← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁)

ရွှီထင်းရှန်းဟာ သူ့လက်ထဲက ကျူးကျွမ်းအကြောင်းကို ပြန်လည်တွေးတောမိလိုက်တယ်။

အဲဒီအချိန်တုန်းကတော့ သူဟာ အလုပ်တစ်ခုလုပ်ရင် အမြဲတမ်း အရန်သင့် တစ်ခုခုချန်ထားတတ်တဲ့ အကျင့်ကြောင့်သာ ဒီစာရွက်ကို ယူခဲ့တာဖြစ်ပြီး၊ ယူပြီးတာနဲ့လည်း ဘေးကိုပဲ ပစ်ထားခဲ့တာ။ ဒါပေမဲ့ သူ အခု တွေးနေသလိုသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်... ဝူဝမ်ရွှမ်းရဲ့ ဟွေ့ယွမ် ဘွဲ့ရရှိမှုဟာ ဝူချန်းရဲ့ နောက်ကွယ်က ကြံစည်မှုပဲ ဖြစ်ရမယ်။ နန်းတွင်းစာမေးပွဲအတွက် ဝူချန်းရဲ့ စရိုက်အရ ဝူအမတ်ချုပ်ကြီးရဲ့ရှေ့မှာ ဇာတ်လမ်းတစ်ပုဒ် ခင်းပြဦးမှာဖြစ်သလို၊ ဝူအမတ်ချုပ်ကြီးကလည်း သူ့ရဲ့ဂုဏ်သိက္ခာအတွက် သေချာပေါက် ကူညီပေးမှာ အမှန်ပါပဲ။

ဝူအမတ်ချုပ်ကြီး ဝူယုံဆိုတဲ့ လူရဲ့ စရိုက်ကို ကြည့်မယ်ဆိုရင် ဒီကိစ္စကို သူသာ လက်ခံကိုင်တွယ်ပြီဆိုရင် ဘာတွေ ဆက်လုပ်လာနိုင်မလဲ။

အဲဒီအိမ်မက်ထဲမှာတော့ ရွှီထင်းရှန်းဟာ ဝူအမတ်ချုပ်ကြီးကိုယ်တိုင် ပျိုးထောင်ပေးခဲ့တဲ့သူ မဟုတ်လား။ သူရဲ့စိတ်နေစိတ်ထားနဲ့ အလုပ်လုပ်ပုံတွေတောင်မှ ဝူအမတ်ချုပ်ကြီးရဲ့လွှမ်းမိုးမှုကို အတော်လေး ခံခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒီလောကမှာ ဝူအမတ်ချုပ်ကြီးရဲ့ စရိုက်ကို သူထက်ပိုပြီး သိတဲ့သူ မရှိနိုင်ဘူးလို့ ရွှီထင်းရှန်းက ယုံကြည်နေတာ။

သူသာ ဝူအမတ်ချုပ်ကြီးနေရာမှာဆိုရင်တော့... အရင်ဆုံး ပြဿနာတက်နိုင်တဲ့ အမြီးအမောက်တွေကို အကုန်ဖြတ်တောက် ပစ်လိုက်မှာပါပဲ။

လဲလှယ်ခံလိုက်ရတဲ့ စာရွက်ကို အရင်ဆုံး ဖျောက်ဖျက်ရမှာဖြစ်သလို၊ အဲဒီစာရွက်ရဲ့ ပိုင်ရှင်ကိုလည်း တစ်ပါတည်း ရှင်းပစ်ရမှာပေါ့။ တကယ်လို့ စာရွက်ပိုင်ရှင်သာ မရှိတော့ဘူး၊ နှုတ်ပိတ်သွားပြီဆိုရင်တော့... ရန်သူတွေက ဘယ်လောက်ပဲ ကြံစည်ပါစေ၊ သက်သေမရှိတဲ့အတွက် ဝူအမတ်ချုပ်ကြီးကို ဘာမှလုပ်လို့ ရမှာမဟုတ်တော့ဘူးလေ။

ဒီအတွေး ဝင်လာတာနဲ့ ရွှီထင်းရှန်းရဲ့မျက်နှာဟာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားတော့တာပဲ။ ဝမ်ရှို့ကတော့ သူ့ကို ကြောက်သွားပြီအမှတ်နဲ့ လှောင်ပြောင်ဖို့ ပြင်လိုက်ပေမယ့် စကားလုံးတွေ ပါးစပ်က မထွက်ခင်မှာတင် ရွှီထင်းရှန်းဟာ လေမုန်တိုင်းတစ်ခုလို အခန်းထဲကနေ ဝုန်းခနဲ ပြေးထွက်သွားခဲ့ပါပြီ။

"ထင်းရှန်း... ဘာဖြစ်လို့လဲဟင်" ကျောက်အာကတော့ စိုးရိမ်တကြီးနဲ့ လှမ်းကြည့်နေမိတယ်။ သူက အခန်းထဲဝင်လာပြီး ဘာမှမပြောဘဲ သူမရဲ့လက်ကိုဆွဲကာ အပြင်ကို ခေါ်ထုတ်လာခဲ့တာ။ သူမရဲ့ရင်ခွင်ထဲမှာတော့ ဟုန်အာကို ချီထားတုန်းပါပဲ။ ဟုန်အာလေးခမျာလည်း ထိတ်လန့်သွားပြီး အဖေတစ်လှည့် အမေတစ်လှည့် ကြည့်ရင်း ငိုချင်စိတ်ကို ဘာကြောင့်မှန်းမသိဘဲ အတင်းအောင့်အီး ထိန်းထားရှာလေရဲ့။

လီသာ့ထျန်လည်း အပြင်က ဆူညံသံကြောင့် အခန်းထဲက ထွက်လာခဲ့တယ်။

"ထင်းရှန်း... ဘာတွေဖြစ်နေတာလဲ"

ရွှီထင်းရှန်းကတော့ ပြန်မဖြေအားပါဘူး။ "သွား... အားကျန်းနဲ့ ရှို့လန်ကို သွားခေါ်၊ ပြီးတော့ ပါ့သို ကိုလည်း သွားနှိုးလိုက်။ သူတို့အားလုံးကို မြန်မြန်ခေါ်ခဲ့ကြ၊ ငါတို့ အခုချက်ချင်း ဒီကနေ ထွက်သွားရမယ်"

"ထင်းရှန်း... ဘာလို့လဲ။ မင်းမေ့နေပြီလား... အားကျန်းက ဟန်လင်းအကယ်ဒမီမှာ ဟိုသမိုင်းကျမ်းတွေ ပြုစုနေရတာလေ၊ ဒီရက်ပိုင်း ပြန်မလာဘူးလို့ ပြောထားတယ် မဟုတ်လား"

အဲဒီတော့မှ ရွှီထင်းရှန်း သတိရသွားတော့တယ်။ ချန်ကျန်းက ရှေးဟောင်းသမိုင်းကျမ်း ပြုစုဖို့ တာဝန်ပေးခံထားရတာဆိုတော့ ဒါက အချိန်သတ်မှတ်ချက် မရှိတဲ့ အလုပ်မျိုးလေ။ ဘယ်သူမှ မမေးရင် ဆယ်နှစ်လောက် လုပ်နေလည်း ရသလို၊ တစ်ယောက်ယောက်က မေးလာရင်တော့ အလုပ်လုပ်ပြရတာမို့ ချန်ကျန်းလည်း ပြန်မလာနိုင်တာ ရက်အတော်ကြာနေပြီပေါ့။

141 02

"ဒါဆိုရင်လည်း ဒီကနေ အရင်ထွက်သွားကြရအောင်။ ကောင်းရှန်ဆီကို အရင်သွားကြမယ်။ သတိထားကြဦးနော်၊ ဘယ်သူမှ မမြင်စေနဲ့။ ဟိုရောက်မှ အကြောင်းစုံကို ငါ အသေးစိတ် ပြောပြမယ်။ အခုတော့ လူအားလုံးကို ခေါ်လိုက်တော့၊ ဘာပစ္စည်းမှ သိမ်းမနေနဲ့တော့၊ လူအရင် လွတ်အောင် သွားကြရအောင်။ ဪ... ဝမ်ရှို့ကိုလည်း တစ်ပါတည်း ခေါ်ခဲ့ကြဦး"

ရွှီထင်းရှန်းက အလျင်အမြန်ပဲ မှာကြားလိုက်လေတော့တယ်။ လီသာ့ထျန်လည်း အခြေအနေ မဟန်မှန်း သိလိုက်တာကြောင့် ဘာမှမမေးတော့ဘဲ လူသွားခေါ်ဖို့ အမြန်ပြေးတော့တယ်။

ကောင်းရှန်တို့ ရောက်လာကတည်းက ကျောက်အာက သူတို့ကို ဘယ်မှာ ထားရမလဲလို့ စဉ်းစားနေခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒီအိမ်မှာက သုံးမိသားစုတောင် နေနေကြတာဆိုတော့ လူတွေက အတော်လေး ပြည့်နေပြီ။

ကျောက်အာက နောက်ထပ် အိမ်တစ်လုံးလောက် ထပ်ဝယ်ဖို့ ကြံစည်နေတုန်းမှာပဲ၊ မထင်မှတ်ဘဲ မျက်နှာချင်းဆိုင်က အိမ်က ရောင်းမယ်ဆိုပြီး ဖြစ်လာတယ်။ အိမ်နီးနားချင်းတွေဆိုတော့လည်း သိကြတာကြောင့် ပွဲစားမလိုဘဲ တိုက်ရိုက်ဝယ်လိုက်တာမို့ ဈေးကလည်း အတော်လေး သက်သာသွားခဲ့တာ။

ဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုးဆိုတော့ ကျောက်အာကလည်း လက်လွှတ်မခံဘဲ ဝယ်လိုက်တော့တယ်။ အိမ်ရှင်က ပစ္စည်းရွှေ့တာ ရက်အနည်းငယ် ကြာသွားခဲ့ပြီး၊ ကောင်းရှန်တို့ကလည်း မနေ့ကမှ စပြီး အဲဒီအိမ်ထဲကို ပြောင်းဝင်ကြတာဆိုတော့ အပြင်လူ ဘယ်သူမှ မသိနိုင်သေးပါဘူး။

အပြင်မှာတော့ မှောင်အတိကျနေခဲ့ပြီ။ အားလုံးက ညစာစားပြီး အိပ်ဖို့ ပြင်နေကြတုန်းမှာပဲ ရွှီထင်းရှန်းက အခုလို အလျင်အမြန်ကြီး ထွက်ခွာခိုင်းတာဆိုတော့...

အဒေါ်ကြီးဟုန်ရှီကတော့ အနည်းငယ် ညည်းတွားချင်နေပေမယ့်၊ မောက်ပါ့သိုကတော့ ရွှီထင်းရှန်းကို အပြည့်အဝ ယုံကြည်တာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ပဲ လိုက်နာခဲ့တာမို့ သူမလည်း အောင့်အီးပြီး ဘာမှမပြောတော့ဘူး။

လူအုပ်စုဟာ အုပ်စုခွဲပြီး အိမ်ထဲကနေ ထွက်လာခဲ့ကြတယ်။ မတ်လရဲ့ ညချမ်းကတော့ အေးစိမ့်နေတုန်းပါပဲ။ အပြင်မှာတော့ မှောင်မည်းနေပြီး၊ လရောင်လေးရယ်၊ အိမ်တချို့ရဲ့ ရှေ့မှာ ထွန်းထားတဲ့ အနီရောင် မီးအိမ်လေးတွေရဲ့ အလင်းရောင်ရယ်ကြောင့်သာ လမ်းကို မြင်နေရတာ။

ကောင်းရှန်ကတော့ သတင်းရကတည်းက တံခါးဝမှာ စောင့်နေခဲ့တာ။ တစ်ယောက်ယောက် တံခါးကို ခပ်ဖွဖွခေါက်လိုက်တာ ကြားတာနဲ့ သူက တံခါးကို ချက်ချင်းဖွင့်ပေးပြီး လူအားလုံး အထဲရောက်အောင် လုပ်လိုက်တော့တယ်။

"ဒါက ဘာတွေ ဖြစ်ကုန်တာလဲ" ကောင်းရှန်လည်း ဘာမှမသိသေးဘဲ ကြောင်တောင်တောင် ဖြစ်နေရှာတာ။

"အထဲရောက်မှ ပြောကြတာပေါ့"

အားလုံး ခန်းမဆောင်ထဲကို ရောက်သွားတဲ့ အခါကျမှ ရွှီထင်းရှန်းက သူ့ရဲ့ စိုးရိမ်မှုတွေကို ဖွင့်ပြောလိုက်ပါတော့တယ်။

"မင်းပြောတာက... တစ်ယောက်ယောက်က ငါတို့ကို သတ်ပြီး နှုတ်ပိတ်နိုင်ချေရှိတယ်ပေါ့ ဟုတ်လား"

"ဒီ ဧကရာဇ်ရဲ့ခြေရင်း မြို့တော်ကြီးမှာ ဘယ်သူကများ ဒီလောက် သတ္တိကောင်းရဲမှာလဲ" အဒေါ်ကြီးဟုန်က အလိုအလျောက် ရေရွတ်လိုက်မိတယ်။

မောက်ပါ့သိုကတော့ ပြန်ပြောလိုက်လေတယ်။

"အမေ... အမေကတော့ နားထောင်ရုံပဲ နားထောင်နေစမ်းပါ။ ထင်းရှန်းရဲ့ စိုးရိမ်မှုက အကြောင်းမဲ့ မဟုတ်ပါဘူး"

"တကယ်ကြီး အဲဒီလောက် သတ္တိရှိတဲ့သူ ရှိလို့လား" အဒေါ်ကြီးဟုန်က တိုးတိုးလေး ညည်းတွားနေပြန်တုန်းပါပဲ။

141 03

တိုင်းပြည်က စာမေးပွဲကြီး ကျင်းပပြီး ပညာတတ်တွေကို ရွေးချယ်နေတဲ့ အချိန်မှာ၊ လူအများရှေ့မှာတင် ဒီလိုမျိုး ကောက်ကျစ်တဲ့ နည်းလမ်းတွေကို သုံးဝံ့တဲ့သူဆိုရင်တော့... လူသတ်ပြီး နှုတ်ပိတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူးလေ။ အစပိုင်းမှာတော့ အားလုံးက တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်နေကြပေမယ့်၊ ဒီကိစ္စကို ပြန်တွေးကြည့်လိုက်တဲ့အခါမှာတော့ အားလုံးရဲ့ရင်ထဲမှာ အေးစက်စက် အလုံးကြီးတစ်ခုက စီးဆင်းသွားသလို ခံစားလိုက်ကြရတယ်။

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

"ဒီကိစ္စက ငါ့ရဲ့အပိုစိုးရိမ်မှုပဲ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ အချိန်လည်း မစောတော့ဘူးဆိုတော့ အားလုံး အရင်နားလိုက်ကြပါဦး၊ မနက်မိုးလင်းမှပဲ ဘာဆက်လုပ်မလဲဆိုတာ တိုင်ပင်ကြတာပေါ့"

စကားက ဒီလိုဖြစ်သွားပြီဆိုတော့ အားလုံးလည်း လူစုခွဲလိုက်ကြရတာပါပဲ။ အိမ်ကလည်း သိပ်မကျယ်သလို လူတွေကလည်း အများကြီးဆိုတော့ အခန်းက မလောက်တော့ဘဲ အားလုံး တိုးဝှေ့ပြီး အိပ်ကြရတယ်။ ဒါတွေကတော့ သိပ်ပြီး အရေးမကြီးပါဘူး။

ကောင်းကင်ယံမှာတော့ လခြမ်းကွေးလေးဟာ ချိတ်တစ်ခုလိုမျိုး တွဲလဲခိုနေခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ခြောက်ကပ်လို့ နေခဲ့ပြီ။

အရင်က အိမ်ရှေ့တွေမှာ မီးအိမ်တွေ ထွန်းထားကြပေမယ့် အခုတော့ ညဉ့်နက်လာတာကြောင့် ဆီကုန်သွားပြီး ငြိမ်းသွားကြပြီ။ အနက်ရောင် အရိပ်ကြီးတွေကတော့ ညလေထဲမှာ ဟိုဟိုဒီဒီ လွင့်ပျံ့နေသလိုပါပဲ။

ညလေကတော့ ပြင်းထန်လှတယ်။ တိမ်တိုက်မည်းကြီးတွေက လွင့်စင်လာပြီး အေးစက်လှတဲ့ လခြမ်းကွေးလေးကို ဖုံးအုပ်လိုက်တဲ့ အခါမှာတော့...

လမ်းကြားထဲမှာ ဘယ်သူမှ မကြားနိုင်လောက်အောင် တိုးညှင်းတဲ့ ခြေသံတချို့က ရုတ်တရက် ပေါ်ထွက်လာခဲ့လေတယ်။ တကယ်လို့ အဲ့ဒီအချိန်မှာ တစ်အိမ်အိမ်က နိုးနေမယ်ဆိုရင်တောင်မှ အပြင်က လှုပ်ရှားမှုကို ကြားနိုင်မှာ မဟုတ်ပါဘူး။

ထိုလူအုပ်စုဟာ အိမ်တစ်အိမ်ရဲ့ရှေ့မှာ ရပ်တန့်သွားခဲ့ကြတယ်။ အုပ်စုခေါင်းဆောင်က တံခါးမှာ ကပ်ပြီး တံခါးကြားကနေ အတွင်းကို ချောင်းကြည့်လိုက်တယ်။

အတွင်းမှာတော့ မှောင်အတိကျနေခဲ့ပြီ။ သူက လက်ဟန်တစ်ခု ပြလိုက်တာနဲ့ လူတစ်ယောက်က အရှေ့ကို တိုးလာပြီး သူ့ရဲ့ရင်ဘက်ထဲကနေ ဓားပါးလေး တစ်ချောင်းကို ထုတ်လိုက်တယ်။ ဓားလေးနဲ့ တံခါးကို အသာလေး ထိုးကလော်လိုက်ပြီး တွန်းလိုက်တဲ့အခါမှာတော့ တံခါးက ပွင့်သွားခဲ့ပါပြီ။ အဲဒီလူတွေဟာ ခြေသံလုံလုံနဲ့ အတွင်းထဲကို တိုးဝင်သွားကြတာ မြင်ရတာ... ဘယ်သူမှ ရောက်မလာခဲ့သလိုပါပဲ။ မှောင်မည်းနေတဲ့ တံခါးဝကြီးကသာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေ ရှိနေတယ်ဆိုတာကို သက်သေပြနေခဲ့တယ်။

မျက်နှာချင်းဆိုင်က အိမ်မှာလည်း မှောင်အတိကျနေတာပါပဲ။

ကျိုးချန်ဟာ လှေကားကနေ အသာလေး လျှောဆင်းလာပြီး အခန်းတစ်ခုရဲ့အရှေ့ကို တိုးတိုးလေး သွားလိုက်တယ်။ သူ တံခါးမခေါက်ရသေးခင်မှာတင် တံခါးက အထဲကနေ ပွင့်လာပြီး လူတစ်ယောက် ထွက်လာခဲ့တယ်။

"ကျိုးအစ်ကိုကြီး"

"တစ်ဖက်အိမ်ကို လူတွေ ရောက်နေပြီ၊ ကြည့်ရတာ အားလုံးမှာ ဓားတွေ ပါလာပုံပဲ"

141 04

နှစ်ယောက်သား ဝင်းထရံနားကို သွားပြီး သစ်သားလှေကားကနေတစ်ဆင့် အပေါ်ကို တက်ကြည့်လိုက်ကြတယ်။ ဒီနေရာကနေဆိုရင် မျက်နှာချင်းဆိုင်က အိမ်ရဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်း မြင်နေရတယ်။

အဲဒီလူတွေဟာ အနက်ရောင် ဝတ်စုံတွေကို ဝတ်ထားကြတယ်။ သူတို့တွေ ရွှီအိမ်ထဲကနေ ထွက်လာပြီး ဘေးက မောက်အိမ်ထဲကို ထပ်ဝင်သွားတာကို နှစ်ယောက်သား မျက်ဝါးထင်ထင် မြင်နေရတာ။ ဒါပေမဲ့ သူတို့တွေ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ကြပါဘူး။

ဘယ်သူမှ မရှိတာကို သိလိုက်ရတဲ့အခါ ထိုလူတွေဟာ ဒေါသထွက်သွားပုံရပြီး အဲဒီထဲက တစ်ယောက်က ရေရွတ်လိုက်တာကို ကြားလိုက်ရတယ်။ "ခေါင်းဆောင်... မီးပဲ ရှို့ပစ်လိုက်ရမလား"

ဒါပေမဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ခေါင်းခါပြလိုက်ပြီး အဲဒီလူအုပ်စုဟာ အမှောင်ထဲမှာပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့ကြပါတော့တယ်။ သူတို့တွေဟာ ဘယ်ကလာတဲ့ သူတွေလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူးလေ။

အပြင်မှာတော့ မိုးလင်းစ ပြုနေခဲ့ပြီ။ အိမ်ထဲက လူတွေကတော့ တစ်ညလုံး ကောင်းကောင်း မအိပ်နိုင်ကြပါဘူး။

ဟုန်အာလေး တစ်ယောက်ပဲ ကျောက်အာရဲ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာတာ။

မနေ့ညက မောက်ပါ့သိုဟာ အပြင်က အသံကြောင့် လန့်နိုးလာပြီး ထွက်မေးလိုက်ကတည်းက လူအားလုံး နိုးသွားခဲ့ကြတာ။ တစ်ညလုံး ဘယ်သူမှ မအိပ်ကြဘဲ ဒီအတိုင်းပဲ ငိုင်ပြီး ထိုင်နေခဲ့ကြတယ်။

တကယ်တော့လည်း အိပ်လို့ ဘယ်ရပါ့မလဲ။ အစကတော့ ကြိုတင် ခန့်မှန်းရုံပဲ ရှိသေးပေမယ့်၊ အခုတော့ တကယ်ကြီး ဖြစ်လာခဲ့ပြီလေ။

ကိုယ့်အိမ်ထဲကို တစ်ယောက်ယောက်က ဘယ်သူမှမသိအောင် ဝင်လာနိုင်တယ်၊ အချိန်မရွေး ကိုယ့်လည်ပတ်ကို လာလှီးသွားနိုင်တယ်လို့ တွေးမိတာနဲ့တင် အားလုံးက တဆတ်ဆတ် တုန်နေအောင် ကြောက်လန့်နေကြတာဆိုတော့ ဘယ်လိုလုပ်ပြီး အိပ်နိုင်ပါ့မလဲ။

"အခု ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုဖြစ်ပြီး ဒီလို ပြဿနာမျိုးနဲ့ သွားတိုးရတာလဲ။ မင်းတို့ ပြောဦးလေ... ခဏနေရင် ငါတို့တွေ အပြင် ထွက်လို့ရပါဦးမလား" အဒေါ်ကြီးဟုန်က ဆိုလာခဲ့တယ်။

ရွှီထင်းရှန်းကတော့ ထရပ်လိုက်ပြီး ဆိုလိုက်လေတယ်။

"အားလုံး အခန်းထဲပြန်ပြီး နားလိုက်ကြပါဦး၊ ဒီကိစ္စကို ဖြေရှင်းမယ့် နည်းလမ်း ရှိလာမှာပါ"

"မင်းကတော့ ဖြေရှင်းမယ့် နည်းလမ်းရှိတယ်လို့ပဲ ပြောနေတာပဲ၊ ဘာနည်းလမ်းလဲဆိုတာ ပြောဦးလေ။ အခုတော့ ငါတို့တွေ ဒီလိုမျိုး ဖြစ်ကုန်ကြပြီ၊ ငါတို့ကတော့ မင်းကြောင့်နဲ့ အမှုပတ်ကုန်ပြီ..."

အဒေါ်ကြီးဟုန်က တတွတ်တွတ်နဲ့ ပြောလို့မပြီးခင်မှာတင် မောက်ပါ့သိုက အော်ငေါက်လိုက်တော့တာပဲ။

"အမေ... အမေ တော်တော် ပြောလို့ မပြီးသေးဘူးလား။ ဒါက ထင်းရှန်း ဖြစ်ချင်လို့ ဖြစ်တာလား။ သူကိုယ်တိုင်လည်း အကောက်ကြံခံရတာလေ။ အမေ အရင်အခန်းထဲ ပြန်သွားစမ်းပါ"

"ဒါပေမဲ့..."

"ကဲပါ... မိန်းမရယ်၊ အခန်းထဲ ပြန်နားပါဦး။ တစ်ညလုံး မအိပ်ရတော့ တကယ်ကို ပင်ပန်းနေမှာပေါ့" မောက်အဘိုးကြီးက ထရပ်ပြီး ပြောလိုက်မှပဲ၊ အဒေါ်ကြီးဟုန်လည်း စကားဆက်ပြောချင်နေသေးပေမယ့် အတင်းဆွဲခေါ်သွားခြင်း ခံလိုက်ရပါတော့တယ်။

သူတို့ နှစ်ယောက် အပြင်ကို ထွက်သွားတဲ့အထိ အဒေါ်ကြီးဟုန်ကတော့ သူမက မေးရုံပဲ မေးတာပါ၊ ဘာမှမပြောပါဘူး ဆိုတဲ့အကြောင်းကို တတွတ်တွတ် ရေရွတ်နေတာကို ကြားနေရတုန်းပါပဲ။

မောက်ပါ့သိုရဲ့မျက်နှာကတော့ အတော်လေးကို ပျက်ယွင်းနေခဲ့ရသလို၊ အခန်းထဲက လူအားလုံးရဲ့ မျက်နှာတွေကလည်း မကောင်းကြပါဘူး။

"ထင်းရှန်း... စိတ်ထဲမထားပါနဲ့ဦး။ ငါ့အမေက မိန်းမသားဆိုတော့ အမြင်မကျယ်ဘဲ ကြောက်သွားလို့ပါ၊ သူက ပုံမှန်ဆိုရင် ဒီလိုမျိုး မဟုတ်ပါဘူး" မောက်ပါ့သိုက အားမရစွာနဲ့ ရှင်းပြရှာတယ်

141 05

"ဘာမှမဖြစ်ပါဘူး၊ အဒေါ်က စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်တာမှန်း ငါသိပါတယ်"

"ဒါဆို အခု ဒီကိစ္စကို ဘယ်လိုလုပ်မလဲ။ ဆရာ့ဆီကို သွားပြီး အကူအညီ တောင်းရမလား..."

မောက်ပါ့သိုရဲ့စကားကို ရွှီထင်းရှန်းက ဖြတ်ပြောလိုက်ပါတယ်။ သူကတော့ ပြုံးနေဆဲပါပဲ၊ အတော်လေးကို ပေါ့ပေါ့ပါးပါး ရှိနေပုံရပြီး ကျီစယ်တဲ့ လေသံနဲ့တောင် ဆိုလေတယ်။

"ကဲပါ... အရင်နားကြရအောင်လို့ ပြောပြီးသားပဲလေ။ ခဏလောက် နားလိုက်ကြပါဦး။ ကောင်းကင်ကြီး ပြိုကျလာရင်တောင်မှ ဒီခဏလေးအတွင်းမှာတော့ ဘာမှမဖြစ်နိုင်ပါဘူး"

"ဒါပေမဲ့..."

လီသာ့ထျန်က ထရပ်ပြီး မောက်ပါ့သိုကို ဆွဲခေါ်သွားတယ်။ "ကဲပါ... အားလုံး အခန်းထဲပြန်ပြီး ခဏလောက် အိပ်လိုက်ကြဦး၊ နိုးလာမှပဲ ကျန်တာ ဆက်ပြောကြတာပေါ့"

ကောင်းရှန်၊ ကျိုးချန်တို့လည်း ထရပ်လိုက်ကြပြီး အပြင်ကို ထွက်လာခဲ့ကြတယ်။

လီသာ့ထျန်က လှည့်ကြည့်လိုက်ရင်း ရွှီထင်းရှန်းကို ဆိုလိုက်တယ်။ "ထင်းရှန်း... မင်း သိထားရမှာက မင်းမှာ ငါတို့ ရှိနေတယ်ဆိုတာပဲ"

"ဟုတ်တယ်... ငါနဲ့ သာ့ထျန်၊ ပြီးတော့ အားကျန်းတို့ ရှိနေသေးတယ်။ မင်း ဘာလုပ်ချင်လဲ ပြောလိုက်ရုံပဲ၊ ငါတို့တွေ အကုန်လုပ်ပေးမယ်" မောက်ပါ့သိုကလည်း ဆိုလိုက်တယ်။

"ကဲပါ... မင်းတို့ မအိပ်ချင်ရင်တောင် ငါကတော့ အိပ်ချင်နေပြီ။ နိုးလာမှပဲ ပြောကြတာပေါ့" ရွှီထင်းရှန်းက ပြုံးပြီး သူတို့ နှစ်ယောက်ကို အပြင်ကို အတင်းတွန်းထုတ်လိုက်လေတော့တယ်။

ကျိုးချန်က ခြေလှမ်းတွေကို ရပ်လိုက်ပြီး လှည့်ပြောတယ်။ "ထင်းရှန်း... တစ်ခုခုဆိုရင် တစ်ခွန်းသာ ပြောလိုက်ပါ"

ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တယ်၊ "ကျေးဇူးပါပဲ ကျိုးအစ်ကိုကြီး"

"ငါလည်း ရှိသေးတယ်နော်။ ငါကတော့ ရွှီမျိုးရိုး မဟုတ်ပေမယ့် အစ်မကျောက်အာရဲ့လူလေ။ ပြီးတော့ ငါ့ဘေးက လူငယ်နှစ်ယောက်ကလည်း ရွှီမျိုးရိုးတွေပဲ။ ဘာပဲဖြစ်ဖြစ် ထင်းရှန်း တစ်ခုခုပြောလိုက်ရုံပဲ၊ ငါတို့တွေ သွားလုပ်ပေးမယ်" ကောင်းရှန်ကလည်း ပြောလာခဲ့တယ်။

သူ့ဘေးက လူငယ်နှစ်ယောက်ကလည်း အဆက်မပြတ် ခေါင်းညိတ်ပြကြတယ်။ "ဟုတ်ပါတယ်... ထင်းရှန်းဦးလေး၊ အဲဒီ အကျင့်ပျက် အရာရှိတွေက ဦးလေးကို အနိုင်ကျင့်ရဲတယ်ပေါ့။ ဦးလေးကို အနိုင်ကျင့်တာဟာ ကျွန်တော်တို့ ယွီချင်း ရွာသားတွေကို အနိုင်ကျင့်တာပဲလေ။ ဒါက မြို့တော်မို့လို့သာပေါ့... တကယ်လို့ ဟူယန်းရွာမှာသာဆိုရင်တော့ ငါတို့ တစ်ရွာလုံး ထွက်လာပြီး သူတို့နဲ့ အသေအလဲ တိုက်မှာပဲ"

"သူတို့နဲ့ အသေအလဲ တိုက်မှာပဲ"

"သွားစမ်းပါ... ဘာတွေ အသေအလဲ တိုက်နေတာလဲ၊ မြန်မြန်သွားပြီး အိပ်ကြစမ်းပါ။ မင်းတို့ကို ခိုင်းစရာရှိရင်တောင် နိုးလာမှပဲ ခိုင်းမှာပေါ့" ရွှီထင်းရှန်းက ပြုံးပြီး မောင်းထုတ်လိုက်မှပဲ၊ အားလုံးလည်း အခန်းထဲ ပြန်ဝင်သွားကြတော့တယ်။ သူကတော့ လူအားလုံး အခန်းထဲ ရောက်သွားတာကို သေချာကြည့်ပြီးမှ အခန်းတံခါးကို ပြန်ပိတ်လိုက်တော့တယ်။

သူ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကျောက်အာက ကုတင်ပေါ်မှာ ထိုင်ပြီး သူ့ကို စောင့်နေတာ တွေ့လိုက်ရတယ်။

သူ အနားကို လျှောက်သွားလိုက်ပြီး ဆိုလိုက်လေတယ်။ "မြန်မြန်အိပ်တော့နော်"

ကျောက်အာက ခေါင်းညိတ်ပြလိုက်ပေမယ့် ဘာစကားမှတော့ မပြောခဲ့ပါဘူး။

141 06

ဝူအမတ်ချုပ်ကြီး ကတော့ နေ့တိုင်း မနက် (၃) နာရီဆိုတာနဲ့ နိုးနှင့်နေခဲ့ပါပြီ။

မျက်နှာသစ်၊ မနက်စာစားပြီးတာနဲ့ အရာရှိဝတ်စုံကို ဝတ်ဆင်ကာ သူ့ရဲ့ အစိမ်းရောင် အမိုးပါတဲ့ ထမ်းစင်ပေါ်ကို တက်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် မနက် (၅) နာရီမတိုင်ခင်မှာတော့ ဝူးမန်တံခါးဝကို ရောက်အောင် သွားရတာလေ။ ဒါဟာ ဆယ်စုနှစ်နဲ့ချီအောင် သူ လုပ်လာခဲ့တဲ့ အလုပ်ပါပဲ။

မနက်ခင်း ညီလာခံက (၅) နာရီမှာ စတာဖြစ်ပြီး၊ ညီလာခံပြီးတဲ့ အခါမှာတော့ (၉) နာရီနီးပါး ရှိနေခဲ့ပြီပေါ့။ အဲ့ဒီအချိန်ကျရင်တော့ ဧကရာဇ်ကျားချန်က အမတ်ချုပ်ကြီးတွေကို ခေါ်ပြီး ကိစ္စရပ်တွေကို ဆွေးနွေးလေ့ရှိတယ်။ ဆွေးနွေးလို့ပြီးလို့ နန်းတွင်းအမတ်အဖွဲ့ ခန်းမဆောင်ဆီ ပြန်ရောက်တဲ့ အချိန်မှာတော့ နေလယ် ၁၂ နာရီလောက် ရှိနေပါပြီ။

ဒါကြောင့် ဝူအမတ်ချုပ်ကြီးအနေနဲ့ ရှာခိုင်းထားတဲ့သူကို ရှာမတွေ့ဘူးဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ အချိန်မှာတော့ နေလယ်စာ စားချိန်တောင် ရောက်နေပြီပေါ့။

နန်းတွင်းအမတ်အဖွဲ့ထဲမှာတော့ ဝူအမတ်ချုပ်ကြီးရဲ့အရှိန်အဝါက ကြီးမားလှပါတယ်။ ဘာပဲပြောပြော သူက ဒုအမတ်ချုပ်ဆိုတော့ အမတ်ချုပ်ကြီး တစ်ယောက်အောက်မှာပဲ ရှိတာကိုး။

ဒါပေမဲ့ အခုချိန်မှာတော့ ဝူအမတ်ချုပ်ကြီးက အသာစီးရနေခဲ့ပြီလေ။ ဘာလို့လဲဆိုတော့ စွီအမတ်ချုပ်ကြီးက အသက် အရမ်းကြီးနေပြီ မဟုတ်လား။ ခုနစ်ဆယ်ကျော်နေပြီဖြစ်တဲ့ အဘိုးကြီးကတော့ ရှေးထုံးစံအရ ရာထူးကနေ အနားယူပြီး ဇာတိကို ပြန်သင့်နေပြီဖြစ်ပေမယ့် ဒီအဘိုးကြီးက အာဏာကို မက်မောလွန်းလို့ ရာထူးကနေ လုံးဝမဆင်းချင်သေးဘူး။

ဒီနေ့ ဧကရာဇ်ရဲ့ ရှေ့မှောက်မှာတင် စွီအမတ်ချုပ်ကြီးက ဝူအမတ်ချုပ်ကြီးကို စကားနဲ့ တစ်ချက် ပညာပေးလိုက်တာကြောင့် ဝူအမတ်ချုပ်ကြီးရဲ့ ရင်ထဲမှာ ဒေါသတွေက ပွက်လောရိုက်နေခဲ့တာ။ အခု သူ့ရဲ့လူတွေဆီကနေ ရှာခိုင်းထားတဲ့သူတွေကို ရှာမတွေ့ဘူးဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ဝုန်းခနဲ ရိုက်ခွဲပစ်လိုက်တော့တယ်။

ဒီကွဲအက်သံဟာ သိပ်မကျယ်လှတဲ့ ခန်းမဆောင်ထဲမှာတော့ အတော်လေးကို ဟိန်းထွက်သွားခဲ့တယ်။

ဝူအမတ်ချုပ်ကြီးကတော့ သတိပြန်ဝင်လာပြီး ဆဲဆိုလိုက်လေတယ်။ "လက်ဖက်ရည် ဖျော်ခိုင်းတာတောင် ခွက်ကို မှောက်အောင် လုပ်ရတယ်လို့၊ တကယ်ကို အသုံးမကျတဲ့ကောင်" ပြီးတော့မှ အသံကို နှိမ့်လိုက်ပြီး အမိန့်ပေးလိုက်တော့တာပဲ။

"ထပ်ပြီး ရှာခိုင်းစမ်း မြို့တော်က ဒီလောက်ပဲ ကျယ်တာကို၊ ငါ ရှာလို့မတွေ့စရာ အကြောင်းမရှိဘူး"

သတင်းလာပို့တဲ့သူကလည်း အဆက်မပြတ် ခေါင်းညိတ်ပြရင်း ပြောကာ ထွက်သွားခဲ့တယ်။ "အမတ်မင်း စိတ်မဆိုးပါနဲ့ဦး၊ ကျွန်တော်မျိုး အခုပဲ နောက်တစ်ခွက် သွားဖျော်ပေးပါ့မယ်"

တံခါးအပြင်ဘက်မှာတော့ ရှန်ရွှယ်နဲ့ရန်ချုံဟွာတို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပေမယ့် ဘာစကားမှတော့ မပြောလိုက်ဘဲ ကိုယ့်လက်ဖက်ရည်ခွက်ကိုယ်ကိုင်ပြီး ကိုယ့်ရဲ့အခန်းတွေဆီကိုပဲ ပြန်သွားခဲ့ကြတော့တယ်။

အခန်းထဲမှာတော့ ဝူအမတ်ချုပ်ကြီးဟာ သူ့ရဲ့နားထင်ကို ဖိထားရင်းနဲ့ ရင်ထဲမှာတော့ မကောင်းတဲ့ ခံစားချက်တစ်ခု ဝင်လာခဲ့ရပြီ။

တကယ်ကြီး ထွက်ပြေးသွားတာလား။

ဆယ်နှစ်တိုင်တိုင် ကြိုးစားပမ်းစား စာသင်လာခဲ့ပြီး၊ တစ်နေ့မှာတော့ ဂုဏ်ရှိန်ဝါဝါနဲ့ အောင်မြင်မှုကို ဆွတ်ခူးရမယ်လို့ လူတိုင်းက မျှော်လင့်ကြတာပေါ့။

141 07

ဒါပေမဲ့ ဒီလို ဂုဏ်တက်နိုင်တဲ့သူက လက်ချိုးရေလို့ ရရုံပဲရှိပြီး၊ ကျန်တဲ့သူတွေ အားလုံးကတော့ ကျရှုံးခဲ့ကြရတာပဲ။

ဒီလို ကျရှုံးခဲ့တဲ့ ကျူးရန်တွေဟာ တချို့ကတော့ ဇာတိကို ချက်ချင်း ပြန်သွားကြပေမယ့် တချို့ အိတ်ထဲမှာ ငွေရှိတဲ့သူတွေကတော့ ဧပြီလမှာ ကျင်းပမယ့် နန်းတွင်းစာမေးပွဲကို ကြည့်ဖို့အတွက် နေခဲ့ကြတယ်။ ခဲရာခဲဆစ်နဲ့ မြို့တော်အထိ စာမေးပွဲလာဖြေခဲ့ရတာဆိုတော့၊ ကိုယ်တိုင် မအောင်ရင်တောင်မှ ဒီတစ်ကြိမ်ရဲ့ ကျွမ်းယွမ်အသစ်ကို မတွေ့လိုက်ရရင် တစ်ခုခု လိုအပ်နေသလိုမျိုး ခံစားရတာကိုး။

ဒါဟာ မုန့်စားတဲ့အခါမှာ အချဉ်ရည် မပါသလိုမျိုး အရသာ တစ်ခုခု လိုနေသလို ဖြစ်နေတာ။ အဲဒါကြောင့်လည်း လူအတော်များများဟာ မြို့တော်မှာ ဆက်နေခဲ့ကြပြီး ဧပြီလ စာမေးပွဲပြီးမှပဲ ပြန်ကြတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ မြို့တော်ကြီးဟာ အတော်လေး စည်ကားနေခဲ့တယ်။ အောင်တဲ့သူတွေကတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အလုပ်ရှုပ်နေကြသလို၊ မအောင်တဲ့သူတွေကလည်း ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ဘဲ ပျော်အောင် နေနေကြတာပေါ့။ ဒါပေမဲ့ လူအများကြားမှာတော့ တစ်ခုခုကို တိုးတိုးတိတ်တိတ်နဲ့ အငြင်းပွားနေကြတာ ရှိပါတယ်။

အဲ့ဒါကတော့... ဒီတစ်ကြိမ် စာမေးပွဲမှာ လူအတော်များများ ကျရှုံးခဲ့ရတာဟာ နောက်ကွယ်မှာ တစ်ယောက်ယောက်က အကောက်ကြံထားလို့ပါဆိုတဲ့ ကောလာဟလတွေပါပဲ။

ဒါဟာ သေးငယ်တဲ့ ကိစ္စမဟုတ်ပါဘူး၊ စာမေးပွဲမှာ မသမာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ကြီးမားတဲ့ ရာဇဝတ်မှုကြီးလေ။

အထူးသဖြင့် လူတွေက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အထင်ကြီးတတ်ကြတာ မဟုတ်လား။ တခြားသူက အောင်ပြီး ကိုယ်က မအောင်ဘူးဆိုရင် စာစစ်မှူးက မျက်စိမရှိလို့ ဒါမှမဟုတ် ကိုယ့်ကံက မကောင်းလို့ ဆိုပြီးပဲ တွေးတတ်ကြတာ။ အချုပ်ပြောရရင်တော့ အပြစ်ဟာ ကိုယ့်ဆီမှာ မရှိဘဲ တခြားသူဆီမှာပဲ ရှိတယ်လို့ ယူဆတတ်ကြတာပါ။

ဒီလို တွေးတဲ့သူတွေကလည်း မနည်းလှပါဘူး။ အဲ့ဒီကြားထဲမှာ ဝမ်ရှို့နဲ့ ရန်ကွမ်ကျစ်တို့ ကျရှုံးခဲ့ရတာဟာ လောင်းကစားဒိုင်တွေက လာဘ်ထိုးထားလို့ပါဆိုတဲ့ ကောလာဟလတွေကလည်း ပိုပြီးခိုင်မာစေတာပေါ့။ ဘယ်သူမှတော့ အော်ဟစ်ပြီး မပြောရဲကြပေမယ့် ဒီသတင်းကတော့ လူတွေကြားမှာ အတော်လေးကို မြန်မြန်ရှန်ရှန် ပျံ့နှံ့နေခဲ့ပါပြီ။

လူတိုင်းက ဒီအကြောင်းကိုပဲ ပြောနေကြတယ်။ တချို့က ယုံတယ်၊ တချို့ကတော့ တစ်ဝက်ပဲ ယုံတယ်။ ဒါပေမဲ့ ယုံတဲ့သူက ပိုများပါတယ်။ ဘာလို့လဲဆိုတော့ ပါရမီရှင်ငါးဦးရဲ့ အရည်အချင်းကို အားလုံးက ယုံကြည်ထားကြတာကိုး။ တစ်ယောက်တည်းဆိုရင်တော့ ထားပါတော့... အခု နှစ်ယောက်စလုံး ကျရှုံးသွားတယ်ဆိုတာကတော့ ကောလာဟလထဲမှာ ပြောသလိုမျိုး လောင်းကြေး အများကြီး အထပ်ခံရတဲ့သူတွေ အကုန်ရှုံးတယ် ဆိုတာနဲ့ ကွက်တိ ဖြစ်နေတာ။

လူပေါင်းများစွာဟာ အမှန်တရားကို လိုက်ရှာနေကြပါတယ်။ အရင်က လောင်းကြေး အချိုးအစားတွေနဲ့ အခုထွက်လာတဲ့ အောင်စာရင်းတွေကို နှိုင်းယှဉ်ပြီး အမျိုးမျိုး ခန့်မှန်းနေကြတယ်။ နေ့တိုင်းလိုလို ဘယ်သူကတော့ မအောင်ဘူး၊ သူ့အပေါ်မှာ လောင်းထားတဲ့သူကတော့ ဘယ်လောက်တောင် များတာဆိုပြီး ပြောနေကြတာ။

တကယ်တမ်း ဘယ်လောက်များလဲဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မသိကြပေမယ့် အများကြီးပဲ ဆိုတဲ့ စကားကတော့ ဟိုးလေးတကျော် ဖြစ်နေတော့တာပါပဲ။ ဒီ အများကြီး ဆိုတဲ့ အသံတွေ ပိုများလာတဲ့ အခါမှာတော့ မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားတဲ့ လှိုင်းလုံးကြီးတစ်ခုလို ဖြစ်သွားပါတော့တယ်။

နောက်ထပ် မနက်ခင်းတစ်ခုကို ရောက်ပြန်ပါပြီ။ နေရောင်ခြည်ကတော့ ဝင်းပနေသလို၊ နွေဦးလေညင်းလေးကလည်း သာယာနေခဲ့တာပေါ့။

တိတ်ဆိတ်နေတဲ့ ချီဖန်းလမ်းမကြီးပေါ်မှာတော့ လူတစ်ယောက် လျှောက်လာခဲ့ပါတယ်။ ထိုလူက အတော်လေး ငယ်ရွယ်ပြီး ကျူးရန် ဝတ်စုံကို ဝတ်ထားတာပေါ့။ သူ့ရဲ့ကိုယ်နေဟန်ထားက ဝါးပင်လေးတစ်ပင်လို တည်ငြိမ်ပြီး၊ ခြေလှမ်းတွေကလည်း အလောတကြီး မရှိဘဲ မှန်မှန်လေးပဲ လျှောက်လှမ်းနေတာ။

141 08

သူဟာ ခြေလှမ်းတစ်လှမ်းချင်းစီကို တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လှမ်းနေတာ မြင်ရတာ... ကိုယ့်အိမ်ဦးဝင်းထဲမှာ လမ်းလျှောက်နေသလိုပါပဲ။

ဒီ ချီဖန်းလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ အစိုးရဌာနပေါင်းစုံရဲ့ ရုံးတော်တွေ ရှိနေတယ်။ သာမန်အရပ်သားတွေကတော့ ဒီနေရာကို လာခဲလှပါတယ်။ ထိုလူရဲ့ပုံစံကို ကြည့်ပြီး ဘေးကလူတွေကတော့ တစ်စုံတစ်ရာ ရုံးကိစ္စနဲ့ လာတယ်လို့ပဲ ထင်ကြတာ။ သူ့ကို တစ်ချက်လောက် လှမ်းကြည့်မိရုံကလွဲလို့ ဘယ်သူမှ သိပ်ပြီး ဂရုမစိုက်ကြပါဘူး။

ဒါ့အပြင် ဒီနေရာက လူသွားလာခွင့်ကိုလည်း ပိတ်ပင်ထားတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ... ဒီလူဟာ ဘယ်သူကမှ မတားဆီးဘဲ ဝူးမန်တံခါးကြီးရဲ့ အရှေ့အထိ တန်းပြီး ရောက်သွားလိမ့်မယ်ဆိုတာ။

ချန်ချင်းနန်းတော်ရဲ့ စာကြည့်ဆောင်ထဲမှာတော့...

ဧကရာဇ်ကျားချန် ဟာ အမတ်အချို့နဲ့ ကိစ္စရပ်တွေကို ဆွေးနွေးနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတင် လေးလံလှတဲ့ ဗုံသံကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့လေတယ်။

ဒီဗုံသံဟာ အတော်လေးကို ထူးဆန်းလှတယ်။ ပထမ ကြားလိုက်ရတဲ့ အချိန်မှာတော့ သိပ်မကျယ်လှဘူးလို့ ထင်ရပေမယ့်၊ နားထဲမှာတော့ တကယ့်ကို တုန်ဟိန်းသွားစေပြီး လူရဲ့ နှလုံးသားကို လာပြီး ထိမှန်နေသလိုမျိုးပါပဲ။

"ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း..."

"ဒါ... ဒါက ဘာသံလဲ" ဧကရာဇ်ကျားချန်က သံသယနဲ့ မေးလိုက်တယ်။

အောက်မှာရှိတဲ့ အမတ်တွေအားလုံးဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသလို ဘေးက အစေခံတွေကလည်း အံ့ဩတုန်လှုပ် သွားကြတော့တယ်။

"ဒုန်း... ဒုန်း... ဒုန်း..."

နောက်ဆုံးတော့ ဧကရာဇ်ကပဲ သတိရသွားပုံရပါတယ်။ သူဟာ ရာဇပလ္လင်ပေါ်ကနေ ထရပ်လိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင်း ဆိုလိုက်လေတော့တယ်။

"ဒါဟာ... အယူခံဗုံတီးလိုက်တဲ့ အသံ မဟုတ်လား"

******

142 01

အခန်း (၁၄၂)

အယူခံဗုံဆိုတာကတော့ "ရဲရဲဝံ့ဝံ့ အကြံပြုဗုံ" ဒါမှမဟုတ် "မတရားမှုကို တိုင်တည်တဲ့ဗုံ" လို့လည်း လူသိများကြတယ်။

၎င်းဟာ အနောက်ကျင်းခေတ်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး၊ ထန်ခေတ်မှာတော့ အတော်လေးကို ထွန်းကားခဲ့တာ ဖြစ်တယ်။ အဲဒီနောက်ပိုင်း ခေတ်အဆက်ဆက်မှာလည်း ဒီဗုံကြီးကို ထားရှိခဲ့ကြတယ်။ စုန့်ခေတ်ကို ရောက်တဲ့အခါမှာတော့ ဒန်ဝမ်ဗုံရုံးတော် ဆိုပြီး သီးသန့်တောင် ထားရှိခဲ့ပြီး အရာရှိတွေရော ပြည်သူတွေရဲ့အယူခံလွှာတွေကိုပါ လက်ခံဆောင်ရွက်ပေးခဲ့တယ်။ ရှေးမင်းဆက်တွေတုန်းကဆိုရင် ဧကရာဇ်ကိုယ်တိုင် ဒီဗုံကို ထားရှိခဲ့ပြီး စီမံခန့်ခွဲဖို့ လူယုံတော်တွေကိုပါ ခန့်အပ်ခဲ့တာ။ အကယ်၍ မတရားခံရတဲ့ ပြည်သူတစ်ဦးဦးကသာ အယူခံဝင်လာမယ်ဆိုရင် ဧကရာဇ်ကိုယ်တိုင် လက်ခံစစ်ဆေးလေ့ရှိပြီး ကြားထဲက နှောင့်ယှက်တားဆီးတဲ့ အရာရှိတွေကိုလည်း ပြင်းထန်စွာ အပြစ်ပေးလေ့ရှိတယ်။

ခေတ်အဆက်ဆက်က ဧကရာဇ်တွေဟာ ဒီဗုံကို ထားရှိခဲ့ကြတာ စေတနာကောင်းနဲ့ပဲ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အပေါ်ယံ ဟန်ပြသဘောမျိုးပဲ ကျန်တော့တယ်။ အကြောင်းရင်းတွေကလည်း အများကြီးပါပဲ။ စုန့်ခေတ်တုန်းကဆိုရင် သာမန်အရပ်သားတစ်ယောက်က သူ့ရဲ့ ဝက်ပျောက်သွားတာကို ဧကရာဇ်ကို ကူရှာခိုင်းဖို့ ဒီဗုံကို တီးခဲ့ဖူးတာမျိုးအထိ ရှိခဲ့တယ်။ အဲဒါကိုကြည့်ရင်တင်ဘာကြောင့်ဆိုတာ သိနိုင်တယ်။

နောင်ပိုင်းမှာတော့ အုပ်ချုပ်ရေးစနစ်တွေ တိုးတက်လာပြီး အကြံပြုနိုင်တဲ့ လမ်းကြောင်းတွေ ပွင့်လင်းလာတာနဲ့အမျှ တူးချာယွမ်တို့၊ ထုန်းကျန့်ဖူ တို့လို ဌာနတွေ ပေါ်လာတော့ ဒန်ဝမ်ဗုံရဲ့အခန်းကဏ္ဍကလည်း တဖြည်းဖြည်း မေ့ပျောက်ခံလာရတယ်။ တာ့ချန်းခေတ်ကို ရောက်တဲ့အထိ ဝူးမန်တံခါး အပြင်ဘက်မှာ ဒီဗုံကို ထားရှိနေဆဲဖြစ်ပေမယ့် သီးသန့်စီမံသူမရှိတော့ဘဲ နန်းတွင်းတပ်သားတွေကသာ အချိန်မှန် သန့်ရှင်းရေး လုပ်ပေးရုံလောက်ပဲ ရှိတော့တာ။ နေ့စဉ် ဝူးမန်ကနေ ဝင်ထွက်သွားလာနေတဲ့ အရာရှိတွေဟာ ရေတွက်လို့တောင် မကုန်နိုင်ပေမယ့် ဒီဗုံကြီးကတော့ သူတို့အတွက် အလှပြပစ္စည်းတစ်ခုထက် မပိုခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲ့ဒီ အလှပြပစ္စည်းကြီးဟာ တစ်စုံတစ်ယောက်ရဲ့ လက်ချက်နဲ့ တုန်ဟိန်းစွာ မြည်ဟိန်းလာခဲ့လေတယ်။

အခု ဝူးမန်တံခါးပြင်ပမှာ ရှိနေတဲ့ ဒန်ဝမ်ဗုံကြီးဟာ ရာစုနှစ်ပေါင်းများစွာရဲ့ လောကဓံကို ကြံ့ကြံ့ခံ ဖြတ်သန်းလာခဲ့ရတာ။ မူလက တောက်ပတဲ့ အနီရောင်ရှိခဲ့တဲ့ ဗုံကိုယ်ထည်ကတော့ အခုဆို အညိုရင့်ရောင်ကို ပြောင်းနေခဲ့သလို၊ ဗုံသားကလည်း ဝါဖျော့ဖျော့ကနေ မီးခိုးဖြူရောင်ကို ကူးနေခဲ့ပြီ။ ဒါပေမဲ့ သူကတော့ အဲ့ဒီနေရာမှာပဲ ရှိနေဆဲဖြစ်ပြီး ရှေးမင်းဆက်တွေ ပျက်သုဉ်းပုံ၊ တာ့ချန်းခေတ် ပေါ်ထွန်းလာပုံ၊ ဧကရာဇ်တွေရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတွေကို သက်သေထူနေခဲ့သလို ဒီမြို့တော်ကြီးရဲ့ အပြောင်းအလဲတွေကိုလည်း ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ရတယ်။

ထိုအိမ်မက်ထဲမှာတုန်းကတော့ ရွှီထင်းရှန်းဟာလည်း တခြားအရာရှိတွေလိုပဲ ဒီဗုံကြီးကို တစ်ခါမှ အလေးအနက် မထားခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ သူဟာ ဗုံကြီးကို သေချာ စိုက်ကြည့်နေမိခဲ့တယ်။

တကယ်တော့ သူလည်း ဒီလိုမျိုး မလုပ်ချင်ခဲ့ပါဘူး။

အခြေအနေကို သိတတ်တာ၊ လောကဝတ်ကို နားလည်တာ၊ "အခြေအနေကို သိတတ်တဲ့သူဟာ ပါရမီရှင်ပဲ" ဆိုတဲ့ စကားတွေဟာ ကိုယ့်ကိုယ်ကိုယ် အားပေးတာထက် ဖြေသိမ့်နေရတဲ့ စကားတွေပဲ မဟုတ်လား။ ခြလေးတွေတောင် အသက်ကို နှမြောကြတာ။ မဖြစ်နိုင်မှန်း သိလျက်နဲ့ ဇွတ်လုပ်တာဟာ ဉာဏ်ကြီးတာ မဟုတ်ဘဲ မိုက်မဲတာ ဖြစ်တယ်။

142 02

ဒါဟာ ရွှီထင်းရှန်းရဲ့ မူလခံယူချက်နဲ့ လုံးဝကိုဆန့်ကျင်နေခဲ့တာ။ တကယ်တော့ အခုရှိနေတဲ့ သူဟာ သူကိုယ်တိုင် အစစ်အမှန် ဟုတ်၊ မဟုတ်တောင် သူ မသိတော့ပါဘူး။ ထိုအိမ်မက်ကို မက်ပြီးကတည်းက သူ့ရဲ့အတွေးအခေါ်၊ စိတ်နေစိတ်ထားနဲ့ အလုပ်လုပ်ပုံတွေဟာ အဲဒီအိမ်မက်ရဲ့ လွှမ်းမိုးမှုကို ခံနေခဲ့ရတာ။ အရင်က ခံစားခဲ့ရတဲ့ မတရားမှုတွေဟာ ရင်နာစရာ ကောင်းလှပေမယ့် ရွှီထင်းရှန်းဟာ "ပညာရှိ ကလဲ့စားချေရင် ဆယ်နှစ်စောင့်ရတာ မနောက်ကျဘူး" ဆိုတဲ့ စကားအတိုင်းပဲ သည်းခံနေခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအတွေးတွေဟာ တစ်ညအတွင်းမှာပဲ အကုန်ပြောင်းလဲသွားခဲ့ရပြီ။

ရွှီထင်းရှန်းဟာ မောက်ပါ့သို နဲ့ လီသာ့ထျန် တို့ရဲ့ စိုးရိမ်နေတဲ့ မျက်ဝန်းတွေကို ပြန်မြင်ယောင်လာခဲ့တယ်။ ဆရာ့ရဲ့မျက်မှောင်ကြုတ်နေပုံ၊ ချန်ကျန်းရဲ့ အားနာတုန်လှုပ်နေတဲ့ အမူအရာ၊ အဒေါ်ကြီးဟုန်ရဲ့ "မင်းကြောင့် အမှုပတ်ကုန်ပြီ" ဆိုတဲ့ ညည်းတွားသံ၊ ပြီးတော့... စိုးရိမ်ပူပန်နေပါလျက်နဲ့ သူ စိတ်မကောင်းဖြစ်မှာစိုးလို့ ဘာမှမဖြစ်သလိုမျိုး အားတင်းပြုံးပြနေတဲ့ ကျောက်အာရဲ့မျက်နှာလေး...။

သူ... ရွှီထင်းရှန်း... ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ သာမန် နယ်က ကောင်လေးတစ်ယောက်။ ဆရာလင်းမြောင်ဆီမှာ ပညာသင်ပြီး ကျမ်းစာတွေကို လေ့လာခဲ့တယ်။ ဧကရာဇ်ကျားချန် ၅ နှစ်မှာ ရှန်းစစ် မှာ ပထမစွဲခဲ့ပြီးနောက်၊ ဖူရှီ၊ ယွန့်ရှီ တွေမှာလည်း ဆက်တိုက် ပထမစွဲပြီး ရှို့ချိုင်ဖြစ်ခဲ့တာ။ ဧကရာဇ်ကျားချန် ၆ နှစ်မှာတော့ ရှန်းရှီ မှာ ပထမစွဲပြီး တစ်ခဏအတွင်း နာမည်ကျော်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ အဘိုးဖြစ်သူ ကွယ်လွန်သွားလို့ ဇာတိကိုပြန်ပြီး တစ်နှစ်တိုင်တိုင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ရတယ်။ မိသားစုကျောင်းတော်ကို တည်ထောင်ခဲ့ပြီး ရွှီမျိုးနွယ်စုရဲ့ ပထမဆုံး ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးအဖြစ် ရပ်တည်နိုင်ခဲ့တာ။ ဧကရာဇ်ကျားချန် ၉ နှစ်မှာတော့ ဟွေ့စစ် ကို လာဖြေခဲ့ရာမှာ ဧကန်အမှန် ဟွေ့ယွမ်ရမယ့် ပါရမီရှိပါလျက်နဲ့ တစ်စုံတစ်ဦးရဲ့ အကောက်ကြံမှုကို ခံလိုက်ရပြီး တစ်ညအတွင်း အရာအားလုံး ဆုံးရှုံးခဲ့ရရုံတင်မက၊ အသက်ကိုပါ ရန်ရှာခံခဲ့ရတာလေ။

ဒီဗုံကြီးရဲ့ ရှေ့မှာ ရပ်နေရင်း ရွှီထင်းရှန်းရဲ့ ဦးနှောက်ထဲမှာ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့ပြီး နောက်ဆုံးမှာတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှန်ဖူနဲ့ ပြောခဲ့တဲ့ စကားဝိုင်းတစ်ခုဆီ ရောက်သွားခဲ့တယ်။

"ဒီကျမ်းစာတွေထဲမှာ မင်း တကယ်ပဲ လိုချင်တဲ့အရာတွေ ရှိလို့လား" လို့ မေးခဲ့တုန်းက သူက "ဂုဏ်ထူးဆောင်ဘွဲ့၊ လာဘ်လာဘ၊ ကြွယ်ဝမှုနဲ့ အာဏာပါပဲ" လို့ ပြန်ဖြေခဲ့ဖူးတာ။

"စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ အသက်ကို လဲချင်တယ်ဆိုတော့... ရွှီအန်းရှို့ရဲ့ အရောင်းအဝယ်က တော်တော်လေးကို တွက်ခြေကိုက်လွန်းနေတာပေါ့"

"ကျွန်တော့်ရဲ့ဒီစကားတစ်ခွန်းက ရှန်မိသားစုကလူကို အမတ်ချုပ်အဖွဲ့ထဲ ရောက်အောင် ကူညီပေးနိုင်သလို၊ ဝူမိသားစုကိုလည်း ခေါင်းငုံ့စရာ မလိုတော့ဘူးလို့ ကျွန်တော် အာမခံနိုင်ပါတယ်"

အဲ့ဒီတုန်းက သူဟာ ရည်မှန်းချက်တွေ ပြည့်နေခဲ့တာ။ ဘယ်အချိန်မှာများ သူဟာ ဒီလောက်တောင် ကြောက်တတ်တဲ့ ကြွက်ကလေးတစ်ကောင်လို ဖြစ်သွားရတာလဲ။ အေးချမ်းလွန်းတဲ့ နေ့ရက်တွေကြောင့်လား၊ ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်က နွေးထွေးမှုတွေကြောင့်လား။ ရွှီထင်းရှန်းဟာ စကားတစ်ခွန်းကို ပြန်သတိရလိုက်တယ်။

142 03

"တကယ်လို့ ကောင်းကင်ကြီးက မင်းကို လျှောက်ဖို့လမ်း မပေးရင် မင်း ဘယ်လိုလုပ်မလဲ"

"ဒါဆိုရင်တော့... အဲဒီကောင်းကင်ကြီးကိုပဲ အပေါက်ဖြစ်အောင် ထိုးဖောက်လိုက်တော့မှာပေါ့"

သူဟာ လက်ကို ဆန့်ထုတ်ပြီး ဗုံစင်ပေါ်က ဗုံတီးတံကို လှမ်းယူလိုက်တယ်။ ထိုအချိန်မှာ နန်းတွင်းတပ်သားတစ်ဦးက ပြေးလာပြီး လှမ်းတားလိုက်တယ်။

"ဟေ့... မင်းက ဘာလုပ်မလို့လဲ" ရွှီထင်းရှန်းက ဗုံတီးတံကို ကြည့်နေရာကနေ ထိုသူ့ဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး မေးလိုက်တယ်။

"မင်းက ငါ့ကို တားချင်လို့လား"

ထိုစကားကို ပြောလိုက်တဲ့ အခိုက်အတန့်မှာပဲ သူ့ရဲ့အရှိန်အဝါက ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီ။ အစောပိုင်းက သာမန် ကျောင်းသားလူငယ်တစ်ဦးလို ထင်ရပေမယ့် အခုတော့... နန်းတွင်းတပ်သားခမျာ တစ်ခဏတော့ မှင်တက်သွားခဲ့ရရှာတယ်။ သူ့ရှေ့မှာ ရှိနေတာဟာ ကျောင်းသားလေးတစ်ယောက် မဟုတ်ဘဲ နန်းတွင်းထဲမှာ နှစ်ပေါင်းများစွာ အမှုထမ်းလာခဲ့တဲ့ အရှိန်အဝါကြီးတဲ့ အမတ်ကြီးတစ်ယောက်ကို မြင်လိုက်ရသလို ခံစားလိုက်ရတာ။

အေးစိမ့်တဲ့ လေညင်းတစ်ချက်ကြောင့် သူ သတိပြန်ဝင်လာခဲ့ပြီး အော်လိုက်တော့တယ်။ "မင်း သိလား... ဒီဗုံဟာ တိုင်းပြည်အရေးတွေ၊ ကြီးမားတဲ့ လာဘ်စားမှုတွေ၊ မတရားမှုတွေ မဟုတ်ရင် တီးခွင့်မရှိဘူး။ အဲ့လိုမဟုတ်ဘဲ တီးရင်တော့ ကြီးလေးတဲ့ ပြစ်ဒဏ် ခံရမယ်" ရွှီထင်းရှန်းကတော့ ရယ်မောလိုက်ရင်း "ဟုတ်တာပေါ့" လို့ ဆိုကာ ဗုံတီးတံကို မြှောက်ပြီး ဗုံကြီးကို အားကုန် လွှဲတီးလိုက်ပါတော့တယ်။

"ဒုန်း... ဒုန်း ဒုန်း..."

ဗုံသံက အတော်လေးကို ထူးဆန်းလှတာ။ အနားမှာ ရှိနေတဲ့သူအတွက်တော့ သိပ်မကျယ်ဘူးလို့ ထင်ရပေမယ့် ရင်ထဲမှာတော့ မွန်းကြပ်လာသလို ခံစားရပြီး နှလုံးသားကလည်း တဆတ်ဆတ် ခုန်လှုပ်လာရတယ်။ နန်းတွင်းတပ်သားတစ်ဖွဲ့က အသံကြားရာကို ပြေးလာကြပြီး၊ ဗုံအနားက တပ်သားကတော့ သူ့သူငယ်ချင်းတွေကို ကြည့်ပြီး တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် နားထဲမှာတော့ ဆူညံသံတွေပဲ ကြားနေရပြီး ဘာစကားမှ ထွက်မလာတော့တာကို တွေ့လိုက်ရတယ်။

ချန်ချင်းနန်းတော်ရဲ့စာကြည့်ဆောင်ထဲက ဧကရာဇ်ကလည်း အပြင်ကို ငေးကြည့်ရင်း "ဒါဟာ... ဒန်ဝမ်ဗုံသံလား" လို့ မေးလိုက်လေရဲ့။

နန်းတွင်းအမတ်အဖွဲ့ထဲက ဝူအမတ်ချုပ်ကြီးကလည်း နန်းတော်ထဲက ပြန်ရောက်ကာစ ရှိသေးတာ၊ မထိုင်ရသေးခင်မှာတင် ဗုံသံကို ကြားလိုက်ရတယ်။ သူလည်း စိတ်တိုတိုနဲ့ မေးလိုက်မိတယ်။ "ဘယ်သူက အပြင်မှာ ဗုံတီးနေတာလဲ"

စီစစ်ရေးအရာရှိ ဟိုယိုက အပြင်မှာ ရပ်နေရင်း ပြန်ဖြေလိုက်တယ်။ "ကျွန်တော်မျိုးလည်း မသိသေးပါဘူး၊ အခုပဲ သွားကြည့်လိုက်ပါ့မယ်" အဲ့ဒီအချိန်မှာ ရန်ချုံဟွာက အခန်းထဲက ထွက်လာပြီး ဆိုလိုက်လေတော့တယ်။

"သွားကြည့်မနေနဲ့တော့၊ ဒါဟာ တစ်ယောက်ယောက်က ဒန်ဝမ်ဗုံကို တီးလိုက်တာပဲ"

"ဒန်ဝမ်ဗုံ" ဟိုယိုတင် မှင်တက်သွားတာ မဟုတ်ဘဲ ဝူအမတ်ချုပ်ကြီးလည်း မှင်တက်သွားခဲ့ရပြီ။

တစ်ချိန်တည်းမှာပဲ ချီဖန်းလမ်းမကြီးပေါ်က အစိုးရဌာန အသီးသီးမှာရှိတဲ့ အရာရှိတွေလည်း ဒီဗုံသံကို ကြားလိုက်ကြရတယ်။ အားလုံးလည်း ဘာဖြစ်မှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေကြတာ။ ဧကရာဇ်ကျားချန် နန်းတက်လာကတည်းက ဒီဒန်ဝမ်ဗုံကြီး တစ်ခါမှ မမြည်ခဲ့ဖူးလေတော့ လူတိုင်းအတွက် အတော်လေးကို စိမ်းနေခဲ့တာ။ အသက်ကြီးပိုင်း အရာရှိကြီးတွေက ဒါဟာ ဒန်ဝမ်ဗုံကို တစ်ယောက်ယောက်က တီးလိုက်တာလို့ ပြောပြမှပဲ အားလုံးက ဘာကိစ္စလဲဆိုတာ သဘောပေါက်သွားကြတော့တယ်။

142 04

ဗုံသံက အတော်လေး ဝေးဝေးလံလံအထိ ပျံ့နှံ့သွားခဲ့ပြီး မြို့တော်အတွင်းပိုင်း တစ်ခုလုံးသာမက အပြင်ဘက် မြို့ရိုးဆီကိုတောင် သဲ့သဲ့လေး ကြားနေရလေရဲ့။

"ဒုန်း... ဒုန်းဒုန်း..."

ဒန်ဝမ်ဗုံ မြည်လာပြီဆိုတာကို လူတွေ တစ်ယောက်ပြီးတစ်ယောက် ပိုသိလာကြပြီလေ။

ဒါ ဘယ်သူများလဲ။

လူတိုင်းရဲ့ စိတ်ထဲမှာ ဒီမေးခွန်းက အလိုအလျောက် ပေါ်လာခဲ့တယ်။

ကျွမ်းယွမ်အဆောင်ထဲမှာတော့ လီသာ့ထျန်ဟာ တခြားကျောင်းသားတွေနဲ့အတူ စာစစ်မှူးတွေ မျက်စိမရှိပုံနဲ့ ကံကြမ္မာရဲ့ မတရားပုံတွေကို ဝိုင်းပြီး ကျိန်ဆဲနေကြတယ်။ အသင်းအဖွဲ့ထဲမှာလည်း မောက်ပါ့သိုဟာ လူတွေကြားထဲမှာ မြိန်ရည်ယှက်ရည် စကားပြောနေခဲ့တာ။ ဗုံသံကို ကြားလိုက်ရတဲ့အခါ တခြားသူတွေက နားမလည်နိုင်ပေမယ့် သူတို့နှစ်ယောက်ရဲ့ရင်ထဲမှာတော့ အလုံးကြီးတစ်လုံး ကျလာသလိုမျိုး ခံစားလိုက်ကြရတယ်။

တစ်ယောက်ယောက်က အပြင်ကနေ ပြေးဝင်လာရင်း အော်ဟစ်လိုက်တာပေါ့။ "တစ်ယောက်ယောက်က ဒန်ဝမ်ဗုံကို တီးနေပြီ၊ ဒါဟာ ဧကရာဇ်ဆီမှာ အယူခံဝင်တာပဲဟေ့" နောက်တစ်ယောက်ကလည်း ထပ်ပြောလိုက်ပြန်တယ်။

"ဗုံတီးတဲ့သူက ကျူးရန် တစ်ယောက်တဲ့၊ တစ်ခုခုတော့ ကြီးကြီးမားမား ဖြစ်နေပြီ ထင်တယ်"

ကောင်းရှန်နဲ့ကျိုးချန်တို့လည်း ငြိမ်နေကြတာ မဟုတ်ပါဘူး။ ဒန်ဝမ်ဗုံကို လူတစ်ယောက်က တီးလိုက်ပြီဆိုတဲ့ သတင်းက တစ်မြို့လုံးကို အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားခဲ့ပြီး စပ်စုချင်တဲ့သူတွေလည်း ကိုယ်တိုင်သွားကြည့်ဖို့ ပြင်ကြတော့တယ်။ လူပေါင်းများစွာဟာ ချီဖန်းလမ်းမကြီးဆီကို အပြေးအလွှား သွားနေကြလေပြီ။

အမျိုးသားဝတ်စုံ ဝတ်ထားတဲ့ ကျောက်အာဟာ ပါးစပ်ကို လက်နဲ့အုပ်ထားရင်း အဝေးကနေ ဗုံကြီးကို အားကုန်လွှဲတီးနေတဲ့ အဲ့ဒီကျောပြင်ကို ငေးကြည့်နေမိခဲ့တယ်။ ရွှီထင်းရှန်းက သူမကို လိုက်မလာဖို့ တားခဲ့ပေမယ့် သူမကတော့ ဟုန်အာကို ရွှီထောင်အာဆီမှာ အပ်ခဲ့ပြီး တိတ်တဆိတ် ခိုးထွက်လာခဲ့တာ။ သူ လာခဲ့တဲ့ လမ်းတစ်လျှောက်လုံး သူမက နောက်ကနေ ခြေရာခံ လိုက်လာခဲ့ပေမယ့် သူ့ရဲ့အလုပ်တွေကို ပျက်စီးသွားမှာစိုးလို့ ရှေ့ကိုတော့ ထွက်မလာရဲခဲ့ရှာဘူး။ အခုချိန်မှာတော့ သူမရဲ့ရင်ထဲက စိုးရိမ်ပူပန်မှုတွေ အားလုံးဟာ မျက်ရည်တွေအဖြစ် စီးကျလာခဲ့ရပါတော့တယ်။

သူမဟာ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရနေမိတာ။ "ဒန်ဝမ်ဗုံဆိုတာ သာမန်ကိစ္စနဲ့ တီးခွင့်မရှိဘူး။ တစ်ခါတီးလိုက်ပြီဆိုရင် ဧကရာဇ်က ညီလာခံကို သေချာပေါက် တက်ရသလို၊ လူတွေက တမင်သက်သက် ဆူပူသောင်းကျန်းတာမျိုး မဖြစ်အောင်လို့ ဧကရာဇ်နဲ့ မတွေ့ခင်မှာ ဗုံတီးတဲ့သူက နန်းတွင်းကြိမ်ဒဏ် ၃၀ ကို အရင်ဆုံး ခံယူရမယ်" တဲ့လေ။ ကြိမ်ဒဏ် ၃၀ ဆိုတာကတော့ လူတစ်ယောက်ရဲ့ အသက်တစ်ဝက်ကို နှုတ်ယူလိုက်သလိုပါပဲ။

ခြေသံပေါင်းများစွာဟာ ဆူညံစွာ ပေါ်ထွက်လာခဲ့လေပြီ။

ဝါဝင်းတဲ့ နဂါးဝတ်ရုံ ဝတ်ထားတဲ့ ဧကရာဇ်က အမိန့်တော် မှတ်လိုက်လေရဲ့။

"တူးချာယွမ်၊ ပြစ်မှုဆိုင်ရာဝန်ကြီးဌာန၊ တရားလွှတ်တော်ချုပ် နဲ့ ထုန်းကျန့်ဖူက အရာရှိတွေ၊ ပြီးတော့ အမတ်ချုပ်ကြီးတွေ အားလုံးကို သိုက်ဟယ်မန် တံခါးဆီကို လာဖို့ ခေါ်လိုက်စမ်း"

"အမိန့်တော်အတိုင်းပါ အရှင်"

142 05

ချီဖန်းလမ်းမကြီးပေါ်မှာ လူတွေက ပိုပြီး များပြားလာခဲ့သလို၊ ဝူးမန်တံခါးရှေ့က ကျယ်ဝန်းလှတဲ့ ရင်ပြင်ကြီးဟာလည်း ခဏချင်းအတွင်း လူတွေနဲ့ ပြည့်နှက်သွားခဲ့ရပြီ။ နန်းတွင်းတပ်သားတွေလည်း နန်းတော်ထဲက ပြေးထွက်လာကြပြီး အုပ်စုခွဲကာ ထိုလူအုပ်ကြီး ရှေ့ကို တိုးမလာနိုင်အောင် တားထားကြရတယ်။ တစ်ခဏအတွင်းမှာပင် ဝူးမန်တံခါးရှေ့မှာ ဆူညံလှတဲ့ ဈေးခေါင်းကြီးလို ဖြစ်သွားခဲ့ရတော့တယ်။

ရွှီထင်းရှန်းမှာတော့ ဗုံတီးရတာ မောပန်းသွားခဲ့ပုံရပြီး ဗုံတီးတံကို ပြန်ချကာ ဗုံစင်ဘေးက မြေပြင်ပေါ်မှာ အသာလေး ထိုင်ချလိုက်လေတယ်။ စပ်စုချင်တဲ့ လူတစ်ယောက်ကလည်း လှမ်းမေးနေသေးတာ။ "ဟေ့ ကျောင်းသား... မင်းမှာ ဘယ်လောက်တောင် ကြီးမားတဲ့ မတရားမှုရှိလို့ ဒီဗုံကို လာတီးရတာလဲ" ဘယ်သူမှ သူ့ကို ပြန်မဖြေကြပါဘူး။ လူအုပ်ကြီးထဲမှာ အမျိုးမျိုး ငြင်းခုံနေကြပြီး အချို့ကလည်း ဒီဖြစ်ရပ်ကို အရင်က ပျံ့နှံ့နေတဲ့ ကောလာဟလတွေနဲ့ ဆက်စပ်တွေးနေကြပြီ။

ထိုအချိန်မှာပဲ ကပျာကသီ လျှောက်လာတဲ့ ခြေသံတချို့ ပေါ်လာခဲ့ပြန်တယ်။ နန်းတွင်း အစေခံဝတ်စုံ ဝတ်ထားတဲ့ မိန်းမစိုးတချို့ဟာ အသည်းအသန် ရောက်လာကြတာပေါ့။ အရှေ့ဆုံးက ဦးဆောင်လာသူက အသက် ၅၀ ကျော်အရွယ်ရှိပြီး ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ကာ ခါးမှာ ကျောက်စိမ်းခါးပတ်ကို ပတ်ထားတာကြောင့် အဆင့်မြင့်တဲ့ အရာရှိကြီးမှန်း သိသာလှပါတယ်။

"ဘယ်သူကများ ဒန်ဝမ်ဗုံကို တီးလိုက်တာလဲ"

"ကျိန်းကုန်းကုန်းကို အစီရင်ခံပါတယ်၊ ဒီလူပါပဲ"

ရွှီထင်းရှန်းကို စောင့်ကြပ်နေတဲ့ တပ်သားက ပြောလိုက်လေတယ်။

ကျိန်းကုန်းကုန်းက သူ့ကို ကြည့်လိုက်ပြီး မေးလိုက်တယ်။

"မင်းမှာ ဘယ်လို မတရားမှုတွေ ရှိလို့လဲ"

အဲ့ဒီအချိန်မှာ ရွှီထင်းရှန်းဟာ ထရပ်လိုက်ပြီး ကိုယ်ပေါ်က အဝတ်အစားတွေကို သပ်ရပ်အောင် ပြင်လိုက်ရင်း တည်တည်ငြိမ်ငြိမ် ဆိုလိုက်တယ်။ "ကျွန်တော်မျိုးမှာ မတရားမှုတွေ ရှိပါတယ်ခင်ဗျာ၊ ဒါပေမဲ့ ဒါကိုတော့ ဧကရာဇ်နဲ့ မျက်နှာချင်းဆိုင် တွေ့ရတဲ့ အချိန်ကျမှပဲ လျှောက်တင်ပါ့မယ်"

ကျိန်းကုန်းကုန်းရဲ့ အနောက်က မိန်းမစိုးငယ်တစ်ဦးကတော့ ငေါက်ငမ်းလိုက်လေရဲ့။ "မင်းလို ကျောင်းသားလေးက တကယ်ကို မျက်လုံးမရှိတာပဲ။ ငါတို့ရဲ့ ကျိန်းကုန်းကုန်းဆိုတာ ဧကရာဇ်ရဲ့ အနီးကပ် အစေခံဖြစ်သလို နန်းတွင်းအစေခံဌာနရဲ့ အကြီးအကဲလည်း ဖြစ်တယ်။ ကျိန်းကုန်းကုန်း ရှေ့မှာတောင် မပြောဘူးဆိုရင် မင်းက ဘယ်သူ့ရှေ့မှာ ပြောချင်နေတာလဲ"

142 06

ကျိန်းကုန်းကုန်းက ထိုသူကို တားလိုက်ပြီး ရွှီထင်းရှန်းဘက်ကို လှည့်ကာ အလွန်ကို ချိုသာတဲ့ လေသံနဲ့ ဖျောင်းဖျလိုက်တယ်။ "မင်းရဲ့ အသက်အရွယ်က ငယ်ပါသေးတယ်၊ ဒါပေမဲ့ ကျူးရန်ဘွဲ့ကို ရထားတယ်ဆိုတော့ တကယ့် ပါရမီရှင် လူငယ်တစ်ယောက်ပဲ။ မကြောက်ပါနဲ့ဦး... ငါဟာ ဧကရာဇ်ရဲ့ အနီးကပ် အမှုထမ်းနေတဲ့သူပါ၊ ဧကရာဇ်က တစ်ယောက်ယောက်က မင်းကို တမင်သက်သက် အနိုင်ကျင့်မှာ စိုးလို့ ငါ့ကို လွှတ်လိုက်တာလေ။ မင်းမှာ ဘာမတရားမှု ရှိလဲဆိုတာကို တိုက်ရိုက် ပြောပြနိုင်ပါတယ်။ မင်းလည်း ဒန်ဝမ်ဗုံရဲ့စည်းကမ်းကို သိမှာပေါ့၊ ဧကရာဇ်ဆိုတာ တိုင်းပြည်အရေးတွေနဲ့ အလွန်အလုပ်များတဲ့သူပါ၊ သေးငယ်တဲ့ ကိစ္စလေးတွေနဲ့တော့ ဧကရာဇ်ကို အလုပ်မရှုပ်စေသင့်ဘူးလေ"

ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက တစ်ချက် လှုပ်ရှားသွားပေမယ့် ဘာစကားမှ မဆိုခဲ့ပါဘူး။

မီတာအနည်းငယ်အကွာက လူအုပ်ထဲက တစ်ဦးက အော်ဟစ်ချီးမွမ်းလိုက်တယ်။ "ဧကရာဇ်ဟာ တကယ့်ကို ဉာဏ်အလင်းပွင့်ပြီး ပြည်သူကို ချစ်တဲ့သူပါပဲ"

"ဟုတ်တယ်... ဟုတ်တယ်... ကျောင်းသားလေးရာ၊ ဧကရာဇ်ရဲ့ အနီးကပ် အရာရှိကြီးတောင် ထွက်လာပြီဆိုတော့ မင်း ပြောစရာရှိတာ ပြောလိုက်စမ်းပါ"

"ပြီးတော့ ငါတို့ လူအုပ်ကြီး တစ်ခုလုံးလည်း စောင့်ကြည့်ပေးနေတာပဲ၊ ဘယ်သူမှ မင်းကို အန္တရာယ် မပေးနိုင်ပါဘူး"

တစ်ခဏအတွင်းမှာပဲ လူအုပ်ကြီးဟာ ဆူညံသွားခဲ့ပြီး အမျိုးမျိုးသော တိုက်တွန်းသံတွေ ထွက်ပေါ်လာခဲ့ရတယ်။ အချို့ကလည်း ရွှီထင်းရှန်းကို ရှေ့ထွက်ခိုင်းဖို့ တမင်သက်သက် မြှောက်ပင့်ပေးနေကြတာဖြစ်သလို၊ အများစုကတော့ စပ်စုလိုတဲ့ စိတ်နဲ့တင်ပါပဲ။

ရွှီထင်းရှန်းဟာ နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ကာ အင်္ကျီလက်အိတ်တွေကို သပ်ရပ်အောင် ပြင်ပြီးမှ ဝူးမန်တံခါးဘက်ကို ဦးညွှတ်ကာ လျှောက်တင်လိုက်လေတော့တယ်။

"ဧကရာဇ်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်ခင်ဗျာ။ ကျွန်တော်မျိုး ရွှီထင်းရှန်း ဟာ ရှန်းရှီးပြည်နယ် ဖျင်ယန်းခရိုင်က ဖြစ်ပါတယ်။ ဧကရာဇ်ကျားချန် ၅ နှစ် ဖေဖော်ဝါရီလမှာ ရှန့်ရှီမှာ ပထမစွဲခဲ့ပြီး၊ ဧပြီလမှာ ဖူရှီ၊ ဩဂုတ်လမှာ ယွမ်ရှီ တို့မှာလည်း ဆက်တိုက် ပထမစွဲကာ ရှို့ချိုင် ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား စာသင်ကြားခဲ့ပြီးနောက် ဧကရာဇ်ကျားချန် ၆ နှစ် ဩဂုတ်လမှာ ရှန်းရှီမှာ ပထမစွဲခဲ့ပါတယ်။ မူလက မြို့တော်ကိုလာပြီး စာမေးပွဲဖြေဖို့ ရည်ရွယ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ အဘိုးဖြစ်သူ ကွယ်လွန်သွားတာကြောင့် ဇာတိကိုပြန်ပြီး တစ်နှစ်တိုင်တိုင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ရပါတယ်..."

ရွှီထင်းရှန်းရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ် သွားကြတော့တယ်။ ဤ ရွှီမျိုးရိုး ကျောင်းသားလေးဟာ အသက်ငယ်ငယ်လေးနဲ့တင် ရှို့ချိုင် စာမေးပွဲ သုံးဆင့်စလုံး ပထမစွဲခဲ့တဲ့အပြင် ရှန်းရှီ မှာလည်း ပထမစွဲခဲ့သူ ဖြစ်နေတာကိုး။ အိမ်တွင်းရေး ကိစ္စကြောင့် စာမေးပွဲ နောက်ကျသွားခဲ့ရတာဟာ တကယ့်ကို နှမြောစရာပါပဲ။

ဒါပေမဲ့ ရွှီထင်းရှန်းရဲ့ နောက်ဆက်တွဲ စကားတွေကတော့ လူတိုင်းရဲ့ မျက်နှာကို ပျက်ယွင်းသွားစေခဲ့ရလေပြီ။

142 07

"...ဧကရာဇ်ကျားချန် ၉ နှစ်မှာတော့ ဧကရာဇ်ရဲ့ဂရုဏာတော်ကြောင့် အထူးစာမေးပွဲကို ဖြေဆိုခွင့်ရခဲ့ပြီး ဖေဖော်ဝါရီလမှာ ကျိယိုနှစ် ဟွေ့ရှီကို ဖြေဆိုခဲ့ပါတယ်။ ကျွန်တော်မျိုးဟာ ဧကန်အမှန် ဟွေ့ယွမ် (ပထမစွဲ) ရနိုင်မယ့် အရည်အချင်းရှိပေမယ့် တစ်စုံတစ်ဦးရဲ့ ကြားဖြတ်နှောင့်ယှက်မှုကို ခံခဲ့ရပါတယ်။ ဒါတင်မကဘဲ တစ်စုံတစ်ဦးက ကျွန်တော်မျိုးကို အသေသတ်ပြီး နှုတ်ပိတ်ဖို့တောင် ကြိုးစားခဲ့ပါသေးတယ်။ ကျွန်တော်မျိုးဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုက ဖြစ်တာကြောင့် ဘယ်လိုနောက်ခံ အရှိန်အဝါမှ မရှိသလို၊ အားကိုးရာလည်း မရှိပါဘူး။ အခြားနည်းလမ်း မရှိတော့တာကြောင့်သာ ဧကရာဇ်ရဲ့ဂရုဏာကို မျှော်ကိုးပြီး ဒီဗုံကြီးကို တီးခတ်ကာ အယူခံဝင်ရတာ ဖြစ်ပါတယ်။ ဧကရာဇ်အနေနဲ့ ကျွန်တော်မျိုးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါဦးခင်ဗျာ"

"ရွှီကျဲယွမ်... မင်း ဘာတွေ ပြောနေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား" ကျိန်းကုန်းကုန်းက မျက်နှာပျက်ပျက်နဲ့ မေးလိုက်လေတယ်။

ရွှီထင်းရှန်းဟာ ကိုယ်ကိုမတ်လိုက်ပြီး ကျိန်းကုန်းကုန်းကို စိုက်ကြည့်ကာ ဆိုလိုက်တယ်။

"ကျွန်တော်မျိုး ဘာပြောနေလဲဆိုတာကို ကျွန်တော်မျိုး ကောင်းကောင်း သိပါတယ်ခင်ဗျာ"

"မင်းက ဟွေ့ယွမ်ရမယ့် ပါရမီရှိပါလျက်နဲ့ ကြားဖြတ်နှောင့်ယှက်ခံရတယ်ဆိုတာအတွက် ခိုင်လုံတဲ့ သက်သေရှိလို့လား။ ဒါဟာ မင်းရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲ မဟုတ်ဘူးလား"

ကျိန်းကုန်းကုန်းက ထပ်မေးပြန်တယ်။

လူအုပ်ထဲက တစ်ဦးကလည်း ဆိုလိုက်တယ်။ "ဟုတ်တယ်... ဟုတ်တယ်... ကျောင်းသားလေးရာ၊ ငါလည်း ငါ့ကိုယ်ငါ ကျွမ်းယွမ် ရမယ့်သူလို့ ထင်ခဲ့တာပဲ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ မအောင်ခဲ့ဘူးလေ"

ထိုအခါ လူအုပ်ကြီးထဲက ရယ်မောသံတွေ ထွက်လာပေမယ့် အများစုကတော့ မရယ်ကြပါဘူး။ သူတို့ဟာ ဒီကျောင်းသားလူငယ်လေးကိုသာ မျက်ခြေမပြတ် စောင့်ကြည့်နေကြတာ။ ရယ်မောနေသူတွေလည်း ဘယ်သူမှ လိုက်မရယ်တာကြောင့် တဖြည်းဖြည်းနဲ့ ငြိမ်ကျသွားကြတော့တယ်။

"ကျွန်တော်မျိုးမှာ သေချာပေါက် သက်သေရှိပါတယ်ခင်ဗျာ။ ကျွန်တော်မျိုး မအောင်ကြောင်း သိရပြီးတဲ့နောက် ဒီတစ်ကြိမ် စာမေးပွဲရဲ့ထူးချွန်စာမူတွေကို သွားကြည့်ခဲ့ပါတယ်။ အဲ့ဒီမှာ ဟွေ့ယွမ်၊ ဝူဝမ်ရွှမ်းရဲ့စာမူဟာ ကျွန်တော်မျိုး ရေးခဲ့တဲ့ စာမူနဲ့ တစ်လုံးမကျန် အတူတူဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော်မျိုး သံသယဖြစ်မိလို့ ရှုန့်ထျန်းဖူဆီကို သွားပြီး စာရွက်စစ်ဆေးခဲ့တဲ့အခါမှာတော့ ကျွန်တော်မျိုးရဲ့စာမေးပွဲစာရွက်ဟာ တခြားသူဆီ ရောက်နေတာကို တွေ့ရပါတယ်။ စာရွက်ပေါ်က နာမည်နဲ့ နေရပ်လိပ်စာက ကျွန်တော်မျိုးရဲ့ အချက်အလက်တွေ ဖြစ်ပေမယ့် အဲဒီပေါ်က လက်ရေးနဲ့ ရေးသားချက်တွေကတော့ ကျွန်တော်မျိုး ရေးခဲ့တာ လုံးဝ မဟုတ်ပါဘူးခင်ဗျာ"

ရင်ပြင်တစ်ခုလုံးဟာ အသက်ရှူရပ်မတတ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြီ။ ကျိန်းကုန်းကုန်းဟာ ချက်ချင်းပင်ဆိုကာ ပြန်လှည့်သွားခဲ့လေတယ်။

"မင်း ဒီမှာ ခဏစောင့်နေ၊ ငါ အခုချက်ချင်း ဧကရာဇ်ဆီကို သွားပြီး အစီရင်ခံလိုက်မယ်"

ကျိန်းကုန်းကုန်း ထွက်သွားပြီးနောက် ရင်ပြင်မှာ ငြင်းခုံသံတွေ ပြန်လည် ဆူညံလာခဲ့ပြန်တယ်။ လူအတော်များများဟာ တစ်ယောက်နဲ့တစ်ယောက် အတင်းအဖျင်း ပြောနေကြသလို အချို့ကလည်း ဒီတုန်လှုပ်စဖွယ် သတင်းကြီးကို တခြားသူတွေဆီ ပြောပြဖို့ အသည်းအသန် ပြေးထွက်သွားကြလေပြီ။

ထိုအချိန်မှာပဲ နန်းတော်တံခါးထဲက အရာရှိနှစ်ဦး ထွက်လာခဲ့တယ်။ တစ်ဦးက အဆင့် ၅ အရာရှိဝတ်စုံကို ဝတ်ထားပြီး နောက်တစ်ဦးကတော့ အဆင့် ၇ ဝတ်စုံကို ဝတ်ထားတယ်။ နှစ်ဦးစလုံးဟာ စာပေအရာရှိတွေပါပဲ။ နန်းတွင်းတပ်သား ခေါင်းဆောင်တစ်ဦးက သူတို့ကို ချန်အမတ်မင်း၊ ထျန်အမတ်မင်း လို့ လှမ်းပြီး နှုတ်ဆက်လိုက်တာပေါ့။

ချန်အမတ်မင်းက ရှေ့ကို လျှောက်လာပြီး ကြိမ်းမောင်းလိုက်လေတယ်။ "မင်းလို ကျောင်းသားက ဒန်ဝမ်ဗုံကို တီးရဲတယ်ပေါ့။ ဘာလို့ ထုန်းကျန့်ဖူကို လာပြီး မတိုင်ကြားတာလဲ" ထုန်းကျန့်ဖူဆိုတာကတော့ နန်းတွင်းနဲ့ ပြင်ပကြား တိုင်ကြားမှုတွေကို လက်ခံဖြေရှင်းပေးရတဲ့ ဌာနပေါ့။ ထိုဌာနက လက်မခံရင်တောင် ရှုန့်ထျန်းဖူ ဒါမှမဟုတ် တူးချာယွမ် တို့ ရှိပါလျက်နဲ့ အခုလို အဆင့်ကျော်ပြီး ဧကရာဇ်ထံ တိုင်ကြားရမလားလို့ ဆိုလိုတာပါ။

142 08

ရွှီထင်းရှန်းကတော့ ထိုသူကို စိုက်ကြည့်နေရုံမှလွဲပြီး ဘာစကားမှ ပြန်မပြောပါဘူး။ ချန်အမတ်မင်းမှာ စိတ်တိုသွားပေမယ့် သူ့ဘေးက ထျန်အမတ်မင်းဘက်ကို လှည့်ပြီး လှောင်ပြောင်လိုက်လေရဲ့။ "ကြည့်စမ်း... သူက ငါတို့ကိုတောင် မယုံကြည်ဘူးတဲ့လေ။ ငါတို့လို အရာရှိတွေမှာလည်း အလုပ်လုပ်ရတာ တကယ်ကို ခက်ခဲပါပေ့" ပြီးနောက် ရွှီထင်းရှန်းဘက်ကို ပြန်လှည့်ကာ အလွန်ပဲ တည်ကြည်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

"မင်းက ဧကရာဇ်ဆီမှာ အယူခံဝင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဒန်ဝမ်ဗုံရဲ့ စည်းကမ်းကို မင်း သိထားရမယ်"

ဘယ်လိုစည်းကမ်းလဲဆိုတော့ ဧကရာဇ်နဲ့ မတွေ့ခင်မှာ နန်းတွင်းကြိမ်ဒဏ် ၃၀ ကို အရင်ခံယူရမယ့် စည်းကမ်းပါပဲ။ ဒီစည်းကမ်းကို မြို့တော်က လူတိုင်း သိကြတာ။ အရပ်သားတွေ စနောက်တဲ့အခါတောင် "ငါသာ ဗုံသွားတီးလိုက်မယ်" လို့ ပြောရင် "အဲ့ဒီ အချက် ၃၀ ကို အရင်ခံနိုင်အောင် ကြိုးစားဦး" လို့ ပြန်လှောင်လေ့ရှိတာကိုး။

နန်းတွင်းတပ်သား ခေါင်းဆောင်က အနည်းငယ် တုန့်ဆိုင်းသွားပြီး ဆိုရှာတယ်။ "ချန်အမတ်မင်း... ကျိန်းကုန်းကုန်းက ဧကရာဇ်ဆီကို သွားပြီဆိုတော့ သူ ပြန်လာတဲ့အထိ စောင့်ကြရင် မကောင်းဘူးလားခင်ဗျာ"

ချန်အမတ်မင်းကမူ ပြတ်သားစွာ ဆိုလိုက်လေတော့တယ်။ "ဒီ ဒန်ဝမ်ဗုံဟာ ငါတို့ ထုန်းကျန့်ဖူ ရဲ့ စီမံမှုအောက်မှာ ရှိတာ။ ဧကရာဇ်နဲ့ မတွေ့ခင် ကြိမ်ဒဏ် ၃၀ အရင်ခံရမယ်ဆိုတာ ရှေးကတည်းက စည်းကမ်းပဲ။ ပြီးတော့ ဒီလူပြောတာတွေက တကယ်ပဲ ဟုတ်၊ မဟုတ် ဘယ်သူမှ မသိနိုင်ဘူး။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို နောက်ပြောင်နေတာလည်း ဖြစ်နိုင်တာပဲလေ။ အဲ့ဒါကြောင့် သူပြောတာတွေ မှန်၊ မမှန် သိချင်ရင်တော့ ဒီကြိမ်ဒဏ် ၃၀ ကို အရင်ခံနိုင်လားဆိုတာကို အရင်စစ်ရမှာပဲ"

"ဒါကတော့..." ချန်အမတ်မင်း ပြောတာလည်း အမှန်ပဲဆိုတော့ တပ်သားခေါင်းဆောင်လည်း ဆက်မပြောသာတော့ပါဘူး။ ချန်အမတ်မင်းက ရွှီထင်းရှန်းကို ထပ်ကြည့်လိုက်တယ်။ သူ့ရဲ့မျက်နှာမှာ ပြုံးနေပေမယ့် မျက်ဝန်းထဲမှာတော့ ခြိမ်းခြောက်တဲ့ အရိပ်အယောင်တွေနဲ့ မေးလိုက်တယ်။ "မင်း ဒီကြိမ်ဒဏ် ၃၀ ကို တကယ်ပဲ ခံယူဖို့ ဆုံးဖြတ်ထားတာလား"

ရွှီထင်းရှန်းဟာ ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေးပဲ ဆိုလိုက်လေတယ်။ "ကျွန်တော်မျိုး ဒီကို ရောက်လာကတည်းက ဧကရာဇ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ ဆုံးဖြတ်ထားပြီးသားပါ"

ချန်အမတ်မင်းက အေးစက်စွာ ရယ်မောလိုက်ရင်း "ကောင်းပြီလေ လူတွေ လာကြစမ်း"

ထိုအချိန်မှာပဲ လူအုပ်ကြီးထဲကနေ အော်ဟစ်သံတွေ ထွက်လာခဲ့တယ်။ "သူ့ကို အပြစ်ပေးခွင့် မပေးနိုင်ဘူး။ ဒီအရာရှိတွေက စာမေးပွဲမှာ မသမာမှုလုပ်တဲ့သူတွေနဲ့ တစ်ဖွဲ့တည်း ဖြစ်ရမယ်။ သူတို့က ဒီကျောင်းသားလေးကို အသေသတ်ပြီး သက်သေဖျောက်ဖို့ ကြိုးစားနေကြတာ"

******

All Chapters