← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅)

အဲဒီလူနာမည်က လီယီတဲ့၊ ဖျင်ယန်စီရင်စု ဝမ်မြို့နယ်ကလူပဲ။

နေရာကလည်း ကိုက်ညီတယ်၊ မျိုးရိုးကလည်း လီ ပဲဆိုတော့ ဟိုလူပဲ ဖြစ်ရမယ်။ ရွှီထင်းရှန်းတို့ သုံးယောက်လုံးက မောက်ပါ့သို ဘယ်လိုလုပ်ပြီး အဲဒီလူမှန်း သိတာလဲဆိုပြီး တအံ့တဩ မေးကြတာပေါ့၊ ဘယ်သူမှလည်း မြင်ဖူးတာ မဟုတ်ဘူးလေ။ အဲဒီတော့မှ မောက်ပါ့သိုက အမှန်အတိုင်း ပြောတော့တယ်၊ သူက အဲဒီ လီမိသားစုရဲ့ အဖေနာမည်ရော သားနာမည်ပါ အကုန်စုံစမ်းထားပြီးသားလေ။

အဖေရော သားပါ နာမည်တွေက ကွက်တိပဲ၊ နေရပ်ကလည်း ဝမ်ခရိုင်ဆိုတော့ အဲဒီ လီယီ ကလွဲရင် တခြား ဘယ်သူ ရှိဦးမှာလဲ။

မောက်ပါ့သို လက်ထဲမှာ ကိုင်ထားတဲ့ စက္ကူကတော့ လီမိသားစုရဲ့ မျိုးရိုးစဉ်လာ သုံးဆက်စာရင်းပဲ။ ဒါက ကျောင်းတော်ကို ဝင်ခွင့်ဖြေမယ့်သူတိုင်း မဖြစ်မနေ ဖြည့်ရတဲ့ စာရင်းလေ။ မြောက်ဘက်တောင်တန်း ကျောင်းတော်ကို လာတက်ချင်တဲ့သူတိုင်း ဒါကို ဖြည့်ပေးရတာ။

တကယ်တော့ မောက်ပါ့သိုက ဒီလူကို အစောကြီးကတည်းက သတိထားမိတာ မဟုတ်ဘူး၊ ဒီ လီယီ ဆိုတဲ့လူက နေထိုင်ပုံက အရမ်းကို လူရှေ့ထွက်လွန်းလို့ သတိထားမိသွားတာ။ တခြားလူတွေက အစေခံတွေ၊ စာကြည့်ဖော်တွေကို ကျောင်းထဲ ပေးမခေါ်လာရပေမဲ့ သူကတော့ ဇွတ်ခေါ်လာတယ်။ ကျောင်းတော်က အလုပ်သမားတွေက တားတော့ သူက အဲဒီလူတွေကို အော်ဆဲပြီး ကျောင်းအုပ်ကြီးကို တွေ့မယ်၊ ဒီကျောင်းက မတရားဘူးဆိုပြီး ပြဿနာရှာတာ။

ဒါပေမဲ့ မြောက်ဘက်တောင်တန်း ကျောင်းတော်က ဒီလိုလူမျိုးကို အဖတ်လုပ်မှာ မဟုတ်ဘူး။ ငါတို့ စည်းကမ်းက ဒါပဲ၊ လိုက်နာရင်နေ၊ မလိုက်နာရင် တောင်အောက်ဆင်းမယ့်လမ်းက ဟိုမှာ ရှိတယ်၊ ဘယ်သူမှ မတားဘူးလို့ပဲ ပြောလိုက်တာ။

အဲဒီလူလည်း အရှက်ကွဲပြီးတော့မှ ကျောင်းထဲကို ငြိမ်ငြိမ်လေး ဝင်လာရတာပေါ့။

လူကတော့ ကျောင်းထဲ ရောက်လာပြီ၊ ဒါပေမဲ့ ကျောင်းတော်ရဲ့ နာမည်ပျက်စာရင်းထဲကိုလည်း ချက်ချင်း ရောက်သွားခဲ့ပြီ။ ဒီလောက်အထိ အသိဉာဏ်နည်းပြီး မောက်မာရိုင်းစိုင်းတဲ့လူကို ဘယ်လောက်ပဲ ပါရမီရှိပါစေ ကျောင်းတော်က ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။

တကယ်တော့ ကျောင်းသားတွေ ကျောင်းတော်ကို စရောက်လာကတည်းက သူတို့ရဲ့ အပြုအမူတိုင်းကို စောင့်ကြည့်ပြီး မှတ်တမ်းတင်ထားတဲ့လူတွေ သီးသန့် ရှိတယ်။ ကျောင်းတော်က ပညာအရည်အချင်း တစ်ခုတည်းကိုပဲ ကြည့်တာ မဟုတ်ဘူး၊ ကိုယ်ကျင့်တရားကို အရင်ကြည့်ပြီးမှ ပါရမီကို နောက်မှ ကြည့်တာ။ အခု ပထမဆုံးရက်နဲ့ နောက်ထပ် နှစ်ရက်က ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တရားကို စမ်းသပ်တဲ့ ရက်တွေပဲပေါ့။

အောက်ခြေက အလုပ်သမားတွေက နာမည်စာရင်းတွေ တင်ပြလာတဲ့အခါ မောက်ပါ့သိုက 'လီယီ' ဆိုတဲ့ နာမည်ကို မြင်ပြီး သတိထားကြည့်လိုက်တာလေ။ နောက်မှ ဟိုဘက်က ဖြည့်ထားတဲ့ မိသားစုစာရင်းကို ကြည့်လိုက်တော့မှ 'ရန်သူနဲ့ လမ်းကျဉ်းမှာ ဆုံတယ်' ဆိုသလို ဖြစ်သွားတာပေါ့။

"မင်းတို့ မြန်မြန် ကူစဉ်းစားပေးကြဦး၊ အဲဒီကောင်ကို လူမသိအောင် ဘယ်လို ပညာပေးရမလဲ" မောက်ပါ့သိုက စိုးရိမ်တကြီး မေးလိုက်တယ်။

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ချန်ကျန်းကတော့ သူက ဒါမျိုးတွေ မကျွမ်းကျင်ဘူးလို့ ပြောသလို၊ လီသာ့ထျန်ကလည်း သူ စဉ်းစားတဲ့နည်းက မောက်ပါ့သိုကိုယ်တိုင် စဉ်းစားတာလောက် မကောင်းဘူးလို့ ဆိုတယ်။

105 02

ရွှီထင်းရှန်းကတော့ ခဏလောက် စဉ်းစားပြီးမှ စိတ်ကောင်းဝင်လာပုံရတယ်၊ မောက်ပါ့သိုကို နားနားကပ်ခိုင်းပြီး အကြံတစ်ခု ပေးလိုက်တာပေါ့။

မောက်ပါ့သိုက နားထောင်ပြီးတော့ မျက်နှာက ဝင်းပသွားပြီး "ရွှီထင်းရှန်းရဲ့ ဒီနည်းလမ်းကတော့ တကယ့်ကို ကောင်းတယ်ဟေ့" ဆိုပြီးတော့ ချက်ချင်းပဲ အစီအစဉ်ဆွဲဖို့ ပြေးထွက်သွားတော့တာပဲ။

တစ်ဖက်မှာတော့ ကျောင်းသားတွေကို နေရာချပေးထားတဲ့ ဟောက်ယွမ်(အဆောင်ဝင်း)ထဲမှာတော့ အရမ်းကို စည်ကားနေတယ်။

ဒီပညာတတ်တွေက အခုမှ ဆုံကြတာဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဘက်တွေ ဖြစ်နေတာကြောင့် လူမှုရေးလည်း ကျွမ်းကျင်ကြတယ်။ မြောက်ဘက်တောင်တန်း ကျောင်းတော်က တစ်ခါဆိုရင် အများဆုံး ၁၀ ယောက်ပဲ လက်ခံတာ။ ဆိုလိုတာက ဒီရောက်နေတဲ့ လူ ၂၀၀ ကျော်ထဲမှာ ၁၀ ယောက်ပဲ ဆန္ဒပြည့်ဝမှာပေါ့။ အခုလို အခွင့်အရေးရတုန်း တစ်ဖက်လူရဲ့ အခြေအနေကို စုံစမ်းကြည့်ကြတာပေါ့၊ ကိုယ့်ရဲ့အောင်နိုင်ချေ ဘယ်လောက်ရှိမလဲ သိချင်တာကိုး။

နေရာချပြီးတာနဲ့ လူတွေစုပြီး လက်ဖက်ရည်သောက်၊ ကဗျာရွတ်ရင်း အေးအေးလူလူ စကားပြောနေကြတာ။

အမြဲတမ်း တိတ်ဆိတ်နေတဲ့ မြောက်ဘက်တောင်တန်း ကျောင်းတော်က ဒီလိုအချိန်မျိုးဆိုရင်တော့ အရမ်းကို ဆူညံနေတော့တယ်။

ပြောရင်းပြောရင်းနဲ့ စိတ်ကြွလာတော့ တစ်ယောက်က အရက်တောင်းလိုက်တယ်၊ အဲဒီတော့မှ တခြားလူတွေက မြောက်ဘက်တောင်တန်း ကျောင်းတော်က တကယ်ပဲ မရိုးရှင်းဘူး၊ အရက်တောင် ပေးထားတယ်ဆိုပြီး သိသွားကြတာလေ။ ပြန်စဉ်းစားကြည့်တော့လည်း ပညာတတ်တွေက အရက်ကြိုက်တတ်ကြတာပဲလေ၊ ပြီးတော့ ဒီကျောင်းကလည်း တခြားနဲ့မတူဘဲ ထူးခြားတယ်ဆိုတော့ အရက်ပေးတာလည်း မဆန်းပါဘူးလို့ တွေးလိုက်ကြတယ်။

ဒီလောက် ကျောင်းကြီးကတော့ တခြားနဲ့ မတူမှာ သေချာတယ်၊ သူတို့အတွက်တော့ အရက်ပေးတာက သာမန်ကိစ္စ ဖြစ်နိုင်တာပဲ၊ ကိုယ်ကလည်း ကြောက်နေတာမျိုး မဖြစ်စေရဘူးပေါ့။

ဒါပေမဲ့ လူအနည်းငယ်ကတော့ ကျောင်းတော်ရဲ့ရည်ရွယ်ချက်ကို ရိပ်မိပြီး စိုးရိမ်နေကြတယ်။ တစ်ယောက်ယောက်က အရက်လာတိုက်ရင်တောင် သူတို့က အရက်မသောက်တတ်ဘူးဆိုပြီး ငြင်းကြတော့တယ်။ အဲဒီအတွက်လည်း တခြားလူတွေရဲ့ လှောင်ပြောင်တာကို ခံကြရသေးပေမဲ့ ဒါတွေကိုတော့ အသေးစိတ် မပြောတော့ဘူးလေ။

လူဆိုတာ အရက်သောက်လိုက်ရင်တော့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ မောက်မာလာတတ်တာပဲ။ လီယီကလည်း အဲဒီထဲမှာ ပါတာပေါ့။ သူက လူမှုရေး အရမ်းတော်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာလေ၊ မိတ်ဆွေပေါတယ်ဆိုပြီး ဂုဏ်ယူတတ်တာ။ ဘယ်သူ လာပေါင်းပေါင်း သူက လက်ခံတာဆိုတော့ သူ့ဘေးနားမှာ ကျောင်းသားတွေ ဝိုင်းနေပြီး တကယ့်ကို လူရာဝင်နေတာပေါ့။

ဒီလူတွေက စကားပြောရင်းနဲ့ မောက်ပါ့သိုတို့ အကြောင်းကိုလည်း ထည့်ပြောကြတာလေ။

သူတို့က ကြည့်လိုက်တာနဲ့ ဒီကျောင်းက ကျောင်းသားတွေမှန်း သိသာတယ်၊ အသက်တွေကလည်း ငယ်သေးတာကို မြောက်ဘက်တောင်တန်း ကျောင်းတော်က သူတို့ကို လူရှေ့ထုတ်ပြီး ဒီလို အလုပ်တွေ ပေးလုပ်ခိုင်းတယ်ဆိုတော့ တကယ့်ကို အံ့သြစရာပဲပေါ့။ တချို့ကလည်း ကျောင်းတော်က ငါတို့ကို အထင်မကြီးလို့ ဒီလို ကလေးတွေကို လွှတ်ထားတာလို့ ပြောကြသေးတာ။

ဒါပေမဲ့ ဒီစကားကို ဘယ်သူမှ ထောက်ခံမှာ မဟုတ်ပါဘူး။ ကျောင်းလာတက်တဲ့သူတွေက မအဘူးလေ၊ ကျောင်းထဲတောင် မဝင်ရသေးခင်မှာ အနှိမ်ခံရမှာ ကြောက်တာကြောင့် ကျောင်းကလူတွေကို သွားပြီး မပြစ်မှားချင်ကြဘူး၊ လူအတွေပဲ အဲဒီလို လုပ်မှာပေါ့။

105 03

တစ်ယောက်ကတော့ ရွှီထင်းရှန်းရဲ့ အကြောင်းကို ထုတ်ပြောလာတယ်၊ သူက မနှစ်က စာမေးပွဲ သုံးခုလုံးမှာ ပထမစွဲခဲ့တဲ့ ရှောင်ဆန်းယွမ်ဖြစ်ကြောင်းပေါ့။ ပြီးတော့ သူက ရှရှန်းခရိုင်က ချင်းယွမ်ကျောင်းတော်က လာတာ၊ အဲဒီကျောင်းက တကယ့်ကို မရိုးရှင်းဘူးတဲ့။ ဒီတစ်ခေါက် စာမေးပွဲမှာ အဲဒီကျောင်းကနေ ရှို့ချိုင် လေးယောက်တောင် တစ်ပြိုင်တည်း အောင်ခဲ့တာ၊ အဲဒီ လေးယောက်လုံးက ဆရာတစ်ယောက်တည်းရဲ့ တပည့်တွေဖြစ်ပြီး ရွှီထင်းရှန်းကတော့ အဲဒီထဲက တစ်ယောက်ပေါ့။

ကျောင်းတစ်ကျောင်းကနေ ရှို့ချိုင် လေးယောက် ထွက်တာက မဆန်းပေမဲ့ ဆရာတစ်ယောက်တည်းဆီကနေ လေးယောက်လုံး တစ်ပြိုင်တည်း အောင်တာကတော့ တကယ့်ကို ထူးဆန်းတာလေ။

အဲဒီတော့ လူတွေက သူတို့ဆရာက ဘယ်သူလဲလို့ လိုက်မေးကြတာပေါ့။ အောင်မြင်တဲ့ ကျောင်းသားတွေ ထွက်လာအောင် သင်ပေးနိုင်တဲ့သူဆိုတော့ ရာထူးကြီးတဲ့ အရာရှိဟောင်း တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်လို့ ထင်နေကြတာလေ။ အနည်းဆုံးတော့ ကျူးရန် (ပြည်နယ်အဆင့်အောင်သူ) တော့ ဖြစ်ရမှာပေါ့။ ဒါမှပဲ ရှို့ချိုင် လေးယောက်ကို တစ်ပြိုင်တည်း မွေးထုတ်နိုင်မှာကိုး။

ဒီစကားကို ကြားတော့ ဆရာတစ်ယောက်တည်းက သင်ပေးတာပါလို့ ပြောတဲ့ ပညာတတ်လေးက ခေါင်းခါပြီး ထူးဆန်းတဲ့ အပြုံးနဲ့ ပြုံးပြလိုက်တယ်။ အားလုံးက စိတ်ဝင်စားသွားပြီး ဝိုင်းမေးကြတာပေါ့။

ဒီကျောင်းသားလေးက အသက်သိပ်မကြီးသေးဘဲ ၁၄၊ ၁၅ နှစ်လောက်ပဲ ရှိသေးတယ်ဆိုပေမဲ့ ရုပ်ရည်ကတော့ အရမ်းကိုသန့်ပြန့်နေတယ်။ အစတုန်းကတော့ လူတွေက ဒီလောက် ကလေးနဲ့သူတဲ့သူတောင် ကျောင်းလာတက်တာလားဆိုပြီး ရယ်ချင်နေကြပြီး အဖော်လိုက်လာတာပဲ ဖြစ်ရမယ်လို့ ထင်နေကြတယ်။

အားလုံးက စကားတွေ အရမ်းပြောနေကြပေမဲ့ ဒီကျောင်းသားလေးကိုတော့ လျစ်လျူရှုထားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက သူတို့အတွက် ပြိုင်ဘက် မဟုတ်ဘူးလို့ ထင်ထားကြတာကိုး။ အခုမှ သူက ရှို့ချိုင်လေးယောက်အကြောင်း ပြောလိုက်တော့မှ လူတွေက သူ့ကို အဖတ်လုပ်လိုက်ကြတယ်။

"မင်းက လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ မင်းက သူတို့ကို သိနေသလိုလိုနဲ့ ပြောနေတာပဲ"

တစ်ယောက်က သံသယနဲ့ မေးလိုက်တယ်။

ဒီကျောင်းသားလေးက ရင်ထဲမှာတော့ ထိတ်လန့်သွားပေမဲ့ မျက်နှာကတော့ ဘာမှမသိသလိုမျိုးနဲ့ "မင်းတို့ကို ငါက အဖတ်လုပ်နေစရာ မလိုပါဘူး" ဆိုတဲ့ ပုံစံမျိုး လုပ်နေတာလေ။

တစ်ယောက်ကတော့ ကြားဖြတ်ပြောတယ်။ "သူတို့က ရှခရိုင်က လာတာတော့ အမှန်ပဲ၊ ဆရာတစ်ယောက်တည်းဆီက လာတာလည်း ဟုတ်တယ်။ မနှစ်က စာမေးပွဲတုန်းက ငါ သူတို့ကို တွေ့ဖူးတယ်၊ ဒါပေမဲ့ သူတို့က မြောက်ဘက်တောင်တန်း ကျောင်းတော်ကို ရောက်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"

အဲဒီလူကလည်း မနှစ်ကမှ ရှို့ချိုင်အောင်ခဲ့တာလေ၊ ဒါပေမဲ့ နောက်စာမေးပွဲကို မအောင်ခဲ့လို့ ဒီနှစ် ပြည်နယ်စာမေးပွဲ ဝင်ခွင့်မရခဲ့ဘူး။ ဒါနဲ့ပဲ ဒီရက်ပိုင်းမှာ ကျောင်းသားခေါ်မယ်ဆိုတာသိတော့ အိမ်မပြန်တော့ဘဲ ယွန်းကျုံးတောင်ကို လာခဲ့တာ။

အဲဒီလူရဲ့စကားကို ကြားတော့ တချို့က ပိုတောင်မယုံတော့ဘူး၊ ဒီနှစ်ယောက်က လျှောက်ပြောနေတာလို့ပဲ ထင်ကုန်ကြတာ။

ချင်းယွမ်ကျောင်းတော်က ကျောင်းသားတွေ ဖြစ်နေပြီးတော့ အခုကျမှ မြောက်ဘက်တောင်တန်း ကျောင်းတော်ကလူတွေ ဖြစ်သွားတယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ကျောင်းတော်က သုံးနှစ်မှ တစ်ခါ ခေါ်တဲ့အပြင် အခုမှ ခေါ်ဖို့လုပ်နေတုန်းလေ။ ဒီလူတွေက တစ္ဆေတွေ ဖြစ်နေကြလို့လား။

ဒီလိုနဲ့ ငြင်းခုံနေကြရင်းနဲ့ ဒီနှစ်ယောက်ကို ဝိုင်းပြီး လှောင်ကြတာပေါ့။

105 04

ကျောင်းသားလေးက ဒေါသထွက်လာပြီး အလုပ်သမား တစ်ယောက်ကို လှမ်းခေါ်ပြီး အကျိုးအကြောင်း မေးခိုင်းလိုက်တာလေ။

အလုပ်သမားက နားထောင်ပြီးတော့မှ ရှင်းပြလိုက်တာပေါ့။

"ဪ... မင်းတို့က ရွှီထင်းရှန်းတို့ ၄ ယောက်အကြောင်း ပြောနေတာလား။ သူတို့က ဆရာလင်းရဲ့ တပည့်တွေလေ၊ ကျောင်းကို ရောက်တာ မကြာသေးဘူး။ အဲဒီ ဆရာလင်းဆိုတာက လင်းမြောင် လို့ ခေါ်တာ၊ ငါတို့ ကျောင်းအုပ်ကြီးရဲ့ တပည့်အရင်းလေ။ မြောက်ဘက်တောင်တန်း ကျောင်းတော်ကလူတွေက ကျောင်းသားတွေကို ထောက်ခံပေးပြီး ကျောင်းထဲ သွင်းလို့ ရတယ်ဆိုတာ မင်းတို့ သိကြမှာပေါ့။ အထူးသဖြင့် ဆရာလင်းက ငါတို့ ကျောင်းအုပ်ကြီးရဲ့တပည့်ဆိုတော့ သူ့တပည့်တွေကို ခေါ်လာတာက ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး"

အဲဒီလို ကြားလိုက်ရတော့မှ လူအားလုံးက အံ့သြပြီး မနာလို ဖြစ်ကုန်ကြတာပေါ့။ ရွှီထင်းရှန်းတို့ တစ်သိုက်ကတော့ ဘယ်လိုတောင် ကံကောင်းလိုက်သလဲ၊ ဒီလို ပုဂ္ဂိုလ်မျိုးဆီမှာ တပည့်ခံခွင့် ရတာဆိုပြီးတော့ပေါ့။

ဒါပေမဲ့ တစ်ယောက်ကတော့ လုံးဝကို ထိတ်လန့်သွားခဲ့တယ်။ အဲဒီ ထိတ်လန့်မှုထဲမှာ နောင်တတွေကလည်း ပြည့်နှက်နေတာလေ။

လူတွေ ဝိုင်းပြောနေတုန်းမှာပဲ ဟို ကျောင်းသားလေးက လူအုပ်ထဲကနေ တိတ်တိတ်လေး ထွက်သွားခဲ့တယ်။

သူက ဟောက်ယွမ်ကနေ ထွက်တာနဲ့ မောက်ပါ့သိုဆီကို ပြေးသွားတာပေါ့။

"ပါ့သိုစီနီယာ... ပါ့သိုစီနီယာ စီနီယာ ခိုင်းတာတွေ အကုန်လုပ်ပြီးပြီနော်၊ စီနီယာ ကတိပေးထားတာကိုတော့ မမေ့နဲ့ဦး"

မောက်ပါ့သိုက ရယ်မောရင်းနဲ့ ရွှီထင်းရှန်းတို့ရဲ့ ရှေ့မှာပဲ အဲဒီကျောင်းသားလေးရဲ့ ပခုံးကို ဖက်ပြီး အပြင်ကို ခေါ်သွားတာပေါ့။ "စိတ်ချပါ... ငါ မောက်ပါ့သိုက ဘယ်တော့မှ စကားမတည်တာ မရှိပါဘူး။ ဒါနဲ့... ခုနက အခြေအနေတွေ ဘယ်လိုရှိလဲ ပြောပြဦး..."

ကျန်တဲ့ စကားတွေကိုတော့ သူတို့ သုံးယောက် မကြားလိုက်ရတော့ဘူး။

မကြာခင်မှာပဲ မောက်ပါ့သိုက ပြန်လာပြီး သူတို့ကို ပြုံးပြတယ် "ဂျူနီယာလေးကတော့ အလုပ် တကယ်လုပ်တာပဲ။ ငါတို့ အခု ပွဲကြည့်ရုံပဲ ကျန်တော့တယ်"

ဒီဂျူနီယာလေးကတော့ တကယ်ကို ဂျူနီယာလေးပါပဲ။ မြောက်ဘက်တောင်တန်း ကျောင်းတော်မှာ အသက်အငယ်ဆုံးဖြစ်သလို အဆင့်အတန်းကလည်း အနိမ့်ဆုံးလေ။ သူ ရှိနေလို့သာ ရွှီထင်းရှန်းက အငယ်ဆုံး စာရင်းထဲ မဝင်တော့တာပေါ့။ မောက်ပါ့သိုက အဲဒီလောက် ရိုးသားတဲ့ ဂျူနီယာလေးကို ဘယ်လိုများ လှည့်စားပြီး သူ့အတွက် အလုပ်ခိုင်းလိုက်လဲဆိုတာတော့ သူတို့လည်း မသိတော့ဘူးလေ။

ဒီလိုနဲ့ နောက်တစ်နေ့မှာ ဝင်ခွင့်စာမေးပွဲ စပါတော့တယ်။

မေးခွန်းကတော့ ဆရာလင်းမြောင် ထုတ်တာလေ။ ရွှီထင်းရှန်း ကြည့်လိုက်တော့ သိပ်တော့ မခက်ပါဘူး၊ ရှို့ချိုင် စာမေးပွဲလောက်ပဲ ရှိတာပါ။ ထူးခြားတာကတော့ ဒီမေးခွန်းတွေက လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားကိုပဲ အဓိကထား စစ်မေးထားတာပဲ။

စာမေးပွဲစစ်တာကတော့ ရွှီထင်းရှန်းတို့အဖွဲ့ပေါ့။ မောက်ပါ့သိုကတော့ လီယီ ရှိတဲ့အခန်းကိုပဲ ရွေးပြီး စောင့်ကြည့်တာလေ။ တစ်မနက်လုံး လီယီ စိတ်မအေးဖြစ်နေတာကို ထိုင်ကြည့်ပြီး ပြန်လာတော့ အားရပါးရကို ရယ်နေတော့တယ်။

ကျန်တဲ့ သုံးရက်ကတော့ ရလဒ်ကို စောင့်ရမှာပေါ့။ လီယီလည်း သူ ဒီတစ်ခေါက် စာမေးပွဲကို ကောင်းကောင်း မဖြေနိုင်ခဲ့ဘူးဆိုတာ သိနေတော့ စိုးရိမ်နေတယ်။ သူက အခန်းထဲမှာ တစ်မနက်လုံး အောင်းနေပြီး ညနေစောင်းမှ အပြင်ကို ထွက်လာကာ ကျောင်းက အလုပ်သမား တစ်ယောက်ဆီ သွားရှာလိုက်တယ်။

လီယီက ဒီတစ်ခေါက် လာတုန်းက ငွေပြား ၁၀၀ ကျော် ယူလာခဲ့တာ။ အဲဒီငွေက သာမန် မိသားစု တစ်ခုအတွက် ၅ နှစ်စာလောက် သုံးလို့ ရတယ်။

105 05

ဒါပေမဲ့ အဲဒီငွေတွေ အကုန်လုံးက အလုပ်သမားရဲ့အိတ်ထဲကို ရောက်သွားခဲ့တာပေါ့၊ အဲဒီတော့မှ ဟိုလူကလည်း သူ့အတွက် လမ်းစ ရှာပေးတော့တာ။

လီယီက လူမသိအောင် ဟောက်ယွမ်ထဲကနေ ထွက်ခဲ့ပြီး လူသူမရှိတဲ့ လမ်းတွေအတိုင်း ပြေးတော့တာပဲ။ စိတ်ထဲမှာတော့ ဟို အလုပ်သမားက လောဘကြီးလွန်းတယ်၊ ကျောင်းထဲ ရောက်မှပဲ သူ့ကို ပညာပေးမယ်ဆိုပြီး ကျိန်းဝါးနေခဲ့တယ်။

လမ်းလျှောက်ရင်းနဲ့ သူ လမ်းမှားသွားသေးတယ်၊ ဘေးပတ်ဝန်းကျင်ကို အကြိမ်ကြိမ် လှည့်ပတ်သွားပြီးမှ လမ်းမှန်ကို ပြန်ရှာတွေ့ခဲ့တာ။

သူ ရောက်သွားတဲ့ အချိန်မှာတော့ နေဝင်သွားပြီ။ သူက တောင်ပေါ်မှာ အကြာကြီး လမ်းလျှောက်လာရတာဆိုတော့ တစ်ကိုယ်လုံးက ပေရေနေပြီး အရင်က ပညာတတ်ပုံစံက လုံးဝမရှိတော့ဘူး၊ ကြည့်ရတာ သူတောင်းစားနဲ့တောင် တူနေတယ်။

တစ်ခုပဲ ကံကောင်းတာက သူ ရောက်ရောက်ချင်းမှာတင် လင်းယန့်ရန်ကို မြင်လိုက်ရတာပဲ။

လီယီက လင်းယန့်ရန်ကို မြင်ဖူးတယ်လေ၊ တကယ်တော့ သူမရဲ့ပုံတူပန်းချီကားကို မြင်ဖူးတာပေါ့။ လင်းယန့်ရန်ကတော့ တကယ့်ကို အလှပဂေးလေးပါပဲ။ သူမသာ အဲဒီလောက် မလှရင် လီမိသားစုက အကြာကြီး ဆွဲထားမှာ မဟုတ်ဘူး၊ လီယီရဲ့အဖေ ကျူးရန်အောင်မှပဲ ဖျက်လိုက်တာလေ။

လင်းယန့်ရန်နဲ့ မင်္ဂလာပျက်တုန်းက လီယီလည်း နှမြောခဲ့ဖူးတာပေါ့၊ ဒီလောက် လှတဲ့ မိန်းကလေးကို လက်လွတ်လိုက်ရလို့လေ။ ဒါပေမဲ့ သူ့အဖေက လင်းမိသားစုက သမီးကို ပေးမယူတာလည်း သူ သိနေတာကိုး။ သူ့မိသားစုက အခု ဝမ်ခရိုင်ရဲ့ မြို့နယ်ဝန်နဲ့ အမျိုးတော်ထားတာလေ၊ သူ့အဖေက အဲဒီလို ယောက္ခမမျိုးရှိရင် သူ့အတွက် အနာဂတ်မှာ ကောင်းမှာပဲလို့ ပြောထားတာ။

ဒါပေမဲ့ မြောက်ဘက်တောင်တန်း ကျောင်းတော်နဲ့ ယှဉ်ရင်၊ ကျောင်းအုပ်ကြီး လုဟွမ်ချင်းနဲ့ ယှဉ်ရင်တော့ မြို့နယ်ဝန် ဆိုတာက ဘာမှမဟုတ်တော့ဘူး။

လီယီကတော့ စီစဉ်ထားပြီးသားပါ။ သူက အခွင့်အရေး ရတုန်း လင်းယန့်ရန်ကို အမှန်အတိုင်း ပြောပြမယ်၊ မင်္ဂလာဖျက်တာက မိဘတွေရဲ့ အစီအစဉ်ပါ၊ သူ့ရဲ့ စိတ်ထဲမှာတော့ သူမ တစ်ယောက်တည်း ရှိတာပါလို့ပေါ့။

သူမကသာ ယုံသွားရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ မယုံရင်လည်း ဘာမှမဖြစ်ဘူး၊ သူ အိမ်ပြန်ရင် မြို့နယ်ဝန်ရဲ့ သမီးနဲ့ မင်္ဂလာဖျက်ပြီး လင်းမိသားစုဆီမှာ ပြန်လာတောင်းမှာပေါ့။ နှစ်ဖက်မိသားစု ရင်းနှီးမှုနဲ့ ဆရာလင်းမြောင်ရဲ့ စရိုက်အရဆိုရင်တော့ ငြင်းမှာ မဟုတ်ပါဘူး။

လီယီရဲ့အစီအစဉ်ကတော့ အရမ်းကောင်းတာပဲ၊ ဒါပေမဲ့ သူ မသိတာကတော့ ဒါဟာ တစ်စုံတစ်ယောက်ရဲ့အကွက်ထဲကို ရောက်နေပြီဆိုတာပဲ။ အောင်မြင်ဖို့ဆိုတာကတော့ ဝေးသေးတာပေါ့။

ဒါကြောင့် သူ ရုတ်တရက် ပေါ်လာပြီး စကားပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ လင်းယန့်ရန်က လန့်ပြီး အော်လိုက်တော့တယ်။

လင်းယန့်ရန်ကို မောက်ပါ့သိုက ပစ္စည်းကောင်းလေးတစ်ခု ပြစရာ ရှိလို့ဆိုပြီးတော့ ခေါ်ထုတ်လာတာ။ မောက်ပါ့သိုက အရမ်းကို ကပ်လွန်းတာကြောင့် လင်းယန့်ရန်ကလည်း မငြင်းသာဘဲ လိုက်လာခဲ့ရတာ။

သူမကလည်း မောက်ပါ့သိုက သူမကို ပျော်အောင် လုပ်ပေးချင်နေမှန်း သိတာကြောင့် စိတ်မပျက်စေချင်တာလည်း ပါတာပေါ့။

ဘယ်သူက ထင်မှာလဲ၊ ခဏလေး လှည့်ကြည့်လိုက်တဲ့အချိန်မှာတင် မောက်ပါ့သိုက ပျောက်သွားပြီး အရှေ့မှာတော့ သူတောင်းစားတစ်ယောက်လို ပေရေနေတဲ့ လူတစ်ယောက် ရောက်လာခဲ့တာလေ။

မောက်ပါ့သိုက အသံကြားတာနဲ့ ချက်ချင်း ထွက်လာပြီး အော်ပြောတော့တယ်။ "ဟေ့... မင်းက ဘယ်က သူခိုးလဲ၊ ငါတို့ဆီမှာ လာခိုးရဲတယ်ပေါ့၊ အခုပဲ ပညာပေးလိုက်မယ်"

105 06

သူက အင်္ကျီလက်ကို မပြီး လီယီရဲ့အပေါ်ကို အတင်း ခုန်အုပ်လိုက်တယ်။ ဒါကတော့ သူ ငယ်ငယ်ကတည်းက ရန်ဖြစ်ရင် သုံးနေကျ နည်းလမ်းလေ၊ သာမန်လူဆိုရင်တော့ ပြားသွားမှာပဲ။ လီယီလည်း အခုတော့ အောက်မှာ ခံနေရပြီး မောက်ပါ့သိုက လက်သီးနဲ့ တရစပ် ထိုးတော့တယ်။

လီယီလည်း မျက်စိတွေ ပြာကုန်ပြီး အမှန်အတိုင်း မပြောရင်တော့ သေတော့မယ်ဆိုတာ သိလို့ သူ့ရဲ့ နာမည်ကို အော်ပြောပြီး သူက လင်းယန့်ရန်ရဲ့ စေ့စပ်ထားသူပါလို့ အော်တာပေါ့။

အဲဒီအချိန်မှာ ဆရာလင်းမြောင်နဲ့ ဆရာကတော်တို့လည်း ရောက်လာကြသလို ကျောင်းက အလုပ်သမားတွေလည်း အပြေးအလွှား လာကြတာပေါ့။ သူတို့ မြင်လိုက်ရတာကတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ လူတစ်ယောက်က ငိုယိုပြီး သူက လင်းယန့်ရန်ရဲ့ စေ့စပ်ထားသူပါလို့ အတင်းပြောနေတာပဲ။

"မင်းက ထပ်ပြီး လျှောက်ပြောနေသေးတယ်"

မောက်ပါ့သိုက သူ့ရဲ့ခြေအိတ်အစုတ်တစ်ထည်ကို လီယီရဲ့ပါးစပ်ထဲ ထည့်လိုက်တော့မှ အသံတွေ တိတ်သွားတော့တယ်။

မကြာခင်မှာပဲ လီယီရဲ့အကြောင်းက ပေါ်သွားတယ်၊ သူက ကျောင်းလာတက်တဲ့ ကျောင်းသားဖြစ်ပြီး ဘာလို့ ဒီနေရာကို ရောက်လာလဲဆိုတာကိုပေါ့။

"ယောက္ခမကြီး... ကျွန်တော် တကယ်ပဲ လီယီပါ၊ ကျွန်တော်က ဆရာ့ရဲ့ သမက်လောင်းလေ"

ဆရာလင်းမြောင်က ဒေါသထွက်လွန်းလို့ မုတ်ဆိတ်တွေတောင် တုန်နေတာပဲ၊ ဒါပေမဲ့ သူက အေးဆေးသလို ဟန်ဆောင်ပြီး ပြောလိုက်တယ်။ "ငါ့မှာ မင်းလို သမက်မျိုး မရှိဘူး၊ ငါတို့နဲ့ လာမပတ်သက်နဲ့"

"ဆရာ... ဒါက အရူးတစ်ယောက်ပါ၊ ကျွန်တော် သူ့ကို ကျောင်းပြင်ကို အခုပဲ လွှတ်ထုတ်လိုက်ပါ့မယ်။ ကျွန်တော်တို့ရဲ့ နေရာကို မညစ်ပတ်စေချင်လို့ပါ"

လီယီက မြောက်ဘက်တောင်တန်း ကျောင်းတော်ကနေ နှင်ထုတ်ခံလိုက်ရတယ်၊ ဒီကိစ္စက ကျောင်းသားတွေကြားမှာလည်း အရမ်းကို ပြောစရာ ဖြစ်သွားတာပေါ့။ ဟို ကျောင်းသားလေးကလည်း ပြန်ပေါ်လာပြီး လီမိသားစုရဲ့အကြောင်းတွေကို အကုန်လုံးကို ဖွင့်ချလိုက်တော့တာပဲ။ ချမ်းသာတာကိုမက်ပြီး ကတိဖျက်ခဲ့တဲ့ အကြောင်းတွေကို အကုန်လုံး သိသွားကြတော့တယ်။

ကျန်တာတော့ လူတိုင်း သိကြတာပဲ။ ဒါဟာ 'မျက်စိမရှိတဲ့သူကတော့ ရတနာကိုမှ မသိဘဲ ငါးမျက်လုံးကိုပဲ ယူခဲ့မိတာပေါ့'။

အဲဒီနောက်မှာ ရွှီထင်းရှန်းက ဆရာလင်းမြောင်ကို မေးကြည့်တယ်၊ ဘာလို့ သူ မြောက်ဘက်တောင်တန်း ကျောင်းတော်ကလူ ဖြစ်နေတာကို ဘယ်သူမှ မသိကြတာလဲလို့ပေါ့။ တကယ်တော့ သူ မေးချင်တာက ဆရာက အခုထိ ရှို့ချိုင်ပဲ ရှိနေသေးတာကို ကျောင်းအုပ်ကြီး လုဟွမ်ချင်းက ဘယ်လိုဖြစ်လို့ တပည့်အဖြစ် လက်ခံခဲ့တာလဲ ဆိုတာပဲလေ။

ဆရာ့ရဲ့ပညာအရည်အချင်းက မမီလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ လုဟွမ်ချင်းရဲ့ တပည့်ဖြစ်ဖို့ဆိုတာက အရမ်းခက်တာကိုး။ သူက နေရာအနှံ့မှာ စာသင်ပေးခဲ့ပေမဲ့ တပည့်အရင်းကတော့ ၇ ယောက်ပဲ ရှိတာလေ။ အခု နောက်ပိုင်းမှာ သူက တပည့်ထပ်မယူတော့ဘူးဆိုတော့ ဆရာလင်းမြောင်က နောက်ဆုံး တပည့်ပဲ ဖြစ်ရမှာပေါ့။

ဒါက ရွှီထင်းရှန်း အရမ်းသိချင်နေတဲ့ ကိစ္စပဲ။

အဲဒီတော့မှ ဆရာလင်းမြောင်က အမှန်အတိုင်း ပြောပြတယ်၊ တကယ်တော့ သူ တပည့်ဖြစ်ခဲ့ရတာက တိုက်ဆိုင်မှုတစ်ခုကြောင့်ပဲတဲ့။ ဘယ်လို တိုက်ဆိုင်မှုလဲဆိုတာကိုတော့ သူ သေသေချာချာ မပြောပြပါဘူး။

သူက ဆရာ့နားမှာ နေခဲ့ရတာလည်း မကြာပါဘူး၊ ၆ လလောက်ပဲ ရှိသေးတာ။ နောက်ပိုင်းမှာ သူ့အဖေ ဆုံးသွားလို့ အိမ်က ကျောင်းကို ပြန်ဦးဆောင်ရမှာမို့လို့ ပြန်လာခဲ့ရတာ။ ကိုယ်တိုင်လည်း မအောင်မြင်သေးဘဲ ရှို့ချိုင်ပဲ ရှိနေသေးတော့ ဆရာ့နာမည်ကို ထုတ်ပြောဖို့ ရှက်နေခဲ့တာပေါ့။

ဒါပေမဲ့ ဆရာနဲ့ တပည့်ကြားမှာတော့ စာတွေ အမြဲရေးကြသလို၊ ပွဲလမ်းသဘင်တွေဆိုရင်လည်း လက်ဆောင်တွေ အမြဲ ပို့ပေးဖြစ်ခဲ့တယ်။

105 07

မြောက်ဘက်တောင်တန်း ကျောင်းတော်ရဲ့ ကျောင်းသားသစ်ခေါ်တဲ့ ပွဲကတော့ ပြီးသွားပါပြီ။ ဒီတစ်ခေါက်မှာ ၆ ယောက်ပဲ လက်ခံခဲ့ပြီး အဖွဲ့တစ်ခုကို တစ်ယောက်စီ ခွဲပေးလိုက်တာပေါ့။ ကျောင်းသားတွေ ပြန်သွားတော့ ကျောင်းတော်ကြီးကလည်း အရင်လိုပဲ ပြန်ပြီး တိတ်ဆိတ်သွားခဲ့တယ်။

တောင်ပေါ်မှာ နေရတာက အချိန်တွေ ကုန်တာ အရမ်းမြန်တာပဲ၊ မျက်စိတစ်မှိတ်အတွင်းမှာတင် နှစ်လကျော် ကုန်သွားခဲ့ပြီ။

အဲဒီအချိန်မှာပဲ မမျှော်လင့်ထားတဲ့ စာတစ်စောင် ရောက်လာခဲ့တယ်၊ အဲဒီစာက အမြဲတမ်း လူကြီးတစ်ယောက်လို တည်ငြိမ်လှတဲ့ ရွှီထင်းရှန်းကို ပထမဆုံးအကြိမ် ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားစေခဲ့တယ်။

******

106 01

အခန်း (၁၀၆)

အခြေအနေတစ်ခုခု မှားနေတာကို မြင်လိုက်ရတော့ မောက်ပါ့သိုက စပ်စုပြီး မေးလာတယ်။ "ထင်းရှန်း၊ မင်း ဘာဖြစ်လို့လဲ"

လီတာ့ထျန်နဲ့ ချန်ကျန်းတို့ကလည်း သူ့ကို စိုးရိမ်တကြီး ကြည့်နေကြတယ်။ ရွှီထင်းရှန်းက အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိတတ်သူဆိုတော့ အခုလို ပုံစံမျိုးကို သူတို့ ပထမဆုံး မြင်ဖူးတာကိုး။ ရွှီထင်းရှန်းက စကားပြောချင်ပေမဲ့ အသံက ထွက်မလာဘူး၊ ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက်ပိတ်လိုက် လုပ်ပြီးမှ လည်ချောင်းထဲကနေ အသံသဲ့သဲ့ ထွက်လာတယ်။

"ငါ... ကျောက်အာ..."

အတော်ကြာမှ သူ သတိပြန်ဝင်လာပြီး ပြောလိုက်တယ်။

"ကျောက်အာက စာပို့လာတယ်၊ သူ ကိုယ်ဝန်ရှိနေပြီတဲ့”

မောက်ပါ့သိုတို့ သုံးယောက်လုံး ကြောင်အသွားကြပြီး ခဏကြာတော့မှ ဝမ်းသာအားရ ဖြစ်သွားကြတော့တယ်။

"အစ်မကျောက်အာ ကိုယ်ဝန်ရှိနေပြီလား"

"တကယ်လား"

"မင်းကတော့ တကယ်ပဲ ထင်းရှန်းရေ... မင်းက ငါတို့ထဲမှာ အငယ်ဆုံးဆိုပေမဲ့ အရင်ဆုံး အဖေဖြစ်တော့မှာပဲ" မောက်ပါ့သိုက သူ့ပခုံးကို အားရပါးရ ပုတ်လိုက်ပြီးမှ မနာလိုသလို ပြောတယ်။ "ငါတို့ သုံးယောက်ကတော့ အခုထိ လူပျိုကြီးတွေ ဖြစ်နေတုန်းပဲ"

"အဖေ မြန်မြန်ဖြစ်ချင်ရင်လည်း မင်းလည်း မြန်မြန် လက်ထပ်လေ" ရွှီထင်းရှန်းက ပြုံးစိစိနဲ့ ပြန်ပြောလိုက်တယ်။

"ငါကရော အဖေ မဖြစ်ချင်ဘူး ထင်နေလား၊ ငါဖြစ်ချင်ပေမဲ့လည်း ငါ့ကို ယူမယ့်သူမှ မရှိတာ" မောက်ပါ့သိုက မကျေမနပ်နဲ့ တတွတ်တွတ် ရေရွတ်နေတယ်။

ဒီသတင်းက ဆရာလင်းမြောင်ဆီကိုလည်း ချက်ချင်းရောက်သွားသလို တခြားသူတွေဆီကိုလည်း ပြန့်သွားခဲ့တယ်။ နာရီဝက်လောက်အတွင်းမှာတင် မြောက်ဘက်တောင်တန်း ကျောင်းတော်တစ်ခုလုံးက ဒုတိယအငယ်ဆုံး ဂျူနီယာလေး အဖေဖြစ်တော့မယ်ဆိုတာ သိသွားကြတယ်။

ရင်းနှီးတဲ့သူတွေကလည်း လာပြီး ဝမ်းသာကြောင်း ပြောကြသလို ဦးလေးဆရာတွေတောင်မှ ရွှီထင်းရှန်းကို တွေ့ရင် ချီးကျူးစကား တစ်ခွန်းလောက်တော့ ပြောသွားကြတယ်။

ရွှီထင်းရှန်းကတော့ တစ်နေ့လုံး စိတ်လှုပ်ရှားလိုက်၊ အတွေးတွေ များလိုက်နဲ့ ဖြစ်နေပြီး ညနေစောင်းမှပဲ ဦးနှောက်က ပြန်ကြည်လာတယ်။

သူသာ တွက်တာမမှားရင် သူ မထွက်လာခင် နောက်ဆုံးအကြိမ်တွေမှာတင် ကိုယ်ဝန်ရသွားတာ ဖြစ်ရမယ်။ သူ ထွက်လာတာ သုံးလကျော်ပြီဆိုတော့ ကလေးကလည်း သုံးလကျော်လောက် ရှိနေပြီပေါ့။

အိပ်မက်ထဲက ဟုန်အာထက် ၃ နှစ်တောင် စောနေတာလေ။

ရွှီထင်းရှန်းလည်း အတွေးထဲမှာ နစ်သွားခဲ့တယ်။ အိပ်မက်ထဲမှာလည်း ကျောက်အာက ပြည်နယ်စာမေးပွဲ နားနီးမှ ကိုယ်ဝန်ရှိခဲ့တာလေ၊ ဒါပေမဲ့ အဲဒီတုန်းက သူက ချင်းဟယ်ကျောင်းတော်ကနေထွက်ပြီး ရှန်မိသားစုကျောင်းမှာ နှစ်နှစ်လောက် ထပ်တက်ပြီးမှ စာမေးပွဲဖြေခဲ့တာ။

သူ အရမ်းစာကြိုးစားနေရတဲ့ အချိန်ဆိုတော့ ကျောက်အာ ကိုယ်ဝန်ရှိတုန်းက သူ အနားမှာ မရှိပေးနိုင်ခဲ့ဘူး။ အဲဒီနောက်မှာ ပြည်နယ်စာမေးပွဲအောင်လို့ မြို့တော်ကို စာမေးပွဲသွားဖြေရပြန်ရော၊ သူ ကျင်းရှီအောင်လို့ ပြန်လာတဲ့ အချိန်ကျမှ ဟုန်အာက မွေးနေပြီလေ။

106 02

တကယ်တော့ ဒါဟာ ဝမ်းသာစရာ ကိစ္စဖြစ်သင့်ပေမဲ့ ရွှီထင်းရှန်းရဲ့ ရင်ထဲမှာတော့ စိုးရိမ်စိတ်တွေက ဝင်လာပြန်တယ်။ အချိန်တွေက လွဲနေတယ်ဆိုပေမဲ့ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ သူက မကောင်းတဲ့ဘက်ကိုပဲ အလိုလို တွေးမိနေတာလေ။

သူက ခေါင်းကို အမြန်ခါလိုက်တယ်၊ အပြင်က နေရောင်က အရမ်းပြင်းနေတာကြောင့် မျက်စိထဲမှာ ရွှေရောင်အလင်းတန်းတွေတောင် မြင်နေရတယ်။ တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်တဲ့ အသံကြားမှပဲ အာရုံက ပြန်ရောက်လာပြီး ချန်ကျန်းက သူ့ကို စိုးရိမ်တကြီး ကြည့်နေတာ မြင်လိုက်ရတယ်။

"ထင်းရှန်း မင်း ဘာဖြစ်လို့လဲ"

"ဘာမှ မဟုတ်ပါဘူး၊ ငါ အိမ်ကို တစ်ခေါက်လောက် ပြန်ချင်လို့ပါ"

စကားတောင် မဆုံးသေးဘူး၊ မောက်ပါ့သိုရဲ့ အသံက ဟိန်းခနဲ ထွက်လာတာပဲ။ "ထင်းရှန်း... မင်း ရူးသွားပြီလား။ ပြည်နယ်စာမေးပွဲဖြေဖို့ တစ်လကျော်ပဲ ကျန်တော့တာလေ၊ အခုပြန်သွားရင် အချိန်မီပါဦးမလား"

မောက်ပါ့သိုနဲ့ လီတာ့ထျန်တို့ ရောက်လာကြတယ်။

လီတာ့ထျန်ကလည်း ဝင်ပြောတယ်။ "ထိုက်ယွမ်ကနေ ပြန်ရင် လမ်းမှာ အနည်းဆုံး ၇ ရက်၊ ၈ ရက်လောက် ကြာမှာလေ၊ အသွားအပြန်ဆိုရင် ၁၅ ရက်လောက် ရှိပြီ။ မင်း အချိန်မီ ပြန်လာနိုင်တယ် ဆိုဦးတော့၊ လမ်းခရီး ပင်ပန်းလာတဲ့ ဒဏ်နဲ့ စာမေးပွဲဝင်ဖြေရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ ပြည်နယ်စာမေးပွဲက သုံးနှစ်မှ တစ်ခါ ရှိတာနော်၊ စိတ်မလောပါနဲ့ဦး"

ဟုတ်တယ်၊ သူ စိတ်မလောသင့်ဘူး။

စာမေးပွဲကို လွဲသွားရင် နောက်ထပ် ၃ နှစ် ထပ်စောင့်ရမှာလေ။ အခု သူ ပြန်သွားရင်တောင် ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး၊ ကျောက်အာကလည်း သူ့ကိုမြင်ရင် ဝမ်းသာမှာ မဟုတ်ဘဲ သူနေမကောင်းလို့ ပြန်လာတယ်ထင်ပြီး ဆူမှာ သေချာတယ်လေ။ ပြီးတော့ အိပ်မက်ထဲက အဖြစ်အပျက်တွေကလည်း သူ့ဆီကနေ အဝေးကြီးမှာ ကျန်ခဲ့ပြီလေ၊ အဲဒီလို အဖြစ်ဆိုးတွေ ထပ်ဖြစ်လာမှာ မဟုတ်ပါဘူး။

အဲဒီလို တွေးလိုက်တော့မှ ရွှီထင်းရှန်းလည်း စိတ်ကို လျှော့လိုက်နိုင်ပြီး ပြုံးပြလိုက်တယ်။ "ငါ စိတ်လောသွားတာပဲ။ အခု ကျောက်အာဆီကို စာပြန်ရေးလိုက်မယ်၊ ငါ့စာ ရောက်တဲ့ အချိန်ဆိုရင် ငါတို့လည်း စာမေးပွဲ ဖြေရတော့မှာပေါ့"

သူ မသိတာကတော့ ဝေးလံတဲ့ ရှမုန့်မှာရှိတဲ့ ကျောက်အာကလည်း သူမရဲ့အစ်မနဲ့ ဒီအကြောင်းကို ပြောနေတာပဲလေ။

"ထင်းရှန်းက စာရရင် စိတ်လှုပ်ရှားပြီး ထိုက်ယွမ်ကနေ တန်းပြေးလာမလား မသိဘူးနော်၊ အခုလောက်ဆို စာက ရောက်နေလောက်ပြီ" ကျောက်အာက ဗိုက်ကြီးတကားကားနဲ့ ဝမ်ကျောက်တိကို ပြောနေတယ်။

ဝမ်ကျောက်တိက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး "နင့်ယောက်ျားက နင်နဲ့ တူမယ် ထင်နေလား၊ အလုပ်လုပ်ရင် ဦးနှောက် မသုံးတာမျိုး မဟုတ်ပါဘူး။ နောက်တစ်လကျော်ရင် စာမေးပွဲဖြေရတော့မှာကို၊ သူ ပြန်လာရင် စာမေးပွဲ မဖြေတော့ဘူးလား"

မမရဲ့စကားက တကယ်ပဲ လူကို နာကျင်စေတာပဲ၊ သူမက ဘယ်တုန်းက ဦးနှောက် မသုံးခဲ့လို့လဲ၊ သူမက အရမ်းကို ထက်မြက်တာပါနော်။ ကျောက်အာက စိတ်မကောင်းသလိုနဲ့ ပြောလိုက်တယ်။ "မမက အရင်တုန်းက သူ့ဘက်ကနေ ဒီလောက်အထိ ကာကွယ်ပေးတာ မဟုတ်ပါဘူး"

"အဲဒါက အရင်တုန်းကလေ"

အရင်က ဝမ်ကျောက်တိက ရွှီထင်းရှန်းကို မတွေ့ဖူးခင်တုန်းက၊ ညီမလေးက နေ့တိုင်း ပင်ပင်ပန်းပန်း လုပ်နေရတာကို မြင်တော့ ဒီမယားပါ ယောက်ျားလေးက အတ္တကြီးတယ်၊ ဇွတ်တရွတ်နိုင်တယ်၊ မိန်းမလုပ်စာ ထိုင်စားနေတဲ့ လူယုတ်မာလေးလို့ပဲ ထင်ခဲ့တာလေ။ နောက်ပိုင်းမှာ ရှန်အိမ်တော်က ထွက်လာပြီး ယွီချင်းရွာကို ရောက်လာတော့မှ ယောက်ျားဖြစ်သူနဲ့ ခဏခဏ တွေ့ဖြစ်ပြီး ဒီကောင်လေးက ငယ်ပေမဲ့လည်း တကယ့် ယောက်ျားကောင်းတစ်ယောက်ပဲ၊ စာလည်း တော်တယ်၊ ညီမလေးအပေါ်မှာလည်း ကောင်းတယ်ဆိုတာ မြင်လာရတော့မှ စိတ်ပြောင်းသွားတယ်။

106 03

"ဘာပဲဖြစ်ဖြစ် ငါ ပြောမယ်၊ အဲဒီလို စိတ်ကူးမျိုးကို အခုပဲ ဖျောက်ပစ်လိုက်တော့၊ သူ့ကို ပြန်လာအောင် ဆုမတောင်းနဲ့ဦး။ ကိုယ်ဝန်ရှိတာလေး တစ်ခုနဲ့ပဲ ယောက်ျားက ဘေးနားမှာ အမြဲ ရှိနေပေးရမယ်လို့ ထင်နေတာလား၊ နင်က သူဌေးကတော်ကြီးများ ဖြစ်နေလို့လား"

ဟုတ်ပါပြီ၊ ဝမ်ကျောက်တိ ပြောတာက ကျောက်အာရဲ့ စိတ်ထဲက အတိုင်းပဲလေ၊ သူမက တကယ်ပဲ အဲဒီလို ဖြစ်ချင်နေတာ၊ ဒါပေမဲ့ မပြောရဲတယ်။

ရွှီထင်းရှန်း ထွက်သွားပြီးနောက်မှာ ကျောက်အာက အရမ်းကို အလုပ်များနေခဲ့တာလေ။ ဘာလို့ ဒီလောက်တောင် အလုပ်များနေမှန်း သူမကိုယ်တိုင်လည်း မသိဘူး၊ ကိုယ့်ကိုယ်ကိုယ် အလုပ်တွေ ရှာခိုင်းရင်းနဲ့ ညဘက်ရောက်ရင် အရမ်းပင်ပန်းပြီး အိပ်ပျော်သွားတယ်။ အရင်ကတော့ အိပ်ရာပေါ် လဲလိုက်တာနဲ့ အိပ်ပျော်သွားပေမဲ့ အခုတော့ ဒီအိပ်စင်ကြီးက ဘာလို့ ဒီလောက်တောင် ကျယ်နေရတာလဲလို့ တွေးမိနေတယ်။

လွမ်းတယ်ဆိုတာ ဘာလဲ။ ကျောက်အာက ဒါတွေကို နားမလည်ပါဘူး၊ ဒါပေမဲ့ လူတစ်ယောက်ကို သတိရနေတာ ဘယ်လိုမျိုးလဲဆိုတာတော့ သူမ သိတယ်။ အရင်က ဒုတိယအစ်မကို သတိရတယ်၊ မိဘတွေ ဆုံးသွားတော့ ကောင်လေးကို သတိရတယ်။

အပြင်ကို ဟင်းရွက်သွားဝယ်ရင်လည်း သူ့ကို သတိရတယ်၊ ရောင်းရင်လည်း သတိရတယ်၊ မျက်စိအောက်မှာ ခဏလေး မရှိရင်တောင် သတိရနေတာလေ။ သူ ထမင်းစားပြီလား၊ ရေသောက်ပြီလား၊ ဗိုက်ဆာနေမလားဆိုပြီး အဘွားကြီးတစ်ယောက်လိုပဲ သူ့ကို အမြဲ စိတ်ပူနေခဲ့တာ၊ သူမရဲ့နောက်ကွယ်မှာ ရှိနေတဲ့ ဒီကောင်လေးက အပြင်မှာ သူများ အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေတာလေ။

မသိမသာနဲ့ ကောင်လေးက အရွယ်ရောက်လာပြီး လူကြီးတစ်ယောက် ဖြစ်လာခဲ့ပြီ။

စာလည်း တော်တယ်၊ အရည်အချင်းလည်း ရှိတယ်၊ ရှို့ချိုင်ကြီးတွေ ရှေ့မှာတောင် မကြောက်မရွံ့ ရင်ဆိုင်နိုင်တယ်၊ ရွာသားတွေကလည်း သူ့အကြောင်းပြောရင် ချီးကျူးမဆုံးတော့ဘူး။ ခရိုင်ဝန်မင်းရှေ့မှာတောင် မတုန်မလှုပ်ဘဲ ကိစ္စကြီးတစ်ခုကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။

သူမကို စပြီး ကာကွယ်တတ်လာသလို၊ သူမကို နောက်ပြောင်တတ်လာတယ်။ သူမ စိတ်ဆိုးပြီး စိုးရိမ်နေရင် သူက ဘေးကနေ ခိုးပြီး ရယ်နေတတ်တာလေ။ ပြီးတော့ သူမကို စာသင်ပေးတယ်၊ စာရင်းတွက်နည်းတွေ သင်ပေးတယ်၊ သူက ဘယ်လိုလုပ်ပြီး ဒါတွေအကုန် သိနေရတာလဲဆိုတာ သူမတောင် အံ့သြရတယ်။ ပြီးတော့ သူမကို လက်ထပ်ဖို့ အတင်းအကျပ် လုပ်ခဲ့သေးတာ၊ မယူလို့လည်း မရဘူးလေ၊ အခုတော့ သူမရဲ့ဗိုက်ထဲမှာ မျိုးစေ့လေး တစ်ခုပါ ချန်ထားခဲ့ပြီ။

ကျောက်အာက သူမရဲ့ဗိုက်ကို ငေးကြည့်နေမိတယ်၊ သူမရဲ့ဗိုက်ထဲမှာ ကောင်လေးရဲ့ ကလေးလေး ရှိနေပြီဆိုတာကို အခုထိ မယုံနိုင်သေးဘူး။

အခုတလော အလုပ်တွေ အရမ်းများပြီး ရာသီဥတုကလည်း ပူတော့ သူမ မူးလဲသွားခဲ့တာ။ အဒေါ်ကျိုးတို့က လန့်ပြီး သမားတော် သွားခေါ်တော့မှ သမားတော်က ကိုယ်ဝန်ရှိနေတာ နှစ်လကျော်ပြီလို့ ပြောတယ်။ သူမလည်း ကောင်လေး ထွက်သွားကတည်းက လစဉ်ဓမ္မတာ မလာတာကို မေ့နေခဲ့တာ။

ခွေးကြီး၊ ခွေးလေး……

သူ ပြောခဲ့ဖူးတဲ့ စကားတွေကို သူမ ရုတ်တရက် သတိရသွားတယ်။

"မင်းက ငါ့အတွက် ခွေးလေးတွေ အများကြီး မွေးပေးရမယ်၊ ခွေးလေး တစ်အုပ်ကြီးပေါ့"

ကောင်းပြီလေ၊ ဒါဟာ မဆိုးပါဘူး၊ ဒါပေမဲ့ သူမက တစ်ယောက်ပဲ မွေးမှာနော်၊ တစ်အုပ်ကြီးတော့ မမွေးနိုင်ပါဘူး၊ သူမက ဟင်းရွက်ခင်းမှ မဟုတ်တာ။

ဝမ်ကျောက်တိက ညီမလေးရဲ့ မျက်နှာပေါ်က အပြုံးတွေကို ကြည့်ပြီး သူမရဲ့ မျက်လုံးတွေက ဝေဝေဝါးဝါး ဖြစ်လာခဲ့တယ်။ သူမက ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေမိတယ်၊ တစ်ခုခုကို ကြည့်နေသလိုလို၊ ဒါမှမဟုတ် ဘာမှ မဟုတ်တာလည်း ဖြစ်နိုင်တယ်……

106 04

ရုတ်တရက် နာကျင်မှုတစ်ခုက ပြင်းပြင်းထန်ထန် ရောက်လာတာကြောင့် သူမ မနေနိုင်တော့ဘဲ ညည်းလိုက်မိတယ်။ "အား"

ကျောက်အာလည်း သတိဝင်လာပြီး မေးတယ်။ "မမ... ဘာဖြစ်လို့လဲ"

ဝမ်ကျောက်တိက အသက်ကို ဝဝရှူလိုက်ပြီး မျက်နှာက ဖြူလျော်နေတယ်။ "ဗိုက်ထဲက နာလာပြီ၊ ကြည့်ရတာ... မွေးတော့မယ် ထင်တယ်..."

ကျောက်အာလည်း မျက်နှာပျက်သွားတယ်။ "အချိန်မစေ့သေးဘူး မဟုတ်လား။ မမ... မလောနဲ့ဦး၊ ကျွန်မ အဒေါ်ကောင်းကို သွားခေါ်လိုက်မယ်"

ဝမ်ကျောက်တိက သားလေး တစ်ယောက် မွေးလိုက်တယ်။

အချိန် မစေ့ဘဲ တစ်လခွဲလောက် စောမွေးတာဆိုတော့ ကလေးက နည်းနည်းတော့ သေးတယ်၊ မျောက်ကလေးတစ်ယောက်လိုပဲ အရေပြားတွေကလည်း တွန့်နေပြီး အရမ်းကို နုနယ်လွန်းလှတာလေ၊ လူတွေတောင် မကိုင်ရဲကြဘူး။

ဒါပေမဲ့ အသံကတော့ အရမ်းကျယ်တာပဲ၊ ကျောက်အာက အပြင်ကနေတောင် သူ့ရဲ့ ငိုသံကို ကြားနေရတယ်။

ဒီညီအစ်မ နှစ်ယောက်လုံးက ကလေးမမွေးဖူးကြသေးတော့ ဒါက ပထမဆုံး အတွေ့အကြုံပေါ့။ တော်သေးတာက အဒေါ်ကောင်း၊ အဒေါ်ကျိုး၊ အဒေါ်စွန်းတို့က အတွေ့အကြုံ ရှိကြတာဆိုတော့ အကုန်လုံး ဝိုင်းကူပေးလို့ အဆင်ပြေသွားတယ်။

ရွှမ်းကျစ်ကလည်း အခုဆိုရင် ကျောင်းတက်နေပြီဆိုတော့ အဒေါ်ကျိုးကလည်း အားနေတာနဲ့ ဝမ်ကျောက်တိရဲ့မီးတွင်းကာလမှာ ကူညီပေးဖို့ ရှေ့ထွက်လာတယ်။ ဒီညီအစ်မ နှစ်ယောက်မှာ အနားမှာ မိခင်ရင်း မရှိတာကို သူမက သနားနေတာလည်း ပါတာပေါ့။

ကျောက်အာကတော့ ကိုယ်ဝန်က တည်ငြိမ်သလို ခန္ဓာကိုယ်ကလည်း သန်မာတာကြောင့် ကိုယ်ဝန်ရှိကတည်းက နေလို့မကောင်းတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူးလေ။ နေ့တိုင်း ဗိုက်လေးကို ပိုက်ပြီး ဟိုပြေးဒီပြေးနဲ့ မမအတွက် ဟင်းကောင်းတွေ ချက်ပေးနေတယ်။ အပြင်က စီးပွားရေးတွေကိုတော့ ရွှီချင်းဟွိုင်တို့ဆီမှာ အပ်ထားခဲ့တယ်၊ သူမရဲ့ ဘဝကတော့ အလုပ်များပေမဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။

ဒီနေ့မှာတော့ ကျောက်အာက ဟေးကျစ်ကို ခေါ်ပြီး တောင်ပေါ်ကနေ ပြန်လာတဲ့အချိန်မှာတင် အိမ်ထဲကနေ ငိုသံတစ်ခုကို ကြားလိုက်ရတယ်။ သေချာ နားထောင်ကြည့်တော့မှ ရွှီစွေ့အယ် ဖြစ်နေတာလေ။

ရွှီစွေ့အယ်က ကျောက်မိသားစုဆီကို အိမ်ထောင်ကျသွားကတည်းက အိမ်ကို ပြန်လာတာ အရမ်းရှားတယ်။ ကျောက်အာ ပြန်ရေတွက်ကြည့်တော့ သုံးခါပဲ ရှိသေးတာ။ တစ်ခါက နှစ်သစ်ကူး ဒုတိယရက်မှာ၊ နောက်နှစ်ခါကတော့ ရွှီထင်းရှန်း စာမေးပွဲအောင်လို့ အိမ်မှာ ဧည့်ခံပွဲတွေ လုပ်တုန်းကပေါ့။

လာတိုင်းလည်း ကျောက်ကျင်ရွေ့က လိုက်လာတတ်တာဆိုတော့ နှစ်ယောက်သား ဆက်ဆံရေး မကောင်းတာမျိုးတော့ မမြင်ရဘူးလေ။ စာမေးပွဲအောင်တုန်းကဆိုရင် ကျောက်မိသားစုကလူတွေ အကုန်လာကြတယ်၊ ဟုန်အဒေါ်ကြီးကတောင် ရွှီစွေ့အယ်ကို တော်လိုက်တာ၊ သူမတို့ အိမ်အတွက်တော့ ချွေးမကောင်း ရလိုက်တာပဲဆိုပြီး ချီးကျူးနေခဲ့တာလေ။

တော်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျောက်အာကတော့ ဘာမှ မပြောလိုပါဘူး။ ရွှီစွေ့အယ်က အိမ်မှာရှိတုန်းက အရမ်းပျင်းတာလေ၊ အလုပ်တစ်ခုခု ခိုင်းလိုက်ရင် ရှောင်ရင်ရှောင်၊ မရှောင်နိုင်ရင် သူများကို လွှဲပေးတတ်တာ။

သူမက တော်တယ်….. နေက အနောက်က ထွက်လာတာပဲ ဖြစ်ရမယ်။

ဒါပေမဲ့ ဒါတွေက သူမနဲ့ မဆိုင်တာကြောင့် ကျောက်အာလည်း ဝင်မပါချင်ပါဘူး။

106 05

အခုက နေ့လယ်ပိုင်းဆိုတော့ အဘိုးရွှီနဲ့ အဒေါ်ယန်တို့ လယ်ထဲသွားနေကြတယ်၊ တတိယနဲ့ စတုတ္ထအိမ်ထောင်စုတွေကလည်း အိမ်မှာ မရှိကြဘူး။ ရွှီမိသားစု အိမ်ကြီးက တိတ်ဆိတ်နေတော့ ရွှီစွေ့အယ်ရဲ့ငိုသံက ပိုပြီး စူးရှနေတယ်။ ကျောက်အာ အခန်းထဲ ပြန်ရောက်တော့ အိပ်ရာပေါ်မှာ လဲနေရင်း ဟိုဘက်က အခြေအနေတွေကို နားစွင့်နေလိုက်တယ်။

သေချာတော့ မကြားရပါဘူး၊ ရွှီစွေ့အယ်က ငိုရင်းပြောနေတာဆိုတော့ အသံတွေက ဝေဝေဝါးဝါးပဲလေ။ ဒါပေမဲ့ ကျောက်မိသားစုက ဘယ်လိုမကောင်းဘူး၊ ချွေးမတွေက သူမကို ဘယ်လို နှိမ်ကြတယ်၊ ကျောက်ကျင်ရွေ့က သူမကို ဘယ်လို ဂရုမစိုက်ဘူး၊ ဟုန်အဒေါ်ကြီးက ဘယ်လို နှိပ်စက်တယ် ဆိုတာတွေကိုတော့ ကြားလိုက်ရတယ်……

တကယ်တော့ ကျောက်အာ အကုန်လုံး ကြားလိုက်ရတာပါပဲ၊ ဒါပေမဲ့ နားထောင်ရင်း နားထောင်ရင်းနဲ့ပဲ သူမ အိပ်ပျော်သွားတဠိ။

သူမက ကိုယ်ဝန်ရှိကတည်းက အရာရာ ပုံမှန်ပဲ၊ ဒါပေမဲ့ အိပ်ချင်စိတ်ကတော့ အရမ်းများတယ်။

ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲ မသိဘူး၊ ရုတ်တရက် နိုးလာတယ်။

ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်တော့ နေက အနောက်ဘက်ကို စောင်းနေပြီ။

၆ လပိုင်းရဲ့ ရာသီဥတုက အရမ်းပူတာကြောင့် သူမ နိုးလာတာ၊ မျက်နှာမှာလည်း ချွေးတွေ စိုနေတာပဲ။

သူမ အိပ်ရာက ထပြီး မီးဖိုချောင်ကို သွားကာ ရေနွေးနဲ့ ကိုယ်ကို သုတ်ဖို့ ပြင်တယ်။ အရင်ကဆိုရင်တော့ အရမ်းပူရင် ရေတွင်းထဲက ရေအေးနဲ့ပဲ သုတ်ပစ်တာ၊ အခုတော့ ကိုယ်ဝန်နဲ့ဆိုတော့ သတိထားရမှာကိုး။

ရေဇလုံကို ကိုင်ပြီး အပြင်ထွက်လာတဲ့ အချိန်မှာတင် ရွှီစွေ့အယ်နဲ့ ထိပ်တိုက်တိုးတာပဲ။ သူမကို မြင်တာနဲ့ ဟိုဘက်ကလူက လန့်သွားပြီး အခန်းထဲကို ပြန်ဝင်သွားတယ်။

ဟင်း... ငါကပဲ လူတွေကို ဒုက္ခပေးနေတဲ့ သူကြီးကျနေတာပဲ။

ရွှီစွေ့အယ်ကလည်း သူမကိုယ်သူမ ဘာဖြစ်လို့ ကျောက်အာရဲ့ ရှေ့မှာ အခုလိုမျိုး အရှက်ကွဲနေရလဲဆိုတာ မသိဘူးလေ။ သူမ အပြင်ထွက်လာပြီးမှ ပြန်ဝင်သွားတာ မြင်တော့ အဘွားကျောက်က မေးတယ်။ "ဘာဖြစ်လို့လဲ၊ မျက်နှာ သွားသစ်မယ်ဆို"

"ကျောက်အာကို မြင်လိုက်လို့လေ" ရွှီစွေ့အယ်က မျက်ခုံးကြုတ်ပြီး မေးတယ်။ "အမေ... သူမကို ကြည့်ရတာ တစ်မျိုးကြီးပဲနော်"

အဘွားကျောက်က လက်ထဲက အဝတ်အစားကို ဆက်ချုပ်နေရင်းနဲ့ ခေါင်းတောင် မမော့ဘူး "ဪ... ကျောက်အာက ကိုယ်ဝန်ရှိနေတာလေ၊ သုံးလကျော်လောက် ရှိပြီ။ မင်းက သူမ လမ်းလျှောက်တာ ထူးဆန်းနေလို့လား၊ ကိုယ်ဝန်ဆောင် မိန်းမတွေက ဒီလိုပဲလေ"

ရွှီစွေ့အယ်က "ဪ" လို့ပဲ ပြန်ပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ မနာလိုတာရော၊ နာကျည်းတာရောနဲ့ အင်္ကျီလက်ကို အတင်းဆွဲညှစ်နေမိတယ်။

သူမက သမီးလေးတစ်ယောက် မွေးထားလို့ ယောက္ခမက သူမကို အသုံးမကျဘူးလို့ အမြဲ ဆဲတာလေ။ အရင်က ခက်ခက်ခဲခဲနဲ့ ကိုယ်ဝန်ရပြန်တော့လည်း ပျက်သွားခဲ့ရတာကိုး။ အခု သူမက မီးတွင်းကာလလေး (ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း အနားယူချိန်) မှာ ရှိနေတုန်း ယောက္ခမနဲ့ ချွေးမတွေက သူမကို အလုပ်တွေ အတင်းခိုင်းတာကြောင့် မခံနိုင်ဘဲ အိမ်ကို ပြေးလာခဲ့တာလေ။

သူမ ဝမ်းကွဲအစ်ကိုနဲ့ လက်ထပ်ပြီးကတည်းက ဘဝက မသာယာခဲ့ပါဘူး။ ယောက္ခမက နှိပ်စက်တယ်၊ ချွေးမတွေက နှိမ်တယ်ဆိုတာကို ထားလိုက်ပါဦး၊ ခင်ပွန်းဖြစ်သူကလည်း သူမအပေါ်မှာ အေးစက်လွန်းလှတယ်။ ခဏခဏ မျက်နှာပျက်ပြတယ်၊ ပျင်းတယ်၊ နွဲ့လွန်းတယ်ဆိုပြီး ဆူတတ်တဠိ။

ကျောက်မိသားစု တစ်ခုလုံးမှာ သူမရဲ့ဦးလေးကြီးကပဲ သူမအပေါ်မှာ ကောင်းတာလေ၊ တစ်ခါတလေ သူမဘက်ကနေ ပြောပေးပြီး ကျောက်ကျင်ရွေ့ကို ဆူပေးတတ်တာ။

106 06

ဒါပေမဲ့ အဲဒီလို ဖြစ်တိုင်း ကျောက်ကျင်ရွေ့က အိမ်ပြန်ရောက်ရင် သူမကို မဲ့ကာရွဲ့ကာနဲ့ ပြောတော့တာပဲ။ ရွှီမိသားစုကလူတွေကတော့ တကယ့်ကို မထိရဲတဲ့လူတွေပဲ၊ အားလုံးက တောင်ပေါ်က ဓားပြတွေအတိုင်းပဲ။

ရွှီစွေ့အယ်လည်း သူ ဘာကို ဆိုလိုလဲဆိုတာ သိတယ်၊ အရင်က မင်္ဂလာပွဲနေ့က ကိစ္စကို သူ အခုထိ တေးထားတာလေ။ အထူးသဖြင့် ကျောက်အာက သူ့ကို ပါးရိုက်ခဲ့တာကို သူ ဘယ်တော့မှ မမေ့ဘူးပေါ့။

အဲဒီလို အပြောခံရတာ များလာတော့ ရွှီစွေ့အယ်လည်း ကျောက်အာကို နာကျည်းလာတယ်။ အစတုန်းကသာ ကျောက်အာ ဝင်မပါခဲ့ရင် ကိစ္စတွေက ဒီလောက်အထိ တင်းမာမှာ မဟုတ်ဘူး၊ ကျောက်ကျင်ရွေ့ကလည်း အိမ်ကို ရန်ငြိုးထားမှာ မဟုတ်ဘူးလို့ ထင်နေတာလေ။ တကယ်တော့ ကျောက်အာ ဝင်မပါလည်း ကျောက်ကျင်ရွေ့ကတော့ သူမကို ပြန်လာယူမှာပါပဲ။ သူက မောက်မာတတ်ပေမဲ့ ဒေါသက မြန်မြန်ပျောက်တတ်တာလေ၊ ပြီးတော့ သူမ ဗိုက်ထဲမှာလည်း သူ့ကလေး ရှိနေတာပဲ၊ သူက ဘယ်လိုလုပ်ပြီး သူမကို ပစ်ထားမှာလဲ။

ဒီတစ်ခေါက် ပြန်လာတော့ ကျောက်မိသားစုက သူမအပေါ် မကောင်းတာတွေကို အကုန်ပြောပြလိုက်ပေမဲ့ ကိုယ်ဝန်ပျက်ကျတဲ့ ကိစ္စကိုတော့ သူမ မပြောခဲ့ပါဘူး။

သူမက ကြောက်တယ်လေ။၊ တကယ်လို့သာ အဖေသိသွားရင် အဖေက ဒေါသထွက်ပြီး သူ့အစ်ကိုနှစ်ယောက်ကို ကျောက်မိသားစုဆီ လွှတ်လိုက်ရင် အဲဒီအခါကျမှ ယောက္ခမအိမ်ကလူတွေက သူမကို ပိုပြီး မုန်းသွားကြရင် သူမ ဘယ်လိုလုပ် အိမ်ပြန်ရမှာလဲ။

ရွှီစွေ့အယ်က တကယ်တော့ အိမ်ပြန်ချင်နေတာပဲ၊ ကျောက်ကျင်ရွေ့ လာခေါ်မှာကို စောင့်နေတာ။

ဒါပေမဲ့ ကျောက်ကျင်ရွေ့ကတော့ ရောက်မလာခဲ့ပါဘူး။

မျက်စိတစ်မှိတ်အတွင်းမှာတင် ဝမ်ကျောက်တိရဲ့ မီးတွင်းကာလက ပြီးသွားခဲ့ပါပြီ။

မီးတွင်းထဲမှာ ညီမလေးက အမျိုးမျိုး ပြုစုပေးတာကြောင့် သူမရဲ့ အသားအရေကလည်း ပြန်ပြီး ကြည့်ကောင်းလာတယ်၊ ဝင်းဝင်းပပလေး ဖြစ်လာတယ်။ ဝေကောလေးကလည်း ပုံစံတွေ အကုန်ပြောင်းသွားပြီ၊ မွေးကာစကလို မဟုတ်တော့ဘဲ ဖြူဖြူဖွေးဖွေးနဲ့ ဝဝတုတ်တုတ် ဖြစ်လာတာလေ။

'ဝေ' ဆိုတဲ့ နာမည်ကတော့ သစ်ပင်တွေ ဝေဆာနေတာကို ဆိုလိုတာပါ၊ 'ရှန့်ဝေရွေ့အယ်ဖန်းလုရှီး' ဆိုတဲ့ ကဗျာကနေ ယူထားတာလေ။

ဒါကတော့ ရွှီထင်းရှန်းက စာနဲ့အတူ ပို့ပေးလိုက်တဲ့ နာမည်ပါပဲ။

အရင်က ကျောက်အာက စာပို့ပြီး ကိုယ်ဝန်ရှိတဲ့အကြောင်း ပြောရင်းနဲ့၊ ဝမ်ကျောက်တိကလည်း သူ့ရဲ့မောင်လေးကို နာမည်ပေးခိုင်းလို့ ရွှီထင်းရှန်းက ပေးလိုက်တာလေ။ အဲဒီတုန်းက သူက ယောက်ျားလေးလား၊ မိန်းကလေးလား မသိသေးပေမဲ့ ရုတ်တရက် စိတ်ကူးရပြီး ဒီနာမည်ကို ပေးလိုက်တာ၊ ကလေးက သန်သန်မာမာနဲ့ ကြီးပြင်းလာပါစေဆိုတဲ့ ဆန္ဒနဲ့ပေါ့။ ဒီနာမည်က ယောက်ျားလေးရော၊ မိန်းကလေးရော သုံးလို့ ရတာကိုး။

တကယ်တော့ ကျောက်အာလည်း သူမရဲ့အစ်မအတွက် နာမည်တွေ စဉ်းစားပေးခဲ့ပါသေးတယ်၊ ဒါပေမဲ့ ဝမ်ကျောက်တိက ငြင်းလိုက်တာလေ။ မင်းပေးတဲ့ နာမည်တွေက ကြောင်လေး၊ ခွေးလေးတွေချည်းပဲ၊ လူတောတိုးမယ့် နာမည် တစ်ခုမှ မရှိဘူးဆိုပြီးတော့ပေါ့။

ဒါကြောင့် ဝေကောက ငယ်မည်လည်း မရှိပါဘူး၊ ဒီအတိုင်းပဲ ခေါ်ကြတယ်။ ဝမ်ကျောက်တိကတော့ ကျေးလက်က ငယ်မည်တွေကို နားမခံသာဘူးလို့ ဆိုတာလေ။

တစ်ဖက်မှာ ပျော်စရာတွေ ဖြစ်နေပေမဲ့၊ နောက်တစ်ဖက်မှာတော့ အဘိုးရွှီက ကျောက်ကျင်ရွေ့ ရောက်မလာတာကြောင့် စိတ်မချမ်းသာ ဖြစ်နေရတယ်။

106 07

ရွှီချင်းရှန်ရဲ့ ကိစ္စဖြစ်ပြီးကတည်းက အဘိုးရွှီက အရမ်းအိုသွားသလိုပဲ၊ အရင်ကထက်လည်း စကားနည်းသွားတာလေ။ သူကလည်း ကျေးလက်ယောက်ျားတွေအတိုင်းပဲ မိန်းမတွေရဲ့ ကိစ္စမှာ ဝင်မပါချင်တာကြောင့် ရွှီစွေ့အယ် အိမ်ပြန်လာတာကို သူ ဘာမှ မပြောခဲ့တာလေ။

ဒါပေမဲ့ ရက်ပေါင်းများစွာ ကြာတဲ့အထိ ကျောက်မိသားစုက လူမလာတော့ သူလည်း မနေနိုင်တော့ဘဲ ဒေါသထွက်လာပြီး ရွှီချင်းပိုင်နဲ့ရွှီချင်းဟွိုင်ကို ကျောက်မိသားစုဆီ လွှတ်လိုက်တယ်။

ဒီလို အလုပ်မျိုးကို လုပ်ရတာ သူတို့နှစ်ယောက်လည်း အရမ်းကို စိတ်ပျက်နေတာ။ ဒါပေမဲ့ အဖေက ခိုင်းတာဆိုတော့၊ ကိုယ့်ရဲ့ညီမအရင်းကိစ္စလည်း ဖြစ်နေတော့ သူတို့လည်း သွားရတယ်။

ရောက်သွားတော့ သူတို့နှစ်ယောက်က အစ်ကိုကြီးတွေရဲ့ပုံစံကို အပြည့်အဝ ဖမ်းပြီး ကျောက်ကျင်ရွေ့ကို သေသေချာချာ ဆုံးမခဲ့တယ်။

ဒါဟာ ကျေးလက်ရဲ့ဓလေ့ပဲလေ၊ ကိုယ့်ရဲ့ ညီမက ယောက္ခမအိမ်မှာ အနိုင်ကျင့်ခံရရင် အစ်ကိုတွေက လာပြီး ပညာပေးရတာ၊ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ဒီလို အေးအေးဆေးဆေး ပြီးမှာ မဟုတ်ဘူးလို့ သတိပေးတယ်။

ကျောက်မိသားစုကလူတွေကတော့ ပြုံးပြုံးလေးနဲ့ နေကြပေမဲ့ ရင်ထဲမှာတော့ မကျေနပ်တာတွေ ရှိနေမှန်း သိသာတယ်။ ရွှီချင်းပိုင်တို့ ညီအစ်ကိုနှစ်ယောက်လည်း ရင်ထဲမှာတော့ ခါးသက်နေတာပဲ၊ ဒီလိုလုပ်လိုက်ရင် ပိုပြီးတော့တောင် အဆင်မပြေဖြစ်ကုန်မှာကို သူတို့ သိတာကိုး။ ဒါပေမဲ့ အဘွားကျောက်နဲ့ အဘိုးရွှီတို့ကတော့ ဒီလို ပညာမပေးရင် သူတို့က ပိုပြီး ရိုင်းလာလိမ့်မယ်လို့ ထင်နေကြတာဆိုတော့ သူတို့လည်း ခိုင်းတဲ့အတိုင်း လုပ်ရတယ်။

ကျောက်မိသားစုကလူတွေက နောက်တစ်နေ့မှာ လာပါ့မယ်လို့ ကတိပေးလိုက်တာကြောင့် ညီအစ်ကိုနှစ်ယောက်လည်း ပြန်လာခဲ့ကြတယ်။

ဒါပေမဲ့ နောက်တစ်နေ့မှာ ကျောက်မိသားစုက လူမလာပါဘူး။ သုံးရက်မြောက်နေ့ကျမှ ဟုန်အဒေါ်ကြီးက ကျောက်ကျင်ရွေ့ကို ခေါ်ပြီး ရောက်လာတယ်။

ဟုန်အဒေါ်ကြီး ရောက်လာတော့ မျက်နှာက သိပ်မကောင်းဘူး၊ ထိုင်ပြီး စကားပြောရင်တောင် မဲ့ကာရွဲ့ကာနဲ့ ပြောနေတယ်။

အရင်ဆုံး ရွှီစွေ့အယ်က ဗိုက်က မအောင်မြင်ဘူး၊ သမီးလေးပဲ မွေးတယ်၊ အခု ကိုယ်ဝန်ရပြန်တော့လည်း ကိုယ့်ဘာကိုယ် မဆင်ခြင်လို့ ပျက်သွားရတယ် ဆိုတာတွေကို စပြောတယ်။

အဲဒီအချိန်မှာ အဘိုးရွှီက အိမ်မှာ မရှိဘူး၊ အဘွားကျောက်ကတော့ မိန်းမသားပီပီ မျိုးဆက်သစ် ကိစ္စပါလာတော့ ရင်ထဲမှာ မအေးမမြ ဖြစ်သွားတယ်။

တကယ်လို့ သူမသာ ယောက္ခမနေရာမှာဆိုရင်လည်း ချွေးမက ဗိုက်မကောင်းရင် မျက်နှာသာ ပေးမှာ မဟုတ်ဘူးလေ။ ပြီးတော့ ရွှီစွေ့အယ် ကိုယ်ဝန်ပျက်သွားတယ်၊ ကိုယ့်ဘာကိုယ် မဆင်ခြင်လို့ ဖြစ်ရတယ်ဆိုတာ ကြားလိုက်ရတော့ သူမလည်း စိတ်မကောင်းဖြစ်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရွှီစွေ့အယ်ကို အတင်းမေးတော့တယ်။

ရွှီစွေ့အယ်ကတော့ မျက်နှာနီမြန်းပြီး ဘာမှ မပြောပါဘူး၊ ဒါပေမဲ့ ဟုန်အဒေါ်ကြီးကတော့ ပြောပြီလေ။ ရွှီစွေ့အယ်က အသိတရား မရှိဘူး၊ ကိုယ်ဝန်ရှိနေတာကို သိသိကြီးနဲ့ ယောက်ျားကို ဖက်တွယ်ပြီး မလွှတ်နိုင်ဘူး၊ သူ ကလေးမပျက်ရင် ဘယ်သူ ပျက်မှာလဲတဲ့။

ဒါကတော့ အမှန်ပဲလေ၊ ဒါပေမဲ့ ဒါဟာ ရလဒ်ပဲ ရှိတာ၊ အကြောင်းရင်း မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ကျောက်ကျင်ရွေ့က အရင်စတာလေ၊ ရွှီစွေ့အယ်က တားပေမဲ့ မရတာကြောင့် သူမလည်း လိုက်လျောလိုက်ရတာ။

ဒါပေမဲ့ ကျေးလက်မှာတော့ ဒီလို ကိစ္စမျိုးကို ထုတ်ပြောဖို့က အရမ်းရှက်စရာ ကောင်းတာလေ။ ရွှီစွေ့အယ်က လုပ်ရဲပေမဲ့ ပြောတော့ မပြောရဲဘူးပေါ့၊ အထူးသဖြင့် ယောက္ခမက ကိုယ့်အမေရှေ့မှာ ဒီလို ပြောနေတာဆိုတော့ သူမခမျာ ခေါင်းတောင် မမော့ရဲတော့ဘူးလေ။

ဒါကို မြင်တော့ အဘွားကျောက်လည်း ပိုပြီးအထင်လွဲသွားတယ်။ သမီးဖြစ်သူက အသုံးမကျဘူးဆိုပြီး ဆူပူရင်းနဲ့ ဟုန်အဒေါ်ကြီးအပေါ်မှာလည်း အရင်လို မာမာထန်ထန် မပြောရဲတော့ဘူးလေ။

106 08

ဟုန်အဒေါ်ကြီးကတော့ သူမကို အားနာနာနဲ့ စကားပြောနေတဲ့ အဘွားကျောက်ကို တစ်ချက်ကြည့်ပြီး ကျေနပ်နေတယ်။ သူမရဲ့ ယောက်ျားကတော့ ရွှီမိသားစုကလူတွေက ပြောရဆိုရ ခက်လိမ့်မယ်လို့ စိုးရိမ်နေတာ၊ အခု အဘွားကျောက်လိုလူကတော့ သူမရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။

အဘွားကျောက်က ရွှီစွေ့အယ်ကို ကြက်သားဟင်းချက်ပြီး ထမင်းကျွေးဖို့ ခိုင်းလိုက်တယ်၊ ခမည်းခမက်တွေ လာတာဆိုတော့ ထမင်းမကျွေးဘဲ လွှတ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ၊ အထူးသဖြင့် သူမရဲ့ အမျိုးတွေပဲလေ။

ရွှီစွေ့အယ် မီးဖိုချောင်ကို သွားတော့ ကျောက်ကျင်ရွေ့လည်း ခြံထဲကို လိုက်ထွက်လာတယ်။ သူက အလုပ်မရှိတာနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေတုန်းမှာပဲ၊ မမျှော်လင့်ဘဲ လမင်းကြီးလို လှပတဲ့ အမျိုးသမီးတစ်ယောက် အိမ်ရှေ့တံခါးကနေ ဝင်လာတာကို မြင်လိုက်ရတော့တာပဲ။

******

All Chapters