အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
187 01
အခန်း (၁၈၇)
လီစစ်ကဲသည် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ဘဲ အစစ်နှင့် အတုမှာ ထိပ်တိုက် တိုးသွားခဲ့ပြီ ဖြစ်တယ်။
သို့သော် သူကလည်း တပ်ရင်းမှူးရာထူးကို သာမန် အပျော်အပါးများဖြင့် ရရှိလာသူ မဟုတ်သောကြောင့် မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ချက်ချင်း ဖြတ်ပြေးသွားခဲ့တယ်။
လူအင်အား များပြားသည်ကို အားကိုး၍ လက်ဦးမှုရယူရန် ပြင်လိုက်သော်လည်း ဘယ်ကနေ ရောက်လာမှန်း မသိသော အစေခံ အုပ်စုကြီးမှာ အပြင်ဘက်မှ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသောအခါမှသာ သူ၏ နဖူးမှ ချွေးအေးများ ထွက်ပေါ်လာပြီး ဤနေရာသည် ထိုရွှီမျိုးရိုး၏နယ်မြေ ဖြစ်နေသည်ကို သတိရသွားတော့တယ်။
ထိုနေရာတွင် ပြုံးစိစိဖြင့် သူ့ကို စိုက်ကြည့်နေသော ရွှီထင်းရှန်းကို မြင်တွေ့လိုက်ရသောအခါမှသာ ဤလူသည် အဘယ်ကြောင့် အမြဲတမ်း တည်ငြိမ်နေသနည်းဆိုသည်ကို သူ အားလုံး နားလည်သွားခဲ့ပြီ ဖြစ်ပြီး တကယ်တော့ တစ်ဖက်လူမှာ အစစ်အမှန် ပိုင်ရှင်ကို ကြိုတင် ဖိတ်ခေါ်ထားပြီးသား ဖြစ်နေခဲ့တယ်။
သူ ခေါ်ဆောင်လာသော လက်အောက်ငယ်သားများမှာမူ သူ့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြပြီး လီစစ်ကဲမှာမူ ခြေထောက်များ ပျော့ခွေကာ ဒူးထောက်ကျသွားခဲ့ပြီ ဖြစ်တယ်။
"တူအရာရှိမင်းကြီး... အသက်ကို ချမ်းသာပေးပါ"
"သူတို့ရဲ့ ဓားတွေကို အကုန်လုံး သိမ်းဆည်းလိုက်ကြ၊ ပြီးရင်တော့ ချည်နှောင်ပြီး သေသေချာချာ စောင့်ကြည့်ထားကြ" တုကျွန့်က အမိန့်ပေးလိုက်တယ်။
သူ၏ ကိုယ်ရံတော်များက အရှေ့မှ ဦးဆောင်ပြီး အစေခံများက ဝိုင်းဝန်းကူညီကာ လီစစ်ကဲ၏ လူများကို ဖမ်းဆီးခေါ်ဆောင်သွားကြတော့တယ်။
ဤဘက်တွင်မူ တုကျွန့်က လီစစ်ကဲကို ရုံးတော်တွင်ပင် ချက်ချင်း စတင် စစ်မေးတော့တယ်။
"မင်း ပြောစမ်း၊ ဘယ်သူက မင်းကို လာခိုင်းတာလဲ၊ တရားစီရင်ရေးဌာနရဲ့ နာမည်နဲ့ ထုတ်ထားတဲ့ ဒီအမိန့်စာကို ဘယ်သူက မင်းကို ပေးလိုက်တာလဲ"
လီစစ်ကဲ၏ မျက်နှာမှာမူ အသက်မဲ့သော အရောင်မျိုး ဖြစ်နေခဲ့ပြီဖြစ်ပြီး အရင်က ရှိခဲ့သည့် မာန်မာနများလည်း ဘယ်ရောက်ကုန်မှန်း မသိတော့ဘဲ နှုတ်ခမ်းများ တုန်ရီနေသော်လည်း စကားမှာမူ ထွက်မလာခဲ့ချေ။
တုကျွန့်က ဤကဲ့သို့သော လူစားမျိုးများကို အများကြီး မြင်ဖူးထားသူ ဖြစ်သောကြောင့် သေခါနီးအချိန်အထိ ကံကောင်းလို ကံကောင်းငြား မျှော်လင့်ချက် ထားနေသည်ဆိုသည်ကို သူ သိရှိနေတာ ဖြစ်တယ်။
သူက တစ်ဖက်လူကို ကြည့်ပြီး ပြောလိုက်တယ်။ "မင်း မပြောလည်း ကိစ္စမရှိပါဘူး၊ ဒီတံဆိပ်ကို သုံးပိုင်ခွင့် ရှိတဲ့သူက လက်ချောင်းလေးတွေနဲ့ ရေတွက်လို့ ရပါတယ်။ သူတစ်ပါးကို ကာကွယ်ပေးနေတဲ့ အချိန်မှာ မင်းရဲ့ခေါင်းက မင်းရဲ့ပုခုံးပေါ်မှာ ဆက်ပြီး မြဲနေဦးမလားဆိုတာကို အရင် စဉ်းစားသင့်တယ်"
ယခုအခါ လီစစ်ကဲသည်လည်း လုံးဝတောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဝပ်တွားရင်း အော်ဟစ်လိုက်တော့တယ်။ "တူအရာရှိမင်းကြီး... ကျွန်တော်မျိုး တမင်လုပ်တာ မဟုတ်ပါဘူး၊ အထက်က အမိန့်ပေးလာတာကြောင့် တပ်ရင်းမှူးတစ်ယောက်အနေနဲ့ မလိုက်နာလို့ မရပါဘူး၊ ဒီစကားက နယ်စားမင်းရုံးကနေ ဆင်းလာတာပါ၊ ဒီစာကို ဘယ်သူ ရေးသလဲဆိုတာကိုတော့ ကျွန်တော်မျိုး တကယ် မသိပါဘူး၊ ကျွန်တော်မျိုးက အဲ့ဒီ ရွှီခရိုင်ဝန်ကို ဖမ်းခေါ်သွားဖို့ပဲ အမိန့်ရထားတာပါ"
"ဖမ်းခေါ်သွားပြီး ဘာလုပ်မလို့လဲ" တုကျွန့်က ပြင်းပြင်းထန်ထန် မေးမြန်းလိုက်တယ်။
လီစစ်ကဲသည် ရွှီထင်းရှန်းကို တစ်ချက် မော့ကြည့်လိုက်ပြီးမှ ပြောလိုက်တယ်။ "လမ်းတစ်ဝက် ရောက်တဲ့အခါမှာ သင်္ဘောကို အပေါက်ဖောက်ပြီး ရွှီခရိုင်ဝန်ကို ရေနစ်သေအောင် လုပ်ဖို့ အမိန့်ပေးထားတာပါ"
187 02
ရွှီထင်းရှန်းက အေးစက်စွာ ရယ်မောလိုက်ရင်း သူ့ကို တစ်ချက် ကြည့်လိုက်တယ်။ ဤရလဒ်အတွက် သူကမူ ထူးထူးခြားခြား အံ့ဩမနေသည့် ပုံစံမျိုး ဖြစ်နေခဲ့တယ်။
သို့သော် တုကျွန့်၏ ခေါင်းထဲတွင်မူ အရင်က ရွှီထင်းရှန်း ပြောကြားခဲ့သည့် စကားများကို ပြန်လည် သတိရသွားခဲ့ပြီ ဖြစ်တယ်။
"တကယ်တော့ ဒီတစ်ခါ ကျွန်တော်မျိုးက အရာရှိမင်းကို လာခိုင်းတာက အရာရှိမင်းရဲ့ အသက်ကို ကယ်ဖို့အတွက်ပါ”
"အခုတော့ အရာရှိမင်း သိပြီ မဟုတ်လား၊ ကျွန်တော်မျိုး ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပာယ်ကို”
ဤရွှီထင်းရှန်းက ဧကရာဇ်မင်းမြတ်က ပင်လယ်ကုန်သွယ်ရေး ကိစ္စအတွက် ကျဲ့ကျန်းနယ်သို့ သီးသန့်စေလွှတ်လိုက်သည့်သူဖြစ်ပြီး နန်းတွင်း၌ အဟန့်အတားများ များပြားလွန်းသောကြောင့်သာ လူသိမခံဘဲ အဆင့် ၇ ခရိုင်ဝန်လေးအဖြစ် ထားရှိခဲ့ခြင်း ဖြစ်တယ်။ သို့သော် တျန့်ဟိုင်ကဲ့သို့သော နေရာမျိုးတွင် ထားရှိခဲ့ခြင်းမှာ ကျဲ့ကျန်းနယ်ရှိ မိသားစုကြီးများ အားလုံးကို လှုပ်ခါပစ်ရန်အတွက် အခွင့်အရေး တစ်ခုပင် မဟုတ်လား။
တကယ်လို့ သူ မမှားဘူးဆိုရင်တော့ ခုနက သူ မြင်တွေ့လိုက်ရသည့် ဧကရာဇ်၏အမိန့်တော်သည် ရွှီထင်းရှန်းအတွက် အကာအကွယ်အဖြစ် ပေးအပ်ထားခြင်းဖြစ်မှာဖြစ်ပြီး ထို့ကြောင့်လည်း ရွှီထင်းရှန်းက ဤမျှအထိ အတင့်ရဲနေခြင်း ဖြစ်ရမယ်။
လူက ကျဲ့ကျန်းတွင်ရှိနေပြီး မနည်း ကြိုးစား၍ အောင်မြင်မှုလေးများ ရရှိလာကာမှ ကျဲ့ကျန်းတွင်ပင် အသတ်ခံရမည်။ ထို့ပြင် ဖမ်းဆီးခေါ်ဆောင်သွားသည့်သူမှာလည်း တရားစီရင်ရေးဌာန ဖြစ်နေမည်ဆိုပါက ဧကရာဇ်မင်းမြတ်သည် မည်သို့ ထင်မြင်ယူဆမည်လဲ။
ဧကရာဇ်သည် လူသိမခံချင်သောကြောင့် လောလောဆယ် သူ့ကို မကိုင်တွယ်သေးလျှင်တောင်မှ နောက်ပိုင်းတွင်ကော ဘယ်လို ဖြစ်လာမည်နည်း။ ဧကရာဇ်၏အစီအစဉ်ကြီးကို ဖျက်ဆီးမိသည့်အတွက် သူ့၏ခေါင်းကို ဖြတ်ခြင်းသည်ပင် နည်းနေပါသေးတယ်။ သူ့ကို အမှုန့်ခြေပစ်ချင်သည့် စိတ်တောင် ဧကရာဇ်၌ ရှိနေမှာ အသေအချာပဲ ဖြစ်တယ်။
မသိစိတ်နှင့်တင် တုကျွန့်၏ကျောပြင်တွင် ချွေးအေးများ ထွက်ပေါ်လာခဲ့ပြီး အင်္ကျီများပင် စိုရွှဲသွားသည်ကို သူ သတိမထားမိခဲ့ဘူး။
သူ၏မျက်လုံးထဲတွင် ထူးခြားသော အလင်းတန်းများ တစ်ချက် လက်သွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်ကာ ပြောလိုက်တယ်။ "ဒီလူကို အောက်ကို ခေါ်သွားလိုက်ကြ၊ မင်းတို့ အားလုံးလည်း အပြင်ကို ခဏ ထွက်ကြဦး"
ကိုယ်ရံတော်များက ရိုသေစွာ ခေါင်းညိတ်လိုက်ကြပြီး ခန်းမထဲတွင် ရှိနေသည့်သူများ အားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့တယ်။
အခန်းထဲတွင်မူ တုကျွန့်နှင့် ရွှီထင်းရှန်း နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့တယ်။
တုကျွန့်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ရွှီထင်းရှန်းကို လက်ယှက် အရိုအသေ ပေးလိုက်တယ်။ "ရွှီခရိုင်ဝန်အနေနဲ့ ကျွန်တော်မျိုးအတွက် လမ်းစတစ်ခုလောက် လမ်းညွှန်ပေးပါဦး"
ယခုအချိန်တွင် သူ၏ရင်ထဲ၌ အရင်က ရှိခဲ့သည့် အထင်သေးသော စိတ်များ တစ်စက်မှ မရှိတော့ပေ။
အရင်ကမူ သူ ရောက်ရှိနေသည့် ရာထူးကြောင့် ရွှီထင်းရှန်းကို အထက်မှ ငုံ့ကြည့်နေခဲ့သလို ရွှီထင်းရှန်းက လူလွှတ်၍ ဖိတ်ခေါ်သည့် အခါတွင်လည်း စပ်စုချင်သော စိတ်ဖြင့်သာ လာခဲ့ခြင်း ဖြစ်တယ်။ သို့သော် ဤကိစ္စများ၏ နောက်ကွယ်မှ ရှုပ်ထွေးမှုများကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ တုကျွန့်က စဉ်းစားလေ ပိုမိုထိတ်လန့်လေ ဖြစ်နေခဲ့ပြီ ဖြစ်တယ်။
ရွှီထင်းရှန်းက အဘယ်ကြောင့် သူ့ကို လာရောက် ရှာဖွေရသနည်း။ ထို့ပြင် အဘယ်ကြောင့် ယနေ့တွင် ဤမြင်ကွင်းကို ဖန်တီးခဲ့ရသနည်း။ ဧကရာဇ်မင်းမြတ်သည်လည်း ကျဲ့ကျန်းနယ်မှ ကိစ္စများကို သိရှိနေသလား။ ဤအရာများ အားလုံးသည် သူ၏ရင်ထဲ၌ မြက်ရိုင်းများကဲ့သို့ ပျံ့နှံ့နေခဲ့ပြီ ဖြစ်တယ်။
187 03
ထို့ကြောင့်လည်း သူက အသက်အရွယ်ကြီးသူ ဖြစ်ပါလျက်နှင့် လူငယ်ကို အရိုအသေ ပေးခဲ့ခြင်းဖြစ်သလို အဆင့်မြင့် အရာရှိကြီး တစ်ယောက် ဖြစ်ပါလျက်နှင့် ခရိုင်ဝန်လေး တစ်ဦးရှေ့၌ ဤမျှအထိ နှိမ့်ချနေခဲ့ခြင်း ဖြစ်တယ်။
ခရိုင်ဝန်ဆိုသည်မှာ ရာထူးငယ်သော်လည်း ဧကရာဇ်နှင့် တိုက်ရိုက် ဆက်သွယ်၍ ရနေခြင်းဖြစ်ပြီး အရာရှိချုပ်ဆိုသည်မှာ ရာထူးကြီးသော်လည်း ယခုအခါ အသက်ဘေးနှင့် ကြုံတွေ့နေရခြင်းပင် မဟုတ်လား။
ရွှီထင်းရှန်းက သက်ပြင်းလေး တစ်ချက် ချလိုက်ပြီး ဘေးနားရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ကာ တုကျွန့်က သူ့ရှေ့၌ အရိုအသေ ပေးနေသည်ကိုပင် သူက ဂရုမစိုက်သည့် ပုံစံမျိုး ဖြစ်နေခဲ့တယ်။ သူက အေးစက်နေသည့် လက်ဖက်ရည်ကို ယူ၍ တစ်ငုံ သောက်လိုက်တယ်။
လက်ဖက်ရည်မှာ အေးသွားသည့် အခါတွင်မူ ခါးသက်သော အရသာက ပိုမို ကိန်းအောင်းနေသော်လည်း စိတ်ကိုမူ ကြည်လင်သွားစေသောကြောင့် ရက်ပေါင်းများစွာ ဉာဏ်ထုတ်ခဲ့ရသဖြင့် ပင်ပန်းနေသည့် စိတ်အစဉ်မှာ ချက်ချင်းပင် လန်းဆန်းသွားခဲ့ပြီ ဖြစ်တယ်။
သူက နှာတံကို လက်ဖြင့် တစ်ချက် ညှစ်လိုက်ပြီးမှ မော့ကြည့်ကာ ပြောလိုက်တယ်။ "တူအရာရှိမင်းက ခဏဘေးကင်းမယ့်လမ်းကို လိုချင်တာလား။ ဒါမှမဟုတ် တစ်သက်လုံး ဘေးကင်းမယ့် လမ်းကို လိုချင်တာလား"
တုကျွန့်၏ မျက်နှာမှာ တည်ကြည်သွားပြီး မေးမြန်းလိုက်တယ်။ "ဒါက ဘာကို ဆိုလိုတာလဲ"
"ခဏ ဘေးကင်းမယ့် လမ်းဆိုတာက ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘာမှ မဖြစ်ခဲ့သလိုမျိုး သဘောထားပြီး အရာရှိမင်း ပြန်သွားလိုက်ပါ၊ နောက်ပိုင်းမှာလည်း ကျွန်တော်မျိုးကို မသိခဲ့သလိုမျိုး နေလိုက်ရုံပါပဲ"
"အရာရှိမင်း တစ်ခုတည်း စိုးရိမ်ရမှာကတော့ အဲလီစစ်ကဲ၏ ပါးစပ်က လုံ၊ မလုံ ဆိုတာပါပဲ၊ တကယ်လို့ သူက တစ်ခုခု ပြောမိသွားရင် ဒါမှမဟုတ် သတင်း ပေါက်ကြားသွားရင်တော့ ဟိုဘက်က လူတွေက အရာရှိမင်းကို သံသယ ဝင်ကြမှာ အသေအချာပဲ ဖြစ်ပြီး အဲဒီအခါကျရင်တော့ အရာရှိမင်း၏ဘဝက အေးချမ်းမှာ မဟုတ်တော့ပါဘူး"
"တစ်သက်လုံး ဘေးကင်းမယ့် လမ်းကတော့" ရွှီထင်းရှန်းက ခဏလောက် ရပ်နားလိုက်ပြီးမှ ပြုံးလိုက်တယ်။ "အရာရှိမင်းအနေနဲ့ ယခုဆိုရင် ဧကရာဇ်မင်းမြတ်၏ စိတ်ကူးအချို့ကို သိရှိသွားပြီ ဖြစ်မှာပါ"
"ဒီတစ်ခါ မင်ကျဲ့စစ်သူကြီးက ရှောက်ခိုင်ဖြစ်သွားသလို ကျဲ့ကျန်းနယ်စားမင်းကလည်း ကျူးပင်ထုံ ဖြစ်နေတယ်။ ဒီလူနှစ်ယောက် ပေါင်းလိုက်ရင် ကျဲ့ကျန်းနယ်ကို လက်ဝါးကြီး အုပ်ထားနိုင်ပြီလို့တောင် ပြောလို့ ရတာပေါ့"
"ဒီလို အခြေအနေမျိုးကတော့ ဧကရာဇ်မင်းမြတ် လုံးဝမမြင်တွေ့ချင်တဲ့ အရာပဲဖြစ်ပြီး တကယ်လို့ အရာရှိမင်းက ဒီအခွင့်အရေးကို သုံးပြီး ဧကရာဇ်ရဲ့ စိတ်တိုင်းကျကို လုပ်ဆောင်ပေးနိုင်မယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်ဖို့ကတော့ လက်တစ်ကမ်းမှာပဲ ရှိမှာပါ"
တုကျွန့်၏မျက်မှောင်များမှာ ကြုတ်သွားခဲ့ပြီး ရွှီထင်းရှန်း၏ ဘေးရှိ ကုလားထိုင်၌ ဖြည်းဖြည်းချင်း လာရောက် ထိုင်လိုက်တယ်။
"ဒါဆိုရင် ရွှီခရိုင်ဝန် ပြောတဲ့ ဧကရာဇ်ရဲ့စိတ်တိုင်းကျ ဆိုတာက ဘာကို ဆိုလိုတာလဲ"
ရွှီထင်းရှန်းက အနည်းငယ် ပြုံးလိုက်သော်လည်း တိုက်ရိုက် မဖြေကြားဘဲ မေးမြန်းလိုက်တယ်။ "အရာရှိမင်းအနေနဲ့ ကျဲ့ကျန်းနယ်စားမင်း ရာထူးကို စိတ်ဝင်စားရဲ့လား ဆိုတာကို သိပါရစေ"
187 04
တုကျွန့်ရဲ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ပြီ။
သူက ကျဲ့ကျန်း၏ အဓိကအရာရှိ သုံးဦးအနက် တစ်ဦးဖြစ်ပေမဲ့လည်း တကယ်တမ်းတွင်မူ တစ်နယ်လုံးကို အုပ်ချုပ်ရသည့် နယ်စားမင်း ရာထူးကို ရရှိရန်မှာ သူ့ရဲ့အရည်အချင်းက နည်းနည်းတော့ လိုအပ်နေသေးတယ်။
သူက ကျဲ့ကျန်းတွင် ရာထူးသက်တမ်း နှစ်ကြိမ် ဆက်တိုက် တာဝန်ကျခဲ့သော်လည်း အရာရှိချုပ်ရာထူး၌သာ ရပ်တန့်နေခဲ့ခြင်းဖြစ်ပြီး နယ်စားမင်း ရာထူးကို မမက်မောပါဘူးဟု ဆိုလျှင်တော့ လိမ်ညာပြောဆိုခြင်း ဖြစ်မှာဖြစ်သော်လည်း သူက မည်သည့်အရာကို မှန်းဆ၍ ရသည်၊ မည်သည့်အရာကို မရဘူးဆိုသည်ကိုတော့ သိရှိတာပေါ့။
ဥပမာ ကျဲ့ကျန်းနယ်စားမင်း ရာထူးဆိုသည်မှာ သူ မှန်းဆလို့ရတဲ့အရာ မဟုတ်ဘူး။
ဒီနေရာမှာ အဆက်အသွယ် အလွန်များပြားနေခြင်းဖြစ်ပြီး သူကသာ တစ်ဖက်ဖက်ရဲ့လူအဖြစ် မရပ်တည်ခဲ့ရင် ဒီရာထူးကို သူ ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ဘူးလေ။
စာပေသမား အရာရှိတစ်ဦးအနေနဲ့ အမတ်ချုပ်ကြီးဖြစ်လာဖို့ကို ဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်အဖြစ် ဘယ်သူက မထားရှိဘဲ နေမှာလဲ။
သူလည်း ဒီတစ်ကြိမ် ရာထူး သက်တမ်း ကုန်ဆုံးရင် မြို့တော်ကို ပြန်လည်ရောက်ရှိလိမ့်မယ်ဟု တွေးတောထားခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနများ၏ အရာရှိချုပ် နေရာကိုမူ လောလောဆယ် သူ မှန်းဆ၍ မရနိုင်သေးဘဲ ဝါရင့်မှု မရှိသေးသောကြောင့် အလွန်ဆုံးမှ တရားရေး စောင့်ကြည့်ရေးဌာနသို့သာ ပြန်လည်ရောက်ရှိမှာ ဖြစ်တယ်။
သို့သော် ထိုဌာန၌လည်း အရာရှိချုပ် နေရာကို မရရှိခဲ့လျှင် အမတ်ချုပ် ဖြစ်ရန်မှာ မဖြစ်နိုင်တော့ပါချေ။
ဒါပေမဲ့ ကျဲ့ကျန်းနယ်စားမင်း ရာထူးကိုသာ ရရှိနိုင်မည်ဆိုပါက မတူညီတော့ဘဲ မြို့တော်သို့ ပြန်ရောက်လျှင်လည်း ဝန်ကြီးချုပ်နေရာကို ရရှိနိုင်သလို ထိုမှတစ်ဆင့် အမတ်ချုပ်ဖြစ်ရန်မှာလည်း အလိုလို ဖြစ်ပေါ်လာမှာပဲ ဖြစ်တယ်။
သူ၏အသက်မှာ ယခုအခါ ငါးဆယ့်နှစ်နှစ်ရှိနေပြီဖြစ်ရာ နောက်ထပ် ငါးနှစ်တော့ စောင့်ဆိုင်းနိုင်သေးသော်လည်း ဆယ်နှစ်ဆိုလျှင်တော့ မလွယ်ကူတော့ပေ။
ဆယ်နှစ် ကုန်လွန်သွားလျှင် သူက တကယ့်ကို အိုမင်းသွားပြီ ဖြစ်သောကြောင့် အမတ်ချုပ်ရာထူး ပေးအပ်လျှင်တောင်မှ အလုပ်လုပ်ရန်အင်အား ရှိမှာမဟုတ်တော့ချေ။
တုကျွန့်၏ ရင်ခုန်သံများမှာ မြန်ဆန်လာခဲ့ပြီး စိတ်ခံစားမှုကို အနည်းငယ် ပြန်လည်ထိန်းချုပ်နိုင်တော့မှ မေးမြန်းလိုက်တယ်။ "ရွှီခရိုင်ဝန်မှာ ပြောစရာ ရှိတာကို တိုက်ရိုက် ပြောလိုက်ပါ"
ရွှီထင်းရှန်းက ရယ်မောလိုက်တယ်။ "အရာရှိမင်း စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်တော်မျိုးက ဒီစကားကို ပြောရဲတယ်ဆိုမှတော့ အကြောင်းရှိလို့ပါပဲ။ အခု အရာရှိမင်းရဲ့ရှေ့မှာ အထက်ကို တိုက်ရိုက် ရောက်နိုင်တဲ့ လမ်းမကြီး တစ်ခု ရှိနေပြီ ဖြစ်ပြီး အရာရှိမင်း လျှောက်မလား၊ မလျှောက်ဘူးလား ဆိုတာကိုပဲ ကြည့်ရမှာပါ"
"ကျွန်တော်မျိုး အလေးအနက် နားထောင်နေပါတယ်"
ရွှီထင်းရှန်းက မတ်တပ်ရပ်လိုက်ပြီး အခန်းထဲ၌ ဟိုဟိုဒီဒီ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလိုက်တယ်။ "ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စက အကြီးအကျယ် လုပ်ရင်လည်း ရသလို၊ အသေးအဖွဲအနေနဲ့ ထားရင်လည်း ရပါတယ်။ အသေးအဖွဲဆိုတာကတော့ ကျွန်တော်မျိုး ခုနက ပြောသလို ဘာမှ မဖြစ်ခဲ့သလိုမျိုး နေလိုက်တာပေါ့"
"ဒါပေမဲ့ အကြီးအကျယ် ပြောရမယ်ဆိုရင်တော့ တစ်နယ်လုံးကို အုပ်ချုပ်ရတဲ့ နယ်စားမင်း တစ်ယောက်က အဆင့် ၇ ခရိုင်ဝန်လေး တစ်ယောက်ရဲ့ အသက်ကို ရဖို့အတွက် ဒီလောက်အထိ ဉာဏ်တွေ ထုတ်နေရတယ်ဆိုတာ ပြောရင်တောင် ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး"
"ဘာလို့လဲ ဘာလို့လဲဆိုတော့ ကျွန်တော်မျိုးက သူတို့ရဲ့မျက်စိထဲမှာ ခလုတ်တိုက်နေတယ်။ သူတို့ရဲ့ရင်ကို ဓားနဲ့ ထိုးနေတယ်။ သူတို့ရဲ့ ငွေအိတ်ကို သွားနှိုက်နေတာ ဖြစ်တာကြောင့် သူတို့က အသေသတ်ချင်နေကြတာပေါ့"
187 05
"ဒါပေမဲ့ သူတို့မှာလည်း စိုးရိမ်စရာတွေ ရှိနေတာကြောင့် အရာရှိမင်းရဲ့ လက်ကို သုံးပြီး ကျွန်တော့်ကို ကိုင်တွယ်ဖို့ ကြံစည်ခဲ့ကြတာ။ ဒီလောက် သိသာတဲ့ သေတွင်းကြီးကို အရာရှိမင်းကော အရူးလုပ်ပြီး ဆင်းပါ့မလား၊ ဒါကြောင့် တစ်ကွက် မအောင်မြင်တော့ သူတို့က နောက်တစ်ကွက် ထပ်ဆင်ပြန်တယ်၊ အဲဒါကတော့ တမင်တကာ နာမည်ဖျက်ဖို့ပဲ"
"တကယ်လို့များ ကျွန်တော်မျိုးရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မရှိဘူးဆိုရင်တော့ အားလုံး အေးဆေးသွားမှာပေါ့၊ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ နောက်ကွယ်မှာသာ သူတို့ မထိရဲတဲ့သူ ရှိနေမယ်ဆိုရင်တော့ အရာရှိမင်းဟာ အလိုလိုနေရင်း အစားထိုး အသေခံမယ့်သူ ဖြစ်သွားမှာပဲ"
ရွှီထင်းရှန်းက ခေါင်းကို အကြိမ်ကြိမ် ခါလိုက်ရင်း ရယ်မောလိုက်တယ်။ "ဒါကြောင့် ဒီလူတွေရဲ့စိတ်ကူးက တကယ့်ကို ရှုပ်ထွေးလွန်းလို့ လူကို တုန်လှုပ်စေနိုင်တယ်လေ"
တုကျွန့်က ပါးစပ်ကနေ ထုတ်မပြောပေမယ့် ရင်ထဲကနေတော့ တွေးတောနေမိတော့တယ်။ ‘ဒီလူတွေရဲ့ စိတ်ကူးက ရှုပ်ထွေးတယ် ဆိုပေမဲ့ မင်းကလည်း အကုန်လုံးကို အပေါက်ဖောက် မြင်နေတာပဲ မဟုတ်လား။ အသက်က ဒီလောက် ငယ်ငယ်လေးနဲ့ ဘယ်လိုများ ဒီလောက်အထိ ရက်စက်တဲ့ နည်းလမ်းတွေကို တတ်မြောက်ထားရတာလဲ’
"စကားတွေ အများကြီး ပြောခဲ့ပေမဲ့ အဓိက ကတော့ ခုနက ကိစ္စပဲ၊ တူအရာရှိမင်းက ကျဲ့ကျန်းနယ်စားမင်း ရာထူးကို စိတ်ဝင်စားသလား"
"မင်း" တုကျွန့်က တစ်ချက် တုန်လှုပ်သွားခဲ့ပြီး ရင်ထဲတွင်လည်း နားလည်သွားခဲ့ပြီ ဖြစ်တယ်။
"အခု ကျွန်တော့်ဘက်က ကိစ္စတွေကို အထက်ကို တင်ပြဖို့ စောင့်နေတာပါ၊ ဒါပေမဲ့ ဒီစကားကို ကျွန်တော်မျိုးက ပြောလို့ မဖြစ်သလို ဧကရာဇ်မင်းမြတ်ကလည်း အရင် မစနိုင်ပါဘူး"
"အခု အရာရှိမင်းက ဒီလောက်အထိ အကွက်ဆင် အောက်လမ်းနည်းနဲ့ တိုက်ခိုက်ခံရတာဆိုတော့ အထက်ကို အစီရင်ခံစာ တင်ပြပြီး အပြတ်ရှင်းပစ်လိုက်လို့ ရတာပေါ့"
"ဒီကိစ္စကိုသာ နန်းတွင်းက သိသွားရင် ကျူးပင်ထုံကတော့ နယ်စားမင်း ဆက်လက် လုပ်ဆောင်လို့ ရမှာမဟုတ်တော့ဘူး။ အဲဒီအခါကျရင် ဘယ်သူက နယ်စားမင်းဖြစ်ဖို့ အသင့်တော်ဆုံးလဲဆိုရင်တော့ အပြစ်ကင်းစင်တဲ့အပြင် ကျဲ့ကျန်းရဲ့အခြေအနေကိုလည်း ကျွမ်းကျင်တဲ့ တူအရာရှိမင်းပဲ ရှိတာပေါ့"
အဲဒီစကားကို ကြားလိုက်ရတဲ့အခါ တုကျွန့်က အသက်ရှူမှားသွားပြီး ရွှီထင်းရှန်းရဲ့ပြုံးနေတဲ့ မျက်လုံးတွေကို ကြောင်အမ်းအမ်း စိုက်ကြည့်နေမိတော့တယ်။
ထိုမျက်လုံးများထဲတွင်မူ အရာရာကို အောင်မြင်နိုင်မည်ဟူသော ယုံကြည်မှုများကို သူ မြင်တွေ့နေရပြီး သူ၏ ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံ ဖြတ်ပြေးနေသလို အမြန်ဆုံးပင် တွက်ချက်နေတော့တယ်။
အတော်ကြာမှ သူက ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်က အစောကြီးကတည်းက ကျွန်တော်မျိုး ဒါကို သဘောတူလိမ့်မယ်လို့ တွက်ချက်ထားတာလား"
"အလုပ်လုပ်တာက လူသားတွေ ဖြစ်ပေမဲ့ အောင်မြင်တာကတော့ ကံတရားအပေါ်မှာပဲ မူတည်တာပါ၊ ကျွန်တော်မျိုးကလည်း ကြိုတင် သိမြင်နိုင်တဲ့ နတ်မှ မဟုတ်တာ၊ အရာရှိမင်းရဲ့ တုံ့ပြန်မှုကို ဘယ်လိုလုပ် သိနိုင်မှာလဲ"
"ကျွန်တော်မျိုးကတော့ အစွမ်းကုန် ကြိုးစားကြည့်ရုံပါပဲ၊ အောင်မြင်၊ မအောင်မြင် ဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်ပါလိမ့်မယ်"
တုကျွန့်က ရယ်မောလိုက်တယ်။ "ကံတရား ဆိုတာ ကောင်းလိုက်တဲ့ စကားပဲ။ ရွှီခရိုင်ဝန်က ငယ်ရွယ်ပေမဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို ထက်မြက်လှတာကြောင့် လျှော့တွက်လို့ မရဘူးပဲ"
187 06
သူက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ်။ "အချိန်လည်း မစောတော့ဘူး၊ ကျွန်တော်မျိုးလည်း တရားစီရင်ရေးရုံးကို ပြန်ရဦးမှာဆိုတော့ ရွှီခရိုင်ဝန်ကို အနှောင့်အယှက် မပေးတော့ပါဘူး။ အဲဒီ လီစစ်ကဲကိုတော့ ကျွန်တော်မျိုးပဲ အရင်ခေါ်သွားလိုက်ပါ့မယ်"
"ဒါဆိုရင် အရာရှိမင်းက ဘယ်တော့ အစီရင်ခံစာ တင်ဖို့ စဉ်းစားထားသလဲ"
"ရွှီခရိုင်ဝန်က အရမ်းစိတ်ပူနေတာလား"
ရွှီထင်းရှန်းက ခေါင်းကို အကြိမ်ကြိမ် ခါလိုက်တယ်။ "အဲဒီလို မဟုတ်ပါဘူး၊ ကျွန်တော်မျိုးမှာ အရာရှိမင်းကတစ်ဆင့် မြို့တော်ကို ပို့ပေးစေချင်တဲ့ ပစ္စည်းအချို့ ရှိလို့ပါ"
တုကျွန့်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်တယ်။ "ဒါဆိုရင်လည်း အခုပဲ ငါ့ကို ပေးအပ်လိုက်လေ"
ရွှီထင်းရှန်းက ဘာမှထပ်မပြောတော့ဘဲ အပြင်ကို ထွက်သွားပြီး အဲဒီပစ္စည်းတွေကို ယူလာဖို့ လူတွေကို ခိုင်းလိုက်တယ်။
မကြာခင်မှာပင် ဟူဆန်းတို့က တံဆိပ်ခတ်ထားသော သေတ္တာအကြီးကြီး တစ်လုံးကို ထမ်းလာကြပြီး တုကျွန့်ကလည်း အကြာကြီး မနေတော့ဘဲ အလျင်အမြန်ပင် ထွက်ခွာသွားတော့တယ်။
18
သူ ထွက်ခွာသွားပြီးနောက်တွင် ဟူဆန်းက ရွှီထင်းရှန်းကို မေးမြန်းလိုက်တယ်။ "သခင်ကြီး ဒီလူက တကယ်ပဲ ယုံကြည်ရလို့လား"
"ယုံကြည်ရ၊ မရ ဆိုတာက ထားလိုက်ပါဦး၊ အခုတော့ သူက ငါတို့နဲ့အတူ သင်္ဘောတစ်စီးတည်းပေါ်ကို ရောက်နေပြီ။ သူက ပါးနပ်တဲ့သူပဲ၊ ဘာလုပ်ရမလဲဆိုတာ သိမှာပါ။ ကောင်းပြီ... ဟူဆန်း၊ ဒီရက်ပိုင်းအတွင်း မင်းလည်း ပင်ပန်းနေပြီ၊ ပြန်ပြီး ကောင်းကောင်း အိပ်စက်လိုက်ပါဦး"
ပြောပြီးတာနဲ့ ရွှီထင်းရှန်းက အတွင်းခန်းကို ဝင်သွားတော့တယ်။
စားပွဲပေါ်မှာ တင်ထားတဲ့ ဧကရာဇ်ရဲ့အမိန့်တော်ကို ကြည့်ပြီး သူက ပြုံးလိုက်ရင်း ယူလိုက်ကာ ဖြန့်ကြည့်လိုက်ပြီးမှ ပြန်လည်လိပ်လိုက်ပြီး အင်္ကျီလက်ထဲကို ထည့်လိုက်တော့တယ်။
အခုအချိန်မှာ တစ်ယောက်ယောက်ကသာ သူ့ဘေးမှာ ရှိနေခဲ့ရင် ဒီအမိန့်တော်က ဟိုးအရင်တုန်းက သူ ကျွမ်းယွမ်ဘွဲ့ ရရှိစဉ်က ဧကရာဇ်ကျားချန်က သူ့ကို ချီးမြှင့်ခဲ့တဲ့ အရာဆိုတာ သိသွားမှာ ဖြစ်တယ်။
သူက အင်္ကျီလက်ကို တစ်ချက် သပ်လိုက်ပြီး နောက်ဘက် အဆောင်သို့ ပြန်လာခဲ့တယ်။
ရက်ပေါင်းများစွာ အိပ်ရေးပျက်ခဲ့ရတာကြောင့် အခုတော့ သူလည်း အေးအေးဆေးဆေး အနားယူနိုင်ခဲ့ပြီ ဖြစ်တယ်။
ရွှီထင်းရှန်း အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေသည့် အချိန်တွင် တုကျွန့်ကမူ ဟန်ကျိုးသို့ ပြန်မယ့် သင်္ဘောပေါ်သို့ ရောက်ရှိနေခဲ့ပြီ။
ဒီည သူ ဘယ်လိုမှ အိပ်ပျော်နိုင်မှာ မဟုတ်ဘဲ သင်္ဘောခန်းထဲက ဆီမီးကလည်း တစ်ညလုံး လင်းထိန်နေခဲ့ပြီး ဒီအခန်းထဲမှာပဲ ရွှီထင်းရှန်း သူ့ကို ပေးလိုက်တဲ့ သေတ္တာကြီးလည်း ရှိနေခဲ့တာ ဖြစ်တယ်။
တုကျွန့်အနေနဲ့ ဒီသေတ္တာထဲမှာ ဘာတွေပါဝင်နေလဲဆိုတာကို မသိချင်တာ မဟုတ်ပေမဲ့လည်း သူက ဖွင့်ကြည့်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ကာ အခုအချိန်မှာ သူ စဉ်းစားနေတာက အထက်ကို တင်ပြမယ့် အစီရင်ခံစာကို ဘယ်လိုရေးသားရမလဲဆိုတာကိုသာ ဖြစ်တယ်။
မိုးလင်းခါနီးအချိန်မှာ သူက လျှို့ဝှက်အစီရင်ခံစာတစ်စောင်ကို ရေးသားလိုက်ပြီး သင်္ဘောကို ကမ်းကပ်ခိုင်းကာ သေတ္တာနှင့်အတူ စာတိုက်စခန်းကို ပို့ဆောင်လိုက်ပြီး အမြန်ဆုံးနှုန်းနဲ့ မြို့တော်သို့ ပို့ခိုင်းလိုက်တယ်။
ဒါကြောင့် တုကျွန့် ဟန်ကျိုးကို ရောက်တဲ့ ဒုတိယနေ့မှာပဲ သူ့ရဲ့အစီရင်ခံစာနဲ့အတူ အဲဒီသေတ္တာကြီးဟာ ဧကရာဇ်ကျားချန်ရဲ့ ရှေ့ကို ရောက်သွားခဲ့ပါပြီ။
အဆင့်မြင့် အရာရှိကြီး တစ်ယောက်အနေနဲ့ တုကျွန့်က ဧကရာဇ်မင်းမြတ်ထံ လျှို့ဝှက်အစီရင်ခံစာ တိုက်ရိုက်တင်ပြနိုင်တဲ့ အခွင့်အရေး ရှိတာကြောင့် အဲဒီစာက အမတ်ချုပ်ကြီးတွေဆီကနေ မဖြတ်သန်းဘဲ ဧကရာဇ်ကျားချန်ရဲ့ စားပွဲပေါ်ကို တိုက်ရိုက် ရောက်ရှိသွားခဲ့ခြင်း ဖြစ်တယ်။
ဧကရာဇ်ကျားချန်က အရာရာကို လွှတ်ထားတတ်တဲ့ စိတ်ဓာတ်မျိုး မဟုတ်တာကြောင့် ရွှီထင်းရှန်း မြို့တော်ကနေ ထွက်ခွာသွားပြီး မကြာခင်မှာပဲ သူလည်း နေပြန်ကောင်းလာခဲ့တယ်။ ဒါပေမဲ့ အတွင်းဝန်ဌာနကိုတော့ သူ မဖျက်သိမ်းခဲ့တဲ့အပြင် ဒီနှစ်နှစ်အတွင်း ပိုပြီးတော့ အင်အားကြီးမားလာစေခဲ့တယ်။
လောကကြီးမှာ အကျိုးရှိတဲ့နေရာကို လူတွေ စုပြုံလာကြတာက သဘာဝပဲ မဟုတ်လား။
187.2 02
အတွင်းဝန်ဌာနက အစီရင်ခံစာတွေကို အတည်ပြုပေးနိုင်တဲ့ အာဏာကို ကိုင်ထားတာကြောင့် သူ့နောက်မှာ လူတွေ ရှိလာခဲ့ပြီ။ ကျိန်းအန်းချန် ဦးဆောင်တဲ့ ဒီမိန်းမစိုး အုပ်စုတွေကို အသုံးပြုပြီး ဧကရာဇ်ကျားချန်က အမတ်ချုပ်တွေကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့တာ ဖြစ်တယ်။
ဒီမိန်းမစိုးတွေက ဧကရာဇ်မင်းမြတ်ရဲ့လက်ထဲမှာ ထက်မြက်တဲ့ ဓားတစ်လက်လိုဖြစ်ပြီး ဘယ်သူ့ကို သတ်ချင်တယ်။ ဘာလုပ်ချင်တယ် အားလုံးကို လုပ်ဆောင်နိုင်တာ ဖြစ်တယ်။ ဧကရာဇ်က နာမည်ကောင်း ယူထားပြီး အမတ်တွေက မိန်းမစိုးတွေက တိုင်းပြည်ကို ဖျက်ဆီးနေတယ်လို့ ဆဲဆိုနေကြပေမဲ့လည်း ဧကရာဇ်ကိုတော့ တစ်ခွန်းတောင် မပြောရဲကြပါဘူး။
ဧကရာဇ်ကျားချန်လည်း အခုမှ ဒီအမှန်တရားကို နားလည်သွားခဲ့ခြင်း ဖြစ်တယ်။ ယခင်ဘုရင်ကြီးက မိန်းမစိုးတွေက တိုင်းပြည်ရဲ့အခြေခံကို ဖျက်ဆီးတယ်လို့ ထင်မြင်ခဲ့တာကြောင့် သူ ရာထူးတက်တဲ့ အချိန်မှာ မိန်းမစိုးဌာန ၂၄ ခုကို ဖျက်သိမ်းခဲ့ပြီး နန်းတွင်းရှိ မိန်းမစိုးများကို အတွင်းဝန်ဌာနနှင့် နန်းတွင်းရေးရာဌာနများ၏အောက်၌သာ ထားရှိခဲ့ရာ ထိုအချိန်မှစ၍ မိန်းမစိုးများသည် အာဏာအချက်အခြာမှ ဖယ်ထုတ်ခံခဲ့ရပြီး လူကို အလုပ်အကျွေးပြုသည့် အစေခံများ ဘဝသို့သာ ရောက်ရှိသွားခဲ့ကြတာ ဖြစ်တယ်။
သို့သော် ဧကရာဇ်ကျားချန် ရာထူးတက်လာကတည်းက စာပေသမား အရာရှိတွေရဲ့ဖိနှိပ်မှုကို အကြိမ်ကြိမ် ခံစားခဲ့ရတာကြောင့် ယခင် ဘုရင်ကြီး မှားယွင်းသွားပြီဟု သူက ထင်မြင်လာခဲ့မိတယ်။ ဒီမိန်းမစိုးတွေ မရှိတော့ရင် ဧကရာဇ်က အမှန်တကယ်ကို အထီးကျန်နေမှာ မဟုတ်လား။
မိန်းမစိုးတွေ ဘယ်လောက်ပင် ပြဿနာရှာရှာ သူတို့က ဧကရာဇ်ရဲ့အစေခံတွေသာ အမြဲတမ်း ဖြစ်နေကြဆဲဖြစ်ပြီး ငွေကို မက်မောတာကလွဲလို့ ဧကရာဇ်ကိုတော့ သစ္စာမဖောက်ရဲကြပါဘူး။ ဒါပေမဲ့ စာပေသမား အရာရှိတွေကမူ မတူညီဘဲ သူတို့သည် အပြင်ပန်း၌ ရိုသေပြနေကြသော်လည်း တကယ်တမ်းတွင်မူ သူတို့၏အရှင်သခင်ကို အစိမ်းလိုက် ဝါးစားချင်နေကြတာ ဖြစ်တယ်။
ဧကရာဇ်ကျားချန် ရုံးတော်ကနေ ပြန်လည်ရောက်ရှိလာတဲ့အခါမှာ ကျိန်းအန်းချန်က အနားကို တိုးကပ်လာခဲ့တယ်။
"ကိစ္စရှိလို့လား"
"အရှင်မင်းကြီး... ကျဲ့ကျန်းအရာရှိချုပ် တုကျွန့်ထံမှ လျှို့ဝှက် အစီရင်ခံစာ ရောက်ရှိလာပါတယ်"
"ဘာတွေ ရေးသားထားသလဲ"
ကျိန်းအန်းချန်သည် ခဏလောက် ရပ်နားလိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်တယ်။ "အဲဒါက ကျူးပင်ထုံနဲ့လည်း ပတ်သက်နေသလို တျန့်ဟိုင်ခရိုင်ဝန် ရွှီထင်းရှန်းနဲ့လည်း ပတ်သက်နေပါတယ် "
187.2 03
ရွှီထင်းရှန်းရဲ့ နာမည်ကို ကြားလိုက်ရတာနဲ့ ဧကရာဇ်ကျားချန်ရဲ့မျက်နှာက ချက်ချင်းပဲ လှုပ်ရှားသွားပြီး စိတ်ပြောင်းလဲသွားခဲ့တယ်။ "အဲဒီအစီရင်ခံစာကို ငါ့ဆီ ယူလာခဲ့"
အစီရင်ခံစာက မကြာခင်မှာ ရောက်ရှိလာပြီး ဧကရာဇ်ကျားချန်က တစ်လုံးချင်းစီကို သေသေချာချာ ဖတ်ရှုနေခဲ့တယ်။
ဖတ်ရှုပြီးနောက်မှာ သူက နောက်တစ်ကြိမ် ပြန်လည်ဖတ်ရှုပြန်တယ်၊ အဲဒီနောက် အကျယ်ကြီး ရယ်မောလိုက်တော့တယ်။
ကျိန်းအန်းချန်က ချက်ချင်းပဲ ဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်တယ်။ "ဂုဏ်ယူပါတယ် အရှင်မင်းကြီး၊ ဝမ်းမြောက်စရာ ကိစ္စပါပဲ "
"ကောင်းတယ်၊ ကောင်းတယ် ဒီရွှီထင်းရှန်းက တော်လှချည်လား၊ ဒီတုကျွန့်ကလည်း တကယ်ပဲ သိတတ်တဲ့သူပဲ"
ကျိန်းအန်းချန်သည် ဘေးသို့ တိုးသွားပြီး မြှောက်ပင့် လျှောက်တင်လိုက်တယ်။ "ကျွန်တော်မျိုး ခုနက ပြောမလို့ပါပဲ၊ ဒီလို ဝမ်းသာစရာ ကိစ္စကိုတော့ အရှင်မင်းကြီး ကိုယ်တိုင် မြင်တွေ့ရတာ ပိုကောင်းမွန်မယ်လို့ ထင်မြင်မိလို့ပါ။ ဒီရွှီကျွမ်းယွမ်က အဲဒီလိုနေရာမျိုးမှာတောင် ဒီလောက်အထိ ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး အမှန်တကယ် ထင်မှတ်မထားခဲ့ပါဘူး”
ဧကရာဇ်ကျားချန်က ပြုံးရင်းနဲ့ပဲ စားပွဲပေါ်က အစီရင်ခံစာကို လက်နဲ့ ပွတ်နေတယ်။ "ဒါပေမဲ့ ဒီရွှီထင်းရှန်းက တုကျွန့်ကို ဘယ်လိုများ သူတို့ဘက်ပါအောင် လုပ်လိုက်တာလဲဆိုတာကိုတော့ ငါ သိချင်မိသေးတယ်"
"ရွှီကျွမ်းယွမ်က အမြော်အမြင် ကြီးမားတဲ့သူပါ၊ သူဟာ သာမန်လူ မဟုတ်ဘူးဆိုတာ ကျွန်တော်မျိုး အစောကြီးကတည်းက သိနေခဲ့တာ။ ကြည့်ပါဦး... နှစ်နှစ်ကျော်လေး အတွင်းမှာတင် ကျဲ့ကျန်းရဲ့ အခြေအနေတွေကို အကုန်ရှုပ်ထွေးသွားအောင် လုပ်နိုင်ရုံတင် မကဘဲ တုကျွန့်ကိုပါ သူတို့ဘက် ပါအောင် လုပ်နိုင်ခဲ့တယ်။ ဒီလိုဆိုရင်တော့ အရှင်မင်းကြီး အမြဲ စိုးရိမ်နေခဲ့တဲ့ ကိစ္စတွေကလည်း အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားတာပေါ့ "
ဒါကို ကြားရလိုက်ရအခါ ဧကရာဇ်ကျားချန်ဟာ အရင်က မင်ကျဲ့စစ်သူကြီး ကိစ္စကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ဒေါသတွေကို ပြန်လည်သတိရသွားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အမတ်ချုပ်တွေရဲ့မျက်နှာတွေ ဘယ်လိုမျိုး ဖြစ်သွားမလဲကို တွေးမိလိုက်တဲ့အခါ သူက ကျေနပ်စွာနဲ့ မျက်လုံးတွေကို မှေးလိုက်တော့တယ်။
"ရွှီထင်းရှန်းက တခြား ပစ္စည်းတွေ ပို့မလာဘူးလား"
ကျိန်းအန်းချန်က ကိုယ်ကို ကိုင်းလိုက်ရင်း ပြောလိုက်တယ်။ "ပို့လာပါတယ်၊ အစီရင်ခံစာနဲ့အတူ သေတ္တာတစ်လုံးလည်း ပါရှိပါတယ်"
"အထဲမှာ ဘာတွေ ပါဝင်နေလဲ"
"အရှင်မင်းကြီး မရှိတာကြောင့် ကျွန်တော်မျိုးလည်း မဖွင့်ရဲပါဘူး၊ အပေါ်မှာ တံဆိပ်တွေ ခတ်နှိပ်ထားတာပါ"
"သယ်လာခိုင်းလိုက်၊ ငါ ကိုယ်တိုင် ဖွင့်ကြည့်မယ်"
"မှန်လှပါ "
187.2 04
မကြာခင်မှာပင် မိန်းမစိုးအငယ်လေးအချို့က ထိုသေတ္တာကို သယ်ဆောင်လာကြတယ်။
သေတ္တာက ကြည့်ရသည်မှာ မကြီးပေမဲ့လည်း အရမ်းလေးလံနေပုံရပြီး သယ်ဆောင်လာတဲ့သူတွေတောင် အရမ်းအားစိုက်နေကြရတာ ဖြစ်တယ်။ ဒါကို မြင်တွေ့ရတဲ့အခါ ဧကရာဇ်ကျားချန်က ပိုစိတ်ဝင်စားသွားခဲ့ပြီ ဖြစ်တယ်။
"ဖွင့်လိုက်စမ်း"
သေတ္တာကို မကြာခင်မှာပင် ဖွင့်လှစ်လိုက်သည့်အခါ၌ ထူးဆန်းသော အရာများ ပါဝင်မနေဘဲ စာရင်းစာအုပ်များသာ တစ်အုပ်ပြီး တစ်အုပ် ပါရှိနေခဲ့တယ်။
ကျိန်းအန်းချန်က လူတွေကို ခေါ်ပြီး အဲဒီစာရင်းတွေကို တစ်ခုချင်းစီ စစ်ဆေးခိုင်းလိုက်ပါတယ်။ အတော်ကြာမှ သူက ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။ "အရှင်မင်းကြီး... ဒါဟာ တျန့်ဟိုင်ခရိုင်မှာ ရွှီအရာရှိမင်း ရာထူးတက်လာကတည်းက ရှိခဲ့သမျှ စာရင်းတွေ အားလုံးပါပဲ။ အဲဒီထဲမှာ ပင်လယ်ကုန်သည်တွေရဲ့ အရောင်းအဝယ် ပမာဏ၊ ကုန်စည် အမျိုးအစားတွေနဲ့ နိုင်ငံခြားသားတွေနဲ့ အရောင်းအဝယ် လုပ်တဲ့ ဈေးနှုန်းတွေကို အသေးစိတ် ရေးမှတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှီအရာရှိမင်းက သီးသန့် ဂိုဒေါင်တွေ ဆောက်လုပ်ခဲ့ပြီး ကုန်စည်တွေ မြို့ထဲဝင်တိုင်း စရိတ်တွေ ကောက်ခံခဲ့တာကြောင့် ရရှိတဲ့ အမြတ်က တကယ့်ကို များပြားလှပါတယ် "
"စုစုပေါင်း ဘယ်လောက်တောင် ရှိသလဲ"
"ဒီနှစ်နှစ်ကျော်အတွင်းမှာ ရွှီအရာရှိမင်း တိုက်သင်္ဘောတွေ ဆောက်လုပ်ခဲ့တဲ့ စရိတ်တွေကို နှုတ်လိုက်ရင်တောင်မှ ငွေပြား နှစ်သန်း တစ်သိန်း ကိုးသောင်း လေးထောင် ကျန်ရှိပါသေးတယ်၊ တကယ်လို့ အဲဒီ စရိတ်တွေကိုပါ ပေါင်းစပ်လိုက်ရင်တော့ ငွေပြား သုံးသန်းလောက် ရရှိနေတာပါ"
"သုံးသန်း ဟုတ်လား" အခုတစ်ခါမှာ ဧကရာဇ်ကျားချန် ကိုယ်တိုင်တောင် မနေနိုင်တော့ဘဲ နဂါးပလ္လင်ပေါ်မှ မတ်တပ်ရပ်လိုက်မိတော့တယ်။
"လူအင်အား အကန့်အသတ် ရှိတာကြောင့် ရွှီအရာရှိမင်းက ငွေပြား ငါးသောင်းကိုပဲ အရင် ပို့ဆောင်လိုက်တာပါ၊ အဲဒါကို ရွှေပြား ငါးထောင်အဖြစ် လဲလှယ်ပြီး ပို့လိုက်တာဖြစ်ပြီး ကျန်တဲ့ငွေတွေကိုတော့ တျန့်ဟိုင်ခရိုင်ရဲ့ ငွေတိုက်ထဲမှာပဲ သိမ်းဆည်းထားပါတယ် "
ပြောရင်းနှင့် ကျိန်းအန်းချန်က စာရင်းစာအုပ်တွေရဲ့ အောက်မှာရှိတဲ့ အဝတ်ကို လှန်ပြလိုက်တဲ့အခါမှာ ရွှေရောင်တောက်ပနေတဲ့ မြင်ကွင်းက ချက်ချင်းပေါ်ထွက်လာတော့တယ်။
******
188 01
အခန်း (၁၈၈)
နန်းတော်ထဲမှာ ရွှေနဲ့ပြုလုပ်ထားတဲ့ အလှဆင်ပစ္စည်းတွေ မရှားပါးပေမဲ့လည်း အခုလိုမျိုး တလက်လက်တောက်ပနေတဲ့ ရွှေတုံးအမြောက်အမြားက မျက်စိရှေ့ကို ရုတ်တရက် ရောက်ရှိလာတဲ့အခါ ဧကရာဇ်ကျားချန်တောင်မှ မျက်စိကျိန်းသလို ခံစားလိုက်ရတယ်။
အောက်ခြေရှိ ကျိန်းအန်းချန်နဲ့ မိန်းမစိုးအငယ်လေးတွေအားလုံးရဲ့မျက်နှာမှာ အပြုံးတွေ ပြည့်နှက်နေတာကို မြင်လိုက်တဲ့အခါ သူလည်း မနေနိုင်ဘဲ လိုက်ပြုံးမိတယ်။
ပြုံးနေရာမှ ရုတ်တရက် အပြုံးကို ရုပ်သိမ်းလိုက်ပြီး ဧကရာဇ်ကျားချန်က နေရာမှ ထွက်ခွာကာ နန်းဆောင်အတွင်း ဟိုဟိုဒီဒီ လျှောက်လှမ်းနေတော့တယ်။
ဒါဟာ အရှင်မင်းကြီး တစ်စုံတစ်ခုကို စဉ်းစားနေပြီဆိုသည့် အဓိပ္ပာယ် ဖြစ်တာကြောင့် ကျိန်းအန်းချန်သည်လည်း မနှောင့်ယှက်ဝံ့ဘဲ၊ လက်ယမ်းပြကာ လူအားလုံးကို အပြင်သို့ ထွက်ခွာစေလိုက်တယ်။
နန်းဆောင်အတွင်း တိတ်ဆိတ်သွားသည့်အခါ ဧကရာဇ်ကျားချန်က ရုတ်တရက် ပြောလိုက်တယ်။
"ဒီရွှီထင်းရှန်းကတော့ မဆိုးဘူးပဲ”
သူက ပြောရင်းနဲ့ လက်ဝါးချင်း ပုတ်နေတာကြောင့် စိတ်အခြေအနေ အလွန်ကောင်းမွန်နေကြောင်း ထင်ရှားလှတယ်။
သူက ဟိုဟိုဒီဒီ ခြေလှမ်းအနည်းငယ် ထပ်မံလျှောက်လှမ်းပြီးနောက် စိတ်ကြည်လင်စွာဖြင့် ကျိန်းအန်းချန်ကို အမိန့်ပေးလိုက်တယ်။
"မင်း အမတ်ချုပ်ကြီးတွေဆီ လူတစ်ယောက် လွှတ်လိုက်ဦး၊ သူတို့ ဒီရက်ပိုင်းမှာ လျောင်တုံး စစ်စရိတ်ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာ မဟုတ်လား၊ အခုတော့ ငွေပို့မယ့်သူ ရောက်လာပြီလို့ ပြောလိုက်ပါ”
ခဏမျှ စဉ်းစားပြီးနောက် သူက စိတ်ကူးပြန်ပြောင်းသွားပြန်တယ်။
"အရင်ဆုံး စွီအမတ်ချုပ်ကြီးကို ခေါ်လာဖို့ လူလွှတ်လိုက်ဦး”
ကျိန်းအန်းချန်က ဧကရာဇ်ကျားချန်ကို အလုပ်အကျွေးပြုလာတာ နှစ်ပေါင်းများစွာ ကြာပြီမလို့ သူ့ရဲ့အလိုဆန္ဒကို ချက်ချင်းပဲ နားလည်လိုက်တယ်။ ဒါကြောင့် သူဟာ အရိုအသေပေး ဦးညွှတ်ပြီး အမြန်ပဲ ထွက်ခွာသွားတယ်။
စွီအမတ်ချုပ်က မကြာခင်မှာပဲ ရောက်လာပေမဲ့ သူတစ်ယောက်တည်း မဟုတ်ဘဲ ချန်ကျန်းကိုပါ ခေါ်လာခဲ့တယ်။
ရွှီထင်းရှန်း မြို့တော်ကနေ ထွက်သွားပြီး မကြာခင်မှာပဲ ချန်ကျန်းက စွီအမတ်ချုပ်ရဲ့ အငယ်ဆုံးသမီးနဲ့ လက်ထပ်ခဲ့လို့ အခုဆိုရင် သူက အမတ်ချုပ်ရဲ့ သမက်တော် ဖြစ်နေပြီ။
ရွှီထင်းရှန်းနဲ့ မတူတာက ချန်ကျန်းက အခု မြို့တော်မှာ အရှိန်အဝါ အတော်လေး ကြီးမားနေပြီး လက်ထောက်စာရေး ရာထူးကနေ ဌာနခြောက်ခုကို စောင့်ကြည့်စစ်ဆေးရတဲ့ စောင့်ကြည့်ရေးအရာရှိအဖြစ် ရာထူးတိုးမြှင့်ခံထားရတာ ဖြစ်တယ်။
ဒီရာထူးက အဆင့်အတန်းအားဖြင့် မကြီးမားပေမဲ့ လက်ကိုင်ထားတဲ့ အာဏာကတော့ အတော်လေး ကြီးမားလှပြီး ဧကရာဇ်ရဲ့ အုပ်ချုပ်ရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးရသလို အကြံပေးတာ၊ အမှားတွေကို ပြင်ဆင်တာနဲ့ ဌာနခြောက်ခုရဲ့ လုပ်ငန်းတွေကို စောင့်ကြည့်စစ်ဆေးတာတွေကို လုပ်ဆောင်ရတာ ဖြစ်တယ်။
188 02
ဒါ့အပြင် နန်းတွင်း အစည်းအဝေးတွေနဲ့ ရာထူးခန့်အပ်မှုတွေမှာ ပါဝင်ခွင့်ရှိသလို၊ အဓိက မူဝါဒတွေ ချမှတ်ရာမှာလည်း ပါဝင်ပြီး အဲဒါတွေရဲ့ အကောင်အထည်ဖော်တာတွေကိုလည်း စောင့်ကြည့်ရတာ ဖြစ်တယ်။
ချန်ကျန်းက နန်းတွင်း ရွေးချယ်ခန့်ထားရေးဌာနကို စောင့်ကြည့်ရတဲ့ တာဝန်ကို ယူထားရသူ ဖြစ်တယ်။
စွီအမတ်ချုပ်နဲ့ ချန်ကျန်းတို့ဟာ ချင်ချန်းနန်းဆောင်မှာ အကြာကြီး နေခဲ့ကြပြီး၊ အပြင်ဘက်မှာ မှောင်ကျလာတော့မှပဲ ထွက်လာခဲ့ကြတယ်။
အဲဒီအချိန်မှာ နန်းတော်အတွင်း ဆီမီးတွေ စတင်ထွန်းညှိနေပြီဖြစ်ပြီး၊ ညီညာလှတဲ့ လမ်းမတစ်လျှောက် အကွာအဝေးတစ်ခုစီမှာ ကျောက်ဆီမီးအိမ်လေးတွေ ရှိနေခဲ့တယ်။
ချန်ကျန်းက စွီအမတ်ချုပ်ကို တွဲကူရင်း နန်းတော်အပြင်ဘက်ကို ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာခဲ့ကြတယ်။
စွီအမတ်ချုပ်က အသက်အရွယ် ကြီးရင့်နေပြီဖြစ်လို့၊ ဧကရာဇ်ကျားချန်က သူ့ကို နန်းတော်အတွင်း ဝေါယာဉ်စီးခွင့် ပြုထားပေမဲ့ သူက တစ်ခါမှ မစီးခဲ့ပါဘူး။
သူ့ရဲ့ကိုယ်ပိုင်စကားအရဆိုရင် အမတ်တစ်ယောက်အနေနဲ့ မိမိရဲ့ အဆင့်အတန်းကို သိရမှာဖြစ်ပြီး စည်းကမ်းကို မကျော်လွန်သင့်ကြောင်း ပြောလေ့ရှိတယ်။
အမှန်စင်စစ် ဒီအချက်က စွီအမတ်ချုပ်ရဲ့ပါးနပ်မှုပဲ ဖြစ်ပြီး၊ ဒီလို သိတတ်တာကြောင့်သာ သူက နန်းဝန်ကြီးချုပ် ရာထူးကို ဆယ်စုနှစ်များစွာကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဝူအမတ်ချုပ်ကြီး သူ့ကို ကျော်တက်သွားတာမျိုး မရှိစေဖို့ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်တယ်။
စွီအမတ်ချုပ်က ရုတ်တရက် ခြေလှမ်းတွေကို ရပ်လိုက်ပြီး၊ မလှမ်းမကမ်းက နန်းဆောင်ခေါင်မိုးကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။
"နောက်တစ်ကြိမ် လေပြင်းမုန်တိုင်းတွေ တိုက်ခတ်တော့မယ် ထင်တယ်”
သူက ကိုယ်ကိုလှည့်ပြီး ချန်ကျန်းကို ကြည့်ကာ ပြောလိုက်တယ်။
"မင်းရဲ့ကျောင်းနေဖက်ကတော့ ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်တဲ့သူပဲ၊ အနာဂတ်မှာတော့ မသေးတော့ဘူး”
ချန်ကျန်းက ဘာမှပြန်မပြောဘဲ ငြိမ်နေသလို၊ စွီအမတ်ချုပ်လည်း သူ့အဖြေကို စောင့်မနေဘဲ ရှေ့ကို ဆက်ပြီးလမ်းလျှောက်သွားတော့တယ်။
နောက်တစ်နေ့ နန်းတွင်းညီလာခံအပြီးမှာ ဧကရာဇ်ကျားချန်က အမတ်ချုပ်အားလုံးကို ခေါ်ယူပြီး ကိစ္စရပ်တွေကို တိုင်ပင်ခဲ့တယ်။
ချင်ချန်းနန်းဆောင်ကို ရောက်ရှိလာတဲ့အခါမှ လူစုံတက်စုံ ရောက်နေတာကို အားလုံး သတိပြုမိလိုက်ကြပြီး အမတ်ချုပ်ကြီးတွေသာမက ဌာနကြီးတွေရဲ့ အဆင့်မြင့်အရာရှိတွေပါ အကုန်ရောက်ရှိနေကြတာ ဖြစ်တယ်။
ဒါဟာ သာမန်တိုင်ပင်ဆွေးနွေးမှုတစ်ခုနှင့် မတူဘဲ၊ နန်းတွင်း အစည်းအဝေးကြီးတစ်ခုဟု ပြောလျှင် ရနိုင်ပါတယ်။
ဧကရာဇ်ကျားချန်က အဓိက ပလ္လင်ပေါ်မှာ ထိုင်နေပြီး အောက်ခြေမှာတော့ အရာရှိကြီးတွေက ရာထူးအလိုက် အစဉ်လိုက် ရပ်နေကြတယ်။
စွီအမတ်ချုပ်တစ်ဦးတည်းသာလျှင် အသက်အရွယ် ကြီးရင့်တာကြောင့် ဘယ်ဘက်အပေါ်ပိုင်းမှာ ထိုင်ခုံတစ်ခု ရရှိပြီး ထိုင်နေခဲ့တယ်။
188 03
"ဌာနအသီးသီးမှာ အလုပ်တွေ များနေကြမှာဆိုတော့ ငါလည်း မင်းတို့ရဲ့ အချိန်ကို အကြာကြီး မယူတော့ပါဘူး။ ဒီနေ့ ခေါ်လိုက်ရတာက ကျဲ့ကျန်းနယ်က တုကျွန့်က အစီရင်ခံစာ တစ်စောင် တင်ပြလာလို့ပဲ”
ဒီစကားက ရုတ်တရက်ဆန်လှတာကြောင့် လူအများစုမှာ တုကျွန့်ဆိုသည်မှာ မည်သူနည်းဟု ချက်ချင်း စဉ်းစားမရ ဖြစ်သွားကြပေမဲ့လည်း မကြာခင်မှာ သူက ကျဲ့ကျန်းတရားစီရင်ရေးဌာန၏အရာရှိချုပ် တုကျွန့်ဖြစ်မှန်း သိရှိသွားကြတယ်။
ဒါဟာ ကျဲ့ကျန်းမှာ တစ်ခုခု ဖြစ်လို့လား။ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပေမဲ့လည်း ဝူအမတ်ချုပ်ကြီးတစ်ဦးတည်းသာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီ။
သူ့ဘေးရှိ ဖုန်းချန်ပေါင်က သူ့ကို အကြိမ်ကြိမ် မျက်ရိပ်ပြနေပေမဲ့လည်း သူကမူ မမြင်ချင်ယောင် ဆောင်နေတာကြောင့် ဖုန်းချန်ပေါင်မှာ အားကိုးရာမဲ့စွာနဲ့ ခေါင်းငုံ့နေလိုက်ရတော့တယ်။
"ကျိန်းအန်းချန်... မင်း သူတို့ကို ဖတ်ပြလိုက်စမ်း”
ကျိန်းအန်းချန်က ရိုရိုသေသေနဲ့ လက်ခံလိုက်ပြီးနောက် လက်ထဲက အစီရင်ခံစာကို ဖြန့်ပြီး ဖတ်ပြတော့တယ်။
"...မကြာသေးမီက ကျွန်တော်မျိုး စုံစမ်းသိရှိရသည်မှာ နင်းပေါ်မြို့၊ တျန့်ဟိုင်ခရိုင်ဝန် ရွှီထင်းရှန်းက အတင့်ရဲစွာဖြင့် လူဆိုးကုန်သည်များနှင့် ပူးပေါင်းကာ နိုင်ငံခြားသားများနှင့် လျှို့ဝှက် ဆက်သွယ်နေပါသည်။ ကျွန်တော်မျိုးတို့၏ ကုန်စည်များကို နိုင်ငံခြားသား ကုန်သည်များထံသို့ ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချနေပါသည်..."
ဘယ်အချိန်မှာ ကျိန်းအန်းချန် အသံတိတ်သွားသလဲ မသိပါဘူး။
အောက်ခြေတွင်မူ အပြင်ပန်း၌ တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင်မူ လူတိုင်း၏ရင်ထဲ၌ လှိုင်းတံပိုးကြီးများ ထကြွနေခဲ့ပြီ ဖြစ်တယ်။
ဒီနေရာမှာ ရပ်တည်နေနိုင်သူတွေက အရာရှိလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သူတွေ ဖြစ်တာကြောင့် ဒီလောက်တည်ငြိမ်မှုတော့ ရှိကြတာပေါ့။
တရားရေး စောင့်ကြည့်ရေးဌာနရဲ့အရာရှိချုပ် ကျန်းယွင်ကျယ်က အရင်ဆုံး ရှေ့ကို ထွက်လာခဲ့တယ်။
"အရှင်မင်းကြီး... ဒီလောက်အထိ အတင့်ရဲတဲ့ ခရိုင်ဝန်ကိုတော့ ချက်ချင်း လူလွှတ်ပြီး ဖမ်းဆီး စစ်ဆေးသင့်ပါတယ် ”
ဒီစကားကြောင့် ထောက်ခံသံတွေ ဆက်တိုက် ထွက်ပေါ်လာပြီး၊ အားလုံးက ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး တခြားသူတွေအတွက် သင်ခန်းစာ ဖြစ်စေရမယ်လို့ လျှောက်တင်ကြတယ်။
လူအနည်းငယ်ပဲ အခြေအနေကို စောင့်ကြည့်နေတာကြောင့် တိတ်တိတ်ဆိတ်ဆိတ် နေနေကြတာ ဖြစ်တယ်။
188 04
"ဒီလောက်အထိ အတင့်ရဲတဲ့ အရာရှိငယ်လေးကိုတော့ ဖမ်းဆီး စစ်ဆေးရမှာ အမှန်ပဲ၊ တုကျွန့်ကလည်း လူလွှတ်ပြီး လုပ်ဆောင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကြားထဲမှာ ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်" ဧကရာဇ်ကျားချန်က ပလ္လင်လက်ရန်းကို ခပ်ဖွဖွလေး ပုတ်လိုက်ရင်း ပြောလိုက်တယ်။ "ကျိန်းအန်းချန်... မင်း ဆက်ဖတ်လိုက်ဦး”
ကျိန်းအန်းချန်က ထပ်မံဆက်လက်ဖတ်ပြပြန်ရာ ထိုအကြောင်းအရာမှာ ကျဲ့ကျန်းနယ်စားမင်း ကျူးပင်ထုံက တရားစီရင်ရေးဌာနရဲ့နာမည်ကို အသုံးပြုကာ လူတွေကို လျှို့ဝှက်စွာ လွှတ်ပြီး ရွှီထင်းရှန်းကို ဖမ်းဆီးခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ပါရှိနေခဲ့တယ်။
ကံမကောင်းစွာနဲ့ တုကျွန့်ကိုယ်တိုင်က တျန့်ဟိုင်ခရိုင်မှာ အမှုစစ်ဆေးနေတဲ့ အချိန်နဲ့ သွားရောက်တိုက်ဆိုင်နေခဲ့တာ ဖြစ်တယ်။
အတုနှင့်အစစ်က ထိပ်တိုက်တိုးသွားခဲ့ပြီဖြစ်ရာ၊ ကိစ္စမှာ ဖုံးကွယ်၍ မရနိုင်တော့ပါပေ။
တုကျွန့်က ထိုလူအုပ်စုကို ဖမ်းဆီးလိုက်ပြီး အမြန်ဆုံးနှုန်းနဲ့ မြို့တော်ကို အစီရင်ခံစာ ပေးပို့လိုက်ခြင်း ဖြစ်တယ်။
"ဒီတုကျွန့်ရဲ့အစီရင်ခံစာကို ငါ ဖတ်ပြီးပြီ၊ သူ့ရဲ့လေသံက တကယ့်ကို မကျေမနပ် ဖြစ်နေတဲ့ ပုံစံမျိုးပဲ။ မင်းတို့အားလုံးက နန်းတွင်းရဲ့ အားကိုးရတဲ့ အရာရှိကြီးတွေပဲ၊ မင်းတို့ ပြောကြည့်ကြစမ်း... ဒီကျူးပင်ထုံက ဘယ်လို စိတ်ကူးနဲ့ ဒီလောက်အထိ နားမလည်နိုင်စရာ ကောင်းတဲ့ ကိစ္စကို လုပ်ရဲတာလဲ"
ဒီမေးခွန်းကြောင့် အားလုံးမှာ စကားမပြောနိုင်ဘဲ ငြိမ်နေကြရတယ်၊ အခြေအနေကို ရိပ်မိသူတွေကလည်း အမှန်အတိုင်း မပြောဝံ့ကြပါဘူး။ ဒီကိစ္စမှာ ပါဝင်နေတဲ့သူတွေက ပိုလို့တောင် နက်နက်နဲနဲ မပြောဝံ့ကြဘူး။
"မနေ့က အစီရင်ခံစာ တက်လာကတည်းက ငါ တစ်ညလုံး စဉ်းစားခဲ့ပေမဲ့၊ ဘယ်လိုမှ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်။ မင်းတို့ ပြောစမ်း... ဒီကျူးပင်ထုံက ဘာကိုရည်ရွယ်တာလဲ။ အဆင့် ၇ ခရိုင်ဝန်လေး တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် ဒီလိုနည်းလမ်းမျိုးကို သုံးတဲ့အပြင်၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ကိုပါ နာမည်ဖျက်ဖို့ ကြံစည်ရသလား"
နန်းဆောင်အတွင်း တိတ်ဆိတ်သွားခဲ့ပြီ။ ဧကရာဇ်ကျားချန်ရဲ့အသံပဲ ပဲ့တင်ထပ်နေခဲ့တယ်။
"ဘယ်လိုလဲ။ ငါ့ရဲ့အမတ်ကြီးတွေကတောင် ဒီကျူးပင်ထုံရဲ့ ထူးဆန်းတဲ့ လုပ်ရပ်ကို စဉ်းစားလို့ မရကြဘူးလား"
ဒီစကားက တစ်စုံတစ်ခုကို ရည်ရွယ်နေမှန်း အရမ်းသိသာလွန်းနေတာကြောင့် ဆက်လက်တိတ်ဆိတ်နေ၍ မရတော့ဘဲ လူတစ်ယောက်က ရှေ့ကို ထွက်လာခဲ့တယ်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး ထင်တာတော့ ကျူးပင်ထုံက အမှုကို စစ်ဆေးတဲ့ နေရာမှာ သတင်းမပေါက်ကြားစေချင်လို့၊ ရန်သူ သိသွားမှာကို စိုးရိမ်လို့ တမင်တကာ ဒီလိုမျိုး လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တုကျွန့်နဲ့ အထင်လွဲသွားလိမ့်မယ်လို့ သူ ထင်မထားခဲ့ပုံ ရပါတယ် "
ဒီစကားကို ပြောသူက အမတ်ချုပ်ကြီး ဖုန်းချန်ပေါင် ဖြစ်တယ်။
188 05
ဧကရာဇ်ကျားချန်က သူ့ကို အေးအေးစက်စက် ကြည့်လိုက်တဲ့အခါ၊ အကြည့်တွေက ပိုပြီးအေးစိမ့်လာခဲ့တယ်။ ဖုန်းချန်ပေါင် တစ်ယောက် ဘာလို့ ငါ ရှေ့ထွက်မိပါလိမ့်လို့ နောင်တရနေတဲ့အချိန်မှာ ဧကရာဇ်က စကားပြောလိုက်တယ်။
"ကျိန်းအန်းချန်... ဖုန်းအမတ်ချုပ်ကြီးအတွက် နောက်တစ်ခါ ပြန်ဖတ်ပြလိုက်စမ်း”
ဒါကြောင့် ကျိန်းအန်းချန်က တုကျွန့်က နယ်စားမင်းရုံးက လူတွေကို တွေ့ခဲ့ပုံနဲ့၊ သူတို့က ဘယ်လိုမျိုး တရားစီရင်ရေးဌာနက လူတွေအဖြစ် ဟန်ဆောင်ပြီး လူဖမ်းခဲ့ကြတာကို ထပ်ပြီး အစီရင်ခံလိုက်တယ်။
ဖုန်းချန်ပေါင်ရဲ့မျက်နှာမှာ နီမြန်းသွားခဲ့ပြီဖြစ်တယ်။ ဒီအစီရင်ခံစာမှာ ကျူးပင်ထုံရဲ့လူတွေက တမင်တကာ တရားစီရင်ရေးဌာနရဲ့ လူတွေအဖြစ် ဟန်ဆောင်ခဲ့ကြတာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားတာ ဖြစ်တယ်။ "တုအရာရှိမင်းရဲ့အစီရင်ခံစာနဲ့အတူ အဲဒီနေ့က လူဖမ်းရာမှာ ပါဝင်ခဲ့တဲ့ စစ်ကဲရဲ့ ထွက်ဆိုချက်လည်း ပါရှိပါတယ်"
ကျိန်းအန်းချန်က လျှောက်တင်လိုက်တယ်။ ဒါပေမဲ့လည်း ဘယ်သူမှ ခွင့်မပြုတာကြောင့် အဲဒီထွက်ဆိုချက်ကိုတော့ သူ ထုတ်မဖတ်ဘဲ နောက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်။
အမတ်ကြီးတွေ အားလုံးက အဲဒီစစ်ကဲရဲ့ထွက်ဆိုချက်မှာ ဘာတွေပါဝင်နေမလဲလို့ စဉ်းစားနေကြတဲ့အချိန်မှာ နန်းဆောင်အတွင်း လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ အဲဒီအသံက ဧကရာဇ်ရဲ့ အသံ မဟုတ်ဘဲ၊ အမြဲတမ်း တည့်တည့်ပြောတတ်တဲ့ ကျန်းယွင်ကျယ်ရဲ့ အသံ ဖြစ်နေခဲ့တယ်။
"ဒီကိစ္စကတော့ ထင်ရှားနေပါပြီ။ ကျူးပင်ထုံနဲ့ ဒီရွှီထင်းရှန်းတို့ကြားမှာ တစ်ခုခု ပတ်သက်မှု ရှိနေတာ ဖြစ်ပြီး အဲဒါကလည်း တစ်ဖက်လူကို ဖယ်ရှားမှ ဖြစ်မယ့် အခြေအနေမျိုး ဖြစ်မှာပါ။ ကျူးပင်ထုံက အထက်က စစ်မေးမှာကို ကြောက်တာကြောင့် ကိစ္စအားလုံးကို တုကျွန့်အပေါ် ပုံချဖို့ ကြံစည်ခဲ့တာပါပဲ”
ဧကရာဇ်ကျားချန်က နားမလည်သလိုမျိုး မေးမြန်းလိုက်တယ်။
"ကျန်းအရာရှိချုပ်... ဒီလိုမျိုး ကိစ္စတွေလည်း ရှိသေးတာလား"
ကျန်းယွင်ကျယ်က ခေါင်းညိတ်လိုက်ပြီး ရှေ့ကို ထွက်လာကာ အမတ်ကြီးတွေ အားလုံးကို ဝေ့ကြည့်လိုက်ရင်း ဧကရာဇ်ကို လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး မသိနိုင်တာကတော့၊ ကမ်းရိုးတန်း ဒေသမှာ ဂျပန်ဓားပြတွေ များသလို၊ နောက်ထပ် တစ်မျိုးလည်း ရှိပါသေးတယ်၊ အဲဒါကတော့ အကျင့်ပျက် ကုန်သည်တွေက ဒေသခံ အရာရှိတွေကို လာဘ်ထိုးပြီး နိုင်ငံခြားသားတွေနဲ့ လျှို့ဝှက် ဆက်သွယ်ကြတာပါပဲ။ ဒီအရာရှိတွေက နန်းတွင်းရဲ့ ဥပဒေတွေကို ဂရုမစိုက်ဘဲ ကိုယ့်အိတ်ထဲ ငွေထည့်ဖို့ပဲ ကြည့်နေကြတာပါ၊ ဒီနှစ်တွေအတွင်းမှာ ဘယ်လောက်ပဲ စစ်ဆေးစစ်ဆေး၊ ဘယ်လိုမှ တားဆီးလို့ မရနိုင်တဲ့ ကိစ္စပါပဲ။ ဒီနှစ်ပိုင်းမှာ အစီရင်ခံစာတွေ နည်းသွားတယ် ဆိုပေမဲ့၊ ကျွန်တော်မျိုး ထင်တာတော့ လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ဘဲ နောက်ကွယ်က တစ်ယောက်ယောက်က ကာကွယ်ပေးထားလို့ပဲ ဖြစ်မှာပါ""ခဏနေဦး" ဧကရာဇ်ကျားချန်က ကျန်းယွင်ကျယ်၏ စကားကို ဖြတ်ပြောလိုက်တယ် "မင်းရဲ့ အဓိပ္ပာယ်က ကျူးပင်ထုံနဲ့ ရွှီထင်းရှန်းတို့ဟာ အကျိုးအမြတ် ခွဲဝေမှု မမျှတတာကြောင့် အချင်းချင်း တိုက်ခိုက်နေကြတာလို့ ပြောချင်တာလား၊ ရွှီထင်းရှန်းက နန်းတွင်း အရာရှိ ဖြစ်နေတော့ ကျူးပင်ထုံက တိုက်ရိုက် မလုပ်ရဲဘဲ သူတစ်ပါးရဲ့ နာမည်ကို သုံးခဲ့တာပေါ့ ဟုတ်လား"
188.2 01
"ဒါကတော့ ကျွန်တော်မျိုးလည်း အတိအကျ မသိပါဘူး ”
ဧကရာဇ်ကျားချန်က တိုးတိုးလေး ရေရွတ်လိုက်တယ်။ "မင်းတို့ ပြောမှပဲ ငါလည်း သတိရသွားတော့တယ်၊ ဒီရွှီထင်းရှန်းဆိုတာ ဟိုတုန်းက ဒန်ဝမ်ဗုံကို တီးခဲ့တဲ့သူ မဟုတ်လား၊ ခြောက်ဆင့်စလုံး ပထမရတဲ့ ရွှီကျွမ်းယွမ်လေ။ သူက ချန်ထျန်းဆယ်နှစ်တုန်းက အမတ်ချုပ်များရုံးကနေ ဒေသဆိုင်ရာကို ပြောင်းရွှေ့ခံခဲ့ရတာပဲ။ အဲ့ဒီတုန်းက ငါ ကိုယ်တိုင်လည်း နေမကောင်း ဖြစ်နေတာကြောင့် ဒီကိစ္စကို သတိမထားမိခဲ့ဘူး၊ ဒါဆိုရင် ရွှီထင်းရှန်းက အမတ်ချုပ်များရုံးကနေ ကျဲ့ကျန်းနယ်က အခြေအနေတွေကို ပြုပြင်ဖို့အတွက် သီးသန့် စေလွှတ်လိုက်တာလား"
ဒီစကားကြောင့် အမတ်ချုပ်အားလုံးမှာ ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်သွားကြရတယ်။ ရွှီထင်းရှန်း ဘာကြောင့် အမတ်ချုပ်ကြီးများရုံးကနေ နှင်ထုတ်ခံခဲ့ရသလဲဆိုတာ အားလုံးသိကြပေမဲ့လည်း၊ ပြဿနာက ဝူအမတ်ချုပ်ကြီးက ဒီနေရာမှာ ရှိနေတာကြောင့် ဘယ်သူကမှ အမှန်အတိုင်း မပြောဝံ့ကြပါဘူး။
ဖုန်းချန်ပေါင် အရှက်ကွဲပြီးနောက်မှာ အခုတော့ ဝူအမတ်ချုပ်ကြီးရဲ့အလှည့် ရောက်လာခဲ့ပြီ ဖြစ်တယ်။
ဒါပေမဲ့ ဝူအမတ်ချုပ်ကြီးက ဝူအမတ်ချုပ်ကြီး ပီသစွာနဲ့ပဲ၊ သူက ချက်ချင်း ရှေ့ကို ထွက်လာပြီး လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဒီရွှီထင်းရှန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ မာန်တက်နေသူ ဖြစ်ပါတယ်၊ အရင်က အမတ်ချုပ်များရုံးမှာ ရှိစဉ်က နန်းတွင်းရေးရာတွေကို ဝင်ရောက် စွက်ဖက်မှုတွေ အများကြီး လုပ်ခဲ့တာကြောင့် ဒါဟာ စည်းကမ်းကို ဖောက်ဖျက်တဲ့ ကိစ္စကြီး တစ်ခု ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်မျိုးအနေနဲ့ နန်းတွင်းအတွက် ထူးချွန်တဲ့သူကို မဆုံးရှုံးစေချင်တာရယ်၊ သူ့ကို လေ့ကျင့်ပေးချင်တာရယ်ကြောင့်သာ အမတ်ချုပ်များရုံးကနေ ပြောင်းရွှေ့ပေးခဲ့တာပါ။ ဘယ်နေရာကို ပို့လိုက်သလဲ ဆိုတာကတော့ ရွေးချယ်ခန့်ထားရေးဌာနက လုပ်ဆောင်တာ ဖြစ်လို့၊ ကျွန်တော်မျိုးလည်း အသေအချာ မသိပါဘူး "
ဒါဟာ သိသာစွာကို မျက်လုံးဖွင့်လျက်နဲ့ လိမ်ညာပြောဆိုနေခြင်း ဖြစ်တယ်။ ရွေးချယ်ခန့်ထားရေးဌာနက ဝူအမတ်ချုပ်ကြီးရဲ့နယ်မြေဖြစ်ပြီး၊ အခြားနေရာတွေကို ထားလိုက်ပါဦး၊ ဒီဌာနကိုတော့ သူက အလွန် ကျပ်ကျပ်မတ်မတ် ကိုင်တွယ်ထားတာ ဖြစ်တယ်။ ရွှီထင်းရှန်းကို ဘယ်နေရာကို ပို့လိုက်တယ်ဆိုတာကို ဝူအမတ်ချုပ်ကြီး မသိပါဘူးဟု ဆိုရင်တော့၊ ဒါဟာ အရူးကို လိမ်ညာနေခြင်းသာ ဖြစ်မှာပေါ့။
"ဩော်... ဝူအမတ်ချုပ်ကြီးက မသိဘူးပေါ့လေ”
ဝူအမတ်ချုပ်ကြီးရဲ့ခါးက ပိုမိုကိုင်းညွတ်သွားခဲ့ပြီ ဖြစ်တယ်။
188.2 02
"ကျွန်တော်မျိုး အမှန်တကယ် မသိပါဘူး၊ ဒါပေမဲ့ အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်တော်မျိုး အခုပဲ ပြန်ပြီး စုံစမ်းကြည့်ပါ့မယ်၊ အဲဒီတုန်းက ဒီလူကို ဘယ်သူက ဘယ်လို အမိန့်နဲ့ ပြောင်းရွှေ့ခဲ့သလဲ ဆိုတာကိုပေါ့”
ဒီကိစ္စမှာ ဒီလောက်အထိ ပြောဆိုပြီးနောက်မှာ ဆက်ပြီး မပြောနိုင်တော့ပါဘူး။
ဧကရာဇ်ကျားချန်က တကယ်ပဲ အသည်းအသန် စုံစမ်းလျှင်တောင်မှ၊ ဝူအမတ်ချုပ်ကြီးက ချက်ချင်းပင် အစားထိုး အပြစ်ခံမယ့်သူ တစ်ဦးကို ရှာဖွေနိုင်မှာ ဖြစ်တယ်။ ထိုသူမှာ သူနှင့် လုံးဝ မပတ်သက်သည့်အပြင်၊ အခြားသူများကိုပါ ဆွဲထည့်နိုင်သည့်သူ ဖြစ်မှာ အသေအချာပဲ။
တကယ်လို့ အရင်တုန်းကဆိုရင်တော့ ဧကရာဇ်ကျားချန်က အရမ်းဒေါသထွက်နေမှာ ဖြစ်ပေမဲ့လည်း၊ ဒီနေ့မှာတော့ သူ့ရဲ့စိတ်အခြေအနေက အရမ်းကောင်းမွန်နေခဲ့တယ်။
သူက လက်ကို ခါယမ်းလိုက်ပြီး သဘောထားကြီးစွာနဲ့ ပြောလိုက်တယ်။
"ဒါက မရေးကြီးပါဘူး၊ အခု တိုင်ပင်ရမှာက ကျူးပင်ထုံက ဘာလို့ ဒီကိစ္စကို တုကျွန့်အပေါ် ပုံချဖို့ လုပ်ခဲ့ရတာလဲ ဆိုတာပါပဲ။ ဒီနှစ်တွေမှာ တုကျွန့်က တိတ်တဆိတ်နဲ့ အလုပ်လုပ်လာခဲ့တာ ဖြစ်ပေမဲ့၊ နန်းတွင်းအတွက် လက်တွေ့ကျတဲ့ အလုပ်တွေကို အများကြီး လုပ်ပေးခဲ့တဲ့ အမတ်ကြီး တစ်ယောက်ပါ၊ ငါကတော့ သူ့ကို ဒီလိုမျိုး အစော်ကား မခံနိုင်ဘူး။ ဝူအမတ်ချုပ်ကြီးမှာ ဘယ်လို အမြင် ရှိသလဲ"
ဝူအမတ်ချုပ်ကြီးက သွားကို တင်းတင်းကြိတ်ထားရင်း ပြုံးပြီးလျှောက်တင်လိုက်တယ်။
"အမတ်ကြီးတွေအားလုံးမှာ ဘာအမြင်မှ မရှိကြမှတော့၊ ကျွန်တော်မျိုးမှာလည်း ဘာမှမရှိပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးအနေနဲ့ ဒီကိစ္စကို အရမ်း စိုးရိမ်နေစရာ မလိုပါဘူး၊ ကျူးပင်ထုံက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို ဒီလို နည်းလမ်းယုတ်တွေနဲ့ တိုက်ခိုက်တယ်ဆိုမှတော့ သူ့ရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက် ရှိနေမှာ အသေအချာပါပဲ။ အရှင်မင်းကြီးအနေနဲ့ သူ့ကို မြို့တော်ကို ပြန်ခေါ်ပြီး စစ်ဆေးဖို့ အမိန့်ထုတ်သင့်ပါတယ်၊ အဲဒီအခါကျရင်တော့ အမှားအမှန်က အလိုလို ပေါ်လာမှာပါ "
ဧကရာဇ်ကျားချန်က အောက်ခြေမှာရှိတဲ့ မျက်နှာကြီးကို စိုက်ကြည့်နေမိတယ်။ ဝူအမတ်ချုပ်ကြီးရဲ့အတော်ဆုံး အချက်မှာ ရက်စက်တတ်ခြင်းပင်ဖြစ်ပြီး၊ ကိစ္စတစ်ခုခု ဖြစ်လာရင်တောင်မှ ကိုယ့်လူကို ချက်ချင်း စွန့်လွှတ်ဝံ့သည့်သတ္တိမျိုးကတော့ လူတိုင်းမှာ မရှိကြပါဘူး။ ဒါပေမဲ့ ဝူအမတ်ချုပ်ကြီးမှာတော့ မတူညီဘဲ၊ စွန့်လွှတ်သင့်တဲ့အချိန်မှာ သူက လုံးဝတွန့်ဆုတ်နေလေ့မရှိဘူး။ ကျူးပင်ထုံမှာ သူ အပင်ပန်းခံ၍ မွေးမြူထားခဲ့ရပြီး၊ ကျဲ့ကျန်းနယ်စားမင်း ရာထူးအထိ ရောက်အောင် မနည်း ကြိုးစားခဲ့ရသူ ဖြစ်လျှင်တောင်မှပေါ့။
188.2 03
ဧကရာဇ်ကျားချန်က လက်ခုပ်တီးကာ ချီးကျူးလိုက်တယ်။
"ဝူအမတ်ချုပ်ကြီးရဲ့အကြံက ကောင်းလိုက်တာ။ ဒါဆိုရင် ကျူးပင်ထုံကို မြို့တော်ကို ပြန်ခေါ်ပြီး စစ်ဆေးကြတာပေါ့။ ဖမ်းခေါ်တယ်လို့တော့ မပြောပါနဲ့ဦး၊ သူကလည်း အဆင့်မြင့် အရာရှိကြီး တစ်ယောက် ဖြစ်နေသေးသလို၊ ကိစ္စကလည်း မရှင်းလင်းသေးတာကြောင့် အဲ့ဒီလိုမျိုး လုပ်ရင် ငါကပဲ လူမဆန်သလို ဖြစ်နေဦးမယ်”
"မှန်လှပါ ”
"ဒါပေမဲ့ အဲဒီရွှီထင်းရှန်းကတော့ နှမြောဖို့ ကောင်းလိုက်တာ၊ ဒီကောင်လေးက ဘာလို့ ဒီလောက်အထိ အရူးလုပ်ပြီး ဒီလို အမှားကြီးကို ကျူးလွန်ခဲ့ရတာလဲ" ဧကရာဇ်ကျားချန်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
အောက်ခြေကအမတ်တွေကတော့ တစ်ယောက်ကိုတစ်ယောက် မျက်ရိပ်ပြနေကြပေမဲ့လည်း၊ ဘယ်သူမှတော့ စကားမဟဝံ့ကြဘူး။
အဲဒီအချိန်မှာ စောင့်ကြည့်ရေးအရာရှိချန်ကျန်းက ရှေ့ကို ထွက်လာခဲ့ပြီး ဧကရာဇ်ကျားချန်ရဲ့ ရှေ့မှာ ဒူးထောက်လိုက်တယ်။
"ကျွန်တော်မျိုးမှာ လျှောက်တင်စရာ ရှိပါတယ် ”
"ချန်အရာရှိမှာ ဘာတွေ လျှောက်တင်စရာ ရှိလို့လဲ"
"တျန့်ဟိုင်ခရိုင်ဝန် ရွှီထင်းရှန်းရဲ့ ကိစ္စနဲ့ ပတ်သက်လို့ပါ ”
ဧကရာဇ်ကျားချန်က အံ့ဩသလိုမျိုး ကြည့်လိုက်ရင်း အမိန့်ပေးလိုက်တယ်။ "ပြောစမ်း"
အဲဒီနောက်မှာ ချန်ကျန်းက ရွှီထင်းရှန်း တျန့်ဟိုင်ခရိုင်သို့ ရောက်ရှိပြီးနောက် မြင်တွေ့ခဲ့ရတဲ့ ရှုပ်ထွေးမှုတွေ၊ ဘယ်လိုမျိုး ဖိနှိပ်မှုတွေ ခံခဲ့ရပုံနဲ့၊ ဒေသခံ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို မြင်တွေ့ရပေမဲ့လည်း ဘာမှ မတတ်နိုင်ခဲ့တဲ့ အခြေအနေတွေ၊ နောက်ဆုံးမှာ သူကိုယ်တိုင် အညစ်အကြေးတွေကြားထဲကို ဆင်းပြီး တစ်နယ်လုံး အေးချမ်းစေရန် လုပ်ဆောင်ခဲ့ပုံတွေကို ပြောပြတော့တယ်။
"ရွှီခရိုင်ဝန်က ကျွန်တော်မျိုးရဲ့ကျောင်းနေဖက် ဖြစ်သလို၊ တစ်နှစ်တည်း ဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်၊ ဆရာလည်း တစ်ယောက်တည်းပါပဲ။ သူက အပြင်ပန်းမှာတော့ ဘာမှဂရုမစိုက်သလို နေတတ်ပေမဲ့၊ ရင်ထဲမှာတော့ တကယ့်ကို အမြော်အမြင် ကြီးမားသလို ပြည်သူတွေကိုလည်း သနားတတ်သူ ဖြစ်ပါတယ်။ သူက အရင်က ကျွန်တော်မျိုးဆီကို ပစ္စည်းအချို့ အပ်နှံခဲ့ဖူးပြီး၊ တကယ်လို့ တစ်နေ့နေ့မှာ သူ တစ်ခုခု ဖြစ်သွားခဲ့ရင်တော့ ဒီပစ္စည်းတွေကို ထုတ်ပြပေးဖို့ မှာကြားခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်မျိုးလည်း လုံးဝနားမလည်ခဲ့ပေမဲ့၊ အခုတော့ သိလိုက်ရပါပြီ။ သူဟာ သူ့ရဲ့ ဘေးကင်းရေးကို အစောကြီးကတည်းက စိုးရိမ်နေခဲ့တာ ဖြစ်ပြီး၊ အရာအားလုံးကို လူတွေက ဖုံးကွယ်ထားမှာကို ကြောက်တာကြောင့်ရယ်၊ ပြည်သူတွေ ဒုက္ခရောက်မှာကို စိုးရိမ်တာကြောင့်ရယ်ကြောင့်သာ ကြိုတင် ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်"
188.2 04
"မနေ့က ကျွန်တော်မျိုး သူ့ဆီက စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်၊ အဲဒီစာထဲမှာ ကိစ္စအားလုံးကို အမှန်အတိုင်း ရေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်မျိုးလည်း သူပေးခဲ့တဲ့ သေတ္တာကို ဖွင့်ကြည့်လိုက်တော့မှ အထဲမှာ ဘာတွေပါဝင်နေသလဲဆိုတာ သိလိုက်ရတာပါ။ အဲဒါတွေကတော့ နှစ်နှစ်ကျော်အတွင်း တျန့်ဟိုင်ခရိုင်မှာ သူ မြင်တွေ့ခဲ့ရသမျှ ကိစ္စတွေရယ်၊ သူကိုယ်တိုင် နိုင်ငံခြားသား ကုန်သည်တွေနဲ့ အရောင်းအဝယ် လုပ်လို့ ရရှိလာတဲ့ ငွေကြေးတွေနဲ့ စာရင်းစာအုပ်တွေပဲ ဖြစ်ပါတယ်"
ချန်ကျန်းက မြေပြင်မှာ ဦးတိုက်လိုက်ရင်း လျှောက်တင်လိုက်တယ်။
"ကျွန်တော်မျိုးက သူ့ဘက်ကနေ ကာကွယ်ပြောနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ့ရဲ့စာထဲက စကားလုံးတိုင်းဟာ တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်။ တျန့်ဟိုင်ဟာ ကမ်းရိုးတန်းဒေသ ဖြစ်တာကြောင့် မြေမျက်နှာသွင်ပြင်အရ စိုက်ပျိုးလို့ မရသလို၊ ပင်လယ်ကို ပိတ်ထားတာကြောင့်လည်း ပြည်သူတွေဟာ ငါးဖမ်းလို့ မရကြပါဘူး၊ ဆားချက်တဲ့ နေရာတွေကလည်း ပိတ်ထားတာကြောင့် ပြည်သူတွေမှာ အသက်မွေးဖို့ လမ်းစ မရှိတော့ဘဲ၊ မိသားစု တစ်ခုလုံး အသက်ရှင်ဖို့အတွက် အသက်နဲ့လဲပြီး ဒီလိုမျိုး ကိစ္စတွေကို လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်"
"အဲဒီမှာ မှောင်ခို စီးပွားရေးတွေက နေရာအနှံ့ ရှိနေပြီး လူတိုင်း ပါဝင်နေကြတာပါ။ သူကလည်း ဒီလုပ်ရပ်က နန်းတွင်းရဲ့ ဥပဒေကို ဖောက်ဖျက်နေမှန်း သိပေမဲ့လည်း၊ ပြည်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်မပေးချင်ခဲ့ပါဘူး။ နောက်ပြီး သူကိုယ်တိုင်က နန်းတွင်း အရာရှိ ဖြစ်နေတာကြောင့်လည်း၊ ဒီလောက်အထိ ကြီးလေးတဲ့ အပြစ်ကို ကျူးလွန်ပြီး ကိုယ်တိုင် ဝင်ပါခဲ့တာ ဖြစ်ပါတယ်။ ရွှီခရိုင်ဝန်က ကျွန်တော်မျိုးကတစ်ဆင့် အရှင်မင်းကြီးကို စကားတစ်ခွန်း ပါးလိုက်ပါတယ်၊ သူ့ရဲ့အသက်က အရေးမကြီးပါဘူး၊ ပင်လယ်ကို ဖွင့်ပေးဖို့ကတော့ တကယ့်ကို အရေးတကြီး လိုအပ်နေပါပြီ။ ပင်လယ်ကို ဖွင့်ပေးမှသာ ကမ်းရိုးတန်းက ပြည်သူတွေ အသက်မွေးနိုင်မှာ ဖြစ်သလို၊ ဂျပန်ဓားပြတွေလည်း ပုန်းအောင်းစရာ နေရာ မရှိတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နန်းတွင်းအတွက်လည်း ဝင်ငွေတွေ အများကြီး ရရှိလာမှာ ဖြစ်တာကြောင့် အခု ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အခက်အခဲကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်"
နန်းဆောင်အတွင်းမှာ တိတ်ဆိတ်သွားခဲ့ပြီ၊ ကိစ္စတွေက မရိုးရှင်းမှန်း အားလုံး သိထားကြပေမဲ့လည်း၊ ဒီလို နည်းလမ်းမျိုးနဲ့ ပေါ်ထွက်လာလိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပါဘူး။
"ရွှီခရိုင်ဝန် ပို့လိုက်တဲ့ အဲဒီ သေတ္တာကော"
"ကျွန်တော်မျိုး ဒီနေ့ နန်းတော်ထဲကို ယူလာခဲ့ပါတယ်၊ အရှင်မင်းကြီးဆီကို ဆက်သဖို့အတွက်ပါ ”
188.2 05
"သွား... လူတွေကို သယ်လာခိုင်းလိုက်" ဧကရာဇ်ကျားချန်က အမိန့်ပေးလိုက်တယ်။
အဲဒီသေတ္တာကို မကြာခင်မှာပဲ သယ်ဆောင်လာခဲ့ပြီး နန်းဆောင်ရဲ့ အလယ်မှာ တင်ထားလိုက်တယ်။
ချန်ကျန်းက ဆက်လက် လျှောက်တင်လိုက်တယ်။
"ဒီနှစ်နှစ်အတွင်းမှာ၊ ရွှီခရိုင်ဝန်ဟာ ဂိုဒေါင်ငှားရမ်းခ ဆိုတဲ့ အမည်နဲ့ ကုန်သွယ်ခွန်တွေကို ကောက်ခံခဲ့တာ ဖြစ်ပြီး၊ စုစုပေါင်း ငွေပြား သုံးသန်းနီးပါး ရရှိခဲ့ပါတယ်။ ဒီသေတ္တာထဲမှာတော့ ရွှေပြား ငါးထောင် ပါရှိပြီး အဲဒါက ငွေပြား ငါးသောင်းနဲ့ ညီမျှပါတယ်။ ကျန်တဲ့ငွေတွေ အားလုံးကိုတော့ တျန့်ဟိုင်ခရိုင်ဝန်ရုံးရဲ့ ငွေတိုက်ထဲမှာ သိမ်းဆည်းထားပါတယ်။ ရွှီခရိုင်ဝန်က ပြောပါတယ်... ငွေတိုက်ရဲ့သော့ကိုတော့ ဘယ်သူမှ မသိနိုင်တဲ့ နေရာမှာ ထားရှိထားပြီး၊ တကယ်လို့ တစ်နေ့နေ့မှာ သူ တစ်ခုခု ဖြစ်သွားခဲ့ရင်တော့ သူ့ရဲ့စာထဲကအတိုင်း သော့ကို ရှာဖွေပြီး ငွေတွေကို ယူနိုင်ပါတယ် "
အပေါ်မှာ ထိုင်နေရင်း အမြဲတမ်း ငိုက်မြည်းနေသလို ရှိနေတဲ့ စွီအမတ်ချုပ်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဧကရာဇ်ကျားချန်ကို အကျယ်ကြီး လျှောက်တင်လိုက်တော့တယ်။
"အရှင်မင်းကြီး... ငွေပြား သုံးသန်းတဲ့ ဒီတစ်ခါ လျောင်တုံးကို တိုက်မယ့် စစ်စရိတ်ကတော့ ရပါပြီ "
******