← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း - ၆၃

ရွှမ်ချင်းတက္ကသိုလ်တွင် ချန်မင်သည် သူ၏ဂုဏ်သိက္ခာကို အကုန်အစင် စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ပို၍မှန်အောင်ပြောရလျှင် သူ့တွင် ဂုဏ်သိက္ခာဟူ၍ လုံးဝမကျန်တော့ပေ။ သူသည် ကျောင်း၏ဖိုရမ်တွင် ရှီလဲ့၏နာမည်ကို အရူးအမူး လိုက်လံဖျက်ဆီးနေတော့သည်။

မွန်းလွဲပိုင်း ရေဒီယိုအစီအစဉ်တွင် သူ၏အပြစ်ကင်းစင်မှုကို အောင်မြင်စွာ သက်သေပြနိုင်ခဲ့သော်လည်း၊ ရှီလဲ့ကို သူကောက်ကျစ်ခဲ့သည့် အဖြစ်မှန်မှာလည်း ထိုအစီအစဉ်မှာပင် ရှီလဲ့၏ ပြန်လည်ချေပခြင်းကို ခံခဲ့ရသည်။ ထို့နောက် ရှီလဲ့သည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးအသွင် ဆောင်ကာ ချန်မင်သည် ကျောင်းတွင်းဆော့ဖ်ဝဲလ်ပြိုင်ပွဲ၏ ချန်ပီယံဖြစ်လာတော့မည်ဖြစ်ကြောင်း ဖွင့်ချလိုက်သည်။ ဤပေါက်ကွဲထွက်သွားသည့် သတင်းကြောင့် ချန်မင်၏ ဂုဏ်သတင်းမှာ အဖတ်ဆယ်မရအောင် ပျက်စီးသွားရလေပြီ ဖြစ်သည်။

သူ့တွင် သိက္ခာဟူ၍ အမှုန်အမွှားမျှပင် မကျန်တော့သည့်အတွက် ချန်မင်သည် လုံးဝရူးသွပ်သွားခဲ့သည်။ သူသည် မိမိ၏အမည်ရင်းနှင့် အထောက်အထားကို အသုံးပြုကာ ကျောင်းဖိုရမ်ပေါ်တွင် သတင်းအမှားပေါင်းစုံကို ဖန်တီးပြီး ရှီလဲ့၏နာမည်ကို အစွမ်းကုန် နာမည်ဖျက်တိုက်ခိုက်တော့သည်။

ချန်မင် ရှီလဲ့ကို တိုက်ခိုက်ရသည့် အဓိကအကြောင်းရင်းမှာ ရှီလဲ့က ကျောင်းတွင်းဆော့ဖ်ဝဲလ်ပြိုင်ပွဲတွင် နာမည်ကြီးကုန်ထုတ်လုပ်သူများကို ဒိုင်လူကြီးများအဖြစ် ဖိတ်ခေါ်မည်ဟု ပြောခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း ပြိုင်ပွဲကျင်းပရန် ကိုးရက်သာ လိုတော့သည့်အချိန်အထိ ရှီလဲ့ပြောသော ထိုနာမည်ကြီးကုမ္ပဏီများထံမှ မည်သည့်သတင်းမှ ထွက်မလာသေးပေ။ ချန်မင်သည် ဤအချက်ကို အခွင့်ကောင်းယူကာ ရှီလဲ့ကို ဆက်တိုက်ထိုးနှက်နေခြင်းဖြစ်သည်။

အဖြစ်မှန်ကို မသိသည့် ဘေးကြည့်ပရိသတ်အချို့သည်လည်း မနာလိုစိတ်ကြောင့် ရှီလဲ့ကို ဝိုင်းဝန်းတိုက်ခိုက်ရာတွင် ပါဝင်လာကြသည်။

ရှီလဲ့သာ နာမည်ကြီးကုန်ထုတ်လုပ်သူတစ်ဦးကို တကယ်ဖိတ်ခေါ်နိုင်ခဲ့ပါက သူသည် ရွှမ်ချင်းတက္ကသိုလ်၏ အထင်ကရလူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ လူညံ့လူဖျင်းများစွာက ရှီလဲ့ကို ထိုသို့ဖြစ်ခွင့် မည်သို့ပေးနိုင်မည်နည်း။

ရှီလဲ့ ထိုကဲ့သို့ အောင်မြင်ကျော်ကြားမလာလျှင်ပင် သူတို့အတွက် အလှည့်ရောက်လာမည်မဟုတ်သော်လည်း ထိုလူညံ့များကတော့ ရှီလဲ့ကို ဆက်လက်ပုတ်ခတ်နေကြဆဲပင်။

ဤတစ်ကြိမ်တွင်မူ လင်းယွီမော့သည် စိတ်အေးအေးထားနိုင်ပြီး သိပ်စိတ်မပူတော့ပေ။ အကြောင်းမှာ ထိုကဲ့သို့သော နာမည်ကြီးကုမ္ပဏီများသည် ကျောင်းတွင်းဆော့ဖ်ဝဲလ်ပြိုင်ပွဲတစ်ခုတွင် အလွယ်တကူ ပါဝင်မည်မဟုတ်ကြောင်း သူမသိသောကြောင့်ဖြစ်သည်။

တစ်ဖက်တွင်မူ မုရွှမ်းက ရှီလဲ့လုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

ဆရာ၊ ဆရာမများရုံးခန်းတွင် လီကျင်းယွဲ့သည် ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ ရှီလဲ့အကြောင်း ပို့စ်များကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ စိုးရိမ်စိတ်ဝင်နေသည်။

‘ရှီလဲ့... မင်း တကယ်ပဲ လုပ်နိုင်မှာလား... ဒီတစ်ခါ မင်းသာကျရှုံးသွားရင်တော့...’

ထိုစဉ် အသက် ၂၇-၂၈ ခန့်ရှိ လူငယ်တစ်ဦးသည် ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လီကျင်းယွဲ့ မျက်နှာမကောင်းသည်ကို မြင်သောအခါ သူက အမြန်လာပြီး မေးလိုက်သည်။ “ကျင်းယွဲ့... ဘာများ အခက်အခဲရှိလို့လဲ”

ထိုလူ၏အမည်မှာ ဝူပင်းဖြစ်ပြီး အနုပညာဌာနမှ လက်ရေးလှဆရာတစ်ဦးဖြစ်သည်။ သူသည် လီကျင်းယွဲ့ကို ပိုးပန်းနေသူများထဲမှ တစ်ဦးလည်း ဖြစ်သည်။

လီကျင်းယွဲ့က ဝူပင်းကို မနှစ်မြို့သော မျက်လုံးများဖြင့် ကြည့်ကာ “ဆရာဝူ... ကျွန်မကို ဆရာမလီလို့ပဲ ခေါ်ပါ၊ ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။

ဝူပင်းမှာ လုံးဝအရှက်မရသည့်အပြင် ယဉ်ကျေးစွာဖြင့်ပင် “ရပါတယ် ဆရာမလီ..ဆရာမ ဘာအခက်အခဲရှိလို့လဲ ကျွန်တော် ကူညီနိုင်မလားလို့ပါ” ဟု ဆိုသည်။

လီကျင်းယွဲ့က နှာခေါင်းရှုံ့ကာ “ဆရာဝူ... ဒါက ကျွန်မတို့ ကွန်ပျူတာသိပ္ပံဌာနရဲ့ ရုံးခန်းပါ...ကျွန်မ အလုပ်လုပ်နေတာမို့ တခြားကိစ္စမရှိရင် မနှောင့်ယှက်ပါနဲ့ဦး”

ဝူပင်း၏အပြုံးမှာ ပျက်မသွားပေ။ သူက အနည်းငယ် ဦးညွှတ်ကာ “နှောင့်ယှက်မိတာ တောင်းပန်ပါတယ် ဆရာမလီ...နောက်မှတွေ့ကြတာပေါ့” ဟု ပြောကာ လှည့်ထွက်သွားသည်။ ကွန်ပျူတာသိပ္ပံရုံးခန်းမှ အပြင်သို့ရောက်သည်နှင့် သူ၏တောက်ပသော အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာမှာ အလွန်မှောင်မှောင်မည်းမည်း ဖြစ်သွားတော့သည်။

“လီကျင်းယွဲ့... ဒီမိန်းမ..တစ်နေ့တော့ မင်း ငါ့ခြေဖဝါးအောက်မှာ ပြားပြားဝပ်စေရမယ်”

ဂျင်းယာအိမ်ယာတွင် ရှီလဲ့သည် ကျောင်းဖိုရမ်ကို ကြည့်နေသည်။ ချန်မင်က သူ့ကို အောက်တန်းကျကျ လိုက်လံနာမည်ဖျက်နေသည်ကို မြင်သောအခါ ရှီလဲ့က နှာတစ်ချက်သာ မှုတ်လိုက်သည်။

“ချန်မင်... မင်းက စက္ကူကျားပါကွာ..အပြင်ပန်းကြည့်ရင် သန်မာသလိုလိုနဲ့ တကယ်တော့ အလကားကောင်ပဲ.. ဒီလောက်လှိုင်းလေးတောင် မခံနိုင်ဘူးလား... မင်းက ဒီလောက်တောင် အသုံးမကျမှတော့ ငါကပဲ မင်းကို နစ်မြုတ်ခိုင်းလိုက်တော့မယ်..”

ရှီလဲ့သည် သူ့ပရိုဂရမ်၏ ဗီဒီယိုကြော်ငြာကို ဖွင့်ပြီး ကုမ္ပဏီကြီး ၅ ခု၏အီးမေးလ်များထံသို့ ပေးပို့လိုက်သည်။

အီးမေးလ်များအတွင်းတွင် ပတ်ထရီရော့တ်၊ကိုဒက်ခ် နှင့် လိုင်ကာတို့ထံမှ မေးလ်အသစ်များ ရောက်နေသည်ကို ရှီလဲ့ တွေ့လိုက်ရသည်။ ထိုမေးလ်များမှာ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို မေးမြန်းထားခြင်းဖြစ်သည်။

ဆိုနီ နှင့် နီကွန် တို့ကမူ အီးမေးလ်များကို လျစ်လျူရှုထားဆဲပင်။ ကန်နွန် ကမူ အီးမေးလ်အချို့ ပေးပို့ထားပြီး အီးမေးလ်တိုင်းမှာ မေးခွန်းများဖြင့် ပြည့်နှက်နေသည်။

ပထမအီးမေးလ်မှာ ကန်နွန်၏ အပြုံးထောက်လှမ်းရေးပရိုဂရမ်ကို ဆိုနီက မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ပြောထားသည်။ တစ်ဖက်သားကို ဆုံးမသည့်လေသံ၊ တရားမျှတမှုကို ကာကွယ်သူတစ်ဦး၏ လေသံမျိုးဖြင့် ရေးထားခြင်းဖြစ်သည်။

ဒုတိယအီးမေးလ်တွင်မူ ကန်နွန် က သူတို့၏လေသံကို ပြောင်းလဲလိုက်သည်။ သူတို့သည် ရှီလဲ့နှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ရှီလဲ့ကို ဆိုနီ၏ နှောင့်ယှက်မှုများမှ ကာကွယ်ပေးလိုကြောင်း ဖော်ပြထားသည်။

တတိယအီးမေးလ်တွင်မူ ကန်နွန်သည် သူတို့၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြသလာသည်။ သူတို့က ရှီလဲ့ကို ဈေးနှုန်းတစ်ခု ပြောခိုင်းပြီး အပြုံးထောက်လှမ်းရေးပရိုဂရမ်၏ ဆော့ဖ်ဝဲလ်ပင်မကုဒ် ကို ဝယ်ယူလိုကြောင်း ပြောလာသည်။

ဒါကိုကြည့်ခြင်းအားဖြင့် ကန်နွန် နှင့် ဆိုနီ တို့သည် ဆက်ဆံရေး မပြေလည်ကြကြောင်း သိသာလှသည်။

ရှီလဲ့သည် ကန်နွန်ကို အရင်ဆုံး အကြောင်းပြန်လိုက်သည်။ သူသည် ပင်မကုဒ်ကို ရောင်းချရန် ကမ်းလှမ်းချက်ကို တိုက်ရိုက်မငြင်းပယ်ဘဲ ဆွေးနွေးရန်အတွက် တာ့ရှားသို့ လာရောက်ရန် ဖိတ်ခေါ်လိုက်သည်။ ကန်နွန်ကုမ္ပဏီ လာမည်၊ မလာမည်ကို ရှီလဲ့ သိပ်စိတ်မပူပေ။

မည်သို့ပင်ဖြစ်စေ၊ ကန်နွန် မလာလျှင်ပင် ပတ်ထရီအော့တ်၊ ကိုဒက်ခ် နှင့် လိုင်ကာ ဟူသည့် နိုင်ငံတကာကုမ္ပဏီ သုံးခု ရှိနေသေးသည်မဟုတ်ပါလား။

ရှီလဲ့သည် ကုမ္ပဏီ သုံးခုကို တစ်ခုချင်းစီ အကြောင်းပြန်ခဲ့သည်။ ကိုဒက်ခ် ထံမှ မိနစ်ပိုင်းအတွင်း အကြောင်းပြန်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တာ့ရှားတွင် မွန်းလွဲ ၃ နာရီဖြစ်သော်လည်း လီကျန့်ပြည်နယ်ရှိ ကိုဒက်ခ် တွင်မူ မနက်အစောပိုင်း ၃ နာရီခန့်သာ ရှိဦးမည်ဖြစ်သည်။ ဤမျှ နောက်ကျနေသည့်အချိန်တွင် ကိုဒက်ခ် ၌ အလုပ်ဆင်းနေသည့် ဝန်ထမ်းများ ရှိနေသေးသည်လား။

အမှန်စင်စစ် ကိုဒက်ခ်တွင် ညဂျူတီမူဝါဒ မရှိပေ။ သို့သော် ရှီလဲ့ ပေးပို့လိုက်သည့် ဗီဒီယိုမှာ ကိုဒက်ခ်၏ အထက်တန်းအရာရှိများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ကိုဒက်ခ် သည် ဒစ်ဂျစ်တယ်ကင်မရာကို ပထမဆုံး တီထွင်ခဲ့သည့် ကုမ္ပဏီဖြစ်သော်လည်း သူတို့၏ ဒစ်ဂျစ်တယ်ကင်မရာမှာ ဗွိုင်စင်လောက် မဖွံ့ဖြိုးသေးသလို ဈေးကွက်ရှယ်ယာမှာလည်း နိမ့်ကျနေပေသည်။

ကိုဒက်ခ်သည် နည်းပညာသစ်များကို တီထွင်ပြီး သူတို့၏ အားသာချက်ကို အသုံးပြုကာ ဈေးကွက်ဝေစုကို မြှင့်တင်ရန် အလွန်စိတ်အားထက်သန်နေသည်။ ရှီလဲ့ ပို့လိုက်သည့် ဗီဒီယိုက သူတို့ကို မျှော်လင့်ချက် ပေးလိုက်ခြင်းဖြစ်သည်။ အီးမေးလ်ကို နောက်ကြောင်းပြန်လိုက်ခြင်းဖြင့် ဤအီးမေးလ်မှာ တာ့ရှားမှ ပို့လိုက်ခြင်းဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့သည်။ ရှမန်မှ လာမည့် မည်သည့်အီးမေးလ်ကိုမျှ လွတ်သွားခြင်းမရှိစေရန် ကိုဒက်ခ် သည် ဝန်ထမ်းများကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ခိုင်းထားပြီး ရှီလဲ့ကို အကြောင်းပြန်ရန် အဆင်သင့် ပြင်ထားခြင်းဖြစ်သည်။

ရှီလဲ့ ရရှိသည့် ကိုဒက်ခ်ထံမှ အီးမေးလ်မှာ အလွန်ရိုးရှင်းပါသည်။ ကိုဒက်ခ်က ရှီလဲ့၏ လိပ်စာကို တိုက်ရိုက်တောင်းဆိုခဲ့ပြီး သူနှင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆွေးနွေးရန်အတွက် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည်ဟု ပြောလာသည်။

ဘာကြောင့် ဤမျှ စိတ်အားထက်သန်နေရသလဲဆိုသည်ကို ရှီလဲ့ နားမလည်သော်လည်း သူ သံသယမဝင်ခဲ့ပေ။ သူသည် ကိုဒက်ခ်ကို ရွှမ်ချင်းမြို့၊ ရွှမ်းဟူခရိုင်သို့ လာရောက်ရန် ချက်ချင်းပြောလိုက်ပြီး သူ၏ ဖုန်းနံပါတ်ကိုလည်း ပေးခဲ့သည်။

ထိုညတွင် အိုးရန်ရှန်း ပြန်လာသောအခါ သူမသည် ရှီလဲ့အတွက် ဝက်သားနီချက် တစ်အိုးကို ချက်ပေးခဲ့သည်။

သူမ၏ ချက်ပြုတ်မှုအတတ်ပညာမှာ အမှန်တကယ်ပင် ထူးချွန်လှသည်။

ဝက်သားနီချက်၏ မွှေးရနံ့ကြောင့် ရှီလဲ့မှာ သွားရည်တောင် ကျချင်သွားသည်။

“အိုးရန်... မင်းရဲ့ လက်ရာကတော့ တကယ်ကို လက်ဖျားခါလောက်တယ်” ရှီလဲ့က သူမကို လက်မထောင်ပြလိုက်သည်။ သို့သော် ပါးစပ်ထောင့်က ဆီရာများကြောင့် သူ၏ပုံစံမှာ အလွန်ရယ်စရာကောင်းနေသည်။

ညစာစားပြီးနောက် ရှီလဲ့က အိုးရန်ရှန်းကို ပြုံးကြည့်ကာ “အိုးရန်ရှန်း... ငါတို့ တစ်ခုလောက် ဆွေးနွေးရအောင်”

အိုးရန်ရှန်းက ဇဝေဇဝါဖြင့် ခေါင်းညိတ်ကာ “ဘာကိစ္စလဲ” ဟု မေးသည်။

ရှီလဲ့က အိတ်ကပ်ထဲမှ ရာတန်ငွေစက္ကူ ငါးရွက်ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ “အိုးရန်ရှန်း... ငါ အမြဲတမ်း အလကားစားနေလို့ မဖြစ်ဘူးလို့ ထင်တယ်... မဟုတ်ရင် ငါက မင်းကို သကြားမေမေလို့ခေါ် ရတော့မယ်....အဲ့လိုတော့မဖြစ်သင့်ဘူး ကါကအစ်ကိုကြီးပဲလုပ်ချင်တာ”

အိုးရန်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။ “ရှီလဲ့... မင်း ဒီနှစ်မှာ ၁၉ နှစ်ပဲ ရှိသေးတာ မဟုတ်လား... ငါ့ရဲ့ အစ်ကိုကြီး လုပ်ချင်နေတာလား.. ငါ ပြောပြမယ်... ငါက ဒီနှစ်မှာ ၂၅ နှစ်ရှိပြီ... မင်း ငါ့ကို မမလို့ ခေါ်သင့်တယ်”

ရှီလဲ့က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး “မင်းကို ဂရုမစိုက်နိုင်ဘူး... ငါ ဂိမ်းသွားဆော့တော့မယ်” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီး ရှီလဲ့က ထရပ်ကာ ဗိုက်ကို ပွတ်ရင်း ကျေနပ်သည့်မျက်နှာထားဖြင့် အခန်းထဲ ပြန်ဝင်သွားသည်။ ညဘက်တွင် ရှီလဲ့သည် ဂိမ်းမဆော့ဖြစ်ဘဲ ထောက်လှမ်းရေးပရိုဂရမ်ကို အချောသတ်နေခဲ့သည်။

ရှီလဲ့သည် ဤပရိုဂရမ်ကို စီးပွားရေးလုပ်ငန်းသစ်တစ်ခုအဖြစ် မြှင့်တင်ရန် ရည်ရွယ်ထားသည်။

နံနက်ပိုင်းတွင် အိုးရန်ရှန်းက ရှီလဲ့၏ အခန်းတံခါးကို ခေါက်လိုက်သည်။ သူမ၏ ခိုင်မာသော အသံမှာ ထွက်ပေါ်လာသည်။

“ရှီလဲ့... မင်း မနက်စာစားချင်ရင် ထဖို့အတွက် သုံးမိနစ် အချိန်ပေးမယ်”

ရှီလဲ့သည် အိပ်ချင်မူးတူးဖြင့် အိုးရန်ရှန်း၏ အသံကို ကြားလိုက်သည်။ သူသည် ချက်ချင်း ထပြီး အဝတ်အစားများ ဝတ်ကာ အပြင်သို့ ပြေးထွက်လာလိုက်သည်။

“အိုးရန်ရှန်း... ငါ ကြက်ဥကြော် စားချင်တယ်။ သုံးလုံးနော်”

ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်ခန့်အကြာတွင် အိုးရန်ရှန်းက ပန်းကန်နှစ်ချပ်နှင့် ထွက်လာသည်။ ပန်းကန်ထဲတွင် ကြက်ဥပြုတ်တစ်လုံး၊ ပေါင်မုန့်ကင် နှစ်ချပ်၊ ဝက်ပေါင်ခြောက် တစ်ချပ်နှင့် နွားနို့ပူပူ တစ်ခွက် ပါဝင်သည်။ ပြီးခဲ့သည့်အကြိမ်က ဆလတ်ရွက်အစား ဝက်ပေါင်ခြောက်နှင့် လဲလှယ်ထားခြင်းဖြစ်သည်။

ရှီလဲ့က အစားအစာများကို အငမ်းမရ စားသောက်ရင်း ညည်းညူလိုက်သည်။ “အိုးရန်ရှန်း... ငါ သုံးလုံးစားချင်တယ်လို့ ပြောထားတယ် မဟုတ်လား”

အိုးရန်ရှန်းက အစားကို ဖြည်းဖြည်းချင်း ဝါးစားရင်း ပေါင်မုန့်ကို မျိုချလိုက်သည်။ နွားနို့တစ်ငုံ သောက်လိုက်ပြီး “သုံးလုံးက အလေအလွင့် များလွန်းတယ်.. ဒီလောက်ဆို ကွက်တိပဲ” ဟု ပြောသည်။

သူမ ပြောပြီးသောအခါမှ ရှီလဲ့က သူမကို ကြောင်ကြည့်နေသည်ကို သတိထားမိသွားသည်။ အိုးရန်ရှန်းက မမေးဘဲ မနေနိုင်တော့ဘဲ “ရှီလဲ့... မင်း ဘာကို ကြည့်နေတာလဲ”

အိုးရန်ရှန်း၏ နှုတ်ခမ်းထောင့်တွင် နွားနို့စက်ကလေး တစ်စက်ရှိနေသည်။ သူမ၏ နှုတ်ခမ်းများ ပွင့်ဟလိုက်၊ ပိတ်လိုက် ဖြစ်နေသည့်အခါ ထိုမြင်ကွင်းက တခြားသော ဆွဲဆောင်မှုတစ်မျိုးကို ဖြစ်ပေါ်စေသည်။ ရှီလဲ့မှာ မှင်သက်သွားရသည်။

“အော်... ဘာမှမဟုတ်ပါဘူး အိုးရန်ရှန်း... ငါ လုပ်စရာ ရှိသေးလို့ အရင်သွားတော့မယ်” ရှီလဲ့ကတော့ ထိုအရာကို ထုတ်မပြောရဲပေ။

အိုးရန်ရှန်းက ထရပ်ပြီး မှန်တင်ခုံရှေ့သို့ လျှောက်သွားသည်။ ထိုအခါမှ သူမ၏ နှုတ်ခမ်းထောင့်တွင် နွားနို့စက်ကလေး ရှိနေသည်ကို သတိပြုမိသွားသည်။ သူမက အသက် ၂၅ နှစ် ရှိပြီဖြစ်သည်။

ခဏလောက် စဉ်းစားပြီးနောက် ရှီလဲ့၏ ညစ်ပတ်သော အတွေးများကို သူမ နားလည်သွားသည်။ အိုးရန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ရှီလဲ့... မင်းလူယုတ်မာ၊ တိရစ္ဆာန်”

အိပ်ခန်းထဲတွင် ရှီလဲ့က အိုးရန်ရှန်း၏ အော်သံကို ကြားလိုက်ရသည်။ သူက ခိုးပြုံးလိုက်ပြီး ဘာမှမကြားသလို ဟန်ဆောင်နေလိုက်သည်။

ကိုဒက်ခ်ကုမ္ပဏီကို ရွှမ်ချင်းမြို့သို့ ဖိတ်ခေါ်ပြီးနောက် ရှီလဲ့သည် ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပြုံးထောက်လှမ်းရေးပရိုဂရမ်ကိုမူ ရှီလဲ့က သူ့လက်ထဲတွင် သိမ်းထားရန် ရည်ရွယ်ချက် မရှိပေ။

အပြုံးထောက်လှမ်းရေးပရိုဂရမ်သည် နည်းပညာအရ သိပ်ပြီး ခက်ခဲလှသည်မဟုတ်ပေ။ ဘယ်သူမှ မစဉ်းစားမိသေးခြင်းသာ ဖြစ်သည်။

ရှီလဲ့သည် အပြုံးထောက်လှမ်းရေးပရိုဂရမ်၏ အပိုင်းများကို ဖွင့်ကာ ထပ်မံ အဆင့်မြှင့်တင်ရန် ပြင်ဆင်လိုက်သည်။ကိုဒက်ခ်မှ ဝန်ထမ်းများ စမ်းသပ်နိုင်ရန်အတွက် လုံခြုံရေး ကုဒ်ဝှက်ထားသည့် ဖိုင်ကိုလည်း သူ ပြင်ဆင်ထားသည်။

မွန်းလွဲပိုင်းတွင် ရှီလဲ့သည် တစ်ခုခုကို အလွယ်တကူ စားလိုက်ပြီး ပရိုဂရမ်ကို ဆက်လက် အဆင့်မြှင့်တင်နေသည်။ ဤသည်မှာ ရှီလဲ့က အလွန်အလုပ်ကြိုးစားလွန်း၍ မဟုတ်ပေ။ ရှီလဲ့၏ ချက်ပြုတ်မှုလက်ရာမှာ အိုးရန်ရှန်းထက် အများကြီး ညံ့ဖျင်းနေပြီး သူကိုယ်တိုင်လည်း မစားချင်သောကြောင့် ဖြစ်သည်။

သူသည် ညဘက်တွင် အိုးရန်ရှန်း ချက်မည့် ဟင်းကောင်းများကိုသာ စောင့်စားရန် ပြင်ထားသည်။

သို့သော်လည်း ညနေ ၄ နာရီခန့်တွင် ဖုန်းတစ်ကောလ်ကြောင့် ရှီလဲ့၏ မျှော်လင့်ချက်များ ပျက်စီးသွားရလေတော့သည်။

အခန်း - ၆၄

ရှီလဲ့အနေဖြင့် သူသည် ကိုဒက်ခ်၏ စိတ်အားထက်သန်မှုကို လျှော့တွက်မိသွားကြောင်း ဝန်ခံရပေလိမ့်မည်။

မနေ့ကမှ နှစ်ဖက်စလုံး အဆက်အသွယ်ရခဲ့ကြသော်လည်း ယနေ့တွင်မူ ကိုဒက်အဖွဲ့သည် ရွှမ်ချင်းမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လီကျန့်ပြည်နယ်နှင့် တာ့ရှားသည် ကမ္ဘာတစ်ဖက်စီ ဝေးကွာလှပြီး ရှုပ်ထွေးလှသည့် ဗီဇာကိစ္စရပ်များ ရှိနေသော်လည်း ကိုဒက်ခ်၏ အရှိန်အဟုန်မှာ အံ့မခန်း မြန်ဆန်လွန်းလှသည်။

ကိုဒက်ခ်၏ ညှိနှိုင်းရေးအဖွဲ့သည် ရွှမ်းဟူခရိုင်ရှိ ကြယ်လေးပွင့်အဆင့်ရှိ ‘စိမ်းလန်းသောကန်‌ရေပြင် ဟိုတယ်’တွင် တည်းခိုနေကြသည်။

ကိုဒက်ခ်က ကြယ်ငါးပွင့်ဟိုတယ်တွင် မတည်းချင်လောက်အောင် ကပ်စေးနှဲနေခြင်းကြောင့် မဟုတ်ပေ။ ရွှမ်းဟူခရိုင်သည် ရွှမ်ချင်းမြို့၏ ဆင်ခြေဖုံးတွင် တည်ရှိပြီး တက္ကသိုလ်နယ်မြေနှင့် နီးကပ်နေသဖြင့် ထိုအနီးအနားတွင် ကြယ်ငါးပွင့်ဟိုတယ်ဟူ၍ မရှိခြင်းကြောင့်သာ ဖြစ်သည်။

ရှီလဲ့နှင့် ကိုဒက်ခ်ညှိနှိုင်းရေးအဖွဲ့တို့သည် နှစ်ဦးနှစ်ဖက်၏ ကနဦးရည်ရွယ်ချက်များကို ဆွေးနွေးရန် စိမ်းလန်းသောကန်ရေပြင် ဟိုတယ်တွင် တွေ့ဆုံရန် သဘောတူခဲ့ကြသည်။

ရှီလဲ့သည် စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများတွင် ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေ။ သူသည် ကမ္ဘာ့အဆင့်မီ ဟက်ကာတစ်ဦး ဖြစ်သော်လည်း အရာရာကို သိမြင်နိုင်စွမ်းရှိသည့် အနန္တတန်ခိုးရှင်တော့ မဟုတ်ပေ။

ရှီလဲ့သည် ‘အပြုံးထောက်လှမ်းရေးပရိုဂရမ်’ ကို ကိုဒက်ခ်ထံ ရောင်းချရန် အစီအစဉ်ရှိသော်လည်း ပိုမိုကောင်းမွန်သည့် အကျိုးအမြတ်များရရှိရန် မည်သို့ဆွေးနွေးရမည်ဆိုသည်မှာ သူ ကျွမ်းကျင်သည့် အလုပ်မဟုတ်ပေ။

ဒါက ပရော်ဖက်ရှင်နယ်ဆန်သည့် ကိစ္စရပ်ဖြစ်သောကြောင့် ကျွမ်းကျင်သူများကသာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

သို့သော် ရှီလဲ့သည် စီးပွားရေးညှိနှိုင်းမှုများတွင် ကျွမ်းကျင်သည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ဖြစ်နေသည်။

“အော်... မုရွှမ်း အဲ့ဒီကောင်မလေးက စီးပွားရေးစီမံခန့်ခွဲမှုဌာနက မဟုတ်လား.. ငါ့ရဲ့ အရင်ဘဝတုန်းက ကြားဖူးတာတော့ သူက တော်တော်လေး အင်အားတောင့်တင်းတဲ့ နောက်ခံရှိတယ်ဆိုပဲ... သူဆိုရင်တော့ စီးပွားရေးညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး ရင်းနှီးကျွမ်းကျင်မှာပဲ”

ရှီလဲ့သည် ရုတ်တရက် မုရွှမ်းကို သတိရသွားသည်။ သူသည် သူ၏အတွေးကို ချက်ချင်း လက်တွေ့အကောင်အထည်ဖော်ရန်အတွက် အဝတ်အစားလဲကာ ကျောင်းသို့ အပြေးအလွှား သွားခဲ့သည်။

ရွှမ်ချင်းတက္ကသိုလ်၏ ကျောင်းဝင်းအတွင်း လမ်းလျှောက်နေစဉ် လူများစွာက ရှီလဲ့ကို လက်ညှိုးထိုး ပြနေကြဆဲဖြစ်သည်။ ချန်မင်၏ နာမည်ဖျက်တိုက်ခိုက်မှုဒဏ်မှာ လုံးဝပျောက်ကွယ်မသွားသေးသည်မှာ သိသာလှသည်။

စီးပွားရေးစီမံခန့်ခွဲမှုဌာနသို့ ရောက်သောအခါ ရှီလဲ့သည် မုရွှမ်း၏ အတန်းကို ရှာတွေ့ခဲ့သည်။ ထိုအချိန်တွင် သူတို့ အတန်းတက်နေဆဲဖြစ်သည်။ ရှီလဲ့က အလောတကြီးမလုပ်ဘဲ တံခါးဝတွင် ရပ်ကြည့်ကာ စင်္ကြံလမ်းတွင် စောင့်ဆိုင်းနေလိုက်သည်။

ဆယ်မိနစ်ကျော်လောက် စောင့်ပြီးနောက် အတန်းဆင်းခေါင်းလောင်းသံ မြည်လာသည်။ သက်လတ်ပိုင်းအရွယ် ဆရာတစ်ဦး ထွက်လာသောအခါ ရှီလဲ့က တံခါးဝမှနေ၍ အော်ခေါ်လိုက်သည်။

“မုရွှမ်း... မြန်မြန်ထွက်လာခဲ့ပါဦး... ငါ မင်းနဲ့ ပြောစရာရှိလို့”

စာသင်ခန်းထဲတွင် ကျား၊ မ မရွေး လူတိုင်းက တံခါးဝရှိ ရှီလဲ့ကို လှည့်ကြည့်လိုက်ကြသည်။ မုရွှမ်းသည် စီးပွားရေးစီမံခန့်ခွဲမှုဌာန၏ အလှပဂေးဖြစ်ရုံသာမက ရွှမ်ချင်းတက္ကသိုလ်၏ နတ်မိမယ်တစ်ပါးလည်း ဖြစ်သည်။ ကျောင်းဖိုရမ်ရှိ လူညံ့များက သူမကို ‘ဆီးနှင်းနတ်သမီး’ ဟု တင်စားခေါ်ဝေါ်ကြသည်။

သူမသည် မည်သည့်ယောကျ်ားလေးနှင့်မျှ ထိတွေ့ဆက်ဆံဖူးခြင်း မရှိပေ။

တံခါးဝရှိ ရှီလဲ့ကိုမူ လူအများက မှတ်မိနေကြသည်။ သူသည် အခြားသော နတ်မိမယ်တစ်ပါးကြောင့် ချန်မင်နှင့် ပြဿနာဖြစ်ထားသည့်ကောင် မဟုတ်ပါလား။

မုရွှမ်းသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူမ၏ အတန်းဖော်အများအပြားက သူမ၏ တုံ့ပြန်မှုကို သိချင်သဖြင့် လှည့်ကြည့်နေကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင် မုရွှမ်းသည် ထိုလူများကို လျစ်လျူရှုကာ လေထဲတွင် ရှိနေသလိုမျိုးပင် သဘောထားတတ်သည်။

မုရွှမ်း၏ အေးစက်ပြီး မြင့်မြတ်သော အရှိန်အဝါက လူညံ့များကို ကိုယ့်ကိုယ်ကိုယ် အားငယ်သွားစေလောက်သည်အထိပင် ဖြစ်သည်။

လူတိုင်းက မုရွှမ်းသည် ရှီလဲ့ကို လျစ်လျူရှုလိမ့်မည်ဟု ထင်နေကြချိန်တွင် မုရွှမ်းသည် မမျှော်လင့်ဘဲ ထရပ်ကာ စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။ မုရွှမ်း၏ အတန်းဖော်အများအပြားမှာ မျက်မှောက်မြင်ကွင်းသည် အမှန်တကယ် ဟုတ်၊ မဟုတ် အတည်ပြုရန်အတွက် သူတို့၏မျက်လုံးများကို ပွတ်ကြည့်နေကြရသည်။

လူအချို့ကမူ သူတို့၏ခေါင်းများကို အပြင်းအထန် ခါယမ်းရင်း “မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး.. ဒါက စိတ်ကူးယဉ်မှုပဲ ဖြစ်ရမယ်.. ငါ အိပ်မက်မက်နေတာ ဖြစ်ရမယ်” ဟု ရေရွတ်နေကြသည်။

ရှီလဲ့၏ ဆုံးမခြင်းကို ခံထားရသည့် ကျူးရှု ကမူ သွားကြိတ်ကာ ရှီလဲ့ကို ကြည့်နေသည်။ စစ်သင်တန်းကွင်းတွင် ရှီလဲ့နှင့် မုရွှမ်းတို့ တွေ့ဆုံခဲ့စဉ်ကတည်းက ကျူးရှုသည် ရှီလဲ့ကို အမြဲတမ်း သတိထားစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရှီလဲ့သည် လင်းယွီမော့အတွက်နှင့် ချန်မင်နှင့် ပြဿနာဖြစ်နေသည်ကို ဖိုရမ်တွင် တွေ့ရသောအခါ ကျူးရှုမှာ အလွန်ပင် ဝမ်းသာသွားခဲ့သည်။

သို့သော် ယခုမူ ရှီလဲ့သည် သူမ၏ တံခါးဝသို့ ရောက်လာခဲ့ပြီဖြစ်သည်။ ယောကျ်ားလေးများကို အမြဲတမ်း လျစ်လျူရှုတတ်သည့် မုရွှမ်းကပင် ရှီလဲ့ကို တုံ့ပြန်ခဲ့သည်။ ကျူးရှုအနေဖြင့် မည်သို့လျှင် စိတ်မပျက်ဘဲ နေနိုင်ပါမည်နည်း။ သူ၏ ဖြူစင်သော နှလုံးသားမှာ မည်သို့လျှင် မနာကျင်ဘဲ နေပါမည်နည်း။

စီးပွားရေးစီမံခန့်ခွဲမှုဌာန၏ ကျောင်းသားအားလုံးသည် အခန်းတံခါးဝသို့သာ အာရုံရောက်နေကြပြီး မုရွှမ်းနှင့် ရှီလဲ့ကို ကြည့်နေကြသည်။

မုရွှမ်း၏ အသံမှာ အေးစက်လှသည်။ “ရှီလဲ့... ဒီကို ဘာလာလုပ်တာလဲ”

ရှီလဲ့က ခေါင်းကို ကုတ်ရင်း တောက်ပစွာ ပြုံးလိုက်ကာ “မုရွှမ်း... ငါ မင်းဆီ လာလို့မရဘူးလား”

မုရွှမ်းက ရှီလဲ့၏ အားနည်းချက်ကို ဖမ်းမိသွားပြီဟု ထင်မှတ်ကာ ကျေနပ်စွာ ပြုံးလိုက်ပြီး “ယွီမော့ရော” ဟု မေးလိုက်သည်။

“ယွီမော့လား...သူ ဒီမှာ မရှိဘူးလေ သူ အတန်းထဲမှာ” ရှီလဲ့က ချက်ချင်းပြန်ဖြေလိုက်ပြီးနောက် “မုရွှမ်း... မင်း စီးပွားရေးညှိနှိုင်းမှုတွေအကြောင်း ဘာတွေ သိထားလဲ” ဟု မေးလိုက်သည်။

မုရွှမ်း၏ နောက်ခံမှာ အထင်ကြီးစရာကောင်းလှသည်။ သူမ၏ အိပ်မက်မှာ ဘွဲ့ရပြီးနောက် မိသားစုစီးပွားရေးကို ဦးစီးကာ မိန်းကလေးတစ်ယောက်သည် ယောကျ်ားလေးတစ်ယောက်ထက် မနိမ့်ကျကြောင်း သူမ၏ အဖိုးကို သက်သေပြရန်ဖြစ်သည်။

သူမသည် ငယ်စဉ်ကတည်းက စီးပွားရေးနှင့် ပတ်သက်သည့် ဗဟုသုတအမျိုးမျိုးကို လေ့လာခဲ့ရသည်။ အမှန်ဆိုလျှင် မုရွှမ်းသည် ပညာတော်သင်အတွက် နိုင်ငံခြားသို့ သွားသင့်သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ရွှမ်ချင်းတက္ကသိုလ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရှီလဲ့က စီးပွားရေးညှိနှိုင်းမှုအကြောင်း သိသလားဟု မေးသောအခါ မုရွှမ်း၏ မျက်လုံးများတွင် ခိုင်မာသော ယုံကြည်မှုနှင့် ဂုဏ်ယူမှုများ ထင်ဟပ်လာသည်။

“အနည်းဆုံးတော့ အကြီးစား စီးပွားရေးညှိနှိုင်းမှု ဆယ်ခုလောက်ကို ငါ ကိုယ်တိုင် စီစဉ်ခဲ့ဖူးတယ်... အသေးစားနဲ့ အလတ်စားတွေဆိုရင် ပိုတောင်များသေးတယ်... “မုရွှမ်း၏ လေသံထဲရှိ ယုံကြည်မှုကြောင့် ရှီလဲ့ အလွန်ဝမ်းသာသွားသည်။

ရှီလဲ့က မုရွှမ်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး “ဒါဆို သိပ်ကောင်းတာပဲ သွားကြစို့.. စိမ်းလန်းသောကန်ရေပြင်ဟိုတယ်ကို ငါနဲ့အတူ လိုက်ခဲ့ပါ” ဟု ပျော်ရွှင်စွာ ပြောလိုက်သည်။

စိမ်းလန်းသောကန်ရေပြင် ဟိုတယ်

စီးပွားရေးစီမံခန့်ခွဲမှုဌာနမှ လူများသည် ရှီလဲ့က သူတို့၏ နတ်သမီးကို ဆွဲခေါ်သွားပြီး ဟိုတယ်သို့ သွားမည်ဟု ကြေညာလိုက်သည်ကို ကြည့်ကာ မှင်သက်နေကြသည်။

ဒါက သူတို့အတွက်တော့ တကယ့်ကို တုန်လှုပ်စရာကောင်းလှသည်။

သူတို့၏ နတ်သမီးလေးက လူ့လောကထဲသို့ ဆင်းသက်လာခဲ့ပြီလား။

ဖောက်ပြန်တတ်သည့် ကောင်လေးတစ်ယောက်က ဒစ်ဂျစ်တယ်ကင်မရာကို ကိုင်ထားကာ ဖလက်ရှ်နှင့် အသံကို ပိတ်ပြီး စာသင်ခန်းအဝင်ဝရှိ ရှီလဲ့နှင့် မုရွှမ်းတို့၏ ပုံများကို ဂရုတစိုက် ရိုက်ကူးနေသည်။

“သိပ်ကောင်းတာပဲ သိပ်ကောင်းတာပဲ... နှင်းခဲကြာပန်းလေးနဲ့ သားရဲကြီး ရှီလဲ့တို့ စိမ်းလန်းသောကန်ရေပြင်ဟိုတယ်ကို သွားကြပြီ ဒီသတင်းသာ ကျောင်းသတင်းစာမှာ ပါသွားရင်တော့ မျက်နှာဖုံး သတင်းဖြစ်မှာ သေချာတယ်... ဒီသတင်းကို ရှောင်ယွီကို ပေးလိုက်ရင် သူ ငါ့ကို အထင်ကြီးသွားမှာပဲ မဟုတ်လား”

ထိုကောင်လေးသည် ကျောင်းသတင်းစာ၏ အလုပ်သင်သတင်းထောက်ဖြစ်သော သတင်းစာပညာနှင့် အသံလွှင့်ဌာနမှ မိန်းကလေးတစ်ဦးကို ပိုးပန်းနေသူဖြစ်သည်။

ရှီလဲ့သည် မုရွှမ်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားသည်။ သူမသည် သူ၏လက်အင်အားနှင့် သူ၏လက်ဖဝါးမှ ပူနွေးသည့် အပူရှိန်ကို ခံစားနေရသည်။ မုရွှမ်းမှာ မျက်နှာနီမြန်းသွားပြီး “ရှီလဲ့... မင်း ဘာလုပ်နေတာလဲ” ဟု အော်လိုက်သည်။

ရှီလဲ့က ပြဿနာရှိနေသည်ကို သတိမထားမိဘဲ “စိမ်းလန်းသောကန်ရေပြင် ဟိုတယ်ကို သွားရအောင်လေ..ငါ မင်းရဲ့ အကူအညီကို လိုအပ်တယ်” ဟု တိုက်ရိုက်ပြောလိုက်သည်။

မုရွှမ်း၏ မျက်နှာမှာ သွေးရောင်လွှမ်းနေပြီး “ရှီလဲ့....နင်လင်းယွီမော့ဆီပဲ သွားရှာလိုက်ပါလား” ဟု ဒေါသတကြီး ပြောလိုက်သည်။

“ယွီမော့လား... ယွီမော့က ဒါတွေ မလုပ်တတ်ဘူးလေ” ရှီလဲ့က ပြန်ဖြေလိုက်သည်။ ထို့နောက် မုရွှမ်း၏ နီရဲနေသော ပါးပြင်ကို ကြည့်လိုက်မှ သူ၏စကားများက မည်မျှအဓိပ္ပာယ်သက်ရောက်နေသည်ကို သတိပြုမိသွားသည်။

“ဟားဟား” ရှီလဲ့က ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး မုရွှမ်း၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။ ထို့နောက် သူက ချက်ချင်းပင် ရှင်းပြလိုက်သည်။ “မုရွှမ်း... ငါ မင်းရဲ့ အကူအညီ လိုလို့ပါ.. စိမ်းလန်းသောကန်ရေပြင် ဟိုတယ်မှာ စီးပွားရေးညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ ငါ့ကို စောင့်နေကြတယ်... ငါ့သူငယ်ချင်းတွေထဲမှာ မင်းတစ်ယောက်ပဲ ညှိနှိုင်းတတ်တာမို့ ငါ မင်းကိုပဲ အကူအညီတောင်းရတာပါ”

မုရွှမ်းက ရှီလဲ့ကို မသင်္ကာသလို ကြည့်နေသည်။ ရှီလဲ့သည် သူမကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ဟိုတယ်သို့ ခေါ်သွားမည့် လူညစ်တစ်ယောက်ဟု ထင်နေပုံရသည်။

“ရှီလဲ့... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ရှီလဲ့က မျက်လုံးလှန်ပြလိုက်ပြီး “ကဲပါ မုရွှမ်း... မင်း တလွဲ တွေးမနေစမ်းပါနဲ့” ဟု ပြောရင်း မုရွှမ်းကို အပေါ်အောက် ကြည့်လိုက်သည်။ ထို့နောက် သူက နှာခေါင်းရှုံ့လိုက်ပြီး “မင်းက ယွီမော့လေးနဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးဘူး”

မုရွှမ်းက မကျေမနပ်ဖြစ်သွားသည်။ “မင်း ဘာပြောလိုက်တာလဲ ရှီလဲ့... သတ္တိရှိရင် နောက်တစ်ခါ ထပ်ပြောကြည့်လိုက်စမ်း”

ရှီလဲ့က ရယ်လိုက်ပြီး “မုရွှမ်း... မင်း ငါ့ကို ကူညီမှာလား၊ မကူညီဘူးလား”

မုရွှမ်းက တုံ့ဆိုင်းနေသည်။ ဟိုးအရင်တုန်းက အကြောင်းကိစ္စတစ်ခုကြောင့် သူမသည် နိုင်ငံခြားတွင် ပညာသင်ကြားမည့် အခွင့်အရေးကို စွန့်လွှတ်ခဲ့ရသည်။ သူမသည် မြို့တော်တွင် ပညာသင်ယူမည့် အခွင့်အရေးကိုပင် စွန့်လွှတ်ခဲ့ပြီး နောက်ဆုံးတွင် ရွှမ်ချင်းတက္ကသိုလ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စများတွင် ပါဝင်ပတ်သက်နေသည့် အကြောင်းအရာများစွာ ရှိနေသည်။

ယခု ရှီလဲ့က စီးပွားရေးညှိနှိုင်းမှုတစ်ခုတွင် ကူညီရန် ဖိတ်ခေါ်လာသောအခါ မုရွှမ်းသည် စမ်းကြည့်ချင်သော်လည်း ဝေခွဲမရဖြစ်နေသည်။

“ရှီလဲ့... အဲ့ဒီ ညှိနှိုင်းရေးအဖွဲ့က ဘယ်ကုမ္ပဏီကလဲ.. မင်း ယွီမော့ကိုရော ခေါ်မှာလား” ဟု မုရွှမ်က မေးသည်။

ရှီလဲ့က ခေါင်းညိတ်ပြလိုက်သည်။ “သေချာပေါက် ခေါ်မှာပေါ့... ငါက အလကားစားမှာဆိုတော့ လူများများပါမှ ကောင်းမှာပေါ့... ဘယ်ကုမ္ပဏီလဲဆိုတာကတော့ အဲ့ဒီရောက်ရင် မင်း သိပါလိမ့်မယ်... ဒါပေမဲ့ ငါ အာမခံနိုင်တာ တစ်ခုကတော့ အဲ့ဒါက ကုမ္ပဏီသေးသေးလေး မဟုတ်ဘူး... ကမ္ဘာကျော် ကုမ္ပဏီကြီးတစ်ခုပဲ”

မုရွှမ်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူမက စိတ်ထဲမှ တွေးလိုက်သည် ‘ရှီလဲ့က ကျောင်းတွင်းဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် နာမည်ကြီး ကုမ္ပဏီတစ်ခုကို တကယ်ပဲ ဖိတ်ခေါ်နိုင်ခဲ့တာလား... ဒါဆိုရင် ဒီစီးပွားရေးညှိနှိုင်းမှုက ဘာဖြစ်မှာလဲ’

မုရွှမ်က အတွေးထဲ နစ်နေသည်ကို မြင်သောအခါ ရှီလဲ့က ခေါင်းကို ကုတ်ကာ “မုရွှမ်း... မင်း ကူညီမှာလား၊ မကူညီဘူးလား” ဟု ထပ်မေးလိုက်သည်။

မုရွှမ်းက ရှီလဲ့ကို အလေးအနက် ကြည့်လိုက်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများ၊ ဖြူဝင်းသော အသားအရေနှင့် အရပ်ရှည်ရှည် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်တို့က သူမကို အလွန် ဆွဲဆောင်မှုရှိစေသည်။ ရှီလဲ့ပင်လျှင် မနေနိုင်ဘဲ စနောက်လိုက်မိသည်။ “မုရွှမ်း... မင်းက တော်တော်လေး လှတာပဲ.. ငါ သတိမထားမိခဲ့ဘူး”

“ဟွန်း” မုရွှမ်းက နှာခေါင်းရှုံ့လိုက်သော်လည်း သူမ၏ အေးစက်သော မျက်နှာနောက်ကွယ်တွင် တိတ်တဆိတ် ဝမ်းသာနေမိသည်။ ဘယ်မိန်းကလေးမှ သူတို့၏အလှကို ချီးကျူးခံရလျှင် မပျော်ဘဲ မနေနိုင်ပေ။

ရှီလဲ့နှင့် မုရွှမ်းတို့သည် ကွန်ပျူတာသိပ္ပံဌာနသို့ အတူတူ လျှောက်လှမ်းသွားကြသည်။

ရှီလဲ့ဖြစ်စေ၊ မုရွှမ်းဖြစ်စေ နှစ်ဦးစလုံးသည် ရွှမ်ချင်းတက္ကသိုလ်တွင် နာမည်ကြီးသူများ ဖြစ်ကြသည်။ တစ်ယောက်က သားရဲကြီးဖြစ်ပြီး နောက်တစ်ယောက်က ‘နှင်းခဲကြာပန်း’ ဟု လူသိများသည့် နတ်မိမယ်တစ်ပါး ဖြစ်နေသည်။

ထိုနှစ်ယောက် အတူတူ လမ်းလျှောက်သွားခြင်းက လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

လမ်းတစ်လျှောက်တွင် လူများစွာ၏ နှလုံးသားများ ကြေကွဲသွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရှီလဲ့သည် သူတို့ မုန်းတီးရမည့်သူများ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သွားခဲ့သည်။

ကွန်ပျူတာသိပ္ပံဌာနသို့ ရောက်သောအခါ သူတို့သည် စာသင်ခန်းထဲတွင် လင်းယွီမော့ကို တွေ့ခဲ့သည်။

“မမမုရွှမ်း... ဘာလို့ ဒီကို... ရောက်နေတာလဲ” လင်းယွီမော့က ရှီလဲ့နှင့် မုရွှမ်းတို့ကို အံ့သြစွာ ကြည့်နေသည်။ သူမက မုရွှမ်းကို ဘာကြောင့် ရှီလဲ့နှင့် အတူရှိနေသလဲဟု မေးချင်သော်လည်း နောက်ဆုံးတွင် မမေးဖြစ်ခဲ့ပေ။

မုရွှမ်းက လင်းယွီမော့၏ အတွေးများကို ရိပ်မိသွားသလိုမျိုး ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ယွီမော့... ရှီလဲ့က ငါ့ကို စိမ်းလန်းသောကန်ရေပြင် ဟိုတယ်ကို ခေါ်သွားချင်လို့တဲ့.. အဲ့ဒါကြောင့် ငါက မင်းကို လာမေးတာ” မုရွှမ်းက ရှားရှားပါးပါး နောက်ပြောင်လိုက်သည်။

ကွန်ပျူတာသိပ္ပံဌာနမှ ကျောင်းသားများသည် သရဲသဘက်ကို မြင်လိုက်ရသလိုမျိုး ရှီလဲ့နှင့် မုရွှမ်းတို့ကို စိုက်ကြည့်နေကြသည်။

လီချိုင်ကတော့ ကမ္ဘာပျက်မည့်ကိစ္စကို ပိုပြီး မြင်ချင်နေသူပီပီ အော်ဟစ်ငိုယိုသလိုမျိုး ဟန်ဆောင်ကာ “ရှီလဲ့ကတော့ ဟုတ်နေပြီဟေ့..ရှီလဲ့ကတော့ မိုက်နေပြီ... ရှီလဲ့... မင်း ဘယ်တုန်းက သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ကိုင်တွယ်လိုက်တာလဲ”

ရှီလဲ့က မျက်လုံးလှန်ပြလိုက်သည်။ သူသည် မုရွှမ်း၏ အကူအညီကို လိုအပ်နေသဖြင့် မုရွှမ်းကို လောလောဆယ် ဘာမှမလုပ်နိုင်သေးသော်လည်း သူ၏ဒေါသကို လီချိုင်ပေါ်တွင် ပုံချလိုက်သည်။

“ရှောင်လီ....မင်း သေချင်နေတာလား.. မင်းသာ သေချင်တယ်ဆိုရင် ငါ မင်းကို တစ်ခါတည်း ပို့ပေးလိုက်မယ်”

လီချိုင်က ရှီလဲ့ နောက်ပြောင်နေသည်ဟု ထင်သဖြင့် ရွဲ့တဲ့တဲ့ ပုံစံဖြင့် “ရှီလဲ့... မင်း သူတို့ကို စိမ်းလန်းသောကန်ရေပြင် ဟိုတယ်ကို ခေါ်သွားမယ်ဆိုရင်တော့ သတိထားဦးနော်”

ရှီလဲ့ တစ်ယောက်တည်းက သူ့ကို စိုက်ကြည့်နေသည်မဟုတ်ပေ။ လင်းယွီမော့နှင့် မုရွှမ်းတို့ပါ သူ့ကို စိုက်ကြည့်နေကြခြင်းဖြစ်သည်။

လင်းယွီမော့ကပင် “ရှီလဲ့... လီချိုင်ကို ဆုံးမလိုက်စမ်းပါ” ဟု ပြောလိုက်သည်။

လီချိုင်၏ မျက်နှာထား ချက်ချင်းပြောင်းလဲသွားပြီး အမြန်ပင် ခွင့်လွှတ်ရန် တောင်းပန်တော့သည်။ “ရှီလဲ့... မရီးတို့... ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် တောင်းပန်ပါတယ်”

All Chapters