← Chapters

ဖွင့်ထားသော တံခါးတစ်ချပ်

Vol. 12 Ch. 1115

ဖွင့်ထားသော တံခါးတစ်ချပ်

Vol. 12 Ch. 1115

မိစ္ဆာဧကရာဇ်နိုင်ငံကျင့်ကြံသူများမှာ ထွက်ခွာလာြကစဥ် ထိုကိစ္စအား တိုးတိုးတိတ်တိတ်ဆွေးနွေးလာကြလေသည်။

" မင်းသိလား ။ ငါ ကြားတာတော့ ပိုင်ရှောင်ချန်း သရဲမယ်တော်ကို ပြန်ပေးဆွဲခဲ့တုန်းက တကယ် ထုတ်ပြောလို့မဖြစ်တဲ့ အရာနည်းနည်းပါးပါး ဖြစ်ခဲ့တယ်ဆိုပဲ ... အဲ့ဇာတ်လမ်းတွေက မှန်တဲ့ပုံပဲကွ"

" ငါ့လခွမ်း အဲ့လိုသာဆိုရင် ပိုင်ရှောင်ချန်းက တကယ်မယုံနိုင်စရာပဲ "

" အဲဒီလို ဖြစ်နိုင်ချေများတယ်။ မဟုတ်ရင် သရဲမယ်တော်က မိစ္ဆာဧကရာဇ်နိုင်ငံတော်ကို အရင်မပြန်ပဲ ဘယ်လိုလုပ် ဟိုမှာ စခန်းချနေမှာတုန်း... "

သူတို့ မည်သို့ထင်ကြေးပေးနေစေကာမူ ထွက်ခွာလာခဲ့ကြပြီဖြစ်၍ ယွမ်ဟိုင်စီရင်စုမှာ ထွက်ပေါက် ပိတ်ခံလိုက်ရသည်။ ပိုင်ရှောင်ချန်းနှင့် သရဲမယ်တော်ကြားက တိုက်ပွဲကြောင့် ကြောက်ရွံ့ထိတ်လန့်နေသော ၄င်းအတွင်းရှိ မိစ္ဆာဧကရာဇ်တပ်ဖွဲ့များကို ဘယ်သူမှ အကူအညီပေးရန် မလာရောက်ကြေတာ့ပေ။

သူတို့၏ တိုက်ခိုက်လိုစိတ်များ နင်းခြေခံလိုက်ရသဖြင့် မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်သည် တွေ့ကြုံသမျှ မည်သည့်တော်လှန်မှုကိုမဆို အလွယ်တကူ ချေမှုန်းနိုင်သည်။ မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူမှာမူ ပိုင်ရှောင်ချန်းက သူ့အား ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် သူ၏တပ်ဖွဲ့များဖြင့် ကသိုက်ကရိုက် ဆုတ်ခွာသွားတော့သည်။ ထိုကဲ့သို့အကြောင်းကိစ္စများမှာ မထူးခြားသည် မဟုတ်ပါလော။

သို့ဖြင့် မဟာကောင်းကင်သခင် တစ်လခန့်ကြာမည်ဟု တွက်ချက်ခဲ့သော တိုက်ပွဲမှာ ရက်အနည်းငယ်သာ ကြာလိုက်လေသည်။

ပိုင်ရှောင်ချန်းသည် စီရင်စု၏ အချက်အချာ ယွမ်ဟိုင်မြို့တော်ကို လာသောအခါ ထိုနေရာတွင် သရဲကြီးဘုရင်သည် သူ၏စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်ကာ သူ့ကို စောင့်နေ၏။ မဟာကောင်းကင်သခင်ပင် စိတ်တည်ငြိမ်အောင်လုပ်ရန် အခက်ကြုံနေတော့သည်။

ပိုင်ရှောင်ချန်းသည်လည်း ထိုနည်းတူ ခံစားနေရသည်။ နောက်ဆုံးတွင် သူတို့သည် မည်သူမှ သူတို့ထံမှ အလွယ်တကူလုယူနိုင်မည်မဟုတ်သော အခြေချနိုင်သည့် နေရာတစ်နေရာကို အမှန်တကယ်ရရှိသွားလေပြီ။ သူတော်စင်ဧကရာဇ်နိုင်ငံတော်သည် ကိစ္စရေးရာများ၏ သဘောသဘာဝနှင့် ဥပဒေသကို သေသေချာချာ အာရုံစိုက်သည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်းက ဤနယ်နိမိတ်ကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား သိမ်းပိုက်ခဲ့သည် ဆိုကတည်းက သူ့ကို စိန်ခေါ်လိုသည့် မည်သူမဆို နှစ်ကြိမ်ပြန်စဥ်းစားရမည် ဖြစ်သည်။

သရဲကြီးဘုရင်က ဖုံးဖိမရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် မြို့တော်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူသည် ထာဝရအင်မော်တယ်နယ်မြေများတွင် နှစ်ပေါင်းများစွာ ရှိခဲ့ပြီးနောက် ဤသည်မှာ သူ ပထမဆုံးအကြိမ် တည်ငြိမ်သည်ဟု ခံစားရခြင်းဖြစ်လေသည်။

" ငါတို့က ယေဘုံယျပြောရရင် သူတော်စင်ဧကရာဇ်နိုင်ငံတော်နဲ့ သက်ဆိုင်နေသေးပေမယ့် " သူက ပြော၏။

" အခြားတစ်ယောက်ရဲ့ အိမ်မှာ နေနေတာမဟုတ်တော့ဘူး "

" သန်မာတဲ့ လူတွေကပဲ သူတို့ကိုယ်ပိုင် ကံကြမ္မာကို ထုဆစ်ဖို့ အရည်အချင်းရှိတယ် " မဟာကောင်းကင်သခင်က ပြောသည်။

" မြင့်မြင်သောအရှင်ခင်ဗျား။ အရှင် ကျင့်ကြံခြင်းအဆင့်တက်ရင် ယွမ်ဟိုင်စီရင်စုက ... အစပဲ ဖြစ်လိမ့်မယ် "

ပိုင်ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။ ထာဝရအင်မော်တယ်နယ်မြေများတွင် ခိုင်မာသော အခြေခံအုတ်မြစ် အစစ်အမှန်ရရန် တစ်ခုတည်းသော နည်းလမ်းမှာ ပို၍သန်မာရန်ဖြစ်ကြောင်း သူသိသည်။ ထိုသည်က သူ့အတွက်သာမက ကောင်းကင်တံတားဒေသကလူများအတွက်ပါ အကျုံးဝင်သည်။

" လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအခြေခံက အရာရာတိုင်းအတွက် သော့ချက်ပဲ "

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ တွေးလိုက်သည်။

ကျင့်ကြံအားထုတ်ရန် မည်မျှပျင်းစရာကောင်းပြီး ပင်ပန်းရစေကာမူ သူ့ဘဝတွင် မြင်တွေ့ခဲ့ရသည့်အရာများက ကျင့်ကြံရာတွင် နှေးကွေးလေးဖင့်နေ၍မဖြစ်ကြောင်း သက်သေပြခဲ့သည်။ ထိုမျှသာမက သူပင် ယွမ်ဟိုင်စီရင်စု၏ ကိစ္စရေးရာများကို စီမံဆောင်ရွက်ရန် အရည်ချင်းအပြည့်မှီဆုံးသူ မဟုတ်ကြောင်း သိ၏။ ထိုသည်က မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့၏ အထူးစွမ်းရည်ဖြစ်သည်။

ထိုနှစ်ယောက်ထံ အမျိုးမျိုးသော တာဝန်ဝတ္တရားများအားလုံး တရားဝင်းပေးအပ်ပြီးနောက် သူက တံခါးပိတ်ကျင့်ကြံခြင်းဝင်ရောက်သွားလေသည်။ သူ၏ပန်းတိုင်ကား ယပ်တောင်အစုတ်ကြီး၏ အမိန့်ပေးလည်ဆွဲရှိ စွမ်းအင်များကို အပြီးတိုင် စုပ်ယူပြီးနောက် ထပ်မံတိုးတက်လာမည်လား ကြည့်ရန် ဖြစ်သည်။

အချိန်များ ကုန်လွန်သွား၏။ ပိုင်ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံနေစဥ် ယွမ်ဟိုင်စီရင်စုသည် လုပ်ငန်းဆောင်တာများ ပြောင်းလဲသွားသည်။ မဟာကောင်းကင်သခင်နှင့်သရဲကြီးဘုရင်တို့က ခေါင်းဆောင်များနှင့် အစီအစဥ်ချမှတ်သူများဖြစ်ပြီး လိုက်ဖက်ညီစွာ အတူတကွ လုပ်ဆောင်ကြသည်။ ထိုမျှသာမက ပိုင်ရှောင်ချန်းက စီရင်စုကို သိမ်းပိုက်လိုက်သော သတင်းပျံ့နှံ့သွားသဖြင့် ကောင်းကင်တံတားဒေသကျင့်ကြံသူများအားလုံး ထိုနေရာကို ဦးတည်လာကြလေသည်။

ယခင်ကဆိုပါက ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်သည် ဝင်ရောက်နှောင့်ယှက်ရန် ကြိုးစားလာနိုင်သော်လည်း ပိုင်ရှောင်ချန်းနှင့် အငြင်းပွားမှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများပြီးနောက် မစွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။ ယွမ်ဟိုင်စီရင်စုသို့ အင်အားကြီးအုပ်စုများ သွားသည့်အခြေအနေများတွင် သူ တားဆီးမည်ဖြစ်သော်လည်း အချိန်အများစုတွင် ဖြစ်ပျက်နေသည်များအား မျက်ကွယ်ပြုထားလေသည်။

မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်သည် မိစ္ဆာဧကရာဇ်နိုင်ငံတော်သာမက သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ လက်အောက်ခံ အိမ်နီးချင်းစီရင်စုများဖြင့် ကူးလူးဆက်ဆံရေးများ တိုးတက်အောင် အပြင်းအထန် ကြိုးပမ်းလေသည်။ တစ်ဖက်စီတွင် ကိုယ်ရေးကိုယ်တာရန်ငြိုးများရှိ၍ အချိန်အများစုတွင် ကျင့်ကြံသူများသည် ဤကဲ့သို့ အခြေအနေတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် လိုလားကြပေသည်။

ပိုင်ရှောင်ချန်းက ထိုနေရာတွင် စခန်းချနေသောကြောင့် မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်သည် များသောအားဖြင့် ဆွေးနွေးဖလှယ်ခြင်းများတွင် တရားသေနေရာယူထားပါသော်လည်း ထိုသည်က သူတို့ကို အိမ်နီးချင်းစီရင်စုများ၏ လေးစားမှုများသာ ရစေတော့သည်။

သို့ဖြင့် သူတော်စင်ဧကရာဇ်နိုင်ငံ၏ ဒုတိယအင်မော်တယ်နယ်မြေရှိ ယွမ်ဟိုင်စီရင်စု၌ နေ့စဥ်အခြေခံဆောင်ရွက်ချက်များ ပြောင်းလဲနေ၏။ ပိုင်ရှောင်ချန်းသည် အချိန်အများစုတွင် တံခါးပိတ်ကျင့်ကြံနေသော်လည်း ရံဖန်ရံခါ အနားယူရန် ထွက်လာတတ်သည်။သူက စီရင်စုရှိ ပြောင်းလဲမှုများကို အာရုံရပြီး ယောက်ယတ်ခတ်သွားလာနေသည့် တိုးပွားလာသော ကောင်းကင်တံတားကျင့်ကြံသူအရေအတွက်ကို မြင်နိုင်လေသည်။ သူ့အတွက် အိမ်တစ်လုံး ပြန်လည်ပိုင်ဆိုင်ရသကဲ့သို့ ခံစားလာရပြီး တစ်ခါတရံ သူတို့က ကောင်းကင်တံတားနယ်မြေတွင် မဟုတ်သည်ကိုပင် မေ့သွားတော့သည်။

သို့သော် အကြောင်းရေးရာများ ပြေလည်နေသည့်ပုံပေါ်သည့်တိုင် သူတို့တည်ငြိမ်မှု ကင်းမဲ့ကြောင်း ပိုင်ရှောင်ချန်းသိသည်။ တစ်နေ့တွင် သူသည် မိစ္ဆာဧကရာဇ်၊ သူတော်စင်ဧကရာဇ်တို့နှင့်အတူ အမှန်တကယ်ရပ်တည်နိုင်သော စွမ်းအား ပိုင်ဆိုင်ခဲ့လျှင် ခိုင်မာသော အုတ်မြစ်တစ်ခုကို အမှန်အကန်ပိုင်ဆိုင်မည် ဖြစ်သည်။ ထိုမှသာ သူသည် ပျောက်ဆုံးနေသော ကောင်းကင်တံတားကျင့်ကြံသူများအားလုံးကို ရှာဖွေရန် တက်တက်ကြွကြွစဥ်စားနိုင်မည် ဖြစ်သည်။

ယင်းက ပိုင်ရှောင်ချန်းကို တစိုက်မတ်မတ် ကျင့်ကြံအားထုတ်နေစေသည့် အတွေးဖြစ်သည်။ လအနည်းငယ်ကြာသော် သူသည် အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်၏အထွတ်အထိပ်ကို ပိုင်ပိုင်နိုင်နိုင်ရောက်ရှိသွားသောအခါ နောက်ဆုံးတွင် အမိန့်ပေးလည်ဆွဲမှ နောက်ဆုံးလက်ကျန် စွမ်းအင်ကို စုပ်ယူလိုက်သည်။

လည်ဆွဲအတွက် တစ်နှစ်နီးပါး လေ့လာမှုနှင့် ကြိုးပမ်းအားထုတ်မှုတို့ သူ ပေးဆပ်ခဲ့ရလေသည်။ အမိန့်ပေးလည်ဆွဲမှ စွမ်းအင်ထွက်သွားသည့် အခိုက်အတန့်တွင် သူသည် လည်ဆွဲအတွင်း နတ်ဘုရားအာရုံတချို့ စေလွှတ်လိုက်ပြီး လည်ဆွဲမှာ တုန်ခါလာတော့သည်။

သူ၏စိတ်အစဥ်သည်လည်း တုန်ခါလာပြီး သီးသန့်အခန်းထဲတွင် တစ်ယောက်ယောက်သာ သူ့ကို ကြည့်ရှူနေပါက ရုတ်တရက် သူ့ကို ဖောက်ထွင်းမြင်လိုက်ရမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ပိုင်ရှောင်ချန်းမှာ ထိုသို့ဖြစ်နေသည်ကို သတိပက် မထားမိလိုက်ပေ။

ယခု သူသည် သူ၏ခေါင်းထဲက အမြင်အာရုံတွင် လုံးဝနစ်မြုပ်နေပြီဖြစ်သည်။ ယင်းမှာ ခန္ဓာကိုယ်ထဲမှ ထွက်သွားသကဲ့သို့ ဖြစ်ရာ သူက ကြယ်တာရာကောင်းကင်တစ်ခုကို ဖြတ်၍ ပျံသန်းနေတော့သည်။

ယပ်တောင်စုတ်ကြီးသည် ဟင်းလင်ပြင်ကြီးကို ဖြတ်၍ တလွင့်လွင့် မျောနေကာ ထာဝရအင်မော်တယ်နယ်မြေမှ အဝေးတကာ့ အဝေးသို့ ရောက်နေပြီ ဖြစ်သည်။ ၄င်းသည် တဖြေးဖြေးရွေ့လျားနေသည့်ပုံပေါ်သော်လည်း အမှန်တွင် လောကနတ်ဘုရားဧကရာဇ်နှစ်ပါးထက် ပို၍လျင်မြန်စွာ ရွေ့လျားနေသည်။

ထိုသည်မှာ ယပ်တောင်ကြီးကို ဤကဲ့သို့ပုံစံမျိုးဖြင့် ပိုင်ရှောင်ချန်း ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူက ၄င်းနှင့် နီးသထက် နီးကပ်အောင် တဟုန်ထိုးသွားနေစဥ် သူသည် ၄င်းအထဲ ဝင်ရောက်နိုင်လောက်ကြောင်း သဘောပေါက်လိုက်၏။

ထိုခံစားချက်က အားကောင်းသထက် အားကောင်းလာနေရာ နောက်ဆုံးတွင် ၄င်းမှာ မည်သည်နှင့်တူလိမ့်မည်ကိုပင် စိတ်ကူးကြည့်လာတော့သည်။ ထိုအတွေးပေါ်လာသည်နှင့်တစ်ပြိုင်နက် ထာဝရအင်မော်တယ်နယ်မြေရှိ သူ၏ခန္ဓာကိုယ်သည် ပုံပျက်ရှုံ့တွသွားပြီးနောက် သီးသန့်အခန်းထဲမှ ပျောက်ကွယ်သွား၏။

မည်သည့်အငွေ့အသက်များသော်လည်းကောင်း၊ လက္ခဏာသော်လည်းကောင်း မရှိပေ။ အမှန်တကယ်ဆိုရပါက လောကနတ်ဘုရားဧကရာဇ်တစ်ပါး လာရောက်စစ်ဆေးလျှင်တောင်မှ သူပျောက်ကွယ်သွားခဲ့သည့် သဲလွန်စတစ်ခုတလေကိုမှ ရှာတွေ့မည်မဟုတ်ပေ။

သူပြန်ပေါ်လာသောအခါ သူသည် ယပ်တောင်အစုတ်ကြီး၏ ပင်မရင်ပြင်တွင် ရပ်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားတော့သည်။

အရာအားလုံးက အလွန်ရင်းနှီးပုံပေါ်လေသည်။ ၄င်းသည် သူ အခြားထာဝရအင်မော်တယ်နယ်မြေများမှ အခြားသူများဖြင့် နှစ်လကုန်ဆုံးခဲ့သည့် နေရာ ဖြစ်လေသည်။ သို့သော် ယခုတွင်ကား သူတစ်ယောက်တည်းပင်။

ယင်းမှာ လက်ခံရန် အလွန်များပြားလွန်းသည်။ သူက ရှေသို့ခြေလှမ်းအနည်းငယ်လျှောက်သွား၍ မော့ကြည့်လိုက်ရာ ဟင်းလင်းပြင်အမှောင်ထုကို မြင်လိုက်ရသည်။

" ယုံတောင်မယုံနိုင်ဘူး။ ယပ်တောင်ပေါ် တကယ် ရောက်နေတာပဲ"

သူ ချက်ချင်းပင် ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ပြန်မသွားနိုင်လောက်မည်ကို စိုးရိမ်ကာ ရင်ခုန်လာတော့သည်။

ထိုသည်က သူ့ကို အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားစေ၏။ သူက သူ့ကိုယ်သူ ယပ်တောင်ကြီးမှ ထွက်သွားပြီး ထာဝရအင်မော်တယ်နယ်မြေများရှိ သူ၏သီးသန့်အခန်းကို ပြန်သွားသည့်ပုံကို မြင်ယောင်လိုက်သည်။ ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့လက်ထဲရှိ အမိန့်ပေးလည်ဆွဲက တွင်းနက်ကြီးတစ်ခုအသွင် ပြောင်းသွား၏။ သူ၏အမြင်အာရုံ ဝေဝါးသွားပြီး သူပြန်မြင်ရသောအခါ သူက သီးသန့်အခန်းထဲ ပြန်ရောက်သွားလေပြီ။

" ဒီအမိန့်ပေးလည်ဆွဲက တကယ်ပဲ ယပ်တောင်စုတ်ကြီးထဲ ဝင်ဖို့ သော့ပါလား "

သူက ထရပ်ပြီး စိတ်လှုပ်ရှားစွာ ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်သည်။ စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် သူက ဤဖြစ်ရပ်၏ အတိုင်းအတာကို စဥ်းစားပြီး သူသည် အမှန်တကယ်ပင် ယပ်တောင်၏ အမွေအနှစ်ရရန် အပြည့်အဝအရည်အချင်းပြည့်မီကြောင်း သဘောပေါက်လိုက်လေသည်။

ယခုတွင် သူတစ်ယောက်တည်းသာ နတ်မီးလျှံစမ်းသပ်ပွဲကို စိန်ခေါ်နိုင်သည် မဟုတ်ပါလော။

All Chapters