အခန်း (၁၃၇-၁၃၈)
Vol. 9 Ch. 137-138
အပိုင်း (၁၃၇) လူမိုက်အစစ်နှင့် လာတွေ့နေခြင်း။
လီယွမ်ကျောက်သည် ငွေများကို ယူ၍ နှစ်ချက်လောက် ပစ်မြှောက်လိုက်၏။ ပြီးနောက် အထင်သေးစွာဖြင့် ပြောလိုက်သည်။ "ငွေတုံး ငါးဆယ်လေးပဲ ရှိတာကို။ လူကို အထင်သေးနေတာလား။ ဒီငွေနည်းနည်းလေးက ဘယ်သူ သုံးဖို့ လောက်မှာလဲ။ နောက်ထပ် တစ်ထုပ် ယူလာခဲ့။ တစ်ယောက် တစ်ထုပ်စီ။ ညီအစ်ကိုတို့ အကုန် ဝင်လာကြ။"
လီယွမ်ကျောက် အမိန့်ပေးလိုက်သည်နှင့် အပြင်တွင် စောင့်နေသော အရာရှိငယ်များက ပျားအုံ ပျက်စီးသွားသကဲ့သို့ အတင်း ပြေးဝင်လာကြ၏။
ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ခါသွားသည်။
အိမ်ရှေ့စံ၏ ဓားပြခေါင်းဆောင် ဖြစ်လာမည့် လက္ခဏာရပ်များက ပိုမို၍ သိသာထင်ရှားလာသည်။ သို့ဖြစ်၍ အိမ်ရှေ့စံအတွက် အခြားသော အလုပ်အကိုင် တစ်ခုခု ရှာဖွေပေးမှသာ ဖြစ်ပေတော့မည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက တစ်နေ့နေ့တွင် အမှောင်လမ်းစဉ်သို့ ရောက်ရှိပြီး သူကိုယ်တိုင် အသတ်ခံရပေလိမ့်မည်။
ဂျီအာ့ယဲ့မှာ အတင်း ပြေးဝင်လာသော လူအုပ်ကို ကြည့်ရင်း အံ့အားသင့် မှင်သက်သွား၏။
မျက်မှောက်တွင် ရှိနေသော သခင်လေးနှစ်ပါးမှာ ဤရပ်ကွက်အတွင်း၌ အကြီးအကျယ် နာမည်ကြီးနေသူများ ဖြစ်သည်။ သို့သော်လည်း အားလုံးက မိမိတို့၏ လမ်းကို မိမိ လျှောက်လှမ်းနေကြခြင်းသာ ဖြစ်သည်။
ယခုမူ ထိုသူတို့သည် တံခါးဝမှ ဝင်လာသည်နှင့် တစ်ပြိုင်နက် မိမိအား ရိုက်နှက်သတ်ဖြတ်မည်ဟု အော်ဟစ်နေကြရာ ထိုအခြေအနေအရ ကြည့်လျှင် သိသာထင်ရှားလှသည်။ သူတို့သည် မိမိအား တစ်ခါတည်း အပြတ်ရှင်းလင်းပစ်ရန် ရည်ရွယ်နေကြခြင်းပင်။
သို့ဆိုလျှင်တောင် သူကလည်း သာမန်လူ တစ်ယောက်တော့ မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် လူမိုက်လောကအတွင်း ကျင်လည်ကျက်စားကာ ဓားသွားထက်၌ လှမ်းလျှောက် ဖြတ်သန်းလာခဲ့သူ ဖြစ်သည်။ ဤလူနှစ်ယောက်၌ ရုံးတော်ဘက်မှ မည်သို့သော နောက်ခံအင်အားမျိုး ရှိနေသည်ကို မသိရသေးစေကာမူ အရင်ဆုံး ရင်ဆိုင်တိုက်ခိုက်ကြည့်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
အကယ်၍ မယှဉ်နိုင်တော့မှသာ အားလုံးစုပေါင်း ထွက်ပြေးကြပြီး အချိန်တစ်ခု ကြာမြင့်လာသည့်အခါမှ ပြန်လည် ထွက်ပေါ်လာကြမည်။ ထိုသို့မှ မဟုတ်လျှင် မိမိ၏ ညီအစ်ကိုများစွာက စောင့်ကြည့်နေကြရာ နောင်တစ်ချိန်တွင် သူ၏မျက်နှာ မည်သို့ပြရတော့မည်နည်း။
ဂျီအာ့ယဲ့က ချက်ချင်း ဒေါသတကြီး အော်လိုက်၏။ "လူလာကြစမ်း။"
ဒုတိယထပ်မှ လူမိုက်တစ်စု ဝုန်းခနဲ ပြေးထွက်လာကြသည်။
ဖန်ကျန်းရီက ခေါင်းမော့ကာ ရေတွက်ကြည့်ရာ လူနှစ်ဆယ်ခန့် ရှိပြီး ထိုအထဲတွင် ကလေးငယ် တစ်ယောက်ပင် ပါဝင်နေသေး၏။ သူ၏ ရင်ထဲတွင် အနည်းငယ် ဒေါသထွက်လာ၏။
လီယွမ်ကျောက်က ဂျီအာ့ယဲ့ကို ကြည့်ရင်း အနည်းငယ် ဝမ်းနည်းသွားမိသည်။ ကျန်းပြောင် ရှိနေသည်ကို လူ အများကြီး ခေါ်တော့ရော ဘာအသုံးဝင်မည်နည်း။
ဂျီအာ့ယဲ့က အေးအေးဆေးဆေးပဲ ဟန်ရေးပြကာ ဖြည်းဖြည်းချင်း စကားစလိုက်သည်။ "မိတ်ဆွေတို့ နှစ်ယောက်က ဒီကို ဘာကိစ္စ ရှိလို့ လာကြတာလဲ။ ကျုပ် ဖုန်းဟော့ဂိုဏ်းက..."
"ဘုန်း။"
စကားမဆုံးခင်မှာပဲ သူ၏ ခေါင်းက ကျန်းပြောင်၏ ဖိချမှုကြောင့် စားပွဲပေါ်သို့ ရောက်သွား၏။
ခေါင်းကွဲမတတ် နာကျင်မှုကိုသာ ခံစားလိုက်ရပြီး ခေါင်းကို တစ်စုံတစ်ယောက်က ညှစ်ဖောက်လိုက်သည့်အလား ဖြစ်သွားသည်။
သူ၏ ဟိတ်ဟန်အားလုံး ပျောက်ဆုံးသွားကာ စိုးရိမ်တကြီး ပြောလိုက်၏။ "ခင်ဗျားတို့နှစ်ယောက်က ကျုပ်နဲ့ အဆုံးထိ ပြဿနာရှာချင်နေတာလား။ ကျုပ်ဆီမှာ ညီအစ်ကို ဆယ်ဂဏန်းလောက် ရှိတယ်။ နောက်ဆက်တွဲ ရလဒ်ကို သေချာ စဉ်းစားတာ ပိုကောင်းလိမ့်မယ်။"
ဖန်ကျန်းရီက လက်ပိုက်ကာ လီယွမ်ကျောက်ကို ကြည့်လိုက်သည်။
လီယွမ်ကျောက် က ချက်ချင်း ရှေ့သို့တိုးသွားပြီး ဂျီအာ့ယဲ့၏ မျက်နှာကို ပုတ်ကာ ရယ်လိုက်၏။ "ဒီလိုဆိုတော့... ခင်ဗျားက တော်တော် သတ္တိရှိတာပေါ့လေ။"
ဂျီအာ့ယဲ့က အံကြိတ်လိုက်သည်။ "ကျုပ်အသက်က အလကားပါပဲ။ ခင်ဗျားတို့ နှစ်ယောက်နဲ့ သူသေကိုယ်သေ တိုက်ရမှာကို မကြောက်ပါဘူး။ ခင်ဗျားတို့ ဘာလုပ်ချင်တာလဲ။"
"ကျုပ်က ခင်ဗျားမျက်လုံးထဲ ဖုန်နည်းနည်း ဖြူးချင်တာ။"
ပြောပြီးနောက် လီယွမ်ကျောက်က စားပွဲထောင့်အောက်မှ ဖုန်များကို လက်ဖြင့် သပ်ယူကာ ဂျီအာ့ယဲ့၏ မျက်လုံးထဲသို့ ဖြူးထည့်လိုက်၏။
ဂျီအာ့ယဲ့မှာ မျက်လုံးကို အုပ်ကာ ထိုနေရာ၌ပင် အော်ဟစ် ငိုကြွေးလေသည်။
ဒုတိယထပ်ရှိ တပည့်များက လှုပ်ရှားရန် ပြင်လိုက်ကြသော်လည်း ခေါင်းဆောင်ဖြစ်သူကို လူတွေက ဖမ်းထားကြောင်း မြင်ချိန်မှာတော့ မလှုပ်ရဲကြတော့ချေ။
ဂျီအာ့ယဲ့မှာ မျက်လုံးများ ပူစပ်ပူလောင် ဖြစ်နေကာ အရာဝတ္တုများကို ရှင်းလင်းစွာ မမြင်ရတော့ဘဲ ရင်ထဲတွင်လည်း အလွန် ဝမ်းနည်းသွား၏။
သူတို့အပြင်ထွက်ပြီး ဆပ်ကြေးကောက်လျှင်တောင် အကြောင်းပြချက် တစ်ခုခု ပေးရသေးသည်။ သို့သော်ငြား ရုံးတော်မှ လူများကတော့ စည်းမဲ့ကမ်းမဲ့ ပြုလုပ်လို့နေသည်။ ဝင်လာသည်နှင့် တစ်ခါတည်း ရိုက်နှက်လို့နေသည်။
"ခင်ဗျားတို့ ဘာလုပ်ချင်တာလဲ။ တကယ်ကြီး ဘာလုပ်ချင်တာလဲ။" ဂျီအာ့ယဲ့မှာ ခေါင်းထဲ ရှုပ်ထွေးသွားကာ အားကိုးရာမဲ့ အော်ဟစ်လိုက်သည်။
"ကျုပ် ကြည့်ရသလောက် ခင်ဗျား လုံးဝ နားမလည်သေးဘူးပဲ။"
လီယွမ်ကျောက်က ပြုံးရွှင်စွာ ပြောလိုက်၏။ "ပန်းရှန်းရပ်ကွက်က ဘယ်သူ့ပိုင်နက်လဲ။ ဘယ်သူက ခင်ဗျားကို ပြည်သူတွေဆီက ပိုက်ဆံ ကောက်ခိုင်းတာလဲ။"
ဂျီအာ့ယဲ့ ချက်ချင်း သဘောပေါက်သွားသည်။ ရုံးတော်မှ ပိုက်ဆံလာတောင်းခြင်း ဖြစသည်။ သို့ပေမဲ့ အဘယ့်ကြောင့် ကြိုတင် အကြောင်းမကြားရသနည်း။ ယခုလအတွက ကျသင့်ငွေလည်း ပေးဆောင်ပြီးပြီ ဖြစ်သည်။
သို့သော်လည်း အခြေအနေက အရေးကြီးနေသောကြောင့် သူက တောင်းပန်ရုံသာ တတ်နိုင်တော့၏။ "ဟုတ်ပါတယ်။ သခင်လေးလီရဲ ပိုင်နက်ပါ။ ကျုပ် အမြင်အာရုံ မကောင်းလို့ပါ။ နောက်ဆို မရဲတော့ပါဘူး... မလုပ်ရဲတော့ပါဘူး..."
"ဒါဆို အရင် အကြွေးတွေကို ဘယ်လို ရှင်းမလဲ။"
"အရင်ကဟာတွေက... အရင်ကဟာတွေက ရုံးတော်ကို ငွေပေးပြီးပြီလေ။"
ကျန်းပြောင်၏ အားက အရမ်းပြင်းလွန်းသဖြင့် ဤအချိန်တွင် ဂျီအာ့ယဲ့မှာ နားထင်ကြောများ ပိုမို နာကျင်လာသည်။ ထို့ကြောင့် သည်းမခံနိုင်တော့ဘဲ စကားများ လွတ်ထွက်ကုန်သည်။
လီယွမ်ကျောက် ဤစကားကို ကြားချိန်မှာတော့ အံ့သြစွာဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်၏။
ဖန်ကျန်းရီက ပခုံးတွန့်လိုက်၏။ မျှော်လင့်မထားသော အကျိုးအမြတ် ရလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ပြောစမ်း … ပိုက်ဆံကို ဘယ်လို ခွဲတာလဲ။"
"သခင်လေးနှစ်ယောက်။ ကျုပ်ကို အရင် လွှတ်ပေးလို့ ရမလား။"
"မရဘူး။"
လီယွမ်ကျောက်က နောက်ထပ် ဖုန်တစ်ဆုပ်ကို ယူ၍ ဂျီအာ့ယဲ့၏ မျက်လုံးထဲသို့ ဖြူးထည့်လိုက်ပြန်သည်။
ဖန်ကျန်းရီပင် ကြည့်ရင်း မျက်လုံးများ ကျိန်းစပ်လာသည်။ အိမ်ရှေ့စံက သူနှင့် ပေါင်းပြီး မကြာခင်မှာပဲ မဟာဗျူဟာပိုင်းကို နားလည်သွားခဲ့လေ၏။
ဂျီအာ့ယဲ့က မျက်ရည်များ စီးကျရင်း ပြောလိုက်သည်။ "လစဉ် ပိုက်ဆံကောက်တိုင်း ရုံးတော်ကို သုံးပုံ ခွဲပေးရပါတယ်... အောက်က လူတွေကို နှစ်ပုံ ခွဲပေးရတယ်။"
"အဲဒီ သုံးပုံကို တိတိကျကျ ဘယ်သူ့ကို ပေးတာလဲ။"
"တင်းချွမ်... အမတ်တင်း..."
လီယွမ်ကျောက်က ဖန်ကျန်းရီကို ထပ်မံ ကြည့်ကာ ဒေါသတကြီး ပြောလိုက်၏။ "ဒီသစ္စာဖောက် ခွေးကောင် …. လူမိုက်တွေနဲ့ ပေါင်းပြီး ပြည်သူတွေကို ခေါင်းပုံဖြတ်နေတာပဲ။"
ဖန်ကျန်းရီက သူ့အနားသို့ တိုးသွားကာ တိုးတိုးလေး ပြောလိုက်သည်။ "အိမ်ရှေ့စံ မလောပါနဲ့။ ခဏနေရင် ကျုပ် သူ့ကို ပြောလိုက်ပါ့မယ်။"
ပြီးနောက် ဂျီအာ့ယဲ့ကို မေးလိုက်၏။ "ဒါကလွဲပြီး ပုံမှန်ဆိုရင် တင်းချွမ်နဲ့ အဆက်အသွယ် ရှိသေးလား။"
"ထမင်း... ထမင်း နည်းနည်းစားဖူးတယ်... ကျန်တာ မရှိတော့ဘူး..."
"ချမ်းသာချင်လား။"
"ဟင်။"
ပုံစံ အပြောင်းအလဲက အရမ်း မြန်လွန်းသည့်အပြင် ခေါင်းထဲမှ ပြင်းထန်သော နာကျင်မှုကြောင့် ဂျီအာ့ယဲ့မှာ တစ်ခဏချင်း ဦးနှောက် အလုပ်မလုပ်တော့သလို ဖြစ်သွားသည်။
စောနကပဲ ရိုက်မည်၊ သတ်မည် အော်နေပြီး ယခု ချမ်းသာချင်သလား မေးနေသည်မှာ ဘာသဘောနည်း။
"ကျုပ်ဆီမှာ ချမ်းသာမယ့် အခွင့်အရေးတစ်ခု ပေးစရာ ရှိတယ်။ ဆုပ်ကိုင်နိုင်မလား မဆုပ်ကိုင်နိုင်ဘူးလား ဆိုတာကတော့ ခင်ဗျား အခြေအနေကို နားလည်၊ မလည် အပေါ်မှာပဲ မူတည်တယ်။"
"ကောင်းပါပြီ။ ကျုပ် လုပ်ပါ့မယ်... လုပ်ပါ့မယ်။ အရင်ဆုံး လွှတ်ပေးလို့ ရမလား..."
"ကျန်းပြောင် … သူ့ကို လွှတ်ပေးလိုက်။"
အလွှတ်ခံရပြီးနောက် ဂျီအာ့ယဲ့က ခြေတစ်လှမ်း အမြန် ခုန်ဆုတ်လိုက်ကာ နီရဲနေသော မျက်လုံးများဖြင့် ကျန်းပြောင်ကို စိုက်ကြည့်ရင်း မရပ်မနား အသက်ရှူနေ၏။
အသက်ရှူမှန်သွားပြီး စိတ်ကို အတတ်နိုင်ဆုံး ငြိမ်သက်အောင် ထိန်းလိုက်ပြီးနောက် ဖန်ကျန်းရီကို မချိပြုံး ပြုံးပြကာ ပြောလိုက်သည်။ "အမတ်မင်း … ပြောပါ။"
မျက်မှောက်ရှိ လူနှစ်ယောက်က တကယ်ပင် အထင်သေးစော်ကား၍ ရမည်မဟုတ်ချေ။
အရေးအကြီးဆုံးမှာ ရှေ့တွင်ရှိနေသည့် အနည်းငယ် တုံးအအ ပုံစံပေါက်နေသော ထိုသူက အလွန်တရာ ရက်စက်ကြမ်းကြုတ်လွန်းနေခြင်းပင်။ အချိန်အတော်ကြာသည်အထိ စဉ်းစားကြည့်နေခဲ့သော်လည်း ထိုသူက မည်ကဲ့သို့လုပ်၍ သူ့အား တစ်ချက်တည်းဖြင့် စားပွဲပေါ်သို့ ဖိချသွားခဲ့သနည်းဆိုသည်ကို မည်သို့မှ နားမလည်နိုင်ခဲ့ပေ။
"အရမ်း ရိုးရှင်းပါတယ်။ ဒီနေ့ကစပြီး ခင်ဗျား သခင်လေးလီနောက် လိုက်ရမယ်။ ပိုက်ဆံကောက်တဲ့သူတွေက ကျုပ် ခွဲပေးထားတဲ့ နယ်မြေတွေ အတိုင်း သွားပြီး ဆက်ကြေးကောက်ရမယ်။ ကျုပ် မျှော်လင့်တာက နောက်ပိုင်း ငွေကောက်တဲ့လူတွေနဲ့ ရုံးတော်က အခွန်ကောက်တဲ့ လူတွေကလွဲပြီး တခြား ဘယ်သူမှ ဆက်ကြေး မကောက်ရဘူး။
တစ်ချိန်တည်းမှာပဲ တူညီတဲ့ လုပ်ငန်းအမျိုးအစားတွေကို ဈေးနှုန်း တစ်ခုတည်း သတ်မှတ်ရမယ်။ တိကျတဲ့ အခကြေးငွေ စည်းမျဉ်းကို နောက်မှ ကျုပ် ပြောပြမယ်။ ပြီးတော့ ပြည်သူတွေရဲ့ လမ်းဘေးဈေးသည်တွေ၊ ရွေ့လျား ဈေးသည်တွေနဲ့ အလုပ်သမားမရှိတဲ့ လင်မယားနှစ်ယောက်တည်းဆိုင်တွေကို အခကြေးငွေ မကောက်ရဘူး။
အဲဒီ ဆက်ကြေးတွေရဲ့ ခွဲဝေမှု အချိုးအစားကတော့ သုံးပုံကို သခင်လေးလီကို ပေး။ နှစ်ပုံကို အောက်ခြေက အရာရှိငယ်တွေကို ပေး။ တစ်ပုံကို တင်းချွမ်ကို ပေးပြီး နောက်တစ်ပုံကို ငွေကောက်ပေးတဲ့ လူတွေကို ပေး။ နောက်ဆုံး ကျန်တဲ့ သုံးပုံကတော့ ခင်ဗျာအတွက်ပဲ။"
ဖန်ကျန်းရီ ပြောပြီးသွားချိန်မှာတော့ အနောက်ရှိ အရာရှိငယ် အများအပြားက သက်ပြင်းချလိုက်ကြ၏။
အားလုံးသည် နေ့စဉ် လမ်းကင်းလှည့်လည်နေရသူများ ဖြစ်လေရာ ထိုကဲ့သို့သော လူမျိုးများနှင့် အဆက်အဆံ မပြုလုပ်ဘဲ နေ၍ ရမည်မဟုတ်ချေ။ အကျိုးအမြတ် အနည်းအကျဉ်းမှ မရှာဖွေဘဲ နေရန်ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စရပ်ပင် ဖြစ်သည်။ ဂျီအာ့ယဲ့ စကားလွတ်ထွက်သွားသည်ကို ကြားလိုက်ရစဉ်က သူတို့၏ ရင်ထဲ၌ အတော်လေး စိုးရိမ်ပူပန်သွားခဲ့ရ၏။ ယခုမူ ဤဆရာစိုက်က အကျိုးအမြတ် ခွဲဝေပေးရန် ရောက်ရှိလာခြင်း ဖြစ်ပြီး သူတို့အတွက်ပါ ဝေစုပါဝင်နေသေးရာ မည်သည့် ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း လီယွမ်ကျောက်က စိုးရိမ်သွား၏။
ဤသို့ ပြုလုပ်လိုက်မည် ဆိုပါက သူသည် ကျားထံမှ သားရေဆုတ်ရန် ကြံစည်နေသကဲ့သို့ ဖြစ်မသွားပေဘူးလား။ ထိုသို့ဆိုလျှင် သူတို့က ဤလူမိုက်များနှင့် မည်သို့များ ကွာခြားတော့မည်နည်း။ ပြည်သူတို့အတွက် လာရောက် တောင်းဆိုပေးခြင်း ဖြစ်သည်ဟု ပြောခဲ့သည် မဟုတ်ပါလား
သို့ပေမည့် စကားပြောရန် ပြင်လိုက်ချိန်မှာပင် ဖန်ကျန်းရီက တားဆီးလိုက်သည်။
ဂျီအာ့ယဲ့မှာ ယခုအခါ ခေါင်းထဲ ပို၍ ရှုပ်ထွေးသွားကာ ဖန်ကျန်းရီကို သံသယဖြင့် ကြည့်နေ၏။ ဒီသခင်လေးက ဆပ်ကြေးကောက်တာ ငါ့ထက်တောင် ပိုပြီး ကျွမ်းကျင်နေသလိုပဲ... ဘယ်လိုအခြေအနေလဲ။
ဖန်ကျန်းရီက ဆက်လက်၍ အာဝဇ္ဇန်းရွှင်စွာ ပြောလိုက်သည်။
"ကျုပ်ရဲ့ ဒီနည်းလမ်းအတိုင်းဆိုရင် အားလုံးရဲ့ အကျိုးစီးပွားက သေချာပေါက် အာမခံချက် ရှိသွားပြီ။ ခင်ဗျား အဓိက လုပ်ရမှာက လူတွေ ခေါ်သွားပြီး မြောက်ပိုင်းမြို့တော် နယ်မြေအတွင်းမှာ နေရာ ပိုရအောင် သိမ်းပိုက်ဖို့ပဲ။
တကယ်လို့ လူအင်အား မလောက်ရင် ကျုပ်က လူလွှတ်ပြီး ကူညီပေးမယ်။ နောက်ခံရှိတဲ့သူတွေကိုတော့ ဂရုစိုက်စရာ မလိုဘူး။ အနည်းဆုံးတော့ အရင်ကလည်း ခင်ဗျား သူတို့ဆီက ကောက်လို့ မရခဲ့ဘူးလေ။ ကျုပ် ခင်ဗျားကို သုံးလ အချိန်ပေးမယ်။ သုံးလ ပြည့်သွားရင် မြောက်ပိုင်း မြို့တော် နယ်မြေမှာ ခင်ဗျား … ဂျီအာ့ယဲ့ ကလွဲပြီး အသေးအမွှား အဖွဲ့လေးတွေကို ကျုပ် ထပ်မမြင်ချင်တော့ဘူး။ နားလည်လား။"
ဂျီအာ့ယဲ့က တံတွေး မြိုချလိုက်၏။ သူ ယနေ့မှ လူမိုက်အစစ်နှင့် လာတွေ့နေခြင်းပင်။ ထို့အပြင် ရုံးတော် နောက်ခံ ရှိနေသေးသည်။ “ကျုပ် နားလည်ပါပြီ။ ဒါနဲ့ အမတ်မင်းတင်း ဘက်ကရော ….”
"တင်းချွမ်ကို ခင်ဗျား ဂရုစိုက်စရာ မလိုဘူး။ သူက ကျုပ်ကို လာပြီး အမိန့်ပေးနိုင်တဲ့ အရည်အချင်း မရှိသေးဘူး။ ဒီနေ့ကစပြီး ခင်ဗျား စိတ်ကြိုက်သာ လုပ်လိုက်တော့။ ကျုပ် လူလွှတ်ပြီး ခင်ဗျားကို အုပ်ချုပ်မယ်။ ခင်ဗျား လက်အောက်က လူတိုင်းမှာ တိကျတဲ့ မှတ်တမ်းတွေ ရှိရမယ်။ ကောက်တဲ့ ငွေကြေးတိုင်းကို ရှင်းရှင်းလင်းလင်း စာရင်းသွင်းထားရမယ်။ တကယ်လို့ ပြည်သူတွေကို အနှောင့်အယှက် ပေးတဲ့ အခြေအနေမျိုး ဖြစ်လာတာ ဒါမှမဟုတ် ခင်ဗျား ငွေတွေကို ကိုယ်ကျိုးအတွက် ယူသုံးလိုက်တာမျိုး ကျုပ် သိသွားရင်... နောက်ဆက်တွဲ ရလဒ်ကို … ခင်ဗျား သိမှာပါ။"
ဂျီအာ့ယဲ့က နဖူးမှ ချွေးစေးများကို သုတ်ကာ ခေါင်းတဆက်ဆက် ညိတ်လိုက်၏။
ကြည့်သည့် အကြည့်များတွင် ဖန်ကျန်းရီကို လူမိုက်လောက၏ ခေါင်းဆောင်ကြီးအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ကျွမ်းကျင်လိုက်တာ။ ဒါက သူ အမြဲ အိပ်မက်မက်နေခဲ့တဲ့ အဆင့်အတန်းပဲ။
"ကျုပ် နားလည်ပါပြီ။ အမတ်မင်းအတွက် အသက်ပေးပြီး အမှုထမ်းပါ့မယ်။"
ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အပေါ်ထပ်ရှိ ကလေးငယ်ကို လက်ညှိုးထိုးပြလိုက်၏။ "ဟိုကလေး … မင်း ဆင်းလာခဲ့။"
ကလေးငယ်သည် ဤစကားကို ကြားချိန်မှာတော့ အနည်းငယ် အံ့အားသင့် ဝမ်းသာသွားသည်။ ကိုယ့်ခေါင်းဆောင်က မြေးတစ်ယောက်လို အဆူခံနေရသည်ကို မြင်တော့ ရင်ထဲ၌ အနည်းငယ် အထင်သေးနေ မိသည်။ ယခု ခေါင်းဆောင်သစ်က မြန်မြန်ဆန်ဆန်ဖြင့် သူ့ကို သဘောကျသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ပျော်ရွှင်စွာဖြင့် အောက်ထပ်သို့ ပြေးလွှားကာ ဆင်းလာပြီး ဖန်ကျန်းရီ အနားသို့ ရောက်ချိန်မှာတော့ ခေါင်းမော့ကာ ပြောလိုက်၏။ "အစ်ကိုကြီး …. မင်္ဂလာပါ။"
ဖန်ကျန်းရီက ကြင်နာစွာဖြင့် သူ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ "မင်းနာမည် ဘယ်လို ခေါ်လဲ။ ဒီနှစ် အသက် ဘယ်လောက် ရှိပြီလဲ။"
"လုပါ့ထျန်း။ အသက် ဆယ့်နှစ်နှစ်။"
"နာမည်ကောင်းလေးပဲ။ ဒါက မင်း မိဘတွေ ပေးထားတာလား။"
လုပါ့ထျန်းက ဂုဏ်ယူစွာ ပြောလိုက်၏။ "ဒါက ကျုပ်ဘာသာ ပေးထားတာ။"
"ဒါဆို အရင်တုန်းက ဘယ်လို ခေါ်လဲ။"
"လု... လုအာ့ကောက်။"
ဖန်ကျန်းရီ ရယ်မောကာ သူ၏ ခေါင်းကို ထပ်မံ ပွတ်သပ်လိုက်သည်။ "အာ့ကောက်ရေ။ ဦးလေးကလေ လူမိုက်တွေကို အမုန်းဆုံးပဲ။"
ပြောပြီးနောက် လုအာ့ကောက်၏ မျက်နှာကို ရိုက်ချလိုက်ရာ မျက်နှာလေးမှာ ချက်ချငး နီရဲရောင်ရမ်းသွား၏။ "အိမ်ပြန်ပြီး လယ်သွားစိုက်စမ်း။ ငါ မင်းကို ထပ်မြင်ရရင် အရေခွံ ခွာပစ်မယ်။"
လုအာ့ကောက်က မျက်နှာကို အုပ်ကာ ဖန်ကျန်းရီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် မျက်ရည်များကို သုတ်ကာ ငိုယို ပြေးထွက်သွားသည်။
အရာရှိငယ် တစ်စုက ရယ်ချင်စိတ်ကို အောင့်ထားကာ သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
ဖန်ကျန်းရီက အသံကျယ်ကြီးဖြင့် ပြောလိုက်၏။ "ဒီနေ့ကစပြီး မင်းတို့လူတွေထဲမှာ ကလေးတွေ ထပ်ပါလာရင် ကျုပ် မညှာဘူးလို့ အပြစ်မတင်နဲ့။ လူစုခွဲတော့။"
ဂျီအာ့ယဲ့ သက်ပြင်းချလိုက်ကာ အရိုအသေ ပေးပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။
ဖန်ကျန်းရီ၏ အသံက အနောက်မှ ထွက်ပေါ်လာ၏။ "ခင်ဗျား ခဏနေအုံး။"
ဂျီအာ့ယဲ့က နောက်လှည့်ကာ ဖန်ကျန်းရီကို သံသယဖြင့် ကြည့်လိုက်သည်။ သူက မျက်လုံး သွားဆေးရန် လောနေခြင်း ဖြစ်၏။ မျက်လုံးထဲ ဖုန်နှစ်ဆုပ် ဖြူးခံထားရသဖြင့် ယခု အရာဝတ္တုများကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။
ဖန်ကျန်းရီ ငွေတစ်ထုပ် ပစ်မြှောက်နေသည်ကိုသာ ဝိုးတဝါး မြင်နေရသည်။
"ကျုပ်တို့ သခင်လေးလီ ပြောထားတယ်။ ခင်ဗျားရဲ့ ဒီငွေနည်းနည်းလေးက ဘယ်သူ သုံးဖို့ လောက်မှာလဲ။ အပြင်လူတွေ မြင်သွားရင် ကျုပ်တို့ ဖုန်းဟော့ဂိုဏ်းမှာ ငွေမရှိဘူးလို့ ထင်သွားအုံးမယ်။ နောက်ထပ် အထုပ် နည်းနည်း ယူလာခဲ့။ တစ်ယောက်ကို တစ်ထုပ်။"
"…….."
အပိုင်း (၁၃၈) လှည့်ကွက်ဟောင်းကို အသစ်ပြန်လုပ်ခြင်း၊ ဖန်ကျင်း စာမေးပွဲအောင်ခြင်း။
အပြန်လမ်းတွင် ကျန်းပြောင်က ငွေတုံး ရာချီကို ကိုင်ဆောင်လာခဲ့၏။
အရာရှိငယ် တစ်စုက မျက်နှာများ ရှုံ့မဲ့လျက် သူ၏ အနောက်မှ လိုက်ပါလာကြသည်။ မူလက ငွေတစ်ချို့ ခွဲဝေရရှိမည်ဟု မျှော်လင့်ထားခဲ့သော်လည်း မည်သည့် ဝေစုမှ မရချေ။
ဖန်ကျန်းရီကတော့ ဝမ်းသာပျော်ရွှင်နေသော မျက်နှာထားဖြင့် ရှိနေ၏။ ကိစ္စများက ချောမွေ့စွာ တိုးတက်နေပြီး အရာအားလုံးက မျှော်မှန်းထားသည့်အတိုင်း ဖြစ်နေသည်။
သို့ပေမည့် လီယွမ်ကျောက်ကတော့ မပျော်ရွှင်တော့ဘဲ မျက်နှာ ပျက်ယွင်းကာ စိတ်ညစ်နေပုံ ပေါက်နေသည်။ ဖန်ကျန်းရီ၏ လုပ်ရပ်ကို သိပ်မကျေနပ်သည်မှာ သိသာလှ၏။
မူလက အားကြီးသူကို နှိမ်နင်းပြီး အားနည်းသူကို ကူညီရန် လူမိုက်တစ်စုနှင့် ရင်ဆိုင်ရမည်ဟု ထင်ထားခဲ့သော်လည်း ကိုယ်တိုင် လူမိုက်တို့နှင့် ပူးပေါင်းရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရုံးတော်သို့ ပြန်ရောက်ပြီးနောက် လီယွမ်ကျောက်က မည်သို့မှ မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ဖန်ကြီး ….. မင်း ဘာလို့ အဲဒီလို လုပ်ရတာလဲ။ အဲဒီလူတွေ လုပ်နေတာက ကောင်းတဲ့ အလုပ်မှ မဟုတ်တာ။"
ဖန်ကျန်းရီက ပြုံးကာ စားပွဲပေါ်ရှိ ငွေတစ်ထုပ်ကို လီယွမ်ကျောက်ထံသို့ တွန်းပို့ပေးလိုက်၏။ ပြီးနောက် ရှင်းပြလိုက်သည်။ "အိမ်ရှေ့စံ မလောပါနဲ့... ကိစ္စတွေကို တစ်ဆင့်ချင်း လုပ်ရမှာပေါ့။ အဲဒီလူတွေကို လောလောဆယ် အပြီးတိုင် ရှင်းလင်းပစ်လို့ မရဘူး။ ကျုပ်တို့ တစ်သုတ်ကို ရှင်းလင်းပြီးသွားရင် သိပ်မကြာခင်မှာ နောက်ထပ် တစ်သုတ် ထပ်ပေါ်လာအုံးမှာပဲ။ သားစဉ်မြေးဆက် အဆုံးအစ မရှိဘူး။
အိမ်ရှေ့စံက အချိန်တွေ အကုန်လုံးကို ဒီလူတွေနဲ့ ပြောက်ကျားစစ် တိုက်ဖို့ ဖြုန်းတီးပစ်လို့ မရဘူး။ ကျုပ် ဒီလို လုပ်ရတာ သေချာပေါက် အကြောင်းပြချက် ရှိလို့ပါ။ ကြည့်လေ … ကျုပ်တို့က သူတို့ကို တစ်စုတစ်စည်းတည်း ဖြစ်အောင် စုစည်းလိုက်တယ်။ သူတို့က တခြား အသေးအမွှားလေးတွေကို အကုန် ရှင်းပစ်ပြီးတဲ့ အချိန်ကျရင် ကျုပ်တို့ တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်လို့ ရပြီပေါ့။"
လီယွမ်ကျောက် မျက်မှောင် ပြေသွားသော်လည်း အနည်းငယ် မကျေနပ်သေးချေ။ "ဒါဆို ခင်ဗျား ဘာလို့ သူတို့ကို ကျုပ်တို့ လူတွေဆီ ငွေလာပေးခိုင်းရတာလဲ။ ဒါက အရာရှိတွေနဲ့ ဓားပြတွေ ပူးပေါင်းလိုက်တာနဲ့ မတူဘူးလား။ ကျုပ် လက်မခံဘူး။"
ဖန်ကျန်းရီက အသေအချာ ရှင်းပြလိုက်၏။ "အိမ်ရှေ့စံ ….. လက်ရှိ အခြေအနေက ဒီလိုပဲလေ။ အမြစ်တွယ်နေတဲ့ အကျင့်ဆိုးတွေကို ပြောင်းလဲဖို့ ခက်ခဲတယ်။ ဘာလုပ်လုပ် တစ်ဆင့်ချင်း လုပ်သွားရမှာပဲ။ နောက်ဆုံးတော့ ကျုပ်တို့မှာ စနစ်မှ မရှိတာ။"
"စနစ်ဆိုတာ ဘာကြီးလဲ။"
"အာ... အဲဒါ ထားလိုက်ပါ။ ကျုပ်ဆိုလိုတာက ရေအရမ်း ကြည်လွန်းရင် ငါးမရှိဘူး။ တကယ်လို့ ပြင်းပြင်းထန်ထန် စစ်ဆေးမယ်ဆိုရင် ကျုပ်တို့ကလွဲရင် အထက်အောက်အကုန်လုံးမှာ ဘယ်သူ သန့်ရှင်းနေလို့လဲ။ တကယ်လို့ အခြေအနေက အရမ်းဆိုးရွားသွားရင် စိတ်အေးချမ်းသာစွာနဲ့ အမှုထမ်းမယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ ဒါကို စိုးရိမ်ရတယ်။
ကြည့်လေ။ အိမ်ရှေ့စံရဲ့ သန့်ရှင်းရေးအဖွဲ့လည်း ဒီအတိုင်းပဲ။ တကယ်လို့ အဖွဲ့သားတိုင်းကို သေချာ ကြိုးကြိုးစားစား လုပ်ဖို့ တင်းကျပ်ထားမယ်ဆိုရင် လက်တွေ့ မကျဘူး။ လူတွေကို ပျင်းရိဖို့ နေရာလေးတော့ ပေးရမှာပဲ။ တကယ်လို့ အိမ်ရှေ့စံက သူတို့ကို မပျင်းခိုင်းရင်တောင် အဲဒီလူတွေက အနားယူဖို့ အခွင့်အရေး ရှာကြမှာပဲ။ အရမ်း ဖိအားပေးလွန်းရင် လူတွေက ပုန်ကန်ကြလိမ့်မယ်။"
လီယွမ်ကျောက် မေးစေ့ကို ပွတ်သပ်ကာ တစ်စုံတစ်ခုကို စဉ်းစားနေ၏။ "မဆိုးဘူး။ ခင်ဗျား ပြောတာ နည်းနည်း ယုတ္တိရှိတယ်။”
"ပြီးတော့ ဒါက စနစ်တစ်ခုလုံးရဲ့ ပြဿနာပဲ။ ကျုပ်တို့မှာ လောလောဆယ် ပြုပြင်ပြောင်းလဲဖို့ အချိန်လည်း မရှိသလို အရည်အချင်းလည်း မရှိသေးဘူး။ လက်ရှိမှာ ယန်ကော်အန်းဘက်က အရမ်းကို အောင်မြင်နေတယ်။ ကျုပ်တို့ မြန်မြန် ငွေရှာမှ ရတော့မယ်။"
ပြောပြီးနောက် လီယွမ်ကျောက်ထံသို့ စာရွက်တစ်ရွက်ကို ထပ်မံ ကမ်းပေးလိုက်သည်။ "အိမ်ရှေ့စံ ကြည့်ပါ။ ဒါက ကျုပ် ယန်ကော်အန်းဘက်ကို လူလွှတ်ပြီး စုံစမ်းခိုင်းထားတဲ့ သတင်းပဲ။ အဲဒီဘက်က ပြည်သူတွေအားလုံးက ယန်ကော်အန်းရဲ့ အုပ်ချုပ်မှုကို မချီးကျူးတဲ့သူ မရှိဘူးလို့ ကြားတယ်။"
လီယွမ်ကျောက်က စာရွက်ကို ဆွဲယူလိုက်၏။ ပြီးနောက် မျက်လုံးပြူးကာ သေချာ ကြည့်လိုက်၏။ "အာ ….. တကယ်ကို အရည်အချင်း ရှိတာပဲ။ ကျုပ်က သူ စကားကြီးစကားကျယ်ပဲ ပြောတတ်တယ်လို့ ထင်နေတာ။ သူ့ရဲ့ နာမည်ကောင်းက ကျုပ်တို့ထက်တောင် ပိုကောင်းနေသေးတယ်လား။"
ဖန်ကျန်းရီလည်း စိတ်ရှုပ်ထွေးနေ၏။
ဤအဘိုးကြီးက သူနှင့် လူထုထင်မြင်ချက်စစ်ပွဲ ဆင်နွှဲချင်နေသည်လား။ စုံစမ်းရေး အစီရင်ခံစာ ရောက်ရှိလာချိန်၌ ထိုအထဲတွင် ပြည်သူများက ယန်ကော်အန်း၏ အုပ်ချုပ်မှုစွမ်းရည်ကို ချီးကျူးထောပနာပြုထားသည့် အကြောင်းအရာများချည်းသာ ပြည့်နှက်နေသည်။ ထို့အပြင် ပညာတတ် အမြောက်အမြားကလည်း အပြိုင်အဆိုင် မျက်နှာချိုသွေး မြှောက်ပင့်နေကြသေး၏။
ပန်းရှန်းရပ်ကွက်ဘက်မှ ပြည်သူများလည်း ဤသတင်းကို ကြားသိသွားကြရာ လူအများအပြားမှာ တုန်းကျင်းရပ်ကွက်မှ ပြည်သူများကို မနာလို ဝန်တိုဖြစ်လာကြသည်။ ဤကဲ့သို့သော နံပါတ်တစ် ပညာရှင်တစ်ဦး ကိုယ်တိုင်ကိုယ်ကျ ရပ်ကွက်အား အုပ်ချုပ်ပေးခြင်းမှာ တကယ်ကို ဂုဏ်ယူဝင့်ကြွားဖွယ်ရာပင် ဖြစ်သည်။
ထို့အပြင် လူနေမှုဘဝကလည်း အတော်လေး ကောင်းမွန်လာရာ ပန်းရှန်းရပ်ကွက်အပေါ်၌ ညည်းညူသံများ ပိုမို များပြားလာခဲ့သည်။ မိမိတို့ဘက် အဘယ်ကြောင့် ပညာတတ်များ လာရောက်၍ မြှောက်ပင့်ဖားယားခြင်း မရှိကြသနည်း။ လမ်းများ၏ သန့်ရှင်းရေးကို ဤမျှတိုင် ကောင်းမွန်အောင် ပြုလုပ်ထားသည်ကို ဤခွေးသားတစ်သိုက်က မမြင်ကြဘူးလား။ ဤသို့တော့ အဖြစ်ခံ၍ မရချေ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက လူထုထင်မြင်ချက် တိုက်ပွဲတွင် ကျိန်းသေပေါက် ရှုံးနိမ့်ရပေလိမ့်မည်။
"အိမ်ရှေ့စံ …. ကြည့်လေ။ ဒီခွေးကောင်ကြီး ဒီလောက် ကောင်းနေတာ။ ကျုပ်တို့လည်း ရှုံးလို့ မရဘူး။ နည်းလမ်း ရှာမှ ရမယ်။"
လီယွမ်ကျောက် စာဖတ်ပြီးနောက် အနည်းငယ် စိတ်ပျက်နေပုံ ပေါ်၏။ "ဘာတွေ စဉ်းစားနေအုံးမှာလဲ။ ခင်ဗျားက ပန်းရှန်းဇာတ်ခုံပေါ်မှာ ခမည်းတော်ရဲ့လုပ်ရပ်တွေကို ချီးကျူးတဲ့ ပြဇာတ်တွေကိုပဲ နေ့တိုင်း ကခိုင်းနေတာ မဟုတ်ဘူးလား။ အဲဒါက ဘာအသုံးဝင်လဲ ပြောကြည့်လေ။ ခမည်းတော်က ကျုပ်တို့ဆီ လာမှာမှ မဟုတ်တာ။
ကျုပ် ကြည့်ရသလောက်တော့ အဓိက ဇာတ်ကောင် နေရာမှာ ကျုပ်ကို အစားထိုးလိုက်တာ ပိုကောင်းမယ်။ ပြီးတော့ တောကျပြီး ရိုင်းစိုင်းတဲ့ ပြဇာတ်တွေကို လဲသင့်နေပြီ။"
ဖန်ကျန်းရီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
ရင်ထဲကလာတာကို ဘယ်လိုလုပ် အပေါ်ယံ ချီးကျူးနေတာ ဖြစ်သွားရတာလဲ။
ဒါ့အပြင် တောကျပြီး ရိုင်းစိုင်းတဲ့ ပြဇာတ်တွေက ပြည်သူတွေ ကြည့်ဖို့ အကောင်းဆုံးပဲ။ ရှုပ်ထွေးအောင် လုပ်ထားရင် ဘယ်သူ ကြည့်မှာလဲ။
တစ်နေကုန် လယ်ထဲ အလုပ်လုပ်ပြီးလို့ ညစ်ညမ်းတဲ့ ဟာသလေး နည်းနည်း ကြည့်ပြီး အနားယူတာက အကောင်းဆုံး မဟုတ်လား။
ဖာဟိုင်က ပိုင်စုကျိန်းကို တုတ်နဲ့ ရိုက်တဲ့ ပြဇာတ်ကို ခင်ဗျားလည်း အရသာခံပြီး ကြည့်ခဲ့တာ မဟုတ်ဘူးလား။ အပေါ်ယံဆန်လိုက်တာ။
"အဲဒါက... ကျုပ် အစရှာတွေ့သွားပြီ။ မနက်ဖြန် ပြဇာတ်သစ် ကမယ်။ ဖန်ကျင်း စာမေးပွဲအောင်ခြင်း။ ဇာတ်အဖွဲ့ကို အစွမ်းကုန် ကခိုင်းလိုက်မယ်။ အဲဒီ ပညာတတ် တစ်သိုက်ရဲ့ ဟန်ဆောင်နေတဲ့ မျက်နှာဖုံးကို ကျုပ် ခွာချပြမယ်။"
"ဖန်ကျင်း စာမေးပွဲအောင်ခြင်း ဆိုတာ ဘာကြီးလဲ။"
"ဪ … ဒါက ကျုပ် ကြည့်ဖူးတဲ့ ပြဇာတ် တစ်ခုပါ။ လူလွှတ်ပြီး စီစဉ်ခိုင်းလိုက်မယ်။ မနက်ဖြန် ကတော့မယ်။ ပြီးတော့ ရက်အနည်းငယ်လောက် ဆက်တိုက် ကခိုင်းမယ်။"
......
ဖန်ကျင်း စာမေးပွဲအောင်ခြင်းကို ပြဇာတ်အဖြစ် ကပြခြင်းက လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု အလွန် ကြီးမားမည်မှာ သံသယဝင်စရာ မလိုပေ။ ထိုအထဲတွင် ပြင်းထန်သော သရော်စာ သဘောတရားများ အပြည့်အဝ ပါဝင်နေသည်။
အရေးကြီးဆုံးက ဖန်ကျန်းရီက ကျောင်းစာများကို အတော်လေး မှတ်မိနေသေးခြင်း ဖြစ်၏။ အနည်းငယ် ပြုပြင ်ပြောင်းလဲလိုက်ရုံဖြင့် အလျင်အမြန် ကပြနိုင်၏။
သို့သော် ပုံမှန် ကပြနေကျ ညစ်ညမ်း ဟာသများနှင့် ယှဉ်လိုက်ပါက... ဆွဲဆောင်မှု အများကြီး ကွာခြားနေသည်။
ထို့ကြောင့် ဖန်ကျန်းရီ ကိုယ်တိုင် ဝင်ပါကာ ခေတ်သစ် ပညာရေး၏ လွှမ်းမိုးမှု ခံထားရသော လူနေမှု ပုံစံကို ပြသလိုက်၏။
အသစ်စက်စက် ကြော်ငြာပိုစတာ တစ်ခုက ဤသို့ဖြင့် မွေးဖွားလာခဲ့သည်။
ပိုစတာ၏ အဓိက ပုံမှာ လူငယ်ဆန်ပြီး ချောမောသော ဖန်ကျင်း ဖြစ်ကာ ဘေးပတ်လည်တွင် အလှမယ် တစ်စုက လက်ဆောင် ပစ္စည်း မျိုးစုံ ကိုင်ကာ ဝိုင်းရံထားကြ၏။
ဘေးဘက်တွင် ရေးထားသည်မှာ... အသုံးမကျတဲ့ သမက်... ရုတ်တရက် ချမ်းသာလာခြင်း... ယောက္ခမနဲ့ ချွေးမ... ကြက်၊ သတိလစ်သွားတဲ့အထိ ကောင်းတယ် စသည့် စိတ်လှုပ်ရှားဖွယ်စာလုံးများဖြင့် ကြည့်ရှုသူများကို ဆွဲဆောင်ထားသည်။
ဖန်ကျန်းရီက တွေးလိုက်၏။ ဤခွေးကောင်က သူနှင့်များ လူထုထင်မြင်ချက်စစ်ပွဲ ဆင်နွှဲချင်နေသည်လား။
စုံစမ်းရေး အစီရင်ခံစာ ရောက်ရှိလာသောအခါ ထိုအထဲတွင် ပြည်သူများက ယန်ကော်အန်း၏ အုပ်ချုပ်မှုစွမ်းရည်ကို ချီးကျူးထောပနာပြုထားသည့် အကြောင်းအရာများချည်းသာ ပြည့်နှက်နေသည်။ ထို့အပြင် ပညာတတ် အမြောက်အမြားကလည်း အပြိုင်အဆိုင် မျက်နှာချိုသွေး မြှောက်ပင့်နေကြသေး၏။
ပန်းရှန်းရပ်ကွက်ဘက်မှ ပြည်သူများလည်း ဤသတင်းကို ကြားသိသွားကြရာ လူအများအပြားမှာ တုန်းကျင်းရပ်ကွက်မှ ပြည်သူများကို မနာလို ဝန်တိုဖြစ်လာကြတော့သည်။ ဤကဲ့သို့သော နံပါတ်တစ် ပညာရှင်တစ်ဦး ကိုယ်တိုင်ကိုယ်ကျ ရပ်ကွက်အား အုပ်ချုပ်ပေးခြင်းမှာ တကယ်ကို ဂုဏ်ယူဝင့်ကြွားဖွယ်ရာပင် ဖြစ်သည်။
ထို့အပြင် လူနေမှုဘဝကလည်း အတော်လေး ကောင်းမွန်လာသည်ဖြစ်ရာ ပန်းရှန်းရပ်ကွက်အပေါ်၌ ညည်းညူသံများ ပိုမို များပြားလာခဲ့သည်။ မိမိတို့ဘက်တွင် အဘယ်ကြောင့် ပညာတတ်များ လာရောက်၍ မြှောက်ပင့်ဖားယားခြင်း မရှိကြသနည်း။ လမ်းများ၏ သန့်ရှင်းရေးကို ဤမျှတိုင် ကောင်းမွန်အောင် ပြုလုပ်ထားသည်ကို ဤခွေးကောင် တစ်သိုက်က မမြင်ကြဘူးလား။ ဤသို့တော့ အဖြစ်ခံ၍ မရချေ။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက လူထုထင်မြင်ချက် တိုက်ပွဲတွင် ကျိန်းသေပေါက် ရှုံးနိမ့် သွားရပေလိမ့်မည်။
......
ထင်သည့်အတိုင်းပင် ပိုစတာကို လမ်းမပေါ်တွင် ကပ်ပြီး တစ်ရက်တောင် မကြာခင်မှာပင် အကြီးအကျယ် ဂယက်ရိုက်သွား၏။
မရေမတွက်နိုင်သော ပြည်သူများက ပိုစတာကို လက်ညှိုးထိုးပြီး စိတ်ဝင်စားစရာ စာလုံးများအပေါ် မူတည်၍ ခေါင်းထဲတွင် ကိုယ်ပိုင် ဇာတ်လမ်းများကို အသီးသီး ပုံဖော်နေကြသည်။
"အာ။ လူ့ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ ပြဇာတ်ကြီးပဲ။ သေချာပေါက် လူ့ကျင့်ဝတ် ပြဇာတ်ကြီးပဲ ဖြစ်ရမယ်။ ဒါကိုလည်း အများရှေ့မှာ ကပြလို့ ရတာလား။"
"မင်း စဉ်းစားတာ လွဲသွားပြီ။ အိမ်ပါသမက် ရုတ်တရက် ချမ်းသာလာတာ။ ငါ ကြည့်ရတာ အရမ်း ကြိုက်တယ်။"
"မင်းတို့ ပြောတာတွေ အကုန် မှားတယ်။ ဒါကလေ မိသားစု သံယောဇဉ် ပျက်စီးသွားတာလို့ ခေါ်တယ်။ ...အာ။ အစ်ကိုကြီး။ ဒီအပေါ်မှာ ဘာတွေ ရေးထားတာလဲ။"
ပညာတတ်အားလုံးလည်း မျက်နှာ နီရဲသွားကြကာ ထိုနေရာ၌ပင် မဖွယ်မရာ ဖြစ်သည်ဟု ဆူပူကြ၏။ သို့သော်လည်း စိတ်တ်ဝင်စားသူများလည်း ရှိနေသည်။
လူအုပ်ထဲတွင် အဆိုးရွားဆုံး ဆဲဆိုနေသူမှာ ဝူ မျိုးရိုး ရှိသော ပညာတတ် တစ်ယောက် ဖြစ်သော်လည်း ဘေးနားရှိ သူငယ်ချင်းဖြစ်သူကတော့ အမြင် ကွဲလွဲနေ၏။
"အစ်ကိုဝူ … ကျုပ်ကတော့ ဒီပြဇာတ်ကို နည်းနည်း စိတ်ဝင်စားနေတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံလည်း ပေးစရာ မလိုဘူးဆိုတော့ သွားကြည့်ကြမလား။"
"သွားရမယ်။ သေချာပေါက် သွားရမယ်။ ကျုပ် အပြင်းအထန် ဝေဖန်ပစ်ရမယ်။ ဒီပန်းရှန်းရပ်ကွက်က တကယ်ကို မိစ္ဆာတွေ သောင်းကျန်းနေတဲ့ နေရာပဲ။ ရှုပ်ရှုပ်ယှက်ယှက်တွေ အကုန် ရှိတာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က သန့်ရှင်းရေးအဖွဲ့က လူတွေရဲ့ အနောက်မှာလည်း ဒီလိုပုံမျိုး ကပ်ထားတာ မြင်ခဲ့သေးတယ်။"
"အမှုအကျင့်တွေက ဒီလောက် မဖွယ်မရာ ဖြစ်နေတာ။ ကျုပ်တို့ ပညာတတ်တွေက နေရာမှာတင် ဝေဖန်ရမယ်။"
ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများက ပညာတတ် နှစ်ယောက်ကို အထင်သေးစွာ ကြည့်လိုက်ကြ၏။
အစ်ကိုဝူနှင့် သူငယ်ချင်းဖြစ်သူတို့မှာ မျက်နှာ နီရဲသွားကာ အရှက်တကွဲဖြင့် ထွက်ပြေးသွားကြသည်။
......
ညဘက် အနည်းငယ် နောက်ကျချိန်မှာတော့ ပန်းရှန်းကွင်းပြင်ရှိ မီးပုံပွဲကို စတင် ထွန်းညှိလိုက်၏။
ကွင်းပြင်ထဲတွင် လူများဖြင့် ပြည့်နှက်နေကာ လမ်းဘေး ဈေးသည် အများအပြားက ခရီးသွားများ၏ အာရုံကို ဆွဲဆောင်ရန် အစွမ်းကုန် အော်ဟစ်နေကြသည်။
ယခုအခါ ပန်းရှန်းကွင်းပြင်၏ နေ့စဉ် မီးပုံပွဲက ရပ်ကွက်တစ်ခုလုံးနှင့် ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက် အချို့အတွက်ပါ အနားယူ အပန်းဖြေရန် အကောင်းဆုံး နေရာ တစ်ခု ဖြစ်လာခဲ့၏။
ပုံမှန်ဆိုလျှင် နေဝင်သွားသည်နှင့် ပြည်သူများ၏ ညဘက် နေထိုင်မှု ဘဝက အခြေခံအားဖြင့် သုညနှင့် ညီမျှသည်။ အိပ်သည်မှလွဲလျှင် မျိုးဆက်ပွားသည့် ကိစ္စသာ ရှိတော့သည်။ နေ့တိုင်း တစ်ယောက်တည်းကို မျိုးဆက်ပွားဖို့ ကြိုးစားရသည်ကလည်း ပျင်းစရာကောင်းသည်။ တခြားသွားပွားရအောင်လည်း သူတို့၌ ငွေလုံလုံလောက်လောက် မရှိပေ။
ထို့ကြောင့် ပန်းရှန်းကွင်းပြင်က သဘာဝကျကျပင် ပြည်သူများ၏ ညဘက် နေထိုင်မှု ဘဝအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့သည်။
ဈေးပေါသော သရေစာများ ရှိသည်။ လူများပြီး စည်ကားသည်။ ထို့အပြင် အလကား ကြည့်၍ရသော ပြဇာတ်လည်း ရှိသေးသည်။ မည်သူက မကြိုက်ဘဲနေမည်နည်း။
သို့သော်လည်း ယနေ့ည ပန်းရှန်းကွင်းပြင်ကတော့ ပိုပြီး အထူး စည်ကားနေ၏။ တစ်ရက်လုံး ကြိုတင် လှုံ့ဆော်ထားပြီးနောက် ဖန်ကျင်း စာမေးပွဲအောင်ခြင်း ပြဇာတ်ကို ချက်ချင်း စတင်တော့မည်။
အစီအစဉ် တင်ဆက်သူ စင်ပေါ်သို့ တက်လာသည်နှင့် အောက်ရှိ ကြည့်ရှုသူများက အကျင့်ပါနေသည့်အတိုင်း အသက်ရှူအောင့်ထားရန် သင်ယူတတ်နေကြပြီ ဖြစ်၏။
အကယ်၍ လူများပြီး ဆူညံနေလျှင် စင်ပေါ်မှ ပြောဆိုသည်များကို အနောက်မှလူများ ကြားရလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဆဲဆိုကြပေလိမ့်မည်။
ထိုသို့ ဆဲလိုက်လျှင် အရှေ့မှ လူများကလည်း လိုက်လံဆဲဆိုကြပြီး နောက်ဆုံး ရှိရှိသမျှ လူအားလုံး ဆဲဆိုကြတော့သည်။ မည်သူမှ ပြဇာတ်ကို ကောင်းကောင်း ကြည့်ရတော့မည် မဟုတ်ချေ။
အစီအစဉ် တင်ဆက်သူက အကျင့်ပါနေသောအပြုံးဖြင့် ပြောလိုက်သည်။ "ကောင်းပါပြီ။ အားလုံး မျှော်လင့်နေကြတဲ့ ပြဇာတ်သစ် ဖန်ကျင်း စာမေးပွဲအောင်ခြင်း ကို အခု စတင်ပါတော့မယ်။"
ပြောပြီးသည်နှင့် စင်ပေါ်မှ ချက်ချင်း ခုန်ဆင်းသွား၏။
ဤအချိန်ကာလအတွင်း အစီအစည်တင်ဆက်သူသည် အလုပ်လုပ်ရင်း ခဲနှင့် ပစ်ခံရသောကြောင့် ဆေးခန်းသို့ အကြိမ်ကြိမ် ရောက်ခဲ့သည်။ များပြားလှသော ဆေးဖိုးဝါးခများ၏ ဖိနှိပ်မှုကို မခံနိုင်တော့သည့် အဆုံးမှာတော့ သူသည် စင်ပေါ်၌ မည်သည့်စကားမှ ထွေထွေထူးထူး မပြောတော့ပေ။ လိုရင်းကိုပြောပြီး စင်ပေါ်မှ ခုန်ဆင်းတက်သည့် အကျင့်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။
စင်ပေါ်မှ မြင်ကွင်းမှာတော့ ဝက်သတ်သမား ဟူ က အူတစ်ချောင်းနှင့် အရက်တစ်ပုလင်းကို ကိုင်ကာ ဖန်ကျင်း၏ အိမ်ထဲသို့ ဝင်သွားချိန်မှ စတင်၏။
ဖန်ကျင်းကို မြင်သည်နှင့် သူက ပြောလိုက်သည်။ "ငါက ကံဆိုးလို့ မင်းလို အသုံးမကျတဲ့ ကောင်နဲ့ သမီးကို ပေးစားမိတာ..."
သရုပ်ဆောင် တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ကာ ကပြလာသည်နှင့်အမျှ စင်အောက်ရှိ ပြည်သူများ၏ မျှော်လင့်နေသော မျက်နှာထားများက တဖြည်းဖြည်း ပြောင်းလဲသွား၏။
ဒါ... ဒါက သောက်ကျိုးနည်း ကြော်ငြာထားတာနဲ့ မတူဘူးလေ။ ငါတို့ လိုချင်တဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းက ဘယ်မှာလဲ။
ပြီးတော့ ဒီဖန်ကျင်းက ဘာလို့ ဒီလောက် ရုပ်ဆိုးနေရတာလဲ။ အသက်ကလည်း ကြီးသေးတယ်။ ဒီလို လူမျိုးကလည်း စာမေးပွဲအောင်တဲ့ သခင်လေး ဖြစ်နိုင်သေးတာလား။
ကြော်ငြာထားသည်နှင့် မတူသော်ငြား မည်သူကမှ ပြန်သွားရန် ဆန္ဒမရှိကြချေ။ ပြဇာတ်ကောင်းကောင်း မကောင်းကောင်း ရောက်လာပြီးပြီဆိုမှတော့ မည်သူမှ ပြန်ထွက်မသွားချင်တော့ပေ။
ကြည့်ရင်း ကြည့်ရင်းဖြင့် ပြည်သူ အများအပြား၏ မျက်နှာပေါ်တွင် ရုတ်တရက် သဘောပေါက်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။
အော်... မိသားစုတွင်း ပြဿနာတွေကို ကပြနေတာကိုး။ ပြီးတော့ ပြဇာတ်နာမည်က ဖန်ကျင်း စာမေးပွဲအောင်ခြင်း ဆိုတော့ ဖန်ကျင်းက စာမေးပွဲအောင်တဲ့ သခင်လေး တစ်ယောက် ဆိုတာကို ပြနေတာပဲ။
လူတွေရှေ့မှာ ဂုဏ်ကျက်သရေ ရှိတဲ့ စာမေးပွဲအောင် သခင်လေးတွေက စာမေးပွဲ မအောင်ခင်တုန်းက ဒီလို ပုံစံမျိုးပဲလို့ မထင်ထားခဲ့ဘူး။ ကြည့်ရတာ ငါတို့လို သာမန် ပြည်သူတွေနဲ့ ဘာမှ မကွာခြားဘူးပဲ။ ဘဝက ရှုပ်ယှက်ခတ်နေတာပဲ။
ဒီအသက်အရွယ်ကြီးမှ စာမေးပွဲ အောင်ရင်တောင် ဘယ်နှစ်နှစ်လောက် စံစားရမှာလဲ။
စင်အောက်ရှိ ပညာတတ်များမှာ အနည်းငယ် နေရခက်နေပုံ ပေါ်သော်လည်း ထွက်မသွားချင်ကြပေ။ စာမေးပွဲ အောင်မည့် ဇာတ်ကွက် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေသည်မှာ သိသာ၏။
မကြာမီမှာပင် စင်ပေါ်ရှိ ဇာတ်လမ်းက တဖြည်းဖြည်း တိုးတက်လာသည်။ ဖန်ကျင်း စာမေးပွဲအောင်ပြီးနောက် နောက်ဆုံးတွင် ဇာတ်လမ်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။
စင်ပေါ်ရှိ ဖန်ကျင်း က အသံကျယ်ကြီးဖြင့် အော်လိုက်၏။ "ဟုတ်ပြီ …. ငါ အောင်ပြီ။"
ထို့နောက် ခြေချော်ကာ စင်ပေါ်တွင် တည့်မတ်စွာ လဲကျသွားသည်။
စင်အောက်ရှိ ပညာတတ်များ၏ မျက်နှာထားများက ရုတ်တရက် ပြောင်းလဲသွား၏။