← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉) စီနီယာ... ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း ဖျက်ဆီးခံရတာကို မမြင်ချင်ဘူး မဟုတ်လား

တစ်ချိန်တည်းမှာပင်....

ထိုစကားကို ကြားလိုက်ရသောအခါ ချူယွန်ရှီးသည် သူမ၏ကျောရိုးတလျှောက် စိမ့်တက်သွားပြီး ချွေးစေးများ သူမ၏ကျောပြင်မှ ယိုစီးကျလာသည်။

သူမ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးများသည် ပြိုကျလုနီးပါး ဖြစ်နေလေပြီ။

တစ်ဖက်လူသည် တခြားသော ပြန်လည်မွေးဖွားလာသူများအကြောင်းကို ပြောပြနေပုံရပေ၏။

သို့သော် သူက ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စကားဝိုင်းကို သူမထံသို့ အမြဲတစေ ပြန်လည်၍ လှည့်ပတ်ခေါ်ဆောင်လာသကဲ့သို့ ဖြစ်နေသည်။

သို့သော် တစ်ဖက်လူသည် ထိုအချက်ကို မည်သို့ ရှာဖွေတွေ့ရှိသွားသနည်း...

ခဏလေး....

ချူယွန်ရှီး၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ခုံးဝူတောက်သည် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် အလားတူ ပြန်လည်မွေးဖွားလာသူ တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း အစောပိုင်းက တမင်သက်သက် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုလူ၏စိတ်ထဲမှ မှတ်ဉာဏ်များကို ထုတ်ယူပြီးနောက် ခုံးဝူတောက်သည် ပြန်လည်မွေးဖွားလာသူများကို ခွဲခြားသိမြင်နိုင်သည့် အထူးနတ်ဘုရားစွမ်းရည် တစ်ခုခုကို ရရှိသွားခြင်း ဖြစ်နေသလော....

ထိုအရာက သေချာလှသည်။

ထိုသို့မဟုတ်လျှင် ခုံးဝူတောက်သည် မည်သည်ကြောင့် သူမကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ဤမျှထိ အရိပ်အမြွက် ပြောနေမည်နည်း....

ချူယွန်ရှီးက အံ့ကြိတ်လိုက်ပြီး သူမ၏စိတ်နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

ချူယွန်ရှီး၏ လှပသော မျက်လုံးများမှ အနက်ရှိုင်းဆုံး နေရာတွင် စိတ်ခံစားမှု အမျိုးမျိုး အဆက်မပြတ် ဖြစ်ပေါ်နေသည်ကို မြင်လိုက်ချိန်၌....

သူ၏ အစောပိုင်း စကားများသည် အကျိုးသက်ရောက်မှု ရှိသွားပြီ ဖြစ်ကြောင်း ခုံးဝူတောက် သိလိုက်၏။

သို့သော် အကောင်းဆုံး ရလဒ်များ ရရှိရန်အတွက် ထိုအရာသည် အလျင်စလို မဖြစ်ဘဲ အတိအကျ မှန်ကန်ရန် လိုအပ်ပေသည်။

ထိုသို့မဟုတ်လျှင် အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

"ရိုးရိုးသားသား ပြောရရင်... အဲ့ဒီ ပြန်လည်မွေးဖွားလာသူကို အမဲလိုက်ပြီးတော့ သူ့စိတ်ထဲက မှတ်ဉာဏ်တွေကို အောင်မြင်စွာ စုပ်ယူပြီးတဲ့နောက်မှာ..."

ခုံးဝူတောက်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောလိုက်သည်။

"ဒီဂျူနီယာက ပြန်လည်မွေးဖွားလာသူတွေကို ခွဲခြားသိမြင်နိုင်တဲ့ နည်းလမ်းတချို့ကို ရခဲ့တယ်..."

သေချာသည်မှာ ထိုစကားကို သူ လုပ်ကြံဖန်တီး၍ ပြောဆိုခဲ့ခြင်းပင်။

သို့သော် အကျိုးသက်ရောက်မှုမှာမူ အလွန်သိသာရှင်းလင်းလှ၏။ ထိုစကားကို ကြားလိုက်ရသောအခါ ချူယွန်ရှီး၏ သွယ်လျသော ခန္ဓာကိုယ်လေး သိသိသာသာ တုန်ယင်သွားသည်။

ဤသည်က အလွန်အမင်း အံ့အားသင့်မှုကြောင့်လော သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လော ဆိုသည်ကို သူမကိုယ်တိုင်ပင် မသိတော့ချေ။

နောက်တခဏတွင် ခုံးဝူတောက်က ပြန်လည်မွေးဖွားလာသူဆိုသည့် သူမ၏ အထောက်အထားကို တိုက်ရိုက်ဖော်ထုတ်တော့မည်ဟု သူမ တွေးထင်နေစဉ်မှာပင်..

ခုံးဝူတောက်က တိုးညှင်းစွာ ရယ်မောပြီး အကြောင်းအရာကို ပြောင်းလိုက်၏။

"ဒါပေမယ့် ဒီကိစ္စနဲ့ ယှဉ်ရင်..."

"ဒီတစ်ကြိမ် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းကို လာရောက်လည်ပတ်တဲ့ အထဲမှာ စီနီယာယွန်ရှီးကို ပြောစရာ ပိုပြီးအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်..."

"ဘာ... ဘာများလဲ..."

သူမကိုယ်သူမ မသိလိုက်ဘဲ ချူယွန်ရှီးသည် ခုံးဝူတောက် ထိန်းချုပ်ထားသော စည်းချက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီး တိုးညှင်းသောအသံဖြင့် မသိစိတ်အရ မေးလိုက်သည်။

"ဒီဂျူနီယာက ပြန်လည်မွေးဖွားလာသူတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တွေကို ပိုနားလည်ချင်တယ်... အဲ့ဒီအတွက် ပြန်လည်ဝင်စားခြင်း မဟာတာအို ကျင့်ကြံတဲ့ စွမ်းအားကြီးမားတဲ့ အစွမ်းထက်ကျင့်ကြံသူတွေရဲ့ အကူအညီက မရှိမဖြစ် လိုအပ်တယ်..."

"ဒီရက်ပိုင်းအတွင်းမှာ ဒီဂျူနီယာက လူအများကြီးကို ရှာဖွေခဲ့ပေမယ့် သင့်တော်မယ့်သူကို မရှာနိုင်ခဲ့ဘူး..."

ထိုစကားကိုပြောဆိုနေစဉ်မှာပင် ခုံးဝူတောက်က ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။

ချူယွန်ရှီး၏ မှင်သက်ပြီး ထိတ်လန့်နေသော အကြည့်အောက်တွင် သူက သူမ၏ရှေ့တည့်တည့်သို့ လျှောက်လှမ်းသွားလိုက်သည်။

ချူယွန်ရှီးက သူမ၏ မျက်လုံးများကို မသိစိတ်အရ မော့ကြည့်မိလေသည်။

သူမ၏ရှေ့ရှိ ကျင့်ကြံခြင်းနှင့် အသက်အရွယ် နှစ်ခုလုံး သူမထက် များစွာ နိမ့်ကျသော ချောမောသည့် အမျိုးသားကို ကြည့်ရင်း ကြောက်ရွံ့မှု ခံစားချက်တစ်ခုက သူမ၏ နှလုံးသားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်နေပြီး ခုံးဝူတောက်၏နှုတ်ခမ်းများတွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ရှိနေဆဲပင်။

သူက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ချူယွန်ရှီး၏ မည်းနက်သော ဆံချည်တစ်မျှင်ကို ညင်သာစွာ ပင့်တင်လိုက်ကာ ရယ်မောပြီး ပြောလိုက်၏။

"အခု စီနီယာကို တွေ့ပြီးတဲ့နောက်မှာ... တကယ်ကို သင့်တော်တဲ့သူကို နောက်ဆုံးတော့ ငါ ရှာတွေ့သွားပြီ..."

"စီနီယာ ယွန်ရှီး... ငါ့ရဲ့လူ ဖြစ်လာဖို့ ဘယ်လိုသဘောရလဲ..."

"........."

ချူယွန်ရှီးသည် အလွန်အမင်း အံ့အားသင့်သွားသဖြင့် သူမ၏အသက်ကိုပင် မသိစိတ်အရ အောင့်ထားလိုက်မိသည်။

သူ၏ ပေါ့ပျက်ပျက်နိုင်ပြီး ရိုသေလေးစားမှု မရှိသော လုပ်ရပ်ကို သူမလုံးလုံးလျားလျား လျစ်လျူရှုထားလိုက်မိသည်။

ထိုအစား ခုံးဝူတောက် ယခုလေးတင် ပြောခဲ့သော စကားများက သူမ၏ စိတ်ကို ဖရိုဖရဲ အတွေးများဖြင့် လှုပ်ရှားသွားစေခဲ့ပေ၏။

ခုံးဝူတောက်၏လူ ဖြစ်လာရန်လော...

တစ်ဖက်လူက မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း....

သူမက ပြန်လည်မွေးဖွားလာသူဆိုသည့် အထောက်အထားကို သူ အတည်ပြုပြီးသွားပြီဖြစ်ရာ သူမကို လုံးလုံးလျားလျား လက်နက်ချခိုင်းပြီး သူ့အတွက် အသုံးချလိုခြင်းဖြစ်သလော...

ထိုသို့မဟုတ်ပါက သူမ၏အထောက်အထားကို လုံးလုံးလျားလျား မဖော်ထုတ်ဘဲ သူမ၏ နောက်ဆုံးဂုဏ်သိက္ခာလေးကို ချန်ထားပေးရန် ဤနည်းလမ်းကို အသုံးပြုနေခြင်းဖြစ်သလော...

သေချာသည်မှာ ခုံးဝူတောက်က သူမကို တာအိုလက်တွဲဖော် သို့မဟုတ် သူ၏အမျိုးသမီး ဖြစ်လာရန် တောင်းဆိုသည်မှာ မဖြစ်နိုင်ချေ။

သူမသည် ဧကရီတစ်ပါး ဖြစ်သော်လည်း သူမသည် အသက်သောင်းနှင့်ချီ ရှိနေပြီဖြစ်ရာ အမှန်တကယ်ပင် အနည်းငယ် အသက်ကြီးနေလေပြီ။

လူတိုင်းက ငယ်ရွယ်မှုကို သဘောကျကြပြီး သူမ၏အမြင်အရ ခုံးဝူတောက်သည်လည်း ချွင်းချက်မဟုတ်ချေ။

ခုံးဝူတောက် အလိုရှိသရွေ့ သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးမှ အလွန်ထူးချွန်သော အမျိုးသမီးများသည် မရေမတွက်နိုင်အောင် သူ့ထံသို့ စုရုံးရောက်ရှိလာကြပေမည်။

ချူယွန်ရှီး၏နားရွက်ဖျားတွင် ပုံမှန်မဟုတ်သော နီမြန်းမှုတစ်ခု ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရချိန်၌....

ခုံးဝူတောက်သည်လည်း အနည်းငယ် မှင်သက်သွားပေ၏။

ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ ရှေးဟောင်းဘိုးဘေးဖြစ်သော ဧကရီယွန်ရှီး...

သူမသည် သူ စကားတစ်ခွန်းတည်းကြောင့် နားရွက်များ နီမြန်းလာသည်အထိ အမှန်တကယ် ရှက်သွားခြင်းဖြစ်သလော...

မသိသောသူများက သူမကို လောကကြီး၏ အကြောင်းများ ဘာမျှမသိသေးသော ဖြူစင်သည့် မိန်းမပျိုလေး တစ်ယောက်ဟုပင် တွေးထင်သွားကြပေလိမ့်မည်။

ဤသည်က မဖြစ်နိုင်ပေ။ သူ ယခင်က ကောလာဟလတချို့ ကြားဖူးပေ၏။

ချူယွန်ရှီးသည် တာအိုကို ရရှိပြီး မဟာဧကရာဇ် တစ်ပါး ဖြစ်လာသည်အထိ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း တာအိုလက်တွဲဖော် တစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှ မရှာဖွေခဲ့ဖူးချေ။

တစ်ဖက်လူသည် အစစ်အမှန် အပျိုကြီး တစ်ယောက်ပင်။

ဤအသေးအမွှား ကိစ္စများနှင့် နှိုင်းယှဉ်ပါက...

ခုံးဝူတောက်သည် သူမ၏မျက်နှာအမူအရာတွင် တွေဝေနေမှု အရိပ်အယောင်တစ်ခုကို မြင်တွေ့လိုက်ရ၏။

ဤအချက်သည်လည်း ခုံးဝူတောက်၏ မျှော်လင့်ချက်များအတွင်းတွင် ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအချိန်တွင် သူတော်စင်နယ်ပယ်သို့ပင် မရောက်သေးချေ။

ဂုဏ်သိက္ခာရှိသော အဆင့်ခုနစ် မဟာဧကရာဇ် တစ်ပါးက မည်သို့ သူ့ကို ဤအတိုင်း အလွယ်တကူ အညံ့ခံနိုင်မည်နည်း။

သို့သော် ထိုအချက်က ကိစ္စမရှိပေ။ သူသည် လူများနှင့် အကြောင်းပြချက် ပေးရသည်ကို နှစ်သက်သောသူတစ်ယောက်ပင်။

"စီနီယာ... အခု လက်ရှိ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက အတော်လေး အားနည်းနေသေးပေမယ့်... ကျွန်တော့်ရဲ့ အနာဂတ်က ဒီမှာတင် ကန့်သတ်ခံထားရမယ်လို့ မဆိုလိုပါဘူး..."

"တကယ်လို့ စီနီယာသာ ကျွန်တော်ရဲ့လူ ဖြစ်လာဖို့ ဆန္ဒရှိမယ်ဆိုရင်... စီနီယာရဲ့ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းက အနာဂတ်မှာ သေချာပေါက် ပိုပြီးကြီးမားတဲ့ ဂုဏ်ကျက်သရေကို ရရှိမှာပါ..."

"ကျွန်တော် ပြောတဲ့ စကားတွေက အမှန်လား အမှားလား ဆိုတာကိုတော့ စီနီယာ အသိဆုံး ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

"........."

ချူယွန်ရှီးသည် တိတ်ဆိတ်နေခဲ့ပေ၏။

အကယ်၍ တခြားသူတစ်ယောက်ယောက်ကသာ ဤစကားများကို ပြောခဲ့မည်ဆိုလျှင်...

သူမသည် မယုံကြည်ရုံသာမက သူတို့၏ စော်ကားသော အပြုအမူအတွက် သူတို့ကို တိုက်ရိုက်ပင် ဖိနှိပ်သတ်ဖြတ်လိုက်ပေမည်။

သို့သော် သူမ၏ ယခင်ဘဝက ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူမကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ဖူးသဖြင့် သူပြောသမျှ အရာအားလုံးသည် အမှန်တရား ဖြစ်ကြောင်း သူမ သဘာဝကျကျ သိနေသည်။

လူများ၏စိတ်ကို ထိန်းချုပ်ရန် အကောင်းဆုံး နည်းလမ်းမှာ မက်လုံးပေးပြီး ခြိမ်းခြောက်သည့် နည်းလမ်းကို တွဲဖက်၍ အသုံးပြုရန်ပင်။

သူ မက်လုံးပေးပြီးပြီ ဖြစ်ရာ ယခုချိန်၌ ခြိမ်းခြောက်ရန် အချိန်ရောက်လာလေပြီ။

ရုတ်တရက် ခုံးဝူတောက်က သူ၏လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

ဝီ...

နတ်ဘုရားအလင်းတန်းများ လင်းလက်သွားပြီး ဟင်းလင်းပြင် ဖရိုဖရဲ ဖြစ်သွားပေ၏။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပြည့်နှက်နေသည့် ဧကရာဇ်အမိန့်စာဆယ်ခုက ဟင်းလင်းပြင်ကို အမှုန့်ကြိတ်ကာ ထွက်ပေါ်လာခဲ့သည်။

ထိုအရာများကို အပြည့်အဝ အသက်မသွင်းရသေးမီမှာပင် အမိန့်စာများမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ် အရှိန်အဝါကြောင့် ဤနေရာရှိ ဥပဒေသများသည် ညည်းတွားကာ အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားကြ၏။

"ဒါက..."

ချူယွန်ရှီး၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူမ၏ စိတ်များ ဗလာဖြစ်ကာ အူဝေသွားတော့သည်။ ဤအရာများသည် ဧကရာဇ်အမိန့်စာဆယ်ခုပင်။

ခုံးဝူတောက် ထုတ်လွှတ်လိုက်သော ဧကရာဇ်အမိန့်စာဆယ်ခုသည် ချူယွန်ရှီးအပေါ် ကြီးမားသော ဖိအားများ ယူဆောင်လာပေးခဲ့သည်။

ထိုအရာများ အားလုံးသည် အနည်းဆုံး အဆင့်သုံးမဟာဧကရာဇ်များနှင့် အထက်မှ ဖြစ်ကြသည်။

သူ ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်သော ဧကရာဇ်အမိန့်စာများထဲမှ မည်သည့်အရာမဆို သူမကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ရုံသာမက ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းတစ်ခုလုံးကိုပင် လွယ်လင့်တကူ ဖျက်ဆီးပစ်နိုင်သည်။

ခုံးဝူတောက်သ​ည် အတိအကျ ဘာလုပ်ချင်နေခြင်း ဖြစ်သနည်း...

ချူယွန်ရှီး၏အတွေးများ ယောက်ယပ်ခတ်နေစဉ်မှာပင်...

ခုံးဝူတောက်က ရုတ်တရက် ပို၍နီးကပ်စွာ ချဥ်းကပ်လာပြီး ကျီစယ်စနောက်လိုမှုများ ရောယှက်နေသည့် သူ၏အသံက သူမ၏နားထဲတွင် ပဲ့တင်ထပ်လာသည်။

"စီနီယာ... ဒီဂျူနီယာရဲ့ အဆိုပြုချက်ကို ငြင်းဆန်ဖို့ မတွေးပါနဲ့..."

"ဘာပဲဖြစ်ဖြစ် စီနီယာ ယွန်ရှီးက ပြန်လည်ဝင်စားခြင်းတာအိုဂိုဏ်း ဖျက်ဆီးခံရတာကို မမြင်ချင်ဘူး မဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသောအခါ ချူယွန်ရှီး၏ သွယ်လျသော ခန္ဓာကိုယ်လေး သိသိသာသာ တုန်ယင်သွားပြီး သူမ၏လှပသော မျက်လုံးများက ခုံးဝူတောက်ကို ထိတ်လန့်မှု မယုံကြည်နိုင်မှုများဖြင့် စိုက်ကြည့်နေသည်။

"ရှင်... ကျွန်မကို ခြိမ်းခြောက်နေတာလား..."

သူမ၏ရှေ့ရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသားသည် အလွန်ချောမောပြီး ပထမတစ်ချက် မြင်လိုက်ရုံဖြင့် နွေဦးလေပြေကို ခံစားရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေကြောင်း သိသာရှင်းလင်းသည်။

သို့သော် မျှော်လင့်မထားဘဲ ဤအချိန်အခိုက်အတန့်တွင် သူပြောခဲ့သော စကားများက သူမကို ရေခဲလှိုဏ်ဂူထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားရစေပေ၏။

"စီနီယာက ဘယ်လိုလုပ်ပြီး အဲ့ဒီလို ပြောရက်ရတာလဲ..."

"ဒီဂျူနီယာက စီနီယာယွန်ရှီးကို လေးစားရုံသက်သက်ပါပဲ..."

"သေချာတာပေါ့... စီနီယာ ယွန်ရှီးကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်... ဒီဂျူနီယာက ဖိအားပေးမှာ မဟုတ်ပါဘူး..."

ဤသည်မှာ ခုံးဝူတောက်သည် ရွေးချယ်စရာတစ်ခု ပေးနေသည့်အလားပင်။

သို့သော် အမှန်အားဖြင့် ထိုအရာသည် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေပေ၏။

သူ၏အမိန့်ကို မနာခံလျှင် သေရမည်ဖြစ်ပြီး ဧကရာဇ်များပင်လျှင် ချွင်းချက်မဟုတ်ချေ။

ဝုန်း...

ခုံးဝူတောက်၏ အသံ ကျဆင်းသွားသည့် အချိန်အခိုက်အတန့်မှာပင်..

သူ့ကို ဝန်းရံထားသော ဧကရာဇ်အမိန့်စာဆယ်ခုသည် တောက်ပစွာ လင်းထိန်လာပြီး ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော မမြင်နိုင်သည့် ဧကရာဇ်အရှိန်အဝါများကို ပေါက်ကွဲထွက်လာစေသည်။

အချိန်တခဏကြာအတွင်းတွင် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ မိုးကောင်းကင်ယံတစ်ခုလုံးတွင် အနက်ရောင်တိမ်တိုက်များ စုရုံးလာပြီး မိုးချုန်းသံများ မြည်ဟီးလာခဲ့သည်။

ခမ်းနားကြီးကျယ်သော ကောင်းကင်ဘုံ စွမ်းအားကဲ့သို့ ဖျက်ဆီးလိုခြင်း အရှိန်အဝါ တစ်ခုသည် လောကီနှင့် ကင်းကွာသော နယ်ပယ်မှ ဆင်းသက်လာပြီး ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။

"ဒါက..."

ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းမှ မရေမတွက်နိုင်သောလူများသည် ကောင်းကင်ကို မသိစိတ်အရ မော့ကြည့်လိုက်ကြပြီး ရှင်းပြ၍မရနိုင်သော ကြီးမားသည့် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

ဤသည်မှာ သူတို့၏ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းအပေါ် အကြောင်းမဲ့ ဘေးဒုက္ခတစ်ခု ကျရောက်တော့မည့်အလားပင်။

အခန်း (၁၈၀) ယာယီ ယဉ်ပါးအောင် သွေးဆောင်ခြင်း..ကောင်းကင်ကံကြမ္မာ သန္ဓေသားလောင်း...သေမျိုးအင်ပါယာ

ခန်းမဆောင်ထဲရှိ အခြေအနေသည် အနည်းငယ် နေရခက်လာပေ၏။

ချူယွန်ရှီးသည် ထိုကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးလိုခြင်း ဖိအားအရှိန်အဝါကို ခံစားလိုက်ရသည်။

သူမ၏ လှပသော မျက်နှာပေါ်ရှိ အမူအရာသည် သူမ၏စိတ်အတွင်းတွင် ရုန်းကန်နေရသည့်အလား အဆက်မပြတ် ပြောင်းလဲနေသည်။

အချိန်အတော်ကြာပြီးနောက် တင်းကျပ်စွာ မှိတ်ထားခဲ့သော ချူယွန်ရှီး၏မျက်တောင်များ အနည်းငယ် တုန်ယင်သွားသည်။

ဤသည်က သူမ၏စိတ်နှလုံးသားအတွင်းတွင် ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားပြီဖြစ်ကြောင်း ဖော်ပြနေပုံ ရပေ၏။

ချူယွန်ရှီး၏ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်သည် နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။

သူမသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် မတ်တတ်ထရပ်ကာ ခုံးဝူတောက်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် ပြောတဲ့အတိုင်းဆိုရင်တော့... ဒီဧကရီက အခုကစပြီး နတ်ဘုရားသားတော်အရှင်ဆီကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်..."

ဤအချိန်တွင် ဆက်လက် ဖုံးကွယ်ထားရန် ခက်ခဲကြောင်း သူမ သိလိုက်သည်။

ခုံးဝူတောက်သည် သူမ၏ လျှို့ဝှက်ချက်ကို သိနေသည်မှာ သေချာပေါက်ပင်။

ထိုသို့မဟုတ်လျှင် ထိုကဲ့သို့ နည်းလမ်းကို သူ အသုံးပြုမည် မဟုတ်ချေ။

ယခုအချိန်၌ သူမသည် အဆင့်ခုနစ် မဟာဧကရာဇ်တစ်ပါး ဖြစ်သော်လည်း....

ခုံးဝူတောက်ကို တိုက်ခိုက်ရန် ရဲတင်းခြင်းက သူမ သေလမ်းကို ရွေးချယ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ ရှေးဟောင်းဘိုးဘေးတစ်ဦးအနေဖြင့်....

သူမသည် ဂိုဏ်း၏အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။

သူမထံ၌ ရွေးချယ်စရာ မရှိဘဲ သူမ လျှောက်လှမ်းရမည့် တစ်ခုတည်းသော လမ်းကြောင်းမှာ ခုံးဝူတောက်၏ လက်အောက်ခံ ဖြစ်လာရန်ပင်။

["ဒင်... သခင်က အထူးနည်းလမ်းတွေကတစ်ဆင့် ပုံမှန်မဟုတ်တဲ့ ကောင်းကင်ကံကြမ္မာပိုင်ရှင် ချူယွန်ရှီးကို အောင်မြင်စွာ အညံ့စေနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်... သူ့ကို ယဉ်ပါးအောင် သွေးဆောင်မှု အဆင့်က ၁၆ ရာခိုင်နှုန်း အထိ တိုးလာပါပြီ..."

"ပြိုင်ဘက်ရဲ့ ကောင်းကင်ကံကြမ္မာအမှတ်တွေကို ၁၂၀၅၀မှတ် နှုတ်ယူလိုက်ပါတယ်..."

"သခင်က နှစ်ဆပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၂၄၁၀၀ ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..."

"တစ်ဖက်လူမှာ ကောင်းကင်ကံကြမ္မာအမှတ် ၁၆၅၄၅၀ ကျန်ရှိနေပါတယ်..."

ခုံးဝူတောက်သည် စနစ်၏ ကြေညာချက်ကြောင့် အံ့အားသင့်မသွားခဲ့ချေ။

အကယ်၍ ချူယွန်ရှီးသည် သူ၏ ယဉ်ပါးအောင် သွေးဆောင်ခြင်းကို လွယ်လင့်တကု ခံလိုက်ရမည်ဆိုပါက သူ့ကို အနည်းငယ် စိတ်ပျက်သွားစေပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ခေတ်တစ်ခေတ်၏ ပြန်လည်မွေးဖွားလာသော မဟာဧကရာဇ် တစ်ပါးပင်။

သူမသည် သူ့ထံသို့ အပြင်ပန်းအားဖြင့် အညံ့ခံခဲ့သော်လည်း....

သူမ၏ အနက်ရှိုင်းဆုံး အတွင်းစိတ်ထဲတွင် ဤကိစ္စနှင့် ပတ်သက်၍ အရန်အစီအစဥ်တချို့ ရှိနေဆဲသာ ဖြစ်ပေလိမ့်မည်။

ဤအခြေအနေများအရဆိုလျှင်....

ခေတ်တစ်ခေတ်၏ ဧကရီတစ်ပါးဖြစ်သော ချူယွန်ရှီးကို သူ့အပေါ် စိတ်ရောကိုယ်ပါမြှုပ်နှံပြီး သူမ၏အရာအားလုံးကို သူ့အား ပေးအပ်လာစေရန် လုပ်ဆောင်ရန်မှာ....

သူ နည်းလမ်းတချို့နှင့် ယဉ်ပါးအောင် သွေးဆောင်ရန်အတွက် အချိန်ပို၍ လိုအပ်နေဆဲပင်။

သို့သော် ထိုအချက်က ကိစ္စမရှိပေ။ ချူယွန်ရှီးကို သူ၏လူတစ်ယောက်အနေဖြင့် သူ ရရှိပြီးသွားလေပြီ။

အနာဂတ်သည် ရှည်လျားပြီး သူမ၏စိတ်နှလုံးသားကို သိမ်းပိုက်ရန် သူ့ထံတွင် အချိန်နှင့် နည်းလမ်း အများအပြား ရှိနေသည်။

သေချာသည်မှာ သူသည် ချူယွန်ရှီးအပေါ် မည်သည့် ခံစားချက်မျှ မရှိချေ။

သူမ၏တန်ဖိုးသည် သူ၏အကျိုးအတွက်သာ တည်ရှိနေခြင်းပင်။

"သခင်..."

ခုံးဝူတောက်၏ အတွေးများကို အာရုံခံမိသော စနစ်က ရုတ်တရက် စကားပြော​ဆိုလိုက်၏။

"သခင့်ရဲ့စိတ်နှလုံးသားထဲက အတွေးတွေက နည်းနည်း မှောင်မိုက်နေရုံသာမကဘဲ နည်းနည်းလည်း ယုတ်မာနေသလို ကျွန်တော် ဘာလို့ ခံစားနေရတာလဲ..."

"အမ်... စနစ် မင်းက အတင့်ရဲလာတာလား..."

ခုံးဝူတောက်က မျက်ခုံးတစ်ဖက် အနည်းငယ် ပင့်လိုက်ပြီး အမည်မသိ ဟင်းလင်းပြင်ဆီသို့ ကျီစယ်နောက်ပြောင်လိုသော အကြည့်တစ်ချက် ပေးလိုက်၏။

စနစ်က အလွန်ကြောက်လန့်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

"ကျွန်တော် မဟုတ်ပါဘူး... ကျွန်တော် မလုပ်ပါဘူး... အဲ့ဒါက ကျွန်တော် အဓိပ္ပာယ်မရှိတာတွေ ပြောနေမိတာပါ... သခင်က ဒီလောကကြီးမှာ ပြီးပြည့်စုံဆုံး အမျိုးသားပါပဲ..."

အမှန်တရားကို မသိသော ချူယွန်ရှီးသည် ဘေးမှနေ၍ ခုံးဝူတောက်၏မျက်နှာအမူအရာကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။

သူ၏အနည်းငယ် ပြောင်းလဲသွားသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ သူမ၏ အဖြေကို သူ မကျေနပ်ဟု သူမ တွေးထင်လိုက်မိသည်။

သူမ နောက်တစ်ကြိမ် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ခုံးဝူတောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

အချိန်လေဟာနယ် တားမြစ်နယ်မြေ ဟူသော အက္ခရာ လေးလုံး ထွင်းထုထားသည့် တံဆိပ်ပြားတစ်ခုက ရုတ်တရက် သူမ၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။

"ဒါက ငါ့ရဲ့ အထောက်အထား တံဆိပ်ပြားပဲ..."

"လိုအပ်တဲ့အချိန်မှာ မင်းက ဒီ တံဆိပ်ပြားနဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေဆီ လာလို့ ရတယ်..."

"မင်းရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့... အနာဂတ်မှာ ဒီတံဆိပ်ပြားကနေတဆင့် အချိန်မရွေး မင်းဆီကို နတ်ဘုရားစိတ်ဝိညာဉ် သတင်းစကားတွေ ငါ ပေးပို့မယ်... မင်း အမြဲတမ်း အာရုံစိုက်ထားရမယ်..."

ညွှန်ကြားချက် အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ပေးပြီးနောက် သူ နေရာမှ ထွက်ခွာသွားတော့သည်။

ခုံးဝူတောက်သည် သူမ စိတ်ကူးထားသကဲ့သို့ လုံးဝမဟုတ်ခဲ့ချေ။

သူမ၏ ပြန်လည်မွေးဖွားခြင်းကိစ္စ သို့မဟုတ် သူမ၏ ယခင်ဘဝက မှတ်ဉာဏ်များကို ဖော်ထုတ်ရန် သူ မတောင်းဆိုခဲ့ပေ။

ထိုအစား သူသည် စိတ်မဝင်စားပုံပေါ်ပြီး သူမ၏ ကိုယ်ပိုင်အကြံဉာဏ်များအတိုင်း လုပ်ဆောင်ရန် သူမကို ခွင့်ပြုထားခဲ့၏။

အနာဂတ်တွင် လိုအပ်သည့်အချိန်၌ သူမထံသို့ သူ သတင်းစကားများ ပေးပို့ပေလိမ့်မည်။

ခုံးဝူတောက်သည် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို စိတ်မဝင်စားခြင်း မဟုတ်ချေ။

သူသည် ယခုလေးတင် ချူယွန်ရှီးကို လက်နက်ချစေခဲ့ခြင်းဖြစ်ပြီး ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် တိုက်ရိုက် မေးမြန်းမည်ဆိုပါက.....

ထိုလုပ်ရပ်က သူမ၏ နှလုံးသားထဲရှိ စိမ်းသက်မှုကို အလွယ်တကူ နက်ရှိုင်းသွားစေပြီး သူ၏ နောက်ဆက်တွဲ ယဉ်ပါးအောင် သွေးဆောင်မှု အစီအစဉ်ကို ထိခိုက်စေပေလိမ့်မည်။

အကောင်းဆုံး ဖြေရှင်းချက်မှာ အလျင်စလို မလုပ်ဘဲ သူမကို အချိန်တချို့ပေးရန်ပင်။

ဤချဉ်းကပ်မှုသည် သံသယကင်းစွာဖြင့် ထိရောက်မှု ရှိခဲ့ပေ၏။

ခုံးဝူတောက် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းမှ ထွက်ခွာသွားပြီး သူ၏ အရှိန်အဝါများ လုံးလုံးလျားလျား ပျောက်ကွယ်သွားမှသာ ချူယွန်ရှီးသည် သူမ၏တွေဝေမှုမှ ရုတ်တရက် နိုးထလာခဲ့သည်။

အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမကို အလွန်အမင်း မသက်မသာဖြစ်စေသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

ခုံးဝူတောက်သည် ဤအတိုင်း ထွက်ခွာသွားခြင်း ဖြစ်သလော....

သူမ ပြန်လည်မွေးဖွားလာရသည့် အကြောင်းရင်းကိုပင် သူ မမေးမြန်းခဲ့သလော...

ကောင်းကင်ဘုံများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို သူ စိတ်မဝင်စားခြင်း ဖြစ်သလော...

သူ မထွက်ခွာမီ သူမ၏ကိုယ်ပိုင်အကြံဉာဏ်များအတိုင်း လုပ်ဆောင်ရန်ပင် သူက ပြောသွားခဲ့ပေ၏။

ချူယွန်ရှီးသည် သူမ၏စိတ်နှလုံးသားထဲတွင် အံ့အားသင့်ပြီး ရှုပ်ထွေးနေသော်လည်း လျှင်မြန်စွာဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

ထို့နောက် သူမသည် ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် မျက်နှာအမူအရာကို ပြသလိုက်သည်။

"ဒီဘဝမှာ ငါ ပြန်လည်မွေးဖွားလာရတာလည်း မလွယ်ပါဘူး... ခုံးဝူတောက်ကို ငါ ထွင်းဖောက်မမြင်နိုင်သေးဘူး..."

ခုံးဝူတောက် ထွက်ခွာသွားသည့် ဦးတည်ရာကို ကြည့်ရင်း ချူယွန်ရှီးက တီးတိုးရေရွတ်လိုက်၏။

"ဒီဘဝက ခုံးဝူတောက်လည်း ပြောင်းလဲသွားသလိုမျိုး ငါ အမြဲတမ်း ခံစားနေရတယ်..."

"သူ့ရဲ့ ကျင့်ကြံခြင်းက အားနည်းနေသေးပေမယ့်... အရင်ဘဝတုန်းက မဟာဧကရာဇ် တစ်ပါးအနေနဲ့ သူ့ကို ရင်ဆိုင်ရတာထက် ပိုပြီး ငါ့ကို မသက်မသာ ဖြစ်စေတယ်... ဒီဘဝမှာ ခုံးဝူတောက်ရဲ့ အောင်မြင်မှုတွေက အရင်ဘဝကထက်တောင် ပိုပြီးကြောက်စရာကောင်းလိမ့်မယ်လို့ ငါ ထင်တယ်..."

ကြီးမားသော စိတ်သက်သာရာရမှု ခံစားချက် တစ်ခု ချူယွန်ရှီး၏စိတ်နှလုံးသားထဲတွင် ရုတ်တရက် ထွက်ပေါ်လာပေ၏။

"ဒါပေမယ့် ကံကောင်းတာက... အရင်ဘဝတုန်းကလို သူ့ရဲ့ ရန်သူဖြစ်တဲ့ မိုက်မဲတဲ့ လမ်းကြောင်းကို ဒီဘဝမှာ ငါ မလျှောက်လှမ်းခဲ့ဘူး..."

.........

တခြားတစ်ဖက်တွင်....

ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ကောင်းကင်အလင်းမိုးပြာနဂါးကို စီးနင်းကာ အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ ပြန်ရန် ဟန်ပြင်နေသော ခုံးဝူတောက်သည် ရပ်တန့်သွားခဲ့ပေ၏။

သူသည် စနစ်၏ အသိပေးချက်တစ်ခုကို ရုတ်တရက် ထပ်မံရရှိခဲ့သည်။

"ဒင်... ပုံမှန်မဟုတ်တဲ့ ကောင်းကင်ကံကြမ္မာပိုင်ရှင် ချူယွန်ရှီးက သခင့်အပေါ် အထူး စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာပြီး သူ့ကို ယဉ်ပါးအောင် သွေးဆောင်မှု အဆင့်က ၂၀ ရာခိုင်နှုန်းအထိ တိုးလာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်..."

"တစ်ဖက်လူရဲ့ ကောင်းကင်ကံကြမ္မာအမှတ်တွေကို ၅၀၀၀ မှတ် နှုတ်ယူလိုက်ပြီး ၁၆၀၄၅၀ မှတ် ကျန်ရှိနေပါတယ်..."

"သခင်က သုံးဆပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၁၅၀၀၀ ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..."

ခပ်သဲ့သဲ့အပြုံးတစ်ခုက ခုံးဝူတောက်၏ နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာသည်။

သူ၏ယဉ်ပါးအောင် သွေးဆောင်မှု နည်းဗျူဟာသည် အမှန်တကယ်ကို မှန်ကန်ခဲ့ပေ၏။

သူသည် ဤမျှထိ လျှင်မြန်စွာပင် ယဉ်ပါးအောင် သွေးဆောင်မှု အဆင့် ၄ ရာခိုင်နှုန်းကို ထပ်မံ၍ ရရှိခဲ့သည်။

သူ ခရီးဆက်နေစဉ် တိုက်ဆိုင်စွာဖြင့် ဝေးလံခေါင်သီသော တာအိုနယ်မြေတစ်ခုကို ဖြတ်သန်းသွားစဥ် စနစ်၏အသိပေးချက်က ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"ဒင်... အနီးအနားမှာ အထူးကောင်းကင်ကံကြမ္မာ စွမ်းအား အတက်အကျတစ်ခုကို ထောက်လှမ်းတွေ့ရှိရပါတယ်..."

"ရှာဖွေနေပါတယ်..."

"သခင့်အတွက် အောင်မြင်စွာ အမှတ်အသား ပြုလုပ်ပြီးပါပြီ... ကျေးဇူးပြုပြီး လေ့လာကြည့်ရှုပါ..."

ရုတ်တရက် ထွက်ပေါ်လာသော အသံက ခုံးဝူတောက်ကို ရပ်တန့်သွားစေခဲ့ပြီး သူ၏ရှေ့ရှိ စနစ်မျက်နှာပြင်ကို ကြည့်လိုက်မိသည်။

"ထျန်းဟောက်တာအိုနယ်မြေ... မဟာရှား အင်ပါယာလား..."

ခုံးဝူတောက်က မျက်ခုံးတစ်ဖက် အနည်းငယ် ပင့်လိုက်၏။

ဤထျန်းဟောက်တာအိုနယ်မြေသည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတခွင်လုံးတွင် နာမည်မကြီးချေ။

တာအိုနယ်မြေ တစ်ခုလုံး၏ ယေဘုယျ ခွန်အားသည်လည်း ကောင်းကင်ဘုံများမှနယ်မြေအားလုံး၏ အောက်ပိုင်းအလွှာတွင်သာ ရှိနေသည်။

အထူးသဖြင့် ဤ မဟာရှားအင်ပါယာကို သူ တစ်ကြိမ်တစ်ခါမျှပင် မကြားဖူးခဲ့ချေ။

အထူးသဖြင့် စနစ်မျက်နှာပြင်က အထူး မှတ်သားထားသောကြောင့်​ပင်။ ဤသည်မှာ ထိုနယ်မြေဤ သံသယရှိဖွယ် ကောင်းကင်ကံကြမ္မာ သန္ဓေသားလောင်းကို ပြုစုပျိုးထောင်နေသည်ဟု ဆိုခြင်းဖြစ်နေသည်။

"စနစ်... ကောင်းကင်ကံကြမ္မာ သန္ဓေသားလောင်းဆိုတာ ဘာအဓိပ္ပာယ်လဲ..."

"သခင့်ကို ရှင်းပြရမယ်ဆိုရင် ကောင်းကင်ကံကြမ္မာ သန္ဓေသားလောင်းဆိုတာ ကံကြမ္မာရွေးချယ်ခံတစ်ယောက် မွေးဖွားလာတာလို့ နားလည်လို့ရတယ်..."

"ဒီကာလအတွင်း ကောင်းကင်ကံကြမ္မာ သန္ဓေသားလောင်းက အသစ်စက်စက် ကံကြမ္မာရွေးချယ်ခံ တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အနည်းဆုံး တာအိုနယ်မြေတစ်ခုရဲ့ ကောင်းကင်ကံကြမ္မာ စွမ်းအားကို စုပ်ယူပါလိမ့်မယ်..."

"စိတ်ဝင်စားစရာပဲ..."

စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခုက ခုံးဝူတောက်၏ မျက်လုံးများတွင် ထင်ဟပ်လာသည်။

"ဒါဆို... သေမျိုးနဲ့ ကောင်းကင်ကံကြမ္မာ ကြားမှာ အခုလက်ရှိ ရှိနေတဲ့ အထူးတည်ရှိမှု တစ်ခုကို ငါ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားတာပေါ့..."

အစောပိုင်းက ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ကိစ္စ အပြီးတွင်....

ကောင်းကင်ကံကြမ္မာပိုင်ရှင်များကြားတွင် ငါးကြီးက ငါးငယ်ကိုစားသည်နှင့် တူညီသည့် ဝါးမြိုခြင်း ဆက်ဆံရေးရှိကြောင်း ခုံးဝူတောက် အတည်ပြုပြီးဖြစ်သည်။

ကောင်းကင်ကံကြမ္မာပိုင်ရှင်များသည် ပို၍အားကောင်းလာသည်နှင့်အမျှ ကောင်းကင်ကံကြမ္မာကို ပို၍စုပ်ယူလာမည်ဖြစ်ပြီး သူတို့၏ ကောင်းကင်ကံကြမ္မာအမှတ်များသည်လည်း မြင့်တက်လာပေလိမ့်မည်။

ယခုအချိန်၌သူသည် ကောင်းကင်ကံကြမ္မာ ပိုင်ရှင်များအကြောင်း ပို၍လေ့လာရန် ဤ ကောင်းကင်ကံကြမ္မာ သန္ဓေသားလောင်းကို အသုံးပြုနိုင်လေပြီ။

ဆုံးဖြတ်ချက် ချပြီးနောက် ခုံးဝူတောက်သည် ချက်ချင်း ဦးတည်ချက်ပြောင်းကာ ထျန်းဟောက်တာအိုနယ်မြေသို့ ဦးတည်သွားတော့သည်။

Book 18 end.

All Chapters