲ။ တစ်နေကုန် ဒီလိုပဲ ဖြစ်နေတာဆိုတော့ သူမမှာ ပြောချင်နေတဲ့ စကားတစ်ခုခု ရှိနေတာ သေချာတယ်။

"နင် ဒီနေ့ ဘာဖြစ်နေတာလဲ။ ပြောစရာရှိရင်လည်း ပြောလေ၊ အောင့်မထားနဲ့"

ဟုတ်တယ်။ ရွှီထောက်အာက သူမ သိချင်တာကို မသိရမချင်း စဉ်းစားနေမယ့်သူမျိုးပါ။

သူမက မျက်နှာလေး နီရဲလာပြီး တိုးတိုးလေး မေးလိုက်တယ် "မမကျောက်အာ... မနေ့ညက မမ အော်သံတွေကလေ... တစ်စုံတစ်ယောက်က ရိုက်နှက်နေသလိုမျိုးပဲ။ အဲဒါ တကယ်ပဲ အရမ်းနာလို့လား"

သူမရဲ့မျက်လုံးလေးတွေထဲမှာ ရှက်ရွံ့မှုတွေ ရှိနေပေမဲ့ တစ်ဖက်ကလည်း အရမ်းကို သိချင်နေတဲ့ ပုံစံပါပဲ။ ကျောက်အာလည်း အခုမှ သတိရတယ်။ ထောက်အာက အသက် ၁၅ နှစ် ရှိပြီဆိုတော့ မကြာခင် လက်ထပ်တော့မှာလေ။ အရင်က တတိယအဒေါ်က သူမအတွက် လူတစ်ယောက်နဲ့ စကားပြောထားတယ်၊ နှစ်ဖက်စလုံးကလည်း သဘောတူကြတယ်ဆိုတော့ ဒီနှစ်ကုန်ရင် လက်ထပ်ကြတော့မှာပေါ့။

ကျေးလက်မှာတော့ မိန်းကလေးတွေက ၁၃၊ ၁၄ နှစ်ဆိုရင် စေ့စပ်ကြပြီး ၁၅၊ ၁၆ ဆိုရင် လက်ထပ်ကြတာ။ ထောက်အာကတော့ နည်းနည်း နောက်ကျတယ်ပြောလို့ရတယ်။

ကျောက်အာက မနေ့ကတည်းက ဒီကိစ္စကို စိုးရိမ်နေခဲ့တာ၊ အခုတော့ ဘယ်သူမှ မမေးဘဲ ရွှီထောက်အာက လာမေးနေတယ်။

သူမနဲ့ ထောက်အာက ငယ်ငယ်ကတည်းက ရင်းနှီးလာကြတာဆိုတော့ ညီမလေးတစ်ယောက်လိုပဲ သဘောထားတယ်။ ဒီလို အခြေအနေမျိုးမှာ သူမ ဘယ်လောက်ပဲ ရှက်နေပါစေ သည်းခံပြီး ပြန်ဖြေပေးရမှာပေါ့။ သူမက ပြန်စဉ်းစားကြည့်ရင်း မျက်နှာက ထပ်ပြီးနီရဲလာပြန်တယ်။ ရွှီထောက်အာကလည်း သူမရဲ့ထူးဆန်းတဲ့ အမူအရာကို ကြည့်ပြီး ဟင်းရွက်တောင် မလှီးတော့ဘူး။

"တကယ်တော့... အဲဒီလောက်ကြီးလည်း မနာပါဘူး၊ တစ်ခဏလေးပဲ နာတာလေ" သူမက မဝံ့မရဲ ဖြေလိုက်တယ်။

"ဒါဆို ဘာအဲဒီလောက်တောင် အော်နေတာလဲ"

ကျောက်အာရဲ့ မျက်နှာက အစွမ်းကုန် နီရဲသွားပြီး အော်ပြောလိုက်တယ်။

"နာအော်တာ မဟုတ်ပါဘူး"

"ဒါဆို ဘာလို့လဲ"

ထောက်အာက တကယ်ပဲ ဇွဲကောင်းကောင်းနဲ့ မေးနေတော့ ကျောက်အာလည်း ဘာပြန်ဖြေရမှန်း မသိတော့ဘူး။ သူမက ဘာမှထပ်မပြောတော့ဘဲ ဆင်ခြေတစ်ခု ပေးပြီး အဲဒီကနေ အမြန် ထွက်ပြေးလာခဲ့တော့တယ်။

မီးဖိုချောင် တံခါးဝမှာ ရွှီထင်းရှန်းနဲ့ တိုးပေမဲ့ သူမက ခေါင်းငုံ့ပြီး သူ့ကို ရှောင်ကာ အခန်းထဲကိုပဲ ပြန်ဝင်သွားတယ်။

ရွှီထင်းရှန်းက နောက်က လိုက်လာတယ်။ သူမက အခန်းထဲမှာ ဟိုဟာကို ပြင်လိုက်၊ ဒီဟာကို ကိုင်လိုက်နဲ့ အလုပ်မရှိ အလုပ်ရှာ လုပ်နေမိတယ်။ ရွှီထင်းရှန်းက အနားကို တိုးလာပြီး ပြောလိုက်တယ်။

"ခုနက ထောက်အာနဲ့ ပြောနေတာတွေကို ငါ ကြားတယ်နော်"

ကျောက်အာခမျာ ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။

"မနာဘူးဆိုတော့... ဒါဆိုရင် နေလို့ကောင်းလို့လား။ ကျောက်အာ... ငါ လုပ်ပေးတာ နေလို့ကောင်းလား"

ကျောက်အာက သူ့ကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်လိုပဲ မယုံနိုင်စရာ မျက်လုံးတွေနဲ့ မော့ကြည့်တယ်။ သူမ အတော်ကြာမှ ပြောလိုက်တယ်။

"နင်... မရှက်ဘူးလား၊ ဘယ်လိုဖြစ်ဒီလို စကားမျိုး မေးရတာလဲ"

ရွှီထင်းရှန်းကတော့ လုံးဝကို မျက်နှာမပျက်ပါဘူး။ "ယောက်ျားတစ်ယောက်က သူ့မိန်းမကို နေလို့ကောင်းအောင် လုပ်ပေးရမှာက သဘာဝပဲလေ။ ငါက မင်းကို နေလို့ကောင်းအောင် မလုပ်ပေးနိုင်ရင် မင်းက နောက်ကျရင် ငါ့ကို အနားပေးကပ်ပါဦးမလား" သူက ပြန်ပြောတယ်။

ကျောက်အာက အံကြိတ်ပြီး ပြောလိုက်တယ်။ "လုံးဝ နေလို့မကောင်းဘူး၊ နင် နောက်ဆိုရင် ငါ့အနား လုံးဝ လာမကပ်နဲ့တော့"

ရွှီထင်းရှန်းကတော့ အဲဒီအချိန်မှာ ဘာမှပြန်မပြောပါဘူး။ ဒါပေမဲ့ အဲဒီညမှာပဲ သူမကို ထပ်ပြီးစမ်းသပ်တယ်။ သူမကို နေလို့ကောင်းအောင် အမြန်ဆုံး လုပ်ပေးမှပဲ ရှေ့ဆက်မယ့် နေ့ရက်တွေက သာယာမှာတဲ့လေ။

အခုဆိုရင် မင်္ဂလာဆောင်ပြီး သုံးရက်မြောက်နေ့ကို ရောက်ပါပြီ။ ဒါကတော့ သတို့သမီးက ခင်ပွန်းဖြစ်သူကို ခေါ်ပြီး သူမရဲ့မိဘအိမ်ကို ပြန်လည်နှုတ်ဆက်ရတဲ့ ဓလေ့ပါ။

ကျောက်အာကတော့ မိဘတွေ မရှိတော့ပေမဲ့ သူမမှာ အစ်မဖြစ်သူရှိတာကြောင့် ရွှီထင်းရှန်းကို ခေါ်ပြီး မြို့ပေါ်က ရှန်မိသားစုဆီက စူးလန်ကို သွားတွေ့ဖို့ စီစဉ်လိုက်တယ်။

အဲဒီနေ့မှာပဲ ဇနီးမောင်နှံနှစ်ယောက် လှည်းကို မောင်းပြီး မြို့ကို ထွက်လာခဲ့ကြတယ်။

လှည်းကိုတော့ ရွှီထင်းရှန်းက မောင်းတယ်။ ကျောက်အာက အရင်က လှည်းမောင်းတတ်တာဆိုတော့ သူလည်း လိုက်သင်ထားတာပေါ့။ တော်သေးတာပေါ့၊ မဟုတ်ရင် ဒီနေ့လိုနေ့မျိုးမှာ သတို့သမီးက လှည်းမောင်းပြီး သတို့သားက ထိုင်လိုက်လာတယ်ဆိုရင်တော့ ရှက်စရာကြီး ဖြစ်နေမှာ။

လှည်းက ရှန်မိသားစုရဲ့နောက်ဖေးတံခါးဝကို ရောက်လာတယ်။ နွေဦးဦးပိုင်းရဲ့ ခရိုင်မြို့လေးကတော့ ဆောင်းတွင်းရဲ့ အအေးဓာတ်တွေ ကျန်နေသေးပေမဲ့ နည်းနည်းတော့ စည်ကားနေပါပြီ။

အရင်က ကျောက်အာ မြို့ပေါ်မှာ ဆိုင်ဖွင့်တုန်းက စူးလန်ကို လာပြောခဲ့ဖူးတယ်။ အဲဒီတုန်းက စူးလန်က အရမ်းအလုပ်ရှုပ်နေတာကြောင့် ခေါင်းညိတ်ပြပြီး အထဲပြန်ဝင်သွားခဲ့တာမို့ ညီအစ်မနှစ်ယောက် စကားသေချာ မပြောလိုက်ရပါဘူး။ ဒီတစ်ခေါက်တော့ သူမရဲ့အစ်မကို ခွင့်ခဏလောက် တောင်းခိုင်းပြီး ညီအစ်မနှစ်ယောက် စကားပြောချင်သလို အတူတူ ထမင်းလည်း စားချင်တယ်။ ပြီးတော့ သူမရဲ့ယောက်ျားဖြစ်သူ ရွှီထင်းရှန်းနဲ့ ပေးတွေ့ဖို့ကလည်း အရမ်းအရေးကြီးတာကိုး။

ဒါပေမဲ့ သူမက နောက်ဖေးတံခါးက အဒေါ်ကြီးကို စကားပါးခိုင်းတဲ့အခါမှာတော့ အဲဒီအဒေါ်ကြီးက အရင်လို မဟုတ်တော့ပါဘူး။ သူမက ကျောက်အာတို့ နှစ်ယောက်ကို အပေါ်အောက် အကဲခတ်ပြီး ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်တယ်။ သူမရဲ့လေသံကလည်း မဲ့ကာရွဲ့ကာနဲ့ ပြောလိုက်တယ်။

"နင်တို့က စူးလန်ကို တွေ့ချင်လို့လား။ အခုတော့ တွေ့လို့မရဘူး"

ပြောပြီးတာနဲ့ သူမက နောက်ဖေးတံခါးကို ဝုန်းခနဲ ပိတ်လိုက်တော့တယ်။ ကျောက်အာက တံခါးကို ထပ်ခေါက်ပေမဲ့ ဘယ်သူမှ ပြန်မထူးတော့ဘူး။

******

All Chapters