← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇) ပေါင်းစပ်ခြင်း၊ နန်းတော်တံခါးဝရှိ တုန်လှုပ်မှု

ယမမင်းက လက်မလျှော့ဘဲ နေရာလွတ်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ထပ်မံရှာဖွေခဲ့သော်လည်း ရေကြေးမုံကို မတွေ့ရသေးပေ။

သူသည် ပြိုလဲလုမတတ် ဖြစ်နေသော်လည်း ယခုအချိန်တွင် ထိုအကြောင်းကို တွေးတောရန် အချိန်မရှိတော့ပေ။

တရားသူကြီး၏စုတ်တံ မရှိတော့သည့်အတွက် သူသည် တောင်ပိုင်း တစ္ဆေဧကရာဇ်ထံသွား၍ ပြန်လည်မွေးဖွားခြင်းစုတ်တံကို ငှားရမ်းရန်သာ တတ်နိုင်တော့သည်။

တရားသူကြီးက ရှင်ခြင်းနှင့် သေခြင်းကို ဆုံးဖြတ်ပြီး ပြန်လည်မွေးဖွားခြင်းက ယင်နှင့် ယန် နယ်ပယ်များကို လှည့်ပတ်ပေးလေသည်။

အနည်းဆုံးတော့ ၎င်းက တရားသူကြီး၏စုတ်တံနေရာတွင် အစားထိုးနိုင်သေးသည်။

ကျစ်...

သူသည် တရားသူကြီး၏စုတ်တံကို ရှာတွေ့သည်နှင့် တပြိုင်နက် ထိုအရာလေးကို နေ့တိုင်း ပြဿနာမရှာနိုင်စေရန် အလုပ်များစွာ ပေးမည်ဟု ကျိန်ဆိုလိုက်လေသည်။

ယွင်ဟွားသည် တရားသူကြီး၏စုတ်တံနှင့် စာချုပ်ချုပ်ဆိုပြီးနောက်တွင် အရေးကြီးသော လုပ်စရာတစ်ခု ကျန်ရှိနေသေး၏။

၎င်းမှာ သူမ၏ မူလပကတိပုံစံပင် ဖြစ်သည်။

"ရှောင်ရှူးရှူး... ရှောင်ပေပေ့... ပန်းနီလေးကို သေချာစောင့်ကြည့်ထား... ငါ ငါ့ရဲ့ မူလပကတိပုံစံနဲ့ ပေါင်းစပ်တော့မယ်..."

တရားသူကြီး၏စုတ်တံ ရောက်လာသည့်အတွက် သူမ အလွန်ဝမ်းသာနေပြီး အထူးသဖြင့် ၎င်းက သူမ၏ မူလခန္ဓာကိုယ်ကိုပါ ယူဆောင်လာခဲ့သဖြင့် သူမမှာ စိတ်လှုပ်ရှားလွန်း၍ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေလေသည်။

"ပန်းကလေး... စိတ်မပူနဲ့... ငါ ရှိနေမှတော့ ဘယ်သူမှ နင့်ကို လာမနှောင့်ယှက်နိုင်ဘူး..."

ရှင်ခြင်းသေခြင်းစာအုပ်က အာမခံချက်အဖြစ် ၎င်း၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး တရားသူကြီး၏စုတ်တံကမူ ၎င်း၏ အရာဝတ္ထုများကို တိတ်တဆိတ် ထပ်မံမွှေနှောက် ရှာဖွေနေပြန်သည်။

ယွင်ဟွားသည် ကုတင်ပေါ်တွင် မျက်လုံးမှိတ်လျက် တင်ပျဉ်ခွေ ထိုင်နေ၏။ သူမ၏ မူလပုံစံဖြစ်သော မန်ဂျူဆာကာသည် သူမအရှေ့တွင် လွင့်မျောနေသည်။ သူမ၏ လက်ချောင်းထိပ်များတွင် အလင်းတန်းများ လင်းလက်သွားပြီး ယွင်ဟွား၏ နဖူးပေါ်ရှိ အမှတ်အသား ပေါ်လာလေသည်။

တစ်ခဏချင်းမှာပင်…

အနီရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး မန်ဂျူဆာကာပန်းက ယွင်ဟွား၏ နဖူးထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

နောက်တစ်စက္ကန့်၌ သူမ၏ ခန္ဓာကိုယ်ရှိ သွေးကြောတိုင်း ပြန်လည်ဖွဲ့စည်းခံရသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး အရေပြားပေါ်မှ အနက်ရောင် အညစ်အကြေးများစွာ တဖြည်းဖြည်း လျှံကျလာလေသည်။

ချက်ချင်းပင် အနံ့ဆိုးကြီးတစ်ခုက သူတို့၏ နှာခေါင်းများဆီသို့ ရိုက်ခတ်လာ၏။

"ပန်းကလေးက အရမ်းနံတာပဲ... အရမ်းနံတာပဲ..."

ရှင်ခြင်းသေခြင်းစာအုပ်က ၎င်း၏ နှာခေါင်းကို အုပ်ကာ နောက်သို့ ဆုတ်သွားလေသည်။ ပန်းကလေးသည် သူမ၏ မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်နေပြီး သွေးကြောများကို သန့်စင်ကာ ပြုပြင်နေခြင်းသာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ၎င်းသည် သေချာပေါက် စာအုပ်ထဲသို့ ပြန်ဝင်သွားမည် ဖြစ်သည်။

"ရှောင်ရှူးရှူး... နင် ဟွားဟွားကို မရွံသင့်ဘူးလေ..."

တရားသူကြီး၏စုတ်တံက လေးနက်သော လေသံဖြင့် ပြောလိုက်ပြီး ၎င်းသည် လုံးဝ မထိခိုက်သည့်အလား အနည်းငယ်မျှပင် ရွံရှာသည့်အရိပ်အယောင် မပြပေ။

ရှင်ခြင်းသေခြင်းစာအုပ်က မျက်လုံးကို ကျဉ်းလိုက်ပြီးနောက် တရားသူကြီး၏စုတ်တံပေါ်တွင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းတစ်ခု ရှိနေသည်ကို သတိပြုမိသွားရာ ၎င်းက ထိုအနံ့ဆိုးများကို တားဆီးပေးထားပုံရသည်။

"ဟား..."

ရှင်ခြင်းသေခြင်းစာအုပ်က ၎င်းအား စိုက်ကြည့်လိုက်၏။

"ကောင်စုတ်လေး... နင့်မှာ ပစ္စည်းကောင်းတွေ ရှိနေလျက်နဲ့ နင့်ရဲ့ အစ်မရှူးကိုတောင် မဝေမျှဘူးပေါ့... ပေးစမ်း... နင့်ရဲ့ နေရာလွတ်ထဲက ရတနာတွေ အကုန်လုံးကို အခုချက်ချင်း ထုတ်ပေးစမ်း..."

ရှင်ခြင်းသေခြင်းစာအုပ်က ရှေ့သို့ ခုန်အုပ်လိုက်လေသည်။

"မရဘူး... မရဘူး... ဒီဟာတွေ အကုန်လုံး ငါ ဟွားဟွားအတွက် ယူလာခဲ့တာ... ဟွားဟွား ပစ္စည်းတွေပဲ..."

တရားသူကြီး၏စုတ်တံက ဗိုက်ကို ဖက်ထားပြီး စာအုပ်နှင့် စုတ်တံတို့ လုံးထွေးသတ်ပုတ်နေကြလေသည်။

စာအုပ်လေးက တိုက်ခိုက်ပြီး စုတ်တံလေးက ကာကွယ်နေစဉ် အခြားတစ်ဖက်ရှိ မြေကြီးပေါ်မှ ပန်းနီလေးမှာမူ အနံ့ဆိုးကြောင့် မူးမေ့လဲကျသွားပြီ ဖြစ်သည်။

၎င်းသည် ခြေလက်များ အပေါ်မြှောက်လျက် ပက်လက်လန်ကာ ပါးစပ်မှ အမြှုပ်များထွက်ပြီး အဆက်မပြတ် တုန်ယင်နေလေသည်။

ထိုအချိန်တွင် ယွင်ဟွားက အလွန်ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားလိုက်ရသော်လည်း သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် သူမရှေ့ရှိ မြင်ကွင်းကြောင့် လန့်ဖြတ်သွားလေသည်။

"ရှောင်ရှူးရှူး... ရှောင်ပေပေ့... နင်တို့..."

ယွင်ဟွား စကားမဆုံးမီ သူမ၏ ကိုယ်မှ ထွက်ပေါ်လာသော အနံ့ဆိုးကြောင့် သူမကိုယ်တိုင်ပင် ပျို့အန်ချင်လာလေသည်။

မြေကြီးပေါ်ရှိ ကောင်လေးသုံးကောင်ကို လျစ်လျူရှုကာ သူမသည် တံခါးကိုဖွင့်ပြီး အပြင်သို့ ပြေးထွက်ကာ အော်ဟစ်လိုက်၏။

"ထောင်ကျီ... ထောင်ကျီ... သခင်မလေး ရေချိုးချင်တယ်..."

"ဝေါ့..."

သူမက အလွန်အမင်း နံဟောင်နေလေသည်။

ယွင်ဟွား တစ်ဖန် ရေချိုးသန့်စင်ပြီးနောက် သူမသည် စွမ်းအင်များ ပြည့်ဝနေသည်ဟု ခံစားရပြီး ဤလူ့ခန္ဓာကိုယ်၏ ချည်နှောင်မှုအောက်တွင် မရှိတော့ပေ။

သို့သော်…

သူမသည် သူမ၏ ကျင့်ကြံခြင်းကို အစမှ ပြန်လည်စတင်ရမည်ဖြစ်ပြီး အဒေါသထွက်စရာ အကောင်းဆုံးမှာ ဤနေရာသည် လူ့ပြည်ဖြစ်ကာ သူမ ကျင့်ကြံရန်အတွက် ယင်စွမ်းအင်များ မရှိခြင်းပင် ဖြစ်သည်။

သူမက အလွန်တရာ ဒေါသထွက်နေလေသည်။

ယွင်ဟွားသည် ခြံဝင်းအလယ်သို့ ပြေးသွားပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်၏။

“သန့်စင်ဖို့ယင်စွမ်းအင် မရှိတော့တဲ့အတွက် ငါ ဝန်လေးစွာနဲ့ပဲ လရောင်အနှစ်သာရ တချို့ကိုပဲ အရင် စုဆောင်းရတော့မှာပဲ…”

ကိုယ်ရံတော်များ…..

ထောင်ကျီက နှုတ်ခမ်းကို စေ့လိုက်ပြီး ခြံဝင်းထဲတွင် တရားထိုင်နေသော သူမ၏ သခင်မကို ကြည့်လိုက်ပြီးနောက်...

ထိုအချိန်တွင် သူတို့ထဲမှ မည်သူမျှ မသိကြပေ။

ယွင်ဟွား၏ ဘေးတွင် ယခုအခါ အခြားသူတစ်ဦးရှိနေပြီး ၎င်းမှာ သူတို့၏ အသက်ကို အချိန်မရွေး ထိန်းချုပ်နိုင်သော စုတ်တံတစ်ချောင်း ဖြစ်နေလေသည်။

နောက်တစ်နေ့ ချိုးအချိန်၌...

ယွင်ရှောင်ထျန်းသည် ထိုမိန်းကလေးကို ခေါ်ရန် ရောက်လာသောအခါ သူ၏ သမီးငယ်လေးက ခြံဝင်းထဲတွင် ခေါင်းတစ်ဖက်စောင်းကာ ထိုင်နေသည်ကို မြင်လိုက်ရပြီး အိပ်ပျော်နေလေသည်။

ယွင်ရှောင်ထျန်း၏ နဖူးကြောများ တုန်လှုပ်သွား၏။

“အပြင်ဘက်မှာ အရမ်းအေးနေတာကို နင့်ရဲ့ ကောင်းမွန်တဲ့ ကုတင်ပေါ်မှာ ဘာလို့ မအိပ်တာလဲ... အအေးပတ်ပြီး သေမှာကို မကြောက်ဘူးလား…”

"ထတော့... ညီလာခံတက်ရမယ့် အချိန်ရောက်ပြီ..."

ယွင်ဟွားက အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ဖွင့်လိုက်၏။

"အဖေ..."

သူမက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး အလွန်အမင်း အိပ်ချင်နေလျက်

"မနက် သုံးနာရီတောင် မထိုးသေးဘူးလေ... ညီလာခံသွားပြီး ဘာထူးမှာလဲ..."

ယွင်ရှောင်ထျန်းက ရယ်မောလိုက်ပြီး ကြင်နာစွာဖြင့် သတိပေးလိုက်လေသည်။

“နင် မေ့နေတာလား... အရှင်မင်းကြီး ပြောင်းလိုက်တဲ့ အချိန်က ချိုးအချိန်လေ..."

“ဟုတ်သားပဲ…”

ယွင်ဟွားသည် မနေ့က ဧကရာဇ်အား အချိန်ပြန်ပြောင်းပေးရန် တောင်းဆိုရန် မေ့သွားခဲ့သဖြင့် လက်မြှောက်အရှုံးပေးကာ ထရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

“ငါ စွမ်းအင်တွေ အများကြီး စုပ်ယူခဲ့ပေမယ့် အချည်းနှီး ဖြစ်သွားတာပဲ... အခြေခံအဆင့်ကိုတောင် မရောက်သေးဘူး…”

သားအဖနှစ်ဦးသည် ယိမ်းထိုးနေသော ရထားလုံးကို စီးကာ နန်းတော်တံခါးဝဆီသို့ ဦးတည်သွားကြလေသည်။

ယွင်ဟွားသည် ရထားလုံးပေါ်မှ ဆင်းဆင်းချင်းပင် ကြက်သေသေသွားလေသည်။

ဤနေရာတွင် မည်သူမျှ မရှိပေ။

ယွင်ရှောင်ထျန်းသည်လည်း ထိုနည်းတူစွာ အံ့အားသင့်နေ၏။ သူသည် နန်းတော်အစောင့်တစ်ဦးကို ဖမ်းဆွဲကာ မေးလိုက်သည်။

"တခြားအမတ်တွေ ဘယ်ရောက်သွားကြတာလဲ... ဘာလို့ ဘယ်သူမှ မရှိရတာလဲ..."

အစောင့်က ယွင်ရှောင်ထျန်းနှင့် သူ၏ သမီးကို အံ့ဩစွာ ကြည့်လိုက်ပြီး အရိုအသေပေးကာ ပြောလိုက်၏။

"မနေ့က အမတ်တွေ ညီလာခံကနေ ထွက်သွားပြီးတဲ့နောက် အထိန်းတော်ချောင်က ညီလာခံအချိန်ကို ယင်အချိန်အဖြစ် ပြန်ပြောင်းကြောင်း ဧကရာဇ်အမိန့်တော် ပို့ခဲ့ပါတယ်... အမတ်ယွင်... သင်... သင် မသိဘူးလား..."

သူ ဘာမှမသိခဲ့ပေ။

တစ်ခဏချင်းမှာပင်…

သားအဖနှစ်ဦးမှာ ကောင်းကင်ကြီးပြိုကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားရကာ သူတို့သည် ရထားလုံးပေါ်သို့ ပြန်တက်ပြီး အိပ်ရေးပြန်ဝအောင် အိပ်စက်ကြတော့သည်။

သားအဖနှစ်ဦးသည် အပြင်ဘက်မှ ဆူညံသံများကြောင့်သာ နိုးလာကြလေသည်။

"အဘိုးကြီးယွင်... မင်း ဒီနေ့ အတော်စောစော ရောက်နေပါလား..."

ချန်ကျဲဟန်သည် သားအဖနှစ်ဦး ချိုးအချိန်ကတည်းက ထိုနေရာတွင် စောင့်နေခဲ့ကြောင်း အစောင့်များထံမှ သိလိုက်ရသောအခါ ရယ်ချင်စိတ်ကို မအောင့်ထားနိုင်တော့ပေ။

ယွင်ရှောင်ထျန်းက သူ့အား စိုက်ကြည့်လိုက်၏။

"မင်း ငါ့ကို ယုံလား... မယုံဘူးလား..."

သူ၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ချန်ကျဲဟန်သည် သူ့အား ထိုးကြိတ်ပစ်ချင်စိတ်များ ရှင်းပြမရအောင် ဖြစ်ပေါ်လာလေသည်။

သို့သော် ထိုမိန်းကလေးက သူမ၏ ဖခင်ကို အလွန် အကာအကွယ်ပေးတတ်ပြီး သူက သူမကို မယှဉ်နိုင်ပေ။

*ဟွန့်…ယွင်ရှောင်ထျန်းရဲ့ သားအငယ်ဆုံးက သူ့သမီးကို လက်ထပ်ချင်နေတာလား... အိပ်မက်သာ မက်နေလိုက်…*

*အိမ်ပါသားမက်အဖြစ် မနေသရွေ့တော့ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး…*

ယွင်ဟွားသည် ခေါင်းပေါ်တွင် ရှင်ခြင်းသေခြင်းစာအုပ်ကို တင်ထားပြီး ပခုံးပေါ်တွင် တရားသူကြီး၏စုတ်တံကို တင်ထားလေသည်။

တရားသူကြီး၏စုတ်တံက နန်းတော်ကို ပထမဆုံးအကြိမ် မြင်ဖူးသောအခါ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။

"ဟွားဟွား... ရှောင်ရှူးရှူး... ဒီနန်းတော်က အရမ်းခမ်းနားကြီးကျယ်တာပဲ... ငရဲမင်းခန်းမထက်တောင် ပိုလှနေသေးတယ်..."

လူတိုင်းက အံ့အားသင့်သွားကြသည်။ ဤရုတ်တရက် ပေါ်လာသော ကောင်လေး၏ အသံက ဘယ်က ရောက်လာတာလဲ။

နင့်မှာ ဘယ်လို အကြိုက်မျိုး ရှိနေတာလဲ။

ရှင်ခြင်းသေခြင်းစာအုပ်က နှုတ်ခမ်းကို တွန့်လိုက်လေသည်။

"စုတ်တံလေး... ဒီလူ့ပြည်က နန်းတော်က ငရဲပြည်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ... အဆင့်အတန်းချင်းတောင် မတူတာကို..."

*စုတ်တံလေးတဲ့လား…*

လူတိုင်း ၎င်းကို ကြားသောအခါ အသက်ရှူမှားသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ရှူးရှူး ဆိုသည်မှာ ရှင်ခြင်းသေခြင်းစာအုပ်ဖြစ်ကြောင်း သူတို့ သိထားကြသောကြောင့် ဖြစ်သည်။

ဤစုတ်တံလေးဆိုတာက…

ဒဏ္ဍာရီလာ တရားသူကြီး၏စုတ်တံများ ဖြစ်နေမလား...။

ရှင်ခြင်းနှင့် သေခြင်းကို ထိန်းချုပ်ထားသော တရားသူကြီး၏စုတ်တံသည် လူတို့၏ သက်တမ်းကို အချိန်မရွေး တိုတောင်းသွားစေနိုင်သဖြင့် သူတို့ မကြာခဏ ညည်းတွားလေ့ရှိသော စုတ်တံလေးပင် ဖြစ်သည်။

ဘုရားရေ…

လူတိုင်း တုန်ရီသွားကြလေသည်။

ဤသည်က ဆိုးရွားလွန်းသည်။ တကယ့်ကို ဆိုးရွားလွန်းလှသည်။

ယွင်ရှောင်ထျန်းသည်လည်း ရှောင်ပေပေ့၏ ရုတ်တရက် ပေါ်လာမှုကြောင့် အငိုက်မိသွားလေသည်။

တစ်ညတည်းအတွင်းမှာပင် သူ၏ သမီးငယ်လေးသည် ရှောင်ပေပေ့ကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်။

*အို... ယမမင်း...ရှင်ခြင်းသေခြင်းစာအုပ်နဒ့ တရားသူကြီး၏စုတ်တံ မရှိဘဲနဲ့ မင်းရဲ့ ငရဲပြည်က အလုပ်လုပ်နိုင်ပါသေးရဲ့လား…*

နောက်တစ်ကြိမ်ကျရင် သူ၏ သမီးငယ်လေးက ဖြူမည်း သေမင်းတမန်များ သို့မဟုတ် မုန့်ပိုကိုပါ ဆွဲဆောင်လာဦးမည်လား။

ယွင်ရှောင်ထျန်းမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေလေသည်။

သူ၏ အိမ်တော်ထဲတွင် မပြီးပြတ်သေးသော ငရဲပြည်ခန်းမလည်း ရှိနေသေး၏။ နောင်တွင် သူ၏ ယွင်အိမ်တော်ကို လူ့လောက ငရဲပြည်ဟု အမည်ပြောင်းရမည်ဟု သူ ခန့်မှန်းမိလေသည်။

ထို့ကြောင့် ထိုသို့ တွက်ကြည့်မည်ဆိုပါက သူ၏ သမီးအငယ်ဆုံးက သူ့ကို ယွင်မိသားစုမှ အမှန်တကယ်ပင် မောင်းထုတ်လိုက်ခြင်း ဖြစ်လေသည်။

ဤအချိန်တွင် ရှိနေသူတိုင်း မကြောက်ဘဲ မနေနိုင်ကြပေ။

တစ်ယောက်မှလွဲ၍…

မင်းသားစုသည် အံ့အားသင့်နေသော ယွင်ရှောင်ထျန်းကို ဘေးသို့ ဝုန်းခနဲ တွန်းဖယ်လိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ ဖော်ရွေစွာ ပြုံးပြလိုက်လေသည်။

"အမတ်ငယ်ယွင်... ဒီမင်းသားရဲ့ ဇနီးက ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မင်းကို လွမ်းနေခဲ့တာ... အားတဲ့အချိန် အိမ်တော်ဆီ အလည်လာချင်လား..."

လူတိုင်း….

အခန်း (၁၀၈) ဩဇာကြီးသူထံ မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ ယွင်ဟွားအား မေးခွန်းထုတ်ခြင်း

ထိုလူများ အတော်လေး မိုက်မဲကြသည်ဟု မင်းသားစုက တွေးလိုက်လေသည်။ မိန်းကလေး၏ စိတ်ထဲမှ တွေးတောသံများကို သူတို့ ကြားနိုင်ခြင်းက အနည်းဆုံးတော့ သူတို့သည် လူဆိုးများမဟုတ်ကြောင်း ပြသနေသည်ပဲ မဟုတ်ပါလား။

ယခု သူမအား မချဉ်းကပ်ထားလျှင် ဘယ်အချိန်ကျမှ သွားရောက် ချဉ်းကပ်မည်နည်း။

သူနှင့် သူ၏ဇနီးဖြစ်သူတို့ အသက်တစ်ရာတိုင်တိုင် ရှည်ကြာစွာ နေထိုင်သွားရပြီး ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် သူတို့၏ ကံကြမ္မာတွင် မှတ်ချက်တစ်ကြောင်းလောက် ထပ်ထည့်ပေးမည်ဆိုလျှင် အလွန်ကောင်းမွန်မည် မဟုတ်ပါလားဟုလည်း သူက မျှော်လင့်နေသေး၏။

ငရဲပြည်သို့ ရောက်သွားလျှင်တောင်မှ ဤမိန်းကလေးက သူ့ကို ကျောထောက်နောက်ခံ ပေးထားမည်ဆိုပါက သူသည် ဘေးတိုက်ပင် လမ်းလျှောက်နိုင်မည် မဟုတ်ပါလား။ အဆိုးဆုံးအခြေအနေတွင် သူနှင့် သူ၏ဇနီးသည် ဘဝဆယ်ဆက်တိုင်တိုင် ချစ်ခင်ကြင်နာရသော အချစ်ဇာတ်လမ်းမျိုး ရရှိနိုင်လေသည်။

*မိုက်မဲလိုက်ကြတာ... အရူးတစ်သိုက်ပဲ…*

မင်းသားစုသည် သူ၏ ငွေအိတ်ထဲသို့ လက်နှိုက်လိုက်ပြီး ပြတ်သားသော စိတ်ထားဖြင့် သူ ခက်ခက်ခဲခဲ စုဆောင်းထားရသော ငွေတစ်တေးလ်နှင့် ကြေးပြားအနည်းငယ်ကို ကမ်းပေးလိုက်လေသည်။

"မိန်းကလေး... ရော့... ဒါက ဦးလေးဆီက မုန့်ဖိုးပဲ..."

ဤမျှလောက်က ငွေအနည်းငယ်မျှသာ ဖြစ်သည်။ ယနေ့ည သူ၏ သားဖြစ်သူ၏ စာကြည့်ဆောင်သို့ သွား၍ ငွေနှင့်လဲလှယ်ရန် ပစ္စည်းကောင်းအချို့ကို ယူရပေမည်။

ယွင်ရှောင်ထျန်းက သွားဖြီးလိုက်၏။

"အဲ့လူယုတ်မာက ငါ့သမီးလေးကို မျက်စိကျနေပြန်ပြီ..."

"ပန်းကလေး...ဒါတွေ အကုန်လုံးပေါင်းရင်တောင် ငွေနှစ်တေးလ် မပြည့်ဘူး..."

ရှင်ခြင်းသေခြင်းစာအုပ်က ရယ်မောလွန်း၍ လူးလှိမ့်နေလေသည်။ ကြင်ယာတော်စုက သူ၏ မုန့်ဖိုးအများစုကို သိမ်းယူထားပုံရ၏။

တရားသူကြီး၏စုတ်တံက ၎င်းအား လှမ်းကြည့်လိုက်ပြီး ပါးစပ်သေးသေးလေးကို လှုပ်ရှားလိုက်လေသည်။

"ဟွားဟွား... သူက နည်းနည်း ဆင်းရဲတယ်... သူနဲ့ သွားမကစားနဲ့..."

ယွင်ဟွား၏ လက်သေးသေးလေးက ငွေကို ယူလိုက်စဉ် တုန်ရီသွားလေသည်။

သူမသည် မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးကတည်းက ကိုယ်ပိုင နေရာလွတ် ပေါ်လာခဲ့ပြီး ရှောင်ရှူးရှူးထံမှ ရွှေလေးများ အားလုံးကိုလည်း ပြန်လည်ရယူခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က သူမ အနည်းငယ် လွန်ကျူးသွားခဲ့ပုံရသည်။

သူမ၏ အင်္ကျီလက်စွပ်ထဲမှ လက်သေးသေးလေးကို တစ်ချက် လှုပ်ခါလိုက်ပြီးနောက် ရွှေဖရုံစေ့ သုံးစေ့ကို ဆွဲထုတ်လိုက်လေသည်။

"အရှင်မင်းသား... နည်းလွန်းတယ်လို့ မထင်လိုက်ပါနဲ့... အနည်းဆုံးတော့ ဒါတွေက ရွှေတွေပါပဲ..."

တရားသူကြီး၏စုတ်တံက နားမလည်သော်လည်း ချီးကျူးစကားတိုင်းကို မှတ်တမ်းတင်ထားလိုက်လေသည်။

"ဟွားဟွားက ကြင်နာတတ်ပြီး လှပတယ်..."

ဟွားဟွားသည် ယမမင်း ပြောသကဲ့သို့ ကြီးမားသော ကပ်ဘေးဒုက္ခကြီး မဟုတ်သကဲ့သို့ ရှူးရှူးသည်လည်း သေးငယ်သော ကပ်ဘေးဒုက္ခ မဟုတ်ကြောင်း ၎င်းက ဆိုလေသည်။

မင်းသားစုမှာ အလွန်တရာ စိတ်လှုပ်ရှားသွားလေသည်။

ယနေ့ည သူ၏ သားဖြစ်သူ၏ ကိုယ်ပိုင်သိုလှောင်ခန်းထဲသို့ ဝင်ရောက်မွှေနှောက်ရန်လည်း သူ ဆုံးဖြတ်ချက်ချလိုက်၏။

ယွင်ရှောင်ထျန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး မင်းသားစုနှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေလျက် အင်္ကျီလက်စွပ်များကို ခေါက်တင်လိုက်လေသည်။

သူပင်လျှင် သူ၏ သမီးငယ်လေးထံမှ ရွှေကို မရရှိခဲ့ပေ။ ထိုလူယုတ်မာအိုကြီးက ဘာအခွင့်အရေး ရှိနေ၍နည်း။

ချန်ကျဲဟန်က ယွင်ရှောင်ထျန်း၏ လက်မောင်းကို အလျင်အမြန် ဖမ်းဆွဲကာ နှစ်သိမ့်လိုက်၏။

“ခမည်းခမက်တွေ...ငါတို့ အားလုံးက ခမည်းခမက်တွေပါ... ငါတို့ အားလုံးက ဆွေမျိုးတွေပါ..."

ယွင်ရှောင်ထျန်းက မျက်လုံးလှန်ပြလိုက်သည်။

"အဓိပ္ပာယ်မရှိတာ...ငါတို့အချင်းချင်းက လုံးဝကို သက်ဆိုင်မှု မရှိတာ..."

ချန်ကျဲဟန်က မိုက်မဲသူမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက အလွန်ပါးနပ်သူ ဖြစ်သည်။ သူသည် ယွင်ရှောင်ထျန်း၏ နားအနီးသို့ ချက်ချင်း ကပ်သွားပြီး မိမိကိုယ်ကို နှိမ့်ချကာ ပြောလိုက်လေသည်။

"ကျွန်တော့်ရဲ့ သမီးအငယ်ဆုံးလေးက အခုဆို အရမ်းကို ဖောင်းဖောင်းအိအိနဲ့ ချစ်စရာကောင်းနေပြီ... ကလေးနှစ်ယောက်ကို တစ်ချိန်ချိန် ပေးတွေ့ပြီး အချင်းချင်း ပိုသိကျွမ်းလာအောင် လုပ်ပေးရင် ဘယ်လိုလဲ..."

"စိတ်မပူပါနဲ့ အဘိုးကြီးယွင်ရယ်... မနက်ဖြန်ကစပြီး သူမရဲ့ တင်တောင်းရွှေငွေတွေအတွက် ကျွန်တော် စတင်စုဆောင်းပါ့မယ်... ခင်ဗျားတို့ မိသားစုက ငွေတစ်ပြားမှ မထည့်လည်း ကိစ္စမရှိပါဘူး... အမတ်ယွင်က ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့ သက်တမ်းမှာ စာကြောင်းအနည်းငယ် ထပ်ဖြည့်ပေးနိုင်ဖို့ အရိပ်အမြွက်လောက်လေး ပြောပြပေးရုံပါပဲ..."

ယွင်ရှောင်ထျန်း…

"မင်းက ငါ့ရဲ့ သားအငယ်ဆုံးကို အထင်သေးနေခဲ့တာ မဟုတ်ဘူးလား..."

ချန်ကျဲဟန်က အားရပါးရ ရယ်မောလိုက်ပြီး ညီအစ်ကိုနှစ်ဦးသည် လက်ချိတ်လိုက်ကြလေသည်။

"ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ... သူက ယွင်ရှောင်ထျန်းရဲ့ သားပဲလေ... ဒါကြောင့် သေချာပေါက် လူကောင်းတစ်ယောက် ဖြစ်မှာပါ..."

အခြေအနေများ ပြောင်းလဲတော့မည်ဟု ယွင်ရှောင်ထျန်း ခံစားလိုက်ရ၏။

သူသည် တံတွေးကို ခက်ခဲစွာ မြိုချလိုက်ပြီး ချန်ကျဲဟန်ကို ခါချကာ သူ၏ သမီးငယ်လေးကို နန်းတော်ဆီသို့ ဆွဲခေါ်သွားလေသည်။

ဤလူတွေက သူတို့ရဲ့ လေသံကို ဤမျှ လျင်မြန်စွာ ပြောင်းလဲနိုင်ကြတာပဲ။

"အမတ်ယွင်..."

အထိန်းတော်ကူက အပြုံးတစ်ခုဖြင့် ရှေ့သို့ ထွက်လာပြီး အရိုအသေပေးလိုက်လေသည်။

"ဒီနေ့က သခင်မလေးယွင် စာသင်ဆောင်ကို သွားရမည့်နေ့ ဖြစ်ပါတယ်.. မယ်တော်ကြီးရဲ့ အမိန့်တော်အရ သခင်မလေးအား ဝမ်ရှူစာသင်ဆောင်သို့ လိုက်ပါပို့ဆောင်ပေးရန် ကျွန်တော်မျိုးမ ရောက်ရှိလာခြင်း ဖြစ်ပါတယ်..."

မယ်တော်ကြီးသည် သခင်မလေးယွင် ညီလာခံထဲသို့ ခိုးဝင်သွားမည်ကို စိုးရိမ်သဖြင့် သူမအား ဤနေရာတွင် နေကာ နန်းတော်ကို စောင့်ကြပ်စေခဲ့ခြင်း ဖြစ်သည်။

ယွင်ဟွား၏ မျက်နှာလေးမှာ ညှိုးကျသွားလေသည်။

စာသင်ဆောင်သို့ သွားရမည့် ခရီးစဉ်မှ လွတ်မြောက်ရန် လမ်းမရှိတော့ပေ။

ရုန်းကန်ပြီးနောက်တွင် ကြက်ဖကြီး ပန်းနီလေးသည် နောက်ဆုံး၌ ယွင်ဟွား၏ နောက်မှ တတောက်တောက် လိုက်ပါသွားလေတော့သည်။

မယ်တော်ကြီး၏ အနီးတွင်ရှိသော အထိန်းတော်ကူမှ ယွင်ဟွားအား ခေါ်ဆောင်သွားသည်ကို မြင်သောအခါ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံး သက်ပြင်းချနိုင်သွားကြလေသည်။

ဖြည်းဖြည်းချင်းပဲ သင်ကြပါစေ။

ယခုအချိန်တွင် သူတို့သည် ဤကိစ္စကို လက်ခံရန် အနည်းငယ် အလုပ်များလွန်းနေသေးသည်။

လူအုပ်ထဲတွင် ရပ်နေသော ကျန်းဝမ်ချန်က သူ၏ ရင်ဘတ်ကို ပုတ်လိုက်လေသည်။ နောက်ထပ် ပြဿနာတစ်ခုမှ သူ ရှောင်လွှဲနိုင်ခဲ့သည့် နေ့တစ်နေ့ပင် ဖြစ်သည်။

ဝမ်ရှူစာသင်ဆောင်။

ယွင်ဟွားသည် သူမ၏ နေရာတွင် အင်အားမဲ့စွာ ထိုင်နေပြီး ပန်းနီလေးက သူမ၏ ဘေးတွင် တိတ်ဆိတ်စွာ ဆောင့်ကြောင့်ထိုင်နေလေသည်။

တော်ဝင်ဆရာကြီးနင်းသည်လည်း အံကို ကြိတ်ကာ စာသင်ကြားပေးရန် ပြင်ဆင်နေ၏။

သို့သော်...

နောက်တစ်ခဏတွင် အထိန်းတော်ကူနှင့် နန်းတွင်းအစေခံမလေး တစ်စုသည် ယွင်ဟွား၏ ဘေးတွင် စားပွဲငယ်တစ်ခုကို ခင်းကျင်းလိုက်ကြပြီး အရသာရှိသော သရေစာများနှင့် လက်ဖက်ရည်များကို တစ်ခုပြီးတစ်ခု တင်ထားပေးလိုက်ကြလေသည်။

အထိန်းတော်ကူက လည်ချောင်းတစ်ချက် ရှင်းလိုက်၏။

"စာသင်ကြားခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းတဲ့ အလုပ်ဖြစ်တဲ့အတွက် သခင်မလေးယွင်ကို ပင်ပန်းခံခွင့် မပြုနိုင်ဘူးလို့ မယ်တော်ကြီးက မိန့်တော်မူလိုက်ပါတယ်..."

အမှန်တကယ်တွင် မယ်တော်ကြီး ဆိုလိုသည်မှာ သူမ၏ သူငယ်ချင်းမလေးများကို နေ့စဉ် မြင်တွေ့နိုင်စေရန် စာသင်ဆောင်သို့ သွားရသည်ကို နှစ်သက်လာစေရန်အတွက် အရသာရှိသော အစားအစာများဖြင့် အမြန်ဆုံး သွေးဆောင်ဖြားယောင်းလိုက်ရန် ပင်ဖြစ်သည်။

ယွင်ဟွား၏ မျက်လုံးများက လင်းလက်သွားပြီး သွားရည်ကျလာလေသည်။

“မယ်တော်ကြီး... ရှင့်ကို အသက်တစ်ရာတိုင်တိုင် နေရစေဖို့ ကျွန်မ သေချာပေါက် လုပ်ပေးပါ့မယ်…”

အခြေအနေများသည် သူ့အတွက် အလွန် ခက်ခဲလာပြီဟု တော်ဝင်ဆရာကြီးနင်းက ခံစားလိုက်ရလေသည်။

သူမသည် ယခင်ဧကရာဇ်၏ မျက်နှာသာပေးမှုကို ခံခဲ့ရသကဲ့သို့ နန်းဆောင်အတွင်းရှိ မယ်တော်ကြီး၏ အရေးပေးမှုကိုလည်း ခံရလေသည်။

အခြားသော တော်ဝင်မိသားစုဝင်များမှာမူ အလွန်တရာ မနာလိုဖြစ်နေကြ၏။ အဘယ်ကြောင့် သူတို့သည် ထိုကဲ့သို့သော ဆက်ဆံမှုမျိုး မရရှိခဲ့ကြသနည်း။

စတုတ္ထမင်းသား နန်ကုန်းရွှမ်က တံတွေးကို ခက်ခဲစွာ မြိုချလိုက်လေသည်။ သူသည် ယွင်ဟွားနှင့် အသက်အရွယ်ခန့် တူညီသော်လည်း သူ၏ တစ်ခုတည်းသော ဝါသနာမှာ စားသောက်ခြင်းပင် ဖြစ်သည်။

မိန်းကလေးများဆိုသည်မှာ ဝေဖန်ခံရမည့်အစား ချီးကျူးခံရမည် ဖြစ်ကြောင်းနှင့် ချိုသာသော အပြောအဆိုသည် လူများ၏ မုန်းတီးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သူ၏ မိခင်က တစ်ခါက ပြောခဲ့ဖူးလေသည်။

ထို့အပြင် သူမသည် မယ်တော်ကြီး သဘောကျသောသူ တစ်ဦးလည်း ဖြစ်သည်။

စတုတ္ထမင်းသားသည် ယွင်ဟွား၏ အဝတ်အစားများကို ဆွဲလိုက်လေသည်။

"လှပတဲ့ နတ်သမီးလေး... အချို့ကို ဝေမျှပေးလို့ ရမလား..."

သူက စားပွဲငယ်လေးပေါ်ရှိ သွားရည်ကျစရာ ကောင်းသော အစားအစာများကို လက်ညှိုးထိုးပြလိုက်၏။

ယွင်ဟွားက မျက်ခုံးပင့်လိုက်လေသည်။ ဤဝတုတ်ကောင်လေးသည် လူများကို ချော့မော့ရာတွင် အတော်လေး ကျွမ်းကျင်သည်ပဲ။

သူမသည် စကားတစ်ခွန်းမျှမဆိုဘဲ သူ၏ အရှေ့တွင် သရေစာ တစ်ပန်းကန် ချပေးလိုက်လေသည်။

တော်ဝင်ဆရာကြီးနင်း၏ ခေါင်းများ ကိုက်ခဲသွားပြီး စတုတ္ထမင်းသားအား ကြိမ်းမောင်းလိုက်၏။

"စာသင်တာကို သေချာ ဂရုစိုက်နားထောင်စမ်း..."

ထိုမိန်းကလေးသည် အခြားသူများကို အနှောင့်အယှက် မပေးသရွေ့ သူမကို ကံကောင်းစေသော အဆောင်လက်ဖွဲ့လေး တစ်ခုအဖြစ် ထိုနေရာတွင် ထားရှိနိုင်ကြောင်း ဧကရာဇ်က မိန့်ဆိုထားခဲ့သည်။

စတုတ္ထမင်းသားသည် လျှာထုတ်ပြလိုက်ပြီး မုန့်တစ်လုံးကို တိတ်တဆိတ် ကောက်ယူကာ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်လေသည်။

ယွင်ဟွားသည် အသံတစ်သံမျှ မထွက်ဘဲ တိတ်ဆိတ်စွာ နားထောင်နေပြီး စားသောက်ရန်သာ အာရုံစိုက်နေလေသည်။

တော်ဝင်ဆရာကြီးနင်းက သက်ပြင်းချလိုက်နိုင်၏။

သူမ စားသောက်နေသည်က ကောင်းလေသည်။ သို့မှသာ သူမ၏ စိတ်ထဲတွင် သူ၏အကြောင်းကို တွေးတောနေခြင်း သို့မဟုတ် သူ၏အကြောင်း အတင်းအဖျင်း ပြောဆိုနေခြင်းများ ပြုလုပ်မည် မဟုတ်ပေ။

သို့သော် လူအုပ်ထဲတွင် ယွင်ဟွားအား အလွန်တရာ မနှစ်မြို့သောသူတစ်ယောက် ရှိနေလေသည်။

ဘာလို့လဲ…

ပညာအရည်အချင်း မရှိသော သူတစ်ယောက်က သူတို့နှင့်အတူ စာသင်ကြားခွင့် ရရှိရန် ဘာအခွင့်အရေး ရှိနေ၍နည်း။

တော်ဝင်ဆရာကြီးနင်း ပြောနေသည်များကို သူမ နားလည်နိုင်ပါမည်လား။

ကျမ်းစာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးစောင်၊ သို့မဟုတ် ကဗျာနှင့် စကားပြေများအကြောင်းကို သူမ တစ်ခုခု သိပါသလား။

သူမသည် အလွယ်ကူဆုံးဖြစ်သော အက္ခရာသုံးလုံးဂန္တဝင်ကျမ်းကိုပင် သိချင်မှ သိပေလိမ့်မည်။

ပြောစရာပင် မလိုတော့ပေ။ သူမက အစားအစာများကိုပင် ဗြောင်ကျကျ စားသောက်နေသေးသည်။

"တော်ဝင်ဆရာကြီးနင်း..."

ထိုကောင်လေးက ရိုသေစွာ မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။

"ကျွန်တော်မျိုးရဲ့ ဦးရီးတော်က သခင်မလေးယွင်ကို ကျွန်တော်တို့နဲ့အတူ စာသင်ကြားခွင့် ပြုထားတာဆိုတော့ သူမရဲ့ အသိပညာက ထူးချွန်ပြောင်မြောက်နေလို့ပဲ ဖြစ်ရပါမယ်..."

သူ၏ အကြည့်သည် စားသောက်နေဆဲဖြစ်သော ယွင်ဟွားထံသို့ ကျရောက်သွားပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"သခင်မလေးယွင်... ကျွန်တော်နဲ့အတူ ဒီကိစ္စကို ဆွေးနွေးပေးဖို့ ဂုဏ်ပြုပေးနိုင်မလား..."

တော်ဝင်ဆရာကြီးနင်းက ချက်ချင်းပင် သူ၏ မျက်လုံးရှေ့တွင် မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

*မင်း ဘာလို့ ဒီမိန်းကလေးကို တိတ်တိတ်လေး နေခွင့်မပြုနိုင်ရတာလဲ…*

*ဘာလို့များ ခုလိုမျိုး ခုန်ထွက်လာရတာလဲ…*

တော်ဝင်ဆရာကြီးနင်းက အသက်ပြင်းပြင်းရှုလိုက်ပြီး သူ၏ လက်ထဲရှိ ပေတံကို စားပွဲပေါ်သို့ ရိုက်ချလိုက်လေသည်။

"ဘာဆွေးနွေးစရာရှိလို့လဲ... အမြန် ပြန်ထိုင်စမ်း..."

အခြားသူများသည် ဘာဖြစ်လာမည်ကို စောင့်ကြည့်နေကြပြီး နောက်ဆုံးတွင် ထိုအသံ ထွက်ပေါ်လာမည်လားဟု တွေးတောနေကြလေသည်။

သေချာပေါက်ပင် နောက်တစ်စက္ကန့်၌…

ရှင်ခြင်းသေခြင်းစာအုပ်ထံမှ ကျိန်ဆဲသံများသည် ဝမ်ရှူစာသင်ဆောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

"ဆွေးနွေးမယ် ဟုတ်လား... ခွေးမသားလေး… နင်က ငါ့ရဲ့ ပန်းကလေးကိုတောင် လှောင်ပြောင်ရဲတယ်ပေါ့... ဒီစာအုပ်က နင့်ကို သတ်ပစ်မယ်..."

၎င်းသည် ခါးထောက်ထားပြီး မျက်လုံးများ နီရဲတောက်ပနေကာ ဤကောင်လေးက သူမကို အရှက်ခွဲလိုသည်မှာ ရှင်းလင်းနေလေသည်။

လူတိုင်းက သူတို့၏ ရယ်မောမှုကို အောင့်အီးထားကြပြီးနောက် အခြား နူးညံ့ချိုသာသော အသံတစ်သံ ထပ်မံထွက်ပေါ်လာလေသည်။

"ရှူးရှူး... ဒီပေါ်ကို တက်ခဲ့... သူ့ကို ပညာပေးဖို့အတွက် ငါ နင့်ကို ရတနာတချို့ ယူပေးမယ်..."

တရားသူကြီး၏စုတ်တံက လက်သေးသေးလေးဖြင့် ဗိုက်ထဲသို့ လှမ်းနှိုက်လိုက်ပြီး ၎င်း၏ ကြီးမားကြည်လင်သော မျက်လုံးများက ထိုကောင်လေးအား ဒေါသတကြီး စိုက်ကြည့်နေလေသည်။

လူတိုင်းက အလွန်အမင်း အံ့အားသင့်သွားကြလေသည်။

ဤတစ်ကြိမ်မှာ ဘယ်လို... ဘယ်လို ဝိညာဉ်မျိုးက ငါတို့နောက်ကို လိုက်လာတာလဲ...။

ထို့နောက် မင်းသားဟွိုင်၏ ဆက်ခံသူဖြစ်သော မင်းသားနန်ကုန်းကျောက်အား သနားကြင်နာစွာဖြင့် လှမ်းကြည့်လိုက်ကြလေတော့သည်။

All Chapters