← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇)

တောင်စောင့်သားရဲငယ်လေး အန္တရာယ်နှင့် ကြုံတွေ့ရခြင်း

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းထဲရှိ ယန်ရှိုယီနှင့် ပြုလုပ်ထားသော သဘောတူညီချက်အတွက် စိတ်ပူနေခဲ့ သဖြင့် သူ၏ မိခင်ကို နှစ်သိမ့်ရုံသာ တတ်နိုင်ခဲ့လေ၏။

“အမေ...ဒီကိစ္စက အရမ်း အရေးကြီးတယ်...။ သား သေသေချာချာ စဉ်းစားဖို့ လိုတယ်...၊ ဒီလိုလုပ်ပါ... အမေ အရင်သွားနားလိုက်ပါ...။ မနက်ဖြန် မနက်ကျရင် သား အဖြေပေးပါ့မယ်...၊ ဟုတ်ပြီလား...။”

ထန်ရုံကျီက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“ဒါလည်း ဟုတ်တာပါပဲ... မင်းအဖေနဲ့ အမေလည်း ဒီကိစ္စကို ဆွေးနွေးနေတာ ရက်အတော်ကြာပြီ ဆိုပေမယ့် အခုထိ အဖြေမထွက်သေးဘူး...။ ငါတို့ သေသေချာချာ စဉ်းစားဖို့ လိုတယ်...။ မင်း အရင် နားလိုက်တော့...။ မင်းဝမ်းကွဲအစ်ကိုရဲ့ အခန်းမှာ လိုအပ်တာတွေ ရှိမလားဆိုတာ အမေ သွားကြည့် လိုက်ဦးမယ်...။”

မွေးစားဝမ်းကွဲအစ်ကိုအကြောင်း မိခင်ဖြစ်သူက ထပ်မံ ပြောဆိုလာသည်ကို ကြားသောအခါ ရွှီပေါ်အန်း က မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

“အမေ... ချန်ဖိန်ဖိန်က ဒီနေ့ မလာဘူးလား...။”

ထန်ရုံကျီက ပြောလိုက်လေသည်။

“မင်း မပြောရင် အမေတောင် မေ့တော့မလို့...။ ကောင်လေး... အမေက လမ်းမလျှောက်နိုင်တော့ လောက်အောင် အိုမင်းနေတာမှ မဟုတ်တာ...။ မင်းက ဘာလို့ ဖိန်ဖိန်ကို အိမ်လာပြီး အမေ့ကို ပြုစုစောင့်ရှောက်ဖို့ အမြဲတမ်း ဒုက္ခပေးနေရတာလဲ...။”

“သူမက ငါတို့အိမ်မှာ တစ်မနက်ခင်းလုံး အလုပ်များနေတော့ အမေ ဘာတစ်ခုမှ လုပ်စရာမရခဲ့ဘူး...။ ပျင်းလွန်းလို့ ရူးတော့မတတ်ပဲ...။”

“အကယ်၍ မင်းအဖေနဲ့ အမေသာ နေ့လယ်ပိုင်း အပြင်ထွက်စရာ မရှိဘူးဆိုရင် သူက အမေတို့ အတွက် ထမင်းဟင်းတောင် ချက်ပေးဖို့ စီစဉ်နေတာ...။ ဒီကလေးမလေးက အရမ်းကို တက်ကြွတာပဲ...။ အိမ်မှု ကိစ္စနဲ့ ဟင်းချက်တဲ့နေရာမှာလည်း အရမ်းကို တော်တယ်...။ တကယ့်ကို အိမ်ထောင်ရှင်မကောင်း၊ မိခင် ကောင်း တစ်ယောက်ပါပဲ...။ မင်း သူမကို တကယ် စဉ်းစားသင့်တယ်...။”

ထိုအခါမှသာ ချန်ဖိန်ဖိန်နှင့် ဝူကျိအိုတို့ အိမ်တွင် မဆုံတွေ့ခဲ့ကြကြောင်း ရွှီပေါ်အန်း နားလည်သွားခဲ့ လေသည်။

*ငါ့အမေက လုံးဝ ဘာမှမသိသလို ဖြစ်နေတာ မဆန်းပါဘူးလေ...။*

*တကယ်လို့များ သူတို့သာ ဒါတွေကို သိခဲ့မယ်ဆိုရင် သူမကို လက်မလွှတ်ဖို့ ငါ့ကို ဘာလို့ အကြံပေး နေဦးမှာလဲ…။*

*ငါ့ဝမ်းကွဲအစ်ကိုရဲ့ ဇနီးက ငါ့မရီးပဲလေ…။*

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းထဲမှ ယန်ရှိုယီ၏ ဆင့်ခေါ်မှုကြောင့် စိတ်လောနေသဖြင့် သူ၏ မိခင်ကို ထပ်မံ ရှင်းပြမနေတော့ဘဲ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်လေသည်။

“သား သိပါပြီ အမေ...၊ အမေ သွားနားတော့လေ...။”

မကြာမီ ရွှီပေါ်အန်းသည် တံခါးကို ထပ်မံ လော့ချလိုက်လေသည်။

ဘွန်ဆိုင်းကိစ္စသည် အလွန် အရေးကြီးလှပြီး ရွှီပေါ်အန်းသည် မလိုအပ်သော ပြဿနာများ မဖြစ်ပေါ် စေရန်အတွက် ဤလျှို့ဝှက်ချက်ကို မိဘများပင် မသိစေဘဲ လျှို့ဝှက်ထားရန် ဆုံးဖြတ်ထားလေ၏။

အနည်းဆုံးတော့ လောလောဆယ်တွင် သူ ဤသို့ တွေးထားလေသည်။

မကြာမီ ဟုန်ယာရွာရှိ တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ် နတ်ကွန်းအတွင်းမှ မြင်ကွင်းသည် ရွှီပေါ်အန်း၏ စိတ်ထဲတွင် ပြန်လည် ပေါ်လာခဲ့လေ၏။

ဤအချိန်တွင် နတ်ကွန်းထဲ၌ ယန်ရှိုယီ တစ်ယောက်တည်း ရှိမနေခဲ့ချေ။

ဆုတောင်းဖျာပေါ်တွင် ဒူးထောက်နေသော သူ၏အပြင် မလှမ်းမကမ်းတွင် ဒူးထောက်နေသော နောက်လိုက် နှစ်ဦးလည်း ရှိနေလေသည်။

သူတို့သုံးဦးသည် အတူတကွ ဒူးထောက်နေကြပြီး ရွှီပေါ်အန်း၏ ရှုထောင့်မှ ကြည့်လျှင် သူတို့အားလုံးမှာ တရုတ်စာလုံး “တောင်” ဆိုသည့် စာလုံးနှင့် အနည်းငယ် တူနေလေ၏။

“အင်း... အချိန်တိကျသားပဲ...။”

ရွှီပေါ်အန်းက သူ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးသည့်အနေဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်လေ သည်။

ယန်ရှိုယီ၏ နောက်တွင် ဒူးထောက်နေသော နောက်လိုက်နှစ်ဦးမှာ သိသိသာသာပင် တုန်ယင်သွားကြပြီး နတ်မင်းဘိုးဘိုးကြီး၏ အံ့ဖွယ်တန်ခိုးကြောင့် ထိတ်လန့်သွားကြသည်မှာ ထင်ရှားလှပေသည်။

ယန်ရှိုယီသည် တည်ငြိမ်စွာ နေပြီး ချက်ချင်းပင် သုံးကြိမ်တိုင်တိုင် ဒူးထောက်ကာ ခေါင်းကို မော့လျက် ပြောလိုက်လေ၏။

“ရှန်းယန်ခရိုင်ဝန် ယန်ရှိုယီ က ညဉ့်နက်သန်းခေါင်အချိန်မှာ တောင်စောင့်နတ်မင်းကြီးရဲ့ အေးချမ်းတဲ့ တရားအားထုတ်မှုကို အနှောင့်အယှက်ပေးဖို့ ရောက်လာခဲ့တာပါ...။ တောင်စောင့်နတ်မင်းကြီး ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။”

ရွှီပေါ်အန်းက ဂရုမစိုက်သလို လေသံဖြင့် ပြောလိုက်လေသည်။

“ရပါတယ်... ထကြပါ...။ မင်းအတွက် ပစ္စည်းတွေကို ငါ ပြင်ဆင်ပြီးသွားပြီ...။ တကယ်လို့ မင်း စိုးရိမ် နေရင် စမ်းသပ်ကြည့်ဖို့ ခြင်များတဲ့နေရာကို တစ်ယောက်ယောက် လွှတ်ပြီး နည်းနည်း ယူသွားခိုင်း လိုက်လေ...။”

စကားပြောရင်း ရွှီပေါ်အန်းသည် ပုလင်းထဲမှ ပန်းရနံ့ရေမွှေးကို အဖုံးပေါ်သို့ ညင်သာစွာ လောင်းချလိုက် ပြီး သတိထား၍ လက်လှမ်းကာ အမွှေးတိုင်စားပွဲပေါ်သို့ ချထားလိုက်လေ၏။

ထို့နောက် အလားတူ ပုံစံအတိုင်းပင် ခြင်ပြေးဆေးကပ်ခွာများကိုလည်း အတွင်းသို့ ပို့ဆောင်လိုက်လေ သည်။

တစ်ခဏအတွင်းမှာပင် ယန်ရှိုယီနှင့် အခြားသူများသည် နောက်တစ်ကြိမ် ဒူးထောက်ကာ ကျေးဇူးတင် စကား ဆိုလိုက်ကြလေသည်။

“တောင်စောင့်နတ်မင်းကြီး ချီးမြှင့်တဲ့ နတ်ဘုရားပစ္စည်းက သေချာပေါက် အစွမ်းထက်မှာပါ...။ ယန်ရှိုယီ က တောင်စောင့်နတ်မင်းကြီးကို ကျေးဇူးတင်ပါတယ်...။”

ရွှီပေါ်အန်းသည် ပြန်လည် ဖြေကြားခြင်း မပြုခဲ့ချေ။ သူသည် နတ်ဘုရားတစ်ပါးနှင့် ထိုက်တန်သော ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရဦးမည် ဖြစ်လေ၏။

ရွှီပေါ်အန်းသည် အလွန် စိတ်ဝင်စားဖွယ်ကောင်းသော ဖြစ်စဉ်တစ်ခုကို တွေ့ရှိခဲ့လေသည်။

ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ တိုက်ရိုက် မြင်တွေ့နိုင်သော ခေါင်ရှန်းရွာ ဧရိယာတွင် နတ်ဘုရားတစ်ပါး၏ ရှုထောင့်မှနေ၍ အပေါ်မှအောက်သို့ မည်သည့်အရာကိုမဆို လွတ်လပ်စွာ ထည့်သွင်းနိုင်လေ၏။

သို့သော်လည်း ပင်မစခန်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်းဖြစ်ဖြစ်၊ ဟုန်ယာရွာရှိ တောင်စောင့် နတ်မင်းနှင့် မြေစောင့်နတ် အတူတကွ နေထိုင်သည့် နတ်ကွန်းဖြစ်ဖြစ်၊ ရွှီပေါ်အန်းသည် ရုပ်တု၏ ရှုထောင့်မှသာ နတ်ကွန်း၏ ပတ်ဝန်းကျင် တစ်ခုလုံးကို လေ့လာနိုင်လေသည်။

မိမိ၏ လှုပ်ရှားမှုများကို ရုပ်တု၏ ဦးတည်ရာမှသာ လုပ်ဆောင်နိုင်လေသည်။

တစ်နည်းဆိုရသော် အကယ်၍ ရွှီပေါ်အန်းသည် အနည်းငယ် ပိုကြီးသောအရာ တစ်ခုခုကို အတွင်းသို့ ယူဆောင်သွားလိုပါက ၎င်းပေါ်လာသည့် အခိုက်အတန့်တွင် နတ်ကွန်း၏ ခေါင်မိုးကို ပင့်တင်သွားနိုင်ပြီး နတ်ကွန်းကိုယ်တိုင်ပင် ပြိုကျသွားနိုင်လေသည်။

...

ယန်ရှိုယီနှင့် အခြား နှစ်ဦးတို့မှာမူ တောင်စောင့်နတ်မင်းကြီးသည် သူ၏ စိတ်ကို လွတ်လပ်စွာ တွေး တောနေကြောင်း လုံးဝ မသိရှိကြချေ။

နတ်မင်းဘိုးဘိုးကြီး၏ ရုပ်တုအရှေ့တွင် ကြိတ်ဆုံအရွယ်အစားခန့်ရှိ ဧရာမ အစိမ်းရောင် ရေခွက်ဝိုင်း ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ သူတို့အားလုံး မှင်သက်သွားခဲ့ကြလေ၏။

အစိမ်းရောင် ခွက်ကြီးကို အမွှေးတိုင်စားပွဲပေါ်တွင် ချထားလိုက်သောအခါ သူတို့သည် ဤနတ်ဘုရား ပစ္စည်း၏ ခမ်းနားမှုကို အနီးကပ် လေ့လာရန် မနေနိုင်ဘဲ ရှေ့သို့ တိုးသွားခဲ့ကြလေသည်။

အနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သိမ်မွေ့သော ရနံ့တစ်ခု သူတို့၏ နှာခေါင်းထဲသို့ ဝင်ရောက်လာ သည်ကို ရှင်းလင်းစွာ ရူရှိုက်လိုက်ရလေ၏။

ယန်ရှိုယီသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ ချက်ချင်းပင် လန်းဆန်းသွားသည်ကို ခံစားလိုက် ရလေသည်။

*ဘုရားရေ... နတ်ဘုရားတွေရဲ့ ပစ္စည်းတွေက တကယ်ကို ထူးခြားတာပဲ...။ အနံ့လေး ရှူလိုက်ရုံနဲ့တင် ဒီလောက် အကျိုးသက်ရောက်မှု ရှိနေတာဆိုတော့ စားလိုက်ရရင် ဘယ်လိုတောင်နေမလဲ စဉ်းစားကြည့် ပါဦး…။*

သူ၏နောက်မှ နောက်လိုက်တစ်ဦးသည်လည်း အလားတူ အတွေးမျိုး တွေးမိကာ တိုးတိတ်စွာ ပြော လိုက်လေ၏။

“အကြီးအကဲ... ဒီဆေးက အံ့သြစရာပါပဲ...။ ကျွန်တော် ငိုက်မျဉ်းနေတာတောင် ဒီအနံ့ကို ရှူလိုက်တာနဲ့ ချက်ချင်းပဲ အားအင်တွေ ပြန်ပြည့်လာသလို ခံစားရတယ်...။ နောက်ထပ် အပြင်းအထန် ချီတက်မှု တစ်ခုလောက်တောင် လုပ်နိုင်မယ်လို့ ခံစားနေရတယ်...။”

အခြား နောက်လိုက်တစ်ဦးကလည်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေသည်။

“အဲဒါ ဘာလဲ...။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ကျွန်တော် နှာစေးနေတာ...၊ ဒါပေမဲ့ ဒီအံ့ဖွယ် ဆေးကို တစ်ချက်လောက် ရှူလိုက်တာနဲ့ ချက်ချင်း နှာပွင့်သွားတယ်...။ အရမ်း ကောင်းတာပဲ...။ အကယ်၍ ဤဆေးကို တစ်ကျိုက်လောက် သောက်လိုက်ရရင် ကျွန်တော် လုံးဝ ပျောက်ကင်းသွားမှာ မဟုတ်ဘူးလား...။”

ရွှီပေါ်အန်းသည် ထိုစကားကို ကြားသောအခါ လန့်လွန်း၍ သေးပင် ထွက်ကျမတတ် ဖြစ်သွားခဲ့လေ၏။

*တစ်ကျိုက်လောက် သောက်မလို့...၊ ပျောက်ကင်းသွားမယ် ဟုတ်လား...။*

*မင်းတို့ တကယ်ကို ရူးသွပ်တဲ့ အတွေးတွေ တွေးနေတာပဲ...။*

*အကယ်၍ မင်းတို့ ဒီအရာကို တကယ် သောက်လိုက်မယ်ဆိုရင် ပြန်ကောင်းလာဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး...။ အလောင်းကောင် တစ်ကောင်ပဲ ဖြစ်သွားလိမ့်မယ်...။*

*ငါတို့ စည်းကမ်းမဲ့တဲ့ အလုပ်တွေ လုပ်လို့ မဖြစ်ဘူး...။*

ရွှီပေါ်အန်းက အလျင်အမြန် ပြောလိုက်လေသည်။

“လျှောက်မပြောနဲ့... ဤအရာက ခြင်ပြေးဆေးပဲ...။ ဒါက မင်းရဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့အခါ အလုပ်လုပ် လိမ့်မယ်...။ ဒါပေမဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းနဲ့ တခြားနေရာတွေကို ရှောင်ဖို့ မှတ်ထားပါ...။ ပြီးတော့ လုံးဝ မမြိုချမိပါစေနဲ့...။”

ယန်ရှိုယီသည် သူ၏ နောက်လိုက်ကို စူးရဲစွာ ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ဒူးထောက်ကာ ပြောလိုက် လေသည်။

“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ဒီကောင် လေးက အရမ်း ပွင့်လင်းလွန်းလို့ သူ့ကိုယ်သူ အရူးလုပ်မိသွားတဲ့အတွက် တောင်းပန်ပါတယ်...။”

ထိုအခါ ရွှီပေါ်အန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

“ရပါတယ်... အဲဒါကိုသာ မှတ်ထားလိုက်ပါ...။ ပြီးတော့ အဲဒီ စက္ကူနဲ့တူတဲ့ အရာတွေကို ဖြတ်ပြီး မင်းတို့ ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကပ်ထားရမယ်...။ ဒါမှ ခြင်တွေ အနားမကပ်နိုင်အောင် ထိထိရောက်ရောက် တားဆီးနိုင်လိမ့်မယ်....။”

ယန်ရှိုယီသည် သူ၏ စောင်ထက်ပင် ပိုကြီးသော အဝတ်စက္ကူ အထပ်လိုက်နှင့် အစိမ်းရောင် ခွက်ကြီးထဲ ရှိ အရည်များကို ကြည့်ကာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ယန်ရှိုယီသည် အမွှေးတိုင် သုံးတိုင်ကို လေးလေးနက်နက် ကောက်ကိုင်ကာ ထပ်မံ ထွန်းညှိလိုက်ပြီး ပြောလိုက်လေသည်။

“ရှန်းယန်ခရိုင်ဝန် ယန်ရှိုယီနဲ့ သူရဲ့ ညီအစ်ကို သုံးရာကျော်က ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ တဲ့အတွက် တောင်စောင့်နတ်မင်းကြီးကို ကျေးဇူးတင်ပါတယ်...။ မြို့တော်ကို ပြန်ရောက်တဲ့အခါ ဒီကိစ္စ ကို ကျွန်တော့်ရဲ့ အထက်လူကြီးတွေကို သေချာပေါက် တင်ပြပြီး တောင်စောင့်နတ်မင်းကြီးရဲ့....။”

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့လေ၏။ ဤသည်မှာ သူ့ကို အလွန်အမင်း နာမည်ကြီးလာစေမည့် နိဒါန်းပျိုးမှုပင် ဖြစ်လေသည်။

ဤနေရာတွင် အလုပ်သမား ဥပဒေများ မရှိဘူး မဟုတ်ပါလား။ အကယ်၍ ဤအတိုင်း ဆက်သွားနေ မည်ဆိုလျှင် သူ အနားမယူဘဲ အလုပ်လုပ်လျှင်တောင် အမှီလိုက်နိုင်မည် မဟုတ်ချေ။

*ငါ့ကို လူတွေက အမြဲတမ်း ဆင့်ခေါ်နေမယ်ဆိုရင် ငါ အရမ်း ပင်ပန်းသွားမှာပေါ့...။*

*မဖြစ်ဘူး... သိုသိုသိပ်သိပ် နေတာက အကောင်းဆုံး မူဝါဒပဲ...။*

ယင်းကို တွေးမိသဖြင့် ရွှီပေါ်အန်းက အလျင်အမြန် ပြောလိုက်လေသည်။

“တော်လောက်ပြီ... ဒီကိစ္စကို လူသိရှင်ကြား ဖြစ်အောင် လုပ်စရာ မလိုပါဘူး....။ ဒီအရာက မင်းနဲ့ ငါကြားက မရည်ရွယ်ဘဲ ဖြစ်လာခဲ့တဲ့ အရာတစ်ခုသက်သက်မို့လို့ ဒီကိစ္စကို မချဲ့ကားပါနဲ့...။”

ယန်ရှိုယီသည် တောင်စောင့်နတ်မင်းကြီး၏ သဘောထားကြီးမှုနှင့် ကိုယ်ကျိုးစွန့်လွှတ်မှုတို့ကို ပို၍ပင် လေးစားအားကျသွားခဲ့ပြီး ချက်ချင်းပင် ရေရွတ်လိုက်လေ၏။

“တောင်စောင့်နတ်မင်းကြီးက တကယ့်ကို နတ်ဘုရား တစ်ပါးပါပဲ...။ ကိုယ်တော့်ရဲ့ စိတ်ထားကြီးမားမှုနဲ့ ဉာဏ်ပညာနယ်ပယ်က အရမ်းကို ကြီမားလှလို့ ကျွန်တော်တို့လို သာမန်လူတွေက ကိုယ်တော့်ရဲ့ မေတ္တာ တရား တစ်စိတ်တစ်ပိုင်းကိုတောင် လိုက်မီဖို့ ခက်ခဲလှပါတယ်...။”

စကားပြောရင်း ယန်ရှိုယီသည် ထွန်းညှိထားသော အမွှေးတိုင်များကို နံ့သာခွက်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်လေသည်။

နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် လုံးဝ လန်းဆန်းသွားသလို ခံစားလိုက်ရလေ၏။

*အရမ်း ရင်းနှီးတဲ့ ခံစားချက်ပဲ...။*

*ဒါက... အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှုတွေ ရောက်လာတာများလား...။*

ရွှီပေါ်အန်းက သေချာစွာ စစ်ဆေးကြည့်လိုက်ရာ သူသည် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု နှစ်ခု ထပ်မံ ရရှိထားသည်ကို တွေ့လိုက်ရလေသည်။

*ဘာတွေ ဖြစ်နေတာလဲ...၊ သူတို့က တကယ်ကို လက်ကား ဖြန့်ဖြူးနေကြတာပဲ....။*

သန်းခေါင်ယံအချိန် ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် ပုံမှန် အသစ်ပြန်လည် ဖြည့်တင်းမှုမှတစ်ဆင့် သူသည် နောက်ထပ် အမွှေးတိုင် ပူဇော်မှု နှစ်ခု ရရှိထားသည်ကို ရွှီပေါ်အန်း သတိပြုမိလိုက်လေ၏။

ယခု ဤအမွှေးတိုင် ပူဇော်မှု နှစ်ခု ထပ်ပေါင်းထည့်လိုက်သဖြင့် ရွှီပေါ်အန်း၏ စုစုပေါင်း အမွှေးတိုင် ပူဇော်မှု စွမ်းအားမှာ ဂဏန်းနှစ်လုံးသို့ ရောက်ရှိသွားခဲ့လေပြီ။

ဤကဏ္ဍတွင် ရွှီပေါ်အန်းသည် ယခင်က တစ်ခါမှ ဤမျှ မချမ်းသာခဲ့ဖူးချေ။

*အခု ငါ စမ်းသပ်ကြည့်လို့ရမယ့် အရာတွေ အများကြီး ရှိနေပြီ...။*

ရွှီပေါ်အန်းမှာ အတော်လေး ဝမ်းသာနေသော်လည်း သံသယများစွာဖြင့်လည်း ပြည့်နှက်နေခဲ့လေ၏။ အကြောင်းမှာ ယနေ့ သူရရှိခဲ့သော အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများမှာ အနည်းငယ် ထူးဆန်းနေပုံ ရသောကြောင့်ပင်။

အချိန်ဇယားအရဆိုလျှင် ယန်ရှိုယီက အမွှေးတိုင်များကို နံ့သာခွက်ထဲသို့ ထည့်လိုက်သည့် အခိုက် အတန့်တွင် သူသည် အမွှေးတိုင် ပူဇော်မှု စွမ်းအား နှစ်ခု ထပ်မံ ရရှိခဲ့ခြင်း ဖြစ်သင့်လေသည်။

သို့သော် ယန်ရှိုယီသည် ယခင်ကလည်း အမွှေးတိုင်များ ထွန်းညှိခဲ့ဖူးပြီး မကြာသေးမီက ထိုအလကား စားသူသည်လည်း အမွှေးတိုင်များ ထွန်းညှိကာ သူ့ကို ဆင့်ခေါ်ခဲ့သေးသည် မဟုတ်ပါလား။

ထိုကြုံတွေ့မှု နှစ်ခုစလုံးတွင် ယန်ရှိုယီနှင့် သူ၏ ပထမဆုံး တွေ့ဆုံမှု အပါအဝင် ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု သို့မဟုတ် ဆုတောင်းပတ္ထနာပြုမှု တစ်ခုကိုမျှ မရရှိခဲ့ချေ။

*ထူးဆန်းလိုက်တာ...။*

*လူတစ်ယောက်တည်းက ပူဇော်တဲ့ အမွှေးတိုင် အတူတူပဲ ဖြစ်နေတာတောင် အရင်တုန်းက ဘာလို့ ငါ အမွှေးတိုင် ပူဇော်မှုကနေ ကောင်းချီးမင်္ဂလာ ဘာမှ မရခဲ့ဘဲ အခုကျမှ ရုတ်တရက် ရလာရတာလဲ...။*

*တကယ်လို့ ငါက ပူဇော်မှုတွေနဲ့ ဆုတောင်းပတ္ထနာပြုမှုတွေကို လက်ခံရရှိနိုင်မယ်ဆိုရင် ဒီနေရာမှာ နည်းနည်းလောက် အလုပ်လုပ်ပေးရတာက လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး...။*

ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူအများစုသည် အချိန်ပိုကြေး မလုံလောက်သောကြောင့် အချိန်ပို အလုပ်လုပ်ရန် ဆန္ဒမရှိကြခြင်း ဖြစ်လေ၏။

*အကယ်၍ အချိန်ပိုကြေးသာ လုံလောက်မယ်ဆိုရင် ငါလည်း အချိန်ပို အလုပ်လုပ်ချင်ပါတယ်...။ ကုမ္ပဏီကို ကိုယ့်အိမ်လို့တောင် သဘောထားလိုက်ဦးမယ်...။*

“ငါ ဘယ်လိုလုပ်ပြီး အမွှေးတိုင် ပူဇော်မှု စွမ်းအားကို ရုတ်တရက် ရလာတာလဲ” ဟူသော မေးခွန်းကို တွေးတောနေစဉ် ရွှီပေါ်အန်း၏ အကြည့်သည် အစိမ်းရောင် ပုလင်းဖုံးငယ်လေးထဲရှိ ပန်းရနံ့ရေမွှေး ပေါ်သို့ အလိုအလျောက် ရောက်သွားခဲ့လေသည်။

*ဟင်... *

*ယန်ရှိုယီရဲ့ ပြဿနာကို ဖြေရှင်းရာမှာ သူ ကူညီပေးခဲ့လို့ ယန်ရှိုယီက သူ့အတွက် အမွှေးတိုင် ပြန်လည် ပူဇော်တဲ့အခါ အဲဒါက သစ္စာပြုချက်ကို ဖြည့်ဆည်းပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်သွားပြီး အမွှေးတိုင် ပူဇော်မှု စွမ်းအားကို ဖြစ်ပေါ်စေခဲ့တာများလား...။*

*အရင်က ဒီနေရာမှာ မြန်မြန်ဆန်ဆန် လောင်ကျွမ်းသွားတဲ့ အမွှေးတိုင်တွေက ခြေလှမ်းတစ်ခုသက် သက်သာ ဖြစ်နိုင်တယ်...။ ဒါမှမဟုတ် အစစ်အမှန် ကျေးဇူးတင်မှု မပါဝင်တဲ့ စကားစမြည်ပြောဆိုမှု သက်သက်သာ ဖြစ်တဲ့အတွက် လုံးဝ တန်ဖိုးမရှိခဲ့တာလား...။ ဒါကြောင့် ငါ အမွှေးတိုင်ကနေ ဘာ ကောင်းချီးမင်္ဂလာမှ မရခဲ့တာပဲ...။*

*ဒါကြောင့် ဒီနတ်ကွန်းမှာ အမွှေးတိုင် ပူဇော်မှု စွမ်းအားကို ရရှိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ဆုတောင်းသူကို ကူညီပေးပြီး အဲဒီသူက ကျေးဇူးဆပ်တဲ့အနေနဲ့ စိတ်ရင်းမှန်နဲ့ အမွှေးတိုင် ပူဇော်အောင် လုပ်ရမှာပေါ့...။*

*ဝိုး... ဒါဆို ဌာနခွဲစခန်းတွေကလည်း အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှုတွေကို စုဆောင်းဖို့ ကောင်းတဲ့နေရာတွေ ဖြစ်နေတာပေါ့...။*

မည်သို့ပင်ဖြစ်စေ ဤနေရာရှိ လူဦးရေမှာ ခေါင်ရှန်းရွာထက် များစွာ ပိုများသဖြင့် ဆုတောင်းသူများနှင့် ကောင်းချီးမင်္ဂလာ တောင်းခံသူများ၏ အရေအတွက်မှာလည်း သေချာပေါက် ပိုများမည် ဖြစ်လေ၏။

ရွှီပေါ်အန်းသည် သူ့ဟာသူ တိုးတိတ်စွာ ရယ်မောလိုက်သော်လည်း မကြာမီတွင် မျက်မှောင် ပြန်ကြုတ် သွားခဲ့လေသည်။

ယင်းကို သူ နားလည်သွားသော်လည်း ရွှီပေါ်အန်းကို ဝေခွဲမရဖြစ်စေသော အရာတစ်ခု ရှိနေသေးပေ၏။

*အရင်တုန်းက ငါတို့ဟာ တစ်ကြိမ်မှာ အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှု တစ်ခုစီပဲ ရရှိခဲ့ တာ...။ ဒါပေမဲ့ ဒီနေ့ ဘာလို့ တစ်ကြိမ်တည်းနဲ့ နှစ်ခု ရရှိနေရတာလဲ...။

ယခင်က ပင်မစခန်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်းတွင် မြို့စောင့်တပ်မှူး ဝမ်ချောင်းက သူ့ကို အမွှေး တိုင် ပူဇော်ပြီးနောက် ဆုတောင်းပတ္ထနာပြုမှု စွမ်းအား နှစ်ခု ထပ်မံ ရရှိခဲ့ပုံရလေသည်။

အခုလည်း ယန်ရှိုယီ က...

အဖြစ်အပျက် နှစ်ခုကို အလိုအလျောက် ဆက်စပ်တွေးတောမိသော ရွှီပေါ်အန်းသည် ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့လေ၏။

*အင်း... *

*တူညီတဲ့ အချက်တစ်ခုကို ငါတို့ တွေ့သွားပြီ...။ ယန်ရှိုယီနဲ့ ဝမ်ချောင်း နှစ်ယောက်စလုံးက တရားဝင် အရာရှိတွေပဲ...။*

*ဒါကြောင့်များ သူတို့က ပူဇော်မှုတွေအပေါ် အမွှေးတိုင်နဲ့ ကောင်းချီးမင်္ဂလာတွေ ပိုပြီး ပေးသနားနိုင် တာများလား...။*

မည်သို့ပင်ဖြစ်စေ အမွှေးတိုင် ပူဇော်မှု နည်းလမ်းအရ ပျံ့နှံ့မှု ပိုကျယ်ပြန့်လေ၊ ကုသိုလ်ကောင်းမှု ပိုကြီး မားလေ ဖြစ်ပေသည်။

လူမှုရေး အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားသူများသည် အများအားဖြင့် သာမန်လူများထက် များစွာ ပိုမိုကျယ်ပြန့်သော သြဇာလွှမ်းမိုးမှု ရှိကြလေ၏။

ရွှီပေါ်အန်းသည် ၎င်းအကြောင်းကို တွေးတောလေလေ သူ၏ အတွေးက မှန်ကန်ကြောင်း ပိုမို ယုံကြည် လာလေလေ ဖြစ်ပြီး သူ၏ ဉာဏ်ကောင်းမှုအတွက် သူ့ကိုယ်သူ တိတ်တဆိတ် လက်မထောင်ပြလိုက် လေသည်။

ယန်ရှိုယီသည် အမွှေးတိုင်စားပွဲနောက်ရှိ နတ်ဘုရားရုပ်တုအရှေ့တွင် မြေကြီးပေါ်သို့ အကြိမ်ကြိမ် ဒူးထောက်ကာ ပြောလိုက်လေ၏။

“ကောင်းချီးပေးသနားတော်မူတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အကယ်၍ တခြား ညွှန်ကြားစရာ မရှိတော့ဘူးဆိုရင် ကျွန်တော်မျိုးတို့ကို သွားခွင့်ပြုပါဦး...။”

ဤနေရာတွင် အမွှေးတိုင် ပူဇော်မှု စွမ်းအားကို ရရှိနိုင်ကြောင်း သက်သေပြပြီးပြီဖြစ်သဖြင့် ရွှီပေါ်အန်း ၏ စိတ်သည် နောက်တစ်ကြိမ် လှုပ်ရှားလာခဲ့လေသည်။

“ကောင်းပြီ... ငါ စဉ်းစားကြည့်ပြီးပြီ...။ ဒါကို လျှို့ဝှက်ထားစရာ မလိုပါဘူး...၊ အကယ်၍ မင်းရဲ့ အထက် လူကြီးတွေကို တင်ပြချင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး...။ ဒါပေမဲ့ ငါက ငြိမ်းချမ်းတိတ်ဆိတ်တာကို ပိုနှစ်သက်တယ်...။ ဒါကြောင့် အရေးကြီးတဲ့ ကိစ္စမရှိဘဲ ငါ့ကို လာမနှောင့်အယှက်မိအောင် သတိထား ပါ...။”

အစပိုင်းတွင် ကြင်နာသော လေသံဖြင့် စကားပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အေးစက်ပြီး တင်းမာသော လေသံသို့ ပြောင်းလဲသွားကာ သတိပေးသည့် အဓိပ္ပာယ် ရှင်းလင်းစွာ ပါဝင်နေလေ၏။ ၎င်းကို “တုတ်နဲ့ မရိုက်ခင် အချိုကျွေးခြင်း” ဟူသော ဂန္ထဝင် အသုံးချမှုတစ်ခုအဖြစ် ဖော်ပြနိုင်ပေသည်။

ရွှီပေါ်အန်းက ဤသို့ပြောရခြင်းမှာ အသေးအဖွဲ ကိစ္စရပ်များဖြင့် သူ့ကို လာရောက် အနှောင့်အယှက်ပေး ခြင်းမှ ရှောင်ရှားနိုင်ရန် ဖြစ်လေ၏။

ယန်ရှိုယီသည် စကားကို ပြန်ရုပ်သိမ်းတတ်သော တောင်စောင့်နတ်မင်းကြီး၏ အသေးအဖွဲ အားနည်း ချက်ကို သဘာဝအားဖြင့် ဆက်လက် မေးခွန်းထုတ်မည် မဟုတ်ဘဲ ချက်ချင်း ပြန်လည် ဖြေကြားလိုက် လေသည်။

“ရှိုယီ နားလည်ပါပြီ...။ ကျွန်တော့်ရဲ့ တာဝန်ကို သေချာပေါက် ကျရှုံးစေမှာ မဟုတ်ပါဘူး...။”

ယန်ရှိုယီက ခြင်ပြေးဆေးကပ်ခွာများကို သယ်ဆောင်လာပြီး သူ၏ နောက်လိုက်နှစ်ဦးက ခြင်ဆေးရည် ကို သယ်ဆောင်ကာ သူတို့အဖွဲ့သည် နတ်ကွန်းထဲမှ ထွက်ခွာသွားကြလေသည်။

သူတို့အဖွဲ့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ရွှီပေါ်အန်းသည်လည်း ကျေနပ်စွာဖြင့် ထိုနေရာမှ ထွက်ခွာ လာခဲ့လေသည်။

အချိန်နှောင်းနေပြီဖြစ်သည်ကို မြင်သောကြောင့် ရွှီပေါ်အန်းသည် မျက်နှာသစ်၊ အဝတ်အစားလဲကာ ကုတင်ပေါ်သို့ တက်လိုက်စဉ် အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့လေ သည်။

နောက်တစ်ခဏတွင် သူ၏ တောင်စောင့်သားရဲ ဝက်ဝံညိုကြီး၏ ဟိန်းဟောက်သံသည် သူ၏ စိတ်ထဲ တွင် ပဲ့တင်ထပ်သွားခဲ့လေသည်။

ရွှီပေါ်အန်း လန့်ဖျပ်သွားခဲ့လေ၏။

*ငါ့ရဲ့ တောင်စောင့်သားရဲ အန္တရာယ်နဲ့ ကြုံတွေ့နေရတာလား...။*

အခန်း (၉၈)

ကြမ်းတမ်းသော ကျားတစ်ကောင်နှင့် တိုက်ခိုက်ခြင်း

*တောင်စောင့်သားရဲငယ်လေး အန္တရာယ်နှင့် ကြုံတွေ့နေရပြီ...။*

ရွှီပေါ်အန်းသည် အံ့အားသင့်စွာဖြင့် ခုန်ထလိုက်မိပြီး ဆက်အိပ်ချင်စိတ် လုံးဝ မရှိတော့ချေ။

သူသည် ဘွန်ဆိုင်းကို ချက်ချင်း ထုတ်ယူလိုက်ပြီး ဝက်ဝံညိုကြီး၏ တည်နေရာကို အာရုံခံလိုက်လေ၏။

ဝက်ဝံညိုကြီးသည် တောင်စောင့်နတ်မင်း နတ်ကွန်း တည်ရှိရာ နေရာနှင့် မဝေးလှကြောင်း ရွှီပေါ်အန်း သဘောပေါက်လိုက်လေသည်။

သေချာသည်မှာ ဤသည်မှာ သူ၏ နတ်ဘုရား ရှုထောင့်မှ ကြည့်ခြင်းသာ ဖြစ်လေ၏။

ပြီးခဲ့သည့်အကြိမ်က ဘွန်ဆိုင်းဧရိယာကို ရွှီပေါ်အန်း တိုးချဲ့ပြီးနောက် တောင်စောင့်နတ်မင်း နတ်ကွန်း တည်ရှိရာ တောင်၏အနောက်ဘက်တွင် တောင်ထွတ်နှစ်ခု၏ မြင်ကွင်းအပြည့် ပေါ်ထွက်လာခဲ့လေ သည်။

ယခုအချိန်တွင် ဝက်ဝံညိုကြီးသည် ထိုတောင်ကုန်းနှစ်ခု၏ အနောက်ဘက်တွင် ရှိနေလေ၏။

ရွှီပေါ်အန်းသည် ထိုနေရာကို အာရုံစိုက်ကာ ကြည့်ရှုလိုက်ရာ တစ်ခဏအတွင်းမှာပင် တကယ့်မြင်ကွင်း ကို လွတ်လပ်စွာ ချဲ့ထွင်၊ ချုံ့ကြည့်လိုက်သကဲ့သို့ ရှင်းလင်းပြတ်သားသော မြင်ကွင်းတစ်ခု သူ၏ မျက်စိ ရှေ့တွင် ပေါ်လာခဲ့လေသည်။

ကပ်လျက် တောင်ထွတ်နှစ်ခုကြားရှိ သစ်တောများဖြင့် ဖုံးလွှမ်းနေသော အရိပ်ရ ချောက်ကမ်းပါးတစ်ခု တွင် သူ၏ တောင်စောင့်သားရဲသည် ထိုနေရာ၌ ပုန်းအောင်းနေပြီး သူ၏ ဝမ်းဗိုက်ရှိ ဒဏ်ရာကို လျှာဖြင့် လျက်နေခဲ့လေ၏။

ဒဏ်ရာမှာ ဝက်ဝံညိုကြီး၏ ခြေဖဝါးအရွယ်အစားခန့် ရှိပြီး သာမန် ပြတ်ရှဒဏ်ရာ မဟုတ်ဘဲ အရေပြား နှင့် အသားတစ်ပိုင်း စုတ်ပြဲသွားသော ဒဏ်ရာ ဖြစ်လေသည်။

*ဘုရားရေ...၊ သူတို့ တိုက်ပွဲမှာ ရှုံးသွားတာလား...။*

*ဘယ်လို ပြိုင်ဘက်မျိုးက ဒီလောက် ကြမ်းတမ်းရတာလဲ...။*

တောင်များနှင့် သစ်တောများထဲတွင် ဝက်ဝံကဲ့သို့သော ဧရာမ သားရဲကြီးအတွက် မည်မျှ ပြင်းထန်သော ပြိုင်ဘက်များ ရှိနိုင်မည်နည်းဆိုသည်ကို ရွှီပေါ်အန်း စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေခဲ့လေ၏။

ထို့အပြင် ဝက်ဝံညိုကြီးများသည် အရေပြားထူထဲခြင်းကြောင့် လူသိများရာ ရန်သူက ဤမျှ ကြီးမား သော အသားတစ်ပိုင်းကို စုတ်ဖြဲသွားနိုင်သည်မှာ တကယ်ကို ထိတ်လန့်စရာပင်။

ရွှီပေါ်အန်း၏ သံသယများမှာ ကြာရှည်မခံခဲ့ချေ။ နောက်တစ်ခဏတွင် သူ၏ အမြင်အာရုံ၌ ပေါ်လာ သော ကြမ်းတမ်းလှသည့် သားရဲက သူ၏ သံသယများကို ဖြေရှင်းပေးလိုက်လေ၏။

၎င်းမှာ ဝက်ဝံညိုကြီးနှင့် အရွယ်အစား အရွယ်အစားတူနီးပါးရှိသော ဧရာမ ကျားကြီး တစ်ကောင်ပင် ဖြစ်လေသည်။

အရေးကြီးဆုံးမှာ ကျား၏ အဝါရောင်နှင့် အဖြူရောင် အစင်းကြောင်းများသည် ဆီပြန်သော အရောင် ဖြင့် တောက်ပနေပြီး ကောင်းစွာ အာဟာရ ပြည့်ဝနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေလေ၏။

ဤမျှ ပြင်းထန်သော မိုးခေါင်ရေရှားမှုတွင် ဤကောင်၌ အစားအသောက်နှင့် ရေ အခက်အခဲ ရှိသည်မှာ တကယ်ကို မယုံနိုင်စရာပင်။

သူ၏ ခေါင်းပေါ်ရှိ အလျားလိုက် သုံးကြောင်းနှင့် ဒေါင်လိုက် တစ်ကြောင်းဖြင့် ဖွဲ့စည်းထားသော ပုံမှန် မဟုတ်သည့် “ဝမ်” (ဘုရင်) ဆိုသည့် စာလုံးသည် အေးစက်သော်လည်း ကြီးကျယ်ခမ်းနားသော အလှ တရားကို ထုတ်လွှင့်နေပြီး သူ၏ လွှမ်းမိုးနိုင်မှုနှင့် အားကောင်းသော အရှိန်အဝါကို ပြသနေလေ၏။

ဟနေသော ပါးစပ်ကြီး ပွင့်လာသောအခါ ဓားမြှောင်များကဲ့သို့ ထက်မြက်ပြီး တောက်ပနေသော သွားများကြားတွင် လှည့်ပတ်နေသည့် နီရဲသော လျှာကြီးမှာ တကယ့်ကို ထိတ်လန့်စရာ မြင်ကွင်း တစ်ခုပင် ဖြစ်လေသည်။

*တကယ့်ကို ကြမ်းတမ်းတဲ့ ကျားကြီးပါလား...။*

*ဝက်ဝံညိုကြီး မအနိုင်ယူနိုင်တာကို နားလည်ပေးလို့ ရပါတယ်လေ...။*

*ဒီအကောင်က တခြားတောင်ကနေ လာတာ ဖြစ်ရမယ်...။*

*အကယ်၍ အရင်က ဒီနေရာမှာ ဒီလောက် ကြမ်းတမ်းတဲ့ သားရဲကြီး ရှိနေမယ်ဆိုရင် ငါ သေချာ ပေါက် မြင်ခဲ့ရမှာပေါ့...။*

ရွှီပေါ်အန်းသည် ကျားကြီးကို လေ့လာနေစဉ် ထိုကျားကြီးသည် သွေးနံ့ကို ခံကာ ချောက်ကမ်းပါးထဲတွင် ပုန်းအောင်းနေသော ဝက်ဝံညိုကြီးကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့လေသည်။

ချက်ချင်းပင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ဝက်ဝံညိုကြီးဆီသို့ ပြေးဝင်သွားလေတော့သည်။

ကျားကြီး ဟိန်းဟောက်လိုက်သောအခါ သစ်တောထဲရှိ ငှက်အုပ်များသည် သစ်ပင်များပေါ်မှ ကောင်းကင် သို့ ပျံတက်သွားကြပြီး လန့်ဖျပ်သွားကြသည်မှာ ထင်ရှားလှလေသည်။

အရင်က ရွာသွန်းခဲ့သော မိုးသက်မုန်တိုင်းက တောင်များနှင့် သစ်တောများဆီသို့ အတော်လေး အသက် ဝင်သွားစေခဲ့လေသည်။

ရွှီပေါ်အန်း ခေတ္တမျှ အာရုံလွင့်သွားစဉ် ကျားကြီးသည် လမ်းတစ်ဝက်ကျော်အထိ ခုန်အုပ်လာသည်ကို မြင်လိုက်ရလေ၏။

ဝက်ဝံညိုကြီးသည်လည်း မတ်တတ်ရပ်ကာ ခြေလေးဖက်ဖြင့် မြေကြီးပေါ်သို့ ကျလာပြီး ကျားကြီးနှင့် ထပ်တူထက်မြက်သော သွားများကို ဖော်ပြကာ ကျားကြီးကို ဒေါသတကြီး စူးစိုက်ကြည့်နေလေသည်။

သူ၏ ပါးစပ်မှ ရှူးရှူးရှားရှား အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

*မင်းကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်...။*

ရွှီပေါ်အန်း အတော်လေး အံ့အားသင့်သွားခဲ့လေသည်။ ဤတောင်စောင့်သားရဲငယ်လေးတွင် ဤမျှ ပြင်းထန်သော တိုက်ခိုက်လိုစိတ် ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

သူတို့သည် အခြေအနေ အရပ်ရပ်တွင် ရှုံးနိမ့်နေသော်လည်း သူတို့ထက် ပိုမို အားကောင်းသော ရန်သူကို ရင်ဆိုင်ရန် သတ္တိရှိနေဆဲပင်။

နောက်တစ်ခဏတွင် ကျားကြီးနှင့် ဝက်ဝံညိုကြီးတို့ ဆုံတွေ့ကာ စတင် တိုက်ခိုက်ကြလေတော့သည်။

ကျားကြီးသည် ဝက်ဝံညိုကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆန္ဒမရှိပုံရပြီး သွက်လက်စွာ ခုန်ရှောင်လိုက်ကာ ထိတော့မည့် ဝက်ဝံညိုကြီး၏ လက်ဝါးကို သီသီလေး ရှောင်တိမ်းသွားခဲ့လေ၏။

မြေကြီးပေါ်သို့ ကျသည်နှင့် တစ်ပြိုင်နက် နောက်တစ်ကြိမ် ပြန်ခုန်တက်ကာ ဝက်ဝံညိုကြီးကို ဘေး ဘက်မှ ခုန်အုပ်လိုက်လေသည်။

ဝက်ဝံညိုကြီးသည် ကြီးမားပြီး ခွန်အားကြီးမားသော်လည်း သူ၏ လှုပ်ရှားမှုများမှာ လုံးဝ မနှေးကွေး ချေ။ သူသည် တူကဲ့သို့သော သူ၏ လက်ဝါးကြီးနှစ်ဖက်ဖြင့် ကျားကြီးဆီသို့ ရိုက်ချလိုက်လေ၏။

ရှောင်လွှဲ၍မရသော ထိပ်တိုက် တိုက်မိမှု...၊

ရွှီပေါ်အန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း အလွန်အမင်း စိတ်လှုပ်ရှားလာကာ အသက်ရှူရန်ပင် မေ့ သွားခဲ့လေသည်။

ကြမ်းတမ်းသော သားရဲကြီးနှစ်ကောင် ရင်ဆိုင်တွေ့ကြတော့မည်။

ရွှီပေါ်အန်း အံ့သြသွားရသည်မှာ ဤအင်အားပြိုင်ဆိုင်မှုတွင် ဝက်ဝံညိုကြီးက အနိုင်ရရှိသွားခြင်းပင် ဖြစ်လေ၏။

ကျားကြီးသည် ဝက်ဝံညိုကြီးကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

သို့သော် ကျားကြီးသည် သူ၏ ကိုယ်ဟန်အနေအထားကို အလျင်အမြန် ပြင်ဆင်လိုက်ပြီး ကိုယ်ကို နှိမ့်ကာ မြေကြီးပေါ်တွင် လဲလျောင်းမတတ် ဖြစ်သွားကာ ဝက်ဝံညိုကြီးကို ဖြည်းညင်းစွာ လှည့်ပတ် နေလေသည်။

ဝက်ဝံညိုကြီးသည် သူ၏ အားသာချက်ကို ဆက်လက် အသုံးမပြုတော့ဘဲ ငြိမ်သက်စွာ ရပ်နေကာ ကျားကြီး လှုပ်ရှားသည်နှင့်အမျှ သူ၏ နေရာကို ညှိယူပြီး ကျားကြီး အချိန်မရွေး တိုက်ခိုက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလေသည်။

ထင်ထားသည့်အတိုင်းပင် ဝက်ဝံညိုကြီးသည် ကျားကြီး၏ လှုပ်ရှားမှု ဦးတည်ချက်နှင့် အမြန်နှုန်းကို အသားကျသွားပုံရသည့်အချိန်တွင်...၊

ရုတ်တရက် ကျားကြီးသည် ဆန့်ကျင်ဘက် ဦးတည်ချက်သို့ ရှောင်တိမ်းလိုက်ပြီးနောက် ခြေလက်များ ကို မြေကြီးပေါ်သို့ အားပြုကာ ဝက်ဝံညိုကြီးကို နောက်တစ်ကြိမ် ခုန်အုပ်လိုက်လေသည်။

ကျားကြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် မြေကြီးပေါ်ရှိ မြက်ခင်းများမှာ တစ်ဖက်သို့ လွင့်စင် သွားခဲ့လေသည်။

သူ၏ ခုန်အုပ်မှု အရှိန်အဟုန်မှာ ထိတ်လန့်စရာပင်။

သို့သော် ထိုအချိန်တွင် ဝက်ဝံညိုကြီးက လက်မောင်းများကို မြင့်တင်လိုက်ပြီး သူ၏ လက်ဝါးလေးဖက် ဆုံတွေ့သည့် အခိုက်အတန့်တွင် ကျားကြီး၏ ခြေဖဝါးတစ်ဖက်ကို ရုတ်တရက် ဖမ်းဆွဲလိုက်လေ၏။ သူ၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားသော အခြားခြေဖဝါးတစ်ဖက်၏ စူးရှသော နာကျင်မှုကို လျစ်လျူရှု ကာ လက်မောင်းများကို ဝှေ့ယမ်းပြီး ကျားကြီးကို လွှင့်ပစ်လိုက်လေတော့သည်။

ရွှီပေါ်အန်းသည် မယုံနိုင်စွာဖြင့် စူးစိုက်ကြည့်နေခဲ့လေ၏။

*ဒီလောက်ပဲလား...။

*တစ်ခုခုတော့ မှားနေပြီ...။

*အကယ်၍ ဝက်ဝံညိုကြီးကသာ အချိန်တစ်ခုလုံး ကြီးစိုးနေခဲ့တယ်ဆိုရင် သူ ဘယ်လိုလုပ်ပြီး ဒဏ်ရာ ရသွားပြီးတော့ အကူအညီတောင်းတဲ့ အချက်ပြမှုတွေ ပို့ခဲ့တာလဲ...။*

ဘာတွေ ဖြစ်နေသနည်းဟု ရွှီပေါ်အန်း တွေးတောနေစဉ်မှာပင် ကျားကြီးက နောက်တစ်ကြိမ် ခုန်အုပ် လိုက်လေသည်။

ရွှီပေါ်အန်းက တိုက်ပွဲမှာ အဆုံးအဖြတ် ပေးပြီးပြီဟု ထင်နေစဉ် ရုတ်တရက် အခြားကျားတစ်ကောင်၏ ဟိန်းဟောက်သံက ဘေးဘက်မှ ထွက်ပေါ်လာခဲ့လေသည်။

ယခင်ကျားထက်ပင် ပိုမိုကြီးမားသော အနက်နှင့်အဖြူ အစင်းကျားကြီး တစ်ကောင်သည် သစ်တော ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ဝက်ဝံညိုကြီးဆီသို့ ပြေးဝင်လာခဲ့လေသည်။

ဝက်ဝံညိုကြီးသည် သူ တိုက်ခိုက်နေသော ကျားကြီးကို ရိုက်ထုတ်လိုက်ပြီးနောက် နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ကာ တောင်စောင့်နတ်မင်း နတ်ကွန်းရှိရာ တောအုပ်ထဲသို့ အလျင်အမြန် ပြေးဝင်သွားလေတော့သည်။

အနက်နှင့်အဖြူ အစင်းကျားကြီးက ဘယ်လိုလုပ်ပြီး အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။ သူက ချက်ချင်းပင် လိုက်လံ ဖမ်းဆီးတော့လေ၏။

ရွှီပေါ်အန်း ဤအရာကို မြင်သောအခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေသည်။

ထိုအခါမှသာ ဝက်ဝံညိုကြီး အဘယ်ကြောင့် ရှုံးနိမ့်သွားခဲ့သည်ကို သူ နားလည်သွားခဲ့လေ၏။

ပြိုင်ဘက်က နှစ်ကောင် တစ်ကောင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး အနောက်မှ အဖြူရောင် အစင်း ကျားကြီးက သိသိသာသာပင် ပို၍ အားကောင်းနေလေသည်။ သူ၏ ခေါင်းကြီးကို ကြည့်ရုံမျှဖြင့် ဝက်ဝံညိုကြီး၏ ခေါင်းနှစ်လုံးစာနီးပါး ရှိနေလေ၏။

*သူ ဘယ်လိုလုပ်ပြီး ဒီလိုပုံစံနဲ့ တိုက်နိုင်မှာလဲ...။*

မည်သို့ပင်ဖြစ်စေ သူသည် မိမိ၏ တောင်စောင့်သားရဲငယ်လေး ဖြစ်နေသဖြင့် ရွှီပေါ်အန်းသည် သူ အရှုံးပေါ်နေသည်ကို ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်ပါမည်နည်း။

ရွှီပေါ်အန်းသည် ပတ်ဝန်းကျင်ကို ဖြတ်ခနဲ ဝေ့ကြည့်လိုက်ရာ ဘေးဘက်ရှိ ရေခွက်ကို မြင်လိုက်ရ လေ၏။

ရွှီပေါ်အန်းသည် ရေခွက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး သူ့ကို လိုက်နေသော ကျားနှစ်ကောင် ဆီသို့ ရေဖြင့်ပက်လိုက်လေတော့သည်။

နောက်တစ်ခဏတွင် ဘွန်ဆိုင်းကမ္ဘာထဲ၌ ကျားနှစ်ကောင်သည် သူတို့ ယခင်က မြင်တွေ့ခဲ့ရသော ရုတ်တရက် ရေကြီးမှု မြင်ကွင်းကဲ့သို့ ကောင်းကင်ယံတွင် ဧရာမ ရေလှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရလေ၏။

ထို့နောက် ရေလှိုင်းလုံးကြီးသည် မိုးကြိုးပစ်ချသကဲ့သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြီး ကျားနှစ် ကောင်ကို ချက်ချင်းပင် အနောက်သို့ ခပ်ဝေးဝေး လွင့်စင်သွားစေခဲ့လေသည်။

တောင်များနှင့် သစ်တောများထဲရှိ သစ်ပင်အချို့မှာ ရုတ်တရက် ရေကြီးမှုကြောင့် ကျိုးကျသွားခဲ့လေ ၏။

ကျားနှစ်ကောင် မတ်တတ်ရပ်လိုက်ပြီး ရေများ တတ်နိုင်သမျှ ပြောင်စင်သွားစေရန် သူတို့၏ အမွေးများ ကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ကြလေသည်။

“ဝေါင်း...”

ကျားကြီးသည် မကျေမနပ်ဖြစ်မှုများနှင့် သံသယများ ပြည့်နှက်နေစွာဖြင့် တောင်တန်းများကို ဖြတ်သန်း ကာ ဟိန်းဟောက်လိုက်လေတော့သည်။

မလှမ်းမကမ်းတွင် မီးခိုးရောင် ယုန်တစ်ကောင်သည် ကြောက်လန့်သွားပုံရပြီး အရပ်မျက်နှာ အနှံ့သို့ ပြေးလွှားနေခဲ့လေသည်။ ၎င်းသည် အရှေ့ရှိ အဖြူရောင်အစင်းကျားကြီး၏ အနီး ဆယ်မီတာခန့် အကွာမှ ဖြတ်သွားခဲ့လေ၏။

နောက်တစ်ခဏတွင် အဖြူရောင်အစင်းကျားကြီးသည် လေထဲသို့ ခုန်တက်လိုက်ပြီး တစ်ခဏအတွင်း ဆယ်မီတာကျော် အကွာအဝေးသို့ ရောက်ရှိသွားကာ မီးခိုးရောင် ယုန်ကို လက်တစ်ဖက်တည်းဖြင့် မြေကြီးပေါ်သို့ ရိုက်ချလိုက်လေတော့သည်။

ကျားတစ်ကောင် သူ၏ သားကောင်ကို အမဲလိုက်သည့် မြင်ကွင်းမှာ တကယ့်ကို အံ့မခန်းပင် ဖြစ်လေ ၏။

အကယ်၍ ကျားတစ်ကောင်နှင့် ဝက်ဝံညိုကြီး တိုက်ခိုက်မည်ဆိုပါက ဝက်ဝံညိုကြီးသည် တစ်ကျော့ပင် ခံနိုင်မည် မဟုတ်ချေ။

ရွှီပေါ်အန်း စိတ်လှုပ်ရှားနေစဉ်မှာပင် အဝါနှင့်အနက် အစင်းကျားကြီးသည် အပြေးအလွှား ရောက်လာ ပြီး အဖြူရောင်အစင်းကျားကြီး၏ ခန္ဓာကိုယ်ကို ချစ်စနိုးဖြင့် ပွတ်သပ်နေသည်ကို မြင်လိုက်ရလေ၏။

ရွှီပေါ်အန်း ရုတ်တရက် စကားတစ်ခွန်းကို သတိရသွားခဲ့လေသည်။

ကျားနှစ်ကောင်က တောင်တစ်တောင်တည်းမှာ အတူနေလို့ မရဘူး...၊ အထီးတစ်ကောင်နဲ့ အမတစ်ကောင် မဟုတ်ရင်ပေါ့...။

*ဒီတောင်စောင့်သားရဲငယ်လေးက အဲဒီ ကြမ်းတမ်းတဲ့ ကျားလင်မယားကို သွားစော်ကားမိတာ ဖြစ်မယ်...။*

*ဒီကောင်က တကယ်ကို ကြမ်းတမ်းတာပဲ...။ ဘယ်ပြိုင်ဘက်ကိုမဆို ရန်စရဲတယ်...။*

*သူတို့ကိုယ်သူတို့ တကယ် အနိုင်မခံ အရှုံးမပေးနိုင်ဘူးလို့ ထင်နေကြတာလား...။*

ထွက်ပြေးသွားသော ဝက်ဝံညိုကြီးသည် သူ့ကို ရွှီပေါ်အန်း အထင်သေးနေကြောင်း အနည်းငယ် ခံစားမိသွားပုံရပြီး ချက်ချင်းပင် ဟိန်းဟောက်လိုက်လေ၏။

၎င်းကို ကြားသောအခါ ရွှီပေါ်အန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့တော့လေသည်။

All Chapters