← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း - ၆၇

သူတို့ သုံးယောက်အတူတူ အဆောင်သို့ ပြန်လာကြသည်။ ရှီလဲ့အနေဖြင့် အဆောင်တွင် ညအိပ်ရသည်မှာ ရှားပါးလှသော အခြေအနေပင်။

ဧည့်ခန်းတံခါးကို ဖွင့်လိုက်သောအခါ လီချိုင် သည် သူ၏ အဝေးထိန်း ရဟတ်ယာဉ်ကို ပြန်လည်ပြင်ဆင်နေသည်ကို တွေ့ရသည်။ ဧည့်ခန်းတစ်ခုလုံးတွင် ဆီနံ့နှင့် ဓာတ်ဆီနံ့များ နံစော်နေတော့သည်။

ရှီလဲ့ မျက်မှောင်ကြုတ်လိုက်ပြီး “ရေ..ှာ.င်လီ မင်း ဒီကောင်ကို အပြီးသတ်ဖို့ ဘယ်လောက်ကြာဦးမှာလဲ” ဟု မေးလိုက်သည်။

လီချိုင်၏ မျက်နှာတစ်ခုလုံးတွင် ဆီမည်းများ ပေကျံနေပြီး ကျောက်မီးသွေးတွင်း အလုပ်သမားတစ်ဦးနှင့်ပင် တူနေတော့သည်။

“ရှီလဲ့... မင်း ဘာလို့ ပြန်လာတာလဲ” လီချိုင်က အံ့ဩတကြီး ကြည့်လာသည်။ သူက အဆောင်တွင် တစ်ဦးတည်း ကြီးစိုးနေကျဖြစ်သဖြင့် ရှီလဲ့ ရုတ်တရက် ပြန်လာသည်ကို မရည်ရွယ်ဘဲ အံ့ဩသွားခြင်းဖြစ်သည်။

ရှီလဲ့က နှာခေါင်းရှုံ့ပြီး “ဒါ ငါ့အဆောင်ပဲ၊ ငါ ပြန်လာလို့မရဘူးလား” ဟု ပြောလိုက်သည်။

လီချိုင်က ပြုံးစစဖြင့် “ရှီလဲ့... ငါ့သူငယ်ချင်းကြီးရာ၊ ငါက မင်းပြန်လာလို့မရဘူးလို့ ပြောလို့လား.. အခန်းထဲမှာ အနံ့တွေ နံနေလို့ မင်း နေရခက်မှာ စိုးလို့ပါ”

“ဒါဆိုရင် ဒီအရာကြီးကို အပြီးသတ်ဖို့ ဘယ်လောက်လိုသေးလဲ” ရှီလဲ့က ထပ်မေးသည်။

လီချိုင်က စိတ်ထဲမှ အချိန်ကို တွက်ချက်ကြည့်ပြီး “ရှီလဲ့... တစ်ပတ်လောက်တော့ ကြာဦးမယ်” ဟု ဖြေသည်။

ရှီလဲ့က မျက်လုံးလှန်ပြလိုက်ပြီး “လီချိုင်... ပြီးခဲ့တဲ့ အပတ်ကလည်း တစ်ပတ်ပဲ၊ အခုလည်း တစ်ပတ်ပဲလား”

“ရှီလဲ့... ငါ အခု အသစ်ပြန်ဒီဇိုင်းဆွဲထားတာကွ... ပန်ကာကို ပြောင်းလိုက်တော့ အသံပိုတိတ်သွားမယ်... ပြီးတော့ ဆီတိုင်ကီကိုလည်း ပြုပြင်ထားလို့ ဆီပိုဆံ့ပြီး အကြာကြီး ပျံနိုင်တော့မှာ” လီချိုင်က ပန်ကာနှင့် ဆီတိုင်ကီကို ကျွမ်းကျင်သူတစ်ဦးကဲ့သို့ လက်ညှိုးထိုးပြရင်း ရှင်းပြနေသည်။

ရှီလဲ့က လက်ယမ်းပြလိုက်ပြီး “တော်ပါတော့ ၊ မင်းကို ငါ ကြောက်ပါတယ်.. စိတ်ကြိုက်သာ လုပ်တော့ ဒါပေမဲ့ အဲ့ဒါပြီးရင်တော့ ငါ့ကို ပေးဆော့ရမယ်နော်”

လီချိုင်က ဝမ်းသာအားရဖြင့် “စိတ်မပူပါနဲ့၊ မင်းကို အရင်ဆုံး ပေးဆော့မှာပါ” ဟု ကတိပေးသည်။

သူ့အခန်းထဲ ပြန်ရောက်သောအခါ ရှီလဲ့သည် ဒက်စတော့ကွန်ပျူတာကို ဖွင့်လိုက်သည်။ အဆောင်တွင် ဤကွန်ပျူတာတစ်လုံးသာ ကျန်တော့ပြီး လက်တော့ပ်မှာမူ ဂျင်းယာတိုက်ခန်း တွင် ကျန်ခဲ့သည်။

ရှီလဲ့သည် ကျောင်းဖိုရမ်ကို အရင်ဆုံး ဝင်ကြည့်လိုက်သည်။ သူ့ကို နာမည်ဖျက်တိုက်ခိုက်ထားသည့် ပို့စ်များ ရှိနေဆဲဖြစ်သည်။ အကျော်ကြားဆုံး ပို့စ်တစ်ခုမှာ သူက မုရွှမ်းကို ဟိုတယ်သို့ ခေါ်သွားသည်ဟူသော ကောလာဟလပင် ဖြစ်သည်။

ပို့စ်ကို ဖွင့်ကြည့်လိုက်သောအခါ အကြောင်းအရာမှာ တကယ့်အစစ်အမှန်ကဲ့သို့ပင် ရေးသားထားသည်။ ရှီလဲ့နှင့် မုရွှမ်းတို့ ဟိုတယ်တွင် တစ်ခုခု လုပ်ခဲ့ကြသယောင်ပင်။ ထို့အပြင် စာသင်ခန်းတံခါးဝတွင် ရိုက်ထားသည့် ဓာတ်ပုံပေါင်း ဆယ်ပုံကျော် ပါရှိသည်။ အထူးသဖြင့် ရှီလဲ့က မုရွှမ်း၏ လက်ကောက်ဝတ်ကို ဆွဲထားသည့် ပုံမှာ အဓိက အာရုံစိုက်စရာ ဖြစ်နေသည်။

ဤပို့စ်မှာ ကြည့်ရှုသူ တစ်သောင်းကျော်နှင့် မှတ်ချက် တစ်ထောင်ကျော် ရရှိထားသည်။ အားလုံးနီးပါးက ရှီလဲ့ကို ဆဲဆိုနေကြသော်လည်း အနည်းငယ်သော သူများကမူ ရှီလဲ့ကို ကျောင်းအလှပဂေး နှစ်ဦးစလုံး၏ နှလုံးသားကို သိမ်းပိုက်နိုင်သူအဖြစ် အထင်ကြီး လေးစားနေကြသည်။

ရှီလဲ့က ထိုပို့စ်ကို ဂရုမစိုက်ပေ။ သူသည် ဤတစ်ကြိမ်တွင် နည်းပညာတက္ကသိုလ် သူရဲကောင်းများကို အလွတ်ပေးထားလိုက်သည်။ သူတို့နာမည်များကို သုံးပြီး ဘာမှ မလုပ်တော့ပေ။ ရှီလဲ့၏ စိတ်ထဲတွင်လည်း တကယ်ပင် ထိုသို့သော အတွေးများ ရှိနေ၍လားတော့ မသိနိုင်ပေ။

သူသည် အဆောင်၏ IP လိပ်စာကို သုံးပြီး ကင်မရာကုမ္ပဏီများ၏ လျှို့ဝှက်အီးမေးလ်များသို့ ဝင်ရောက်လိုက်သည်။ ရှီလဲ့သည် လိုင်ကာ ကုမ္ပဏီ၏ အီးမေးလ်ကို ကြည့်ပြီး ပြန်ကြားလိုက်သည်။ ဂျာမနီ၏ မူပိုင်ခွင့်မှာ ဆိုနီလက်ထဲတွင် ရှိနေသော်လည်း သူ၏ အပြုံးထောက်လှမ်းရေးနည်းပညာမှာ ဆိုနီထက် ပိုမိုအဆင့်မြင့်ကြောင်း၊ တာ့ရှားသို့ လာရောက်ညှိနှိုင်းလိုခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရန် လိုက်ကာထံ အကြောင်းကြားလိုက်သည်။

ထို့နောက် ပက်ထရီးရော့တ် ကုမ္ပဏီသို့ ဆက်သွယ်သည်။ တာ့ရှား၏ မူပိုင်ခွင့်မှာ ရှီလဲ့လက်ထဲတွင် ရှိနေပြီး ပက်ထရီးရော့တ်မှာ လိုင်ကာလောက် မကြီးမားသဖြင့် ရှီလဲ့က ပိုမိုပြတ်သားသော လေသံဖြင့် ရေးလိုက်သည်။ ပက်ထရီးရော့တ် ကိုယ်စားလှယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ၃ ရက်အတွင်း ရွှမ်ချင်းမြို့ရှိ စိမ်းလန်းသောကန်ရေပြင် ဟိုတယ်သို့ လာရောက်ရန် အကြောင်းကြားလိုက်သည်။

ဗွိုင်စင်၏ ကန်နွန် မှာမူ ဘာမှ ပြန်မလာသေးသော်လည်း ရှီလဲ့ မလောပေ။ အကြောင်းမှာ ကန်နွန်သည် ထိုနည်းပညာကို အသုံးမပြုဘဲ နေမည်မဟုတ်သောကြောင့် ဖြစ်သည်။ ဆိုနီက ဤနည်းပညာကို မိတ်ဆက်တော့မည် ဖြစ်ရာ ကန်နွန်ကလည်း နောက်ကျကျန်နေခဲ့မည် မဟုတ်ပေ။

အီးမေးလ်ကို ပိတ်တော့မည်အဆဲတွင် အီးမေးလ်အသစ်တစ်ခု ဝင်လာသည်။ ၎င်းမှာ ချင်းယွဲ့ထံမှ ဖြစ်သည်။

ယဲ့ဖုန်း နှင့် အဖွဲ့မှာ ဂျပန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း တိုကျိုတွင်သာ ရှိနေကြသေးသည်။ ဒန်ရှောင်လင်း ၏ သွေးကင်ဆာရောဂါမှာ ပိုမိုဆိုးရွားလာသဖြင့် တိုကျိုတက္ကသိုလ်ဆေးရုံတွင် တက်ရောက်ကုသနေရသည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် သတင်းဆိုးတစ်ခုမှာ ဆေးရုံတွင် သူမနှင့် ကိုက်ညီသော ရိုးတွင်းခြင်ဆီ မရှိခြင်းပင် ဖြစ်သည်။ သူမ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရမည်ဖြစ်သည်။ သတင်းကောင်းတစ်ခုမှာ ယဲ့ဖုန်း ခိုးယူခဲ့သည့် ငွေ ၄ သန်းမှာ ဆေးကုသစရိတ်အတွက် လုံလောက်နေခြင်းပင်။

ရှီလဲ့က ယဲ့ဖုန်းထံ အီးမေးလ်ပြန်ကာ လောလောဆယ် တိုကျိုတွင်သာ နေထိုင်ရန်နှင့် ရိုးတွင်းခြင်ဆီ အစားထိုးပြီးပါက ဆပ်ပရိုမြို့သို့ ချင်းယွဲ့တို့နှင့်အတူ ပြန်ရန် ပြောလိုက်သည်။ ထို့နောက် ရှီလဲ့သည် စူပါကွန်ပျူတာ ‘ယန်’ ကို သုံးပြီး လူဝင်မှုကြီးကြပ်ရေးရှိ ယဲ့ဖုန်းတို့၏ မှတ်တမ်းများနှင့် လေယာဉ်လက်မှတ် မှတ်တမ်းများကို ဂရုတစိုက် ဖျက်ဆီးပေးလိုက်သည်။

အရာအားလုံး ပြီးစီးသွားသောအခါ ရှီလဲ့ ရေချိုးပြီး အိပ်စက်လိုက်သည်။

နောက်တစ်နေ့ အောက်တိုဘာ ၁၇ ရက်တွင် ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲ ရွေးချယ်မှုအတွက် ၇ ရက်သာ လိုတော့သည်။ အောက်တိုဘာ ၂၅ ရက်တွင် ပြိုင်ပွဲကို ကျောင်းခန်းမကြီး၌ ကျင်းပမည်ဖြစ်သည်။

နံနက်ပိုင်းတွင် ရှီလဲ့သည် အခန်း ၅၀၂ တံခါးကို သွားခေါက်လိုက်သည်။

“ယွီမော့လေး... မုရွှမ်း... နိုးကြပြီလား” ရှီလဲ့ ဖုန်းကိုကြည့်လိုက်တော့ ၈ နာရီ ကျော်နေပြီဖြစ်သည်။

“ဘယ်သူလဲ” ပျင်းရိပျင်းတွဲ အသံတစ်ခု ထွက်လာသည်။ ၎င်းမှာ လင်းယွီမော့ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ပေ။ ဤအချိန်တွင် မုရွှမ်မှာ ရှီလဲ့ကို ဂရုစိုက်နေမည် မဟုတ်ပေ။

“ယွီမော့... မြန်မြန် တံခါးဖွင့်ပေးပါဦး” ရှီလဲ့ ပြောလိုက်သည်။

အခန်းထဲတွင် လင်းယွီမော့မှာ အိပ်ယာဝင်ဝတ်စုံနှင့် ဖြစ်နေသဖြင့် မျက်နှာလေး နီမြန်းကာ “မဖွင့်ပေးဘူး ရှီလဲ့... ငါ ကောက်ညှင်းလုံးလေးတွေ စားချင်တယ်၊ သွားဝယ်ပေးမလား” ဟု ချွဲလိုက်သည်။

ရှီလဲ့က ရယ်မောပြီး “ယွီမော့လေး စားချင်မှတော့ သွားဝယ်ပေးရမှာပေါ့ အော်... မုရွှမ်းရော ဘာစားမလဲ မေးပေးဦး”

လင်းယွီမော့က မုရွှမ်း၏ အခန်းတံခါးကို သွားခေါက်ကာ “မမမုရွှမ်း... ဘာစားမလဲ..ရှီလဲ့က အပြင်သွားဝယ်ပေးမလို့တဲ့” ဟု မေးသည်။ တကယ်တော့ မုရွှမ်းသည် ရှီလဲ့၏ အသံကျယ်ကြီးကို အခန်းထဲမှ ကြားနေရပြီးသား ဖြစ်သည်။

မုရွှမ်း အပြင်ထွက်လာပြီး “ယွီမော့... ရှီလဲ့ကို ဝမ်တွန်တစ်ပွဲ ဝယ်ခဲ့ခိုင်းလိုက်ပါ” ဟု ပြောသည်။ လင်းယွီမော့က တံခါးကို အသာဟပြီး ရှီလဲ့ကို အော်ပြောလိုက်သည်။

ရှီလဲ့သည် အဆောင်သို့ ပြန်လာပြီး လီချိုင်ကို အိပ်ယာမှ ဆွဲထူလိုက်သည်။

“ရှီလဲ့... ဘာလုပ်တာလဲ.. စောပါသေးတယ်ကွာ၊ ငါ အိပ်ချင်သေးတယ်” လီချိုင်က ညည်းတွားသည်။

ရှီလဲ့က နှာခေါင်းရှုံ့ပြီး “လီလေး... ငါ အဲ့ဒီကောင်မလေး နှစ်ယောက်ကို ဘယ်လို ရအောင်လုပ်လဲဆိုတာ မင်း သိချင်လား”

“ဘာ” လီချိုက် မျက်လုံးပြူးသွားပြီး “ပြောပါဦး ... ငါ့ကိုလည်း သင်ပေးပါဦး၊ ဝမ်မင်က ငါ့ကို အထင်ကြီးသွားအောင်လို့”

“ဒါဆိုရင် ဝမ်မင်ကို ဖုန်းဆက်ပြီး မနက်စာ ဘာစားမလဲ မေးလိုက်..ငါတို့ အပြင်မှာ အတူတူ သွားဝယ်ကြမယ် မင်းက သူလိုချင်တာကိုမှ မသိဘဲနဲ့ ဘယ်လိုလုပ် အောင်မြင်မှာလဲ”

လီချိုင် စိတ်လှုပ်ရှားသွားပြီး ဝမ်မင်ကို ဖုန်းဆက်မေးသည်။ ဝမ်မင်က နွားနို့နှင့် ပေါင်မုန့် ဝယ်ခဲ့ရန် ပြောသည်။

ရှီလဲ့နှင့် လီချိုင်တို့ ကျောင်းနောက်လမ်းရှိ မနက်စာဆိုင်တန်းများသို့ ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် လီချိုင်မှာ ပြုံးဖြဲဖြဲနှင့် ဂုဏ်ယူနေတော့သည်။

ရှီလဲ့သည် ကောက်ညှင်းလုံး၊ ဝမ်တွန် နှင့် ပဲနို့၊ အီကြာကွေးများကို ဝယ်လိုက်သည်။ လီချိုင်ကလည်း ပေါင်မုန့်နှင့် နွားနို့ကို ပေါင်မုန့်ဆိုင်တွင် သွားဝယ်သည်။

ရှီလဲ့ မနက်စာထုပ်များကို ကိုင်ထားစဉ် ဖုန်းမြည်လာသည်။ လီချိုင်ထံမှ ဖြစ်နေသည်။

“လီချိုင်... ဘာဖြစ်လို့လဲ နွားနို့နဲ့ ပေါင်မုန့် မဝယ်ရသေးဘူးလား”

“ရှီလဲ့... ဒီကို မြန်မြန်လာခဲ့ဦး ငါ လျှို့ဝှက်ချက်ကြီးတစ်ခု တွေ့ထားတယ်.. ချန်မင် တစ်ခုခု ကြံစည်နေတာ” လီချိုင်၏ တိုးတိုးလေး ပြောသံ ထွက်လာသည်။

ပေါင်မုန့်ဆိုင်ဘေးရှိ လမ်းကြားလေးတစ်ခုတွင် ချန်မင်သည် လူမိုက်လေးဦးနှင့် စကားပြောနေသည်ကို တွေ့ရသည်။

“အကိုကြီး... စိတ်မပူပါနဲ့... အဲ့ဒီကောင်က မိဘမဲ့ပါ၊ ဘာနောက်ခံမှ မရှိဘူး..အသက်မသေရင် ဘာပြဿနာမှ မရှိဘူး” ချန်မင်က ကောက်ကျစ်သော မျက်နှာထားဖြင့် ပြောနေသည်။

နားကပ်နှင့် လူမိုက်က “ညီလေး... မင်းက ဘယ်လောက် ပေးမှာလဲ” ဟု မေးသည်။

ချန်မင်သည် ရှီလဲ့၏ စော်ကားမှုများနှင့် လင်းယွီမော့က ရှီလဲ့အပေါ် ဆက်ဆံပုံများကို တွေးမိပြီး ဒေါသထွက်လာကာ “အကိုကြီး... သူ့ခြေထောက်တစ်ဖက်ကို အရိုးကြေအောင် ချိုးပေးရင် ငါးသောင်းပေးမယ် လက်တစ်ဖက်ဆိုရင် နောက်ထပ် ငါးသောင်း ထပ်ပေါင်းပေးမယ်” ဟု ပြောလိုက်သည်။

လူမိုက်က လောဘတက်သွားပြီး “ခြေလက် လေးဖက်စလုံးဆိုရင် နှစ်သိန်းလား” ဟု မေးသည်။

ချန်မင်က သွားကြိတ်ပြီး “သူ့ရဲ့ တတိယခြေထောက်ကိုပါ ဖျက်ဆီးပေးမယ်ဆိုရင် သုံးသိန်း ပေးမယ်” ဟု ရက်စက်စွာ ပြောလိုက်သည်။

“ကောင်းပြီ ညီလေးက သဘောကောင်းသားပဲ.. ငါတို့ တစ်ညကျရင် သူ့ကို အပြင်ခေါ်ခဲ့၊ ငါတို့ အပြီးအပြတ် လုပ်ပေးမယ်”

ချန်မင်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ လမ်းကြားအပြင်ဘက်တွင် ရှီလဲ့နှင့် လီချိုင်တို့သည် ပေါင်မုန့်ဆိုင်ထဲတွင် ပုန်းရင်း ချန်မင် ထွက်သွားသည်ကို ကြည့်နေကြသည်။

လီချိုက်၏ မျက်နှာမှာ ဖြူဖျော့နေပြီး “ရှီလဲ့... ငါတို့ ဘာလုပ်ကြမလဲ” ဟု တုန်တုန်ရင်ရင် မေးသည်။

ရှီလဲ့က အေးစက်စွာ ပြုံးလိုက်ပြီး “ဘာလုပ်ရမှာလဲ.. ဒီလို အကောင်ပေါက်လေးတွေက ငါ့ကို ယှဉ်နိုင်မယ် ထင်လို့လား”

တကယ်တော့ ရှီလဲ့ သေချာမြင်လိုက်ရသည်မှာ ချန်မင် ရှာထားသည့် လူမိုက်များမှာ နားကပ်နှင့် အဖွဲ့ဖြစ်နေခြင်းပင်။ ပြီးခဲ့သည့်အကြိမ်က ရှီလဲ့နှင့် လင်းယွီမော့ ထမင်းစားထွက်စဉ်က တွေ့ခဲ့သည့် ကျားကြီး၏ တပည့်များ ဖြစ်သည်။ သူတို့က ရှီလဲ့ကို အလွန်ကြောက်ကြသည် မဟုတ်ပါလား။

ချန်မင်သည် တကယ့်ကို ကံဆိုးသည့်ကောင်ပင်။ သူ ရှာထားသည့် လူမိုက်များက ရှီလဲ့ကို တုန်နေအောင် ကြောက်ရသည်ကိုသာ သူသိလျှင် ငိုယိုပြီး အမေဆီ ပြေးသွားလိမ့်မည်မှာ သေချာသည်။

အခန်း - ၆၈

အေးချမ်းသည့် နေ့ရက်များသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ အောက်တိုဘာ ၁၉ ရက်တွင် ပက်ထရီရော့တ်ကော်ပိုရေးရှင်းသည် ရွှမ်းဟူခရိုင်ရှိ စိမ်းလန်းသောကန်ရေပြင် ဟိုတယ်သို့ ရောက်ရှိလာပြီး ရှီလဲ့ကို ကနဦးတွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သည်။

ရှီလဲ့က ချက်ချင်း သဘောမတူခဲ့ပေ။ ထိုအစား အောက်တိုဘာ ၂၀ ရက်မှသာ ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း ပက်ထရီးရော့တ်ထံ အကြောင်းကြားလိုက်သည်။ ထိုနေ့တွင် မုရွှမ်း၌ အဓိကဘာသာရပ်အတန်း ရှိနေသဖြင့် သူမက အတန်းပျက်ခံမည် မဟုတ်သောကြောင့် ဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်က လိုင်ကာ ကော်ပိုရေးရှင်းထံမှလည်း ရှီလဲ့နှင့် တွေ့ဆုံရန် စီးပွားရေးညှိနှိုင်းသူတစ်ဦးကို ရွှမ်ချင်းမြို့သို့ စေလွှတ်မည်ဖြစ်ကြောင်း စာတစ်စောင် ပေးပို့လာခဲ့သည်။ သို့သော် လိုင်ကာကုမ္ပဏီသည် ဤကိစ္စအပေါ် အလွန်အမင်း စိတ်ဝင်စားပုံ မပြခဲ့ပေ။

စည်းကမ်းကြီးလှသည့် ဂျာမနီလူမျိုးများသည် မူပိုင်ခွင့်ကိစ္စရပ်များကို အလွန်အလေးထားကြသည်။ အပြုံးထောက်လှမ်းရေးနည်းပညာ၏ ဂျာမနီမူပိုင်ခွင့်မှာ ရှီလဲ့လက်ထဲတွင် မရှိသောကြောင့် လိုင်ကာအနေဖြင့် သိပ်ပြီး စိတ်အားထက်သန်ခြင်း မရှိခြင်းဖြစ်သည်။

နောက်တစ်နေ့ နံနက် ၈ နာရီခွဲတွင် ရှီလဲ့ နိုးကာ မျက်နှာသစ်ပြီးချိန်၌ ဖုန်းတစ်ကောဝင်လာသည်။ စိမ်းနေသော ဖုန်းနံပါတ်ကို ကြည့်ပြီး ရှီလဲ့က တုံ့ဆိုင်းမနေဘဲ ကိုင်လိုက်သည်။

တည်ကြည်လေးနက်သော အင်္ဂလိပ်စကားသံတစ်ခု ထွက်လာသည်။ “ဟယ်လို... မစ္စတာရှီလားခင်ဗျာ”

ရှီလဲ့က ဖုန်းကို ဘယ်လက်ဖြင့်ကိုင်ကာ အင်္ဂလိပ်လို ပြန်ဖြေလိုက်သည်။ “ကျွန်တော် ရှီလဲ့ပါ။ ဘယ်သူပါလဲခင်ဗျာ”

“ဟယ်လို မစ္စတာရှီ.. ကျွန်တော်က လိုင်ကာကုမ္ပဏီရဲ့ ကိုယ်စားလှယ် လူဝစ်ဝီလျံအာဟတ် ပါ.. ကျွန်တော့်ကို လူဝစ် ဒါမှမဟုတ် ဝီလျံလို့ပဲ ခေါ်နိုင်ပါတယ်.. ကျွန်တော်တို့ ရွှမ်းဟူခရိုင်က စိမ်းလန်းသောကန်ရေပြင် ဟိုတယ်ကို ရောက်နေပါပြီ..မစ္စတာရှီ... ဘယ်အချိန်လောက် လာခဲ့နိုင်မလဲ.. အပြုံးထောက်လှမ်းရေးပရိုဂရမ်နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးချင်လို့ပါ”

ရှီလဲ့သည် ရှည်လျားလှသော ထိုနာမည်စာရင်းကို နားထောင်ရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ နိုင်ငံခြားသားတွေရဲ့ နာမည်တွေက တကယ်ကို ရှည်ပြီး မှတ်ရခက်လှသည်။

“မစ္စတာဝီလျံ... ကျွန်တော် ဒီနေ့ပဲ လာခဲ့ပါ့မယ်” ရှီလဲ့သည် ဂျာမနီလူမျိုးတို့၏ စရိုက်ကို သိသည်။ သူတို့သည် လက်တွေ့လုပ်ဆောင်မှုကို ဦးစားပေးသူများ ဖြစ်သည်။ အကယ်၍ သူသာ ပက်ထရီးရော့တ်ကုမ္ပဏီကို လုပ်သလိုမျိုး လျစ်လျူရှုထားလိုက်ပါက လိုင်ကာကိုယ်စားလှယ်မှာ ချက်ချင်း ပြန်သွားနိုင်ပေသည်။

ဝီလျံက ဖုန်းထဲမှ ပြန်ပြောသည်။ “ကောင်းပါပြီ မစ္စတာရှီ.. ဒါဆိုရင် မနက် ၁၀ နာရီမှာ စိမ်းလန်းသောကန်ရေပြင် ဟိုတယ်မှာ တွေ့ကြရအောင် ဘယ်လိုလဲ”

ရှီလဲ့ ခဏစဉ်းစားပြီး သဘောတူလိုက်သည်။ မုရွှမ်းသည် ယနေ့ အတန်းမရှိသဖြင့် သူမက ညှိနှိုင်းမှုတွင် ကူညီပေးနိုင်ပေလိမ့်မည်။

ဖုန်းချပြီးနောက် ရှီလဲ့သည် အခန်း ၅၀၂ သို့ ချက်ချင်းသွားကာ တံခါးခေါက်လိုက်သည်။

“ယွီမော့လေး... မုရွှမ်း... တံခါးဖွင့်ဦး!”

“မဖွင့်ဘူး” လင်ယွီမော့၏ အသံထွက်လာသည်။ “ရှီလဲ့... ငါတို့ အိပ်ယာဝင်ဝတ်စုံနဲ့ပဲ ရှိသေးတာ.. နင်လို လူညစ်ကြီး ဝင်လာဖို့ စိတ်တောင်မကူးနဲ့”

ရှီလဲ့က လူယုတ်မာတစ်ယောက်လို ပြုံးလိုက်ပြီး “မဖွင့်ချင်ရင်လည်း နေပေါ့ မြန်မြန် အင်္ကျီလဲကြ... ငါတို့ အပြင်မှာ မနက်စာစားပြီး စိမ်းလန်းသောကန်ရေပြင်ဟိုတယ်ကို ဆက်သွားရမယ်”

နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရှီလဲ့သည် အလှလေးနှစ်ဦးနှင့်အတူ ဟိုတယ်သို့ ရောက်ရှိလာပြီး လိုင်ကာကိုယ်စားလှယ်နှင့် ဧည့်ခန်းတွင် တွေ့ဆုံခဲ့သည်။ လိုင်ကာဘက်မှ လူနှစ်ဦးသာ လာသည်။ တစ်ဦးမှာ ရှီလဲ့ကို ဖုန်းဆက်သည့် လူဝစ်ဝီလျံ ဖြစ်ပြီး နောက်တစ်ဦးမှာ လိုင်ကာ၏ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ ကွန်ရက်ကိုးလ် ဖြစ်သည်။ ဝီလျံမှာ ဆော့ဖ်ဝဲလ်ဌာန၏ ဒုတိယအကြီးအကဲ ဖြစ်သည်။

ဝီလျံသည် ကိုဒက်ခ်ကုမ္ပဏီကဲ့သို့ ထမင်းစားပွဲတွင် ဆွေးနွေးခြင်းမျိုး မဟုတ်ဘဲ ဟိုတယ်ရှိ အစည်းအဝေးခန်းငယ်တစ်ခုကို ငှားရမ်းထားသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ဂျာမနီလူမျိုးများသည် အမေရိကန်လူမျိုးများနှင့် စရိုက်ကွာခြားကြောင်း သိနိုင်သည်။

အစည်းအဝေးခန်းထဲတွင် မိတ်ဆက်မှုများ ပြီးဆုံးပြီးနောက် ဝီလျံက တိုက်ရိုက်ပင် အကြောင်းအရာထဲသို့ ဝင်လိုက်သည်။ “မစ္စတာရှီ... အပြုံးထောက်လှမ်းရေးပရိုဂရမ် ပါလာသလား”

ယခုတစ်ကြိမ်တွင် ရှီလဲ့သည် သူ၏ ကိုယ်ပိုင်လက်တော့ပ်နှင့် ကြည်လင်ပြတ်သားသော (HD) ကင်မရာတစ်လုံးကို ယူလာခဲ့သည်။ သူက လက်တော့ပ်ကို ဖွင့်ကာ ကွန်ရက်ထံ ပေးလိုက်သည်။ ဤကိစ္စတွင် ကွန်ရက်ကသာ ပရိုဂရမ်ကို စစ်ဆေးမည့် ကျွမ်းကျင်သူဖြစ်ပြီး ဝီလျံမှာ စီမံခန့်ခွဲသူသာ ဖြစ်သည်။

ကွန်ရက်သည် ရှီလဲ့၏ ညွှန်ကြားချက်ကိုပင် မစောင့်ဘဲ လက်တော့ပ်ပေါ်တွင် ပရိုဂရမ်ကို စတင်စမ်းသပ်တော့သည်။ သူက သူ့ကိုယ်သူ မော်ဒယ်လ်လုပ်ကာ ဓာတ်ပုံအချို့ ရိုက်ကြည့်သည်။ ထို့နောက် ဝီလျံကို ရိုက်ခြင်း၊ အစည်းအဝေးခန်းနှင့် အတွင်းပိုင်း မြင်ကွင်းအမျိုးမျိုးကို ရိုက်ကူးခြင်းများ ပြုလုပ်သည်။

ကွန်ရက်က စမ်းသပ်နေစဉ် ဝီလျံနှင့် ရှီလဲ့တို့သည် ဂျာမနီနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအကြောင်း စကားစမြည် ပြောဖြစ်ကြသည်။

ရှီလဲ့က မြူးနစ် ဘီယာပွဲတော်မှသည် ဘရီမင် ပွဲတော်အထိ၊ ဂျာမနီ၏ ဓလေ့အမျိုးမျိုးကို ဝီလျံနှင့် အမြူးတကြွ ပြောဆိုနေပုံမှာ သူသည် ဂျာမနီတွင် အချိန်အတော်ကြာ နေထိုင်ဖူးသူတစ်ဦးကဲ့သို့ပင် ထင်မှတ်ရသည်။

ဝီလျံသည် ရှီလဲ့က သူတို့နိုင်ငံအကြောင်း ထဲထဲဝင်ဝင် သိနေသဖြင့် အလွန်ဝမ်းသာသွားပြီး နှစ်ဦးသား ရင်းနှီးသွားကြသည်။

“ရှီလဲ့... ဒီနှစ် မြူးနစ်ဘီယာပွဲတော်ကို လာခဲ့ဖို့ ငါ ဖိတ်ခေါ်ပါတယ်” စကားဝိုင်းမှာ ပိုမိုနွေးထွေးလာပြီး ခေါ်ဝေါ်ပုံများပင် ပြောင်းလဲသွားသည်။

ရှီလဲ့က ရယ်မောလိုက်ပြီး “ကောင်းတာပေါ့ ဝီလျံ ဒီနှစ် မြူးနစ်ဘီယာပွဲတော်မှာ ငါ ဘီယာဘုရင် ဖြစ်အောင် လုပ်ပြမယ်”

ဝီလျံက အံ့ဩစွာ ကြည့်လာသည်။ “သူငယ်ချင်း... မင်းက အဲ့လောက်တောင် သောက်နိုင်တာလား”

ရှီလဲ့က ကြွားလုံးထုတ်လိုက်သည်။ “ဘီယာသောက်တဲ့နေရာမှာတော့ ငါ ကြွားတာမဟုတ်ဘူး၊ ငါ တစ်ခါမှ မူးဖူးတာ မရှိဘူး” ၎င်းမှာ ရှီလဲ့ လိမ်ပြောနေခြင်း မဟုတ်ပေ၊ အမှန်မှာ သူသည် ဘီယာကို သိပ်မသောက်ဘဲ အုန်းနို့ကိုသာ အသောက်များခြင်းကြောင့် ဖြစ်သည်။

“ဝါး” ဝီလျံက အထင်ကြီးလေးစားစွာ ကြည့်ရင်း “ရှီလဲ့... ငါ မင်းကို သေချာပေါက် ဖိတ်မယ်.. ငါတို့ လိုင်ကာကုမ္ပဏီက အဲ့ဒီပွဲတော်ရဲ့ စပွန်ဆာတွေထဲက တစ်ခုပဲ... စီစဉ်သူတွေဆီကနေ မင်းအတွက် ဖိတ်စာ ပို့ခိုင်းလိုက်မယ်”

ရှီလဲ့က မျက်နှာမပျက်ဘဲ ဆက်ကြွားနေသည်။ “ပြဿနာမရှိပါဘူး ဘီယာဘုရင်ဆိုတာ ငါ့အတွက်တော့ အေးဆေးပါ”

သူတို့နှစ်ဦး တစ်နာရီနီးပါး စကားပြောပြီးချိန်တွင် နည်းပညာရှင် ကွန်ရက်က စမ်းသပ်မှုများ ပြီးဆုံးသွားကာ လက်တော့ပ်ကို ရှီလဲ့ထံ ပြန်ပေးလိုက်သည်။

“မစ္စတာကွန်ရက်... ပရိုဂရမ်ရဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုလဲ” ဟု ရှီလဲ့က ပြုံးပြီး မေးလိုက်သည်။

ကွန်ရက်၏ မျက်နှာမှာ တည်ကြည်သွားသည်။ “တကယ့်ကို ထူးချွန်တဲ့ လက်ရာပဲ ငါတို့ လိုင်ကာကုမ္ပဏီက ဒီလို ထူးခြားတဲ့ ဆော့ဖ်ဝဲလ်မျိုးကို လိုအပ်နေတာပါ”

ဂျာမနီလူမျိုးများသည် အလုပ်အပေါ် အလေးထားပြီး ပွင့်လင်းသူများ ဖြစ်သည်။ သူတို့ လိုအပ်သည်ဆိုလျှင် လိုအပ်သည်ဟုသာ ပြောလေ့ရှိပြီး မလိုအပ်သယောင် ဟန်ဆောင်ခြင်းမျိုး မရှိပေ။

ဝီလျံက ပြုံးရာမှ တည်ကြည်သွားကာ “ရှီလဲ့... ငါတို့က သူငယ်ချင်းတွေ ဖြစ်ပေမဲ့ ဒါက ကုမ္ပဏီရဲ့ အကျိုးစီးပွားနဲ့ ဆိုင်တဲ့အတွက် ငါ့အလုပ်ကိုတော့ ငါ အသေအချာ လုပ်ရလိမ့်မယ်”

ရှီလဲ့ ခေါင်းညိတ်လိုက်သည်။ “ဒါက အကောင်းဆုံးပေါ့ ဝီလျံ... မင်း မုရွှမ်းနဲ့ ဆွေးနွေးနိုင်ပါပြီ.. သူက ငါ့ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ပဲ”

မုရွှမ်းက တည်ကြည်သော မျက်နှာထားဖြင့် “မစ္စတာလူဝစ်... တွေ့ရတာ ဝမ်းသာပါတယ်” ဟု ပြောလိုက်သည်။

ဝီလျံက ပြန်နှုတ်ဆက်ပြီး “မစ္စမု... အပြုံးထောက်လှမ်းရေးပရိုဂရမ်အတွက် ဘယ်လောက် လိုချင်သလဲ”

“အမေရိကန်ဒေါ်လာ ၂ သန်း” မုရွှမ်းက သူမ၏ ဖြူဝင်းသော လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်ပြီး ကိန်းဂဏန်းတစ်ခုကို ပြောချလိုက်သည်။

“မဖြစ်နိုင်ဘူး” ဝီလျံက ချက်ချင်း ခေါင်းခါကာ ငြင်းလိုက်သည်။ “ဒီပရိုဂရမ်က ကောင်းပေမဲ့ ဂျာမနီရဲ့ မူပိုင်ခွင့်က ဆိုနီလက်ထဲမှာ ရှိနေတာ.. ရှင်တို့က ဆော့ဖ်ဝဲလ်ကုဒ် ကို ရောင်းပေးရင်တောင် ဆိုနီက ငါတို့ကို ပြဿနာရှာလိမ့်မယ် ဒီကုဒ်က ဒေါ်လာ ၂ သန်း မတန်ပါဘူး..ငါတို့ဘက်က ဒေါ်လာ ၃ သိန်းပဲ ပေးနိုင်မယ်၊ အဲ့ဒါက တာ့ရှားငွေ ၂.၄ သန်းနဲ့ ညီမျှတယ်”

မုရွှမ်းက တိုးတိုးလေး ပြောလိုက်သည်။ “မစ္စတာလူဝစ်... ရှင် နောက်နေတာလား ဒစ်ဂျစ်တယ်ကင်မရာလောကကို ပြောင်းလဲပေးနိုင်မယ့် ဆော့ဖ်ဝဲလ်ကို ဒေါ်လာ ၃ သိန်းနဲ့ ဝယ်မယ်ဆိုတာ နည်းနည်းတော့ ရယ်စရာမကောင်းဘူးလား”

လိုင်ကာ၏ အတွင်းပိုင်း စစ်ဆေးမှုဌာနက ဤပရိုဂရမ်၏ တန်ဖိုးကို တွက်ချက်ထားပြီးသား ဖြစ်သည်။ ဆိုနီတွင် မူပိုင်ခွင့်ရှိသော်လည်း ရှီလဲ့၏ ဆော့ဖ်ဝဲလ်က ပိုမိုအဆင့်မြင့်လှသည်။ လိုင်ကာအနေဖြင့် ဆိုနီကို တရားရင်ဆိုင်ရင်းဖြစ်စေ၊ အသစ်တီထွင်မှုများဖြင့် မူပိုင်ခွင့်အသစ် လျှောက်ရင်းဖြစ်စေ အသုံးချနိုင်သဖြင့် စိတ်ဝင်စားမှုတော့ ရှိနေဆဲဖြစ်သည်။

“၃ သိန်း ၅ သောင်း” ဝီလျံ ဈေးတိုးပေးလိုက်သည်။ “ဘယ်လောက်ပဲ ကောင်းကောင်း မူပိုင်ခွင့်က ဆိုနီလက်ထဲမှာ ရှိနေတာပဲ”

မုရွှမ်းက လျှော့မပေးပေ။ “မစ္စတာလူဝစ်... ရှင် မှားနေတာတစ်ခု ပြင်ပေးပါရစေ.. မူပိုင်ခွင့်က ဆိုနီလက်ထဲမှာ အားလုံးရှိနေတာ မဟုတ်ပါဘူး..အနည်းဆုံးတော့ ရှနိုင်ငံရဲ့ မူပိုင်ခွင့်က ကျွန်မတို့လက်ထဲမှာ ရှိတယ်... တာ့ရှားရဲ့ ဈေးကွက်က ပိုကျယ်ပြန့်လာပြီး ဝယ်ယူနိုင်စွမ်းလည်း မြင့်တက်လာနေတယ်.. လိုင်ကာကင်မရာတွေ တာ့ရှားမှာ ဘယ်လောက် ရောင်းနေရသလဲဆိုတာ ရှင်တို့ သိမှာပါ”

ဝီလျံက “မစ္စမု... မင်းက ဆော့ဖ်ဝဲလ်ရော တာ့ရှားရဲ့ မူပိုင်ခွင့်ပါ တွဲရောင်းမှာလား.. ဒါဆိုရင်တော့ လိုက်ကာက ဈေးတိုးပေးမှာပါ” ဟု မေးသည်။

မုရွှမ်းက ခေါင်းခါလိုက်သည်။ “မူပိုင်ခွင့်ကိုတော့ ကျွန်မတို့ပဲ ဆက်သိမ်းထားမှာပါ”

“မစ္စမု... မင်းက ဆော့ဖ်ဝဲလ်ကုဒ် တစ်ခုတည်းပဲ ရောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေါ်လာ ၃ သိန်း ၅ သောင်းထက် ပိုမပေးနိုင်ဘူး” ဝီလျံက အနည်းငယ် စိတ်ပျက်သွားသည်။ တာ့ရှားဈေးကွက်က မုရွှမ်း ပြောသလိုပင် အရှိန်အဟုန်နှင့် တိုးတက်နေသည်။ အကယ်၍ လိုင်ကာက ရှမန်မူပိုင်ခွင့်ကိုသာ ရခဲ့လျှင် သူတို့၏ တာ့ရှားရောင်းအားအတွက် အလွန် အထောက်အကူ ဖြစ်ပေလိမ့်မည်။

မုရွှမ်းက သူမ၏ ဆံပင်ကို နားနောက်သို့ သပ်လိုက်ရင်း “လိုင်ကာအနေနဲ့ အပြုံးထောက်လှမ်းရေးပရိုဂရမ်ကို တာ့ရှားမှာ ရောင်းချခွင့်ကိုတော့ ကျွန်မတို့က အလကား ပေးသွားမှာပါ၊ မူပိုင်ခွင့်အတွက် ပေးစရာ မလိုပါဘူး”

ဝီလျံ ခဏစဉ်းစားပြီး ဈေးထပ်တိုးလိုက်သည်။ “ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ၃ သိန်း ၇ သောင်း ၅ ထောင် ပေးနိုင်ပါတယ်... အဲ့ဒါက တာ့ရှားငွေ ၃ သန်းနဲ့ ညီမျှတယ်...ဆော့ဖ်ဝဲလ်ကုဒ်ရော တာ့ရှားမှာ သုံးစွဲခွင့်လိုင်စင်ရော အပြီးပေါ့”

“မစ္စတာလူဝစ်... ရှင့်ဈေးက နည်းလွန်းပါတယ်...ဒီပရိုဂရမ်ရဲ့ တန်ဖိုးနဲ့ မကိုက်ညီဘူး..ကုဒ်နဲ့ လိုင်စင်အတွက် စုစုပေါင်း ဒေါ်လာ ၁ သန်း ဖြစ်ရမယ်” ဟု မုရွှမ်းက အေးစက်စွာ ပြောလိုက်သည်။

ဝီလျံ ဈေးထပ်ဆစ်ရန် ပြင်လိုက်စဉ်မှာပင် မုရွှမ်းက မတ်တပ်ရပ်လိုက်ပြီး စကားဖြတ်လိုက်သည်။ “မစ္စတာလူဝစ်... လောလောဆယ် ညှိနှိုင်းမှုကို ရပ်ထားရအောင်...ကျွန်မတို့ အမေရိကန်က ကိုဒက်ခ်ကုမ္ပဏီနဲ့ ဒေသတွင်းက ပက်ထရီးရော့တ်ကုမ္ပဏီတို့နဲ့လည်း တွေ့ဖို့ ရှိနေပါတယ်...နောင်တစ်ချိန်မှာ အတူတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”

ရှီလဲ့ကလည်း ထရပ်လိုက်ပြီး “ဝီလျံ... ထပ်ပြီး စဉ်းစားကြည့်ပါဦး... ဒေါ်လာ ၁ သန်းဆိုတာ တကယ်မများပါဘူး” ဟု နှမြောသယောင် ပြောလိုက်သည်။

ဝီလျံက တည်ကြည်စွာ ခေါင်းညိတ်ပြသည်။ “ငါ ဒါကို ကုမ္ပဏီဆီ အစီရင်ခံပြီး စီမံခန့်ခွဲရေးအဖွဲ့ကို နားချကြည့်ပါ့မယ်”

သူက ရှီလဲ့တို့ကို အစည်းအဝေးခန်းအပြင်ဘက်အထိ လိုက်ပို့ပေးသည်။ ထိုစဉ် ရှီလဲ့၏ ဖုန်းမြည်လာသည်။ ဖုန်းကို ကိုင်လိုက်သောအခါ တာ့ရှားစကားသံ အားရပါးရတစ်ခု ထွက်လာသည်။

“ဟယ်လို ညီလေး ရှီလဲ့လား.. ငါ ပက်ထရီးရော့တ်ကုမ္ပဏီက အဘိုးကြီး ကျုံး ပါ.. ဒီနေ့ အားလား.. စိမ်းလန်းသောကန်ရေပြင် ဟိုတယ်မှာပဲ တွေ့ပြီး ထမင်းအတူတူ စားရအောင်လေ၊ ဘယ်လိုလဲ” ထိုသူ၏ အမည်အပြည့်အစုံမှာ ကျုံးမူယွမ် ဖြစ်သည်။ သူသည် ပက်ထရီးရော့တ်၏ ဒုတိယအထွေထွေမန်နေဂျာဖြစ်ပြီး ကုမ္ပဏီရှယ်ယာ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

မနေ့က ရှီလဲ့က သူ့ကို လျစ်လျူရှုထားခဲ့သော်လည်း သူသည် စိတ်ဆိုးခြင်းမရှိဘဲ ယဉ်ကျေးစွာ ဆက်ဆံနေခြင်းဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် သူသည် တကယ့်ကို သဘောကောင်းသူ သို့မဟုတ် သည်းခံနိုင်စွမ်း အလွန်မြင့်မားသူတစ်ဦး ဖြစ်ကြောင်း သိနိုင်သည်။

ရှီလဲ့သည် ဝီလျံကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။ “အကိုကြီးကျုံး... ကျွန်တော် စိမ်းလန်းသောကန်ရေပြင် ဟိုတယ်ကို ရောက်နေပြီ..ခင်ဗျား ဘယ်မှာလဲ..”

ကျုံးမူယွမ်၏ အသံမှာ အံ့ဩဝမ်းသာသွားပုံရသည်။ “ညီလေးက ဟိုတယ်ကို ရောက်နေပြီလား.. ငါ အခုပဲ ထွက်ကြိုပါ့မယ်.. ခဏစောင့်၊ ခဏစောင့်”

All Chapters