← Chapters

အခန်း (၈၁၃-၈၁၄)

Vol. 82 Ch. 813-814

အခန်း (၈၁၃-၈၁၄)

Vol. 82 Ch. 813-814

အခန်း (၈၁၃) ဝူကွေဗျူဟာ၊ ငါ့နေရာကို ဘယ်သူလုတာလဲ၊ နိဗ္ဗာန်ဘုံ၏ လျှို့ဝှက်ချက်နှင့် လောကကမ္ဘာ စစ်တုရင်ခုံ

ချွေယိသည် ထိုလှပသော အမျိုးသမီးကို ခုတင်ပေါ်၌ ဖိနှိပ်ထားရမည့် ပုံရိပ်ကို တွေးမိရုံဖြင့်ပင် စိတ်ထဲဝယ် ရမ္မက်ဇောများ တောက်လောင်နေတော့သည်။

သူသည် ထိုဆန်းကြယ်သော အတတ်ပညာဖြင့် အမျိုးသမီးအား အကြောက်လွန်စေရန် ခြောက်လှန့်လိုခြင်း ဖြစ်သည်။ ဤကဲ့သို့ အကြိမ်အနည်းငယ် ပြုလုပ်ပြီးမှ သူကိုယ်တိုင် ပေါ်ထွက်လာကာ သူမအား မိမိအပေါ် အားကိုးစိတ်ဝင်လာအောင် ဖန်တီးပြီး စိတ်ကြိုက် ခြယ်လှယ်ဆုံးမရန် ကြံစည်ထားခြင်း ဖြစ်သည်။

"တောက်... ဘယ်ကကောင်က ငါ့နေရာကို လုပြီး ငါ့အကွက်ကို ဖျက်လိုက်တာလဲ မသိဘူး"

တင်ပါးကြီးကြီးနှင့် လှပသော မုဆိုးမလေး ချန်ရုံသည် ယခုအချိန်တွင် သူစိမ်းအမျိုးသားတစ်ဦး၏ ရင်ခွင်ထဲ၌ ခိုဝင်ကာ ကျေးဇူးတင်နေပေလိမ့်မည်ဟု တွေးမိတိုင်း ချွေယိသည် ပါးစပ်ထဲသို့ ယင်ကောင်တစ်ကောင် ဝင်သွားသကဲ့သို့ ခါးသက်လှသည်။ မိမိ၏ ဇနီးကို အခြားသူထံ လက်ဆောင်ပေးလိုက်ရသလို ခံစားချက်မျိုး ခံစားနေရသည်။

၎င်းအပြင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် သမီးငယ်လေးလည်း ရှိသေးရာ နောက်ထပ် နှစ်အနည်းငယ်မျှ မွေးမြူထားပြီး သားအမိနှစ်ယောက်လုံးကို သိမ်းပိုက်နိုင်လျှင် နတ်ဘုရားကဲ့သို့ စည်းစိမ်မျိုးကို ခံစားရမည် ဖြစ်သည်။ ထိုသို့ တွေးမိလေလေ၊ ကြားဖြတ်နှောင့်ယှက်သူအပေါ် နာကျည်းမှုများ ပိုမို ပြင်းထန်လာလေလေ ဖြစ်တော့သည်။

သူသည် အခန်းအတွင်းသို့ ဝင်ကာ ထိုအဆောင်ကို မီးရှို့လိုက်ပြီး ပါးစပ်မှလည်း မန္တန်များကို တိုးညှင်းစွာ ရွတ်ဆိုနေသည်။ သူ၏ စကားအဆုံးတွင် စိမ်းဖန့်ဖန့် မျက်နှာနှင့် အစွယ်များ ထွက်နေသော သရဲမိစ္ဆာ ငါးကောင် ပေါ်ထွက်လာသည်။ အခန်းတွင်း၌ အေးစိမ့်ကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။

ထို့နောက် အေးစိမ့်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"သခင်လေး... ဘာများ ခိုင်းစရာ ရှိလို့လဲ"

မိစ္ဆာတစ်ကောင်က ရယ်မောကာ မေးလိုက်သည်။

ချွေယိ၏ မျက်နှာမှာ ရေကဲ့သို့ အေးစက်နေပြီး အခြေအနေကို ရှင်းပြလိုက်သည်။

"အဲဒီလူကို သတ်ပစ်လိုက်စမ်း"

မိစ္ဆာများက အမိန့်ကို လက်ခံပြီးနောက် ကိုယ်ယောင်ဖျောက်ကာ ပျောက်ကွယ်သွားကြတော့သည်။

ချွေယိ၏ မူလအစီအစဉ်မှာ ထိုအမျိုးသမီးကို ရက်အနည်းငယ် ဆက်တိုက် ခြောက်လှန့်ရန် ဖြစ်သည်။ ဟင်းချက်သကဲ့သို့ပင် ဤကဲ့သို့သော ကိစ္စမျိုးသည် မီးအရှိန်ကို ကျွမ်းကျင်စွာ အသုံးချရမည် ဖြစ်သည်။ မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ချက်ပြုတ်ကာ ထိုအမျိုးသမီးကို ကောင်းကောင်း ဆုံးမရန် ဖြစ်သည်။

သို့သော် ယခုမူ အခြားသူအတွက် လမ်းခင်းပေးလိုက်သလို ဖြစ်နေရသည်။

"သေစမ်း မင်းက ဘယ်သူပဲဖြစ်ဖြစ် ဝူကွေ ရဲ့ လက်ချက်နဲ့ သေရမှာပဲ "

လီယန်ချူသည် ချန်ရုံသားအမိနှင့် စကားစမြည် ပြောဆိုနေသည်။ မိစ္ဆာကို နှိမ်နင်းပြီးနောက် သူ ထွက်မသွားသေးပေ။ ဤကိစ္စမှာ လူတစ်ဦး၏ လက်ချက်ဖြစ်သဖြင့် တစ်ဖက်လူတွင် နောက်ထပ် အစီအစဉ်များ ရှိနေဦးမည်ကို သူ သိထားသည်။ သူက စောင့်နေခြင်း ဖြစ်သည်။

"ယုကျဲလေး... မင်းက ယုရှန်းစာသင်ကျောင်းမှာ စာသင်နေတာလား"

လီယန်ချူက ပြုံးကာ မေးလိုက်သည်။

"ဟုတ်တယ် တာအိုဆရာ အစ်ကိုကြီး... အစ်ကိုကြီးက ဘယ်လို သိတာလဲ"

ယုကျဲလေးက စစ်တုရင်နယ်ရုပ်လေးကဲ့သို့ မည်းနက်တောက်ပသော မျက်ဝန်းလေးများဖြင့် စူးစမ်းစွာ မေးလိုက်သည်။

"ကိုယ်တော်က လက်ညှိုးလေး တွက်ကြည့်လိုက်တာနဲ့ သိတာပေါ့"

လီယန်ချူက ပြုံး၍ ဆိုသည်။

"ဒါပေမဲ့ ခုနက အစ်ကိုကြီး လက်ညှိုးတွက်နေတာ သမီးမတွေ့ပါဘူး"

ယုကျဲလေးက မျက်တောင်လေး ခတ်ကာ ပြောလိုက်သည်။

"............" လီယန်ချူ ဆွံ့အသွားရသည်။

ဘေးမှ ချန်ရုံက ဝင်ပြောလိုက်သည်။

"လီဆရာကြီးက ယုကျဲလေးရဲ့ အင်္ကျီပေါ်က အမှတ်အသားကို မြင်လို့ ဖြစ်မှာပါ"

လီယန်ချူက အနည်းငယ် ပြုံးလိုက်ပြီး "ဟုတ်ပါတယ်" ဟု ဆိုလိုက်သည်။

လီယန်ချူသည် ဤကဲ့သို့သော ပညာရပ်ပိုင်းတွင် အလွန် ကျွမ်းကျင်လှသည်ဟု ဆိုရမည်။ တစ္ဆေခြောက်ခြင်း၊ မိစ္ဆာနှိမ်နင်းခြင်းများ ပြုလုပ်ပြီးနောက် လူတို့၏ စိတ်ခံစားမှုကို မည်သို့ နှစ်သိမ့်ပေးရမည်ဆိုသည်မှာ အလွန် အရေးကြီးသော ပညာရပ်တစ်ခု ဖြစ်သည်။

ဤအချက်တွင် သူ၏ ဆရာမှာ အလွန် ကျွမ်းကျင်လှသည်။ ဆရာဖြစ်သူက နှစ်သိမ့်ပေးလိုက်လျှင် ထိုအမျိုးသမီးငယ်လေးများမှာ ချက်ချင်းပင် စိတ်အေးချမ်းသွားလေ့ ရှိကြသည်။ လီယန်ချူသည်လည်း ထိုပညာကို အမွေဆက်ခံထားသဖြင့် စကားအနည်းငယ် ပြောရုံဖြင့် သားအမိနှစ်ယောက်၏ စိတ်ကို တည်ငြိမ်သွားစေခဲ့သည်။

"ဝေမြို့က ဒီယုရှန်းစာသင်ကျောင်းက အခမဲ့ ပညာသင်ပေးတာဆိုတော့ ဆင်းရဲသား ကလေးတွေအတွက် လမ်းစတစ်ခု ဖြစ်စေတယ်... ဒီကျောင်းကို တည်ထောင်တဲ့သူဟာ တကယ့်ကို ကြင်နာသနားတတ်တဲ့ လူကောင်းတစ်ယောက် ဖြစ်မှာပဲ"

ချန်ရုံက သက်ပြင်းချကာ ပြောလိုက်သည်။

လီယန်ချူကတော့ ပြုံးနေရုံသာ ရှိသည်။ အမှန်မှာ ထိုကျောင်းကို သူကိုယ်တိုင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ထိုအကြောင်းကို ဆက်မပြောဘဲ နေလိုက်သည်။ ချန်ရုံသည် ထိုကျောင်းအကြောင်း ပြောလျှင် ရင်ထဲ၌ ခံစားချက်များစွာ ရှိနေသည်။ အဓိကမှာ ထိုကျောင်းသည် ထူးခြားချက်များစွာ ရှိသောကြောင့် ဖြစ်သည်။

ယုရှန်းစာသင်ကျောင်းမှ ကျောင်းသားများသည် တူညီသော ကျောင်းဝတ်စုံကို ဝတ်ဆင်ကြရသည်။ မည်မျှပင် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ကျောင်းတက်ချိန်တွင် ဤဝတ်စုံကိုသာ ဝတ်ရသည်။ အခြားသော စာရေးကိရိယာများ၊ စုတ်တံ၊ စက္ကူနှင့် စာအုပ်များကိုလည်း ကျောင်းမှပင် ထောက်ပံ့ပေးသည်။ ဤအချက်မှာ ဆင်းရဲသား ကလေးငယ်များ၏ စိတ်ဓာတ်ကို အများကြီး အထောက်အကူပြုသည်။

၎င်းအပြင် ကျောင်းတွင် ထမင်းကျွေးသည့်စနစ်လည်း ရှိသေးသည်။ အခြေခံ ပြည်သူများအတွက်မူ ဤကျောင်းနှင့် အခမဲ့ ဆေးပေးခန်းမှာ ကြီးမားလှသော ကုသိုလ်ထူးများပင် ဖြစ်သည်။ အထူးသဖြင့် ထိုဆေးပေးခန်းမှ ထွက်ရှိသော "ချင်းလင်ဆန်း" အမည်ရှိ ဆေးလုံးမှာ အလွန် ကျော်ကြားလှသည်။

ယခင်ကဆိုလျှင် ဖျားနာခြင်းမှာ အသက်အန္တရာယ်အထိ စိုးရိမ်ရသော်လည်း ဤဆေးကို စားလိုက်ပါက အဖျားကျသွားစေရုံသာမက ဦးနှောက်ထိခိုက်ခြင်းမျိုးလည်း မဖြစ်တော့ပေ။

ချန်ရုံက ထိုဆေးအကြောင်း ပြောရင်း ကျေးဇူးတင်နေမိသည်။ လွန်ခဲ့သော ရက်များက ယုကျဲလေး နေမကောင်းဖြစ်စဉ်က ဆေးပေးခန်းသို့ သွားခဲ့ရာ ဆေးတစ်ကြိမ် စားလိုက်ရုံဖြင့် ထိုညမှာပင် အဖျားကျသွားခဲ့သည်။

လီယန်ချူကတော့ ဘေးမှ ပြုံးကာ ဘာမှမပြောဘဲ နေလိုက်သည်။ ဤချင်းလင်ဆန်း ဆေးကို သူကိုယ်တိုင် ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဆေးဖော်စပ်မှု အဆင့်အတန်းအရ စွမ်းအားမြှင့်တင်ပေးသော ဆေးကြီးများကို မဖော်စပ်နိုင်သော်လည်း ဤကဲ့သို့သော သာမန်ဆေးမျိုးကို ဖော်စပ်ရန်မှာ မခက်ခဲလှပေ။

ထိုစဉ် အေးစိမ့်သော လေတစ်ချက် တိုက်ခတ်လာသဖြင့် ချန်ရုံမှာ တစ်ချက် တုန်လှုပ်သွားရသည်။ အခန်းတွင်း၌ သွေးရေများ ရုတ်တရက် ပေါ်ထွက်လာသည်။

သေချာကြည့်လိုက်သည့်အခါ တံခါးအက်ကြောင်းများနှင့် ပြတင်းပေါက် နေရာအနှံ့အပြားမှ သွေးများ ယိုစီးဝင်လာခြင်း ဖြစ်သည်။ သွေးရေများမှာ ခဏချင်းမှာပင် သူမ၏ ခြေမျက်စိအထိ မြင့်တက်လာသည်။ ထိုအေးစိမ့်ကာ စေးကပ်သော ခံစားချက်ကြောင့် ကြက်သီးများပင် ထသွားရသည်။

"အားးးးးးးးး"

ချန်ရုံမှာ အလွန် ထိတ်လန့်သွားပြီး အော်ဟစ်လိုက်တော့သည်။

"ဟွန့်"

လီယန်ချူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ အခန်းတွင်းရှိ သွေးရေများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်မှာ ပြန်လည် တိတ်ဆိတ်သွားတော့သည်။ ချန်ရုံက ခြေထောက်ကို ငုံ့ကြည့်လိုက်သည့်အခါ မည်သည့် သွေးရေမျှ မရှိတော့ပေ။ ခုနက ဖြစ်ပျက်ခဲ့သမျှမှာ မည်သည့်အခါမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။

"မကြောက်ပါနဲ့... ဒါတွေက မင်းရဲ့ စိတ်ထဲက ကြောက်စိတ်ကို အသုံးချပြီး ခြောက်လှန့်တဲ့ ဖန်တီးထားတဲ့ မျက်လှည့် တွေပါ"

လီယန်ချူက တိုးညှင်းစွာ ပြောလိုက်သည်။

ထိုစဉ် အခန်းတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ ငါးကောင် ပေါ်ထွက်လာသည်။ မျက်နှာမှာ စိမ်းဖန့်ကာ အစွယ်များ ထွက်နေပြီး တစ်ကိုယ်လုံးတွင် မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေသည်။

"လီဆရာကြီး... ဒါကလည်း မျက်လှည့်ပဲလားဟင်"

ချန်ရုံက တိုးတိုးလေး မေးလိုက်သည်။ သူမသည် ကြောက်နေဆဲ ဖြစ်သော်လည်း ခုနကထက်စာလျှင် အနည်းငယ် တည်ငြိမ်နေသည်။ အားလုံးက လူကိုလှည့်စားတဲ့ မျက်လှည့်တွေပဲဟု ထင်နေခြင်း ဖြစ်သည်။ သို့သော် ထိုမိစ္ဆာများမှာ ကြည့်ရသည်မှာ အလွန်ပင် ရက်စက်ပုံရသည်။

လီယန်ချူက ခေါင်းယမ်းလိုက်ကာ

"မဟုတ်ဘူး... ဒါကတော့ အစစ်တွေပဲ" ဟု ဆိုလိုက်သည်။

"............" ချန်ရုံ ပို၍ပင် ကြောက်သွားရသည်။

ထိုမိစ္ဆာငါးကောင်သည် ပေါ်လာသည်နှင့် လီယန်ချူကို စိုက်ကြည့်ကာ သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်ဖော်နေကြသည်။

"ဝူကွေ လား"

လီယန်ချူက အေးဆေးစွာ ဆိုသည်။ ပညာရပ်များထဲတွင် ဝူကွေပန်းယွန်းစု ဆိုသည်မှာ ရှိသည်။ အမှန်တကယ်တွင် ဝူကွေကို ပစ္စည်းရွှေ့ပြောင်းရန်သာမက အခြားသော ကိစ္စများစွာတွင်လည်း အသုံးချနိုင်သည်။

ထိုမိစ္ဆာငါးကောင်သည် လီယန်ချူကို ကြည့်ကာ ရယ်မောလိုက်ကြသည်။

"ဂျဲ ဂျဲ ဂျဲ ဂျဲ ဂျဲ"

ထိုအသံမှာ ဖန်သားပြင်ကို ဓားဖြင့် ခြစ်လိုက်သကဲ့သို့ နားမခံသာအောင် စူးရှလှသည်။ လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအသံသည် လူ၏ ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော်လည်း သူ့အတွက်တော့ အသုံးမဝင်ပေ။ သို့သော် အလွန်ပင် နားငြီးလှသည်။

သူသည် လက်ညှိုးကို မြှောက်ကာ အသာအယာ တို့လိုက်ရာ မိစ္ဆာအငွေ့အသက်များ ပြင်းထန်နေသော ဝူကွေ ငါးကောင်လုံးမှာ ချက်ချင်းပင် အေးခဲသွားသကဲ့သို့ တောင့်တင်းသွားကြသည်။ လောကကြီးမှာ ပြန်လည် တိတ်ဆိတ်သွားပြီး ထိုနားမခံသာသော အသံများ ပျောက်ကွယ်သွားတော့သည်။

ဝူကွေတို့မှာ အလွန် ထိတ်လန့်သွားကြသည်။ သူတို့သည် သာမန်မိစ္ဆာများ မဟုတ်ဘဲ အစွမ်းထက်သူများ ဖြစ်ကြသည်။ သို့သော် ဤလူငယ်တာအိုဆရာက လက်ညှိုးတစ်ချက် တို့ရုံဖြင့် မိမိတို့ကို တားဆီးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"မင်းတို့ကို ဘယ်သူ ခိုင်းလိုက်တာလဲ"

လီယန်ချူက အေးစက်စွာ မေးလိုက်သည်။

ဘေးမှ ချန်ရုံသားအမိမှာ မျက်လုံးများ ပြူးကျယ်ကာ မယုံနိုင်အောင် ဖြစ်နေရသည်။ မည်မျှပင် အန္တရာယ်ရှိသော ကိစ္စဖြစ်စေ၊ ဤလီဆရာကြီး၏ ရှေ့တွင်မူ ခဏချင်းအတွင်း ဖြေရှင်းနိုင်သော ကိစ္စလေးမျှသာ ဖြစ်နေသည်။ ဤကဲ့သို့သော အစွမ်းထက်မှုကြောင့် သားအမိနှစ်ယောက်လုံးမှာ လုံခြုံမှုအပြည့် ခံစားလိုက်ရသည်။

လီယန်ချူက တားမြစ်ချက် အချို့ကို ဖြေလျှော့ပေးလိုက်ရာ မိစ္ဆာတစ်ကောင်က အေးစက်စွာ ပြောလိုက်သည်။

"မင်း သိတတ်ရင် ငါတို့ကို အမြန်လွှတ်ပေးစမ်း ငါတို့နောက်ကွယ်ကလူကို မင်း မထိရဲဘူး"

စကားအဆုံးတွင် လီယန်ချူက လက်ကို အသာအယာ မြှောက်လိုက်ရာ...

ရှပ်

သူ၏ လက်ဖျားမှ မီးတောက်ကလေးတစ်ခု ထွက်ပေါ်သွားပြီး ထိုမိစ္ဆာမှာ အော်ဟစ်ချိန်ပင် မရဘဲ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ လီယန်ချူက မျက်ခုံးပင့်ကာ

"ဘာလဲ... အရိုးမာလှချည်လား" ဟု ဆိုလိုက်သည်။

ကျန်ရှိနေသော မိစ္ဆာများမှာ လီယန်ချူ၏ အစွမ်းနှင့် ပြတ်သားမှုကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် သဘောပေါက်သွားကြသည်။ မိစ္ဆာတစ်ကောင်က မျက်လုံးလေး ကလည်ကလည်ဖြင့် အမြန်ပင် ဖားလိုက်သည်။

"ဆရာကြီး... စိတ်လျှော့ပါ ကျွန်တော်တို့ ညီအစ်ကိုတွေက မိစ္ဆာတွေ ဖြစ်ပေမဲ့ ဘယ်သူ့ကိုမှ မသတ်ဖူးပါဘူး... အခုက ချွေမိသားစုက တတိယသခင်လေး ချွေယိ ရဲ့ ခိုင်းစေမှုကြောင့် လာခဲ့ရတာပါ... ဆရာကြီး ကျေးဇူးပြုပြီး လက်လွှတ်ပေးပါဗျာ"

"ချွေမိသားစုက သခင်လေးလား"

လီယန်ချူ ခဏမျှ ကြောင်သွားသည်။ ချမ်းသာသော သူဌေးသားတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ငါ့ကို ခေါ်သွားစမ်း"

လီယန်ချူက အမိန့်ပေးလိုက်ပြီး ကျန်ရှိသော မိစ္ဆာလေးကောင်၏ တားမြစ်ချက်ကို ဖြေလျှော့ပေးလိုက်သည်။

ဤမိစ္ဆာများသည် ပုံမှန်ဆိုလျှင် လာခြင်း၊ သွားခြင်းမှာ အစအနမကျန်လှဘဲ ကိုယ်ယောင်ဖျောက်ထားလျှင် ရှာတွေ့ရန် ခက်ခဲလှသော်လည်း၊ ယခုမူ လီယန်ချူ၏ ရှေ့တွင် ကြောင်ကလေးများကဲ့သို့ ငြိမ်ကုပ်နေကြရသည်။ လက်ညှိုးတစ်ချက်ဖြင့် အသေသတ်နိုင်သောသူကို သူတို့ မကျူးကျော်ရဲပေ။

"ဟုတ်ကဲ့ပါ ဆရာကြီး... ဒီဘက်က ကြွပါ!"

အရင်က စကားပြောခဲ့သော မိစ္ဆာက ရိုသေစွာ လမ်းပြလိုက်သည်။

လီယန်ချူသည် ထိုမိစ္ဆာများနောက်သို့ လိုက်ပါကာ ချွေမိသားစုဆီသို့ ထွက်ခွာခဲ့သည်။ လမ်းတွင် ခုနက သူ ကယ်တင်ခဲ့သော မိန်းကလေးငယ်လေးအကြောင်းကို တွေးမိကာ ပြုံးလိုက်မိသည်။

"ရှားပါးလှတဲ့ ရေဓာတ်စွမ်းအား ပိုင်ရှင်လေးပဲ... ဒီလိုလူမျိုးက ရေဓာတ်ဆိုင်ရာ ကျင့်စဉ်တွေကို ကျင့်ရင် အဆပေါင်းများစွာ ပိုမြန်မှာပဲ... သာမန်မိန်းကလေးတစ်ယောက်ဆီမှာ ဒီလိုမျိုး တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

မကြာမီမှာပင် လီယန်ချူသည် ချွေမိသားစုဆီသို့ ရောက်ရှိသွားတော့သည်။

ချွေယိသည် ယခုအချိန်တွင် အမွှေးတိုင်စင်ရှေ့၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ ယခင်က သူ ခိုင်းလိုက်သော မိစ္ဆာမှာ သူကိုယ်တိုင် ကျင့်ကြံထားခြင်း ဖြစ်သဖြင့် စိတ်ချင်းဆက်သွယ်နိုင်သော်လည်း၊ ဤဝူကွေ မှာမူ ဆရာဖြစ်သူ ပေးထားသော အဆောင်မှ ခေါ်ယူထားခြင်း ဖြစ်ရာ သူ မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် သူတို့ ပြန်လာသတင်းပို့မည့်အချိန်ကိုသာ စောင့်နေရခြင်း ဖြစ်သည်။

ရှပ်

အခန်းတွင်းသို့ အေးစိမ့်သော လေတစ်ချက် တိုက်ခတ်လာပြီး အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသည်။ ချွေယိ၏ မျက်လုံးများ တောက်ပသွားကာ "လာပြီ" ဟု ဆိုလိုက်သည်။

အခန်းတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများ ပေါ်ထွက်လာသည်။

"လူကို သတ်လိုက်ပြီလား" ချွေယိက မေးလိုက်သည်။ အမှန်တကယ်တွင် သူသည် ဆရာပေးထားသော အဆောင်အပေါ် အလွန် ယုံကြည်မှုရှိသဖြင့် အတည်ပြုသည့်အနေဖြင့်သာ မေးခြင်း ဖြစ်သည်။

သို့သော် ထိုမိစ္ဆာများမှာ ပြန်မဖြေဘဲ ထူးဆန်းသော အကြည့်များဖြင့် သူ့ကို ကြည့်နေကြသည်။ ချွေယိ မျက်မှောင်ကြုတ်လိုက်မိသည်။ နေဦး... ဘာလို့ လေးကောင်ပဲ ရှိတာလဲ။

"ဘာလို့ စကားမပြောတာလဲ... ပြီးတော့ မင်းတို့ ဘာလို့ လေးကောင်ပဲ ပြန်လာတာလဲ"

ထိုစဉ် လူငယ်တာအိုဆရာတစ်ဦးသည် အခန်းတွင်း၌ ရုတ်တရက် ပေါ်ထွက်လာသည်။

"လေးကောင်ပဲ ရှိတာက တစ်ကောင်ကို ငါ သတ်လိုက်လို့လေ"

လီယန်ချူက တည်ငြိမ်စွာ ပြောလိုက်သည်။

ချွေယိ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ထိုမိစ္ဆာများကို စိုက်ကြည့်လိုက်သည်။

"သောက်ကျိုးနည်း လူကို မသတ်နိုင်တာထားဦး... ငါ့ဆီကိုတောင် ခေါ်လာသေးတယ် အသုံးမကျတဲ့ကောင်တွေ"

"ဆရာကြီး... ဒါက နားလည်မှုလွဲတာလို့ ပြောရင် ဆရာကြီး ယုံမလား"

ချွေယိက ရုတ်တရက် ဆိုလိုက်သည်။

လီယန်ချူက ပြုံးလိုက်သည်။ ချွေယိသည် သူ၏ ရင်ခွင်ထဲမှ အိုးငယ်လေးတစ်လုံးကို ထုတ်ကာ မြေပြင်ပေါ်သို့ ခွဲချလိုက်သည်။

ဗုန်း

အိုးကွဲသွားသည်နှင့် အထဲမှ များပြားလှသော ပိုးမွှားများ ပျံထွက်လာပြီး အခန်းတစ်ခုလုံးတွင် ပြင်းထန်လှသော အပုပ်နံ့များ ဖုံးလွှမ်းသွားတော့သည်။ ၎င်းမှာ အလွန် ပြင်းထန်သော အဆိပ်များ ဖြစ်သည်။

ချွေယိသည် ပြန်တိုက်ခိုက်ရန် စိတ်ကူးမရှိဘဲ ပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူ၏ လက်ထဲမှ အဆောင်တစ်ခုကို ချိုးဖဲ့လိုက်ကာ...

"ဆရာ ကယ်ပါဦး" ဟု အော်ဟစ်လိုက်သည်။

လှပသော မိန်းမပျိုလေးနှစ်ဦးကို ဘယ်ညာဖက်ထားသော ဝတ်ရုံနက် အဖိုးအိုသည် ထူးခြားသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

"ဒီကောင်လေး... မုဆိုးမလေးကို လိုချင်လို့ ဘယ်လိုလူကို သွားရှုပ်လိုက်တာလဲ"

စကားအဆုံးတွင် အဖိုးအိုမှာ အငွေ့အသက်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ ကျန်ရစ်သော မိန်းမပျိုလေးနှစ်ဦးမှာ ကြောင်ကြည့်ကျန်ရစ်ခဲ့ကြသည်။

လီယန်ချူ၏ ကိုယ်ပေါ်တွင် အလင်းတန်းများ ပွင့်ထွက်လာရာ ထိုအဆိပ်ရှိသော ပိုးမွှားများအားလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။ ထို့နောက် သူက လက်ညှိုးဖြင့် ညွှန်လိုက်ရာ ထွက်ပြေးရန် ပြင်နေသော ချွေယိမှာ အေးခဲသွားသကဲ့သို့ တန့်သွားတော့သည်။ ချွေယိသည် ခြေတစ်ဖက်ကို လေထဲမြှောက်ကာ ပြတင်းပေါက်ကို တွန်းရန် လက်ဆန့်ထားသည့် ကိုယ်ဟန်ဖြင့် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားရသည်။

ဘေးမှ မိစ္ဆာလေးကောင်မှာ ကြောက်လန့်တကြား ကြည့်နေကြစဉ်..

လီယန်ချူ၏ အကြည့်က သူတို့အပေါ်သို့ ကျရောက်လာသည်။

"ကဲ... အဓိကလူ ရောက်လာပြီဆိုတော့ မင်းတို့လည်း အသုံးမဝင်တော့ဘူး"

စကားအဆုံးတွင် လီယန်ချူက လက်ယမ်းလိုက်ရာ ထိုမိစ္ဆာများအားလုံးမှာ ပြာအဖြစ် ပြောင်းလဲကာ လွင့်စင်သွားတော့သည်။

မိစ္ဆာတိုင်းမှာ သေသင့်သည် မဟုတ်သော်လည်း၊ ဤမိစ္ဆာများ၏ ကိုယ်ပေါ်တွင် နာကျည်းမှုအငွေ့အသက်များ ပြည့်နှက်နေသဖြင့် ၎င်းတို့မှာ လူသတ်ထားသော မိစ္ဆာဆိုးများ ဖြစ်ကြောင်း လီယန်ချူ သိရှိသောကြောင့် ဖြစ်သည်။

ရှပ်

အခန်းတွင်းသို့ အနက်ရောင် အငွေ့အသက်တစ်ခု ရောက်ရှိလာပြီး ဝတ်ရုံနက် အဖိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုအဖိုးအိုမှာ အလွန် တည်ငြိမ်လှသည်။ ၎င်းမှာ မိမိ၏ အစွမ်းအပေါ် ယုံကြည်မှုရှိသူများသာ ပြသနိုင်သော အမူအရာမျိုး ဖြစ်သည်။ သူသည် လက်ယမ်းလိုက်ရုံဖြင့် ချွေယိ၏ အေးခဲနေမှုကို ဖြိုခွဲပေးလိုက်သည်။

"ဘယ်က မျိုးဆက်သစ်က ငါ့ရဲ့ တပည့်ကို ထိရဲတာလဲ"

အဖိုးအိုသည် အနီရောင် နှာခေါင်းရှိပြီး ကြည့်ရသည်မှာ အိုမင်းမစွမ်းပုံမျိုး ရှိသော်လည်း၊ စကားပြောလိုက်သည့်အခါ တောင်ကြီးတစ်လုံးကဲ့သို့ ပြင်းထန်လှသော ဖိအားများ ပေါ်ထွက်လာသည်။

လီယန်ချူ၏ မျက်ဝန်းများတွင် နတ်ဘုရားအလင်း များ တောက်ပသွားပြီး ကြည့်လိုက်ရာ သူ၏ မျက်ခုံးများ မြင့်တက်သွားရသည်။ ဤအဖိုးအိုမှာ တတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။ သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း လီယန်ချူကို မလှည့်စားနိုင်ပေ။

"တတိယအဆင့် ပညာရှင်တစ်ယောက်က ဝေမြို့ကို လာပြီး ဒီလို အကျင့်ပျက်တဲ့သူကို တပည့်အဖြစ် လက်ခံတယ်ဆိုတော့... မင်း ဘာကို ရည်ရွယ်နေတာလဲ"

လီယန်ချူက အေးစက်စွာ မေးလိုက်သည်။

အဖိုးအို ခေတ္တမျှ ကြောင်သွားသည်။

"ငါ့ရဲ့ ကျင့်ကြံမှုကို မင်း မြင်နိုင်တာပဲ... ကောင်းပြီ၊ ငါလည်း မင်းကို ကြည့်ရသေးတာပေါ့"

ဖွတ်

အဖိုးအို၏ မျက်ခုံးနှစ်ခုကြားမှ တတိယမြောက် မျက်လုံးတစ်လုံး ပွင့်ထွက်လာသည်။ ထိုမျက်လုံးမှ အလင်းတန်းများ ထွက်ပေါ်လာသော်လည်း ခဏချင်းမှာပင် သူ၏ မျက်နှာမှာ လေးနက်သွားတော့သည်။

ဘေးမှ ချွေယိသည် မိမိ၏ ဆရာမှာ တတိယအဆင့် ယန်ဝိညာဥ် ပညာရှင် ဖြစ်ကြောင်း သိလိုက်ရသည့်အခါ အလွန် ဝမ်းသာသွားသည်။ သူ၏ မျက်ဝန်းများမှာ အေးစက်သွားကာ

"နောင်ကျရင် ငါက ယန်ဝိညာဥ်ပညာရှင်ရဲ့ တပည့်လို့ ကြွားလို့ရပြီ" ဟု တွေးကာ ပျော်နေမိသည်။

အဖိုးအိုက သူ့ကို တစ်ချက်ကြည့်လိုက်ကာ လက်ယမ်းလိုက်သည်။

"အားးးးးးးးး"

ချွေယိ၏ ကိုယ်တွင်းမှ ဝိညာဉ်မှာ ချက်ချင်းပင် လွင့်စင်ကာ ပျောက်ကွယ်သွားတော့သည်။ သူသည် သေခါနီးအချိန်အထိ မိမိ၏ ဆရာသည် အဘယ်ကြောင့် လီယန်ချူကို ကြည့်ပြီးမှ မိမိကို သတ်လိုက်ရသနည်း ဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။

"မိတ်ဆွေငယ်... ဒီလို လူတစ်ယောက်ကြောင့်နဲ့ ငါတို့ကြားမှာ ရန်ငြိုးမဖွဲ့သင့်ပါဘူး... သွားပြီ"

အဖိုးအိုက လီယန်ချူကို ပြုံးပြကာ အငွေ့အသက်အဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။

ကောင်းကင်ယံထက်တွင် ဝတ်ရုံနက် အဖိုးအိုသည် တိမ်စီးကာ ပြေးလွှားနေသည်။ သူ၏ ခါးတွင် စိမ်းလဲ့သော အရက်ဘူးလေး ချိတ်ဆွဲထားပြီး အရက်တစ်ငုံ သောက်လိုက်ကာ...

"ကြည့်ရတာ ဝေမြို့က အဲဒီ ယန်ဝိညာဥ်ပညာရှင်ဆိုတာ ဒါပဲ ဖြစ်မယ်... ဒါပေမဲ့ သူက တတိယအဆင့် အလယ်လောက်ပဲ ရှိတာလား၊ သတင်းတွေက မှားနေတာပဲ"

"ကောင်းကင်ကံကြမ္မာကို ဖုံးကွယ်ပြီး မိမိရဲ့ တည်ရှိမှုကို ဒီလောက်အထိ ဖျောက်ပစ်နိုင်တာ... ဒီလူ့ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိမှာပဲ"

အဖိုးအိုက အရက်သောက်ရင်း ရေရွတ်နေသည်။ သူ၏ တိမ်စီးအတတ်မှာ အလွန် မြန်ဆန်လှပြီး ဝေမြို့အပြင်ဘက်ရှိ တောတောင်များထဲသို့ ဝင်ရောက်ရန် ပြင်နေစဉ်...

ရုတ်တရက် အလင်းတန်းတစ်ခုက သူ၏ ရှေ့တွင် ပိတ်ဆို့လိုက်သည်။ ထို့နောက် လူငယ်တာအိုဆရာက ပေါ်လာပြီး...

"တပည့်ကို လူသတ်ခိုင်းပြီး အခုမှ ထွက်ပြေးမလို့လား"

လီယန်ချူက လှောင်ပြုံးဖြင့် ဆိုလိုက်သည်။

"မှော်လွန်းပျံ... ကောင်းတဲ့ ပစ္စည်းပဲ"

အဖိုးအို၏ မျက်လုံးများ တောက်ပသွားသည်။ လီယန်ချူ၏ စကားကို သူက မကျေမနပ် မဖြစ်ဘဲ ရယ်မောလိုက်ကာ...

"ငါက ကိုယ့်စိတ်အလိုအတိုင်း နေတဲ့သူပဲ... တပည့်လက်ခံလိုက်တယ်၊ သူ အကျင့်မကောင်းတာ ငါနဲ့ ဘာဆိုင်လို့လဲ"

"မင်းက ငါ့ကို ခဏခဏ လာတားနေတာ... ငါက မင်းကို ကြောက်နေတယ် ထင်လို့လား"

လီယန်ချူက လှောင်ပြုံးပြလိုက်ကာ...

"အရှေ့ဘက်ကို ပုံရိပ်တုတစ်ခု လွှတ်ပြီး ကိုယ်တိုင်က အနောက်ဘက်ကို ပြေးတာလား... အဖိုးကြီး... မင်းမှာ ဒီလို ပညာတွေ ရှိနေတာ ဘာလို့ ပန်းချီမဆွဲတာလဲ"

အဖိုးအို၏ မျက်နှာမှာ အေးစက်သွားသည်။ ခုနက သူ ထွက်ခွာသွားသည်မှာ ပုံရိပ်ယောင်အတတ်ကို သုံးခြင်း ဖြစ်သည်။ ဤလူငယ်တာအိုဆရာက အလွယ်တကူ သိမြင်သွားရုံသာမက ဤမျှ မြန်ဆန်သော ပျံသန်းရေး ရတနာလည်း ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤအဖိုးအိုသည် အပြင်ပန်းတွင် အေးဆေးပုံရသော်လည်း အမှန်တကယ်တွင်မူ ရက်စက်တတ်သူ ဖြစ်သည်။

လီယန်ချူ၏ စကားကြောင့် သူ၏ မျက်ဝန်းတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။ သူသည် စုတ်တံတစ်ချောင်းကို ထုတ်ယူကာ လေထဲ၌ ရေးခြစ်လိုက်သည်။

ရှပ်

ချက်ချင်းပင် များပြားလှသော မင်ရည်များမှာ ထက်မြက်သော ဓားငယ်လေးများအဖြစ် ပြောင်းလဲကာ မိုးရေကဲ့သို့ ကျဆင်းလာတော့သည်။

လီယန်ချူက တိမ်ပေါ်တွင် ရပ်ကာ အဖိုးအို၏ နတ်ဘုရားပညာကို ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။ သူသည် လက်သီးကို နောက်သို့ဆွဲကာ ပြင်းထန်စွာ ထိုးထုတ်လိုက်တော့သည်။

ဝုန်း

ကြီးမားလှသော သွေးချီအရှိန်အဝါကြောင့် ထိုမင်ရည်ဓားများမှာ ချက်ချင်းပင် ခြောက်သွေ့ ပျက်စီးကုန်သည်။ ပြင်းထန်လှသော ခွန်အားကြောင့် တိမ်တိုက်များပင် ပြိုကွဲသွားရသည်။ သူသည် ဓား သို့မဟုတ် ရှစ်ခွင်မှန်ကို မသုံးဘဲ မိမိ၏ ကိုယ်ပိုင်ခွန်အားဖြင့်သာ တိုက်ခိုက်ခြင်း ဖြစ်သည်။ ဤအဖိုးအိုကို သုံး၍ မိမိ၏ အဆင့်အတန်းကို စမ်းသပ်လိုခြင်းကြောင့် ဖြစ်သည်။

အဖိုးအိုက ကိုယ်ဟန်ကို ပြန်ထိန်းကာ အံ့ဩသွားသည်။

"မင်းက သိုင်းနတ်ဘုရား လမ်းစဉ်ကို လိုက်နေတာကိုး"

"အစက ဝေမြို့မှာ ပျောက်ကွယ်သွားတဲ့ နတ်ဘုရားနယ်မြေ တွေ ပေါ်လာတာ ထူးဆန်းနေတာ... အခုကြည့်ရတာ ဒါတွေက မင်းနဲ့ ပတ်သက်နေပုံရတယ်"

အဖိုးအို၏ သတ်ဖြတ်လိုစိတ်ကြောင့် လီယန်ချူသည် မိမိကိုယ်ကို ကြီးမားလှသော စစ်တုရင်ခုံတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ အဖိုးအိုသည် လက်ထဲတွင် စစ်တုရင်နယ်ရုပ်တစ်ခုကို ကိုင်ထားသကဲ့သို့ ပြုမူကာ... သူ၏ လက်ကို ချလိုက်သည်နှင့်...

ကောင်းကင်ယံထက်မှ တောင်ကြီးတစ်လုံးခန့် ရှိသော စစ်တုရင်နယ်ရုပ်ကြီး တစ်ခု ကျဆင်းလာတော့သည်။ ပြင်းထန်သော ဖိအားများကြောင့် လီယန်ချူမှာ ဤစစ်တုရင်ခုံထဲမှ မည်သို့မျှ ရှောင်တိမ်း၍ မရနိုင်တော့ပေ။

သူ၏ ကိုယ်တွင်းမှ သွေးချီများမှာ ဆူပွက်လာပြီး လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ဗုန်း

ကောင်းကင်ထက်မှ ထိုစစ်တုရင်နယ်ရုပ်ကြီးမှာ တစစီ ကြေမွသွားတော့သည်။ အဖိုးအိုက အနည်းငယ် အံ့ဩသွားသော်လည်း လက်ညှိုးဖြင့် နောက်ထပ် နယ်ရုပ်တစ်ခုကို ထပ်မံ ချလိုက်ပြန်သည်။

ဗုန်း ဗုန်း ဗုန်း

စစ်တုရင်နယ်ရုပ်ကြီးများမှာ တစ်ခုပြီးတစ်ခု ကျဆင်းလာရာ ကောင်းကင်ယံမှ နတ်ဘုရားတောင်တန်းများ ကျဆင်းလာသကဲ့သို့ပင်။ အဖိုးအို၏ နတ်ဘုရားပညာမှာ အလွန် အစွမ်းထက်လှသည်။ လီယန်ချူ ခန့်မှန်းကြည့်ရလျှင် သူသာ ကောင်ပုရွာတွင် ရှိစဉ်ကဆိုလျှင် တတိယမြောက် နယ်ရုပ်တွင်တင် သူ၏ သွေးချီများမှာ ဖိနှိပ်ခံရပေလိမ့်မည်။

သို့သော် ယခု လီယန်ချူ၏ ခန္ဓာကိုယ်မှာ ယခင်ကနှင့် မတူတော့ပေ။ သူက လက်သီးဖြင့် ဆက်တိုက် ထိုးနှက်ကာ နယ်ရုပ်များကို ချေဖျက်နေခြင်းမှာ အလွန်ပင် လွယ်ကူနေပုံရသည်။ အဖိုးအိုမှာ အစတွင် အံ့ဩသော်လည်း နောက်ပိုင်းတွင် တည်ငြိမ်သွားသည်။ သူ၏ အထင်အရ ဝေမြို့တွင် နိဗ္ဗာန်ဘုံများ ခဏခဏ ပေါ်လာခြင်းမှာ... အတိတ်က ပစ္စည်းတစ်ခုသည်လည်း ဝေမြို့တစ်နေရာရာတွင် ပိတ်လှောင်ခံထားရခြင်း ဖြစ်ပေလိမ့်မည်။

"သူ့ကို ဖမ်းရမယ်" အဖိုးအိုက စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

လီယန်ချူက လက်သီးဖြင့် နယ်ရုပ်များကို တစ်ခုပြီးတစ်ခု ချေမှုန်းနေသော်လည်း အဖိုးအို၏ မျက်နှာမှာ မပြောင်းလဲပေ။ သူ၏ လက်ချောင်းထိပ်တွင် ရွှေရောင် အငွေ့အသက်များ ရစ်ပတ်လာသည်။

ရှပ်

နယ်ရုပ် ကျဆင်းလာသည်။ ယခုတစ်ကြိမ်တွင်မူ လောကကြီးတစ်ခုလုံး၌ ဤနယ်ရုပ် တစ်ခုတည်းသာ ရှိနေသကဲ့သို့ပင်။ ဘေးပတ်ဝန်းကျင်မှ တောတောင်များနှင့် တိမ်တိုက်များအားလုံး ပျောက်ကွယ်သွားတော့သည်။ ဤနယ်ရုပ်ပေါ်တွင် ပါဝင်သော စွမ်းအားမှာ အလွန် ပြင်းထန်လှရာ မည်မျှပင် ခန္ဓာကိုယ် သန်မာစေဦးတော့၊ လုံးဝ မချေဖျက်နိုင်ဟု အဖိုးအိုက ယုံကြည်နေသည်။

လီယန်ချူက ခေါင်းမော့ကာ ထိုစွမ်းအားကို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ကိုယ်တွင်းမှ သွေးချီများမှာ ပေါက်ကွဲထွက်တော့မည့် ရှေးဟောင်းမီးတောင်တစ်ခုကဲ့သို့ ဆူပွက်လာပြီး ကောင်းကင်ယံအထိ ထိုးတက်သွားတော့သည်။

သူက လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ...

ဗုန်း ဒေါင်

လောကကြီးတစ်ခုလုံးတွင် ခေါင်းလောင်းကြီးတစ်ခုကို တီးလိုက်သကဲ့သို့ အသံကြီး မြည်ဟည်းသွားတော့သည်။ ထို့နောက် ထိုရွှေရောင် စစ်တုရင်နယ်ရုပ်ပေါ်တွင် အက်ကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာကာ...

ခလွက် ခလွက်

နယ်ရုပ်မှာ ကြေမွပျက်စီးသွားပြီး လောကီစစ်တုရင်ခုံတစ်ခုလုံးမှာပင် တုန်ခါသွားတော့သည်။

အခန်း (၈၁၄) အစွမ်းထက်လှသော မှော်အတတ်များ

ဝတ်ရုံနက်အဖိုးအိုသည် လီယန်ချူက လက်ယမ်းရုံမျှဖြင့် မိမိ၏ စစ်တုရင်နယ်ရုပ်ကို ရိုက်ခွဲလိုက်သည်ကို မြင်သောအခါ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ မပြုံးနိုင် မကွယ်နိုင် ပေါ်ထွက်လာတော့သည်။

"ဒီတာအိုဆရာရဲ့ ခန္ဓာကိုယ်က ကြောက်စရာကောင်းလောက်အောင် သန်မာလှချည်လား"

အဖိုးအိုက လက်ချောင်းများကို အသာအယာ လှုပ်ရှားလိုက်ရာ လောကကမ္ဘာတစ်ခုလုံး ရုတ်ခြည်းပင် ပြောင်းလဲသွားတော့သည်။ အဖြူနှင့် အမည်းရောင် အငွေ့အသက်နှစ်ခုသည် လီယန်ချူကို ချက်ချင်းပင် ဝန်းရံပိတ်ဆို့လိုက်ရာ လီယန်ချူ၏ ရှေ့မှောက်ဝယ် မှောင်မည်းသွားပြီး မည်သည့်အရပ်မျက်နှာကိုမျှ မမြင်နိုင်တော့ပေ။

ထိုမျှမက ဝတ်ရုံနက်အဖိုးအို၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားပြီး လီယန်ချူ၏ နားထဲတွင် စစ်သည်တော်ထောင်သောင်းချီ၍ ချီတက်လာသော အသံများကို ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သည့်အခါ လက်ထဲတွင် လှံရှည်များကို ကိုင်ဆောင်ထားသော နတ်စစ်သည်များမှာ တစ်ဦးပြီးတစ်ဦး သူ၏ထံသို့ ပြေးဝင်တိုက်ခိုက်လာကြသည်။ သူတို့သည် စစ်ဗျူဟာများ ခင်းကျင်းထားပြီး တစ်ဦးနှင့်တစ်ဦး အရှိန်အဝါများ ချိတ်ဆက်ထားကြသည်။ ဝတ်ရုံနက်အဖိုးအိုသည် စစ်တုရင်ပညာနှင့် ပန်းချီပညာကို ပေါင်းစပ်ထားသဖြင့် သူ၏ နတ်ဘုရားပညာမှာ အလွန်ပင် ဆန်းကြယ်လှသည်။

ယခုအခါ လီယန်ချူသည် သူ၏ စစ်တုရင်ခုံထဲသို့ ရောက်ရှိနေသဖြင့် အဖိုးအိုအနေဖြင့် အကန့်အသတ်မရှိ ပြောင်းလဲမှုများကို ပြုလုပ်နိုင်သည်။

သံချပ်ကာမြင်းဇောင်းသံများနှင့် လက်နက်သံများ ကြားနေရစဉ် လီယန်ချူက ပြေးဝင်လာသော နတ်စစ်သည်များကို လက်သီးဖြင့် ရိုက်ခွဲပစ်လိုက်သည်။ သို့သော် ပန်းချီပညာဖြင့် ဖန်တီးထားသော ထိုနတ်စစ်သည်များသည် ပင်ပန်းနွမ်းနယ်ခြင်း၊ နာကျင်ခြင်းကို မသိဘဲ တစ်သုတ်ပြီးတစ်သုတ် မရပ်မနား တိုက်ခိုက်လာကြသည်။ ရိုက်ခွဲလိုက်သည်နှင့် ခဏချင်းမှာပင် ပုံရိပ်ပြန်လည် ထင်ရှားလာကာ ပြန်လည် ထိုးစစ်ဆင်လာကြသည်။

လီယန်ချူသည် နားငြီးလှသဖြင့် လက်ထဲမှ ပဲစေ့တစ်ဆုပ်ကို ကျဲပက်လိုက်ရာ ခန့်ညားထည်ဝါသော သံချပ်ကာဝတ် နတ်စစ်သည်များ ပေါ်ထွက်လာတော့သည်။

နတ်ဘုရားပညာ... ပဲစေ့မှ စစ်သည်ဖြစ်စေခြင်း

လီယန်ချူ ခေါ်ယူလိုက်သော နတ်စစ်သည်များသည် အရေအတွက် နည်းပါးသော်လည်း တစ်ဦးချင်းစီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် ပြင်းထန်လှသည်။ လှံရှည်များ ဝေ့ယမ်းကာ မှော်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး စစ်တုရင်ခုံပေါ်ရှိ အဖိုးအို၏ နတ်စစ်သည်များကို ခဏချင်းမှာပင် ဖရိုဖရဲဖြစ်အောင် သတ်ဖြတ်ပစ်လိုက်တော့သည်။

ဝတ်ရုံနက်အဖိုးအိုသည် မျက်မှောင်ကြုတ်သွားကာ "ပဲစေ့မှ စစ်သည်ဖြစ်စေခြင်းလား" ဟု ရေရွတ်လိုက်သည်။

ဤလူငယ်တာအိုဆရာသည် နတ်ဘုရားပညာရပ်များကို တတ်မြောက်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဒီလူကို မရရအောင် ဖမ်းဆီးရမယ်"

သူသည် ရင်ဘတ်ထဲမှ ပန်းချီလိပ်တစ်ခုကို ထုတ်ကာ ဖြန့်လိုက်သည်။ ချက်ချင်းပင် တစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းနေသော ရက်စက်ကြမ်းကြုတ်သည့် ငှက်ကြီးတစ်ကောင် ပျံထွက်လာသည်။ ထိုငှက်သည် ခြေတစ်ဖက်တည်းသာ ရှိသော်လည်း သက်ရှိထင်ရှား ရှိနေသကဲ့သို့ပင်။ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မီးတောက်များကို သယ်ဆောင်ကာ လီယန်ချူထံသို့ ပျံသန်းသွားတော့သည်။

၎င်းမှာ ရှေးဟောင်းကျမ်းစာများထဲမှ မိစ္ဆာငှက် ပိဖန်း ပင် ဖြစ်သည်။

ခဏချင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး နီရဲသွားတော့သည်။ ဝတ်ရုံနက်အဖိုးအို၏ အတတ်ပညာ ပြောင်းလဲမှု မြန်ဆန်ပုံမှာ လီယန်ချူကိုပင် အနည်းငယ် အံ့အားသင့်စေသည်။

လီယန်ချူက လက်ညှိုးဖြင့် မန္တန်ဖွဲ့လိုက်ရာ ချက်ချင်းပင် နဂါးပြာကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ နဂါးပြာကြီးသည် တောင်တန်းများပေါ်တွင် ဝဲပျံနေပြီး အလွန်ပင် ခန့်ညားလှသည်။ ၎င်းက ပါးစပ်ကို ဟကာ အေးစိမ့်သော အငွေ့အသက်များကို မှုတ်ထုတ်လိုက်ရာ ကောင်းကင်ယံမှ အအေးဓာတ်နှင့် ပိဖန်းငှက်၏ မီးတောက်များ ထိပ်တိုက်တွေ့ဆုံကာ မြေဟည်းမတတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်ကုန်သည်။

နဂါးပြာကြီးသည် ဝဲပျံရင်း ပိဖန်းငှက်ကို ဖိနှိပ်ကာ ကိုက်ခဲလိုက်ရာ အချိန်တိုအတွင်းမှာပင် ပိဖန်းငှက်မှာ ပျက်စီးသွားတော့သည်။ အဖိုးအိုမှာ တစ်ဖက်လူ သုံးစွဲနေသည့် နတ်ဘုရားပညာမှာ မည်သည့်အမျိုးအစားဖြစ်မှန်း မခန့်မှန်းနိုင်ဘဲ ဝေခွဲမရ ဖြစ်နေရသည်။

လီယန်ချူသည် ထိုရိုင်းစိုင်းသော ကမ္ဘာထဲတွင် ရှီမိသားစု၏ တိမ်တိုက်ပုံသဏ္ဍာန်ပြောင်းလဲခြင်း ကို မြင်တွေ့ခဲ့ရာမှ အသိအမြင်သစ်များ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ၇၂ ပါးသော နတ်ဘုရားပညာ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မှာ ယခင်ကထက် ပိုမိုအစွမ်းထက်လာခြင်း ဖြစ်သည်။ သူ၏ အတတ်ပညာပိုင်းဆိုင်ရာ ပါရမီမှာ မြေပြင်နတ်ဘုရား အဆင့်ရှိသူများကိုပင် အံ့အားသင့်စေနိုင်သည်။

လီယန်ချူသည် နဂါးပြာအဖြစ်နှင့် စစ်တုရင်ခုံလောကကို မွှေနှောက်ဖျက်ဆီးလိုက်ရာ စစ်တုရင်နယ်ရုပ်များမှာ ဖရိုဖရဲ ဖြစ်ကုန်တော့သည်။ အဓိကမှာ ဤနဂါးကြီးသည် အလွန်ပင် ကြီးမားလှပြီး တောင်တန်းတစ်ခုလုံးကို ရစ်ပတ်ထားသောကြောင့် ဖြစ်သည်။

အဖိုးအိုသည် ရင်ထဲ၌ တုန်လှုပ်မှုကို ခံစားလိုက်ရပြီး လက်ကို ဆက်တိုက် ဝေ့ယမ်းကာ စစ်တုရင်နယ်ရုပ် ၁၀ ခုကျော်ကို ချလိုက်သည်။ ၎င်းတို့သည် တောင်ကြီးများပိသကဲ့သို့ လီယန်ချူထံသို့ ကျဆင်းလာသည်။ အဖိုးအိုသည် လီယန်ချူ၏ ခန္ဓာကိုယ်ကြီးမားသဖြင့် လှုပ်ရှားမှု နှေးကွေးမည်ကို အခွင့်ကောင်းယူကာ အသေသတ်ရန် ကြံစည်ခြင်း ဖြစ်သည်။

ရှပ်

ခန့်ညားလှသော နဂါးပြာကြီး ပျောက်ကွယ်သွားပြီး လီယန်ချူသည် လူသားပုံသဏ္ဍာန် ပြန်လည်ပေါ်လာသည်။ သို့သော် သူသည် တောင်တန်းများကို မနိုင်သူ ဘီလူးကြီးကဲ့သို့ ဖြစ်နေသည်။

နတ်ဘုရားပညာ... တောင်ကိုမနိုင်ခြင်း

ဤစစ်တုရင်ခုံထဲ၌ စွမ်းအားများ အပြင်သို့ မထွက်နိုင်အောင် ပိတ်ဆို့ထားသဖြင့် လီယန်ချူအတွက်မူ မိမိ၏ သိုင်းပညာနှင့် နတ်ဘုရားပညာများကို စမ်းသပ်ရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်နေသည်။ တောင်ငယ်များပမာ ကြီးမားသော စစ်တုရင်နယ်ရုပ် ၁၀ ခုကျော်မှာ သူ၏ရှေ့တွင် ငှက်မွေးများကဲ့သို့ပင် ပေါ့ပါးနေသည်။

လီယန်ချူသည် ထိုနယ်ရုပ်များကို လက်ဖြင့်ဖမ်းကာ အဖိုးအိုထံသို့ လက်နက်များကဲ့သို့ ပြန်လည် ပစ်ပေါက်လိုက်တော့သည်။

အဖိုးအိုမှာ အလွန်တရာ ထိတ်လန့်သွားရသည်။ ဤသည်မှာ သူ၏ စစ်တုရင်ခုံ မဟုတ်ပါလော။ ဤလူငယ်တာအိုဆရာက သူ၏ စစ်တုရင်နယ်ရုပ်များကိုပင် မည်သို့ လှုပ်ခါနိုင်ရသနည်း။

အဖိုးအို၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး စစ်တုရင်ခုံ၏ အခြားတစ်နေရာတွင် ပြန်လည်ပေါ်လာသည်။ ဤလောကထဲတွင် သူသည် မိမိစိတ်ကြိုက် နေရာရွှေ့ပြောင်းနိုင်သော်လည်း အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက်တွင် လီယန်ချူက သူ၏ ပုံစံကို သိရှိသွားတော့သည်။

လီယန်ချူက ဟင်းလင်းပြင်ကို လက်ညှိုးဖြင့် ထိုးလိုက်သည်။

ကိုယ်ခန္ဓာ ချုပ်နှောင်ခြင်း

ထိုအတတ်သည် အဖိုးအိုကို ခဏမျှသာ တားဆီးနိုင်သော်လည်း လီယန်ချူအတွက်မူ အခွင့်အရေးရသွားပြီ ဖြစ်သည်။ သူသည် စစ်တုရင်နယ်ရုပ်တစ်ခုကို ကန်ထုတ်လိုက်ရာ ၎င်းမှာ ကောင်းကင်ယံထက်တွင် မီးတောက်နေသော ကြယ်တံခွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားတော့သည်။

အဖိုးအိုမှာ အလွန်အံ့ဩသွားရသည်။ ထိုစစ်တုရင်နယ်ရုပ်သည် သူ၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"ဒါကို ဒီလိုလည်း သုံးလို့ရတာလား"

သူ၏ ပုံရိပ်မှာ ထပ်မံ ပျောက်ကွယ်သွားသော်လည်း စစ်တုရင်နယ်ရုပ်မှာ စစ်တုရင်ခုံပေါ်သို့ ကျရောက်ကာ မြေဟီးမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ စစ်တုရင်ခုံလောကကြီးတွင် အက်ကြောင်းများ ပေါ်လာသည်။

လီယန်ချူသည် စစ်တုရင်ကစားနည်းကို မတတ်သလို၊ ပညာရှိများ၏ နည်းလမ်းများကိုလည်း နားမလည်ပေ။ သို့သော် သူသည် ဝိုင်းဖျက် ရန်တော့ တတ်သည်။

တောင်ငယ်ပမာ ကြီးမားသော နယ်ရုပ် ၁၀ ခုကျော်ကို သူက ဆုပ်ကိုင်ကာ အဖိုးအိုထံသို့ အားကုန် ပစ်ပေါက်လိုက်တော့သည်။

ဗုန်း ဗုန်း ဗုန်း

ဝတ်ရုံနက်အဖိုးအိုမှာ သွေးများ အန်ထွက်လာပြီး လီယန်ချူကို ကြည့်သော အကြည့်မှာ လုံးဝ ပြောင်းလဲသွားတော့သည်။ သူသည် စစ်တုရင်နှင့် ပန်းချီပညာနှစ်ရပ်လုံးတွင် ထိပ်တန်းဟု အမည်ကျော်ပြီး၊ အထူးသဖြင့် ဤလောကကမ္ဘာ စစ်တုရင်ခုံမှာ သူ နှစ်ပေါင်း ၂၀၀ ကြာ ကျင့်ကြံခဲ့သော နတ်ဘုရားပညာ ဖြစ်သည်။

"သေစမ်း... သူက သိုင်းပညာရှင်တစ်ယောက်တင် မဟုတ်ဘူး၊ မှော်အတတ်မှာလည်း ဒီလောက် ကျွမ်းကျင်နေတာလား"

အဖိုးအိုသည် ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။ ဆက်နေလျှင် သူ၏ အသက်ပါ ပါသွားနိုင်သည်။ သူသည် စုတ်တံကို ဝေ့ယမ်းကာ ပုံရိပ် ၁၀ ခုကျော် ခွဲထုတ်ပြီး အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးတော့သည်။ သူ၏ ပန်းချီပညာဖြင့် ဖန်တီးထားသော ပုံရိပ်တုများသည် အစစ်နှင့် ခွဲခြားရန် အလွန်ခက်ခဲလှသည်။

ဤစစ်တုရင်ခုံနှင့် ပုံရိပ်ယောင်အတတ်ကို ပေါင်းစပ်လိုက်လျှင် အသာအယာ လွတ်မြောက်နိုင်မည်ဟု သူ ယုံကြည်ထားသည်။

သို့သော် လီယန်ချူ၏ မျက်ဝန်းထဲမှ နတ်ဘုရားအလင်းများက ထိုပုံရိပ်ယောင်များကို ချက်ချင်းပင် ဖောက်ထွင်းမြင်လိုက်သည်။ မည်မျှပင် အစစ်နှင့်တူအောင် ဆွဲထားစေဦးတော့၊ ပုံရိပ်ယောင်မှာ ပုံရိပ်ယောင်သာ ဖြစ်သည်။

လီယန်ချူ၏ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး အဖိုးအို၏ ဘေးနားတွင် ပြန်လည်ပေါ်လာသည်။ အဖိုးအိုသည် သူ၏ ဦးခေါင်းနောက်မှ အေးစိမ့်သော လေတိုက်ခတ်မှုကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားကာ ခါးရှိ စိမ်းလဲ့သော အရက်ဘူးကို ပုတ်လိုက်သည်။

ရှုး

ပြင်းထန်သော အရက်နံ့များနှင့်အတူ ဓားချီတစ်ခု လီယန်ချူထံသို့ ပျံထွက်သွားသည်။ ဤဘူးမှာ ရှေးဟောင်းပညာရှင်တစ်ဦး၏ ဂူထဲမှ ရရှိခဲ့သော ဓားနတ်ဘုရား၏ အဆင့်မြင့်ရတနာ ဖြစ်သည်။

လီယန်ချူက မတုန်လှုပ်ဘဲ လက်သီးဖြင့် ထိုးနှက်လိုက်ရာ ဓားချီမှာ လွင့်စင်သွားသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ခေတ္တမျှ တန့်သွားသည်။ သို့သော် ထိုဓားချီကို လက်သီးဖြင့် ရိုက်ခွဲနိုင်သော လီယန်ချူ၏ သန်မာမှုကို မြင်သောအခါ အဖိုးအိုမှာ ကြက်သီးများပင် ထသွားရသည်။

"ဒါ လူသားပညာရှင် မဟုတ်ဘဲ အစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင်များလား"

ဟု သူ တွေးမိလိုက်သည်။

လီယန်ချူက လှမ်းဖမ်းလိုက်ရာ အဖိုးအို၏ ပုံရိပ်မှာ ဝေဝါးသွားပြီး လီယန်ချူ၏ လက်ထဲတွင် မင်ရည်အချို့သာ ကျန်ရစ်သည်။ လီယန်ချူက မျက်ဝန်းထဲမှ အလင်းကိုသုံးကာ တစ်နေရာသို့ ထပ်မံ ထိုးနှက်လိုက်ရာ မြေဟီးမတတ် ပေါက်ကွဲသံနှင့်အတူ အဖိုးအို ပေါ်လာပြီး သွေးများ အန်ထုတ်လိုက်ရပြန်သည်။

အဖိုးအိုသည် အားကိုးရာမဲ့သွားသည်။ သူ၏ အတတ်ပညာများမှာ ဤလူငယ်ရှေ့တွင် အသုံးမဝင်ပေ။ သူသည် မန္တန်ရွတ်ကာ စိမ်းလဲ့သော အရက်ဘူးကို ပစ်လွှတ်လိုက်ရာ ဘူးထဲမှ အရက်များမှာ ကောင်းကင်ယံတွင် ဓားမိုးရွာသွန်းသကဲ့သို့ ဖြစ်သွားတော့သည်။ ဤသည်မှာ သူ၏ မင်ရည်ဓားထက် ဆယ်ဆမျှ ပိုမို အစွမ်းထက်လှသည်။

အဖိုးအိုသည် ထိုအခွင့်အရေးကို အသုံးချကာ ဝေးရာသို့ ထွက်ပြေးတော့သည်။ ဤလူငယ်၏ ခန္ဓာကိုယ်မှာ သန်မာလှသော်လည်း ဓားနတ်ဘုရား၏ ဓားချက်ကိုတော့ တောင့်ခံနိုင်မည် မဟုတ်ဟု သူ ထင်နေသည်။

လီယန်ချူသည် ထိုဓားအတတ်ကို အလွန်ပင် စိတ်ဝင်စားသွားသည်။ ၎င်းသည် သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးကို ပိတ်ဆို့ထားသဖြင့် ရှောင်လွှဲ၍ မရနိုင်သော ခံစားချက်ကို ပေးသည်။

တောင် တောင် တောင်

ဓားချီများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သော်လည်း ပျောက်ကွယ်သွားရုံသာ ရှိသည်။ အဖိုးအိုသည် လှည့်ကြည့်လိုက်ရာ ထိုမြင်ကွင်းကြောင့် ဆဲရေးမိတော့သည်။

"ဒါ... ဘယ်လိုကောင်လဲ"

သူသည် ခြေကုန်တင်ကာ ထွက်ပြေးတော့သည်။ ဤတာအိုဆရာ၏ ဝတ်စုံမှာ လူကို အတော်လေး လှည့်စားလွန်းလှသည်။

လီယန်ချူသည် ယခုအခါ အနည်းငယ် မူးနောက်နောက် ခံစားချက်ကို ရရှိနေသည်။ ဤဘူးထဲမှ ဓားချီမှာ သူ၏ ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်သော်လည်း ဓားထဲတွင် ပါဝင်သော ပြင်းထန်သည့် အရက်အရှိန်ကြောင့် သူ၏ ဝိညာဉ်ကို အနည်းငယ် တုန်လှုပ်စေခြင်း ဖြစ်သည်။

"ဒီဘူးက စိတ်ဝင်စားဖို့ ကောင်းသားပဲ"

လီယန်ချူသည် မိမိ၏ ဝတ်စုံကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူ၏ ခန္ဓာကိုယ်မှာ သန်မာသော်လည်း ဝတ်စုံမှာ သာမန်အဝတ်ဖြစ်သဖြင့် ဓားချီများကြောင့် အပေါက်အပြဲများ ဖြစ်နေပြီဖြစ်သည်။ သူသည် ခန္ဓာကိုယ်မှ ငါးရောင်ခြည် အလင်းတန်းများကို ထုတ်လွှတ်ကာ အဖိုးအိုထံသို့ ပစ်လွှတ်လိုက်ရာ အဖိုးအိုမှာ ဘာမှ မသိလိုက်ပေ။

မိုင်ပေါင်း ရာချီ၍ ပြေးပြီးနောက်တွင် အဖိုးအိုသည် လှည့်ကြည့်လိုက်ရာ တာအိုဆရာ လိုက်မလာတော့သည်ကို မြင်မှ စိတ်အေးသွားတော့သည်။

"ဒီဝေမြို့မှာ တကယ်ပဲ ပြဿနာရှိတာပဲ... ဒီလောက် အစွမ်းထက်တဲ့ တတိယအဆင့် ပညာရှင် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"

အဖိုးအိုသည် သူ၏ ပန်းချီစွမ်းအားဖြင့် ဖန်တီးထားသော နတ်ဘုရားငှက်ကြီးပေါ်တွင် ရပ်ကာ အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည်။ သို့သော် သူ၏ ခါးကို စမ်းကြည့်လိုက်ရာ အလွန်တရာ ထိတ်လန့်သွားရသည်။

"ငါ့ဘူး ဘယ်ရောက်သွားတာလဲ"

သူသည် မိမိ၏ ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်သော်လည်း ဘာမှ မထူးခြားပေ။ ဘူးမှာ အစအနမရှိ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထိုစဉ် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ပျံသန်းလာပြီး သူ၏ရှေ့တွင် ရပ်တန့်သွားသည်။ ၎င်းမှာ သစ်ရွက်များဖြင့် ပြုလုပ်ထားသော လွန်းပျံတစ်ခု ဖြစ်ပြီး၊ အထဲမှ လူငယ်တာအိုဆရာက ပြုံးရွှင်စွာ ထွက်လာကာ...

"အဖိုးကြီး... ခင်ဗျားရဲ့ နည်းလမ်းတွေက တော်တော် အဆင်ပြေသားပဲ"

လီယန်ချူသည် အဖိုးအို၏ ခြေအောက်မှ ငှက်ကြီးကို ကြည့်ကာ မျက်လုံးများ တောက်ပသွားသည်။ ဤအတတ်ကို တတ်ထားလျှင် နောင်ကျ ခရီးသွားရသည်မှာ အလွန် လွယ်ကူသွားပေလိမ့်မည်။

အဖိုးအိုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရယ်မောကာ...

"ငါ့မျက်လုံးတွေက မှားသွားတာပဲ... ဝေမြို့မှာ ဒီလို ပုဂ္ဂိုလ်မျိုး ရှိနေမယ်လို့ မထင်ထားဘူး... ခုနက ကိစ္စတွေက နားလည်မှုလွဲတာပါ၊ ဒီမှာတင် လက်စသတ်ကြရအောင်လား"

လီယန်ချူ၏ တုံ့ပြန်မှုမှာ ရိုးရှင်းလှသည်။ သူသည် ခုနက အဖိုးအိုထံမှ ရရှိလာသော စိမ်းလဲ့သည့်ဘူးကို မြှောက်ကာ အရက်များကို ဓားချီအဖြစ် ပြောင်းလဲကာ ပစ်လွှတ်လိုက်တော့သည်။

အဖိုးအို၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး စုတ်တံကို ဝေ့ယမ်းကာ မင်ရည်ဒိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ သို့သော် ၎င်းသည် ခဏမျှသာ ခံပြီး ပျက်စီးသွားရုံသာမက အဖိုးအိုမှာလည်း ရှောင်တိမ်းရန် နောက်ကျသွားသဖြင့် ကိုယ်ပေါ်တွင် ဓားဒဏ်ရာများစွာ ရရှိသွားတော့သည်။

"မဖြစ်နိုင်ဘူး မင်းက ဒီရတနာကို ဘယ်လိုသုံးနိုင်တာလဲ"

ဤရတနာကို သူ သုံးနှစ်တိုင်တိုင် ကျင့်ကြံပြီးမှ သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤတာအိုဆရာက ရရချင်း မည်သို့ သုံးနိုင်ရသနည်း။ ထို့ပြင် ထိုဘူးမှာ သူ၏ လက်ထဲသို့ မည်သည့်အချိန်က ရောက်သွားမှန်းကိုပင် သူ မသိလိုက်ပေ။

လီယန်ချူက ဘာမှ ပြန်မပြောဘဲ ဘူးကို လှုပ်ခါလိုက်ရာ ယခင်ကထက် ပိုမိုကြီးမားသော ဓားချီကြီးတစ်ခု ထွက်ပေါ်လာသည်။

အရက်နတ်ဘုရားဓား

ခဏချင်းမှာပင် အဖိုးအို၏ လက်မောင်းတစ်ဖက်မှာ ပြတ်ကျသွားတော့သည်။ အဖိုးအိုသည် နာကျင်စွာ အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားသော်လည်း၊ လီယန်ချူက ဘူးကို ထပ်မံ အသုံးပြုကာ ဓားမိုးများ ရွာသွန်းစေလိုက်ပြန်သည်။

"ငါ့ရတနာကို ခိုးပြီး၊ ငါ့ရတနာနဲ့ပဲ ငါ့ကို ပြန်သတ်နေတာလား "

အဖိုးအိုမှာ အသည်းတုန်အောင် နာကျည်းသွားရသည်။

သူသည် စုတ်တံကို အားကုန်ဝေ့ယမ်းကာ ပုံရိပ်ပေါင်းများစွာကို ထုတ်လွှတ်ပြီး ဓားများကို ခုခံလိုက်သည်။ သို့သော် ထိုအချိန်အတောအတွင်းမှာပင် လီယန်ချူမှာ သူ၏ အနားသို့ ရောက်ရှိလာပြီဖြစ်သည်။

ဗုန်း

လီယန်ချူ၏ လက်သီးချက်ကြောင့် အဖိုးအိုမှာ လွင့်ထွက်သွားပြီး သူ၏ အသက်မှာ ပြတ်တောက်သွားတော့သည်။ ထိုစဉ် သူ၏ ဝိညာဉ် သည် ခန္ဓာကိုယ်မှ ခွဲထွက်ကာ ကြီးမားသော ပုံရိပ်အဖြစ် ပြောင်းလဲပြီး စုတ်တံကြီးဖြင့် ထိုးနှက်လိုက်သည်။

သို့သော် လီယန်ချူက မရှောင်ဘဲ တိုးဝင်သွားရာ သူ၏ ခန္ဓာကိုယ်မှ သွေးချီ များမှာ ကောင်းကင်ယံအထိ ထိုးတက်သွားပြီး ပင်လယ်လှိုင်းကြီးများကဲ့သို့ ပြင်းထန်လှသည်။ ဝိညာဉ်အဆင့် ပညာရှင်ဖြစ်စေဦးတော့ ဤပြင်းထန်သော သွေးချီများကို မခုခံနိုင်ပေ။

လီယန်ချူ၏ လက်သီးချက်ကြောင့် အဖိုးအို၏ ဝိညာဉ်မှာ လောကကြီးထဲမှ ထာဝရ ပျောက်ကွယ်သွားတော့သည်။

"ကုသိုလ်မှတ် ၆၀,၀၀၀ ရရှိသည်"

လီယန်ချူသည် ပြုံးလိုက်ပြီး အဖိုးအို၏ အလောင်းထံသို့ ပျံသန်းသွားသည်။ အဖိုးအို၏ လက်ထဲမှ စုတ်တံသည်လည်း ရတနာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့သော အိုမင်းသော်လည်း စွမ်းအားကြီးသူများ၏ ကိုယ်ပေါ်တွင် ရတနာများစွာ ရှိတတ်ပေသည်။

သူသည် အဖိုးအို၏ ကိုယ်ပေါ်မှ လက်စွပ်တစ်ကွင်းကို ရရှိလိုက်သည်။ ၎င်းတွင် တားမြစ်ချက်များ ရှိနေသော်လည်း လီယန်ချူက လက်ဖဝါးမှ ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ဤသည်မှာ သူ သင်ယူထားသော ရတနာပြုပြင်ပြောင်းလဲခြင်း ပညာရပ် ဖြစ်သည်။ ၎င်းသည် ရတနာများနှင့် ရင်းနှီးမှုကို တိုးပွားစေပြီး ပိုင်ရှင်အသစ်ဖြစ်ရန် အချိန်ကို လျှော့ချပေးသည်။

လီယန်ချူသည် လက်စွပ်ကို ကြည့်ကာ မျက်လုံးများ တောက်ပသွားသည်။ ၎င်းမှာ သိုလှောင်လက်စွပ် ပင် ဖြစ်သည်။ အထဲတွင် အခန်းတစ်ခန်းစာမျှ ကျယ်ဝန်းပြီး ရတနာများစွာ ရှိနေသည်။

"ပြန်လာကတည်းက ဒီနေ့မှ တကယ့်ပြိုင်ဘက်နဲ့ တွေ့တာပဲ... ကုသိုလ်လည်း ရသလို၊ ရတနာတွေလည်း အများကြီး ရခဲ့တယ်"

အိမ်မှာ ထိုင်နေရင်းနှင့် ကုသိုလ်များ ရောက်လာခြင်းမှာ အလွန်ပင် ကောင်းမွန်လှသည်။

ထိုက်ဖင် တည်းခိုခန်း

လီယန်ချူသည် ပန်းချီလိပ်တစ်ခုကို ဖြန့်ကာ အာရုံစိုက်ပြီး ဆွဲနေသည်။ သူသည် မြင်းတစ်ကောင်ကို ဆွဲနေခြင်း ဖြစ်သော်လည်း သူ၏ ပန်းချီလက်ရာမှာ အလွန်ပင် ထူးဆန်းလှသည်။ ၎င်းမှာ ရုပ်ပုံထက်စာလျှင် စိတ်ကူးယဉ်ဆန်လွန်းနေသည်။

အလင်းတစ်ချက် လင်းလက်သွားပြီး ပန်းချီပေါ်မှ မြင်းမှာ အပြင်သို့ ထွက်လာရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ပန်းချီထဲသို့ ပြန်လည် ပျောက်ကွယ်သွားသည်။ ကြမ်းပြင်ပေါ်တွင် ပျက်စီးသွားသော ပန်းချီစာရွက်များစွာ ရှိနေသည်။

ဘေးမှ ဆိုင်ရှင်မက သူမ၏ လှပသော မျက်နှာလေးကို လက်ဖြင့်ထောက်ကာ လီယန်ချူကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ရှင်က တော်တဲ့ တာအိုဆရာ တစ်ယောက်လည်း ဟုတ်တယ်၊ သိုင်းသမား တစ်ယောက်လည်း ဟုတ်တယ်... ဒါပေမဲ့ ဒီလို ပညာရှိတွေ လုပ်တဲ့ ပန်းချီ၊ စစ်တုရင် တို့ကျတော့ ရှင့်အတွက် မဟုတ်ဘူး ထင်တယ်"

လီယန်ချူက သက်ပြင်းချလိုက်သည်။ သိုင်းပညာနှင့် တာအိုပညာတွင် သူ၏ ပါရမီမှာ အထူးချွန်ဆုံး ဖြစ်သော်လည်း ပန်းချီပိုင်းတွင်မူ အလွန်ပင် ညံ့ဖျင်းလှသည်။

"သေချာတယ်... အဲဒီအဖိုးကြီး ပေးခဲ့တဲ့ ကျင့်စဉ်မှာ ပြဿနာရှိလို့ပဲ ဖြစ်မှာ"

သူက ငြင်းလိုက်သည်။

ဆိုင်ရှင်မက ထပ်မံ ရယ်မောလိုက်သည်။

လီယန်ချူသည် ထိုအဖိုးအို၏ လက်စွပ်ထဲမှ ပန်းချီကျင့်စဉ်ကို ရရှိခဲ့ပြီး ၎င်းကို သုံးရက်တိုင်တိုင် လေ့ကျင့်ခဲ့သော်လည်း ဘာမှ တိုးတက်မှု မရှိခဲ့ပေ။ နောက်ဆုံးတွင် သူ လက်လျှော့လိုက်တော့သည်။

"ဘဝမှာ ဘာမှ မခက်ခဲပါဘူး... လက်လျှော့ဖို့ပဲ လိုတာပါ"

ဆိုင်ရှင်မက လီယန်ချူကို အရက်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထိုအရက်၏ အနံ့မှာ အလွန်ပင် မွှေးပျံ့လှသည်။ လီယန်ချူက တစ်ငုံ သောက်လိုက်သည့်အခါ သူ၏ ဝိညာဉ်မှာ တိမ်တိုက်များပေါ်သို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ခဏအကြာတွင် ထိုခံစားချက် ပျောက်ကွယ်သွားပြီး သူ၏ ဝိညာဉ်မှာ ပိုမို ခိုင်မာလာသလို ခံစားရသည်။

"ဟေး... မင်းက အရက်နတ်ဘုရားဆေး ကို ဖော်စပ်နိုင်သွားပြီလား"

ဆိုင်ရှင်မက ပြုံးကာ

"ဒါက လွယ်ပါတယ်... လုပ်တတ်ရင် ရတာပဲ" ဟု ဆိုလိုက်သည်။

လီယန်ချူ ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူသည် ဆေးဖော်စပ်ခြင်းနှင့် အဆောင်များတွင် မိမိကိုယ်ကို ကျွမ်းကျင်သည်ဟု ထင်ခဲ့သော်လည်း၊ ဆိုင်ရှင်မ က ထိုဆေးနည်းဟောင်းဖြင့် တကယ်ပင် ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤဆေးမှာ အလွန်ပင် ရှားပါးလှပြီး ဝိညာဉ်အဆင့် ပညာရှင်များသာ သောက်သုံးနိုင်သော အဆင့်မြင့် ဆေးရည်ပင် ဖြစ်သည်။

"အဲဒီ ဘူးကိုရော... ဘယ်လို ပြင်လိုက်လဲ"

လီယန်ချူက မေးလိုက်သည်။

ဆိုင်ရှင်မသည် လက်နက်ဖော်စပ်ရန်အတွက် လီယန်ချူထံမှ ရတနာများကို ယူခဲ့ခြင်း ဖြစ်သည်။ သူမက လီယန်ချူအား အဝါရောင် ဘူးအသစ်လေး တစ်လုံးကို ကမ်းပေးလိုက်သည်။ ၎င်းသည် ယခင်က အစိမ်းရောင် ဘူးနှင့် မတူဘဲ သာမန်ဘူးလေးနှင့်ပင် တူနေသည်။

"အဲဒီဘူးထဲမှာ စစ်ဗျူဟာတစ်ခု ရှိတယ်... ပြီးတော့ အထဲက ဓားချီတွေကိုလည်း ကျွန်မက ပြန်ပြီး သန့်စင်ပေးထားတယ်"

လီယန်ချူသည် ဘူးကို ကိုင်လိုက်သည့်အခါ ယခင်ကထက် ပိုမို ထက်မြက်သော ဓားချီများကို ခံစားလိုက်ရသည်။ စွမ်းအားမှာလည်း ဆယ်ဆမက တိုးတက်လာသည်။

"အရင်ဘူးက ပုံစံမကျဘူး... အဲဒါကြောင့် ကျွန်မက အထဲက စွမ်းအားတွေကိုပဲ ယူပြီး ဘူးအသစ်နဲ့ ပြန်လုပ်ပေးထားတာ"

လီယန်ချူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ လက်ချောင်းလေးကို လှုပ်ရှားလိုက်ရာ ဘူးမှာ အခန်းထဲတွင် ပျံသန်းနေပြီး ရောင်ခြည်များ ထွက်ပေါ်လာသည်။

"မင်းက တကယ့်ကို လက်နက်ဖော်စပ်မှု အကျော်အမော် တစ်ယောက်ပဲ "

အကယ်၍ ဝတ်ရုံနက်အဖိုးအိုသာ ဤဘူးကို သုံးခဲ့လျှင် လီယန်ချူသည် မိမိ၏ ခန္ဓာကိုယ်ဖြင့် ခုခံဝံ့မည် မဟုတ်ပေ။ ဆိုင်ရှင်မက ဂုဏ်ယူစွာဖြင့် သူမ၏ မေးစေ့လေးကို မြှောက်ကာ "ဒါပေါ့" ဟု ပြန်ပြောလိုက်တော့သည်။

All Chapters