အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇) - လျှောက်တင်လွှာများကို လက်တွေ့ခံစားချက်ဖြင့် စစ်ဆေးခြင်း
နောက်တစ်နေ့ မိုးလင်းခါနီးတွင် ရှောင်ရှန်းမှာ ရှောင်သယ့်ဇီ၏ အတင်းအဓမ္မ ဆွဲနှိုးခြင်းကို ခံလိုက်ရသည်။
“မင်းသား... မင်းသား ညီလာခံတက်... အော် မဟုတ်ဘူး၊ တိုင်းပြည်ရေးရာတွေကို ကိုင်တွယ်ရမယ့် အချိန်ရောက်ပါပြီ”
ရှောင်သယ့်ဇီသည် လျှောက်တင်လွှာ အထပ်လိုက်ကြီးကို ကိုင်ဆောင်ထားသည်။
ရှောင်ရှန်းခမျာ အိပ်ချင်မူးတူးဖြင့် ဆံပင်များ ရှုပ်ပွနေကာ ၊ ရှောင်သယ့်ဇီ၏ လက်ထဲက လျှောက်တင်လွှာပုံကြီးကို ကြည့်ကာ အကြီးအကျယ် စိတ်ညစ်သွားရသည်။
“ယူသွား ၊ ယူသွား …ငါကိုယ်တော် မျက်စိနာနေလို့ ဘာမှမမြင်ရဘူး”
ရှောင်ရှန်းသည် လက်ယမ်းပြကာ ရှောင်သယ့်ဇီနှင့် ထိုလျှောက်တင်လွှာပုံကြီးကို အတူတူ ထုပ်ပိုးပြီး အပြင်သို့ လွှင့်ပစ်ချင်နေတော့သည်။
“မင်းသား... ဒါက မဖြစ်ဘူးလေ”
ရှောင်သယ့်ဇီမှာ ငိုတော့မည့်အလား ပျာယာခတ်နေသည်။
“ဒါတွေက ဝန်ကြီးဌာနအသီးသီးက တင်ပြထားတဲ့ အရေးကြီးတဲ့ကိစ္စတွေပါ၊ အမတ်ချုပ်ကြီးနဲ့ စစ်သေနာပတိချုပ်ကြီးတို့ကလည်း အနီးကပ် စောင့်ကြည့်နေကြတာ”
လင်ပေါ်ရုံ နှင့် ချင်ချန်း ဆိုသည့် အမည်နှစ်ခုကို ကြားလိုက်ရုံနှင့် ၊ ရှောင်ရှန်းတစ်ယောက် ခေါင်းနားပန်းကြီးသွားသည်။
တစ်ယောက်က ခေါင်းမာတဲ့ လူအိုကြီး ဖြစ်ပြီး၊ နောက်တစ်ယောက်က ဖြောင့်မတ်လွန်းလှသည်။ အကယ်၍ သူသာ အလုပ်ရှောင်နေမှန်း သိသွားပါက သူ့ကို အရှင်လတ်လတ် ဝါးစားမည်မှာ သေချာသည်။
“သိပြီ သိပြီ၊ တကယ်ပဲ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ”
ရှောင်ရှန်းတစ်ယောက် ဆူပုတ်ပုတ်ဖြင့် အိပ်ရာထလိုက်ပြီး ၊ နန်းတွင်းသူများက သူ့ကို အဝတ်အစား ဆင်ယင်ပေးခဲ့သည်။
စာကြည့်ဆောင်အတွင်း၌ လျှောက်တင်လွှာများမှာ တောင်ငယ်လေးတစ်ခုကဲ့သို့ စုပုံနေလေ၏။ ရှောင်ရှန်းသည် လျှောက်လွှာတစ်စောင်ကို ယူကြည့်လိုက်ရုံနှင့် မျက်စိထဲတွင် ကြယ်လများကို မြင်လိုက်ရသည်။
“အရှင်မင်းကြီး ကျန်းမာပါစေ၊ ကျွန်တော်မျိုး အလွန်ပင် စိုးရိမ်ထိတ်လန့်နေရပါသည်” တို့၊ “ဤကိစ္စမှာ အလွန်ကြီးမားလှသဖြင့် အရှင်မင်းမြတ်၏ ဆုံးဖြတ်ချက်ကို အထူး တောင်းခံပါသည်” တို့ စသည့် နန်းသုံးစကားလုံး အကွေ့အကောက်များမှာ သူ့ကို အတော်လေး ခေါင်းကိုက်စေသည်။
“ဒါတွေက ဘာတွေ ရေးထားတာလဲ၊ လူလို နားလည်အောင် မရေးတတ်ကြဘူးလား”
ရှောင်ရှန်းသည် စာမျက်နှာ အနည်းငယ် လှန်ကြည့်ပြီး ဘေးသို့ ပစ်ချလိုက်သည်။
ဤအတိုင်း စာတစ်စောင်ချင်း ဖတ်နေရမည်ဆိုပါက ၊ သူ အသက် ပျောက်ရပေတော့မည်။
ရှောင်ရှန်းသည် တစ်ချက် ဝေ့ကြည့်လိုက်ရာ နည်းလမ်းတစ်ခု ရသွားသည်။ သူသည် လက်ဖျောက်တစ်ချက် တီးလိုက်ပြီး လူလှမ်းခေါ်လိုက်သည်။
“ ရှောင်သယ့်ဇီ... ဒီလျှောက်တင်လွှာတွေကို ငါကိုယ်တော်အတွက် အမျိုးအစား ခွဲပေးစမ်း”
ရှောင်သယ့်ဇီမှာ ပြေးဝင်လာသည်။
“မင်းသား... ဘယ်လိုမျိုး ခွဲပေးရမလဲ”
ရှောင်ရှန်း က မေးစေ့ကို ထိုင်ပွတ်ရင်း။
“အင်း... ခံစားချက်နဲ့ ခွဲလိုက် ၊ ကိုင်ကြည့်လို့ ချောမွေ့တာတွေကို တစ်ပုံထား၊ ကိုင်ကြည့်လို့ ကြမ်းတမ်းတာတွေကို နောက်တစ်ပုံထား”
ရှောင်သယ့်ဇီ : “ဗျာ”
“ဘာ ဗျာ လဲ မြန်မြန်သွားစမ်း”
ရှောင်ရှန်းသည် စိတ်မရှည်သော လေသံဖြင့် လက်ယမ်းပြလိုက်သည်။
ဤသို့ဖြင့် ‘အရှေ့နန်းဆောင်’ စာကြည့်ဆောင်တွင် တစ်မူထူးခြားသော “လျှောက်တင်လွှာ စစ်ဆေးပွဲကြီး” စတင်လေတော့၏။
ရှောင်ရှန်းမှာ ကုလားထိုင်ကြီးပေါ်တွင် ခြေထောက်ချိတ်၍ မှီလျက် ထိုင်နေပြီး ကျားဖြူလေးကမူ ၊ သူ၏ ခြေရင်းတွင် အိပ်ငိုက်နေသည်။
ရှောင်သယ့်ဇီမှာ မျက်နှာငယ်လေးနှင့် လျှောက်တင်လွှာများကို တစ်စောင်ချင်း ရှောင်ရှန်း၏ လက်ထဲသို့ ကမ်းပေးနေရသည်။
ရှောင်ရှန်းသည် လှမ်းယူလိုက်ပြီး ၊ လျှောက်လွှာ၏ မျက်နှာဖုံးကို ကိုင်ကြည့်သည်၊ ထို့နောက် မင်နံ့ကို နမ်းကြည့်လိုက်သည်။
“အင်း... ဒီတစ်စောင်က မျက်နှာဖုံးက တော်တော်ချောတယ်၊ စက္ကူကလည်း မဆိုးဘူး ၊ ခွင့်ပြုတယ်” ဟု ဆိုကာ စုတ်တံကို ဝှေ့ယမ်း၍ “ခွင့်ပြုသည်” ဟု အားရပါးရ ရေးသားလေ၏။
နောက်တစ်စောင်ကို ထပ်ယူလိုက်သည်။
“တောက်... ဒီတစ်စောင်ရဲ့ အနားသတ်တွေက ဘာလို့ ဒီလောက် ကြမ်းနေတာလဲ ဒါကို ရေးတဲ့သူက လူကြမ်းကြီး ဖြစ်ရမယ်၊ အလုပ်လုပ်ရင်ရော သေသပ်ပါ့မလား ပြန်လည် ဆွေးနွေးစမ်း”
ဘေးမှ မှတ်တမ်းတင်နေသော အရာရှိမှာ ဆွံ့အသွားသည်။
ဤအိမ်ရှေ့စံ မင်းသား၏ လျှောက်တင်လွှာ စစ်ဆေးပုံမှာ... အရမ်းကို ပေါ့ပေါ့တန်တန်နိုင်လွန်းသည်။
လက်ရေးက ခွေးခြစ်ထားသလိုမျိုး သို့မဟုတ် မင်ရည်များ ပေကျံနေသော လျှောက်တင်လွှာများကို တွေ့ပါက ၊ ရှောင်ရှန်းသည် အားမနာတမ်း ပြောတော့သည်။
“ဒီလက်ရေးက ငါကိုယ်တော်ရဲ့ မျက်စိကို လာစော်ကားနေတာပဲ ပယ်ဖျက်တယ် သူ့ကို ပြန်လွှတ်ပြီး လက်ရေးသေချာ ကျင့်ခိုင်းလိုက်ဦး”
အချို့သော လျှောက်တင်လွှာများမှာ စာလုံးပေါင်း ထောင်ချီ၍ အရှည်ကြီး ရေးထားရာ ၊ ရှောင်ရှန်း ခမျာ စာမျက်နှာ နှစ်မျက်နှာလောက် လှန်ကြည့်ရုံနှင့် ခေါင်းမူးသွားသည်။
“စာတွေက များလွန်းတယ်၊ ဖတ်ရတာ ပင်ပန်းတယ် ဒီလောက်ရှည်အောင် ရေးသားထားတာ... ဒီလူရဲ့ စိတ်ထဲမှာ မရိုးသားလို့ပဲ ဖြစ်ရမယ် ၊ ပယ်တယ်… သူ့ကို စာလုံးငါးရာအောက်ပဲ ရှိအောင် အကျဉ်းချုပ်ပြီး ပြန်ရေးခိုင်းလိုက်”
ပုံမှန်အားဖြင့် ဖားယားတတ်သော အရာရှိများ၏ လျှောက်တင်လွှာများက
“စာများလွန်းခြင်း”၊ “အပိုလုပ်ခြင်း” သို့မဟုတ် “စက္ကူသားမာခြင်း” တို့ကြောင့် ရှောင်ရှန်း၏ ပယ်ချခြင်းကို ခံလိုက်ရသည်။
သို့သော် အမှန်အားဖြင့် အရည်အချင်းရှိသော်လည်း ဖားယားခြင်း မရှိသဖြင့် မျက်ကွယ်ပြုခံထားရသော အရာရှိများ၏ လျှောက်တင်လွှာများမှာ တိုတိုတုတ်တုတ်ဖြင့် ရေးသားထားခြင်း၊ ရိုးရှင်းသော စက္ကူသားကိုသာ သုံးစွဲထားခြင်းကြောင့် ရှောင်ရှန်း၏ “ ပေါ့ပေါ့တန်တန်” ခွင့်ပြုခြင်းကို ခံလိုက်ရသည်။
အခွန်ဌာနမှ အဆင့် (၇) အရာရှိငယ်တစ်ဦးသည် ရေဘေးကာကွယ်ရေးနှင့် ပတ်သက်၍ တိုတိုတုတ်တုတ် ချက်ကျလက်ကျ ရေးသားထားသော လျှောက်တင်လွှာတစ်စောင်ကို တင်သွင်းခဲ့သည်။
ရှောင်ရှန်းသည် ထိုစာစောငိကို ကိုင်ကြည့်လိုက်ပြီး မိန့်ကြားလိုက်သည်။
“အင်း... ဒီတစ်စောင်က အတော်လေး ပါးတယ်၊ အလုပ်သက်သာတယ် ၊ ငါကိုယိတော် ခွင့်ပြုတယ်”
ထိုအရာရှိငယ်လေးမှာ ခွင့်ပြုမိန့်ကို ရရှိလိုက်ချိန်တွင် ၊ အိမ်ရှေ့စံ မင်းသားသည် ထိုးထွင်းသိမြင်နိုငိသော အမြင်ရှိသည်ဟု ထင်မှတ်ကာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျရတော့သည်။
နောက်ပိုင်းတွင် ရှောင်ရှန်းသည် လက်တွေ့ခံစားချက်နှင့် စိတ်ခံစားချက်ကို အားကိုးခြင်းက “ထိရောက်မှု” မရှိသေးဟု ယူဆကာ “မဲနှိုက်စစ်ဆေးနည်း” ကို တီထွင်လိုက်ပြန်သည်။
သူသည် ရှောင်သယ့်ဇီကို စစ်ဆေးရမည့် လျှောက်တင်လွှာ အမည်များအားလုံးကို စက္ကူစလေးများပေါ်တွင် ရေးခိုင်းထားပြီး အလုံးလေးများ လိပ်ကာ စာရေးကိရိယာဘူးထဲသို့ ထည့်ခိုင်းလိုက်သည်။
ထို့နောက် သူသည် မျက်လုံးပိတ်ကာ ပါးစပ်ကနေ ရွတ်ဆိုလိုက်သည်။
“နတ်မင်းကြီးတို့ ကူညီပါ... ကံဆိုးစေမယ့် မဲကို နှိုက်မိပါစေ... ဒါမှ တိုင်းပြည်ကြီး မြန်မြန်ပျက်စီးပြီး ကျွန်တော်မျိုး အေးအေးဆေးဆေး အိပ်နိုင်မှာ...”
ရှောင်သယ့်ဇီမှာ ဘေးမှ နားထောင်ရင်း ထိတ်လန့်တုန်လှုပ်နေကာ ချွေးစေးများပင် ထွက်လာတော့သည်။ မိမိသခင်၏ ‘ကျီးကန်းပါးစပ်’ ကို ကော်နဲ့ ပိတ်ထားချင်မိတော့သည်။

အခန်း(၆၈)
ရှောင်ရှန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဘူးထဲမှ မဲစာရွက်ကို နှိုက်လိုက်သည်။
“ဒါပဲ ရှောင်သယ့်ဇီ... ဖတ်စမ်း”
ရှောင်သယ့်ဇီ ခမျာ တုန်တုန်ရင်ရင်နှင့် ဖွင့်ဖတ်လိုက်သည်။
“လျှောက်တင်ပါတယ် အရှင့်သား... ဒါက... ဝန်ထမ်းရေးရာ ဌာနက ကျန်းအမတ်ကြီးက… ဆောက်လုပ်ရေးဌာနက လီအမတ်ကြီးဟာ ရေကာတာပြုပြင်တဲ့ ငွေတွေကို ခိုးယူစားသောက်ထားပါတယ် ဆိုပြီး တိုင်ကြားထားတဲ့ အမှုပါ...”
ရှောင်ရှန်းသည် ထိုစကားများကို ကြားလိုက်သည်နှင့် မျက်လုံးများ တောက်ပသွားသည်။
“အော် ဒီလို ကိစ္စကောင်းတွေ ရှိသေးတာလား ၊ အဂတိလိုက်စားတဲ့ အရာရှိတွေ ရှိတာ ကောင်းတာပေါ့… အဲ့ဒီလိုလူတွေ များလေလေ ဒီသာရှမင်းဆက်ကြီးက မြန်မြန် ပျက်စီးလေလေပဲ”
“ခွင့်ပြုတယ် သေသေချာချာ စစ်ဆေးစမ်း၊
အပြတ်အသတ်ကို စစ်ဆေးခိုင်းလိုက်”
အမှန်စင်စစ် ထိုဆောက်လုပ်ရေးဌာနမှ လီအမတ်ကြီးမှာ မင်းသား (၃)အတွက် အရေးပါသော နယ်ရုပ်တစ်ရုပ် ဖြစ်သည်။
ယခုတော့ ရှောင်ရှန်း၏ “ထက်မြက်လှသော” ခွင့်ပြုချက်ကြောင့် လီအမတ်ကြီးမှာ ရာထူးမှ ဖယ်ရှားခံရပြီး အိမ်တော်ပါ ချိပ်ပိတ်ခံလိုက်ရသဖြင့် ရှောင်ကျင်းမှာ သူ၏အိမ်တော်တွင် ကြွေထည်ပစ္စည်း ထက်ဝက်ခန့်ကို ဒေါသတကြီး ရိုက်ခွဲပစ်နေလေ၏။
နောက်တစ်နေ့တွင် လုံခြုံရေးဌာနမှ အရာရှိတစ်ဦးက လျှောက်တင်လွှာ တစ်စောင် တင်သွင်းလာပြန်သည်။ ထိုလျှောက်တင်လွှာမှာ စာပေအလင်္ကာများဖြင့် ပြည့်နှက်နေပြီး ချီးမွှမ်းစကားများက မိုးမွှန်လွန်းသည်။
ဤချီးမွမ်းစကားများသည် အစပျိုးမှုတစ်ခုသာ ဖြစ်ပြီး ၊ လျှောက်တင်လွှာ၏ အဆုံးတွင် ထည့်သွင်းထားသည်မှာ... နိမိတ်ကောင်းများ ပေါ်ထွက်နေသဖြင့် တိုင်းပြည်အတွက် ၊ အရှင်မင်းကြီးအတွက်နှင့် အိမ်ရှေ့စံ မင်းသားအတွက် ဆုတောင်းရန် “ဆုတောင်းနန်းဆောင်” တစ်ခု တည်ဆောက်ရန် အကြံပြုထားခြင်းပင်။
ထို “ဆုတောင်းနန်းဆောင်” တည်ဆောက်ရန် ဘတ်ဂျက်ငွေမှာ ငွေစင် ငါးသိန်းပင် ဖြစ်သည်။
“တောက် ၊ ဒါ ဘာတွေ ရေးထားတာလဲ …သူက ငါကိုယ်တော့်ကို သုံးနှစ်သားကလေးများ ထင်နေတာလား” ဟု ဆိုကာ လျှောက်တင်လွှာ၏ နောက်ကျောတွင် “ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျဘူး” ဟု စာလုံးကြီး ရှစ်လုံးကို ရေးသားပေးလိုက်သည်။
ခဏစဉ်းစားပြီးနောက် ၊ စာတစ်ကြောင်း ထပ်တိုးလိုက်သေး၏။
“ နောက်တစ်ခါ ဒီလိုအမှိုက်တွေကို ထပ်တင်ရဲရင် ၊ အပြင်ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ်ပေးမယ် …ပန်းတွေ ဘာလို့ နီနေရသလဲဆိုတာ သိသွားစေရမယ်”
ထိုအရာရှိမှာ အိမ်ရှေ့စံ၏ မှတ်ချက်ကို မြင်လိုက်ရသောအခါ အထူးသဖြင့် “ကြိမ်ဒဏ်ပေးမယ်” ဆိုသည့် စကားကြောင့် ထိုနေရာတွင်ပင် ဘောင်းဘီထဲ ဆီးထွက်မတတ် လန့်ဖျပ်သွားကာ မင်းသား (၃) ရှောင်ကျင်းဆီသို့ အပြေးသွားတိုင်တော့၏။
ရှောင်ကျင်း၏ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး ၊ သူ့ရှေ့က စားပွဲကို ကန်ချလိုက်သည် ။
“အသုံးမကျတဲ့ကောင်တွေ ဒီလောက် ကိစ္စလေးကိုတောင် မလုပ်နိုင်ကြဘူး”
သူသည် ရှောင်ရှန်း၏ အမှားကို ရှာရန် အခွင့်စောင့်နေခြင်း ဖြစ်သည်။
သို့သော် ရှောင်ရှန်းသည် ပေါ့ပေါ့တန်တန် ပြုမူနေပုံရသော်လည်း၊ သူ့လူများကိုသာ လိုက်လံ နှိမ်နင်းနေသကဲ့သို့ ဖြစ်နေသည်။
အမတ်ချုပ် လင်ပေါ်ယုံနှင့် စစ်သေနာပတိချုပ် ချင်ချန်းတို့မှာလည်း သာရှမင်းဆက်ကြီးသည် ရှောင်ရှန်း၏ လက်ထဲတွင် နစ်မြုပ်သွားမည်ကို အလွန် စိုးရိမ်နေကြသည်။
သို့သော် ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် နှစ်ယောက်လုံး တစ်ခုခု မှားနေသည်ကို သတိပြုမိလာကြသည်။
ပယ်ချခံလိုက်ရသော လျှောက်တင်လွှာ ၁၀ စောင်လျှင် ၈ စောင်ခန့်မှာ မရိုးသားသော အကြံအစည်များ ပါဝင်နေခြင်းပင် ဖြစ်သည်။
အိမ်ရှေ့စံ မင်းသား၏ “ ပေါ့ပေါ့တန်တန်” ခွင့်ပြုလိုက်သော လျှောက်တင်လွှာများမှာမူ တိုငိးပြည်နှင့် လူမျိုးအတွက် အမှန်တကယ် အကျိုးရှိသော မူဝါဒကောင်းများ သို့မဟုတ် လျှို့ဝှက်အကျင့်ပျက်ခြစားသော အရာရှိများကို အပြစ်ပေးခြင်းများပင် ဖြစ်သည်။
“ချင်စစ်သူကြီး... ဒါကို ကြည့်စမ်း...”
လင်ပေါ်ရုံက ရှုပ်ထွေးစွာဖြင့် လျှောက်တင်လွှာများကို ညွှန်ပြလိုက်သည်။
“အိမ်ရှေ့စံ မင်းသားရဲ့ စစ်ဆေးနည်းက ကြည့်ရတာ ရူးသွပ်သလိုပဲ၊ ဒါပေမဲ့ ရလဒ်ကတော့... ရလဒ်ကတော့ ထင်မှတ်မထားလောက်အောင် ကောင်းမွန်လွန်းတယ်”
ချင်ချန်းကလည်း လေးနက်သော မျက်နှာထားဖြင့် လီအမတ်ကြီးကို တိုင်ကြားထားသော လျှောက်တင်လွှာကို ကိုင်ရင်း ပြန်ပြောလိုက်သည်။
“ဒီလီအမတ်က မရိုးသားဘူးဆိုတာ ကျွန်တော် သိနေတာ ကြာပြီ၊ သက်သေမရှိလို့ပဲ.. မထင်မှတ်ဘဲ အိမ်ရှေ့စံ မင်းသားက တစ်ချက်တည်းနဲ့ သိမြင်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်နိုင်တာက တကယ်ကို အံ့ဩစရာပဲ”
လင်ပေါ်ရုံက မေးစေ့ကို ပွတ်ရင်း။
“ပြီးတော့ ဟို ‘ဆုတောင်းနန်းဆောင်’ ကိစ္စလည်း ရှိသေးတယ်၊ သူက ဒါကို အသုံးချပြီး ငွေရှာချင်နေတာကို အိမ်ရှေ့စံက အဲ့ဒီလို ပြတ်ပြတ်သားသား ပယ်ချလိုက်တာက... စကားလုံးတွေက ရိုင်းသလိုရှိပေမယ့် လူတွေရဲ့ ရင်ထဲကို လုံးဝ ဟက်ထိသွားစေတယ်”
သူသည် ရှောင်ရှန်း ရေးထားသော “ စိတ်ကူးယဉ်လွန်းပြီး လက်တွေ့မကျဘူး၊ နောက်တစ်ခါဆိုရင် ကြိမ်ဒဏ်ပေးမယ်” ဆိုသည့် မှတ်ချက်ကို ကြည့်ပြီး ပြုံးပြုံးကြီး ရှိနေသည်။
“ဒါဆိုရင်...”
လင်ပေါ်ရုံ၏ မျက်လုံးများ တောက်ပသွားသည် ။
“ဒါက ဒဏ္ဍာရီထဲက'အရှိတရားနဲ့ မလိုတာမလုပ်ဘဲ အုပ်ချုပ်တယ်’ ဆိုတာမျိုးလား ၊ အိမ်ရှေ့စံက အပေါ်ယံမှာ ပျင်းရိသလို ရှိနေပေမယ့် တကယ်တော့ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ”
“ သူက ဒီလို ရူးသွပ်တဲ့ နည်းလမ်းကို သုံးပြီးတော့ လူယုတ်မာတွေကို ဖယ်ရှားပြီး လူတော်တွေကို ရွေးချယ်နေတာများလား”
ချင်ချန်းသည် ထိုစကားကို ကြားပြီး တစ်ကိုယ်လုံး ကြက်သီးထသွားကာ “အော်... အဲ့ဒီလိုကိုး” ဆိုသည့် အကြည့်မျိုးဖြင့် လင်ပေါ်ရုံကို ကြည့်လိုက်တော့သည်။
ထိုအချိန်တွင် ရှောင်ရှန်းမှာ နည်းပါးလာသော “လျှောက်တင်လွှာ” များကြောင့် စိတ်ညစ်နေရသည်။
သူသည် တိုင်းပြည်စီမံခန့်ခွဲသည့် အခွင့်အရေးကို အသုံးချကာ နိုင်ငံပျက်စီးမည့် မူဝါဒများကို ချမှတ်ရန် ကြံရွယ်ထားသည်။
ဥပမာအားဖြင့် အခွန် တိုးကောက်ခြင်း၊ အဆောက်အဦး အကြီးအကျယ် ဆောက်လုပ်ခြငိး၊ လူယုတ်မာများကို ရာထူးတိုးပေးခြင်း... သို့သော် ရလဒ်မှာ အဘယ့်နည်း။
အခွန်တိုးကောက်ဖို့ လျှောက်တင်လာပါက၊ သူသည် ‘စာများလို့ မျက်စိနောက်တယ်’ဟု ဆိုကာ ပယ်ချတတ်ပြီး “ပြည်သူများကို အနားပေးရမယ်” ဟု ရေးပေးလိုက်သည်။
အဆောက်အဦး ဆောက်ဖို့ တင်ပြလာပါက၊ ‘ပုံဆွဲတာ အရုပ်ဆိုးလို့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်' ဟု ဆိုကာ ပယ်ချတတ်ပြီး “အသုံးစရိတ် ချွေတာရမယ်” ဟု ရေးပေးလိုက်ပြန်သည်။
လူယုတ်မာတွေကို ဆိုတာကလည်း... သူ့အနေဖြင့် ရာထူးတိုးပေးချင်ပါလျက်နဲ့ ၊ သို့သော် လျှောက်တင်လွှာသည် အလွန်ကို အရစ်ရှည်ပြီး ရေးသားထားကာ ဖတ်ရတာ စိတ်ရှုပ်သဖြင့် အကုန် လွှတ်ပစ်လိုက်ပြန်သည်။
ယင်းအစား စာတိုတိုတုတ်တုတ် နှင့် “မူဝါဒကောင်း” များကို ရေးသားထားသော စာလွှာများကိုတော့ သူ့ကို အလုပ်ရှုပ်သက်သာစေသည် ဟူ၍ ခွင့်ပြုပေးလိုက်မိသည်။
“ဒီလူတွေက ဘာဖြစ်နေကြတာလဲ”
ရှောင်ရှန်း တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် အိပ်ပျော်နေသော ကျားဖြူလေးကို ညည်းပြလိုက်သည်။
“ တိုင်းပြည်ပျက်စီးမယ့် နည်းလမ်းကောင်းလေးတွေ တစ်စောင်လောက်တော့ လာတင်ကြပါဦးဟ၊ ငါကိုယ်တော် ဘယ်တော့မှ ရာထူးက အဖယ်ခံရမှာလဲ”