← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁) တားမြစ်နယ်မြေသို့ ပြန်လာခြင်း.. မူလအစ မဟာတာအို လျှို့ဝှက်ရတနာ

ကောင်းကင်ဘုံများနှင့် အသင်္ချေနယ်မြေများ၌ အုတ်အော်သောင်းတင်း ဖြစ်နေစဉ်တွင် ခုံးဝူတောက်တို့လူစုသည် အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ ပြန်လည်ရောက်ရှိနေလေပြီ။

အင်မော်တယ်အလင်းတန်းများ တလိမ့်လိမ့်ထနေပြီး ဥပဒေသများ မြင့်တက်နေသည်။

ကြီးကျယ်ခမ်းနားသော မရေမတွက်နိုင်သည့် နတ်ဘုရားခန်းမများနှင့် ရတနာ အလင်းရောင်များ တောက်ပနေသော နတ်ဘုရားကျွန်းများသည် ကြယ်များကဲ့သို့ ပြန့်ကျဲကာ လေထုထဲတွင် လွင့်မျောနေကြ၏။

သိပ်သည်းသော ဥပဒေသများဖြင့် ဖွဲ့စည်းထားသည့် မရေမတွက်နိုင်သော အင်မော်တယ်ရေတံခွန်များက အမြင့်ဆုံး ကောင်းကင်ယံကို ဖြတ်သန်းကာ စီးဆင်းနေကြသည်။

အင်မော်တယ်သင်္ဘောပေါ်တွင် ရှိနေသည့် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အစေခံများ ဖြစ်လာရန် ကံကောင်းခဲ့သော ဝူထျန်၊ မုချင်းလီနှင့်ကန်ချန်ကဲတို့ထံတွင် အလွန်အမင်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကြ၏။

သူတို့ ကြည့်လိုက်သော နေရာတိုင်းတွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ တစ်ခုလုံးသည် ကမ္ဘာဦးစွမ်းအားများနှင့် ရောယှက်နေသော ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေတစ်ခုနှင့် တူညီနေသည်။

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... အိမ်အပြန်ကို ကြိုဆိုပါတယ်..."

ခုံးဝူတောက်၏အင်မော်တယ် သင်္ဘောကို မြင်တွေ့ပြီးနောက် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ စွမ်းအားကြီးမားသော မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများသည် တပြိုင်နက်တည်း ဦးညွှတ်ကာ ဒူးထောက်လိုက်ကြ၏။

ဤလူများအနက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများပင် ပါဝင်နေသည်။

ဤအရာက မုချင်းလီနှင့် တခြားသူများကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည်။

သူတို့၏ ကောင်းကင်ဘုံ တာအိုနယ်မြေတွင် တစ်ကြိမ်တစ်ခါမှ ထွက်ပေါ်မလာဖူးသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများသည် အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် အောက်ခြေအဆင့် အစေခံများသာ ဖြစ်ကြ၏။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အခြေခံအုတ်မြစ် မည်မျှထိ နက်ရှိုင်းကြောင်းကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။

"ကျန်ယွဲ့... ချင်းလီနဲ့ တခြားသူတွေ အနားယူဖို့ သင့်တော်တဲ့ အင်မော်တယ် ကျွန်းတစ်ကျွန်းကို ရွေးပေးလိုက်ပါ..."

ခုံးဝူတောက်က ညွှန်ကြားလိုက်သည်။

"ပြီးရင်... ငါ ခမည်းတော်ကို သွားတွေ့မယ်... ငါ့ရဲ့အချိန်လေဟာနယ် တားမြစ်နယ်မြေက စီနီယာ ရှေးဟောင်းဧကရာဇ်တစ်ပါးက ကောင်းကင်ပြာကို ခေါ်လာရင် သူ့ကို ငါ့ရဲ့ နန်းတော်ဆီ ခေါ်သွားလိုက်..."

ဤစကားကို ကြားလိုက်ရသောအခါ ဝူထျန်တို့လူစုသည် နောက်တစ်ကြိမ် ထိတ်လန့်သွားကြ၏။

ရှေးဟောင်း ဧကရာဇ်များသည် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ အထွတ်အထိပ်တွင်ရှိသော တည်ရှိမှုများပင်။

သို့သော် ထိုကဲ့သို့ တည်ရှိမှုများကိုပင် သူတို့၏ နတ်ဘုရားသားတော်အရှင်က လွတ်လပ်စွာ အမိန့်ပေးနိုင်သည် မဟုတ်လော...

ဤအထောက်အထားနှင့် နောက်ခံသည် သူတို့၏စိတ်ကူးယဉ်နိုင်စွမ်းထက် အမှန်တကယ်ကို ကျော်လွန်နေသည်။

သူတို့ နေထိုင်ရန် နေရာတစ်ခုကို စီစဉ်ပေးပြီးနောက် ခုံးဝူတောက်သည် အလင်းတန်းတစ်တန်းအဖြစ် အသွင်ပြောင်းကာ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာများဆီသို့ အလျင်အမြန် ဦးတည်သွားလိုက်၏။

နတ်ဘုရားကျွန်းအလွှာများကို ဖြတ်သန်းပြီးနောက် ခုံးဝူတောက်က အလယ်ဗဟို အကျဆုံး ကျွန်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

သူ၏ အမြင်အာရုံထဲရှိ ခမ်းနားကြီးကျယ်ပြီး ကောင်းကင်တိုင်အောင် မြင့်မားသော နတ်ဘုရားခန်းမ တံခါးကြီး ရုတ်တရက် ပွင့်လာသည်။

ထိုအချိန်မှာပင် နူးညံ့သော်လည်း ခမ်းနားကြီးကျယ်သော အသံတစ်သံက တစ်ချိန်တည်းတွင် ပဲ့တင်ထပ်လာသည်။

"ခုံးဝူတောက်... မင်း ပြန်လာပြီပဲ..."

ဧရာမ နတ်ဘုရားခန်းမကြီးသည် ကောင်းကင်ဘုံ နန်းတော် တစ်ခုကဲ့သို့ ခမ်းနားကြီးကျယ်နေပြီး အချိန်လေဟာနယ် ချီစွမ်းအင် အမျိုးမျိုး စီးဆင်းနေပေ၏။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အဆုံးမဲ့ နယ်မြေ အတွင်းရှိ မမြင်နိုင်သော ဥပဒေသများအားလုံး ဤခန်းမဆီသို့ အဆက်မပြတ် စုစည်းလာကြသည်။

ခုံးဝူကျိက နတ်ဘုရားထိုင်ခုံ၏အထက်တွင် ထိုင်နေသည်။

ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦး ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး ကျယ်​ပြန့်သော နတ်ဘုရားညှို့ဓာတ်သည် ကမ္ဘာငယ်လေးများအဖြစ် အသွင်ပြောင်းကာ သူ၏နံဘေးပတ်လည်တွင် တိတ်ဆိတ်စွာ လည်ပတ်နေပုံရသည်။

ခုံးဝူတောက်၏ ဖခင်ဖြစ်သူ ခုံးဝူကျိသည် ကံကြမ္မာပါသော ရှေးဟောင်းဧကရာဇ်တစ်ပါး ဖြစ်ရုံသာမက ရှေးဟောင်းခေတ်မှ ပြိုင်ဘက်ကင်း ကောင်းကင်ဧကရာဇ်တစ်ပါးလည်း ဖြစ်သည်။

ထိုရှေးဟောင်းခေတ်ကို ပြန်ကြည့်မည်ဆိုပါက ခုံးဝူကျိသည်လည်း လောက၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ပြီး သူတစ်ယောက်တည်းဖြင့် မရေမတွက်နိုင်သော ကမ္ဘာများကို ဖိနှိပ်နိုင်စွမ်းရှိကာ သူ၏ အချိန်ကာလတွင် ပြိုင်ဘက်ကင်းခဲ့သည်။

ခုံးဝူတောက် နတ်ဘုရားခန်းမထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ခုံးဝူကျိသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အလွန် နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာကို ပြသလိုက်၏။

သေချာသည်မှာ ထိုကဲ့သို့ ချစ်ခင်ကြင်နာမှုများကို သူသည် ခုံးဝူတောက်၏ ရှေ့တွင်သာ ပြသလေ့ရှိခြင်းပင်။

သာမန်ရက်များတွင် အချိန်လေဟာနယ် တားမြစ်နယ်မြေရှိ လူအများအပြား၏ အမြင်၌ သူသည် မြင့်မြတ်သော တားမြစ်နယ်မြေသခင်ဖြစ်ပြီး ပြိုင်ဘက်ကင်း ကောင်းကင်ဧကရာဇ် တစ်ပါးပင်။

သူ၏လက်ချောင်းကို တစ်ချက်တောက်လိုက်ရုံဖြင့် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ အခြေအနေကို သူ လွယ်လင့်တကူ ပြောင်းလဲနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းများကို ဖြစ်ပေါ်စေနိုင်ပေ၏။

"အဖေ... ခုံးဝူတောက်က အဖေကို စိတ်မပျက်စေခဲ့ပါဘူး... ရှေးဟောင်းမဟာတာအို အမှတ်အသားကို ကျွန်တော်က အောင်မြင်စွာ ရယူနိုင်ခဲ့ပါတယ်..."

ခုံးဝူတောက်က ဦးညွှတ်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။

သို့သော် မကြာမီတွင် ခုံးဝူတောက်သည် တခြားတစ်ခုခုကို အာရုံခံမိသွားပြီး သူ၏မျက်နှာအမူအရာ အနည်းငယ် တွေဝေသွားတော့သည်။

"အဖေ... အဖေရဲ့ချီစွမ်းအင်က နည်းနည်း ပုံမှန်မဟုတ်ဘူးလို့ ကျွန်တော် မြင်တယ်... အစောပိုင်းက နတ်ဘုရားစွမ်းရည် မှော်ပညာရပ် တစ်ခုခုကို အဖေ အသုံးပြုခဲ့တာများလား..."

ခုံးဝူတောက်၏အာရုံခံနိုင်စွမ်းအရ သူ့ဖခင်၏ ကျင့်ကြံခြင်းသည် ကြောက်မက်ဖွယ်ကောင်းကာ ဥပဒေသစွမ်းအားကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ပြီး ချီစွမ်းအင်သဲလွန်စ တစ်ခုကိုမျှပင် ယိုစိမ့်မသွားစေနိုင်ချေ။

သို့သော် ယခုအချိန်၌ သူ့ဖခင်၏ခန္ဓာကိုယ်မှ ထူးဆန်းသော ဟင်းလင်းပြင် လှိုင်းဂယက်များကို ထုတ်လွှတ်နေပြီး အထူးဥပဒေသများဖြင့် အားဖြည့်ထားသော ဤဟင်းလင်းပြင်ကိုပင် ဖရိုဖရဲ ဖြစ်သွားစေသည်။

"ကိစ္စငယ်လေး တစ်ခုပါပဲ..."

ခုံးဝူကျိက ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။

"အရင်က ပုရွက်ဆိတ်လို အင်အားစုတချို့က သူတို့ရဲ့ ပါရမီရှင်တွေအတွက် ရှင်းလင်းချက် တောင်းဖို့ ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေဆီကို ပူးပေါင်းပြီး လာချင်နေကြတာ..."

"ငါက အမိန့်တစ်ခု ပေါ့ပေါ့ပါးပါး ထုတ်ပြန်ပြီး ဒီကောင်တွေကို ခြိမ်းခြောက်လိုက်ရုံပါပဲ..."

"သူတို့ရဲ့ ပါရမီရှင်တွေအတွက် ရှင်းလင်းချက် တောင်းဖို့လား..."

ခုံးဝူတောက် အနည်းငယ် မှင်သက်သွားသော်လည်း ထိုကိစ္စ၏အကြောင်းအရင်းကို လျင်မြန်စွာ ခန့်မှန်းမိသွားပေ၏။

ထိုအရာသည် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် သူ အပြတ်အသတ် အနိုင်ယူခဲ့သော တခြား တာအိုနယ်မြေများမှ ထိပ်သီးအင်အားစုများ ဖြစ်ပေမည်။

သူတို့သည် အတူပူးပေါင်းပြီး ရှင်းလင်းချက် တစ်ခု တောင်းခံရန်အတွက် အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ လာရောက်ရန် စီစဉ်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ် သူ၏ ကောင်းကင်ဘုံ တာအိုနယ်မြေ ခရီးစဉ် အတွင်းတွင် သူသည် အနည်းငယ်မျှပင် သိုသိုသိပ်သိပ် မရှိခဲ့ချေ။

သူသည် ရွှေကျီးကန်း နတ်ဘုရားတောင်မှ လူတိုင်းကို အမြစ်ပြတ်သတ်ဖြတ်ခဲ့ရုံသာမက သူ့ကို စော်ကားခဲ့သော ပါရမီရှင် အများစုမှာလည်း သေဆုံးသွားခဲ့ကြသည်။

"ရှင်းလင်းချက် တောင်းဖို့လာတဲ့ ကောင်တွေရဲ့ အရိပ်အယောင်ကို ဘာလို့ မတွေ့ရတာလဲ..."

ခုံးဝူတောက်က ထပ်မေးလိုက်၏。

"ဟဲ ဟဲ... ဒါက ရိုးရှင်းပါတယ်... ငါက သူတို့နဲ့ အကြောင်းပြချက် ပေးပြီး သူတို့ဘာသာသူတို့ ဆန္ဒအလျောက် လက်လျှော့သွားအောင် လုပ်လိုက်တာလေ..."

ခုံးဝူကျိက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ခုံးဝူတောက် နားလည်သွားပြီး တစ်ချိန်တည်းမှာပင် သူသည် ရယ်ချင်စိတ်နှင့် အကူအညီမဲ့မှုတို့ ရောယှက်နေသော ခံစားချက်ကို မခံစားဘဲ မနေနိုင်တော့ချေ။

အမှန်တကယ်ကို သူသည် သူ့ဖခင်၏ သားအရင်း ဖြစ်ပေသည်။

အကြောင်းပြချက် ပေးရသည်ကို နှစ်သက်သော ဝိသေသလက္ခဏာပင်လျှင် သူ့ထံသို့ ပြီးပြည့်စုံစွာ အမွေဆက်ခံထားခြင်း ဖြစ်ပေ၏။

သူတို့ကဲ့သို့ စွမ်းအားကြီးမားပြီး တခြားသူများကို အကြောင်းပြချက်ဖြင့် ယုံကြည်အောင် လုပ်ရသည်ကို နှစ်သက်သော လူများသည် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ တစ်ခုလုံးတွင် အမှန်တကယ်ကို ရှားပါးလှသည်။

"ပြောရမယ်ဆိုရင် ခုံးဝူတောက်... မင်းက ငါ့ဆီကို နောက်ထပ် အံ့အားသင့်စရာ တစ်ခု ယူဆောင်လာပေးပြန်ပြီ..."

"မင်းက နတ်ဘုရားဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားရုံတင်မကဘူး... နတ်ဘုရားဘုရင် ဥပဒေသ ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခုကိုတောင် စုစည်းနိုင်ခဲ့တယ်..."

"မင်းက ခမည်းတော်ကို တကယ်ပဲ ကြီးမားတဲ့ ဂုဏ်ကျက်သရေကို ယူဆောင်လာပေးတာပဲ..."

ခုံးဝူကျိသည် အလွန် ပျော်ရွှင်နေပုံရပြီး သူ၏ လေသံတွင် သူ၏သားအတွက် ဂုဏ်ယူမှုများ ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။

"မင်း မသိသေးဘူး... နန်ကုန်းရှင်းယွဲ့လည်း နိုးလာပြီ..."

"မင်းရဲ့ သတင်းကို သိပြီးတဲ့နောက်မှာ သူက ကြီးမားတဲ့ ဖိအားတွေကို ခံစားခဲ့ရပြီးတော့ မင်းကို ပိုပြီးမြန်မြန် ကျော်တက်ချင်တာကြောင့် ထျန်းကွမ် လျှို့ဝှက်နယ်မြေထဲကိုဝင်ဖို့ ချက်ချင်း ရွေးချယ်ခဲ့တယ်..."

"နန်ကုန်းရှင်းယွဲ့လား..."

ခုံးဝူတောက် အနည်းငယ် မှင်သက်သွားတော့သည်။

"သူက ဒီခေတ်မှာ တကယ်ကြီး နိုးလာခဲ့တာလား..."

နန်ကုန်းရှင်းယွဲ့သည် ပျက်စီးခြင်းခေတ်တွင် သူတွေ့ဖူးသမျှ လူများအနက် အားအကောင်းဆုံး ပါရမီရှင်ပင်။

ပြိုင်ဘက်ကင်းသည်ဟု ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်သော တခြားပါရမီရှင်များသည် နန်ကုန်းရှင်းယွဲ့၏ရှေ့တွင် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။

နန်ကုန်းရှင်းယွဲ့ တစ်ယောက်တည်းကိုသာ ထိပ်သီးပါရမီရှင်ဟု ခေါ်ဆိုနိုင်ပေသည်။

တခြားပါရမီရှင်များနှင့် သူမ၏ ကြားတွင် ချောက်နက်ကြီးတစ်ခုကဲ့သို့ အကွာအဝေး ရှိနေခဲ့ပေ၏။

သို့သော် ယခုအချိန်၌ သူသည် မဟာမူလအစ ရုပ်ခန္ဓာကိုယ်နှစ်ခုကို နောက်တစ်ကြိမ် နိုးထလာပြီဖြစ်ရာ နန်ကုန်းရှင်းယွဲ့ကို နောက်တစ်ကြိမ် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူမကို ဖိနှိပ်ရန် သူ့တွင် ကိုးဆယ်ရာခိုင်နှုန်း သေချာမှု ရှိနေသည်။

ကျန်ရှိနေသော ဆယ်ရာခိုင်နှုန်းမှာ မသေချာမရေရာသော အချက်များကြောင့်ပင်။

နန်ကုန်းရှင်းယွဲ့သည် အလွန်သန်မာအားကောင်းပြီး အထူးသဖြင့် သူမ၏ မွေးရာပါ အင်မော်တယ် နတ်ဘုရား ရုပ်ခန္ဓာကိုယ်သည် ပုံမှန်မဟုတ်လုနီးပါး ဖြစ်သည်။

ထိုကဲ့သို့သော ရုပ်ခန္ဓာကိုယ် ရှိသူများသည် ရှေးဟောင်း ဧကရာဇ်များ ဖြစ်လာရန်သာမက အင်မော်တယ် တက်လှမ်းခြင်းအတွက် မွေးဖွားလာကြခြင်းပင်။

သူမသည် ထိုကဲ့သို့ ပုံမှန်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံသာမက သူမတွင် နှစ်ကာလ ကြိုတင်သိမြင်ခြင်း နတ်ဘုရားသူငယ်အိမ်လည်း ရှိနေသည်။

ဤရုပ်ခန္ဓာကိုယ်သည် သူ၏ ဟင်းလင်းပြင်ဖရိုဖရဲခန္ဓာကိုယ်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် ဖျက်ဆီးလိုခြင်းစိတ်ဆန္ဒ မရှိသော်လည်း နန်ကုန်းရှင်းယွဲ့သည် ရန်သူ၏ နောက်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းရန် နှစ်ကာလ ကြိုတင်သိမြင်ခြင်း နတ်ဘုရားသူငယ်အိမ်ကို အသုံးပြုနိုင်သည်။

ဤအရာက လိမ်လည်လှည့်စားမှု အလွန်များခြင်းပင်။

ယခင်က သူမနှင့် တိုက်ခိုက်တိုင်း မည်သည့် မျှော်လင့်မထားသော လှုပ်ရှားမှုမဆို လုံးလုံးလျားလျား အသုံးမဝင်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူ လှုပ်ရှားမှု မလုပ်မီမှာပင် နန်ကုန်းရှင်းယွဲ့က သူမ၏ နှစ်ကာလ ကြိုတင်သိမြင်ခြင်း နတ်ဘုရားသူငယ်အိမ်ဖြင့် ထိုအရာကို ကြိုတင် ခန့်မှန်းနိုင်သည်။

တစ်စုံတစ်ယောက်က သူမထက် များစွာ သာလွန်သော ခွန်အားကို ပိုင်ဆိုင်မထားပါက သူမကို ထိပ်တိုက်အနိုင်ယူရန် ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေပုံရကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေသော ခုံးဝူတောက်ကို မြင်လိုက်ရသောအခါ ခုံးဝူကျိက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။

ဒီဟန်ပန်ကိုကြည့်ရတာ ဒီကလေး နှစ်ယောက် တွေ့ပြီးရင် နောက်ထပ် တိုက်ပွဲကြီးတစ်ခု ဖြစ်အုံးမှာ သေချာတယ်...

"အို... ဟုတ်သားပဲ အဖေ... သားမှာ သတင်းပို့စရာ တစ်ခု ရှိသေးတယ်..."

ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏ အတွေးများ လှုပ်ရှားသွားပြီး သူ၏နံဘေးရှိ ဟင်းလင်းပြင်သည် မှန်တစ်ချပ်ကဲ့သို့ အက်ကွဲသွားသည်။

ထို့နောက် လက်သည်းခွံ အရွယ်အစားရှိသော ရှေးဟောင်းမဟာတာအို အမှတ်အသားသည် ထိုအထဲမှ လွင့်မျောလာခဲ့သည်။

ဝုန်း...

ရှေးဟောင်းမဟာတာအို အမှတ်အသား ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အကန့်အသတ်မရှိ ကြီးမားသော တာအိုချီစွမ်းအင်များ ပျံ့နှံ့သွားပြီး ခန်းမကြီး တစ်ခုလုံးကို တုန်ခါသွားစေပေ၏။

သို့သော် ခုံးဝူကျိ၏ ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်ဖြင့် ထိန်းမရသိမ်းမရ ဖြစ်နေသော ရှေးဟောင်းမဟာတာအို အမှတ်အသားသည် ချက်ချင်းဆိုသလိုပင် လူသားတစ်ဦးကဲ့သို့ ငြိမ်သက်သွားတော့သည်။

မြင်နိုင်သောအရှိန်နှုန်းဖြင့် ထိုအရာသည် နတ်ဘုရား အလင်းရောင်များကို ပြန်လည်ရုပ်သိမ်းသွားပြီး နောက်ဆုံးတွင် လေထဲတွင် တိတ်ဆိတ်စွာ ဆိုင်းငံ့နေသော သာမန်သံတုံး တစ်တုံးအဖြစ် အသွင်ပြောင်းသွားသည်။

သို့သော် ရှေးဟောင်းမဟာတာအို အမှတ်အသားသည် ခုံးဝူကျိ ပိုင်ဆိုင်ထားသော စွမ်းအားကို အလွန် ကြောက်ရွံ့နေသည့်အလား အနည်းငယ် တုန်ယင်နေခဲ့၏။

"ခုံးဝူတောက်... မင်းရဲ့ ကံက ကောင်းတာပဲ..."

ခုံးဝူကျိက ထိုအရာကို စစ်ဆေးပြီးနောက် ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောလိုက်သည်။

"ဒီရှေးဟောင်းမဟာတာအို အမှတ်အသားက မူလခေတ်က မူလအစ မဟာတာအို လျှို့ဝှက်ရတနာ တစ်ခုခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လိမ့်မယ်..."

........

အခန်း (၁၇၂) ဖန်ဆင်းခြင်း မူလအစလက်နက် ခုနစ်ခုနှင့် အချစ်ရူးနှစ်ယောက် ဆုံတွေ့ခဲ့ကြသလော...

"မူလအစ မဟာတာအို လျှို့ဝှက်ရတနာ..."

ခုံးဝူတောက် အနည်းငယ် မှင်သက်သွားသည်။

အလွန် လျှို့ဝှက်ဆန်းကြယ်သော မူလဘူတခေတ် အကြောင်းကို သူ သိပ်မသိခဲ့ချေ။

သူ၏ဖခင် ပြောခဲ့သော မူလအစ မဟာတာအို လျှို့ဝှက်ရတနာ ဆိုသည်မှာ အတိအကျ ဘာလဲဆိုသည်ကိုလည်း သူ သဘာဝကျကျပင် မသိခဲ့ချေ။

"ငါလည်း မူလအစ မဟာတာအို လျှို့ဝှက်ရတနာအကြောင်း သိပ်မသိဘူး..."

ခုံးဝူကျိက တခဏကြာ တွေးတောပြီးနောက် ဆက်ပြောလိုက်၏။

"ရှေးအကျဆုံး သမိုင်းမှတ်တမ်းတွေ အရဆိုရင်... မူလအစ မဟာတာအို လျှို့ဝှက်ရတနာကို ဖန်ဆင်းခြင်း မူလအစလက်နက်လို့လည်း ခေါ်ကြတယ်..."

"ကမ္ဘာဦးနဲ့ မူလဘူတခေတ်တွေ မမွေးဖွားခင်မှာ ဖန်ဆင်းခြင်း မူလအစလက်နက်ခုနစ်ခု ထွက်ပေါ်လာခဲ့ပြီးတော့ လောကကြီးမှာရှိတဲ့ မူလဘူတ ကမ္ဘာတွေ အားလုံးက သူတို့ကြောင့် ဖြစ်တည်လာခဲ့တယ်လို့ ဆိုကြတယ်..."

"ဒဏ္ဍာရီတွေမှာ ပြိုကွဲပျက်စီးသွားခဲ့တဲ့ မဟာ အလုံးစုံ ကမ္ဘာကြီးတောင်မှ ဒီ ဖန်ဆင်းခြင်း မူလအစလက်နက် ခုနစ်ခုက ဖန်တီးခဲ့တာပဲ..."

"ဒါပေမယ့် နောက်ပိုင်းမှာ မဟာ အလုံးစုံ ကမ္ဘာကြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြိုကွဲပျက်စီးသွားတော့... ဖန်ဆင်းခြင်း မူလအစလက်နက် ခုနစ်ခုလည်း ကြီးမားတဲ့ ထိတ်လန့်ဖွယ်ရာတစ်ခုကို ခံစားခဲ့ရပြီး လူတွေရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့တယ်..."

"ခုံးဝူတောက်... မင်းက ဖန်ဆင်းခြင်း မူလအစလက်နက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ခြေ အရမ်းများတဲ့ အရာတစ်ခုကို ရလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့ဘူး..."

"ဒီပစ္စည်းကို မင်း သေချာသိမ်းထားရမယ်... အနာဂတ်မှာ ဒါက မင်းအတွက် အများကြီး အသုံးဝင်လာနိုင်တယ်..."

ခုံးဝူကျိက ရှင်းပြပြီးနောက် သူ၏ သားကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"ဒီရက်အနည်းငယ်အတွင်းမှာ မင်း သေချာ အနားယူသင့်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ မင်းရဲ့ကျင့်ကြံခြင်းကို ခိုင်မာအောင် လုပ်ပြီး မင်းရဲ့ အကျိုးအမြတ်တွေကို ချေဖျက်လိုက်တော့..."

"မင်းပြောတဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေရဲ့ လူသားကိုယ်ပွားကိုတော့... မင်းဆီ ခေါ်လာဖို့ ငါ လူလွှတ်လိုက်ပြီ..."

"ကောင်းကင်တာအိုရဲ့ကိုယ်ပွားကို တိုက်ရိုက်ယဉ်ပါးအောင် သွေးဆောင်တာက... ငါတောင် လုပ်ဖို့ ခက်ခဲတဲ့ အရာတစ်ခုကို မင်း တကယ်ကြီး လုပ်နိုင်ခဲ့တာပဲ..."

ဤစကားများကို ပြောသောအခါ ခုံးဝူကျိ၏ လေသံတွင် ဂုဏ်ယူဝံ့ကြွားမှု ခံစားချက်က ပို၍ပင် အားကောင်းလာခဲ့၏။

သူ၏ခွန်အားသည် ကြီးမားသော်လည်း...

ကောင်းကင်ပြာကဲ့သို့ ကောင်းကင်တာအိုကိုယ်ပွားကို ယဉ်ပါးအောင် သွေးဆောင်ရန် သူ့ထံတွင် နည်းလမ်း မရှိခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တာအို လူ့အသွင်ယူခြင်းသည် မူလက တာအိုနယ်မြေ တစ်ခု၏ ဆန္ဒမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကောင်းကင်တာအို ဥပဒေသ အတွင်း ပြီးပြည့်စုံစွာ ပုန်းအောင်းနိုင်စွမ်းရှိသည်။

အကယ်၍ တစ်ဖက်လူက ပုန်းအောင်းချင်မည်ဆိုပါက မည်မျှပင် အားကောင်းသော တည်ရှိမှု ဖြစ်ပါစေ သူမ၏သဲလွန်စကို ရှာတွေ့ရန် မျှော်လင့်နိုင်မည် မဟုတ်ချေ။

အကယ်၍ တစ်ယောက်ယောက်က သူမကိုပင် မရှာနိုင်လျှင် သူမကို ယဉ်ပါးအောင် သွေးဆောင်ခြင်းဆိုသည်မှာ ပြောနေရန်ပင် မလိုတော့ချေ။

ကောင်းကင်တာအိုကို ယဉ်ပါးအောင် သွေးဆောင်ခြင်း အတွက်မူ...

ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ တခွင်လုံးကို ကြည့်မည်ဆိုပါက သူ၏ သားဖြစ်သူ ခုံးဝူတောက် တစ်ယောက်တည်းသာ ထိုအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

နတ်ဘုရားဘုရင် ဥပဒေသ ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခုဖြင့် အဆင့်ချိုးဖျက်ဝင်ရောက်ခြင်း...

ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ပါရမီရှင်များကို သတ်ဖြတ်ခြင်းနှင့် နောက်ဆုံးတွင် ကောင်းကင်တာအိုကို ယဉ်ပါးအောင် သွေးဆောင်ခြင်း...

ဘယ်အရာပဲ ဖြစ်ဖြစ်... အဲ့ဒါတွေက သူ့ကို ကြီးမားတဲ့ အံ့အားသင့်စရာတွေ ယူဆောင်လာပေးနိုင်ခဲ့တယ်...

အနာဂတ်မှာ ရှီးအာက ဖခင် တစ်ယောက်အနေနဲ့ သူတို့ရဲ့သားကို သူ ဘယ်လောက် ကောင်းကောင်း ပြုစုပျိုးထောင်ခဲ့တယ် ဆိုတာ သိသွားရင်... သူ အရမ်း ဝမ်းသာသွားမယ် မဟုတ်လား...

နောက်ဆုံးတော့ သူ့ရဲ့ဇနီးရှေ့မှာ ဂုဏ်ယူစရာ တစ်ခု သူ ရသွားခဲ့ပြီ....

ခုံးဝူတောက်၏မိခင်သည် နံဘေး၌ မရှိလျှင်ပင် ဖခင်တစ်ယောက်အနေနှင့် သူက ခုံးဝူတောက်ကို အလွန်ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ခဲ့သည်။

..........

သူ၏ဖခင်နှင့် တွေ့ဆုံပြီးနောက်....

ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ပင်မခန်းမကြီးမှ ထွက်ခွာလာပြီး သူ၏ ကိုယ်ပိုင်နန်းတော်သို့ ပြန်လာခဲ့သည်။

ဧရာမနန်းတော်ကြီး အတွင်း၌...

ပုံရိပ်တချို့က ရိုသေလေးစားစွာ စောင့်ဆိုင်းနေကြသည်။

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်..."

မုချင်းလီနှင့်တခြားသူများက ရိုသေလေးစားစွာ ရှေ့ထွက်လာပြီး ခုံးဝူတောက်ကို ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... အပြည့်အဝ လွတ်လပ်ခွင့် ရအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကောင်းကင်ပြာက ထာဝရ ကျေးဇူးတင်နေမှာပါ..."

ကောင်းကင်ပြာသည်လည်း ရှေ့ထွက်လာသည်။

သူမ၏ ကဏဦး အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်ပြာ၏ လှပသော မျက်လုံးများထဲရှိ ရိုးသားသော ရိုသေလေးစားမှုများသည် ယခုအချိန်၌ ရုပ်လုံးပေါ်လာပုံ ရပေ၏။

ခုံးဝူတောက်က သူ၏ ကတိကို အမှန်တကယ် တည်လိမ့်မည်ဟု သူမ အနည်းငယ်မျှ မျှော်လင့်မထားခဲ့ချေ။

သူမ၏ အချုပ်အနှောင်များကို ချိုးဖျက်ပြီး ကောင်းကင်ဘုံ တာအိုနယ်မြေမှ လုံးလုံးလျားလျား ခေါ်ထုတ်သွားရန် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် နှစ်ပါးကို သူ အမှန်တကယ် ခိုင်းစေခဲ့သည် မဟုတ်လော...

သူမ ပြင်ပကမ္ဘာကို မြင်တွေ့ချင်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြ။

ယခု ကျယ်​ပြန့်သော ပြင်ပကမ္ဘာကို သူမ မြင်တွေ့ရသောအခါ...

ကောင်းကင်ပြာသည် အလွန်အမင်း ပျော်ရွှင်နေပြီး ခုံးဝူတောက်၏ အကူအညီအတွက် ရိုးသားစွာ ကျေးဇူးတင်နေခဲ့၏။

ခုံးဝူတောက်၏လေသံက နူးညံ့ညင်သာနေသည်။

"စီနီယာ ကောင်းကင်ပြာ... ဒီလောက်ထိ ဖြစ်နေစရာ မလိုပါဘူး... ဒါက ဒီဂျူနီယာ ကတိပေးထားတဲ့ အရာဖြစ်တဲ့အတွက်... ဒီ ဂျူနီယာက ကတိဖျက်မှာ မဟုတ်ပါဘူး..."

ဤအကြောင်းကို ပြောရမည်ဆိုလျှင် ကောင်းကင်ပြာက သေဆုံးသွားပြီဖြစ်သော တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ရုတ်တရက် သတိရသွားသည်။

အစောပိုင်းက သူမ စိတ်လွတ်သွားသည့်အလားထိုလူယုတ်မာ တုန်လှုပ်ချောက်ချား အင်မော်တယ်ကို အပြည့်အဝ ပြုစုပျိုးထောင်ရန်အတွက် သူမ၏မူလအစ စွမ်းအားများကို အကုန်အကျခံရန် သူမ မတုံ့ဆိုင်းခဲ့ချေ။

အဆုံးတွင်မူ သူက ကျေးဇူးကန်းသော လူယုတ်မာတစ်ယောက် ဖြစ်လာခဲ့သည်။

ယခု ခုံးဝူတောက်နှင့် နှိုင်းယှဉ်ပါက သူတို့ နှစ်ယောက်ကြားတွင် နှိုင်းယှဉ်စရာလုံးဝမရှိတော့ချေ။

ကောင်းကင်ပြာ အနည်းငယ် ရပ်တန့်သွားပြီးနောက် သူမ၏လက်များကို နောက်တစ်ကြိမ် ပူးဆုပ်လိုက်၏။

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... အခု အရှင်က ငါ့ကို ကောင်းကင်ဘုံ တာအိုနယ်မြေကနေ ခေါ်ထုတ်လာပြီဆိုတော့... ငါ့ကို လုပ်ခိုင်းချင်တာ တစ်ခုခု ရှိလား... ကောင်းကင်ပြာက အရှင့်အတွက် ဘာမဆို တွေဝေတုံ့ဆိုင်းမှုမရှိဘဲ လုပ်ပေးဖို့ ဆန္ဒရှိပါတယ်..."

ကောင်းကင်ပြာက ဤမျှထိ တက်ကြွလိမ့်မည်ဟု မျှော်လင့်မထားမိသဖြင့် ခုံးဝူတောက်က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

ကောင်းကင်တာအို လူ့အသွင်ယူခြင်း ဖြစ်သော ကောင်းကင်ပြာကို ယဉ်ပါးအောင် သွေးဆောင်ပြီးနောက်...

တခြားကောင်းကင်တာအို လူ့အသွင်ယူခြင်းများ၏ သဲလွန်စများကို သူ ရှာဖွေချင်ခဲ့ပြီး တတ်နိုင်သမျှ သူတို့ကို သူ၏အမိန့်အောက်သို့ ခေါ်ဆောင်ချင်ခဲ့သည်။

သို့သော် အရာရာတိုင်းကို အလျင်စလို မလုပ်သင့်ချေ။ ထိုအရာကို တဖြည်းဖြည်း လုပ်ဆောင်ရန် လိုအပ်သည်။

"အလျင်လိုစရာ မလိုပါဘူး... စီနီယာ ကောင်းကင်ပြာက အခုလေးတင်မှ လွတ်လပ်ခွင့် ရထားတာလေ..."

"စီနီယာ ကောင်းကင်ပြာက ဒီအချိန်ကို အသုံးချပြီး ကမ္ဘာအမျိုးမျိုးဆီ သွားရောက်လည်ပတ်ပြီး အနားယူလို့ ရပါတယ်..."

"သေချာတာပေါ့... တကယ်လို့ ဖြစ်နိုင်ရင်... စီနီယာ ကောင်းကင်ပြာက တခြားတာအိုနယ်မြေတွေက ကောင်းကင်တာအို လူ့အသွင်ယူခြင်းတွေကို ရှာဖို့ ငါ့ကို ကူညီပေးနိုင်ပါတယ်..."

ကောင်းကင်ပြာသည် ငတုံးငအတစ်ယောက် မဟုတ်ချေ။

ခုံးဝူတောက်၏ စကားများမှတစ်ဆင့် သူ၏ အလားအလာရှိသော ရည်မှန်းချက်များကို သူမ သဘာဝကျကျ နားလည်ခဲ့ပေ၏။

သို့သော် ယခုအချိန်၌ သူမသည် ခုံးဝူတောက်၏လူ ဖြစ်နေလေပြီ။

ခုံးဝူတောက်က သူမအပေါ် ကန့်သတ်ချက်များ အလွန်အမင်း ချမှတ်မထားတာကို ဘေးဖယ်ထားလျှင်ပင်...

သူမ သွားချင်သော ကမ္ဘာများသို့ သွားရောက်လည်ပတ်ပြီး ကြည့်ရှုရန်ပင် သူက ခွင့်ပြုထားသေးသည် မဟုတ်လော....

သူမလိုမျိုး ကောင်းကင်တာအို လူ့အသွင်ယူခြင်းတွေကိုရှာဖို့ သူ့ကို ကူညီပေးပြီး သူတို့ကို ခုံးဝူတောက်ရဲ့ အမိန့်အောက် ရောက်လာအောင် ခေါ်လာပေးဖို့...

သူမက အရမ်းဆန္ဒရှိတယ်...

"နတ်ဘုရားသားတော်အရှင်... သခင့်အတွက် ကျွန်မ လုပ်ပေးနိုင်တာ တစ်ခုခု ရှိလား..."

ကြည်လင်ပြီး သာယာသော အသံတစ်သံက ရုတ်တရပ် ပဲ့တင်ထပ်လာသည်။

ခုံးဝူတောက်က မသိစိတ်အရ မော့ကြည့်လိုက်ပြီး မုချင်းလီ၏အကြည့်နှင့် ဆုံတွေ့မိသည်။

မုချင်းလီ၏ပါရမီသည် ကောင်းမွန်ပေ၏။ ယခင်က သူမထံတွင် အလွန် မြင့်မားသော ကောင်းကင်ကံကြမ္မာအမှတ်များ ရှိခဲ့သည်။

သူမသည် သူ မြင်ဖူးသမျှ မဟာ ရုပ်ခန္ဓာကိုယ် နှစ်ခုပါရှိသော ပထမဆုံး ကံကြမ္မာသမီးတော်ပင်။

သူမသည် ရှေးဟောင်း ဗာမီလီယန်သွေးကြောကို အောင်မြင်စွာ နိုးထနိုင်ခဲ့သော်လည်း သူမ၏ ဗာမီလီယန်ငှက် နတ်ဘုရားမျက်လုံးသည် နိုးထမလာသေးချေ။

ထိုကဲ့သို့ ရုပ်ခန္ဓာကိုယ်ကို နိုးထရန် ဗာမီလီယန်ငှက်မျိုးနွယ်စု၏ ကျင့်ကြံနည်းစနစ်ကို လိုအပ်ပေလိမ့်မည်။

ဤအချက်က မုချင်းလီကို ရှေးဟောင်း ဖီးနစ်မျိုးနွယ်တွင် နေရာချပေးရန် နည်းလမ်းရှာချင်သည့် ခုံးဝူတောက်၏ အဓိက အကြောင်းအရင်း တစ်ခုလည်းဖြစ်သည်။

ရှေးဟောင်းဖီးနစ်မျိုးနွယ်၏ မူလအစ လျှို့ဝှက်ရတနာကို သူ လိုချင်ရုံသာမက....

မုချင်းလီကို ဝင်ပေါက်တစ်ခုအဖြစ် အသုံးပြုကာ ရှေးဟောင်း ဖီးနစ်မျိုးနွယ် တစ်ခုလုံးကိုလည်း သူ ထိန်းချုပ်ချင်ခဲ့သည်။

"ဘာမှ မရှိပါဘူး..."

"ချင်းလီ... မင်းရဲ့ကျင့်ကြံခြင်းက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ခြောက်ကို ရောက်နေပြီ မဟုတ်လား... မကြာသေးခင်က မြင့်တက်လာတဲ့ မင်းရဲ့ ကျင့်ကြံခြင်းကို သေချာခိုင်မာအောင် လုပ်လိုက်ပါ..."

နောက်ထပ် ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် ခုံးဝူတောက်က နန်းတော်ထဲမှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

သို့သော် ခုံးဝူတောက်၏ စကားများကို ကြားလိုက်ရသော မုချင်းလီသည် အနည်းငယ် စိတ်ပျက်သွားကြောင်း ရှင်းလင်းနေပြီး သူမ၏ မျက်နှာအမူအရာ မှေးမှိန်သွားကာ သူမ၏ ခေါင်းက အလိုအလျောက် ငိုက်စိုက်ကျသွားတော့သည်။

ခုံးဝူတောက်က ခုံးဝူကျိကို တွေ့ရန် သွားနေစဉ်...

မုချင်းလီသည် တခြားထူးခြားသော အမျိုးသမီးတစ်ဦးဖြစ်သော ရှားချူလီနှင့် တွေ့ဆုံခဲ့ပေ၏။

နေလနတ်ဘုရားအင်ပါယာသို့ ခရီးစဉ် ပြီးဆုံးသွားပြီးနောက်...

ခုံးဝူတောက်က ရှားချူလီကို သူ၏ကိုယ်ပိုင်တံဆိပ်ပြားတစ်ခု ပေးခဲ့သည်။

သူမ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသည်နှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ လာရောက်၍ သူ့ကို ရှာဖွေနိုင်ပြီး သူ၏နောက်လိုက်များထဲမှ တစ်ဦး ဖြစ်လာနိုင်ကြောင်း သူက သူမကို ပြောဆိုခဲ့၏။

ရှားချူလီသည် သဘာဝကျကျပင် ကြိုးစားပမ်းစား ကျင့်ကြံခဲ့ပြီး ခုံးဝူတောက် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ရှိနေစဉ် အချိန်အတွင်း နေ့ရောညပါ ကျင့်ကြံကာ သူမ၏ ကျင့်ကြံခြင်းကို ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်အဆင့်ရှစ်သို့ မြှင့်တင်နိုင်ခဲ့သည်။

ရှားချူလီက ခုံးဝူတောက်၏နောက်လိုက်အဟောင်းများကို နှုတ်ဆက်ပြီး သူမ၏ ရည်မှန်းချက်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုခဲ့သည်။

"ငါ့ရဲ့ အိပ်မက်က နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့လက်ထဲက ဓားတစ်လက် ဖြစ်လာပြီး သူရဲ့ အတားအဆီး အားလုံးကို ခုတ်ပိုင်းပစ်ဖို့ပဲ..."

ဤအရာက မုချင်းလီကို ကြီးမားသော အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု ခံစားရစေခဲ့၏။

နတ်ဘုရားသားတော်အရှင်ကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးအတွက်...

သူ၏အမျိုးသမီး ဖြစ်လာရန် ဆိုသည်ကို သူမ တစ်ကြိမ်တစ်ခါမျှ မတွေးဖူးခဲ့သလို တွေးရန်လည်း မရဲခဲ့ချေ။

နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်၏ နောက်သို့လိုက်ရန် သူမ ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်ကတည်းကပင် သူမ ဆုံးဖြတ်ပြီးဖြစ်သည်။ ဤသည်မှာ သူမသည် သူ၏လက်ထဲမှ ထက်ရှသော ဓားတစ်လက် ဖြစ်လာရန်နှင့် သူ့အတွက် ရန်သူအားလုံးကို သတ်ပေးရန်ပင်။

သို့သော် အခုအချိန်၌ တူညီသော ရည်မှန်းချက် ရှိသည့် တခြားတစ်ယောက် ထွက်ပေါ်လာခဲ့လေပြီ။ ထို့ပြင် တစ်ဖက်လူသည်လည်း အမျိုးသမီး တစ်ယောက် ဖြစ်နေသည်။

ဤအရာက သူမကို နက်ရှိုင်းသော ရဲဘော်ရဲဘက်စိတ်ဓာတ်ကို မခံစားရစေခဲ့ပေ။ ထိုအစား ထိုအရာက သူမကို အရေးတကြီး ခံစားချက်တစ်ခုအား ခံစားရစေပေ၏။

"မဟုတ်ဘူး..."

မုချင်းလီက သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။

"ဘာပဲဖြစ်ဖြစ်... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ဘေးက အထက်ရှဆုံးဓားက ငါပဲ ဖြစ်ရမယ်..."

သူမသာ ကြားနိုင်သည့် စကားတစ်ခုကို တီးတိုး ရေရွတ်ပြီးနောက်....

မုချင်းလီ၏အကြည့်သည် ခုံးဝူတောက်၏ ထွက်ခွာသွားသော ကျောပြင်ကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေသည့် ရှားချူလီထံသို့ ရောက်ရှိသွား၏။

နောက်ကျကျန်ရစ်မည်ကို မလိုလားမှုနှင့် အရှုံးမပေးလိုမှု အရိပ်အယောင်လေးတစ်ခုက သူမ၏ လှပသော မျက်လုံးများတွင် ထွက်ပေါ်လာခဲ့သည်။

ရှားချူလီက ထိုအရာကို အာရုံခံမိပုံရပြီး အလားတူ အကြည့်မျိုး ပြန်လည်ပေးပို့လိုက်သည်။

ဤ "ဓား" နှစ်လက် ဆုံတွေ့သွားသောအခါ...

ထိပ်တိုက်တွေ့နေသော မမြင်နိုင်သည့် ထက်ရှမှုက ရှင်းပြ၍မရနိုင်လောက်အောင် ကျောချမ်းစရာ ကောင်းနေသည်။

အကြည့်နှစ်ခု၏ အလယ်ဗဟိုတွင် တိုက်ဆိုင်စွာ ရှိနေသော ဝူထျန်သည် ရှင်းပြ၍မရနိုင်လောက်အောင် တုန်ရီသွားပြီး ကြက်သီးထသွားပေ၏။

မဟုတ်ဘူး...

အချစ်ရူးဖြစ်နိုင်သော မုချင်းလီ တစ်ယောက်တည်းနှင့်ပင် သူ၏ဦးရေပြားကို ထုံကျင်သွားစေရန် လုံလောက်နေပြီ မဟုတ်ပါလော။ ယခု မည်သည်ကြောင့် နောက်ထပ် ရှားချူလီတစ်ယောက် ရှိနေရပြန်သနည်း။

ဝူထျန်ကို ပို၍ပင် စိတ်ပျက်သွားစေခဲ့သည့်အရာမှာ ဤအမျိုးသမီး နှစ်ဦးသည် သူတို့ အလိုရှိသလောက် လျှို့ဝှက်စွာ ယှဉ်ပြိုင်နိုင်သည်။

သို့သော် ပွဲကြည့်ပရိသတ်တစ်ယောက်သာဖြစ်သော သူ့ကို မ​ည်သည်ကြောင့် ဆွဲသွင်းရသနည်း။

........

All Chapters