အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း (၁၇၅) မြင့်မားတဲ့ ကောင်းကင်ကံကြမ္မာအမှတ်တွေ.... ကောင်းကင်ကံကြမ္မာရဲ့ အမှန်တရား
"နတ်ဘုရားသားတော်အရှင်... ရှေးဟောင်းဘိုးဘေး ယွန်ရှီးက အစောပိုင်းတုန်းက တံခါးပိတ် ကျင့်ကြံနေခဲ့တာပါ... ဒါပေမယ့် အခု သူ လာနေပါပြီ... နတ်ဘုရားသားတော်အရှင်က ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့..."
ပြန်လည်ဝင်စားခြင်းတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်၏နဖူးတွင် ချွေးပေါက်များ သီးနေပြီး သတိကြီးစွာထား၍ ဦးညွှတ်လိုက်၏။
ခုံးဝူတောက်သည် မည်သည်ကြောင့် သူတို့၏ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းသို့ မျက်နှာသာပေးကာ ရောက်ရှိလာခဲ့သည်ကို လူတိုင်း သိထားကြသည်။
သူတို့၏နှလုံးသားထဲတွင် အနည်းငယ် မလျော်ကန်သော အတွေးများ ရှိနေကာ...
သူတို့၏ ရှေးဟောင်းဘိုးဘေးယွန်ရှီးသည် ဒဏ္ဍာရီလာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်နှင့် တစ်ခုခု ဖြစ်ပေါ်လာနိုင်မည်ဟု သူတို့ မျှော်လင့်ထားဆဲပင်။
တားမြစ်ထားသော အချစ်ဇာတ်လမ်းတစ်ခုပင် ဖြစ်လာနိုင်သည်။
ရှေးဟောင်းဘိုးဘေးယွန်ရှီးသည် အသက် သောင်းနှင့်ချီ ရှိနေပြီ ဖြစ်သော်လည်း သူမ၏ အရေပြားနှင့် အသွင်အပြင်သည် မိန်းမပျိုလေး တစ်ဦးကဲ့သို့ ရှိနေဆဲပင်။
ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများအားလုံးကို ကြည့်မည်ဆိုပါက သူမသည် အလှဆုံးအမျိုးသမီးများထဲမှတစ်ဦး ဖြစ်သည်။
ထို့ပြင် သူမ ရှင်သန်ခဲ့သော သောင်းနှင့်ချီသော နှစ်ကာလတလျှောက်လုံးတွင် သူမထံ၌ တာအိုလက်တွဲဖော် တစ်ယောက်မှ မရှိခဲ့ဖူးချေ။
သူတို့၏ဂိုဏ်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက်....
သူတို့သည် သူတို့၏ရှေးဟောင်းဘိုးဘေးယွန်ရှီးကို အနှောင့်အယှက်ပေးရုံသာ တတ်နိုင်တော့ပေသည်။
သို့သော် ဤကိစ္စသည် အနှောင့်အယှက်တစ်ခု လုံးဝမဟုတ်ဟု ပြန်လည်ဝင်စားခြင်းတာအိုဂိုဏ်းချုပ်က ခံစားမိပေ၏။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူမှာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် ဖြစ်နေသည် မဟုတ်လော...
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... စောစောမကြိုဆိုနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်... အရှင်က စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်..."
ဤအချိန်အခိုက်အတန့်တွင် ကြည်လင်ပြီး လောကီနှင့်ကင်းကွာသော အသံတစ်သံက မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ ရှေးဟောင်းဘိုးဘေးဖြစ်သော ပြန်လည်ဝင်စားခြင်း ဧကရီ ယွန်ရှီးသည် မိုးကုတ်စက်ဝိုင်းမှအလင်းတန်းတစ်တန်းကို စီးနင်းကာ ရောက်ရှိလာပေ၏။
ယနေ့၌ ချူယွန်ရှီးသည် အဖြူရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
သူမ၏ခါးတဝိုက်ရှိ နှင်းကဲ့သို့ ဖြူဖွေးသော ခါးပတ်သည် သူမ၏ သေးသွယ်သောခါးကို အားနည်းသော မိုးမခပင်ကဲ့သို့ စည်းနှောင်ထားသည်။ ထိုကြောင့် သူမ၏ရင်ဘတ်ပေါ်ရှိ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံနေရာသည် အထက်သို့ တွန်းတင်ခံထားရပြီး စုတ်ပြဲလုနီးပါး ဖြစ်နေပေ၏။
ပွယောင်းသော ဝတ်ရုံများပင်လျှင် သူမ၏ နတ်မိစ္ဆာဆန်ပြီး လှပသော ကောက်ကြောင်းများကို မဖုံးကွယ်နိုင်ခဲ့ချေ။ သူမအား တစ်ချက်ကြည့်မိရုံဖြင့်ပင် အသက်ရှူမှားစေရန် လုံလောက်သည်။
သူမ၏အရှိန်အဝါသည် အင်မော်တယ် တစ်ပါးကဲ့သို့ လောကီနှင့်ကင်းကွာနေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဧကရီတစ်ပါး၏ တော်ဝင်ဆန်သော ကြီးကျယ်ခမ်းနားမှုများကို ထုတ်လွှတ်ထားပေ၏။
ထိုသို့ဆိုသည့်တိုင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လူအများ၏စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသော ဆွဲဆောင်မှုနှင့် ညှို့ငင်မှုများကိုလည်း ပြသနေသည်။
ထိုကဲ့သို့ ကပ်ဘေးဆိုက်စေလောက်သော အလှတရားက ခုံးဝူတောက်ကို အနည်းငယ်ပို၍ ကြည့်မိစေခဲ့သည်။
[အမည်- ချူယွန်ရှီး (ဧကရီဘွဲ့...ပြန်လည်ဝင်စားခြင်း ဧကရီ)]
[နယ်ပယ်...မဟာဧကရာဇ်နယ်ပယ် အဆင့်ခုနစ်... ဟုန်ချန် မဟာဧကရာဇ်(ဒုတိယဘဝ)]
ဤအချင်းအရာကို မြင်လိုက်ရသောအခါ ခုံးဝူတောက်က မျက်ခုံးတစ်ဖက် အနည်းငယ် ပင့်လိုက်၏။
ချူယွန်ရှီးကို သူ နောက်ဆုံးအကြိမ် မြင်ခဲ့စဉ်က သူမ၏ကျင့်ကြံခြင်းမှာ မဟာဧကရာဇ်နယ်ပယ် အဆင့်ငါးတွင်သာ ရှိသေးကြောင်း သူ မှတ်မိနေသည်။
သူတို့ နောက်ဆုံး တွေ့ခဲ့သည်မှာ မည်မျှ ကြာသေးသနည်း...
သူမသည် မဟာဧကရာဇ်နယ်ပယ် အဆင့်ခုနစ်သို့ အမှန်တကယ်ကို ချိုးဖောက်ဝင်ရောက်သွားခဲ့လေပြီ။
မဟာဧကရာဇ်တစ်ပါးနှင့် တခြားနယ်ပယ်များမှ ကျင့်ကြံသူများသည် ကွဲပြားခြားနားသော တည်ရှိမှုနှစ်ခုပင်။
မဟာဧကရာဇ်နယ်ပယ်တွင် အဆင့်ချိုးဖျက်မှုတစ်ခု အောင်မြင်ရန်အတွက်....
ထိုအရာသည် ကျင့်ကြံခြင်းအရင်းအမြစ် အများအပြားကို စုဆောင်းရန်သာမက အချိန်၏ အနည်ထိုင်မှုနှင့် တာအိုကို ပို၍မြင့်မားစွာ နားလည်သဘောပေါက်ရန်လည်း လိုအပ်ပေ၏။
အချိန်တိုနှစ်လအတွင်းမှာပင် သူမက အဆင့်ငယ်နှစ်ခုကို တိုက်ရိုက်ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။
ထိုကဲ့သို့ ကျင့်ကြံဆင့်ချိုးဖျက်မှု အရှိန်နှုန်းသည် မဟာဧကရာဇ်ကျွမ်းကျင်သူများကြားတွင် ရှားပါးသည်ဟု ဆိုနိုင်သည်။
[အထောက်အထား....ကောင်းကင်ကံကြမ္မာ အမျိုးသမီးဇာတ်ဆောင်...ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ အမြင့်မြတ်ဆုံး ရှေးဟောင်း ဘိုးဘေး...]
[ရုပ်ခန္ဓာကိုယ်...ယင်ယန် ပြန်လည်ဝင်စားခြင်း နတ်ဘုရားရုပ်ခန္ဓာကိုယ် (ကြီးမားသော အောင်မြင်မှုအဆင့်) ကောင်းကင်နှင့်မြေကြီး အင်မော်တယ် အရိုး (မပြည့်စုံ) ]
ဤအချင်းအရာကို မြင်လိုက်ရသောအခါ ခုံးဝူတောက်သည် နောက်တစ်ကြိမ် အနည်းငယ် မှင်သက်သွားပေ၏။
ကောင်းကင်နှင့်မြေကြီး အင်မော်တယ်အရိုး၏ ဘေးတွင် မည်သည့်အကြောင်းအရင်းကြောင့် "မပြည့်စုံ" ဆိုသည့် မှတ်ချက် ရှိနေရသနည်းဟု သူ တွေးတောလိုက်သည်။
ဖြစ်နိုင်သည်မှာ ပြန်လည်ဝင်စားခြင်းဧကရီသည် ထိုအရာကို အခြားသူတစ်ယောက်ထံမှ ထုတ်ယူခဲ့ခြင်း ဖြစ်နေသလော...
[သခင့်ကို ပြန်လည်ဖြေကြားရရင် ရုပ်ခန္ဓာကိုယ် စာမျက်နှာမှာရှိတဲ့ "မပြည့်စုံ" ဆိုတဲ့ မှတ်ချက်က အဲ့ဒီရုပ်ခန္ဓာကိုယ်က တခြားလူတစ်ဦးထံမှ လုယက်ထားတာကို ညွှန်ပြထားတာပါ...]
[လုယက်နေချိန် အတောအတွင်းမှာ ဆုံးရှုံးမှုတချို့ ရှိနေတာကြောင့် အဲ့ဒီအရာကို "မပြည့်စုံ" လို့ မှတ်ချက်ပြုထားတာပါ...]
ဤအရာကို ကြားလိုက်ရသောအခါ ခုံးဝူတောက် နားလည်သွား၏။ သူ တွေးထင်ထားသည့်အတိုင်း အမှန်တကယ်ကို ဖြစ်နေသည်။
ဤအချက်က သူ့ကို အံ့အားသင့်သွားစေသော်လည်း...
ထိုအရာက ပြန်လည်ဝင်စားခြင်းဧကရီနှင့် ပတ်သက်သော သူ၏အမြင်ကို အနည်းငယ် ပြောင်းလဲသွားစေသည်။
ကြည့်ရသည်မှာ သူမသည် သက်ရှိအားလုံးအတွက် တရားမျှတမှုအကြောင်းကို အမြဲတစေ ပြောဆိုနေသော ဧကရီတစ်ပါး မဟုတ်နိုင်ချေ။
သူမသည် ရှင်းလင်းသော နားလည်မှု ရှိသည့် အတ္တသမားတစ်ဦးလည်း ဖြစ်နေပေ၏။
ရှင်းလင်းသော ပန်းတိုင် သို့မဟုတ် ဆန္ဒ မရှိသူများနှင့် နှိုင်းယှဉ်ပါက...
ထိုကဲ့သို့ အတ္တသမားများကို သူ ပို၍နှစ်သက်သဘောကျသည်။ အကြောင်းအရင်းမှာ ထိုကဲ့သို့ လူများကို ထိန်းချုပ်ရန် ပို၍လွယ်ကူသောကြောင့်ပင်။
သူတို့အား လုံလောက်သော အကျိုးခံစားခွင့်များ ပေးသရွေ့ သူတို့သည် စိတ်ရောကိုယ်ပါ လုံးလုံးလျားလျား မြှုပ်နှံ့ကြပေလိမ့်မည်။
ခုံးဝူတောက်၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။
ဤကောင်းကင်နှင့်မြေကြီး အင်မော်တယ်အရိုး ဆိုသည်မှာ...
သူမ၏ ယခင်ဘဝက မှတ်ဉာဏ်များအပေါ် အခြေခံ၍ ကျင့်ကြံသူတစ်ဦးထံမှ ဤပြန်လည်ဝင်စားခြင်း ဧကရီက ထုတ်ယူခဲ့ခြင်း ဖြစ်နိုင်သည် မဟုတ်လော...
သူ ဆက်လက်၍ အောက်သို့ကြည့်လိုက်ချိန်၌ ခုံးဝူတောက်သည် နောက်ဆုံးတွင် ကောင်းကင်ကံကြမ္မာအမှတ်များကို မြင်တွေ့လိုက်ရပေ၏။
ရှည်လျားသော ကိန်းဂဏန်းအတန်းလိုက်ကို မြင်လိုက်ရပြီးနောက်...
ခုံးဝူတောက်သည် သူ၏အသက်ကိုပင် အောင့်ထားလိုက်မိသည်။
[ကောင်းကင်ကံကြမ္မာအမှတ်... ၁၈၀၀၀၀]
ကောင်းကင်ကံကြမ္မာအမှတ် တစ်သိန်းရှစ်သောင်းတိတိ...
ကောင်းကင်ကံကြမ္မာသားတော်များနှင့် ကံကြမ္မာ သမီးတော်များကို သူ အမဲလိုက်ခဲ့စဥ်ကတည်းက ဤသည်မှာ သူ မြင်ဖူးသမျှအနက် အမှန်တကယ်ကို အများဆုံးပင်။
သို့သော် သူမထံတွင် မည်သည်ကြောင့် ဤမျှထိ အများကြီး ရှိနေရသနည်းဟု သူ တွေးတောမိလေ၏။
သူ၏ ယခင်ခန့်မှန်းချက်အရဆိုလျှင်....
ချူယွန်ရှီးသည် ၂ ရာခိုင်နှုန်း ယဉ်ပါးအောင် သွေးဆောင်ခံခဲ့ရပြီး ထိုအချိန်က ကောင်းကင်ကံကြမ္မာအမှတ် ၅၀၀ နှုတ်ယူခြင်းခံခဲ့ရသည်။
ရိုးရှင်းသော တွက်ချက်မှုအရဆိုလျှင် သူမထံတွင် ကောင်းကင်ကံကြမ္မာအမှတ် ၂၅၀၀၀ခန့် ရှိနေသင့်ပေသည်။
အချိန်တိုနှစ်လကျော်အတွင်းမှာပင် သူမ၏ ကောင်းကင်ကံကြမ္မာအမှတ်များက မည်သည်ကြောင့် တစ်သိန်းရှစ်သောင်းအထိ တိုက်ရိုက်မြင့်တက်သွားရသနည်း....
ခုံးဝူတောက်၏စိတ်ရှုပ်ထွေးမှုကို အာရုံခံမိသည့်အလား..
စနစ်၏အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့၏။
[သခင့်ကို ပြန်လည်ဖြေကြားရရင် စနစ်ရဲ့ ထောက်လှမ်းမှုအပြီးမှာ ကောင်းကင်ကံကြမ္မာ အမျိုးသမီးဇာတ်ဆောင် ချူယွန်ရှီးက သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း အားသာချက်ကို ပြီးပြည့်စုံစွာ အသုံးပြုခဲ့တယ်...]
[ပြီးတော့ အနာဂတ်မှာ ကောင်းကင်ဘုံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတချိုကို လွှမ်းမိုးဖို့ သူ့ရဲ့ အရင်ဘဝက မှတ်ဉာဏ်တချို့ကို အသုံးပြုခဲ့တယ်...]
[ဒီကာလအတွင်းမှာ ချူယွန်ရှီးက ကောင်းကင်ကံကြမ္မာပိုင်ရှင်တချို့ကို အမဲလိုက်ခဲ့ပြီးတော့ အဲ့ဒီ ကောင်းကင်နှင့်မြေကြီး အင်မော်တယ် အရိုးကိုလည်း တခြားကောင်းကင်ကံကြမ္မာပိုင်ရှင်ဆီကနေ သူ ရရှိခဲ့တာပါ...]
[ချူယွန်ရှီးက ဒီအထူးကောင်းကင်ကံကြမ္မာ ပိုင်ရှင်တွေကို အမဲလိုက်ပြီးတဲ့နောက်မှာ သခင်လိုမျိုး ကောင်းကင်ကံကြမ္မာအမှတ်တွေကို မရရှိပေမယ့်... သူက သတ်ဖြတ်ခံရတဲ့ ကောင်းကင်ကံကြမ္မာ လူတွေရဲ့ ကံကြမ္မာကို အမွေဆက်ခံပြီး ဝါးမြိုနိုင်တယ်... ဒါကြောင့် သူ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို သွယ်ဝိုက်ပြီး တိုးလာစေပါတယ်]
[သူက ကောင်းကင်ဘုံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးခဲ့တယ်ဆိုတဲ့ အချက်နဲ့ ပေါင်းစပ်လိုက်တော့ သူက ပုံမှန်မဟုတ်တဲ့ အထူးကောင်းကင်ကံကြမ္မာ ဖြစ်လာပြီးတော့ သူ ပိုင်ဆိုင်တဲ့ ကောင်းကင်ကံကြမ္မာအမှတ်တွေက သဘာဝကျကျပဲ တစ်သိန်းရှစ်သောင်းအထိ မြင့်တက်သွားတာပါ....]
စနစ်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ခုံးဝူတောက်၏စိတ်နှလုံးသား နောက်တစ်ကြိမ် လေးလံသွားသည်။
ကောင်းကင်ကံကြမ္မာပိုင်ရှင်များသည် အချင်းချင်း အမှန်တကယ်ကို သတ်ဖြတ်နိုင်ပေ၏။
ကောင်းကင်ကံကြမ္မာပိုင်ရှင်တစ်ယောက် သတ်ဖြတ်ခံရပြီးနောက် တခြားတစ်ယောက်က တစ်ဖက်လူထံမှ ကံကြမ္မာကို အမွေဆက်ခံပေလိမ့်မည်။
ထိုကဲ့သို့ ဖြစ်စဉ်သည် အမှန်တကယ် အထူးကူကောင်ပြုစုပျိုးထောင်ခြင်း လုပ်ငန်းစဥ်တစ်ခုနှင့် တူညီနေသည်။
ဤအချက်က ခုံးဝူတောက်အတွက် ကိစ္စတစ်ခုကိုလည်း အတည်ပြုပေးခဲ့သည်။
ကောင်းကင်ကံကြမ္မာပိုင်ရှင်များတွင်ရှိနေသော ကံကြမ္မာနှင့် ကောင်းကင်ကံကြမ္မာအမှတ်များသည် ပြောင်းလဲ၍မရနိုင်သောအရာများ မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့ ကြီးထွားလာပြီး ပို၍သန်မာအားကောင်းလာသည်နှင့်အမျှ သူတို့၏ကံကြမ္မာနှင့် ကောင်းကင်ကံကြမ္မာအမှတ်များသည်လည်း တိုးတက်လာပေလိမ့်မည်။
သို့သော် သူတို့ တည်ငြိမ်စွာ ကြီးထွားလာရန်အတွက် လိုအပ်သော အဓိကအချက်မှာ သူတို့သည် သူ၏အမဲလိုက်ခြင်းကို မခံရရန်ပင်။
ဤသည်မှာ သူ ပထမဆုံး ကြုံတွေ့ခဲ့ရသော ယဲ့ချန်အလားပင်။
ယဲ့ချန်၏ ကောင်းကင်ကံကြမ္မာအမှတ် အများအပြား အမဲလိုက်ခံရပြီးနောက် သူသည် ကံကောင်းမှု သက်သက်ဖြင့် လွတ်မြောက်သွားခဲ့သည်။
တစ်ဖက်လူကို ဖွံ့ဖြိုးတိုးတက်ရန် အချိန်အနည်းငယ် ပေးလိုက်လျှင်ပင်...
တစ်ဖက်လူ၏ ကောင်းကင်ကံကြမ္မာအမှတ်များသည် ပြောင်းလဲခြင်း မရှိခဲ့ချေ။
ဤအချက်က သူ တစ်ကြိမ် အမဲလိုက်ခဲ့ဖူးသော မည်သည့် ကောင်းကင်ကံကြမ္မာပိုင်ရှင်အတွက်မဆို သူတို့၏ ကောင်းကင်ကံကြမ္မာအမှတ်များကို ပြန်လည်မရရှိနိုင်တော့ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။
သူတို့၏ ကိုယ်ပိုင်ကောင်းကင်ကံကြမ္မာအမှတ်များကိုလည်း ဆက်လက်၍ တိုးပွားလာအောင် လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။
ဤအရာကို တွေးမိသောအခါ ခုံးဝူတောက်သည် သူ၏အပြုံးကို ဖိနှိပ်ရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားပေ၏။
သူ အမဲလိုက်ခဲ့သော ကောင်းကင်ကံကြမ္မာပိုင်ရှင်များ အားနည်းသည်ကို သူ အမြဲတစေ မနှစ်သက်ခဲ့ချေ။
ဤသည်က အမှန်တကယ်ကို အလွန်ပျင်းစရာ ကောင်းလွန်းလှသည်။
ဤသားကောင်များက သူတို့ကိုယ်သူတို့ ဝဖြိုးလာအောင် လုပ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ယခု ကြည့်ရသည်မှာ သူ ရှေ့ဆက်သွားလေလေ သူ ကြုံတွေ့ရသော ကောင်းကင်ကံကြမ္မာပိုင်ရှင်များ ပို၍ဝဖြိုးလာလေလေ ဖြစ်ပုံရသည်။
ထို့ပြင် သူတို့၏ ကောင်းကင်ကံကြမ္မာအမှတ်များကလည်း ဤအတိုင်း မြင့်တက်လာလိမ့်မည်။
သူ ဤကိစ္စကို စဉ်းစားရသည်မှာ အမှန်တကယ်ပင် ဝမ်းသာစရာကောင်းလှသည်။
သူ ပျော်ရွှင်နေစဉ်မှာပင်....
ထူးဆန်းသော အတွေးတစ်ခုက ခုံးဝူတောက်၏ စိတ်ထဲတွင် ရုတ်တရက် ဖြတ်ပြေးသွားပေ၏။
ဤလောကကြီးသည် ကြီးမားကျယ်ပြန့်ပြီး အဆုံးအစမရှိပေ။
ဒဏ္ဍာရီများထဲမှ အင်မော်တယ်နယ်မြေနှင့် ပေါင်းစပ်လိုက်လျှင် ကောင်းကင်ကံကြမ္မာပိုင်ရှင်များ ပို၍ပင် များပြားနေပေမည်။
အကယ်၍ ကောင်းကင်ကံကြမ္မာပိုင်ရှင်များက ဤကဲ့သို့ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးထွားလာမည်ဆိုလျှင်...
လောကကြီးတစ်ခုလုံး၏ တာအိုကံကြမ္မာကို ဤ ကောင်းကင်ကံကြမ္မာပိုင်ရှင်ဆိုသူများက စုပ်ယူသွားမည် မဟုတ်လော...
တာအို ကံကြမ္မာ လုံးဝမရှိသော အခြား သက်ရှိများက မည်သည့်အရာကို ရင်ဆိုင်ရမည်နည်း....
ခုံးဝူတောက်သည် လောက၏ အမှန်တရားနှင့် ပတ်သက်သော တခြားလျှို့ဝှက်ချက်တစ်ခုကို သူ ထိတွေ့မိသွားသကဲ့သို့ ခံစားနေရသည်။
သို့သော် ထိုအကြောင်းကို သူ များစွာမတွေးတောနိုင်ခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ သူသည် ဤ ကောင်းကင်ဘုံများ၏မုဆိုး ဖြစ်နေလေပြီ။
မည်သည့် ကောင်းကင်ကံကြမ္မာပိုင်ရှင်ဖြစ်စေ ဒဏ္ဍာရီလာ ကောင်းကင်တာအိုဖြစ်စေ ထိုအရာအားလုံးက သူ၏သားကောင်များသာ ဖြစ်ပေမည်။
အခန်း (၁၇၆) အရင်ဘဝက ငါ ကြောက်နေခဲ့ရတယ်... ဒီနေရာမှာ ဘယ်သူက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ
ခုံးဝူတောက်၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ ဖြတ်ပြေးသွားခဲ့ပေ၏။
သို့သော် လက်တွေ့တွင် ထိုအရာက အချိန်အခိုက်အတန့်လေး တစ်ခုမျှသာဖြစ်သည်။
ထိုသို့ဆိုသည့်တိုင်အောင် ထိုအချိန်အခိုက်အတန့်လေးက အမြဲတစေ အာရုံခံစားလွယ်သော ချူယွန်ရှီးကို တစ်စုံတစ်ခု မှားယွင်းနေကြောင်း အရိပ်အမြွက် အာရုံခံမိစေသည်။
ခုံးဝူတောက်၏အကြည့်က သူမကို အလွန် ထူးဆန်းသော ခံစားချက်တစ်ခုအား ပေးစွမ်းနေသည်။
ဤသည်မှာ သူမ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို သူ ထွင်းဖောက်တွေ့မြင်သွားသည့်အလားပင်။
ဤကာလအတွင်း သူမသည် အကျိုးကျေးဇူး အများအပြား ရရှိခဲ့ပြီး သူမ၏ကျင့်ကြံခြင်း အလားအလာကိုပင် တိုးတက်စေခဲ့သော်လည်း.....
သူမသည် သူမ၏ သွားလာလှုပ်ရှားမှုများကို အမြဲတစေ အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့ပေ၏။
ဤသည်ကို သူမ၏ဂိုဏ်းမှ လူများပင်လျှင် သတိမထားမိခဲ့ကြချေ။
ဥပမာအနေဖြင့် သူမ မကြာသေးမီကမှ ရရှိခဲ့သော ကောင်းကင်နှင့်မြေကြီး အင်မော်တယ် အရိုးပင်။
သူမ၏ ယခင်ဘဝက မှတ်ဉာဏ်များအပေါ် အခြေခံ၍ ဝေးလံခေါင်သီသော တာအိုနယ်မြေ တစ်ခုသို့ သူမ ဆင်းသက်ခဲ့သည်။
မကြာသေးမီကမှ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့သော လူငယ် ကျင့်ကြံသူ တစ်ဦးထံမှ သူမ ထိုအရာကို ထုတ်ယူခဲ့သည်။
သူမ၏ ယခင်ဘဝက အပိုင်းအစများဖြစ်နေပြီး တိုတောင်းသော မှတ်ဉာဏ်များအရ....
ဤကျင့်ကြံသူသည် ကောင်းကင်နှင့်မြေကြီး အင်မော်တယ်အရိုးကို အားကိုး၍ မဟာတာအို လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းပြီးနောက် အလွန်လျှင်မြန်စွာ တက်လှမ်းလာခဲ့သည်။
အလွန်တိုတောင်းသော အချိန်အတွင်းတွင် သူသည် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ ထိပ်သီးကျွမ်းကျင်သူတစ်ဦးပင် ဖြစ်လာခဲ့ပေ၏။
ယခုအချိန်၌ သူမ နောက်ဆုံးတွင် ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်ရာ....
ဇာတ်လမ်းအပြည့်အစုံကို သိထားသော သူမသည် ထိုကဲ့သို့ အခွင့်အရေးကောင်းကို မည်သို့ လက်လွှတ်နိုင်မည်နည်း...
သူမသည် ထိုလူငယ်ရှိရာ တာအိုနယ်မြေသို့ တိတ်တဆိတ် ဆင်းသက်သွားခဲ့ပြီး သူ့ထံမှ ကောင်းကင်နှင့်မြေကြီး အင်မော်တယ်အရိုးကို ထုတ်ယူကာ သူမ၏ခန္ဓာကိုယ်အတွင်း၌ ထည့်သွင်းရန် နည်းလမ်းရှာခဲ့သည်။
သေချာသည်မှာ ဤကာလအတွင်း သူမသည် သူမ၏ ယခင်ဘဝက နာမည်ကြီး လျှို့ဝှက်နယ်မြေများစွာကို ကြိုတင်လုယူရန် သူမ၏ ယခင်ဘဝက မှတ်ဉာဏ်များကိုလည်း အားကိုးခဲ့ပေ၏။
သူမသည် ကောင်းကင်နှင့်မြေကြီး နတ်ဘုရားရတနာများကို မရေမတွက်နိုင်အောင် ရရှိခဲ့ပြီး ထိုအရာက သူမ၏ကျင့်ကြံခြင်းကို မဟာဧကရာဇ်နယ်ပယ် အဆင့်ခုနစ်သို့ တိုက်ရိုက်မြှင့်တင်ပေးခဲ့သည်။
ထိုကဲ့သို့လုပ်ရပ်က ဧကရီတစ်ပါးအဖြစ် သူမ၏ ပုံရိပ်ကို ကြီးမားစွာ ထိခိုက်စေမည် ဖြစ်သော်လည်း....
သို့သော် ထိုအရာက သူမ၏လုပ်ရပ်မှန်း မည်သူက သိမည်နည်း...
ထို့ပြင် သက်ရှိများအားလုံးကို ကာကွယ်ပေးသော တရားမျှတသည့် ဧကရီတစ်ပါး ဖြစ်လာရန် သူမ ပြန်လည်မွေးဖွားလာခြင်း မဟုတ်ပေ။
သူမ၏ အရေးအကြီးဆုံး ရည်မှန်းချက်ပန်းတိုင်မှာ သူမ၏ကိုယ်ပိုင်အကျိုးအတွက်ပင်။
လူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ပါက ကောင်းကင်နှင့်မြေကြီးက ထိုလူကို ဖျက်ဆီးပစ်ပေလိမ့်မည်။
ဤ ရက်စက်သော ကျင့်ကြံခြင်း လောကတွင်...
သူမ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် အကြောင်းပြချက်ရှိပြီး မှန်ကန်ကာ မည်သည့်အမှားမျှ မရှိပေ။
ထို့ပြင် သူမထက်ပင် ပို၍ ရူးသွပ်သော ကောင်တစ်ကောင်က သူမ၏ရှေ့တွင် မတ်တတ်ရပ်နေသည် မဟုတ်လော...
ချူယွန်ရှီးသည် သူမ၏ လှပသော မျက်လုံးများဖြင့် သူမ၏ရှေ့ရှိ ခုံးဝူတောက်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
သူမ၏မှတ်ဉာဏ်ထဲတွင်....
ခုံးဝူတောက် မဟာဧကရာဇ် နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူသည် သတ်ဖြတ်ခြင်းကို အကြီးအကျယ် စတင်ခဲ့သည်။
တစ်ချိန်က သူ့ကို ဆန့်ကျင်ခဲ့သော မရေမတွက်နိုင်သည့် အင်အားစုများ သို့မဟုတ် သူ သဘောမကျသော လူများသည် သူ ဧကရာဇ် ဖြစ်လာပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းခံခဲ့ရပြီး သင်္ဂြိုဟ်စရာနေရာပင် မကျန်ရစ်ခဲ့ချေ။
တာအိုနယ်မြေတချို့ရှိ သက်ရှိများကိုပင် ခုံးဝူတောက်တစ်ယောက်တည်းက အမြစ်ပြတ် သတ်ဖြတ်ခဲ့သည်။
ဤကာလအတွင်း ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများကို တိုက်ခတ်သွားသော သွေးထွက်သံယိုမုန်တိုင်းသည် သုံးလတိတိ ကြာမြင့်ခဲ့ပေ၏။
မရေမတွက်နိုင်သော သက်ရှိများသည် ခုံးဝူတောက်၏ သနားညှာတာမှုကင်းမဲ့စွာ အမြစ်ဖြတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်မှာပင် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများတွင် အမှောင်ခေတ်ဟုခေါ်သော ခေတ်ကို စတင်ခဲ့သည်။
အချိန်လေဟာနယ် တားမြစ်နယ်မြေသည် ဒုတိယမြောက် ဂုဏ်ကျက်သရေအရှိဆုံးခေတ်ကို စတင်ခဲ့လေ၏။
အကယ်၍ ခုံးဝူတောက်သည် ထိုအချိန်က မဟာဧကရာဇ်တာအိုကို မရရှိသေးလျှင်...
သူသည် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ သက်ရှိအားလုံးကို သတ်ပစ်ချင်နေခြင်းရှိမရှိ ဆိုသည်ကို သူမ အမှန်တကယ် သံသယရှိမိပေလိမ့်မည်။
တာအိုကို သက်သေပြရန် သတ်ဖြတ်ခြင်းကို အသုံးပြုပြီး ပြိုင်ဘက်ကင်းအင်မော်တယ် နေရာကို သူ ရရှိရန်အတွက်လော...
ချူယွန်ရှီး၏အတွေးများသည် သူမ၏ မှတ်ဉာဏ်များမှ လက်တွေ့ဘဝသို့ လျှင်မြန်စွာ ပြန်လည်ရောက်ရှိလာပေ၏။
ထိုအချိန်မှာပင် ခုံးဝူတောက်၏အသံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"စီနီယာ ယွန်ရှီး... ဒီတစ်ကြိမ် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းကို ကျွန်တော် လာခဲ့တာက..."
"စီနီယာက ပြန်လည်ဝင်စားခြင်း မဟာတာအိုနဲ့ ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှုတွေကို ကျွန်တော်နဲ့ မျှဝေပေးနိုင်မယ်လို့ မျှော်လင့်မိလို့ပါ... တိတ်ဆိတ်တဲ့ နေရာလေး တစ်ခုလောက် ရှာလို့ ရမလား..."
ချူယွန်ရှီးက မော့ကြည့်လိုက်သောအခါ သူမ၏ အကြည့်သည် ကြယ်များကဲ့သို့ နက်ရှိုင်းသော ခုံးဝူတောက်၏မျက်လုံးများနှင့် ဆုံတွေ့မိလေ၏။
သူသည် ရိုးရှင်းသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားကာ ကျော့ရှင်းပြီး ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သည်။
သူ လှုပ်ရှားလိုက်တိုင်း သဘာဝအတိုင်း ဖြစ်ပေါ်လာသော တာအိုစည်းချက်တစ်ခုကို ထုတ်လွှတ်ထားသည်။
အကယ်၍ သူမ၏ ယခင်ဘဝက မျက်တောင်တစ်ချက် မခတ်ဘဲ လက်ချောင်းတစ်ချောင်းတည်းဖြင့် သူမကို သတ်ဖြတ်ခဲ့ခြင်းသာ မရှိခဲ့လျှင်...
နှစ်သောင်းနှင့်ချီ၍ တိတ်ဆိတ်နေခဲ့သော သူမ၏ ခြောက်ကပ်နေသည့် နှလုံးသားသည် သူ၏ အလွန်အမင်း ချောမောခန့်ညားသော အသွင်အပြင်ကြောင့် အမှန်တကယ်ပင် စိတ်လှုပ်ရှားမှုများဖြင့် လှိုင်းထသွားပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ...
သူမ စိတ်မဝင်စားသလို စိတ်ဝံ့စားရဲခြင်းလည်း မရှိခဲ့ချေ။
"သေချာတာပေါ့... နတ်ဘုရားသားတော်အရှင် ဝူတောက်... ဒီဧကရီရဲ့နောက်ကို လိုက်ခဲ့ပါ..."
ပြန်လည်မွေးဖွားလာပြီး မဟာဧကရာဇ် တစ်ပါးလည်း ဖြစ်သော ချူယွန်ရှီးသည် မုန်တိုင်းကြီးများနှင့် လှိုင်းလုံးကြီးများစွာကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ခုံးဝူတောက်၏ အဓိပ္ပာယ်မရှိသည့် စကားများကို သူမ မယုံကြည်ခဲ့ပေ၏။
မည်သည်ကြောင့်နည်း...
ပြန်လည်ဝင်စားခြင်း မဟာတာအိုနှင့် ပတ်သက်သည့် ထိုးထွင်းသိမြင်မှုများကို မျှဝေပေးရန် သူ့ကို အထူးတလည် လာရောက်တောင်းဆိုခြင်းမှာ မဖြစ်နိုင်ဟု သူမ တွေးထင်မိသည်။
အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အခြေခံအုတ်မြစ် မည်မျှထိ နက်ရှိုင်းကြောင်းကို သူမ ကောင်းစွာသိရှိထားသည်။
ပြန်လည်ဝင်စားခြင်း မဟာတာအိုတွင် ကျွမ်းကျင်သော သူမ စိတ်ကူးယဉ်တွေးတောနိုင်သည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုများ သေချာပေါက် ရှိနေပေမည်။
သူမကို ရှာဖွေရန် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းသို့ အထူးတလည် လာရောက်ခြင်း...
ထိုအရာသည် သူမအပေါ် အကြံအစည် ရှိနေသောကြောင့် ခုံးဝူတောက် တမင်သက်သက် လုပ်ကြံဖန်တီးထားသော ဆင်ခြေတစ်ခု ဖြစ်ပေမည်။
သို့သော် သူမ ခန့်မှန်းမိလျှင်ပင် ဘာဖြစ်နိုင်မည်နည်း...
ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းအရ....
သူမထံတွင် ငြင်းဆန်ပိုင်ခွင့် မရှိသလို ငြင်းဆန်ရန်လည်း မရဲချေ။
"နတ်ဘုရားသားတော်အရှင် ဝူတောက်... ကျေးဇူးပြုပြီး..."
ပြန်လည်ဝင်စားခြင်းဧကရီက သူမ၏ ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွတ်သောလက်ကို ဝှေ့ယမ်းလိုက်၏။
အဆုံးမဲ့ ပြန်လည်ဝင်စားခြင်း အလင်းတန်းများက ဟင်းလင်းပြင်ထဲတွင် စုစည်းသွားခဲ့သည်။
ထိုအရာများသည် တောက်ပသော သက်တန့်တံတားတစ်စင်းအဖြစ် အသွင်ပြောင်းသွားပြီး ပြန်လည်ဝင်စားခြင်းတာအိုဂိုဏ်း၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းဆီသို့ တိုက်ရိုက်ဆန့်တန်းသွားတော့သည်။
ခုံးဝူတောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူနှင့် ပြန်လည်ဝင်စားခြင်း ဧကရီတို့သည် သက်တန့်တံတားပေါ်သို့ တက်လှမ်းလိုက်ကြပြီး သူတို့၏ပုံရိပ်များသည် လူတိုင်း၏အမြင်အာရုံအောက်မှ လျှင်မြန်စွာ ပျောက်ကွယ်သွားကြ၏။
သူတို့၏ အရှိန်အဝါများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီးနောက်.....
ဤနေရာတွင် ကျန်ရှိနေသော ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းမှ လူများအားလုံး သက်ပြင်းချလိုက်ကြသည်။
သို့သော် မကြာမီတွင် ပတ်ဝန်းကျင်ကို တုန်ခါသွားစေသော ဆွေးနွေးသံများ ပေါက်ကွဲထွက်လာသည်။
"ပြောရမယ်ဆိုရင် နတ်ဘုရားသားတော်အရှင် ဝူတောက်က ငါ စိတ်ကူးထားတာထက်တောင် ပိုပြီး ချောမောခန့်ညားတာပဲ... ဒီလောကမှာ ဒီလို ပြည်နှင်ဒဏ်ခံရတဲ့ အင်မော်တယ်လို လူမျိုး ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ..."
"အစကတော့ နတ်ဘုရားသားတော်အရှင် ဝူတောက်က အရမ်းမောက်မာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မယ်လို့ ငါ ထင်ထားတာ... ဒါပေမယ့် အခုတော့ နတ်ဘုရားသားတော်အရှင်ဝူတောက်က ငါ့ကို ကျော့ရှင်းပြီး ယဉ်ကျေးတဲ့ သခင်လေး တစ်ယောက်ရဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်... ငါ တကယ် သူ့ကို ချစ်မိသွားပြီ..."
"နင်က ပွဲကြည့်ပရိသတ်သာ လုပ်စမ်းပါ... ရှေးဟောင်းဘိုးဘေးယွန်ရှီးက နတ်ဘုရားသားတော်အရှင်ဝူတောက်ကို ကြည့်တဲ့ အကြည့်က နည်းနည်းထူးဆန်းနေတယ်လို့ နင်တို့ မခံစားရဘူးလား... ရှင်းပြလို့မရတဲ့ ခံစားချက်တချို့ ပါဝင်နေပုံပဲ..."
"ငါလည်း အဲ့ဒီလို ခံစားရတယ်... ရှေးဟောင်းဘိုးဘေးယွန်ရှီးက ဒီနှစ်သောင်းချီကာလတစ်လျှောက်လုံးမှာ သူ့ရဲ့ တာအိုလက်တွဲဖော်ကို တစ်ခါမှ မရှာခဲ့ဖူးဘူးလို့ ငါ ကြားထားတယ်... အခု သူက နတ်ဘုရားသားတော်အရှင်ဝူတောက်နဲ့ တွေ့ပြီဆိုတော့... တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်း တစ်ခု ဖြစ်လာနိုင်တယ်လို့ မင်းတို့ ထင်လား..."
"ဧကရီတစ်ပါးနဲ့ နတ်ဘုရားသားတော်အရှင် တစ်ပါးကြားက အထူးခံစားချက်တွေ... ဒါက တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ..."
".........."
ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏တပည့်များသည် ပို၍ဆွေးနွေးလေလေ ပို၍စိတ်လှုပ်ရှားလာလေလေပင်။
သူတို့၏စကားတချို့တွင် အနည်းငယ် မလျော်ကန်မှုများပင် ရှိနေသည်။
သို့သော် ဤနေရာတွင် ရှိနေသော ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများအားလုံးက သူတို့ကို ချက်ချင်းဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ကြချေ။
ဆန့်ကျင်ဘက်အနေဖြင့် အလားတူအတွေးများက သူတို့၏စိတ်နှလုံးသားများထဲတွင် ဖြစ်ပေါ်လာပေ၏။
အကယ်၍ အခြားသူတစ်ယောက်ယောက်က သူတို့၏ ရှေးဟောင်းဘိုးဘေးနှင့် ထိုကဲ့သို့ ဆက်စပ်ရန် ရဲတင်းမည်ဆိုပါက...
ထိုအရာက သူမကို ရှက်ရွံ့ပြီး ဒေါသထွက်စေမည်ဖြစ်ကာ သူတို့၏ ပြာများကို ကြဲဖြန့်ပစ်ချင်စိတ် ပေါက်သွားစေပေလိမ့်မည်။
သို့သော် ခုံးဝူတောက်ကမူ ကွာခြားသည်။ သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်အရှင်ပင်။
ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများအားလုံးကို ကြည့်မည်ဆိုပါက သူသည် ကြောက်မက်ဖွယ်ကောင်းသော နာမည်ဂုဏ်သတင်းနှင့် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် မြင့်မြတ်သော အဆင့်အတန်းရှိသည့် လူငယ်တည်ရှိမှုတစ်ခုပင်။
အထူးသဖြင့် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ဂိုဏ်းချုပ် ဖြစ်သည်။
ခုံးဝူတောက်နှင့်ဘိုးဘေးတို့ ထွက်ခွာသွားသည့် ဦးတည်ရာကို သူက မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။
သူ၏ရှေးဟောင်းဘိုးဘေးသည် နတ်ဘုရားသားတော်အရှင်ဝူတောက်နှင့် တားမြစ်ထားသော မီးပွားလေးတစ်ခု လွင့်စင်သွားနိုင်မည်ဟုပင် သူ မျှော်လင့်နေခဲ့သည်။
ဝုန်း...
ထိုအချိန်မှာပင် ကောင်းကင်အလင်း မိုးပြာနဂါးက မကျေမနပ်ဖြစ်ကာ တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။
ဤသည်က ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ဂိုဏ်းချုပ်ကို လန့်ဖျပ်ကာ ခုန်ပေါက်သွားစေခဲ့ပြီး သူ၏အတွေးများထဲမှ အလျင်အမြန် နိုးထလာပေ၏။
သူက ကောင်းကင်အလင်း မိုးပြာနဂါးထံသို့ ဦးတည်၍ သိုးပေါက်လေးကဲ့သို့ အပြုံးတစ်ခု ပြုံးပြလိုက်ပြီး သတိကြီးစွာထား၍ ပြောလိုက်သည်။
"နတ်ဘုရားသားတော်အရှင် ဝူတောက်မှာ လုပ်စရာ အရေးကြီးတဲ့ကိစ္စတွေ ရှိလို့ပါ...."
"အဲ့ဒီသားရဲ... မဟုတ်ဘူး..စီနီယာက ကျေးဇူးပြုပြီးကျွန်တော့်ရဲ့နောက်ကို လိုက်ခဲ့ပါ..."
တစ်ဖက်လူ၏နှိမ့်ချပြီး နာခံရို့ကျိုးသော အမူအရာကို မြင်လိုက်ရသောအခါ...
မထီမဲ့မြင်ပြုမှု အရိပ်အယောင်တစ်ခုက ကောင်းကင်အလင်း မိုးပြာနဂါး၏ဧရာမနဂါး မျက်လုံးများတွင် ထွက်ပေါ်လာခဲ့သည်။
သူ၏သခင်သည် မည်သူ ဖြစ်သနည်း...
သူမက ဧကရီ တစ်ပါး ဖြစ်နေလျှင်တောင် ဘာအရေးစိုက်ရမည်နည်း...
ဤနေရာမှ မည်သူကများ သူ၏သခင်နှင့် ထိုက်တန်မည်နည်း...
သူ၏သခင်နှင့် ပတ်သက်ရန် ကြိုးစားရဲသော သူတို့၏အရှက်မဲ့မှုက သူ၏နဂါးအကြေးခွံများထက်ပင် ပိုထူနေသည်။
ဤလူများသည် အမှန်တကယ်ကို အရှက်မရှိလှပေ။