← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း။ ၂၆၅

စုန်ယန်က လက်ကိုမြှောက်ကာ ခပ်ဖွဖွလေး တစ်ချက်တောက်လိုက်သည်။

"ဝုန်း..."

ခေါင်းနှစ်လုံးနှင့် ကျင့်ကြံသူမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ခြေလက်အင်္ဂါများ လွင့်စင်သွားတော့သည်။

"ဂျိမ်း..."

ခေါင်းနှစ်လုံးနှင့် ကျင့်ကြံသူမှာ လုံးဝဥဿုံ ပေါက်ကွဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ အတွင်းရှိ သွေးများပင်လျှင် နီရဲသော မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးအချိန်တွင် ရုန်းကန်နေကြသော မိစ္ဆာသတ္တဝါ အစအနလေးများသာ ကျန်ရှိတော့သည်။

ဤလျှို့ဝှက်နယ်မြေအတွင်း၌ တစ်ဖက်ကမ်းတွင် ငါးမျှားနေသော ခရမ်းရောင်နန်းတော်အဆင့်ရှိ မိစ္ဆာသတ္တဝါကြီးမှာ စုန်ယန်၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။

ပိုင်ရွှယ်ဟန်မှာ မှင်တက်ကာ ကြည့်နေမိသည်။ စုန်ယန်သည် ကျွမ်းကျင်စွာပင် စီကုန်းတံဆိပ်တော်ကို ပွတ်သပ်လိုက်ပြီး အတွင်းရှိ မိစ္ဆာသတ္တဝါ အမြောက်အမြားကို စုပ်ယူလိုက်

သည်။

ထို့နောက် သူတို့ကို သိုလှောင်အိတ်ထဲသို့ ထည့်ကာ တိတ်ဆိတ်ငြိမ်သက်နေစေပြီး ပူးကပ်တော့မလိုလိုနှင့် မပူးကပ်သေးသောအခြေအနေတွင် အမြဲရှိနေအောင် ပြုလုပ်ထားလိုက်သည်။

ထိုအလုပ်များကို အဆုံးသတ်ပြီးနောက် သူသည် ငါးမျှားတံကို ပြန်လည်ရုပ်သိမ်းကာ ၎င်းတွင် ရစ်ပတ်နေသော ပျံလွှားဓားကို သိမ်းယူ၍ ပိုင်ရွှယ်ဟန်ထံသို့ ပြန်ပစ်ပေးလိုက်သည်။

ထို့နောက် သူသည် ခရမ်းရောင်နန်းတော်အဆင့် အလောင်းကိုင်ဆောင်ထားသော ပျံလွှားဓားနှစ်လက်ကို ကြည့်လိုက်ရာ ၎င်းတို့မှာလည်း အဆင့်မြင့်ပစ္စည်းများဖြစ်သဖြင့် သူ၏ သိုလှောင်အိတ်ထဲသို့ပင် ထည့်သွင်းသိမ်းဆည်းလိုက်သည်။

အလုပ်ကိစ္စများ ပြီးမြောက်သွားသောအခါ သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ရေပြင်ပေါ်တွင် ပေါလောပေါ်နေသော အလောင်းများကို ကြည့်လိုက်သည်။

စီကုန်းတံဆိပ်တော်ကို အသုံးပြု၍ ဤလျှို့ဝှက်နယ်မြေအတွင်းရှိ မိစ္ဆာသတ္တဝါအားလုံးကို စုပ်ယူလိုက်ပြီးနောက် ငါးမျှားတံကို ဝေ့ယမ်းကာ ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးသွားခဲ့ကြသော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ ငါးဦး၏ အလောင်းများကို သိမ်းဆည်းလိုက်သည်။

စုန်ယန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ နောက်ထပ် လျှို့ဝှက်နယ်မြေ ပွင့်သွားခြင်းကြောင့် ရေများမှာ အတော်အတန် ပြန်ကျသွားပြီး သူ နားခိုနိုင်မည့် သစ်ပင်ထိပ်ဖျားအချို့ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

သူသည် အရိပ်မဲ့ တစ္ဆေကျီးကန်းနှစ်ကောင်ကို ထပ်မံလွှတ်ရန် ပြင်လိုက်သော်လည်း ယခင် လျှို့ဝှက်နယ်မြေကို စောင့်ကြည့်နိုင်စွမ်း မရှိတော့သည်ကို ရုတ်တရက် သတိပြုမိသွားသည်။ အရိပ်မဲ့ တစ္ဆေကျီးကန်းနှစ်ကောင်မှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ကြောင်း ခံစားမိသော်လည်း ဒုက္ခပင်လယ်ပြင်ရှိ လျှို့ဝှက်နယ်မြေသည် ဝိညာဉ်ခွဲ၍ စူးစမ်းသော နည်းလမ်းငယ်လေးများကို ပိတ်ဆို့ထားခြင်း ဖြစ်ပေလိမ့်မည်။

စုန်ယန်သည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း အရိပ်မဲ့ တစ္ဆေကျီးကန်းတစ်ကောင်ကို ထိုနေရာတွင်ပင် ထားရစ်ခဲ့သည်။ ထို့နောက် အဝေးရှိ နောက်ထပ် လျှို့ဝှက်နယ်မြေ၏ အဝင်ဝကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

အကယ်၍ ငါသာ ဇွတ်အတင်းဝင်သွားပြီး အဲဒီ ခရမ်းရောင်နန်းတော် မိစ္ဆာနဲ့ တိုးခဲ့ရင် မသေတာတောင် ကံကောင်း အရေခွံတော့ အခွာခံရမှာ သေချာတယ်။

တစ်ချိန်တည်းမှာပင် သူသည် သတိကြီးစွာဖြင့် တွေးတောနေမိသည်။

ဒါပေမဲ့ ဒီ ချန်ဝမ်ဝိညာဉ်နယ်မြေထဲကို လူသား ခရမ်းရောင်နန်းတော် ကျင့်ကြံသူတွေ ဘယ်ကနေ ရောက်လာတာလဲ။ သူတို့က နှစ်ပေါင်းများစွာအတွင်းမှာ တိတ်တဆိတ် ခိုးဝင်လာကြတာလား။ သူတို့ ဘယ်ကလာတာလဲ။ ပြီးတော့ ဘာလို့ ဒီမှာ ဒီလောက် လွယ်လွယ်ကူကူ သေကုန်ကြတာလဲ။ ကလေးငိုသံသခင်ကကော ဒါကို သိနေမလား။ သိနေခဲ့ရင် သူမက ဘာတွေ ကြံစည်နေတာလဲ။

စစ်မှန်သော ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်းဆိုသည်မှာ စုန်ယန်အတွက် ရိုးအီနေသော ကိစ္စတစ်ခု ဖြစ်သည်။ သို့သော် ထိုသို့သော နည်းလမ်းမျိုးမှာ အထိရောက်ဆုံးလည်း ဖြစ်

တတ်သည်။

အဘယ်ကြောင့်ဆိုသော် ဖဲချပ်အောက်ခြေကို မလှန်မချင်း ကစားပွဲက ဆက်ရှိနေဦးမည် ဖြစ်သောကြောင့်ပင်။

စုန်ယန်မှာ စိုးရိမ်ပူပန်မှုများကို မတွန်းလှန်နိုင်ဘဲ ဖြစ်နေသည်။ ထိုစိုးရိမ်မှုများသည် မီးလျှံများကဲ့သို့ ပြောင်းလဲကာ သူ့ကို ဂဏာမငြိမ်ဖြစ်စေသည်။ သို့သော် သူ၏လက်ကို တစ်စုံတစ်ယောက်က ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်သည်။

ငွေရောင်ဝတ်စုံနှင့် အမျိုးသမီး ကျင့်ကြံသူလေးသည် အဝေးမှ ဓားပျံဖြင့် ပျံသန်းလာပြီး သူ၏လက်ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်ခြင်းပင်။

သူမ၏ ချစ်စဖွယ် မျက်နှာလေးကို အနည်းငယ် မော့ကြည့်လိုက်ပြီး နွေးထွေးတောက်ပသော အပြုံးတစ်ခုဖြင့် သူ၏ စိုးရိမ်ပူပန်မှုများကို ကုစားပေးလိုက်သည်။

စုန်ယန်သည် ထပ်မံ၍ ငြင်းဆန်ခြင်း မပြုတော့ဘဲ ထိုအမျိုးသမီး ကျင့်ကြံသူကို သူ၏ ရင်ခွင်ထဲသို့ တင်းကျပ်စွာ ပွေ့ဖက်လိုက်တော့သည်။

ပိုင်ရွှယ်ဟန်သည်လည်း သူမ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ ဝက်ဝံကဲ့သို့ ကျယ်ပြန့်လှသော ခါးကို နူးညံ့စွာ ရစ်ပတ်ဖက်တွယ်လိုက်သည်။ သူမ၏ လက်ချောင်းထိပ်လေးများက တစ်ခုနှင့်တစ်ခု ထိစပ်ကာ ကျစ်ကျစ်ပါအောင် ဖက်ထားပြီး ပါးပြင်လေးကို သူ၏ရင်ခွင်၌ ကပ်လျက် ပြုံးနေမိသည်။

လူတိုင်းမှာ အနားယူရန် လိုအပ်သလို ခိုလှုံရာ ဆိပ်ကမ်းတစ်ခုလည်း လိုအပ်သည်။ အဆိုးဆုံးဟု ဆိုရမည့် အသိစိတ် ကင်းမဲ့နေသူတစ်ဦးပင်လျှင် နူးညံ့သော အမှတ်တရများ၊ ကာကွယ်

စောင့်ရှောက်ချင်သော တစ်စုံတစ်ယောက် ရှိနေတတ်စမြဲပင်။

စုန်ယန်ကဲ့သို့ အသက်ရှူရက်ပင် မရှိအောင် ရုန်းကန်လှုပ်ရှားလာခဲ့ရသူအဖို့မူ ဤကဲ့သို့ ဘေးဒုက္ခများ ဝန်းရံနေသည့် ကြားမှ ကိုယ်ပိုင် ဝတ်ရည်တစ်စက်ကို ခေတ္တမျှ မြည်းစမ်းခွင့်ရခြင်းပင်။

"စီနီယာ... ရှင် နှစ်ကိုယ်တူကျင့်စဉ်ကို ကျင့်တာလား"

ပိုင်ရွှယ်ဟန်က ရုတ်တရက် မေးလိုက်သည်။

သူမက ဆက်လက်၍ "ဒါမှမဟုတ်... ရှင်က ချီစွမ်းအင်တွေကိုပဲ စုဆောင်းတတ်တာလား" ဟု ပြောလိုက်သည်။

စုန်ယန်က "နှစ်မျိုးလုံးပဲ" ဟု ပြန်ဖြေလိုက်သည်။

သူသည် ခန္ဓာကိုယ်ကို အနည်းငယ် နောက်သို့မှီလျက် မျက်နှာကို သုတ်လိုက်ရာ ဓားဒဏ်ရာများ ကင်းစင်သွားသော သူ၏ မူလရုပ်သွင်မှာ ပေါ်ထွက်လာသည်။

ထို့နောက် သူသည် ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ပြီး ရင်းနှီးကျွမ်းဝင်သော်လည်း တစ်ဖက်တွင်မူ စိမ်းသက်နေသေးသည့် ဤအမျိုးသမီး ကျင့်ကြံသူလေး၏ ဝတ်ရုံလွှာများကို ကြက်သွန်ဥခွံလေးများ နွှာသကဲ့သို့ တစ်လွှာချင်း... ဖြည်းညှင်းစွာ...

ညဥ့်မှာ ပို၍ နက်ရှိုင်းလာတော့သည်။

...

...

ပျံသန်းနေသော အရိပ်ရုပ်သေးသည် ခုတင်ကို သယ်ဆောင်လျက် ဒုက္ခပင်လယ်ပြင်၏ ချီစွမ်းအင်လှိုင်းလုံးများကြားတွင် ဖြတ်သန်းသွားလာနေသည်။

သေဘေးနှင့် ရင်ဆိုင်နေရသော ဤအမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူနှစ်ဦးမှာ နောက်ဆုံးတွင် တာအိုအဖော်များအဖြစ် တရားဝင် သံယောဇဉ် ထူထောင်လိုက်ကြပြီ ဖြစ်သည်။

အရိပ်ရုပ်သေးသည် ၎င်း၏ အတောင်ပံများကို ခတ်ခတ်လျက် ခုတင်ကို သယ်ဆောင်ကာ အထက်အောက် နိမ့်ချည်မြင့်ချည် ပျံသန်းနေ၏။

ပိုင်ရွှယ်ဟန်သည် သူ၏ ရင်ခွင်ထဲတွင် မှီတွယ်လျက် အမာရွတ်ကင်းစင်သွားသော သူ၏ မျက်နှာကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

သူမက ကြောင်လေးတစ်ကောင်ကဲ့သို့ နူးညံ့သောအသံဖြင့် "ကျွန်မတို့ ဒီကနေ ထွက်သွားပြီးရင် ရှင် နယ်စပ်ကို သွားဦးမှာလား" ဟု မေးလိုက်သည်။

စုန်ယန်သည် ခရမ်းရောင်နန်းတော် အလယ်အဆင့်သို့ တက်လှမ်းခြင်းနှင့် ပတ်သက်၍ ဖုန်းချန်ဇီ ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရလိုက်ပြီး ခေါင်းညိတ်ကာ "ဒါပေမဲ့ ဒီတစ်ခါတော့ မင်းလည်း ကျင့်ကြံရမယ်" ဟု ပြောလိုက်သည်။

ပိုင်ရွှယ်ဟန်၏ အသံမှာ ရေစက်ကလေးများ လိမ့်ဆင်းနေသကဲ့သို့ အလွန်ပင် နူးညံ့လှသည်။

"ရှင့်စကားကို နားထောင်ပါ့မယ်"

သူမသည် ထိုသို့ပြောရင်း စုန်ယန်၏ နားအနီးတွင် လေပူလေးတစ်ချက် မှုတ်ထုတ်လိုက်သည်။

"တကယ်ကို အံ့ဩစရာပဲ။ ဘဝသစ်တစ်ခုကို ပြန်စရသလိုမျိုး။ ဒုက္ခပင်လယ်ပြင်ရဲ့ စိတ်အာရုံက တကယ်တော့ မထင်မှတ်ဘဲ ကောင်းမွန်တဲ့ မိစ္ဆာတစ်ကောင်ပဲနော်"

နောက်ဆုံးစကားစုမှာ စုန်ယန်၏ နားထဲတွင် ဗုံးပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ နိမိတ်မကောင်းသော ခံစားချက်တစ်ခုမှာ မည်းမှောင်သော တိမ်တိုက်များကဲ့သို့ သူ၏ နှလုံးသားထဲတွင် မရှင်းပြနိုင်ဘဲ ပေါ်ပေါက်လာသည်။

အဘယ်ကြောင့်ဆိုသော် သူ အချက်တစ်ခုကို သတိပြုမိသွားခြင်းကြောင့်ပင်။ ထိုအရာမှာ ဒုက္ခပင်လယ်ပြင်၏ စိတ်အာရုံက သူ၏ စိတ်နှလုံးထဲတွင် အားနည်းချက်တစ်ခုကို အောင်မြင်စွာ ထွင်းထုသွားနိုင်ခဲ့ခြင်းပင်။

"တကယ်လို့... အဲဒီစိတ်အာရုံက ငါ့တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားတာ မဟုတ်ခဲ့ရင်ကော"

"တကယ်လို့... အဲဒီစိတ်အာရုံရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်က သခင်အဖြစ် ရှိနေခဲ့မယ်ဆိုရင်"

"ဒါဆိုရင်တော့... အဲဒီသခင်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ"

"နောက်ထပ် လျှို့ဝှက်နယ်မြေကို သွားကြစို့"

"အင်း"

...

အနက်ရောင်ဝတ်ရုံနှင့် ငွေရောင်ဝတ်ရုံတို့သည် ယှဉ်တွဲလျက် ပျံသန်းနေသော သက်တံရောင်စဉ်နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ငါးစာမရှိတော့သော လျှို့ဝှက်နယ်မြေအဝင်ဝကို ဖြတ်ကျော်သွားကြသည်။

ခရမ်းရောင်နန်းတော်အဆင့် အလောင်းငါးခုကို လျှို့ဝှက်နယ်မြေအဝင်ဝတွင် ချထားသော်လည်း ငါးမျှားတံကို ကိုင်ထားသည့် လက်မှာမူ စုန်ယန်၏ လက်ပင်။

လျှို့ဝှက်နယ်မြေအသစ်သို့ ဝင်လိုက်သည်နှင့် စုန်ယန်သည် ဤငါးမျှားတံ၏ လုပ်ဆောင်ချက်

နှင့် မိစ္ဆာသတ္တဝါ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။

တစ်ဖက်လူမှာ ငါးမျှားနေခြင်း မဟုတ်ဘဲ ဤငါးမျှားတံရတနာ၏ ချိတ်ဆက်မှုကို အသုံးချ၍ တစ်ဖက်သို့ နွေးထွေးမှု တစ်မျှင်ကို လွှဲပြောင်းပေးနေခြင်းပင်။

ဤငါးမျှားတံရတနာသည် ရတနာများကို လုယူခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း ၎င်း၏ အကြီးမားဆုံး လုပ်ဆောင်ချက်မှာ လျှို့ဝှက်နယ်မြေ နှစ်ခုလုံး၏ အငွေ့အသက်များကို ပေါင်းစပ်ပေးခြင်းဖြင့် နယ်နိမိတ်ကို ဝေဝါးသွားစေခြင်းပင်။

လျှို့ဝှက်နယ်မြေအသစ်မှာမူ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသည့်အလား ရှိနေသည်။

အေးခဲနေသော ကောင်းကင်၊ ဆီးနှင်းများ ဖုံးလွှမ်းနေသော မြေပြင်နှင့် ကောင်းကင်ယံမှ ဆီးနှင်းများမှာလည်း အဆက်မပြတ် ကျဆင်းနေဆဲပင်။

ဤသည်မှာ အကျိတ်နယ်ပယ်၏ အခြေအနေ သုံးမျိုးထဲမှ နှင်းနယ်မြေပင်။ သို့သော် ငါးမျှားတံရှိသော နေရာတွင်မူ နယ်နိမိတ်မှာ ဝေဝါးနေသဖြင့် ဆီးနှင်းများ ဖုံးလွှမ်းခြင်း မရှိပေ။

ပိုင်ရွှယ်ဟန်သည် သူမ၏ ရင်ဘတ်ကို ဖက်ထားလျက် ခြေထောက်ကို ခပ်ဖွဖွ ဆောင့်လိုက်ပြီး သူမ၏ အနီးအနားသို့ ကျမလာသော နှင်းပွင့်လေးများကို ကြည့်နေမိသည်။

စုန်ယန်သည် နတ်ဘုရားအသိစိတ်ကို ဖြန့်ကြက်လိုက်သည်။ မထင်မှတ်ဘဲ သူ၏ အသိစိတ်မှာ ဤရေခဲပြင်ကို ထိုးဖောက်နိုင်စွမ်း မရှိပေ။

ရုတ်တရက် သူ၏ မျက်စိသူငယ်အိမ်မှာ ကျုံ့သွားသည်။ အဘယ်ကြောင့်ဆိုသော် မလှမ်းမကမ်းရှိ မြေအောက်ထဲတွင် အေးခဲနေသော လူတစ်ဦးကို သူ တွေ့လိုက်ရခြင်းကြောင့်ပင်။

ထိုသူမှာ အေးခဲနေသော်လည်း မျက်လုံးများမှာမူ ပြူးကျယ်လျက် စုန်ယန်ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်။

နောက်တစ်ခဏတွင် ဝိညာဉ်ပေါင်းစုံအလံထွက်ပေါ်လာ၏။

ဝိညာဉ်ပေါက်ကွဲခြင်း

"ဝုန်း... ဝုန်း..." ဟူသော အသံနှစ်ချက် ထွက်ပေါ်လာသည်။ စုန်ယန်ကို စိုက်ကြည့်နေသောသူမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပြီး သူ၏ ဝိညာဉ်မှာ စုန်ယန်၏ ဆွဲငင်ခြင်းကို ခံလိုက်ရကာ ဝိညာဉ်တစ္ဆေအဖြစ်သို့ အတင်းအကျပ် ပြောင်းလဲသွားတော့သည်။

အကျိတ်နယ်မြေရှိ ဆီးနှင်းများသည် အကျိုးအကြောင်းတရားကိုသာ အေးခဲစေပြီး ပြောင်းလဲပစ်ခြင်း မရှိသဖြင့် ထိုဝိညာဉ်သည် သူ သက်ရှိထင်ရှားရှိစဉ်က အဖြစ်အပျက်များကို ကောင်းစွာ မှတ်မိနေဆဲပင်။

အခန်း။ ၂၆၆

သတ်ဖြတ်မှုက ပြတ်သားပြီး တိုက်ရိုက်ကျသလို ဝိညာဉ်ရှာဖွေခြင်းနှင့် လက်အောက်ခံဝိညာဉ်အဖြစ် ပြောင်းလဲခြင်း အတတ်ပညာများမှာလည်း အလွန်ပင် ကျွမ်းကျင်သည်။

အကယ်၍ အတိတ်ကာလကသာဆိုလျှင် ပိုင်ရွှယ်ဟန်သည် ကြောက်ရွံ့တုန်ရင်မိပေလိမ့်မည်။ သို့သော် သူမသည် စိတ်အာရုံနယ်ပယ်မှ လွတ်မြောက်လာခဲ့သော်လည်း သူမ၏နှလုံးသားမှာမူ နစ်ဝင်သွားခဲ့ပြီဖြစ်သည်။

အကယ်၍ ဤသို့ပြုလုပ်သူမှာ အခြားသူတစ်ဦးသာဆိုလျှင် သူမ ထိတ်လန့်နေဦးမည်ဖြစ်သော်လည်း စုန်ယန် ဖြစ်နေသည့်အတွက်ကြောင့် သူမ မကြောက်တော့ပေ။

သို့သော်လည်း သူမသည် ငယ်စဉ်ကတည်းက သိုင်းလောကတွင် လှည့်လည်သွားလာခဲ့သော ဖြောင့်မတ်သည့် အမျိုးသမီးစစ်သည်တစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဂိုဏ်းသို့ ရောက်ရှိလာသောအခါ၌လည်း မတရားမှုကို မုန်းတီးကာ အားနည်းသူကို သနားတတ်သူတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုအခါတွင် သူမသည် ဆက်၍မကြည့်ရက်သဖြင့် ခေါင်းကို အနည်းငယ် လွှဲလိုက်မိသည်။

ထိုစဉ်မှာပင် သူမ၏အနားမှ ရှင်းပြသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီလို အန္တရာယ်များတဲ့နေရာမျိုးမှာ အရာအားလုံးက ကြီးမားတဲ့ ဘေးဒုက္ခကို ပေးနိုင်တယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲတွေ့တွေ့ ပထမဆုံးလုပ်ရမှာက သတိထားဖို့ပဲ။ အကယ်၍ တစ်ဖက်လူမှာ စွမ်းအားရှိတယ်။ စိတ်စေတနာကောင်းရှိတယ်။ ပြီးတော့ စကားပြောလို့ရတယ်ဆိုရင်တော့ အရင်ဆုံး ဆက်သွယ်ကြည့်ရမှာပေါ့။ ဒါပေမဲ့ ဒီလူက နှင်းတွေထဲမှာ အေးခဲနေပြီးသား ပြီးတော့ ငါတို့ကိုလည်း ထူးဆန်းတဲ့အကြည့်နဲ့ စိုက်ကြည့်နေတာ။ ငါက သူ့ကို မသတ်ဘဲနဲ့ သူ့အကြောင်းကို အေးအေးဆေးဆေး နားလည်အောင် လုပ်နေဖို့ အချိန်မရှိဘူးလေ ဟုတ်တယ်မလား"

ပိုင်ရွှယ်ဟန်က "ဒါပေမဲ့ သူက အေးခဲနေတာပဲလေ။ ငါတို့ကို စိုက်ကြည့်နေတုန်း မျက်တောင်မခတ်မိတာက သူ့အပြစ်မှ မဟုတ်တာ..." ဟု ပြောလိုက်သည်။

စကားမဆုံးသေးမီမှာပင် ရှေ့မှအမျိုးသားက ရုတ်တရက် ခေါင်းလှည့်ကာ သူမကို စိုက်

ကြည့်လိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။

"ဓားဂိုဏ်း ပျက်စီးသွားတာက ထားပါဦး မင်းရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် မင်းရဲ့ဂိုဏ်းက မင်းကို အသေခံခိုင်းလိုက်တာပဲ"

ပိုင်ရွှယ်ဟန်က ပြန်ငြင်းလိုက်သည်။

"ဒါက ကျွန်မဘာသာ ဆုံးဖြတ်ပြီး လာခဲ့တာပါ ဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး"

လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

စုန်ယန်က လက်ကိုမြှောက်ကာ သူမ၏နဖူးကို ဖတ်ခနဲ မြည်အောင် ရိုက်လိုက်ပြီးနောက် ချက်ချင်းပင် ရယ်မောကာ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

ပိုင်ရွှယ်ဟန်က သူမ၏ လက်ချောင်းလေးများကို တစ်ခုချင်းစီ ရေတွက်လျက် အကြောင်းပြချက်များကို စတင်ပြောပြတော့သည်။

"တချို့ ဂိုဏ်းတူညီမငယ်လေးတွေက အရေးကြီးတဲ့ ကျင့်ကြံမှုအချိန်တွေကို အလွတ်မခံချင်ကြဘူး၊ တချို့ ဂိုဏ်းတူအစ်မကြီးတွေကလည်း ကိုယ်ဝန်နဲ့မို့ မလာနိုင်ကြဘူး၊ တချို့ ဂိုဏ်းတူအစ်ကိုကြီးတွေကျတော့လည်း သူမအမြင်မှာ သတ္တိနည်းလွန်းနေကြပြန်ရော...။ ပြီးတော့ ဂိုဏ်းအကြီးအကဲတချို့ဆိုရင်လည်း စောင့်ရှောက်ရမယ့် မိသားစုကြီး ရှိနေတာကြောင့် ဘယ်လို ဘေးဒုက္ခမျိုးကိုမှ အဖြစ်မခံနိုင်ကြဘူး..."

သူမသည် အခြားသူများအတွက် အကြောင်းပြချက်များစွာကို ပေးခဲ့သော်လည်း သူမကိုယ်တိုင်အတွက်မူ မည်သည့်အကြောင်းပြချက်မျှ မရှိခဲ့ပေ။

သူမ၏ လေသံထဲတွင် ဂိုဏ်းအတွက် ရှေ့ထွက်ပေးနိုင်ခြင်းမှာ ဂုဏ်ယူစရာကောင်းသောအချက်ဟု ထင်မှတ်နေသည့် ဂုဏ်ယူမှုလေးပင် စွက်နေသေးသည်။

ပိုင်ရွှယ်ဟန်က ပြောပြီးသွားသောအခါ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"စီနီယာ... ကျွန်မ..."

စုန်ယန်က "ငါတို့ကြားမှာ အသက်အရွယ်က သိပ်မကွာပါဘူး။ မင်းက ငါ့ထက်တောင် ကြီးရင်ကြီးနေမှာ။ ငါ့ကို ကျင့်ကြံဖော်အစ်ကိုလို့ပဲ ခေါ်ပါ" ဟု ပြောလိုက်သည်။

"ဪ... ကျင့်ကြံဖော်အစ်ကို... ကျွန်မ တစ်ခုခု မှားသွားလို့လား"

ပိုင်ရွှယ်ဟန်က မေးလိုက်သည်။

စုန်ယန်က "မင်း ဘာမှမမှားပါဘူး" ဟု ပြန်ဖြေသည်။

ပိုင်ရွှယ်ဟန်က "ဒါဆို ဘာလို့ ကျင့်ကြံဖော်အစ်ကိုက ရယ်နေတာလဲ" ဟု ထပ်မေးပြန်သည်။

စုန်ယန်က "ငါ... ရယ်နေလို့လား။ ငါ မရယ်ပါဘူး" ဟု ပြောလိုက်သည်။

ပိုင်ရွှယ်ဟန်က သူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ "ဪ" ဟုသာ ပြန်ထူးလိုက်သည်။

ထို့နောက်တွင်မူ စုန်ယန်က ခေါင်းလှည့်သွားကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်တော့သည်။

နှင်းများနှင့် ရေခဲပြင်များကြားတွင် မြင်မြင်သမျှ အရာအားလုံးမှာ ဖွေးဖွေးလှုပ်နေပြီး အကျိုးအကြောင်းတရားများပင် အေးခဲနေသည့်နှယ် ရှိသည်။

ရှေ့သို့ တစ်လှမ်းတိုးရန်ပင် အလွန်ခက်ခဲလှသော်လည်း သူ၏စိတ်အခြေအနေမှာမူ အမှန်တကယ်ပင် ပေါ့ပါးလန်းဆန်းသွားခဲ့သည်။

အချို့သောလူများနှင့် အတူရှိနေရလျှင် ပတ်ဝန်းကျင်က မည်မျှပင် အန္တရာယ်များပါစေ၊ မည်မျှပင် မျှော်လင့်ချက်မဲ့နေပါစေ၊ အချိန်ကာလ၏ နွေးထွေးမှုကို ခံစားရတတ်ပြီး စိတ်နှလုံးအတွင်းပိုင်းမှ အမှန်တကယ်ပင် သက်သောင့်သက်သာရှိမှုကို ရရှိစေသည်။

ထိုစဉ်မှာပင် ပိုင်ရွှယ်ဟန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ကျင့်ကြံဖော်အစ်ကို... ရှင်က ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်နေပြီဆိုတော့ ရှင့်အသက်က တကယ်ပဲ ကျွန်မနဲ့ တူတူပဲလား။ ဒါဆို ရှင်က တကယ့်ကို ထူးခြားဆန်းပြားတဲ့ ပါရမီရှင်ကြီးပဲ ဖြစ်ရမယ်"

စုန်ယန်က "မင်းက ငါ့ထက်တောင် အသက်ကြီးရင် ကြီးနေဦးမှာပါ" ဟု ပြောလိုက်သည်။

ပိုင်ရွှယ်ဟန်မှာ အံ့အားသင့်သွားသဖြင့် ပါးစပ်လေးကို လက်ဖြင့်အုပ်ကာ သူမ၏ လှပသောမျက်လုံးများဖြင့် သူ့ကို မှင်တက်ကာ ကြည့်နေမိသည်။

တစ်ဖက်တွင်မူ စုန်ယန်သည် တွေဝေငေးငေါ့နေသော ထိုဝိညာဉ်တစ္ဆေကို စိတ်အားထက်သန်စွာ စတင်စစ်ဆေးမေးမြန်းနေပြီဖြစ်သည်။

ဆွဲထုတ်ခံလိုက်ရသော ထိုဝိညာဉ်မှာ တွေဝေငေးငေါ့နေဆဲဖြစ်သော်လည်း ယခုအခါတွင်မူ သတိအနည်းငယ် ပြန်လည်ရရှိလာပုံပင်။

"မင်းက လူသားပဲလား"

"ဟုတ်ပါတယ်"

"မင်း ဘယ်ကလာတာလဲ"

"ကျွန်တော်က ပိုင်ဟုန်ရှေးဟောင်းမျိုးနွယ်စုရဲ့ လက်အောက်ခံနိုင်ငံတစ်ခုက ကျင့်ကြံသူတစ်ယောက်ပါ"

"ပိုင်ဟုန်ရှေးဟောင်းမျိုးနွယ်စု" စုန်ယန်၏ မျက်လုံးများ ရုတ်တရက် ကျုံ့သွားကာ "ဆက်ပြောစမ်း၊ မင်းသိသမျှ အကုန်ပြောပြ" ဟု ပြောလိုက်သည်။

ထိုဝိညာဉ်က အဖြစ်အပျက်အားလုံးကို အသေးစိတ် ပြန်လည်ပြောပြသည်။

ပိုင်ဟုန်ရှေးဟောင်းမျိုးနွယ်စုသည် တောင်နှင့်ပင်လယ် မိစ္ဆာမျိုးနွယ်စု၏ မြောက်ဘက်တွင် တည်ရှိသော အလွန်ကြီးမားသည့် ရှေးဟောင်းမျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်။

ထိုမျိုးနွယ်စုဝင်များသည် နက်နဲဆန်းကြယ်ပြီး အစွမ်းထက်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မြေခွေး၊ ဝံပုလွေနှင့် ကျားမျိုးနွယ်စု သုံးစုတို့နှင့် ရန်ငြိုးကြီးစွာ ရှိနေကြသည်။

ထို့ကြောင့် ချန်ဝမ်ကျားမျိုးနွယ်စုမျိုးဖြုတ်သုတ်သင်ခံရပြီး ချန်ဝမ်ဝိညာဉ်နယ်မြေဖြစ်ပေါ်လာပြီးနောက်တွင် ထိုမျိုးနွယ်စုသည် သူတို့၏ လက်အောက်ခံ ကျင့်ကြံသူများကို ဝိညာဉ်နယ်မြေအတွင်းသို့ တိတ်တဆိတ် စေလွှတ်ခဲ့ကြသည်။

အထက်မှ ပေးထားသော တရားဝင် အကြောင်းပြချက်မှာ ချန်ဝမ်ကျားမျိုးနွယ်စုထံမှ အကျိုးအမြတ်အချို့ကို ပြန်လည်ရယူရန်နှင့် ဝင်ရောက်လာမည့် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများကို ချောင်းမြောင်းတိုက်ခိုက်ရန်ပင်။

သူတို့သည် မြေခွေးနှင့် ဝံပုလွေမိစ္ဆာအချို့ကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့ကြသည်။ ဤဝိညာဉ်မှာ သက်ရှိထင်ရှားရှိစဉ်က ဆုတ်ခွာနေစဉ်အတွင်း မတော်တဆ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုနှင့် တိုးခဲ့ပြီး မသိလိုက်ဘဲ ရေခဲပြင်အတွင်း အေးခဲသွားခဲ့ခြင်းပင်။

သူသည် အေးခဲမသွားမီကပင် ခန္ဓာကိုယ်၏ လောင်ကျွမ်းမှုကို လျှော့ချရန် ကျင့်စဉ်တစ်ခုကို တိတ်တဆိတ် လည်ပတ်ထားသလို အစာငတ်ခံဆေးပြား အမြောက်အမြားကိုလည်း စားသုံးထားခဲ့သည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် သူ သေဆုံးသွားခြင်း မရှိခဲ့ပေ။ သူ၏ အစီအစဉ်မှာ နှင်းများ အရည်ပျော်သွားသောအခါမှ မှတ်ဉာဏ်များကို ဖြည်းဖြည်းချင်း ပြန်လည်စုစည်း၍ ထွက်ခွာသွားရန်ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ဤနှင်းမုန်တိုင်းမှာ မည်မျှကြာအောင် တိုက်ခတ်နေမည်ကို မည်သူမျှ မသိနိုင်ဘဲ သူကိုယ်တိုင်လည်း မည်မျှကြာအောင် အေးခဲနေခဲ့သည်ကို မသိရှိခဲ့ပေ။

စုန်ယန်ကို ဘာကြောင့် ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေတာလဲဆိုသည့် အချက်မှာမူ သူသည် ကြက်သွေးရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အေးခဲနေသော်လည်း အသိစိတ် ရှိနေသေးသည်။

သူ၏ မျက်လုံးများကို ငတုံးတစ်ယောက်ကဲ့သို့ လှုပ်ရှားနိုင်သေးသဖြင့် စုန်ယန် ရောက်လာသောအခါတွင် သူသည် ဗီဇစိတ်အရ စုန်ယန်ကို လူအတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေမိခြင်းသာ ဖြစ်သည်။

စုန်ယန်က အနည်းငယ် တွေးတောလိုက်ပြီးနောက် မေးခွန်းနှစ်ခုကို မေးလိုက်သည်။

"ပိုင်ဟုန်ရှေးဟောင်းမျိုးနွယ်စုက မျိုးနွယ်စုဝင်တွေ ရောက်လာတာရှိလား"

"တောင်နှင့်ပင်လယ် မိစ္ဆာနယ်မြေက ဒီလောက် ကျယ်ပြောတာကို မင်းတို့က တောင်ဘက်ကို ရောက်အောင် ဘယ်လို ဖြတ်ကျော်လာခဲ့တာလဲ"

သို့သော် ထိုကျင့်ကြံသူမှာ လုံးဝ ဝေခွဲမရဖြစ်နေသည်။

ပထမမေးခွန်းအတွက် သူက "မျိုးနွယ်စုဝင်တွေ လာသင့်တယ်" ဟုသာ ခန့်မှန်းနိုင်ပြီး သူကိုယ်တိုင်မူ မမြင်တွေ့ခဲ့ရပေ။

ဒုတိယမေးခွန်းအတွက်မူ သူသည် တိတ်တဆိတ် ခိုးဝင်သည့် လမ်းကြောင်းတစ်ခုအတိုင်း လာခဲ့ခြင်းဖြစ်ပြီး လမ်းတစ်လျှောက်တွင် မည်သည့် တိုက်ခိုက်မှုနှင့်မျှ မကြုံတွေ့ခဲ့ရကြောင်း ပြောလိုက်သည်။

စုန်ယန်က တတိယမြောက် မေးခွန်းကို ထပ်မေးလိုက်သည်။

"အဲဒီလမ်းကြောင်းက ဘယ်မျိုးနွယ်စုရဲ့ နယ်မြေထဲမှာ ရှိတာလဲ"

ထိုကျင့်ကြံသူက ခေါင်းခါပြသည်။

"မသိဘူးလား"

စုန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့အတွက်မူ ဤသည်မှာ အလွန်ရိုးရှင်းသော မေးခွန်းတစ်ခု ဖြစ်သင့်သည်။

ထိုကျင့်ကြံသူက ခါးသီးစွာ ပြုံးလိုက်ပြီး "တောင်နှင့်ပင်လယ် မိစ္ဆာနယ်မြေရဲ့ လက်အောက်ခံနိုင်ငံတွေက ရှုပ်ထွေးတယ်။ ကုန်သွယ်ရေး ပစ္စည်းတွေလိုမျိုး ခဏခဏ အလဲအလှယ် လုပ်ခံနေရတာ။ ကျွန်တော်တို့ ဖြတ်လာတဲ့အချိန်မှာ အဲဒါ ဘယ်မျိုးနွယ်ရဲ့ နယ်မြေလဲဆိုတာ သခင်ပဲ သိပါလိမ့်မယ်။ ဒါပေမဲ့... ကျွန်တော် သိသလောက်တော့ အဲဒီ နယ်စပ်နိုင်ငံက ရှေးဟောင်းမျိုးနွယ်စုရဲ့ လက်အောက်ခံနိုင်ငံနဲ့ နီးကပ်နေပြီး ဘယ်သူ့အတွက်မှ ဆွဲဆောင်မှု မရှိပါဘူး။ လက်ပြောင်းလက်လွှဲ ဖြစ်ခဲ့တာလည်း အကြိမ်ပေါင်း မရေမတွက်နိုင်တော့ပါဘူး" ဟု ပြန်

ဖြေလိုက်သည်။

All Chapters