← Chapters

အခန်း (၉၆၀-၉၆၁)

Vol. 55 Ch. 960-961

အခန်း (၉၆၀-၉၆၁)

Vol. 55 Ch. 960-961

Chapter 960

ကျွန်းကို ဝိုင်းရံခံရခြင်း ၂

ဘန်း၊၊

တိကျသော ပစ်ခတ်မှုတစ်ခုနှင့်အတူ ချီလီ၏ မျက်လုံးများမှာ ဓားကဲ့သို့ ထက်ရှနေသည်၊၊

“လော့ယန်၊၊ ကိုးနာရီမှာ”

“လက်ခံရရှိပါပြီ”

ခေါင်မိုးတစ်ခု၏ ထောင့်တွင် ထိုင်နေသော လော့ယန်မှာ ယန္တရားထိန်းချုပ်မျက်မှန်ကို ဝတ်ဆင်ထားပြီး တိုက်ပွဲဝင်စက်ရုပ်လေးရုပ်ကို တစ်ပြိုင်နက် ထိန်းချုပ်ကာ အောက်ဘက်လမ်းမရှိ မြင့်မြတ်မြို့တော် စစ်သားများနှင့် တိုက်ခိုက်နေသည်၊၊ ကျည်ဆန်များနှင့် လျှပ်စစ်လှိုင်းများမှာ သူ၏ သံချပ်ကာ စက်ရုပ်ပေါ်သို့ ကျရောက်နေသော်လည်း ဝတ်စုံမှာ ပေါက်ပြဲသွားရုံမှအပ ထိခိုက်မှု သိပ်မရှိလှပေ၊၊ သူသည် လူအချို့ကို အလဲသိပ်ကာ အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်ပြီး အထဲရှိ လူတစ်စုနှင့် ဆက်လက်တိုက်ခိုက်နေသည်၊၊

“တော်တော်များများက ထူးဆန်းတဲ့ သတ္တဝါတွေအဖြစ် သန္ဓေပြောင်းကုန်ကြပြီ၊၊ သူတို့ကိုယ်တိုင်လည်း တိုက်ခိုက်ခံနေရတာပဲ၊၊ ဒီလောက်ကြီးမားတဲ့ သတ္တဝါကြီးကို နှိုးဆွမိလိမ့်မယ်လို့ သူတို့လည်း မထင်ထားပုံရဘူး” လော့ယန်က မှတ်ချက်ပေးသည်၊၊

ရှုချင်းသည် အပျက်အစီးများကြားတွင် လှုပ်ရှားနေပြီး သူမ၏ Shotgunသေနတ်ဖြင့် အနီးရှိ ရန်သူ၏ ဦးခေါင်းကို ပစ်ခတ်လိုက်သည်၊၊ တစ်ချိန်တည်းမှာပင် စွမ်းအားဝတ်စုံကို အသုံးပြုကာ လူတစ်ယောက်ကို နံရံထဲ ရောက်သွားအောင် ကန်ထုတ်လိုက်သည်၊၊ သူမက နားကြပ်ကို ဖိကာ ပြောလိုက်သည်၊၊

“ကပ္ပတိန်လင်းဆီက အဆက်သွယ်ရပြီ၊၊ မြန်မြန်လှုပ်ရှားကြမယ်”

“ကောင်းပြီ”

ဝှစ် ဝှစ်၊၊

လေထဲတွင် ဓားတစ်လက်က ဖြတ်သန်းသွားပြီးနောက် လုချန်က အမြင့်တစ်နေရာမှ ခုန်ဆင်းလာကာ တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“အစ်မရှုချင်း၊၊ ဟိုအစွမ်းထက်တဲ့လူက သန္ဓေပြောင်းသွားပုံရတယ်၊၊ သတိထားဦး”

ဘုန်း၊၊

နန်ကျင်းသည် ကောင်းကင်မှ ဆင်းသက်လာပြီး အနီရောင်အရိုးစုတစ်ကောင်ကို မြေကြီးထဲ ကျွံဝင်သွားအောင် ထိုးချလိုက်သည်၊၊ ပြင်းထန်သော တုန်ခါမှုကြောင့် အနီးရှိ လမ်းဘေးမှ မှန်ချပ်များအားလုံး ကွဲကြေကုန်သည်၊၊

“စိတ်ဝိညာဉ်လှိုင်းတန်ဖိုး မြင့်တဲ့ လူတစ်ယောက် ချဉ်းကပ်လာနေပြီ”

အားဖေးက လေယာဉ်တစ်စင်းကို လေဆာဖြင့် ပစ်ချလိုက်ပြီးနောက် အကာအကွယ်နောက်သို့ ဆုတ်ခွာကာ သတင်းပို့သည်၊၊

“သုံး... သုံးရာမီတာ အကွာမှာ... တစ်ယောက်ယောက် ရှိနေတယ်...”

“သတိထား”

စကားမဆုံးမီမှာပင် အားဖေး၏ ဦးခေါင်းပေါ်မှ သံကြိုးနှစ်ချောင်း ပျံသန်းလာသည်၊၊ ရှောင်ချင်း၏ စွမ်းအားဝတ်စုံမှ တွန်းအားပေးစနစ်က အသံထက်မြန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်သွားပြီး အားဖေးကို ဆွဲခေါ်သွားသည်၊၊ နောက်တစ်ခဏတွင် သူတို့ရှိနေသည့် အဆောက်အအုံခေါင်မိုးမှာ တစ်စစီပျက်စီးသွားတော့သည်၊၊ ထွားကြိုင်သော လူလတ်ပိုင်းအမျိုးသားတစ်ဦးက ကြီးမားသော ယန္တရားလက်တံကြီးများကို အသုံးပြုကာ လေထဲတွင် လျင်မြန်စွာ လျှောက်လှမ်းလာသည်၊၊ သူသည် မည်သည့် ဝတ်စုံမှ ဝတ်ဆင်မထားသော်လည်း သူ၏ လက်သီးချက်က ပြင်းထန်သော အပူစွမ်းအင်များကို ထုတ်လွှတ်နေသည်၊၊ ခေါင်မိုး ပျက်စီးသွားသည်နှင့်အတူ အငွေ့များလည်း အလုံးအရင်းထွက်ပေါ်လာသည်၊၊

“သလင်းကျောက်ဆင့်ကဲ့ပြောင်းလဲမှုမရှိဘဲနဲ့တောင် မြန်မြန်ပြေးနိုင်သားပဲ… မဆိုးဘူး”

ထိုလူလတ်ပိုင်း အမျိုးသား၏ အကြည့်မှာ အေးစက်နေသည်၊၊ မည်သည့် တွန်းအားပေးစက်မှ မပါဘဲ လေထဲတွင် အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ ဆုတ်ခွာနေသော ရှောင်ချင်းနှင့် အားဖေးထံသို့ ပျံထွက်သွားသည်၊၊

ရှောင်ချင်းက အားဖေးကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ဓားကို ဆွဲကာ ရင်ဆိုင်လိုက်သည်၊၊ လေထဲတွင် အားဖေးက ရှောင်တိမ်းရင်း လေဆာဖြင့် ကူညီပစ်ခတ်ပေးသည်၊၊ ယန္တရားလက်တံနှင့် လူက ပြင်းထန်သော အပူငွေ့များကို ထုတ်လွှတ်လိုက်ရာ အားဖေး၏ လေဆာက အခိုးအငွေ့များကြားတွင် လမ်းကြောင်းလွဲသွားသည်၊၊ နောက်တစ်စက္ကန့်တွင် ထိုလူက ရှေ့သို့ ထိုးနှက်လိုက်ရာ ရှောင်ချင်း၏ သေနတ်ဓားနှင့် တိုက်ရိုက်ထိတွေ့သွားသည်၊၊

ချွမ်၊၊

ရှောင်ချင်းက သူမ၏ ဓားဖြင့် ခုခံလိုက်သည်၊၊ စွမ်းအားဝတ်စုံ၏ တွန်းကန်အားစက်က လေထဲတွင် အရှိန်လျှော့ရန် ကူညီပေးပြီးနောက် သူမသည် ချိတ်ကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်၊၊

ယန္တရားလက်တံနှင့်လူက သူမ၏ လှုပ်ရှားမှုကို မြင်သောအခါ လှောင်ပြုံးပြုံးလိုက်သည်၊၊

“အပေါ်ယံတွေပါပဲ”

ပြောပြီးနောက် သူ၏ လက်သီးမှ စွမ်းအားလှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး အဖြူရောင်အပူငွေ့များက ရှောင်ချင်းကို လုံးဝ ဖုံးလွှမ်းသွားရာ သူမ လှုပ်ရှားရန် နေရာမရှိတော့ပေ၊၊

ဝုန်း၊၊

ထိုသူက ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အကျပ်တွေ့နေသည်ဟု ထင်ရသော ရှောင်ချင်းမှာ အခိုးအငွေ့များကြားမှ ပျောက်ကွယ်သွားပြီး နောက်ဘက်မှ အရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်၊၊ ရှောင်ချင်းက အေးစက်သော မျက်လုံးများဖြင့် သူမ၏ ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်ရာ မမြင်ရသော တုန်ခါလှိုင်းတစ်ခုက ထိုလူ၏ အပူငွေ့များကို ဖြိုခွဲပစ်လိုက်သည်၊၊ ဓားချက်တစ်ချက်နှင့်အတူ သွေးမြူများ ထွက်ပေါ်လာတော့သည်၊၊

“ရထားတဲ့ သတင်းအချက်အလက်တွေအတိုင်းပဲ၊၊ ဒီအဖွဲ့ရဲ့ စွမ်းအားက အတော်လေး ပြင်းထန်တယ်၊၊ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုမရှိရင်တောင် ငါတို့ရဲ့ လူအင်အားနည်းနည်းနဲ့ သူတို့ကို ယှဉ်ဖို့ မလွယ်ဘူး”

ထိုအချိန်တွင် အဝေးရှိ မိုးမျှော်တိုက်တစ်ခုပေါ်၌ ဝိုးတဝါးသာမြင်ရသောမျက်နှာဖြင့် ဂူကျန်းဟု အမည်ရသော လူတစ်ယောက်က ဆက်သွယ်ရေးနားကြပ်မှတစ်ဆင့် အေးစက်စွာ ပြောလိုက်သည်၊၊

“ဘလက်စတား၊ တာ့ယောင်၊ လောင်မြောင်၊ ကျိကျန်း… အမြန်ပြန်ဆုတ်ကြ… သူတို့နဲ့ မပတ်သက်နဲ့တော့”

“ပြန်ဆုတ်ဖို့ မလွယ်ဘူး”

ဂူကျန်း၏ ဘေးတွင် ရပ်နေသော သက်လတ်ပိုင်း အမျိုးသားက ပေါ့ပေါ့ပါးပါးဟန်ဖြင့် မှတ်ချက်ပေးသည်၊၊

“မင်းရဲ့ နောက်လိုက်တွေက စိတ်ပိုင်းဆိုင်ရာအားနည်းလွန်းတယ်၊၊ ဒီလိုအခြေအနေမျိုးမှာတောင် သန္ဓေပြောင်းကုန်ကြတယ်၊၊ ကံကောင်းလို့ သလင်းကျောက်တွေ မရှိသေးလို့ပေါ့၊၊ မဟုတ်ရင် အနန္တရထားအဖွဲ့က ဝင်ပါစရာတောင် မလိုဘူး၊၊ မင်းတို့ အားလုံး ဇာတ်သိမ်းသွားကြမှာပဲ”

ထိုသက်လတ်ပိုင်း အမျိုးသားသည် မည်သည့် စွမ်းအားဝတ်စုံမှ ဝတ်ဆင်မထားဘဲ စစ်သုံးအင်္ကျီကိုသာ ဝတ်ထားသည်၊၊ သူ၏ မျက်နှာတွင် မုတ်ဆိတ်မွေး အနည်းငယ်ရှိပြီး ရွှေရောင်နေကာမျက်မှန်မှာ မြင့်မြတ်မြို့တော်အဖွဲ့၏ ဝတ်စုံများနှင့် ယှဥ်၍ကြည့်ရသည်မှာ မလိုက်ဖက်ဖြစ်နေသည်၊၊

ဂူကျန်းလည်း ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး သူ၏ နောက်ကွယ်မှ လက်နက်အပြည့်အစုံ ပါသော စစ်သားများကို ကြည့်ကာ ပြောလိုက်သည်၊၊

“ဒီလို အကြီးစားသွေးဆောင်ဖြားယောင်းကိရိယာက အခြားသွေးဆောင်ဖြားယောင်းဆေးရည်အားလုံးကို မပိတ်ဆို့နိုင်ပေမဲ့ အနှောင့်အယှက်လေးတွေကိုတော့ ဆွဲဆောင်နိုင်ပါတယ်၊၊ ညရောက်လို့ ငါတို့ အစွမ်းကုန်ထုတ်လိုက်ရင် ဘယ်သူမှ လွတ်မှာမဟုတ်ဘူး၊၊ ဒါပေမဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ဧရာမသမုဒ္ဒရာနတ်ဘုရားက ဝင်ပါလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“ဒါက သူတို့အတွက် ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူး...”

သက်လတ်ပိုင်း အမျိုးသားက ခေါင်းခါလိုက်သည်၊၊

“ဆုတ်ကြရအောင်၊၊ မင်းလူတွေက ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”

ဂူကျန်းက သက်လတ်ပိုင်း အမျိုးသားဘက်သို့ လှည့်ကာ မေးလိုက်သည်၊၊

“မင်း မကူညီဘူးလား၊၊ သခင်ကြီးရဲ့ အစီစဉ်အရဆိုရင် ငါတို့ မြင့်မြတ်မြို့တော်ကော… မင်းတို့ရဲ့ ဗျာဒိတ်တော်ဂိုဏ်းကော တာဝန်ရှိတယ် မဟုတ်လား”

“ဟက်”

လူလတ်ပိုင်း အမျိုးသားက အေးစက်စွာ ရယ်လိုက်သည်၊၊

“ငါ လုပ်သင့်တာတွေ လုပ်ပြီးပြီ၊၊ အကယ်၍ တိုက်ရိုက်ရင်ဆိုင်လို့ ရမယ်ဆိုရင် မင်းတို့ မြင့်မြတ်မြို့တော်က ဒီလိုသွေးဆောင်ဖြားယောင်းတဲ့ ကိရိယာမျိုးကို သုံးပါဦးမလား”

“ဒီမှာ...”

သူက လက်ဝှေ့ယမ်းပြလိုက်သည်၊၊

“သူတို့ကို တိုက်ရိုက်အနိုင်ယူဖို့ ခက်တယ်ဆိုတာ မင်းလည်း သိပါတယ်”

ဂူကျန်း၏ မျက်နှာက ပို၍ ညိုမည်းသွားသည်၊၊

“သွားကြရအောင်”

သက်လတ်ပိုင်း အမျိုးသားက ပြောသည်၊၊

“ဧရာမ သမုဒ္ဒရာနတ်ဘုရားကြောင့် ဒီကျွန်းကို သန္ဓေပြောင်းမွန်းစတားတွေ ဝန်းရံထားပြီးပြီ၊၊ ဂြိုဟ်ပတ်ရထားလမ်းရဲ့ နှစ်ဖက်စလုံးကို ဖြတ်တောက်ထားတာဆိုတော့ ဓားကိုင်ဆောင်သူက အခု ပိတ်မိနေပြီ၊၊ ညမရောက်ခင် ငါတို့ ဒီကနေ ထွက်သွားရမယ်၊၊ အဲဒီအရာကြီးက ဘယ်မှာပုန်းနေမှန်း ဘယ်သူမှ မသိဘူး”

ဝှစ် ဝှစ်

သက်လတ်ပိုင်း အမျိုးသား၏ စကားအဆုံးတွင် အထက်ကောင်းကင်မှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်၊၊ သူတို့နှစ်ဦးစလုံး မော့ကြည့်လိုက်ပြီး မျက်နှာများဖြူလျော်သွားကြသည်၊၊ သံချေးတက်နေသည့် တန်ချိန်သောင်းချီ လေးလံသော သင်္ဘောကြီးတစ်စင်း ကောင်းကင်မှ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်၊၊ တစ်ချိန်တည်းမှာပင် သူတို့၏ နောက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်၊၊

“အဲဒီအရာကြီး ဘယ်မှာပုန်းနေလဲဆိုတာ ငါမသိပေမဲ့... မင်းတို့ကတော့ ဘယ်မှ သွားလို့ရမှာ မဟုတ်တော့ဘူး”

ရှီဇီက ထိုထူးဆန်းသည့် သတ္တဝါသုံးကောင်နှင့် ထိပ်တိုက်တွေ့စဉ်ကတည်းက လင်းရှန် ပုံမှန်မဟုတ်သည့် အငွေ့အသက်တစ်ခုကို ခံစားမိခဲ့သည်၊၊ ဧရာမသမုဒ္ဒရာနတ်ဘုရားကြောင့် ဖြစ်ပေါ်လာသည့် သန္ဓေပြောင်းလဲမှုက ရေဒီယိုသတ္တိကြွနယ်ပယ်သည် အလွန်ကျယ်ပြန့်လှသည်၊၊ မနေ့ကတည်းက အခုအချိန်ထိ ကျွန်းပေါ်တွင် ပင်လယ်လင်းယုန်အုပ်စုနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သည့် မြင့်မြတ်မြို့တော်အဖွဲ့နှင့်သာ သူတို့ ထိတွေ့ဖူးသေးသည်၊၊ မနေ့ညက တိုက်ခိုက်ခံရနိုင်သည်ဟု သူ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း တစ်ညလုံး မည်သည့်ထူးခြားမှုမှ ဖြစ်မလာခဲ့ပေ၊၊

ရိုင်ယန်တို့အဖွဲ့နှင့် စကားပြောပြီးနောက် ပင်လယ်ကျောက်ဆောင်ကျွန်းအနီး ပင်လယ်ထဲတွင် စုဝေးနေကြသော သန္ဓေပြောင်းမွန်းစတားများသည် သူနှင့် တိုက်ရိုက်ပတ်သက်နေနိုင်ကြောင်း လင်းရှန် သဘောပေါက်သွားသည်၊၊ ဤအခြေအနေအတွက် သူ ကြိုတင်ပြင်ဆင်ထားပြီးသားပင်၊၊ အကယ်၍ အမှောင်ဂိုဏ်းများက ဓားကိုင်ဆောင်သူနာမည်ကြောင့် သူ့ကို ပစ်မှတ်ထားလာပါက ဖီးနစ်ကလည်း ၎င်းကို အစွမ်းကုန် တုံ့ပြန်မည်မှာ သေချာသည်၊၊ အကြောင်းမှာ ယဲ့လန်နှင့် လင်းရှန်တို့ သံသယရှိသည့်အတိုင်း အမှောင်ယဉ်ကျေးမှု၏ အသိစိတ်က အမှောင်ဂိုဏ်းများမှတစ်ဆင့် လူသားမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်ကို သက်သေပြနေသောကြောင့်ပင်၊၊

Chapter 961

တားမြစ်ပစ္စည်း

ထို့ကြောင့် လင်းရှန်သည် မြင့်မြတ်မြို့တော်အဖွဲ့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အလွန်အလေးထားခဲ့သည်၊၊ ကျွန်းပေါ်ရှိ လုံခြုံရေးကို စစ်ဆေးရန်နှင့် ကျွန်းပေါ်တွင် လှည့်လည်နေသော တခြားလူများ၏ တည်နေရာကို ခြေရာခံရန် သူကဒရုန်းများဖြင့် ကျွန်းအနှံ့တွင် စောင့်ကြည့်ရေးကိရိယာများကို တပ်ဆင်ထားခဲ့သည်၊၊

ရေဒီယိုသတ္တိကြွမုန်တိုင်း ပြီးဆုံးသွားသောအခါ ကျယ်ပြန့်သောနေရာများရှိ စောင့်ကြည့်ရေးကိရိယာများမှာ အချက်ပြမှုများ ပြန်လည်ရရှိလာသည်၊၊ လင်းရှန်သည် ကီကီ၊ ရှီဇီတို့နှင့်အတူ လျင်မြန်စွာ ထိုနေရာသို့ ပြေးသွားခဲ့သည်၊၊ လမ်းတွင် မိုနီကာနှင့် နန်ကျင်းတို့ထံမှ သိရသည်မှာ ထိုလူများသည် အမှန်တကယ်ပင် မြင့်မြတ်မြို့တော်အဖွဲ့မှ ဖြစ်နေသည်၊၊ သူတို့ ဆုတ်ခွာနေစဉ် မိုနီကာ၏ စွမ်းအားနှင့် မိသွားရာမှ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့ပြီးနောက် နန်ကျင်းနှင့် ချီလီတို့အဖွဲ့ ပါဝင်ရောက်လာကာ တိုက်ပွဲကြီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်၊၊

သူတို့ အလျင်အမြန် ဆုတ်ခွာနေကြပုံအရ ဧရာမ သမုဒ္ဒရာနတ်ဘုရားကြီး ပေါ်လာခြင်းမှာ မြင့်မြတ်မြို့တော်အဖွဲ့အတွက်လည်း မမျှော်လင့်ထားသည့် ကိစ္စဖြစ်ပုံရသည်၊၊ သို့သော် လင်းရှန် အခုသိလိုက်ရသည်မှာ ပင်လယ်ထဲရှိ ကျွန်းမျောကြီး၊ ရေအောက်သတ္တဝါကြီးနှင့် တခြားသော သန္ဓေပြောင်းမွန်းစတားများသည် လူတို့၏ ဖန်တီးမှုတစ်စုံတစ်ရာကြောင့် စုဝေးနေခြင်း ဖြစ်နိုင်သည်၊၊ ဂြိုဟ်ပတ်ရထားလမ်းပျက်စီးနေချိန်တွင်သာ ဤလူများကို လွှတ်ပေးလိုက်ပါက သူတို့သည် ဤကျွန်းပေါ်တွင် ပိတ်မိကာ တောက်လျှောက်ခုခံကာကွယ်နေရုံသာ တတ်နိုင်ပေတော့မည်၊၊ ထို့ကြောင့် လင်းရှန်သည် သူ၏ ဒရုန်းအုပ်စုနှင့် ရှီဇီ၏ အာရုံခံစွမ်းအားကို အသုံးပြုကာ သူတို့၏ တည်နေရာကို ရှာဖွေပြီး မိုးကြိုးပစ်သည့်အလား ပြင်းထန်သော အရှိန်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်၊၊

ဝုန်း၊၊

လင်းရှန်သည် တစ်ဖက်လူ တုံ့ပြန်ရန် အခွင့်အရေးမရမီမှာပင် တန်ချိန်သောင်းချီ လေးလံသော သင်္ဘောကြီးကို ကောင်းကင်မှ ပစ်ချလိုက်သည်၊၊ ဤလူနှစ်ဦး၏ စွမ်းအားလှိုင်းများမှာ အလွန်မြင့်မားကြောင်း ရှီဇီက သူ့ကို သတိပေးထားပြီးသားဖြစ်သည်၊ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုအပြီး ဗန်နက်ဆာ၏ တိုးတက်လာသော တိုက်ခိုက်ရေးစွမ်းရည်ကို ထည့်တွက်ကာ လင်းရှန် လျှော့မတွက်ရဲပေ၊၊ အကယ်၍ တစ်ဖက်လူမှာ အထွတ်အထိပ်စွမ်းအား တစ်သောင်းကျော်သော စွမ်းအားရှင်ဖြစ်ပါက အမှန်တကယ်ပင် ကိုင်တွယ်ရခက်လိမ့်မည်၊၊

“ဘာ…”

ဖိအားပေးလာသော အရိပ်မည်းကြီးကို ခံစားလိုက်ရသောအခါ ဂူကျန်းက မော့ကြည့်လိုက်ပြီး မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်၊၊ သူက အေးစက်စွာ အော်ဟစ်လိုက်သည်၊၊

“လူစုခွဲကြ”

ချက်ချင်းဆိုသလိုပင် ဂူကျန်း၏နောက်မှ စစ်သားများသည် စွမ်းအားဝတ်စုံများကို အစွမ်းကုန်အသုံးပြုကာ ထွက်ပြေးရန် ပြင်လိုက်ကြသည်၊၊ သို့သော် မီတာဝက်ခန့်ပင် မရွေ့ရသေးမီမှာပင် မမြင်ရသော စွမ်းအားတစ်ခုက သူတို့ကို ပြန်လည်ဆွဲခေါ်သွားတော့သည်၊၊ အနီးရှိ သက်လတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်ကာ ဂူကျန်းကို ခပ်တိုးတိုးပြောလိုက်သည်၊၊

“ငါ အရင်ဆုတ်မယ်၊၊ မင်းပဲ အဆုံးသတ်လိုက်တော့”

ပြောပြီးနောက် သူ၏လက်ထဲတွင် ထူးခြားသည့် ငွေရောင်အိတ်ဆောင်နာရီတစ်လုံး ပေါ်လာသည်၊၊ ၎င်းကို ထုတ်ယူလိုက်သည်နှင့် ပြင်းထန်သော အမှောင်ကျူးကျော်မှုစွမ်းအားနှင့် ထူးဆန်းသော ဆွဲငင်အားနယ်ပယ်တစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်၊၊

၎င်းကို လင်းရှန် ချက်ချင်း သတိထားမိသွားသည်၊၊

“တားမြစ်ပစ္စည်းပဲ… ကီကီ…သူ့ကို ဖမ်းလိုက်”

“ရပြီ”

ကီကီသည် အောက်ဘက်လမ်းမမှ ပျံတက်လာပြီး လူအချို့ကို ဖိနှိပ်ထားရင်း သက်လတ်ပိုင်းအမျိုးသားကို ထိန်းချုပ်ရန် သူမ၏ စွမ်းအားကို အသုံးပြုလိုက်သည်၊၊ သို့သော် ကီကီ၏ စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ ထိုလူလတ်ပိုင်း အမျိုးသားက တည်ငြိမ်စွာ ကြည့်လိုက်သည်၊၊ ထိုအခိုက် သူ၏ အိတ်ဆောင်နာရီက ရုတ်တရက် ပွင့်သွားသည်၊၊ နောက်တစ်ခဏအတွင်း သူ၏ ခန္ဓာကိုယ်မှာ ကြည်လင်သောလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်၊၊

“ပျောက်သွားတာလား”

ကီကီ ထိတ်လန့်သွားစဉ် လင်းရှန်၏ အသံက သူမနောက်ကွယ်မှ ထွက်ပေါ်လာသည်၊၊

“သတိထား”

ရွှေမှင်ရောင်စွမ်းအားဝတ်စုံနှင့် လူ(ဂူကျန်း)သည် ကြက်သွေးရောင်စွမ်းအင်များနှင့်အတူ ကီကီထံသို့ တိုက်ရိုက်ထိုးနှက်လာသည်၊၊

ဝူး၊၊

ယန္တရားစွမ်းအင်အမြောက်က ကီကီ၏ နားဘေးမှ ဖြတ်သန်းသွားပြီး လေထဲရှိ တစ်စုံတစ်ခုကို တိုက်ရိုက်ထိမှန်သွားသည်၊၊ နောက်တစ်ခဏတွင် မီးခိုးများကြားမှ ထိုလူထွက်ပေါ်လာသည်နှင့် ကီကီက သူမ၏ စွမ်းအားဖြင့် တုံ့ပြန်ကာ ထိုလူကို အပေါ်မှ ဆင်းသက်လာသော သင်္ဘောကြီးအောက်သို့ တွန်းပို့လိုက်သည်၊၊

ခဏချင်းမှာပင် ကောင်းကင်ယံကို ဖုံးလွှမ်းထားသော သင်္ဘောကြီးမှာ ဝုန်းခနဲ ဆင်းသက်လာပြီး လူအားလုံးကို ဖိကြိတ်သွားလေသည်၊၊ သင်္ဘော၏ ဦးပိုင်းက အဆောက်အအုံခေါင်မိုးနှင့် အပေါ်ထပ်များကို ဖိချေပစ်လိုက်ရာ ကြီးမားသော သတ္တုမြည်ဟည်းသံကြီးနှင့်အတူ အဆောက်အအုံတစ်ခုလုံး ပြိုကျကာ ဖုန်မှုန့်များ နေရာအနှံ့ ဖုံးလွှမ်းသွားလေသည်၊၊

ခေါင်းဆောင်နှစ်ဦးထဲမှ တစ်ဦးက ကီကီ၏ စွမ်းအားမှ လွတ်မြောက်ကာ ပျောက်ကွယ်သွားပြီး ကျန်တစ်ဦးမှာမူ ဖိခြေခံလိုက်ရသည်ကို မြင်သောအခါ လင်းရှန်၏ မျက်နှာမှာ မည်းမှောင်သွားသည်၊၊ ထိုသက်လတ်ပိုင်း အမျိုးသား၏ လက်ထဲရှိ ပစ္စည်းမှာ သူ့ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်သော တားမြစ်ပစ္စည်းဖြစ်ကြောင်း သူ သေချာသည်၊၊ ၎င်းက သူ့ဆီက ငွေကျည်ဆန်နှင့် ဆင်တူတဲ့ စွမ်းရည်မျိုးများရှိနေတာလား…

ထိုစဉ် ရှီဇီ၏ အသံမှာ နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာသည်၊၊

“လင်းရှန်၊၊ သတိထား… တစ်ခုခုက ရှင့်ဆီကို ချဉ်းကပ်လာနေတယ်”

“ငါမျှော်လင့်ပြီးသားပါ”

လင်းရှန်မှာ ဖုန်မှုန့်များကြားတွင် ရပ်နေသည်၊၊ ထိုစဉ် သူ၏ နောက်ကွယ်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခု ပေါ်လာသည်၊၊ ရွှေမှင်ရောင်စွမ်းအားဝတ်စုံနှင့် လူက သူ၏ ညာဘက်လက်ကို လင်းရှန်ထံသို့ မြှောက်လိုက်သည်၊၊

ဘစ်ဇ်

သူ၏ လက်ဖဝါးရှေ့တွင် လေတံတိုင်းကဲ့သို့ စွမ်းအင်မျက်နှာပြင်တစ်ခု လင်းလက်လာသည်၊၊ ထို့နောက် ထိုလေတံတိုင်းမှာ ရှေ့သို့ တိုးဝင်လာပြီး ရုတ်တရက် ကြီးမားသော ဘလော့တုံးတစ်ခုအဖြစ် ပြောင်းလဲကာ လင်းရှန်ထံသို့ အချိန်တိုအတွင်း မြင့်မားသော အပူချိန်နှင့် ရိုက်ခတ်မှုများကို ထုတ်လွှတ်လိုက်သည်၊၊ လင်းရှန် ရပ်နေသည့် နေရာနှင့် နောက်ကွယ်ရှိ ခေါင်မိုးမှာ တိကျသော လေးထောင့်ပုံစံ တုန်ခါလှိုင်းဖြင့် လှီးဖြတ်ခံလိုက်ရသလို အကုန်ပျက်စီးသွားသည်၊၊ အဆောက်အအုံသည် ထက်ရှလှသော ရိုက်ခတ်မှုမှ အမှတ်အသားများ ထင်ကျန်ရစ်ပြီး ဗဟိုချက်တွင် ရှိနေသော လင်းရှန်သည် အမှုန့်ဖြစ်သွားသည့် ကွန်ကရစ်စများကြားတွင် ရပ်နေသည်၊၊

သို့သော် ထိုတုန်ခါလှိုင်းကြားတွင် လင်းရှန်သည် ဘာထိခိုက်ပုံမှမရပေ၊၊ လင်းရှန်၏ ဘေးတွင် မှိန်ပျပျခြောက်ထောင့်ပုံစံ စွမ်းအားလှိုင်း ဒိုင်းကာတစ်ခု ရှိနေသည်ကို မြင်သောအခါ ထိုလူမှာ မျက်မှောင်ကြုတ်သွားသည်၊၊

“ဒီလောက် စွမ်းအင်သိပ်သည်းဆမြင့်တဲ့ ဒိုင်းကာက မင်းရဲ့ အမြင့်ဆုံးစွမ်းအားထက်တောင် ကျော်လွန်နေတာ မဟုတ်လား”

လင်းရှန်က သူ့ဘက်သို့ လှည့်ကာ ပြုံးလိုက်သည်၊၊

“မင်း မသိသေးဘူးလား၊၊ မင်းတို့ရဲ့ သခင်ကြီးက အစွမ်းထက်ဆုံးမဟုတ်သလို အရာအားလုံးကိုလည်း မတတ်နိုင်ပါဘူး”

ထိုလူ၏ မျက်နှာက အကြီးအကျယ်ပျက်ယွင်းသွားပြီး မျက်လုံးထဲတွင် အေးစက်သော အငွေ့အသက်များ ဖြတ်သန်းသွားသည်၊၊

“သခင်ကြီးကို စော်ကားတယ်၊၊ မင်း… ရဲတင်းတဲ့ကောင်”

ဒေါသထွက်သွားသော ထိုလူ၏ စွမ်းအားဝတ်စုံမှ လျှပ်စစ်များ ထွက်ပေါ်လာပြီး ကြက်သွေးရောင်စွမ်းအင်များက ဝတ်စုံမျက်နှာပြင်ပေါ်တွင် သွေးကြောများအလား စီးဆင်းနေသည်၊၊ သူက မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ သူ၏ ပုံရိပ်မှာ ဖျတ်ခနဲဖြစ်သွားပြီး လျင်မြန်စွာ ချဉ်းကပ်လာသည်၊၊ ဖိသိပ်ထားသော လေများ ဖုံးလွှမ်းနေသည့် သူ၏ ညာလက်သီးက လင်းရှန်၏ ဒိုင်းကာကို ထိပ်တိုက်ဖြိုခွဲရန် ရည်ရွယ်နေသည်၊၊

သို့သော် လင်းရှန်က တစ်ဖက်လူကို သူ၏ စွမ်းအင်သိပ်သည်းဆအား စမ်းသပ်ရန် ငြိမ်ခံနေမည့်သူ မဟုတ်ပေ၊၊ သူက သူ၏ ဘယ်ဘက်လက်ကို လေထဲတွင် ဆုပ်ကိုင်လိုက်သည်၊၊

ဘစ်ဇ်——

AT Field ဒိုင်းကာက ချက်ချင်း ပေါ်လာပြီး လက်သီးရှေ့တွင် တစ်ဝက်ခန့် ကြည်လင်သော ဂျီသြမေတြီတစ်ခုအဖြစ် ပုံဖော်လိုက်သည်၊၊ စွမ်းအင်နှစ်ခု ထိတွေ့သွားသောအခါ ၁၀မီတာ ပတ်လည်တွင် လေဟာနယ်တစ်ခုဖြစ်ပေါ်သွားပြီး ပေါက်ကွဲသံကြောင့် အနီးရှိ ဖန်ပြတင်းပေါက်များအားလုံး ကွဲကြေကုန်သည်၊၊ တစ်ဖက်လူတွင် စွမ်းအင်စုစည်းမှု သို့မဟုတ် တုန်ခါမှုဆိုင်ရာ စွမ်းအားတစ်ခုခုရှိနိုင်ပြီး ပေါက်ကွဲနိုင်စွမ်းအားအလွန်မြင့်မားကြောင်း လင်းရှန် သတိပြုမိလိုက်သည်၊၊ သူသည် လက်သီးချက်ကို တုံ့ပြန်ရင်း တုန်ခါနေသော လျှပ်စစ်စက်ကွင်းကို တိုက်ရိုက်အသုံးပြုလိုက်သည်၊၊

ဘွန်း___လင်းရှန်၏ ခန္ဓာကိုယ်မှ လျှပ်စစ်များ ဖြာထွက်လာပြီး ထိုလူကို လုံးဝ ဝါးမျိုသွားတော့သည်၊၊

တစ်ဖက်လူသည် လင်းရှန်၏ စုံလင်လှသော တိုက်ခိုက်ရေးနည်းလမ်းများကို မမျှော်လင့်ထားသောကြောင့် လျှပ်စစ်စက်ကွင်းထဲသို့ ကျရောက်သွားသည်၊၊ စွမ်းအားဝတ်စုံသည် လျှပ်စစ်လှိုင်းများကြောင့် ပေါက်ပြဲကာ အပေါက်ငယ်လေးများဖြစ်ပေါ်လာပြီး စနစ်မှလည်း အရေးပေါ် အချက်ပေးသံများ မြည်လာသည်၊၊ ထိုခဏမှာပင် ပြင်းထန်သောအသံတစ်ခု ထွက်ပေါ်လာပြီး သူ မတုံ့ပြန်နိုင်မီမှာပင် အနက်ရောင် သံမဏိမိုးစက်ဒရုန်းအုပ်စုက အပေါ်မှနေ၍ သူ့ကို ခေါင်မိုးမှတစ်ဆင့် အောက်ထပ်များစွာအထိ ထိုးချပစ်လိုက်သည်၊၊ တစ်ချိန်တည်းမှာပင် လျှပ်စီးသိန်းငှက်ဒရုန်းအုပ်စုကလည်း လျှပ်စစ်လှိုင်းလေဆာများဖြင့် ဆက်တိုက်ပစ်ခတ်နေရာ သူ အသက်ရှူချိန်ပင် မရှိတော့ပေ၊၊

“ကီကီ၊၊ အရှင်တစ်ယောက် ချန်ထားဦး”

ထိုလူကို ဖိနှိပ်ထားရင်း လင်းရှန်က တခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ ကီကီက ထွက်ပြေးနေသော မြင့်မြတ်မြို့တော်စစ်သားအချို့ကို စိတ်စွမ်းအားဖြင့် ဝတ်စုံများပါ ကြေမွသွားအောင် လုပ်နေသောကြောင့် သူက ချက်ချင်း ပြောလိုက်ခြင်း ဖြစ်သည်၊၊

“ရပြီ”

ပြင်ဆင်ထားပြီးဖြစ်သည့်အတိုင်း အောက်မှ လူအချို့ကို ရှင်းလင်းပြီးနောက် ကီကီ၏ VK လျှပ်စစ်ဓားအုပ်စုက ပြိုကျနေသော သင်္ဘောကြီးထဲတွင် ထိုသက်လတ်ပိုင်း အမျိုးသား(တားမြစ်ပစ္စည်းကိုင်ထားတဲ့လူ)ကို စတင်ရှာဖွေလိုက်သည်၊၊ သို့သော် ထိုလူသည် လုံးဝ ပျောက်ကွယ်သွားသလိုပင် ရှီဇီပင် သူ၏ အငွေ့အသက်ကို မခံစားရတော့ပေ၊၊ ပြိုကျနေသည့် အဆောက်အအုံ အပျက်အစီးများကြားတွင်လည်း ထိုသူ၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ၊၊

ထိုစဉ် လင်းရှန်၏ အောက်ဘက်ရှိ အဆောက်အအုံဟောင်းမှ ထူးဆန်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်၊၊ သူချက်ချင်း သတိအပြည့်ဖြင့် စွမ်းအင်ကူးပြောင်းခြင်းကို အသုံးပြုကာ မီတာရာနှင့်ချီသော နေရာသို့ ချက်ချင်း ရွှေ့ပြောင်းလိုက်သည်၊၊ နောက်တစ်ခဏတွင် အဆောက်အအုံဟောင်း၏ အပေါ်ဆယ်ထပ်ကျော်မှာ ပြင်းထန်သော တုန်ခါလှိုင်းကြောင့် ကောင်းကင်သို့ လွင့်တက်သွားပြီး မီးရှူးမီးပန်းများအလား အပိုင်းအစများဖြစ်သွားတော့သည်၊၊ ရွှေမှင်ရောင် စွမ်းအားဝတ်စုံနှင့် လူသည် ပြိုကျနေသော အပျက်အစီးများကြားမှ ထရပ်လာသည်၊၊ လင်းရှန်ကြောင့် ပျက်စီးနေသည့် မျက်နှာဖုံးကို သူက ခွာချလိုက်ရာ ခပ်ဝါးဝါးလူငယ်မျက်နှာတစ်ခု ထွက်ပေါ်လာသည်၊၊

“မဆိုးဘူး အထင်ကြီးစရာပဲ၊၊ ဖီးနစ်ရဲ့ ဓားကိုင်ဆောင်သူဆိုတဲ့အတိုင်းပဲ”

ထိုလူက အဝေးမှ လင်းရှန်ကို ကြည့်ကာ ဖော်ရွေသည့် အပြုံးမျိုးဖြင့် ပြောလိုက်သည်၊၊

“ငါ သိချင်တာက... ဒီလောက်အရေးကြီးတဲ့ လူကိုတောင် ဖီးနစ်က သလင်းကျောက်ဆင့်ကဲပြောင်းလဲမှု မလုပ်ပေးဘဲ အသေခံဖို့ ပင်လယ်ထဲကို လွှတ်လိုက်တာလား၊၊ မင်းကို ငါးစာအဖြစ် သုံးလိုက်တာများလား”

All Chapters