အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁)
ခြင်နှိမ်နင်းရေးအတွက် ဉာဏ်ရည်ပြည့်ဝသော အကြံပြုချက်များ
နံ့သာခွက်ထဲမှ အမွှေးတိုင် ကုန်လုနီးပါး ဖြစ်နေသည်ကို ရွှီပေါ်အန်း ကြည့်နေစဉ် သူ၏ စိတ်ထဲ၌ ထိုကင်းကွာသွားသော ခံစားချက်မျိုး ပြန်လည်ပေါ်ပေါက်လာခဲ့လေ၏။
ယန်ရှိုယီ၏ ရှည်လျားထွေပြားလှသော စကားများ မဆုံးမီမှာပင် သူတို့ရှေ့ရှိ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားကာ ရင်းနှီးနေပြီးဖြစ်သော တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ ပြန်လည် ရောက်ရှိသွား ခဲ့လေသည်။
နဂိုက ထိုနေရာတွင် ရှိနေခဲ့သော အလင်းလုံးနှစ်လုံးသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ယန်ရှိုယီ ယခုလေးတင် ပြောသွားခဲ့သော စကားများကို ပြန်တွေးမိသောအခါ ရွှီပေါ်အန်းမှာ အတော် လေး အံ့အားသင့်သွားခဲ့ရလေ၏။
ရှန်းယန်ခရိုင်ဝန် လက်အောက်တွင် လူသုံးရာခန့်သာ ရှိလေသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းရန် ရှန်းယန်ခရိုင်တွင် ကျန်ရစ်နေသူများကို ပေါင်းထည့်လိုက်လျှင်ပင် အရေအတွက်မှာ သုံးလေးရာခန့်သာ ရှိလောက်ပေသည်။
ထိုသို့ တွက်ကြည့်မည်ဆိုလျှင် ပန်းရနံ့ရေမွှေး သို့မဟုတ် ခြင်ဆေးရည် ပုလင်းငယ်တစ်လုံးကို ထုတ် ယူကာ သူတို့အား ခွဲဝေပေးလိုက်ရုံဖြင့် ပြဿနာ ပြေလည်သွားနိုင်ပေသည်။
အများဆုံး နှစ်ပုလင်းသာ... ထိုထက် ပို၍ မလိုတော့ချေ။ ထိုထက် ပိုသွားပါက လူသေးသေးလေးများ မူးမေ့ သွားကြပေလိမ့်မည်။
အကယ်၍ အခြားနည်းလမ်းများ အဆင်မပြေပါက ခြင်ပြေးဆေးကပ်ခွာအချို့ကို ဖြတ်တောက်ကာ ဝေငှပေးလိုက်ရုံဖြင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည် ဖြစ်လေ၏။
ခြင်နှိမ်နင်းရေးနှင့် ပတ်သက်လာလျှင် မိမိတို့တွင် အဆင့်မြင့်နည်းပညာများနှင့် ခေတ်မီဆန်းသစ်သော နည်းလမ်းများ အများအပြား ရှိနေပေသည်။
ချင်းရုံဂိုဏ်းနှင့် ပိုင်မြန့်ဂိုဏ်းကိစ္စများကို စိတ်ထဲတွင် တွေးတောရင်း ရွှီပေါ်အန်းသည် တောင်စောင့်နတ် မင်း နတ်ကွန်းဆီမှ အကြည့်လွှဲလိုက်ကာ တောင်ခြေတွင် စွန်းဝေဝေနှင့်အတူ ဘေးကင်းစွာ တောင်တက် နိုင်မည့် နည်းလမ်းများကို စိုးရိမ်တကြီး တိုင်ပင်ဆွေးနွေးနေသော လီချိန်းရှီအား မေးလိုက်လေသည်။
“လီချိန်းရှီ... မင်းကို ငါမေးစရာတစ်ခု ရှိတယ်...။”
လီချိန်းရှီသည် စွန်းဝေဝေအား မည်သို့ ကူညီရမည်ကို ဝမ်းသာအားရ တွေးတောနေစဉ် တောင်စောင့် နတ်မင်းကြီး၏ ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် အလန့်တကြား ဖြစ်သွားခဲ့လေသည်။
“အာ... အို... တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ကျေးဇူးပြုပြီး အမိန့်ပေးတော်မူပါ...။”
ရွှီပေါ်အန်းက စတင်မေးမြန်းလိုက်၏။
“ဟုန်ယာရွာက ဘယ်နေရာမှာလဲ...။”
လီချိန်းရှီက ကမန်းကတန်း ရှင်းပြလေသည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး... ဟုန်ယာရွာက ရှိရှန်းမြို့ရဲ့ ဘေးကပ်လျက်မှာ ရှိတာပါ...။ ရှိရှန်းဈေး စည်ကားတဲ့အချိန်ဆိုရင် ဈေးဆိုင်တန်းတွေက ဟုန်ယာရွာအထိ တန်းစီနေတတ်ပါတယ်...။ အဒေါ် ကွေ့ဖန်းရဲ့ မိဘအိမ်က ဟုန်ယာရွာမှာ ရှိတာပါ...။”
ရွှီပေါ်အန်း နားလည်သွားခဲ့လေပြီ။ ထိုဌာနခွဲတွင် သူ ပထမဆုံး စတင်ပေါ်လာစဉ်က နတ်ကွန်းအပြင် ဘက်မှ ကြားခဲ့ရသော အသံသည် ခေါင်ရှန်းရွာရှိ သူမ၏ မိဘအိမ်သို့ ပြန်လာသော ဝမ်ကွေ့ဖန်း အကြောင်းကို ရည်ညွှန်းနေခြင်း ဖြစ်ပုံရပေသည်။
ရွှီပေါ်အန်းက စကားစကို ပြောင်းလိုက်ကာ ထပ်မေးလိုက်လေ၏။
“မင်းကို ထပ်မေးရဦးမယ်...။ ချင်းရုံဂိုဏ်းနဲ့ ပိုင်မြန့်ဂိုဏ်းအကြောင်း မင်း တစ်ခုခု သိထားတာများ ရှိသ လား...။”
“ဗျာ... ချင်းရုံဂိုဏ်း...၊ ပိုင်မြန့်ဂိုဏ်း...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး... ကျွန်တော်မျိုးက ပိုင်မြန့်ဂိုဏ်း အကြောင်းကိုတော့ ကြားဖူးပေမယ့် ချင်းရုံဂိုဏ်းအကြောင်းကိုတော့ မသိပါဘူးဗျ...။”
တောင်စောင့်နတ်မင်းဘိုးဘိုးကြီး၏ တာဝန်များကို ခွဲဝေမထမ်းဆောင်နိုင်သည့်အတွက် အပြစ်ရှိသလို ခံစားရကာ လီချိန်းရှီက အနည်းငယ် ရှက်ရွံ့စွာဖြင့် ဖြေလိုက်လေသည်။
သို့သော်လည်း ရွှီပေါ်အန်းကမူ ယင်းကို အလေးအနက် မထားဘဲ လီချိန်းရှီ သိရှိသော အကြောင်းအရာ ကို ဆက်လက်မေးမြန်းလိုက်လေသည်။
“အို... ဒါဆိုလည်း ပိုင်မြန့်ဂိုဏ်းက ဘာတွေလုပ်သလဲဆိုတာ ပြောပြစမ်းပါ...။ သူတို့က လူကောင်း တွေလား ဒါမှမဟုတ် လူဆိုးတွေလား...။”
လီချိန်းရှီသည် နားရွက်ကို ကုတ်ကာ အနည်းငယ် အနေခက်စွာဖြင့် ဖြေလိုက်၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့ ရွာထဲမှာ တရားလာဟောဖူးလို့ ပိုင်မြန့်ဂိုဏ်းအကြောင်း ကျွန်တော်မျိုး သိခဲ့ရတာပါ...။ ယုံကြည်သက်ဝင်သူတွေဟာ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးတာကို ခံရပြီး စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ ပေါများလာမယ်လို့ သူတို့က ပြောခဲ့ ကြပါတယ်...။”
“နောက်ပိုင်းကျတော့ သူတို့ ပုန်ကန်နေကြတယ်ဆိုတဲ့ ကောလာဟလတွေကို နေရာတိုင်းမှာ ကြားလာရ ပါတယ်...။ အကယ်၍ ကောင်းသလား ဆိုးသလားလို့ တကယ်ပြောရမယ်ဆိုရင်တော့ ကျွန်တော်မျိုး လည်း သေချာ မပြောတတ်ပါဘူး...။”
ရွှီပေါ်အန်းက မသိမသာ ခေါင်းညိတ်လိုက်လေ၏။ လီချိန်းရှီသည် ကျေးလက်ဒေသတွင် အချိန်ကြာမြင့် စွာ နေထိုင်ခဲ့သူဖြစ်ပြီး သူကြားခဲ့ရသမျှ အရာအများစုမှာ ကောလာဟလများနှင့် တရားဝင် ဝါဒဖြန့်ချိမှု များသာ ဖြစ်ပေသည်။
၎င်းတို့အကြား ခွဲခြားသိမြင်နိုင်ရန်မှာ သဘာဝအားဖြင့် ခက်ခဲလှပေသည်။ ဤအရာကို ရှင်းလင်းစွာ သိရှိနိုင်ရန် အတွေ့အကြုံနှင့် ဗဟုသုတ ကြွယ်ဝသူ တစ်ဦးဦးကို ရှာဖွေရမည် ဖြစ်ပုံရလေ၏။
လီချိန်းရှီ၏ စကားကို ကြားသောအခါ တောင်စောင့်နတ်မင်းကြီးသည် လီချိန်းရှီအား မေးခွန်းတစ်ခု မေးနေခြင်းဖြစ်ကြောင်း စွန်းဝေဝေ နားလည်သွားခဲ့လေသည်။
ထိုအရာသည် ချင်းရုံဂိုဏ်းနှင့် ပိုင်မြန့်ဂိုဏ်းအကြောင်း ဖြစ်နေပြီး လီချိန်းရှီက ရေတဝက် မြေတဝက်သာ ဖြေဆိုနိုင်ခဲ့သည်ကို ကြားသောအခါ သူမက ဝင်ပြောလိုက်လေ၏။
“အစ်ကိုကျောက်တုံးလေး... ညီမ တချို့ကိစ္စတွေကိုတော့ သိထားတယ်...။ တောင်စောင့်နတ်မင်း ဘိုးဘိုး ကြီးကို လျှောက်တင်သင့်တယ်လို့ အစ်ကို ထင်သလား...။”
၎င်းကို ကြားသောအခါ ရွှီပေါ်အန်းက စကားဝိုင်းကို သူတို့နှစ်ဦးဆီသို့ အလျင်အမြန် ချဲ့ထွင်လိုက်ကာ ပြောလိုက်လေသည်။
“မြန်မြန် ပြောပြစမ်းပါ...။”
စွန်းဝေဝေက ရှင်းပြလေ၏။
“ချင်းရုံဂိုဏ်းနဲ့ ပိုင်မြန့်ဂိုဏ်းဟာ မူလက တစ်ဖွဲ့တည်းပဲလို့ ဖခင်ပြောတာကို ညီမ တစ်ခါ ကြားဖူးပါ တယ်...။ အရင်ကဆိုရင် ချင်းရုံဂိုဏ်းလို့ပဲ ခေါ်ခဲ့ကြတာပါ...။ မကြာသေးမီ နှစ်တွေအတွင်း မိုးခေါင် ရေရှားမှု ပြင်းထန်လာတာနဲ့အမျှ အဲဒီဂိုဏ်းက နာမည်ကြီးလာခဲ့ပါတယ်...။ သူတို့ရဲ့ ဝါဒဖြန့်မှုကတော့ လောကကြီးက လူအားလုံးကို အစာကျွေးဖို့ဆိုတဲ့ အကြောင်းပါပဲ...။ ရုံ ဆိုတာက အစားအစာကို ဆိုလိုပြီး ချင်း ဆိုတာက မျှော်လင့်ချက်ကို ကိုယ်စားပြုတာပါ...။”
လီချိန်းရှီက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။
“ဝေဝေက တော်လိုက်တာ... ဒါဆို ပိုင်မြန့်ဂိုဏ်းကရော ဘယ်လိုလဲ...။”
စွန်းဝေဝေက ရှက်သွေးဖြာစွာဖြင့် ပြောလိုက်လေ၏။
“ဖခင်က သူ့မိတ်ဆွေတွေနဲ့ စကားစမြည် ပြောနေတဲ့အချိန် ကြားခဲ့ရတာပါ...။ ချင်းရုံဂိုဏ်း အင်အား ကြီးလာတဲ့အခါ အတွင်းပိုင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပြီး တချို့လူတွေက ခွဲထွက်ပြီးတော့ ပိုင်မြန့်ဂိုဏ်းကို တည်ထောင်ခဲ့ကြတယ်လို့ ကြားသိရပါတယ်...။”
လီချိန်းရှီသည် ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်လေသည်။
“အို... အခုမှ နားလည်တော့တယ်...။ ပိုင်မြန့်ဆိုတာ ဝါဂွမ်းကို ဆိုလိုတာပဲ...။ အဲဒီလူတွေ တရားလာ ဟောတဲ့အချိန် လောကကြီးက လူတိုင်း စားနပ်ရိက္ခာနဲ့ အဝတ်အထည် ပြည့်စုံစေရမယ်လို့ ပြောရင်း ဝါဂွမ်းသီးတချို့ ယူလာကြတာ မဆန်းတော့ပါဘူး...။”
စွန်းဝေဝေက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“အဲဒီ သဘောတရားပါပဲ... ဒါပေမဲ့ ဒီဂိုဏ်းနှစ်ခုစလုံးက အစပိုင်းမှာတော့ နာမည်ကောင်း ရခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ သူတို့ရဲ့ ဂုဏ်သတင်းက ကျဆင်းလာခဲ့ပါတယ်...။ သူတို့ဟာ အာဏာနဲ့ အကျိုးအမြတ်တွေအတွက် မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ပြည်သူတွေကို ဒုက္ခပေးတဲ့ သူတို့တွေရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကလည်း မနည်းမနောပါပဲ...။”
“နန်းတော်က သူတို့ကို နှိမ်နင်းဖို့ စစ်တပ်ကြီးတစ်ခု စေလွှတ်ခဲ့ပါသေးတယ်...၊ အစပိုင်းမှာ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးကမ်းမှုကို သူတို့ လက်ခံခဲ့ကြပေမယ့် နောက်ပိုင်းမှာ တချို့လူတွေက မတရားတဲ့ ဆက်ဆံမှုအတွက် မကျေမနပ်ဖြစ်ပြီးတော့ နန်းတော်ကို ပုန်ကန်ခဲ့ကြတယ်လို့ ကြားသိရပါ တယ်...။ အဲဒါကြောင့် သူတို့ကို ပုန်ကန်သူတွေအဖြစ် တရားဝင် သတ်မှတ်ခံလိုက်ရတာပါ...။”
ရွှီပေါ်အန်းသည် နားထောင်ရင်း သက်ပြင်းချရုံသာ တတ်နိုင်ခဲ့လေသည်။
“ကောင်းကင်ဘုံကြီးရေ...၊ ဒါက ဆင်းရဲဒုက္ခကိုသာ အတူမျှဝေခံစားနိုင်ပြီး ချမ်းသာကြွယ်ဝမှုကိုတော့ အတူမခံစားနိုင်ဘူးဆိုတဲ့ ယုတ္တိဗေဒများလား...။”
သူတို့ မည်သို့ပင် တိုးတက်လာပါစေ အောက်ခြေအဆင့်မှ သာမန်ပြည်သူများသာလျှင် ဆင်းရဲဒုက္ခကို ခံစားရမြဲ ဖြစ်လေ၏။ အမှန်တကယ်ပင် လောကရှိ လူတိုင်းတွင် ကိုယ်ပိုင် အခက်အခဲများ အသီးသီး ရှိနေကြပေသည်။
ရွှီပေါ်အန်းက သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
“မင်းဆက်တစ်ခု တိုးတက်စည်ပင်လာရင်လည်း ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်ရတယ်...။ မင်းဆက် တစ်ခု ပျက်သုဉ်းသွားရင်လည်း ပြည်သူတွေပဲ ဆင်းရဲဒုက္ခ ရောက်ရတာပါပဲ...။”
စွန်းဝေဝေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရွှီပေါ်အန်း၏ စကားများကို တတွတ်တွတ် ရေရွတ်လိုက် လေ၏။
“မင်းဆက်တစ်ခု တိုးတက်စည်ပင်လာရင်လည်း ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်ရတယ် ...။ မင်းဆက် တစ်ခု ပျက်သုဉ်းသွားရင်လည်း ပြည်သူတွေပဲ ဆင်းရဲဒုက္ခ ရောက်ရတာပါပဲတဲ့လား...။ တောင်စောင့် နတ်မင်းကြီးက တကယ်ကို ဉာဏ်ပညာ ကြီးမားလှပါတယ်...။ ဒါဟာ လူသားတွေအပေါ်ထားတဲ့ ကရုဏာတရားရဲ့ အမြင့်ဆုံး အဆင့်အတန်းပါပဲ...။”
ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ ရှက်ရွံ့သွားခဲ့လေသည်။
*ဘုရားရေ... ငါက မရည်ရွယ်ဘဲ သူတစ်ပါးစကားကို ခိုးယူသုံးစွဲသူဆိုတဲ့ နာမည်ကို ရရှိသွားတာလား။*
ရွှီပေါ်အန်းက စကားစကို ပြောင်းလိုက်ကာ ပြောလိုက်လေ၏။
“ဒီလိုဆိုရင်တော့ ချင်းရုံဂိုဏ်းနဲ့ ပိုင်မြန့်ဂိုဏ်းက သဘောထား ပြည့်ဝတဲ့လူတွေ မဟုတ်ကြဘူးပဲ...။”
စွန်းဝေဝေက ခါးသက်စွာ ပြုံးလျက် ပြောလိုက်လေသည်။
“ပုန်ကန်သူတွေ သူတို့ရဲ့ ပုန်ကန်မှုကို စတင်ကတည်းက ကွဲကွာသွားတဲ့ ပုန်ကန်သူ အများအပြားဟာ နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး တောင်ပုန်းဓားပြတွေ၊ ဥပဒေမဲ့ လူမိုက်တွေအဖြစ် ဖွဲ့စည်းပြီးတော့ ကျေးလက် ဒေသတွေမှာ ပရမ်းပတာ ဖြစ်အောင် ဖန်တီးခဲ့ကြပါတယ်...။ အနည်းဆုံးတော့ ဒီအချက်ကနေ ကြည့်ရင် လူတိုင်းက သူတို့ကို မုန်းတီးကြတာ သေချာပါတယ်...။”
လီချိန်းရှီက အလျင်အမြန် ခေါင်းညိတ်ကာ ဝင်ပြောလိုက်လေ၏။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝေဝေမိသားစုရဲ့ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ဟာ ရွှေနဲ့ ငွေ အမြောက် အမြားကို ဓားပြတိုက်ခံခဲ့ရပါတယ်...။ ဒါနဲ့ စကားမစပ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဝေဝေက ဒီတစ်ခါ ရွှေပန်းထိမ်ဆရာ တစ်ယောက်ကို ခေါ်လာခဲ့ပါတယ်...။ နတ်မင်းကြီး လိုအပ်နေတဲ့ နှင်းဆီပြာ ကျောက်နဲ့ လဲလှယ်ဖို့အတွက် ကိုယ်တော် ချီးမြှင့်ထားတဲ့ ကြိတ်ဆုံအရွယ်အစားရှိ ရွှေတုံးကြီးကို သူမက ကြည့်ရှုချင်နေတာပါ...။ နတ်မင်းကြီး အနေနဲ့ တခြား ညွှန်ကြားစရာများ ရှိပါသေးသလား...။”
ရွှီပေါ်အန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။
“ဒါကတော့ မင်းတို့ သဘောပါပဲ...၊ တစ်ခုတော့ ရှိတယ်... အရောင်ရင့်တဲ့ အစိမ်းရောင် ဒါမှမဟုတ် ထူးခြားတဲ့ ပုံသဏ္ဌာန်တွေနဲ့ ပုံစံတွေ ပါဝင်တဲ့ အရည်အသွေးမြင့် နှင်းဆီပြာကျောက် တွေကို ရွေးချယ် နိုင်ဖို့ ကြိုးစားပါ...။ အခုလောလောဆယ် ဘာမှ အလျင်လိုစရာ မရှိပါဘူး...။ ငါတို့ သေချာ ဂရုတစိုက် ရွေးချယ်သင့်တယ်...။”
ဘွန်ဆိုင်းကမ္ဘာသည် ဧကရာဇ်စိမ်း ကဲ့သို့သော မျိုးကွဲများကို စတင် အမွှမ်းတင်ခြင်း မပြုသရွေ့ နှင်းဆီပြာကျောက်များထဲတွင် ဧကရာဇ်စိမ်းကို ရှာတွေ့ရန် အလားအလာ အလွန် မြင့်မားနေဆဲ ဖြစ်ကြောင်း ရွှီပေါ်အန်း ယုံကြည်ထားလေ၏။
လီချိန်းရှီနှင့် စွန်းဝေဝေတို့က တစ်ပြိုင်နက်တည်း ပြန်လည် ဖြေကြားလိုက်ကြလေသည်။
“တောင်စောင့်နတ်မင်းကြီးရဲ့ သြဝါဒအတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်...။”
သူတို့နှစ်ဦးသည် အသံကို ပြိုင်တူ ထွက်ဆိုမိပြီးနောက် ဤရုတ်တရက် နားလည်မှုကြောင့် အနည်းငယ် ရှက်ရွံ့သွားပုံရလေ၏။ သူတို့ အလိုအလျောက် အချင်းချင်း ကြည့်မိသွားသောအခါ နှစ်ဦးစလုံး အတော် လေး ရှက်သွေးဖြာနေကြလေသည်။
ရွှီပေါ်အန်းသည် ထိုအရာအားလုံးကို စောင့်ကြည့်နေရင်း သူတို့၏ လူလုံးရှေ့ ကြင်နာယုယပြနေမှု ကြောင့် လုံးဝကို အရှက်ရသလို ခံစားလိုက်ရလေ၏။
သူလို လူပျိုကြီးတစ်ယောက်က ဤအရာကို မည်ကဲ့သို့ သည်းခံနိုင်ပါမည်နည်း။
ရွှီပေါ်အန်းသည် တိတ်တဆိတ် ထွက်သွားရန် ပြင်နေစဉ် နတ်ပူးသွားသကဲ့သို့ ရုတ်တရက် မေးလိုက် လေသည်။
“ဒါနဲ့ စကားမစပ်...၊ ကျန်းယန်ဟောင် ဆိုတဲ့သူကို မင်းတို့ ကြားဖူးကြသလား...။”
လီချိန်းရှီမှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားပြီး စွန်းဝေဝေကမူ ခေတ္တမျှ စဉ်းစားကာ ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ပြောလိုက်လေသည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို လျှောက်တင်ပါတယ်...။ ကျွန်တော်မျိုးမ ဘယ်တုန်းကမှ မကြားဖူးပါဘူးရှင်...။”
ထိုအခါ ရွှီပေါ်အန်းက ဆက်လက်၍ မေးလိုက်လေသည်။
“လီပိုင်...၊ တူးဖူ...၊ ဝမ်အန်းရှီနဲ့ ဖန်ကျုံးယန်တို့ရော ဘယ်လိုလဲ...။ သူတို့ကိုရော ကြားဖူးကြသလား...။”
လီချိန်းရှီသည် ထပ်မံ၍ ဝေခွဲမရ ဖြစ်သွားပြီး စွန်းဝေဝေကလည်း ထပ်မံ ခေါင်းခါလိုက်လေ၏။
“ဘယ်တုန်းကမှ မကြားဖူးပါဘူးရှင်...”
ရွှီပေါ်အန်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်လေသည်။
“အို... ဒါဆိုလည်း ရပါတယ်...။”
ရွှီပေါ်အန်းသည် အခြားသူများကို တမင်တကာ ခြိမ်းခြောက်ရန် ကြိုးစားနေခြင်း မဟုတ်ပေ။ သူသည် ဤကဏ္ဍတွင် ကျွမ်းကျင်မှု နည်းပါးလှပြီး သူ၏ ဂုဏ်သတင်းကို မြှင့်တင်ရန် ခိုင်လုံသော အကြောင်း အရာတစ်ခု လိုအပ်နေခြင်းသာ ဖြစ်လေ၏။
ဤမေးခွန်းများကို မေးပြီးနောက် ရွှီပေါ်အန်းသည် ဤနေရာတွင် သူတို့၏ ကြင်နာယုယပြနေမှုများကို ဆက်လက် ကြည့်ရှုနေရန် ပျင်းရိသွားခဲ့လေပြီ။
ဖြတ်ခနဲ ကြည့်လိုက်မိစဉ်တွင် သူ ချထားခဲ့သော ကွန်ကရစ်နံရံရှိရာ ဘွန်ဆိုင်း၏ အခြားတစ်ဖက်၌ နှုတ်ဆက်ခွဲခွာနေသည့် မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရလေသည်။ ၎င်းမြင်ကွင်းမှာ “မဟာတံတိုင်း ကြီးအပြင်ဘက်၊ ရှေးဟောင်းလမ်းမတစ်လျှောက်တွင် မွှေးကြိုင်သော မြက်ခင်းပြင်များက မိုးကုတ် စက်ဝိုင်းအထိ ဆန့်တန်းနေသည်” ဆိုသည့်အလားပင်။
သေချာသည်မှာ လီရှုထုံ၏ မူရင်းလက်ရာမှာ “ချန်ထင်” သာ ဖြစ်ပေသည်။ သို့သော် ယခုအချိန်တွင် ဤနေရာ၌ မဟာတံတိုင်းကြီးသာ ရှိနေခြင်း ဖြစ်လေ၏။
ထို့အပြင် ဘွန်ဆိုင်းကမ္ဘာထဲရှိ မည်သူကမျှ လီရှုထုံကို မသိကြပေ။ ထို့ကြောင့် ရွှီပေါ်အန်း၏ ပွင့်လင်းမြင် သာသော မှီငြမ်းပြုပြင်မှုမှာ ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်မနေခဲ့ချေ။
ရွှီပေါ်အန်း အသေအချာ ကြည့်လိုက်ရာ မြို့ရိုးအပြင်ဘက်တွင် လူနှစ်စု ခွဲခွာနေသည်ကို တွေ့လိုက်ရ လေသည်။ ၎င်းတို့အနက်မှ တစ်ဦးမှာ အစောပိုင်းက သူ ဖြတ်ခနဲ မြင်တွေ့ခဲ့ရသော ရှန်းယန်ခရိုင်၏ မြို့စောင့်တပ်မှူး ဝမ်ချောင်းပင် ဖြစ်လေ၏။
ထိုသူသည် တောင်စောင့်နတ်မင်း နတ်ကွန်းတွင် ဆုတောင်းစဉ်က “တောင်စောင့်နတ်မင်းကြီး ကောင်းချီးပေးသနားတော်မူဖို့ ကျွန်တော်မျိုး ရိုသေစွာ တောင်းဆိုပါတယ်” ဟူ၍သာ ပြောခဲ့ပြီး ရွှီပေါ်အန်းမှာ အခြား စကားတစ်ခွန်းကိုမျှ မကြားခဲ့ရချေ။
အခြားတစ်ဖက်တွင်မူ ယခင်က ဤနေရာ၌ နေထိုင်ခဲ့ဖူးသော ဓားပြဖြစ်ပြီး သူသည် ဉာဏ်ရည်ထက် မြက်သည့် ဒုတိယခေါင်းဆောင် ဖြစ်ပုံရကာ ဤအဖွဲ့ငယ်လေး၏ ဗျူဟာမှူးလည်း ဖြစ်ပုံရပေသည်။
ဤလူ၏ ဆုတောင်းမှာ မည်သည့်အရာအတွက် ဖြစ်ကြောင်းကို သူ မသိသေးသည်ကို သတိပြုမိ လိုက်သဖြင့် ရွှီပေါ်အန်း၏ အာရုံသည် မြို့ရိုးဆီသို့ မရွှေ့ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေတော့သည်။
...
ခေါင်ရှန်းရွာ အပြင်ဘက်ရှိ မြို့ရိုးထံတွင် မြို့စောင့်တပ်မှူး ဝမ်ချောင်းသည် သူ၏ မြင်းကို ပြန်လည်ရ ယူကာ ယွီတောက်ချွမ်နှင့် စကားအနည်းငယ် ဖောင်ဖွဲ့ပြီးနောက် ထွက်ခွာသွားလေတော့၏။
ယွီတောက်ချွမ် လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် လက်ပိုက်ကာ မြို့စောင့်တပ်မှူး ဝမ်ချောင်း၏ ထွက်ခွာသွားသော ကျောပြင်ကို အတွေးနက်စွာဖြင့် ငေးကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
“အစ်ကိုကြီး... နိုးပြီလား...။”
ယွီတောက်ချွမ်က ကမန်းကတန်း နှုတ်ဆက်လိုက်လေ၏။
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် တစ်ညလုံး တာဝန်ကျနေခဲ့ပြီး ယခုမှ အိပ်ရာမှ နိုးလာခြင်း ဖြစ်လေသည်။ သူ တစ်နေကုန် အိပ်ပျော်သွားခဲ့လေ၏။ အကြောင်းမှာ သူသည် ညလုံးပေါက် အိပ်ရေး ပျက်သည့် ဒဏ်ကို မခံစားရသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့်ပင်။
သို့သော် တောင်စောင့်နတ်မင်းကြီးက သူတို့ကို တာဝန်တစ်ခု ပေးအပ်ထားသောကြောင့် အစ်ကိုကြီး တစ်ယောက်အနေဖြင့် သူသည် ချွင်းချက်လုပ်ရန် မဝံ့ရဲဘဲ သူ၏ ညီအစ်ကိုများနှင့် အလှည့်ကျ တာဝန် ယူခဲ့ခြင်း ဖြစ်လေသည်။
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က အကြောဆန့်ရင်း အနည်းငယ် စိတ်အိုက်စွာဖြင့် ညည်းညူလိုက် လေ၏။
“ကျစ်... ဒီမြို့ရိုးထဲမှာ တော်တော်လေး အိုက်စပ်စပ် ဖြစ်နေတာပဲ...။ ငါတို့ တဲတစ်လုံးထိုးပြီး အပြင်မှာ နေနိုင်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်...။”
သူတို့၏ တာဝန်ကို လက်ခံရရှိပြီးနောက် ဓားပြများသည် တောင်စောင့်နတ်မင်းကြီးနှင့် ညှိနှိုင်းရန် မဝံ့ရဲ ကြသဖြင့် ယာယီ ခြေကုပ်ယူရန် မြို့ရိုး၏ အစိတ်အပိုင်းတစ်ခုကို ရှင်းလင်းရန် အတတ်နိုင်ဆုံး ကြိုးစား ခဲ့ကြလေသည်။ သူတို့သည် မည်သည့် ကိုယ်ပိုင်ပစ္စည်းကိုမျှ ယူဆောင်လာခဲ့ခြင်း မရှိချေ။
ယွီတောက်ချွမ်သည် ကြေးပြားတစ်တွဲကို ထုတ်ယူကာ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်ထံ ကမ်းပေးရင်း ပြောလိုက်လေ၏။
“အစ်ကိုကြီး... ဒီပိုက်ဆံကို စောစောက ဒီကနေ ဖြတ်သွားတဲ့ ရှန်းယန်ခရိုင်က မြို့စောင့်တပ်မှူး ဝမ်ချောင်းက ပေးသွားတာပါ...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် သူ၏ လက်ထဲရှိ အရာများကို အလေးချိန်စမ်းကြည့်ကာ နောင်တတရားဖြင့် ပြောလိုက်လေသည်။
“ဟူး... အဲဒီနေ့က ငါတို့ လုယူခဲ့တဲ့ ရွှေတွေ ငွေတွေ အားလုံးကို တောင်စောင့်နတ်မင်းကြီးက ယူဆောင် သွားတာ နှမြောစရာပဲ...။ ဒါမှမဟုတ်ရင် မင်းနဲ့ငါက စည်းစိမ်ယစ်နေတဲ့ ဘဝမျိုးကို ဖြတ်သန်းနေရမှာ...၊ ခေါင်ရှန်းရွာက အဲဒီ အဘိုးကြီးစုတ်ကိုလည်း သည်းခံနေစရာ မလိုတော့ဘူးပေါ့...။”
ယွီတောက်ချွမ်က ပြုံးလိုက်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
ရွှီပေါ်အန်းသည် ထိုစကားကို ကြားသော်လည်း များစွာ အာရုံမစိုက်ခဲ့ပေ။
ပူပင်သောကကင်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော ဘဝကို ဖြတ်သန်းခဲ့ရသည့် ဤဓားပြများသည် ယခု အခါ ကိုယ်ပိုင် ဖိနှိပ်မှုအောက်တွင် ဤနေရာ၌ အတင်းအကျပ် နေထိုင်နေရသဖြင့် မကျေမနပ် ဖြစ် နေကြပြီ ဖြစ်လေ၏။
သို့သော်လည်း သူတို့သည် သူတို့၏ ဆန္ဒကို မလွန်ဆန်နိုင်သောကြောင့် ခေါင်ရှန်းရွာရှိ လီခန့်ရှန်းနှင့် အခြားသူများအပေါ် အမျက်ဒေါသများ ပုံချခြင်းမှာ နားလည်ပေးနိုင်စရာပင်။
လူဆိုသည်မှာ ထိုသို့ပင် ဖြစ်လေသည်။ သင်က သူတို့ထက် များစွာ အင်အားကြီးမားနေချိန်တွင် သူတို့က သင့်ကို လေးစား အားကျကြမည်သာ ဖြစ်၏။ သို့သော် သင်က သူတို့နှင့် အဆင့်အတန်း တူညီနေချိန် သို့မဟုတ် သူတို့ထက် အနည်းငယ်မျှသာ သာလွန်နေချိန်တွင်မူ သူတို့က သင့်အပေါ် မနာလိုဖြစ်လာပြီး ရန်သူသဖွယ်ပင် ဆက်ဆံလာကြပေလိမ့်မည်။
ယွီတောက်ချွမ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က မျက်မှောင်ကြုတ် လျက် မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
“ဒုတိယညီ...၊ အဲဒီပိုက်ဆံတွေကို ငါ့အတွက် သိမ်းထားချင်လို့ မင်းကို လိမ်ပြောနေတယ်လို့ မင်း ထင်နေ တာတော့ မဟုတ်ပါဘူးနော်...။”
“မဟုတ်ပါဘူး... အစ်ကိုကြီး...။ ညီအစ်ကိုတွေက အဲဒီလို သဘောမျိုး လုံးဝ မရည်ရွယ်ပါဘူး...။”
ယွီတောက်ချွမ်က ချက်ချင်းပင် ငြင်းဆန်လိုက်လေ၏။
မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင် သည် လက်တစ်ဖက်ကို ကောင်းကင်သို့ မြှောက်ကာ လက်သုံး ချောင်း ထောင်လျက် ပြောလိုက်လေသည်။
“အဲဒီနေ့က ငါ လုယူခဲ့တဲ့ ရွှေတွေ ငွေတွေ အားလုံးကို အဲဒီ သေတ္တာထဲမှာ ထည့်ထားခဲ့တယ်ဆိုတာ ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ငါ ကျိန်ဆိုပါတယ်...။ သေတ္တာက ရုတ်တရက် ပြုတ်ကျပြီး ကောင်းကင်ပေါ် ပျံတက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...။ ငါတို့ ညီအစ်ကိုတွေ အားလုံး မျက်မြင်ကိုယ်တွေ့ပဲလေ...။ တောင်စောင့်နတ်မင်းကြီးကလွဲရင် ဘယ်သူက ဒီလောက် တန်ခိုးကြီး မှာလဲ...။”
ယွီတောက်ချွမ်က ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“အစ်ကိုကြီး... ကျွန်တော် သိပါတယ်...။ အဲဒီနေ့က ညီအစ်ကိုတွေ အားလုံး မြင်ခဲ့ကြတာပဲလေ...။ နတ်မင်းကြီးရဲ့ စွမ်းဆောင်ရည်တွေကသာမန်လူတွေ မှန်းဆလို့ရတဲ့ အရာတွေမှ မဟုတ်တာ...။ စောစော က ကျွန်တော် ဘာမှ မပြောခဲ့တာက တောင်စောင့်နတ်မင်းကြီး ကွယ်ရာမှာ ငါတို့ သူ့အကြောင်း ပြောနေ တာကို ကြားပြီး အပြစ်ပေးခံရမှာ ကြောက်လို့ပါ...။ ကျွန်တော်က ကြောက်တတ်တဲ့သူမှန်း အစ်ကိုကြီး လည်း သိသားပဲ...။”
“မင်း... မင်းက တစ်ချိန်တုန်းက ချင်းရုံဂိုဏ်းရဲ့ ကျော်ကြားတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲလေ ...။”
စကားတစ်ဝက်ခန့်အရောက်တွင် ယွီတောက်ချွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မျက်လုံး တစ်ဖက်လပ် ခေါင်းဆောင်က မြင်လိုက်ရသဖြင့် အနေခက်စွာဖြင့် စကားရပ်သွားခဲ့လေသည်။
ထိုအရာကို မြင်သောအခါ ရွှီပေါ်အန်းမှာ တုန်လှုပ်သွားခဲ့ရလေ၏။ ဤနေရာတွင် တစ်ခုခုတော့ မှားနေချေပြီ။
အခန်း (၉၂)
တောင်စောင့်နတ်မင်းသည် ဆေးနတ်မင်း မဟုတ်ချေ
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်၏ မျက်နှာအမူအရာမှာ အလွန်တရာ ထူးဆန်းနေလေ၏။
ယုတ္တိကျကျ စဉ်းစားကြည့်မည်ဆိုလျှင် ဂိုဏ်းငယ်လေးတစ်ခုတွင် ဒုတိယခေါင်းဆောင်အပေါ် ထားရှိ သည့် ခေါင်းဆောင်၏ သဘောထားမှာ လေးစားမှုရှိသင့်သော်လည်း ဤသို့တော့ မဖြစ်သင့်ချေ။
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် ယွီတောက်ချွမ်အား အနည်းငယ် စိုးရိမ်ကြောက်ရွံ့နေသကဲ့သို့ အဘယ်ကြောင့် ထင်ရပါသနည်း။
ရွှီပေါ်အန်း ဆက်လက်ကြည့်ရှုနေစဉ် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် အနေခက်စွာ ပြုံးလိုက် ပြီး စကားစကို ပြောင်းလိုက်သည်ကို တွေ့လိုက်ရလေ၏။
“ကောင်းပြီ... ဒီအကြောင်းကို ဆက်မပြောကြရအောင်...။ ဒီငွေတွေနဲ့ ပတ်သက်ပြီး မင်းမှာ ဘာ အစီအစဉ် ရှိသလဲ...။”
ယွီတောက်ချွမ်၏ မျက်နှာအသွင်အပြင်မှာ အနည်းငယ် ကောင်းမွန်လာခဲ့ပြီး သူက အကြံပြုလိုက် လေသည်။
“တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ညီအစ်ကိုတွေအတွက် အိပ်ရာအသုံးအဆောင်တွေနဲ့ အဝတ်အစား တချို့ကို အရင် ဝယ်သင့်တယ်လို့ ကျွန်တော် စဉ်းစားနေတာပါ...။ တကယ်လို့ ပိုနေသေးရင်တော့ အရေးပေါ် အခြေအနေအတွက် ရိက္ခာခြောက်တချို့ ပြင်ဆင်ထားလို့ ရပါတယ်...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“ဒီလိုပဲ ဖြစ်သင့်တာပေါ့...။ ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီးရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့တော့ ငါတို့ ဤနေရာ ကနေ အဆောတလျင် မထွက်ခွာသင့်ဘူးလို့ ထင်တယ်...။”
ယွီတောက်ချွမ်သည် ခေါင်းရှန်းရွာဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
“စောစောက ရှန်းယန်ခရိုင်က ဧည့်သည်တချို့ ဆွေမျိုးတွေဆီ အလည်လာကြတယ်လေ...။ အိမ်ရှင် အမျိုးသမီးက သဘောကောင်းပုံရတော့ သူမဆီသွားပြီး ပစ္စည်းတချို့ ဝယ်ပေးဖို့ အကူအညီတောင်း ကြည့်မလို့ စဉ်းစားထားတယ်...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် ခေါင်းရှန်းရွာဘက်သို့ လှမ်းကြည့်လိုက်ပြီး သဘောတူ လိုက်လေ၏။
“ကောင်းပြီလေ... မြို့စောင့်တပ်မှူး ဝမ်က ငွေပေးသွားပြီးကတည်းက သူတို့ကို နောက်ထပ် ပစ္စည်း တွေဝယ်ဖို့ အပူကပ်တာတော့ မသင့်တော်ပါဘူး...။ မင်းပြောသလိုပဲ လုပ်ကြတာပေါ့...။ အို... ပြီးတော့ သူတို့ရဲ့ နောက်ခံအခြေအနေကို သွယ်ဝိုက်ပြီး စုံစမ်းဖို့ မမေ့နဲ့ဦး...။ တကယ်လို့ သူတို့က ငါတို့ငွေကို အလွဲသုံးစားလုပ်ရဲရင် အခွင့်အရေးရတဲ့အခါ သူတို့နဲ့ ထိုက်တန်တဲ့ အကျိုးဆက်ကို ခံစားရအောင် ငါတို့ သေချာပေါက် လုပ်ပေးရမယ်...။”
ယွီတောက်ချွမ်က သူ၏လက်ကို အလျင်အမြန် မြှောက်ကာ “ရှူး” ဟူ၍ အသံတိတ်ရန် အမူအရာ ပြလိုက်ပြီး ပြောလိုက်လေသည်။
“အစ်ကိုကြီး...။ စကားပြောတာ ဆင်ခြင်ပါဦး...။ ငါတို့ကို စောင့်ကြည့်နေတဲ့ နတ်ဘုရားတွေ ရှိတယ် လေ...။ တောင်စောင့်နတ်မင်းကြီး အထင်လွဲအောင် မလုပ်ကြနဲ့...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေ၏။
“အမွှေးတိုင်တချို့ ဝယ်ဖို့အတွက် ငွေနည်းနည်း ထပ်ဖယ်ထားလိုက်ရအောင်...။ တောင်စောင့်နတ်မင်း ကြီးကို ပူဇော်ဖို့ ရွာသားတွေရဲ့ အမွှေးတိုင်တွေကိုပဲ အမြဲတမ်း သုံးနေလို့ မဖြစ်ဘူးလေ...။”
ယွီတောက်ချွမ်က ပြန်လည်ဖြေကြားလိုက်လေသည်။
“အစ်ကိုကြီးပြောတာ မှန်ပါတယ်... ။ ကျွန်တော် နားလည်ပါပြီ...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါရမ်းကာ ယွီတောက်ချွမ်ထံသို့ ငွေများကို ပြန်ပစ်ပေးလိုက်လေ၏။ ထို့နောက် သူသည် မြို့ရိုးထဲသို့ ပြန်ဝင်ရန် လှည့်ထွက်သွားလေတော့သည်။
ရွှီပေါ်အန်းသည် ဤအရာကို မြင်သောအခါ မျက်လုံးတစ်ဖက်လပ်ကောင်မှာ အနည်းငယ် မကျေမချမ်း ဖြစ်နေပြီး သူ ဘာတွေ တွေးနေသနည်းဟု စိတ်ထဲတွင် တွေးတောနေမိလေ၏။
သို့သော် ဘာဖြစ်သေးသနည်း။ ရွှီပေါ်အန်းသည် ဤမျှ အသေးအဖွဲ ကိစ္စရပ်များကို လုံးဝ ဂရုမစိုက်ခဲ့ ချေ။
မည်သို့ပင်ဖြစ်စေ ဤဓားပြအဖွဲ့ထဲတွင် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်မှလွဲ၍ ကျန်သူများမှာ ရွှီပေါ်အန်း ကိုယ်တိုင် ညွှန်ကြားထားသော သူလျှိုများသာ ဖြစ်ကြလေသည်။ အကယ်၍ သူ တစ်စုံတစ် ရာ ထူးခြားသော လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါက သေချာပေါက် မည်သည့် လျှို့ဝှက်ချက်မျှ ရှိနေမည် မဟုတ်ပေ။
သို့သော် ရွှီပေါ်အန်း၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သူမှာ ဒုတိယခေါင်းဆောင် ယွီတောက်ချွမ်ပင် ဖြစ်လေ၏။
နာမည်ကျော်ကြားလှသော ချင်းရုံဂိုဏ်း...၊
ထိုစကားစု၏ မပြောဘဲ ချန်ထားခဲ့သော အပိုင်းမှာ အဘယ်အရာ ဖြစ်နေမည်နည်း။
ဤယွီတောက်ချွမ်ဆိုသည်မှာ အတိအကျ မည်သူဖြစ်နေသနည်း။
ရွှီပေါ်အန်းသည် အဖြေရှာမရခဲ့သော်လည်း ၎င်းအပေါ်တွင် များစွာ အာရုံမစိုက်နေတော့ပေ။ ဖြတ်ခနဲ ကြည့်လိုက်မိစဉ် ဝမ်ချောင်းနှင့် သူ၏ အခြွေအရံများသည် ဘွန်ဆိုင်းကမ္ဘာထဲမှ မြင်းကို အပြင်းနှင်ကာ ထွက်ခွာသွားသည်ကို သူ မြင်လိုက်ရလေသည်။
ရွှီပေါ်အန်းသည် ဤသနားစရာကောင်းသော တောပုန်းဓားပြများကို ဆက်လက် ကြည့်ရှုနေရန် ပျင်းရိ သွားခဲ့ပြီဖြစ်ရာ ဝမ်ချောင်းအား ချက်ချင်းပင် မေးမြန်းလိုက်လေတော့သည်။
“ဝမ်ချောင်း... ငါ့ရဲ့ တောင်စောင့်နတ်မင်း နတ်ကွန်းမှာ မင်း ဘာဆုတောင်းခဲ့တာလဲ...။”
တောင်စောင့်နတ်မင်း နတ်ကွန်းတွင် ဝမ်ချောင်း အမွှေးတိုင် ပူဇော်စဉ်က သူသည် အဓိပ္ပာယ်မပြည့်စုံ သော စကားတစ်ခွန်းကိုသာ ကြားခဲ့ရသဖြင့် အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့ရာမှ ယခုကဲ့သို့ မေးမြန်း လိုက်ရခြင်း ဖြစ်လေသည်။
ဝမ်ချောင်းသည် သူ၏ စိတ်ထဲသို့ ရှင်းလင်းပြတ်သားသော အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာ သည်ကို ခံစားလိုက်ရပြီး ချက်ချင်းပင် လက်ကိုမြှောက်ကာ မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး ပြေးလွှား နေသော မြင်းကို ရပ်တန့်လိုက်လေ၏။
“ဟူး...”
မြင်းများသည် ယခုလေးတင် ရပ်တန့်သွားခဲ့ပြီး နေရာတွင် ဂနာမငြိမ်စွာ ခြေလှမ်းရွှေ့နေကြလေသည်။ ဝမ်ချောင်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်လေ၏။
“ဒီနားကနေ အသံတစ်သံသံ ကြားလိုက်ရသေးလား...။”
လောင်ကျောင်းက ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ကြည့်ကာ ပြန်လည်ဖြေကြားလိုက်သည်။
“အကြီးအကဲ... ဘာကို ဆိုလိုတာလဲ...။ ကျွန်တော်ကတော့ ထူးခြားတဲ့ အသံဘာမှ မကြားရပါဘူး...။”
ရွှီပေါ်အန်းက ထပ်မံ၍ စကားပြောလိုက်လေ၏။
“ငါ့ရဲ့ နတ်ကွန်းမှာ 'တောင်စောင့်နတ်မင်းကြီး ကောင်းချီးပေးသနားတော်မူဖို့ ကျွန်တော်မျိုး ရိုသေစွာ တောင်းဆိုပါတယ်' လို့ မင်း ယခုလေးတင် ပြောခဲ့တာကို မေ့သွားပြီလား...။”
ဤစကားကို ကြားသောအခါ မြို့စောင့်တပ်မှူး ဝမ်ချောင်းသည် ကမန်းကတန်း မြင်းပေါ်မှ ဆင်းကာ တောင်စောင့်နတ်မင်း နတ်ကွန်းရှိရာဘက်သို့ မျက်နှာမူ၍ ဒူးထောက်လိုက်ပြီး အလောတကြီး လျှောက် တင်လေတော့သည်။
“တောင်စောင့်နတ်မင်းကြီး... ရှန်းယန်ခရိုင်က မြို့စောင့်တပ်မှူး ဝမ်ချောင်း ဖြစ်တဲ့ ကျွန်တော်မျိုးဟာ နားကန်းပြီး ဉာဏ်နည်းလွန်းတဲ့အတွက် တောင်စောင့်နတ်မင်းကြီးရဲ့ နတ်အသံတော်ကို မမှတ်မိခဲ့ ပါဘူး...။”
သူတို့၏ အထက်လူကြီး ဤသို့ ပြုမူနေသည်ကို မြင်သောအခါ အတူပါလာသော နောက်လိုက်များသည် လည်း ချက်ချင်းပင် မြင်းပေါ်မှ ဆင်းလိုက်ကြကာ ဝမ်ချောင်း၏ အနောက်တွင် ဒူးထောက်လိုက်ကြလေ ၏။
ရွှီပေါ်အန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
“စောစောက ငါ ထွက်သွားတဲ့အချိန်ဖြစ်နေလို့ မင်းရဲ့ ဆုတောင်းကို သေသေချာချာ မကြားလိုက်ရဘူး...။ ကဲ ပြောစမ်းပါဦး...၊ မင်း ဘာကို တောင်းဆိုချင်တာလဲ...။”
ဝမ်ချောင်းက စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လေ၏။
“တောင်စောင့်နတ်မင်းကြီးကို လျှောက်တင်ပါတယ်...။ ကိုယ်တော်ဟာ ကျွန်တော်မျိုးရဲ့ လက်အောက် ငယ်သားကို အံ့ဖွယ်နည်းနဲ့ ကုသပေးပြီး သေမင်းခံတွင်းကနေ ကယ်တင်ပေးခဲ့တယ်လို့ ကြားသိရပါ တယ်...။ ဒါကြောင့် တောင်စောင့်နတ်မင်းကြီးကို လာရောက် ဖူးမြော်ဖို့ ကျွန်တော်မျိုး ရဲဝံ့စွာ လာခဲ့တာ ပါ...။ ကိုယ်တော့်ရဲ့ နတ်တန်ခိုးကို ထပ်မံအသုံးပြုပြီး ကျွန်တော်မျိုးရဲ့ ဖခင်ကို အန္တရာယ်ကနေ ကယ်တင် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်...။”
ဤလူသည် သူ့ကို အမွှေးတိုင်များ ပူဇော်ပြီးဖြစ်ရာ သူ၏ အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်းပတ္ထနာ ပြုမှုများသည် ဝမ်ချောင်းနှင့် သက်ဆိုင်နိုင်ခြေ အများဆုံးဖြစ်ကြောင်း ရွှီပေါ်အန်း ကောက်ချက်ချလိုက် လေ၏။
မည်သို့ပင်ဖြစ်စေ စောစောက အမွှေးတိုင် ပူဇော်မှုများ တိုးလာချိန်တွင် ၎င်းမှာ ဝမ်ချောင်းကြောင့်ပင် ဖြစ်လေ၏။ နံ့သာခွက်ထဲတွင် အမွှေးတိုင်ပူဇော်မှု အမှန်တကယ် ပိုမိုများပြားလာခဲ့ပေသည်။
သူတစ်ပါး၏ အစားအစာကို စားသုံးသူသည် ကျေးဇူးတင်ရမည်ဖြစ်ပြီး သူတစ်ပါး၏ ငွေကို ယူသူသည် လည်း ကူညီဆောင်ရွက်ပေးရမည်သာ ဖြစ်လေ၏။
ထို့ကြောင့် ရွှီပေါ်အန်းသည် လိုလိုလားလားပင် သဘောတူလိုက်ပြီး ချက်ချင်း မေးလိုက်လေသည်။
“အသေးစိတ်ကို သေသေချာချာ ပြောပြစမ်းပါ...။”
ဝမ်ချောင်းသည် ခေါင်းငုံ့ကာ ရှင်းပြလေ၏။
“ကျွန်တော်မျိုးရဲ့ ဖခင်ဟာ အသက် ခြောက်ဆယ်ကျော်နေပါပြီ...။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ရဲ့ မွေးနေ့ပွဲကို ကျင်းပခဲ့ပြီး ဝမ်းသာအားရနဲ့ အစားအသောက်တွေ အလွန်အကျွံ စားမိခဲ့ပါတယ်...။ သူ အစာအိမ် အောင့်သွားပုံရပြီး ဝမ်းတောက်လျှောက် သွားနေတဲ့ ဝေဒနာကို ခံစားနေရပါတယ်...။ ခရိုင် တစ်ခုလုံးမှာရှိတဲ့ သမားတော်တွေကို ရှာဖွေခဲ့ပြီး အပ်စိုက်ကုသတာတွေ၊ ဆေးဝါးတွေနဲ့ ကြိုးစားခဲ့ ပေမယ့် အချည်းနှီးပါပဲ...။”
“အဲဒီနောက် ကျေးလက်ဒေသက နာမည်ကြီး သမားတော်တွေ မရေမတွက်နိုင်အောင် ရှာဖွေခဲ့ပေမယ့် အချည်းနှီးပါပဲ...၊ ကုသလို့ မရခဲ့ပါဘူး...။ ကံကောင်းထောက်မစွာနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နန်းတော်က တော်ဝင်သမားတော်တစ်ဦးဟာ မိသားစုဆီ အလည်အပတ် ပြန်လာရင်း ရှန်းယန်ခရိုင်က နေ ဖြတ်သန်းသွားခဲ့ပါတယ်... ။ကျွန်တော်မျိုးလည်း နည်းလမ်းပေါင်းစုံနဲ့ အဆက်အသွယ်လုပ်ပြီး နောက်ဆုံးမှာတော့ အဲဒီ တော်ဝင်သမားတော်ကို ကျွန်တော်မျိုးရဲ့ ဖခင်ကို စမ်းသပ်ကုသပေးဖို့ စီစဉ်နိုင် ခဲ့ပါတယ်...။”
“ကံမကောင်းစွာနဲ့ပဲ တော်ဝင်သမားတော်က ဖခင်ရဲ့ ရောဂါကို ကန့်ထူ လို့ခေါ်တဲ့ ဆေးတစ်မျိုးနဲ့သာ ကုသနိုင်တယ်လို့ ပြောခဲ့ပါတယ်...။ ဒါပေမဲ့ အဲဒီဆေးက အလွန် ရှားပါးပြီး ကျွန်တော်တို့ မဟာကျင့် မင်းဆက်ရဲ့ တော်ဝင်ဆေးပညာဌာနမှာတောင် လက်တစ်ဆုပ်စာလောက်ပဲ ရှိတာပါ...။”
“တောင်စောင့်နတ်မင်းကြီးဟာ တန်ခိုးကြီးမားပြီး အံ့ဖွယ်စွမ်းရည်တွေ ရှိတယ်လို့ ကြားသိရလို့ ကျွန်တော်မျိုး ဒီနေရာကို လာခဲ့တာပါ...။ ကျွန်တော်မျိုးရဲ့ ဖခင်ကို ကယ်တင်ဖို့ လမ်းညွှန်ပြသပေးဖို့ တောင်စောင့်နတ်မင်းကြီးကို အသနားခံ တောင်းဆိုပါတယ်...။ ကျွန်တော်မျိုး ဝမ်ချောင်းက တောင်စောင့်နတ်မင်းကြီးရဲ့ ကျေးဇူးကို အသက်ပေးပြီး ဆပ်ဖို့ ဆန္ဒရှိပါတယ်...။”
ဤစကားများကို ကြားသောအခါ ရွှီပေါ်အန်းမှာ ဆွံ့အသွားခဲ့လေ၏။
*ဘုရားရေ...။ ယခုတလော လုပ်ငန်းကိစ္စတွေက ပိုပိုပြီး ခက်ခဲလာနေတာလား။*
အစပိုင်းတုန်းကတော့ သူတို့ကို ရေနဲ့ အစားအစာ နည်းနည်း ပေးရုံသာဖြစ်ပြီး အလွန် ရိုးရှင်းလှပေ သည်။
ယခုအခါ နတ်ဘုရားများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် တောင်စောင့်နတ်မင်း၏ ဂုဏ်ပုဒ်ကို ကာကွယ်ရန်အတွက် မိမိကိုယ်တိုင် နတ်တန်ခိုးနှင့် အံ့ဖွယ်စွမ်းရည်များကို ပြသရတော့မည့်အလားပင်။
*ပထမဆုံး မျောက်တွေကို ကုသပေးရတယ်...။ ပြီးတော့ ရှန်းယန်ခရိုင်ဝန်ကို ခြင်တွေ နှင်ထုတ်ရာမှာ ကူညီပေးရပြန်တယ်...။ အခုတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါကိုပါ ကုသပေးရဦးမယ်တဲ့လား...။*
*ဒီလူက အကောင်ဆိုးကြီးပဲ...။ ငါက တောင်စောင့်နတ်မင်းပါ...၊ ဆေးနတ်မင်း မဟုတ်ဘူးကွ...။*
သို့သော်လည်း ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းအဖြစ် မှတ်ယူနိုင်သော ကြောင့် ရွှီပေါ်အန်းကလည်း များစွာ ငြင်းဆန်နေခြင်း မရှိခဲ့ချေ။
ရွှီပေါ်အန်းသည် ယခင်က တုန်းကျန်း ဟိုတယ်သို့လည်း ရောက်ဖူးလေသည်။
ထို့ကြောင့် တုန်းကျန်း ဟိုတယ်၏ အဆင့်မြင့် သီးသန့်အခန်းများတွင် အများအားဖြင့် အသုံးပြုလေ့ရှိ သော ဆေးဝါးအချို့ ရှိနေကြောင်း ရွှီပေါ်အန်း သိရှိထားလေ၏။
ပလာစတာများ၊ ဟော့ရှန်းကျိန့်ချီ ဆေးရည်၊ နှလုံးအမောဖောက်ကာကွယ် ဆေးလုံးများ၊ နိုင်ထရိုဂလစ် စရင်း၊ အစာကြေဆေးပြားများ၊ မွန်မိုရီလွန်နိုက် ဆေးမှုန့်နှင့် အခြား ဆက်စပ်ဆေးဝါးများကို အနီးအနား ရှိ စားပွဲပေါ်မှ ဆေးသေတ္တာငယ်လေးတစ်ခုထဲတွင် အများအားဖြင့် သိမ်းဆည်းထားလေ့ရှိပေသည်။
ရွှီပေါ်အန်းက ဖြတ်ခနဲ ကြည့်လိုက်ရာ ကြက်ခြေနီ သင်္ကေတ ရေးဆွဲထားသော ငွေရောင် ဆေးသေတ္တာ ငယ်လေးကို မြင်လိုက်ရလေသည်။
ရွှီပေါ်အန်းသည် ဆေးသေတ္တာကို ဖွင့်ကာ မွန်မိုရီလွန်နိုက် ဆေးမှုန့် တစ်ဗူးကို ထုတ်ယူလိုက်လေ၏။
ဤအရာသည် နော်ဖလောက်ဆာစင် ဆေးတောင့် တစ်မျိုးနှင့်အတူ ယခင်က အင်ဂျင်နီယာ စီမံကိန်းများ တွင် အခြေခံ မရှိမဖြစ် ဆေးဝါးတစ်ခု ဖြစ်ခဲ့လေသည်။
၎င်းတို့အားလုံးမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသရန်အတွက် ကောင်းမွန်သော ဆေးဝါးများ ဖြစ်ကြပေသည်။
ထို့ကြောင့် ရွှီပေါ်အန်းသည် သူ၏ ဖခင်အိုကြီး စမ်းသောက်ကြည့်နိုင်ရန် ဝမ်ချောင်းထံသို့ မွန်မိုရီလွန်နိုက် ဆေးမှုန့်ကို အရင်ပေးလိုက်ရန် စဉ်းစားလိုက်ခြင်း ဖြစ်လေ၏။
ရွှီပေါ်အန်းသည် နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ မွန်မိုရီလွန်နိုက် ဆေးမှုန့် အထုပ်တစ်ထုပ်ကို ဖောက် လိုက်ပြီး သွားကြားထိုးတံဖြင့် ဆေးမှုန့် အနည်းငယ်ကို ညင်သာစွာ ကော်ယူလိုက်လေသည်။
ဘွန်ဆိုင်းထဲသို့ ကြည့်လိုက်ရာ ဝမ်ချောင်းနှင့် သူ၏ အခြွေအရံများသည် မြေကြီးပေါ်တွင် ဒူးထောက်နေ ဆဲဖြစ်ပြီး အလွန်တရာ ကျိုးနွံနာခံပုံ ရနေသည်ကို တွေ့မြင်နိုင်လေ၏။
ရွှီပေါ်အန်းက ပြောလိုက်လေသည်။
“မင်းရဲ့ မိဘဝတ်တရား ကျေပွန်မှုကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ မင်းကို ငါ ကူညီပေးမယ်...။”
စကားပြောရင်းပင် ရွှီပေါ်အန်းသည် မွန်မိုရီလွန်နိုက် ဆေးမှုန့်များ တင်ထားသော သွားကြားထိုးတံကို ဘွန်ဆိုင်းကမ္ဘာထဲသို့ ညင်သာစွာ ထိုးသွင်းလိုက်ပြီး ဝမ်ချောင်း၏ အရှေ့ ထောင့်ဖြတ်နေရာတွင် ချထား လိုက်လေ၏။
ဧရာမ သစ်သားရောင် လှံလုံးကြီးတစ်ခုသည် တောင်ခါးပန်းမှတစ်ဆင့် ဝမ်ချောင်းဆီသို့ ပျံသန်းလာပြီး သူ၏အရှေ့တွင် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။ ထိုလှံရိုးကြီးမှာ သူ၏ ခါးတစ်လောက်နီးပါး တုတ်ခိုင်ပြီး ရင့်ကျက်သော သစ်ပင်ကြီးတစ်ပင်နှင့် တူနေလေ၏။
ဤအရာကြီးသည် သူ၏ မျက်နှာချင်းဆိုင် လေထဲတွင် ပေါလောပေါ်နေပုံရပြီး သူ့ကို လုံးဝ အံ့အားသင့် မှင်သက်သွားစေခဲ့လေသည်။
“ကောင်းချီးပေးသနားတော်မူတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ဒါပေမဲ့... ကျွန်တော်မျိုးက မိုက်မဲလွန်းလို့ ဘာဆက်ပြီး လုပ်ရမှန်း မသိပါဘူး...။”
ရွှီပေါ်အန်းက ရယ်မောကာ ပြောလိုက်လေ၏။
“ကောင်းပြီ... အရင် ထရပ်လိုက်ပါဦး...။ တစ်ခုခုရှာပြီး ထိပ်ဖျားမှာရှိတဲ့ မီးခိုးညိုရောင် အမှုန့်တွေ အားလုံးကို စုဆောင်းလိုက်ပါ...။ အိမ်ရောက်တဲ့အခါ ပဲပိစပ်စေ့အရွယ်လောက်ရှိတဲ့ အမှုန့် နှစ်စေ့၊ သုံးစေ့လောက်ကို ယူပြီး ချေမွပြီးတော့ ရေနွေးနွေးလေးနဲ့ သောက်ခိုင်းလိုက်ပါ...။ မင်းဖခင်ရဲ့ ဝေဒနာ တွေ ချက်ချင်း သက်သာသွားပါလိမ့်မယ်...။”
ရွှီပေါ်အန်းသည် အလွန်အမင်း တိကျသေချာစွာ မပြောရဲခဲ့ချေ။ မည်သို့ပင်ဆိုစေ သူသည် မည်သည့် နတ်ဘုရားပညာရပ်ကိုမျှ အမှန်တကယ် မသိရှိသလို သူ့ကို ကုသရန်အတွက် အံ့ဖွယ်စွမ်းရည်များ ကိုလည်း အသုံးမပြုနိုင်ပေ။
မွန်မိုရီလွန်နိုက် ဆေးမှုန့်ကို ရွေးချယ်ရခြင်းမှာ ၎င်းသည် အူလမ်းကြောင်းတွင် အကာအကွယ်အလွှာ တစ်ခု ဖန်တီးပေးခြင်းဖြင့် အလုပ်လုပ်သော တိုင်းရင်းဆေး တစ်မျိုးဖြစ်သောကြောင့်ပင်။ ၎င်းသည် ဝမ်းပျက်ဝမ်းလျှော အမျိုးအစားများစွာကို ကုသပေးနိုင်ပြီး အလွန် ဘေးကင်းစိတ်ချရလေ၏။
“သနားကရုဏာထားတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။”
ဝမ်ချောင်းသည် အလွန်အမင်း ဝမ်းသာသွားပြီး ချက်ချင်းပင် သုံးကြိမ်တိုင်တိုင် ဦးချလိုက်လေ၏။ ထို့နောက် သူသည် ခါးကြားမှ လက်ကိုင်ပဝါတစ်ထည်ကို ဂရုတစိုက် ထုတ်ယူကာ သွားကြားထိုးတံ၏ ထိပ်ဖျားတွင် ကပ်နေသော မွန်မိုရီလွန်နိုက် ဆေးမှုန့် အနည်းငယ်ကို သတိထား၍ ခြစ်ယူလိုက်ပြီး အားလုံးကို လက်ကိုင်ပဝါထဲတွင် ထုပ်ပိုးလိုက်လေတော့သည်။
ဤနေရာရှိ ကိစ္စရပ်များမှာ အများအားဖြင့် ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ အဓိကအားဖြင့် ဌာနခွဲစခန်းကို ယာယီ နေရာချထားပြီးဖြစ်သဖြင့် ရွှီပေါ်အန်းသည် ဆက်လက် အချိန်ဖြုန်းနေရန် ပျင်းရိသွားခဲ့လေ၏။
ထိုက်ရှန်း ခန်းမသို့ ပြန်ရောက်ပါက သူသည် အဓိက အိမ်ရှင်နေရာမှ ဆက်လက် ပါဝင်လှုပ်ရှားရန် လိုအပ်နေသေးပေသည်။
ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို သိမ်းဆည်းလိုက်ပြီး သီးသန့်အခန်းထဲမှ ထွက်လာခဲ့လေသည်။
ထိုက်ရှန်း ခန်းမ၏ တံခါးဝသို့ ရွှီပေါ်အန်း ချဉ်းကပ်သွားပြီး တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ် ဖုန်းမြည် လာခဲ့လေ၏။
*ထျန်ရှောင်ထုန်...*
ဤမိန်းကလေးကို မလှမ်းမကမ်းရှိ သီးသန့်အခန်းငယ်လေး တစ်ခန်းထဲတွင် အစားအသောက်တချို့မှာ ပြီး သူ့ကို စောင့်နေရန် သူ ပြောထားခဲ့သည် မဟုတ်ပါလား။ ခြေလှမ်း အနည်းငယ်သာ ကွာဝေးသော နေရာမှနေ၍ အဘယ်ကြောင့် ဖုန်းခေါ်နေရပါသနည်း။
ရွှီပေါ်အန်းသည် အနည်းငယ် ဝေခွဲမရဖြစ်စွာဖြင့် ဖုန်းကို ဖြေလိုက်ရာ တစ်ဖက်မှ တိုးတိတ် ပြတ်တောင်း သော အသံများကို ကြားလိုက်ရလေ၏။
“အင်ဂျင်နီယာချုပ်ရွှီ... တောင်းပန်ပါတယ်...။ ကျွန်မ ပြဿနာ နည်းနည်း တက်နေလို့ပါ...။”
ဖုန်း၏ တစ်ဖက်စွန်းမှ သရော်လှောင်ပြောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ကောင်မလေး... အချိန်ဆွဲမနေစမ်းပါနဲ့...၊ တစ်ခုခုတော့ လုပ်ရမယ်...။ ငါ့အဝတ်အစားဖိုးကို ပြန်လျော်မလား... ဒါမှမဟုတ် ငါနဲ့ အရက်နည်းနည်းလာသောက်မလား...။ အဲဒီလိုလုပ်ရင်တော့ အဝတ်အစားဖိုးကို ငါ လျှော်ပေးလိုက်မယ်...။”
ရွှီပေါ်အန်း၏ မျက်နှာအမူအရာ တင်းမာသွားပြီး သူ၏ အထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာခဲ့လေ ၏။ ဖုန်းထဲမှတစ်ဆင့် ဖြစ်သော်လည်း ၎င်းမှာ ချန်တက်ဝေ ဆိုသည့်ကောင်၏ အသံဖြစ်ကြောင်း ရွှီပေါ်အန်း သိလိုက်လေသည်။
ချီရှောင်ရွှယ်နှင့် ပတ်သက်သည့် ပြဿနာကို ဖြေရှင်းပြီးကာစ ရှိသေးသည်၊ ယခု ချန်တက်ဝေက သူ၏ တံခါးဝသို့ ထပ်မံ ရောက်ရှိလာပြန်လေပြီ။
ဘွန်ဆိုင်းကမ္ဘာထဲရှိ အရာများကို အေးအေးဆေးဆေး လေ့လာနိုင်ရန်အတွက် သူတို့နှင့် အမြန်ဆုံး အဆက်အသွယ် ဖြတ်တောက်ရန် ကံကြမ္မာက အလိုရှိနေပုံရပေသည်။
ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာအကြောင်းကို အလွန် နည်းပါးစွာသာ သိရှိထားသေးလေ၏။
“မင်း ဘယ်မှာလဲ...။”
ရွှီပေါ်အန်းက အေးစက်သော အသံဖြင့် မေးလိုက်လေသည်။
“ဓာတ်လှေကားဘေးက အများသုံး အိမ်သာကနေ ကျွန်မ ထွက်လာတာကို စိတ်အနှောင့်အယှက် ဖြစ်စရာ လူတစ်ယောက်က ပိတ်ရပ်ထားလို့ပါ...။”
ထျန်ရှောင်ထုန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။
ရွှီပေါ်အန်းသည် ဖုန်းပင် မချရသေးမီ ထိုနေရာသို့ အပြေးအလွှား သွားလိုက်လေတော့သည်။
အိမ်သာတံခါးဝတွင် ထျန်ရှောင်ထုန်သည် ဘယ်ညာ ရှောင်တိမ်းကာ အပြင်သို့ ထွက်နိုင်ရန် ကြိုးစားနေခဲ့ လေ၏။
အရှက်မဲ့လှသော ထိုချန်တက်ဝေသည် လက်နှစ်ဖက်ကို ကားထားကာ ဘယ်ညာ ပိတ်ဆို့ထားပြီး လုံးဝ ဖယ်မပေးဘဲ နေလေသည်။
“ဟေ့... ကောင်မလေး...။ ငါ့ရဲ့ သီးသန့်အခန်းအတွက် ငှားထားတဲ့ ဖျော်ဖြေရေးအဖွဲ့က ခုလေးတင် ထွက်သွားရလို့ကွ...။ မင်းက ဒီအလုပ်အတွက် အသင့်တော်ဆုံးပဲလို့ ငါ ထင်တယ်...။ တကယ်ပြော တာနော်...။ တကယ်လို့ မင်း သဘောတူမယ်ဆိုရင် ငါ့အဝတ်အစားဖိုးကို မင်းပြန်ဆပ်ဖို့ မလိုတဲ့အပြင် မင်းကို အပိုငွေတောင် ပေးနိုင်သေးတယ်...။ ဘယ်လိုလဲ...။”