အခန်း (၈၁၇-၈၁၈)
Vol. 82 Ch. 817-818
အခန်း (၈၁၇) ကြောက်ရွံ့ခြင်း ၊ နတ်ဘုရားပညာရပ်နှင့် ရတနာများ ပြိုင်တူထုတ်ဖော်ခြင်း
လူတိုင်းသည် တိုက်ပွဲမြေပြင်မှ အလျင်အမြန် ဝေးရာသို့ ဆုတ်ခွာသွားကြသည်။ ယခုတိုက်ပွဲသည် သူတို့အနေဖြင့် အနီးကပ်ကြည့်ရှုရန်ပင် အရည်အချင်းမရှိတော့ပေ။ အနည်းငယ်မျှ နီးကပ်သွားပါက ထိုပြင်းထန်သော တိုက်ခိုက်မှုအရှိန်အဝါကြောင့်ပင် တုန်ခါသွားစေနိုင်သည်။
သို့သော် သက်လတ်ပိုင်းအရွယ် တာအိုဆရာကြီး၏ မျက်ခုံးများမှာမူ အလွန်အမင်း တွန့်ချိုးနေသည်။ ဤတာအိုဆရာ လီသည် အလွန်အစွမ်းထက်သော သတ်ဖြတ်ခြင်း နတ်ဘုရားပညာရပ်များကို ထုတ်ဖော်နေသော်လည်း၊ သွေးမိစ္ဆာဂိုဏ်းချုပ် ၏ ကြောက်မက်ဖွယ်ကောင်းပုံကို တာအိုကျောင်းတော်၏ မှတ်တမ်းဟောင်းများတွင် အထင်အရှား ရေးသားထားခဲ့သည်။
သူ၏ ဖေးရှင်းကျောင်းတော် သည် အလွန်ရှေးကျသော အစဉ်အလာရှိပြီး ယခုအခါ ဆုတ်ယုတ်နေပြီ ဖြစ်သော်လည်း ယင်ဝိညာဉ် အထွက်အထိပ် အဆင့်ရှိသူများ ရှိနေဆဲပင်။ ဖေးရှင်းကျောင်းတော်အထွတ်အထိပ်သို့ ရောက်ရှိစဉ်က ကျောင်းတော်အတွင်း၌ ယန်ဝိညာဥ် ပညာရှင် ခုနစ်ပါး၊ ရှစ်ပါးခန့်ပင် ရှိခဲ့ဖူးသည်။
ထိုမှတ်တမ်းများအရ သွေးမိစ္ဆာဂိုဏ်းချုပ် ဆိုသည်မှာ ဖျက်ဆီးရန် အလွန်ခက်ခဲသော ရှေးဟောင်းတည်ရှိမှုကြီး တစ်ခုဖြစ်သည်။ ထိုစဉ်က အင်အားကြီးအဖွဲ့အစည်းများစွာ ပူးပေါင်းပြီး သွေးမိစ္ဆာနတ်ဘုရားဂိုဏ်း ကို နှိမ်နင်းခဲ့ကြစဉ်က တိုက်ပွဲမှာ ကောင်းကင်နှင့်မြေကြီး မှောင်အတိကျသွားသည်အထိ ပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲ၌ ယန်ဝိညာဥ်ပညာရှင် သုံးဦးပင် ကျဆုံးခဲ့ရသည်။
နောက်ဆုံးတွင် မြေပြင်နတ်ဘုရား တစ်ဦး ကိုယ်တိုင် ထွက်လာပြီး နှိမ်နင်းခဲ့မှသာ သွေးမိစ္ဆာနတ်ဘုရားဂိုဏ်း ကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီး၊ သွေးမိစ္ဆာဂိုဏ်းချုပ်ကို မိစ္ဆာနယ်မြေအတွင်းသို့ မောင်းထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ နတ်ဘုရားလမ်းစဉ်များ ပြတ်တောက်နေပြီဖြစ်သော်လည်း သွေးမိစ္ဆာဂိုဏ်းချုပ်က တစ်ဖန် ပြန်လည်နိုးထလာပြန်ပြီ...။
တာအိုဆရာကြီး၏ စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်များ စီးဝင်လာသည်။
"ဆရာ... ဘာလို့ မျက်နှာက ဒီလောက်တောင် ပျက်နေရတာလဲ"
တာအိုမယ်လေးက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဒီ တာအိုဆရာ လီ ရှိနေတာပဲ၊ သွေးမိစ္ဆာဂိုဏ်းချုပ်က ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။"
တာအိုဆရာကြီးက အသာအယာ ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။ အကယ်၍ သူသာ သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကြောက်မက်ဖွယ်ရာ သမိုင်းကြောင်းကို ပြောပြလိုက်ပါက၊ တက်ကြွနေကြသော ဤလူငယ်လေးများမှာ ကြောက်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။ သူတို့သည် ယနေ့တွင် ရွှေကိုယ်ထည် နှင့် ယင်စန်းနယန်း ကဲ့သို့သော မိစ္ဆာပညာရှင်များကို ရင်ဆိုင်ခဲ့ကြပြီးဖြစ်ရာ ဤလူငယ်လေးများအတွက်မူ စိတ်ဓာတ်ရေးရာအရ အကြီးအကျယ် ရိုက်ခတ်မှု ဖြစ်နေပြီ ဖြစ်သည်။
ဝုန်း
လူရိပ်တစ်ခုမှာ တိုက်ခိုက်ခံရပြီး လွင့်ထွက်သွားကာ တိမ်ပင်လယ်ထက်သို့ ပျံတက်သွားသည်။ တာအိုဆရာကြီး၏ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွားသည်။
လွင့်ထွက်သွားသူမှာ တာအိုဆရာ လီ မဟုတ်ဘဲ၊ သွေးမိစ္ဆာဂိုဏ်းချုပ် ဖြစ်နေသည်။
သူ၏ အသက်ရှူသံများမှာ မသိမသာ မြန်ဆန်လာသည်။
"ဒီ တာအိုဆရာ လီ က ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။ တကယ်ပဲ သူတစ်ယောက်တည်းနဲ့ သွေးမိစ္ဆာဂိုဏ်းချုပ်ရဲ့ ဝိညာဉ်ခွဲကို နှိမ်နင်းနိုင်မှာလား။"
ယခုအခါ သူတို့သည် တိုက်ပွဲမြေပြင်နှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ တာအိုဆရာကြီးက စိတ်ထဲမှ တစ်ခုခုကို သတိပြုမိလိုက်ဟန်ဖြင့် လေးနက်စွာ ပြောလိုက်သည်။
"အမြန်ဆုတ်ကြ၊ မြို့ထဲကို ဝင်ကြရအောင်"
သွေးမိစ္ဆာဂိုဏ်းချုပ်၏ အရှိန်အဝါများမှာ အဆက်မပြတ် မြင့်တက်နေသည်ကို သူ ခံစားမိလိုက်သည်။ သူ ပြောပြီးသည်နှင့် ချက်ချင်းပင် ကောင်းကင်၌ တိမ်မည်းများ လိပ်တက်လာကာ နေရောင်ကို ကွယ်သွားတော့သည်။ မိစ္ဆာအငွေ့အသက်များမှာ ဆူပွက်နေသည်။
တာအိုဆရာကြီးမှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤတိုက်ပွဲကို တာအိုဆရာ လီက တိုက်နေခြင်း ဖြစ်သော်လည်း၊ ခဏတာ ရင်ဆိုင်မှုကို ကြည့်ရုံနှင့်ပင် သူကိုယ်တိုင်မှာ ပို၍ ရင်တုန်နေမိသည်။
အခြားတစ်ဖက်တွင်မူ ကျိရုယန်၏ နောက်ကျောဘက်၌ သွေးပင်လယ်တစ်ခု ပေါ်ထွက်လာသည်။ မျက်တောင်ခတ်အတွင်း ထိုကြီးမားလှသော သွေးပင်လယ်သည် လီယန်ချူထံသို့ ဖိနှိပ်ကာ ကျဆင်းလာတော့သည်။ ထိုမကောင်းသော အငွေ့အသက်များသည် လူကို အလွန်ပင် နေရခက်စေပြီး၊ လီယန်ချူ၏ ခန္ဓာကိုယ်အတွင်း ဆူပွက်နေသော သွေးစွမ်းအားများကိုပင် ဖိနှိပ်ထားနိုင်သည်။
သူတို့နှစ်ဦးသည် အစပိုင်းတွင် စကားအနည်းငယ် ပြောဆိုပြီးကတည်းက နောက်ထပ် မည်သည့်စကားမျှ မပြောကြတော့ပေ။ ရင်ဆိုင်သမျှမှာ သေရေးရှင်ရေး တိုက်ပွဲများသာ ဖြစ်သည်။
လီယန်ချူသည် သူ၏လက်ကို ကျန့်ကျောင်းဓား ၏ ကိုယ်ထည်ပေါ်သို့ တင်လိုက်သည်။ ဓားအိမ်အတွင်းမှ နဂါးဟိန်းသံကဲ့သို့ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဖြူဖွေးသော အလင်းတန်းတစ်ခုမှာ ဓားအိမ်ထဲမှ ထိုးထွက်လာပြီး ကောင်းကင်ယံသို့ တည့်တည့် တိုးဝင်သွားကာ ပြန့်ကျဲနေသော သွေးပင်လယ်ကို ခြေမွှပစ်လိုက်သည်။
၎င်းသည် မျက်စိတစ်မှိတ်အတွင်း ကျိရုယန်၏ နောက်ကျောသို့ ရောက်ရှိသွားပြီး သူမ၏ လည်ပင်းတဝိုက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်။ ကျိရုယန်မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး တိမ်တိုက်ပေါ်မှ တည့်တည့် ပြုတ်ကျသွားသည်။ သို့သော် သူမ၏ တစ်ကိုယ်လုံးမှာ ထူထပ်သော သွေးရောင်အလင်းများ ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် ဒဏ်ရာများမှာ မူလအတိုင်း ပြန်လည်ကောင်းမွန်သွားတော့သည်။
ကျိရုယန်၏ မျက်လုံးများမှာ လေးနက်သွားသည်။
"တာအိုလက်နက် ..."
သူမသည် ရှေးဟောင်းဟန်ရှိသော ဓားရှည်နှစ်လက်ကို ထုတ်ဖော်လိုက်သည်။ ၎င်းမှာ ဝူကော အမြွှာဓား ဖြစ်ပြီး၊ အမတစ်လက်၊ အထီးတစ်လက် ဖြစ်သည်။ သူမက ထိုဓားများကို ပင့်တင်လိုက်သည်နှင့် ဓားများမှာ လီယန်ချူထံသို့ ချက်ချင်း ပျံသန်းသွားသည်။ ဓားချီများမှာ အေးစက်စိမ့်နေသည်။
လီယန်ချူသည် မျက်ခုံးများ တွန့်ချိုးသွားသည်။ ပိုင်ချူဟန် ကို စောင့်ကြပ်သော ဝူမျိုးနွယ် အမျိုးသမီးသည် ဝိညာဥ်နတ်ဘုရား သွေးမျိုးဆက်ရှိသော်လည်း ကျန့်ကျောင်းဓား၏ အောက်တွင် မည်သို့မျှ မခုခံနိုင်ဘဲ သေဆုံးခဲ့ရသည်။ သို့သော် ဤသွေးမိစ္ဆာဂိုဏ်းချုပ်မှာမူ မည်သည့်ဒဏ်ရာမျှ မရရှိခဲ့ပေ။
ဤသည်မှာ လီယန်ချူကို အနည်းငယ် လေးနက်သွားစေသည်။ ခုနက သွေးရောင်အလင်းတစ်ချက် ဖြတ်သန်းသွားသည်နှင့် သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကိုယ်ထည်မှာ ပြန်လည်ကောင်းမွန်သွားခြင်း ဖြစ်သည်။ ကျန့်ကျောင်းဓားသည် ဆန်းကြယ်သော ပြန်လည်ရှင်သန်ခြင်း စွမ်းအားများကို အထူးနှိမ်နင်းနိုင်စွမ်းရှိသော်လည်း၊ ဤသွေးမိစ္ဆာဂိုဏ်းချုပ်၏ နတ်ဘုရားပညာရပ်မှာ ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားမိပေ။
ယခုအခါ ကျန့်ကျောင်းဓားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျိရုယန်၏ ဝူကောအမြွှာဓားများနှင့် တိုက်ခိုက်နေသည်။ တိန်းတိန်း မြည်သံများနှင့်အတူ မီးပွားများ လွင့်စင်နေသည်။ အလင်းတန်းများစွာသည် နဂါးများအလား ကောင်းကင်ယံ၌ အဆက်မပြတ် ထိပ်တိုက်တွေ့နေကြသည်။ ဝူကောဓားများသည် အမတစ်လက်၊ အထီးတစ်လက် ဖြစ်ပြီး အလွန်ထက်မြက်လှသော ရှားပါးရတနာများ ဖြစ်သည်။
"မင်းကို ငါ တကယ်ပဲ အထင်သေးခဲ့မိတယ်"
ဟု လီယန်ချူက ကျယ်လောင်စွာ ပြောလိုက်သည်။
ကျိရုယန်မှာ ဒေါသထွက်ပြီး ရယ်မောလိုက်ကာ
"ငါ့ကို အထင်သေးတယ် ဟုတ်လား"
ဤလူငယ်တာအိုဆရာသည် ရှေ့တွင် ဘာကြောင့် သူမကို ဂရုမစိုက်သလို ဆက်ဆံခဲ့သည်ကို နားလည်သွားသည်။ သူက သူမကို သာမန် ဇာတ်ပို့တစ်ယောက်ဟု ထင်မှတ်နေခဲ့သည်လား။ ကျိရုယန်သည် ရှင်းပြမနေတော့ပေ။ မိစ္ဆာနယ်မြေတွင်ဖြစ်စေ၊ ရှေးယခင် လူ့ပြည်တွင်ဖြစ်စေ သူမ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှသည်။ တာအိုဆရာလေး တစ်ယောက်ကို သူမ မည်မျှအစွမ်းထက်ကြောင်း ဘာကြောင့် ရှင်းပြနေရမည်နည်း။
ထိုအချိန်တွင် ဝူကောအမြွှာဓားများက နဂါးသတ်ဓားကို ဆွဲထားစဉ်၊ ကျိရုယန်သည် သွေးရောင်နှင်တံရှည်ကို ဝေ့ယမ်းကာ ခါထုတ်လိုက်သည်။
ရှူး... ရှူး... ရှူး
၎င်းသည် လှံရှည်တစ်လက်ကဲ့သို့ လီယန်ချူထံသို့ ထိုးစိုက်လာသည်။ ခဏချင်းအတွင်း ကောင်းကင်တစ်ခုလုံးမှာ နှင်တံ၏ ရိပ်ကနဲ ပုံရိပ်များဖြင့် ပြည့်နှက်သွားသည်။
ရွှပ်
လီယန်ချူ၏ ဦးခေါင်းထက်တွင် ရွှေရောင်တောက်ပသော နေမင်းကြီးတစ်စင်း ပေါ်ထွက်လာပြီး၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်အတွင်းမှ သိုင်းပညာဆန္ဒနှင့် ဆက်သွယ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ဆူပွက်လာသည်။ မျက်တောင်ခတ်အတွင်း သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးစွမ်းအားများသည် ပို၍ ထူထပ်ပူပြင်းလာကာ၊ တစ်ကိုယ်လုံးမှာ တောက်ပဝင်းပနေတော့သည်။ သူသည် လောကအလယ်တွင် တောက်လောင်နေသော နတ်ဘုရားမီးဖိုကြီးတစ်ခုအလားပင်။
သူ၏ နောက်ကျော၌လည်း ကြီးမားသော နတ်ဘုရားပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။ တစ်ခုမှာ သိုင်းပညာ၏ ပြင်ပပုံရိပ် ဖြစ်ပြီး၊ အခြားတစ်ခုမှာ လေးလံလှသော နတ်ဘုရားလမ်းစဉ်၏ စွမ်းအားဖြစ်သည်။ လီယန်ချူက လက်သီးဖြင့် ထိုးလိုက်ရာ နတ်ဘုရားပုံရိပ်နှစ်ခုသည်လည်း သူနှင့်အတူ တစ်ထပ်တည်း လှုပ်ရှားလိုက်သည်။
ဝုန်း
ဤလက်သီးချက်တွင် အလွန်ကြီးကျယ်ခမ်းနားသော လက်သီးဆန္ဒများ ပါဝင်နေသည်။ ကျိရုယန်၏ မျက်နှာမှာ လေးနက်သွားပြီး သေချာစွာ ခုခံရတော့သည်။ သူမသည် ယနေ့မှ ပြန်လည်နိုးထလာသူဖြစ်သည် နှင့်အညီ သူမ၏ မူလစွမ်းအားများကို အသုံးမပြုနိုင်သေးသော်လည်း၊ သူမ တတ်မြောက်ထားသော နတ်ဘုရားပညာရပ်များမှာ သာမန် ယန်ဝိညာဥ် ပညာရှင်များ နှိုင်းယှဉ်၍ မရနိုင်သော အရာများဖြစ်သည်။
ဖျတ်
သွေးပင်လယ်သည် နှင်တံအဖြစ် တစ်ဖန်ပြောင်းလဲသွားကာ မြွေကြီးတစ်ကောင်အလား လိမ်ပတ်ဝေ့ယမ်းပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ထိုအရှိန်အဝါမှာ ကောင်းကင်နှင့်မြေကြီးကို ခွဲပစ်နိုင်မတတ်ပင်။
ဝုန်း... ဝုန်း
ကြီးမားသော စွမ်းအားလှိုင်းများမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ခဏချင်းအတွင်း မိုင်ပေါင်းများစွာအထိ ရောက်ရှိသွားသည်။
"ဒီနေ့တော့ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ တာအိုဆရာလေးနဲ့ တွေ့တာပဲ..."
ကျိရုယန်က အသာအယာ ပြုံးလိုက်သည်။ သူမ၏ နောက်ကျောတွင် သွေးပင်လယ်တစ်ခု ပေါ်လာပြီး၊ ထိုသွေးပင်လယ်အတွင်းမှ မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးများ ပြေးထွက်လာကြသည်။
လီယန်ချူက လက်ကို ဝေ့ယမ်းလိုက်ပြီး ပဲစေ့တစ်ဆုပ်ကို ကြဲလိုက်သည်။
'ပဲစေ့ကြဲ၍ စစ်သည်ဖန်တီးခြင်း'
ရွှပ်... ရွှပ်... ရွှပ်
နတ်ဘုရားအလင်းများ တောက်ပနေသော နတ်စစ်သည်များ ပေါ်ထွက်လာပြီး၊ လှံများကို ဝေ့ယမ်းကာ မန္တန်စွမ်းအားများဖြင့် သွေးပင်လယ်အတွင်းမှ သားရဲများကို သတ်ဖြတ်ပစ်လိုက်ကြသည်။
ကျိရုယန်သည် မျက်ခုံးများ တွန့်ချိုးသွားသည်။ သိုင်းပညာကို ဤအဆင့်အထိ ကျင့်ကြံထားရုံသာမက နတ်ဘုရားပညာရပ် တွေကိုပါ တတ်မြောက်ထားတာလား။ ထိုအချိန်မှာပင် လီယန်ချူသည် သူ၏ ခါးရှိ ဘူးသီးခြောက်ကို တစ်ချက်ပုတ်လိုက်သည်။
အလွန်တောက်ပလှသော ဓားအလင်းတစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ကိုယ်လုံးကိုယ်ပေါက် လှပကာ အသားအရေမှာ နှင်းပမာ ဖြူဖွေးနေသော ကျိရုယန်သည်လည်း လီယန်ချူ၏ ပြင်းထန်သော လက်သီးချက်နောက်တွင် ဤမျှထက်မြက်သော ဓားအလင်းတစ်ခု ပါလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ၏ ရင်ဘတ်မှာ အပေါက်ဖောက်ခံလိုက်ရသည်။ ထို့ပြင် တစ်ကိုယ်လုံးမှာ မူးယစ်ရီဝေသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။ ထိုခံစားချက်မှာ ခဏမျှသာ ကြာမြင့်ခဲ့ပြီး ကျိရုယန်သည် ချက်ချင်း သတိပြန်ဝင်လာကာ
"သေရည်နတ်ဘုရားဓား "
ထိုစဉ်မှာပင် သူမ၏ မျက်စိရှေ့တွင် ရွှေရောင်တောက်ပသော တိုင်ကြီးတစ်တိုင် ပေါ်လာသည်။ ၎င်းပေါ်တွင် ကွင်းသုံးကွင်း စွပ်ထားပြီး အောက်ခြေ၌ ရွှေကြာပန်းတစ်ပွင့် ရှိသည်။
ကျိရုယန်သည် ထိုတိုင်ပေါ်ရှိ ကွင်းသုံးကွင်းဖြင့် ချက်ချင်း အချုပ်ခံလိုက်ရသည်။ သူမသည် အနက်ရောင် ဝတ်ရုံတစ်ထည်သာ ဝတ်ထားခြင်း ဖြစ်သည်။ ရှေ့တွင် ဓားအလင်းကြောင့် ရင်ဘတ်တွင် အပေါက်ဖြစ်သွားစဉ်ကတည်းက ဖြူဖွေးဝင်းပသော အသားအရေများ ပေါ်ထွက်နေခဲ့သည်။ ယခုအခါ ထပ်မံ အချုပ်ခံလိုက်ရသဖြင့် သူမ၏ ဆွဲဆောင်မှုမှာ ပို၍ပင် ထူးခြားသွားသကဲ့သို့ ရှိနေသည်။
လီယန်ချူသည် သူ၏ ခါးရှိ ဘူးသီးခြောက်ကို ထပ်မံ ပုတ်လိုက်ပြန်သည်။ ဓားအလင်းတစ်ခုမှာ ထိုအမျိုးသမီး၏ နဖူးကို တည့်တည့် ဖောက်ဝင်သွားသည်။
သို့သော် ကျိရုယန်၏ တစ်ကိုယ်လုံးတွင် သွေးရောင်အလင်းများ တစ်ချက်လက်သွားပြီး သူမ၏ ဒဏ်ရာများမှာ တစ်ဖန် ပြန်လည်ကောင်းမွန်သွားပြန်သည်။ ထို့ပြင် ထိုသွေးရောင်အလင်းကို အသုံးပြု၍ နဂါးချုပ်တိုင် ၏ ထိန်းချုပ်မှုမှ ရုန်းထွက်သွားသည်။
"ဒီကောင်လေးရဲ့ လက်ထဲမှာ ဘာလို့ ဒီလောက်တောင် ရတနာတွေ များနေရတာလဲ "
ကျိရုယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်၊ ထိုလူငယ်တာအိုဆရာ၏ လက်ထဲတွင် ရွှေရောင်အလင်းတစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။ ထိုရွှေရောင်အလင်းသည် သူမကို တိုက်ရိုက် ချည်နှောင်လိုက်ပြန်သည်။
နောက်တစ်ခါလား
ကျိရုယန်၏ ခန္ဓာကိုယ်အတွင်းမှ မန္တန်စွမ်းအားများ ဆူပွက်လာပြီး ခဏချင်းအတွင်း သူမ၏ ပတ်ဝန်းကျင်၌ သွေးပင်လယ်တစ်ခု ပေါ်လာသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြိုးကိုမူ ရုန်းမထွက်နိုင်ခဲ့ပေ။
"နတ်မိစ္ဆာချည်ကြိုး "
ကျိရုယန်သည် ခေတ္တမျှ မှင်သက်သွားပြီးနောက်၊ မျက်နှာအမူအရာ ပြန်လည်ပြောင်းလဲကာ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြောလိုက်သည်။
"တကယ့်ကို မတရားတဲ့ တာအိုဆရာလေးပဲ၊ ဒီလို ကစားနည်းမျိုးကိုမှ ကြိုက်တာလား။ ဒီလိုမှန်း သိရင် အစ်မက မင်းကို ကောင်းကောင်းလေး ချစ်ပေးမှာပေါ့ "
"ကောင်းပြီလေ။"
လီယန်ချူ၏ လေသံမှာ အေးစက်နေသည်။ သူ၏ ကိုယ်ပေါ်တွင် အလင်းတစ်ချက် လက်သွားပြီး ကျိရုယန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ သူ၏ လက်ဝါးအတွင်း၌ ရွှမ်ကျီကောင်းကင်မီး များ ထွက်ပေါ်လာသည်။ ခရမ်းရောင် မီးတောက်များသည် အလွန်ပင် ပြင်းထန်လှသည်။
ကျိရုယန်မှာ အပြုံးများ ပျောက်ကွယ်သွားပြီး၊ ကိုယ်ပေါ်တွင် သွေးရောင်အလင်းတစ်ချက် လက်သွားကာ နတ်မိစ္ဆာချည်ကြိုးအောက်မှ ရုန်းထွက်သွားသည်။ လီယန်ချူ၏ လက်ဝါးချက်မှာလည်း လွဲချော်သွားတော့သည်။
သူသည် ခုနက ဝိညာဥ်မျက်စိကို အသုံးပြု၍ ကြည့်လိုက်ရာ၊ ကျိရုယန်သည် ချည်ကြိုးမှ ရုန်းထွက်စဉ် သွေးရောင်အလင်း လက်သွားသည့် အချိန်၌ သူမ၏ ခန္ဓာကိုယ်မှာ သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
လူတစ်ယောက်သည် ရုတ်တရက် သွေးအိုင်အဖြစ် ပြောင်းလဲသွားပါက အဆိပ်မိခြင်း သို့မဟုတ် ရက်စက်သော မိစ္ဆာပညာရပ်တစ်ခုခုကြောင့် ဖြစ်နိုင်သော်လည်း၊ ဤအမျိုးသမီးမှာမူ မိမိဘာသာ စိတ်အလိုရှိတိုင်း သွေးအိုင်အဖြစ် ပြောင်းလဲနိုင်နေခြင်း ဖြစ်သည်။
လီယန်ချူ၏ ပတ်ဝန်းကျင်တွင် ရတနာများ၏ အလင်းရောင်များ ဖုံးလွှမ်းနေသည်။
"ဒီသွေးရောင်အလင်းကပဲ သူမကို ငါ့ရဲ့ ရတနာတွေကနေ ရှောင်တိမ်းနိုင်အောင် လုပ်ပေးနေတာပဲ..."
လီယန်ချူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ရှေ့တွင် ရတနာများကို အဆက်မပြတ် သုံးခဲ့သော်လည်း ထိရောက်မှု သိပ်မရှိခဲ့ပေ။ ထိုအမျိုးသမီးသည်လည်း သတိထားသွားပြီ ဖြစ်ရာ နောက်တစ်ကြိမ် အောင်မြင်ရန်မှာ ပို၍ အားထုတ်ရပေလိမ့်မည်။
ကျိရုယန်သည် သူမ၏ လက်ထဲမှ ဆယ်တောင်ကျော်ရှည်သော သွေးရောင်နှင်တံကို ကိုင်ထားရင်း၊ လီယန်ချူကို ကြည့်ကာ တစ်ခုခုကို တွက်ချက်ရန် ကြိုးစားသော်လည်း ဘာမှမမြင်ရဘဲ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ကံကြမ္မာကို ဖုံးကွယ်ထားတာပဲ "
လီယန်ချူက သူမကို အကဲခတ်နေသကဲ့သို့၊ ကျိရုယန်သည်လည်း လီယန်ချူကို အကဲခတ်နေခြင်း ဖြစ်သည်။ ကြံ့ခိုင်သော ခန္ဓာကိုယ်၊ နေမင်းပမာ တောက်ပသော သွေးစွမ်းအား၊ ထို့ပြင် နတ်ဘုရားပညာရပ်များနှင့် အစွမ်းထက်သော ရတနာများစွာ...။
"တာအိုဆရာလေး... အစ်မက မင်းကို ပိုပြီး စိတ်ဝင်စားလာပြီ။"
ကျိရုယန်၏ ခြေဖဝါးအောက်တွင် သွေးရောင် အင်းကွက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထို့နောက် သူမသည် ခြေတစ်လှမ်း အသာအယာ လှမ်းလိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော အမူအရာနှင့် အေးစက်သော အရှိန်အဝါတို့မှာ မည်သည့်ယောင်္ကျားကိုမဆို သူမ၏ အောက်တွင် အရှုံးပေးလိုစိတ် ပေါက်သွားစေနိုင်သည်။
၎င်းမှာ ဝိညာဉ်ကို ဆွဲဆောင်သည့် နတ်ဘုရားပညာရပ် ဖြစ်သည်။ သို့သော် လီယန်ချူ၏ အကြည့်မှာ အလွန်ပင် တည်ငြိမ်နေသည်။ ဤအမျိုးသမီးမှာ မဆိုးလှသော်လည်း၊ သူ၏ ဆိုင်ရှင်မ နှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်နေသေးသည်။
သွေးရောင်အင်းကွက်သည် လီယန်ချူကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ဝိုင်းရံပိတ်ဆို့လိုက်သည်။ လီယန်ချူက လက်သီးဖြင့် ထိုးလိုက်သော်လည်း ထိုအင်းကွက်မှာ အလွန်ပင် ကျုံ့ဆန့်နိုင်စွမ်း ရှိနေပြီး သူ၏ လက်သီးစွမ်းအားများကို ပြန့်ကျဲသွားစေသည်။ ကျိရုယန်က လက်ကို ဝေ့ယမ်းလိုက်ရာ သွေးရောင်အင်းကွက်သည် လီယန်ချူကို ပတ်ချည်လိုက်တော့သည်။
"မင်းက အစ်မကို ချည်ခဲ့တယ်ဆိုတော့၊ အစ်မကလည်း မင်းကို ပြန်ချည်ရမှာပေါ့ "
သွေးရောင်အင်းကွက်သည် လီယန်ချူကို ပတ်ချည်ထားရင်း ကျိရုယန်၏ အနားသို့ ဆွဲခေါ်သွားသည်။ ထိုစဉ်မှာပင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုသွေးရောင်အင်းကွက်မှာ ချက်ချင်းပင် ပွင့်ထွက်သွားတော့သည်။
လီယန်ချူ၏ လက်ထဲတွင် လှံရှည်တစ်လက် ရှိနေပြီး၊ လှံဦးမှ အေးစက်သော အရှိန်အဝါများမှာ ဟိန်းထွက်နေသည်။ မျက်တောင်ခတ်အတွင်း သူသည် ကျိရုယန်၏ လည်ချောင်းဆီသို့ ထိုးစိုက်လိုက်သည်။
ကျိရုယန်က လက်ကို ဝေ့ယမ်းကာ သွေးရောင်အင်းကွက်ဖြင့် ထိုလှံကို ပတ်ရန် ကြိုးစားသော်လည်း၊ လီယန်ချူက လက်ကို တစ်ချက်လှုပ်ကာ လှံကို ဝေ့ယမ်းလိုက်ရာ အင်းကွက်မှာ ပြုတ်ထွက်သွားသည်။ ထို့နောက် သူမထံသို့ ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
ထိုအရှိန်အဝါမှာ ပြင်းထန်ရဲရင့်လှသည်။ ကျိရုယန်မှာ နောက်သို့ ဆုတ်ခွာသွားရသည်။ လီယန်ချူသည် လှံကို ဝေ့ယမ်းကာ တိုက်ခိုက်လိုက်ရာ လှံဦးသည် သူမ၏ အဝတ်အစားများကို ဆုတ်ဖြဲသွားပြီး၊ သူမ၏ ဖြူဖွေးဝင်းပသော ကိုယ်ထည်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်သွားစေသည်။
ကျိရုယန်သည် ရှေ့တွင် နတ်မိစ္ဆာချည်ကြိုးနှင့် နဂါးချုပ်တိုင်တို့မှ ရုန်းထွက်စဉ်က သွေးရောင်အလင်းများ ဖုံးလွှမ်းထားခဲ့သဖြင့် အမြဲတမ်း တည်ငြိမ်လှပနေခဲ့သည်။ ယခုမူ သူမ၏ ခါးတဝိုက်တွင် သွေးများ စီးကျနေပြီ ဖြစ်သည်။ သူမ၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။
လီယန်ချူ၏ စိတ်ထဲတွင် တစ်ခုခုကို သိရှိသွားသည်။ သတ်လို့မသေတာ မှန်ပေမယ့်... နာအောင်တော့ လုပ်လို့ရတာပဲ။
သူသည် လှံဖြင့် ထပ်မံ ထိုးနှက်လိုက်သည်။ လှံသည် နဂါးတစ်ကောင်အလား တောက်ပနေသည်။ ဤ လှံ သည် ကောင်းကင်ပြင်မှ ကြယ်ကျောက်ဖြင့် သွန်းလုပ်ထားခြင်းဖြစ်ရာ အလွန်ပင် မာကျောလှပြီး၊ လီယန်ချူ၏ လက်ထဲတွင် မန္တန်များကို ဖျက်ဆီးနိုင်သော စွမ်းအားများ ထွက်ပေါ်နေသည်။
လီယန်ချူသည် အမျိုးသမီး၏ ဝမ်းဗိုက်ကို လှံဖြင့် ထိုးဖောက်လိုက်ရာ လှံဦးတစ်ခုလုံး ဝင်သွားတော့သည်။ ကျိရုယန်မှာ နာကျင်သွားပြီး လက်ကို ဝေ့ယမ်းကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားပညာရပ်တစ်ခုဖြင့် လီယန်ချူကို နောက်သို့ ဆုတ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူမ၏ ကိုယ်ပေါ်တွင် သွေးရောင်အလင်းများ ပေါ်လာကာ ဒဏ်ရာမှာ ချက်ချင်း ပြန်လည်ကောင်းမွန်သွားပြန်သည်။
"တာအိုဆရာလေး... မင်း ထိုးလိုက်တာ အစ်မ တကယ် နာသွားတာပဲ။ ဒီလောက်တောင် အလိုက်မသိတာ၊ တကယ်ပဲ မုန်းဖို့ကောင်းလိုက်တာ "
သူမသည် လက်ကို မြှောက်လိုက်ရာ ပင်လယ်ပြင်ကဲ့သို့ ပြင်းထန်သော မန္တန်စွမ်းအားများ စီးကျလာသည်။ ထိုစွမ်းအားများသည် ပြဒါးကဲ့သို့ ထူထပ်ကာ လီယန်ချူထံသို့ တိုက်ခိုက်လာသည်။ လီယန်ချူ၏ လှံ တွင် မန္တန်ဖျက်စွမ်းအား ရှိသော်လည်း၊ ကျိရုယန်၏ ဤနတ်ဘုရားပညာရပ်ကိုမူ မဖောက်ထွက်နိုင်ဘဲ လွင့်ထွက်သွားရသည်။
သို့သော် လီယန်ချူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် ထိုစွမ်းအားများမှာ ကွဲကြေသွားတော့သည်။ သိုင်းပညာရှင်၏ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် နတ်ဘုရားလမ်းစဉ်၏ စိတ်ဆန္ဒတို့ ပေါင်းစပ်ထားသော လီယန်ချူ၏ ကိုယ်ထည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်နေပြီ ဖြစ်သည်။
ကျိရုယန်၏ မျက်နှာမှာ အေးစက်သွားပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ သူမသည် ထူထပ်လှသော မန္တန်စွမ်းအားများကို ထပ်မံ၍ ထုတ်လွှတ်လိုက်ပြန်သည်။
လီယန်ချူသည် ပါးစပ်ကို ဟကာ သုံးရောင်ခြယ်မီးတောက် ကို မှုတ်ထုတ်လိုက်သည်။ ပြင်းထန်သော မီးတောက်နှင့် အေးစက်သော မန္တန်စွမ်းအားတို့ ထိပ်တိုက်တွေ့ဆုံရာတွင် ရေနွေးပူထဲသို့ ရေခဲရေ ထည့်လိုက်သကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
ဝုန်း... ဝုန်း
ထိုပေါက်ကွဲမှု၏ အရှိန်ကြောင့် ကျိရုယန်ပင်လျှင် သူမ၏ လှပသော ကိုယ်ထည်မှာ အနည်းငယ် ယိုင်နဲ့သွားရသည်။ လီယန်ချူ၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သော်လည်း ကျိရုယန်၏ မန္တန်စွမ်းအားများမှာ ပြဒါးကဲ့သို့ စေးပျစ်လှသဖြင့် ခြေမှုန်းရန် အလွန်ပင် ခက်ခဲလှသည်။ ဤသည်မှာ သာမန် မန္တန်များထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။
လီယန်ချူသည် လက်ကို ဝေ့ယမ်းလိုက်ရာ ပုတီးစေ့တစ်စေ့ ပျံထွက်သွားပြီး တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ကျိရုယန်မှာ မမျှော်လင့်ဘဲ မျက်စိများ ကျိန်းစပ်သွားရသည်။ သူမသည် ဤမျှ အရှိန်အဝါကြီးမားသော လူငယ်တာအိုဆရာ၏ လက်ထဲတွင် ဤမျှအထိ ရတနာများစွာ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် မျက်စိထိခိုက်မှုသည် သူမအတွက် ကြီးမားသော အဟန့်အတား မဟုတ်ပေ။ သူမ၏ ဝိညာဉ်အာရုံ မှာ အလွန်အစွမ်းထက်လှသဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သူမ၏ ဦးနှောက်ထဲတွင် မြင်တွေ့နေရဆဲ ဖြစ်သည်။
လီယန်ချူသည် နောက်ထပ် မြေခွဲပုတီး ကို ထုတ်ကာ ပစ်ပေါက်လိုက်သည်။ ထိုပုတီးမှာ ပေပေါင်းများစွာ ကြီးမားသွားပြီး တိုက်ရိုက် ဖိချလိုက်သည်။ ၎င်းမှာ မြေဓာတ်ရတနာဖြစ်ပြီး လူကို ဖိသတ်ရန်အတွက် အထူးအစွမ်းထက်သည်။
ကျိရုယန်က မန္တန်စွမ်းအားဖြင့် ခုခံလိုက်သော်လည်း သူမ၏ ကိုယ်ထည်မှာ ထပ်မံ ယိုင်နဲ့သွားပြန်သည်။ ထိုအချိန်တွင် သူမ၏ ကိုယ်ပေါ်ရှိ အနက်ရောင် ဝတ်ရုံမှာ ပြန့်ကျဲသွားပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်များမှာ အထင်းသား ပေါ်ထွက်လာတော့သည်။
လီယန်ချူသည် ရှေးဟောင်းဟန်ရှိသော မှန်တစ်ချပ်ကို မြှောက်လိုက်သည်။
ကုသိုလ်အမှတ် သုံးသိန်းတန် ရတနာ
'ရှစ်ခွင်မှန်'
ရွှပ်
ရှစ်ခွင်မှန်မှ တောက်ပသော နတ်ဘုရားအလင်းတန်း ထွက်ပေါ်လာသည်။ ဤရတနာသည် ဝိညာဉ်ကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ အစွမ်းထက်သော ဗုဒ္ဓဘာသာ မန္တန်များကို တတ်မြောက်ထားသည့် ဝတ်ဖြူဝတ် ဘုန်းကြီးသည်ပင် ဤမှန်၏ အောက်တွင် သေဆုံးခဲ့ရသည်။
သို့သော် ထိုအလင်းတန်းမှာ ကျိရုယန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသောအခါ ပင်လယ်ထဲသို့ ရွှံ့ခဲပစ်ချလိုက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
"ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်တာလား... ဒါမှမဟုတ် သူမရဲ့ ဝိညာဉ်ကပဲ ဒီလောက်အထိ အစွမ်းထက်နေတာလား"
ဟု လီယန်ချူ မှင်သက်သွားသည်။
ကျိရုယန်၏ မျက်နှာမှာ လေးနက်သွားသည်။ ခုနက အလင်းတန်းသည် ဝိညာဉ်ကို ချေမှုန်းနိုင်စွမ်း ရှိသည်ကို သူမ သိလိုက်သည်။ ၎င်းမှာ အလွန်ပင် ထူးခြားသော ရတနာဖြစ်သည်။ သူမ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
"တာအိုဆရာလေး... မင်းက တကယ်တော့ ဘယ်လို မိစ္ဆာအိုကြီးရဲ့ ဝင်စားသူ လဲ"
ဟု ကျိရုယန်က အေးစက်စွာ မေးလိုက်သည်။
ဝင်စားခြင်းဆိုသည်မှာ အလွန်ခက်ခဲသော လမ်းစဉ်တစ်ခု ဖြစ်သည်။ အစွမ်းထက်သော ပညာရှင်တိုင်း ဝင်စားနိုင်ခြင်း မရှိပေ။ သို့သော် ဝင်စားနိုင်သူတိုင်းတွင်လည်း မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းများ၊ စောင့်ရှောက်သူများနှင့် ရတနာများကို ထားရှိလေ့ရှိကြသည်။
သို့သော် သူမ မည်သို့မျှ စဉ်းစား၍ မရသည်မှာ မည်သူ့ဝင်စားသူဖြစ်စေ ဤမျှအထိ အစွမ်းထက်သော ရတနာများစွာကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ခြင်းပင်။
လီယန်ချူသည် ဝင်စားသူဟု အထင်ခံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် ဘာမှပြန်မပြောဘဲ ခြေတစ်လှမ်း လှမ်းလိုက်ကာ ကျိရုယန်၏ ရှေ့သို့ ရောက်သွားသည်။ သူ၏ လက်ထဲတွင် ကြီးမားသော ကလောင်တံတစ်ခု ပေါ်လာသည်။
'ယမမင်းကလောင်တံ'
၎င်းမှာ ငရဲပြည်မှ ရတနာဖြစ်ပြီး အလွန်ပြင်းထန်သော ချိပ်ပိတ်စွမ်းအားများ ရှိသည်။ ကျိရုယန်သည် ထိုကလောင်တံကို မြင်လိုက်ရသောအခါ မျက်လုံးများ လေးနက်သွားသည်။ သူမသည် ရှေ့ထက် ပို၍ ပြင်းထန်သော မန္တန်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ယမမင်းကလောင်တံ သည် သူမကို ချိပ်ပိတ်နိုင်သော်လည်း၊ ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှု စွမ်းအားများကိုမူ ချက်ချင်း ချိပ်ပိတ်ရန် မဖြစ်နိုင်ပေ။
လီယန်ချူသည် လှံကို ဝေ့ယမ်းလိုက်ပြီး၊ သူ၏ နောက်ကျောရှိ နတ်ဘုရားပုံရိပ်နှစ်ခုသည်လည်း လိုက်ပါလှုပ်ရှားကြသည်။ ထူထပ်လှသော မန္တန်စွမ်းအားများကို သူက ခြေမွှပစ်လိုက်ပြီး၊ ယမမင်းကလောင်တံ ဖြင့် ကျိရုယန်၏ ကိုယ်ပေါ်သို့ ထိုးနှက်လိုက်သည်။
ကျိရုယန်သည် ထိတ်လန့်သွားပြီး သူမ၏ အနက်ရောင် ဝတ်ရုံကို ချွတ်ပစ်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ကောင်းကင်သို့ ပျံတက်သွားသည်။
"ယမမင်းကလောင်တံ က ထိရောက်တာပဲ..."
လီယန်ချူက ချက်ချင်း ဆုံးဖြတ်လိုက်ပြီး နောက်မှ လိုက်ကာ သတ်ဖြတ်ရန် ပြင်လိုက်သည်။
ယခုအခါ ထိုအမျိုးသမီးသည် အဝတ်အစား တစ်ခုမျှ မရှိတော့ပေ။ တိုက်ပွဲဝင်နေစဉ် သူမ၏ လှုပ်ရှားမှုတိုင်းမှာ အထင်းသား မြင်တွေ့နေရသဖြင့် လူကို မူးဝေသွားစေနိုင်သည်။ သို့သော် လီယန်ချူသည် စိတ်ကို တည်ငြိမ်စွာ ထားကာ ဝိညာဉ်ကို ကာကွယ်ထားသဖြင့် မည်သို့မျှ သက်ရောက်မှု မရှိပေ။
သူသည် ယမမင်းကလောင်တံ ဖြင့် ထိုးနှက်လိုက်ရာ၊ ထိုအမျိုးသမီး၏ ကိုယ်ပေါ်တွင် ကြီးမားသော ချုပ် ဆိုသည့် စာလုံးကြီး ပေါ်လာပြီး သူမကို တန့်သွားစေသည်။
ဝုန်း
လီယန်ချူက လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်ရာ ကျိရုယန်၏ ခန္ဓာကိုယ်မှာ ကြေမွှသွားပြီး သွေးမြူများအဖြစ် ပြန့်ကျဲသွားတော့သည်။ သူ၏ မျက်လုံးများ တောက်ပသွားသော်လည်း၊ ချက်ချင်းပင် ဝိညာဉ်အတွင်းမှ သတိပေးချက်တစ်ခု ရရှိလိုက်သည်။ လှည့်ကြည့်လိုက်သောအခါ ကျိရုယန်သည် မြေပြင်ပေါ်တွင် လက်ဖြင့် မန္တန်တစ်ခုကို ဖော်ဆောင်နေသည်ကို မြင်လိုက်ရသည်။
လီယန်ချူသည် ခုနက သူခြေမွှပစ်လိုက်သည်မှာ ဝတ်ရုံတစ်ခုသာ ဖြစ်သည်ကို သတိပြုမိသွားသည်။ ကျိရုယန်၏ နတ်ဘုရားပညာရပ်များနှင့် အသွင်ပြောင်းလဲမှုများမှာ တကယ်ပင် မျက်လှည့်ပြနေသကဲ့သို့ပင်။
၎င်းမှာ သာမန် တတိယအဆင့် ကျင့်ကြံသူတစ်ဦး တတ်မြောက်နိုင်သော အရာမဟုတ်ပေ။ ထိုမျှအထိ တတ်မြောက်ရန်မှာ လီယန်ချူကဲ့သို့ ထူးခြားသော ပါရမီရှိရမည်၊ သို့မဟုတ်ပါက အချိန်အတော်ကြာအောင် လေ့ကျင့်ထားရပေလိမ့်မည်။
"အဝတ်အစားတောင် မဝတ်နိုင်တော့ဘဲ ထွက်ပြေးနေရတာ တကယ့်ကို ပညာရှင်ကြီး တစ်ယောက်ရဲ့ ပုံစံပါပဲ"
ဟု လီယန်ချူက မညှာမတာ လှောင်ပြောင်လိုက်သည်။
"တာအိုဆရာလေး... မင်းက တကယ်ပဲ ရက်စက်တာပဲ။ ခုနက လက်သီးက အစ်မရဲ့ အသက်ကို ယူဖို့ လုပ်နေတာပဲ"
ကျိရုယန်က ပြုံးလျက် ပြောလိုက်သည်။ လီယန်ချူ၏ လှောင်ပြောင်မှုမှာ သူမအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိပေ။
လီယန်ချူက မျက်မှောင်ကြုတ်လိုက်သည်။ ဤကဲ့သို့သော မိစ္ဆာအိုကြီးများသည် သူတို့၏ အမျိုးသမီးပုံစံမှာပင် အစစ်အမှန် မဟုတ်နိုင်ပေ။ သို့သော် ဤမျှအထိ အရှက်ကင်းမဲ့နိုင်ခြင်းမှာလည်း သာမန်လူ မဟုတ်သည်မှာ ထင်ရှားသည်။
ကျိရုယန်၏ ပတ်ဝန်းကျင်တွင် သွေးပင်လယ်တစ်ခု ပေါ်လာပြန်သည်။ လီယန်ချူသည် သူ၏ နောက်ကျောမှ ပုံရိပ်များကို ရုပ်သိမ်းလိုက်သော်လည်း၊ သူ၏ ကိုယ်တွင်းစွမ်းအားမှာမူ ထပ်မံ မြင့်တက်လာပြန်သည်။
နတ်ဘုရားပညာရပ် - တောင်မစွမ်းအား
သူ၏ လက်ခြေ လှုပ်ရှားမှုတိုင်းတွင် ပြင်းထန်လှသော စွမ်းအားကြီးများ ပါဝင်နေတော့သည်။
အပိုင်း (၈၁၈) တစ်ခုတည်းသော စွမ်းအားမှ အသွင်သုံးမျိုးသို့ ခွဲဖြတ်ခြင်း၊ ပေဖုန်း၊ နဂါးချုပ်တွင်းနှင့် ဤနတ်ဘုရားသည် အေးစက်လွန်းခြင်းမရှိပါ
လီယန်ချူသည် ကောင်းကင်ယံမှနေ၍ ကြွေလွင့်လာသော ကြယ်တံခွန်အလား ဆင်းသက်လာရာ လေထုမှာ ပွတ်တိုက်မှုကြောင့် ပူပြင်းတောက်လောင်နေတော့သည်။ သူသည် သွေးပင်လယ်အတွင်းသို့ တိုက်ရိုက်ဆင်းသက်ကာ ကိုယ်တိုင်ဝင်ရောက်၍ တိုက်ပွဲဖော်ဆောင်လိုက်သည်။
ကျိရုယန်က လှောင်ပြုံးပြုံးကာ
"သွေးပင်လယ်ထဲ ရောက်လာပြီဆိုမှတော့ မင်းရဲ့အသက်က ငါ့လက်ထဲမှာပဲ"
ဝုန်း... ဝုန်း...
သွေးပင်လယ်သည် လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ မန္တန်စွမ်းအားများကို အဆက်မပြတ် တိုက်စားရန် ကြိုးစားနေသည်။ လီယန်ချူ၏ ကိုယ်ပေါ်တွင် နတ်ဘုရားအလင်းတန်းတစ်ခု လက်သွားပြီး
ရေခွဲအဆောင် ကို ထုတ်ဖော်လိုက်ရာ သွေးပင်လယ်ကြီးမှာ တစ်ခဏချင်းအတွင်း ဘေးတစ်ဖက်တစ်ချက်သို့ ကွဲထွက်သွားတော့သည်။
ကျိရုယန် မှင်သက်သွားစဉ်မှာပင် လီယန်ချူ၏ လက်သီးချက်မှာ သူမ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဝုန်း...
ဤလက်သီးတစ်ချက်သည် ကျိရုယန်ကို လွင့်ထွက်သွားစေပြီး သူမ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာစေသည်။ လီယန်ချူ ခန့်မှန်းထားသည်မှာ မှန်ကန်နေသည်။ သူမ၏ နတ်ဘုရားပညာရပ်သည် သေစေနိုင်သော တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်ပြီး ဒဏ်ရာများကို ကုသပေးနိုင်သော်လည်း၊ ဤကဲ့သို့ အထွတ်အထိပ်သို့ ရောက်နေသော သတ်ဖြတ်ခြင်းစွမ်းအားများကိုမူ တစ်ခဏချင်းအတွင်း လုံးဝ ခုခံနိုင်စွမ်း မရှိချေ။
တကယ်တမ်း စဉ်းစားကြည့်လျှင်လည်း မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်စွမ်းရှိပါက ယခင်က အင်အားကြီးအဖွဲ့အစည်းများ၏ ဝိုင်းဝန်းနှိမ်နင်းခြင်းကို ခံရပြီး မိစ္ဆာနယ်မြေသို့ မောင်းထုတ်ခြင်း ခံရမည်မဟုတ်ပေ။
ထို့ပြင် ကျိရုယန်၏ ဤနတ်ဘုရားပညာရပ်သည် အကန့်အသတ်မရှိ အသုံးပြုနိုင်သည့်အရာ မဟုတ်ဘဲ၊ ယခုလူ့ပြည်သို့ ရောက်ရှိနေသည်မှာလည်း သူမ၏ ဝိညာဉ်ခွဲ သာ ဖြစ်သည်။
"မဖြစ်ဘူး... ဒီအတိုင်း ဆက်တိုက်နေရင် ငါ့ကို မိစ္ဆာနယ်မြေထဲ ပြန်ပို့ခံရတော့မယ်"
ကျိရုယန်၏ မျက်ဝန်းထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။ သို့သော် ထိုအချိန်မှာပင် လီယန်ချူ၏ အသံမှာ မိုးကြိုးပမာ ဟိန်းထွက်လာတော့သည်။
"လက်ဝါးအတွင်း၌ မိုးကြိုးနတ်ဘုရား ငါးပါး တည်ရှိစေ၊ မြေကြီးကို ခွဲဖျက်၍ ကောင်းကင်ကိုလည်း ပြိုလဲစေ။ မိစ္ဆာနှင့် နတ်ဆိုးများ တွေ့ဆုံပါက၊ တစ်ခဏအတွင်း ဖုန်မှုန့်အလား ပျောက်ကွယ်စေ။ မိုးကြိုးငါးပါးလက်ဝါးဂါထာ အမိန့်တော်အတိုင်း အမြန်ဆုံး ဖြစ်စေသတည်း။"
ဝုန်း... ဝုန်း...
ကောင်းကင်မှ ခရမ်းရောင် မိုးကြိုးတန်းကြီး ကျဆင်းလာသည်။ မမျှော်လင့်ဘဲ တိုက်ခိုက်ခံလိုက်ရသော ကျိရုယန်၏ ကိုယ်ပေါ်တွင် အသားများ လန်ထွက်သွားတော့သည်။
လီယန်ချူသည် လက်သီးနှင့် လက်ဝါးများကို လွှဲယမ်းကာ တိုက်ခိုက်လိုက်ရာ ခရမ်းရောင်မိုးကြိုးများ ထပ်မံကျဆင်းလာပြန်သည်။ မိုးကြိုးသည် အလွန်တရာ တောက်ပပူပြင်းသော စွမ်းအား ဖြစ်သဖြင့် ကျိရုယန်၏ အေးစက်သော မိစ္ဆာမန္တန်များကို တိုက်ရိုက်နှိမ်နင်းနိုင်သည်။
သူမသည် သွေးပင်လယ်များကို ထုတ်ဖော်ကာ မိုးကြိုးများကို ဝါးမြိုရန် ကြိုးစားသည်။ ကောင်းကင်တစ်ခုလုံး သွေးပင်လယ်များ ဖုံးလွှမ်းသွားပြီး မိုးကြိုးများနှင့် ထိပ်တိုက်တွေ့ဆုံကာ အလွန်တရာ ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီး ဖြစ်ပေါ်နေတော့သည်။
လီယန်ချူသည် တစ်ကိုယ်လုံး မိုးကြိုးများနှင့် မီးတောက်များ ဖုံးလွှမ်းနေပြီး အလွန်စွမ်းအားကြီးနေသော်လည်း၊ ကျိရုယန်မှာမူ စွမ်းအားများ တဖြည်းဖြည်း လျော့နည်းလာသည်။ သူမသည် ဝိညာဉ်ခွဲသာ ဖြစ်သည့်အပြင် အခုမှ နိုးထလာသူ ဖြစ်သဖြင့်၊ လီယန်ချူကဲ့သို့ မန္တန်စွမ်းအား အဆမတန် ပြည့်ဝနေသော လူငယ်တာအိုဆရာကို ရေရှည်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။
ကျိရုယန်သည် လီယန်ချူကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် ဝူကောအမြွှာဓားများကို ပြန်သိမ်းကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ကောင်းကင်သို့ ထွက်ပြေးလေတော့သည်။
"ဒီဝိညာဉ်ခွဲရဲ့ စွမ်းအားတွေကို အကုန်မခံနိုင်ဘူး"
သူမသည် သူမ၏စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်အတွက် သာမန်လူသားများ၏ အသက်သွေးခဲများကို စားသုံးရန် အပူတပြင်း လိုအပ်နေပြီဖြစ်သည်။
လီယန်ချူ၏ ပျံသန်းနှုန်းမှာ ဤသွေးမိစ္ဆာဂိုဏ်းချုပ်လောက် မမြန်သော်လည်း၊ သူသည် ရှေးဟောင်းလေး တစ်လက်ကို ထုတ်ယူလိုက်သည်။ သူ၏ လက်ချောင်းများက လေးကြိုးကို ဆွဲလိုက်ရာ လေးသည် လပြည့်ဝန်းအလား ကွေးညွှတ်သွားပြီး ရက်စက်သော အရှိန်အဝါရှိသည့် မြားတစ်စင်း ပေါ်လာသည်။
'ဖုန်းနတ်ဘုရားလေး'
ဤလေးသည် ရှေးဟောင်းကမ္ဘာမှ နတ်ဘုရားရုပ်တု၏ မဆုတ်မနစ်သော စိတ်ဓာတ်ခိုင်မာမှုများ ပေါင်းစပ်ထားသဖြင့် အစွမ်းမှာ အဆမတန် မြင့်မားလှသည်။
ရွှပ်...
မြားတစ်စင်းက အလင်းတန်းအဖြစ် ပြေးထွက်သွားပြီး ထွက်ပြေးနေသော ကျိရုယန်ကို ပစ်ချလိုက်သည်။
ဝုန်း...
မမျှော်လင့်ဘဲ အပစ်ခံလိုက်ရသော ကျိရုယန်မှာ တုန်လှုပ်သွားသည်။ ဤတာအိုဆရာလေး၏ လက်ထဲတွင် ဤမျှအစွမ်းထက်သော လေးရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ လီယန်ချူသည် သူ၏ကိုယ်တွင်းရှိ 'တာအိုဆန္ဒ' ကို အသုံးပြုလိုက်ရာ သူ၏ သွေးစွမ်းအားမှာ နေမင်းကြီးအလား တောက်ပလာသည်။
ရှူး...
ဒုတိယမြောက် မြားတစ်စင်းက ထပ်မံထိုးစိုက်ပြန်သည်။ ဤမြားတွင်ပါဝင်သော ရှေးဟောင်းစစ်ဆန္ဒ က ကျိရုယန်ကို အကြီးအကျယ် သက်ရောက်မှုရှိစေပြီး သူမကို လွယ်လွယ်ကူကူ ထွက်ပြေးနိုင်ခြင်း မရှိအောင် ဟန့်တားထားသည်။
"ဟွန့်"
ကျိရုယန်က ဒေါသတကြီး နောက်သို့လှည့်ကာ သွေးရောင်နှင်တံဖြင့် လီယန်ချူကို ရိုက်ချလိုက်သည်။ သူမသည် တိုက်ပွဲအတွေ့အကြုံ အလွန်များပြားသူ ဖြစ်သဖြင့် လီယန်ချူ မြားပစ်နေစဉ်မှာပင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် လီယန်ချူ၏ နောက်ကျောတွင် နတ်ဘုရားပုံရိပ်တစ်ခု ပေါ်လာပြီး ထိုနှင်တံကို တိုက်ရိုက်ဖမ်းဆွဲလိုက်သည်။
ထိုစဉ်မှာပင် ကောင်းကင်မှ ခရမ်းရောင်မိုးကြိုးများ ထပ်မံကျဆင်းလာပြီး ကျိရုယန်ကို မြေပြင်သို့ ရိုက်ချလိုက်ပြန်သည်။
"ဒါ ဘယ်လိုဖြစ်တာလဲ"
သူမ သေချာကြည့်လိုက်သောအခါ... လီယန်ချူ နောက်တစ်ယောက်က မိုးကြိုးငါးပါးလက်ဝါးကို ထုတ်ဖော်နေသည်ကို တွေ့လိုက်ရသည်။
"အသွင်သုံးမျိုးသို့ ခွဲခြင်း " ကျိရုယန် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ယခုအခါ
လီယန်ချူ တစ်ယောက်က လေးကို ကိုင်ကာ မြားပစ်နေသည်။
နောက်တစ်ယောက်က မိုးကြိုးများကို စေခိုင်းနေသည်။
တတိယမြောက် လီယန်ချူကမူ နဂါးချုပ်တိုင်၊ နတ်မိစ္ဆာချည်ကြိုးနှင့် လှံတို့ကို ကိုင်ကာ အနီးကပ် တိုက်ခိုက်ရန် ပြေးဝင်လာသည်။
ကျိရုယန်၏ မျက်နှာတွင် စိုးရိမ်စိတ်များ အထင်အသား ပေါ်လာတော့သည်။
"ငါ ဘာလို့ ဒီလိုနေရာမျိုးမှာ ပြန်နိုးထလာရတာလဲ... နိုးနိုးချင်းမှာပဲ ဒီလောက် သတ်ဖြတ်လိုစိတ်ပြင်းထန်တဲ့ တာအိုဆရာလေးနဲ့ တွေ့ရတယ်လို့ "
သူမသည် မြေလျှိုးရန် ကြိုးစားသော်လည်း လီယန်ချူက လက်ညှိုးဖြင့် ညွှန်လိုက်သောအခါ မြေပြင်မှာ သံမဏိကဲ့သို့ မာကျောသွားတော့သည်။
"မြေပြင်ကို သံမဏိဖြစ်စေခြင်း"
ကျိရုယန် စိတ်ဓာတ်ကျသွားသည်။ သူမ အကျဉ်းကျနေသည့် နှစ်ပေါင်း (၁၃၀၀) အတွင်း လူ့ပြည်က ကျင့်ကြံသူတွေဟာ ဒီလောက်အထိ အစွမ်းထက်ကုန်ကြပြီလား။
မိုးကြိုးများ၊ မြားတန်းများနှင့် ရတနာမျိုးစုံ၏ တိုက်ခိုက်မှုအောက်တွင် ကျိရုယန်၏ ဝိညာဉ်ခွဲမှာ နောက်ဆုံး၌ ကြေမွသွားတော့သည်။
သူမ၏ ခန္ဓာကိုယ်သည် အစအနမကျန် ပျောက်ကွယ်သွားပြီး၊ ဤသည်မှာ ဝိညာဉ်ခွဲ လုံးဝ ပျက်စီးသွားခြင်းပင် ဖြစ်သည်။ နောက်ထပ် တစ်စုံတစ်ယောက်က ကြီးမားသော ပေးဆပ်မှုဖြင့် ပြန်မခေါ်မချင်း သူမသည် မိစ္ဆာနယ်မြေအတွင်း၌သာ ထာဝရ ပိတ်မိနေတော့မည် ဖြစ်သည်။
ကျိရုယန်သည် မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် လီယန်ချူ၏ မျက်နှာကို သူမ၏ မှတ်ဉာဏ်ထဲ၌ စွဲထင်အောင် မှတ်သားထားလိုက်သည်။
မိစ္ဆာနယ်မြေ ရှိ ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခုအတွင်း...
အမွှေးနံ့သာတိုင်များ ထွန်းညှိထားသော ခုတင်ထက်၌ လှပလွန်းသော အမျိုးသမီးတစ်ဦးသည် မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူမသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ဖြစ်သည်။ သူမ၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များ ယိုဖိတ်နေသည်။
"တောက်... ငါ့ရဲ့ ဝိညာဉ်ခွဲ အသတ်ခံလိုက်ရပြီ"
ဤသူကား သွေးမိစ္ဆာဂိုဏ်းချုပ် ကျိရုယန်၏ အစစ်အမှန်ကိုယ်ထည် ပင် ဖြစ်သည်။ သူမသည် နိမိတ်ဖတ်ခြင်းအတတ်ကို ကျွမ်းကျင်သော်လည်း ယခုတစ်ခေါက် တိုက်ပွဲရလဒ်တွင် လီယန်ချူကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပါဝင်လာမည်ကို အဘယ်ကြောင့် မသိရှိခဲ့သနည်းဟု အံ့ဩနေမိသည်။
ထိုစဉ် သူမ သိကျွမ်းသော အရှိန်အဝါတစ်ခု နီးကပ်လာသည်။ အပြင်ဘက် ကောင်းကင်ယံတွင် နေမင်းအစား သွေးရောင်လမင်းကြီး ရှိနေသည့် မိစ္ဆာနယ်မြေထဲသို့ ပေဖုန်း ဟု ခေါ်သော ကျားနက်စီးသည့် လူငယ်တစ်ဦး ရောက်ရှိလာသည်။
"ပေဖုန်း... နင် ဒီကို ဘာလာလုပ်တာလဲ"
ပေဖုန်းက ပြုံးလျက်
"ကျိအစ်မ... ကျွန်တော် လူ့ပြည်ကို တိုက်ရိုက်သွားလို့ရတဲ့ အပေါက်တစ်ခု ရှာတွေ့ထားတယ်၊ အစ်မနဲ့ လက်တွဲချင်လို့ပါ"
ဟု ပြောလိုက်သည်။
သူက ထိုလမ်းကြောင်းသည် နဂါးချုပ်တွင်း ထဲမှာ ရှိကြောင်းနှင့် လူ့ပြည်ကို အတူတူ သွားရောက်စိုးမိုးရန် အကြံပြုသည်။
ကျိရုယန်က လီယန်ချူကို ပြန်လည်ကစားလိုသဖြင့် သဘောတူလိုက်သည်။
"ကောင်းပြီ... ဒါပေမဲ့ အဲ့ဒီရောက်ရင် ငါ့အတွက် လူတစ်ယောက်ကို သတ်ပေးရမယ်၊ တာအိုဆရာလေး တစ်ယောက်ပဲ"
ချီမြို့ ရှိ အကြီးဆုံးစားသောက်ဆိုင်ဖြစ်သော ထျန်းရှန်းလောင် တွင် လီယန်ချူနှင့် လူငယ်တစ်စုတို့ ပျော်ပျော်ပါးပါး စားသောက်နေကြသည်။
လီယန်ချူ၏ စွမ်းအားကို မြင်တွေ့ခဲ့ရသော လူငယ်များက သူ့ကို အထူးလေးစားနေကြသော်လည်း၊ လီယန်ချူက အလွန်ဖော်ရွေပြီး နွေးထွေးသောကြောင့် အားလုံးက ခင်မင်သွားကြသည်။
"ဒီ တာအိုဆရာ လီ က ကျင့်ကြံမှု ဒီလောက်မြင့်ပေမဲ့ စိတ်ထားက အရမ်းကောင်းတာပဲ"
ဟု တာအိုဆရာကြီး ယွိရွှမ်ကျီက စိတ်ထဲမှ ချီးကျူးနေမိသည်။
စားသောက်ပြီးနောက် လီယန်ချူ၊ တန့်ဖေး၊ ချန်ချင်းနှင့် ဝေဟန် တို့ လမ်းထွက်လျှောက်ကြရာ ချွန်းရှန်းလောင် ဟုခေါ်သော ပြည့်တန်ဆာအိမ် ရှေ့သို့ ရောက်သွားကြသည်။
လီယန်ချူက စနောက်သော်လည်း ချန်ချင်းက
"ဒါက လောကကြီးရဲ့ ခက်ခဲမှုကို လေ့လာဖို့ပါ" ဟု ရယ်စရာပြောကာ ဝင်ရန် ဖိတ်ခေါ်သည်။
ထိုစဉ် လီယန်ချူ၏ ခါးတွင်ရှိသော ကြေးနီတံဆိပ်ပြား က တုန်ခါလာသည်။ ၎င်းမှာ မိစ္ဆာဂိုဏ်းသားများ ဆက်သွယ်ရန် အသုံးပြုသော ပစ္စည်းဖြစ်ပြီး၊ လီယန်ချူက ထိုအရှိန်အဝါသည် ဤ ချွန်းရှန်းလောင် ထဲမှ လာသည်ကို သိလိုက်ရသည်။
"ကောင်းပြီ... အားလုံး အတူတူ သွားကြတာပေါ့"
လီယန်ချူ ပြုံးလိုက်သည်။ သူ ဝင်သွားခြင်းမှာ မိစ္ဆာဂိုဏ်းသားရှိမရှိ စစ်ဆေးရန်သာဖြစ်ပြီး၊ ကချေသည်မလေးတွေရဲ့ ကပွဲကို ကြည့်ဖို့ လုံးဝမဟုတ်ပါ (တကယ်ပါ)။
သူတို့အတွင်းထဲ ရောက်သွားသောအခါ ထိုနေရာမှာ သာမန်နေရာမျိုးမဟုတ်ဘဲ အလွန်ခမ်းနားလှပသော နေရာတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရလေတော့သည်။