အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
191 01
အခန်း (၁၉၁)
ကျောက်အာက ယခုမှ မိမိပါးစပ်က စကားလွန်သွားခဲ့ကြောင်းကို သိရှိလိုက်ရတယ်။
ရှောင်ဟုန်းကို အပြစ်တင်၍ မရသလို၊ အမှန်တကယ်ကို သူမကိုယ်တိုင်ကပဲ မိုက်မဲတဲ့သူ ဖြစ်နေခဲ့တယ်။
သူ့ရဲ့တောက်ပနေတဲ့ အပြုံးနောက်ကွယ်မှ လှောင်ပြုံးတစ်ခု ပါဝင်နေတဲ့ မျက်နှာကို ကြည့်ရင်း ကျောက်အာက မသိစိတ်နှင့်ကို အနောက်သို့ ဆုတ်ခွာရန် ကြံစည်လိုက်ပေမယ့်လည်း သူမရဲ့ခါးကိုမူ သူက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဖြစ်ကြောင်း သိလိုက်ရတယ်။
"တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူး၊ စီးပွားရေးအကြောင်း သွားပြောရင်းနဲ့ ဘဝတူ ဒုက္ခသည် မိန်းကလေး အချို့နဲ့ သိကျွမ်းခဲ့ရုံတင်ပါ" သူမက တမင်တကာကို အရေးမကြီးသလိုမျိုး ပြောဆိုလိုက်တယ်။
"စီးပွားရေး ပြောဖို့ဟုတ်လား ဘယ်နေရာမှာ သွားပြီး ပြောတာလဲ" သူက ခပ်ညှိုးညှိုး ပြုံးရင်း မေးမြန်းလိုက်တယ်။
"စီးပွားရေး ပြောတဲ့ နေရာမှာပေါ့၊ တခြား ဘယ်မှာ ရှိဦးမှာလဲ" သူမက သူ့ကို မျက်လုံးချင်း မဆိုင်ရဲဘဲ ပြန်ပြောလိုက်တယ်။
"တကယ်ပဲလား"
"တကယ်..." ကျောက်အာက အားကိုးရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။ "ကောင်းပါပြီ... ငါ အမှန်အတိုင်း ပြောပါ့မယ်၊ နင်လည်း သိတဲ့အတိုင်း ယောက်ျားတွေ စီးပွားရေး ပြောရင် ဒီလိုမျိုး ကချေသည် မိန်းကလေးတွေ ရှိတဲ့ နေရာတွေကို သွားကြတာ ထုံးစံပဲလေ၊ အဲဒီနေရာမှာက မိန်းကလေးတွေ အများကြီး ရှိတာကိုး။ ဒါပေမဲ့ ငါကလည်း မိန်းကလေး တစ်ယောက်ပဲလေ၊ အဲ့ဒလို နေရာမျိုး သွားခဲ့ရင်တောင်မှ ဘာမှ လုပ်လို့ မရတာ နင် သိသားပဲ မဟုတ်လား"
"ဒါဆိုရင် မင်းက ဘာတွေ ထပ်လုပ်ချင်နေသေးလို့လဲ ဝမ်ကျောက်အာ... မင်းကတော့ သတ္တိတွေ တော်တော် ကောင်းနေတာပဲ၊ ကချေသည်တွေနဲ့ အရက် သွားသောက်တယ်ပေါ့လေ"
ကျောက်အာက ထိတ်လန့်သွားတဲ့ နှံကောင်တစ်ကောင်ကဲ့သို့ တုန်လှုပ်သွားပြီး ပြောလိုက်တယ်။ "ငါက အရက် သွားသောက်တာ မဟုတ်ပါဘူး၊ အားလုံးက မိန်းကလေး အချင်းချင်းတွေပဲကို ဘာတွေ ဖြစ်နိုင်မှာလဲ"
"မင်းက ဘာတွေ ဖြစ်စေချင်နေတာလဲ" ရွှီထင်းရှန်းက သူမအနားသို့ ပိုတိုးကပ်လာခဲ့တယ်။
"ငါ ဘာမှ မဖြစ်စေချင်ပါဘူး"
"မင်းက ဘာမှ မဖြစ်စေချင်ဘူးဟုတ်လား၊ ကချေသည်တွေနဲ့ အရက်တောင် သွားသောက်ခဲ့ပြီပဲ၊ ငါကတော့ ဒီလောက် ကြီးလာတဲ့အထိ အဲဒီလို နေရာမျိုး တစ်ခါမှ မရောက်ဖူးသေးဘူး" ရွှီထင်းရှန်းက တကယ့်ကို မကျေမနပ် ဖြစ်နေတဲ့ လေသံနဲ့ ပြောဆိုလိုက်တယ်။
ကျောက်အာကမူ လည်ပင်းကို ကျုံ့ထားရင်း မေးလိုက်တယ်။ "ဒါဆိုရင် ဘယ်လို လုပ်စေချင်လဲ၊ နောက်တစ်ခါကျရင် နင့်ကိုပါ တစ်ခါတည်း ခေါ်သွားပေးရမလား"
"ဝမ်ကျောက်အာ"
ထိုအချိန်မှာကို တံခါးမှာ ရုတ်တရက် ပွင့်ဟသွားခဲ့ပြီး ဟုန်အာ၏အသံမှာ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့တယ်။
"မေမေ... မေမေ"
တံခါးဝမှာ ရပ်နေတဲ့ဟုန်အာက အခန်းထဲမှာ ဖက်လှဲတကင်း ဖြစ်နေကြတဲ့ အဖေနှင့် အမေကို ကြည့်ကာ ကြောင်အသွားခဲ့ပြီး၊ ဖခင်ဖြစ်သူလက်က မိခင်ရဲ့ ခါးအောက်ပိုင်းမှာ တင်းတင်းကြပ်ကြပ် ရှိနေတာကို မြင်တွေ့လိုက်ရတယ်။
191 02
"မေမေ... ခါး ပြန်နာနေလို့လား" သိတတ်တဲ့ဟုန်အာက မေးမြန်းလိုက်ပြီး၊ အရင်တုန်းက အမေ ပင်ပန်းတဲ့အခါ အဖေက ခါးနှိပ်ပေးတတ်သည်ကို သူ မှတ်မိနေခြင်း ဖြစ်တယ်။
ကျောက်အာက ချက်ချင်းကို ခုန်ထွက်လိုက်ပြီး ရွှီထင်းရှန်းရဲ့လက်ကို တွန်းဖယ်ကာ အလျင်အမြန်ကို အနားသို့ တိုးသွားခဲ့တယ်။ "ဟုန်အာ... မေမေ့ကို ပြပါဦး၊ ဒီရက်ပိုင်းမှာ ပိန်သွားသလားလို့ မေမေ့ကိုကော လွမ်းရဲ့လား၊ မေမေ ဒီတစ်ခါ ပြန်လာတော့ သားအတွက် ကစားစရာတွေ အများကြီး ဝယ်လာခဲ့တယ်"
"မေမေ... ကျွန်တော်က ဒီလောက် ကြီးနေပြီကို၊ ကစားစရာတွေ ဝယ်လာသေးတယ်" ဟုန်အာက ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်။ ဒီလို ရှက်နေရခြင်းက သူ့နောက်ကွယ် မလှမ်းမကမ်းမှာ ရှိနေတဲ့ ဝေကောအာ ကြောင့်ဖြစ်တယ်လေ။
"ဘယ်လောက်ပဲ ကြီးကြီး နင်က ကလေးပဲ ရှိသေးတာကို၊ ကစားစရာနဲ့ မဆော့ရဘူးလို့ ဘယ်သူ ပြောလဲ" ကျောက်အာက သားဖြစ်သူရဲ့ခေါင်းကို ပွတ်သပ်ရင်း ပြုံးလိုက်ပြီး၊ နှစ်လမျှ မတွေ့ရတဲ့ အတွင်း၌ သားဖြစ်သူမှာ သိသိသာသာ အရပ်ရှည်လာသည်ကို ခံစားလိုက်ရတယ်။ သူမရင်ထဲမှာ စိတ်လှုပ်ရှားနေစဉ် မလှမ်းမကမ်းမှာ သူမကို မျက်လုံးအဝိုင်းသားနဲ့ စိုက်ကြည့်နေတဲ့ကောင်လေး တစ်ဦးကို မြင်တွေ့လိုက်ရတယ်။
အဲဒီကောင်လေးက ဟုန်အာနဲ့ အရပ်အမောင်းချင်း တူပေမဲ့ ဟုန်အာထက်စာရင် နည်းနည်း ပိုပြီး ပိန်ပါးတယ်။ သူက အပြာနုရောင် အဝတ်အစားတွေကို ဝတ်ထားပြီး၊ ဖြူဖွေးတဲ့ အသားအရေနဲ့ နီမြန်းတဲ့ နှုတ်ခမ်းလေးတွေ၊ ဒါ့အပြင် ကျောက်တိနဲ့ အရမ်း တူတဲ့ မျက်နှာပေါက်တို့ကြောင့် တကယ့်ကို လှပလွန်းနေခဲ့ပြီ ဖြစ်တယ်။
အရင်က ကျောက်အာက ဟုန်အာကို အဖေနဲ့ တူတာကြောင့် မိန်းကလေး တစ်ယောက်လိုမျိုး ချောတယ်လို့ ထင်ခဲ့ပေမဲ့၊ အခုကျမှ မိန်းကလေး တစ်ယောက်နဲ့ တူတူလှပတာဆိုတာက ဘယ်လိုမျိုးလဲဆိုတာကို မြင်လိုက်ရတာ ဖြစ်တယ်။
"နင်က ဝေကောအာ လား လာပါဦး... ဒေါ်လေးကို ပြပါဦး"
ဝေကောအာက လိမ္မာယဉ်ကျေးစွာနဲ့ ရှေ့ကို တိုးလာပြီး ကျောက်အာရဲ့ ရှေ့မှာ ရပ်နေခဲ့တယ်။
ဒီကလေးကို မြင်လိုက်ရတဲ့ အခါမှာ ကျောက်အာက ဝမ်းသာသလို ဖြစ်ပေမဲ့၊ တစ်ဖက်မှာတော့ အစ်မဖြစ်သူနဲ့ ဒီကလေးရဲ့ ဘဝဇာတ်ကြောင်းကို သတိရပြီး စိတ်မကောင်း ဖြစ်မိပြန်တယ်။
"ဝေကောအာက တကယ့်ကို လိမ္မာတာပဲ လာ... ဒေါ်လေးက နင်နဲ့ဟုန်အာကို ကစားစရာတွေ သွားပေးမယ်၊ အဲဒါတွေက ဒေါ်လေး ဆူးကျိုးကနေ ဝယ်လာတာတွေလေ"
ကျောက်အာက ကလေးနှစ်ယောက်ကို လက်တစ်ဖက်စီ ဆွဲပြီး ထွက်သွားခဲ့ပြီး၊ ဒေါသထွက်လွန်းလို့ မျက်နှာ မည်းမှောင်နေတဲ့ ယောက်ျားကိုတော့ လုံးဝကို မေ့ထားလိုက်တော့တယ်။
သူ ယူလာတဲ့ သေတ္တာကြီးကို ကလေးနှစ်ယောက်ကို ပေးလိုက်ပြီး၊ သူတို့နဲ့အတူ ခဏလောက် ကစားပေးပြီးမှ ကျောက်အာက မီးဖိုချောင်ကို သွားပြီး ဟင်းချက်တော့တယ်။
တကယ်တော့ သူကိုယ်တိုင် ချက်ဖို့ မလိုပေမဲ့၊ ရွှီထင်းရှန်း ဒေါသထွက်နေတာကို သူ မမေ့တာကြောင့် အစားအသောက်နဲ့ ပြန်ချော့ဖို့ စိတ်ကူးလိုက်တာ ဖြစ်တယ်။
သူက ဟင်းပွဲ အများကြီးကို ချက်လိုက်ပြီး၊ အချိန်အတော်ကြာ မီးဖိုချောင် မဝင်ဖြစ်ပေမဲ့ လက်ရာကတော့ အရင်အတိုင်းပဲ ကောင်းနေတုန်း ဖြစ်တယ်။ လူကြီး သုံးယောက်နဲ့ ကလေး နှစ်ယောက်တို့က အတူတူ မြိန်ရည်ယှက်ရည် စားခဲ့ကြတယ်။
စားပြီးတဲ့နောက်မှာတော့ ရှောင်ဟုန်းတို့က စားပွဲကို သိမ်းပေးကြတယ်။
191 03
ကျောက်အာက အစ်မဖြစ်သူနဲ့ မတွေ့ရတာ ကြာပြီဆိုတဲ့အကြောင်း ပြပြီး ကျောက်တိရဲ့ အခန်းကို သွားခဲ့တယ်။
အခု ကျောက်တိရဲ့ ဘေးမှာလည်း အစေခံမလေးတွေ ရှိနေပြီ ဖြစ်ပြီး၊ ကလေးနှစ်ယောက်ကို အစေခံတွေက ခေါ်ပြီး ကိုယ်လက်သန့်စင်ပေးကာ သိပ်လိုက်သလို၊ ညီအစ်မ နှစ်ယောက်ကတော့ အတူတူ စကားပြောနေကြတယ်။
ခွဲနေတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြောပြီးတဲ့နောက်မှာ၊ ကျောက်တိက အစေခံကို ရေနွေးယူလာခိုင်းပြီး ကိုယ်လက်သန့်စင်လိုက်တယ်။ ညီမဖြစ်သူက ကိုယ့်အခန်းကို မပြန်ဘဲ ဒီမှာပဲ စကားတွေကို အကြောင်းမဲ့ ပြောနေတာကို မြင်တဲ့အခါ၊ ကိုယ်လက်သန့်စင်ပြီးတဲ့ ကျောက်တိက သက်ပြင်းချလိုက်ရင်း အစေခံတွေကို အပြင်ကို ထွက်ခိုင်းလိုက်ပြီး အနားကို တိုးလာခဲ့တယ်။ "ဘာဖြစ်လို့လဲ ဒီနေ့ညတော့ ငါ့အခန်းမှာပဲ ငါနဲ့အတူ အိပ်ဖို့ စိတ်ကူးထားတာလား"
"မမ... မမက ကျွန်မကို အတူနေစေချင်တယ်ဆိုရင်လည်း ကျွန်မ နေမှာပေါ့"
ပါးနပ်လှချည်လား။ သူမ၏ပါးစပ်က ထွက်လာတဲ့ စကားတစ်ခွန်းက အဓိပ္ပာယ်ကို လုံးဝပြောင်းလဲသွားစေခဲ့တယ်။ ကျောက်တိက သူမကို မျက်စောင်းထိုး ကြည့်လိုက်ပြီး ကုတင်ဘေးမှာ ထိုင်လိုက်တယ်။ "ဘာဖြစ်လို့လဲ ကြောက်လို့ အိမ်ပြန်မသွားရဲတော့ဘူးလား"
"ဘယ်ကလာ"
"ငါ နင့်ကို ဆူချင်လို့ မဟုတ်ပါဘူး၊ နင် စီးပွားရေး လုပ်တာကို ငါ သိပေမဲ့လည်း နည်းနည်းတော့ သတိထားဖို့ လိုအပ်တယ်လေ။ ထင်းရှန်းက အခု အရာရှိ ဖြစ်လာပြီဆိုတော့ နင့်ရဲ့ အဆင့်အတန်းကလည်း အရင်လို မဟုတ်တော့ဘူး၊ ဘာလို့ အပြင်မှာပဲ ခြေဆန့်ပြီး အိမ်ကို မကပ်ဘဲ နေနေရတာလဲ"
"မမ... မိန်းကလေးဆိုတာ အမြဲတမ်း အိမ်မှာပဲ နေပြီး ယောက်ျားနဲ့ ကလေးကိုပဲ ကြည့်နေရမှာလား" ကျောက်အာက မေးမြန်းလိုက်တယ်။
"ငါက အဲ့ဒီလို ပြောတာ မဟုတ်ပါဘူး၊ ငါကိုယ်တိုင်လည်း အခြေအနေ မမြဲတာကြောင့် နင့်ကို အဲ့ဒီလိုမျိုး မတောင်းဆိုနိုင်ပါဘူး။ ဒါပေမဲ့ နင့်မှာ ယောက်ျားရှိတယ်၊ ကလေးရှိတယ်၊ တစ်ခါ ထွက်သွားရင် တစ်လကျော်တဲ့အထိ ပြန်မလာတဲ့သူ နင် တစ်ယောက်ပဲ ရှိမှာပေါ့။ တစ်နေ့နေ့မှာ ထင်းရှန်းက တခြား မိန်းမ တစ်ယောက်ကို အိမ်ခေါ်လာပြီး နင့်အတွက် နေရာ မရှိတော့မှာကို နင် မကြောက်ဘူးလား"
"သူ သူလုပ်ရဲလား"
"သူ ဘာလို့ မလုပ်ရဲရမှာလဲ" ကျောက်တိက အေးစက်စွာ ရယ်မောလိုက်ရင်း ညီမဖြစ်သူကို ကြည့်ကာ ပြောလိုက်တယ်။ "လူ့စိတ်ဆိုတာ ပြောင်းလဲတတ်တယ်၊ အထူးသဖြင့် ယောက်ျားတွေပေါ့၊ သူတို့က မူလကတည်းက မိန်းမ အများကြီး ယူနိုင်ခွင့် ရှိကြတာပဲ။ သူကသာ တကယ်ပဲ မယားငယ်တွေ ဘာတွေ ခေါ်လာခဲ့ရင် နင်ကော အိမ်ခေါင်မိုးကို ဖျက်ဆီးပစ်နိုင်မှာ မို့လို့လား အရာရှိတွေထဲမှာ ဘယ်နှစ်ယောက်ကများ ဘေးနားမှာ မိန်းမတွေ မထားဘဲ နေကြလို့လဲ"
ကျောက်အာက အနည်းငယ် မကျေမနပ် ဖြစ်သွားသလို၊ တစ်ဖက်တွင်လည်း ရဲရဲဝံ့ဝံ့ မရှိဘဲ တိုးတိုးလေး ပြောလိုက်တယ်။ "အစက ကျွန်မ စီးပွားရေး သွားလုပ်တာကို သူကိုယ်တိုင် သဘောတူခဲ့တာလေ"
"သူ သဘောတူတိုင်း နင်က အတင့်ရဲနေရမှာလား။ နင်က တကယ်ပဲ အရူးလား၊ မသိချင်ယောင် ဆောင်နေတာလား၊ တစ်နေ့ကျရင် နင် အိမ်ပြန်လာတဲ့ အခါမှာ တခြားလူတစ်ယောက် ရောက်နေတာကိုမြင်မှ နင် ငိုနေရလိမ့်မယ်" ကျောက်တိက ဒေါသတကြီးဖြင့် သူမ၏ နဖူးကို လက်ဖြင့် တွန်းလိုက်တယ်။
"အလွန်ဆုံးတော့ ကျွန်မ သူ့ကို ပစ်ထားခဲ့ပြီး ကိုယ့်ဘာသာ အသက်မွေးမှာပေါ့၊ ကျွန်မက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပါတယ်" ကျောက်အာက ဇွတ်တိုးပြီး ပြောဆိုလိုက်တယ်။
"နင်ကတော့ အခုထိ ပါးစပ်က သန်နေတုန်းပဲ"
ကျောက်တိက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်ပေမဲ့လည်း ကျောက်အာက ကြားဖြတ် ပြောလိုက်တယ်။
191 04
"မမ... မမ ပြောတာတွေကို ကျွန်မ သိပါတယ်၊ အခုတော့ ဒီကိစ္စတွေကို ထပ်မပြောကြရအောင်နော်"
ကျောက်တိက သူမကို မျက်စောင်းထိုး ကြည့်လိုက်ရင်း ပြောလိုက်တယ်။ "ဘာပဲဖြစ်ဖြစ် ပြောသင့်တာကိုတော့ ငါ ပြောပြီးပြီ၊ နင့်ဘာသာနင် စဉ်းစားပေါ့။ ငါ့ဆီမှာ ဘာလာလုပ်နေဦးမှာလဲ၊ အမြန်ဆုံး အခန်းကို ပြန်သွားတော့"
ကျောက်အာက စိတ်ဓာတ်ကျနေတဲ့ ပုံစံနဲ့ မတ်တပ်ရပ်လိုက်ပြီး၊ မမ အေးအေးဆေးဆေး အနားယူပါဦး လို့ နှုတ်ဆက်ကာ အခန်းသို့ ပြန်လာခဲ့တယ်။
အခန်းကို ပြန်ရောက်တဲ့အခါမှာ ဧည့်ခန်းရှိ ဆီမီးတွေက ငြိမ်းနေခဲ့ပြီး၊ အိပ်ခန်းထဲမှသာ ဝါကျင့်ကျင့် အလင်းရောင်လေး တစ်ခု ထွက်ပေါ်နေခဲ့တယ်။
ကျောက်အာက တံခါးဝကို ရောက်ရှိလာတဲ့အခါ ဘေးနားအခန်းငယ်မှာ နေထိုင်တဲ့ ရှောင်လျူက ရောက်ရှိလာခဲ့တယ်။
"ကတော်ကြီး"
ကျောက်အာက လက်ယမ်းပြလိုက်လို့ ရှောင်လျူကတော့ ပြန်ထွက်သွားတော့တယ်။
သူက ကိုယ်ကို လှည့်ပြီး တံခါးကို ပိတ်လိုက်ပြီး၊ အရမ်း သတိထားပြီး အထဲကို ဝင်လိုက်တဲ့အခါ၊ သူ ရှိနေတဲ့ နေရာကနေ ကြည့်ရင် ကုတင်ပေါ်မှာ မှီထိုင်နေတဲ့ လူတစ်ယောက်ကိုပဲ မြင်ရတယ်။
အဲဒီလူက ရွှီထင်းရှန်းပဲ ဖြစ်တယ်။
သူ့ရဲ့ဘေးနားက စားပွဲလေးပေါ်မှာ ဆီမီးအိမ်တစ်လုံး ရှိနေပြီး အဲဒီအလင်းရောင်နဲ့ပဲ သူက လက်ထဲက အစီရင်ခံစာ တစ်စောင်ကို အာရုံစိုက် ဖတ်နေခဲ့တယ်။
ကျောက်အာက ကုတင်ဘေးကို တဖြည်းဖြည်း တိုးကပ်လာတဲ့အခါ၊ ဒီအပူပေးကုတင်က ဆောင်းတွင်းမှာ တကယ့်ကို နွေးထွေးလှပြီး အနားကို ရောက်တာနဲ့ နွေးထွေးတဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရတယ်။ အဲဒီနွေးထွေးမှုကြောင့် ကျောက်အာက အပြင်မှာ အေးစိမ့်နေတာကို သတိထားမိသွားပြီး၊ ဖိနပ်ကို ချွတ်ပြီး ကုတင်ပေါ်ကို တက်လိုက်တယ်။
"ရှင် မအိပ်သေးဘူးလား"
ရွှီထင်းရှန်းက သူမကို လုံးဝ ဂရုမစိုက်ဘဲ နေနေတာမလို့၊ သူမက သူ့ကို တစ်ချက် ကြည့်လိုက်ပြီးမှ ကုတင်ပေါ်က အိပ်ရာတွေကို ပြင်နေသလိုမျိုး ဟန်ဆောင်နေခဲ့တယ်။
သေချာပါတယ်၊ ဘယ်လောက်ပဲ ပြင်ပြင် အဆုံးကိုတော့ ရောက်သွားခဲ့ပြီ ဖြစ်တယ်။ ကျောက်အာက စောင်တစ်ထည်ကို ယူပြီး ရွှီထင်းရှန်းရဲ့ ဘေးနားမှာ လဲလိုက်တယ်။
သူမက လဲနေပြီး သူကတော့ မှီထိုင်နေတာမလို့ ဒီအခြေအနေကနေ ကြည့်ရင် သူ့ရဲ့လှပတဲ့ မေးရိုးတွေကို အထင်အရှား မြင်နေရတယ်။ သူ့ရဲ့နှုတ်ခမ်းပါးတွေက တင်းတင်းစိထားပြီး၊ ကြည့်ရတာ နည်းနည်း တည်ကြည်နေခဲ့တယ်။ ကျောက်အာက သူ့ကို အကြာကြီး စိုက်ကြည့်နေပေမဲ့ သူကတော့ မလှုပ်ရှားတာမလို့၊ သူမက စိတ်ပျက်သွားပြီး စောင်ကို အပေါ်ကို ဆွဲတင်လိုက်ကာ မျက်နှာလေးပဲ အပြင်ကို ဖော်ထားလိုက်တော့တယ်။
ကျောက်အာက ခဏလောက် လဲနေပေမဲ့ အိပ်မပျော်နိုင်ဘဲ သူကတော့ အခုထိ ဒေါသထွက်နေတုန်း ဖြစ်မယ်ဆိုတာကို စိုးရိမ်နေမိတယ်။ ဒါပေမဲ့ ချော့တဲ့ စကားတွေကိုတော့ သူမက ဘယ်လိုမှ ထုတ်မပြောရဲဘဲ ဖြစ်နေတာမလို့ သူမရဲ့လက်ချောင်းလေးတွေကို သူ့ရဲ့စောင်ထဲကို တိတ်တဆိတ် ထိုးသွင်းလိုက်ပြီး၊ သူ့ရဲ့ ဘောင်းဘီအနားကို တိုးတိုးလေး ဆွဲလိုက်တယ်။
တစ်ချက် တို့လိုက်၊ တစ်ချက် ဆွဲလိုက်နဲ့ ကစားနေသလိုမျိုး ဖြစ်ပေမဲ့၊ ပိုပြီး စိတ်ပါလာတဲ့ အခါမှာတော့ သူ့ရဲ့ခြေထောက်ပေါ်က တောင့်တင်းတဲ့ ကြွက်သားတွေကို ပွတ်သပ်နေမိတော့တယ်။
ရုတ်တရက် ရွှီထင်းရှန်းက လှုပ်ရှားလာခဲ့တယ်။
191 05
သူက လက်ထဲက စာအုပ်ကို ဘေးကို ပစ်တင်လိုက်ပြီးတဲ့နောက် လဲလိုက်ပြီး သူ့ရဲ့ စောင်ထဲမှာပဲ အိပ်လိုက်တယ်။
အဲဒီလို ဖြစ်သွားတဲ့အခါမှာ ကျောက်အာအနေနဲ့ သူ့ရဲ့မျက်နှာကို မမြင်ရတော့ပါဘူး။ သူမက လက်ကို ပြန်ရုပ်လိုက်ပြီး၊ ဘေးတိုက် လဲပြီး စောင်ကို နည်းနည်း အောက်ကို ဆွဲချရင်း သူ့ကို စိုက်ကြည့်နေခဲ့တယ်။
"နင် အခုထိ ဒေါသထွက်နေတုန်းပဲလား"
ရွှီထင်းရှန်းက မျက်ခွံကို နည်းနည်းလေးပဲ ဖွင့်ပြီး သူမကို အေးစက်စွာ ကြည့်လိုက်တဲ့အခါ စောင်ထဲမှာ ပုန်းအောင်းပြီး မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေတဲ့ သူမရဲ့ပုံစံက အရမ်းကို ဖြူစင်သလို ရှိပေမဲ့ တစ်ဖက်မှာတော့ မသိစိတ်နဲ့ကို ဆွဲဆောင်မှု ရှိနေခဲ့ပြန်တယ်။
ရွှီထင်းရှန်းက အချိန်အတော်ကြာ အထီးကျန်နေခဲ့ရလို့ သူ့ရဲ့ရင်ထဲမှာ တပ်မက်မှုတွေက အစောကြီးကတည်းက ထကြွနေခဲ့ပြီ ဖြစ်တာကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး ဒုက္ခမပေးတော့ဘဲ သူမကို စောင်နဲ့အတူ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်တော့တယ်။
ကျောက်အာက မရုန်းကန်နိုင်ဘဲ သူက သူမရဲ့စောင်ကို ခွာချပြီး ဘေးကို ပစ်လိုက်တာကို ငြိမ်ငြိမ်လေးပဲ ခံစားနေရတယ်။
နူးညံ့ပြီး နွေးထွေးလှတဲ့ ကုတင်ပေါ်မှာ ရွှီထင်းရှန်းရဲ့ ကိုယ်ပိုင် အငွေ့အသက်တွေ ပြည့်နှက်နေခဲ့တယ်။ အရမ်းနွေးထွေးလှသလို၊ နှစ်ယောက်သား အရမ်း နီးကပ်စွာ ရှိနေကြတာမလို့ စောင်ထဲက အပူချိန်မှာလည်း ချက်ချင်းကို မြင့်တက်လာခဲ့ပြီ ဖြစ်တယ်။
ကျောက်အာရဲ့အင်္ကျီရင်ဘတ်တွေက ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး၊ သူမရဲ့ ရှည်လျားလှတဲ့ လည်တိုင်နဲ့ အင်္ကျီကြားက အနီရောင် ရင်ဖုံးလေးမှာလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ပေါ်နေခဲ့တယ်။ ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက မှောင်မှောက်သွားခဲ့ပြီး၊ သူ့ရဲ့လက်တွေနဲ့ အဲဒီအရာတွေကို ပွတ်သပ်နေတော့တယ်။
သူ့ရဲ့လက်ချောင်းတွေက နည်းနည်း အေးစိမ့်နေပြီး ကျောက်အာရဲ့ လည်တိုင်တစ်လျှောက် လှုပ်ရှားနေတာမလို့ လျှပ်စစ်စီးဝင်သွားသလိုမျိုး ခံစားလိုက်ရတယ်။ ကျောက်အာက မသိစိတ်နဲ့ကို လှုပ်ရှားလိုက်မိပြီး သူ့ရဲ့ ခြေထောက်အောက်မှာ ရှိနေတဲ့ သူမရဲ့ခြေချောင်းလေးတွေကလည်း ကွေးညွတ်သွားခဲ့ပြီ ဖြစ်တယ်။
ရွှီထင်းရှန်းက စိတ်ရှည်လက်ရှည်နဲ့ အကြိမ်ကြိမ် ပွတ်သပ်နေခဲ့ပြီး သူ့ရဲ့ လက်ချောင်းတွေက ကျောက်အာရဲ့လည်တိုင်မှာရှိတဲ့ အပြာရောင် သွေးကြောလေး တစ်ခုဆီကို ရောက်သွားပြီး အဲဒီအရာရဲ့ ခုန်လှုပ်မှုကို ခံစားနေခဲ့တယ်။
အကြောင်းရင်း မရှိဘဲ ကျောက်အာက ရင်ထဲမှာ မွန်းကြပ်လာသလို ခံစားလိုက်ရတယ်။
သူက သူမကို နမ်းလိုက်ပေမဲ့ နမ်းတာနဲ့ မတူဘဲ စိုစွတ်တဲ့ အထိအတွေ့ကိုပဲ ခံစားလိုက်ရတယ်။ ကျောက်အာက ယားသလို ဖြစ်တာမလို့ ပုခုံးကို တွန့်လိုက်ဖို့ ပြင်နေတုန်းမှာတင် သူက ရုတ်တရက် ဖယ်ခွာသွားခဲ့တယ်။
"သတ္တိတွေ တော်တော် ကောင်းနေတာပဲ မဟုတ်လား" နှစ်ယောက်သား မျက်နှာချင်း အလွန် နီးကပ်နေခဲ့ပြီး သူ့အသံက အလွန်တိုးညှင်းလှသလို ထွက်ပေါ်လာတဲ့ အသက်ရှူသံတွေကလည်း ကျောက်အာရဲ့မျက်နှာပေါ် ပျံ့လွင့်နေခဲ့တယ်။
"မဟုတ်ပါဘူး..." သူမက နူးညံ့တဲ့ လေသံနဲ့ ပြန်လည် ပြောဆိုလိုက်တယ်။
"ဟမ့်... ကချေသည်တွေနဲ့ အရက်သောက်တယ်ပေါ့လေ" သူက သူမနဖူးကို သူ့နဖူးနှင့် တိုက်ရင်း ပြောလိုက်တယ်။ ကျောက်အာက ရှောင်ဖယ်ချင်ပေမဲ့လည်း ရှောင်၍ မရဘဲ၊ ဒီလို အခြေအနေမျိုးကိုသာ ငြိမ်ပြီး ခံစားနေရတယ်။
"ငါ နောက်ကို အဲ့ဒီလို မလုပ်တော့ပါဘူး"
191 06
သူက အနည်းငယ် နှာခေါင်းရှုံ့လိုက်ရင်း ရယ်မောကာ သူရဲ့လက်ကြီးတွေနဲ့ ကျောက်အာရဲ့ခါးကို ပွတ်သပ်နေခဲ့တယ်။ "ကြည့်ရတာ မင်း အပြင်မှာ တော်တော်များများကို တတ်မြောက်လာခဲ့ပုံပဲ။ ဘာတွေ တတ်လာသလဲဆိုတာ ငါ့ကို ပြောပြပါဦး၊ အရက်သောက်တာလား ဒါမှမဟုတ် တခြား ဘာရှိသေးလဲ"
"တခြား ဘာမှ မရှိတော့ပါဘူး"
"ဟမ့်" ဟူသော သူ့အသံမှာ လုံးဝ မယုံကြည်ကြောင်း ပြသနေခဲ့တယ်။
"တကယ်ပဲ ဘာမှ မရှိတော့တာပါ"
"ဩော်... ဟုတ်လား"
ကျောက်အာက ဆက်ပြီး တောင့်မခံနိုင်တော့ဘဲ အတင်းအကျပ် ဖိနှိပ်ခံထားရလို့ အရမ်းခက်ခဲနေတာကြောင့် သူ့ကို တွန်းထုတ်ဖို့ ကြိုးစားပေမဲ့ သူမက ကုတင်ပေါ်မှာ သံမှိုနဲ့ ရိုက်ထားသလိုမျိုး လှုပ်ရှားလို့ မရဘဲ ဖြစ်နေခဲ့တယ်။ ရွှီထင်းရှန်းက သူမကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သိနေသလို ဘယ်လို ပုံစံမျိုးနဲ့ သူမကို အင်အား သုံးလို့ မရအောင် လုပ်ရမလဲဆိုတာကိုလည်း ကျွမ်းကျင်နေခဲ့ပြီ ဖြစ်တယ်။ နှစ်ယောက်သား ရှုပ်ထွေးနေတုန်းမှာတင် ကျောက်အာက ထူးခြားတဲ့ အရာတစ်ခုက ပိုပြီးကြီးမားလာပြီး သူမရဲ့ဝမ်းဗိုက်ကို ထိုးမိနေကာ ခုန်လှုပ်နေတာကို ခံစားလိုက်ရတယ်။
သူမက နည်းနည်း စိတ်လှုပ်ရှားသွားသလို တစ်ဖက်မှာလည်း အကြောင်းရင်း မရှိဘဲ တောင့်တနေမိတာမလို့ နှုတ်ခမ်းကို လျှာနဲ့ တို့လိုက်မိတယ်။ နောက်ထပ် ဖြစ်လာမယ့် ကိစ္စတွေကို သူမ စောင့်နေတုန်းမှာတင်၊ တစ်ဖက်လူကတော့ ရုတ်တရက် လှုပ်ရှားမှုတွေကို ရပ်လိုက်တော့တယ်။
"ပင်ပန်းနေပြီ... အိပ်တော့မယ်"
သူက ပြောပြီးတဲ့နောက်၊ ကိုယ်ကို လှည့်ပြီး ကျောက်အာကို ကျောပေးပြီး လှဲလိုက်တယ်။ သွားပါပြီ... သွားပါပြီ... ဒီတစ်ခါတော့ သူ တကယ်ပဲ ဒေါသထွက်သွားခဲ့ပြီ ဖြစ်တယ်။ ကျောက်အာက တစ်ကိုယ်လုံး တောင့်ပြီး အဲဒီနေရာမှာ လဲနေခဲ့ပြီး၊ အတော်ကြာမှပဲ ကိုယ်ကို လျှော့လိုက်ပြီး ဘေးတိုက် ကွေးပြီး အိပ်လိုက်တယ်။
သူ့ရဲ့ကျောပြင်ကို ကြည့်ရင်း သူမက တဖြည်းဖြည်းချင်း အနားကို တိုးကပ်သွားခဲ့တယ်။ သူ့ဆီကို ကပ်မိသွားတော့မှပဲ သူက ရင်ထဲမှာ ကျေနပ်ပြီး သက်ပြင်းချလိုက်မိတော့တယ်။
သူမက သူ့ကို ကပ်ပြီး လှဲလိုက်ပြီး၊ လက်တစ်ဖက်နဲ့ သူ့ရဲ့ခါးကို ဖက်လိုက်တဲ့အခါ၊ ဒီပုံစံက ရွှီထင်းရှန်း ပုံမှန်အကြိုက်ဆုံး ပုံစံပဲ ဖြစ်တယ်။ ဒါပေမဲ့ ရွှီထင်းရှန်းက အမျိုးသား တစ်ယောက် ဖြစ်တာကြောင့် ကိုယ်ထည်က ကျောက်အာထက် အများကြီး ပိုပြီးထွားတာမလို့၊ ကျောက်အာအနေနဲ့ သူ့ကို မနည်း ဖက်ထားရတာ ဖြစ်တယ်။
"တကယ်ပဲ စိတ်ဆိုးနေတာလား စိတ်မဆိုးပါနဲ့တော့... တကယ်တော့ ငါ ဘာမှ မလုပ်ခဲ့ပါဘူး၊ နင်လည်း သိတဲ့အတိုင်း လူအချို့က ကချေသည်တွေ ရှိတဲ့ နေရာမှာ စကားပြောရတာကို သဘောကျကြတာလေ။ ငါ အဲဒီကို သွားတာက ငွေကုန်တာကလွဲလို့ ဘာမှမလုပ်နိုင်ပါဘူး၊ ပြီးတော့ အဲဒီထဲမှာ ရှိတဲ့ မိန်းကလေးတွေကလည်း တကယ်ကို သနားဖို့ ကောင်းကြတဲ့သူတွေပါ"
သူက မလှုပ်မယှက် ရှိနေတာကြောင့်၊ သူမက သူ့ခေါင်းအုံးကို မှီလိုက်ပြီး၊ သူ့လည်ပင်းနားမှာ ကပ်ပြောလိုက်တယ်။ "သူတို့ အားလုံးက ငါ့ကို ယောက်ျားတစ်ယောက်လို့ပဲ ထင်နေကြတာပါ၊ တစ်ယောက်တည်းကပဲ ငါ့ကို မိန်းကလေးမှန်း သိသွားတာ၊ ဒါပေမဲ့ သူမက လျှို့ဝှက်ချက်ကို ထိန်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီထဲက မိန်းကလေး အတော်များများက သိသွားကြတာပေါ့။ သူတို့က ငါ့မှာ ပြောရခက်တဲ့ ဒုက္ခတွေ ရှိနေမယ်လို့ ထင်ကြတာကြောင့် ပုံမှန်ဆိုရင် ငါ့ကို အများကြီး ကူညီပေးကြပါတယ်"
"နောက်ပြီးတော့" သူမက ရုတ်တရက် လေသံကို ပြောင်းလဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ "ငါ့မှာ အဲဒီ အရာမှ မရှိတာ၊ ဘာလုပ်နိုင်မှာ မို့လို့လဲ"
******
192 01
အခန်း (၁၉၂)
စောင်အပြင်ဘက်တွင် တစ်ဦးက ပြောဆိုပြီး တစ်ဦးက နားထောင်နေသော်လည်း၊ စောင်အတွင်း၌မူ အရာရာမှာ ပြောင်းပြန်လှန်သကဲ့သို့ တုန်လှုပ်ချောက်ချားနေခဲ့ပြီ ဖြစ်တယ်။
ကျောက်အာက ပွတ်သပ်နေရင်း ကလေးငယ်တစ်ဦးရဲ့အသားအရေထက်ကို ပိုမိုနူးညံ့ချောမွေ့နေတာကို ခံစားလိုက်ရတယ်။
သူမက လက်မအလိုက် တိုင်းတာနေသလို၊ အသေးစိတ်လည်း ပွတ်သပ်နေမိတော့တယ်။ မျက်နှာမှာ အစောကြီးကတည်းက နီမြန်းနေခဲ့ပေမဲ့၊ ထွက်ပြေးချင်တဲ့ စိတ်ကိုတော့ အတင်းအကျပ် အောင့်ထားလိုက်ရတယ်။
သူမက မျက်နှာကို ရွှီထင်းရှန်းရဲ့ပုခုံးနဲ့လည်ပင်းကြားမှာ မြှုပ်နှံထားလိုက်ပြီး၊ လက်ထဲမှာတော့ ဆူပွက်နေတဲ့ ရေတွေ ပြည့်နေတဲ့ မီးလုံးတစ်လုံးကို ဆုပ်ကိုင်ထားရသလို၊ ခဏလေးအတွင်းမှာ ပေါက်ကွဲထွက်တော့မယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့လည်း လက်လွှတ်မခံနိုင်လောက်အောင် နှစ်သက်တဲ့ ခံစားချက်ကြောင့် မျက်နှာကို ဖုံးအုပ်ပြီး ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေရတော့တယ်။
ရုတ်တရက်ဆိုသလို လက်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲလိုက်လို့၊ သူက ကိုယ်ကို လှည့်ပြီး သူမကို ဖက်တော့မယ်လို့ သူမ ထင်ခဲ့ပေမဲ့၊ သူကတော့ သူမရဲ့လက်ကိုပဲ ဆုပ်ကိုင်ထားတာ ဖြစ်တယ်။ သူက အရမ်းစိတ်လှုပ်ရှားနေတာကို သိသာလှပြီး၊ သွေးတွေ အမြန်စီးဆင်းနေတဲ့ အသံကို ကြားနေရသလို၊သူ့ရဲ့ကြွက်သားတွေကလည်း တစ်ချက်ပြီး တစ်ချက် ခုန်လှုပ်နေပြီး တိုးညှင်းတဲ့ အသက်ရှူသံတွေကတော့ သူမရဲ့ နားစည်မှာ ပျံ့လွင့်နေခဲ့ပေမဲ့ သူကတော့ ခေါင်းကို လုံးဝ လှည့်မလာခဲ့ပါဘူး။
အရာအားလုံး ပြီးသွားတဲ့ အခါမှပဲ၊ ရွှီထင်းရှန်းက ခေါင်းအုံးအောက်က လက်သုတ်ပဝါ တစ်ထည်ကို ထုတ်ပြီး သူမအတွက် သန့်စင်ပေးခဲ့တယ်။
ဆီမီးက ဘယ်အချိန်က ငြိမ်းသွားတာလဲဆိုတာကို မသိနိုင်တော့ပါဘူး။
အခန်းထဲမှာ အမှောင်ထုက ဖုံးလွှမ်းနေပြီး စောင်ထဲမှာတော့ အရင်ကထက် ပိုပြီး ပူပြင်းနွေးထွေးနေပေမဲ့ ကျောက်အာရဲ့ရင်ထဲမှာတော့ အရမ်းကို စိတ်ဓာတ်ကျနေခဲ့ရတယ်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အထဲမှာ ရွှီထင်းရှန်း အိပ်ပျော်သွားပြီလား ဆိုတာကို ကျောက်အာ မသိပေမဲ့၊ သူမကတော့ အိပ်လို့ မရနိုင်တော့ပါဘူး။
'ထိုက်လုံ' စီးပွားရေး လုပ်ငန်းစုကို ဖွဲ့စည်းဖို့အတွက် ဒီရက်ပိုင်းအတွင်း သူမက အနားမနေဘဲ အလုပ်လုပ်ခဲ့ရလို့ အမှန်တကယ် ပင်ပန်းနေခဲ့သလို၊ ဒီတစ်ခေါက် ပြန်လာတဲ့အခါမှာလည်း နေ့ညမနား နှစ်ရက်တိုင်တိုင် ခရီးနှင်ခဲ့ရပေမဲ့၊ အခုအချိန်မှာတော့ အိပ်ချင်စိတ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တယ်။
သူကလည်း သူမ မှားသွားပြီလို့ ထင်နေခဲ့လို့ သူမက အမှန်တကယ်ကို မှားသွားခဲ့တာလား။
တစ်ညလုံး ဘယ်စကားမှ မပြောဖြစ်ကြတော့ပါဘူး။
ကျောက်အာက ညဉ့်နက်မှပဲ အိပ်ပျော်သွားခဲ့လို့၊ နိုးလာတဲ့ အခါမှာလည်း နည်းနည်း နောက်ကျနေခဲ့ပြီ ဖြစ်တယ်။
သူမ နိုးလာတဲ့အခါမှာ ရွှီထင်းရှန်းက ရှိမနေတော့ဘဲ ကုတင်ပေါ်မှာလည်း အပူရှိန် နည်းနည်းပဲ ကျန်တော့တယ်။
သူမက မတ်တပ်ရပ်ပြီး အဝတ်အစားတွေ ဝတ်လိုက်ပြီးတဲ့နောက် တံခါးကို ဖွင့်ပြီး လူခေါ်လိုက်တဲ့အခါ ရှောင်လျူက ရေနွေးဇလုံ တစ်လုံးကိုကိုင်ပြီး အမြန် ဝင်လာခဲ့တယ်။
"သခင်ကြီးကော"
ကျောက်အာက ကိုယ်တိုင် အလုပ်လုပ်ရတာကို နှစ်သက်တဲ့သူ ဖြစ်တာကြောင့် သူမက ရေနွေးနဲ့ ကိုယ်လက်သန့်စင်နေတုန်းမှာ ရှောင်လျူက ကုတင်ပေါ်က အိပ်ရာတွေကို သိမ်းပေးနေခဲ့တယ်။
192 02
"သခင်ကြီးကတော့ ရှေ့ဘက်က ရုံးတော်ကို သွားပါပြီ၊ ဒါပေမဲ့ ဒီရက်ပိုင်းမှာ သခင်ကြီးက ရုံးမှာ အကြာကြီး မနေပါဘူး၊ ရွှမ်းယွီကျွန်းမှာ အိမ်တွေ ဆောက်နေတာကြောင့် သခင်ကြီးက တစ်ရက် နှစ်ရက်ခြား တစ်ခါ ပင်လယ်ထဲကို ထွက်နေရပါတယ်"
"အဲဒီ အိမ်တွေက ဘယ်လို အခြေအနေ ရှိလဲ ပင်လယ်ထဲ ထွက်တိုင်း အဲဒီနေ့မှာပဲ ပြန်လာတာလား"
"တစ်ခါတလေတော့လည်း ပြန်လာပါတယ်၊ ဒါပေမဲ့ သခင်ကြီး ပြန်လာတိုင်း အဝတ်အစားတွေက တကယ့်ကို ညစ်ပတ်နေတာပဲ။ သခင်ကြီးက အဲ့ဒီမှာ လူများကို နေ့တိုင်း စောင့်ကြည့်ပြီး အိမ်ဆောက်ခိုင်းနေတယ်လို့ သူများတွေ ပြောတာ ကြားမိပါတယ်"
ရှောင်လျူနဲ့ ရှောင်ဟုန်းတို့က ကျောက်အာကို ခစားလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်လို့၊ ပုံမှန်အားဖြင့် ကိစ္စတွေကို သူတို့ရှေ့မှာ ဖုံးကွယ်ထားလေ့ မရှိပါဘူး။ ရှောင်ဟုန်းတို့ စတင်ရောက်လာတုန်းက ကျောက်အာက အိပ်ရာတွေကို သိမ်းဖို့ ခိုင်းလေ့ မရှိပေမဲ့၊ အခုအခါမှာတော့ အသားကျနေပြီ ဖြစ်တာကြောင့် ရှောင်လျူက အဲဒီလက်သုတ်ပဝါကို တွေ့သွားတာ ဖြစ်တယ်။
အဲဒီအရာက ဘာလဲဆိုတာကို သူမက အသေအချာ သိနေတာကြောင့်၊ မျက်နှာလေး နီသွားပြီး လဲမယ့်အိပ်ရာခင်းတွေ ကြားထဲကို အမြန်ထည့်လိုက်ပြီးနောက် အပြင်ကို သယ်သွားခဲ့တော့တယ်။ ဒါပေမဲ့ သူမရဲ့ ရင်ထဲမှာတော့ သခင်ကြီးနဲ့ ကတော်ကြီးတို့ကြားမှာ ဘာမှ မရှိတော့ပါဘူးလို့ တွေးပြီး စိတ်အေးသွားခဲ့ပြီဖြစ်ပြီး၊ ဒီလောက်အထိ ဖြစ်နေပြီဆိုမှတော့ ဘယ်လိုမျိုး ပြဿနာ ရှိနိုင်ဦးမှာလဲ။
နောက်ပိုင်း ရက်တွေမှာလည်း ရွှီထင်းရှန်းနဲ့ ကျောက်အာတို့က ဒီလိုပဲ ဆက်ရှိနေခဲ့ကြတယ်။
အပြင်ပန်းက ကြည့်ရင် အရင်အတိုင်းပဲ ဘာမှ မထူးခြားသလို ရှိပေမဲ့၊ အမှန်တကယ်မှာတော့ တစ်ခုခုထူးခြားနေတာကို ကျောက်အာ တစ်ယောက်တည်းပဲ ရင်ထဲမှာ သိနေတာ ဖြစ်တယ်။ ရွှီထင်းရှန်းက သူမကို စကားမပြောဘဲ နေတာ မဟုတ်ပေမဲ့၊ သူ့ရဲ့သဘောထားကတော့ အရင်နဲ့ လုံးဝ မတူတော့ပါဘူး။
ဘာတွေ ကွာသွားသလဲဆိုတာကို သူမအနေနဲ့ တိတိကျကျ မပြောနိုင်ပေမဲ့၊ အရင်ကလို ရင်းနှီးမှု မရှိတော့တာကတော့ အမှန်ပဲ ဖြစ်တယ်။
နောက်ထပ် သူမကို ဒေါသထွက်စေတဲ့ အချက်က၊ သူက စိတ်ဆိုးနေတဲ့ ပုံစံပြပြီး "မင်းကို ငါ မပြောချင်ပေမဲ့ ငါ တကယ် စိတ်ဆိုးနေတယ်" ဆိုတဲ့ ပုံစံမျိုးကို ဖမ်းထားပေမဲ့၊ ညအချိန် ရောက်ရင်တော့ သူမရဲ့လက်ကို သုံးပြီး မတော်တရော် ကိစ္စတွေကို လုပ်လေ့ရှိတာ ဖြစ်တယ်။ အဓိက အချက်က သူက အဲဒီလို လုပ်နေတုန်းမှာတောင် တရားမျှတတဲ့ ပုံစံမျိုးကို ဖမ်းထားတာမလို့၊ ကျောက်အာအနေနဲ့ အစပိုင်းမှာ နှိမ့်ချပြီး အကြိမ်ကြိမ် တောင်းပန်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးနေခဲ့ပေမဲ့၊ အခုတော့ သူ့ရဲ့လုပ်ရပ်ကြောင့် ရယ်ရခက် ငိုရခက် ဖြစ်နေရတော့တယ်။
ဒါပေမဲ့ သူမက သူနဲ့အငြင်းပွားဖို့ အချိန်မရှိခဲ့ဘဲ၊ နှစ်ယောက်ကြားက အဲဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားနေတုန်းမှာပဲ၊ ကုန်သွယ်ရေးဌာနရဲ့ ရုံးခန်း ဆောက်လို့ ပြီးသွားတာမလို့ တစ်မိသားစုလုံး အိမ်ပြောင်းရမယ့် ကိစ္စနဲ့ ကြုံလာရပြန်တယ်။
ကုန်သွယ်ရေးဌာနရဲ့ ရုံးခန်းက အရှေ့အနောက် မြို့တံခါး လမ်းမကြီးပေါ်မှာ ရှိနေခဲ့တယ်။
ဒီလမ်းမကြီးက တစ်ခရိုင်လုံးမှာ အကျယ်ဆုံးနဲ့ အဖြောင့်ဆုံး လမ်းမကြီး ဖြစ်သလို အကောင်းဆုံးနေရာကိုလည်း ကုန်သွယ်ရေးဌာနအတွက် ချန်ထားတာ ဖြစ်တယ်။
ရွှီအိမ်တော်ကတော့ ကုန်သွယ်ရေးဌာနရဲ့ အနောက်ဘက်မှာ ရှိနေပြီး၊ အဲဒီရုံးခန်းနဲ့အတူ တစ်ပြိုင်တည်း ဆောက်ခဲ့တာ ဖြစ်လို့၊ ရွှီထင်းရှန်းက ရာထူးကို သုံးပြီး ကိုယ်ကျိုးရှာခဲ့တယ်လို့ ဆိုနိုင်ပေမဲ့၊ ကုန်ကျစရိတ် ငွေတွေကိုတော့ မိမိရဲ့ အိတ်ထဲကပဲ စိုက်ထုတ်ခဲ့တာ ဖြစ်တယ်။
192 03
ခရိုင်ဝန်ရုံးနဲ့ မတူဘဲ ဒီနေရာကတော့ သီးသန့်အိမ်တော်တစ်ခု ဖြစ်လာသလို၊ အစေခံတွေကို စီမံပေးမယ့်သူ မရှိတာကြောင့် ကျောက်အာ တစ်ယောက်တည်းပဲ အရာရာကို စီမံခန့်ခွဲနေရတော့တယ်။
ကံကောင်းတာက ကျောက်တိ ရှိနေလို့ သူမကို ကူညီပေးနိုင်ခဲ့ပြီး ညီအစ်မ နှစ်ယောက် တိုင်ပင်ပြီး ကိစ္စတွေကို တစ်ခုချင်းစီ ခွဲပြီး လုပ်ခဲ့ကြတာကြောင့် အရာရာမှာ စနစ်တကျ ရှိနေခဲ့ပြီ ဖြစ်တယ်။
အရေးကြီးဆုံးက အိမ်တော်ထဲက အစေခံတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ကျောက်တိ ရောက်လာကတည်းက ရွှီထင်းရှန်းက သူမကို အပ်ထားခဲ့တာဖြစ်လို့၊ သူမကလည်း လူတွေကို လွှတ်ပြီး စတင် လုပ်ဆောင်နေခဲ့ပြီ ဖြစ်တယ်။
ရွှီထင်းရှန်းက ကျောက်အာကို တမင်တကာ မပြောဘဲ ထားတာက သူမကို နည်းနည်း စိုးရိမ်ပူပန်သွားစေဖို့ ရည်ရွယ်တာ ဖြစ်ရမယ်။
အရင်က ကျောက်အာက အရာရာကို ရိုးရိုးရှင်းရှင်းပဲ လုပ်လေ့ရှိသလို၊ ဘေးနားက အစေခံတွေကလည်း အဲဒီအတိုင်းပဲ ဖြစ်တယ်။ စီးပွားရေးကြောင့် ရှောင်ဟုန်းတို့ အဖွဲ့ကို ထပ်ခေါ်ခဲ့ပေမဲ့၊ တျန့်ဟိုင်ကို လာတဲ့ အခါမှာတော့ သူမက အစေခံမလေး နှစ်ယောက်ကိုပဲ ခေါ်လာခဲ့တာ ဖြစ်ပြီး၊ ခရိုင်ဝန်ရုံးမှာတော့ အလုပ်ကြမ်း လုပ်တဲ့သူတွေ ရှိနေလို့ အခက်အခဲ မရှိခဲ့ပါဘူး။
ဒါပေမဲ့ အခုတော့ အိမ်တော်ကြီး တစ်ခု တည်ထောင်လိုက်ပြီ ဖြစ်လို့ အဲဒီလို လုပ်လို့ မရတော့ပါဘူး။
တံခါးစောင့်၊ ဧည့်ကြို၊ မြင်းစောင့်၊ သန့်ရှင်းရေးနဲ့ မီးဖိုချောင် အစရှိသဖြင့် နေရာတိုင်းမှာ လူတွေ လိုအပ်နေခဲ့ပြီ ဖြစ်တယ်။ အစေခံတွေ ခစားတာကို မလိုချင်ရင်တောင်၊ ဂုဏ်သိက္ခာကိုတော့ ငဲ့ရဦးမယ် မဟုတ်လား။
နှစ်သစ်ကူးဖို့ အချိန်က အရမ်းကို နီးလာခဲ့ပြီဖြစ်တဲ့အပြင် ရွှီထင်းရှန်းက ကုန်သွယ်ရေးဌာနရဲ့ အရာရှိချုပ်သစ် တစ်ယောက် ဖြစ်နေတာကြောင့် ရာထူး ဘယ်လောက်ပဲ ရှိရှိ ဒီဌာနက တစ်ခုတည်းပဲ ရှိနေတာမလို့ နှစ်သစ်ကူး အချိန်မှာ လာပြီး ဂါရဝပြုမယ့်သူတွေက မနည်းပါဘူး။
အရာရှိလောကမှာ ဂုဏ်သိက္ခာက အရမ်းအရေးကြီးတာမလို့၊ တခြားသူ လာပြီး ဂါရဝပြုတဲ့ အခါမှာ လက်ခံတွေ့မှာလား၊ မတွေ့ဘူးလား ဆိုတာကလည်း စဉ်းစားစရာ ဖြစ်တယ်။
ဧည့်ခံမယ်ဆိုရင်ကော ဘယ်လိုမျိုး ဧည့်ခံမလဲ၊ လက်တွေ့ ပြနိုင်မယ့် အစေခံတွေ မရှိရင် အိမ်ရှင်ကိုယ်တိုင် ထွက်ပြီး လုပ်နေရမှာလား။ ဒါ့အပြင် အိမ်တော်ထဲက လူအများကြီးရဲ့ စားဝတ်နေရေး ကိစ္စတွေကလည်း အမှုကြီး တစ်ခု ဖြစ်နေတာပဲ။
ကျောက်အာက အရမ်းအလုပ်များလွန်းလို့ မူးဝေနေတဲ့ အချိန်မှပဲ ရွှီထင်းရှန်းက ဒီတစ်ခေါက် ဘာကြောင့်ဒီလောက်အထိ ဒေါသထွက်နေရတာလဲဆိုတာကို နားလည်သွားခဲ့ပြီ ဖြစ်တယ်။
သူမရဲ့စီးပွားရေးက အရေးကြီးသလို၊ ရွှီအိမ်တော်ရဲ့ကိစ္စတွေကလည်း အရမ်း အရေးကြီးတာပဲ မဟုတ်လား။ အရာရှိ လုပ်တာက အလုပ်လုပ်ရုံတင် မဟုတ်ဘဲ၊ လူမှုရေးနဲ့ ဧည့်ခံပွဲတွေကလည်း လိုအပ်တာပဲ ဖြစ်တယ်။ ယောက်ျားက အပြင်ဘက်ကို တာဝန်ယူရရင်၊ မိန်းမက အတွင်းဘက်ကို တာဝန်ယူရမှာ ဖြစ်ပေမဲ့၊ ဒီအတွင်းဘက် ဆိုတာက အိမ်ထဲမှာပဲ နေတာကို ဆိုလိုတာ မဟုတ်ဘဲ၊ ကဏ္ဍပေါင်းစုံကို ဆိုလိုတာ ဖြစ်တယ်။
အချိန်တွေက အရမ်းမြန်မြန်ကုန်သွားခဲ့ပြီး နောက်ထပ် နှစ်တစ်နှစ်ရဲ့ နှစ်သစ်ကူး အချိန်ကို ရောက်လာခဲ့ပြီ ဖြစ်တယ်။
ဒီနှစ်မှာတော့ ရွှီအိမ်တော်က အရင်ကထက် ပိုပြီးစည်ကားနေခဲ့ပြီး၊ အိမ်ရှေ့မှာလည်း မြင်းလှည်းတွေက ရေလို လွှဲလို ရှိနေခဲ့ကာ တစ်ချက်လေးတောင် တိတ်မသွားခဲ့ဘူး။
အခုခေတ်မှာ အရာရှိတွေဆီ ဂါရဝပြုတဲ့ ဓလေ့တွေ ရှိနေခဲ့တာမလို့၊ ရွှီထင်းရှန်းက မြို့တော်က အရာရှိကြီး တစ်ယောက် မဟုတ်ပေမဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိနေသလို အခွင့်အရေးကောင်းတွေနဲ့လည်း ကြုံနေရတာကြောင့် သူ့ဆီကို လာပြီး ဂါရဝပြုတဲ့သူတွေက မနည်းပါဘူး။
192 04
လာပြီး ဂါရဝပြုတိုင်းမှာလည်း လက်ဆောင်ပစ္စည်းတွေက ပါစမြဲ ဖြစ်တာမလို့၊ ဒါဟာ လူမှုရေး ကျင့်ဝတ်တစ်ခုပဲ ဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူး မဟုတ်လား။
ဒါကြောင့် နှစ်သစ်ကူး ကာလ တစ်ခုလုံးမှာ ရွှီထင်းရှန်းနဲ့ ကျောက်အာတို့က အိမ်မှာပဲနေပြီး လက်ဆောင်ပစ္စည်းတွေကို လက်ခံနေခဲ့ကြရတယ်။
တစ်ယောက်က ရှေ့ဘက်မှာ အလုပ်များနေသလို၊ တစ်ယောက်ကတော့ နောက်ဘက်မှာ အလုပ်များနေခဲ့တာမလို့ ကျောက်အာက လွန်ခဲ့တဲ့ နှစ်တွေက အတွေ့အကြုံကို ထပ်ပြီးခံစားနေရတာ ဖြစ်တယ်။ ဒါပေမဲ့ အရင်ကနဲ့ မတူတာက သူမဆီကို လာပြီး ဂါရဝပြုတဲ့သူတွေနဲ့ သူမကို မြှောက်ပင့် ပြောနေတဲ့သူတွေကတော့ အသစ်တွေ ဖြစ်လာကြသလို သူတို့ရဲ့ အဆင့်အတန်းကလည်း အရင်ကထက် ပိုပြီး မြင့်မားကာ ချမ်းသာကြွယ်ဝသူတွေ ဖြစ်လာကြတာ ဖြစ်တယ်။
ဧည့်သည် အုပ်စုတစ်စုကို မနည်းပို့ပြီးတဲ့နောက်မှာမှ၊ ကျောက်အာက ပင်ပင်ပန်းပန်းနဲ့ သူမရဲ့လည်ပင်းကို လက်နဲ့ ပွတ်နေမိတော့တယ်။
ရှောင်ဟုန်းက အနားကို တိုးလာပြီး သူမရဲ့ ပုခုံးကို နှိပ်ပေးရင်း မေးလိုက်တယ်။ "ကတော်ကြီး... ပင်ပန်းနေပြီ မဟုတ်လား၊ ကျွန်မ ခဏလောက် သွားပြီး အနားယူဖို့ ပြင်ပေးရမလား"
ကျောက်အာက ခေါင်းညိတ်ပြပြီးနောက် မတ်တပ်ရပ်လိုက်ပေမဲ့၊ သူမရဲ့ခန္ဓာကိုယ်ကတော့ မသိစိတ်နဲ့ ယိုင်သွားတာမလို့ ရှောင်ဟုန်းက ဘေးကနေ အမြန်ပဲ တွဲပေးလိုက်ရတယ်။ သူမက တည်ငြိမ်သွားမှ ဆံပင်ပုံစံကို ပြန်ပြင်ပြီးတဲ့နောက်၊ ဒီဧည့်ခန်းထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်သွားခဲ့တော့တယ်။
အရင်ကတော့ သူမက ဒီကိစ္စတွေကို သတိမထားမိခဲ့သလို အဆင့်မြင့် အရာရှိကတော်တွေနဲ့လည်း မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် နှစ်သစ်ကူး မတိုင်ခင် ရက်နည်းနည်း အလိုမှာတင် ရွှီထင်းရှန်းက အဝတ်အစား အများကြီးကို အိမ်ကို ပို့ခိုင်းခဲ့တာ ဖြစ်တယ်။
သူမအတွက်ရော၊ ကျောက်တိအတွက်ပါ ပါသလို၊ ကလေးနှစ်ယောက်အတွက်လည်း ပါနေပြီး အားလုံးကတော့ အဆင့်မြင့် ပိတ်စတွေ ဖြစ်သလို ပုံစံတွေကလည်း အသစ်ဆုံးတွေပဲ ဖြစ်ကြတယ်။
အဝတ်အစားတွေတင်မကဘဲ ရွှေထည်နဲ့ ကျောက်စိမ်း ရတနာ အများကြီးလည်း ပါနေတာမလို့ တကယ့်ကို မျက်စိကျိန်းလောက်အောင် တောက်ပလှပနေခဲ့ပြီ ဖြစ်တယ်။ ကျောက်အာက အဲဒီအချိန်တုန်းက သူက စိတ်ဆိုးနေပါလျက်နဲ့ ဘာလို့ သူမကို ပစ္စည်းတွေ ဝယ်ပေးတာလဲဆိုပြီး အံ့ဩနေခဲ့ပေမဲ့၊ ကျောက်တိကပဲ သူမကို အမှန်တရားကို သိအောင် ပြောပြခဲ့တာ ဖြစ်တယ်။
ကျောက်အာနဲ့ မတူတာက ကျောက်တိက ရှန်အိမ်တော်မှာ နှစ်ပေါင်းများစွာ နေခဲ့သူ ဖြစ်တယ်။
သူမက လောကအမြင် ကျယ်သလို သူဌေးအိမ်တော်တွေရဲ့ စည်းကမ်းတွေကိုလည်း ကျွမ်းကျင်တာကြောင့် ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေမှာ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းလို့ မရနိုင်ဘူးဆိုတာကို သိနေတာ ဖြစ်တယ်။
ယောက်ျားတွေကို ထားလိုက်ပါဦး၊ နောက်ဘက် အဆောင်က အမျိုးသမီးတွေကလည်း သူတစ်ပါး ခစားတာကိုပဲ စောင့်နေရတဲ့သူတွေလို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ တစ်နှစ်မှာ နှစ်ပတ်လည် ပွဲလမ်းသဘင်တွေ အများကြီး ရှိနေတာမလို့၊ အဲဒီလို အချိန်မျိုးမှာ အိမ်ထဲမှာ စည်ကားနေမှပဲ ချမ်းသာကြွယ်ဝတာရဲ့ ပြယုဂ်ဖြစ်ပြီး၊ တကယ်လို့သာ တိတ်ဆိတ်ခြောက်ကပ်နေမယ်ဆိုရင် ကိုယ့်ရဲ့ ယောက်ျားက အရာရှိငယ်လေး ဖြစ်နေတာ ဒါမှမဟုတ် ကိုယ်တိုင် လူမှုရေးမှာ မကျွမ်းကျင်တာကို ပြန်စစ်ဆေးရပါလိမ့်မယ်။
ယောက်ျားက အပြင်ဘက်မှာ ဧည့်ခံနေရသလို၊ အမျိုးသမီးတွေကလည်း အိမ်ထဲမှာ ဧည့်ခံရတာက ထုံးစံပဲဖြစ်ပြီး၊ ဒါဟာ အရာရှိကတော်တွေ အချင်းချင်း ဆက်ဆံရေး တည်ဆောက်တာ ဖြစ်တယ်။ ဒီဂုဏ်သိက္ခာ ဆိုတာက ကိုယ် နေထိုင်တဲ့အိမ် ဘယ်လောက် ကြီးသလဲ၊ အစေခံ ဘယ်လောက် ရှိသလဲ၊ အစေခံတွေ စည်းကမ်း ရှိသလား ဆိုတာတင် မကဘဲ၊ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှု အပေါ်မှာလည်း မူတည်နေပြန်တယ်။
192 05
လူမှာ သိက္ခာရှိဖို့ လိုသလို၊ သစ်ပင်မှာလည်း အခေါက်ရှိဖို့ လိုပါတယ်။ ချမ်းသာကြွယ်ဝသူတွေအတွက်တော့ ဝတ်စားဆင်ယင်မှုဆိုတာက အဲဒီသိက္ခာပဲ ဖြစ်တယ်။ မင်းရဲ့ဝတ်စားဆင်ယင်မှုသာ ညံ့နေမယ်ဆိုရင်၊ မင်းကိုယ်တိုင် သိက္ခာမဲ့တာကို ထားလိုက်ပါဦး၊ အဓိကက ကိုယ့်ရဲ့ ယောက်ျားကိုပါ အရှက်ရစေတာ ဖြစ်တယ်။
အရာရှိလောကမှာတော့ ဟန်ပြတာတွေက အရမ်း အရေးကြီးတာမလို့၊ အမျိုးသမီးတွေက ယောက်ျားနဲ့ မပတ်သက်ဘူးလို့ ထင်ရင်တော့ အရမ်း မှားသွားပါလိမ့်မယ်။ အချင်းချင်း ဆက်ဆံတဲ့အခါမှာ အစစ်ရော အတုပါ ပါနေသလို၊ ယောက်ျားချင်း ဆက်ဆံသလိုမျိုး အမျိုးသမီးတွေ အချင်းချင်း ဆက်ဆံရေး တည်ဆောက်တာမှာလည်း 'ဆက်ဆံရေး' ဆိုတဲ့ စကားလုံးနှစ်လုံးထဲမှာပဲ အရာရာက ပေါ်လွင်နေခဲ့ပြီ ဖြစ်တယ်။
"နင် အရင်ဘဝက ဘယ်လို ကောင်းမှုတွေ လုပ်ခဲ့သလဲ မသိပါဘူး၊ ဒီဘဝမှာ ဒီလို ယောက်ျားမျိုးကို ရထားတာ။ သူက နင့်အတွက် အစစအရာရာ စဉ်းစားပေးနေတာကို၊ နင်ကတော့ ဇနီးတစ်ယောက်အနေနဲ့ ဒီလောက်လေးတောင် နားမလည်ဘူး၊ ထင်းရှန်းက နင့်ကို ဘယ်လိုများ သည်းခံနေသလဲ မသိပါဘူး" ကျောက်တိက စက်ဆုပ်ရွံရှာဖွယ် မျက်နှာနဲ့ ပြောဆိုလိုက်တယ်။
ဒီရက်ပိုင်းအတွင်း ကျောက်အာက အစ်မဖြစ်သူရဲ့ ဆူတာကြိမ်းတာတွေကို ခဏခဏ ခံခဲ့ရတာမလို့၊ မသိတဲ့သူတွေသာ ဆိုရင် ရွှီထင်းရှန်းက ကျောက်တိရဲ့ မောင်အရင်း ဖြစ်ပြီး ကျောက်အာကတော့ ချွေးမ ဖြစ်နေတယ်လို့တောင် ထင်ရတော့မယ်။
"ဒီအရောင်က နင့်အသားအရေနဲ့ လိုက်ဖက်တယ်၊ ဒီဆံထိုးကလည်း မဆိုးပါဘူး" ကျောက်တိက ဆူပူနေရင်းနဲ့ကို ကျောက်အာကို ဝတ်စားဆင်ယင်ပေးနေခဲ့တယ်။
ဒီလို ဝတ်ဆင်ပေးတာက အရင်က ကျောက်အာရဲ့ ပုံစံနဲ့ လုံးဝ မတူတော့ပါဘူး။ အရင်က သူမရဲ့ ပုံစံက လူတောတိုးလို့ ရပေမဲ့၊ အရာရှိ အိမ်တော်တွေအတွက်တော့ အရမ်း ရိုးရှင်းလွန်းနေခဲ့ပြန်တယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ညံ့နေတာပဲ ဖြစ်တယ်။
ကျောက်အာက အစ်မဖြစ်သူရဲ့ ဆူတာကို ခံယူရင်းနဲ့တင် သူမရဲ့အကြံပြုချက်တွေနဲ့ အဝတ်အစားတွေကို ပြောင်းဝတ်ခဲ့ရတာ ဖြစ်တယ်။ ဒီလို အရာတွေကြောင့်မှပဲ ယခုတစ်ခေါက် နှစ်သစ်ကူးပွဲမှာ အရာရှိကတော်တွေ ရောက်လာတဲ့ အခါမှာ သူမက အရှက်မရဘဲ ရှိခဲ့တာ ဖြစ်ရမယ်။
ပင်ပန်းရမှာတော့ အမှန်ပဲ ဖြစ်ပေမဲ့၊ လူကို ကြည့်ပြီး စကားပြောရတာကိုတော့ ကျောက်အာက နားလည်ပြီးသား ဖြစ်တယ်။ သူမက အပြင်ဘက်မှာ စီးပွားရေး လုပ်နေသူ ဖြစ်လို့ ဒီအချက်က သူမအတွက် အခြေခံ လိုအပ်ချက် တစ်ခုပဲ မဟုတ်လား။
ထူးခြားတာက ခေါင်းပေါ်မှာ ပေါင်ချိန်အများကြီး လေးလံတဲ့ ရတနာတွေကို ဆင်ထားရသလို၊ ကိုယ်ပေါ်မှာလည်း အထပ်ထပ် ဝတ်ထားရတဲ့ အဝတ်အစားတွေကြောင့် သူမက လုံးဝအသားမကျဘဲ ရှိနေခဲ့တာ ဖြစ်တယ်။
အခန်းကို ပြန်ရောက်တဲ့ အခါမှာ ကျောက်အာက ရှောင်ဟုန်းကို အမြန်ခေါ်ပြီး ခေါင်းပေါ်က ရတနာတွေကို ဖြုတ်ခိုင်းလိုက်သလို၊ ဆံပင်တွေကိုလည်း ဖြေချလိုက်တော့မှပဲ သက်သောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရတယ်။
သူမက ထုံကျဉ်နေတဲ့ ကိုယ့်ရဲ့ ဦးရေပြားကို လက်နဲ့ မသိစိတ်နဲ့ ပွတ်လိုက်သလို၊ ပုခုံးကိုလည်း တစ်ချက် နှိပ်လိုက်ပြီးနောက် ကုတင်ဘေးကို သွားခဲ့တယ်။
"ငါ ခဏလောက် လဲနေလိုက်ဦးမယ်၊ ညစာ မစားတော့ဘူး"
ကျောက်အာက ကုတင်ပေါ်မှာ လဲလိုက်ပြီးတဲ့နောက်၊ ရှောင်ဟုန်းက ကုတင်လိုက်ကာတွေကို ဆွဲချပေးပြီးမှ တိတ်တဆိတ် ထွက်သွားခဲ့တော့တယ်။
ဒီလိုနဲ့ အိပ်လိုက်တာ မှောင်လာတဲ့ အချိန်အထိပဲ။ ကျောက်အာ နိုးလာတဲ့ အခါမှာတော့ ရွှီထင်းရှန်းက ရှေ့ဘက်ကနေ ပြန်ရောက်နေပြီ ဖြစ်တယ်။
192 06
ကျောက်အာနဲ့ မတူတာက၊ ဇနီးသည်တွေကို ခေါ်လာတဲ့ ဧည့်သည်တွေက အရမ်းနည်းတာမလို့၊ သူက ဒီနေ့ ရှေ့ဘက်မှာ ဧည့်သည် အများကြီးကို တွေ့ခဲ့ရတာ ဖြစ်တယ်။ သူ့တစ်ကိုယ်လုံးမှာ အရက်နံ့တွေ ပြည့်နှက်နေပြီး၊ အရက်ဘယ်လောက်တောင် သောက်ခဲ့လဲဆိုတာကိုလည်း မသိနိုင်တော့ပါဘူး။
ရှောင်ဟုန်းက အစေခံမလေး တချို့နဲ့အတူ ရေနွေးနဲ့ လက်သုတ်ပဝါတွေ ယူလာတဲ့အခါ၊ ကျောက်အာကလည်း ဝတ်ရုံကို ခြုံပြီး ကုတင်ပေါ်က ဆင်းကာ ရွှီထင်းရှန်းကို ကိုယ်လက်သန့်စင်ပေးပြီး အဝတ်အစား လဲပေးခဲ့တယ်။
ကျောက်အာက ညစာ မစားရသေးသလို၊ ရွှီထင်းရှန်းလည်း ဒီနေ့ တစ်နေ့လုံး အရက်ပဲ သောက်ခဲ့ပြီး ဘာမှ မစားရသေးတာကြောင့်၊ မီးဖိုချောင်ကို ခေါက်ဆွဲ နှစ်ပွဲ ချက်ခိုင်းလိုက်တော့တယ်။
ပဲပြားတွေနဲ့ အရိုးဟင်းရည် ချက်ထားပြီး၊ ကြက်သားအမျှင်တွေ၊ မှိုတွေနဲ့ အသီးအရွက်တွေကိုလည်း ထည့်ထားခဲ့တယ်။ လျှာပြုတ်ကျမတတ် အရသာ ရှိလွန်းပေမဲ့၊ လက်တွေ့မှာတော့ သူတို့နှစ်ယောက်စလုံး ဆာနေကြတာကြောင့်လည်း ပါမှာဖြစ်တယ်။
စားပြီးတဲ့နောက်မှာတော့ ကိုယ်လက်သန့်စင်လိုက်ကြပြီး၊ နှစ်ယောက်သား အိပ်ဖို့ ပြင်လိုက်ကြတော့တယ်။
အိပ်ခန်းရဲ့ ထောင့်တစ်နေရာမှာပဲ ဆီမီးအိမ် တစ်လုံးကို ချန်ထားခဲ့တာကြောင့် ဝါကျင့်ကျင့် အလင်းရောင်က ကုတင်လိုက်ကာတွေကို ဖြတ်ဝင်လာပြီး အရာရာက ဝေဝေဝါးဝါးပဲ မြင်နေရတယ်။
ကျောက်အာက စကားပြောချင်ပေမဲ့၊ ဘာပြောရမလဲဆိုတာကိုတော့ သူမ မသိပါဘူး။
ဘယ်လို စကားစရမလဲဆိုတာ သူမ စဉ်းစားနေတုန်းမှာပဲ၊ သူက ရုတ်တရက် အနားကို တိုးကပ်လာခဲ့တယ်။
သူက သူ့အလုပ်ကိုပဲ အာရုံစိုက်ပြီး လုပ်နေပြီး အရမ်းကို ပျော်နေပုံရတယ်။ ရံဖန်ရံခါမှာ နီမြန်းတဲ့ နှုတ်ခမ်းလေးတွေကို စုပ်ယူလိုက်ရင်း၊ မျက်နှာမှာလည်း အရမ်းကို သက်သောင့်သက်သာ ရှိနေလို့ စိတ်အခြေအနေ ကောင်းနေတာ ထင်ရှားလှတယ်။
ကျောက်အာကတော့ အမှောင်ထဲမှာ သူ့ရဲ့မျက်နှာကို စိုက်ကြည့်နေခဲ့ပြီး၊ မျက်လုံးထဲမှာတော့ ဒေါသအရိပ်အယောင်တွေ တဖြည်းဖြည်း ပေါ်လာခဲ့ပြီ ဖြစ်တယ်။
သူ့ရဲ့အသက်ရှူသံတွေက တဖြည်းဖြည်း ပြင်းလာခဲ့ပြီး အရေးကြီးတဲ့အချိန်ကို ရောက်လာတဲ့ အခါမှာ ကျောက်အာက ရုတ်တရက် လက်ထဲက အရာကို တွန်းဖယ်လိုက်ပြီး ပြောလိုက်တယ်။ "နင် တော်လိုက်တော့...ငါ သည်းခံလာတာ အတော် ကြာနေပြီ"
******