← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် သဘောတူညီချက်

Vol. 12 Ch. 1109

ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် သဘောတူညီချက်

Vol. 12 Ch. 1109

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ပိုင်ရှောင်ချန်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းကမူ ဘာမှဆက်မပြောတော့ပေ။ ပင်မခန်းမဆောင်ထဲရှိ ဖိအားသည် လေမုန်တိုင်းကြီးဖြစ်တည်လာသည့်တိုင်အောင် မြင့်သထက်မြင့်မားလာတော့သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဆယ်ဦးသည် အတော်လေး မသက်မသာဖြစ်နေပြီး မြို့စားကျစ်လင်မှာမူ ငိုတော့မည့်ဆဲဆဲ ဖြစ်နေလေသည်။

တည်ငြိမ်နေသည့် တစ်ဦးတည်းသောလူကား သရဲကြီးဘုရင်သာ ဖြစ်၏။ သူသည် ပိုင်ရှောင်ချန်းတင်ဆက်နေသည့် ပြပွဲကို မယုံကြည်နိုင်လုနီးပါးဖြစ်နေတော့သည်။ ယခုတွင် သူ့ကို ဆိုးရွားသောနေရာသို့ ရောက်စေခဲ့သော မြို့စားကျစ်လင်မှာ ပိုးကောင်တစ်ကောင်သဖွယ် အားနည်းနေလေပြီ။ အမှန်တော့ ဤသည်မှာ သူတော်စင်ဧကရာဇ်နိုင်ငံဖြစ်ပြီး မြို့စားကျစ်လင်ကို ကောင်းကင်ဧကရာဇ်တစ်ပါးက နောက်ခံပေးထားသည်။

သို့ပေမည့် ပိုင်ရှောင်ချန်း ပြောခဲ့သမျှအားလုံးက ကျိုးကြောင်းညီညွတ်လေရာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်အတွက် ခွန်းတုံ့ပြန့်ရန် မဖြစ်နိုင်တော့ပေ။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး သရဲကြီးဘုရင်မှာ ဖြစ်ပျက်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အလွန်ကျေနပ်လာတော့သည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ၏ အကြည့်က ပိုင်ရှောင်ချန်းထံမှ သူ့ထံ ရောက်လာ၏။

" သိပ်ကောင်းတယ် သူ့ကို အကျဥ်းချလိုက်။ ချန်တောက်ကျစ်သခင်၊ မင်းက တာကျန်း စီရင်စုရဲ့ ဆရာကြီးအဖြစ် ထမ်းဆောင်သင့်တယ် "

သူ၏စကားလုံးများက သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ခန်းမဆောင်ထဲရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ၊ လောလောဆယ်တွင် ကြောက်လန့်တုန်ရီနေသော လူဝကြီးတစ်ယောက် ရှေ့တက်လာ၏။ စိတ်ထဲတွင် သူက အရေးအခင်းထဲ ဆွဲခေါ်ခံရခြင်းအတွက် ငြီးတွားနေပြီး တစ်နည်းနည်းဖြင်း ငြင်းဆိုရန်ပင် စဥ်းစားနေတော့သည်။ သို့သော် ယခုအခိုက်အတန့်တွင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က မည်မျှမည်းမှောင်နေသည်ကို ထည့်တွက်ကာ သူက လက်ယှက်ပြီး ကျေးဇူးတင်စကားလျှောက်လှဲလိုက်လေသည်။

ချန်တောက်ကျစ်သခင်အတွက် စိတ်မကောင်းသည့်တိုင် အခြားနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ သူ့ဘေးမှ ရှဲလိုက်လိုက်ကြသည်။

မြို့စားကျစ်လင်မှာ အားအင်များကုန်ခမ်းသွားသည့်အလား ခံစားလိုက်ရတော့သည်။ သူ၏မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး အသက်မပါသော အမူအရာဖြင့် ကတုန်ကယင်ရပ်နေလေသည်။

ပိုင်ရှောင်ချန်းမှာမူ မဆိုသလောက် မျက်မှောင်ကြုတ်သွား၏။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်သည် ရင်ဆိုင်ရန် လွယ်ကူသော ပြိုင်ဘက်တစ်ဦးမဟုတ်ကြောင်း သူဝန်ခံရပေမည်။ သူက မြို့စားကျစ်လင်ကို အကျဥ်းချခြင်းနှင့်ပတ်သက်၍ အငြင်းမပွားသည်သာမက သရဲကြီးဘုရင်အပေါ်လည်း အာရုံစိုက်ထားလေသည်။ သိသာစွာပင် သူ့တွင် သရဲကြီးဘုရင်အား နောက်တစ်ဖန် ဆရာကြီးဘွဲ့ပြန်ပေးရန် ရည်ရွယ်ချက်လုံးဝမရှိပေ။ ကြည့်ရသရွေ့ သူသည် နောက်တချိန်ချိန်ကျလျှင် သူ့အပေါ် အကွက်ထပ်ရွှေ့ဦးမည် ဖြစ်ပုံရလေသည်။

" ကောက်ကျစ်တဲ့မြေခွေးကြီး "

ပိုင်ရှောင်ချန်းက စိတ်ထဲတွင် နှာမှုတ်၍ တွေးလိုက်သည်။

" မြို့စားကျစ်လင်ကို အကျဥ်းချတာက မလုံလောက်ဘူး "

သူက ကျယ်လောင်စွာ ပြောသည်။

" ဒီကိစ္စက စီရင်စုတစ်စုဆုံးရှုံးမှု၊ နိုင်ငံတစ်နိုင်ငံလုံး၏ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ ဘေးအန္တရာယ်နဲ့အတူ အရှင်မင်းမြတ် သူတော်စင်ဧကရာဇ်ရဲ့ ယုံကြည်မှုနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် ကျုပ် မေးခွန်းနည်းနည်း ထပ်မေးရမှာ စိုးရွံ့မိတယ် “

" မြို့စားကျစ်လင်က တကယ် မှားယွင်းစွပ်စွဲခံရတယ်ဆိုရင် သူ့နာမည်ကို ကိုယ်တိုင်ရှင်းလင်းပေးဖို့ ကျုပ် ပျော်မိမှာပါ။ ဒါပေမဲ့ သူသာ တကယ် သစ္စာဖောက်တစ်ယောက်ဆိုရင် သူတစ်ယောက်တည်း ဆောင်ရွက်နေတယ်ဆိုတာ ကျုပ် မယုံနိုင်ဘူး။ သူ့နောက်မှာ သေချာပေါက် ကြံရာပါတွေရှိမှာပဲ “

" အရှင်မင်းမြတ် သူတော်စင်ဧကရာဇ်က ကျုပ်ကို ဒီဒုတိယအင်မော်တယ်နယ်မြေမှာ တာဝန်ပေးအပ်ခဲ့တာကြောင့် ဒီနေရာမှာ ကျုပ်ထက်ပိုသစ္စာရှိတဲ့ မင်းမှုထမ်းမရှိဘူး "

ထို့နောက် သူက အင်္ကျီလက်စကို ခါယမ်းပြီး သားကောင်ကို ကြည့်နေသော ကျားရဲတစ်ကောင်အလား ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

မြို့စားကျစ်လင်သည် ထိုစကားလုံးများကြားသောအခါ ရုတ်တရက် မျှော်လင့်ချက်များ ပျက်သုဥ်းလျက် ကြက်သေသေသွားတော့သည်။

အခြားနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ စိတ်ထဲတွင် ပင့်သက်ရှိုက်သွားကြ၏။ ယခုတွင် သူတို့အားလုံး ပိုင်ရှောင်ချန်းစကားလုံးများနောက်ကွယ်ရှိ ခြိမ်းခြောက်မှုကို နားလည်လိုက်ကြပြီး အားလုံး ဒုက္ခရောက်နေပြီဖြစ်ကြောင်း သိကြသည်။ သူ၏လက်ခုပ်တွင်းက ကျစ်လင်ကိုအသုံးပြု၍ သူသည် တရားမျှတမှုဟု နာမည်တပ်၍ မည်သူ့ကိုမဆို အခြေအနေထဲ အလွယ်တကူ ဆွဲသွင်းနိုင်သည်။ နောက်အခါမှ သူတို့၏အပြစ်မရှိကြောင်းသက်သေပြရန် ကြိုးစားခြင်းက ဘာမှကောင်းမည်မဟုတ်ပေ။ ထို့ပြင် သူတို့ အကျဥ်းချခံရပြီးနောက် မည်သည့်ကိစ္စများ ဖြစ်နိုင်သည်ကို မည်သူသိမည်နည်း။

အဆုံးသတ်တွင် အမှန်တရားပေါ်ပေါက်လာပါက ပိုင်ရှောင်ချန်းသည် ဆိုးရွားသောဂယက်ရိုက်မှုများကို ခံစားရလောက်သော်လည်း သူက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်၍ အဆိုးဆုံး အသေးစားပြစ်ဒဏ်တစ်ခုကိုသာ ခံရမည်ဖြစ်သည်။ သူက အခြေအနေကို နားလည်မှုလွဲခြင်းဟူ၍သာ ဆိုနိုင်ပြီး သူတော်စင်ဧကရာဇ်က သူ့ကို သူ၏သစ္စာရှိမှုအတွက် ချီးမြှင့်မြှောက်စားလောက်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူ၏ခြိမ်းခြောက်မှုကို သိသာထင်ရှားစေခဲ့သည်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က သရဲကြီးဘုရင်ကို တစ်ခုခုလုပ်ရဲလျှင်တော့ ပိုင်ရှောင်ချန်းက ထိုနည်းတူတုံ့ပြန်ပေမည်။ အမှန်တွင် သူက ကောင်းကင်ဧကရာဇ်ကိုယ်တိုင်ကိုပင် အကွက်တစ်ကွက်ရွှေ့လိုက်ခြင်း ဖြစ်သည်။ ၄င်းက လက်ဆုပ်လက်ကိုင်ပြနိုင်သော ထိခိုက်မှုတစ်စုံတရာဖြစ်ပွားစေမည် မဟုတ်သော်လည်း သေချာပေါက် အရှက်ရစရာကြီးဖြစ်ပေမည်။

၄င်းက ဒုတိယအင်မော်တယ်နယ်မြေတစ်ခုလုံးကိုလည်း ပရမ်းပတာဖြစ်သွားစေပေမည်။ ယင်းမှာ ထိတ်လန့်ဖွယ်အတွေးကြီးတစ်ခုဖြစ်တော့သည်။ ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် သူတို့မှာ သူ့ကို လုပ်နိုင်သည့်အရာ အနည်းငယ်သာ ရှိသည်။ ထို့ပြင် ဤသည်က သူ့အိမ်မဟုတ်သည့်အတွက် ဖြစ်ပျက်သမျှအရာအားလုံးနှင့်ပတ်သပ်၍ သိပ်ဂရုမစိုက်သည် မဟုတ်ပါလော။

ဤအချိန်တွင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ဒေါသကြောင့် တဆတ်ဆတ်တုန်နေပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များပင် ပေါ်ပေါက်လာတော့သည်။ ဤဗျူဟာအသစ်က မြို့စားကျစ်လင်ကို အသေရေဖျက်ခဲ့သည့်အတိုင်း ကြမ်းတမ်းပြီး ရက်စက်သည်။ သို့ပေမည့် ၄င်းမှာ ပေါက်ကွဲမတတ် ထိရောက်ပြီး နက်ရှိုင်းစွာ ကြောက်စရာကောင်းသည်။

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ ထိုကဲ့သို့အရာမျိုးလုပ်ရန် တွေးပင် တွေးမိလိမ့်မည်မဟုတ်ပေ။ သူသည် အပိုင်ကြံတတ်ပြီး စေ့စပ်သည့်အပြင် သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ သူတော်ကောင်းဆန်မှု၏စံနမူနာ ဖြစ်လုနီးပါးပင်။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ ရက်စက်ရိုင်းစိုင်းသော နည်းလမ်းများကို သူ မပြင်ဆင်မဖာထေးနိုင်တော့ပေ။ ထိုနည်းလမ်းများက အလွန်တရာ ထိလည်း ထိရောက်လေသည်။

အချိန်အတော်ကြာကုန်ဆုံးပြီးနောက် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်သည် သတ်ဖြတ်လိုစိတ်များအား ထိန်းချုပ်လိုက်သည်။ သူက သူ၏မျက်လုံးများကို တခဏကြာပိတ်လိုက်ပြီး ပြန်ဖွင့်သောအခါ လုံးလုံးလျားလျားတည်ငြိမ်ပုံပေါက်နေတော့သည်။

" ဆရာကြီးသရဲကြီး … မင်းက တာကျန်းစီရင်စုကို စီမံခန့်ခွဲရာမှာ တကယ်တော်ခဲ့ပါပေတယ်။ ချန်တောက်ကျစ်သခင် မင်း သေချာပေါက်သွားဖို့ စိတ်ပိုင်းဖြတ်ပြီးပြီလား "

နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ချန်တောက်ကျစ် သခင်မှာ အလွန်စိတ်ရှားသွားတော့သည်။ အမှန်တွင် သူသည် တာကျန်း စီရင်စုကို သွားရန် စိတ်ပိုင်းမဖြတ်ရသေးပေ။ တကယ်တမ်း သူက ဘာမှလုပ်လိုစိတ်မရှိခြင်းပင်။ သူက ရှေ့ကိုတက်ကာ လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

" ကျွန်တော်မျိုးက တာအိုရောင်ရင်း သရဲကြီးနဲ့ ယှဥ်တောင် မယှဥ်နိူင်ပါဘူး။ ပါရမီ၊ အကျင့်သီလ၊ ကျင့်ကြံခြင်းအခြေခံ၊ စီမံအုပ်ချုပ်နိုင်စွမ်း အစရှိသဖြင့် သူ့ခြေဖျားကိုတောင် မမှီပါဘူး။ ကျွန်တော်မျိုး ဆရာကြီးရာထူးကိုသာ စွန့်လွှတ်လိုပါတယ်ခင်ဗျာ။ ဒုတိယအင်မော်တယ်နယ်မြေအားလုံးမှာ တာအိုရောင်ရင်း သရဲကြီးကသာ တာကျန်း စီရင်စုမှာ အမှုထမ်းဖို့ အရည်အချင်းပြည့်မှီပါတယ် "

အခြား နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများလည်း ကပျာကယာ ရှေ့တက်၍ တူညီသောအရာများ ပြောလိုက်ကြသည်။

" တာကျန်း စီရင်စုက တာအိုရောင်ရင်းသရဲကြီးမရှိဘဲ မလည်ပတ်နိုင်ပါဘူး"

" ကြီးမြတ်သော ကောင်းကင်ဧကရာဇ်နှစ်ပါးက တာအိုရောင်ရင်းသရဲကြီးက ထင်ရှားပြတ်သားတဲ့ ရွေးချယ်စရာတစ်ခုဖြစ်တယ်ဆိုတာ သဘောတူလိမ့်မယ်လို့ ကျွန်တော်မျိုး တကယ် မျှော်လင့်မိပါတယ်"

" ဘယ်လောက်တောင် အမြော်မြင်ရှိပြီး ထက်မြက်လိုက်သလဲ အို ကြီးမြတ်သော ကောင်းကင်ဧကရာဇ်ခင်ဗျား။ တာအိုရောင်ရင်းသရဲကြီးက သူတော်စင်ဧကရာဇ်နိုင်ငံတော်မှာ ရှားပါးတဲ့ ကျောက်တစ်လုံးဖြစ်ပြီး အကောင်းဆုံးရွေးချယ်စရာဖြစ်ပါတယ် "

လူတိုင်းစကားပြောကြပြီးနောက် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ခေါင်းညိတ်လိုက်သည်။

" ဒါဆိုလဲ အဲဒီအတိုင်းပဲ "

နောက်ဆုံးတွင် သရဲကြီးဘုရင်မှာ သိပ်ဝမ်းမြောက်ဝမ်းသာမရှိလှသော်လည်း သူ့နေရာကား သူ့ထံပြန်ရောက်လာခဲ့လေပြီ။ ဤနှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ခြင်းကို သူ့မျက်စိဖြင့်တပ်အပ် မြင်ရပြီးနောက် ပိုင်ရှောင်ချန်းသည် ဒုတိယအင်မော်တယ်နယ်မြေတွင် သိုသိုသိပ်သိပ် ဆက်နေနိုင်တော့မည်မဟုတ်ကြောင်း သူသိသည်။

ထိုမျှသာမက ကိစ္စရပ်များစွာ ထပ်လာလောက်ပေဦးမည်။

ပိုင်ရှောင်ချန်းမှာမူ စိုးရိမ်စိတ်များဖြင့် စိတ်ထဲတွင် တုန်ရီလေသည်။ သူက ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကို ဒေါသသာထွက်သွားစေချင်၏။ ထိုသည်က သိပ်စိုးရိမ်ရမည်မဟုတ်ပေ။ ထိုအစား သူက အလွန်တည်ငြိမ်နေရာ ပို၍ အန္တရာယ်များသည့်ပုံပေါ်ပြီး စိတ်လေးဖွယ်ကောင်းလေသည်။

သို့သော် ယခုတွင် သူတို့သည် သဘောတူညီချက်တစ်ခုလုပ်ခဲ့၍ နောင်တဖြင့် နောက်ပြန်ကြည့်လျှင်လည်း မထူးတော့ပေ။ မြို့စားကျစ်လင်နှင့်တကွ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကို ဝေ့ကြည့်ရင်း သူက ပြုံးလိုက်၏။

" နည်းနည်းပါးပါးထပ်တွေးကြည့်တော့ မြို့စားကျစ်လင်က သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွက် ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဆောင်ချက်တွေအားလုံးကို ထည့်တွက်ရင် ဒီလိုကိစ္စသေးသေးလေးကို အရမ်းအသည်းမာနေတာ ရုးကြောင်ကြောင်နိုင်တယ်လိူ့ ကျုပ်သဘောပေါက်မိတယ်။ မြို့စားကျစ်လင် ကျုပ် ခင်ဗျား အသေရေဖျက်ခံရတာ ယုံပါတယ် "

သူ၏စကားလုံးများက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကို စိတ်သက်သာရာရကာ သက်ပြင်းချသွားစေ၏။ ရုတ်တရက် သူတို့သည် ဤကောင်းကင်တံတားဘုရင်မှာ အတူလုပ်ဆောင်ရန် မဖြစ်နိုင်သည် မဟုတ်ကြောင်း သဘောပေါက်လိုက်၏။ ထို့ပြင် သူသည် အကြောင်းကိစ္စများကို ပွဲသိမ်းသည်အထိ တွန်းပို့တတ်သည့် လူစားမျိုးလည်း မဟုတ်ပေ။

အားလုံးအထဲ စိတ်အလှုပ်ရှားဆုံးကား ဤတစ်နေ့လုံး ကံဆိုးခြင်းလှိုင်းများ တစ်လုံးပြီးတစ်လုံး ပုတ်ခတ်ခံခဲ့ရသော မြို့စားကျစ်လင်ပင်။ ဤအချိန်တွင် သူသည် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ကို စိတ်တိုနေပြီး ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ ရောထွေးသော ခံစားချက်များရှိသော်လည်း အများအားဖြင့် သူ့ကို လေးစားနေသည်။

သူက ထရပ်ကာ လက်ယှက်၍ ပိုင်ရှောင်ချန်းကို တစ်ဆက်တည်း အကြိမ်ပေါင်းများစွာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

အမှန်ပင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် သည် ဤအရာအားလုံးကို သတိထားမိ၍ သူ့မျက်လုံးများထဲတွင် ခက်ထန်သောအကြည့်တစ်ခု ပြန်ပေါ်လာ၏။ ဤအခိုက်အတန့်တွင် သူနှင့် ပိုင်ရှောင်ချန်းသည် တစ်ယောက်နှင့်တစ်ယောက် ကောက်ကျစ်သော မြေခွေးများအဖြစ် ရှုမြင်နေကြသည်။

ယခုပင် ရင်ဆိုင်နေသော အကြောင်းကိစ္စများအား အပြန်အလှန်ဖလှယ်ခြင်းဖြင့် သင့်တင်လျောက်ပတ်စွာ ကိုင်တွယ်ပြီးခဲ့လေပြီ။ သို့သော် သူတို့နှစ်ယောက်လုံးမှာ ပြိုင်ဘက်များဖြစ်၍ အခွင့်အရေးတစ်ခုရှိလျှင် အဓိကရန်ပွဲကြီးတစ်ခု ဖြစ်ပွားမည်ဖြစ်ကြောင်း သိကြလေသည်။

နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က လှည့်ထွက်သွား၏။ ပိုင်ရှောင်ချန်းမှာမူ ယခင်ကကဲ့သို့ တင်းမာမနေတော့ပေ။ သူက ပြုံး၍ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကို စကားနည်းနည်းပါးပါးပြောပြီးနောက် သရဲကြီးဘုရင်ကို သူ၏စံအိမ်သို့ သူနှင့်အတူ ပြန်ခေါ်သွားလေသည်။

အထဲရောက်သည်နှင့် သရဲကြီးဘုရင်မှာ သက်ပြင်းအရှည်ကြီးချလိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ အစက သူ့ကို ရက်အနည်းငယ်ကြာထပ်နေခိုင်းရန် ကြံစည်ခဲ့သော်လည်း သူက တာကျန်း စီရင်စုကို ပြန်ရန် အလွန်စိတ်စောလွန်းနေလေသည်။ သူ အကြာကြီးပျောက်နေလျှင် ထိုနေရာ၌ မည်သည့် ပြဿနာများ ပေါ်ပေါက်မည်ကို မည်သူသိနိုင်မည်နည်း။

မထွက်ခွာခင် သရဲကြီးဘုရင်က ရှေ့တိုး၍ ပိုင်ရှောင်ချန်းကို ဖက်လိုက်သည်။

" ရှောင်ချန်း မင်း ... မင်း တကယ်ကို ရင့်ကျက်လာပြီပဲ "

ထို့နောက် သူက နောက်ပြန်ဆုတ်၍ ခေါင်းနောက်လှန်ကာ အားပါးတရရယ်လိုက်သည်။ ထို့နောက် သူသည် အလင်းတန်းအသွင်ပြောင်း၍ မြို့တော်၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ တဟုန်ထိုးထွက်သွားတော့သည်။

ပိုင်ရှောင်ချန်းက သူထွက်သွားသည်ကို ကြည့်နေလိုက်သည်။ သရဲကြီးဘုရင်မှာ များစွာ အိုစာလာရာ ပိုင်ရှောင်ချန်းမှာ သက်ပြင်းချပြီး သရဲကြီးမြို့တော်တွင် ဖြစ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးမိသွားသည်။

နောက်ဆုံးတွင် သူက သူ၏စံအိမ်ထဲပြန်ဝင်ပြီး သူ၏သီးသန့်အခန်းတွင် တင်ပျဥ်ခွေထိုင်၍ ယပ်တောင်အစုတ်ကြီးမှ ရရှိခဲ့သော အမိန့်ပေးလည်ဆွဲကို ဆွဲထုတ်လိုက်သည်။ ၄င်းအား အသေးစိတ်လေ့လာပြီးနောက် သူသည် ၄င်းထုတ်လွှတ်နေသည့် စိတ်စွမ်းအင်မှတစ်ပါး အခြားလုပ်ဆောင်ချက်တစ်ခုတလေကိုမှ ရှာမတွေ့ခဲ့ပေ။

" စိတ်စွမ်းအင်တွေ တဖြေးဖြေး ကုန်ခမ်းလာပုံပဲ။ ဒါပေမဲ့ ဒါက ယပ်တောင်နဲ့ ဘယ်လိုပတ်သက်နေတာတုန်း "

၄င်းအကြောင်းအတန်ငယ်တွေးတောပြီးနောက် သူက ကျင့်ကြံအားထုတ်ခြင်းပြန်စလေသည်။

အမိန့်ပေးလည်ဆွဲ၏ အကူအညီ၊ အင်မော်တယ်ဆေးလုံးနှင့် စိတ်စွမ်းအင်အပင်များ၏ အကူအညီဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် အတော်များများတိုးတက်ခဲ့၏။ သူသည် ယခုတွင် အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။

ထိုအမြန်နှုန်းမှာ များသောအားဖြင့် လည်ဆွဲရှိ စွမ်းအင်ကြောင့် ဖြစ်လေသည်။

All Chapters